The Code of the Extraordinary Mind: 10 Unconventional Laws to Redefine Your Life and Succeed On Your Own Terms
24,500 Ks
“I think it is possible for ordinary people to choose to be extraordinary.”
-Elon Musk
သာမာန်လူတွေအားလုံးဟာ ပိုမိုထူးခြားတဲ့လူတွေဖြစ်လာဖိုအတွက် ရွေးချယ်ပိုင်ခွင့်ရှိတယ် လိုကျွန်တော်ထင်တယ်
-Elon Musk
🔸အောင်မြင်မှုဆိုတဲ့အရာအနောက်ကိုသင်လိုက်ခဲ့တယ်။ ရာထူးတစ်ခု၊ လုပ်ငန်းတစ်ခု၊ ကိုယ်ပိုင် အိမ်လေးတစ်လုံးနဲ့ ကားတစ်စီးစသည်ဖြင့် သင့်သတ်မှတ်ချက်နဲ့အထိုက်အလျောက်အောင်မြင်တဲ့နေရာတစ်ခုကိုရောက်နေတယ်လိုသင်တွေးနေတယ်။ အောင်မြင်တယ်ဆိုတာကိုသက်သေပြနိုင်တဲ့အရာတွေလက်ထဲမှာရှိနေလျက်နဲ့ ဘာကြောင့် သင်ပိုင်ဆိုင်နေတဲ့အောင်မြင်မှုတွေဟာ အဓိပ္ပါယ်မရှိသလိုခံစားနေရတာလဲ ?
🔸အခုဖုန်းကိုကြည့်နေရင်းနဲ့စဉ်းစားလိုက်ပါ။ မနက်ဖြန်မှာလည်း ဒီအခက်အခဲ၊ နောက်ထပ်ပြသနာတွေဖြေရှင်းစရာတွေကတန်းစီစောင့်နေတယ်။ အိပ်ရာနိုးတာနဲ့ အလုပ်သွား အိမ်ပြန် စက်ရုပ်တစ်ရုပ်လို အချိန်မှန်လည်ပတ်နေရတဲ့ဘ၀ကို အောင်မြင်နေတယ်တယ်လိုခံစားမိသလား ? ဒီထက်ပိုပြီး ဘ၀မှာ သင်လိုချင်တဲ့အရာတွေထပ်ရှိနေသေးသလား ?
အောင်မြင်မှုဟာ သဲလွန်စတွေအမြဲချန်ထားခဲ့လေ့ရှိသလို သာမာန်ထက်ပိုထူးခြားတဲ့သူတွေဟာလည်း သူတိုတွေလိုက်နာကျင့်သုံးခဲ့တဲ့Codeတွေရှိပါတယ်
ဒီလိုထူးခြားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ဖိုအတွက်
🔸ပတ်ဝန်းကျင်ကပုံသွင်းထားတဲ့ ပုံစံခွက် (The Culturescape) ထဲက သောက်တလွဲအလေ့အကျင့်တွေ ( Brules )
🔸မတည်ဆောက်ခင်မှာလှလှပပဖျက်ဆီးနိုင်ဖိုအတွက် ( The Beautiful Destruction )
🔸ကောင်းမွန်စွာစနစ်တကျတည်ဆောက်နိုင်ဖို ( The Conciousness Engineering )
🔸ကြည်နူးစွာရှေ့ဆက်လျှောက်မဲ့လမ်းအတွက် ( Blisscipline )
🔸ကိုယ်တိုင်ဖန်တီးမဲ့အမှန်တရား ( Creating your own reality )
🔸ပိုမိုထူးခြားတဲ့စိတ်ထားနဲ့ အတူနေထိုင်ခြင်း ( Living with the Extraordinary Mind )
တွေကို Vishen Lakhiani ရေးတဲ့ The Code of the Extraordinary Mind စာအုပ်ထဲမှာတွေ့နိုင်ပါတယ်။
လူတစ်ယောက်ကိုထိန်းချုပ်ထားတယ်ဆိုတာကို မသိစေချင်ရင် သူ့ကိုထိန်းချုပ်ထားမှန်းမသိအောင် လွတ်လပ်ခွင့်ပေးရတယ်ဆိုသလိုမျိုး သင့်ရဲ့လွတ်လပ်ခွင့်တွေဟာ ပတ်ဝန်းကျင်ရဲ့ပုံစံခွက်နဲ့လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကို ကန့်သတ်နေတာသတိထားမိသလား ?
ဘယ်အရာတွေကိုမေးခွန်းမထုတ်ပဲ ငါမျက်လုံးစုံမှိတ်ပြီး ယုံကြည်ခဲ့သလဲဆိုတာကို မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်ပါ။ လူတွေသတ်မှတ်တဲ့အောင်မြင်မှုဟာ သင်တကယ်လိုချင်ခဲ့တဲ့အရာဟုတ်ရဲ့လား ? ဒါတွေကို လွှတ်ချလိုက်ရင် ဘာဆက်ဖြစ်မလဲ ?
🔸ထူးခြားတဲ့စိတ်ဓာတ်ရှိတဲ့သူတွေဟာ လူတွေရဲ့ခွင့်ပြုချက်ကိုစောင့်မနေတတ်ပါဘူး။ သူတိုရဲ့ယုံကြည်မှုတွေကိုကိုယ်တိုင်မေးခွန်းထုတ်၊ မလိုအပ်တာတွေကိုရိုက်ချိုးပြီး ပိုမိုကောင်းမွန်တဲ့အရာကိုပြန်လည်တည်ဆောက်နိုင်ကြပါတယ်။
Mindvalley ရဲ့ Founder and CEO ဖြစ်တဲ့ Vishen Lakhiani ရဲ့ The Code of the Extraordinary Mind စာအုပ်ဟာ သမားရိုးကျတွေးခေါ်နည်းကနေခွဲထွက်ပြီး ပုံစံသွင်းခံထားတဲ့ပတ်ဝန်းကျင်ကနေရုန်းထွက်ဖို နည်းလမ်းတွေကိုအဓိကထားရေးထားထားပါတယ်။ New York Times ရဲ့ Bestseller ဖြစ်တဲ့ဒီစာအုပ်ကိုဘာသာစကား 20 ကျော်အထိ ဘာသာပြန်ထုတ်ဝေခဲ့ရပြီး မိမိပိုင်ဆိုင်တဲ့ဘ၀ကိုစိတ်ကြိုက် ပုံသွင်းဖို ရှေးရိုးစွဲအယူဝါဒဟောင်းတွေကနေလွတ်မြောက်ဖိုအတွက်နည်းလမ်းတွေကို ရှာဖွေကြည့်လိုက်ပါ။







Reviews
There are no reviews yet.