Brand: Cal Newport

Showing all 4 results

  • Cal Newport Book Bundle – Master Focus & Success

    Unlock the power of deep focus and intentional living with this exclusive Cal Newport book bundle. Featuring Digital Minimalism, Deep Work, and So Good They Can’t Ignore You, this collection is perfect for those seeking to eliminate distractions, enhance productivity, and build a meaningful career. Whether you want to reclaim your time, master deep concentration, or develop rare and valuable skills, these books provide the blueprint for success in the digital age.

    • Digital Minimalism – Learn how to declutter your digital life, reduce screen time, and reclaim your attention for what truly matters. Newport provides a practical guide to intentional technology use for a more focused and fulfilling life.

    • Deep Work – Discover the power of undistracted, high-value work that leads to extraordinary results. This book teaches you how to train your mind for deep concentration and thrive in a world full of distractions.

    • So Good They Can’t Ignore You – Success isn’t about following your passion—it’s about developing rare and valuable skills. Newport explains why mastery, not passion, is the key to a meaningful and successful career.

    Add to cart
  • 🎓 Harvard, Oxford ကျောင်းသားတွေက ဒီနည်းလမ်းကို အသုံးပြုကြတယ်။
    ❓ နဂိုထက် ပိုမိုအောင်မြင်မှုတွေ ရရှိနိုင်စေမယ့်နည်းလမ်းတစ်ခု ရှိမယ်ဆိုရင် စိတ်ဝင်စားမလား?

    📒 ဘယ်သူတွေ ဖတ်သင့်လဲ ဆိုတော့
    🟥 တစ်ရက်ကို ၈ နာရီအထက် အလုပ်လုပ်နေရသူတွေ
    🟧 အလုပ်ရှုပ်နေပြီး အလုပ်ပြီးမြောက်မှု မရှိသူတွေ
    🟨 ပညာရပ် တစ်ခုခုကို အားသွန်ခွန်စိုက် လေ့လာချင်သူတွေ အတွက် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တယ်။

    🧠 ခေါင်းစဉ်ကတော့ Deep Work တဲ့

    🥺 မျက်လုံးခဏ မှိတ်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကြည့်လိုက်ပါ။ ၁ မိနစ်မပြည့်ခင်မှာပဲ သင့်ခေါင်းထဲကို အတွေးပေါင်းများစွာ ဝင်ရောက်နှောင့်ယှက်နေမှာကို သတိပြုမိလိမ့်မယ်။

    😈 ဦးနှောဏ် ရဲ့ သဘာဝက ပြဿနာတွေကို ဖြေရှင်းဖိုပါပဲ။ ပြဿနာတွေ မရှိတော့တဲ့ အခါမှာ ပြဿနာတွေကို ဖန်တီးတတ်တယ်၊ ရှာဖွေတတ်တယ်၊ အနှောင့်အယှက်တွေကို လုပ်ယူတတ်ပါတယ်။

    🦸‍♂️ နေ့စဉ် Social Media ကို ကြည့်တတ်တဲ့သူတွေ အနေနဲ့ Social Media မှာ ပြဿနာပေါင်းစုံကို အချိန်နဲ့ အမျှ တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်။ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာ ရှိနေသေးသရွေ့ လိုချင်တဲ့ အခြေအနေတစ်ခုကို ရောက်နိုင်ဖို နှောင့်နှေးနေဦးမှာပဲ ဖြစ်တယ်။ ဦးနှောဏ်ကို ကိုယ့်ရဲ့ Discipline နဲ့ ပြန်လည် ဦးဆောင်နိုင်ရမယ်။

    စာအုပ်ထဲမှာ
    🔷 အလုပ်ပြီးမြောက်မှုကို ဖြစ်စေနိုင်တဲ့ အလေ့အကျင့်တွေ
    🔷 အလုပ်ပြီးမြောက်မှု ရနိုင်မယ့် အခြေအနေ ဖန်တီးပုံတွေ
    🔷 အလေ့အကျင့်ကောင်း တွေ လုပ်နိုင်မယ့် နည်းလမ်းတွေ ကို သေချာစွာ ရှင်းပြပေးထားမှာ ဖြစ်ပါတယ်။

    နောင်တစ်ချိန်မှာ လူတန်းစား ၃ မျိုးပဲ ကျန်ခဲ့လိမ့်မယ်။
    🔶 ဉာဏ်ရည်မြင့် စက်ပစ္စည်းတွေနဲ့ အလုပ် လုပ်နိုင်သူတွေ၊
    🔶 ငွေကြေး ရှာဖွေနိုင်တဲ့သူတွေ
    🔶 ကိုယ့်ပညာရပ် နယ်ပယ်မှာ ထူးချွန်စွာ ကျွမ်းကျင်သူတွေ

    Cal Newport ရဲ့ Deep Work စာအုပ် ဖတ်ရင်း အကျိုးကျေးဇူးများစွာ ရနိုင်ပြီး လူပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
    🟩 Book Name – Deep Work
    🟩 Author – Cal Newport
    🟩 Price – 19,500 MMK (Premium ++ Quality, Hardcover, Creamy Paper)

    Add to cart
  • 😴ပင်ပန်းနေပြီလား??????
    😮‍💨သတင်းတွေ ဖတ်ပြီး မွန်းကျပ်နေပြီလား?
    👟တစ်နေရာရာကို ရုန်းထွက်ချင်စိတ် ဖြစ်နေပြီလား?

    💻ကျွန်တော်တို နည်းပညာကို အသုံးပြုနေရင်း နည်းပညာရဲ့ လက်ပါးစေ မဖြစ်ဖိုအတွက် အဓိကထား ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

    📱တစ်နေ့ထက်တစ်နေ့ Facebook, YouTube, Tik tok , Twitter စတဲ့ Social Platforms တွေမှာ အချိန်ပေါင်းများစွာ ကုန်ဆုံးနေမိတာကို သတိပြုမိနေကြပြီလား?
    Social Media ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို တစ်ဦးနဲ့ တစ်ဦး ယခင်ကထက် ပိုမို နီးစပ်လာအောင် လုပ်ပေးဖို၊ ပညာတွေ သင်ယူဖိုပါပဲ။ ဒါပေမယ့် လက်ရှိမှာတော့ တစ်ဦးနဲ့ တစ်ဦး အရင်ကထက် ပိုမို ဝေးကွာလာနေပါတယ်။ အချိန်တွေ ကုန်နေကြတယ်။
    SUCCESS အောင်မြင်မှုဆိုတဲ့ အရာကို ရနိုင်ဖိုအတွက် ကျွန်တော်တိုက အနှောင့်အယှက်ပေးနေတဲ့ Distraction တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဖို လိုအပ်နေပါသေးတယ်။

    🧠ကမ္ဘာအတော်ဆုံး လူတွေ စုထားတဲ့ Harvard, MIT, Oxford တက္ကသိုလ်ကြီးတွေမှာ ရှိတဲ့ လူတွေရဲ့ နံပါတ်တစ် အရည်အချင်းတစ်ရပ်ကတော့ သူတိုဟာ အလုပ်တစ်ခုမှာ မဆုတ်မနစ်ပဲ အချိန်ပေါင်းများစွာ လုပ်နိုင်တဲ့ (Deep Focus/ Deep Work) လုပ်နိုင်ချင်းပဲ ဖြစ်ပါတယ်။

    📵ကျွန်တော်တိုဟာ Social Media ကို အချိန်ပေါင်းများစွာ အသုံးပြုလာတဲ့ အခါမှာ ကျွန်တော်တိုရဲ့ Attention Span အာရုံစူးစိုက်နိုင်စွမ်း လျော့ကြလာကြပါတယ်။ တစ်ချိန်တုန်းက အချိန်ပေါင်းများစွာ အလုပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ် လုပ်နိုင်တဲ့ အခြေအနေတစ်ခုကနေ အခု လက်ရှိအချိန်မှာတော့ ၁၀ မိနစ်လောက်တောင် အာရုံ မစူးစိုက်နိုင်အောင် လျော့နည်းလာတာကို တွေ့မြင်ရပါတယ်။

    ကျွန်တော်တို နားမှာ Distractions တွေ ပြည့်နှက်နေတဲ့ လောကကြီးကနေ ကျွန်တော်တိုက တကယ် အရေးပါတဲ့ အရာတွေကို အာရုံစိုက် အလေးပေး တန်ဖိုးထားဖို လိုအပ်နေပါပြီ။

    🤔တကယ်လို လူတိုင်း အောင်မြင်နိုင်တဲ့ အရည်အချင်းတစ်ခု ရှိတယ်ဆိုရင် လူတိုင်း လိုက်လုပ်နိုင်ကြပါ့မလား??????

    🐖ဝက်တွေရဲ့ ပင်ကို သဘာဝက တစ်နေရာနဲ့ တစ်နေရာကို လျှောက်သွား ကျက်စားနေကြပြီး မျိုးပွားဖို ဖြစ်ပါတယ်။ အခုကတော့ ဝက်တွေကို လှောင်အိမ်ထဲမှာ မွေးစကနေ သားဖွားဖို အတွက်ပဲ မွေးမြူကြပြီး ပင်ကို သဘာဝ ပျောက်လာကြပါတယ်။
    ကျွန်တော်တိုကလည်း အပြင်ထွက်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ၊ အတွေ့အကြုံတွေ ဖလှယ်ပြီး ကြိုးစားနေကြရမှာပါ။ ဒါပေမယ့် တစ်ချိန်လုံး ဖုန်းရှေ့မှာပဲ ငုတ်တုတ်ထိုင်နေကြပြီး အချိန် ကုန်ဆုံးနေကြပါတယ်။

    📴တကယ်လိုသာ ကျွန်တော်တိုက Social Media ကို ရက် ၃၀ လျော့သုံးပြီး နေကြရင် ဘာဖြစ်ကြမလဲ??
    ကြိမ်းသေတာကတော့ ကျွန်တော်တို အရမ်း ပျင်း လာကြပါမယ်။
    ပျင်းလာတာကို ဖျောက်ပစ်ဖိုအတွက် ကျွန်တော်တို တစ်ခုခု လုပ်ဖို စဉ်းစားကြရပါမယ်။
    Social Media ကပေးတဲ့ Dopamine မရှိတော့တဲ့အတွက် တစ်ချိန်တုန်းက ကျွန်တော်တိုက ပျော်အောင် လုပ်ပေးမယ့် အရာတွေကို စဉ်းစားရပါတော့တယ်။
    တစ်ချိန်တုန်းက Constant Dopamine Intake မရရှိနိုင်တဲ့ ပျော်စရာ လိုအပ်ချက်တွေကို ကျွန်တော်တို တွေ့ရှိလာပါတော့တယ်။
    တစ်လောကလုံးမှာ တစ်ယောက်တည်း ဖြစ်သွားပြီး တကယ် အရေးပါတဲ့ အရာတွေကို ရှာဖွေ တွေ့ရှိလာပါတယ်။
    လူတွေနဲ့ တွေ့မယ်၊ မိဘတွေနဲ့ စကားပြောမယ်၊ ကော်ဖီ တစ်ခွက်နဲ့ စာအုပ်လေးဖတ်ရင်း အနှစ်သာရတွေကို ပြန်လည် သတိပြုမိလာပါမယ်။

    Social Media လျော့သုံး ပြီး အရမ်း ပျင်းလာရင် ဘာလုပ်ကြမလဲ
    🚶‍♂️လမ်းလျှောက်ပါ။ ဝေးဝေး လျှောက်ပြီး သဘာဝ အလှတရားတွေကို ခံစားပါ။
    ✍️စာရေးပါ။ ကိုယ့်ဘဝအတွက် အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးပါ။
    🌙အနားယူပါ။ ခွန်အားတွေ ပြန်ယူပါ။

    လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
    အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။

    Add to cart
  • မနက် အိပ်ယာ နိုးတာနဲ့ မသွားချင်တဲ့ အလုပ်အတွက် ပြင်ဆင်၊ အလုပ်မှာလည်း အချိန်ကုန်၊ လူပင်ပန်း ပြန်လာတဲ့ အခါမှာလည်း ဟိုယောင်ယောင် ဒီယောင်ယောင် နဲ့ အိပ်မောကျ၊ နောက်နေ့တွေ မှာလည်း ဒီလိုပဲ သံသရာ လည်နေပြန်တယ်။
    စာအုပ်စာပေ အများစုမှာတော့ Passion, Motivation တွေ မရှိလို ဖြစ်တယ် ဘာညာပေါ့။

    ဒါပေမယ့် Passion ဆိုတာ ဘာလဲ?
    အလွယ်ဆုံး ပြောပြရရင် Passion ဆိုတာ မနက်တိုင်း ခွန်အားအပြည့်နဲ့ နှိးထစေဖို အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ အရာ တစ်ခု ရှိနေခြင်းပဲပေါ့။ တကယ်ရော အဲ့လို ရှိနိုင်လိုလား?

    Don’t Follow Passion
    စာရေးဆရာ Cal Newport က Professor တစ်ယောက် မဖြစ်ခင် လူတွေ မြောက်များစွာကို အင်တာဗျူးကြည့်တဲ့အခါမှာ အလုပ်ကို ချစ်မြတ်နိုးတဲ့ လူတွေဟာ သူတို Passion နောက်ကို မလိုက်ခဲ့တာကို တွေ့ရှိရပါတယ်။
    အထူးသဖြင့် Steve Jobs သာ သူ့ Passion အတိုင်း လုပ်ခဲ့ရင် စာသင်တဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။

    Passion Mindset vs Craftsman Mindset
    Passion Mindset = What can the world offer me?
    Passion Mindset နဲ့ အလုပ်လုပ်ကြတဲ့သူတွေက အခက်အခဲတွေ ကြုံရနိုင်တယ်။ “သူတိုကို လောကကြီးက ဘာတွေ လုပ်ပေးနိုင်လဲ” ဆိုတဲ့ ရှုထောင့် တစ်ခုနဲ့ လုပ်ကိုင်နေကြလိုပါပဲ။ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်တစ်ခုက သူတို လိုချင်တဲ့ အရာ တစ်ခု မပေးစွမ်းဆောင်နိုင်တဲ့ အခါမှာ သူတိုအလုပ်က သူတို အတွက် Passion မဟုတ်ဘူးလို သတ်မှတ်လိုက်ကြတယ်။ တစ်ခြားအရာတစ်ခုကို ပြောင်းလုပ်လိုက်ကြတယ်။
    Craftsman Mindset = What can I offer the world?
    Craftsman Mindset ကတော့ “ကိုယ်က ဘယ်လောက် လုပ်ပေးနိုင်မလဲ” ဆိုတဲ့ ရှုထောင့်က အလုပ်လုပ်ကြတဲ့အခါမှာ သူတိုကို သူတို ဘယ်လိုကောင်းအောင် ကြိုးစားရမလဲ အချက်ကိုပဲ အဓိကထား စဉ်းစားကြတယ်။ ဒီတော့ အခက်အခဲတွေ ကြုံလာတိုင်း ကျော်ဖြတ်ဖို နည်းလမ်းတွေကို ရှာဖွေကြတယ်။

    Daily Deliberate Practice
    ဥပမာအားဖြင့် ကျွန်တော်တို လေ့ကျင့်ခန်း တစ်နေ့ကို နာရီဝက် လုပ်မယ်ဆိုပါတော့
    တစ်နေ့ကို လေ့ကျင့်ခန်း နာရီဝက် လုပ်ခြင်းဟာ
    ပထမ တစ်ရက်မှာ မသိသာပါဘူး။
    ပထမ တစ်ပတ်မှာလည်း မသိသာပါဘူး။
    ပထမ တစ်လမှာလည်း အရမ်း မသိသာသေးပါဘူး။
    ဒါပေမယ့် သုံးလ၊ လေးလ ဆက်တိုက် လုပ်လာတဲ့ အခါမှာမှ ရလာဒ်က သိသာလာတာ။

    အများစု ဖြစ်တတ်တာက နှစ်ပတ်လောက် လုပ်ပြီးသွားရင် ပျင်းလာတယ်၊ ရလာဒ်တွေကလည်း မသိသာဘူး။ ဒီတော့ ဆက်မလုပ်ချင်တော့ဘူး။ Daily Deliberate Practice ကတော့ Craftsman Mindset ရဲ့ အဓိက အနှစ်သာရပါပဲ။ အခက်အခဲတွေကို ကြုံလာတိုင်း၊ ပျင်းလာတိုင်း၊ စိတ်ညစ်လာတိုင်းမှာ နောက်ဆုတ် မသွားပဲ ဒီအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ရမလဲ၊ ဘယ်လို ရင်ဆိုင်ရမလဲ စသဖြင့် ကိုယ် လိုချင်တဲ့ ပန်းတိုင် တစ်ခုခုကို မရောက်မချင်း သွားတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

    လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
    အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။

    Add to cart

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping