Category: Self Development
Showing 81–96 of 124 results
-
Add to cart
“ချမ်းသာကြွယ်၀မှုက နေစပြီး ကျန်းမာမှုနဲ့ ပျော်ရွှင်မှု ဟာ ကျွန် တော်တို ဘ၀မှာအစဥ်လိုက်အတိုင်းရှာဖွေဖိုကြိုးစားတဲ့အရာသုံးခုဖြစ်တယ်။ ဒါပေယ့်သူတို့တွေရဲ့တကယ်အရေးကြီးမှုက ပျော်ရွှင်မှုကနေစပြီး ပြောင်းပြန်စပါတယ် ” – Naval Ravikant
“The three big ones in life are wealth, health, and happiness. We pursue them in that order, but their importance is reverse.” – Naval Ravikant💭ကျွန်တော်တို့နေကောင်းကျန်းမာနေတဲ့အချိန်မှာ ပျော်ရွှင်ဖိုအတွက် အများကြီးလိုအပ်တယ်( ဥပမာ ကော်ဖီဆိုင်ထိုင်ချင်တာ၊ မာလာရှမ်းကောစားချင်တာ ) စသည်ဖြင့်ပေါ့။ ဒါပေမယ့် နေမကောင်းတဲ့အချိန်မှာပျော်ရွှင်ဖိုအတွက် တစ်ခုပဲလိုတယ်၊ နေပြန်ကောင်းလာဖိုပဲ။
“ Desire is a contract you make with yourself to be unhappy until you get what you want “ – Naval Ravikant
မင်းလိုချင်တာတစ်ခုထဲရှိရင် Universe က မင်းလိုချင်တာကိုအမြန်ရအောင်ဖန်တီးပေးလိမ့်မယ်။ မင်းလိုချင်တာ အမျိုးတစ်ရာလောက်ဖြစ်နေရင်တော့ Universe ကမင်းကိုသူအဆင်ပြေတဲ့အရာကိုပဲရွေးချယ်ပေးလိမ့်မယ်။🕊“Peace is happiness at rest, and happiness is peace in motion.”
ပျော်ရွှင်မှုဟာ ဒီရေလိုမျိုးအတက်အကျရှိတယ်။ ငြိမ်းချမ်းခြင်းဟာ တည်ငြိမ်မှုကိုပေးစွမ်းတယ်။ Hedonic Happiness တွေဟာ ဘယ်တော့မှအဆုံးမသတ်ပါဘူး။ လစာလေး ဆယ်သိန်းရောက်ရရင် အဆင်ပြေပါပြီ -> ဆယ်သိန်းရတဲ့အခါ -> အိမ်လေးတစ်လုံးဝယ်နိုင်ရင်အဆင်ပြေပါပြီ -> အိမ်လေးပိုင်လာတဲ့အခါ -> ကားလေးတစ်စီးလောက် စသည်ဖြင့် ဘယ်တော့မှမရပ်တန့်ပါဘူး။ ရောင့်ရဲတင်းတိမ်နိုင်ခြင်းနဲ့ ငြိမ်းချမ်းမှုဟာ သင့်နေ့တိုင်းကိုအဓိပ္ပါယ်ရှိစွာနဲ့ဖြတ်သန်းနိင်မယ့်ပျော်ရွှင်မှုပါပဲ။🙏“Happiness requires presence”
ပစ္စုပ္ပန်မှာနေထိုင်ပါ။ အတိတ်ကိုနောင်တရ၊ အနာဂတ်ကိုစိုးရိမ်၊ ပစ္စုပ္ပန်မှာဖုန်းပွတ် ရုပ်ရှင်ကြည့်စသည်ဖြင့် ဦးနှောက်နဲ့မျက်လုံးကိုအနားမပေးပဲ Information overload တွေဖြစ်ပြီး “ ငါမပျော်ဘူး “ လိုအော်နေလို စိတ်ချမ်းသာလာမှာမဟုတ်ပါဘူး။ ဦးနှောက်ကတွေးချင်နေတဲ့အရာအားလုံးကိုခဏလောက်ရပ်တန့်ထားပြီး သင့်ဘေးနားမှာရှိတဲ့အရာ၀ထ္ထုသေးသေးလေးတွေ (ဥပမာ လေတိုးသံ,အသက်ရှုသံ) ကို ခံစားကြည့်ပါ။ ဒါလေးတွေနဲ့အတူနေတတ်လာရင် သင်လိုချင်တဲ့ ပြည့်စုံခြင်းဆိုတဲ့အရာကိုရပါလိမ့်မယ်။💵💵💵ကြွယ်၀ချမ်းသာမှုကိုဖန်တီးခြင်း💵💵💵
“ Building Wealth “⏲️မင်းရဲ့ကိုယ်ပိုင်အချိန်ကိုလူများကိုဌားပေးနေသရွေ့ ဘယ်တော့မှမင်းချမ်းသာမှာမဟုတ်ဘူး။
“You’re never going to get rich renting out your time”.
လူတွေလက်ခံထားတဲ့ဥပမာတစ်ခု တစ်ရက်ဆယ်နာရီအလုပ်လုပ်ရင် ဆယ်နာရီစာဝင်ငွေပြန်ရမယ်၊ ကြိုးစားသလောက်အရာထင်မယ် စသည်ဖြင့်ပေါ့။
ဒါ တကယ်မှန်ရဲ့လား ?
လမ်းထိပ်ကဆိုက်ကားသမားကြီးလည်းနေ့တိုင်း တစ်ရက် ဆယ်နာရီလောက်ဆိုက်ကားနင်းနေတာဆယ်နှစ်ကျော်နေပြီ၊ ဒါပေမယ့်အခုချိန်ထိသူကားမစီးနိုင်သေးဘူး။
လွန်ခဲ့တဲ့သုံးနှစ်ကလစာ နှစ်သိန်းခွဲရတဲ့အလုပ်ကထွက်ပြီး လုပ်ငန်းလေးစထောင်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က အခုလုပ်ငန်းနှစ်ခု နဲ့ ကားတစ်စီးပိုင်နေပြီ။
ဘာကွာခြားလဲ ?
“Quality is more important than Quantity” အလုပ်မှာပိုမိုကောင်းမွန်အောင်လုပ်နိုင်တဲ့အရည်အသွေး (Quality) ဟာ အလုပ်တစ်ခုမှာ သင်အချိန်ဘယ်လောက်ကြာကြာပိုလုပ်သလဲ ( Quantity ) ထက်ပိုအရေးကြီးပါတယ်။🏗“Learn to Sell, Learn to Build. If you can do both, you’ll be unstoppable”
ရောင်းတတ်အောင်သင် ဒါမှမဟုတ် တည်ဆောက်တတ်အောင်သင် ။ နှစ်ခုလုံးကိုမင်းတတ်ကျွမ်းရင် ဘယ်အရာမှမင်းကိုမတားဆီးနိုင်တော့ဘူး။
လူတိုင်းဟာမွေးကတည်းက Talent တစ်ခုတော့ရှိကြတယ်။ အခြားသူတွေအတွက်က ခက်ခဲနေပေမယ့် သူ့အတွက်ကအရမ်းလွယ်ကူနေတဲ့အရာမျိုး ( ဥပမာ သီချင်းဆိုတာ၊ ဆက်ဆံရေးကောင်းမွန်တာ )ဖြင့်ပေါ့။သူများတွေအတွက်အလုပ်လုပ်သလိုခံစားရပေမယ့် သင့်အတွက် အပျော်ကစားနေတယ်လိုခံစားရစေတဲ့အလုပ်မျိုးကို အာရုံစိုက်ပါ။တစ်ရက်ကို 16 နာရီလောက် သင်အတွက်ပျော်ရွှင်စေတဲ့အလုပ်ကို ဘယ်သူကမှ တစ်ရက်ဆယ်နာရီဆက်တိုက်အလုပ်လုပ်ပြီးရေရှည် မယှဉ်ပြိုင်နိင်ပါဘူး။📈“Compound Interest”
Compound Interest လိုပြောတာနဲ့ ပထမဆုံးက Money အတွက်ဆိုပြီးမြင်ကြတယ်။ ဒါပေမယ့် Compound Interest ကို Networking, business relationship နဲ့ reputation အပိုင်းတွေမှာပါသုံးလိုရပါတယ် လို Naval ကပြောထားပါတယ်။
“ Intentions don’t matter. Action do. That’s why being ethical is hard”.သင့် ပတ်ဝန်းကျင်ကိုယုံကြည်မှုရှိစေတဲ့ Trust နဲ့ Integrity ကိုတည်ဆောက်ခြင်းဟာ Social Ladder ရဲ့ထိပ်ကိုအမြန်ဆုံးရောက်ရှိစေပါလိမ့်မယ်။✍️ဒီစာအုပ်ထဲမှာပါတဲ့အရာတွေကို Full Content အဖြစ်ပြန်ရေးရင်တောင် နောက်စာအုပ်တစ်အုပ်စာလောက်ရှည်သွားနိုင်ပါတယ်။ တကယ့် Practical Knowledge တွေအများကြီးကို Condense ဖြစ်အောင်ပေါင်းစုထားတဲ့ အတွက် ဒီစာအုပ်ထဲက Knowledge တွေဟာ တကယ်ကိုများပါတယ်။ စာအုပ်သာမက လောကကြီးအကြောင်း၊ ပျော်ရွှင်မှုရဲ့အကြောင်း၊ဘ၀ရဲ့ အဓိပ္ပါယ်၊သင့်ကိုယ်သင် ဂရုစိုက်နည်းအစရှိတဲ့ Naval ရဲ့
နှစ်လေးဆယ် Experience ကို နှစ်နာရီအတွင်းမှာ ရနိုင်တဲ့ Joe Rogan နဲ့ Podcast ကိုဒီမှာ နားထောင်ပါ->https://www.youtube.com/watch?v=3qHkcs3kG44
🏈America ကိုအသက်ကိုးနှစ်အရွယ် immigrant တစ်ယောက်အနေနဲ့ရောက်လာတဲ့ ဘ၀ကနေ ကုမ္မဏီပေါင်း 362 ခုကို angel investor ဖြစ်အောင်ကြီုးစားခဲ့တဲ့ Naval Ravikant ရဲ့ ဘ၀လမ်းမှာ ငွေကြေးကြွယ်၀မှုသာမက၊ ဘ၀ရဲ့ လမ်းကြောင်းကိုရွေးချယ်နည်း၊ကံကောင်းအောင် နေထိုင်နည်း၊ ငြိမ်းချမ်းမှုနဲ့ နေထိုင်နိုင်ခြင်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။ Biography တစ်ခုကိုဖတ်ရတာထက် Naval ရဲ့ Tweet Storm တွေ Podcast တွေထဲကအရေးပါတဲ့အချက်တွေကို ကျစ်ကျစ်လစ်လစ်စုစည်းထားတဲ့အတွက် ကိုယ်လိုချင်တဲ့အပိုင်းတွေကိုမှတ်သားရတာပိုမိုအဆင်ပြေစေမှာပါ။Naval ရဲ့စာအုပ်ကလေးဟာ သင့်ရဲ့ ဘ၀ကိုလျှောက်လမ်းတဲ့အချိန်မှာ ဥစ္စာဓနသာမက ငြိမ်းချမ်းပျော်ရွှင်မှုနဲ့ နေထိုင်နိုင်တဲ့ဘ၀ကို လမ်းညွှန်မှုတွေဖြစ်ပါစေ။
📕Book Title – The Almanack of Naval Ravikant : A Guide to Wealth and Happiness
🔖Author – Eric Joregenson
🪙Price – 19,500 MMK ( Premium++ Quality, Hard Cover, Creamy Paper) -
Add to cart
Miyamoto Musashi ရဲ့ The Book of Five Rings ထဲက နည်းဗျူဟာ ငါးချက်
1. Do not think dishonestly
ရိုးသားစွာတွေးခေါ်မှုရှိပါ။
ကိုယ်လိုချင်တဲ့ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ဖို ကိုယ့်ကိုယ်ကိုအရင်ဆုံးမညာမိအောင်နေရပါမယ်။ ကိုယ့်အားနည်းချက်တွေကို ကိုယ်တိုင်လက်ခံနိုင်တဲ့သတ္တိကိုမွေးမြူပြီး ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို ကိုယ်တိုင်ကတိပြုပါ။ အသိပညာနဲ့ စဉ်ဆက်မပြတ်တိုးတက်မှုဟာ တစ်ဘ၀လုံးအတွက် မာရသွန်ပြေးပွဲတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တိုအားနည်းချက်တွေကို ကိုယ်တိုင်လက်ခံပြီးပြင်ဆင်နိုင်ရပါမယ်။2. The Way is in training
သင်သွားမဲ့လမ်းဟာ လေ့ကျင့်ခြင်းမှာရှိတယ်။
ကြိုတင်လေ့ကျင်ပြင်ဆင်မှုဟာ အောင်မြင်မှုသေချာစေနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ Olympic ကစားသမားတစ်ယောက်ဟာ ပွဲမတိုင်ခင် အချိန်တွေကတည်းကနေ့စဉ်စဉ်ဆက်မပြတ် အောင်မြင်အောင်လေ့ကျင့်မှသာ ရွှေတံဆိပ်ဆွတ်ခူးနိုင်မှာဖြစ်မှာပါ။ သင်သွားချင်တဲ့လမ်းကိုသေချာပေါက်ရောက်ရှိစေဖိုအတွက် ကျွမ်းကျင်တဲ့အရာကို ထပ်ခါတလဲလဲလေ့ကျင့်နေဖိုလိုအပ်ပါတယ်။3. Become Acquainted with Every art
ပညာရပ်တိုင်းနဲ့ရင်းနှီးကျွမ်းဝင်မှာရှိအောင်လုပ်ပါ။
“ငါကတော့ ဘာဖြစ်လို”,”ငါကတော့ ဘာလုပ်တာ” စသည်ဖြင့် မိမိကိုယ်ကိုယ် လှောင်အိမ်ထဲမထည့်ထားပါနဲ့။ “ဆုပ်ကိုင်ထားခြင်းဟာ ရှုးနိမ့်ဖိုဖြစ်ပြီး လွတ်လပ်ခြင်းဟာ အောင်မြင်ဖိုအတွက်ဖြစ်တယ် “ ဆိုတဲ့စကားကို Musashi ကပြောထားပါတယ်။ ပွင့်လင်းမြင်သာသောစိတ်ဓာတ်နဲ့ အတူ ပညာရပ်တွေရဲ့ကောင်းခြင်းဆိုးခြင်းကိုသိရှိပြီး မိမိသွားလိုသောလမ်းမှာ အထောက်အကူဖြစ်အောင် အသုံးချပါ။4. Distinguish Between gain and loss
အောင်မြင်မှုနဲ့ ရှုးနိမ့်မှုကိုခွဲခြား သိမြင်ပါ။
ရှုးနိမ့်မှု၊ ကျရှုးမှုတွေအတွက် ဝမ်းနည်းပူဆွေးမှုမှာ အချိန်တွေအလဟသမကုန်ပါစေနဲ့။ ထိုနည်းတူစွာ အောင်မြင်မှုမှာယစ်မူးပြီး မိမိသွားမယ့်လမ်းကြောင်းကနေသွေဖီစေမယ့်အရာတွေကိုလည်းမလုပ်ပါနဲ့။ လောကကြီးက ကျွန်တော်တိုလိုအပ်တဲ့ သင်ခန်းစာတွေကိုအောင်မြင်မှု (သို) ရှုးနိမ့်မှု နဲ့ အတူ ယူဆောင်လာပေးတဲ့အချိန်မှာ ကျေနပ်စွာလက်ံခံနိုင် တဲ့ခွန်အားရှိအောင်ကြိုးစားပါ။5. Perceive the Unseen
“in perception of abilities and intentions, we see both the existent and the non existent”
“အရည်အချင်းနဲ့ ရည်ရွယ်ချက်မှာရှိတဲ့ မြင်ရ/မမြင်ရတဲ့အရာ နှစ်ခုလုံးကို ငါတိုသိမြင်ရမယ်”
မြင်ရတဲ့အရာနဲ့ပဲမဆုံးဖြတ်ပါနဲ့ မမြင်ရတဲ့အရာတွေကိုလည်း သိရှိနိုင်တဲ့ စိတ်ကိုမွေးမြူပါ။ မြင်ရတဲ့အရာတိုင်းဟာ လှည့်စားဖိုဖြစ်ပြီး မမြင်ရတဲ့အရာတွေဟာ ဖုံးကွယ်ထားဖိုဖြစ်တယ်။ ရှိခြင်း/မရှိခြင်း, အဆိုး/အကောင်း, အကျိုး/အကြောင်း အရာအားလုံးဟာ အတူတကွဒွန်တွဲတည်ရှိနေတာကိုသတိပြုပါ။💪သာမာန်လူတွေယှဉ်ပြိုင်လိုမရတဲ့ လက်တွေ့ကျတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို The Book of Five Rings ရဲ့လက်တွေ့ကျတဲ့ နည်းပညာနဲ့တည်ဆောက်ပါ။ နာမည်ကြီး Samuari တစ်ယောက်ဖြစ်တဲ့ Miyamoto Musashi (1584 – 1645) ရဲ့ The Book of Five Rings ဟာနေ့စဉ် စိတ်ခေါ်မှုတွေနဲ့ထိုးသတ်နေရတဲ့ သူတွေအတွက် ကြက်ပေါင်းရည်တစ်ခွက်လို အားအင်ပြည့်၀မှုကို ပေးစွမ်းမှာပါ။ “ The way is in the Training” “သင်သွားလိုတဲ့လမ်းဟာ စဉ်ဆက်မပြတ်လေ့ကျင့်မှုမှာရှိတယ်” ဆိုတဲ့ သူ့စကားလိုမျိုး သင်လိုအပ်တဲ့ Skill နဲ့အရည်အချင်းတွေကို နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ Ronin Samurai ကြီးတစ်ယောက်ဆီကနေ ရယူလိုက်ပါ။
-
Add to cart
“I think it is possible for ordinary people to choose to be extraordinary.”
-Elon Musk
သာမာန်လူတွေအားလုံးဟာ ပိုမိုထူးခြားတဲ့လူတွေဖြစ်လာဖိုအတွက် ရွေးချယ်ပိုင်ခွင့်ရှိတယ် လိုကျွန်တော်ထင်တယ်
-Elon Musk🔸အောင်မြင်မှုဆိုတဲ့အရာအနောက်ကိုသင်လိုက်ခဲ့တယ်။ ရာထူးတစ်ခု၊ လုပ်ငန်းတစ်ခု၊ ကိုယ်ပိုင် အိမ်လေးတစ်လုံးနဲ့ ကားတစ်စီးစသည်ဖြင့် သင့်သတ်မှတ်ချက်နဲ့အထိုက်အလျောက်အောင်မြင်တဲ့နေရာတစ်ခုကိုရောက်နေတယ်လိုသင်တွေးနေတယ်။ အောင်မြင်တယ်ဆိုတာကိုသက်သေပြနိုင်တဲ့အရာတွေလက်ထဲမှာရှိနေလျက်နဲ့ ဘာကြောင့် သင်ပိုင်ဆိုင်နေတဲ့အောင်မြင်မှုတွေဟာ အဓိပ္ပါယ်မရှိသလိုခံစားနေရတာလဲ ?
🔸အခုဖုန်းကိုကြည့်နေရင်းနဲ့စဉ်းစားလိုက်ပါ။ မနက်ဖြန်မှာလည်း ဒီအခက်အခဲ၊ နောက်ထပ်ပြသနာတွေဖြေရှင်းစရာတွေကတန်းစီစောင့်နေတယ်။ အိပ်ရာနိုးတာနဲ့ အလုပ်သွား အိမ်ပြန် စက်ရုပ်တစ်ရုပ်လို အချိန်မှန်လည်ပတ်နေရတဲ့ဘ၀ကို အောင်မြင်နေတယ်တယ်လိုခံစားမိသလား ? ဒီထက်ပိုပြီး ဘ၀မှာ သင်လိုချင်တဲ့အရာတွေထပ်ရှိနေသေးသလား ?
အောင်မြင်မှုဟာ သဲလွန်စတွေအမြဲချန်ထားခဲ့လေ့ရှိသလို သာမာန်ထက်ပိုထူးခြားတဲ့သူတွေဟာလည်း သူတိုတွေလိုက်နာကျင့်သုံးခဲ့တဲ့Codeတွေရှိပါတယ်
ဒီလိုထူးခြားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ဖိုအတွက်
🔸ပတ်ဝန်းကျင်ကပုံသွင်းထားတဲ့ ပုံစံခွက် (The Culturescape) ထဲက သောက်တလွဲအလေ့အကျင့်တွေ ( Brules )
🔸မတည်ဆောက်ခင်မှာလှလှပပဖျက်ဆီးနိုင်ဖိုအတွက် ( The Beautiful Destruction )
🔸ကောင်းမွန်စွာစနစ်တကျတည်ဆောက်နိုင်ဖို ( The Conciousness Engineering )
🔸ကြည်နူးစွာရှေ့ဆက်လျှောက်မဲ့လမ်းအတွက် ( Blisscipline )
🔸ကိုယ်တိုင်ဖန်တီးမဲ့အမှန်တရား ( Creating your own reality )
🔸ပိုမိုထူးခြားတဲ့စိတ်ထားနဲ့ အတူနေထိုင်ခြင်း ( Living with the Extraordinary Mind )
တွေကို Vishen Lakhiani ရေးတဲ့ The Code of the Extraordinary Mind စာအုပ်ထဲမှာတွေ့နိုင်ပါတယ်။လူတစ်ယောက်ကိုထိန်းချုပ်ထားတယ်ဆိုတာကို မသိစေချင်ရင် သူ့ကိုထိန်းချုပ်ထားမှန်းမသိအောင် လွတ်လပ်ခွင့်ပေးရတယ်ဆိုသလိုမျိုး သင့်ရဲ့လွတ်လပ်ခွင့်တွေဟာ ပတ်ဝန်းကျင်ရဲ့ပုံစံခွက်နဲ့လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကို ကန့်သတ်နေတာသတိထားမိသလား ?
ဘယ်အရာတွေကိုမေးခွန်းမထုတ်ပဲ ငါမျက်လုံးစုံမှိတ်ပြီး ယုံကြည်ခဲ့သလဲဆိုတာကို မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်ပါ။ လူတွေသတ်မှတ်တဲ့အောင်မြင်မှုဟာ သင်တကယ်လိုချင်ခဲ့တဲ့အရာဟုတ်ရဲ့လား ? ဒါတွေကို လွှတ်ချလိုက်ရင် ဘာဆက်ဖြစ်မလဲ ?🔸ထူးခြားတဲ့စိတ်ဓာတ်ရှိတဲ့သူတွေဟာ လူတွေရဲ့ခွင့်ပြုချက်ကိုစောင့်မနေတတ်ပါဘူး။ သူတိုရဲ့ယုံကြည်မှုတွေကိုကိုယ်တိုင်မေးခွန်းထုတ်၊ မလိုအပ်တာတွေကိုရိုက်ချိုးပြီး ပိုမိုကောင်းမွန်တဲ့အရာကိုပြန်လည်တည်ဆောက်နိုင်ကြပါတယ်။
Mindvalley ရဲ့ Founder and CEO ဖြစ်တဲ့ Vishen Lakhiani ရဲ့ The Code of the Extraordinary Mind စာအုပ်ဟာ သမားရိုးကျတွေးခေါ်နည်းကနေခွဲထွက်ပြီး ပုံစံသွင်းခံထားတဲ့ပတ်ဝန်းကျင်ကနေရုန်းထွက်ဖို နည်းလမ်းတွေကိုအဓိကထားရေးထားထားပါတယ်။ New York Times ရဲ့ Bestseller ဖြစ်တဲ့ဒီစာအုပ်ကိုဘာသာစကား 20 ကျော်အထိ ဘာသာပြန်ထုတ်ဝေခဲ့ရပြီး မိမိပိုင်ဆိုင်တဲ့ဘ၀ကိုစိတ်ကြိုက် ပုံသွင်းဖို ရှေးရိုးစွဲအယူဝါဒဟောင်းတွေကနေလွတ်မြောက်ဖိုအတွက်နည်းလမ်းတွေကို ရှာဖွေကြည့်လိုက်ပါ။
-
Add to cart
“တိုးတက်မှုက Comfort Zoneရဲ့အပြင်မှာရှိတယ်။Comfort Zone ထဲကနေမင်းရုန်းထွက်ဖို့လိုတယ်။ Comfort Zone ဟာ မင်းရဲ့ရန်သူပဲ။”
တစ်ချိန်တုန်းကဒီစကားကို ကျွန်တော်တပ်တပ်မက်မက်ယုံကြည်ခဲ့တယ်။ ဒါကြောင့်လည်း သက်တောင့်သက်သာဖြစ်အောင် တယ်ဆိုတာကိုရှက်စရာလို့ခံစားမိခဲ့တယ်။အမြဲတမ်း “ငါကြိုးစားနေတာမလုံလောက်သေးဘူး” ဆိုတဲ့အကြောင်းပြချက်နဲ့ Stress ရှိရင်တိုးတက်နေတာ။အနားယူတယ်ဆိုတာပျော့ညံ့တဲ့သူတွေအတွက်ဆိုပြီးယုံကြည်ခဲ့တယ်။
ဒါကအမှန်မဟုတ်ဘူးလို့ပြောရင် သင်ဘယ်လိုတုန့်ပြန်မှာလဲ?
“တိုးတက်မှု အစစ်အမှန်ဆိုတာ ကိုယ်တထစ်ချယုံကြည်ထားတဲ့အရာကိုမေးခွန်းပြန်ထုတ်ပြီး ပြောင်းလဲမှုကိုလက်ခံရဲတဲ့သတ္တိပဲ “
ဒီစာအုပ်ကိုသူငယ်ချင်းက Recommend ပေးတဲ့အချိန်မှာ Title ကိုကြည့်ပြီး စိတ်ထဲတော့နည်းနည်း Doubt ဖြစ်မိသေးတယ်။ ဒါပေမယ့် ကိုယ့် Belief ကို challenge လုပ်ကြည့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖတ်ကြည့်မိလိုက်တဲ့အခါမှာ
👉Comfort (သက်တောင့်သက်သာဖြစ်မှု) ဆိုတာ ရန်သူမဟုတ်တဲ့အကြောင်း
👉ရေကုန်ရေခန်း ကြိုးစားမှုဟာ တစ်ခုတည်းသောနည်းလမ်းမဟုတ်တဲ့အကြောင်း
👉ငြိမ်းချမ်းမှုကိုရှာဖွေနိုင်တာလာလည်း တိုးတက်မှုဖြစ်တဲ့အကြောင်းကို နားလည်မိတယ်။
🔺 The S.E.E. Pyramid:တိုးတက်မှုအတွက် အုတ်မြစ်သုံးခု
စာရေးသူ Kristen Butler ကရှင်းလင်းပြတ်သားပြီး စိတ်ဓာတ်ခွန်အားပေးတဲ့ စာအရေးအသားနဲ့ S.E.E. Pyramid ဟာ တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေဖြစ်ကြောင်း ရှင်းပြထားပါတယ်-
1.Safety- စိတ်နဲ့ခန္ဒာလုံခြုံမှုကိုခံစားရတာဟာအခြေခံအုတ်မြစ်ပဲ။ မလုံခြုံမှုဟာသင့်ကိုရုန်းကန်နေရတယ်ဆိုတဲ့ Stress ကိုပေးတယ်။
2.Energy-လုံခြုံမှုကိုခံစားရတဲ့အချိန်မှာခွန်အားကိုပြန်ရရှိတယ်။မလိုအပ်တဲ့ Stress တွေမှာအားအင်ကုန်ခန်းနေမဲ့အစား Growth အတွက်ခွန်အားပြန်လည်စုစည်းနိုင်တယ်။
3.Expression-ခွန်အားအပြည့်နဲ့လုံခြုံမှုရှိတဲ့အချိန်မှာ ကြည်လင်ပြတ်သားမှု၊ဆန်းသစ်တီထွင်နိုင်မှု နဲ့ အမှန်တရားကိုလက်ကိုင်ထားပြီး သင်လိုချင်တဲ့တိုးတက်မှုအတွက် ရှေ့လှမ်းတက်နိုင်ပါပြီ။
🌱တိုးတက်ဖို့ကြိုးစားမှုဟာ ပူလောင်နေစရာမလိုပါဘူး။ ပန်းတွေလှပစွာပွင့်နိုင်ဖို့ အေးချမ်းတဲ့ ပတ်ဝန်းကျင်လိုအပ်သလို သင့်တိုးတက်မှုအတွက် ငြိမ်းချမ်းတဲ့ Zone တစ်ခုကိုကိုယ်တိုင်ဖန်တီးပါ။
Survival, Complacency နဲ့ Comfort Zone
ဘဝမှာ ကျွန်တော်တို့ရောက်ရှိတတ်တဲ့ Zone အမျိုးမျိုးကို လေ့လာကြည့်ရအောင်။
🚨တစ်နေကုန်အသားကုန်ကြိုးစားရုန်းကန်Hustleလုပ် ပြန်လာတော့ခြေကုန်လက်ပန်းကျ၊ ဒါတောင်အနားမယူနိုင်ပဲ အားအင်ကုန်ခန်းတဲ့အထိနေ့တိုင်းအလုပ်လုပ်နေရင် သင်ဟာ Survival Zone ထဲမှာရောက်နေတာပါ။ ကြိုးစားနေတယ်လို့တွေးပေမယ့် တကယ်တော့ Burnoutဖြစ်ဖို့သင့်ကိုယ်သင်တွန်းပို့နေတယ်ဆိုတာကိုမသိသေးပါဘူး။အချိန်တစ်ခုရောက်တော့မှ သင့်ခွန်အား၊ကျန်းမာရေး၊လူမှုရေးကိစ္စတွေဘယ်လောက်ထိဆုံးရှုံးခဲ့လဲဆိုတာသိရင် ပြင်ဖို့ခက်သွားပါပြီ။
❄️ မနက်မိုးလင်းအလုပ်သွား၊ ညနေကျပြန်လာပြီး တစ်ညလုံးဖုန်းပွတ်၊ ဇာတ်ကားကြည့်နေ့စဉ်လုပ်နေတယ်ဆိုရင်တော့ သင်ဟာ Complacency Zone ထဲမှာပါ။ လုံခြုံမှုကိုခံစားရပေမယ့် တိုးတက်မှုမရှိဘူး။ တစ်နေ့တာနာကျင်မှုကိုဖြေဖျောက်ဖို့အတွက် နေ့စဉ်အပန်းဖြေမှုကိုအားဆေးလိုသုံးစွဲနေရင် ဒီဘ၀မှာပဲ တဝဲလည်လည်ဖြစ်နေပါလိမ့်မယ်။
🌿Comfort Zone
ဘယ်သူ့မှဒါကိုတန်ဖိုးထားတတ်အောင်သင့်ကိုမပြဖူးဘူး။ဒီနေရာမှာလုံခြုံမှုကိုခံစားရလို တိုးတက်မှုလည်းရှိတယ်။ကြိုးစားမှု၊ခွန်အား နဲ့ အနားယူမှုတို့သာတူညီမျှမှုရှိပြီး ပြင်ပက Stress မုန်တိုင်းတွေဟာ သင့်စိတ်ထဲမှာလေပြေလေးတိုက်နေသလိုခံစားရလိမ့်မယ်။
ဒီ Comfort Zone ဟာပုံစံခွက်တစ်ခုထဲမှာရှိနေတာမဟုတ်သလို သင့်ရဲ့ကျွမ်းကျင်ပိုင်နိုင်စွာစီမံခန့်ခွဲနိုင်မှုပေါ်မူတည်ပြီး အများကြီးကျယ်ပြန့်လာနိုင်ပါတယ်။ တစ်ချိန်တုန်းက “အရင် Hustle လုပ်ပြီးမှ Healing လုပ်လို့ရတယ်” လို့ကျွန်တော်ယုံကြည်ခဲ့တယ်။ တကယ်တော့ Healing နဲ့ Hustling က Comfort Zone နဲ့မှာ အတူတကွရှိနေနိုင်တဲ့အရာကိုမျက်ဝါးထင်ထင်ဒီစာအုပ်လေးထဲမှာမြင်တွေ့ရမှာပါ။ အမြဲတမ်း “Hustle” လုပ်ဖို့ ဖိအားပေးခံနေရပြီး ပင်ပန်းနွမ်းနယ်နေသူတွေ ဒါမှမဟုတ် တိုးတက်မှုနဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုအပေါ် ကိုယ့်ရဲ့အမြင်တွေကို ပြန်လည်သတ်မှတ်ချင်သူတွေအတွက် ဒီစာအုပ်လေးကို Recommend ပေးပါရစေ။
ဒါဆို Burnout ခဏခဏဖြစ်အောင်တွန်းပို့နေတဲ့Hustle Culture ကလွတ်မြောက်ပြီး ကောင်းမွန်တဲ့ Zone တစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်ဖို့ ပထမဆုံးခြေလှမ်းကိုစလိုက်ကြရအောင်။
-
Add to cart
95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓
သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍
သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛️
သူဟာအသုံးချခံဖိုဝန်မလေးသလို။⚖️
သူဟာဖျက်ဆီးဖိုလည်းမတုန့်ဆိုင်းဘူး💥။
သူ့စည်းမျဉ်းတွေကိုလိုက်နာတဲ့သူတွေအတွက် တိုးတက်မှုကိုပေးစွမ်းသလို။📈
သူ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူတွေအတွက် ပျက်ဆီးမှုကိုယူဆောင်ပေးတယ်။☠️
သူကဘာလဲ ?🐍💔ကျွန်တော်တို နာကျင်နေချိန် ကြင်နာမှုနဲ့ခွန်အားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ဖိုလိုအပ်လာတဲ့အချိန်မှာ ခွန်အားရှိတဲ့လူကိုရွေးချယ်လိမ့်မယ်။ စကားလုံးတွေထက် လုပ်ရပ်တွေကိုလူတွေသဘောကျနှစ်ခြိုက်တယ်ဆိုတာ ကိုသိတဲ့လူအတွက် **ပါဝါ** ဟာ သူ့အတွက်ရုပ်သေးရုပ်တစ်ခုထက်မပိုဘူး။
🪨“ဘယ်တော့မှမငြင်းခုံနဲ့ အလုပ်နဲ့ပဲသက်သေပြ” ဆိုတဲ့ Michelangelo ရဲ့လက်ထဲက ဖုန်မှုန့်လေးတွေရဲ့ဥပမာဟာ ပါဝါရဲ့လှည့်စားနိုင်စွမ်းကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ “ဆိတ်ဆိတ်နေထောင်တန်” “Always Says Less Than Necessary” ဆိုတာ မိသားစုထမင်းဝိုင်းလေးတွေကနေစပြီး Cooperate Executive Meeting တွေအထိ စကားလုံးတွေရဲ့တန်ဖိုးကိုရောင်ပြန်ဟပ်စေတယ်။
🐺ပါဝါဟာ သူ့ကိုမလေးစားတဲ့လူကိုစွန့်ခွာပြီး သူ့ကိုထိန်းချုပ်နိုင်တဲ့လူနဲ့ အမြဲနေတယ်။🎃သင်မသိသေးတာလား?
😱ဒါမှမဟုတ် သိဖိုငြင်းဆန်နေတာလား ?အတုအယောင် မျက်နှာဖုံးတွေရဲ့အနောက်မှာဘာတွေရှိနေမလဲ?🎭
ဘ၀ရဲ့ဇာတ်ခုံပေါ်မှာ ဘယ်ကစားကွက်တွေဟာလှလှပပ ကပြနေမလဲ ?
ဘယ်အရာတွေကအမှန်လဲ ?
⚔️ ဘဝရဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ဒီကမ္ဘာကြီးရဲ့ သရုပ်မှန်ကို မြင်နိုင်ဖို့၊ ကိုယ်ပိုင်ဘဝ ဇာတ်ခုံကို မိမိကိုယ်တိုင် ဦးဆောင်နိုင်ဖို့ ဒီလျှို့ဝှက်ချက်တွေထဲကို ရဲဝံ့စွာ လှမ်းဝင်လိုက်ပါ။ -
Add to cart
လူတိုင်းက မင်းလိုရိုးသားမယ်လို။
မင်းယုံကြည်နေတုန်းပဲလား ?? 😔💔“လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”
🙏 မင်းယုံကြည်ခဲ့တယ်။
🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
😇မင်းလို လူကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို တွေးခဲ့တယ်။
🛡ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို ယုံခဲ့တယ်။ဒါပေမယ့်…
အဆုံးသတ်မှာ မင်းပဲ နာကျင်ရတယ်။
လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪
ဘာကြောင့်လဲ???
နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺သင့်စိတ်ထဲမှာ
🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လိုထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လိုထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုယုံကြည်မယ်”လိုထင်ခဲ့တယ်။
တကယ်တော့သူတို ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။“The greatest danger is not the enemy you can see.
It’s the enemy you refuse to see.”
“ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖိုငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”သင်သတိမထားမိတဲ့
▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ
▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖိုအကွက်တွေ
▫️ဒေါသရဲ့ဖုံးကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ
▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံပုန်းဒေါသတွေအပြင်
▫️လူတွေရဲ့ရင်ထဲက Shadow လိုခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖိုမကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။ဒါဆိုဘာလုပ်မှာလဲ ?🤔
သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?
ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်အသိဉာဏ်တံခါး အလင်းဖွင့်လိုက်ပါ။
-
Add to cart
☹️ People Pleaser တစ်ယောက် ဖြစ်နေပြီလား?☹️
တစ်ခြားသူတွေရဲ့ အတွေးတွေက သင့်ကို လွှမ်းမိုးထားလား?
ကိုယ့်ခံစားချက်တွေကို မေးခွန်းထုတ်နေတတ်လား?
တစ်ချိန်လုံး တောင်းပန်နေတတ်လား?တခြားသူတွေနဲ့လိုက်လျောညီထွေဖြစ်စေဖို People Pleaser တွေဟာ ကိုယ်ပိုင်ခံစားချက်တွေ ကို မြိုသိပ်ထားတတ်ပြီး တစ်ချိန်လုံး သူများတွေကို အားနာတာရယ်၊ ထိခိုက်မှာ စိုးတာနဲ့ပဲ အနစ်နာခံပြီး နေထိုင်ကြပါတယ်။
ကိုယ်ပိုင် တန်ဖိုးတွေ ကျဆင်းသွားပြီး သူများတွေရဲ့ ပျော်တော်ဆက် ဘဝမှာပဲ ကျင်လည်နေကြတော့တယ်။
ဒါပေမယ့် တစ်ခြားသူတွေ အပေါ် ကောင်းတယ် ဆိုတာ အချိန်အတိုင်းအတာ တစ်ခုထိပဲ၊ ကိုယ်ပိုင် ခံစားချက်တွေကို ထိခိုက်လာပြီ ဆိုရင် တစ်ခုခု ပြောင်းလဲဖို စဉ်းစားရတော့မယ်။
😈 ဒီတော့ လူ မုန်းခံရမှာ မကြောက်ပါနဲ့။
သင့်မှာ တစ်ချိန်လုံး တဖျစ်တောက်တောက် ပြောနေတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေပြီ ဆိုရင် ရုန်းထွက်ဖို စတင် ကြိုးစားရတော့မယ်။Alfred Adler ရဲ့ Theory တွေကို အခြေခံထားတဲ့ ဒီစာအုပ်လေးက သင့် အမှန်တကယ် ပျော်ရွှင်မှုအတွက် အစချီတဲ့ စာအုပ်ကောင်း တစ်ခု ဖြစ်စေမှာပါ။
❌ People Blame❌
မကောင်းတာ လုပ်လည်း ပြောမှာပဲ၊ ကောင်းတာ လုပ်လည်း ပြောမှာပဲ။
ဒီတော့ လုပ်စရာ ရှိတာ လုပ်ပါ.
ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေက သင့် လုပ်ရပ်တွေကို တစ်ချိန်လုံး ကြည့်နေပြီး သင် အမှား တစ်ခုခု လုပ်မှာကို အမြဲတစေ စောင့်နေမှာပါပဲ။
ဒီတော့ သင့်အနေနဲ့ သူတို အပြစ်တင်တဲ့ စကားတွေကို နားထောင်လို ရတယ်၊ ဒါပေမယ့် သင့် လုပ်ရပ်တွေကို မထိခိုက်ပါစေနဲ့။
သူတို အပြစ်တင် ပြောစကားတွေက သင့်လုပ်ရပ်တွေကို နှောင့်နှေး ကြန့်ကြာစေမယ် ဆိုရင်တော့ သင့် အပြစ် ဖြစ်သွားပါပြီ။
နားထောင်ဖို၊ နား မထောင်ဖို ရွေးချယ်လိုရတယ်၊ သင့် ဆုံးဖြတ်ချက်တွေကို မထိခိုက်ပါစေနဲ့။🤨 ဆင်ခြေမပေးပါနဲ့။🤨
ကျွန်တော်တိုဟာ ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို ထက် ပို ကောင်းတဲ့ ဆင်ခြေတွေကို ရှာကြပါတယ်။
အတိတ်မှာပဲ နေထိုင်ဖို ရွေးချယ်ကြပြီး အနာဂတ်တွေကို စတေးလိုက်ကြပါတယ်။
ဆင်ခြေတွေကြားမှာ မျောပါပြီး တိတ်ဆိတ်စွာ နေထိုင်သွားကြပါတယ်။👑 ကိုယ့်ကိုယ်ကို မမုန်းပါနဲ့
ကိုယ့်ကိုယ်ကို မုန်းတာက အငုံစိတ်ကို ဖြစ်စေပါတယ်။ လှောင်အိမ်ထဲကနေ ဟိန်းနေတဲ့ ခြင်္သေ့တစ်ကောင်က တောအုပ်ရဲ့ ဘုရင် မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို မုန်းတီးမှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး ကိုယ့်အားနည်းချက်၊ အားသာချက်ကို လက်ခံနိုင်မယ့် ပတ်ဝန်းကျင် တစ်ခု ကို ရှာဖွေပါ။
အကောင်းဆုံး ကြိုးစားပါ။ ဘယ်တော့မှ လက်မလျော့ပါနဲ့ ။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ -
Add to cart
🙏🙏ကိုယ်တိုင်ထိန်းချုပ်နိုင်မှု – ပျော်ရွှင်မှုကိုလက်ခံနိုင်တဲ့သတ္တိ ( The Courage to be Happy )
ပျော်ရွှင်မှုကို လိုချင်တယ်လို့ပြောကြပေမယ့် တကယ်တမ်း ပျော်ရွှင်မှုကိုလက်ခံဖို့ကြတော့ လူတွေကစိုးရိမ်တတ်ကြတယ်။
“ဒီပျော်ရွှင်မှုနဲ့ ထိုက်တန်ရဲ့လား?” ဆိုတဲ့မေးခွန်းကို မုန့်လုံးစက္ကူကပ်သလို တွယ်ကပ်ထားပြီး အတိတ်ကို ပြန်ပြန်သတိရမိတတ်ကြတယ်။
ပျော်ရွှင်မှုကိုလက်ခံနိုင်ဖို့အရာဟာ သင်ကိုယ်တိုင်ဖန်တီးရတာပါ။
❌အတိတ်ကိုအပြစ်တင်စရာမလိုသလို
❌အချိန်ကောင်းကိုလည်းစောင့်စရာမလိုပါဘူး
❌ပျော်ရွှင်မှုဟာ “တစ်ချိန်ချိန်မှာ” သင့်ဆီရောက်လာမယ်လို့လည်းမတွေးပါနဲ့။
အခုချိန်မှာ သင့်မှာလက်ဆုပ်လက်ကိုင်ရှိနေတဲ့ အရာတွေနဲ့ဖန်တီးနိုင်တဲ့ ကျေနပ်နှစ်သိမ့်ခြင်းတွေကို ကြည်နူးခံစားတတ်အောင်သင်ယူပါ။
ဘ၀က ကျွန်တော်တို့ထင်သလိုအမြဲဖြစ်လာမှာမဟုတ်ဘူး။ လူတွေကသင့်ကိုတိုက်ခိုက်လိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်လက်ခံထားတဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်ထားတဲ့သင့်ကိုဘယ်အရာကမှ ဖျက်ဆီးနိုင်မှုမဟုတ်ပါဘူး။
အနာဂတ်မှာရှိမဲ့သင်သာ အချိန်ခရီးနောက်ပြန်လာလို့ရခဲ့ရင် ဒီခရီးလမ်းကိုလျှောက်လမ်းဖို့ သတ္တိမွေးခဲ့တဲ့အခုအချိန်ကိုကျေးဇူးတင်နေလိမ့်မယ်။
သင့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်နိုင်တယ်ဆိုတာကို လက်ခံသဘောပေါက်သွားရင် အနာဂတ်ဆိုတာ သင့်လက်ထဲမှာပါ။
-
Add to cart
Why have history’s greatest minds—from George Washington to Frederick the Great to Ralph Waldo Emerson, along with today’s top performers from Super Bowl-winning football coaches to CEOs and celebrities—embraced the wisdom of the ancient Stoics? Because they realize that the most valuable wisdom is timeless and that philosophy is for living a better life, not a classroom exercise.
The Daily Stoic offers 366 days of Stoic insights and exercises, featuring all-new translations from the Emperor Marcus Aurelius, the playwright Seneca, or slave-turned-philosopher Epictetus, as well as lesser-known luminaries like Zeno, Cleanthes, and Musonius Rufus. Every day of the year you’ll find one of their pithy, powerful quotations, as well as historical anecdotes, provocative commentary, and a helpful glossary of Greek terms.
By following these teachings over the course of a year (and, indeed, for years to come) you’ll find the serenity, self-knowledge, and resilience you need to live well.
-
Add to cart
CEO တစ်ယောက်ရဲ့ ဒိုင်ယာရီ, ရှုးနိမ့်မှု၊ အောင်မြင်မှုနဲ့ နေ့ရက်တိုင်းအကျိုးရှိစေဖို ရေပုံးငါးလုံး🪣🪣🪣🪣🪣
“အောင်မြင်တဲ့အမျိုးသားတစ်ယောက်ရဲ့နောက်မှာ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်” ဆိုတဲ့စကားပုံလိုမျိုး “အောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့နောက်ကွယ်မှာ သူမတူအောင်ထူးချွန်တဲ့လုပ်ငန်းပိုင်ရှင်တစ်ယောက်” အမြဲရှိပါတယ်။
🏢✨ လုပ်ငန်းတစ်ခုစတင်ဖိုလွယ်ကူပေမယ့် ရေရှည်တည်တံ့အောင်လုပ်ငန်းကိုသာမက မိမိကိုယ်ကိုယ် ကိုယ့်ဒူးကိုယ်ချွန်ပြီး အားသွန်ခွန်စိုက်ကြိုးစားနိုင်တဲ့ ဇွဲလုံလကိုတည်ဆောက်ဖိုအတွက် ကာယအင်အား၊ဉာဏအင်အားအများကြီးစိုက်ထုတ်ဖိုလိုအပ်ပါတယ်။ Steven Bartlett ရဲ့ Diary of a CEO မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖိုအတွက် ဖြတ်သန်းရမယ့်ခရီးစဉ်၊ သင်ယူရမယ့် သင်ခန်းစာတွေ၊ ရုန်းကန်မှုနဲ့အောင်ပွဲတွေရဲ့အကြောင်းကို အချိုမသတ် သကာရည်မဆမ်းပဲ အမှန်တရားအတိုင်းရေးသားထားပါတယ်။
✨✨”Stop telling yourself you’re not qualified, good enough or worthy. Growth happens when you start doing the things you’re not qualified to do.”- Steven Bartlett
“ မလုပ်နိုင်ဘူး၊ မကျွမ်းကျင်ဘူး၊ မထိုက်တန်ဘူး ဆိုပြီး သင့်ကိုယ်သင် ပြောနေတာကိုရပ်တန့်လိုက်ပါ။တိုးတက်မှုဆိုတာ သင်မလုပ်နိုင်တဲ့အရာတွေကို စတင်လုပ်ဆောင်တာကနေစတင်တယ် “ – Steven Bartlett
ဒီစကားလေးက ကျွန်တော့်ရဲ့အကြိုက်ဆုံးQuote တွေထဲက တစ်ခုဖြစ်တဲ့ Master Shifu ရဲ့ “if you only do what you can do, you will never be more than you are now “ ဆိုတဲ့အရာနဲ့သွားကိုက်ညီပါတယ်။
ဒါဆို မလုပ်နိုင်တဲ့၊ မကျွမ်းကျင်တဲ့အရာကို စတင်လုပ်ဆောင်ဖို ဘယ်အရာကနေစရမလဲ?The Five Buckets of Success 🪣🪣🪣🪣🪣
Steven Bartlett က ကျွန်တော်တိုလူတိုင်းဟာ အောင်မြင်ဖိုအတွက် ရေပုံးငါးပုံးကို အစဉ်အတိုင်းဖြည့်ရမယ်လိုဆိုပါတယ်
1️⃣ Knowledge: အသိပညာ။ 🧠
သင်လိုချင်တဲ့ပညာ၊ စိတ်ဝင်စားပေမယ့်မလုပ်နိုင်သေးတဲ့အရာအတွက် အသိပညာကိုဆည်းပူးပါ။ အခုခေတ်မှာ ဘယ်ပညာကိုမဆို youtube, online ကနေအလွယ်တကူလေ့လာနိုင်ပါတယ်။
2️⃣ Skills: ကျွမ်းကျင်မှု🛠
အသိပညာကိုရရှိလာပြီဆိုရင် သင်လုပ်ဆောင်နိုင်တဲ့အရာသေးသေးလေးတွေကိုစတင်လုပ်ဆောင်ပါ။ အစပိုင်းမှာ တလွဲလုပ်မိတာဟာ ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်စိတ်ကူးယဉ်နေတာထပ်ပိုအကျိုးရှိပါတယ်။ ဒီကနေပြီး ခင်ဗျားကျွမ်းကျင်မှုကို တဖြည်းဖြည်းရရှိလာပါလိမ့်မယ်။
3️⃣ Network: မိတ်ဆွေ၊အပေါင်းအသင်း🤝
ကျွမ်းကျင်မှုဆိုတာအဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးတွေတည်ဆောက်ဖိုအတွက်ကြားခံအရာတစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်မှုတိုးတက်လာနဲ့အမျှ သင့်နဲ့ ရည်မှန်းချက်တူတဲ့လူတွေ၊ သင်နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ချင်တဲ့သူတွေ အနားကိုရောက်ရှိလာပါလိမ့်မယ်။
4️⃣ Resources: အရင်းအနှီး💰
သင့်မိတ်ဆွေတွေနဲ့အတူပါလာမယ့် အရင်းအနှီးတွေထဲမှာ လုပ်ငန်းတိုးချဲ့နိုင်ဖို၊ ရင်းနှီးမြှုပ်နှံနိုင်ဖိုအစရှိတဲ့ အခွင့်အလမ်းတွေလည်းပေါ်ပေါက်လာပါလိမ့်မယ်။
5️⃣ Reputation: ဂုဏ်သတင်း 🌟
ဒီအရာတွေအကုန်လုံးနဲ့အတူ စျေးကွက်နယ်ပယ်ထဲမှာ သင့်နာမည်ကိုလူသိများလာပြီး သင့်ရဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ အောင်မြင်မှုရဲ့အသီးအပွင့်ကိုခံစားရပါလိမ့်မယ်။Skill တစ်ခုကိုကျွမ်းကျင်ဖို လူများကိုသင်ပေးပါ 🌟🤝
အကြောင်းအရာတစ်ခု၊ နည်းစနစ်တစ်ခုကို အမှန်တကယ်ကျွမ်းကျင်ဖို တခြားသူတစ်ယောက်ကိုသင်ပေးပါ။ရိုးရှင်းတဲ့စိတ်ကူးတွေနဲ့ လူအများသိအောင်လုပ်ဆောင်ခြင်းဟာ သင့် ကျွမ်းကျင်မှုကို ပိုမိုနက်နဲစေရုံသာမက သင့်ရဲ့ Professional Skill ကိုပါ ပိုမိုခိုင်မာစေတဲ့အကြောင်း စာရေးသူကပြောထားပါတယ်။ သင့်ကျွမ်းကျင်မှုကို စာရေးခြင်း၊ နည်းစနစ်ကိုမျှဝေခြင်းတိုကိုနေ့စဉ်ပြုလုပ်ခြင်းဟာ သင့်အရည်အချင်းကိုတိုးတက်စေရုံသာမက သင့်ရဲ့ ရေပုံးတွေကို အလျင်အမြန်ဖြည့်နိုင်မဲ့ရိုးရှင်းတဲ့နည်းလမ်းထဲကတစ်ခုပါ။ကျရှုံးမှု (Failure)နဲ့မသေချာမရေရာမှု(Uncertainty) ကိုလက်ခံပါ။🌫❌
“ ကျရှုံးမှုကနေရရှိတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါက သင့်အမှားကနေသင်ယူနိုင်ခြင်းပါ “
သင်လေးစားရတဲ့ အောင်မြင်နေတဲ့လူတိုင်းဟာ သင်ထင်ထားတာတွေထက်အများကြီးကျရှုံးဖူးကြပါတယ်။ အရှုံးသမားတွေနဲ့သူတိုရဲ့ကွာခြားချက်က သူတိုကျရှုံးမှုကနေသင်ခန်းစာယူတတ်ခြင်းပါ။ ကျရှုံးမှုလိုမျိုး မသေချာမရေရာမှုကို ကျွန်တော်တိုစိုးရွံကြပါတယ်။ မသေချာမရေရာမှု (Uncertainty)ကို (FOG – Feeling Of Growth) “တိုးတက်ဖိုအတွက်ခံစားချက်”လိုပြောင်းမြင်ကြည့်ပါ။ ဒါက သင်လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်ဆိုတဲ့အကြောင်းပြတဲ့သက်သေတစ်ခုပါပဲ။ Uncertaintyနဲ့ပက်သက်ပြီး စာရေးသူပြောတဲ့အရာဟာ Brianna Weist ရဲ့ The Mountain is you ထဲက “when you are genuinely on your own path, the future won’t be clear, because if it is, you’re actually following someone else’s blueprint.” ( မင်းလမ်းကြောင်းမှန်ပေါ်ရောက်နေရင် အနာဂတ်ကမသေချာဘူး၊ အနာဂတ်ကသေချာနေရင်မင်းအခြားသူတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကိုရောက်နေတာ) ဆိုတဲ့စာသားနဲ့ကိုက်ညီနေပါတယ်။သင့်ရဲ့နေ့ရက်တိုင်းကိုအကျိုးရှိစွာအသုံးချပါ။⏳💼
ကျွန်တော်တိုမှာရှိတဲ့ အချိန်ဟာ အမြဲကန့်သတ်ချက်ရှိပါတယ်။ နေ့တစ်ရက်မှာ အချိန်ကို အသုံးပြုတဲ့ပေါ်မူတည်ပြီး ရေရှည်မှာ ရတဲ့ အကျိုးရလဒ်ဟာ သူမတူအောင်ကွာခြားသွားမှာပါ။ လူတွေရဲ့ လက်ခံမှုကိုရရှိဖို သူတိုအကြိုက်လိုက်နေတာ ၊ သူတိုရဲ့ အမြင်စောင်းမှုအပေါ်စိုးရိမ်တာတွေကိုအာရုံစိုက်ပြီး ကျွန်တော်တိုရဲ့နာကျင်မှုကိုဖြေဖျောက်ဖိုအတွက် Social Media မှာ အချိန်ကုန်ပြီးအကျိုးမရှိတာတွေလုပ်မိနေတာတွေကို ရပ်တံ့ရပါမယ်။ သင့်ကိုမနာလိုတဲ့ လူ 80% လောက်ကိုဖယ်ထုတ်ပစ်ပြီး သင့်ကိုတကယ်ဂရုစိုက်တဲ့ 20% သောလူတွေနဲ့အတူတိုးတက်မှုကိုအာရုံစိုက်ခြင်းဟာ သင့်အောင်မြင်မှုအတွက် လမ်းကြောင်းအမှန်တစ်ခုဖြစ်ပါတယ်။🎉🎉Steven Bartlett ရဲ့ The Diary Of A CEO စာအုပ်ဟာ သာမာန်စာအုပ်တစ်အုပ်မဟုတ်ပဲနဲ့ သင့်အတွေးအမြင်တွေကို အဆင့်မြှင့်တင်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။အောင်မြင်မှုဆိုတာ ရှုးနိမ့်မှု/မသေချာမှုတွေကနေ ရှောင်ပြေးတာမဟုတ်ပဲနဲ့ ဒီအရာတွေကပေးတဲ့သင်ခန်းစာတွေကနေ ရတဲ့တိုးတက်ပြောင်းလဲမှုရဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ရေပုံးတွေကိုဂရုတစိုက်ပျိုးထောင်ခြင်း၊ သာတူညီမျှစွာနေထိုင်ခြင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချခြင်းနဲ့ အသိပညာကိုမျှဝေခြင်းကနေဟာ သင့်ဘ၀ရဲ့အမြင့်ဆုံးရည်မှန်းချက်ကိုရရှိဖိုအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ သင့်လျှောက်တဲ့လမ်းမှာ အနာဂတ်ရဲ့ မရေရာမှုကိုတွေးမိတိုင်း “တိုးတက်မှုဟာ မသေချာမှုကိုလက်ခံမှုကနေဖြစ်တည်တယ် “ ဆိုတာကိုသတိရပါ။
🎯 သင့်ဘ၀ရဲ့ဒိုင်ယာရီဟာ သင်အာရုံစိုက်ရွေးချယ်လိုက်တဲ့ရေပုံးလေးတစ်ပုံးကနေစပါတယ်။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်ဖို၊ သင့်ရည်မှန်းချက်တွေကို လက်ဆုပ်လက်ကိုင်ပိုင်ဆိုင်နိုင်ဖို အတွက် သင်ဒီနေ့ဘယ်ရေပုံးကိုဖြည့်ဖိုစဉ်းစားထားသလဲ ?
-
Add to cart
What makes an effective executive?
The measure of the executive, Peter F. Drucker reminds us, is the ability to “get the right things done.” This usually involves doing what other people have overlooked as well as avoiding what is unproductive. Intelligence, imagination, and knowledge may all be wasted in an executive job without the acquired habits of mind that mold them into results.
Drucker identifies five practices essential to business effectiveness that can, and must, be learned:
- Managing time
- Choosing what to contribute to the organization
- Knowing where and how to mobilize strength for best effect
- Setting the right priorities
- Knitting all of them together with effective decision-making
Ranging widely through the annals of business and government, Peter F. Drucker demonstrates the distinctive skill of the executive and offers fresh insights into old and seemingly obvious business situations.
-
Add to cart
The Fire Starter Sessions is an apathy-kicking, integrity-infusing guide to defining success on your own terms.
As the creator of DanielleLaPorte.com – deemed “the best place online for kick-ass spirituality”, Danielle LaPorte’s straight-talk life-and-livelihood sermons have inspired over one million people. Bold but empathetic, she reframes popular self-help and success concepts:
- Life balance is a myth, and the pursuit of it is causing us more stress then the craving for balance itself.
- Being well-rounded is overrated. When you focus on developing your true strengths, you enter your mastery zone.
- Screw your principles (they might be holding you back).
We have ambition backwards. Getting clear on how you want to feel in your life + work is more important than setting goals. It’s the most potent form of clarity that you can have, and it’s what leads to true fulfillment.
-
Add to cart
😁😁ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်အကြောင်း.😁😁
မျှော်လင့်ချက်၊နာကျင်မှုနဲ့ ပျော်ရွှင်မှုတို့ရဲ့ ဇာတ်လမ်း🌞ကြင်နာနွေးထွေးတဲ့အပြုံးနဲ့ အဖိုးကြီးတစ်ယောက် ကိုလူတွေမြင်ကြတယ်။
🔹အမှောင်ထုထဲပုန်းနေတဲ့အချိန် သူ့မိသားစုကို အရှေ့မှာဆွဲခေါ်သွားတာကိုမြင်ခဲ့ရတဲ့ကလေးတစ်ယောက် 🔹မရဏတရားနဲ့လက်တစ်ကမ်းအလိုမှာအသက်ရှင်ခဲ့သူ 🔹အရာရာအားလုံးကိုမုန်းတီးဖို့အကြောင်းပြချက်တွေမရေတွက်နိုင်အောင်ရှိခဲ့တဲ့လူတစ်ယောက် ဟာဒီအဖိုးကြီးပဲဆိုတာကိုလူတွေမသိကြဘူး။
သိနေတဲ့လူတွေကလည်းမပြောကြဘူး။ဒါပေမယ့် Eddie Jaku ဟာအရှုံးမပေးပဲ ဒီအခက်အခဲတွေကိုရင်ဆိုင်ခဲ့တယ်။
အသက်ရှင်သန်ဖို့သာမက ပျော်ရွှင်မှုကိုပါရွေးချယ်ပြီး နွေးထွေးတဲ့အပြုံးကိုပိုင်ဆိုင်ခဲ့တယ်။မိသားစု၊ အိမ်၊ လွတ်လပ်ခွင့် အရာ အားလုံးဆုံးရှုံးသွားတဲ့လူတစ်ယောက်အတွက်ပျော်ရွှင်မှုက ဘယ်မှာလဲ?
📌အရာအားလုံးကိုမုန်းတီးဖို့လောကကြီးကဖန်တီးပေးတဲ့အချိန်မှာ သူဟာအချစ်ကိုရွေးချယ်ခဲ့တယ်။
📌ဖျက်ဆီးခံရတဲ့တဲ့ဘ၀တစ်ခုကနေ အကြင်နာတရားနဲ့ခွန်အားတွေရခဲ့တယ်။
📌အမှောင်ထုရဲ့ဖုံးလွှမ်းမှုကို နွေးထွေးတဲ့အပြုံးတွေနဲ့တုန့်ပြန်ခဲ့တယ်။ငရဲကိုဖြတ်သန်းပြီးတဲ့အချိန် Eddie Jaku ဟာ နေ့တိုင်းကို အပြုံးနဲ့ဖြတ်သန်းဖို့ သူ့ဘ၀ကိုပြောင်းလဲစေတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။
“ငါ့စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသောဂလဲ့စားချေနည်းက ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်ဖြစ်ဖို့ပဲ “
“In my mind, this is really the best revenge, and it is the only revenge I am interested in – to be the happiest man on Earth.”- Eddie Jaku🔹ဘ၀ဆိုတာတိုတိုလေး
🔹ဝေဒနာအခက်အခဲဆိုတာရှောင်လွှဲလို့မရဘူး
🔹ဒါဆိုပျော်ရွှင်မှုကို ရွေးချယ်လို့ရလား ?သင်ဆုံးရှုံးသွားတဲ့အရာတွေမှာ ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ပျော်ရွှင်မှုမပါဝင်ပါဘူး။
သူတို့ဟာသင့်နှလုံးသားထဲက ခေါ်သံကိုစောင့်နေပါတယ်။
သင့်ရဲ့အမှောင်ထုကို ပြန်ပြုံးပြဖို့ သင်အဆင်သင့်ဖြစ်ပြီလား ? -
Add to cart
🌟 🌟 ပျော်ရွှင်မှုရဲ့အားသာချက် : အောင်မြင်မှုအတွက်အကောင်းမြင်စိတ်ရဲ့ခွန်အား🌟🌟
ပျော်ရာမှာမနေ၊ တော်ရာမှာနေရတယ်ဆိုတဲ့စကားနဲ့အတူ ကျွန်တော်တို သင်ခဲ့ရတဲ့ပျော်ရွှင်မှုဖော်မြူလာကဒီလိုမျိုး
⚒️ကြိုးစားမှု —> 🏆အောင်မြင်မှု—> 😊ပျော်ရွှင်မှု
ပျော်အောင်မနေနဲ့ အရင်ကြိုးစား၊ အောင်မြင်မှုရလာရင် ပျော်ရွှင်ရလိမ့်မယ်။
ဒါတကယ်ရောအလုပ်ဖြစ်ရဲ့လား ❓တကယ်တော့ အောင်မြင်မှုဖော်မြူလာအမှန်ကဒီလိုပါ။
😊ပျော်ရွှင်မှု + ☀️အကောင်းမြင်စိတ် —> 📈အောင်မြင်မှု📊Shawn Achor ရဲ့ Happiness Advantage ထဲမှာပျော်ရွှင်တဲ့သူတွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတိုမှာပိုမိုစွမ်းဆောင်နိုင်ခြင်းကို သုသေသနစမ်းသပ်မှုတွေအရတွေ့ရှိရတဲ့အကြောင်းကိုပြောပြထားပါတယ်။ လူအယောက် 275,000 ကိုပြုလုပ်ခဲ့တဲ့စမ်းသပ်မှုအခု 200 ကျော်မှာ
💰ပျော်ရွှင်တဲ့အရောင်းဝန်ထမ်းတွေဟာ – 37% ပိုရောင်းနိုင်ကြတယ်
🩺ပျော်ရွှင်တဲ့ဆရာဝန်တွေဟာ – 19% ပိုမြန်ပြီးတိကျတဲ့ရောဂါရှာဖွေမှုကိုပိုလုပ်နိုင်တယ်
🎨တီထွင်ဖန်တီးမှုကို ပုံမှန်ထက် 3 ဆဖန်တီးနိုင်တာကိုလေ့လာတွေ့ရှိခဲ့ပါတယ်
👌အကောင်းမြင်တတ်တဲ့စိတ်ဟာ ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုကိုလျော့ချပေးပြီး ကျန်းမာတဲ့ဘ၀ကိုပိုင်ဆိုင်စေပါတယ်။📏ဟုတ်ပါပြီ. ဒါဆိုပျော်ရွှင်မှုကို နံပါတ်တပ်လိုရသလား ?
ရပါတယ်… ပျော်ရွှင်မှုနံပါတ်က 2.901 ( 3:1 ) ပါ။
ဘယ်လို 3:1 လဲ ရှင်းပြပါဦး?
ခံစားရတဲ့ မကောင်းမြင်စိတ် (Negative emotion) တစ်ခုအတွက် အကောင်းမြင်စိတ် (Positive emotion) 3 ခုလိုအပ်ပါတယ်။ သဘောတရားက ကိုယ်လက်ခံလိုရတဲ့ပျော်ရွှင်မှုလေးတွေကိုမငြင်းပယ်ပဲ လက်ခံပြီး နေ့စဉ်ကြုံတွေ့နေရတဲ့ မကောင်းတဲ့အရာတွေကိုတန်ပြန်နိုင်အောင် အမြဲကိုယ့်ရင်ထဲမှာ ပျော်ရွှင်မှုလေး သုံးခုအနည်းဆုံးသိမ်းထားဖိုလိုအပ်တယ်။ ဒါကြောင့် မနက်တိုင်းကောင်းချီးပေးတာ၊ လမ်းဘေးက ပန်းလေးတစ်ပွင့်ရဲ့ အလှကိုခံစားတာစသည်ဖြင့် စိတ်ပျော်ရွှင်စေမယ့်အရာလေးသေးသေးလေးတွေကို အမြဲလုပ်ဖိုလိုအပ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကနေ အမြဲအကောင်းမြင်တတ်တဲ့စိတ်ကိုရရှိလာပါလိမ့်မယ်။🛑အဆင်မပြေမှုဟာ အမြင်အာရုံကိုကျဉ်းမြောင်းသွားစေပြီး အတွေးတွေကိုပိတ်မိစေတတ်တဲ့အကြောင်းလဲသိထားဖိုလိုပါမယ်။ အခက်အခဲတစ်ခုကြုံရင် ကျွန်တော်တိုဦးနှောက်ဟာ ပြသနာကိုအာရုံစိုက်လိုက်တဲ့အတွက် အပြင်မှာရှိနေတဲ့အရာတွေကိုမမြင်နိုင်တော့ပဲ Fight or Flight response ထဲမှာပိတ်မိသွားတတ်ပါတယ်။ ဒီအချိန်တွေမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရပြီးတော့ ကြည်လင်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို အကောင်းမြင်စိတ်ရဲ့စွမ်းဆောင်မှုဟာ အရမ်းအသုံးဝင်ပါတယ်။ ဒီလိုအကောင်းမြင်စိတ်ကိုတည်ဆောက်ဖိုအတွက်
1️⃣Zorro Circle
2️⃣Tetris Effect နှစ်ခုကို စာရေးသူကရှင်းပြထားပါတယ်။⚔️Zorro Circle
ဂန္တဝင်ဓားသမားတစ်ယောက်ဖြစ်တဲ့ Zorro ဟာသူလေ့ကျင့်တဲ့အချိန်မှာ မြေကြီးပေါ်စက်ဝိုင်းလေးတစ်ခုရေးဆွဲ၊ ဒီစက်ဝိုင်းကို သူ့ကမ္ဘာလိုသတ်မှတ်ပြီး စက်ဝိုင်းရဲ့အပြင်ကိုမထွက်ပဲလေ့ကျင့်ခဲ့ပါတယ်။ သင်ဖြေရှင်းဖိုခက်ခဲတဲ့ ပြသနာအကြီးကြီးနဲ့ကြုံလာတဲ့အချိန်မှာ Zorro Circle တစ်ခုဖန်တီးပြီး ပြသနာရဲ့တစ်စိတ်တစ်ပိုင်းကိုအရင်ဖြေရှင်းပါ၊ ဖြေရှင်းပြီးရင် နောက်ထပ် Zorro Circleတွေတစ်ခုပြီးတစ်ခုဖန်တီးရင်း သင်ကြုံတွေ့ရတဲ့ပြသနာဟာ အလိုလိုပြီးမြောက်သွားတတ်တာ သတိပြုမိပါလိမ့်မယ်။ သုံးပေါင်ကိတ်မုန့်ကြီးတစ်ခုလုံးကိုဘယ်လိုစားမလဲဆိုပြီး အခက်အခဲတစ်ခုလုံးကိုပူပန်နေမယ့်အစား ကိတ်မုန့်သေးသေးလေးတွေတဖြည်းဖြည်းချင်းစားရင်းနဲ့ နောက်ဆုံးမှာပန်းကန်ပဲကျန်ခဲ့သလို ပြသနာသေးသေးလေးတွေကိုအရင်ဆုံးအဖြေရှာရင်း ပြသနာကြီးကိုဖြေရှင်းပါ။🎮Tetris Effect
ဦးနှောက်ရဲ့အကောင်းဆုံး Ability တစ်ခုက Pattern Recognition ပါ။ ကျွန်တော်တိုလူတွေမွေးလာကတည်းက Build in ပါလာတဲ့ First Instinct တစ်ခုဆိုလည်းမမှားပါဘူး။ Tetris Effect ကကျွန်တော်တိုနေ့စဉ်တည်ဆောက်နေတဲ့ စိတ်ခံစားမှု အမူအကျင့်တွေဟာ ကောင်းမွန်တဲ့ နေထိုင်မှုကိုဖန်တီးနိုင်သလို ဆိုးရွားတဲ့ ခံစားချက်တွေကိုလည်းတည်ဆောက်နိုင်တဲ့အကြောင်းရှင်းပြထားပါတယ်။ တစ်နေကုန် Complain တက်၊ အော်ငေါက်နေတဲ့ အလုပ်ခွင်က Negative Emotion ထဲမှာနေထိုင်ရတဲ့လူတစ်ယောက်က အိမ်ပြန်ရောက်ချိန်မှာပျော်ရွှင်နိုင်မလား ဆိုတာကိုတွေးကြည့်ပါ။ Negative Emotion ပေါ်မှာအဆင်မပြေမှုကိုထပ်ဆောက်၊ အဆင်မပြေမှုအပေါ်မှာစိတ်မချမ်းသာမှုကိုထပ်ဆောက်ဆိုတာမျိုးဖြစ်နေရင် ကျေနပ်တဲ့ဘ၀ကိုမရသလို အောင်မြင်မှုနဲ့အလှမ်းဝေးနေဦးမှာပါ။ အဲ့ဒီ့အစား Positive Pattern တွေဖြစ်တဲ့ Skill တိုးတက်အောင်လုပ်တာ၊ အမှားတွေကနေသင်ခန်းစာယူပြီး အနာဂတ်အတွက်ပြင်ဆင်တာဆိုတဲ့ Positive Emotion တွေကိုနေ့စဉ်တည်ဆောက်ရင် တဖြည်းဖြည်းပိုမိုပျော်ရွှင်ကျေနပ်မှုတွေနဲ့အတူ ပိုကောင်းတဲ့ အခွင့်အလမ်းတွေရောက်ရှိလာပါလိမ့်မယ်။🔧“Give me a lever long enough and a fulcrum on which to place it, and I shall move the world.” Archimedes
လုံလောက်တဲ့အရှည်ရှိတဲ့ လီဗာတစ်ခုနဲ့ ဆုံချက်တစ်ခုသာပေး၊ ငါကမ္ဘာကြီးကိုရွှေ့ပြမယ် ဆိုတဲ့ Archimedes ရဲ့ဆိုရိုးတစ်ခုရှိပါတယ်။
🛠လီဗာရဲ့အရှည်= သင့်ရဲ့လုပ်နိုင်စွမ်းအား၊ ကြိုးစားနိုင်တဲ့ပမာဏ
🎯ဆုံချက် = သင့်ရဲ့စိတ်ထား
ဒါက သင်မှာဘယ်လောက်ပဲကြိုးစားနိုင်တဲ့ပမာဏရှိပါစေ လိုအပ်တဲ့ဆုံချက်စိတ်ထားတစ်ခုမရှိရင် သင်လိုချင်တဲ့အမြင့်ကိုရောက်မှာမဟုတ်ပါဘူး။ သတိမထားမိပဲ မှားယွင်းတဲ့ ဆုံချက်မှာ စိတ်ဓာတ်ကိုသွားထားမိလိုက်ရင် ပိုဆိုးရွားတဲ့အတွေ့အကြုံတွေကိုတောင်ခံစားရနိုင်ပါတယ်။ ကြိုးစားမှုတစ်ခုတည်းနဲ့သာမက အကောင်းမြင်စိတ်ဆုံချက်ကိုတည်ဆောက်မှသာ သင်လိုချင်တဲ့အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။နေ့စဉ်မနက်တိုင်း🌅🌅🌅
🙏ကောင်းချီးပေးပါ။
🧘တရားထိုင်ပါ။
📖 ဂျာနယ်ရေးပါ။
👟လေ့ကျင့်ခန်းလုပ်ပါ။
💗ဂရုဏာတရားမွေးပါ။✨ပျော်ရွှင်မှုဟာ အောင်မြင်မှုရဲ့ရလဒ်တစ်ခုမဟုတ်ပါဘူး။ ပျော်ရွှင်မှုဟာ အောင်မြင်မှုအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။✨
အောင်မြင်မှုနောက်ကိုလိုက်ရင်း သင့်ရဲ့ပျော်ရွှင်မှုကိုငြင်းပယ်နေတာကိုရပ်တန့်လိုက်ပါ။သင့်ရဲ့ အကောင်းမြင်စိတ်တွေကို ဘယ်သူ့မှမတားဆီးနိုင်ပါဘူး။ ပျော်ရွှင်တဲ့နေထိုင်မှုဟာ အောင်မြင်မှုကိုအမြန်ဆုံးရောက်ရှိစေမယ့်နည်းလမ်းဆိုတာကိုနားလည်ပြီး အောင်မြင်မှုရဲ့အနောက်က ပျော်ရွှင်မှုတွေအတွက် အခုပစ္စုပ္ပန်ကို မစတေးပါနဲ့။ အကောင်းမြင်စိတ်နဲ့တကွ ပျော်ရွှင်တဲ့နည်းလမ်းတွေကိုတည်ဆောက်ပြီး အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေလို ဆုတောင်းရင်း… -
Add to cart
🎓 ဉာဏ်ကောင်းတဲ့လူတွေဟာ အရာရာထက် တစ်ပန်းသာတယ်ဆိုတာကိုလက်ခံသလား ?
ရုပ်ရှင်တွေထဲမှာ အရမ်းထက်မြက်တဲ့ ဇာတ်လိုက်တွေ ( Death Note ထဲက L, Peaky Blinders ထဲက Thoma Shelby, Code Geass ထဲက Lelouch ) တိုကိုကြည့်ဖူးကြမှာပေါ့။ သူတိုဟာသူမတူတဲ့ဉာဏ်ရည်နဲ့ လူများထက် အကွက်ပေါင်းများစွာ ကြိုတင်တွေးနိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက်ကြောင့် လူအများရဲ့လေးစားချီးမြှောက်မှုကိုခံရတယ်။ ဉာဏ်ရည်အဆင့်အတန်းမြင့်မားသူတွေဟာ သူတိုလိုချင်တဲ့အရာကိုအလွယ်တကူဖန်တီးနိုင်တဲ့အတွက် သူ့တိုဘ၀ကို အားကျစရာလိုလူတွေကမြင်ကြတယ်။💩ဒါဆို အပြင်လောကမှာ Smart ဖြစ်တယ်လို ကျွန်တော်တိုထင်ထားတဲ့လူတွေဟာ တလွဲဆုံးဖြတ်ချက်တွေ ချတတ်ကြတာလဲ ?
အရမ်းတော်နေတဲ့လူတစ်ယောက်က သောက်တလွဲဆုံးဖြတ်ချက်တွေမချတတ်ဘူးလို သင်ထင်နေရင် တက်တက်စင်အောင်လွဲပါလိမ့်မယ်။ ဂန္တဝင်မြောက်အောင်နာမည်ကြီးတဲ့လူတွေနဲ့ ကမ္ဘာ့အကောင်းဆုံးနေရာတွေမှာလုပ်နေတဲ့လူတွေတောင် ဒီထောင်ချောက်ထဲမိနေတတ်ပါတယ်။
🟥2008 စီးပွားပျက်ကပ်
🟥1986 NASA Challenger အာကာသယာဉ်ပျက်ကျမှု စတဲ့မှားယွင်းမှုအကြီးကြီးတွေဖြစ်စေခဲ့တဲ့အကြောင်းရင်းကို သိချင်သလား ?📒ဘယ်သူတွေဖတ်သင့်သလဲ?
▫️ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချနေရတဲ့ Management နယ်ပယ်ထဲကလူတွေ
▫️စွမ်းဆောင်နိုင်ရည်အပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ရာထူး၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် လမ်းကြောင်းရှာချင်သူတွေ
▫️Mental Ability နဲ့ Cognitive Power ကိုပိုတိုးတက်အောင်လေ့လာချင်တဲ့သူတွေ အတွက်📙စာအုပ်နာမည်က “The Intelligence Trap” ပါ။
❌တစ်ခါတစ်လေမှာ သင့်ဦးနှောက်ကတစ်စုံတစ်ခုကိုတားဆီးနေတယ်လိုခံစားရလိမ့်မယ် (ဥပမာ-တစ်ခုခုကို သင်လုပ်ဖိုလိုအပ်နေပြီဆိုတာမျိုး)။ ဒါပေမယ့် ဘာကိုလုပ်ရမလဲဆိုတာ မသိဘူး။
🧠သင့်ဦးနှောက်မှာ သင့်ရဲ့အကောင်းဆုံးစိတ်ကူးတွေကိုတောင်အလွယ်တကူဖျက်ဆီးပစ်နိုင်တဲ့ ထောင်ချောက်တွေရှိနေတတ်တယ်။ဒီထောင်ချောက်တွေဟာ သင်ထင်ထားတာထက် သင့်ကိုပိုလွှမ်းမိုးနိုင်ပြီး သောက်တလွဲအတွေးတွေကိုတောင် ဓမ္မဓိဌာန်ကျတဲ့အတွေးတွေလိုထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ဒါကို စာရေးသူ David Robson က “Intelligence is raw processing power. But rationality is the ability to steer that power effectively.” “ ဉာဏ်ပညာဟာ အကြမ်းထည်စဉ်းစားနိုင်စွမ်းရှိတာဖြစ်ပြီး ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်တုံတရားနဲ့တွေးခေါ်နိုင်မှုဟာ ဒီဉာဏ်ပညာကိုအကောင်းဆုံးအသုံးချနိုင်တာဖြစ်တယ်” လိုပြောထားပါတယ်။
😈ဉာဏ်ကောင်းရုံနဲ့တင်မလုံလောက်ပါဘူး။ The Intelligence Trap ကိုနားမလည်ရင် သင်ဟာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေလျက်နဲ့ သောက်တလွဲဆုံးဖြတ်ချက်တွေကိုချမိနေဦးမှာပါ။ ပညာရှင်တစ်ယောက်လို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ဖိုဆိုတာ သင်လိုအပ်နေတဲ့နေရာတွေကိုနားလည်သဘောပေါက်ပြီး ပိုကောင်းအောင်ပြုပြင်နိုင်မှုကနေလာပါတယ်။
ဒီစာအုပ်ကလေးထဲမှာ
🔹ထက်မြက်တဲ့လူတွေဟာ ဘက်လိုက်တွေးခေါ်မှု(Biased Thinking)တွေကြောင့် အကြံသစ်တွေကိုလက်မခံနိုင်ပဲကျရှုးရတဲ့အကြောင်းတွေ (Earned Dogmatism)
🔹နည်းနည်းပဲသိတဲ့လူက အများကြီးသိတယ်လိုထင်ပြီး အများကြီးသိတဲ့လူက နည်းနည်းပဲသိတယ်လိုထင်တဲ့ (Dunning-Kruger Effect)
🔹(The Curse Of Knowledge) တစ်ခုခုကို “မသိ” ဖိုဆိုတဲ့အရာဟာ “သိ”အောင်ကြိုးစားတာထက်ပိုခက်ခဲတဲ့ အသိပညာရဲ့ကျိန်စာအကြောင်း
🔹အခက်အခဲကြုံတိုင်းအလွယ်ဆုံးနည်းလမ်းနဲ့ဖြေရှင်းဖိုကြိုးစားတဲ့ ဦးနှောက်ရဲ့ “Cognitive Miser Mode”
🔹အကြွင်းမဲ့ယုံကြည်မှုကို လက်မလွှတ်အောင် ဆင်ခြေတွေပေးတတ်တဲ့ “Motivated Reasoning” ဆိုတဲ့အရာတွေရဲ့အကြောင်းကို တ၀ကြီးလေ့လာရမှာပါ။🧑🏫Smart Person တစ်ယောက်လိုမတွေးပဲ သူငယ်တန်းကျောင်းသားလေးတွေကိုစာသင်ပေးရသလို အရိုးရှင်းဆုံးဖြေရှင်းချက်ကိုတွေးတောနိုင်တဲ့ Feynman Technique စတဲ့အသုံးပြုနိုင်တဲ့နည်းလမ်းတွေလည်းပါဝင်ပါတယ်။
⚡️ဉာဏ်ကောင်းရုံသာမက ဆင်ခြင်တုံတရားနဲ့ကျိုးကြောင်းဆီလျော်စွာတွေးခေါ်နိုင်တဲ့သူတွေဟာ ရှေ့လျောက်အနာဂတ်ကို ဦးဆောင်ကြပါလိမ့်မယ်။
တွေးခေါ်မှုတွေရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြီး ကန့်သတ်ချက်တွေကိုကျော်လွှားနိုင်ဖို David Robson ရဲ့ The Intelligence Trap နဲ့အတူ ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ချနိုင်ဖို သင် အဆင်သင့်ဖြစ်ပြီလား ?
-
Add to cart
လူတိုင်းက မင်းလိုရိုးသားမယ်လို့။
မင်းယုံကြည်နေတုန်းပဲလား ?? 😔💔
“လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”
🙏 မင်းယုံကြည်ခဲ့တယ်။
🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
😇မင်းလို လူကောင်းတစ်ယောက်ဖြစ်ရမယ်လို့ တွေးခဲ့တယ်။
🛡️ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို့ ယုံခဲ့တယ်။ဒါပေမယ့်…
အဆုံးသတ်မှာ မင်းပဲ နာကျင်ရတယ်။
လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪ဘာကြောင့်လဲ???
နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺
သင့်စိတ်ထဲမှာ
🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လို့ထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လို့ထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုယုံကြည်မယ်”လို့ထင်ခဲ့တယ်။
တကယ်တော့သူတို့ ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။
“The greatest danger is not the enemy you can see.
It’s the enemy you refuse to see.”
“ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖို့ငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”
သင်သတိမထားမိတဲ့
▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ
▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖို့အကွက်တွေ
▫️ဒေါသနဲ့ဖုန်းကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ
▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံ့ပုန်းဒေါသတွေအပြင်
▫️လူတွေရဲ့ရင်ထဲက Shadow လို့ခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖို့မကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။
ဒါဆိုဘာလုပ်မှာလဲ ?🤔
သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?
ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?
သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်ရဲ့အကြောင်းကို အလင်းဖွင့်လိုက်ပါ။

















