Category: Self Development

Showing 65–80 of 124 results

  • 🎩 Secrets of the Millionaire Mind

    🐎 ကိုယ်တွေးတဲ့အတိုင်း ကိုယ်ဖြစ်လာတယ်။ အပြင်က Rich တွေရော ကိုယ်တွေးသလို တွေးကြလား။

    💭 စဉ်းစားဘူးလား။ တချိုသော လူတွေဟာ ချမ်းသာပြီးရင်း ချမ်းသာနေကြပြီး တစ်ချိုတစ်ချိုသော လူတွေဟာ ပိုဆင်းရဲပြီး ဆင်းရဲလာကြတယ်။ ဘာကြောင့်လိုထင်လဲ။ သူတိုသင်ကြားခဲ့ရတဲ့ ပညာရေးကြောင့်လား၊။ သူတိုရဲ့ ဥာဏ်ပညာကြောင့်လား။ သူတိုရဲ့အလေ့အကျင့်တွေလား အလုပ်အကိုင်တွေ ကြောင့်လား။

    💰 ဒီစာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ T. Harv Eker ကတော့ သူ့ရဲ့ဘ၀မှာ သုညအခြေအနကနေ ၂ နှစ်ခွဲအတွင်း ဒီစာအုပ်ထဲမှာ ပါတဲ့ Principles တွေကို အသုံးချပြီးတော့ လူချမ်းသာတစ်ယောက် ဖြစ်လာခဲ့တယ်။

    🔊 ကျွန်တော် ငယ်ငယ်တုန်းက ညတိုင်းလိုလို မိဘတွေနဲ့အတူတူ တီဗွီမှာ ညပိုင်းသတင်းတွေ ကြည့်ခဲ့တယ်။ မိဘတွေက တော့ ဟိုလူက Ferrari ၀ယ်စီးလိုက်ပြန်ပြီ၊ လုပ်ငန်းအသစ်တစ်ခု စပြန်ပြီ။ တကယ်တော့ ချမ်းသာတဲ့ လူတွေ ဆိုတာ ဆင်းရဲတဲ့ လူတွေရဲ့ပိုက်ဆံတွေကို သုံးဖြုန်းနေတာပဲတဲ့။ ဒါတွေပဲ ညတိုင်းကြားနေခဲ့ရတယ်။ ကြာလာတော့ ကျွန်တော်က ချမ်းသာတဲ့ လူတွေကို မြင်တာနဲ့ ဒီလူဟာ မကောင်းဘူး၊ ငါတိုပိုက်ဆံတွေကို သုံးနေတာ။ အဲ့လို အတွေးတွေ ၀င်လာတယ်။ လူချမ်းသာတစ်ယောက်ကို တွေ့ရတာနဲ့ အဲ့လူကို မုန်းနေတော့တာပဲ လိုစာရေးဆရာ T. Harv Eker က ပြောခဲ့ပါတယ်။

    💸 Rich Mindset
    ချမ်းသာတဲ့ လူတွေဟာ သူတိုစိတ်ထဲမှာ မရှိတာကို ရှိအောင်လုပ်နိုင်တယ်၊ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ Attitude ပဲရှိတယ်။ ကိုယ် ထိန်းချုပ်လိုမရတဲ့ External Factors တွေ ကို စဉ်းစားပြီးတွေဝေမနေတတ်ဘူး။

    📡 Rich People Think Big
    ချမ်းသာတဲ့ လူတွေဟာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှိတယ်လိုအမြဲယုံကြည်တယ်။ ပိုကောင်းတဲ့ အရာတွေကို ဘယ်လိုယူရမလဲ ဆိုတာကို အမြဲစဉ်းစားနေတယ်။

    🏌️ Rich People Hang out with Winners
    🎮 Poor People Hang out with Losers

    အရမ်းမှန်တဲ့ စကားပေါ့။ အရမ်းသဘောကျတယ်။ တစ်ချိုမိဘတွေပြောတာ ကြားဖူးမှာပေါ့။ ကျွန်မ သားက တက္ကသိုလ် ရောက်မှ ပျက်ဆီးတာတဲ့။ တက္ကသိုလ် ရောက်လိုပျက်ဆီးတာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ ပေါင်းတဲ့ လူမှားလိုဖြစ်တာပါ။

    နောက်တစ်မျိုးပြောရရင် Golf ရိုက်တာပေါ့။ တကယ်တော့ Golf ရိုက်တာက ချမ်းသာတဲ့ လူတွေရဲ့ ဂိမ်းတစ်မျိုးပဲ။ Golf ရိုက်တံ တစ်ချောင်းကို သိန်းနဲ့ချီပြီး ပေးရတာတွေတောင်ရှိတယ်။သူတိုကစားကြတယ်ဆိုတာ သူတိုလိုမျိုးချမ်းသာတဲ့ လူတွေနဲ့Network ရအောင် ကစားတာမျိုး ရှိတတ်သလို၊ တကယ်စိတ်ပါလိုကစားတာမျိုးလဲ ရှိပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်း ဟာ သူတိုနဲ့ အမျိုးအစားတူတဲ့ လူတွေနဲ့ပဲ ပေါင်းကြတာများပါတယ်။

    🌪 Play to WIN
    ချမ်းသာတဲ့ လူတွေက နိုင်ဖိုအတွက်ပဲ ကစားကြတယ်။ ဆင်းရဲတဲ့ လူတွေ ကြတော့ မရှုးအောင် လုပ်ကြတယ်။

    👞 Rich People choose to get Paid based on Results
    🕗 Poor people choose to get Paid based on Time

    ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလျှောက်တဲ့ လူအများစုကို Interview မေးကြည့်တယ်။ ခန့်မှန်းလစာလိုပြောလိုက်တာနဲ့ကျွန်တော်က ဘယ်လောက်လိုချင်တာ၊ ဘယ်နှစ်သိန်း စသည်ဖြင့် ပေါ့။ တကယ်တမ်း စမ်းကြည့်ရော ဘာ Productivity မှ ထွက်မလာဘူး။ ကျွန်တော်က ဘယ်နှစ်နာရီ လုပ်ရလို၁ နာရီကို ဘယ်လောက်လိုချင်တာ၊ ဒါတွေပဲ တွေ့ရတယ်။ ဘယ်နှစ်နာရီ လုပ်တယ်ဆိုတာထက် အလုပ်လုပ်တဲ့ တစ်မိနစ်၊ တစ်နာရီတိုင်းမှာ ဘယ်လောက် Productivity ပေးနိုင်လဲ၊ ဘယ်လို Results တွေပေးနိုင်လဲ ဆိုတာပဲ လိုချင်တာ။ ခုနောက်ပိုင်းမှာ Business Coach တွေ၊ Consultants တွေ ပိုပြီးတော့ အခွင့်အရေး ပိုရလာကြတယ်။ သူတိုလုပ်တဲ့ အချိန် ခဏလေးအတွင်းမှာ ပြန်ရတဲ့ Results တွေက ပိုပြီးတော့ တန်ဖိုးရှိတယ်။ ဒါကြောင့် သူတိုအတွက် ပိုကောင်းတဲ့ အခြေအနေတွေဖြစ်လာတာပေါ့။ဆင်းရဲတဲ့ လူတွေဟာ ချမ်းသာတဲ့ လူတွေကို ကြည့်ပြီး “ဟာ သူတိုက ငါ့လောက်လဲ အလုပ်မလုပ်ပဲနဲ့ဘာလိုပိုက်ဆံတွေ ပိုရနေကြတာလဲ၊ ငါတိုက ပိုလုပ်တာ၊ ငါတိုက ပိုရသင့်တာ မဟုတ်လား” ဒီလို Mindset တွေ ထားကြတယ်။

    🕯 ပြီးသွားတဲ့ အရာတွေကိုပဲ ထပ်ခါထပ်ခါလုပ်နေရင်တော့ ရပြီးတဲ့ အရာတွေပဲ ထပ်ခါထပ်ခါ ရနေမှာပါ။ ပြောင်းရပါမယ်။

    💡 အသီးကို ပြင်ချင်ရင် အမြစ်ကို အရင် ပြင်ရပါမယ်။ မြင်နိုင်တဲ့ အရာတွေကို ( success,money,status,etc ) ပြောင်းချင်ရင် မမြင်ရတဲ့အရာတွေကို ( mindset,thoughts,habits,etc ) အရင်ပြောင်းရပါမယ်။

    Add to cart
  • အရောင်းဂုရုတွေက မရောင်းဘူး။

    🏎️ Lamborghini ကားတွေကို တီဗီမှာ မကြော်ငြာဘူး။
    🔹 တစ်ကမ္ဘာလုံးမှာ ကားကြော်ငြာတွေ၊ ကား ပရိုမိုးရှင်းတွေ တစ်ချိန်လုံး ကြော်ငြာနေကြတယ်။ ဒါပေမယ့် Lamborghini မပါဘူး။
    ဘာလိုလဲ သိလား???
    သူတိုကားကို ဝယ်စီးမယ့်သူတွေက တီဗီထိုင်ကြည့်နေတဲ့သူတွေထဲမှာ မပါလိုပဲ။
    သူတို ဝယ်သူတွေရဲ့ အခြေအနေ၊ လိုအပ်ချက်၊ ခံစားချက်တွေ အကုန်လုံးကို သိနေလိုပဲ ဖြစ်ပါတယ်။

    ❎❎ ရောင်းတဲ့သူ မဟုတ်ရင် ရောင်းခံရတဲ့သူ မှားနေပြီ။
    🔹 ကိုယ့်ရဲ့ ပြိုင်ဘက်တွေက အတင်း ဈေးလျော့ရောင်းနေလို စိတ်ညစ်ဖူးလား?
    ကိုယ့်ရဲ့ ဈေးကွက်ကို လိုက် ဖျက်ဆီးနေတာ ကြုံဖူးလား??
    ကိုယ့်ရဲ့ ပစ္စည်းတွေ ရောင်းမထွက်လို စိတ်ပူပင်နေရလား??

    🔹 ကိုယ့် Customer တွေကို ယုံကြည်မှု ရှိပါ။ Customer တွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို ကြိုးစားပါ။ ကိုယ့် Customer တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို အားထုတ်ပါ။
    အတင်းဝယ်ပါလို ပြောရောင်းနေရရင်တော့ သင့် ကြော်ငြာ ဒါမှမဟုတ် သင့် ပစ္စည်းမှာ အမှား တစ်ခုခု ပါနေတယ်လိုပဲ ထင်မိပါတယ်။
    ကိုယ့် ပစ္စည်းတစ်ခုကို အတင်းရောင်းနေရတယ်ဆိုရင် သင့် အရောင်းပညာမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို ဆိုရပါမယ်။

    တစ်ချိန်တုန်းက ဘာလို MLM တွေ အရမ်း အောင်မြင်ခဲ့လဲ သိလား?
    MLM ကုမ္ပဏီတွေက သူတိုရဲ့ Market ကို နားလည်တယ်။ ကျွမ်းကျင်တယ်။ Market ရဲ့ Pain Point ကို သိထားကြတယ်။ အခြေခံ လူတန်းစားမှာ အားသာချက်ဖြစ်တဲ့ Trust ကို အသုံးပြုပြီး လူ အချင်းချင်း ရောင်းခိုင်းတယ်။ ပစ္စည်းတွေက မကောင်းလည်း မိတ်ဆွေတွေရောင်းရင် အားနာပါးနာ နဲ့ ဝယ်တတ်ကြတဲ့ သဘော သဘာဝကို နားလည်ကြတယ်။ ဒါကြောင့်လည်း ပစ္စည်းတွေက ဂျင်းတွေ ဖြစ်နေတာတောင် ရောင်းရခဲ့တာပါပဲ။

    စာအုပ်ထဲမှာ ဘာတွေ ပါဝင်သလဲ?
    1. Marketing, Sale Funnel တည်ဆောက်ပုံတွေ
    2. The Godfather Strategy (An Offer you can’t refuse)
    3. The Magic Lantern Technique
    တို ပါဝင်ပါတယ်။

    Add to cart
  • 🗣 Warren Buffett ကတော့ Phil Knight ရဲ့ Shoe Dog စာအုပ်ဟာ ” မနှစ်က ဖတ်ခဲ့သမျှ စာအုပ်တွေထဲမှာ အကောင်းဆုံးစာအုပ် တစ်အုပ်ပဲဗျာ … ပြီးတော့ Nike ရဲ့ ဖန်ဆင်းရှင် Phil Knight က တကယ်ကို ထူးချွန်ထက်မြက်တဲ့လူဖြစ်ပြီး gifted story teller တစ်ယောက်လည်း ဖြစ်ပါတယ် ” လို quote ပေးထားပါတယ်။

    💭 Bill Gates က Shoe Dog စာအုပ်ဟာ တစ်ခြား Entrepreneur စာအုပ်တွေလို အောင်မြင်မှုတွေကိုပဲ ရေးထားတဲ့ စာအုပ်မျိုးမဟုတ်ပဲ Nike Brand ကို တည်ထောင်တဲ့အချိန်ကစပြီး ကျရှုးမှုတွေကို ကျော်လွှားခဲ့တဲ့ အကြောင်းကို ရေးထားတဲ့ အတွက် Bill Gates ကိုယ်တိုင် Recommend ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။

    ✔️ Nike (နိုက်ကီ) Brand ကို လူတိုင်း သိကြမှာပါ။ Nike ရဲ Creator ကိုယ်တိုင် Shoe Dog စာအုပ်ကို သူ့ Memoir အဖြစ် ရေးသားခဲ့ပါတယ်။

    ⭕️ ကျွန်တော်တို အခုချိန်မှာ Nike အင်္ကျီတွေ၊ ဖိနပ်တွေကို လွယ်လွယ်ကူကူ ၀ယ်လိုရနေပေမဲ့ Nike Brand တစ်ခုကို ဘယ်လိုတည်ထောင်လာခဲ့တယ်ဆိုတာကို တော့ သိသူ နည်းပါတယ်။ ဒီစာအုပ်ထဲမှာ Phil Knight ကိုယ်တိုင် Nike ကို စတည်ထောင်စဉ်ကနေ သူ့ဘ၀မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ရေးသားပေးထားပါတယ်။

    🔱 အောင်မြင်သူတစ်ယောက်ဖြစ်လာတဲ့ အခါမှာ အများစုက သူ့ရဲ အောင်မြင်မှုကိုပဲ မြင်ကြတော့တယ်။ သူ့လိုပဲ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် တစ်ကယ်တမ်းတော့ သူ့ အောင်မြင်ခြင်းရဲ့နောက်ကွယ်က ရှုးနိမ့်မှုတွေကို လူတိုင်း မရင်ဆိုင်နိုင်ပါဘူး။

    🏳️ “The Cowards never Started, and the weak died along the way”
    – Phil Knight

    1. Find Your Passion

    📛 ခေတ်နောက်ကျနေတဲ့ Education System နဲ့ Traditional Parenting တွေကြောင့် အခုခေတ် လူငယ်တွေအတွက် Passion ဆိုတဲ့ စကားလုံးက အရမ်းဝေးနေပါသေးတယ်။ ကျောင်းမှန်မှန်တက်၊ ဆယ်တန်းအောင်၊ တက္ကသိုလ်တက် ပြီးရင် အလုပ်ခွင် ၀င် စသဖြင့် တစ်သမှတ်တည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကြားမှာ လူငယ်တွေရဲ့Creation တွေ၊ လူငယ်တွေရဲ့Dreams တွေဟာ အရောင်မှေးမှိန်သွားတယ်။ ဟိုဟာ မလုပ်ရဘူး၊ ဒါက ဘာဖြစ်မှာမိုလိုလဲ ဆိုတဲ့ စကားလုံးတွေကြောင့် လူငယ်တွေဟာ ကိုယ့်ဘ၀ Passion ကို လက်လွတ်ခဲ့ရတယ်။

    🚫 ဒါပေမယ့် ဘာအကြောင်းပြချက်နဲ့မှ ကိုယ့်ဘ၀ကို တစ်ခြားလူ အဆုံးဖြတ်မပေးပါစေနဲ့။

    🔥 “Follow Your Passion and Be Crazy”
    – Phil Knight

    2. Fail Big

    🏆 Net Worth 25 Billion ကျော် ရှိတဲ့ Phil Knight ဟာ Stanford Business University ကနေ ကျောင်းပြီးလို ၁၂ နှစ်ကြာတဲ့ အချိန်ထိ ကားတစ်စီး မပိုင်သေးပါဘူး။ ကားတစ်စီး သွားငှားတဲ့ အချိန်မှာ အကြွေးတွေကြောင့် Credit Card တွေ ပြည့်နေခဲ့ပြီး ငှားတဲ့ သူက Phil ကို လူလိမ်တစ်ယောက်လိုပြောခဲ့ပါတယ်။ သူက အရမ်းကို ရှက်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ကိုမရပ်တန့်စေခဲ့ပါဘူး။ သူ့ရဲ့ Crazy Idea ကို မစွန့်လွတ်ခဲ့ပါဘူး။ အကြိမ်ဖန်များစွာ ဒေဝါလီ ခံရမလို ဖြစ်သော်လည်းပဲ သူ့Idea အပေါ်မှာ ယုံကြည်မှုရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အခုထက်ထိလူတွေ လေးစားရတဲ့လူတစ်ယောက် ဖြစ်နေပါတယ်။

    🎲 “Fail Fast and Get Better”
    – Phil Knight

    3. $ + Blood(ငွေနောက်မလိုက်ပါနဲ့)

    ♥️ ကျွန်တော်တိုအသက်ရှင်ဖိုအတွက် Body မှာ သွေးနီဥတွေ လိုအပ်ပေမဲ့ ကျွန်တော်တိုဟာ သွေးနီဥတွေ အတွက် အသက်ရှင်တာ မဟုတ်ပါဘူး။ Business မှာလည်း အဲ့အတိုင်းပါပဲ။ Business တိုင်းဟာ Profit ရှိမှ လည်ပတ်ရတယ် ဆိုပေမယ့်လည်း Profit တစ်ခုတည်း အတွက်တော့ မလည်ပတ်ရပါဘူး။ ကိုယ့် လုပ်ငန်းက ပတ်၀န်းကျင်ကို Impact တစ်ခုခုကို ဖြစ်နိုင်ဖိုအရေးကြီးပါတယ်။

    4. Encourage Everyone to be themselves

    🚵 Phil Knight က လူတွေကို မခိုင်းစေပါဘူး။ သူ့Shoe Dog တွေကို သူတိုလုပ်ချင်တဲ့ ပုံစံနဲ့ အလုပ်လုပ်ခွင့်ပေးထားပါတယ်။ Nike ရဲ အောင်မြင်မှု သော့ချက်ကို ပြောပြပါဆိုရင် လူတော်တွေကို သူတိုIdea တွေ အကောင်အထည်ဖော်ခွင့် ပေးထားတာပါပဲ။

    👞 တစ်ခါတုန်းကဆိုရင် ဖိနပ်ကို Leather နဲ့မထုတ်ပဲ ငါးအရေခွံ နဲ့ထုတ်တာတောင် ရှိခဲ့ဖူးပါတယ်။

    5. How Misfits can Fit

    ✊ Nike ရဲ့Management Team က လူတွေဟာ အပြင် Society မှာ အဆင်မပြေကြသူတွေပါ။ တစ်ဦးတစ်ယောက်ချင်းဆီ ဆိုရင်တော့ သူတိုကို သူတို အရှုးသမားတွေလိုပဲ လက်ခံထားတဲ့သူတွေပါ။ ဒါပေမယ့် သူတိုက အားလုံး ပေါင်းစည်းလိုက်တဲ့ အခါမှာတော့ အနိုင်ရသူတွေ ဖြစ်သွားကြတယ်။ တစ်ယောက်အားနည်းချက်ကို တစ်ယောက် ကူညီဖေးမပေးနိုင်ကြပါတယ်။

    👣 နောက်ဆုံးအနေနဲ့ ခရီးထွက်ပါ။ နောက်တစ်မျိုးပြောရရင် အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။ မရောက်ဖူးတဲ့ နေရာ၊ မလုပ်ဖူးတာတွေ စမ်းလုပ်ကြည့်ပါ။ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပါ။ အရှုးကို ရင်ဆိုင်ပါ။ ထပ်ကြိုးစားကြည့်ပါ။ Phil Knight ကလည်း တက္ကသိုလ် အောင်ပြီး ခရီးစထွက်တာကနေ Nike ဆိုတဲ့International Brand တစ်ခု ဖြစ်တည်လာတာပါ။ မတူညီတဲ့နေရာက လူတွေ၊ မတူညီတဲ့စိတ်ထားတွေ၊

    မတူညီတဲ့အဖွဲအစည်းတွေကို လေ့လာပြီး ကိုယ့်ဘ၀ရဲ Passion ကို ရှာဖွေပါ။ Passion နောက်ကိုပဲ တစိုက်မတ်မတ် လိုက်ပါ။ လဲကျတိုင်း ပြန်ထပါ။

    💨 Know when to give up but Don’t Ever Stop

    Add to cart
  • မနက် အိပ်ယာ နိုးတာနဲ့ မသွားချင်တဲ့ အလုပ်အတွက် ပြင်ဆင်၊ အလုပ်မှာလည်း အချိန်ကုန်၊ လူပင်ပန်း ပြန်လာတဲ့ အခါမှာလည်း ဟိုယောင်ယောင် ဒီယောင်ယောင် နဲ့ အိပ်မောကျ၊ နောက်နေ့တွေ မှာလည်း ဒီလိုပဲ သံသရာ လည်နေပြန်တယ်။
    စာအုပ်စာပေ အများစုမှာတော့ Passion, Motivation တွေ မရှိလို ဖြစ်တယ် ဘာညာပေါ့။

    ဒါပေမယ့် Passion ဆိုတာ ဘာလဲ?
    အလွယ်ဆုံး ပြောပြရရင် Passion ဆိုတာ မနက်တိုင်း ခွန်အားအပြည့်နဲ့ နှိးထစေဖို အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ အရာ တစ်ခု ရှိနေခြင်းပဲပေါ့။ တကယ်ရော အဲ့လို ရှိနိုင်လိုလား?

    Don’t Follow Passion
    စာရေးဆရာ Cal Newport က Professor တစ်ယောက် မဖြစ်ခင် လူတွေ မြောက်များစွာကို အင်တာဗျူးကြည့်တဲ့အခါမှာ အလုပ်ကို ချစ်မြတ်နိုးတဲ့ လူတွေဟာ သူတို Passion နောက်ကို မလိုက်ခဲ့တာကို တွေ့ရှိရပါတယ်။
    အထူးသဖြင့် Steve Jobs သာ သူ့ Passion အတိုင်း လုပ်ခဲ့ရင် စာသင်တဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။

    Passion Mindset vs Craftsman Mindset
    Passion Mindset = What can the world offer me?
    Passion Mindset နဲ့ အလုပ်လုပ်ကြတဲ့သူတွေက အခက်အခဲတွေ ကြုံရနိုင်တယ်။ “သူတိုကို လောကကြီးက ဘာတွေ လုပ်ပေးနိုင်လဲ” ဆိုတဲ့ ရှုထောင့် တစ်ခုနဲ့ လုပ်ကိုင်နေကြလိုပါပဲ။ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်တစ်ခုက သူတို လိုချင်တဲ့ အရာ တစ်ခု မပေးစွမ်းဆောင်နိုင်တဲ့ အခါမှာ သူတိုအလုပ်က သူတို အတွက် Passion မဟုတ်ဘူးလို သတ်မှတ်လိုက်ကြတယ်။ တစ်ခြားအရာတစ်ခုကို ပြောင်းလုပ်လိုက်ကြတယ်။
    Craftsman Mindset = What can I offer the world?
    Craftsman Mindset ကတော့ “ကိုယ်က ဘယ်လောက် လုပ်ပေးနိုင်မလဲ” ဆိုတဲ့ ရှုထောင့်က အလုပ်လုပ်ကြတဲ့အခါမှာ သူတိုကို သူတို ဘယ်လိုကောင်းအောင် ကြိုးစားရမလဲ အချက်ကိုပဲ အဓိကထား စဉ်းစားကြတယ်။ ဒီတော့ အခက်အခဲတွေ ကြုံလာတိုင်း ကျော်ဖြတ်ဖို နည်းလမ်းတွေကို ရှာဖွေကြတယ်။

    Daily Deliberate Practice
    ဥပမာအားဖြင့် ကျွန်တော်တို လေ့ကျင့်ခန်း တစ်နေ့ကို နာရီဝက် လုပ်မယ်ဆိုပါတော့
    တစ်နေ့ကို လေ့ကျင့်ခန်း နာရီဝက် လုပ်ခြင်းဟာ
    ပထမ တစ်ရက်မှာ မသိသာပါဘူး။
    ပထမ တစ်ပတ်မှာလည်း မသိသာပါဘူး။
    ပထမ တစ်လမှာလည်း အရမ်း မသိသာသေးပါဘူး။
    ဒါပေမယ့် သုံးလ၊ လေးလ ဆက်တိုက် လုပ်လာတဲ့ အခါမှာမှ ရလာဒ်က သိသာလာတာ။

    အများစု ဖြစ်တတ်တာက နှစ်ပတ်လောက် လုပ်ပြီးသွားရင် ပျင်းလာတယ်၊ ရလာဒ်တွေကလည်း မသိသာဘူး။ ဒီတော့ ဆက်မလုပ်ချင်တော့ဘူး။ Daily Deliberate Practice ကတော့ Craftsman Mindset ရဲ့ အဓိက အနှစ်သာရပါပဲ။ အခက်အခဲတွေကို ကြုံလာတိုင်း၊ ပျင်းလာတိုင်း၊ စိတ်ညစ်လာတိုင်းမှာ နောက်ဆုတ် မသွားပဲ ဒီအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ရမလဲ၊ ဘယ်လို ရင်ဆိုင်ရမလဲ စသဖြင့် ကိုယ် လိုချင်တဲ့ ပန်းတိုင် တစ်ခုခုကို မရောက်မချင်း သွားတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

    လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
    အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။

    Add to cart
  • WHY, HOW, WHAT

    Why က ဘာကြောင့် အရေးကြီးလဲ

    သီချင်းတွေကို အခွေတွေနဲ့ပဲ နားထောင်လို ရခဲ့တဲ့ ခေတ်တစ်ခုမှာပေါ့။ Apple မတိုင်ခင်မှာ Creative ကုမ္ပဏီက MP3 player တွေကို အရင် ထုတ်ဝေ ရောင်းချခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မသိခဲ့ကြဘူး။ ဘာလိုလဲဆိုတော့ Creative ကုမ္ပဏီက “What” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ထုတ်ခဲ့တာ ဖြစ်လိုပါ။

    Apple က ဒါဆို ဘာလို အောင်မြင်ခဲ့လဲ ????

    “1000 Songs in your Pocket” သီချင်းအပုဒ်တစ်ထောင်ကို သင့်အိတ်ကပ်ထဲမှာ ရှိတယ် ဆိုတဲ့ “Why” ကို အသုံးပြုပြီး Marketing လုပ်သွားတဲ့ အတွက် အောင်မြင်မှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သမျှ အကုန် ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
    နောင်တစ်ချိန်မှာလည်း သီချင်း၊ အင်တာနက်၊ ဖုန်း အကုန်လုံးက တစ်မျိုးချင်းဆီ သီးသန့် အသုံးပြုနေရတဲ့ အချိန်မှာ Steve Jobs က “Iphone” ကို သုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုရနိုင်တယ်ဆိုပြီး Marketing လုပ်နိုင်ခဲ့ပါတယ်။
    ဒါကြောင့် လူတိုင်း၊ ကုမ္ပဏီတိုင်းက “ဘာကြောင့် လုပ်တာလဲ WHY” ကို အမြဲတမ်း ရှေ့ဆုံးမှာ ထားပြီး စဉ်းစားသင့်ပါတယ်။

    HOW

    “WHY” ကို သိနေရုံနဲ့ မရနိုင်သေးပါဘူး။ “HOW” ကိုလည်း သိရပါမယ်။
    ကုမ္ပဏီတစ်ခုမှာ လူတစ်ယောက်တည်းကပဲ အစစအရာရာ အကုန်ဆုံးဖြတ်နေရင် ဘာဖြစ်သွားမလဲ???

    APPLE Vs MICROSOFT

    စာအုပ်ထဲမှာ APPLE ကုမ္ပဏီဟာ CEO Steve Jobs ကွယ်လွန်သွားခဲ့တဲ့ အချိန်က စတင်ပြီးတော့ သူတို နဂိုသွားနေတဲ့ လမ်းကြောင်းကနေ တဖြည်းဖြည်း သွေဖယ်သွားတာကို ပြောပြခဲ့တယ်။
    MICROSOFT ကုမ္ပဏီကလည်း CEO Bill Gates အနားယူသွားပြီး CEO Steve Ballmer ဦးဆောင်နေတဲ့ အချိန်မှာ Bill Gates ရဲ့ ရည်မှန်းချက်ကို လက်ကိုင်ထားပေမယ့်လည်း သွားလိုတဲ့ ပန်းတိုင်တစ်ခုကို မရောက်ရှိပဲ ဖြစ်နေခဲ့တယ်။ လူတွေ အများကြီး အလုပ်ထွက်ခဲ့ကြပြီး ကုမ္ပဏီဟာ အင်မတန် ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့တယ်။ လက်ရှိ CEO Satya Nadella ဦးဆောင်တဲ့ အချိန်ကျမှာ ကုမ္ပဏီဟာ ထိပ်ဆုံး အခြေအနေကို ပြန်လည် ရောက်ရှိခဲ့တယ်။

    ဒီနှစ်ချက် ဘာကွာလဲ??

    အခြေခံ အနှစ်သာရ “WHY” ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ တစ်ဖက်မှာလည်း လုပ်ဆောင်ရမယ့် နည်းလမ်း မှန်မမှန် က သွားနေတဲ့ ပန်းတိုင်တစ်ခုကို အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။

    “WHY” go Fuzzy?

    Volkswagen ကုမ္ပဏီရဲ့ “WHY” ကတော့ လူတွေအတွက် ဈေးနှုန်းသင့်တင့်ပြီး ယုံကြည်စိတ်ချရတဲ့ ကားတွေကို ထုတ်ဖိုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီရဲ့ နဂို ရည်မှန်းချက် ပျောက်ဆုံးပြီးတော့ ဈေးမြင့်တဲ့ Luxury ဆန်ဆန် ကားတွေ ထုတ်လုပ်လာတဲ့ အချိန်မှာ မအောင်မြင်ပဲ ဖြစ်ခဲ့ရပါတယ်။
    ပင်ကို မူလ ရည်မှန်းချက်ကနေ သွေဖယ်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တည်လာတဲ့အခါမှာ ပန်းတိုင်နဲ့ တဖြည်းဖြည်း ဝေးသွားပါတယ်။

    ဒီစာအုပ်ကိုရော “WHY” ဘာလို ဖတ်သင့်လဲ?

    ကျွန်တော်တို မနက်တိုင်း ဘာအတွက်ကြောင့် အိပ်ယာ ထလဲ???

    ကျွန်တော်တိုဦးနှောဏ်က မနေ့က အတွေးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ပြန်တွေးတတ်ကြတယ်။ ဒီတော့ ကျွန်တော်တိုက အတိတ်မှာပဲ တစ်နေ့ထက် တစ်နေ့ ကျင်လည်နေကြပြီး မနေ့က အတွေးတွေနဲ့ပဲ အသက်ရှင်နေကြတယ်။ အတိတ်ထဲမှာပဲ သံသရာလည်နေကြတယ်။

    အိပ်ယာထ၊ အလုပ်သွား၊ ပြန်ရောက်၊ အိပ် ဒီလိုနဲ့ပဲ နေ့တိုင်း အသက်ရှင်နေတော့မှာလား? ကျွန်တော်တိုက ကိုယ့်အတွက် မဟုတ်တဲ့ အရာတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တန်ဖိုးဖြတ်မရတဲ့ အချိန်တွေကို ကုန်ဆုံးစေတော့မှာလား?
    တစ်ချိန်မှာ အားလုံး အဆုံးသတ်ရမှာချင်း အတူတူကို “ နတ်ပြည် တံခါးဝ ရောက်တဲ့ အခါမှာ အားရပါးရ ပြုံးပြီး ကျွန်တော့်ဘဝကို အကောင်းဆုံး ရှင်သန်ခဲ့တယ်” လို ပျော်ပျော်ကြီး ပြောနိုင်တဲ့ ဘဝအခြေအနေ တစ်ခုကို ရှင်သန်နေထိုင်ဖို ပုံဖော်ကြည့်ပါ။

    ဒါကြောင့် ဒီ စာအုပ်ကို ဖတ်ပါ။

    Add to cart
  • ✏️ ကျွန်တော် Content မရေးတတ်ပါဘူး ….
    🌳 လူတွေက သစ်ပင်တွေလိုပါပဲ၊ သစ်ပင်တွေက မျိုးရိုးတူနေရင်တောင် အကိုင်းအခက်တွေက ကြီးထွားပုံ မတူညီကြပါဘူး။

    🕷 စာရေးဆရာ Austin Kleon က လက်ရှိ Digital ခေတ်ကြီးမှာ လူတွေ မပြောကြတဲ့ Creativity အကြောင်း၊ Legendary Artist တွေက ဘယ်လို ခိုးယူကြသလဲ၊ ရှေးရိုး ဆန်တဲ့ Creativity အတွေး တွေကို လွန်ပြီး တစ်ကယ်အောင်မြင်ခဲ့တဲ့ ဂန္တဝင် အနုပညာရှင်တွေဆီက ခိုးချတဲ့ နည်းလမ်းကောင်းတွေကို ရှင်းပြပေးထားပါတယ်။

    1 # Steal Like an Artist
    🐾 အနုပညာမှာ Original ဆိုတာ မရှိပါဘူး။ ပန်းချီဆွဲတာ၊ ရေကူးတာ၊ သီချင်းရေးတာ စတဲ့ အနုပညာတိုင်းဟာ ရှေးခေတ်ကတည်းက တစ်ဖြည်းဖြည်း အသွင်ပြောင်းပြီး ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အနုပညာ တစ်ခု ဖန်တီးတယ်ဆိုတာ ကလေးတစ်ယောက် မွေးကင်းစ ကနေ အရွယ်ရောက်လာသလိုပဲ ဖခင်ရဲ့DNA ၊ မိခင်ရဲ့ DNA ပေါင်းစပ်ထားတဲ့ အပြင် ကလေးအရွယ်ရောက်လာတဲ့ အခါမှာ ပတ်ဝန်းကျင်ရဲ့အကျိုးသက်ရောက်မှုတွေ ပါဝင်ပါတယ်။
    🎨 ကိုယ်က ပန်းချီဆွဲတော့မယ်ဆိုပါတော့။ သာမန် လူတစ်ယောက်က ဘာမှ မလေ့လာပဲ စိတ်ကူးထဲ ပေါ်လာလိုဆွဲလိုက်တဲ့ အရာက Masterpiece တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ကမာ္ဘလုံးမှာ နာမည်အကြီးဆုံး ပန်းချီဆရာကြီး Pablo Picasso က အနုပညာဆိုတာ ခိုးချခြင်းလိုပြောသွားပါတယ်။ ခိုးချတယ်ဆိုတော့ တစ်ခြားသူ ရေးဆွဲထားတဲ့ အနုပညာကို နာမည်တပ်ပြီး ကူးယူတာကို ပြောတာ မဟုတ်ပါဘူး။ တစ်ခြားသူတွေရဲ့နည်းလမ်းတွေကို လေ့လာအသုံးချတာကို ပြောတာပါ။
    🎭 ပထမဆုံးအနေနဲ့ ကိုယ်လေးစားရတဲ့ လူတွေကို ရှာဖွေပါ။ သူတိုအနုပညာ လက်ရာတွေကို လေ့လာပါ။ သူတိုအတိုင်း ကူးယူခိုးချဖိုပြောတာ မဟုတ်ပါဘူး။ သူတိုအနုပညာတွေကို သေချာ လေ့လာဆန်းစစ်ပါ။ လေ့လာတဲ့အခါမှာ တစ်ယောက်တည်းဆီက မလေ့လာပဲ လူအများကြီးဆီက သင်ယူတဲ့အခါမှာ သူတိုလက်ရာတွေက ကိုယ်နဲ့မကိုက်ညီတဲ့ အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့Original ပေါ်လာပါတယ်။
    📚 စာအုပ်တွေထဲက လေ့လာလိုလည်း ရပါတယ်။
    📀 “Surround yourself with Art worth Stealing.”

    2 # Don’t Wait, Fake It till You Make It
    🕯 အဓိကအချက်က နယ်ပယ်တိုင်းမှာ Idea ကို Idea အတိုင်းထားရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ Entrepreneur တိုင်းက Idea တစ်ခု ရတာနဲ့အရင် အကောင်အထည် ဖော်ပါတယ်။ ပြီးတော့မှ တစ်ဖြည်းဖြည်း အမှားပြင် အမှန်ဖြစ်လာတာပါ။
    ✋ “နောက်မှ လုပ်ပါတော့မယ်လေ” ဆိုတဲ့ စကားတွေကြောင့် Idea တစ်ချိုပျောက်ဆုံးခဲ့ရတယ်။ အလုပ်တစ်ခု စတင်ဖိုအတွက် မကြောက်ပါနဲ့။ အနုပညာ တစ်ခု လုပ်ဖိုအတွက် က်ိယ်လေးစားရတဲ့ လူတွေဆီက အရင်လေ့လာသင်ယူရပါတယ်။ သူတိုအနုပညာ ဖြစ်ပုံလာပုံတွေ၊ အနုပညာ ဖန်တီးပုံတွေနဲ့၊ သူတိုနည်းလမ်းတွေရဲ့အနှစ်သာရတွေ လေ့လာစမ်းစစ်ကြည့်ရပါတယ်။
    💢 အလုပ်တစ်ခု၊ အနုပညာ တစ်ခုကို အရင် စတင်လုပ်ကိုင်ကြည့်ပါ။ အစပိုင်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ အခက်အခဲတွေကို ထွက်မပြေးပဲ ထိပ်တိုက် ရင်ဆိုင်ကျော်လွှားနိုင်ဖိုပဲ လိုအပ်ပါတယ်။
    🌳 သစ်ပင်တွေက မျိုးရိုးတူနေရင်တောင် အကိုင်းအခက်တွေက ကြီးထွားပုံ မတူညီကြပါဘူး။ ကိုယ် စလုပ်တဲ့ အချိန်မှာ ကိုယ် စံထားရတဲ့ လူတွေလို ဖြစ်လာစရာ မလိုပါဘူး။ သူတိုနည်းလမ်းတွေ ကျင့်သုံးရင်းနဲ့သူတိုနည်းလမ်းတွေကို ကျော်လွန်ပြီး ကိုယ့် နဂို မူလ (Originality) ဖြစ်တည်လာမှာပါ။

    3 # Write the Book you want to read
    ⁉️ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ရေးသားပါ။ မင်းသားကို ဘယ်လိုဖြစ်စေချင်သလဲ။ မင်းသမီးကို ဖြူဖြူဖွေးဖွေး မျက်မှန်လေးနဲ့ဖြစ်စေချင်သလား။ မင်းသားနဲ့မင်းသမီး ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ကိုယ် ဖြစ်စေချင်တဲ့ ဇာတ်လမ်းကို ရေးသားပါ။ ကိုယ့် အမှန်တရားကိုပဲ အသုံးချပါ။ ကိုယ့် စိတ်ရင်းနဲ့ပဲ ရေးသားပါ။ တစ်ခြားသူတွေ ဇာတ်လမ်းတွေလို ပေါတောတော မလုပ်ပစ်ပါနဲ့။
    〽️ ဘဝမှာလည်း အတူတူပါပဲ။ တစ်နေ့နေ့တစ်ချိန်ချိန် ရွေးချယ်စရာတွေ၊ အခက်အခဲတွေ များလိုအရှုးပေးချင်လာတဲ့အခါ က်ိယ် စံထားရတဲ့ ပုဂ္ဂိုလ်တွေသာဆို ဘယ်လို ပုံပြင်မျိုးကို တည်ဆောက်မလဲ။ ဘယ်အရာတွေ ရှောင်ကြဉ်မလဲ။ ပိုကောင်းအောင် ဘာတွေလုပ်မလဲ။ မေးခွန်းတွေ မေးကြည့်ပါ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူပါ။

    4 # Productive Procrastination
    📝 ကျွန်တော် စာတစ်ပုဒ်ကို ရေးတဲ့ အချိန်မှာ အမြဲတစ်ထိုင်တည်း မရေးပါဘူး။ ဖြစ်သလို မရေးပါဘူး။ ပြီးတော့ စာတစ်ပုဒ်ဖြစ်ဖိုအချိန်တော်တော်ကြာပါတယ်။ (ကြွားတာပါ။) ဘာလိုလဲဆိုတော့ တစ်ထိုင်တည်း အကြာကြီးရေးတဲ့အခါမှာ ဦးနှောဏ်က အရမ်းပင်ပန်းလာပါတယ်။ အကြောင်းအရာ ကောင်းတွေ ထွက်မလာတော့ပါဘူး။ တစ်ခါတစ်လေမှာတော့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သီချင်းလေး နားထောင်ပြီး အနားယူတယ်။ ပြီးမှ ပြန်ရေးတယ်။
    🗓 တစ်ချိုContent တွေဆို အချိန် လေးရက်လောက်ကြာပါတယ်။ လူတွေနဲ့စကားလိုက်ပြောတယ်။ တစ်ခြားလူတွေ အမြင်တွေနဲ့ဆွေးနွေးကြည့်တယ်။ Idea ကောင်းတွေ ရလာတော့မှ ပြန်လေ့လာသုံးသပ်ပြီး ရေးတယ်။

    ➕ အနုပညာတွေ၊ ဝါသနာတွေ၊ Hobbies တွေက ကိုယ့်ကို ပျော်ရွှင်စေဖိုပါ။ စာရေးတာကို အလုပ်တစ်ခုလို ပင်ပန်းနွမ်းနယ်စေတယ်လိုသဘောမထားပါဘူး။ ကိုယ့်ကို စိတ်ပင်ပန်းနေစေပြီ ဆိုရင်တော့ ကိုယ့်အနုပညာက ဂန္တဝင်ဆန်တဲ့ အနုပညာ တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ လက်ရှိအလုပ်ကို တဇွတ်ထိုး လုပ်မနေပဲ အချိန်အတိုင်းအတာ တစ်ခုအနားယူပြီး ပြန်ကြိုးစားခြင်းက အကျိုးသက်ရောက်မှု ပိုကောင်းပါလိမ့်မယ်။
    ✳️ လူတွေက ကိုယ့်သိတာကိုပဲ ကိုယ်ပြန်အသုံးချကြတာပါ။ ပြီးတော့ အနုပညာသမားတွေက ပညာ စုဆောင်းသူတွေပါ။ ဒါပေမယ့် တွေ့ရာလူဆီက ပညာတွေအကုန် လိုက်သင်ယူနေတာ မဟုတ်ပါဘူး။ သူတိုသွားမယ့် လမ်းကြောင်းကို အထောက်အကူ ပြုပေးမယ့် သူတွေဆီက ရွေးချယ်သင်ယူတာပါ။ ပြီးတော့ စာရေးဆရာ Austin Kleon က ခရီးသွားဖိုအကြံပေးထားပါတယ်။ မရောက်ဖူးတဲ့ နေရာ၊ အတွေ့အကြုံသစ်တွေက လူတွေကို Creative ဖြစ်လာဖိုအခွင့်အလမ်းတွေ အများကြီး ရစေပါတယ်။

    ❌ ကျွန်တော် Content မရေးတတ်ခဲ့ပါဘူး။ Content Writer တစ်ယောက် ဖြစ်လာဖိုလည်း စိတ်ကူး မရှိခဲ့ပါဘူး။ ကိုယ် စာဖတ်ထားတာတွေ မျှဝေချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိခဲ့တာပါ။ ဒါပေမယ့် က်ိယ့်အနုပညာကို အပေါစား မဆန်စေချင်ခဲ့ပါဘူး။ အစပိုင်းမှာ အရမ်းမကောင်းခဲ့ပေမဲ့ တစ်ဖြည်းဖြည်း ကြိုးစားခဲ့ပါတယ်။ စံထားပြီး လေ့လာခဲ့ရတဲ့ သူတွေ လည်း ရှိပါတယ်။ အမှားတွေကို ပြန်လည် ဆန်းစစ်ပြီး ပြင်ဆင်ခဲ့ရတာတွေလည်း ရှိတယ်။ အခုလည်း Creative Writer တစ်ယောက် မဟုတ်သေးပေမဲ့ ကြိုးစားဆဲပါ။ အစောပိုင်း Content တွေမှာ ကြောက်ပြီးတော့ နောက်ပြန် မလှည့်ခဲ့တာ၊ ဘုရင့်နောင် ဖောင်ဖျက်သလို စိတ်ပိုင်းချပြီး ကြိုးစားခဲ့တာတွေက အင်မတန်မှ အကျိုးရှိခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ Creativity နဲ့ပတ်သတ်တဲ့ နည်းလမး်ကောင်းတွေကို ရှင်းပြထားတဲ့အတွက် စာအုပ်ဖတ်ရတာ လွယ်ကူပြီး အသုံးချနိုင်ဖိုအထောက်အကူပြုပါလိမ့်မယ်။

    ⚛️ စာမျက်နှာ ၁၆၀ ကျော်ပဲ ပါတဲ့ စာအုပ်ပါးပါးလေး (Steal Like an Artist) က စာရေးဆရာ Austin Kleon ရဲ့ဂန္တဝင်မြောက်တဲ့ လက်ရာဆိုလည်း မမှားပါဘူး။ Originality ကို အရမ်း အလေးထားနေတဲ့ ခေတ်ကြီးမှာ စာရေးဆရာက Creative Person တစ်ယောက်ဖြစ်ဖိုအလွယ်ဆုံး နည်းလမ်းတွေကို ရှင်းပြထားပါတယ်။ ပြီးတော့ Steal Like an Artist စာအုပ်က ဘာသာစကား အမျိုး ၂၀ ကျော် ဘာသာပြန် ထွက်ရှိထားပြီးတော့ The Atlantic Journal က Austin Kleon ကို တစ်ကမာ္ဘလုံးက စိတ်ဝင်စားစရာ ကောင်းတဲ့ လူတွေထဲက တစ်ယောက်လိုချီးမွမ်းထားပါတယ်။ Austin Kleon က ဘဝအစောပိုင်းမှာ Web Designer, Content Writer အနေနဲ့စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ TEDx talk မှာ အောင်မြင်နေပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပါပြီ။

    Add to cart
  • 🕯️လမ်းပျောက်၊ချောင်ပိတ်ပြီးအမှောင်ထဲရောက်နေသလိုခံစားနေရသူတွေအတွက်..

     

    လူတစ်ယောက်မှာ ကလေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်ဆိုတာရှိတယ်။

    ဒါက ဘယ်သူ့မှသူ့ကိုလာကယ်တင်နေမှာမဟုတ်ဘူးဆိုတာနားလည်သဘောပေါက်သွားတဲ့အချိန်ပဲ။

     

    ⚡ခါးသီးတဲ့အမှန်တရားတစ်ခုက…

    သင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ပါဘူး။

    သူငယ်ချင်းတွေကလည်းမလာဘူး။

    မိသားစုလည်း လာမကယ်တင်ဘူး။

    လောကကြီးကလည်းမကူညီပေးဘူး။

     

    ဘ၀ဟာ

    ❌သင်စိတ်ရှုပ်နေတဲ့အတွက်ကြောင့်လည်းမရပ်တန့်သွားဘူး။

    ❌သင်ထိတ်လန့်နေတဲ့အတွက်လည်း ထွေးပွေ့မပေးဘူး။

    ❌သင့်အတွက်ကြောင့်လည်း ပြောင်းလဲပေးမှာမဟုတ်ပါဘူး။

     

    ဒါကိုသတင်းကောင်းတစ်ခုလို့မြင်ကြည့်လိုက်ပါ။

    ဘယ်သူ့မှစောင့်စရာမလိုပဲ သင့်ကိုယ်သင်ကယ်တင်ဖို့အချိန်ကောင်းကိုရောက်ရှိလာပါပြီ။ 

    သင့်ကိုယ်သင်ပြန်တည်ဆောက်ဖို့အခြေခံအုတ်မြစ်မှာ Stoicism ထက်ပိုကောင်းတဲ့အရာ ဘယ်ရှိလိမ့်မလဲ?

     

    Stoicism ရဲ့ Virtue လေးခုမှာ

    1️⃣Wisdom – ဉာဏ်ပညာ ( အရာအားလုံးကို သိမြင်နိုင်တဲ့ အရည်အချင်း)

    မင်းရဲ့နာကျင်ခံစားမှုအားလုံးဟာ မင်းစိတ်ထဲကပဲလာတယ်။ ဒါဟာ တကယ့်အမှန်တရားမဟုတ်ဘူး။

    “ငါဟာဘယ်တော့မှ လူကောင်းတစ်ယောက်ဖြစ်မှာမဟုတ်ဘူး”

    “ငါထပ်ပြီးရှုံးနိမ့်ရင်ကော”

    “ငါ့ကိုမကောင်းတာတွေပဲအမြဲဖြစ်နေတယ်” 

     

    ဒီလိုအတွေးတွေကိုရပ်တန့်ပါ။

    ခဏလောက် စိတ်ကူးတွေရဲ့အပြင်ကိုထွက်ပြီးလက်တွေ့ကိုရင်ဆိုင်လိုက်ပါ။်

    Boss က မင်းကိုဆူတာမဟုတ်ဘူး ပိုတိုးတက်အောင်ကြိုးစားဖို့အခွင့်အရေးပေးလိုက်တာ။

    ချစ်သူက မင်းကိုပစ်သွားတာမဟုတ်ဘူး ထိုက်တန်တဲ့အချစ်ကိုတွေ့ဖို့ လမ်းစအသစ်ဖွင့်ပေးလိုက်တာ။

     

    “အဖြစ်အပျက်တွေက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတာမဟုတ်ဘူး၊ မင်းရဲ့ထင်မြင်ချက်တွေကသာ ဖြစ်စေတာ”

    “You are disturbed not by events, but by your opinion about them.” – Epictetus

     

    အရာအားလုံးကိုဓမ္မဓိဌာန်ကျကျ ရှင်းရှင်းလင်းလင်းမြင်နိုင်ရင် နာကျင်ခံစားရမှုတွေလျော့နည်းလာပါလိမ့်မယ်။

     

    2️⃣Courage- သတ္တိ ( ရဲရင့်ရင်ဆိုင်နိုင်တဲ့ ခွန်အား )

    အောင်မြင်မှုကိုလူတိုင်းလိုချင်ကြတယ်။ ဒါပေမယ့် ချွေးထွက်ပင်ပန်းတာကိုတော့ မစတေးချင်ကြဘူး။

    ပိုကောင်းတဲ့ဘ၀ကိုလိုချင်တယ်လို့ မင်းပြောခဲ့တယ်။ ဒါဆိုမင်း တန်ဖိုးထားတဲ့ဘယ်အရာနဲ့လဲလှယ်ဖို့အဆင်သင့်ဖြစ်ပြီလဲ ?

    အစောကြီးမထချင်လို့၊ ရုပ်ရှင်မကြည့်ရမှာစိုးရိမ်လို့ဆိုတဲ့ဆင်ခြေတွေရှိနေသေးရင် ပိုကောင်းတဲ့ဘ၀အတွက် မင်း ready မဖြစ်သေးပါဘူး။

     

    မင်းရဲ့ဆုံးဖြတ်ချက်တွေကို အကြောက်တရားရဲ့လွှမ်းမိုးမှုအောက်မှာထားပြီးတော့ အချိန်ဆွဲ နှောင့်နှေးအောင်လုပ်ထားတယ်။ မသိတဲ့အရာကိုစွန့်စားဖို့ထက် ဆင်းရဲဒုက္ခထဲကလုံခြုံမှုကို မင်းမြတ်နိုးနေတယ်။

    မစခင်ကတည်းက စိတ်ချရမှုကိုလိုချင်နေပေမယ့် ဘ၀က ဒီလိုမျိုး အလွယ်တကူမပေးပါဘူး။

     

    မင်းလူကောင်းတစ်ယောက်ဒီနေ့ဖြစ်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကိုမင်းရွေးချယ်တယ်။

    “You could be good today. But instead, you choose tomorrow.” – Marcus Aurelius

     

    ရဲစွမ်းသတ္တိအပြည့်နဲ့ဆုံးဖြတ်ပါ။

    မင်းရဲ့အကြောက်တရားတွေကိုကျော်ဖြတ်ပြီးရင် ဘ၀မှာဘာတွေထပ်ရှိလာမလဲ?

     

    3️⃣Justice ( သမာဓိစိတ်ဓာတ်နဲ့ အမှန်တရား)

    သက်တောင့်သက်သာရှိဖို့၊ ဇိမ်ကျဖို့အတွက် လူတွေဟာ သမာဓိကိုလဲလှယ်ကြတယ်။

    အမှန်ကိုပြောဖို့ထက် နှုတ်ဆိတ်နေကြတယ်။

    ပြသနာတွေကိုရှောင်ရှားဖို့အတွက် လိမ်ညာတယ်။

    သာယာတဲ့လှည့်စားမှုတွေကို ယုံကြည်တယ်။

     

    လေးစားမှုကိုလိုချင်ရင် ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့အစပြုပါ။

    ဘယ်သူမှကြည့်မနေတဲ့အချိန်မှာတောင် သမာဓိတရားနဲ့နေထိုင်ပါ။

    အိပ်ရာဝင်တိုင်း ကြည်လင်စွာအိပ်စက်နိုင်အောင် ကျင့်ကြံပါ။

     

    Marcus Aurelius ဟာ ဘာမဆိုလုပ်နိုင်တဲ့ပါဝါရှိတဲ့ ဘုရင်တစ်ယောက်ဖြစ်ပေမယ့် “ မှန်တဲ့အရာပဲလုပ်၊ ကျန်တာဘာမှအရေးမကြီးဘူး” ဆိုတဲ့စကားကို မနက်တိုင်း သူ့ကိုယ်သူ သတိပေးပါတယ်။

    သင်ရောမနက်တိုင်း သင့်ကိုယ်သင် ဘာသတိပေးနေသလဲ?

     

    4️⃣Temperance ( မိမိစိတ်ကိုထိန်းချုပ်နိုင်တဲ့ အင်အား)

    စိတ်က ထိန်းချုပ်သမျှကို မင်းလုပ်နေရတာလား ?

    မင်း ထိန်းချုပ်တာကိုစိတ်ကလိုက်လုပ်နေရတာလား ?

     

    ဝိတ်လျှော့ချင်တယ်လို့ပြောတာပဲ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့မအားဘူး။

    တိုးတက်ချင်တယ်လို့ပြောတာပဲ ဒါပေမယ့် ညဘက်ရုပ်ရှင်လေးတစ်ကားလောက်ကြည့်ရမှ။

    အချိန်မရှိဘူးလို့ပြောတာပဲ ဒါပေမယ့်ဖုန်းပွတ်ဖို့တော့အားနေတယ်။

     

    “ကိုယ့်ကိုယ်ကို မပိုင်တဲ့လူဟာ တကယ်လွတ်လပ်မနေဘူး”

    “No man is free who is not master of himself.” – Epictetus

     

    မိမိရွေးချယ်ပိုင်ခွင့်ကို အနှောင်အဖွဲ့ကင်းစွာနဲ့ပြုလုပ်နိုင်တဲ့အချိန်

    မင်းအတွက် အကျိုးမရှိတဲ့အရာတွေကို မင်းဘ၀က ဖယ်ရှားနိုင်တဲ့အချိန်

    မင်းမလုပ်ချင်တဲ့အရာအတွက် “NO” လို့ရဲရဲဝံ့ဝံ့ပြန်ပြောနိုင်တဲ့အချိန်တွေမှာ 

    စစ်မှန်သောလွတ်လပ်ခြင်းရဲ့ အရသာကိုလက်တွေ့ခံစားရပါလိမ့်မယ်။

     

    မင်းရဲ့စိတ်ကို မင်းထိန်းချုပ်မလား? စိတ်ကထိန်းချုပ်တာကိုခံမလား? 

     

    👉အဆုံးသတ်အနေနဲ့ပြောရရင်

    မင်းလိုချင်တဲ့အရာအတွက် လိုအပ်တဲ့ ဉာဏ်ပညာ၊ အသိစိတ်၊ အရည်အချင်းတွေကို ဘယ်သူမှအလကားလာမပေးဘူး။

    လောကကြီးကလည်း မပေးသလို။

    ကံတရားကလည်းမင်းဘက်မှာမရှိဘူး။

     

    ဒါတွေကို မင်းကိုယ်တိုင်မသင်ယူရင် တရားမျှတမှုမရှိတဲ့ဘက်မှာပဲနေရမယ်။

    ဘယ်သူ့မှလာကယ်ဖို့မစောင့်ပါနဲ့ ကိုယ့်ကိုယ်ကိုသင်ယူပါ။

    ဘယ်သူမှမတားဆီးနိုင်တဲ့တိုးတက်မှုဟာ မင်းအတွက်ဖြစ်လာလိမ့်မယ်။

    Add to cart
  • 🤫Boss တွေအကြောင်းအတင်းပြောကြရအောင်

    😱ဘောစိက အဆင်မပြေတာလား ?
    🤡လုပ်ဖော်ကိုင်ဘက်တွေကအသုံးမကျတာလား ?
    🧑‍💼Management ကပဲ တလွဲတွေဖြစ်နေတာလား ?

    ⛔️ပထမဆုံးအနေနဲ့⛔️
    ဒီစာအုပ်ကို အလုပ်ကိုမယူသွားပါနဲ့
    ဖတ်နေကြောင်းလည်းဘယ်သူ့မှမပြောပါနဲ့

    ဒီစာအုပ်ကလေးကို အတိုချုံးပြောရရင်
    💡Thickness နဲ့ Thinness ကို Understood ပါ ( အထူအပါးနားလည်ပါလိုပြောတာ )
    အမြဲဆူပူကြိမ်းမောင်းနေတဲ့ Boss တစ်ယောက်ရဲ့အောက်မှာအလုပ်လုပ်ရတာအဆင်မပြေသလို၊ အစွမ်းအစမရှိတဲ့ အလုပ်သမားတွေကြောင့်လည်းခေါင်းကိုက်နေရတဲ့ Boss တွေအများကြီးရှိပါတယ်။ လုပ်ငန်းခွင်မှာ ခေါင်းဆောင်ကောင်းကိုမျှော်နေမဲ့ အစား မိမိကိုယ်တိုင် ခေါင်းဆောင်ဖြစ်အောင် လူတွေကိုဘယ်လိုစီမံခန့်ခွဲမလဲ ? လုပ်ငန်းရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်ဖိုအတွက် ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုဖန်တီးယူဖို အတွက် လူတွေရဲ့အကြောင်းကိုသိဖို အထူအပါးကိုနားလည်နိုင်အောင်လုပ်ရပါမယ်။

    ☠️အဆိပ်အတောက်တွေကိုဖယ်ရှားပါ။
    တာ၀န်တွေလွှချတာ ဘတ်စကတ်ဘောပုတ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ လုပ်ငန်းခွင်မှာ အလုပ်များပြီးအလုပ်ပိလို ပင်ပန်းတာဟာ ကုန်းတိုက်ချောက်တွန်းတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကြားမှာနေရတာထက်အများကြီးသက်သာပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုက လူတိုင်းဟာကိုယ့်အတွက်ကိုယ်လုပ်နေကြတယ်ဆိုတာကိုမမေ့ပါနဲ့။ ကိုယ့်အလုပ်တိုင်းကို Record မှတ်၊ ကိုယ့်ကြိုးစားမှုတွေကို သက်သေပြနိုင်အောင်ကြိုးစားပြီး ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင်လုပ်ဆောင်ရပါမယ်။

    🛣ကိုယ့်ဘ၀လမ်းကိုကိုယ်တိုင်စဉ်းစားပါ။
    လူရယ်လိုဖြစ်လာကတည်းက အလုပ်လုပ်ရမှာပါပဲ။ မိမိနေ့စဉ်လုပ်နေတဲ့အလုပ်ဟာ ဘ၀အတွက်အထောက်အကူဖြစ်ရဲ့လားဆိုတာစဉ်းစားရပါမယ်။ “မင်းအခုလုပ်နေတဲ့အလုပ်က နောက်ငါးနှစ်မှာမင်းဘ၀အတွက်အထောက်အကူမဖြစ်ရင် အလုပ်ပြောင်းဖိုသာပြင်၊ မပြောင်းနိုင်ရင် ကိုယ်ပိုင် အလုပ်ရအောင်လုပ်” ဆိုတဲ့စကားတစ်ခွန်းကို ကျွန့်တော့်မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ လကုန်ရင် လစာထုတ်ဖို ထက် လကုန်တိုင်း ငါဘာပညာရလဲ နောင်တစ်ချိန်မှာ ဒီပညာတွေဟာ ကိုယ့်အတွက်ဘယ်လိုအကျိုးဖြစ်မလဲဆိုတာကို အမြဲစဉ်းစားရပါမယ်။

    📖DISC Model ကိုအခြေခံပြီး လုပ်ငန်းမှာတွေ့ကြုံရမယ့် လူတွေရဲ့အကြောင်းနဲ့ သူတိုနဲ့ လိုက်လျောညီထွေစွာ ထက်အောင်ဘယ်လိုပညာသားပါပါနဲ့ ဆက်ဆံရမလဲဆိုတာကို စာရေးဆရာ Thomas Erikson က ဒီစာအုပ်မှာ ရိုးရိုးရှင်းရှင်း ရေးသားထားပါတယ်။ Workplace Communication တိုးတက်ချင်သူတွေ၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲသူတွေ၊ အကြီးတန်း Senior Manager တွေ နဲ့ လုပ်ငန်းပိုင်ရှင်တွေ workforce managment တိုးတက်စေဖိုအတွက် ဖတ်ကိုဖတ်သင့်တဲ့စာအုပ်ကလေးတစ်အုပ်လည်းဖြစ်ပါတယ်။

    Add to cart
  • ငတုံးများနှင့် ဆက်ဆံခြင်း 😁

    သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?

    “ ငါကကောင်းစေချင်လို စေတနာနဲ့အကြံပေးတာကို လည်း ဘယ်တော့မှနားမထောင်ဘူး ပြီးရင် တလွဲတွေတော့ဖြစ်တော့မှာငါမြင်ယောင်တယ် “

    ဒီစကားကိုကျွန်တော်တိုအားလုံးပြောဖူးကြပါတယ်။

    ဘာကြောင့် အဲ့ဒီ့ငတုံးတွေက သင့်ရဲ့ကောင်းစေချင်တဲ့စေတနာကိုနားမလည်နိုင်ကြတာလဲ ?

    ကျွန်တော်တိုလူတွေဟာ Social animal တွေဖြစ်ကြတဲ့အလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက လူတွေနဲ့လိုက်လျောညီထွေစွာနေတတ်ဖိုပါပဲ။

    တချိုသူတွေကို ဆယ်မိနစ်လောက်စကားပြောရုံနဲ့ ငယ်သူငယ်ချင်းတွေလို အံခွင်ဝင်ကျဖြစ်ပြီး
    အလုပ်မှာသုံးနှစ်လောက်အတူတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်နေလိုမရတာတဲ့ ခံစားချက်ကို သင်ကိုယ်တိုင်သတိထားမိမှာပါ။

    သင့်ပတ်ဝန်းကျင်က
    -အချိန်ရှိတိုင်း အားအားနေအမြဲတမ်းအလုပ်ပဲဖိခိုင်းနေတဲ့ အထက်လူကြီးတွေ
    -တစ်ခါဖုန်းခေါ်ပြီးရင် အချိန်တစ်နာရီလောက်ဖုန်းပြောတဲ့သူငယ်ချင်းတွေ
    -ပြသနာရှိတိုင်းအမြဲခေါင်းရှောင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
    -ကိုယ် ငွေဘယ်လောက်သုံးသလဲ အမြဲမေးတတ်တဲ့ မိသားစုဝင်တွေ
    သူတိုတွေဘာကြောင့် ဒီလို Behavior တွေရှိကြတာလဲ ဘာကြောင့်ဒီအရေးမပါတဲ့မေးခွန်းတွေကိုမေးကြတာလဲ ဆိုတဲ့အဖြေကို “ Surrounded by Idiots “ ထဲမှာ ရှင်းပြထားပါတယ်

    ဒီစာအုပ်ထဲမှာ စာရေးဆရာ Thomas Erikson က
    Psychologist William Moulton Marston ရဲ့ DISC Model ကို အခြေခံပြီး လူတွေရဲ့ Behavior ကို Red, Yellow, Green, Blue ဆိုပြီး အရောင်လေးမျိုးခွဲခြားပေးထားပါတယ်

    RED – အမြဲတမ်းထိပ်ကဦးဆောင်ချင်တဲ့သူတွေ ဘာပဲလုပ်လုပ်ထိပ်ဆုံးကနေရမှာကျေနပ်သူတွေ
    YELLOW – အပေါင်းအသင်းအများဆုံးသူ ဘယ်နေရာမှာမဆိုမိတ်ဆွေသူငယ်ချင်းတွေရှိနေတတ်သူ
    GREEN – အေးအေးဆေးဆေးသမား ဘာပဲလိုလိုအမြဲကူညီပေးဖိုကြိုးစားတဲ့သူ
    BLUE – အသေးစိတ်ကအစဂရုစိုက်တတ်သူ စည်းကမ်းအရမ်းကြီးသူ

    ဥပမာ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ဖို စီစဉ်ပြီဆိုရင် သူတိုရဲ့ Behavior ကိုကြည့်ပြီး အရောင်တွေမြင်ရပါတယ်
    -ငါတိုတွေ ငွေဆောင်သွားမယ် ဒီဟိုတယ်မှာတည်းမယ် ညကျ Party လုပ်မယ်ဆိုပြီး ထိပ်ဆုံးက အကြံစပေးတဲ့သူဆို -> RED
    -ဒီဟိုတယ်မှာငါ့ အသိရှိတယ် အစားအသောက်ကဒီဆိုင်မှာကောင်းတယ် ဆိုပြီး စီစဉ်တာက -> YELLOW
    -ငါဘာလုပ်ပေးရမလဲ လက်မှတ်ဖြတ်ပေးရမှာလား ကားစီစဉ်ပေးရမှာလားဆိုတာက -> GREEN
    -ဟိုတယ်ဖိုးက ဘယ်လောက်? စားစရိတ်ကဘယ်လောက် ? VIP လား ရိုးရိုးလား စီးလုံးဌားမှာလား ? ဆိုတဲ့ Detail တွေကိုစဉ်းစားတာက -> BLUE

    ဒီလို Behavior တွေကိုသဘောပေါက်ပြီဆိုရင် သင့်ပတ်ဝန်းကျင်က ငတုံးတွေကိုလွှမ်းမိုးနိုင်ဖိုမခက်ခဲတော့ပါဘူး။
    RED behavior ရှိတဲ့ Boss တစ်ယောက်ကို ဘယ်လိုစကားပြောမလဲ? Blue Behavior ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲ ဆိုတဲ့သော့ချက်တွေဟာ ဒီစာအုပ်ထဲမှာပါရှိပါတယ်။

    ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ကိုယ်တိုင် မိသားစု/အလုပ်မှာရှိနေတဲ့သူတွေရဲ့ဆက်ဆံရေးဟာအချိန်တိုအတွင်းမှာအများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။

    Add to cart
  • လူတွေရဲ့ စိတ်နေသဘောထား အမှန်တွေကို သူတိုရဲ့ Behaviour တွေကတစ်ဆင့် သိနိုင်မယ်ဆိုရင် လက်တွေ့မှာ ကြုံနေရတဲ့ အခက်အခဲတွေ ဘယ်လောက်တောင် အဆင်ပြေသွားမလဲ တွေးကြည့်လိုက်ပါ။

    ရူး‌လောက်တဲ့ အနေအထားပဲ မလား

    စိတ်ခံစားချက်ကို အမြဲဦးစား‌ပေးတတ်သူတွေ၊
    Toxic ဖြစ်တဲ့သူတွေဆီက ကာကွယ်နည်း‌‌တွေ
    ကုန်းတိုက်၊ သွေးထိုး တဲ့သူတွေကို တုံ ပြန်နည်း‌တွေ

    စာအုပ်ထဲမှာ ပါတဲ့ Manipulation နည်းလမ်းတွေကတော့
    Arbitrary positive reinforcement
    Negative reinforcements
    Unfathomable smoke screens
    Gaslighting
    Love bombing
    Having your feelings turned against you
    Triangle drama
    Silent treatment

    သင့် ‌ဘေးနားက လူတွေ ဒီအချက်တွေ ထဲက ဘယ်အချက်တွေကို အသုံးပြုနေလဲ။

    ဥပမာ အားဖြင့် Gaslighting ဆိုတာကတော့ အမှန်လိုထင်ထားတဲဲ အတွေး‌တွေကို ‌မေးခွန်း‌တွေ ပြန်ထုတ်ပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲဲ နည်းလမ်း‌တစ်ခု၊

    တစ်ချိိ ရည်းစားတွေမှာ ကြားထဲက ဖြတ်ခုတ် ချင်တဲဲ သူတွေ လုပ်တတ်တဲ့ အရာတစ်မျိုးပဲ

    ၁။ နင့်ရည်းစားက နင့်ကို တကယ် မချစ်ပါဘူး၊
    ၂။ နင် အဆင်မပြေလဲ ငါ အမြဲ ရှိမယ်၊ စသဖြင့် Positive reinforcement တစ်ခုခုနဲ့ တွဲပြီးတော့ သင့်ရဲ့ sanity ကို Distortion ဖြစ်အောင် လုပ်လိုက်တာပါပဲ။ တကယ် အပြင်မှာ ဖြစ်မနေတဲ့ အရာတစ်ခုကို ဖြစ်တယ် လို ထင်သွားအောင် လုပ်လိုက်ကြတာပါ။

    တစ််ခြား Manipulation နည်းလမ်းတွေနဲ့ သူတိုကို ကာကွယ်ဖိုအတွက် သိနိုင်သမျှ အချက်အလက်တွေ အကုန်ပါပါတယ်။

    Add to cart
  • လူတွေ “WOW” ဆိုပြီးဖြစ်အောင် စကားပြောဖို နည်းလမ်း ၇ ခု

    1.သာမာန်စကားလုံးတွေထက် လူတွေရဲ့အာရုံကိုဖမ်းစားနိုင်တဲ့သန်မာတဲ့စကားလုံးတွေနဲ့စတင်ပါ။
    “ကျွန်တော်ဒီနေ့ပြောမဲ့အကြောင်းအရာက ယုံကြည်မှုဖြစ်ပါတယ် ” ဆိုတဲ့စကားလုံးတွေနဲ့စတင်ပြီးအချိန်မဖြုန်းမဲ့အစား
    “ယုံကြည်မှုဆိုတာဝယ်ယူလိုမရဘူး တည်ဆောက်ရတဲ့အရာဖြစ်တယ်” ဆိုတဲ့စကားတွေဟာ လူတွေကိုအာရုံစိုက်စေပါတယ်။

    2.စကားတိုတိုပြောပါ။
    ရှည်လျားထွေပြားတဲ့စကားတွေကိုလူတွေမမှတ်မိပါဘူး။
    လိုအပ်တဲ့စကားကိုပဲအဓိကပြောပါ။

    3.ဇာတ်လမ်းကောင်းတစ်ခုတည်းကိုပြောပါ။
    လူတွေရဲ့ခံစားချက်ကိုထိမိစေတဲ့ ဇာတ်လမ်းတစ်ခုဟာ ပေါက်ကရဇာတ်လမ်း ဆယ်ခုထက်ပိုကောင်းပါတယ်။

    4.တူနဲ့ထုလိုက်သလိုခံစားစေရမယ့်အမှန်တရားတစ်ခုကိုအသုံးချပါ။
    “ဒါအမှန်ပဲ” လိုလူတွေကိုခံစားစေရမယ့် အရာတစ်ခုကိုထုတ်ပြပါ။
    ဥပမာ – “ငါတိုမှာအချိန်မရှိတာမဟုတ်ဘူး အရေးမပါတဲ့အရာတွေကိုအာရုံစိုက်မိနေတတ်တာ”

    5.ရိုးရှင်းတဲ့စကားလုံးတွေနဲ့စကားပြောပါ။
    လူတွေနားမလည်တဲ့စကားလုံးကြီးတွေသုံးလို သင့်ကိုအထင်ကြီးမှာမဟုတ်ပါဘူး။
    ထက်မြတ်ပြတ်သားပြီးနားလည်လွယ်တဲ့စကားလုံးတွေနဲ့ စကားပြောပါ။

    6.သက်ရောက်မှုအတွက် ခေတ္တရပ်ပါ။
    သက်ရောက်မှုအမြင့်ဆုံးဖြစ်စေဖိုအတွက် အရေးကြီးတဲ့စကားလုံးတွေကိုပြောခါနီးတိုင်း‌ ခေတ္တရပ်တန့်ပါ။ သင့်ရဲ့တိတ်ဆိတ်မှုပေါ်လူတွေအာရုံစိုက်ပါစေ။

    7.”ပြီးပါပြီ”ဆိုတာနဲ့အဆုံးမသတ်ပါနဲ့
    လူတွေရင်ထဲကျန်စေမယ့်စကားလုံးတွေနဲ့အဆုံးသတ်ပါ။ သင်စကားပြောပြီးတဲ့နောက်သူတိုရင်ထဲမှာအတွေးတစ်စကျန်ခဲ့ပါစေ။

    Add to cart
  • “ 2025နှစ်အစကထားခဲ့တဲ့မင်းရဲ့ Goal တွေဘယ်နှစ်ခုပြီးသွားပြီလဲ?” ⚽🥅

    📱📅ဖုန်းထဲက ပြက္ခဒိန်ကို အခုဖွင့်လိုက်တာနဲ့ JULY ဆိုတဲ့စာလုံးက မင်းကိုပြူးပြီးစိုက်ကြည့်နေလိမ့်မယ် ။“နောက်နေ့မှလုပ်မယ်”ဆိုတဲ့ ဆင်ခြေနဲ့ ရည်မှန်းချက်ကို တစ်ရက်ပြီးတစ်ရက်ရွှေ့လာလိုက်တာ နှစ်ဝက်တောင်ကျော်နေပြီ။

    🕒💨အချိန်ဟာပြောင်းလဲမှု မရှိပဲပုံမှန်အတိုင်းပဲသွားနေတယ်။ဒါပေမယ့် မင်းရဲ့ပြောင်းလဲနေတဲ့ဆင်ခြေတွေကတော့မရပ်သေးဘူး။အိမ်မက်တွေကို မင်းတကယ်လိုချင်တာလား? လူကြားကောင်းအောင်လျှောက်ပြောနေတာလား?

    📃မင်းရဲ့ Goal တွေ‌က ပြသနာမဟုတ်ဘူး။ ဒီ Goal တွေကိုရယူနိုင်ဖို့ တိကျသေချာတဲ့ Structure လိုအပ်တာက အဓိက အချက်ဖြစ်လာတယ်။

    ပြောင်းလဲမှုကို ကိုယ်တိုင်ဖန်တီးပါ….✅✅✅✅✅

    2025 ရဲ့ Goal တွေဟာအလဟသမဖြစ်သွားသေးပါဘူး ။ 12 ပတ် (သုံးလ) နဲ့ သင့် Target တွေကို ရိုက်ချိုးအနိုင်ယူဖို့အခွင့်အလမ်းတွေအများကြီးရှိပါသေးတယ်။ဒီစာအုပ်ထဲမှာ နေ့စဉ်၊ အပတ်စဉ် plan တွေနဲ့ ရလဒ်တွေကို ဘယ်လိုကြည့်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေပါဝင်ပါတယ်။

    ဒီတစ်ပတ်မှာ

    1️⃣ဖြစ်ချင်တဲ့ Target တစ်ခု( မင်းတကယ်ကိုလိုချင်တဲ့ အရာ) ကိုရွေးချယ်ပါ။

    2️⃣ဒီTarget ကိုရဖို့ နေ့တိုင်လုပ်နိုင်တဲ့ Micro-Step တွေခွဲထုတ်ပါ။ ( Consistency ဟာ Intensity ထက်ပိုအရေးကြီးပါတယ် )

    3️⃣ကိုယ်ပိုင် 12-Week System ကို ဒီစာအုပ်ထဲက Guideline တွေအတိုင်း plan ဆွဲပြီး လိုက်ကျင့်ကြံပါ။

    🧘ဒီသုံးလပြီးတဲ့နောက်မှာ

    🔹မင်းရဲ့ ယုံကြည်မှုတွေအသက်ဝင်လာမယ်။

    🔹Purpose နဲ့အတူ မနက်တိုင်းနိုးထလာနိုင်လိမ့်မယ်။

    “Work expands so as to fill the time available for its completion” လို့ဆိုတဲ့ Parkison’s Law ထဲကအတိုင်း ကျွန်တော်တို့ Goal တွေကို တစ်နှစ် အချိန်ပေးထားရင် အချိန်ဆွဲနေပြီး Target ဆီရောက်ဖို့ကြာနေပါလိမ့်မယ်။ သင့် Goal တွေကို 12 Weeks အတွင်း မြန်မြန်ရအောင်လုပ်နိုင်ရင် အိမ်မက်ဟာ အဝေးကြီးမှာရှိနေတော့မှာမဟုတ်ပါဘူး။

    ✨✨✨ဒီတော့ ဒီနေ့ကနေစပြီး တစ်နှစ်တန်တဲ့ 12 ပတ်ကို အချိန်နောက်မကျခင် မြန်မြန်လေး အတူတူအစီအစဉ်ချကြည့်ကြရအောင်။

    Add to cart
  • အလုပ်ရှုပ်တဲ့နေရာမှာ တော်သလား???

    သင်ဟာ တစ်လမှာ ၅ သိန်း ဝင်ငွေရှိတဲ့ လူတစ်ယောက်ဆိုပါတော့

    သင်ရဲ့ အလုပ်ချိန်က တစ်ရက် ၈ နာရီ
    တစ်ပတ်မှာဆို နာရီ ၄၀ နဲ့
    တစ်လမှာဆို ပျမ်းမျှ နာရီ ၁၆၀ ‌လောက် အလုပ်လုပ်ရတယ်ဆိုပါတော့

    တွက်ကြည့်လိုက်မယ်ဆိုရင် သင်ရဲ့ ဝင်ငွေက တစ်နာရီကို ၃၁၂၅ ကျပ် ရှိတယ်။

    ဘာလို တွက်ပြတာလဲ ဆိုတော့

    ပထမဆုံး အနေနဲ့ လူတိုင်းက သူတို အလုပ်ကို မချစ်မနှစ်သက်ကြဘူးလေ။
    တစ်နာရီကို ၃၀၀၀ ကျော် ထက် ပိုရတဲ့ အလုပ်တစ်ခု မရှာတတ်ကြဘူး။
    မကြိုက်နှစ်သက်တဲ့ အလုပ်ကနေ ထွက်ပြီးတော့ရင်ရော နောက်ပိုင်းမှာ ဘာဆက်လုပ်ရမလဲ မသိကြဘူး။ မစဉ်းစားကြဘူး။ မတွေးချင်ကြဘူး။

    လက်ရှိ အလုပ်တစ်ခုမှာပဲ နှစ်ကြာကြာနေပြီး လစာ တိုးဖိုပဲ တွေးတော့ နေကြတယ်။

    အဲ့တော့ ဘာဖြစ်လဲ ? ဘာမှမဖြစ်ဘူး။

    ကိုယ် မကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုမှာ နေပြီး နှစ်ပေါင်းများစွာ ရင်းနှီး မြုပ်နှံပြီး လစာ တိုးဖိုလောက်ပဲ စဉ်းစားနေတာ ဆိုရင်တော့
    အရင်က ရွေးချယ်မှုတွေကို ပြန်စဉ်းစားဖို လိုပြီလေ။

    အဲ့တော့ အလုပ်ထွက်လိုက်ရမှာလား?????
    NO!!!!!!!!!!!!!!

    သင်က ဘဝမှာ အပူအပင်တွေ မရှိပဲနဲ့ ပေါ့ပေါ့ပါးပါးနေချင်ရင်‌တော့ သာသနာ့‌ဘောင်မှာ တရား အားထုတ်သင့်တယ်။

    လူတစ်ယောက်အနေနဲ့ နေမယ်ဆိုရင် မိဘ၊ အိမ်ထောင်ဖက် အပေါ်မှာ တာဝန်ယူမှုတွေ ရှိလာတော့မှာ။
    အဲ့တော့ အလုပ်ကို ပို လွယ်အောင် ( Smart Work ) နဲ့ ဝင်ငွေများများရအောင် ဘယ်လို လုပ်မလဲ???

    ပထမဆုံး ‌အနေနဲ့ကတော့
    – သင်ကိုယ်သင် သိအောင် လုပ်ပါ။
    – ဘယ်လို အခြေအနေမှာ နေချင်လဲ
    – ဘာ အလုပ်အကိုင်တွေ လုပ်ချင်လဲ
    – ဘယ်လို ကိစ္စတွေကို ဖြေရှင်းရတာ ကြိုက်လဲ

    – ကြိုးစားပါ
    သူများထက် ပိုသာချင်ရင် သူများထက် ပိုကြိုးစားရမယ်
    အလုပ်က ပြန်ရောက်ချိန်
    အလုပ်ကိစ္စတွေ မြန်မြန် ပြီးအောင် လုပ်ပြီး နားနေချိန်
    ရည်မှန်းချက် သေချာချဖို အစီအစဉ်ချမှတ်ပုံတွေ

    – သင်ယူပါ
    သင်လိုချင်တဲ့ အခြေအနေမှာ ရှိနေတဲ့ လူတွေဆီက သင်ယူပါ

    – လုပ်ပါ ( စဉ်းစားရုံနဲ့ တွေးနေရုံနဲ့ မပြီးပါဘူး။ လုပ်မှ ရမှာပါ

    – တစ်ကိုယ်ကောင်းဆန်ပါ
    သင့်အတွက် သင်ကလွဲရင် ဘယ်သူမှ မရှိပါဘူး။ ကိုယ်တိုင် အဆင်ပြေမှ သူများကို ကူညီနိုင်မှာပါ။
    Save Yourself Before you save others.

    စာအုပ်ထဲမှာ သာမန် ၉-၅ အလုပ်တွေကနေ ရုန်းထွက်ပြီး Hardwork ကနေ Smart Work ဖြစ်လာစေဖိုအတွက် နည်းလမ်းတွေ ပါဝင်ပါတယ်။

    ကိုယ့်ဘဝကို မြင့်တင်ချင်တဲ့ မည်သူမဆို ဖတ်သင့်ပါတယ်၊၊ အလုပ်လုပ်တဲ့ နေရာမှာ အချိန်မီ မပြီးစီး အကောင်းဆုံး မလုပ်နိုင်တဲ့ သူတွေ၊ ဒီအလုပ် routine တွေကိုပဲ နေ့တိုင်း ထပ်ခါထပ်ခါ လုပ်နေရသဖြင့် ပြောင်းလဲကျင့်သုံးချင်တဲ့သူတွေ၊ အချိန်ဆွဲတဲ့ အကျင့်နှင့် ပျင်းရိနေတဲ့ အကျင့်တွေကို ဖျောက်ဖို ဆန္ဒပြင်းပြနေသူတွေ၊ အောင်မြင်သူတွေနှင့် ဘီလျံနာတွေရဲ့ နေ့စဉ်လုပ်နေကျ အကျင့်လေးတွေကို ခံယူကျင့်သုံးချင်သူတွေ၊ entrepreneur တွေ၊ ကိုယ့်ဒူးကိုယ်ချွန် တည်ထောင် လုပ်ကိုင်ချင်တဲ့ လူငယ်များ ဖတ်သင့်ပါတယ်၊၊

    Add to cart
  • How to enrich your life and destroy doubt in five seconds.

    Throughout your life, you’ve had parents, coaches, teachers, friends, and mentors who have pushed you to be better than your excuses and bigger than your fears. What if the secret to having the confidence and courage to enrich your life and work is simply knowing how to push yourself?

    Using the science of habits, riveting stories, and surprising facts from some of the most famous moments in history, art, and business, Mel Robbins will explain the power of a “push moment”. Then, she’ll give you one simple tool you can use to become your greatest self.

    It takes just five seconds to use this tool, and every time you do you’ll be in great company. More than eight million people have watched Mel’s TEDx Talk, and executives inside of the world’s largest brands are using the tool to increase productivity, collaboration, and engagement.

    In The 5 Second Rule, you’ll discover it takes just five seconds to:

     

    • Become confident
    • Break the habit of procrastination and self-doubt
    • Beat fear and uncertainty
    • Stop worrying and feel happier
    • Share your ideas with courage

     

    The 5 Second Rule is a simple, one-size-fits-all solution for the one problem we all face – we hold ourselves back.

     

    The secret isn’t knowing what to do – it’s knowing how to make yourself do it.

    Add to cart
  • 🌇သင်ပိုင်ဆိုင်တဲ့မနက်ခင်းတွေနဲ့ ဘ၀ကိုမြှင့်တင်ပါ။

    🛌မနက်ရှစ်နာရီလောက်ထိအိပ်မှအိပ်ရေး၀တဲ့ဟာကို တစ်ယောက်ပြီးတစ်ယောက်မနက်စောစောထဖိုပဲလာပြောနေကြတယ်။
    မနက်စောစောထတိုင်းအောင်မြင်ရင် Millionaire တွေလက်ညှိးထိုးလိုတောင်ကုန်မှာမဟုတ်ဘူးလိုပြန်ပြောပြီး စောင်ကြားထဲပြန်ခွေနေလိုက်( ဒါက ပိုအဆင်ပြေတယ် မဟုတ်လား ) ။

    NO!!! NO!!! NO!!!

    🌅မနက်စောစောထ တဲ့သူတိုင်း မအောင်မြင်ပေမယ့် အောင်မြင်တဲ့လူအများစုက နေမထွက်ခင်မှာအိပ်ရာကထကြပါတယ်။
    မနက်ခင်းလုပ်စရာရှိတဲ့ ဘုရားရှိခိုး၊ ပန်းကပ်၊ သောက်တော်ရေလဲ အစရှိတဲ့ မင်္ဂလာရှိတဲ့အရာတွေကို သူတိုဟာနေမထွက်ခင်မှာလုပ်ကိုင်ကြပြီး ဒီတစ်နေ့တာကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖိုအင်အားကို မိုးမသောက်ခင်မှာ ပဲပိုင်ဆိုင်ကြပါတယ်။ မနက် ငါးနာရီက ကနေ ခြောက်နာရီအတွင်း အချိန်တစ်နာရီလောက် ရင်းနှိးမြုပ်နှံမှုဟာ သင့်နေ့စဉ်ဘ၀ကို တိုးတက်စေဖို လျှိဝှက်ချက်တစ်ခုဖြစ်တဲ့အကြောင်းကို Robin Sharma က The 5 AM club ထဲမှာ ရေးသားထားပါတယ်။

    ⏰THE 5 AM CLUB: OWN YOUR MORNING, ELEVATE YOUR LIFE.⏰

    ✌️အောင်မြင်မှုအချိန် “The Victory Hour” ဟာ မနက် 5 နာရီကနေ 6 နာရီအတွင်းမှာတည်ရှိပါတယ်။
    ဒီအချိန်လေးအတွင်းမှာ 20/20/20 Formula ကိုအသုံးချပြီး
    5:00 to 5:20 – Move ( လှုပ်ရှားမှု )
    5:20 to 5:40 – Reflect ( သုံးသပ်မှု )
    5:40 to 6:00 – Grow ( တိုးတက်မှု )
    အတွက်လုပ်ဆောင်ပါ။
    အိပ်ရာနိုးနိုးချင်းမှာ ချွေးထွက်စေတဲ့ ( ကြိုးခုန်, ဒိုက်ထိုး, အိပ်ထမတင် ) စတဲ့ လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Cortisol Level ကိုလျှော့ချပေးပြီး BNDF လိုခေါ်တဲ့ growth gene ကိုထုတ်လွှတ်ပေးပါတယ်။ ဒီ BNDF ဟာသိစိတ်ကို နိုးကြွားစေပြီး လျင်မြန်ဖြတ်လတ်တဲ့အလုပ်တွေကိုလုပ်နိုင်ဖိုအတွက်အရေးကြီးတဲ့ Factor တစ်ခုထဲမှာပါဝင်ပါတယ်။
    မိမိကိုယ်မိမိသုံးသပ်နိုင်ခြင်းဟာ သင့်ဘ၀လမ်းကြောင်းအတွက်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နောက်မိနစ်နှစ်ဆယ်အတွင်းမှာရရှိမယ့် ဆိတ်ငြိမ်မှုအတွင်းမှာ သင့်လိုအပ်တဲ့ တည်ငြိမ်မှုကိုတရားထိုင်ခြင်း၊ အာနာပါနမှတ်ခြင်းနဲ့ အတူတည်ဆောက်ပါ။
    စာဖတ်ခြင်း, Podcast နားထောင်ခြင်း နဲ့ မိမိအတွက်အကျိုးရှိမယ့် အရာတွေကို နောက်ဆုံး မိနစ်နှစ်ဆယ်မှာ လုပ်ဆောင်ပြီး သင့် Growth အတွက်ပြင်ဆင်ပါ။

    🦾Gargantuan Competitive Advantage(GCA) and 2x3x Mindset🦿
    GCA -> သာမာန် Skill တွေအတွက်ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် ပုံမှန်မဟုတ်တဲ့ Skill တွေအတွက်က ပြိုင်ဘက်မရှိပါဘူး။
    သင်ဟာ အရောင်းသမားတစ်ယောက်ဖြစ်ပြီး ပိုပြီးအရောင်း Skill တက်လာရင်ပြိုင်ဆိုင်မှုကပိုပြင်းထန်လာတယ်ဆိုပေမယ့်။ ပုံမှန် Skill မဟုတ်တဲ့ Product Proficiency, Technical Skill တွေပိုင်ဆိုင်ရင်တော့ သင့်ကိုပြိုင်ဆိုင်နိုင်ဖို ခက်ခဲပါလိမ့်မယ်။
    2x3x Mindset -> မင်းဝင်ငွေနဲ့ လုပ်ဆောင်နိုင်စွမ်းကို နှစ်ဆတိုးဖို မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုကို သုံးဆရင်းနှီးမြှပ်နှံပါ။
    “ရင်လောက်တင်မှ ဒူးလောက်ကျတယ်”ဆိုတဲ့ စကားပုံရှိပါတယ်။ ပြိုင်ဘက်တွေထက် နှစ်ဆသာဖို သင့်ရဲ့ ကြိုးစားမှုကို သုံးဆပိုမိုရင်းနှီးမြှုပ်နှံရပါမယ်။ သုံးဆပိုသာတဲ့ သင်ယူမှု၊ သုံးဆပိုသာတဲ့ စိတ်ဓာတ်၊ သုံးဆပိုသာတဲ့ ခွန်အားစိုက်ထုတ်မှုက သူမတူတဲ့ထူးချွန်မှုကိုပိုင်ဆိုင်စေပါလိမ့်မယ်။

    👨‍🎨လမ်းပျောက်နေတဲ့ Artist တစ်ယောက်နဲ့ အခက်အခဲကြုံနေတဲ့ Entrepreneur တစ်ယောက်ကို Billionaire တစ်ယောက်က mentorship ပေးတဲ့ fictional ဇာတ်လမ်းလေးကိုဒီစာအုပ်ကလေးထဲမှာ တွေ့မြင် ရမှာပါ။ သူတိုနှစ်ယောက်ရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ အတူ ကျွန်တော်တိုဘ၀ကိုလည်းပြောင်းလဲစေနိုင်တဲ့ နည်းလမ်းတွေနဲ့အတွေးအခေါ်တွေကိုရရှိဖို 5 AM club ရဲ့ ဇာတ်လမ်း နဲ့အတူ တိုးတက်မှုရဲ့ခြေလှမ်းကို စလိုက်ကြရအောင်။

     

    Add to cart
  • သိုးကျောင်းသားလေးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
    The Alchemist

    “အချစ်စစ်ဟာ အိမ်မက်တွေနောက်လိုက်နေတဲ့သူ့ကိုမတားဆီးခဲ့ဘူး, အိမ်မက်တွေနဲ့အတူသူပြန်လာမယ့်အချိန်ကိုစောင့်ခဲ့တယ်။”

    မြေထဲပင်လယ်ကလာတဲ့ Levanter လေအေးအေးလေးကနေပြီး Sahara သဲကန္တာရထဲက အိုအေစစ်ထဲမှာတိုက်တဲ့ Sirocco လေနွေးနွေးလေးတွေအထိ သိုးကျောင်းသားလေး Santiago နဲ့အတူ သူ့ဘ၀ရဲ့ကိုယ်ပိုင်ဒဏ္ဍာရီ ထဲစီးမျောပြီးလောကကြီးက သူလိုချင်တဲ့အရာတွေကိုဘယ်လိုဖန်တီးပေးသလဲ၊ အခက်အခဲတွေဟာ သူ့ပန်းတိုင်အတွက်ဘယ်လိုအထောက်အကူဖြစ်စေခဲ့သလဲ ဆိုတာကို ဒီစာအုပ်ထဲမှာခံစားပါ။

    မင်းတစ်စုံတစ်ခုကိုလိုချင်ရင် လောကကြီးတစ်ခုလုံးစုပေါင်းပြီးကူညီပေးတယ်
    “When you want something, all the universe conspires in helping you to achieve it.”

    သင့်အိမ်မက်တွေနောက် ကိုလိုက်ပါ။
    နှလုံးသားကပြောနေတဲ့စကားလုံးတွေကိုသင်ကြားရသလား ?
    သင့်ရဲ့ကိုယ်ပိုင် ဒဏ္ဍာရီထဲမှာဘယ်လိုစာမျက်နှာတွေပါမလဲ ?

    Add to cart

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping