Category: Self Development
Showing 33–48 of 124 results
-
Add to cart
သင့်ရဲ့ကိုယ်ပိုင်အင်ပါယာ – How to Think like a Roman Emperor
🌏ကမ္ဘာကြီးကိုပြောင်းလဲမယ်လိုပြောတဲ့သူကို သူ့ကိုယ်သူအရင်ပြောင်းလဲခိုင်းလိုက်ပါ
“Let him who would move the world first move himself.”
-Socrates🗽သင့်ရဲ့ကိုယ်ပိုင် အင်ပါယာထဲမှာ သင်ကလွဲပြီးဘယ်သူမှမင်းမူနိုင်မဲ့သူမရှိဘူး။
သင့်စိတ်ဟာ ဘယ်သူမှ ဝင်နှောင့်ယှက်လို မရတဲ့ရောမအင်ပါယာတစ်ခုလိုတည်ဆောက်ထားရင် ဘယ်လိုဖြစ်မလဲတွေးကြည့်လိုက်ပါ။ ကြုံလာသမျှအခက်အခဲတွေအားလုံးဟာသင်တိုးတက်ဖိုအတွက်အခွင့်အရေးတွေဖြစ်သွားမယ်။ သင့်ရဲ့အတိုက်အခံတွေဟာ သင့်ရဲ့ကြံ့ကြံ့ခံနိုင်တဲ့စိတ်ကို အံ့ဩပြီး လက်မြှောက်အရှုးပေးသွားကြလိမ့်မယ်။ သင်လက်ခံတဲ့အရာတွေပဲ သင့်အနားမှာရှိပြီးတော့ မလိုချင်တဲ့အရာတွေဟာ သင့်အဝေးကိုထွက်ပြေးသွားကြရလိမ့်မယ်။ကပ်ရောဂါ၊ ပုန်ကန်မှု၊ ရေကြီးမှုစတဲ့ ဘေးအန္တရာယ်တွေနဲ့သက်တမ်းတစ်လျှောက်လုံးရင်ဆိုင်ခဲ့တဲ့ ရောမရဲ့ အင်ပါယာ Marcus Aurelius (161–180 CE) ဟာသူစိတ်ကို ဘယ်နှောက်ယှက်မှုမှမဝင်အောင် Roman Tetsudo လိုမျိုးကာကွယ်ခဲ့ပါတယ်။ သူ့ရဲ့ အတွေးအခေါ်၊ ဒိုင်ယာရီနဲ့ ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ကို Stocism နဲ့သံချပ်ကာတစ်ခုလိုကာရံထားတဲ့ဇာတ်လမ်းဟာ တစ်ထောင့်တစ်ညပုံပြင်လိုမျိုး အခုအချိန်ထိစွဲကျန်နေတုန်းပါ။ Donald J. Robertson ရဲ့ How to think like a roman emperor မှာ Marcus Aurelius နဲ့အတူတူ သူ့ဘ၀ကိုဖြတ်သန်းရင်း သူ့ရဲ့အတွေ့အကြုံတွေကိုခံစားရမှာပါ။
သင့်ဘ၀မှာနေ့စဉ် အခက်အခဲတွေ၊ စိန်ခေါ်မှု တွေနဲ့ ထိုးသတ်၊ ညတိုင်း သစ်တုံးတစ်တုံးလို မောပန်းလေးလံနေတဲ့သင့်ခန္ဒာကိုယ်ကိုကုစားနိုင်ပြီး တကယ်ငြိမ်းချမ်းမှုရှိတဲ့ ရောမအင်ပါယာတစ်ခုလိုမျိုးစိတ်ဓာတ်ကိုနေ့စဉ်တည်ဆောက်နိုင်ဖိုအတွက် ဒီစာအုပ်ကလေးကိုသင့်ဘေးနားမှာအမြဲသိမ်းထားလိုက်ပါ။
-
Add to cart
🪙လူတိုင်းက သူတိုဘဝမှာ အဓိက ဇာတ်ကောင်ပါပဲ🪙
အချိန် ၂ လ ကြာ ကိုယ့်အကြောင်းကို တစ်ဖက်လူ စိတ်ဝင်စားအောင် လုပ်ခြင်းထက် အချိန် ၂ ပတ်အတွင်း တစ်ဖက်သား အကြောင်းအရာကို စိတ်ဝင်စားခြင်းက မိတ်ဆွေ ပို ပေါများစေပါတယ်။
💢You Can’t Win an Argument💢
သူငယ်ချင်းတွေ အချင်းချင်းမှာလည်း အမြင်မတူမှုတွေ ရှိတတ်ပါတယ်။ လူတွေက မှန်တယ်၊ မှားတယ် ဆိုတာထက် သူတို အမြင်ကို ပိုပြီး အလေးနက် ထားပါတယ်။ တစ်ဖက်လူက ကိုယ်နဲ့ အမြင်မတူတဲ့ အခါမှာ မလိုအပ်တဲ့ အငြင်းပွားမှုတွေ ဖြစ်လာပါတယ်။ သူငယ်ချင်းတွေနဲ့ အငြင်းပွားမှု ဖြစ်တဲ့အခါမှာ ဘယ်သူပဲ နိုင်နိုင် နှစ်ဖက်စလုံးအတွက် မကောင်းပါဘူး။ နိုင်တဲ့သူဘက်က ကြည့်ရင် တစ်ဖက်လူရဲ့ စိတ်ဓာတ်ကို သေးသိမ်သွားအောင်၊ တစ်ဖက်လူရဲ့ မာန ကို ချိုးနှိမ်လိုက်ရတာပါ။ နောက်ဆုံးမှာတော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုးရတာပဲ အဖက်တင်တယ်။⛔️Never Tell a Man He is Wrong⛔️
လူတစ်ယောက်ကို မှားတယ်လို ဘယ်တော့မှ မပြောမိပါစေနဲ့။ လူတိုင်း အမှားနဲ့ မကင်းပါဘူး။ မှားတယ်လို ပြောခံလိုက်ရတဲ့သူ ဘက်မှာ သူတိုရဲ့ မာနကို ထိပါး စော်ကားတယ်လို သတ်မှတ်ပြီး တန်ပြန် ပြောဆိုတတ်မိပါတယ်။
တစ်ဖက်သူရဲ့ အမှားကို ထောက်ပြမယ့် အစား မေးခွန်းတွေ မေးပါ။ အခက်အခဲတွေကို ညှိနှိင်းပါ။ အဆင်ပြေအောင် ပြောဆို ဆွေးနွေဂပါ။🔎Ask Questions instead of Giving Orders🔎
ကျွန်တော်တိုတွေက ခိုင်းစေခံရတာကို မကြိုက်ကြပါဘူး။
အထူးသဖြင့် မိဘတွေနဲ့ ကလေးတွေကြားမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ကိစ္စလေး တစ်ခုကတော့။
မိဘတွေက ကလေးတွေကို “ နင် ဒါ လုပ်စမ်း၊ ဟိုဟာ လုပ်လို မပြီးသေးဘူးလား၊ ဒါလေးတောင် ဖြစ်အောင် မလုပ်နိုင်ဘူးလား” စသဖြင့် ခိုင်းစေတတ်ကြပါတယ်။
ကလေးတွေကတော့ စိတ်ဆိုးဒေါသဖြစ်ကြပြီး “မလုပ်တော့ ဘာဖြစ်လဲ” စသဖြင့် ကလန်ကဆန်လုပ် မုန့်လုံးစက္ကူကပ်ပြီး မိဘနဲ့ သားသမီးကြားမှာ စိတ်ဆိုးမှု တွေ ဖြစ်ကြပါတယ်။
သင့် ပတ်ဝန်းကျင်မှာ “ကူညီပါ၊ ဝိုင်းကူပေးပါ၊ လုပ်ပေးလို ရနိုင်မလား” စတဲ့ စကားလုံးတွေကို ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် မိတ်ဆွေ ပေါများလာပါမယ်။🆔️Remember Names🆔️
နာမည်တွေကို မှတ်မိခြင်းက သင့်ကို လူချစ်လူခင် ပေါများစေဖို အဓိက အကြောင်းအရင်း တစ်ချက်ပါပဲ။🎣Talk in terms of Other’s Interests🎣
ငါးမျှားတဲ့ ပြိုင်ပွဲတစ်ခုမှာပေါ့
ပထမ လူက ငါးမျှားတဲ့ အခါ သူကြိုက်တတ်တဲ့ စတော်ဘယ်ရီတွေ၊ ချောကလက်တွေနဲ့ မျှားတယ်။
ဒုတိယ လူကတော့ ငါးတွေ ကြိုက်မယ် ထင်တဲ့ တီကောင်တွေ နဲ့ မျှားတယ်။
ဘယ်သူက အနိုင်ရမယ် ထင်လဲ?👬မိတ်ဆွေ ပေါများဖိုအတွက် အဓိက အချက်တစ်ချက်ကတော့ သူတို ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေ ပြောဆိုဆွေးနွေးဖို ဖြစ်ပါတယ်။ ကိုယ့်အကြောင်းအရာတွေ ပြောနေရမှာ မဟုတ်ပါဘူး။
အချိန် ၂ လ ကြာ ကိုယ့်အကြောင်းကို တစ်ဖက်လူ စိတ်ဝင်စားအောင် လုပ်ခြင်းထက် အချိန် ၂ ပတ်အတွင်း တစ်ဖက်သား အကြောင်းအရာကို စိတ်ဝင်စားခြင်းက မိတ်ဆွေ ပို ပေါများစေပါတယ်။⏰️75 နှစ်ကျော် အရောင်းရဆုံးစာရင်း၀င်စာအုပ်တွေထဲကအကောင်းဆုံးဖြစ်တဲ့ How to win friends and influence people နဲ့အတူ အပေါင်းအသင်းခြွေရံသင်းပင်း သိုက်သိုက်၀န်း၀န်းစုံစုံညီညီရှိတဲ့ ဘ၀မျိုးကိုပိုင်ဆိုင်ဖိုအသင့်ဖြစ်ပြီလား ?
-
Add to cart
သင့်ခေါင်းထဲကအတွေးမုန်တိုင်းတွေကို ဘယ်လိုကျော်ဖြတ်အနိုင်ယူရမလဲ?🤯🤯
☝️လက်တွေ့တစ်ခုနဲ့စလိုက်ရအောင်။ ခေါင်းထဲမှာအတွေးဆယ်မျိုးလောက်နဲ့ ဖုန်းပွတ်နေတဲ့အချိန်မှာ ဒီစာကိုမြင်ပြီး See More ကိုနှိပ်ရမလား၊ ဆက်ပြီး Doomscrolling လုပ်ရမလားဆိုပြီးသင်တွေးနေတယ်။သေချာတာတစ်ခုကတော့ ခင်ဗျားသက်တောင့်သက်သာဖြစ်မနေပဲ စိတ်ထဲမှာအတွေးပေါင်းသောင်းခြောက်ထောင်နဲ့ဗျာများနေတာပါ။
ဒါက ပုံမှန်ပါပဲ။ Chris Bailey ရဲ့ Hyper Focus ကအခုလို စိတ်မုန်တိုင်းတွေကြားထဲက လေပြေသွေးကိုစောင့်မျှော်နေသူ သင့်အတွက်ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။✅Hyperfocus ဟာ နောက်ထပ် Productivity Hack တစ်ခုထက်စာရင် Action Plan အတွက်ဦးတည်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စိတ်ပျံ့လွင့်မှုကနေရုန်းထွက်ပြီး သင့်ဘ၀အတွက်အရေးအကြီးဆုံးဖြစ်တဲ့ အသိ၊သတိ ကိုရရှိစေဖိုအတွက် အသေးစိတ်အချက်အလက်တွေနဲ့ ရှင်းပြထားပါတယ်။
“Setting specific intentions can double or triple your odds of success.”
“တိကျတဲ့ရည်ရွယ်ချက်တွေဟာ အောင်မြင်နိုင်ချေကို နှစ်ဆ၊သုံးဆလောက်တိုးတက်သွားစေတယ်” ဆိုပြီး Chris Bailey ကပြောထားပါတယ်
-ဟိုဟာလုပ်ရမလား ဒီဟာလုပ်ရမလားဆိုပြီး ခေါင်းထဲမှာ ဘယ်ညာလွန်ဆွဲနေတဲ့အတွေးတွေမရှိပဲအလုပ်တွေပြီးမြောက်နိုင်ရင်
-အနှောင့်အယှက်တွေကြားကလွတ်မြောက်ပြီး လွတ်လပ်တဲ့တီထွင်မှုကိုအချိန်မရွေးဖန်တီးနိုင်မယ်ဆိုရင်
-အလုပ်၊မိသားစုနဲ့ မိတ်ဆွေတွေကြားမှာ Work/Life balance ဖြစ်အောင်နေနိုင်မယ်ဆိုရင်
သင့်ဘ၀ဟာ ဘယ်လောက်နေချင်စရာကောင်းလိုက်လိမ့်မလဲဆိုတာကို တွေးကြည့်ပါ။🕒✨Hyper Focus and Scatter Focus
-အလုပ်တစ်ခုကို မီးမောင်းထိုးပြထားသလို အာရုံစိုက်ပြီး အနှောင့်အယှက်တွေမရှိအောင်လုပ်နိုင်ဖိုအတွက် – Hyper Focus
-အကြံသစ် ဉာဏ်သစ်နဲ့ သူမတူတဲ့တီထွင်ဖန်တီးမှူတွေလုပ်ဖိုအတွက် – Scatter Focusသင့်စိတ်ကိုပြဇာတ်ရုံတစ်ခုလိုမြင်လိုက်ရင် စင်ပေါ်မှာရှိတဲ့အရာအားလုံးကိုမြင်ရဖိုအတွက်ထိုးထားတဲ့မီးလုံးတွေဟာ Scattter Focus ဖြစ်ပြီးတော့ သရုပ်ဆောင်တွေကိုထိုးပြနေတဲ့ဆလိုက်မီးဟာ Hyper Focus နဲ့တူပါတယ်။
🕒Hyper Focus – အလုပ်ကိုအာရုံစိုက်တဲ့ Framework
1.အာရုံစိုက်မဲ့အရာနဲ့ အချိန်ကိုရွေးချယ်ပါ။ (အရေးကြီးတဲ့ဘယ်အရာကိုအချိန်ဘယ်လောက် အာရုံစိုက်မှာလဲ)
2.အနှောင့်အယှက်ဖြစ်နိုင်မယ့်အရာတွေကိုဖယ်ထုတ်ပါ။(ဖုန်းကို Noti Off ထားပါ၊ အလုပ်လုပ်တဲ့နေရာကမလိုအပ်တာတွေအကုန်ဖယ်ထုတ်ပါ)
3.အာရုံစိုက်မှုကိုစီမံခန့်ခွဲပါ။ (ဖြည်းဖြည်းချင်း Flow State ထဲကိုစီးမျောဝင်ရောက်ပါ။ အရမ်းတွေးတာတွေ၊ Multitasking တွေမလုပ်ပါနဲ့)
4.အာရုံကိုပြန်ပြန်ဖမ်းပါ။(စိတ်ပျံ့လွင့်မှုဖြစ်ပေါ်တာသတိထားမိရင် မိမိရဲ့ Goal ဆီကိုအာရုံပြန်ပြောင်းပါ)
5.အာရုံစူးစိုက်တဲ့အချိန်ပြည့်ပြီးရင် ပြန်လည်ဆန်းစစ်ပါ။(မိမိအတွက်အသုံးဝင်တဲ့အရာအလုပ်ဖြစ်တဲ့အရာတွေကိုဆန်းစစ်ပြီး နောက်Session တွေတိုးတက်မှုကိုတည်ဆောက်ပါ။✨Scatter Focus – တီထွင်မှု၊ အကြံအစည်ကောင်းတွေအတွက် Framework
1.အကြံဉာဏ်အသစ်တွေအတွက် Scatter focus လုပ်ဖို အခြေအနေ ကိုရှာဖွေပါ (အလုပ်/Personal Life က အခက်အခဲတစ်ခု)
2.စိတ်ကူးယဉ်၊ ဉာဏ်ကွန့်မြူးလိုရတဲ့နေရာ/အလုပ်ကို ဖန်တီးပါ။ ( ကျွန်တော့်အတွက်က Outdoor ထိုင်လိုရတဲ့ကော်ဖီဆိုင် )
3.မလိုအပ်တဲ့အရာ၊ အာရုံအရမ်းစိုက်ရမယ့်အရာတွေကို မလုပ်ပါနဲ့ (ဖုန်းကြည့်တာ၊ ဂိမ်းဆော့တာစသည်ဖြင့်)
4.ရိုးရှင်းတဲ့အတွေးကိုထပ်ခါထပ်ခါတွေးပြီး စိတ်ကူးယဉ်ပါ။ (ဥပမာ ပြသနာကိုအစကနေမတွေးပဲ ဖြေရှင်းပြီးသွားတဲ့နေရာကနေစပြီးတွေးတာမျိုး)
5.ပေါ်လာတဲ့အတွေးတွေကိုမှတ်သားဖိုအတွက် Notebook လိုမျိုးတစ်ခုခုဆောင်ထားပါ။
6.Scatter Focus Session တွေကိုခဏခဏလုပ်ပေးပါ (Stress လျော့စေပြီး အတွေးသစ်တွေအများကြီးရတတ်ပါတယ်)ဒီနှစ်ခုဟာ အာရုံစိုက်တာနဲ့ အာရုံများတာ နှစ်ခုကြားကယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလိုက်လျောညီထွေစွာ သင့်ဦးနှောက်ကိုအသုံးချနိုင်အောင်ကူညီပေးတဲ့ အရာနှစ်ခုပါ။
သင်ဟာ
-အချိန်နဲ့ လုပ်အားကိုမျှတပြီး Work Life Balance ဖြစ်အောင်ပြုလုပ်ချင်ရင်
-အာရုံစူးစိုက်မှုနဲ့ တီထွင်နိုင်မှု နှစ်ခုကို အတူတူကိုင်ဆောင်နိုင်တဲ့အရည်အချင်းကိုလိုချင်ရင်
-အဓိပ္ပါယ်ရှိတဲ့ အလေ့အကျင့်တွေနဲ့ စနစ်တကျတိုးတက်မှုကိုတည်ဆောက်ဖိုရည်ရွယ်ချက်ရှိနေတယ်ဆိုရင် Hyper Focus ကသင့်အတွက် လမ်းညွှန်တစ်ခုဖြစ်စေမှာပါ။📝စာရေးသူရဲ့ လက်တွေ့နည်းစနစ်တွေဟာ စာဖတ်ရုံတင်မက သင့်ရဲ့ အတွေးတွေကို အနာဂတ်အတွက် အကျိုးရှိမယ့်ရင်းနှီးမြုပ်နှံမှုပြောင်းလဲပေးပါလိမ့်မယ်။
အာရုံစူးစိုက်မှုဟာ ရှုပ်ထွေးတဲ့အရာမဟုတ်ပါဘူး။ ဒီစာအုပ်ကလေးနဲ့အတူ ကောင်းမွန်တဲ့အလေ့အထတွေကိုတည်ဆောက်နိုင်မယ်ဆိုရင် သင်လိုချင်တဲ့ပျော်ရွှင်ပြည့်စုံတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။📈သင့်ဘ၀တိုးတက်မှုအတွက် အာရုံစူးစိုက်ဖိုအသင့်ဖြစ်ပြီလား?
🏁အခုပဲစလိုက်ကြရအောင် -
Add to cart
“You’ve Already Achieved Goals That You Said Would Make You Happy”
သင့်ကိုပျော်ရွှင်စေမယ်လိုပြောခဲ့တဲ့ ပန်းတိုင်တွေကိုသင်ရရှိပြီးသွားပြီ။
အခု ပျော်နေတယ်လိုခံစားရလား?သင်ကိုယ်တိုင်သတ်မှတ်တဲ့အောင်မြင်မှုတွေရရှိတဲ့အချိန်မှာ သင်ပျော်မယ်လိုပြောခဲ့တယ်။အခု သင့်အိမ်မက်တွေကိုလက်ထဲမှာပိုင်ဆိုင်နေလျက်နဲ့ ဒါဆိုဘာကြော င့်တစ်ခုခုကို လိုအပ်နေသေးသလိုခံစားနေရတာလဲ ?
🏎️ကိုယ်ပိုင်ကားလေးရရင်ပျော်မယ်၊🌱 ရာထူးတိုးရင်ပျော်မယ်၊🎓 MBA ရရင်ပျော်မယ်လိုထင်တဲ့အိမ်မက်တွေနဲ့အောင်မြင်မှုတွေမင်းလက်ထဲမှာရှိနေပြီ။ ဒါဆိုဘာကြောင့် ပျော်ရွှင်ဖိုနည်းလမ်းတွေကို အခုချိန်ထိလိုက်ရှာနေသေးတာလဲ ?💼💔“ပိုကြိုးစား၊ ပိုရုန်းကန်.. အရာရာကိုစတေးပြီး အောင်မြင်မှုကိုရတဲ့အချိန်ကျရင် ပျော်ရွှင်မှုကိုရလိမ့်မယ်” ဆိုတဲ့ လိမ်ညာမှုတစ်ခုအနောက်ကိုကျွန်တော်တိုယုံယုံကြည်ကြည်လိုက်ခဲ့ကြဖူးတယ်။ အောင်မြင်မှုဟာပျော်ရွှင်မှုကိုယူဆောင်လာပေးမယ်လို ယုံကြည်ကြပေမယ့် တကယ်တန်းအောင်မြင်မှုဟာပျော်ရွှင်စေမယ်ဆိုတဲ့အာမခံချက်မရှိပါဘူး။
ပျော်ရွှင်မှုကိုစတေးပြီး အောင်မြင်မှုအနောက်လိုက်ရင်း ခရီးအဆုံးကိုရောက်တဲ့အချိန်ကျမှအရာအားလုံးဟာ အဓိပ္ပါယ်မဲ့နေတဲ့ခံစားချက်ဟာအောင်မြင်မှုရဲ့လူတွေမမြင်ရတဲ့ အမှောင်ဘက်ခြမ်းတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့အတူရရှိလာတဲ့အောင်မြင်မှုသာ တကယ်အဓိပ္ပါယ်ရှိမှာပါ။⚒️🔁ဒီလိုဆိုတော့ သင့်ဘ၀မှာ ရွေးချယ်စရာအလုပ်နှစ်ခုရှိတယ်။
(A) အလုပ်ကပျော်စရာကောင်းတယ်။ လုပ်ဖော်ကိုင်ဘက်တွေကရိုင်းပင်းကူညီကြတယ်။ လစာနည်းတယ်။ နေ့တိုင်းအလုပ်သွားရတာ ကစားကွင်းသွားရသလိုပဲ။
(B) အလုပ်ကပျော်စရာမကောင်းဘူး။ လုပ်ဖော်ကိုင်ဘက်တွေကမနာလိုကြဘူး။ လစာများတယ်။ နေ့တိုင်းအလုပ်သွားရတာငရဲကျနေသလိုပဲ။
ဒီအလုပ်နှစ်ခုထဲကဘယ်အလုပ်ကိုသင်ရွေးမလဲ ?
သင့်စိတ်ထဲမှာ ပျော်စရာကောင်းတဲ့ နံပါတ် (A) ကိုရွေးချယ်မယ်လိုပြောလိမ့်မယ်။ ဒါပေမယ့်လေ့လာချက်တွေအရ လက်တွေ့မှာလူတွေရဲ့ 78% ဟာ အလုပ် (B) ကိုရွေးချယ်ပြီး အလုပ် (A) ကို 22% ပဲရွေးချယ်ကြတယ်ဆိုတာကိုတွေ့ရှိရတယ်။ စိတ်ကူးအရပျော်ရွှင်မှုကို ဦးစားပေးကြပေမယ့် လက်တွေ့မှာအောင်မြင်မှုကို ပိုမိုရွေးချယ်ပြီး ပျော်ရွှင်မှုကိုစတေးခံတတ်ကြတာဟာ လူ့သဘာ၀တစ်ခုဖြစ်ပါတယ်။ သင်လိုချင်တာ အောင်မြင်မှုဆိုရင် သင်လိုအပ်နေတာဟာပျော်ရွှင်မှုဖြစ်နေတတ်တဲ့အကြောင်းကိုသတိပြုမိဖိုအရေးကြီးပါတယ်။🚗✨သူငယ်ချင်းတွေနဲ့အတူသွားခဲ့ဖူးတဲ့ခရီးတစ်ခုကို အကြောင်းကိုပြန်တွေးကြည့်ရအောင်(ဥပမာ ချောင်းသာခရီးပေါ့) သင်မှတ်မိတဲ့အပျော်ဆုံးအချိန်ဟာ ချောင်းသာကိုရောက်သွားတဲ့အချိန်လား? သွားတဲ့လမ်းမှာဖြစ်ပျက်ခဲ့တဲ့ပေါက်တတ်ကရဖြစ်စဉ်တွေလား ? ဘယ်အချိန်ရောက်မှာလဲဆိုပြီးပူပန်နေရင်(ဒါမှမဟုတ်)အိပ်ပျော်နေရင် ခရီးလမ်းမှာပျော်ရွှင်ရမှာမဟုတ်သလို အမှတ်တရဖြစ်စဉ်တွေကိုလည်းလက်လွှတ်ရမှာပါ။ သင်မှတ်မိတဲ့ ပျော်ရွှင်တဲ့အချိန်တွေတိုင်း သင်တစ်ယောက်တည်းမဟုတ်ပဲ အနားမှာ မိတ်ဆွေအပေါင်းအသင်းတွေအမြဲရှိနေတာကို သတိထားကြည့်ပါ။ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်တာထက် ပန်းတိုင်ကိုသွားတဲ့ခရီးလမ်းမှာရှိနေတဲ့ အပေါင်းအသင်းတွေနဲ့အတူ အခက်အခဲတွေကိုကျော်လွှားနိုင်မှု၊ အရှိတရားကိုလက်ခံနိုင်မှုနဲ့ လျှောက်တဲ့လမ်းကိုကျေနပ်နိုင်မှုဟာ တကယ့်ပျော်ရွှင်မှုအစစ်အမှန်ပါ။
🔍😄သင့်ရင်ထဲမှာအမြဲရှိနေတဲ့ ပျော်ရွှင်မှုဟာ လိုက်ရှာစရာလိုတဲ့အရာမဟုတ်ပါဘူး။ သူကိုအာရုံစိုက်အရေးပေးဖိုပဲလိုအပ်ပါတယ်။ အလုပ်ကအရမ်းပင်ပန်းပြီးပြန်လာတဲ့အချိန်မှာ အိမ်မှာရှိတဲ့ ဟင်းစားမလား? မာလာရှမ်းကောသွားစားမလားဆိုတဲ့မေးခွန်းကိုသင်ဘာဖြေမလဲ?
အိမ်ကဟင်းကိုစားတာဟာမှန်ကန်တဲ့အဖြေဖြစ်ပေမယ့် မာလာရှမ်းကောဟာသင့်ကို ပိုမိုပျော်ရွှင်မှုပေးပါလိမ့်မယ်။
မှန်ကန်တဲ့အရာတွေကိုအမြဲရွေးချယ်ပြီး သင်ပျော်မနေဘူးလိုမငြင်းပါနဲ့။
ဒါဟာ အိမ်ကဟင်းနဲ့ မာလာရှမ်းကော နှစ်ခုနဲ့ တင်မကပါဘူး ။သင်ဟာ မှန်ကန်မှု နဲ့ ပျော်ရွှင်မှုနှစ်ခုထဲက တစ်ခုကိုအမြဲရွေးချယ်နေတယ်ဆိုတာကိုသတိပြုပြီး စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဒီနှစ်ခုကိုသာတူညီမျှစွာ စီမံခန့်ခွဲနိုင်မှုအပေါ်မှာမူတည်နေတယ်ဆိုတာသတိပြုပါ။🚨🔥နောက်ဆုံးအနေနဲ့ပြောရရင် ပျော်ရွှင်မှုဆိုတာ အောင်မြင်ပြီးမှရတဲ့အရာတစ်ခုမဟုတ်ပါဘူး၊ သင်သွားတဲ့လမ်းတလျှောက်မှာဖန်တီးသွားရမှာပါ။ သင့်ခေါင်းထဲကအတွေးတွေအားလုံးကိုခဏလောက်ရပ်၊ အသက်၀၀ရှုသွင်းပြီး “သင်အောင်မြင်နေတာလား” ဒါမှမဟုတ် “ဘ၀ကိုကျေနပ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းနေတာလား “ ဆိုတာကိုစဉ်းစားကြည့်လိုက်ပါ။
သင့်ဆီမှာ အောင်မြင်မှုဘယ်နှစ်ခုရှိတယ် ဆိုတာထက်ဒီအောင်မြင်မှုတွေကိုသွားတဲ့လမ်းခရီးဟာ ဘယ်လောက်ပျော်ဖိုကောင်းသလဲဆိုတာကို ကျေနပ်လက်ခံနိုင်တာဟာ သင့်လိုအင်တောင့်တတဲ့ဘ၀ရဲ့ စစ်မှန်သောပျော်ရွှင်မှုပါ။
အနာဂတ်ခရီးကိုသင်ရွေးချယ်တိုင်း ပျော်ရွှင်မှုမရနိုင်တဲ့အောင်မြင်မှုဟာ အဓိပ္ပါယ်မဲ့တယ်ဆိုတဲ့အရာကို အမြဲသတိပြုဖို အကြံပြုရင်း ကျွန်တော့်ဘ၀ကို အကြီးကြီးပြောင်းလဲစေခဲ့တဲ့စာအုပ်ကလေးနဲ့အတူ Raj Raghunathan ရဲ့ TED Talk ကလေးကိုမျှဝေပေးလိုက်ပါတယ်။
ဒီမှာကြည့်ပါ > https://www.youtube.com/watch?v=KIp3rHn3PiI&t=206s -
Add to cart
▫ ကျွန်တော်တို့ ငယ်ရွယ်နေသေးတဲ့အချိန်မှာ၊ လမ်းပျောက်နေတဲ့ အချိန်မှာ၊ လမ်းကြောင်းတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်နေပြီးတော့မှ ဆက်မလုပ်ချင်တော့တဲ့အခါမှာ
▪ The Reason for Being Alive ! The Passion to Wake Up in the Morning !▫ ဟာ တနင်္လာနေ့ ရောက်ပြန်ပြီ။ အလုပ် ပြန်သွားရဦးမယ်။ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်မှန်းကို မသိဘူး။ တကယ်တော့ တနင်္လာနေ့က ငြီးငွေ့ စရာကောင်းတာ မဟုတ်ပါဘူး။ ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာက ငြီးငွေ့စရာကောင်းတာပါ။
▪ Where do you see yourself in the next 10 years ? Or 5 Years ? နောင် ၁၀ နှစ်မှာ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာ ရောက်နေမယ်လို့ထင်လဲ။ ဘာအလုပ် လုပ်နေကြမှာလဲ။ လူ တော်တော်များများက မဖြေနိုင်ကြပါဘူး။ သူတို့မှာ Future Plan ဆိုတာ မရှိဘူး။ သူတို့ဘာလိုချင်လဲ ဆိုတာ မသိဘူး။ တစ်ချို့တွေက ကျတော့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ တစ်ချို့ကတော့ ကြောက်ကြတယ်။
▫ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဆယ်တန်းပြီးသွားတဲ့ အခါမှာ သူမက အမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ် တစ်ခုမှာ သွားတက်တယ်။ ဒီလိုနဲ့ပဲ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ပြီးတော့ သူမ ဒီကျောင်းနဲ့ပက်သက်ပြီးတော့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ သူမ စိတ်မဝင်စားဘူး။ ကျွန်တော် မေးကြည့်တာပေါ့။ ကျောင်းပြီးရင် ဘာဆက်လုပ်မလဲ။ ကျောင်းက ရတဲ့ဘွဲ့နဲ့အလုပ်တစ်ခုခု ဝင်လုပ်မှာပေါ့။ ကျွန်တော်မေးတယ်။ ဒါဆို နင် ဘာကို စိတ်ဝင်စားလဲ။ ငါ အစားအသောက်တွေကို လူတွေ စားချင်လာအောင် ချက်ပြုတ်ပြီး စားချင်ဖွယ်ဖြစ်အောင် အလှဆင်ပေးရတာ ကြိုက်တယ်။ ဒါပေမယ့်လည်း ……………
IKIGAI – Japanese Concept
〰 IKIGAI ဆိုတဲ့ သဘောတရားက မနက်တိုင်းကို နိုးထစေတဲ့ အရာ၊ ကိုယ် ဘာအတွက် အသက်ရှင်နေတာလဲ အမျိုးမျိုး ပြောကြတယ်။ IKIGAI ဟာ ကိုယ့်ဘဝရဲ့Career ကိုရွေးချယ်ရာမှာ ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ IKIGAI ကို ရှာတွေ့ဖို့့အတွက် ကိုယ်ရွေးချယ်တဲ့ အရာဟာ ဒီ အချက်လေးချက်ထဲမှာ ပါဝင်နေရပါမယ်။
ပထမအဆင့်အနေနဲ့
1. Things you love to do
2. Things you are good at
3. Things you can get paid for
4. Things the world needsPassion
⚪ Passion ကတော့ ကိုယ်ချစ်မြတ်နိုးတဲ့ အရာ ( Things you love to do ) နဲ့ ကိုယ်တော်တဲ့ အရာ ( Things you are good at ) နှစ်ခု ကြားမှာ ရှိပါတယ်။ တစ်ချို့ညတွေ ကိုယ်စိတ်ဝင်စားတာတွေ လုပ်နေရင်းနဲ့ မိုးလင်းသွားတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ လုပ်နေရင်းနဲ့ကို ပျော်နေတော့တာ။ တစ်လောကလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အလုပ်တစ်ခုထဲ မှာပဲ အာရုံရောက်နေတော့တာ ဖြစ်ပါတယ်။ ဒါကတော့ Career အတွက်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဆန္ဒနဲ့ဘ၀ ထပ်တူကျတဲ့ အခြေအနေတစ်ခုပေါ့။
Profession⚫ Profession ကတော့ က်ိုယ် တကယ် ထူးချွန်တဲ့အရာ ( Things you are good at ) နဲ့ကိုယ့်အတွက် ပိုက်ဆံရမယ့် အလုပ် ( Things you can get paid for ) နှစ်ခုကြားမှာ ရှိပါတယ်။ ကိုယ်စိတ်ဝင်စားပြီး လုပ်ရတာ ပျော်နေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တ်ို့တွေ ထမင်းစားဖို့၊ လူတွေကြားမှာ အသင့်အတင့် နေထ်ိုင်နိုင်ဖို့ ဒါတွေလဲ လိုအပ်ပါတယ်။ ဥပမာ ပန်းချီဆရာတစ်ယောက်ပေါ့။ ပန်းချီကို စိတ်ဝင်စားလို့ထမင်းမစား၊ ရေမသောက်ပဲ ပန်းချီပဲ ထိုင်ဆွဲနိုင်ပေမဲ့၊ ကြာလာရင် ပန်းချီဆွဲဖို့ဆေး၊ မှင် ဝယ်ဖို့အတွက်လိုလာမှာပါပဲ။
Vocation
⚪ ဒီအပိုင်းကတော့ ပတ်ဝန်းကျင်က လိုအပ်တဲ့ အရာ ( What the world needs ) နဲ့ကိုယ့်အတွက် ပိုက်ဆံရမယ့် အလုပ်( Things you can get paid for ) နှစ်ခု ပေါင်းထားတာပေါ့။ ကိုယ် စိတ်ဝင်စားတယ်၊ ချစ်မြတ်နိုးတယ်၊ ကိုယ့်အတွက် သင့်တင့်လျောက်ပတ်တဲ့ လစာတစ်ခုလဲ ရနေသေးတယ်။ အားလုံးအဆင်ပြေနေပြီပဲ။ ဘာလိုသေးလို့လဲ။ တစ်ချိန်က Steve Jobs ဟာ Pepsi CEO John Sculley ကို မင်း ဒီကုမ္ပဏီမှာ ဆက်လုပ်ပြ်ီး တစ်ဘဝလုံး သကြားရေ တွေပဲ ရောင်းချင်လား၊ သို့မဟုတ် ငါနဲ့လိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲအကျိုးပြုချင်လား ဆိုပြီး ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တယ်။Mission
⚫ နောက်တစ်ပိုင်းကတော့ Mission ပါ။ ကိုယ်ချစ်မြတ်နိုးတဲ့ အရာ ( Things you love to do ) နဲ့ကိုယ့် ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ အရာ ( What the world needs )။ ဥပမာ ပရဟိတ လုပ်ငန်းတွေကတော့ အကောင်းဆုံးပါပဲ။ ကိုယ်လုပ်တဲ့ အရာက ကြီးကြီးမားမား မဟုတ်ရင်တောင် ပတ်ဝန်းကျင်ကို ကောင်းကြိုး တစ်ခုခုဖြစ်စေနိုင်မယ် အလုပ်မျိုး ကို ပြောတာပါ။ ဥပမာ အားဖြင့် ကုမ္ပဏီကြီးတွေ လုပ်တဲ့ CSR Program တွေ။ သူတို့ဟာ ပရဟိတ လုပ်ငန်းတွေ လုပ်ပါတယ်။ ဒါပေမယ့် သူတို့့ကုမ္ပဏီ နာမည်ရဖို့အတွက်လည်း လုပ်ပါတယ်။⚫ တစ်ခါတုန်းက ဂျပန်နိုင်ငံ၊ OSAKA မြို့အနီးမှာ အသက်ကြီးကြီး အဘွား တစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူမ ဝိညာဉ်မျှောနေချိန်မှာ အပိုင်းအခြားတစ်ခုကို ရောက်နေတာကို သတိထားမိတယ်။ အဲ့အချိန်မှာ အသံတစ်ခု ထွက်လာပြီး သူမကို မေးတယ်။ WHO YOU ARE ? ကျွန်မက OSAKA မြို့အုပ်ရဲ့ မိန်းမပါ။ ထပ်မေးတယ် WHO YOU ARE ? ကျွန်မက ကလေးလေးယောက်ရဲ့မိခင်ပါ။ ထပ်မေးတယ် WHO YOU ARE ? ကျွန်မက ဆရာမတစ်ယောက်ပါ။ ဘယ်လိုဖြေဖြေ အဖြေမှန်ကို မရောက်နိုင်ဘူး။ နောက်ဆုံးကျတော့ ကျွန်မက မနက်တိုင်းကို ကျွန်မ မိသားစုကို စောင့်ရှောက်ပြီး ကျောင်းမှာ ငယ်ရွယ်တဲ့ ကလေးတွေကို ဂရုစိုက်ပျိုးထောင်ပေးရတဲ့ သူပါလို့ ဖြေလိုက်တယ်။ အဲ့အဖြေဖြေပြီးနောက် သူမ ပြန်သတိရလာတယ်။ ( ဒီ story လေးဟာ IKIGAI စာအုပ်က story လေးပါ။ )
➰ နောက်ဆုံးအနေနဲ့ကျွန်တော်တို့ငယ်ရွယ်နေသေးတဲ့့အချိန်မှာ၊ လမ်းပျောက်နေတဲ့ အချိန်မှာ၊ လမ်းကြောင်းတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်နေပြီးတော့မှ ဆက်မလုပ်ချင်တော့တဲ့ အခါမှာ ကိုယ့်ဘဝရဲ့IKIGAI ( The Sweet Spot ) ကို ရှာပါ။ PASSION, PROFESSION, VOCATION, MISSION လေးခုလုံးနဲ့သက်ဆိုင်တဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းပါ။ ပျော်ရွင်မှုတွေ၊ အောင်မြင်မှု အပြည့်ရှိနေတဲ့ လမ်းကြောင်းလေး ဖြစ်မှာပါ။
#S_Austin
#BookLovers #Airplane #PersonalDevelopment #BookRecommendation #ikigaiTitle – IKIGAI , The Japanese secret to a long and happy Life
Author – Héctor García and Francesc Miralles
Price – 19,500 ( Premium ++ Quality, Hardcover, Creamy Paper) -
Add to cart
👁🗨 BELIEVE IN SOMETHING EVEN IF IT TAKES ONE KNEEL …
💢 ယခုလက်ရှိအလုပ်မှာ မပျော်တော့ဘူးလား။
💭 တစ်နေ့လုံး အလုပ်ခွင်မှာ အလုပ်လုပ်ပြီးလိုအိမ်ပြန်ရောက်တဲ့ အချိန်မှာ ကိုယ် စိတ်၀င်စားတဲ့ အရာတစ်ခုကို လုပ်နေရင်းနဲ့တစ်ဖက်တစ်လမ်းကနေ အောင်မြင်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အခု ချိန်မှာ အလုပ်က ခဏနားလို Facebook ပေါ် တက်လိုက်တာနဲ့Social Influencer တွေရဲ Video တစ်ခုကို မြင်တွေ့ရမှာပါ။
🎩 Personal Brands are for Everyone!
💜 အစားအသောက် ကြိုက်တာလား။ ပန်းချီ ဆွဲတာလား။ လူတွေနဲ့စကားပြောရတာကြိုက်တာလားး။ Fashion Design တွေလား။
👣 Social Media ခေတ်ကို ရောက်လာတာနဲ့အမျှ လူတိုင်း လူတိုင်းဟာ အခွင့်အလမ်းတွေ ပိုများလာတယ်။ အရောင်းအ၀ယ် လုပ်ချင်လား၊ Blogger လား၊ Photographer လား ပန်းချီဆရာလား အရည်အချင်းရှိရင် ရှိသလို မြန်မြန်ဆန်ဆန် လုပ်နိုင်လာကြတယ်။ Social Media တွေဟာ Personal Branding အတွက် နေရာကောင်းတစ်ခု ဖြစ်လာတယ်။ Platform တစ်ခုကနေ လူတွေ အများကြီးကို ထိတွေ့နိုင်လာတယ်။
❄️ ကျွန်တော်ကတော့ စာဖတ်ရတာ နှစ်သက်တယ်။ ဖတ်ထားတဲ့ စာတွေကို ပြန် မျှဝေချင်တယ်။ ဒီလိုနဲ့Content Writer ဘ၀ကို ရွေးချယ်ခဲ့တယ်။ တစ်နေ့တာ အလုပ်ပြီးလိုကိုယ်ရေးထားတဲ့ စာတွေကို လူတွေ ဖတ်လာတာ မြင်ရတဲ့ အခါမှာ အရမ်းပျော်တယ်။ လူတွေနဲ့ပိုထိတွေ့နိုင်လာတယ်။ လူတွေ ကိုယ့်ကို ပိုတိုင်ပင်လာကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာတယ်။
🎈 နောက်ပိုင်း Facebook မှာ Personal Branding နဲ့လူတွေ ပိုအောင်မြင်လာကြပါတယ်။
စာအုပ်ထဲမှာ Influencer တွေရဲ အခက်အခဲတွေ၊ ပရိတ်သတ်တွေနဲ့ထိတွေ့နိုင်အောင် ကြိုးစားခဲ့ရပုံတွေ၊ နောက်ပိုင်း ကုမ္ပဏီတွေက ဆက်သွယ်လာတဲ့အခါ အလုပ်လုပ်ပုံတွေကို ရှင်းပြပေးထားမှာပဲ ဖြစ်ပါတယ်။🖖 ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
▪️ အောက်ခြေကနေ အပေါ်ထိရောက်အောင် ဘယ်လို ကျင့်နိုင်သည့် နည်းလမ်းတွေကို အခြေခံထားပါတယ်။
▪️ ရေးထားတာတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ပြတ်သားပါတယ်။ စာလုံး ကြီးတဲ့ အတွက် ဖတ်ရတာလည်း လွယ်ကူပြီး အနှစ်သာရ ရှိလှပါတယ်။
▪️ Social Media မှာ Personal Branding ကိုစိတ်၀င်စားသူတိုင်း ဖတ်လိုရပါတယ်။
▪️ အခုအလုပ်အပြင် ကိုယ်စိတ်၀င်စားတဲ့ အရာတစ်ခုခုကို အလုပ်ချိန်ပြင်ပမှာ လုပ်ချင်သူတွေ ဖတ်သင့်ပါတယ်။
▪️ စာအုပ်ထဲမှာ Facebook, Twitter, Instagram အပြင် တစ်ခြား Social Media တွေမှာပါ ဘယ်အရာတွေ အားသာသလဲ၊ အားနည်းသလဲ ပြီးတော့ Influencer တစ်ယောက်ရဲ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံတွေကို ရေးသားထားတဲ့ အတွက် Personal Branding အပြင် Content Creation ကို စိတ်၀င်စားသူတွေ အတွက် အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။
Influencer ခေတ်ကို ရောက်လာတဲ့ အခါမှာ Influencer တစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကြိုးစားချင်သူတိုင်း၊ ကိုယ့် စ်ိတ်၀င်စားမှု အိပ်မက်တွေကို အကောင်အထည် ဖော်လို သူတိုင်း ဖတ်သင့်တဲ့ လမ်းညွန် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
-
Add to cart
💯အရောင်းသမားတွေ ဒီ နည်းလမ်း သုံးတဲ့အခါ ၅ ဆ ပိုမို အောင်မြင်ကြတယ်။
🐒မျောက်တစ်ကောင် ရှေ့မှာ 🍌ငှက်ပျောသီး တစ်လုံးနဲ့ 💵ပိုက်ဆံ ၁ သိန်း ထားပေးထားရင် မျောက်က ဘာကို ယူမယ်ထင်လဲ?
မျောက်က ငှက်ပျောသီးကိုပဲ ယူပါတယ်။ ဘာလိုလဲဆိုတော့ မျောက်က ပိုက်ဆံ ၁ သိန်းနဲ့ ငှက်ပျောသီးတွေ အများကြီး ဝယ်နိုင်တာကို မသိပါဘူး။
ဒီတော့ ကျွန်တော်တို မှန်တယ်လို ထင်နေတဲ့ အရာတွေကရော အမြဲတမ်း မှန်နေပါ့မလား???????💡ကျွန်တော်တို နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေ ချမှတ်နေကြပါတယ်။ ဒါပေမယ့် ဒီ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို ကိုယ်ပိုင်လို အမြဲ သတ်မှတ်လို ရသလား?။
ဥပမာအားဖြင့် ညနေစာ စားဝိုင်း တစ်ခုမှာ စားပွဲထိုးက အချိုတည်းဖို ယူဦးမလားလို မေးခဲ့ရင် လူတိုင်း နီးပါးက ဗိုက်ဝနေရင်တောင် အချိုလေး တစ်ပွဲလောက်တော့ ယူဖြစ်ကြမှာပါပဲ။
ဒါပေမယ့် ကိုယ်နဲ့ အတူ စားနေတဲ့ လူ ၄ ယောက် လောက်က ကြိုတင်ပြီးတော့ ငြင်းဆန်ထားခဲ့မယ်ဆိုရင် ကျွန်တော်တိုက အချိုပွဲကို မယူဖြစ်တော့တာ ပိုများပါတယ်။
လူအများစုကတော့ “ငါကတော့ ဒီလို မဟုတ်ပါဘူး၊ ငါက သူများလုပ်သလို လိုက်မလုပ်တတ်ဘူး” လို ပြန်ပြောတတ်ကြလိမ့်မယ်။ ဒါပေမယ့် အမြဲတမ်း မှန်မနေပါဘူး။
ဘာလိုလဲဆိုတော့ ကျွန်တော်တိုဘဝမှာ အနည်းနဲ့အများ အပြင်က လွှမ်းမိုးမှုတွေ ရှိနေလိုပဲ ဖြစ်ပါတယ်။🦎ပုတ်သင်ညိုဆီက သင်ယူပါ
အင်တာဗျူး ဖြေတာ ဖြစ်ဖြစ်၊ အစည်းအဝေး တစ်ခု ဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခု သွားရောင်း ရတဲ့ အရောင်းဝန်ထမ်း ဖြစ်ဖြစ် ဒီနည်းလမ်းလေးက အင်မတန်မှ အသုံးဝင်ပါတယ်။
အင်တာဗျူး ဖြေနေတဲ့အခါ မေးမြန်းသူတဲ့ အမူအရာတွေကို အတုယူခြင်းအားဖြင့် အင်တာဗျူး အောင်ဖို အခွင့်အရေး ပိုများပါတယ်။ အထူးသဖြင့် မေးမြန်းသူက ညာလက်နဲ့ အမူအရာ လုပ်ပြီး ပြောတာ၊ ခေါင်းစောင်းပြီး ပြောတတ်တာ၊ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းပြီး ပြောတတ်တာ စတဲ့ အမူအရာ လေးတွေကို ကိုယ်ပါ လိုက်ပြီး ပြုမူတဲ့အခါမှာ Harmony ကိုက်ပြီး မေးမြန်းသူက သဘောကျလာနိုင်ပါတယ်။🪳Cockroaches Motivation
၁၉၆၉ ခုနှစ်မှာ Robert Zajonc က ပိုးဟပ်တွေကို အပြေးပြိုင်ခိုင်းတယ်။ ပုံမှန်အားဖြင့် ပိုးဟပ်တွေက ဘေးက ပိုးဟပ်တွေ မရှိနေတဲ့ အချိန်မှာ ပုံမှန်ပဲ သွားလာလှုပ်ရှားပြီးတော့ ဘေးမှာ လူက ကြည့်နေတဲ့ အချိန်မှာဆိုရင်တော့ ပိုပြီး မြန်မြန်ဆန်ဆန် ပြေးတာကို တွေ့ရှိခဲ့ရတယ်။
ဒီအချက်ကို အသုံးချပြီးတော့ ကျွန်တော်တိုတွေက ခက်ခဲတဲ့ အလုပ်ကိစ္စတစ်ခုကို လုပ်တော့မယ့် အချိန်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး လုပ်လို ရမယ့်နေရာမျိုးကို ရွေးချယ်သင့်ပြီး ပေါ့ပေါ့ပါးပါး လုပ်ရမယ့်အလုပ်မျိုးကို ကျတော့ ဘေးမှာ အပေါင်းအသင်းတွေ ရှိနေတာက ပိုပြီး သင့်လျော်စေပါတယ်။✨ဒီတော့ လွှမ်းမိုးမှု ရှိနေတာ မကောင်းဘူးလား။ မကောင်းတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တိုက လမ်းလျှောက်တတ်ဖို၊ စက်ဘီးစီးတတ်ဖို၊ စာဖတ်တတ်ဖို စတဲ့ အခြေခံလိုအပ်ချက်တွေကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ စသဖြင့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကနေပဲ သင်ယူခဲ့ရလိုပါပဲ။
ဒါပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေတိုင်းမှာ တစ်ခြားသူတွေရဲ့ လွှမ်းမိုးမှုတွေပါနေပြီဆိုရင်တော့ သတိပြုရတော့မှာပဲ ဖြစ်ပါတယ်။✍️Jonah Berger ကတော့ University of Pennsylvania က Professor တစ်ယောက်ဖြစ်ပြီးတော့ ပထမဆုံး စာအုပ် Contagious မှာ Best Selling Author တစ်ယောက် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ Invisible Influence စာအုပ် ရေးသားပြီးတဲ့အချိန်မှာတော့ အင်မတန်မှ အောင်မြင်ခဲ့ပြီး စာအုပ်ကလည်း Charles Duhigg, Tony Hsieh, Arianna Huffington, William Ury, Robert Cialdini စတဲ့ ကမ္ဘာ့နာမည်ကြီး စာရေးဆရာတွေက Recommend ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်။
-
Add to cart
အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုပိုင်ဆိုင်စေမယ့် Japanese Wisdom စာအုပ်သုံးအုပ်
(Wabi Sabi, Ikigai and Zen)
စာဖတ်နေသူတွေအတွက် ကျွန်တော့်မှာမေးခွန်းတစ်ခုရှိတယ်။
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကြည်လင်နေတဲ့ကောင်းကင်ကြီးကလှလိုက်တာဆိုတဲ့ ခံစားမှုကို ဘယ်အချိန်ကနောက်ဆုံးရရှိခဲ့သလဲ ?
“အိပ်ရာထ, အလုပ်သွား, ပြန်လာ, အနားယူ, အိပ်ရာဝင် လကုန်ရင် လိုချင်တာလေးတစ်ခုဝယ် ဒီအတိုင်းပဲနေ့စဉ်ပြန်လုပ်”
စက်ရုပ်တစ်ရုပ်လိုနေ့စဉ်လှုပ်ရှားသွားလာနေတာကိုကိုယ်တိုင်သတိထားမိရဲ့လား?
စိန်ခေါ်မှုပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့လောကကြီးမှာ ပြိုင်ကားမောင်းနေသလိုဘ၀ကိုမောင်းနှင်နေကြတာကိုခဏလောက် အရှိန်လေးလျော့ပြီးဘေးဘီဝဲယာကိုကြည့်လိုက်ရင် သင်သတိမထားမိတဲ့အလှတရားတွေကိုရှာတွေ့ပါလိမ့်မယ်။
Wabi Sabi – မပြည့်စုံခြင်းကိုလက်ခံနိုင်မှု
စိန်ကောင်းတစ်လုံးဟာအနာနဲ့မကင်းသလို အောင်မြင်တဲ့လူတိုင်း ကျရှုံးမှုနဲ့မကင်းပါဘူး။
Imperfection ဆိုတဲ့မပြည့်စုံမှုကိုလက်ခံနိုင်ဖို့ထက် အရာရာကို Perfect ဖြစ်အောင်ကျင့်ကြံနေထိုင်ဖို့ကျွန်တော်တို့ ရိုက်အသွင်းခံခဲ့ရတယ်။ ဘယ်တော့မှမရနိုင်မယ့် Perfection ဆိုတဲ့အရာနောက်လိုက်ရင်း အလိုမကျမှု မကျေနပ်မှုတွေနဲ့နေထိုင်မယ့်အစား ဒီမပြည့်စုံတဲ့အားနည်းချက်ကလေးတွေကိုလက်ခံပြီး ပိုမိုကောင်းမွန်တဲ့အရာတွေကိုတည်ဆောက်ရပါမယ်။
Ikigai – ရည်မှန်းချက်နဲ့နေထိုင်မှု
လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုနဲ့ အမြဲနေထိုင်ကြတယ်။ သင်မနက်တိုင်းအိပ်ရာထတဲ့ရည်ရွယ်ချက်ကဘာလဲ?။ သင်လိုအပ်တဲ့အရာ၊ လုံလောက်တဲ့ဝင်ငွေ၊ သင့်ကျွမ်းကျင်မှုနဲ့ ပတ်ဝန်းကျင်ရဲ့လိုအပ်မှုစတဲ့ အရာတွေနဲ့ကိုက်ညီတဲ့ ဘ၀တစ်ခုကိုနေထိုင်နိုင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ကိုက်ညီမှုမရှိရင် ပဲ့ကိုင်သူမရှိတဲ့လှေတစ်စီးလို လောကလှိုင်းတံပိုးကြားထဲမှာသင်ဟာလွင့်မျောနေဦးမှာပါ။ Ikigai နဲ့နေထိုင်ခြင်းဟာ ပူလောင်ခြင်း အလျင်းကင်းစွာနဲ့ သင့်ရည်မှန်းချက်ကိုရောက်ရှိနိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
Zen- ပစ္စုပ္ပန်မှာနေထိုင်မှု
အတိတ်ကိုတွေးပြီး နောင်တရတတ်သလို အနာဂတ်ကိုတွေးပြီး လူတွေကအမြဲပူပန်ကြတယ်။ ပစ္စုပ္ပန် မှာဘာဖြစ်နေလဲဆိုတာကိုခံစားဖို့ထက် အတွေးတွေထဲလှောင်ပိတ်ပြီး ဒီကန့်သတ်ချက်ကလေးထဲမှာပဲနေရတာကို ပုံမှန်ပဲလို့ ထင်နေကြတယ်။အတွေးတွေကိုခဏလောက်ရပ်ပြီး လက်ထဲကဖုန်းလေးခဏချပြီး လက်ရှိဘာဖြစ်နေလဲဆိုတာကိုကြည့်လိုက်ပါ။ လမ်းပေါ်မှာသွားလာနေတဲ့လူတွေ၊ သစ်ပင်တွေကြားထဲကလေတိုးသံတွေ၊ လုပ်ငန်းခွင်ထဲကအသံတွေ ကိုသေချာသတိထားမိတဲ့အချိန်မှာ သင့်ရဲ့ဖြစ်တည်မှုကိုခံစားရပါလိမ့်မယ်။
Wabi Sabi, Ikigai နဲ့ Zen တို့ပေါင်းစပ်မှုဟာ ငြိမ်းချမ်းပြီးအဓိပ္ပါယ်ရှိတဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ကိုတည်ဆောက်တာနဲ့တူပါတယ်။
Ikigi ဟာသင့်ရည်ရွယ်ချက်အတွက်အရေးကြီးတဲ့အရာတွေကိုအာရုံစူးစိုက်စေရင်း Wabi Sabi ဟာ Perfect မဖြစ်တဲ့လောကကြီးမှာနေထိုင်နည်းကိုသင်ပေးပြီး ရှိနေတဲ့အချိန်တိုင်းမှာအသိသတိနဲ့ကြည်နူးမှုကိုရယူစေနိုင်ဖို့အတွက် Zen ကကူညီပေးပါလိမ့်မယ်။
-
Add to cart
အဆင်မပြေမှုတလွဲတချော်ဖြစ်မှု / CHAOS ကိုဘယ်လိုစီမံခန့်ခွဲမလဲ ?
ကျွန်တော်တို နေ့စဥ်ဘ၀မှာ အဆင်မပြေဖြစ်မှုတွေတလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။ ဘယ်လိုပင်ကောင်းမွန်သော စနစ်တွေတည်ဆောက်ထားပေမယ့်လည်း Chaos ဆိုတာတစ်ချိန်ချိန်မှာမလွဲမသွေကြုံမိရတတ်ပါတယ်။ ဒီလို Chaos တွေကို ဘယ်လို Manage လုပ်မလဲ ? Chaos တွေနဲ့ အတူတကွနေထိုင်ဖိုဖြစ်နိုင်မလား?
Chaos ကို ကောင်းကောင်းတောင့်ခံနိုင်တဲ့ Resilience ရှိတဲ့ Mindset တစ်ခု၊ တလွဲဖြစ်မယ်ဆိုတာကိုသိလျက်နဲ့ ရှေ့တိုးရဲတဲ့ Persistent Mindset ကိုဘယ်လိုရနိုင်မလဲ ?
What – ဒီစာအုပ်တွေကဘာလဲ ?
12 rules for life – ဒီစာအုပ်ထဲမှာ စပြီးတော့ Chaos ကိုရင်ဆိုင်နိင်ဖိုကိုယ့်ကိုကိုယ် စည်းကမ်းတကျ၊ စနစ်တကျ တည်ဆောက်နည်း ကိုရှင်းပြထားပြထားပါတယ်။ Respect ရှိတဲ့ သင့်ရဲ့ကိုယ်ဟန်အမူအရာ ကိုတည်ဆောက်ရာ နေစပြီး အပေါင်းအသင်းရွေးချယ်မှု၊ အကြောက်တရားကိုရင်ဆိုင်နည်း၊ အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုတည်ဆောက်လိုရတဲ့နည်းလမ်းတွေကိုတွေ့ရမှာပါ။
Beyond Order – Chaos ဒဏ်ကိုခံနိုင်တဲ့ Resilience ကိုသင်ရပြီဆိုရင် တောင် Chaos တွေကမရပ်တံ့ပါဘူး။သင့်မထင်မှတ်ထားတဲ့နေရာကနေသင့်ကိုတိုက်ခိုက်မဲ့အဆင်မပြေမှုနဲ့ အတူတကွနေထိုင်လိုရတဲ့ လမ်းကြောင်းတွေ၊ external Stimulus တွေက သင့်ကိုအခက်အခဲမဖြစ်စေအောင်တည်တံ့ခိုင်မြဲတဲ့ စိတိဓာတ်နဲ့အမူအကျင့် တွေဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းတွေဒီမှာတွေ့ရှိရမှာပါ။When – ဘယ်အချိန်မှာဒီစာအုပ်တွေကိုဖတ်သင့်လဲ ?
12 Rules for life – ဘာလုပ်လုပ်အဆင်မပြေဖြစ်နေသလိုခံစားရပြီး မွန်းကျပ်နေတာကနေ စည်းစနစ်ကျတဲ့ဘ၀တစ်ခုကိုတည်ဆောက်ဖိုလိုအပ်တယ်လိုခံစားရင် ဒီစာအုပ်ကိုဖတ်ပါ။
Beyond Order – သင်ဟာ စည်းကမ်းရှိတဲ့လူ၊ Discipline ရှိတဲ့သူတစ်ယောက် ဖြစ်နေပြီ ဒါပေမယ့် မမျှော်လင့်ထားတဲ့အရာတွေ ရုတ်တရက်ပြောင်းလဲမှုတွေကို မတုန်မလှုပ်လက်ခံနိုင်တဲ့ Skillset ကို upgrade လုပ်ဖိုလိုအပ်နေပြီဆိုဒါကိုဖတ်ပါ။How – ဒီစာအုပ်တွေထဲကနည်းလမ်းတွေကိုဘယ်လိုကျင့်သုံးမလဲ ?
12 Rules for life – ဟုတ်ပြီပထမဆုံး ဒီစာလေးကိုဖတ်နေတဲ့အချိန်မှာကိုင်းထားတဲ့ခါးလေးကိုမတ်ပြီး ရင်လေးမော့လိုက်။ ဒီလို Posture ကောင်းကောင်း confidence နဲ့အတူ ကိုယ့်ရဲ့ ကိုယ်စိတ်နှလုံး ကျန်းမာနေဖိုအတွက် ကိုယ်တိုင်တာဝန်ယူပါ။ အဓိပ္ပါယ်ရှိတဲ့ Goal တွေဆီရောက်ရှိနိုင်ဖိုအတွက် သင့် ကိုယ်ပိုင် Skill set နဲ့ သင့်တန်ဖိုးတွေကို မြှင့်တင်နိုင်မယ့်အကျင့်တွေကိုမွေးမြူပါ။ မိမိကိုယ်ကိုယ် ရိုးသားမှု၊ ယုံကြည်မှုရှိမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့ သူတစ်ယောက်အဖြစ်တည်ဆောက်ပါ။
Beyond Order – သင်ဟာစည်းစနစ်ကျတဲ့လူတစ်ယောက်စဖြစ်လာပြီဆိုရင် အဖွဲအစည်းနဲ့ လူမှုရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့လေးစားမှုနဲ့ဆက်ဆံပါ၊ ကြုံတွေ့ရတဲ့ ပြသနာတွေပိုကြီးမလာအောင်အမြဲထိပ်တိုက်ရင်ဆိုင်ပါ။ မိမိကိုယ်ကို စံပြအဖြစ်သဘောထားပြီး လူများတွေမလုပ်ချင်တဲ့အလုပ်တွေမှာ ကိုယ့်အတွက်အခွင့်အလမ်းကိုရှာဖွေပါ။စကားပြောတာ လှံသွားတစ်ချောင်းလိုထက်မြက်တဲ့ Dr. Jordan Peterson ဟာ ဒီစာအုပ်တွေထဲမှာ အမှန်တရားတွေကိုသက်သက်ညှာညှာမရေးထားပါဘူး။ အချိုစာလုံးတွေဟာသင့်ကို အုတ်နီခဲနဲ့ကောက်ထုလိုက်သလိုချာချာလည်သွားအောင်ခံစားရစေမှာပါ။ ဒီစာအုပ်ထဲကနည်းလမ်းတွေကို တပြိုင်တည်းအကုန်လုပ်တာထက် တစ်ခုချင်းစီသင့်ရဲ့နေ့စဉ်ဘ၀မှာ ကျင့်သုံးရင်း သေးသေးလေးတွေကနေအစပြုပါ။ ရောမမြိုကြိးကို အုတ်တစ်ချပ်ချင်းဆောက်ရသလို စိတ်ရှည်ရှည်နဲ့ နေ့စဉ်အောင်မြင်မှုသေးသေးလေးတွေတည်ဆောက်ပြီး ခိုင်မြဲတည်တံ့တဲ့ သင့်ရဲ့ အကောင်းဆုံး ကိုယ်ပိုင် Version ကို upgrade လုပ်ပါ။
ဒါဆို Dr. Jordan B. Peterson ရဲ့ 12 Rules for Life နဲ့ Beyond Order အတူ စည်းစနစ်ကျတဲ့ ဘ၀ကိုတည်ဆောက်ဖိုအဆင်သင့်ဖြစ်ပြီလား ?
-
Add to cart
✊ ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။
👁🗨 Maslow ရဲ့ Need Theory အရ လူတွေက လိုအပ်ချက် တစ်ခုခုကြောင့် အလုပ်လုပ်နေကြတယ်။ တစ်ချို့က စားဝတ်နေရေး အဆင်ပြေဖို့၊ တစ်ချို့ကတော့ မိသားစုကို ထောက်ပံ့ရမှာ ဖြစ်လို့၊ တစ်ချို့က ဘဝမှာ နေရာ တစ်ခု ဒါမှမဟုတ် အောင်မြင်မှု ရချင်လို့စသဖြင့် ရည်မှန်းချက်တစ်ခုခုအတွက် အလုပ်လုပ်နေကြတယ်။
📜 Leadership and Personal Development မှာ Guru တစ်ယောက်ဖြစ်တဲ့ Simon Sinek ရဲ့စာအုပ် Leaders Eat Last ထဲမှ အကြောင်းအရာ အနည်းငယ်ကို လေ့လာကြည့်ရအောင်
- Safety Means Progress
💢 အခက်အခဲတွေက ကျွန်တော်တို့ကို နှောင့်နှေးစေဖို့ဖြစ်လာတာပါ။ ရှေးခေတ် လူတွေမှာ အန္တရာယ် အများကြီး နဲ့ရင်ဆိုင်ရတယ်။ လူတွေက အစာရှာရတယ်၊ တောရိုင်းတိရစ္ဆာန်တွေကို စောင့်ကြည့်ရတယ်၊ နေစရာ နေရာတစ်ခု ရှာရတယ်။ အခုခေတ်မှာတော့ ကျွန်တော်တို့ရဲ့ပြဿနာအားလုံးနီးပါးက ငွေနဲ့သက်ဆိုင်နေတယ်။ ပိုက်ဆံက အခက်အခဲအများစုကို ဖြေရှင်းပေးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့တွေက စိတ်မပူပင်ပဲ လုံခြုံနေရတာကို ကြိုက်ကြပါတယ်။ နောက်မှာ အပူအပင်တွေ ကင်းရှင်းနေမှ ကိုယ်လုပ်ချင်တဲ့ အရာကို စိတ်တိုင်းကျ လုပ်ဆောင်နေနိုင်မှာပါ။ ခေါင်းဆောင်တွေ အနေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ဘဝတွေ လုံခြုံမှုကို ပေးနိုင်ရပါမယ်။ ဒါမှလည်း Productivity ပိုတိုးတက်လာနိုင်မှာပါ။
💣 အလုပ်ခွင်မှာ Stress များတာက အလုပ်များလို့အဓိက မဟုတ်ပါဘူး။ အထက်က လူတွေရဲ့ အတင်းကြပ် ထိန်းချုပ်မှုတွေ အောက်မှာ အလုပ်လုပ်နေရလို့ပဲ ဖြစ်ပါတယ်။ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို လေးစားယုံကြည်ပြီး ချီးမြင့်မြှောက်စားတတ်တဲ့ မန်နေဂျာတွေနဲ့အလုပ်လုပ်ရတဲ့ လူတွေက အလုပ်ခွင်မှာ ပိုအောင်မြင်မှု ရကြပါတယ်။ - Employees are People Too
🎯 စာရေးဆရာ Simon Sinek က အောင်မြင်တဲ့ လုပ်ငန်းကြီးတွေဟာ သူတို့ဝန်ထမ်းတွေကို လုပ်ငန်းကြီးထွားဖို့နဲ့ပိုက်ဆံ ပိုရဖို့အတွက် အဓိက ခန့်အပ်ထားတာ မဟုတ်ပါဘူး။ သူတို့ဝန်ထမ်းတွေ ပိုကောင်းစားဖို့အတွက် ပိုက်ဆံကို အသုံးချ ကြတာပါ လို့ပြောသွားခဲ့ပါတယ်။
☔ Jack Welch က သူ့ကုမ္ပဏီရဲ့အဆိုးရွား ဝန်ထမ်း 10% ကို နှစ်တိုင်း အလုပ်ဖြုတ်ပစ်ပါတယ်။ ဒါပေမယ့် Simon Sinek ကတော့ သူ့လုပ်ဖော်ကိုင်ဖက် တွေကို အကောင်းဆုံး ဖန်တီးပေးနိုင်ခြင်းက လုပ်ငန်းတိုင်းရဲ့အောင်မြင်မှုလို့ပြောထားပါတယ်။ လူတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ရင် လူတွေက ကိုယ့်ကုမ္ပဏီအပေါ် ယုံကြည်စိတ်ချလာပြီး ကုမ္ပဏီရဲ့ အောင်မြင်မှုကို ကြိုးစားပေးပါလိမ့်မယ်။ - The Four Chemicals
👁 လူတွေရဲ့ Psychology ကို လေ့လာတဲ့ အခါမှာ လူတွေကို Drive လုပ်ပေးတဲ့ Chemical လေးမျိုး ရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ကိုယ်က ဘာ အရာနဲ့ကိုက်ညီသလဲ၊ ကိုယ့်ရဲ့Driving Chemical က ဘာလဲ။
▪ Endorphin – the pain-masking chemical
💪 Endorphin ကတော့ နာကျင်မှု ဖြစ်လာတဲ့ အခါမှာ ကာကွယ်ပေးတဲ့ Hormone တစ်မျိုးပါ။ ကျွန်တော်တို့ ပြေးတဲ့အချိန် ၊Gym သွားတဲ့ အခါမှာ Endorphin Hormone ထွက်ပါတယ်။ ဝိတ်မနေတဲ့ အခါမျိုးမှာ နာကျင်မှုကို သက်သာစေပါတယ်။ တစ်ချို့တွေ ပင်ပန်းနေပေမယ့် အလုပ်တွေ ပိုပိုပြီး လုပ်နိုင်တာ၊ နာကျင်နေပေမဲ့ စွမ်းဆောင်ရည် ပိုမြင့်လာတာဟာ Endorphin Hormone ကြောင့်ပါ။
▪ Dopamine – the goal achieving chemical
💘 Dopamine ကတော့ လူကို စွဲလမ်းစေတဲ့ Hormone ပါ။ ဆေးလိပ်၊ အရက် တို့သောက်သုံးတဲ့ အခါမှာ Dopamine Hormone ထွက်ပါတယ်။ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်မယ့် အချိန်မျိုး၊ အပြေးပြိုင်ပွဲ မှာ ပန်းဝင်ခါနီး အချိန်မျိုး ပြီးတော့ ဖုန်းက Notification တစ်ခုလာလို့ဆတ်ကနဲ လှမ်းကြည့်လိုက်တာဟာ Dopamine Hormone ရဲ့လုပ်ဆောင်မှုတွေပါ။
🐒 ဥပမာ မျောက်တစ်ကောင်က သစ်ပင်ပေါ်က သရက်သီးကို တွေ့တဲ့ အချိန်မှာ အရမ်းကို ပျော်သွားပါတယ်။ Dopamine က မျောက်ကို သစ်ပင်ပေါ် တက်ပြီး သရက်သီး ခူးဖို့ပြောတယ်။ သစ်ပင်ပေါ်တက်နေရင်း သရက်သီးနဲ့ နီးလာတာနဲ့အမျှ Dopamine ပိုထွက်လာပြီး မျောက်က ပိုပျော်လာပါတယ်။ သရက်သီးကို ပိုလိုချင်လာတယ်။ မရရအောင် ကြိုးစားတယ်။ ဒါပေမယ့် သရက်သီး စားပြီးသွားတဲ့ အချိန်မှာတော့ Dopamine ပြန်ငြိမ်သွားပါတယ်။
🏅 ဒါကြောင့် Dopamine ကို လိုချင်တဲ့အရာကို လုပ်တဲ့အခါမှာ အလုပ်ပြီးမြောက်စေတဲ့ Hormone လို့လည်း ခေါ်ဆိုကြပါတယ်။
▪ Oxytocin – the love chemical
🔒 ကျွန်တော်တို့ကို လုံခြုံ စိတ်ချမှုဖြစ်စေတဲ့ Hormone တစ်မျိုးပါ။ ကိုယ် ရင်းနှီးမြတ်နိုးတဲ့ လူတွေ အနားမှာ နေရတာဟာ ကိုယ့်အတွက် လုံခြုံမှု ဖြစ်စေပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် Risk ယူရမယ့် အချိန်တွေမှာ Oxytocin က အနှောင့်အယှက်ပေးပါတယ်။
🗣 ဥပမာ ကိုယ့်အလုပ်မှာ Boss က မကောင်းတဲ့ လူတစ်ယောက်ဖြစ်နေမယ်။ ဒါပေမယ့် လူအများစုက အလုပ်မထွက်ကြပါဘူး။ အလုပ်မှာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အပေါ်ကောင်းနေသေးတဲ့ အတွက် အလုပ်အပေါ် တွယ်တာမှုဖြစ်နေပါတယ်။ ဒါပေမယ့် Dopamine Hormone ကတော့ အလုပ်ထွက်ဖို့တွန်းအားပေးနေမှာပါ။ အလုပ်ထွက်ဖို့နဲ့အလုပ်မှာ ဆက်နေဖို့လူတွေက ဒီနှစ်ခု အမြဲလိုလို ဒွိဟ ဖြစ်နေကြပါတယ်။
▪ Serotonin – the leadership chemical
🙏 ကိုယ့်ကို ကူညီပေးခဲ့တဲ့ သူတွေကို ကျေးဇူးသိတတ်စေတဲ့ Hormone တစ်မျိုးပါ။ Corporate လုပ်ငန်းတွေမှာ Performance ကို ကြည့်တတ်ကြပေမယ့် Serotonin Driven လူတွေကတော့ ပတ်ဝန်းကျင်လူတွေကို ယုံကြည်မှုဖြစ်ပြီး ကိုယ့်ကိုယ် ကူညီခဲ့တဲ့သူတွေကို တစ်ချိန်မှာ ပြန်လည် အကျိုးပြုနိုင်ရမယ်လို့တွေးထင်စေပါတယ်။ Serotonin အားနည်းတဲ့ သူတွေမှာ စိတ်ဓာတ်ကျမှု၊ အားငယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
❗ Hormone တစ်မျိုးချင်းဆီရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရှင်းပြပေးထားပြီး ကိုယ့်ကို ဘယ် Hormone က Drive လုပ်နေသလဲ ပြီးတော့ Hormone တွေကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှင်းပြပေးထားပါတယ်။
🏇 လူတိုင်းက တူညီမှုရှိတယ်လို့ပြောနေကြပေမယ့် အမှန်တရားကတော့ မဟုတ်ပါဘူး။ ကြိုးစားတဲ့ သူက ကြိုးစားတဲ့ နေရာရမယ်။ သာမန်လူကတော့ သာမန်နေရာမှာပဲ ရှိနေမှာပါ။ Leader ကောင်း တစ်ယောက်က အမြဲ ထိပ်ရောက်နေပေမယ့် အခက်အခဲတွေကို ဦးဆောင်ရင်ဆိုင်ရတာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အလေးထား ကာကွယ်ပေးနိုင်မှုတွေ၊ အားငယ်မှု၊ စိုးရိမ်မှုတွေကို ကျော်လွန်ပြီး ရဲရဲတင်းတင်း ရင်ဆိုင်တောင့်ခံထားတာတွေကို လူတိုင်း မမြင်နိုင်ပါဘူး။ ပြီးတော့ ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။
⁉ စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
✔ ဦးဆောင်နေတဲ့ ခေါင်းဆောင်တိုင်း ဖတ်သင့်ပါတယ်။ လူအနည်းငယ်ကို ဖြစ်စေ လုပ်ငန်းကြီး ဖြစ်စေ ဦးဆောင်နေသူတိုင်း လုပ်ဖော်ကိုင်ဖက်တွေကို ပျော်ရွှင်စေပြီး လွတ်လပ်စေတဲ့ Culture တစ်ခုကို ဖန်တီးချင်သူတိုင်း ဖတ်သင့်ပါတယ်။
👤 Simon Sinek က အကောင်းမြင်ဝါဒ လူတစ်ယောက်ဖြစ်ပြီး လူတိုင်းအတွက် လောကကြီးမှာ နေရာတစ်ခု ရှိတယ်လို့လက်ခံထားသူ တစ်ယောက်ဖြစ်ပါတယ်။ အမျှော်အမြင်ကြီးတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ သူက အချက်အလက်တွေကို ထောက်ပြတဲ့ နေရာမှာ သွက်လက်ပြီးတော့ သူရဲ့ Leaders Eat Last Video က Ted Talk Most View Video စာရင်းမှာ ပါဝင်ပါတယ်။ Simon Sinek ဟာ Best Selling Author တစ်ယောက်ဖြစ်ပြီးတော့ Start with Why နဲ့Leaders Eat Last စာအုပ်တွေကတော့ New York Times Best Seller စာရင်းဝင်ခဲ့ပါတယ်။ သူက လူပေါင်းများစွာရဲ့ဘဝတွေကို အမြင်မှန်ရောက်အောင် ပြောင်းလဲပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ - Safety Means Progress
-
Add to cart
မေ့တတ်တဲ့သူတစ်ယောက်ဆိုရင်
Knowledge is Power ဆိုတာ မှန်သလား?
နေ့တိုင်း စာအုပ်တွေ ဖတ်၊ Video တွေ Podcasts တွေ ကြည့်ပြီး လက်တွေ့ အသုံးမချနိုင်ရင် စာအုပ်ကြီး အတိုင်းဖြစ်ပြီး ပုံပြင်တွေ ပြောတတ်တဲ့ အဘိုးအိုကြီး တစ်ယောက်လိုပဲ ဖြစ်နေမှာပါ။
သင်ယူနေတဲ့အရာတွေကို အကောင်းဆုံး အသုံးချနိုင်ခြင်းကသာလျှင် အမှန်တကယ် စစ်မှန်တဲ့ Power ဖြစ်တယ်။ “Jim Kwik”
Elon Musk , Will Smith တိုက Jim Kwik ကို သူတိုရဲ့ Brain Coach အနေနဲ့ အားကိုးခဲ့တယ်။
Jim Kwik က ကမ္ဘာ ကျော် ဦးနှောဏ်တွေကို Train ပေးခဲ့တဲ့ သူတစ်ယောက်ပေါ့။
Jim Kwik က ငယ်ငယ် က ဖြစ်ရပ်တစ်ခုကြောင့် ဦးနှောဏ်ထိခိုက်မှု ဖြစ်ခဲ့ပြီး စာ ဘယ်လိုမှ မလုပ်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တယ်။ နှစ်တွေ အကြာကြီး ဒုက္ခရောက်ပြီးတော့ နောက်ပိုင်းမှာ သူက ဦးနှောဏ်ရဲ့ အလုပ်လုပ်ပုံ အကြောင်းတွေကို အကောင်းဆုံး နားလည်လာခဲ့တယ်။ အဲ့ဒီနည်းလမ်းတွေပေါင်းပြီး Limitless စာအုပ်ဖြစ်လာခဲ့တယ်။
စာအုပ်ထဲက အချက်တွေကတော့
Upgrade your Mindset
တစ်လောကလုံးမှာ လူ ၂ မျိုးပဲ ရှိတယ်။
” တစ်ခြားသူ ချမှတ်ထားတဲ့ ဘောင် ထဲမှာ နေတဲ့သူ”
” ကိုယ်ပိုင် ဘောင် ထဲမှာ လှောင်ပိတ်မိနေသူ”အောင်မြင်တဲ့ သူတွေက ဘယ်ထဲမှာ ပါမယ်ထင်လဲ?
ဘယ်မှာမှ မပါဘူး။
သူတိုက သူကို ကိုယ်ပိုင် ချမှတ်ထားတဲ့ စည်းဘောင်တွေကို ကျော်လွန်ပြီး သူတို မဖြစ်နိုင်ဘူးလို ထင်ခဲ့တဲ့ အရာတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်လိုပဲ။
ကိုယ့်ကိုယ်ကို မကောင်းပြောပြီး လုပ်နိုင်မယ့်အရာတွေကို တားမြစ်တတ်တဲ့ Negative Self Talk တွေကို အရင် ဖျောက်ပါ။ မလုပ်နိုင်ဘူး ထင်တဲ့ စိတ်တွေကို ဖျောက်ပါ။ ကိုယ့်ကိုယ်ကို ခတ်ထားတဲ့ ဘောင်တွေထဲကနေ ရုန်းထွက်ပါ။
Sustainable Motivation (PxExSSS)
တစ်သမတ်တည်း ဖြစ်နေတဲ့ Motivation ရှိဖိုဆိုရင်
Purpose ရှိရမယ်
Energy ပြည့်နေရမယ်
Small Simple Steps တစ်လှမ်းချင်းဆီ တစ်ခုချင်းဆီ စ လုပ်ရမယ်။
ခုချက်ချင်း စလုပ်ရမယ့် အရာလေးတွေကို စဉ်းစားရမယ်။Upgrade Your Methods
သင်ယူဖိုအတွက် နည်းလမ်း အသစ်တွေကို ရှာဖွေပါ။
စာအုပ်ကတော့ သင့်ကိုယ်သင် ခတ်ထားတဲ့ ဘောင်တွေထဲကနေ သင့်ကို ခေါ်ထုတ်သွားမယ့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
Jim Kwik က သင့်ကိုယ်သင် မယုံကြည်ထားတဲ့ အောင်မြင်မှုတွေဆီကို ခေါ်ဆောင်သွားမှာ ဖြစ်လို သင်ယူရင်း ဖတ်လို ကောင်းတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ -
Add to cart
🏗လုပ်သလောက် အားမရ၊ ကြိုးစားပြီး မဖြစ်မြောက်တာ ဘာကြောင့်လဲ?
ကျွန်တော်တိုက အလုပ်တွေများပြီး အရမ်းကြိုးစားနေပေမဲ့ နောက်ဆုံးမှာ အားမလိုအားမရ ထင်သလောက်ခရီးမရောက်ဘူးလို ဘာလိုခံစားနေရတာလဲ။ လွန်ခဲ့တဲ့၅နှစ်က မင်းမျှော်မှန်းထားတဲ့ ရည်ရွယ်ချက်တွေကို မရောက်သေးတာမင်းအပြစ်မဟုတ်ဘူး။ ပြဿနာက ကျင့်သုံးနေတဲ့ နည်းလမ်းတွေမှာ လိုအပ်ချက် ရှိနေတာ။
🏋♂️ကြိုးစားနေလျက်နဲ့ ရလဒ်တွေ မပေါ်တာဘာကြောင့်လဲ။ လူတော်တော်များများ မသိတာက အလုပ်လုပ်တာနဲ့ အလုပ်ပြီးမြောက်တာကို ကွဲကွဲပြားပြား သေချာမသိနေတာပဲ။
ဟိုးအရင်ကနည်းလမ်းတွေကိုသုံးနေပြီ လက်ရှိအခြေအနေထက်ပိုပြီးမရောက်နိုင် အလုပ်တွေ ပိုမပြီးနိုင်ဘူးဆိုတာ မင်းလက်ရှိကျင့်သုံးတဲ့နည်းလမ်းတွေမှာ အမှားအယွင်းတွေရှိနေလိုပါ။ ဒီတော့ နည်းလမ်းအသစ်တွေကိုဘယ်လိုရှာမလဲ?🤩နည်းလမ်းအသစ်တွေသိလေလေ ပိုခရီးရောက်နိုင်လေလေပါပဲ။ဘာနည်းလမ်းလဲဆိုရင် အလုပ်ပိုပြီးစေတဲ့ နည်လမ်းတွေပါ။ GYM မှာ 1နှစ်လောက် ကြိုးစားပြီးဆော့တာ ထင်သလောက်မဖြစ်လာတာ မင်းညံ့လိုမဟုတ်ဘူး။ မင်းကျင့်သုံးတဲ့နည်းလမ်းတွေက မကောင်းလို။
ဒီအချက် 3 ချက်ကို မင်းကျင့်သုံးရင်သူများထက် အမြဲအလုပ် ၅ဆပိုပြီး ပြီးနေပါလိမ့်မယ်။
1.Highlight Your Day
အလုပ်တွေကို နေ့ရွေ့ညရွှေ့လုပ်နေတုန်း¬လား? နောက်ဆုံးမှာ အလုပ်မပြီးလို ကိုယ့် ကိုကိုယ်မကျေနပ်တာ အပြစ်တာ စိတ်မကျေမနပ်ဖစ်တာသဖြင့် ဖြစ်နေတုန်းပဲလား?ဒါဆိုရင် ဒီ ပြဿနာကို ဖြေရှင်းဖိုနေ့တစ်နေ့ကိုမစတင်ခင် ဒီနေ့ရဲ့ အဓိကအလုပ်ကို Highlight တစ်ခုလုပ်ပါ။ အဲ့အလုပ်ပြီးမှ ကျန်တာကိုလုပ်ပါ။ ဒီလိုဆို ညဘက်အိပ်ရာ၀င်ချိန် ငါဒီနေ့အတွတ်ဘာကိုလုပ်ခဲ့တယ် ဆိုတာတွေးပြီး စိတ်ချလက်ချအိပ်ရုံပါပဲ။2.Gratitude Yourself
ညဘက်အိပ်လိုအိပ်ရာပေါ်ရောက်ရင် ငါဒီနေ့ လုပ်ခဲ့တာတွေထဲက ကျေနပ်ဖိုအကောင်းဆုံး တစ်ခု က ဘာလဲလိုတွေးပါ။ ပြီးရင် ကိုယ့်ဟာကိုယ် Gratitude ပြန်လုပ်ပါ။ ဘာလိုဆို Gratitude လုပ်ခြင်းက မင်းက မင်းဘ၀ကို အဓိပ္ပာ ယ်ရှိရှိဖြတ်သန်းနေတယ်ဆိုတာကို ကိုယ့်ကိုယ့်ကိုယ့် ပြန်သတိပေးနေသလို ဖြစ်စေလိုပါ။3.Block the Distractions
လူတွေက အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြပေမဲ့ အလုပ်လုပ်နေချိန်မှာ အခက်အခဲတွေ တွေ့လို လက်လျှော့သွားတာ ထင်သလောက် အလုပ်မပြီးတာတွေက အမြဲဖြစ်စမြဲပါ။ အနှောက့်အယှက်တွေကြောင့် ကျနော်တို ပုံမှန်ထက်အလုပ်မပြီးကြတာပါ။ဒီပြဿနာကို သင် အခုပြောမဲ့ Techniques လေးနဲ့ ဖြေရှင်းနိုင်လိုရပါတယ်။
အလုပ်မလုပ်ခင်အချိန်တွင်း အလုပ်လုပ်နေချိန် ဘာတွေကို လုံး၀မလုပ်ဘူးဆိုတာ စာနဲ့ရေးထားပါ။ ဒီမှာ ဂရုစိုက်ကမှာ 2 မျိုးရှိပါတယ်။“External and Internal Distractions” ပါ။
-External အနေနဲ့ ကိုယ်က Facebookမသုံးဘူး Game မဆော့ဘူး စဖြင့်ရေးလိုရပါတယ်။ ပိုဂရုပြုရမှာက “Internal” ပါ။
-Internal အနေနဲ့ ဘာအကြောင်းကိုတော့မတွေးဘူး ဥပမာ-အပြင်သွားမဲ့အကြောင်းအရာကိုမတွေးဘူး, တခြားသူအကြောင်းမတွေးဘူး ဆိုတာမျိုးတွေ ကြိုသတ်မှတ်ထားပါ။ဒီ 3 ခုကို ကိုယ့်နေ့တစ်နေ့ကို စတင်ချိန်မနက်ခင်းမှာ ကိုယ့်ရဲ့တနေ့တာ “Might-Do List” ထဲထည့်ထားပါ။ “Might-Do List” ဆိုတာက To-do-listလို တစ်နေ့တာလုပ်ရမှာတွေကို ထည့်ရတာမဟုတ်ပါဘူး။ တနေ့တာမှာမဖြစ်မနေ မပြီးရင်မနားဘူးဆိုတဲ့ အလုပ်ကိုပဲထည့်ရတာပါ။ Make time မှာ ဒီလို နည်းလမ်းပေါင်း Dozen နဲ့ချီပြီးပါပါတယ် အခုပြောတဲ့ 3 ခု နဲ့တင်သင်က သူများထက် အလုပ် 5 ဆလောက်ပိုပြီးနေပါပြီ။
“အလုပ်နဲနဲလုပ်ပြီး များများ ပြီးနိုင်ကြပါစေ ခင်မျာ။”
-
Add to cart
Viktor E. Frankl was a medical doctor at a psychiatric hospital in 1942 when he became a prisoner in Nazi concentration camps in World War II. In 1946, he published this book about his camp experiences and a method of psychotherapy he developed. Forty-five years later, it was still named one of the most influential books in the United States.
Part One describes his three years in four Nazi concentration camps, which took the lives of his wife, father, mother, and brother. He closely observed inmates’ reactions to their situation, as well as how survivors came to terms with their liberation.
Part Two, introducing logotherapy, is an academic discussion of the psychological reactions experienced by all inmates to one degree or another. It solidified Frankl’s early theory that humanity’s primary motivational force is finding meaning in one’s life.
-
Add to cart
✈️✈️ပညာရပ်တွေကို တစ်ဖက်ကမ်းခပ် ဆုံးခန်းတိုင်အောင်တတ်မြောက်စေဖို Mastery
Robert Greene ရဲ့ 48 Laws of Power နဲ့ Laws of Human Nature ကိုလူတိုင်းပြောကြပေမယ့် Mastery ကိုလူသိနည်းပါတယ်။ Power နဲ့ Influence ဟာအရမ်းကောင်းတဲ့အရာတွေဖြစ်ပေမယ့် သင့်ကိုယ်ပိုင်ကျွမ်းကျင်မှု (Mastery)သာမရှိရင်ဒါတွေဟာရေရှည်တည်တံ့မှာမဟုတ်ပါဘူး။ ပညာရပ်တစ်ခုမှာ သူမတူအောင်တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှုကသာ အခွင့်အလမ်းကောင်းတွေသင့်ဆီကိုအလိုလိုရောက်ရှိလာစေမှာပါ။
😱ဇွဲရှိမှုတစ်ခုတည်းကအဖြေမဟုတ်ပါဘူး။ ရေတွင်းတူးတဲ့အချိန်မှာ
- ပေ၂၀၀ ရှိတဲ့တွင်းတစ်ခုတူးတာ
- ပေ၂၀ ရှိတဲ့တွင်း ၁၀ခု တူးတာ
ဘယ်တွင်းကရေထွက်မယ်လိုထင်သလဲ ?
🔥Mastery ဟာဒီလိုမျိုး မေးခွန်းတွေအတွက်အဖြေပါ။
Jack Of All Trade, Master of None ဖြစ်တာထက် Special Knowledge တစ်ခုကိုပိုင်ဆိုင်ပြီး တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှုနဲ့ ဘယ်သူမှယှဉ်ပြိုင်လိုမရနိုင်မယ့် Ultimate အရည်အချင်းတစ်ခုကိုရရှိဖိုအတွက်ဒီစာအုပ်မှာ ပါတဲ့ 7 Rules of mastery ကိုလေ့လာကြည့်ရအောင်။
🔎1.မင်းရဲ့သိချင်စိတ်အနောက်ကိုလိုက်လေ့လာစူးစမ်းပါ။
သင့်ဘယ်အကြောင်းကိုအရမ်းသိချင်သလဲ ? သင်အားမစိုက်ထုတ်ရပဲနဲ့စူးစမ်းချင်တဲ့အရာကဘာလဲဆိုတာကိုရှာဖွေပြီး ဒီသိချင်စိတ်ကိုမွေးမြူပါ။
🎭2.အရင်အတုယူပါ။ပြီးမှတီထွင်ဖန်တီးပါ။
Apple ကိုမတီထွင်ခင်က Steve Jobs က Xerox ကိုလေ့လာခဲ့တယ်။တီထွင်ဖန်တီးမှုမပြုခင်အခြေခံသဘောတရားကိုအတူယူနားလည်သဘောပေါက်ဖိုလိုအပ်ပါတယ်။
📖3.အာရုံစူးစိုက်ပြီးလေ့လာမှုကိုပြုလုပ်ပါ။
အပေါ်ယံလေ့လာမှုနဲ့သာယာမနေပါနဲ့ ပညာရပ်ရဲ့လျှိဝှက်ချက်တွေ၊ တခြားသူတွေမမြင်နိုင်တဲ့ရှုထောင့်တွေကနေလေ့လာဆည်းပူပါ။
🔁4.”ပျင်းဖိုကောင်း”တဲ့အရာတွေကိုချစ်တတ်အောင်လုပ်ပါ။
ပျင်းဖိုကောင်းတဲ့ကြိမ်ဖန်များစွာပြုလုပ်မှုတွေကို မငြီးငွေ့ပါနဲ့။ စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းမှုကိုချစ်မြတ်နိုးခြင်းရဲ့ ရလဒ်တစ်ခုက Edisonရဲ့ မီးသီးကို အကြိမ်ပေါင်းတစ်ထောင်ကျော်အောင်တီထွင်မှုပါ။
⚡️5.မြန်မြန်မှားလေ မြန်မြန်တတ်လေ
အမှားလုပ်မိမှာကိုမကြောက်ပါနဲ့။ဘာမှမကြိုးစားတဲ့လူတွေပဲ အမှားမရှိတာပါ။လွဲချော်မှုတွေကိုသင်ခန်းစာအဖြစ်ယူပြီးသင့်ရဲ့ ကျွမ်းကျင်မှုကိုအဆင့်မြှင့်ပါ။
🧠6.မင်းရဲ့ Instinct ကိုယုံကြည်ပါ။
ကျွမ်းကျင်မှုရှိလာတာနဲ့အမျှ သင့် ဦးနှောက်ကဆုံးဖြတ်ချက်တွေချဖိုပိုလွယ်ကူလာပါတယ်။အချိန်ယူစဉ်းစားစရာမလိုပဲ ကျွမ်းကျင်မှုကနေရရှိတဲ့လေးနက်တဲ့ဆုံးဖြတ်ချက်တွေကိုလျင်မြန်စွာချနိုင်တဲ့ instinct ဟာ Mastery ရဲ့ခြေလှမ်းအစတစ်ခုပါ။
⌛️7.ရေရှည်ကိုတွေးပါ
Mastery ဟာ နေ့ချင်းညချင်းအောင်မြင်မှုကိုရစေမှာမဟုတ်ပါဘူး။ပညာရပ်တစ်ခုကိုကျွမ်းကျင်ဖိုအတွက်အချိန်၊ခွန်အား စတဲ့အရာတွေကိုပေးဆပ်ပြီးရေရှည်တည်တံ့တဲ့အကျိုးဖြစ်ထွန်းစေမယ့် Skill Set တစ်ခုပါ။
Mastery ဟာပါရမီရှင်တွေအတွက်သီးသန့်မဟုတ်ပဲ ရေရှည်လေ့လာသင်ယူမှုကို အမှန်တကယ်အာရုံစိုက်နိုင်သူတွေအတွက်ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကိုစီမံခန့်ခွဲတာ၊ တယ်လီဖုန်းပြင်တာ, Code ရေးတာစသည်ဖြင့် ဘယ်ပညာရပ်မဆို Mastery အဆင့်အထိတတ်မြောက်သွားပြီဆိုရင် သင်လိုချင်တဲ့ Influence, Respect ဆိုတဲ့အရာတွေသင့်ဘေးနားကိုအလိုလိုရောက်ရှိလာပါလိမ့်မယ်။
ဆရာတစ်ယောက်ဖြစ်ဖို Mastery Skill တွေကိုပိုင်ဆိုင်ဖိုအဆင်သင့်ဖြစ်ပြီလား ?
အခုပဲစလိုက်ကြရအောင်……
-
Add to cart
“ကိုယ့်စိတ်ကို ကိုယ်နိုင်တာက အောင်မြင်မှုတစ်ခုပါ”
1️⃣ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိခဲ့တယ်။ သူ့ကို ကိုတစ် လိုခေါ်ကြပါစို။
သူကအရောင်းသမားတစ်ယောက်။ဘယ် ကုန်ပစ္စည်းကိုမဆို လူတိုင်းနီးနီးကို စကားလုံးလေးတွေနဲ့ဆွဲငင်ပြီး အမြဲတမ်း Target ထက်ကျော်အောင်ရောင်းတတ်တဲ့သူ။ သူ့ဆီက ပညာတွေအများကြီးကျွန်တော်သင်ခဲ့တယ်။ဒါပေမယ့် သူကအရောင်းကိစ္စကလွဲပြီး ကျန်တာတွေပြောရင်ဘယ်တော့မှစိတ်မဝင်စားဘူး။ “ငါနဲ့မဆိုင်တာတွေ ငါမလုပ်ချင်ဘူး” ဆိုပြီးအမြဲပြောပြီးရှောင်သွားတတ်တယ်။2️⃣နောက်မိတ်ဆွေတစ်ယောက်ကလည်းအရောင်းသမားတစ်ယောက်ပဲ။ သူ့ကို ကိုနှစ် လိုခေါ်ကြမယ်။
သူကျတော့အရာအားလုံးကို နှံစပ်တယ်။ ဟိုစပ်စပ် ဒီစပ်စပ်လည်း လိုက်လေ့လာသလို စူးစမ်းမှုအားလည်းကောင်းတယ်။ သူအမြဲပြောတတ်တာက “ငါသိသမျှအရာတိုင်းက ငါ့အတွက်တစ်ချိန်အကျိုးဖြစ်ထွန်းမှာပဲ” ဆိုပြီး ပြောတယ်။ စာလည်းအရမ်းဖတ်သလို တစ်ရုံးလုံးမှာလည်းသူမပါတဲ့အလုပ်မရှိသလောက်ပဲ။✅️သူတိုနဲ့ ဆယ်စုနှစ်တစ်ခုနီးပါကြာ ခွဲခွာပြီးတော့ ပြန်တွေ့တဲ့အချိန်မှာ ကိုတစ် ကတော့ ဝန်ထမ်းဘ၀မှာပဲနေပြီးတော့ ကိုနှစ်ကတော့ ဝန်ထမ်းနှစ်ဆယ်ကျော်နဲ့ ဆိုင်နှစ်ဆိုင်ပိုင်တဲ့လုပ်ငန်းရှင် တစ်ယောက်ဖြစ်နေပြီ။ ကျွန်တော်နဲ့ အတူတူ တစ်ဆိုင်ထဲထိုင် ကော်ဖီအတူတူသောက်ခဲ့တဲ့ သူနှစ်ယောက်ကဘာကြောင့် ဆယ်နှစ်အတွင်း မတူညီတဲ့ဘ၀တွေကို ပိုင်ဆိုင်သွားကြတာလဲ ??
🧠Fixed Mindset Vs Growth Mindset
ကိုတစ် လိုလူမျိုးကို Fixed Mindset သမားလိုခေါ်ပြီး
ကိုနှစ် ကိုကျတော့ Growth Mindset လိုခေါ်ပါတယ်။😶🌫️Fixed Mindset ရှိတဲ့သူတွေ
ကိုတစ် လိုမျိုးလူတွေဟာ သူတိုဆီမှာရှိတဲ့ Skill တွေဟာ လုံလောက်နေပြီလိုတွေးတဲ့အထိအလုပ်လုပ်ကြပါတယ်။ အခက်အခဲတွေက လွတ်မြောက်ရုံ ပြသနာတွေကိုရှောင်ရှားနိုင်ရုံ နဲ့ အေးအေးဆေးဆေးနေဖို အမြဲတွေးကြပါတယ်။ Skill နဲ့ Talent ဟာ မွေးရာပါအရည်အချင်းဖြစ်ပြီး ပြောင်းလဲလိုမရဘူးဆိုတဲ့အတွေးမျိုးနဲ့ နေထိုင်ကြပြီးတော့ ကိုယ့်ကျွမ်းကျင်ရာ Comfort Zone လေးထဲမှာပဲ ကျင်လည်ဖို ကြီုးစားကြပါတယ်။🧘♂️Growth Mindset ရှိတဲ့သူတွေ
ကိုနှစ်လိုမျိုးသူတွေက ငါသင်လိုမတတ်တဲ့အရာမရှိဘူးဆိုပြီး အမြဲတမ်း သင်ယူဖိုကြိုးစားနေတဲ့သူတွေပါ။ Growth Mindset ရှိတဲ့သူတွေအတွက် အခက်အခဲတိုင်းဟာ သူတိုကို Level တက်စေတဲ့ လှေခါးထစ်တွေပါပဲ။ ရုန်းကန်မှုအခက်အခဲတစ်ခုရှိတိုင်း ကျော်ဖြတ်ဖို Skill တွေကို ရယူနိုင်ဖို အမြဲကြိုးပမ်းတတ်တဲ့ အမူအကျင့်ဟာ သူတိုရဲ့ အောင်မြင်မှုကို တစ်ချိန်မှာ ရယူနိုင်စေပါတယ်။🌍Growth Mindset ရနိုင်တဲ့နည်းလမ်းတွေ
နှစ်ပေါင်းသုံးဆယ်ကျော် လူတွေရဲ့ Mindset ကိုလေ့လာခဲ့တဲ့ စာရေးဆရာ Dr. Carol S.Dweck က သူ့ရဲ့ စာအုပ် “Mindset” ထဲမှာ အောင်မြင်တဲ့သူတိုင်းမှာရှိတဲ့ “Growth Mindset” အကြောင်းကိုသေသေချာချာနှံနှံစပ်စပ်ရေးသားထားပါတယ်။ ချောင်ပိတ်မိနေပြိလိုထင်နေတဲ့စိတ်ကို ကိုယ်တိုင်ဘယ်လိုပြောင်းလဲနိုင်သလဲ, ကြံကြံခံနိုင်တဲ့စိတ်ဓာတ်ကိုဘယ်လိုမွေးမြူရမလဲ, ကိုယ်လိုချင်တဲ့ ဘ၀ကို ကိုယ်တိုင်ယူနိုင်တဲ့ နည်းလမ်းတွေအများကြီးကို ဒီစာအုပ်ထဲမှာတွေ့ရမှာပါ။ကျွန်တော်တိုလိုချင်တဲ့ ဘ၀ကိုရရှိနိုင်ဖိုအတွက် အကြီးကြီးတွေပြောင်းလဲစရာမလိုပဲ Mindset ကလေးတစ်ခု ပြောင်းလိုက်ရုံနဲ့ အရာရာအားလုံးသင့်အတွက်ဖြစ်လာမဲ့သော့ချက်တွေကို လက်ဝယ်ပိုင်ဆိုင်လိုက်ပါ။

















