Category: Self Development

Showing 17–32 of 124 results

  • 👣 ငယ်ငယ်တုန်းက အမှားကို အသက်ကြီးမှ ထပ်မှားရင် အရှုးက တန်ဖိုး ပိုကြီးတယ်။

    🚲 ကျွန်တော် စက်ဘီး မစီးတတ်ဘူး။ ငယ်ငယ်တုန်းက စက်ဘီးစီးတာ တစ်ခါမှ မသင်ခဲ့ရတော့ စက်ဘီးစီးရမယ်ဆိုရင် ကြောက်တယ်။ ငယ်ငယ်တုန်းက စက်ဘီးပေါ်က လဲကျရင် ပွန်းတာ ပဲ့တာ သွေးထွက်တာလောက်ပဲ ဖြစ်မယ်ဆိုပေမယ့် အသက်ကြီးမှ စက်ဘီးစီးသင်မယ်ဆိုတော့ လဲကျရင် အရိုးကျိုးတာနဲ့ခါးနာတာနဲ့အစုံအလင်ပဲ။

    🚀 ကိုယ် လုပ်ချင်တာရှိရင် ခုချက်ချင်း ထလုပ်လိုက်ပါ။ နောက်မှ လုပ်ပါတော့မယ် ဆိုတဲ့ အကြောင်းပြချက်တွေဟာ ပိုဆုံးရှုးစေပါလိမ့်မယ်။

    Culture

    📏 လူတိုင်းရဲ ဦးနှောဏ်မှာ ပေတံတစ်ချောင်းရှိတယ်ဆိုပါတော့။ လူတွေက အဲ့ ပေတံနဲ့တစ်ခြားသူတွေကို တိုင်းတာကြတယ်။ တစ်ခြားသူရဲ အပြုအမူက ကိုယ့် ပေတံနဲ့လွဲချော်နေပြီ ဆိုရင် Culture Break ဖြစ်သွားတယ်။ ကွမ်းစားတဲ့သူ တစ်ယောက်က ကွမ်းတံတွေး ထွေးရမှာကို မရှက်ဘူး။ သူ့ဦးနှောက်ပေတံမှာ ကွမ်းတံထွေး ထွေးတာဟာ ဘာမှ မထူးဆန်းရဲ့အရာလိုသတ်မှတ်ထားလိုပါပဲ။ တစ်ခြားသူတွေရဲ ပေတံမှာတော့ ကိုက်ညီမှာ မဟုတ်ပါဘူး။

    Chase The Vision, Not The Money

    📌 Zappos CEO Tony Hsieh ကို လူတွေက ဘယ် စီးပွားရေး စလုပ်ရမလဲ လိုမေးတဲ့ အခါမှာ Tony ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။

    💵 “နောင် ၁၀ နှစ်လုံး လုပ်လိုပိုက်ဆံ တစ်ပြားမှ မရဘူးဆိုရင်တောင် ကိုယ် ပျော်မယ့် အလုပ်ကိုသာ လုပ်ပါ။” ဒါပေမယ့် ထူးဆန်းတာက ကိုယ်ပျော်ရာ လုပ်နေရင်းနဲ့ကိုယ့်နောက်ကို ပိုက်ဆံက လိုက်လာတယ်ဆိုတာပါပဲ။

    Let Your Customer Do the Marketing for You

    🗣 ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် Market နေရာရအောင် လုပ်နေရတဲ့ခေတ်ကြီးမှာ Tony ရဲ့နည်းလမ်းကတော့ တစ်မူ ထူးခြားနေတာပါပဲ။ Marketing မှာ သုံးမယ့် ပိုက်ဆံတွေ ကို သူ့ရဲ Customer Service မှာပဲ ပိုအသုံးပြုတယ်။ အချိန်တစ်ခုရောက်တဲ့ အခါမှာ Customer Loyalty ရလာပြီးတော့ Zappos က အောင်မြင်လာတယ်။ Old Customer တွေနဲ့Word-of-mouth ကြောင့်ပဲ 2008 ခုနှစ်မှာ 1 Billion Merchandise Sale ရခဲ့တယ်။

    ➕ What do customers expect?

    ➕ What Stories do they tell their friends?

    ➕ How our culture can create more stories and memories?

    Persistence and Strategy

    ❗️ Persistence ဆိုတာကတော့ တစ်ခုခုမှာ ဇွဲရှိရှိနဲ့ကြိုးစားလုပ်ကိုင်တာ ဖြစ်ပြီး Strategy ဆိုတာကတော့ ရည်မှန်းချက်တစ်ခုခုကို သွားဖိုလမ်းကြောင်းဖြစ်ပါတယ်။

    📱 အခုက တစ်နေကုန် ဖုန်းထိုင်ပွတ်နေကြတာ။ အပြင်သွားလည်း ပွတ်၊ အိမ်မှာနေလည်း ပွတ်၊ အိပ်ခါနီးလည်း ပွတ် တစ်ချိန်လုံး ပွတ်နေကြတာဆိုတော့ Persistence ကောင်းတာပေါ့။ ဒါပေမယ့် ရည်မှန်းချက်တစ်ခုကို ဇွဲရှိရှိနဲ့သေချာလုပ်မယ်ဆိုရင် ကျိန်းသေအောင်မြင်မှာပါ။

    ▫️ “You Don’t Plan to Fail, You Fail to Plan.”
    – Denzel Washington

    Be Known For Something (Competency)

    👑 ငယ်ငယ်ကတည်းက စာသင်ခန်းတွေမှာ အတော်ဆုံးကျောင်းသားတွေနဲ့အဆိုးဆုံး ကျောင်းသားတွေကို လူသိများကြတယ်။ အဲ့ကလေးတွေကို ဆရာ/ဆရာမတွေက ပိုချစ်ကြတယ်။ တစ်ချိုကလေးတွေကတော့ လိမ္မာလို၊ ပုံဆွဲ တော်လိုတစ်ခုမဟုတ်တစ်ခုဆီတော့ ရှိကြတယ်။

    💥 ကုမ္ပဏီတွေမှာလည်း အဲ့သလို ပါပဲ။ ကိုယ့်ကုမ္ပဏီရဲ့Brand ကဘာလဲ။ Core Value က လူတွေကို ဘယ်လောက်ထိ Influence လုပ်နိုင်သလဲ။ Social Impact ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်ကြသလဲ အဲ့အချက်တွေ ပါပါတယ်။

    👞 Tony Hsieh ရဲ Zappos Company ကတော့ ဖိနပ်ကို Online ကရောင်းတဲ့ Company တစ်ခုတင်မကပဲ Customer Service အရမ်းကောင်းတဲ့ Company တစ်ခုဖြစ်တယ်လိုလူတွေက သိကြပါတယ်။

    ▫️ “Customer Service shouldn’t be a department, it should be the entire company.”
    – Tony Hsieh

    🌱 Tony Hsieh က Zero to Hero လူတွေထဲက တစ်ယောက်ပါပဲ။ Zappos မှာ Zero Profit အခြေအနေကနေ 1 Billion Merchandise Sale ထိရောက်အောင် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ ဦးဆောင်မှုအောက်မှာ Zappos Company က ခုနှစ်ကြိမ်တိုင်အောင် Forune Magazine ရဲ Best Companies to Work for အဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်။

    🕸 “ကိုယ်တိုင်က မပျော်ရင် တစ်ခြားသူတွေကို ပျော်အောင် လုပ်လိုမရပါဘူး။”

    💝 Tony က သာမန် Corporate Company တွေနဲ့မတူပဲ သူ့ Company က လူတွေကို အရမ်းဂရုစိုက်တယ်။ ၀န်ထမ်းတွေကို ပျော်အောင်ထားတယ်။ အလုပ်လုပ်တဲ့ နေရာအဆင်ပြေအောင် လုပ်ပေးတယ်။ ကုမ္ပဏီက လူတွေက ပျော်နေတော့ ကုမ္ပဏီရဲ့Productivity က အရမ်းမြင့်တက်လာတယ်။ ပြီးတော့ Customer ကို အရမ်းဂရုစိုက်တယ်။ Culture ကောင်းတစ်ခုကို တည်ဆောက်ပြီး အမေရိကန်နိုင်ငံမှာ Work Life Integration ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့သူ တစ်ယောက်ဖြစ်တယ်။

    ▫️ “Envision, Create and Believe in your own universe, and the universe will form around you.”
    – Tony Hsieh

    Add to cart
  • 😴ပင်ပန်းနေပြီလား??????
    😮‍💨သတင်းတွေ ဖတ်ပြီး မွန်းကျပ်နေပြီလား?
    👟တစ်နေရာရာကို ရုန်းထွက်ချင်စိတ် ဖြစ်နေပြီလား?

    💻ကျွန်တော်တို နည်းပညာကို အသုံးပြုနေရင်း နည်းပညာရဲ့ လက်ပါးစေ မဖြစ်ဖိုအတွက် အဓိကထား ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

    📱တစ်နေ့ထက်တစ်နေ့ Facebook, YouTube, Tik tok , Twitter စတဲ့ Social Platforms တွေမှာ အချိန်ပေါင်းများစွာ ကုန်ဆုံးနေမိတာကို သတိပြုမိနေကြပြီလား?
    Social Media ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို တစ်ဦးနဲ့ တစ်ဦး ယခင်ကထက် ပိုမို နီးစပ်လာအောင် လုပ်ပေးဖို၊ ပညာတွေ သင်ယူဖိုပါပဲ။ ဒါပေမယ့် လက်ရှိမှာတော့ တစ်ဦးနဲ့ တစ်ဦး အရင်ကထက် ပိုမို ဝေးကွာလာနေပါတယ်။ အချိန်တွေ ကုန်နေကြတယ်။
    SUCCESS အောင်မြင်မှုဆိုတဲ့ အရာကို ရနိုင်ဖိုအတွက် ကျွန်တော်တိုက အနှောင့်အယှက်ပေးနေတဲ့ Distraction တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဖို လိုအပ်နေပါသေးတယ်။

    🧠ကမ္ဘာအတော်ဆုံး လူတွေ စုထားတဲ့ Harvard, MIT, Oxford တက္ကသိုလ်ကြီးတွေမှာ ရှိတဲ့ လူတွေရဲ့ နံပါတ်တစ် အရည်အချင်းတစ်ရပ်ကတော့ သူတိုဟာ အလုပ်တစ်ခုမှာ မဆုတ်မနစ်ပဲ အချိန်ပေါင်းများစွာ လုပ်နိုင်တဲ့ (Deep Focus/ Deep Work) လုပ်နိုင်ချင်းပဲ ဖြစ်ပါတယ်။

    📵ကျွန်တော်တိုဟာ Social Media ကို အချိန်ပေါင်းများစွာ အသုံးပြုလာတဲ့ အခါမှာ ကျွန်တော်တိုရဲ့ Attention Span အာရုံစူးစိုက်နိုင်စွမ်း လျော့ကြလာကြပါတယ်။ တစ်ချိန်တုန်းက အချိန်ပေါင်းများစွာ အလုပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ် လုပ်နိုင်တဲ့ အခြေအနေတစ်ခုကနေ အခု လက်ရှိအချိန်မှာတော့ ၁၀ မိနစ်လောက်တောင် အာရုံ မစူးစိုက်နိုင်အောင် လျော့နည်းလာတာကို တွေ့မြင်ရပါတယ်။

    ကျွန်တော်တို နားမှာ Distractions တွေ ပြည့်နှက်နေတဲ့ လောကကြီးကနေ ကျွန်တော်တိုက တကယ် အရေးပါတဲ့ အရာတွေကို အာရုံစိုက် အလေးပေး တန်ဖိုးထားဖို လိုအပ်နေပါပြီ။

    🤔တကယ်လို လူတိုင်း အောင်မြင်နိုင်တဲ့ အရည်အချင်းတစ်ခု ရှိတယ်ဆိုရင် လူတိုင်း လိုက်လုပ်နိုင်ကြပါ့မလား??????

    🐖ဝက်တွေရဲ့ ပင်ကို သဘာဝက တစ်နေရာနဲ့ တစ်နေရာကို လျှောက်သွား ကျက်စားနေကြပြီး မျိုးပွားဖို ဖြစ်ပါတယ်။ အခုကတော့ ဝက်တွေကို လှောင်အိမ်ထဲမှာ မွေးစကနေ သားဖွားဖို အတွက်ပဲ မွေးမြူကြပြီး ပင်ကို သဘာဝ ပျောက်လာကြပါတယ်။
    ကျွန်တော်တိုကလည်း အပြင်ထွက်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ၊ အတွေ့အကြုံတွေ ဖလှယ်ပြီး ကြိုးစားနေကြရမှာပါ။ ဒါပေမယ့် တစ်ချိန်လုံး ဖုန်းရှေ့မှာပဲ ငုတ်တုတ်ထိုင်နေကြပြီး အချိန် ကုန်ဆုံးနေကြပါတယ်။

    📴တကယ်လိုသာ ကျွန်တော်တိုက Social Media ကို ရက် ၃၀ လျော့သုံးပြီး နေကြရင် ဘာဖြစ်ကြမလဲ??
    ကြိမ်းသေတာကတော့ ကျွန်တော်တို အရမ်း ပျင်း လာကြပါမယ်။
    ပျင်းလာတာကို ဖျောက်ပစ်ဖိုအတွက် ကျွန်တော်တို တစ်ခုခု လုပ်ဖို စဉ်းစားကြရပါမယ်။
    Social Media ကပေးတဲ့ Dopamine မရှိတော့တဲ့အတွက် တစ်ချိန်တုန်းက ကျွန်တော်တိုက ပျော်အောင် လုပ်ပေးမယ့် အရာတွေကို စဉ်းစားရပါတော့တယ်။
    တစ်ချိန်တုန်းက Constant Dopamine Intake မရရှိနိုင်တဲ့ ပျော်စရာ လိုအပ်ချက်တွေကို ကျွန်တော်တို တွေ့ရှိလာပါတော့တယ်။
    တစ်လောကလုံးမှာ တစ်ယောက်တည်း ဖြစ်သွားပြီး တကယ် အရေးပါတဲ့ အရာတွေကို ရှာဖွေ တွေ့ရှိလာပါတယ်။
    လူတွေနဲ့ တွေ့မယ်၊ မိဘတွေနဲ့ စကားပြောမယ်၊ ကော်ဖီ တစ်ခွက်နဲ့ စာအုပ်လေးဖတ်ရင်း အနှစ်သာရတွေကို ပြန်လည် သတိပြုမိလာပါမယ်။

    Social Media လျော့သုံး ပြီး အရမ်း ပျင်းလာရင် ဘာလုပ်ကြမလဲ
    🚶‍♂️လမ်းလျှောက်ပါ။ ဝေးဝေး လျှောက်ပြီး သဘာဝ အလှတရားတွေကို ခံစားပါ။
    ✍️စာရေးပါ။ ကိုယ့်ဘဝအတွက် အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးပါ။
    🌙အနားယူပါ။ ခွန်အားတွေ ပြန်ယူပါ။

    လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
    အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။

    Add to cart
  • ☝️☝️“ပိုကြီးတဲ့အခက်အခဲတွေမှာ ပိုကောင်းတဲ့အခွင့်အလမ်းတွေရှိတတ်တယ်။ အဲ့ဒါကမင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေရင် ကျန်တဲ့လူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ ဒါကစီးပွားရေးတစ်ခုအတွက် အခွင့်အလမ်းပဲ”
    “The bigger the problem, the bigger the opportunity. If it’s bothering you, it’s probably bothering others—and that’s a business waiting to happen.”— Jay Samit, Disrupt You!

    📈ကမ္ဘာကြီးကအချိန်နဲ့အမျှပြောင်းလဲနေတယ်။ တချိန်တုန်းကရူးသွပ်မှုလို့ထင်ခဲ့တဲ့အရာတွေက အခုချိန်မှာအလုပ်ဖြစ်နေတာတွေရှိတယ်။ Uber နဲ့ Airbnb တို့လို ကုမ္ပဏီတွေဟာ တစ်ချိန်က စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ခဲ့ရတဲ့ အယူအဆတွေကနေ ပေါ်ပေါက်လာခဲ့တာပါ။ သူတို့က “ကြီးမားတဲ့အခက်အခဲ” တွေကို “ကြီးမားတဲ့အခွင့်အလမ်း” တွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ ဒီလိုဆို ဘယ်အခက်အခဲတွေက သင့်အတွက်အခွင့်အလမ်းတွေဖြစ်လာမှာလဲ?

    💡သင်နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာတွေက သဲလွန်စတွေလား။

    ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ သေးငယ်တဲ့ စိတ်ပျက်စရာလေးတွေ၊ “အဆင်မပြေမှုတွေ” ဟာ တကယ်တော့ အခွင့်အလမ်းတွေရဲ့ သဲလွန်စတွေပါ။  ဝန်ဆောင်မှုတစ်ခုက လိုအပ်သလောက် မပြည့်စုံတာမျိုး၊ ဒါမှမဟုတ် အလုပ်မှာစာရင်းတွက်လို့အဆင်မပြေတာမျိုး … စတဲ့ဒီလို ဒီလိုအဆင်မပြေတဲ့အတွေ့အကြုံတိုင်းမှာ “ဒါကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းက ပုန်းကွယ်နေပါတယ်။

    လူအများစုကတော့ ဒီလိုအရာတွေကို complain တတ်ဖို့ပဲစိတ်ကူးကြတယ်။ ဒါပေမဲ့ “Disrupt You!” ကတော့ ဒီစိတ်အနှောင့်အယှက်တွေကို အာရုံစိုက်ပြီး “ဒါကို ဘယ်လိုဖြေရှင်းမလဲ” လို့ ပြောင်းလဲတွေးခိုင်းပါတယ်။ စိတ်ကူးကြီးကြီးမားမားတွေပဲ လိုတာမဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ ရှိပြီးသားအရာတွေကို နည်းလမ်းသစ်တစ်ခုနဲ့ ပေါင်းစပ်လိုက်တာနဲ့ပဲ ကြီးမားတဲ့ပြောင်းလဲတွေကို ဖန်တီးနိုင်ပါတယ်။

    🎢အမှားတွေဟာ သင်ခန်းစာတွေပါ။

    ကျွန်တော်တို့အများစုဟာ မှားမှာကို ကြောက်ကြတယ်။ ဒါကြောင့် စိတ်ကူးကောင်းတွေရှိနေပေမဲ့၊ အပြစ်တင်ခံရမှာကို စိုးရိမ်ပြီး ရှေ့မတိုးနိုင်ဖြစ်နေတတ်ပါတယ်။ Jay Samit ကတော့ ဒီအယူအဆကို တိုက်ရိုက်စိန်ခေါ်ပါတယ်။ မအောင်မြင်မှုဆိုတာ ဆုံးရှုံးမှုမဟုတ်ပါဘူး၊ “တုံ့ပြန်ချက် (Feedback)” ပါ။ မအောင်မြင်တဲ့ ကြိုးစားမှုတိုင်းဟာ ဘာတွေမလုပ်သင့်ဘူး၊ ဘယ်အရာတွေက ပိုကောင်းအောင် လုပ်လို့ရလဲဆိုတာကို သင်ပေးနေတာပါပဲ။

    “ပြီးပြည့်စုံတဲ့စိတ်ကူးတွေဆိုတာ ဈေးပေါတယ်။ လူတိုင်းမှာရှိတယ်။ အကောင်အထည်ဖော်မှုကသာ အရေးကြီးတယ်” လို့ စာရေးသူကပြောထားပါတယ်။

    • အမြန်စမ်းသပ်ပါ၊ အမြန်သင်ယူပါ: အချိန်အကြာကြီး စိတ်ကူးတစ်ခုကို ထိုင်ပြီး ပြီးပြည့်စုံအောင် လုပ်နေမယ့်အစား၊ စပြီး စမ်းသပ်ကြည့်ပါ။ ဈေးကွက်ရဲ့ တုံ့ပြန်မှုကို အမြန်ဆုံးသိအောင် လုပ်ပါ။
    • “ကြိုက်တဲ့စိတ်ကူး” တွေကိုတောင် လွှတ်ချပါ: သင်အရမ်းနှစ်သက်တဲ့ စိတ်ကူးတစ်ခုက လက်တွေ့မှာ အလုပ်မဖြစ်ဘူးဆိုရင်၊ စွန့်လွှတ်ရဲတဲ့ သတ္တိရှိပါ။ ဒါက စိတ်ဓာတ်ကျတာ မဟုတ်ဘဲ ပိုကောင်းတဲ့လမ်းကြောင်းကို ရှာဖွေတာပါ။

    ဒီလိုပြောင်းလဲလိုက်ခြင်းက သင့်ကို ကြောက်ရွံ့မှုကနေ လွတ်မြောက်စေပါတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ သင်ဟာ သင်ခန်းစာတစ်ခုရပြီး ရှေ့ကို ဆက်တိုးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးပါလိမ့်မယ်။

    🏄ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ လှိုင်းလုံးတွေကြားမှာ ရိုးရိုးလေး ရေလိုက်မျောပါမယ့်အစား၊ ဒီလှိုင်းတွေကို စီးနင်းပြီး ကိုယ့်ရဲ့ဦးတည်ရာကို ရောက်အောင်သွားနိုင်ဖို့အတွက်

    • အခက်အခဲတိုင်းကို အခွင့်အလမ်းအဖြစ် ဘယ်လိုမြင်မလဲ။
    • နေ့စဉ်ပြဿနာတွေထဲမှာ ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေကို ဘယ်လိုရှာဖွေမလဲ။
    • ပြောင်းလဲမှုတွေကြားထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဘယ်လိုရပ်တည်မလဲ။
    • ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ သင့်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ပြီး ယှဉ်ပြိုင်လို့မရတဲ့သူတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။

    ဒီလို ထိရောက်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ “Disrupt You!” ကို ဖတ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးကို မြင်တဲ့အမြင်တင် မဟုတ်ဘဲ၊ သင့်ကိုယ်ပိုင် အလားအလာတွေကိုပါ ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရမှာပါ။

    Add to cart
  • 💔💔ပျော်ရွှင်မှုဟာ အဓိပ္ပါယ်မဲ့လာသလိုခံစားနေရင် ? 💔💔
    🏎“မင်းဒီအရာကိုပိုင်ဆိုင်ရရင်/လုပ်နိုင်ရင် ပျော်ရမယ်လို့ထင်တဲ့အရာအားလုံးကို မင်းလုပ်ခဲ့ပြီးပြီ”
    ဒါအရာတွေတွေအခုမင်းပိုင်ဆိုင်နေရချိန်မှာပျော်ရဲ့လား ?

    📱ဖုန်းအသစ်တစ်လုံးကိုရတဲ့အချိန်မှာ ခင်ဗျားအပျော်ဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်။ နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာ ဒီဖုန်းက ဖုန်းတစ်လုံးပဲဖြစ်တော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ဒီဖုန်းကဟောင်းလို့ နောက်တစ်လုံးအသစ်ဝယ်မှ ခင်ဗျားလိုအပ်တဲ့ပျော်ရွှင်မှုကိုပြန်ရတော့မယ်။ ဒီခံစားချက်တွေကဘယ်လိုဖြစ်လာတာလဲ?

    🎮လူတိုင်းကိုယ်စီမှာစွဲလမ်းမှုတွေရှိကြပါတယ်။ အသိသာဆုံးသောစွဲလမ်းမှုတွေက Tik Tok ကြည့်တာ၊ Shopping ထွက်တာ၊ အစားကောင်းကိုခုံမင်တာ စသည်ဖြင့်ပေါ့။ စွဲလမ်းဖို့ကောင်းတဲ့အရာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတဲ့ဒီခေတ်မှာ လူတွေဟာ Dopamine ရဲ့သားကောင်ဖြစ်နေတဲ့အကြောင်းနဲ့ ဒီစွဲလမ်းမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုစာရေးဆရာမ Anna Lembke က Dopamine Nation ထဲမှာတင်ပြထားပါတယ်။

    🧠Dopamine and Our Brain’s Pleasure System
    Novelty လို့ခေါ်တဲ့အသစ်အဆန်းကိုခံစားရမှုဟာ Brain ကို လှုံ့ဆော်စေပြီး Dopamine ကိုရရှိစေပါတယ် (ဥပမာ အရမ်းကောင်းတဲ့ကော်ဖီဆိုင်အသစ်တစ်ဆိုင်က ကော်ဖီတစ်ခွက်ကိုပထမဆုံးသောက်လိုက်တဲ့အချိန်မျိုး)။ Novelty ကပေးတဲ့ Dopamine ကိုစွဲလမ်းမှုကြောင့်ဒီဆိုင်ကိုနောက်တစ်ခါနှစ်ခါ လာထိုင်ဖြစ်ပေမယ့် လေးငါးခေါက်လောက်ကျတော့ အသစ်အဆန်းမရှိတဲ့အတွက် ရိုးသွားသလိုမျိုးခံစားရပြီး နောက်အသစ်တစ်နေရာကိုထပ်သွားချင်တဲ့စိတ်ဖြစ်ပေါ်လာပြန်ရော။ ဒီလို Dopamine induced Pleasure နောက်လိုက်ရင်းနဲ့ ကျွန်တော်တို့ ရဲ့အချိန်နဲ့စွမ်းအားတွေ ဖြုန်းတီးနေမှုကို လျော့ချဖို့ကြိုးစားရပါမယ်။

    ⚖️Pleasure and Pain ချိန်ခွင်
    ‘ ရယ်ပြီးရင်ငိုရတတ်တယ်” အရမ်းရယ်ပြီးရင် လက်ကိုခုနစ်ချက်ပြန်ရိုက်ရတယ်ဆိုတာကိုသိသလား ? ငယ်ငယ်တုန်းက အရမ်းရယ်ပြီးသွားရင်သူငယ်ချင်းတွေက လက်ဖျံကို ခပ်စပ်စပ်ကလေး ခုနစ်ချက်ရိုက်တတ်ကြတဲ့အမူအကျင့်တွေဟာ Pleasure and Pain ချိန်ခွင်ရဲ့အခြေခံသဘောတရားပါပဲ။ အလုပ်နားတဲ့ တစ်ရက်မှာ တစ်နေကုန် Tik Tok ကြည့် (Pleasure hunting)ပြီးတော့ ညကျရင်ဘာမှအကျိုးမရှိသလိုခံစားရတာ (Pain Hurting) ဟာ အလွယ်တကူရတဲ့ Dopamine ရဲ့ အတက်အကျရှိတဲ့ ဥပမာတစ်ခုပါ။

    🤝Dopamine နဲ့အတူနေထိုင်ခြင်း
    ဟာ… Dopamine ကမကောင်းဘူးဆိုရင် ငါ Dopamine မရှိအောင်နေမယ်လို့တွေးရင်မှားသွားပါလိမ့်မယ်။ Dopamine မရှိတော့တဲ့အချိန်မှာ ကြွက်တွေဟာ အရှေ့မှာချထားတဲ့အစာကို မစားပဲ အစာငတ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာကို စမ်းသပ်ချက်တွေမှာတွေ့ရှိရပါတယ်။ Dopamine ဟာကျွန်တော်တို့နေ့စဉ် လှုပ်ရှားမှု၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို လမ်းညွှန်ပေးတဲ့ Hormone တစ်ခုဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အလွယ်တကူရနိုင်တဲ့ မသင့်လျော်တဲ့ Dopamine – အလွန်အမင်းဖုန်းကြည့်ခြင်း၊ အစားကောင်းကိုခုံမင်ခြင်း၊ လောင်းကစားလုပ်ခြင်း တွေ ကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီး အားစိုက်ထုတ်ရပြီး သင့်လျော်တဲ့ Dopamine – နေရောင်ခြည်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊တရားထိုင်ခြင်း၊လမ်းလျှောက်ခြင်း စတဲ့အရာတွေကိုနေ့စဉ်ဘ၀မှာ ပိုမိုလုပ်ဆောင်ရပါမယ်။

    🏁သင့်ရည်မှန်းချက်ပန်းတိုင်ကို နှောင့်နှေးအောင်အချိန်ဆွဲနေတဲ့ စွဲလမ်းမှုကနေလွတ်မြောက်စေဖို့ Pleasure/Pain ချိန်ခွင် ကို ချိန်ညှိတဲ့နည်း (Pursing Pain) နဲ့ Abstain ( D.O.P.A.M.I.N.E) ဆိုတဲ့နည်းစနစ်နှစ်ခုကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။ သင့်ကိုသင် ထိန်းချုပ်လို့မရဘူးဆိုရင် သေချာတာက သင့်ကို Dopamine ကထိန်းချုပ်နေတာပါ။ ဒီနည်းစနစ်တွေအပြင် Dopamine Detox , Vipassana Meditation တွေကိုအသုံးပြုပြီး သင့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့ Power ကို လက်ဆုပ်လက်ကိုင်ရယူလိုက်ပါ။

    Add to cart
  • တကယ်လိုသာ ကျွန်တော်တို ရည်မှန်းထားတဲ့ အောင်မြင်မှုကို ရရှိသွားတယ်ဆိုရင် ?

    ကျွန်တော်တိုဟာ အတိတ်နဲ့ အနာဂတ်မှာပဲ နေကြတယ့်
    နောင်တ တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အတိတ်မှာ နေကြသလို မပြည့်၀သော ပူလောင်မှုတွေနဲ့ အနာဂတ်မှာနေကြတယ်
    မနက်မိုးလင်း ကနေ ညအထိအလုပ်တွေအသားကုန်လုပ် အချိန်ပြည့်ကြိုးစား အစွမ်းကုန်အားထုတ်၊ မင်းဘ၀ရဲ့ အဓိပ္ပါယ်ကဘာလဲလို ကိုယ့်ကိုယ်ပြန်မေးကြည့်တော့ ဘာအဖြေရသလဲ ?

    စာဖတ်နေတာလေး ခဏရပ်ပြီး စဉ်းစားကြည့်ပါ။

    ခင်ဗျားတစ်ရက်အလုပ်ဘယ်လောက်လုပ်သလဲ ?
    8 နာရီလား 10 နာရီလား 14 နာရီလား ?
    အားအင်တွေကုန်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အထိအလုပ်လုပ်နေသလား ?
    ဒီအတွက် ခင်ဗျားကြိုးစားသလောက် ရလဒ်ကို ကျေနပ်ရဲ့လား

    နေ့စဉ်ရက်ဆက် အလုပ်ပေါင်း , Stress ပေါင်းမြောက်များစွာရှိတဲ့ ကြားမှာ နစ်မွန်းနေတဲ့ကိုယ့်စိတ်ရဲ့ထွက်ပေါက်ကို Greg McKeown ကသူ့ရဲ့ Effortless စာအုပ်ထဲမှာ ကိုယ်လိုချင်တဲ့ဘ၀ဆီကို အစီအစဉ်တကျ စနစ်တကျ နဲ့ သက်တောင့်သက်သာသွားနိုင်မယ့် လမ်းကြောင်းတွေကို ရှင်းပြထားပါတယ်။

    ကြိုးစားနေတဲ့ကျွန်တော်တိုအတွက်က ပန်းတိုင်ကိုသွားရတာ ခရောင်းခင်းတဲ့ ဆူးလမ်းလိုပါပဲ။ မလိုတဲ့နေရာတွေမှာပါအားစိုက်ပြီးအလုပ်လုပ်မိတာဟာ အရေးပါတဲ့အပိုင်းတွေအတွက် အားလျော့သွားစေပါတယ်။ ဂျူဒိုကစားတဲ့သူတစ်ယောက်လို ကျွန်တော်တိုအင်အားကို အနည်းဆုံးသုံးပြီး အလုပ်အများဆုံးပြီးအောင်လုပ်နိုင်တဲ့ အရည်အချင်း ကို ပြုစုပျိုးထောင်ရမှာ ကျွန်တော်တိုရဲ့ Goal တစ်ခုပါပဲ။

    ကိုယ့်ကိုယ်ကို ပြောင်းလဲမှုရဲ့ အစဟာ ကိုယ့်ရဲ့ အားအင်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်မှုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ Goal တွေသတ်မှတ်ပြီး အားကုန်ပြေးတဲ့ သူ တစ်ယောက်နဲ့ Goal တစ်ခုကို Strategy Planning နဲ့ စတဲ့ သူတစ်ယောက် လုပ်နိုင်စွမ်းဟာ ရေရှည်မှာ သက်ရောက်မှုအများကြီးကွာခြားပါတယ်။
    ဒါဆို ဒီလိုမျိုး Strategy နဲ့ အလိုလိုရရှိလာမဲ့ ပျော်ရွှင်တဲ့ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ဖို Effortless ဟာ သင့်ကိုအကူအညီအများကြီးပေးမှာပါ။

    Add to cart
  • 🤔”သင့်ရဲ့ အောင်မြင်မှု ခရီးလမ်းမှာ ဘယ်သူက အကြီးမားဆုံးသော ရန်သူဖြစ်နေလဲဆိုတာကို သိချင်လား? 

    “ငါသိတယ်”, “ငါတတ်တယ်”,“ငါ့ကိုယှဉ်နိုင်တဲ့သူမရှိဘူး” “ငါ့ပစ္စည်း”, “ငါ့ဥစ္စာ”, “ငါ”, “ငါ”, “ငါ”, 

    ဒီစကားလုံးတွေက တော်တော်များများအောင်မြင်မှုဆီကိုမရောက်နိုင်တဲ့အကြောင်းပြချက်ဖြစ်တယ်။

    အကြီးမားဆုံးသော ရန်သူက တခြားဟာမဟုတ်ဘူး — သင့်ကိုယ်တွင်းက အတ္တပါ။

    သင်ကြိုးစားနေသရွေ့ တစ်ချိန်ချိန်မှာ အောင်မြင်မှုကိုရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲသေချာတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုကို ခင်ဗျားဘယ်လောက်ကြာကြာထိန်းသိမ်းနိုင်မှာလဲ?😈

     

    🎯”The first principle is that you must not fool yourself—and you are the easiest person to fool.” – Richard Feynman

    ပထမဆုံးအရေးကြီးတဲ့ အချက်က အရမ်းလှည့်ဖြားဖို့လွယ်တဲ့ သင့်ကိုယ်သင် အရူးမလုပ်မိစေဖို့ပါ။

    မွေးရာပါဗီဇ တစ်ခုဖြစ်တဲ့“ငါ”ဆိုတဲ့ အတ္တဟာ ကျွန်တော်တို့နဲ့အမြဲတစ်စေအတူရှိနေတယ်။ လူတွေကိုဘောလီဘောပုတ်သလို အမြင့်ကိုခေါ်ဆောင်သွားပြီး ထိပ်ဆုံးရောက်မှအားကုန်ရိုက်ချတတ်တဲ့ အတ္တ ရဲ့ အကြောင်းကို Ryan Holiday က သူရဲ့ Ego is the Enemy စာအုပ်ထဲမှာ အပိုင်းသုံးပိုင်းနဲ့ ရှင်းပြထားတယ်

    Aspire🔥

    နေရာတစ်ခုမှာကိုယ်ကျွမ်းကျင်ပိုင်နိုင်မှုရှိလာတာနဲ့ အမျှ လူတွေရဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ်က ကြီးထွားလာလေ့ရှိတယ်။ “ငါသိတယ်”, “ငါမရှိရင်မဖြစ်ဘူး” စတဲ့ ယုံကြည်မှုလွန်ကဲစွာဖောင်းပွမှုက တက်လမ်းကိုတိုးတက်စေမယ့် သင်ယူမှုတွေ၊ အခွင့်အလမ်းကောင်းတွေကိုပိတ်ပင်စေတတ်တယ်။ဒီလိုအချိန်မှာ Stoic တွေရဲ့ ဉာဏ်ပညာ (Wisdom) – မသိသေးတာတွေကို သိရှိနားလည်ဖို့ ကြိုးစားတဲ့စိတ် – က အရေးကြီးသလို၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု (Temperance) ကလည်း အတ္တရဲ့ ပေါ့ပျက်ပျက်ဆန်မှုတွေကို တားဆီးပေးတယ်။

    Success🏆

    အောင်မြင်မှုကိုရပြီးတဲ့နောက်မှာ အတ္တကပျောက်ကွယ်မသွားပဲပုံစံပြောင်းလာတတ်တယ်။ပတ်ဝန်းကျင်ကိုမလေးစားမှုတွေ၊ မထီမဲ့မြင်ပြုမှုတွေ နဲ့ မိမိဂုဏ်သိက္ခာကိုအရောင်ဆိုးမှုတွေဟာ တခြားသူတွေအတွက်အဆိပ်အတောက်ဖြစ်စေတယ် ဆိုတာကို သတိမထားမိတတ်ကြဘူး။ဒီလိုအချိန်မှာ တရားမျှတမှု (Justice) ဟာ အောင်မြင်မှုဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးပမ်းမှုမဟုတ်ဘဲ အများနဲ့ရတဲ့ ရလဒ်ဖြစ်ကြောင်း သတိပေးပြီး မိမိကိုယ်ကို နှိမ့်ချတတ်ဖို့ အားပေးပါတယ်။

    Failure📉

    ရှုံးနိမ့်မှုနဲ့ကြုံတွေ့ရတဲ့အချိန်မှာ အတ္တဟာ အဆိပ်လိုဖြစ်လာတယ်။ အပြောင်းအလဲနဲ့ အမှားကနေ သင်ခန်းစာယူမယ့် အစား သူ့ကိုယ်သူကာကွယ်ဖို့အတွက် Victim လေးဖန်တီးပြီး တပါးသူကို အပြစ်ပုံချတာ၊ တာဝန်မဲ့မှုတွေဖန်တီးလာတတ်တယ်။ ဒီလိုနဲ့ ရှုံးနိမ့်မှုနွံထဲမှာ နစ်သထက်နစ်မြုပ်လာကြရတယ်။ဒီအခါမျိုးမှာ သတ္တိ (Courage) ဟာ ခက်ခဲတဲ့အမှန်တရားကို ရင်ဆိုင်နိုင်စွမ်းကို ပေးစွမ်းပြီး ဉာဏ်ပညာ (Wisdom) ကတော့ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ပိုမိုခိုင်မာလာစေဖို့ ကူညီပေးပါတယ်။

    ⚖️ဒီ အတ္တရဲ့ ရန်ကိုကာကွယ်ရှောင်ရှားနိုင်ဖို့အတွက် Stoic တွေဟာ ကမ္ဘာကြီးကို Logos (အကျိုးအကြောင်း) နဲ့ လက်ခံပြီး၊ သတ္တိ (Courage)၊ ဉာဏ်ပညာ (Wisdom)၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု (Temperance) နဲ့ တရားမျှတမှု (Justice) ဆိုတဲ့ Virtue လေးချက်နဲ့သာ တူညီမျှစွာနေထိုင်ကြပါတယ်။

    အတ္တကို ကိုယ်တိုင်မထိန်းချုပ်နိုင်ရင် ပျက်စီးခြင်းဆီသင့်ကိုခေါ်ဆောင်သွားလိမ့်မယ်။

    ဒီစာအုပ်လေးမှာ

    ✨အတုအယောင် မာန်မာန အတ္တကိုဖယ်ရှားပြီး လူသားဆန်စွာနေထိုင်နိုင်ဖို့

    ✨ဟန်ဆောင်လက်ခုပ်သံတွေထက် စစ်မှန်တဲ့ အလုပ်မှာ ပျော်မွေ့နိုင်ဖို့

    ✨ဘ၀ရဲ့အချိုးအကွေ့တွေကို မတုန်မလှုပ်ရင်ဆိုင်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံဉာဏ်ကောင်းတွေကိုမျှဝေထားပါတယ်။

    📕လူတိုင်း ဖတ်သင့်တဲ့ စာအုပ်စာရင်းတွေရဲ့ ထိပ်ဆုံးမှာအမြဲရှိနေပြီး အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ အားကစားသမားစတဲ့ သန်းပေါင်းများစွာသောလူတွေရဲ့ ဘ၀ကိုပြောင်းလဲပေးတဲ့ Stoic ဒသနပညာရှင် Ryan Holiday ရဲ့  Best Seller တစ်အုပ်ဖြစ်တဲ့ Ego is Enemy နဲ့အတူ သင့်ရဲ့ အကြီးမားဆုံးသော ရန်သူကို ချိုးဖြတ်အနိုင်ယူဖို့ အချိန်ကျပါပြီ။ 

    Add to cart
  • Daniel Goleman ရဲ့ Emotional Intelligence ထဲက သင်ခန်းစာ ၁၀ ခု

    1. Know your emotions.

    မိမိစိတ်ခံစားမှုတွေကို သိမြင်ပါ။

    Notice your feelings without ignoring or judging them. Naming your emotion is the first step to owning it.

    “မင်းရဲ့စိတ်ခံစားချက်တွေကို လစ်လျူရှုတာ၊ အကဲဖြတ်တာမရှိပဲ သတိထားပါ။သင့်ခံစားချက်တွေကို အမည်ပေးခြင်းဟာ သူတို့ကိုပိုင်ဆိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်”

     

    1. Master your emotional impulses.

    မိမိကိုယ်ကိုယ်စိတ်ထိန်းနိုင်အောင်လုပ်ပါ။

    Don’t let your emotions drive your actions. Pause before you react.

    “မင်းရဲ့လုပ်ရပ်တွေကို ခံစားချက်တွေက မထိန်းချုပ်ပါစေနဲ့။တုံ့ပြန်မှုမဖြစ်ခင်မှာ ခေတ္တရပ်ပါ”

     

    1. Motivate yourself from within.

    မိမိကိုယ်ကို စိတ်ဓာတ်ခွန်အားပေးတတ်ပါစေ ချီးကျူးတတ်ပါစေ။

    Use your values and goals to inspire consistent effort — not praise from others.

    “အခြားသူများထံမှ ချီးကျူးခြင်းကို အားမကိုးပဲ တသမတ်တည်း ကြိုးစားအားထုတ်မှုကို အားပေးရန် သင်၏တန်ဖိုးများနှင့် ပန်းတိုင်များကို အသုံးပြုပါ”

     

    1. Cultivate empathy.

    တခြားသူတွေရဲ့ခံစားချက်ကို နားလည်တတ်ပါ။

    Understanding others’ feelings is the root of connection and compassion.

    “တခြားသူတွေကိုနားလည်တတ်မှုက EQ ရဲ့ စဉ်ဆက်မပြတ်သောအခြေခံတန်ဖိုးပါ။”

     

    1. Master social skills.

    လူမှုရေးကျွမ်းကျင်မှုရှိပါစေ။

    Good communication is not about talking, but about listening with your heart.

    “ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုဆိုတာ စကားပြောတာမဟုတ်ဘဲ စိတ်နှလုံးနဲ့ နားထောင်ခြင်းပါ။” 

     

    1. Transform anger into understanding.

    ဒေါသကို တုံ့ပြန်မှုဖြင့်မဟုတ်ဘဲ ဉာဏ်နဲ့ဖြေရှင်းပါ။

    Anger is a signal — not a solution. Use it to understand, not to attack.

    “ဒေါသဆိုတာ အချက်ပြမှု တစ်ခုဖြစ်တယ် အဖြေမဟုတ်ဘူး၊ သူ့ကိုနားလည်ဖို့အသုံးချပါ၊ တိုက်ခိုက်ဖို့အတွက်အသုံးမပြုပါနဲ့”

     

    1. Don’t confuse emotions with truth.

    ခံစားချက်နဲ့ ဆုံးဖြတ်ချက်ကိုခွဲခြားတတ်ပါစေ။

    Feelings are real, but they don’t always reflect reality. Learn to step back and reassess.

    “ခံစားချက်တွေဟာ အစစ်အမှန်ဖြစ်ပေမဲ့လည်း အမှန်တရားမဟုတ်ပါဘူး။ နောက်ပြန်ဆုတ်ပြီး အကဲဖြတ်နိုင်တဲ့ Skill ကိုသင်ယူပါ”

     

    1. Build emotional resilience.

    စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်ပါ။

    Come back to center when life shakes you. Strength isn’t avoiding emotion — it’s moving through it.

    “ဘ၀ကမင်းကိုတုန်လှုပ်စေတဲ့အချိန်မှာ တည်ငြိမ်မှုဆီကိုပြန်သွားပါ။ သန်မာမှုဟာ ခံစားချက်တွေကိုရှောင်ဖယ်တာမဟုတ်ပဲ သူတို့တွေနဲ့ အတူအခက်အခဲတွေကိုဖြတ်သန်းရတာပါ”

     

    1. Respond with less drama, more wisdom.

    ဒရာမာတွေခင်းမဲ့အစား ဉာဏ်ပညာဖြင့်တုံ့ပြန်ပါ။

    You don’t have to match chaos with chaos. Your calm presence is your greatest power.

    “တလွဲဖြစ်နေတဲ့အရာကို တလွဲနဲ့ တုံ့ပြန်စရာမလိုပါဘူး။ တည်ငြိမ်တဲ့မင်းရဲ့ဖြစ်တည်မှုဟာ အကောင်းဆုံး Power တစ်ခုဖြစ်တယ်။”

     

    1. EQ is not a trait, it’s a trainable skill.

    EQ ဟာမွေးရာပါပညာမဟုတ်ပါဘူး လေ့ကျင့်ရတဲ့ တစ်ခုပါ။

    Anyone can improve their emotional intelligence — it’s a discipline, not destiny.

    “လူတိုင်း EQ ကိုအဆင့်မြှင့်အောင်လေ့ကျင်လို့ရပါတယ်။ ဒါက ကံတရားထက် စည်းကမ်းရှိမှုရဲ့ အဖြေတစ်ခုပါ.”

     

    Emotional Intelligenceဆိုတာ  Smart ဖြစ်တာနဲ့မတူပဲမိမိရဲ့ ခံစားချက်တွေရဲ့ ထိန်းချုပ်မှုကနေလွတ်မြောက်ပြီး ဘ၀ကိုပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ ရှားပါတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ စိတ်ရဲ့ကျေးကျွန် အဖြစ်ကနေရုန်းထွက်ပြီး ကြံ့ခိုင်မှုအပြည့်ရှိတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်ဖို့ Daniel Goleman.ရဲ့ Emotional Intelligence နဲ့ အတူသင့်အရည်အချင်းကိုမြှင့်တင်လိုက်ပါ။

    Add to cart
  • “I have trained with many of the toughest and hardest men on the planet, and only one stands out. That one is Cameron Hanes.”
    -DAVID GOGGINS,

    ENDURE
    David Goggins နဲ့ Joe Rogan တိုကိုယ်တိုင် recommend ပေးတဲ့ စာအုပ်တစ်အုပ်၊ Smart Work မဖြစ်ခင် Hard work ကို ဘယ်လို ရုန်းကန်ပြီး ကြိုးစားအားထုတ်နေကြလဲ၊ David Goggins နဲ့ တန်းတူ Resilience, Mindset, Effort ‌တွေ ရှိတဲ့ လူတစ်ယောက်အ‌ကြောင်း လေ့လာရမှာပဲ ဖြစ်ပါတယ်။

    Add to cart
  • ကျွန်တော်အကြိုက်ဆုံး Danzel Washington ရဲ့ Quote နှစ်ခုရှိပါတယ်
    “Just because you’re doing a lot more, doesn’t mean you’re getting a lot more done”
    မင်းအလုပ်ပိုလုပ်တိုင်း အလုပ်တွေပိုပြီးမြောက်သွားတာ မဟုတ်ဘူး

    Don’t Confuse “Movement” with “Progress”
    “လှုပ်ရှားမှု” နဲ့ “တိုးတက်မှု” ကို မရောထွေးပါစေနဲ့။
    ဒီ Quote နှစ်ခုက အသက်ရလာလေ ပိုမှန်လာလေဖြစ်တယ်ဆိုတာကို ကိုယ်တွေ့သဘောပေါက်လာတယ်။

    ကျွန်တော်တို အသက်တွေကြီးလာတယ် တာဝန်တွေများလာတယ် တစ်ရက်နဲ့ တစ်ရက် အလုပ်နဲ့၀တ္တရားတွေကြားဗျာများပြီး အရာရာအားလုံပြီးဖိုအတွက် အချိန်အလုံအလောက်ရှိရင်ကောင်းမှာပဲဆိုတာ ခဏခဏတွေးမိတယ်။
    နည်းနည်းလုပ်ပြီးများများပြီးအောင် ဘယ်လိုလုပ်မလဲ ?
    ကျွန်တော်တို ခင်ဗျားတို တကယ်အရေးပါတဲ့အရာတွေကိုအာရုံစိုက်နေမိရဲ့လား ဆိုတာကိုပြန်မေးကြည့်ပါ။

    အချိန်ဆိုတာ ကန့်သတ်ချက်အပြည့်ရှိတဲ့ Resource တစ်ခုပါ။ သေသေချာချာ Manage မလုပ်နိုင်ရင် မျောက်သစ်ကိုင်းလွတ်သလို ဟိုဟာလည်းမပြီးဒီဟာလည်းမရနိုင် ဖြစ်တတ်ပါတယ်။ စာရေးသူ Greg McKeown ရဲ့ Essentialism မှာ ရိုးရှင်းပြီးလက်တွေ့ကျတဲ့ နည်းစနစ် ဥပမာတွေနဲ့ အရေးပါတဲ့အရာတွေကို အချိန်တိုအတွင်းမှာ စနစ်တကျစီမံခန့်ခွဲနည်းကို တွေ့ရှိရမှာပါ။ Effective Time Management ဖြစ်အောင်သုံးလိုရတဲ့ Essentialism ရဲ့ နည်းစနစ်အချိုကို အောက်မှာလေ့လာကြည့်ကြရအောင်.

    Live by design, not by default
    ဒီဇိုင်းချပြီးနေထိုင်ပါ၊ သာမာန်မနေပါနဲ့
    မနက်မိုးလင်းလို အိပ်ရာထတာနဲ့ ပေါ်လာသမျှပြသနာတွေ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းရမှာ သာမာန်လူတစ်ယောက်ရဲ့ တာဝန်ပါပဲ။
    Essentialist တစ်ယောက်ဟာ ပြသနာတိုင်းကိုဖြေရှင်းဖိုထက် ရေတို ရေရှည်မှာ ဖြစ်နိုင်တဲ့အကျိုးအကြောင်းကို စဉ်းစားပြီးဖြေရှင်းနိုင်တဲ့ Lifestyle တစ်ခုကို ကြိုတင်တည်ဆောက်ထားနိုင်ပြီး အဓိကကျတဲ့ ပြသနာတွေကို အချိန်တိုအတွင်းထိရောက်စွာဖြေရှင်းနိုင်ပါတယ်။ အရေးကြီးတဲ့ ပြသနာတွေကို အာရုံစိုက်နိုင်တာဟာ သင့် Time Management Skill ကို အရိုးရှင်းဆုံး မြှင့်တင်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုပါ

    Burnout = Your Wake up call
    နှုးချိမှု = မင်းရဲ့ နှိးဆော်သံ
    ကိုယ်တွေလက်တွေမသယ်ချင်လောက်အောင် နှုးချိပြီး Burn out ခဏခဏဖြစ်နေပြီဆိုတာ သင့်အတွက် အရေးကြီးတဲ့အရာတွေကိုသာအာရုံစိုက်ဖိုလိုအပ်နေပြီလို သင့်ခန္ဒာကိုယ်ကအချက်ပြနေတာပါပဲ။ “သင့်ကိုယ်သင် ဂရုမစိုက်ရင် အခြားတစ်ယောက်(ဆရာဝန်)ကဂရုစိုက်ရလိမ့်မယ်” လို စာရေးသူကပြောပါတယ်။ Burnout ဖြစ်နေပြီဆိုရင် ကိုယ့် လုပ်ငန်းတာဝန်တွေနဲ့ ကိုယ့် Body ကိုဂရုစိုက်ပါ။ လိုအပ်သလောက်အနားယူပြီး အရေးမကြီးတဲ့အလုပ်တွေကို “No” ဆိုပြီးငြင်းနိုင်တဲ့ Skill ကိုမွေးမြူပါ။

    Cultivate inner clarity
    ကြည်လင်တဲ့အတွင်းစိတ်ကို မွေးမြူပါ။
    ကျွန်တော်တိုတွေကြုံရတဲ့ အဓိက Challenge တစ်ခု က ဆပ်ကပ်ထဲကလူရွှင်တော်တစ်ယောက် ပန်းသီးငါးလုံးကို Juggle လှည့်ပြသလို အလုပ်ပေါင်းမြောက်များစွားကို ဇယ်ဆက်သလို လှည့်ပြီးလုပ်နေရတာပါပဲ။ ဘယ်အလုပ်ကိုအရင်လုပ်ရမလဲဆိုတာကို Juggle လှည့်ရင်းစဉ်းစားနိုင်ဖို ကြည်လင်တဲ့အတွင်းစိတ်ကို အချိန်ပြည့်ရရှိနေနိုင်ဖိုလိုအပ်ပါတယ်။ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊မှတ်စုရေးခြင်း၊ Clear Goal သတ်မှတ်ခြင်းတိုဟာ သင်လိုအပ်တဲ့ ကြည်လင်မှုကို အမြဲတမ်းရရှိပြီး လိုအပ်သလို အချိန်ကို စီမံခန့်ခွဲနိုင်အောင်ကူညီပေးပါတယ်။

    “Essentialism is not about how to get more things done; it’s about how to get the right things done.”
    “Essentialism ဟာ အလုပ်များများပိုပြီးဖိုမဟုတ်ပဲနဲ့ မှန်ကန်တဲ့အလုပ်တွေကို ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတဲ့နည်းဖြစ်ပါတယ်” လိုစာရေးသူကပြောထားပါတယ်။ဒီစာအုပ်ထဲကနည်းတွေဟာ တိုးတက်လာတဲ့အခုခေတ်နဲ့ကိုက်ညီမှုရှိပြီးတော့ Personal Life မှာတင်မက လုပ်ငန်းမှာပါ မလိုအပ်တဲ့အလုပ်တာဝန်တွေကိုလျှော့ချပစ်တာတွေ၊Focus Work Sections နဲ့ Flexible Work Schedule တွေကိုပါ ကုမ္မဏီတွေအနေနဲ့ အသုံးပြုပြီး Production power နဲ့ Efficiency ကို မြှင့်တင်တာတွေပြုလုပ်နိင်ပါတယ်။

    Add to cart
  • အပြင်မှာမိုးဖွဲဖွဲလေးရွာနေတယ်။

    သောက်နေတဲ့ကော်ဖီနွေးနွေးလေးက အငွေ့တွေတော့မပျယ်သေးဘူး။

    တဖြောက်ဖြောက်နဲ့မှန်ပြတင်းကိုထိနေတဲ့ မိုးစက်အသံလေးတွေက သင့်ကိုငြိမ်းချမ်းစေတယ်။

    သင့်စာအုပ်ထဲမှာ Schedule တွေ ပြည့်နှက်နေပေမယ့် ဒါတွေကစိတ်ပူစရာလို့မြင်စရာကိုမလိုတော့တာ။

    Productivity တိုးတက်ဖို့ဆိုတာ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနေစရာမလိုဘူးဆိုတာကို သဘောပေါက်ပြီးတဲ့နောက် ဖွင့်ထားတဲ့ Lofi သီချင်းလေးလို အလုပ်တွေကိုအေးအေးချမ်းချမ်း စီမံခန့်ခွဲပြီး ဘ၀ကိုကျေနပ်နိုင်လာတယ်။

    📖📖📖📖📖

    “အစ်ကို့ကိုကြည့်ရင် Pressure မရှိသလိုပဲ ငြိမ်းချမ်းလိုက်တာ ,အစ်ကို့အလုပ်တွေကိုဘယ်လိုစီမံခန့်ခွဲလဲ?” Junior Executiveတစ်ယောက်ရဲ့ မေးခွန်းကြောင့် ကျွန်တော့်ကော်ဖီခွက်ကို ခုံပေါ်ပြန်ချလိုက်တယ်။ 

    “Pressure မရှိတာမဟုတ်ဘူးကွ၊ ဘယ်နေရာမှာစိတ်ပူပြီး ဘယ်နေရာမှာစိတ်ပူစရာမလိုဘူး ဆိုတာကို အမြဲဆန်းစစ်ရတာ, ဒါကြောင့်လည်းအခု ငါကော်ဖီဆိုင်ထိုင်နေနိုင်တာပေါ့ ။ ငါစိတ်မပူခင်မှာလုံလောက်တဲ့ဆင်ခြေရှိလားဆိုတာကိုအရင်မေးတယ်၊ ဆင်ခြေမရှိတဲ့အလုပ်တွေအတွက် ငါဘာမှခေါင်းခဲစရာမလိုဘူးလေ။” 

    သူခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း ကျွန်တော့်စကားအဆုံးမှာ

    “အဲ့ဒါကိုအစ်ကိုဘယ်လိုလုပ်လဲ?” 

    “ဟ… ဒါကိုလွယ်လွယ်ပြောရင် ပေါသွားမှာပေါ့ သိချင်ရင် Ali Abadaal ရဲ့ Feel Good Productivity ကိုကိုယ့်ဘာသာကိုယ်ရှာဖတ်” လို့သူ့ကိုပြန်ဖြေပြီး Coffee ခွက်ကိုပြန်ကိုင်လိုက်တယ်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကျန်းမာရေးထိခိုက်ပြီး လူမှန်းသူမှန်းမသိအောင် အလုပ်Pressure တွေပိနေခဲ့တဲ့ လူတစ်ယောက်က အတိတ်မှာကျန်ခဲ့ပြီပဲလို့တွေးရင်း Mocha တစ်ခွက်ရဲ့ချောကလက်အနံ့သင်းသင်းလေးကို သတိထားမိလိုက်တယ်။

    “When the process feels good, that’s when it becomes sustainable.” လို့ Ali ကသူ့စာအုပ်ထဲမှာရေးထားတယ်။ မလုပ်ချင်တဲ့အလုပ်ကိုစိတ်ညစ်ခံပြီးလုပ်မဲ့အစား ခံစားမှုကောင်းစေမယ့်အကြောင်းအရာလေးတစ်ခုရှိရုံနဲ့ စိဖိစီးမှုအများကြီးသက်သာနိုင်တဲ့အကြောင်းကို Productivity Hack တွေအများကြီးစမ်းသပ်ဖူးတဲ့သူ့ရဲ့အတွေ့အကြုံကနေပြန်လည်မျှဝေထားတယ်။ Energize,Unblock,Sustain စတဲ့ Framwork တွေနဲ့ သေးငယ်တဲ့လုပ်ဆောင်မှုတွေကနေ ကြီးမားတဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲံ့နည်းစနစ်တွေဒီစာအုပ်ထဲမှာပါဝင်တယ်။

    Productivityမြှင့်တင်ဖို့အတွက် ဖိစီးမှုတွေနဲ့ ရုန်းကန်နေရမယ့်အစား “Feel Good Productivity” ကိုဖတ်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ Work-Life Balance နဲ့ပိုမိုပျော်ရွှင်တဲ့ဘ၀ ကို ဘယ်လိုဖန်တီးမလဲဆိုတာ ရှာဖွေလိုက်ပါ။

    Add to cart
  • 🌸🌸High Productivity သမားတိုင်းရဲ့လျှိဝှက်ချက်, Flow နဲ့အတူနေထိုင်ခြင်း
    အလုပ်တစ်ခုထဲမှာစိတ်နှစ်ပြီး အချိန်တွေကုန်လိုကုန်သွားမှန်းမသိတဲ့ခံစားချက်ကိုသိသလား ?
    ဒါကို Flow State လိုခေါ်ပြီး အားကစားသမားတွေ၊ Entrepreneur တွေ ၊ Professional တွေနဲ့ အနုပညာသမားတွေ အများကြီးအသုံးပြုကြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    💮Flow Stateထဲရောက်နေတဲ့အချိန်မှာ
    ✔️အချိန်ဘယ်လိုကုန်သွားမှန်းမသိတာ
    ✔️အားမစိုက်ထုတ်ရပဲအလုပ်တွေအများကြီးပြီးနိုင်တာ
    ✔️အခက်အခဲတွေက Pressure မတက်ပဲနဲ့ပျော်စရာကောင်းတဲ့ခံစားချက်
    ✔️အလုပ်ကို ရာနှုန်းပြည့်အာရုံစိုက်ပြီး နှောင့်ယှက်မှုတွေဝင်မလာနိုင်အောင် လုပ်နိုင်တာစတဲ့အရာတွေကို automatic ပြုလုပ်နိုင်ပါတယ်။

    စာရေးသူ Mihaly Csikszentmihalyi က အလုပ်ကို ကျေနပ်အားရစွာနဲ့ အားမစိုက်ပဲ ရည်ရွယ်ချက်ပြည့်အောင်လုပ်ဆောင်နိုင်တဲ့ Mind/Body state ကို Flow လိုအမည်တပ်ခဲ့ပါတယ်။ ဒါဟာ ကျေနပ်မှု၊ Productivity ကောင်းမွန်မှု၊ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတိုရဲ့သော့ချက်လည်းဖြစ်ပါတယ်။

    🌺Flow State ဟာ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှရနိုင်တဲ့ Skill တစ်ခုမဟုတ်ပါဘူး။ကျွန်တော်တိုနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်နေရင်းနဲ့တောင် Flow State ကို အလိုလိုရောက်ရှိသွားတာကို ကိုယ်တိုင်သတိထားမိမှာပါ။
    Flow state ကိုရဲ့လျိုဝှက်ချက်အချိုကို အောက်မှာလေ့လာကြည့်ရအောင်

    📊Challenge-Skill Quadrant
    Challenge-Skill Quadrant ဟာ မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုဟာ သင့်စိတ်အပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုရှိလဲဆိုတာကိုဖော်ပြထားပါတယ်။
    ဒီ Quadrant ကို
    1. Boredom
    2. Anxiety
    3. Apathy
    4. Flow ဆိုတဲ့ ရိုးရှင်းတဲ့အပိုင်းလေးမျိုးနဲ့ကြည့်နိုင်ပါတယ်။

    1.Boredom (ပျင်းရိခြင်း – Challenge နိမ့်, Skill မြင့်)
    ဥပမာ- အရမ်းလွယ်နေတဲ့အခက်အခဲတွေကိုဖြေရှင်းရတာ
    ကျွန်တော်တို တတ်မြောက်ထားတဲ့ Skill ထက်အရမ်းနိမ့်တဲ့ Challenge ကိုဖြေရှင်းရတဲ့အချိန်မှာ အလုပ်ကစိတ်ဝင်စားစရာမကောင်းတဲ့အတွက်ပျင်းဖိုကောင်းလာတတ်ကြပါတယ်။
    ပြင်ဆင်ဖို-ရှုပ်ထွေးမှုနဲ့ ပုံမှန်မဟုတ်တဲ့ Target တွေ(ဥပမာ-အချိန်ကန့်သတ်တာ)ချမှတ်ပြီး စိတ်ဝင်စားအောင်လုပ်ပါ

    2.Anxiety ( စိုးရိမ်စိတ် – Challenge မြင့်, Skil နိမ့်)
    ဥပမာ-ကျွမ်းကျင်မှုမရှိသေးတဲ့အလုပ်တစ်ခုကို တာဝန်ယူပြီးလုပ်ခိုင်းတာ
    သင့်ကို အခုချိန်မှာစာလုံးရေငါးထောင်ရှိတဲ့ Research paper တစ်ခုကို တစ်ရက်အတွင်းအပြီးရေးပြီး Presentation လုပ်ရမယ်ဆိုရင် အလုပ်စဖိုထက် စိုးရိမ်စိတ်ကများပြီး စိတ်ဖိစီးမှုဒဏ်ကိုခံစားရမှာပါ။
    ပြင်ဆင်ဖို-ဒီစိန်ခေါ်မှုတွေကို သေးငယ်တဲ့ စိန်ခေါ်မှုသေးသေးလေးတွေအဖြစ်ခွဲထုတ်ပြီး အနိုင်သေးသေးလေးတွေကနေ သင့်စွမ်းရည်ကိုတဖြည်းဖြည်းချင်းမြှင့်တင်ပါ။

    3.Apathy (စိတ်ဝင်စားမှုမရှိတာ – Challenge နိမ့်, Skill နိမ့်)
    ဥပမာ- Skill မလိုတဲ့အလုပ်တစ်ခုကို စိတ်မပါပဲလုပ်ရတာကို Apathy လိုခေါ်ပါတယ်
    အလုပ်အတွက်တကယ်အရေးမပါတဲ့Meeting တစ်ခုကိုတက်ရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်မျိုးနဲ့တူပါတယ်။ရှိနေတဲ့သူတွေကအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေ၊ ကိုယ်ကလည်းထထွက်သွားလိုမရ၊ သူ့အတွက်ကိုယ့်အတွက်လည်းအကျိုးမရှိတဲ့အလုပ်လုပ်နေတဲ့အချိန်မှာ ဒါကိုခံစားရပါတယ်။
    ပြင်ဆင်ဖို-သင့်စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ စိန်ခေါ်မှုတွေကိုရှာဖွေပါ။

    4.Flow ( Flow State- Challenge မြင့်,Skill မြင့် )
    သင်ကျွမ်းကျင်မှုနဲ့ စိန်ခေါ်မှုဟာလိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့အခြေအနေကို Flow State လိုခေါ်ပါတယ်။
    ဥပမာ-ကိုယ်နဲ့အတွေးချင်းတူတဲ့လူတစ်ယောက်နဲ့ Idea တစ်ခုကို ယှဉ်ပြိုင်ဆွေးနွေးရသလိုမျိုးပေါ့။
    ဘောလုံးသမားတစ်ယောက်ဆီကို ဘောလုံးရောက်သွားသလို၊ အဆိုတော်တစ်ယောက် Mic ရှေ့ရောက်သွားသလိုဖြစ်တဲ့ခံစားမှုမျိုးပါ။ ဒီstate မှာ အရာအားလုံးက လိုက်လျောညီထွေဖြစ်မှုနဲ့ သဘာ၀တရားနဲ့ကိုက်ညီမှုကိုခံစားရမှာပါ။
    တိုးတက်ဖို-Flow State ဖြစ်ပြီးတဲ့ အချိန်မှာ ဒီstate ကိုရောက်စေတဲ့ Flow Trigger တွေကိုပြန်ဆန်းစစ်ပြီး မှတ်သားထားပါ။

    ဒါ့အပြင် Flow Psychology ဟာ
    ⚖️Yerkes Dodson law ( Stress နဲ့ Productivity ရဲ့အပြန်အလှန်အကျိုးသက်ရောက်မှု)
    ⚖️Parkinson’s Law ( အချိန်နဲ့ အလုပ်ရဲ့ဆက်နွယ်မှု )
    ⚖️The Goldilocks Principle ( စိန်ခေါ်မှုနဲ့ကျွမ်းကျင်မှုရဲ့ ချိတ်ဆက်ပုံ)
    ⚖️Hick’s Law ( ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်) စတဲ့ ဥပဒေသတွေနဲ့ အပြန်အလှန်ချိတ်ဆက်ကိုက်ညီမှုတွေရှိနေပါတယ်။

    🎖️Flow Proneness, VUCA, Flow Food, Flow Schedule စသည်ဖြင့် Flow နဲ့ပက်သက်တာတွေအကုန်ရေးရင် စာအရမ်းကြီးရှည်သွားမှာဖြစ်တဲ့အတွက် စာအုပ်သာဝယ်ဖတ်လိုက်ဖိုတိုက်တွန်းချင်ပါတယ် 😁။Enterpreneur, Leader တွေ Productivity တက်အောင်၊ အလုပ်မှာကျေနပ်အောင်၊ ဘ၀မှာပျော်ရွှင်အောင် သုံးနေကျပြီး သင့်ဘ၀ကိုရေရှည်အကျိုးသက်ရောက်မှုဖြစ်စေမယ့် Flow Psychology ကိုလေ့လာနိုင်ဖို ဒီစာအုပ်ကလေးကိုအခုချက်ခြင်းလေ့လာကြည့်လိုက်တော့နော်

    Add to cart
  • 🌀🌀ဘာကြောင့်မင်းကိုလူတွေက ဂိမ်းကစားသလိုလှည့်ဖြားနိုင်တာလဲ? ( Manipulate အလုပ်မခံချင်ရင် ဒီစာအုပ်ကိုဖတ်ပါ )

    ♟️လူတွေအားလုံးဟာ ဂိမ်းကစားပွဲတွေထဲမှာ ကိုယ်တိုင်ပါဝင်ကစားနေရတယ်။ ဒါကိုသတိမထားမိဘူးဆိုရင် သင်ဟာ ဒီကစားပွဲထဲမှာ လူများရွှေ့ရာလိုက်နေရတဲ့ နယ်ရုပ်လေးတစ်ရုပ်ထက်မပိုဘူး။ ပြိုင်ဆိုင်မှုကိုအနိုင်ရဖို့၊ ဂုဏ်ဒြပ်နဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုရှိဖို့၊ ကောင်းသတင်းပျံ့လွင့်စေဖို့ စတဲ့အမျိုးမျိုးအဖုံဖုံသော  ‘အသိအမှတ်ပြုမှု’ (strokes) တွေကြားထဲမှာ တက်မပါတဲ့လှေတစ်စီးလို ဦးတည်ရာမဲ့ပြီး လူတကာရဲ့အသုံးချမှုကိုခံနေရတဲ့ဘ၀ကို သင်သတိထားမိရဲ့လား ?

    🕹️ဟုတ်တယ်… ဒါပေမယ့် Game ( Yes, But….. Game)

    လူတစ်ယောက်ကို အကြံပေးပြီးတဲ့အချိန်မှာ သူက မင်းကို ‘ဟုတ်ပါတယ်.. ဒါပေမယ့်…’ လို့ပြောလာပြီဆိုရင် သင်သတိထားမိလိုက်ပါ။ သူဟာ တကယ်တမ်း အကြံဉာဏ်ကောင်းလိုချင်တာမဟုတ်ဘဲ၊ သူ့ပြဿနာကို ဘယ်သူမှဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာ သက်သေပြချင်တာမျိုး၊ ဒါမှမဟုတ် အကူအညီမဲ့နေတာကို အာရုံစိုက်ခံချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါဟာ ‘Yes, But…’ ကစားပွဲရဲ့ လက္ခဏာပါ။ ကစားပွဲတွေက သူ့ရဲ့အဆုံးမှာ  တစ်စုံတစ်ခု(Pay Off) ကိုအမြဲလိုချင်တဲ့အချိန်မှာဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုမျိုး “If It Weren’t for You”, “See What You Made Me Do”, “I’m Only Trying to Help You” စတဲ့စကားလုံးတွေဟာ ရည်ရွယ်ချက်တစ်ခုနဲ့ Play နေတဲ့ ကစားပွဲရဲ့တီးလုံးသံတွေဖြစ်ပါတယ်။

    🔘Gimmick’ နဲ့ ‘Switch’: ဂိမ်းရဲ့ ဝှက်ဖဲတွေ

    ဒီဂိမ်းတွေမှာ ‘Gimmick’ (ဝှက်ဖဲ) တွေရှိတယ်။ ဒါက ဂိမ်းစဖို့အတွက် တစ်ယောက်က တစ်ယောက်ကို ‘ချိတ်’ (Hook) တဲ့ အချက်ပဲ။ ပြီးတော့ ‘Switch’ (အနေအထားပြောင်းလဲခြင်း) တစ်ခုက အမြဲဖြစ်ပေါ်တယ်။ ဥပမာ၊ ‘Yes, But…’ မှာ အစက ပြဿနာရှိသူလို ဟန်ဆောင်နေရာကနေ၊ Switch လုပ်ပြီး အကြံပေးတဲ့သူကို စိတ်ပျက်သွားအောင် လုပ်လိုက်တာမျိုးတွေရှိတတ်တယ်။ ဒီ ‘Gimmick’ နဲ့ ‘Switch’ ကို နားမလည်ရင် ဂိမ်းတစ်ခု ဘယ်လို အစပျိုးပြီး၊ ဘယ်လို နိဂုံးချုပ်လဲဆိုတာ သင်တကယ်နားလည်ဖို့ခက်ခဲလိမ့်မယ်။ 

    🦊Manipulation နဲ့ Game တွေကို သင်ရှောင်လွှဲလို့မရပါဘူး။

    လူ့အသိုင်းအဝိုင်းမှာနေထိုင်နေသရွေ့ အဆုံးမသတ်နိုင်တဲ့လိုအင်ဆန္ဒတွေနဲ့ လောဘတွေရဲ့ကြားမှာ ဒီ ကစားပွဲတွေဟာစဉ်ဆက်မပြတ်တည်ရှိနေပါတယ်။ လူ့အဖွဲ့အစည်းဆိုတဲ့ လှုပ်ရှားမှုတွေကြားထဲမှာ ပါးနပ်ကျွမ်းကျင်စွာ ရှင်သန်နိုင်ဖို့အတွက်

    🔹Parent:( စည်းကမ်း၊ဆုံးဖြတ်ချက်၊ဂရုစိုက်မှု)

    🔹Adult:(အစီအစဉ်တကျ၊ အချက်အလက်နဲ့တွေးခေါ်နိုင်မှု၊ ပြသနာဖြေရှင်းနိင်မှု)

    🔹Child:(ခံစားချက်၊တုံ့ပြန်မှု၊ရုတ်ချည်းဖြစ်စဉ်)

    စတဲ့ Ego State သုံးခုအကြောင်းကို စာရေးဆရာ Eric Berne ကသူ့ရဲ့ TA (Transactional Analysis) ကနေရှာဖွေတွေ့ရှိထားတဲ့ Research Data တွေနဲ့ရှင်းပြထားပါတယ်။

    🎃Manipulator တွေဟာ အမြဲ Child ဆိုတဲ့ Ego ကို Trigger ဖြစ်အောင်လုပ်ပြီး သူတို့လိုချင်တာကိုရအောင်လုပ်တတ်ကြပါတယ်။ သင့်ကိုယ်သင် Adult Ego နေရာမှာနေပြီး တုံ့ပြန်မှုတိုင်းကို ဓမ္မဓိဌာန်ကျကျဝေဖန်ပိုင်းခြားတတ်ရင် Manipulation အများစုကနေ သင်ရှောင်ရှားနိုင်ပါလိမ့်မယ်။

    ဒီGame တွေကိုသိထားဖို့လိုတယ်။⚠️⚠️⚠️

    🔸တချို့က မဆင်ခြင်ပဲ ကစားတယ်။ တချို့ကတော့ အရမ်းကျွမ်းကျင်အောင် ကစားတယ်

    နည်းစနစ်တွေကိုသင်ယူမှုနဲ့တင်မလုံလောက်ပါဘူး။ Technique တွေဘယ်လောက်ပဲကျွမ်းကျင်ကျွမ်းကျင် တကယ်ဆော့နေတဲ့ ကစားပွဲရဲ့ စည်းမျဉ်းကိုနားမလည်ရင် လူတွေရဲ့လှည့်ဖျားမှုကနေသင်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူး။  အပေါ်ယံ ဆက်ဆံရေးတွေကနေ လွတ်မြောက်ပြီး တကယ် ရိုးသားတဲ့၊ ပွင့်လင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ဖို့က ဒီစာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။

    🖋️လေ့လာပါ။ သင်ယူပါ။ 

    ဒီစာအုပ်က ပေးတဲ့ Lesson တွေဟာ တစ်သက်တာလုံး အသုံးချဖို့ဖြစ်ပါတယ်။ ကစားပွဲတိုင်းမှာ သင့်ရဲ့ လှုပ်ရှားမှုတိုင်းဟာ ကြောင်တစ်ကောင်လို ပေါ့ပါးသွက်လက် ပိရိနေပါစေ။ ဒါဆိုရင် သင်ဟာ နယ်ရုပ်ဘ၀ကနေလွတ်မြောက်ပြီး ဂိမ်းကို နားလည်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

    စာရေးသူ Eric Berne သည် ကနေဒါစိတ်ပညာရှင်တစ်ဦးဖြစ်ပြီး Transactional Analysis (TA) လူမှုဆက်ဆံရေးစနစ်ကိုတီထွင်ခဲ့ပါတယ်။သူ့ရဲ့စာအုပ် “Games People Play” ကို 1964 ခုနှစ်တွင်ထုတ်ဝေခဲ့ပြီး လူမှုဆက်ဆံရေးကို ဂိမ်းပုံစံနဲ့ ရှင်းပြထားတဲ့ ဒီစာအုပ်ဟာ New York Times Bestseller စာရင်းတွင် နှစ်ပေါင်းများစွာ တင်နေခဲ့ပြီး ယနေ့တိုင် လူမှုစိတ်ပညာနယ်ပယ်တွင် အရေးပါသောစာအုပ်တစ်အုပ်ဖြစ်နေဆဲဖြစ်သည်။

    Add to cart
  • “မဆုတ်မနစ်ဇွဲလုံ့လနဲ့ကြိုးစားတဲ့လူတွေဟာ ပါရမီရှင်တွေထက် အမြဲပိုသာတယ်”

    🐴🐴 🚗မြင်းနှစ်ကောင်ဆွဲထားတဲ့ မာစီဒီးကားကြီးတစ်စီးအကြောင်း၀ထ္ထုလေးတစ်ပုဒ်ကျွန်တော်ဖတ်ဘူးတယ်။ ဒီကားကြီးထဲမှာ သော့လေးတစ်ချက်လှည့်ဖွင့်လိုက်တာနဲ့ စက်နိုးပြီး ပါဝါအပြည့်နဲ့ရုန်းထွက်နိုင်မယ့် V6 အင်ဂျင်အကောင်းစားကြီးတစ်လုံးရှိတယ်။ ဒါပေမယ့် ပိုင်ရှင်ကစက်မနှိုးတတ်တော့ ဒီကားကြီး က အရှေ့ကမြင်းနှစ်ကောင်ဆွဲသလောက်ပဲ ရွေ့နိုင်တယ်။

    🧠💡✨မွေးရာပါ အထုံပါရမီ ဆိုတာလူတိုင်းမှာရှိတယ်။ဒါပေမယ့် လူအများစုက ဒီပါရမီကိုဖွင့်နိုင်တဲ့သော့ချက်ကိုမရှာဖွေပဲ အရှေ့ကဆွဲပေးမယ့် မြင်းနှစ်ကောင်ကိုပဲလိုက်ရှာဖွေကြတယ်။ “ငါဒါတွေမလုပ်တတ်ပါဘူးကွာ”ဆိုတဲ့ဆင်ခြေကိုအသုံးချပြီး အောင်မြင်မှုဆိုတာကံကောင်းတဲ့သူတွေ ပါရမီပါတဲ့လူတွေအတွက်ပဲ ဆိုပြီး mediocre ဘ၀ထဲမှာ တစ်သက်လုံးနစ်မြုပ်သွားကြတယ်။

    ဒါဟာတကယ်မှန်ရဲ့လား?

    📱Tim Cook ဟာ Apple ကို ဦးဆောင်ဖို့မွေးဖွားခဲ့တာမဟုတ်ဘူး ။

    🛒Jeff Bezos ဟာ Amazon ကိုအမွေဆက်ခံခဲ့တာမဟုတ်ဘူး ။

    တိမ်မြုပ်နေတဲ့သင်ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို သော့ဖွင့်လိုက်တာနဲ့ ကြီးကျယ်ခန်းနားတဲ့ အောင်မြင်မှုတွေဟာသင့်ကိုစောင့်ကြိုနေပါတယ်။

    🔑ဒါဆိုသော့ကဘယ်မှာလဲ?

    လူတစ်ဦးချင်းစီအတွက်ဒီသော့ဟာမတူပါဘူး

    🔸တချို့က ခါးသီးတဲ့အမှန်တရားကနေ

    🔸တချို့က ပြင်းထန်တဲ့စိတ်ခံစားချက်တွေကနေ

    🔸တချို့က မထင်မှတ်ထားတဲ့ ဘ၀ရဲ့အလှည့်အပြောင်းတွေနဲ့ တွေ့ကြုံတဲ့အချိန်မှာ ဒီသော့ကိုပိုင်ဆိုင်သွားကြတယ်။

    လိုချင်တာတကယ်သေချာရင် နည်းလမ်းကိုရှာတွေ့လိမ့်မယ်။ မသေချာရင် ဆင်ခြေတစ်ခုကိုရှာတွေ့လိမ့်မယ်။

    ကိုယ်တိုင်တိမ်မြုပ်နေတဲ့ အစွမ်းအစပါရမီတွေကိုရှာဖွေနိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့

    🔧 Scaffolding

    🧠 Character Skills > Cognitive Skills

    🎯 “Aim for improvement, not perfection”

    📈 The 1% Better Rule

    🔁 Purposeful Practice with Feedback Loops

    ⏳ Delayed Outcomes, Compounded Progress

    👥 Character Coaching & Peer Learning

    🔥 Productive Discomfort စတဲ့နည်းလမ်းတွေကို Adam Grant ရဲ့ Hidden Potential ထဲမှာတွေ့နိုင်ပါတယ်

    “Potential is not a matter of where you start—it’s how far you’re willing to go.” — Adam Grant

    “ဘယ်ကစလဲ ဆိုတာထက် ဘယ်လောက်ဝေးဝေးသွားနိုင်သလဲဆိုတာ မင်းရဲ့စွမ်းဆောင်ရည်ပဲ”

    📈🔥🚀သင့်နှလုံးသားမာစီဒီးကားကြီးရဲ့ အင်ဂျင်ကို စက်နှိုးပြီးလိုချင်တဲ့ဘ၀လေးကိုပိုင်ဆိုင်နိုင်မယ့် ကားသော့လေးကအခုသင့်အရှေ့လက်တစ်ကမ်းမှာရောက်နေပါပြီ။ 

    မြင်းနှစ်ကောင်ကို အခုချိန်အထိ သင်လိုက်ရှာနေဦးမှာလား???

     

    Add to cart
  • 🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ – Homodeus: A Brief History of Tomorrow
    မရဏတရားကိုအနိုင်ယူနိုင်ပြီး အသက်ရှင်သန်ဖိုအတွက် ပူပန်စရာမလိုတော့တဲ့အနာဂတ်မှာ လူတွေကပျော်ရွှင်မှုနောက်လိုက်ကြမှာလား ? အဓိပ္ပါယ်ရှိတဲ့အရာတွေနောက်လိုက်ကြမလား ? အနာဂတ်ရဲ့ ကန့်လန့်ကာအနောက်မှာ AI နဲ့ ကျွန်တော်တို လူသားတွေ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ? တိုးတက်မှုနဲ့တကွ ရရှိလာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။

    Add to cart
  • An inquiry into what it is about our experiences and cultures that brings out the differences and reveals the similarities in us as humans beings, in the vein of Malcolm Gladwell and Daniel Kahneman.

    Jacob Burak is on a quest to answer the question “are we as human beings, who are separated by different cultures and experiences, similar or different?” Through the lens of behavioural studies, we see how, while our approaches differ and often conflict, we all strive for similar things: love, acceptance, power and understanding. How to Find a Black Cat in a Dark Room offers the latest scientific studies of human behaviour alongside accessible anecdotes to examine the universal human experiences of comparing ourselves to others, the need to belong, the urge to achieve and the anxiety and uncertainty of life itself.
    More importantly, Burak shows us how, in understanding these behavioural patterns, we learn that we are actually more alike than we are different; that our rivals often make us stronger; and that being trusting can help us live longer. With his inquisitive nature, logical thinking and engaging style, Burak examines whether it is destiny or personality that controls our lives, through intriguing subjects such as:

    • What are the ten rules for happiness that are entirely under our control?
    • Why do smart people make stupid mistakes?
    • What distinguishes bureaucrats and entrepreneurs?
    • What are the psychological differences between liberals and conservatives?
    • In what circumstances is it right to surrender our privacy?
    • Does it pay to trust people?

    Add to cart
  • 👥လောကကြီးမှာလူနှစ်မျိုးပဲရှိတယ်။👥

    အခန်းထဲကိုဝင်လာတာနဲ့ “ကဲ…..ငါရောက်လာပြီ” လိုပြောတဲ့သူနဲ့ “ဟာ…. မင်းရောက်နေပြီပဲ” လိုပြောတဲ့သူ။
    ဘယ်သူ့ကိုလူချစ်လူခင်ပိုများမယ်ထင်သလဲ?

    🗣🗣🗣စကားလုံးတွေဟာအနုပညာတစ်ခုပါပဲ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို စကားလုံးတွေအများကြီးပြောတာခြင်းအတူတူ တချိုသူတွေစကားပြောရင် သံလိုက်နဲ့ဆွဲငင်ခံလိုက်ရသလို ခံစားရတဲ့လျှိဝှက်ချက်ကဘာလဲ ?

    😁First Impression မှာတင်လူတွေသဘောကျအောင်ပြုံးနည်း ..
    👶မသိစိတ်က ကြိုက်နှစ်သက်တဲ့ ကလေးတွေရဲ့အမူအရာတွေ ကိုအသုံးချနည်း..
    💭လူစိမ်းတစ်ယောက်ရဲ့စိတ်ဝင်စားမှုကိုအချိန်တိုအတွင်း ဆုပ်ယူနိုင်တဲ့နည်းလမ်းတွေ
    အစရှိတဲ့ လူမှုဆက်ဆံရေးရဲ့လျှိဝှက်ချက်တွေကို ၀ထ္ထုတိုလေးတွေဖတ်ရသလို အေးအေးဆေးဆေး သင်ယူလိုရပါတယ်

    🤗🤗ဖော်ရွေတဲ့စကားလုံး၊ အမူအရာဟန်ပန်တွေကိုအသုံးပြုပါ။ 🤗🤗
    Use Open-ended Words/Gestures/Body Language
    ဘယ်တော့မှ စကားလုံးတွေကိုတုံးတိဖြတ်မချပါနဲ့။ မေးခွန်းတစ်ခုမေးတာပဲဖြစ်စေ စကားတစ်ခွန်းပြန်ဖြေတာပဲဖြစ်စေ တစ်ဖက်သူစကားဆက်နိုင်မယ့်စကားလုံးလေးတွေနဲ့အဆုံးသတ်ခြင်းဟာ တပါးသူအမြင်မှာ သင့်ကိုစကားပြောကောင်းတဲ့လူတစ်ယောက်အဖြစ်ခံစား‌စေပါတယ်။ ကျွန်တော့်ရဲ့ consulting session တစ်ခုမှာ သူ့ Manager ဆီက Report လိုချင်တဲ့ ကျွန်တော့်မိတ်ဆွေရဲ့ Communication Error ကို “မင်းဘာကြောင့် Report မရေးနိုင်ရတာလဲ” လိုမေးမဲ့အစား “မင်းReport ရေးနိုင်အောင်ငါဘာလုပ်ပေးရမလဲ” ဆိုတဲ့ စကားလုံးလေးပြောင်းပြောရုံနဲ့ သူတိုအခက်အခဲတွေဟာ ဖြေရှင်းပြီးဖြစ်သွားပါတယ် ။လူတွေကိုချောင်ပိတ်သွားစေတဲ့စကားလုံးတွေအသုံးပြုမဲ့အစား သူတိုပြန်ဖြေနိုင်တဲ့စကားစလေးတွေချန်ပေးတဲ့ အကျင့်ကိုမွေးမြူပါ။

    👄👄လူတွေရဲ့နာမည်ကိုမှတ်မိပါ။👄👄
    Remember the Names.
    လူတွေအတွက်တန်ဖိုးအထားဆုံးသောအရာတစ်ခုက နာမည်ပါပဲ။ လူတစ်ယောက်က ခင်ဗျားကိုနာမည်မှားပြီး အခေါ်ခံရတဲ့ခံစားချက်ကိုစဉ်းစားကြည့်ပါ။နည်းနည်းလေးမှ နှစ်မျိုဖွယ်မကောင်းပါဘူး။ မိတ်ဆွေအသစ်တစ်ယောက်နဲ့စကားပြောတဲ့အချိန်မှာ သူ့နာမည်ကို အနည်းဆုံးသုံးခေါက်လောက်ပါအောင် စကားပြောချိန်မှာထည့်ပြောရင် သူ့နာမည်ကို အလွယ်တကူမှတ်မိပြီး ပိုမိုကောင်းမွန်တဲ့ရင်းနှီးမှုကိုရဖိုအထောက်အကူဖြစ်စေမှာပါ။

    🦻🦻အာရုံစိုက်နားထောင်တဲ့အကျင့်ကိုမွေးမြူပါ။🦻🦻
    စကားပြောကောင်းတဲ့သူတွေဆိုတာက ပိုပြီးနားထောင်တတ်တဲ့သူတွေဖြစ်ကြပါတယ်။ သူများတွေနဲ့စကားပြောတဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့စကားလုံးလေးတွေ အသံအနေအထားပြောင်းသွားတဲ့အချိန်လေးတွေမှာရှိတဲ့ အရာလေးတွေကို ဂရုစိုက်ပြီး သူတိုပြောချင်နေတဲ့စကားလုံးတွေကို ကိုယ့်ကိုပြောပြဖို ဥယျာဉ်မှုးတစ်ယောက် ပန်းပင်လေးတွေစိုက်ပျိုးသလို တယုတယတူးဆွပါ။ များများနားထောင်တဲ့သူတစ်ယောက်နဲ့စကားပြောဖို ဝန်လေးတဲ့သူ ဘယ်သူမှမရှိပါဘူး။

    ☝️☝️☝️ဆိုတဲ့နည်းလမ်းတွေအပြင်
    🔎လူတွေရဲ့ ဟန်ပန်အမူအရာကိုအကဲခတ်နည်း
    💞ကိုယ်ချင်းစာတရားဟာဘယ်လိုအသုံးဝင်သလဲ
    🍞ပေါင်မုန့်အပိုင်းအစလေးတွေချပြီး စိတ်ဝင်စားအောင်စွဲဆောင်တဲ့နည်းလမ်းတွေ
    💓တူညီမှုတွေရဲ့ ရင်ဘတ်ချင်းဆက်နွယ်မှု ကရရှိမဲ့အကျိုး အစရှိတဲ့နည်းလမ်းတွေကို ခေါင်းစဉ်လေးတစ်ခုစီနဲ့ ခံစားရမှာပါ

    ကျွန်တော်တိုလူတွေမှာ ကိုယ့်ကိုကိုယ် သူများထက်ပိုပြီးအာရုံစိုက်တတ်တဲ့ မသိစိတ်က နေ့စဉ်လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာဝှက်ဖဲတစ်ချပ်လို အမြဲတစေရှိနေတတ်ပါတယ်။ အနုပညာဆိုတဲ့အတိုင်း နှုတ်ခမ်းကထွက်တဲ့စကားသာမက ကိုယ်ဟန်အမူအရာ၊ အမူအကျင့်၊ လေယူလေသိမ်းတွေကအစရှင်းပြထားတဲ့ ဒီစာအုပ်ကလေးဟာ အမှောင်ထုကိုအလင်းပေးလိုက်သလို သင့်ကိုပတ်ဝန်းကျင်မှာ ကိုယ်ရောင်တောက်ပတဲ့လူတစ်ယောက်ဖြစ်အောင်စွမ်းဆောင်နိုင်ဖိုကူညီပေးမှာပါ။

    ⛵️စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်ရင် ဒါမှမဟုတ် လူတွေနဲ့စကားပြောဖို အခက်အခဲရှိနေတယ်လိုကိုယ့်ကိုကိုယ်ခံစားရရင် ဒီ စာအုပ်ကလေးနဲ့အတူ လူမှုဆက်ဆံရေး ပင်လယ်ပြင်ကြီးထဲမှာ ကျွမ်းကျင်တဲ့ captain တစ်ယောက်လို အမှားမုန်တိုင်းတွေ ကိုရှောင်ရှားပြီး သင်သွားချင်တဲ့ ရင်းနှီးမှုဆိပ်ကမ်းကို လွယ်လင့်တကူရောက်စေနိုင်တဲ့ နည်းလမ်း 92 ခုကို လက်တွေ့ အတူရှာဖွေကြည့်လိုက်ကြအောင်။

    Add to cart

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping