Start With Why
21,500 Ks
WHY, HOW, WHAT
Why က ဘာကြောင့် အရေးကြီးလဲ
သီချင်းတွေကို အခွေတွေနဲ့ပဲ နားထောင်လို ရခဲ့တဲ့ ခေတ်တစ်ခုမှာပေါ့။ Apple မတိုင်ခင်မှာ Creative ကုမ္ပဏီက MP3 player တွေကို အရင် ထုတ်ဝေ ရောင်းချခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မသိခဲ့ကြဘူး။ ဘာလိုလဲဆိုတော့ Creative ကုမ္ပဏီက “What” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ထုတ်ခဲ့တာ ဖြစ်လိုပါ။
Apple က ဒါဆို ဘာလို အောင်မြင်ခဲ့လဲ ????
“1000 Songs in your Pocket” သီချင်းအပုဒ်တစ်ထောင်ကို သင့်အိတ်ကပ်ထဲမှာ ရှိတယ် ဆိုတဲ့ “Why” ကို အသုံးပြုပြီး Marketing လုပ်သွားတဲ့ အတွက် အောင်မြင်မှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သမျှ အကုန် ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
နောင်တစ်ချိန်မှာလည်း သီချင်း၊ အင်တာနက်၊ ဖုန်း အကုန်လုံးက တစ်မျိုးချင်းဆီ သီးသန့် အသုံးပြုနေရတဲ့ အချိန်မှာ Steve Jobs က “Iphone” ကို သုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုရနိုင်တယ်ဆိုပြီး Marketing လုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် လူတိုင်း၊ ကုမ္ပဏီတိုင်းက “ဘာကြောင့် လုပ်တာလဲ WHY” ကို အမြဲတမ်း ရှေ့ဆုံးမှာ ထားပြီး စဉ်းစားသင့်ပါတယ်။
HOW
“WHY” ကို သိနေရုံနဲ့ မရနိုင်သေးပါဘူး။ “HOW” ကိုလည်း သိရပါမယ်။
ကုမ္ပဏီတစ်ခုမှာ လူတစ်ယောက်တည်းကပဲ အစစအရာရာ အကုန်ဆုံးဖြတ်နေရင် ဘာဖြစ်သွားမလဲ???
APPLE Vs MICROSOFT
စာအုပ်ထဲမှာ APPLE ကုမ္ပဏီဟာ CEO Steve Jobs ကွယ်လွန်သွားခဲ့တဲ့ အချိန်က စတင်ပြီးတော့ သူတို နဂိုသွားနေတဲ့ လမ်းကြောင်းကနေ တဖြည်းဖြည်း သွေဖယ်သွားတာကို ပြောပြခဲ့တယ်။
MICROSOFT ကုမ္ပဏီကလည်း CEO Bill Gates အနားယူသွားပြီး CEO Steve Ballmer ဦးဆောင်နေတဲ့ အချိန်မှာ Bill Gates ရဲ့ ရည်မှန်းချက်ကို လက်ကိုင်ထားပေမယ့်လည်း သွားလိုတဲ့ ပန်းတိုင်တစ်ခုကို မရောက်ရှိပဲ ဖြစ်နေခဲ့တယ်။ လူတွေ အများကြီး အလုပ်ထွက်ခဲ့ကြပြီး ကုမ္ပဏီဟာ အင်မတန် ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့တယ်။ လက်ရှိ CEO Satya Nadella ဦးဆောင်တဲ့ အချိန်ကျမှာ ကုမ္ပဏီဟာ ထိပ်ဆုံး အခြေအနေကို ပြန်လည် ရောက်ရှိခဲ့တယ်။
ဒီနှစ်ချက် ဘာကွာလဲ??
အခြေခံ အနှစ်သာရ “WHY” ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ တစ်ဖက်မှာလည်း လုပ်ဆောင်ရမယ့် နည်းလမ်း မှန်မမှန် က သွားနေတဲ့ ပန်းတိုင်တစ်ခုကို အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။
“WHY” go Fuzzy?
Volkswagen ကုမ္ပဏီရဲ့ “WHY” ကတော့ လူတွေအတွက် ဈေးနှုန်းသင့်တင့်ပြီး ယုံကြည်စိတ်ချရတဲ့ ကားတွေကို ထုတ်ဖိုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီရဲ့ နဂို ရည်မှန်းချက် ပျောက်ဆုံးပြီးတော့ ဈေးမြင့်တဲ့ Luxury ဆန်ဆန် ကားတွေ ထုတ်လုပ်လာတဲ့ အချိန်မှာ မအောင်မြင်ပဲ ဖြစ်ခဲ့ရပါတယ်။
ပင်ကို မူလ ရည်မှန်းချက်ကနေ သွေဖယ်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တည်လာတဲ့အခါမှာ ပန်းတိုင်နဲ့ တဖြည်းဖြည်း ဝေးသွားပါတယ်။
ဒီစာအုပ်ကိုရော “WHY” ဘာလို ဖတ်သင့်လဲ?
ကျွန်တော်တို မနက်တိုင်း ဘာအတွက်ကြောင့် အိပ်ယာ ထလဲ???
ကျွန်တော်တိုဦးနှောဏ်က မနေ့က အတွေးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ပြန်တွေးတတ်ကြတယ်။ ဒီတော့ ကျွန်တော်တိုက အတိတ်မှာပဲ တစ်နေ့ထက် တစ်နေ့ ကျင်လည်နေကြပြီး မနေ့က အတွေးတွေနဲ့ပဲ အသက်ရှင်နေကြတယ်။ အတိတ်ထဲမှာပဲ သံသရာလည်နေကြတယ်။
အိပ်ယာထ၊ အလုပ်သွား၊ ပြန်ရောက်၊ အိပ် ဒီလိုနဲ့ပဲ နေ့တိုင်း အသက်ရှင်နေတော့မှာလား? ကျွန်တော်တိုက ကိုယ့်အတွက် မဟုတ်တဲ့ အရာတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တန်ဖိုးဖြတ်မရတဲ့ အချိန်တွေကို ကုန်ဆုံးစေတော့မှာလား?
တစ်ချိန်မှာ အားလုံး အဆုံးသတ်ရမှာချင်း အတူတူကို “ နတ်ပြည် တံခါးဝ ရောက်တဲ့ အခါမှာ အားရပါးရ ပြုံးပြီး ကျွန်တော့်ဘဝကို အကောင်းဆုံး ရှင်သန်ခဲ့တယ်” လို ပျော်ပျော်ကြီး ပြောနိုင်တဲ့ ဘဝအခြေအနေ တစ်ခုကို ရှင်သန်နေထိုင်ဖို ပုံဖော်ကြည့်ပါ။
ဒါကြောင့် ဒီ စာအုပ်ကို ဖတ်ပါ။
Related products
-
Add to cart
🚦ပရမ်းပတာဖြစ်ခြင်းတွေကိုရှောင်ရှားနိုင်ဖို ဖြေဆေး ၁၂ ချက်🚦
🦞ကျောက်ပုဇွန်တွေအကြောင်း
💪ကြိုးစားရုန်းကန်မှုရဲ့အဓိပ္ပါယ်
📅အစီအစဉ်မကျမှုတွေကိုထိန်းချုပ်နိုင်မှု
😈အကြောက်တရားကိုရင်ဆိုင်ခြင်း
👨👩👧👦ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ အမှန်တရားရဲ့ဆိုလိုရင်း စတဲ့ အရာတွေကို ဒီစာအုပ်ထဲမှာရှာတွေ့နိုင်ပါတယ်📊Chaos လိုခေါ်တဲ့အစီအစဉ်မကျတာ မမျှော်လင့်ထားတာတွေဖြစ်လာတာ ပရမ်းပတာဖြစ်တဲ့အရာတွေဟာ ကျွန်တော်တိုပတ်ဝန်းကျင်မှာ အစဉ်အမြဲဖြစ်နေပါတယ်။ ကိစ္စတစ်ခု Project တစ်ခုအတွက် အများကြီးပြင်ဆင်ထားပြီး အနားနီးတော့မှပေါက်တတ်ကရတွေထဖြစ်တာမျိုးတွေ အားလုံးကြုံခဲ့ကြုံနေကျဆဲ ဖြစ်နေတုန်းပါ။ ဒီလိုအထိန်းအကွပ်မရှိတဲ့ Chaos ကိုကျွန်တော်တိုရင်ဆိုင်နိုင်တဲ့နည်းတွေကို စာရေးဆရာ Dr. Jordan Peterson ရဲ့ 12 Rules for Life စာအုပ်ထဲကအချက်ကလေးတွေကို ဒီ Post မှာ Share ပေးထားပါတယ်
1. 💪Stand up straight with your shoulders back💪
ခါးဆန့် ရင်ကော့ပြီး ခန့်ခန့်ငြားငြားမတ်မတ်တပ်ရပ်ပါကိုယ်နေဟန်ထားဟာ စိတ်သဘောထားနဲ့မှန်တစ်ချပ်လိုဒွန်တွဲနေတာကို ကျွန်တော်တိုသတိပြုမိမှာပါ။ ဥပမာ ရိုသေရမယ့်လူ ( မိဘ, ဘုန်းကြီး) စတဲ့ သူတွေရှေ့ရောက်ရင် အလိုလို ကိုယ်ကျုံသွားသလိုပေါ့ ။
ကျွန်တော်တိုတွေရဲ့ Body Language ကစကားလုံးတွေထက် စကားအများကြီးပြောပါတယ်. ကျောကိုဆန့်ရင်ကိုဖွင့်ပြီး မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ရဲ့ confidence, Responsibility နဲ့ Capability ကိုစကားပြောစရာမလိုပဲနဲ့ Automatic ကျွန်တော်တိုသိနိုင်ပါတယ်။ လူတွေနဲ့ဆက်ဆံတဲ့အချိန် မှာ ယုံကြည်ရတဲ့ Body Posture ကိုအသုံးပြုပြီးတာဝန်ယူနိုင်မှုကိုပြသနိုင်ခြင်းဟာ ကျွန်တော်တိုအတွက် အခွင့်အလမ်းသစ်တွေအများကြီးရနိုင်စေပါတယ်။2. 🚑Treat yourself like someone you’re responsible for helping🚑
သင့်ကိုယ်သင် ကူညီပေးဖို တာဝန်ရှိသူတစ်ယောက်လို ဆက်ဆံပါ။တစ်ရက် ခင်ဗျားမွေးထားတဲ့ အချစ်ဆုံးခွေးလေးနေမကောင်းဖြစ်တယ်လိုဆိုကြပါစို။ သူအဖျားသက်သာဖို ချက်ချင်းဆေးခန်းပြေး၊ ကြက်ပေါင်းတွေတိုက် ဆေးဝယ် လုပ်ကြတယ်မဟုတ်လား ။ သင်ကိုယ်တိုင်နေသိပ်မကောင်းတဲ့အချိန်ကျရင်ရော သင်ဘာလုပ်သလဲ ? Paracetamol လေးသောက်လိုက်ရင်သက်သာသွားမှာပါဆိုပြီး နေကြတာများပါတယ်။ လေ့လာချက်တွေအရ ကျွန်တော်တိုဟာ ကိုယ့်ကိုယ်ကိုထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပိုဂရုစိုက်တတ်ကြတာတွေ့ရှိရပါတယ်တဲ့။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးဆိုသလို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို ကျွန်တော်တိုလိုအပ်ပါတယ်
3. 🤝Make friends with people who want the best for you 🤝
မိမိရဲ့အကောင်းဆုံးကိုလိုလားတဲ့သူတွေနဲ့အပေါင်းအသင်းလုပ်ပါအပေါင်းအသင်းမိတ်ဆွေတွေတိုင်းက မတူပါဘူး ကောင်းတဲ့မိတ်ဆွေတွေရှိသလို သင့်ကိုဖျက်ဆီးဖိုကြိုးစားတဲ့ အယောင်ဆောင်မိတ်ဆွေတွေလည်း လောကကြီးထဲမှာရှိပါတယ်။ မိတ်ဆွေစစ် မိတ်ဆွေကောင်းကိုရှာဖွေဖိုကလည်းကျွန်တော်တို ရဲ့ တာဝန်တစ်ခုလို ဂရုစိုက်ရမှာပါ။
4.🏃♂️Compare yourself to who you were yesterday, not to who someone else is today🏃♂️
ဒီနေ့ရဲ့ တစ်စုံတစ်ယောက်နဲ့မပြိုင်ပါနဲ့ သင့်ကိုယ်သင် မနေ့ကသင်ကိုယ်တိုင်နဲ့နှိင်းယှဉ်ပါ,ဘယ်သူ့နဲ့မှယှဉ်ဖိုမကြိုးစားပါနဲ့ မိမိကိုယ်ကိုယ်သာနှိင်းယှဉ်ပါ။
“ ဟိုတစ်ယောက်က ဘယ်မှာအလုပ်လုပ်တာ “ “ သူက ဘာဘွဲရထားတာလေ “ ဆိုတဲ့စကားလုံးတွေကြားဖူးကြမှာပါ။ အချိုစကားလုံးတွေဆိုရင် ငယ်စဉ်ကတည်းကကြားလွန်းလို ကျွန်တော်တိုဘ၀မှာ Trauma တွေတောင်ဖြစ်နေပြီမဟုတ်လား။ ဒါပေမယ့်ဘ၀ကိုဖြတ်သန်းရင်းရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်တိုမှာ ကိုယ့်ဘာသာကိုယ်ပဲပြန်နှိင်းယှဉ် ရပါမယ်
တစ်ပတ်ကို 1%ပဲ တိုးတက်အောင်ကြိုးစားရင် 71 ပတ်ကြာတဲ့အချိန်မှာ ကျွန်တော်တို စတဲ့အချိန်ကနေ 2 ဆ ပိုမိုကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်နေမှာပါ5. 👪Do not let your children do anything that makes you dislike them👪
မင်းရဲ့သားသမီးကို မင်းကိုယ်တိုင်မကြိုက်စေမဲ့အရာတွေကိုမလုပ်မိပါစေနဲ့ပထမဆုံး ဒီ Rule ကိုကြားတာနဲ့ပြန်ရမယ့်အဖြေက “ ကျွန်တော့်မှာသားသမီးမရှိပဲ ဒါကိုဘယ်လိုလုပ်မှာလဲ “ ဆိုတာပါပဲ
မိဘတစ်ယောက်ရဲ့ တာဝန်၀တ္တရားဟာအရမ်းကြီးပြီးခက်ခဲပါတယ်။ ကိုယ့်သားသမီးက ကိုယ်မကြိုက်တဲ့အရာတွေလုပ်နေတာကို လက်ခံပြီးဆက်လုပ်ခွင့်ပေးလိုက်ရင် ဒီကလေးဟာပတ်ဝန်းကျင်နဲ့ဝင်ဆန့်ဖိုတစ်သက်လုံးခက်ခဲသွားမှာအမှန်ပါပဲ။ အတွေ့အကြုံရှိတဲ့ မိဘတစ်ယောက်လိုမျိုး လူတစ်ယောက်အနေနဲ့ကျွန်တော်တိုအောက်ကလူတွေကို အမှားမလုပ်ပဲ အမှန်ပြုနိုင်အောင် ဖေးမပေးဖိုကျွန်တော်တိုလိုအပ်ပါတယ်။6. 🏠Set your house in perfect order before you criticize the world🏠
ကမ္ဘာကြီးကိုမဝေဖန်ခင် ကိုယ့်အိမ်ကိုအရင်စနစ်တကျဖြစ်အောင်ထားပါမင်မင်ကြားဖူးတဲ့စကားပုံတစ်ခုရှိတယ် “ လူတိုင်းက ကိုယ့်အိမ်နဲ့ပတ်ဝန်းကျင်ကိုအမြဲသန့်ရှင်းရေးလုပ်နေရင် တစ်ကမ္ဘာလုံးအမှိက်ကောက်ဖိုလိုမှာမဟုတ်ဘူး “။ လူတွေက အကြောင်းအရာတစ်ခုခုကိုမြင်လိုက်ရင် အရင်ဆုံးဝေဖန်ဖို နဲ့ ဆရာကြီးလုပ်ဖို ပထမဆုံးတွေးတတ်ကြပါတယ် ။ မဝေဖန်ခင် မှာ ကိုယ့်အကြောင်းကိုယ်အရင်တွေးပြီး တိုးတက်အောင်လုပ်ဖိုကြိုးစားပါ။ စနစ်တကျစည်းကမ်းတကျ ဖြစ်တဲ့ မိမိကိုယ်ကိုမွေးမြူပါ။
7.🦉Pursuit what is meaningful (Not what is expedient)🦉
အဆင်ပြေတဲ့အရာနောက်ကို မလိုက်ပါနဲ့ အဓိပ္ပါယ်ရှိတဲ့ အရာကိုသာလုပ်ပါလောကကြီးကတရားလိုက်တာတို ဘ၀ဆိုတာပျော်ပျော်နေဖိုဖြစ်လာတာ တိုဆိုတဲ့စကားတွေကိုဘယ်သူမှပြောလေ့ပြောထမရှိကြပါဘူး၊ စာရေးသူ Jorden Petersonက သူ့ရဲ့အမြင်ကို “ ဘ၀ဆိုတာပျော်ရွှင်ဖိုမဟုတ်ဘူး ဘ၀ဆိုတာအဓိပ္ပါယ်ရှိဖို” ဆိုပြီး ရေးသားထားပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကျွန်တော်တိုတွေ ငွေကြေးချမ်းသာမှု၊ပျော်ရွှင်မှု၊ အသိအမှတ်ပြုခံရမှု စတဲ့ အရာတွေနောက်လိုက်ပြီးကုန်ခဲ့တဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ ? အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို စလုပ်ဖို အခုအချိန်က အကောင်းဆုံးမဟုတ်လား ?
8. ✔️Tell the truth or at least don’t lie✔️
အမှန်ကိုပြောပါ။ အနည်းဆုံးတော့ မလိမ်ပါနဲ့ယုံကြည်မှုဟာ တည်ဆောက်ရဖိုခက်သလောက် ပျက်စီးသွားဖိုအရမ်းလွယ်ကူပါတယ်။အလုပ်မှာပဲဖြစ်စေ မိသားစု(သို)လူမှုပတ်ဝန်းကျင်မှာပဲဖြစ်စေ အမြဲလိမ်ညာဖိုကြိုးစားနေတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှလူရာဝင်ဆန့်မှာမဟုတ်ပါဘူး။ အဆင်မပြေမှုတစ်ချိုရှိနိုင်ပေမယ့် အမှန်တရားကိုပြောရဲတဲ့ သတ္တိဟာအခက်အခဲအများစုကို ကျော်ဖြတ်နိုင်တဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။
9. 👂Assume that the person you are listening to might know something you don’t 👂
မင်းနားထောင်နေတဲ့သူက မင်းမသိတဲ့အရာတစ်ခုခုကိုသိနေတယ်လို ယူဆပါ။“I know that I know nothing” ဆိုတဲ့စကားဟာ Socrates ပြောခဲ့တဲ့ထဲက အကျော်ကြားဆုံးစကားတစ်ခုဖြစ်ပါတယ်။ အရာအားလုံးကို ငါသိငါတတ်ဆိုပြီး ကိုတတ်ပ လုပ်ရင် ကျွန်တော်တိုအတွက် အတွေးအမြင်သစ်တွေ Idea အသစ်တွေရဖိုပိုခက်ခဲပါတယ်။ ကျွန်တော်တိုရဲ့ပြည့်နေတဲ့ခွက်ကို သွန်ချလိုက်ပါ။ အာရုံစိုက်ပြီးနားထောင်နိုင်တဲ့ Skillset တစ်ခုဟာ ကျွန်တော်တိုကိုယ်တိုင်မွေးမြူရမဲ့အရာတစ်ခုဖြစ်ပါတယ်10. 🗣️Be precise in your speech🗣️
တိတိကျကျစကားပြောပါစကားလုံးတွေဟာ ဓားထက်ပိုထက်ပြီးထိရောက်မှုပိုရှိပါတယ်။ ကျွန်တော်တိုခေါင်းထဲမှာရှိတဲ့စကားလုံးတွေကို အစီအစဉ်တကျမတွေးပဲ ခံစားချက်တွေအတိုင်းပြောမိတဲ့အခါမှာ ခုတ်ရာတခြားရှရာတလွဲဖြစ်တဲ့ အတွေ့အကြုံတွေ ကျွန်တော်တိုအားလုံးမှာကိုယ်စီရှိကြပါတယ်။ စကားလုံးတွေအများကြီးလျှောက်ပြောပြီး ဘာကိုဆိုလိုမှန်းမသိတဲ့အရာကိုရွေးချယ်မလား ? စကားလုံးနည်းနည်းနဲ့ကျွန်တော်တိုပြောချင်တဲ့ အရာကိုတိတိကျကျပြောတာကိုရွေးချယ်မလား ? လူအများစုကတော့ ကိုယ်သိလိုတဲ့အရာကို စကားနည်းနည်းနဲ့ အတိအကျပြောတတ်တဲ့သူကို ပိုခင်မင်ရင်းနှီးတတ်ကြပါတယ်။
11. 🛹Don’t bother children when they are skateboarding🛹
စကိတ်စီးနေတဲ့ကလေးတစ်ယောက်ကိုမနှောင့်ယှက်ပါနဲ့အမှားလုပ်မိမှာကိုစိုးရိမ်တဲ့စိတ် ကျွန်တော်တိုအားလုံးမှာရှိပါတယ်။ ထိခိုက်ဒဏ်ရာရသွားမှာကို ကာကွယ်ချင်တဲ့စိတ်နဲ့ ကလေးတစ်ယောက်စကိတ်စီးနေတာကို သွားတားလိုက်ရင် ဒီကလေးဟာ စကိတ်စီးတတ်တော့မှာမဟုတ်ပါဘူး ။ ဘ၀မှာလည်းကျွန်တော်တို အဆင်မပြေမှာကိုစိုးရိမ်တာနဲ့ Comfort Zone ထဲကရုန်းထွက်ဖို အခွင့်အရေးကို ဘယ်နှစ်ကြိမ်လောက်လက်လွှတ်ခဲ့ပြီးပြီလဲ? စကိတ်စီးရင်းချော်လဲတာကနေ ကလေးတစ်ယောက်ကို ကျွမ်းကျင်အောင်သင်ပေးရသလိုမျိုး ဘ၀မှာကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကနေ ကျွမ်းကျင်မှုကိုသင်ယူပါ။
12. 🐈Pet a cat when you encounter one on the street🐈
လမ်းမှာတွေ့တဲ့ကြောင်တစ်ကောင်ကို ပွတ်သပ်ယုယပါဘ၀ဟာ ခက်ခဲပါတယ်။ ကျွန်တော်တိုဘယ်လောက်ပဲကောင်းအောင်ကြိုးစားကြိုးစား အတားအဆီးတွေနဲ့ အခက်အခဲတွေဟာရပ်တန့်မသွားပါဘူး။ တစ်ခါတစ်ရံမှာကျွန်တော်တိုရဲ့ မွန်းကြပ်နေတဲ့ရုန်းကန်မှုတွေကိုခဏလောက်မေ့ပြီး ကိုယ့်ကြိုးစားမှုကို ကျေနပ်မှုရှိဖိုလိုပါတယ်။ကြောင်တစ်ကောင်ကို ပွတ်သပ်နေတဲ့အချိန်မှာ ရရှိတဲ့ကြည်နူးမှုလိုမျိုး ကျွန်တော်တိုဘေးနားမှာရှိတဲ့ အရာသေးသေးတွေ (သစ်ရွက်ကလေးတွေလှုပ်သံ၊ အပေါ်ကကောင်းကင်တိမ်တွေရွေ့နေတဲ့အရသာ၊ အသားကိုလာထိတဲ့လေအေးအေးလေးတဲ့ခံစားမှု)ကနေ မိမိစိတ်အေးချမ်းမှုကိုဖန်တီးပါ။
ဘ၀ကြီးကသင့်အတွက်အဆင်ပြေနေပြီးတော့ လောကကြီးကသင်လိုချင်သမျှကိုပေးနေတယ်လိုခံစားရရင် ဒီစာအုပ်ကိုမဖတ်ပါနဲ့
ဒီစာအုပ်က ကျွန်တော်တိုနေကာမျက်မှန်မပါပဲ နေကိုကြည့်မိသလို ဘ၀ကိုအမှန်အတိုင်းမြင်ရပြီး Reality ကိုတွေ့ကြုံဖူးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
Messenger ထဲကို စာလေးတစ်ကြောင်းပိုရုံနဲ့ သင်လိုချင်တဲ့ဘ၀တိုးတက်မှုအတွက် လိုအပ်နေတဲ့အမှန်တရားကို ကိုယ်တိုင်ရယူလိုက်ပါ။ -
Add to cart
🏢 ဝန်ထမ်းဘဝကို ငြီးငွေ့နေပြီလား။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေပြီလား။ သိုသော်လည်း မစွန့်စားရဲမှု၊ ငွေကြေးမလုံလောက်မှု၊ အခြားခြားသောအကြောင်းပြချက်တွေနဲ့ နှောင့်နှေးနေတုန်းပဲလား။
📙 The $100 Startup စာအုပ်က သင့်ကို 9 to 5 ဝန်ထမ်းဘဝကနေလွတ်အောင် သင့်ရဲ့ passion, skill ပေါင်းစပ်ပြီး ဒေါ်လာ၁၀၀ ဝန်းကျင် အရင်းအနှီးလောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတည်ထောင်နိုင်အောင် ပြောပြပေးမှာပါ။
“Plans are only good intentions unless they immediately degenerate into hard work.”
– Chris Guillabeau📚 The $100 Startup စာအုပ်က Chris Guillebeau ရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ဖိုအတွက် ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ အရင်းအနှီး ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ငွေများများရှာခဲ့တဲ့ လူ ၁၅၀၀ ရဲ့အကြောင်းများအနက် စိတ်ဝင်စားစရာအကောင်းဆုံး case အခု ၅၀ ကို ယခုစာအုပ်မှာ ထုတ်နုတ်ထားပါတယ်။
📃 သူ့ရဲ့case study တွေအရ Chris က သင်ဆိုဖာပေါ်ကနေပဲ သင့်ရဲ့ passion, skill တွေနဲ့ income ရှာဖွေနိုင်တဲ့ step-by-step framework ကို ယခုစာအုပ်မှာ တင်ပြထားပါတယ်။ သင်စတင်နိုင်ဖို ဒီစာအုပ်ကနေရမယ့်သင်ခန်းစာတွေထဲက (၃)ခု ဖော်ပြလိုက်ပါတယ်။
◾️ ပထမတစ်ခုက passion က equation ရဲ့သုံးပုံတစ်ပုံပဲရှိပါသေးတယ်။ သင် skill တွေရယ်၊ customer တွေ လိုပါသေးတယ်။ ကိုယ့်မှာရှိတဲ့ skill တွေနှင့် ကိုယ့် passion ကိုက်ညီမှုရှိရပါမယ်။ ပြီးတော့အဲ့ skill တွေနဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ နောက်တော့ customer တွေ သင့်ကို ဒီအတွက်ငွေပေးသွားမှာပါ။
◾️ ဒုတိယတစ်ခုက low cost မှာ အာရုံစိုက်ပြီး သင့်ရဲ့ဝါသနာကို အမြတ်ရှိတဲ့လုပ်ငန်းတစ်ခု တည်ထောင်ရမယ်။ တစ်ယောက်ယောက်က ငွေမပေးချေသရွေ့တော့ သင့်ရဲ့ passion business က ဝါသနာအနေနဲ့ပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းရဲ့ funding, income ကိုမြှင့်ပြီး cost ကို လျှော့ချနိုင်အောင် ကြိုးစားနေရမှာပါ။
◾️ တတိယတစ်ခုက action always beats planning ပါ။ ဒါကြောင့် သင့် plan တွေကို အတတ်နိုင်ဆုံး simple ဖြစ်အောင်လုပ်ပါ။ သင့်ရဲ့business plan ကို စာရွက်တစ်ရွက်ထဲနဲ့ပြီးအောင် အတတ်နိုင်ဆုံးအရိုးရှင်းဆုံး ပြုလုပ်ပါ။ သင်ဘာကိုရောင်းမှာလဲ၊ ဘယ်သူ့ကိုလဲ၊ သူတိုက သင့်ပစ္စည်းကိုဘာကြောင့်ဝယ်ယူရမှာလဲ၊ ပြီးတော့သင်ဘယ်လိုငွေပေးချေခံရမလဲ စတဲ့အရာတွေမှာ အာရုံစိုက်ပြီး မေးခွန်းတွေထုတ်ပါ။ဥပမာ- ကိုယ်က မွေးခါစကလေးငယ်တွေနဲ့ အလုပ်မအားလပ်တဲ့ single mom တွေကို ဒီအချိန်အခိုက်အတွင်းမှာ သူတိုကိုယ်အလေးချိန်ကို ထိန်းသိမ်းလျော့ချနိုင်အောင် custom diet plans တွေကို တစ်လ ဒေါ်လာ၅၀ နဲ့ PayPal payment နဲ့ ရောင်းမယ်ပေါ့။
❔ ဘယ်သူတွေဖတ်သင့်လဲ။
✔️ ငယ်စဉ်ကတည်းက တစ်ခုခုကို စတင်တည်ထောင်ချင်တဲ့လူငယ်တွေ၊
✔️ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ချင်သော်လည်း စွန့်စားရမှာမလိုလားသူတွေ၊
✔️ side project ကိုလုပ်ဖို စီစဉ်နေပြီး အလုပ်မဖြစ်သေးသူတွေ ဖတ်သင့်ပါတယ်။“Thoughtful, funny, and compulsively readable, this guide shows how ordinary people can build solid livings, with independence and purpose, on their own terms”
– Gretchen RubinTitle- The 100$ Startup
Author- Chris Guillebeau
Price – 21,500 MMK (Premium++ Quality, Hard Cover, Creamy Paper) -
Add to cart
ဘယ်တော့မှမပြောင်းလဲတဲ့အရာတွေရဲ့အကြောင်း – Same As Ever by Morgan Housel📚
ကျွန်တော်တိုအမြဲရှာဖွေနေတဲ့အရာတွေဟာ တကယ်တော့ကျွန်တော်တိုရင်ထဲမှာအမြဲရှိနေပြီးသားအရာတွေဖြစ်တတ်ကြပါတယ်။ ရေဒီယို📻၊ တယ်လီဖုန်း📞၊ အင်တာနက်🌐၊ AI🤖 စသည်ဖြင့် ကမ္ဘာကြီးကအဆင့်ဆင့်တိုးတက်ပြောင်းလဲသွားပေမယ့် လူဆိုတဲ့သဘောသဘာ၀ကမပြောင်းလဲပဲတည်ရှိနေပါတယ်။
ဒီလိုမပြောင်းလဲတဲ့အရာတွေကိုနားလည်မှုက သင့်ဘ၀၊ အနာဂတ်နဲ့ ငွေကြေးစီမံခန့်ခွဲမှုကိုအကျိုးပြုတဲ့ဆုံးဖြတ်ချက်ချစေနိုင်တဲ့အကြောင်းကိုကို Morgan Houselက Same As Ever ထဲက ၀ထ္ထုတို 23 ပုဒ်နဲ့ရှင်းပြထားပါတယ်။
အကုန်လုံးကိုရှင်းပြဖို စာအရမ်းရှည်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံးလေးတွေကိုပဲရွေးထုတ်ထားပါတယ်။1.လူတွေရဲ့ ခန့်မှန်းလိုရတဲ့ ပေါက်တတ်ကရတုံပြန်မှုတွေ🎭
အခက်အခဲတစ်ခုဖြစ်လာရင် လူတွေဘယ်လိုတုံပြန်မလဲဆိုတာကိုရုတ်တရက်တွေးကြည့်ရင်ခန့်မှန်းရခက်သလိုထင်ရပေမယ့် တကယ်တမ်းက ဒီတုံပြန်မှုတွေက စိတ်ခံစားချက်ပေါ်မူတည်ပြီး တူညီတဲ့အရာတွေ ဖြစ်တတ်ကြပါတယ်။ ဥပမာအားဖြင့်
-🤑စျေးကွက်တစ်ခုအခြေအနေကောင်းလာပြီဆိုရင် လောဘနောက်လိုက်ပြီးမဆင်မခြင်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာတွေ
-😨လုပ်ငန်းအခြေအနေမကောင်းရင် စိုးရိမ်စိတ်တွေလွန်ပြီး ပေါက်တတ်ကရတွေလျှောက်လုပ်တာ
-😱မသေချာမှုနဲ့တွေ့ကြုံတဲ့အခါ မစဉ်းစားပဲ တခြားသူတွေလုပ်သလိုလိုက်လုပ်တာ တွေဖြစ်တတ်ပါတယ်
📉2008 စီးပွားပျက်ကပ် ,🧻 2020 COVID Toilet Paper Shortage တွေဟာ ဒီပေါက်တတ်ကရတုံပြန်မှုရဲ့ အထင်ရှားဆုံးသာဓကတွေပါ။ ဒီတုန့်ပြန်မှုတွေဟာ ရုတ်တရက်ဖြစ်တဲ့ အခြေအနေတစ်ခုကြောင့်လို ထင်ရပေမယ့် တကယ်တော့ လူတွေရဲ့ အမူအကျင့်တွေထဲမှာ နက်ရှိင်းစွာအမြစ်တွယ်နေတဲ့အရာတွေဖြစ်ကြပါတယ်။ ဒီလို Pattern တွေကိုနားလည်ပြီး ကြိုတင်ခန့်မှန်းနိင်မှုဟာ စိတ်ဝင်စားဖိုကောင်းရုံသာမက အသုံးဝင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖိုအရေးကြီးတဲ့ အထောက်အကူဖြစ်စေမှာပါ။2.တိုးတက်မှုရဲ့ သဘောတရား (Paradox of Progress)🔄
စာရေးဆရာက တိုးတက်မှု (progress) ဆိုတဲ့အရာတောင် သူ့ရဲ့ကိုယ်ပိုင်မပြောင်းလဲတဲ့သဘောတရားရှိတယ်လိုရှင်းချက်ထုတ်ထားပါတယ်။
တိုးတက်ပြောင်းလဲမှုတိုင်းဟာ
💉Invention and Adoption: စမ်းသပ်တီထွင်ခြင်းနဲ့ လက်တွေ့သုံးစွဲခြင်း
⚠️Unintended Consequences:မထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်လာခြင်း
🤝Adaptation: သာတူညီမျှဖြစ်တဲ့ ဖြေရှင်းချက်တွေနဲ့အတူနေထိုင်ခြင်းဆိုတဲ့ အဆင့်သုံးဆင့်နဲ့ အမြဲမပြောင်းလဲပဲတည်ရှိနေတယ်လိုပြောထားပါတယ်။
ဥပမာ လူတွေဟာ Social Animal တွေဖြစ်တဲ့အတွက်ကြောင့် အပေါင်းအသင်းဆန့်ဖို မိတ်ဆွေတွေပေါများဖိုဆိုတဲ့ရည်ရွယ်ချက်နဲ့ Social Media တွေပေါ်ပေါက်လာတယ်။ လက်တွေ့သုံးကြည့်ကြရင်းနဲ့ ခြေလွန်လက်လွန်တွေသုံးမိကြတဲ့အချိန်မှာ Personal လွတ်လပ်မှုဆုံးရှုးတာတို ADHD တို စိတ်ဓာတ်ကျရောဂါတိုအဖြစ်များတာတိုဖြစ်လာတယ်။ အခုအချိန်မှာ Dopamine Detox နည်းတွေ Focus Application တွေနဲ့အတူ သာတူညီမျှဖြစ်တဲ့ဖြေရှင်းချက်တွေနဲ့အတူ ကျွန်တော်တို လိုက်လျောညီထွေစွာနေထိုင်နေကြပါပြီ။
💡“Progress is not about avoiding problems—it’s about solving the same problems in better ways.”
“တိုးတက်မှုဆိုတာ ပြသနာတွေကိုရှောင်လွှတာမဟုတ်ပဲ နဲ့တူညီတဲ့ပြသနာတွေကို ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းချက်တွေထုတ်တာဖြစ်တယ်” ဆိုတဲ့ Morgan Housel ရဲ့ အမြင်ဟာကျွန်တာ်တိုလူတွေရဲ့ ပြသနာတွေကိုအဖြေထုတ်နေသရွေ့ ဒီ မပြောင်းလဲတဲ့သဘောတရားဟာ ထပ်ဆင့်ဖြစ်တည်နေဦးမယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။3.ဆင့်ကဲတိုးပွားမှုရဲ့ နိယာမ ( The Principle of Compound Effect )📈
ကောင်းတဲ့အရာပဲဖြစ်စေ၊ မကောင်းတဲ့အရာပဲဖြစ်စေ လူတစ်ယောက်နေ့စဉ်ပြုလုပ်တဲ့အရာတွေဟာအချိန်တစ်ခုကြာလာတာနဲ့အမျှ သူကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှာပါ သိသာထင်ရှားစေတဲ့ Compund Effect ဟာအခုအချိန်ထိမပြောင်းလဲတဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ Compound Effect ဟာငွေကြေးစီမံခန့်ခွဲမှု💰သာမက လူမှုဆက်ဆံခြင်း🧑🤝🧑၊ အသိပညာရှာဖွေခြင်း🧠နဲ့ အလေ့အကျင့်တည်ဆောက်ခြင်း💪 တိုမှာပါ အစဉ်အမြဲအသုံးပြုနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဥပမာ
📖တစ်ရက်ကို စာဆယ်မျက်နှာလောက်ဖတ်တာဟာ ဘာမှအရေးမကြီးဘူးလိုခံစားရလိမ့်မယ်။နေ့တိုင်းဖတ်ရင် တစ်နှစ်ကြာတဲ့အချိန်မှာသင် စာအုပ် 10 အုပ် 15အုပ်လောက်ဖတ်ပြီးနေပြီ။ဒါက သင်လေ့လာတဲ့အရာရဲ့အမြင်ကိုလေးလေးနက်နက်ပြောင်းလဲဖိုအတွက်လုံလောက်တယ်။
🏋️တစ်ရက်ကို ဆယ့်ငါးမိနစ်လောက်လေ့ကျင့်ခန်းလုပ်ခြင်းဟာဘာမှမသိသာပေမယ့် သင့်စိတ်နဲ့ခန္ဒာကျန်းမာရေးဟာ အချိန်နှင့်အမျှပိုမိုကောင်းမွန်လာလိမ့်မယ်
🍺တစ်ရက်ကိုဘီယာတစ်ခွက်ပဲပုံမှန်သောက်ရင် အချိန်တစ်ခုရလာတာနဲ့အမျှ ဘီယာဗိုက်တစ်လုံးရလာ ပြီးလေးလံထိုင်းမှိင်းလာလိမ့်မယ်။ဒီလိုသေးငယ်တဲ့အကျင့်တွေဟာ လုပ်လိုလုပ်မှန်းတောင်မသိသာပေမယ့် အချိန်တစ်ခုကြာလာတာနဲ့ အမျှ မပြောင်းလဲတဲ့နိယာမအတိုင်း Compound Effect ရဲ့အကျိုးတရားကိုခံစားရမှာပါ။ ငါဒါလေးတစ်ကြိမ်လုပ်တာမသိသာဘူးလိုခံစားရပေမယ့်ဒီလိုတစ်ကြိမ်ပေါင်းမြောက်များစွာပြုမူနေတဲ့အမူအကျင့်တွေဟာ သင့်ရဲ့ အနာဂတ်ကိုဆုံးဖြတ်နေတယ်ဆိုတာသတိပြုပါ။
-Psychology Of Money ကိုဖတ်ပြီးကြိုက်နှစ်သက်သူတွေ
-လူတွေရဲ့ Behavior, Decision Making နဲ့ Thinking Pattern တွေကိုသဘောပေါက်ချင်သူတွေ
-အနာဂတ်မှာကြုံတွေ့ရမယ့်အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားချင်သူတွေဒီစာအုပ်ကလေးကို ဆောင်ထားသင့်ပါတယ်🌍အမြဲပြောင်းလဲနေတယ်လိုမြင်ရတဲ့ ဒီကမ္ဘာကြီးမှာ ပြောင်းလဲမှုမရှိပဲထပ်ဖန်တလဲလဲပြန်လည်ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို မတူညီတဲ့အမြင်သစ်တစ်ခုနဲ့ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အတွေးအမြင်သစ်တစ်ခုရအောင် ဒီစာအုပ်ကလေးက ကူညီပေးပါတယ်။ အာရုံလွှဖိုကြိုးစားနေတဲ့ အကြောင်းအရာတွေ၊ အရေးမကြီးတဲ့ သဘောသဘာ၀တွေကိုကျော်လွှားပြီး အတွေးသစ်နဲ့အတူအနာဂတ်မှာကြုံတွေ့ရမယ့်ဖြစ်စဉ်တွေအတွက်ကြိုတင်ပြင်ဆင်ထားဖိုအကောင်းဆုံးစာအုပ်တစ်အုပ်ပါ။
📕Book Title- Same as Ever: A Guide to What Never Changes
✒️Author – Morgan Housel
💵Price- 21,500 MMK (Premium++ Quality, Hardcover, Creamy Paper) -
Add to cart
“ချမ်းသာကြွယ်၀မှုက နေစပြီး ကျန်းမာမှုနဲ့ ပျော်ရွှင်မှု ဟာ ကျွန် တော်တို ဘ၀မှာအစဥ်လိုက်အတိုင်းရှာဖွေဖိုကြိုးစားတဲ့အရာသုံးခုဖြစ်တယ်။ ဒါပေယ့်သူတို့တွေရဲ့တကယ်အရေးကြီးမှုက ပျော်ရွှင်မှုကနေစပြီး ပြောင်းပြန်စပါတယ် ” – Naval Ravikant
“The three big ones in life are wealth, health, and happiness. We pursue them in that order, but their importance is reverse.” – Naval Ravikant💭ကျွန်တော်တို့နေကောင်းကျန်းမာနေတဲ့အချိန်မှာ ပျော်ရွှင်ဖိုအတွက် အများကြီးလိုအပ်တယ်( ဥပမာ ကော်ဖီဆိုင်ထိုင်ချင်တာ၊ မာလာရှမ်းကောစားချင်တာ ) စသည်ဖြင့်ပေါ့။ ဒါပေမယ့် နေမကောင်းတဲ့အချိန်မှာပျော်ရွှင်ဖိုအတွက် တစ်ခုပဲလိုတယ်၊ နေပြန်ကောင်းလာဖိုပဲ။
“ Desire is a contract you make with yourself to be unhappy until you get what you want “ – Naval Ravikant
မင်းလိုချင်တာတစ်ခုထဲရှိရင် Universe က မင်းလိုချင်တာကိုအမြန်ရအောင်ဖန်တီးပေးလိမ့်မယ်။ မင်းလိုချင်တာ အမျိုးတစ်ရာလောက်ဖြစ်နေရင်တော့ Universe ကမင်းကိုသူအဆင်ပြေတဲ့အရာကိုပဲရွေးချယ်ပေးလိမ့်မယ်။🕊“Peace is happiness at rest, and happiness is peace in motion.”
ပျော်ရွှင်မှုဟာ ဒီရေလိုမျိုးအတက်အကျရှိတယ်။ ငြိမ်းချမ်းခြင်းဟာ တည်ငြိမ်မှုကိုပေးစွမ်းတယ်။ Hedonic Happiness တွေဟာ ဘယ်တော့မှအဆုံးမသတ်ပါဘူး။ လစာလေး ဆယ်သိန်းရောက်ရရင် အဆင်ပြေပါပြီ -> ဆယ်သိန်းရတဲ့အခါ -> အိမ်လေးတစ်လုံးဝယ်နိုင်ရင်အဆင်ပြေပါပြီ -> အိမ်လေးပိုင်လာတဲ့အခါ -> ကားလေးတစ်စီးလောက် စသည်ဖြင့် ဘယ်တော့မှမရပ်တန့်ပါဘူး။ ရောင့်ရဲတင်းတိမ်နိုင်ခြင်းနဲ့ ငြိမ်းချမ်းမှုဟာ သင့်နေ့တိုင်းကိုအဓိပ္ပါယ်ရှိစွာနဲ့ဖြတ်သန်းနိင်မယ့်ပျော်ရွှင်မှုပါပဲ။🙏“Happiness requires presence”
ပစ္စုပ္ပန်မှာနေထိုင်ပါ။ အတိတ်ကိုနောင်တရ၊ အနာဂတ်ကိုစိုးရိမ်၊ ပစ္စုပ္ပန်မှာဖုန်းပွတ် ရုပ်ရှင်ကြည့်စသည်ဖြင့် ဦးနှောက်နဲ့မျက်လုံးကိုအနားမပေးပဲ Information overload တွေဖြစ်ပြီး “ ငါမပျော်ဘူး “ လိုအော်နေလို စိတ်ချမ်းသာလာမှာမဟုတ်ပါဘူး။ ဦးနှောက်ကတွေးချင်နေတဲ့အရာအားလုံးကိုခဏလောက်ရပ်တန့်ထားပြီး သင့်ဘေးနားမှာရှိတဲ့အရာ၀ထ္ထုသေးသေးလေးတွေ (ဥပမာ လေတိုးသံ,အသက်ရှုသံ) ကို ခံစားကြည့်ပါ။ ဒါလေးတွေနဲ့အတူနေတတ်လာရင် သင်လိုချင်တဲ့ ပြည့်စုံခြင်းဆိုတဲ့အရာကိုရပါလိမ့်မယ်။💵💵💵ကြွယ်၀ချမ်းသာမှုကိုဖန်တီးခြင်း💵💵💵
“ Building Wealth “⏲️မင်းရဲ့ကိုယ်ပိုင်အချိန်ကိုလူများကိုဌားပေးနေသရွေ့ ဘယ်တော့မှမင်းချမ်းသာမှာမဟုတ်ဘူး။
“You’re never going to get rich renting out your time”.
လူတွေလက်ခံထားတဲ့ဥပမာတစ်ခု တစ်ရက်ဆယ်နာရီအလုပ်လုပ်ရင် ဆယ်နာရီစာဝင်ငွေပြန်ရမယ်၊ ကြိုးစားသလောက်အရာထင်မယ် စသည်ဖြင့်ပေါ့။
ဒါ တကယ်မှန်ရဲ့လား ?
လမ်းထိပ်ကဆိုက်ကားသမားကြီးလည်းနေ့တိုင်း တစ်ရက် ဆယ်နာရီလောက်ဆိုက်ကားနင်းနေတာဆယ်နှစ်ကျော်နေပြီ၊ ဒါပေမယ့်အခုချိန်ထိသူကားမစီးနိုင်သေးဘူး။
လွန်ခဲ့တဲ့သုံးနှစ်ကလစာ နှစ်သိန်းခွဲရတဲ့အလုပ်ကထွက်ပြီး လုပ်ငန်းလေးစထောင်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က အခုလုပ်ငန်းနှစ်ခု နဲ့ ကားတစ်စီးပိုင်နေပြီ။
ဘာကွာခြားလဲ ?
“Quality is more important than Quantity” အလုပ်မှာပိုမိုကောင်းမွန်အောင်လုပ်နိုင်တဲ့အရည်အသွေး (Quality) ဟာ အလုပ်တစ်ခုမှာ သင်အချိန်ဘယ်လောက်ကြာကြာပိုလုပ်သလဲ ( Quantity ) ထက်ပိုအရေးကြီးပါတယ်။🏗“Learn to Sell, Learn to Build. If you can do both, you’ll be unstoppable”
ရောင်းတတ်အောင်သင် ဒါမှမဟုတ် တည်ဆောက်တတ်အောင်သင် ။ နှစ်ခုလုံးကိုမင်းတတ်ကျွမ်းရင် ဘယ်အရာမှမင်းကိုမတားဆီးနိုင်တော့ဘူး။
လူတိုင်းဟာမွေးကတည်းက Talent တစ်ခုတော့ရှိကြတယ်။ အခြားသူတွေအတွက်က ခက်ခဲနေပေမယ့် သူ့အတွက်ကအရမ်းလွယ်ကူနေတဲ့အရာမျိုး ( ဥပမာ သီချင်းဆိုတာ၊ ဆက်ဆံရေးကောင်းမွန်တာ )ဖြင့်ပေါ့။သူများတွေအတွက်အလုပ်လုပ်သလိုခံစားရပေမယ့် သင့်အတွက် အပျော်ကစားနေတယ်လိုခံစားရစေတဲ့အလုပ်မျိုးကို အာရုံစိုက်ပါ။တစ်ရက်ကို 16 နာရီလောက် သင်အတွက်ပျော်ရွှင်စေတဲ့အလုပ်ကို ဘယ်သူကမှ တစ်ရက်ဆယ်နာရီဆက်တိုက်အလုပ်လုပ်ပြီးရေရှည် မယှဉ်ပြိုင်နိင်ပါဘူး။📈“Compound Interest”
Compound Interest လိုပြောတာနဲ့ ပထမဆုံးက Money အတွက်ဆိုပြီးမြင်ကြတယ်။ ဒါပေမယ့် Compound Interest ကို Networking, business relationship နဲ့ reputation အပိုင်းတွေမှာပါသုံးလိုရပါတယ် လို Naval ကပြောထားပါတယ်။
“ Intentions don’t matter. Action do. That’s why being ethical is hard”.သင့် ပတ်ဝန်းကျင်ကိုယုံကြည်မှုရှိစေတဲ့ Trust နဲ့ Integrity ကိုတည်ဆောက်ခြင်းဟာ Social Ladder ရဲ့ထိပ်ကိုအမြန်ဆုံးရောက်ရှိစေပါလိမ့်မယ်။✍️ဒီစာအုပ်ထဲမှာပါတဲ့အရာတွေကို Full Content အဖြစ်ပြန်ရေးရင်တောင် နောက်စာအုပ်တစ်အုပ်စာလောက်ရှည်သွားနိုင်ပါတယ်။ တကယ့် Practical Knowledge တွေအများကြီးကို Condense ဖြစ်အောင်ပေါင်းစုထားတဲ့ အတွက် ဒီစာအုပ်ထဲက Knowledge တွေဟာ တကယ်ကိုများပါတယ်။ စာအုပ်သာမက လောကကြီးအကြောင်း၊ ပျော်ရွှင်မှုရဲ့အကြောင်း၊ဘ၀ရဲ့ အဓိပ္ပါယ်၊သင့်ကိုယ်သင် ဂရုစိုက်နည်းအစရှိတဲ့ Naval ရဲ့
နှစ်လေးဆယ် Experience ကို နှစ်နာရီအတွင်းမှာ ရနိုင်တဲ့ Joe Rogan နဲ့ Podcast ကိုဒီမှာ နားထောင်ပါ->https://www.youtube.com/watch?v=3qHkcs3kG44
🏈America ကိုအသက်ကိုးနှစ်အရွယ် immigrant တစ်ယောက်အနေနဲ့ရောက်လာတဲ့ ဘ၀ကနေ ကုမ္မဏီပေါင်း 362 ခုကို angel investor ဖြစ်အောင်ကြီုးစားခဲ့တဲ့ Naval Ravikant ရဲ့ ဘ၀လမ်းမှာ ငွေကြေးကြွယ်၀မှုသာမက၊ ဘ၀ရဲ့ လမ်းကြောင်းကိုရွေးချယ်နည်း၊ကံကောင်းအောင် နေထိုင်နည်း၊ ငြိမ်းချမ်းမှုနဲ့ နေထိုင်နိုင်ခြင်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။ Biography တစ်ခုကိုဖတ်ရတာထက် Naval ရဲ့ Tweet Storm တွေ Podcast တွေထဲကအရေးပါတဲ့အချက်တွေကို ကျစ်ကျစ်လစ်လစ်စုစည်းထားတဲ့အတွက် ကိုယ်လိုချင်တဲ့အပိုင်းတွေကိုမှတ်သားရတာပိုမိုအဆင်ပြေစေမှာပါ။Naval ရဲ့စာအုပ်ကလေးဟာ သင့်ရဲ့ ဘ၀ကိုလျှောက်လမ်းတဲ့အချိန်မှာ ဥစ္စာဓနသာမက ငြိမ်းချမ်းပျော်ရွှင်မှုနဲ့ နေထိုင်နိုင်တဲ့ဘ၀ကို လမ်းညွှန်မှုတွေဖြစ်ပါစေ။
📕Book Title – The Almanack of Naval Ravikant : A Guide to Wealth and Happiness
🔖Author – Eric Joregenson
🪙Price – 19,500 MMK ( Premium++ Quality, Hard Cover, Creamy Paper)







Reviews
There are no reviews yet.