Steal Like an Artist
13,000 Ks
✏️ ကျွန်တော် Content မရေးတတ်ပါဘူး ….
🌳 လူတွေက သစ်ပင်တွေလိုပါပဲ၊ သစ်ပင်တွေက မျိုးရိုးတူနေရင်တောင် အကိုင်းအခက်တွေက ကြီးထွားပုံ မတူညီကြပါဘူး။
🕷 စာရေးဆရာ Austin Kleon က လက်ရှိ Digital ခေတ်ကြီးမှာ လူတွေ မပြောကြတဲ့ Creativity အကြောင်း၊ Legendary Artist တွေက ဘယ်လို ခိုးယူကြသလဲ၊ ရှေးရိုး ဆန်တဲ့ Creativity အတွေး တွေကို လွန်ပြီး တစ်ကယ်အောင်မြင်ခဲ့တဲ့ ဂန္တဝင် အနုပညာရှင်တွေဆီက ခိုးချတဲ့ နည်းလမ်းကောင်းတွေကို ရှင်းပြပေးထားပါတယ်။
1 # Steal Like an Artist
🐾 အနုပညာမှာ Original ဆိုတာ မရှိပါဘူး။ ပန်းချီဆွဲတာ၊ ရေကူးတာ၊ သီချင်းရေးတာ စတဲ့ အနုပညာတိုင်းဟာ ရှေးခေတ်ကတည်းက တစ်ဖြည်းဖြည်း အသွင်ပြောင်းပြီး ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အနုပညာ တစ်ခု ဖန်တီးတယ်ဆိုတာ ကလေးတစ်ယောက် မွေးကင်းစ ကနေ အရွယ်ရောက်လာသလိုပဲ ဖခင်ရဲ့DNA ၊ မိခင်ရဲ့ DNA ပေါင်းစပ်ထားတဲ့ အပြင် ကလေးအရွယ်ရောက်လာတဲ့ အခါမှာ ပတ်ဝန်းကျင်ရဲ့အကျိုးသက်ရောက်မှုတွေ ပါဝင်ပါတယ်။
🎨 ကိုယ်က ပန်းချီဆွဲတော့မယ်ဆိုပါတော့။ သာမန် လူတစ်ယောက်က ဘာမှ မလေ့လာပဲ စိတ်ကူးထဲ ပေါ်လာလိုဆွဲလိုက်တဲ့ အရာက Masterpiece တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ကမာ္ဘလုံးမှာ နာမည်အကြီးဆုံး ပန်းချီဆရာကြီး Pablo Picasso က အနုပညာဆိုတာ ခိုးချခြင်းလိုပြောသွားပါတယ်။ ခိုးချတယ်ဆိုတော့ တစ်ခြားသူ ရေးဆွဲထားတဲ့ အနုပညာကို နာမည်တပ်ပြီး ကူးယူတာကို ပြောတာ မဟုတ်ပါဘူး။ တစ်ခြားသူတွေရဲ့နည်းလမ်းတွေကို လေ့လာအသုံးချတာကို ပြောတာပါ။
🎭 ပထမဆုံးအနေနဲ့ ကိုယ်လေးစားရတဲ့ လူတွေကို ရှာဖွေပါ။ သူတိုအနုပညာ လက်ရာတွေကို လေ့လာပါ။ သူတိုအတိုင်း ကူးယူခိုးချဖိုပြောတာ မဟုတ်ပါဘူး။ သူတိုအနုပညာတွေကို သေချာ လေ့လာဆန်းစစ်ပါ။ လေ့လာတဲ့အခါမှာ တစ်ယောက်တည်းဆီက မလေ့လာပဲ လူအများကြီးဆီက သင်ယူတဲ့အခါမှာ သူတိုလက်ရာတွေက ကိုယ်နဲ့မကိုက်ညီတဲ့ အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့Original ပေါ်လာပါတယ်။
📚 စာအုပ်တွေထဲက လေ့လာလိုလည်း ရပါတယ်။
📀 “Surround yourself with Art worth Stealing.”
2 # Don’t Wait, Fake It till You Make It
🕯 အဓိကအချက်က နယ်ပယ်တိုင်းမှာ Idea ကို Idea အတိုင်းထားရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ Entrepreneur တိုင်းက Idea တစ်ခု ရတာနဲ့အရင် အကောင်အထည် ဖော်ပါတယ်။ ပြီးတော့မှ တစ်ဖြည်းဖြည်း အမှားပြင် အမှန်ဖြစ်လာတာပါ။
✋ “နောက်မှ လုပ်ပါတော့မယ်လေ” ဆိုတဲ့ စကားတွေကြောင့် Idea တစ်ချိုပျောက်ဆုံးခဲ့ရတယ်။ အလုပ်တစ်ခု စတင်ဖိုအတွက် မကြောက်ပါနဲ့။ အနုပညာ တစ်ခု လုပ်ဖိုအတွက် က်ိယ်လေးစားရတဲ့ လူတွေဆီက အရင်လေ့လာသင်ယူရပါတယ်။ သူတိုအနုပညာ ဖြစ်ပုံလာပုံတွေ၊ အနုပညာ ဖန်တီးပုံတွေနဲ့၊ သူတိုနည်းလမ်းတွေရဲ့အနှစ်သာရတွေ လေ့လာစမ်းစစ်ကြည့်ရပါတယ်။
💢 အလုပ်တစ်ခု၊ အနုပညာ တစ်ခုကို အရင် စတင်လုပ်ကိုင်ကြည့်ပါ။ အစပိုင်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ အခက်အခဲတွေကို ထွက်မပြေးပဲ ထိပ်တိုက် ရင်ဆိုင်ကျော်လွှားနိုင်ဖိုပဲ လိုအပ်ပါတယ်။
🌳 သစ်ပင်တွေက မျိုးရိုးတူနေရင်တောင် အကိုင်းအခက်တွေက ကြီးထွားပုံ မတူညီကြပါဘူး။ ကိုယ် စလုပ်တဲ့ အချိန်မှာ ကိုယ် စံထားရတဲ့ လူတွေလို ဖြစ်လာစရာ မလိုပါဘူး။ သူတိုနည်းလမ်းတွေ ကျင့်သုံးရင်းနဲ့သူတိုနည်းလမ်းတွေကို ကျော်လွန်ပြီး ကိုယ့် နဂို မူလ (Originality) ဖြစ်တည်လာမှာပါ။
3 # Write the Book you want to read
⁉️ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ရေးသားပါ။ မင်းသားကို ဘယ်လိုဖြစ်စေချင်သလဲ။ မင်းသမီးကို ဖြူဖြူဖွေးဖွေး မျက်မှန်လေးနဲ့ဖြစ်စေချင်သလား။ မင်းသားနဲ့မင်းသမီး ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ကိုယ် ဖြစ်စေချင်တဲ့ ဇာတ်လမ်းကို ရေးသားပါ။ ကိုယ့် အမှန်တရားကိုပဲ အသုံးချပါ။ ကိုယ့် စိတ်ရင်းနဲ့ပဲ ရေးသားပါ။ တစ်ခြားသူတွေ ဇာတ်လမ်းတွေလို ပေါတောတော မလုပ်ပစ်ပါနဲ့။
〽️ ဘဝမှာလည်း အတူတူပါပဲ။ တစ်နေ့နေ့တစ်ချိန်ချိန် ရွေးချယ်စရာတွေ၊ အခက်အခဲတွေ များလိုအရှုးပေးချင်လာတဲ့အခါ က်ိယ် စံထားရတဲ့ ပုဂ္ဂိုလ်တွေသာဆို ဘယ်လို ပုံပြင်မျိုးကို တည်ဆောက်မလဲ။ ဘယ်အရာတွေ ရှောင်ကြဉ်မလဲ။ ပိုကောင်းအောင် ဘာတွေလုပ်မလဲ။ မေးခွန်းတွေ မေးကြည့်ပါ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူပါ။
4 # Productive Procrastination
📝 ကျွန်တော် စာတစ်ပုဒ်ကို ရေးတဲ့ အချိန်မှာ အမြဲတစ်ထိုင်တည်း မရေးပါဘူး။ ဖြစ်သလို မရေးပါဘူး။ ပြီးတော့ စာတစ်ပုဒ်ဖြစ်ဖိုအချိန်တော်တော်ကြာပါတယ်။ (ကြွားတာပါ။) ဘာလိုလဲဆိုတော့ တစ်ထိုင်တည်း အကြာကြီးရေးတဲ့အခါမှာ ဦးနှောဏ်က အရမ်းပင်ပန်းလာပါတယ်။ အကြောင်းအရာ ကောင်းတွေ ထွက်မလာတော့ပါဘူး။ တစ်ခါတစ်လေမှာတော့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သီချင်းလေး နားထောင်ပြီး အနားယူတယ်။ ပြီးမှ ပြန်ရေးတယ်။
🗓 တစ်ချိုContent တွေဆို အချိန် လေးရက်လောက်ကြာပါတယ်။ လူတွေနဲ့စကားလိုက်ပြောတယ်။ တစ်ခြားလူတွေ အမြင်တွေနဲ့ဆွေးနွေးကြည့်တယ်။ Idea ကောင်းတွေ ရလာတော့မှ ပြန်လေ့လာသုံးသပ်ပြီး ရေးတယ်။
➕ အနုပညာတွေ၊ ဝါသနာတွေ၊ Hobbies တွေက ကိုယ့်ကို ပျော်ရွှင်စေဖိုပါ။ စာရေးတာကို အလုပ်တစ်ခုလို ပင်ပန်းနွမ်းနယ်စေတယ်လိုသဘောမထားပါဘူး။ ကိုယ့်ကို စိတ်ပင်ပန်းနေစေပြီ ဆိုရင်တော့ ကိုယ့်အနုပညာက ဂန္တဝင်ဆန်တဲ့ အနုပညာ တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ လက်ရှိအလုပ်ကို တဇွတ်ထိုး လုပ်မနေပဲ အချိန်အတိုင်းအတာ တစ်ခုအနားယူပြီး ပြန်ကြိုးစားခြင်းက အကျိုးသက်ရောက်မှု ပိုကောင်းပါလိမ့်မယ်။
✳️ လူတွေက ကိုယ့်သိတာကိုပဲ ကိုယ်ပြန်အသုံးချကြတာပါ။ ပြီးတော့ အနုပညာသမားတွေက ပညာ စုဆောင်းသူတွေပါ။ ဒါပေမယ့် တွေ့ရာလူဆီက ပညာတွေအကုန် လိုက်သင်ယူနေတာ မဟုတ်ပါဘူး။ သူတိုသွားမယ့် လမ်းကြောင်းကို အထောက်အကူ ပြုပေးမယ့် သူတွေဆီက ရွေးချယ်သင်ယူတာပါ။ ပြီးတော့ စာရေးဆရာ Austin Kleon က ခရီးသွားဖိုအကြံပေးထားပါတယ်။ မရောက်ဖူးတဲ့ နေရာ၊ အတွေ့အကြုံသစ်တွေက လူတွေကို Creative ဖြစ်လာဖိုအခွင့်အလမ်းတွေ အများကြီး ရစေပါတယ်။
❌ ကျွန်တော် Content မရေးတတ်ခဲ့ပါဘူး။ Content Writer တစ်ယောက် ဖြစ်လာဖိုလည်း စိတ်ကူး မရှိခဲ့ပါဘူး။ ကိုယ် စာဖတ်ထားတာတွေ မျှဝေချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိခဲ့တာပါ။ ဒါပေမယ့် က်ိယ့်အနုပညာကို အပေါစား မဆန်စေချင်ခဲ့ပါဘူး။ အစပိုင်းမှာ အရမ်းမကောင်းခဲ့ပေမဲ့ တစ်ဖြည်းဖြည်း ကြိုးစားခဲ့ပါတယ်။ စံထားပြီး လေ့လာခဲ့ရတဲ့ သူတွေ လည်း ရှိပါတယ်။ အမှားတွေကို ပြန်လည် ဆန်းစစ်ပြီး ပြင်ဆင်ခဲ့ရတာတွေလည်း ရှိတယ်။ အခုလည်း Creative Writer တစ်ယောက် မဟုတ်သေးပေမဲ့ ကြိုးစားဆဲပါ။ အစောပိုင်း Content တွေမှာ ကြောက်ပြီးတော့ နောက်ပြန် မလှည့်ခဲ့တာ၊ ဘုရင့်နောင် ဖောင်ဖျက်သလို စိတ်ပိုင်းချပြီး ကြိုးစားခဲ့တာတွေက အင်မတန်မှ အကျိုးရှိခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ Creativity နဲ့ပတ်သတ်တဲ့ နည်းလမး်ကောင်းတွေကို ရှင်းပြထားတဲ့အတွက် စာအုပ်ဖတ်ရတာ လွယ်ကူပြီး အသုံးချနိုင်ဖိုအထောက်အကူပြုပါလိမ့်မယ်။
⚛️ စာမျက်နှာ ၁၆၀ ကျော်ပဲ ပါတဲ့ စာအုပ်ပါးပါးလေး (Steal Like an Artist) က စာရေးဆရာ Austin Kleon ရဲ့ဂန္တဝင်မြောက်တဲ့ လက်ရာဆိုလည်း မမှားပါဘူး။ Originality ကို အရမ်း အလေးထားနေတဲ့ ခေတ်ကြီးမှာ စာရေးဆရာက Creative Person တစ်ယောက်ဖြစ်ဖိုအလွယ်ဆုံး နည်းလမ်းတွေကို ရှင်းပြထားပါတယ်။ ပြီးတော့ Steal Like an Artist စာအုပ်က ဘာသာစကား အမျိုး ၂၀ ကျော် ဘာသာပြန် ထွက်ရှိထားပြီးတော့ The Atlantic Journal က Austin Kleon ကို တစ်ကမာ္ဘလုံးက စိတ်ဝင်စားစရာ ကောင်းတဲ့ လူတွေထဲက တစ်ယောက်လိုချီးမွမ်းထားပါတယ်။ Austin Kleon က ဘဝအစောပိုင်းမှာ Web Designer, Content Writer အနေနဲ့စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ TEDx talk မှာ အောင်မြင်နေပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပါပြီ။







Reviews
There are no reviews yet.