Category: Business

Showing 33–48 of 62 results

  • WHY, HOW, WHAT

    Why က ဘာကြောင့် အရေးကြီးလဲ

    သီချင်းတွေကို အခွေတွေနဲ့ပဲ နားထောင်လို ရခဲ့တဲ့ ခေတ်တစ်ခုမှာပေါ့။ Apple မတိုင်ခင်မှာ Creative ကုမ္ပဏီက MP3 player တွေကို အရင် ထုတ်ဝေ ရောင်းချခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မသိခဲ့ကြဘူး။ ဘာလိုလဲဆိုတော့ Creative ကုမ္ပဏီက “What” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ထုတ်ခဲ့တာ ဖြစ်လိုပါ။

    Apple က ဒါဆို ဘာလို အောင်မြင်ခဲ့လဲ ????

    “1000 Songs in your Pocket” သီချင်းအပုဒ်တစ်ထောင်ကို သင့်အိတ်ကပ်ထဲမှာ ရှိတယ် ဆိုတဲ့ “Why” ကို အသုံးပြုပြီး Marketing လုပ်သွားတဲ့ အတွက် အောင်မြင်မှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သမျှ အကုန် ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
    နောင်တစ်ချိန်မှာလည်း သီချင်း၊ အင်တာနက်၊ ဖုန်း အကုန်လုံးက တစ်မျိုးချင်းဆီ သီးသန့် အသုံးပြုနေရတဲ့ အချိန်မှာ Steve Jobs က “Iphone” ကို သုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုရနိုင်တယ်ဆိုပြီး Marketing လုပ်နိုင်ခဲ့ပါတယ်။
    ဒါကြောင့် လူတိုင်း၊ ကုမ္ပဏီတိုင်းက “ဘာကြောင့် လုပ်တာလဲ WHY” ကို အမြဲတမ်း ရှေ့ဆုံးမှာ ထားပြီး စဉ်းစားသင့်ပါတယ်။

    HOW

    “WHY” ကို သိနေရုံနဲ့ မရနိုင်သေးပါဘူး။ “HOW” ကိုလည်း သိရပါမယ်။
    ကုမ္ပဏီတစ်ခုမှာ လူတစ်ယောက်တည်းကပဲ အစစအရာရာ အကုန်ဆုံးဖြတ်နေရင် ဘာဖြစ်သွားမလဲ???

    APPLE Vs MICROSOFT

    စာအုပ်ထဲမှာ APPLE ကုမ္ပဏီဟာ CEO Steve Jobs ကွယ်လွန်သွားခဲ့တဲ့ အချိန်က စတင်ပြီးတော့ သူတို နဂိုသွားနေတဲ့ လမ်းကြောင်းကနေ တဖြည်းဖြည်း သွေဖယ်သွားတာကို ပြောပြခဲ့တယ်။
    MICROSOFT ကုမ္ပဏီကလည်း CEO Bill Gates အနားယူသွားပြီး CEO Steve Ballmer ဦးဆောင်နေတဲ့ အချိန်မှာ Bill Gates ရဲ့ ရည်မှန်းချက်ကို လက်ကိုင်ထားပေမယ့်လည်း သွားလိုတဲ့ ပန်းတိုင်တစ်ခုကို မရောက်ရှိပဲ ဖြစ်နေခဲ့တယ်။ လူတွေ အများကြီး အလုပ်ထွက်ခဲ့ကြပြီး ကုမ္ပဏီဟာ အင်မတန် ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့တယ်။ လက်ရှိ CEO Satya Nadella ဦးဆောင်တဲ့ အချိန်ကျမှာ ကုမ္ပဏီဟာ ထိပ်ဆုံး အခြေအနေကို ပြန်လည် ရောက်ရှိခဲ့တယ်။

    ဒီနှစ်ချက် ဘာကွာလဲ??

    အခြေခံ အနှစ်သာရ “WHY” ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ တစ်ဖက်မှာလည်း လုပ်ဆောင်ရမယ့် နည်းလမ်း မှန်မမှန် က သွားနေတဲ့ ပန်းတိုင်တစ်ခုကို အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။

    “WHY” go Fuzzy?

    Volkswagen ကုမ္ပဏီရဲ့ “WHY” ကတော့ လူတွေအတွက် ဈေးနှုန်းသင့်တင့်ပြီး ယုံကြည်စိတ်ချရတဲ့ ကားတွေကို ထုတ်ဖိုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီရဲ့ နဂို ရည်မှန်းချက် ပျောက်ဆုံးပြီးတော့ ဈေးမြင့်တဲ့ Luxury ဆန်ဆန် ကားတွေ ထုတ်လုပ်လာတဲ့ အချိန်မှာ မအောင်မြင်ပဲ ဖြစ်ခဲ့ရပါတယ်။
    ပင်ကို မူလ ရည်မှန်းချက်ကနေ သွေဖယ်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တည်လာတဲ့အခါမှာ ပန်းတိုင်နဲ့ တဖြည်းဖြည်း ဝေးသွားပါတယ်။

    ဒီစာအုပ်ကိုရော “WHY” ဘာလို ဖတ်သင့်လဲ?

    ကျွန်တော်တို မနက်တိုင်း ဘာအတွက်ကြောင့် အိပ်ယာ ထလဲ???

    ကျွန်တော်တိုဦးနှောဏ်က မနေ့က အတွေးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ပြန်တွေးတတ်ကြတယ်။ ဒီတော့ ကျွန်တော်တိုက အတိတ်မှာပဲ တစ်နေ့ထက် တစ်နေ့ ကျင်လည်နေကြပြီး မနေ့က အတွေးတွေနဲ့ပဲ အသက်ရှင်နေကြတယ်။ အတိတ်ထဲမှာပဲ သံသရာလည်နေကြတယ်။

    အိပ်ယာထ၊ အလုပ်သွား၊ ပြန်ရောက်၊ အိပ် ဒီလိုနဲ့ပဲ နေ့တိုင်း အသက်ရှင်နေတော့မှာလား? ကျွန်တော်တိုက ကိုယ့်အတွက် မဟုတ်တဲ့ အရာတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တန်ဖိုးဖြတ်မရတဲ့ အချိန်တွေကို ကုန်ဆုံးစေတော့မှာလား?
    တစ်ချိန်မှာ အားလုံး အဆုံးသတ်ရမှာချင်း အတူတူကို “ နတ်ပြည် တံခါးဝ ရောက်တဲ့ အခါမှာ အားရပါးရ ပြုံးပြီး ကျွန်တော့်ဘဝကို အကောင်းဆုံး ရှင်သန်ခဲ့တယ်” လို ပျော်ပျော်ကြီး ပြောနိုင်တဲ့ ဘဝအခြေအနေ တစ်ခုကို ရှင်သန်နေထိုင်ဖို ပုံဖော်ကြည့်ပါ။

    ဒါကြောင့် ဒီ စာအုပ်ကို ဖတ်ပါ။

    Add to cart
  • 🤫Boss တွေအကြောင်းအတင်းပြောကြရအောင်

    😱ဘောစိက အဆင်မပြေတာလား ?
    🤡လုပ်ဖော်ကိုင်ဘက်တွေကအသုံးမကျတာလား ?
    🧑‍💼Management ကပဲ တလွဲတွေဖြစ်နေတာလား ?

    ⛔️ပထမဆုံးအနေနဲ့⛔️
    ဒီစာအုပ်ကို အလုပ်ကိုမယူသွားပါနဲ့
    ဖတ်နေကြောင်းလည်းဘယ်သူ့မှမပြောပါနဲ့

    ဒီစာအုပ်ကလေးကို အတိုချုံးပြောရရင်
    💡Thickness နဲ့ Thinness ကို Understood ပါ ( အထူအပါးနားလည်ပါလိုပြောတာ )
    အမြဲဆူပူကြိမ်းမောင်းနေတဲ့ Boss တစ်ယောက်ရဲ့အောက်မှာအလုပ်လုပ်ရတာအဆင်မပြေသလို၊ အစွမ်းအစမရှိတဲ့ အလုပ်သမားတွေကြောင့်လည်းခေါင်းကိုက်နေရတဲ့ Boss တွေအများကြီးရှိပါတယ်။ လုပ်ငန်းခွင်မှာ ခေါင်းဆောင်ကောင်းကိုမျှော်နေမဲ့ အစား မိမိကိုယ်တိုင် ခေါင်းဆောင်ဖြစ်အောင် လူတွေကိုဘယ်လိုစီမံခန့်ခွဲမလဲ ? လုပ်ငန်းရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်ဖိုအတွက် ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုဖန်တီးယူဖို အတွက် လူတွေရဲ့အကြောင်းကိုသိဖို အထူအပါးကိုနားလည်နိုင်အောင်လုပ်ရပါမယ်။

    ☠️အဆိပ်အတောက်တွေကိုဖယ်ရှားပါ။
    တာ၀န်တွေလွှချတာ ဘတ်စကတ်ဘောပုတ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ လုပ်ငန်းခွင်မှာ အလုပ်များပြီးအလုပ်ပိလို ပင်ပန်းတာဟာ ကုန်းတိုက်ချောက်တွန်းတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကြားမှာနေရတာထက်အများကြီးသက်သာပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုက လူတိုင်းဟာကိုယ့်အတွက်ကိုယ်လုပ်နေကြတယ်ဆိုတာကိုမမေ့ပါနဲ့။ ကိုယ့်အလုပ်တိုင်းကို Record မှတ်၊ ကိုယ့်ကြိုးစားမှုတွေကို သက်သေပြနိုင်အောင်ကြိုးစားပြီး ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင်လုပ်ဆောင်ရပါမယ်။

    🛣ကိုယ့်ဘ၀လမ်းကိုကိုယ်တိုင်စဉ်းစားပါ။
    လူရယ်လိုဖြစ်လာကတည်းက အလုပ်လုပ်ရမှာပါပဲ။ မိမိနေ့စဉ်လုပ်နေတဲ့အလုပ်ဟာ ဘ၀အတွက်အထောက်အကူဖြစ်ရဲ့လားဆိုတာစဉ်းစားရပါမယ်။ “မင်းအခုလုပ်နေတဲ့အလုပ်က နောက်ငါးနှစ်မှာမင်းဘ၀အတွက်အထောက်အကူမဖြစ်ရင် အလုပ်ပြောင်းဖိုသာပြင်၊ မပြောင်းနိုင်ရင် ကိုယ်ပိုင် အလုပ်ရအောင်လုပ်” ဆိုတဲ့စကားတစ်ခွန်းကို ကျွန့်တော့်မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ လကုန်ရင် လစာထုတ်ဖို ထက် လကုန်တိုင်း ငါဘာပညာရလဲ နောင်တစ်ချိန်မှာ ဒီပညာတွေဟာ ကိုယ့်အတွက်ဘယ်လိုအကျိုးဖြစ်မလဲဆိုတာကို အမြဲစဉ်းစားရပါမယ်။

    📖DISC Model ကိုအခြေခံပြီး လုပ်ငန်းမှာတွေ့ကြုံရမယ့် လူတွေရဲ့အကြောင်းနဲ့ သူတိုနဲ့ လိုက်လျောညီထွေစွာ ထက်အောင်ဘယ်လိုပညာသားပါပါနဲ့ ဆက်ဆံရမလဲဆိုတာကို စာရေးဆရာ Thomas Erikson က ဒီစာအုပ်မှာ ရိုးရိုးရှင်းရှင်း ရေးသားထားပါတယ်။ Workplace Communication တိုးတက်ချင်သူတွေ၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲသူတွေ၊ အကြီးတန်း Senior Manager တွေ နဲ့ လုပ်ငန်းပိုင်ရှင်တွေ workforce managment တိုးတက်စေဖိုအတွက် ဖတ်ကိုဖတ်သင့်တဲ့စာအုပ်ကလေးတစ်အုပ်လည်းဖြစ်ပါတယ်။

    Add to cart
  • ငတုံးများနှင့် ဆက်ဆံခြင်း 😁

    သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?

    “ ငါကကောင်းစေချင်လို စေတနာနဲ့အကြံပေးတာကို လည်း ဘယ်တော့မှနားမထောင်ဘူး ပြီးရင် တလွဲတွေတော့ဖြစ်တော့မှာငါမြင်ယောင်တယ် “

    ဒီစကားကိုကျွန်တော်တိုအားလုံးပြောဖူးကြပါတယ်။

    ဘာကြောင့် အဲ့ဒီ့ငတုံးတွေက သင့်ရဲ့ကောင်းစေချင်တဲ့စေတနာကိုနားမလည်နိုင်ကြတာလဲ ?

    ကျွန်တော်တိုလူတွေဟာ Social animal တွေဖြစ်ကြတဲ့အလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက လူတွေနဲ့လိုက်လျောညီထွေစွာနေတတ်ဖိုပါပဲ။

    တချိုသူတွေကို ဆယ်မိနစ်လောက်စကားပြောရုံနဲ့ ငယ်သူငယ်ချင်းတွေလို အံခွင်ဝင်ကျဖြစ်ပြီး
    အလုပ်မှာသုံးနှစ်လောက်အတူတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်နေလိုမရတာတဲ့ ခံစားချက်ကို သင်ကိုယ်တိုင်သတိထားမိမှာပါ။

    သင့်ပတ်ဝန်းကျင်က
    -အချိန်ရှိတိုင်း အားအားနေအမြဲတမ်းအလုပ်ပဲဖိခိုင်းနေတဲ့ အထက်လူကြီးတွေ
    -တစ်ခါဖုန်းခေါ်ပြီးရင် အချိန်တစ်နာရီလောက်ဖုန်းပြောတဲ့သူငယ်ချင်းတွေ
    -ပြသနာရှိတိုင်းအမြဲခေါင်းရှောင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
    -ကိုယ် ငွေဘယ်လောက်သုံးသလဲ အမြဲမေးတတ်တဲ့ မိသားစုဝင်တွေ
    သူတိုတွေဘာကြောင့် ဒီလို Behavior တွေရှိကြတာလဲ ဘာကြောင့်ဒီအရေးမပါတဲ့မေးခွန်းတွေကိုမေးကြတာလဲ ဆိုတဲ့အဖြေကို “ Surrounded by Idiots “ ထဲမှာ ရှင်းပြထားပါတယ်

    ဒီစာအုပ်ထဲမှာ စာရေးဆရာ Thomas Erikson က
    Psychologist William Moulton Marston ရဲ့ DISC Model ကို အခြေခံပြီး လူတွေရဲ့ Behavior ကို Red, Yellow, Green, Blue ဆိုပြီး အရောင်လေးမျိုးခွဲခြားပေးထားပါတယ်

    RED – အမြဲတမ်းထိပ်ကဦးဆောင်ချင်တဲ့သူတွေ ဘာပဲလုပ်လုပ်ထိပ်ဆုံးကနေရမှာကျေနပ်သူတွေ
    YELLOW – အပေါင်းအသင်းအများဆုံးသူ ဘယ်နေရာမှာမဆိုမိတ်ဆွေသူငယ်ချင်းတွေရှိနေတတ်သူ
    GREEN – အေးအေးဆေးဆေးသမား ဘာပဲလိုလိုအမြဲကူညီပေးဖိုကြိုးစားတဲ့သူ
    BLUE – အသေးစိတ်ကအစဂရုစိုက်တတ်သူ စည်းကမ်းအရမ်းကြီးသူ

    ဥပမာ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ဖို စီစဉ်ပြီဆိုရင် သူတိုရဲ့ Behavior ကိုကြည့်ပြီး အရောင်တွေမြင်ရပါတယ်
    -ငါတိုတွေ ငွေဆောင်သွားမယ် ဒီဟိုတယ်မှာတည်းမယ် ညကျ Party လုပ်မယ်ဆိုပြီး ထိပ်ဆုံးက အကြံစပေးတဲ့သူဆို -> RED
    -ဒီဟိုတယ်မှာငါ့ အသိရှိတယ် အစားအသောက်ကဒီဆိုင်မှာကောင်းတယ် ဆိုပြီး စီစဉ်တာက -> YELLOW
    -ငါဘာလုပ်ပေးရမလဲ လက်မှတ်ဖြတ်ပေးရမှာလား ကားစီစဉ်ပေးရမှာလားဆိုတာက -> GREEN
    -ဟိုတယ်ဖိုးက ဘယ်လောက်? စားစရိတ်ကဘယ်လောက် ? VIP လား ရိုးရိုးလား စီးလုံးဌားမှာလား ? ဆိုတဲ့ Detail တွေကိုစဉ်းစားတာက -> BLUE

    ဒီလို Behavior တွေကိုသဘောပေါက်ပြီဆိုရင် သင့်ပတ်ဝန်းကျင်က ငတုံးတွေကိုလွှမ်းမိုးနိုင်ဖိုမခက်ခဲတော့ပါဘူး။
    RED behavior ရှိတဲ့ Boss တစ်ယောက်ကို ဘယ်လိုစကားပြောမလဲ? Blue Behavior ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲ ဆိုတဲ့သော့ချက်တွေဟာ ဒီစာအုပ်ထဲမှာပါရှိပါတယ်။

    ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ကိုယ်တိုင် မိသားစု/အလုပ်မှာရှိနေတဲ့သူတွေရဲ့ဆက်ဆံရေးဟာအချိန်တိုအတွင်းမှာအများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။

    Add to cart
  • လူတွေရဲ့ စိတ်နေသဘောထား အမှန်တွေကို သူတိုရဲ့ Behaviour တွေကတစ်ဆင့် သိနိုင်မယ်ဆိုရင် လက်တွေ့မှာ ကြုံနေရတဲ့ အခက်အခဲတွေ ဘယ်လောက်တောင် အဆင်ပြေသွားမလဲ တွေးကြည့်လိုက်ပါ။

    ရူး‌လောက်တဲ့ အနေအထားပဲ မလား

    စိတ်ခံစားချက်ကို အမြဲဦးစား‌ပေးတတ်သူတွေ၊
    Toxic ဖြစ်တဲ့သူတွေဆီက ကာကွယ်နည်း‌‌တွေ
    ကုန်းတိုက်၊ သွေးထိုး တဲ့သူတွေကို တုံ ပြန်နည်း‌တွေ

    စာအုပ်ထဲမှာ ပါတဲ့ Manipulation နည်းလမ်းတွေကတော့
    Arbitrary positive reinforcement
    Negative reinforcements
    Unfathomable smoke screens
    Gaslighting
    Love bombing
    Having your feelings turned against you
    Triangle drama
    Silent treatment

    သင့် ‌ဘေးနားက လူတွေ ဒီအချက်တွေ ထဲက ဘယ်အချက်တွေကို အသုံးပြုနေလဲ။

    ဥပမာ အားဖြင့် Gaslighting ဆိုတာကတော့ အမှန်လိုထင်ထားတဲဲ အတွေး‌တွေကို ‌မေးခွန်း‌တွေ ပြန်ထုတ်ပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲဲ နည်းလမ်း‌တစ်ခု၊

    တစ်ချိိ ရည်းစားတွေမှာ ကြားထဲက ဖြတ်ခုတ် ချင်တဲဲ သူတွေ လုပ်တတ်တဲ့ အရာတစ်မျိုးပဲ

    ၁။ နင့်ရည်းစားက နင့်ကို တကယ် မချစ်ပါဘူး၊
    ၂။ နင် အဆင်မပြေလဲ ငါ အမြဲ ရှိမယ်၊ စသဖြင့် Positive reinforcement တစ်ခုခုနဲ့ တွဲပြီးတော့ သင့်ရဲ့ sanity ကို Distortion ဖြစ်အောင် လုပ်လိုက်တာပါပဲ။ တကယ် အပြင်မှာ ဖြစ်မနေတဲ့ အရာတစ်ခုကို ဖြစ်တယ် လို ထင်သွားအောင် လုပ်လိုက်ကြတာပါ။

    တစ််ခြား Manipulation နည်းလမ်းတွေနဲ့ သူတိုကို ကာကွယ်ဖိုအတွက် သိနိုင်သမျှ အချက်အလက်တွေ အကုန်ပါပါတယ်။

    Add to cart
  • လူတွေ “WOW” ဆိုပြီးဖြစ်အောင် စကားပြောဖို နည်းလမ်း ၇ ခု

    1.သာမာန်စကားလုံးတွေထက် လူတွေရဲ့အာရုံကိုဖမ်းစားနိုင်တဲ့သန်မာတဲ့စကားလုံးတွေနဲ့စတင်ပါ။
    “ကျွန်တော်ဒီနေ့ပြောမဲ့အကြောင်းအရာက ယုံကြည်မှုဖြစ်ပါတယ် ” ဆိုတဲ့စကားလုံးတွေနဲ့စတင်ပြီးအချိန်မဖြုန်းမဲ့အစား
    “ယုံကြည်မှုဆိုတာဝယ်ယူလိုမရဘူး တည်ဆောက်ရတဲ့အရာဖြစ်တယ်” ဆိုတဲ့စကားတွေဟာ လူတွေကိုအာရုံစိုက်စေပါတယ်။

    2.စကားတိုတိုပြောပါ။
    ရှည်လျားထွေပြားတဲ့စကားတွေကိုလူတွေမမှတ်မိပါဘူး။
    လိုအပ်တဲ့စကားကိုပဲအဓိကပြောပါ။

    3.ဇာတ်လမ်းကောင်းတစ်ခုတည်းကိုပြောပါ။
    လူတွေရဲ့ခံစားချက်ကိုထိမိစေတဲ့ ဇာတ်လမ်းတစ်ခုဟာ ပေါက်ကရဇာတ်လမ်း ဆယ်ခုထက်ပိုကောင်းပါတယ်။

    4.တူနဲ့ထုလိုက်သလိုခံစားစေရမယ့်အမှန်တရားတစ်ခုကိုအသုံးချပါ။
    “ဒါအမှန်ပဲ” လိုလူတွေကိုခံစားစေရမယ့် အရာတစ်ခုကိုထုတ်ပြပါ။
    ဥပမာ – “ငါတိုမှာအချိန်မရှိတာမဟုတ်ဘူး အရေးမပါတဲ့အရာတွေကိုအာရုံစိုက်မိနေတတ်တာ”

    5.ရိုးရှင်းတဲ့စကားလုံးတွေနဲ့စကားပြောပါ။
    လူတွေနားမလည်တဲ့စကားလုံးကြီးတွေသုံးလို သင့်ကိုအထင်ကြီးမှာမဟုတ်ပါဘူး။
    ထက်မြတ်ပြတ်သားပြီးနားလည်လွယ်တဲ့စကားလုံးတွေနဲ့ စကားပြောပါ။

    6.သက်ရောက်မှုအတွက် ခေတ္တရပ်ပါ။
    သက်ရောက်မှုအမြင့်ဆုံးဖြစ်စေဖိုအတွက် အရေးကြီးတဲ့စကားလုံးတွေကိုပြောခါနီးတိုင်း‌ ခေတ္တရပ်တန့်ပါ။ သင့်ရဲ့တိတ်ဆိတ်မှုပေါ်လူတွေအာရုံစိုက်ပါစေ။

    7.”ပြီးပါပြီ”ဆိုတာနဲ့အဆုံးမသတ်ပါနဲ့
    လူတွေရင်ထဲကျန်စေမယ့်စကားလုံးတွေနဲ့အဆုံးသတ်ပါ။ သင်စကားပြောပြီးတဲ့နောက်သူတိုရင်ထဲမှာအတွေးတစ်စကျန်ခဲ့ပါစေ။

    Add to cart
  • “ 2025နှစ်အစကထားခဲ့တဲ့မင်းရဲ့ Goal တွေဘယ်နှစ်ခုပြီးသွားပြီလဲ?” ⚽🥅

    📱📅ဖုန်းထဲက ပြက္ခဒိန်ကို အခုဖွင့်လိုက်တာနဲ့ JULY ဆိုတဲ့စာလုံးက မင်းကိုပြူးပြီးစိုက်ကြည့်နေလိမ့်မယ် ။“နောက်နေ့မှလုပ်မယ်”ဆိုတဲ့ ဆင်ခြေနဲ့ ရည်မှန်းချက်ကို တစ်ရက်ပြီးတစ်ရက်ရွှေ့လာလိုက်တာ နှစ်ဝက်တောင်ကျော်နေပြီ။

    🕒💨အချိန်ဟာပြောင်းလဲမှု မရှိပဲပုံမှန်အတိုင်းပဲသွားနေတယ်။ဒါပေမယ့် မင်းရဲ့ပြောင်းလဲနေတဲ့ဆင်ခြေတွေကတော့မရပ်သေးဘူး။အိမ်မက်တွေကို မင်းတကယ်လိုချင်တာလား? လူကြားကောင်းအောင်လျှောက်ပြောနေတာလား?

    📃မင်းရဲ့ Goal တွေ‌က ပြသနာမဟုတ်ဘူး။ ဒီ Goal တွေကိုရယူနိုင်ဖို့ တိကျသေချာတဲ့ Structure လိုအပ်တာက အဓိက အချက်ဖြစ်လာတယ်။

    ပြောင်းလဲမှုကို ကိုယ်တိုင်ဖန်တီးပါ….✅✅✅✅✅

    2025 ရဲ့ Goal တွေဟာအလဟသမဖြစ်သွားသေးပါဘူး ။ 12 ပတ် (သုံးလ) နဲ့ သင့် Target တွေကို ရိုက်ချိုးအနိုင်ယူဖို့အခွင့်အလမ်းတွေအများကြီးရှိပါသေးတယ်။ဒီစာအုပ်ထဲမှာ နေ့စဉ်၊ အပတ်စဉ် plan တွေနဲ့ ရလဒ်တွေကို ဘယ်လိုကြည့်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေပါဝင်ပါတယ်။

    ဒီတစ်ပတ်မှာ

    1️⃣ဖြစ်ချင်တဲ့ Target တစ်ခု( မင်းတကယ်ကိုလိုချင်တဲ့ အရာ) ကိုရွေးချယ်ပါ။

    2️⃣ဒီTarget ကိုရဖို့ နေ့တိုင်လုပ်နိုင်တဲ့ Micro-Step တွေခွဲထုတ်ပါ။ ( Consistency ဟာ Intensity ထက်ပိုအရေးကြီးပါတယ် )

    3️⃣ကိုယ်ပိုင် 12-Week System ကို ဒီစာအုပ်ထဲက Guideline တွေအတိုင်း plan ဆွဲပြီး လိုက်ကျင့်ကြံပါ။

    🧘ဒီသုံးလပြီးတဲ့နောက်မှာ

    🔹မင်းရဲ့ ယုံကြည်မှုတွေအသက်ဝင်လာမယ်။

    🔹Purpose နဲ့အတူ မနက်တိုင်းနိုးထလာနိုင်လိမ့်မယ်။

    “Work expands so as to fill the time available for its completion” လို့ဆိုတဲ့ Parkison’s Law ထဲကအတိုင်း ကျွန်တော်တို့ Goal တွေကို တစ်နှစ် အချိန်ပေးထားရင် အချိန်ဆွဲနေပြီး Target ဆီရောက်ဖို့ကြာနေပါလိမ့်မယ်။ သင့် Goal တွေကို 12 Weeks အတွင်း မြန်မြန်ရအောင်လုပ်နိုင်ရင် အိမ်မက်ဟာ အဝေးကြီးမှာရှိနေတော့မှာမဟုတ်ပါဘူး။

    ✨✨✨ဒီတော့ ဒီနေ့ကနေစပြီး တစ်နှစ်တန်တဲ့ 12 ပတ်ကို အချိန်နောက်မကျခင် မြန်မြန်လေး အတူတူအစီအစဉ်ချကြည့်ကြရအောင်။

    Add to cart
  • အလုပ်ရှုပ်တဲ့နေရာမှာ တော်သလား???

    သင်ဟာ တစ်လမှာ ၅ သိန်း ဝင်ငွေရှိတဲ့ လူတစ်ယောက်ဆိုပါတော့

    သင်ရဲ့ အလုပ်ချိန်က တစ်ရက် ၈ နာရီ
    တစ်ပတ်မှာဆို နာရီ ၄၀ နဲ့
    တစ်လမှာဆို ပျမ်းမျှ နာရီ ၁၆၀ ‌လောက် အလုပ်လုပ်ရတယ်ဆိုပါတော့

    တွက်ကြည့်လိုက်မယ်ဆိုရင် သင်ရဲ့ ဝင်ငွေက တစ်နာရီကို ၃၁၂၅ ကျပ် ရှိတယ်။

    ဘာလို တွက်ပြတာလဲ ဆိုတော့

    ပထမဆုံး အနေနဲ့ လူတိုင်းက သူတို အလုပ်ကို မချစ်မနှစ်သက်ကြဘူးလေ။
    တစ်နာရီကို ၃၀၀၀ ကျော် ထက် ပိုရတဲ့ အလုပ်တစ်ခု မရှာတတ်ကြဘူး။
    မကြိုက်နှစ်သက်တဲ့ အလုပ်ကနေ ထွက်ပြီးတော့ရင်ရော နောက်ပိုင်းမှာ ဘာဆက်လုပ်ရမလဲ မသိကြဘူး။ မစဉ်းစားကြဘူး။ မတွေးချင်ကြဘူး။

    လက်ရှိ အလုပ်တစ်ခုမှာပဲ နှစ်ကြာကြာနေပြီး လစာ တိုးဖိုပဲ တွေးတော့ နေကြတယ်။

    အဲ့တော့ ဘာဖြစ်လဲ ? ဘာမှမဖြစ်ဘူး။

    ကိုယ် မကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုမှာ နေပြီး နှစ်ပေါင်းများစွာ ရင်းနှီး မြုပ်နှံပြီး လစာ တိုးဖိုလောက်ပဲ စဉ်းစားနေတာ ဆိုရင်တော့
    အရင်က ရွေးချယ်မှုတွေကို ပြန်စဉ်းစားဖို လိုပြီလေ။

    အဲ့တော့ အလုပ်ထွက်လိုက်ရမှာလား?????
    NO!!!!!!!!!!!!!!

    သင်က ဘဝမှာ အပူအပင်တွေ မရှိပဲနဲ့ ပေါ့ပေါ့ပါးပါးနေချင်ရင်‌တော့ သာသနာ့‌ဘောင်မှာ တရား အားထုတ်သင့်တယ်။

    လူတစ်ယောက်အနေနဲ့ နေမယ်ဆိုရင် မိဘ၊ အိမ်ထောင်ဖက် အပေါ်မှာ တာဝန်ယူမှုတွေ ရှိလာတော့မှာ။
    အဲ့တော့ အလုပ်ကို ပို လွယ်အောင် ( Smart Work ) နဲ့ ဝင်ငွေများများရအောင် ဘယ်လို လုပ်မလဲ???

    ပထမဆုံး ‌အနေနဲ့ကတော့
    – သင်ကိုယ်သင် သိအောင် လုပ်ပါ။
    – ဘယ်လို အခြေအနေမှာ နေချင်လဲ
    – ဘာ အလုပ်အကိုင်တွေ လုပ်ချင်လဲ
    – ဘယ်လို ကိစ္စတွေကို ဖြေရှင်းရတာ ကြိုက်လဲ

    – ကြိုးစားပါ
    သူများထက် ပိုသာချင်ရင် သူများထက် ပိုကြိုးစားရမယ်
    အလုပ်က ပြန်ရောက်ချိန်
    အလုပ်ကိစ္စတွေ မြန်မြန် ပြီးအောင် လုပ်ပြီး နားနေချိန်
    ရည်မှန်းချက် သေချာချဖို အစီအစဉ်ချမှတ်ပုံတွေ

    – သင်ယူပါ
    သင်လိုချင်တဲ့ အခြေအနေမှာ ရှိနေတဲ့ လူတွေဆီက သင်ယူပါ

    – လုပ်ပါ ( စဉ်းစားရုံနဲ့ တွေးနေရုံနဲ့ မပြီးပါဘူး။ လုပ်မှ ရမှာပါ

    – တစ်ကိုယ်ကောင်းဆန်ပါ
    သင့်အတွက် သင်ကလွဲရင် ဘယ်သူမှ မရှိပါဘူး။ ကိုယ်တိုင် အဆင်ပြေမှ သူများကို ကူညီနိုင်မှာပါ။
    Save Yourself Before you save others.

    စာအုပ်ထဲမှာ သာမန် ၉-၅ အလုပ်တွေကနေ ရုန်းထွက်ပြီး Hardwork ကနေ Smart Work ဖြစ်လာစေဖိုအတွက် နည်းလမ်းတွေ ပါဝင်ပါတယ်။

    ကိုယ့်ဘဝကို မြင့်တင်ချင်တဲ့ မည်သူမဆို ဖတ်သင့်ပါတယ်၊၊ အလုပ်လုပ်တဲ့ နေရာမှာ အချိန်မီ မပြီးစီး အကောင်းဆုံး မလုပ်နိုင်တဲ့ သူတွေ၊ ဒီအလုပ် routine တွေကိုပဲ နေ့တိုင်း ထပ်ခါထပ်ခါ လုပ်နေရသဖြင့် ပြောင်းလဲကျင့်သုံးချင်တဲ့သူတွေ၊ အချိန်ဆွဲတဲ့ အကျင့်နှင့် ပျင်းရိနေတဲ့ အကျင့်တွေကို ဖျောက်ဖို ဆန္ဒပြင်းပြနေသူတွေ၊ အောင်မြင်သူတွေနှင့် ဘီလျံနာတွေရဲ့ နေ့စဉ်လုပ်နေကျ အကျင့်လေးတွေကို ခံယူကျင့်သုံးချင်သူတွေ၊ entrepreneur တွေ၊ ကိုယ့်ဒူးကိုယ်ချွန် တည်ထောင် လုပ်ကိုင်ချင်တဲ့ လူငယ်များ ဖတ်သင့်ပါတယ်၊၊

    Add to cart
  • 🌇သင်ပိုင်ဆိုင်တဲ့မနက်ခင်းတွေနဲ့ ဘ၀ကိုမြှင့်တင်ပါ။

    🛌မနက်ရှစ်နာရီလောက်ထိအိပ်မှအိပ်ရေး၀တဲ့ဟာကို တစ်ယောက်ပြီးတစ်ယောက်မနက်စောစောထဖိုပဲလာပြောနေကြတယ်။
    မနက်စောစောထတိုင်းအောင်မြင်ရင် Millionaire တွေလက်ညှိးထိုးလိုတောင်ကုန်မှာမဟုတ်ဘူးလိုပြန်ပြောပြီး စောင်ကြားထဲပြန်ခွေနေလိုက်( ဒါက ပိုအဆင်ပြေတယ် မဟုတ်လား ) ။

    NO!!! NO!!! NO!!!

    🌅မနက်စောစောထ တဲ့သူတိုင်း မအောင်မြင်ပေမယ့် အောင်မြင်တဲ့လူအများစုက နေမထွက်ခင်မှာအိပ်ရာကထကြပါတယ်။
    မနက်ခင်းလုပ်စရာရှိတဲ့ ဘုရားရှိခိုး၊ ပန်းကပ်၊ သောက်တော်ရေလဲ အစရှိတဲ့ မင်္ဂလာရှိတဲ့အရာတွေကို သူတိုဟာနေမထွက်ခင်မှာလုပ်ကိုင်ကြပြီး ဒီတစ်နေ့တာကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖိုအင်အားကို မိုးမသောက်ခင်မှာ ပဲပိုင်ဆိုင်ကြပါတယ်။ မနက် ငါးနာရီက ကနေ ခြောက်နာရီအတွင်း အချိန်တစ်နာရီလောက် ရင်းနှိးမြုပ်နှံမှုဟာ သင့်နေ့စဉ်ဘ၀ကို တိုးတက်စေဖို လျှိဝှက်ချက်တစ်ခုဖြစ်တဲ့အကြောင်းကို Robin Sharma က The 5 AM club ထဲမှာ ရေးသားထားပါတယ်။

    ⏰THE 5 AM CLUB: OWN YOUR MORNING, ELEVATE YOUR LIFE.⏰

    ✌️အောင်မြင်မှုအချိန် “The Victory Hour” ဟာ မနက် 5 နာရီကနေ 6 နာရီအတွင်းမှာတည်ရှိပါတယ်။
    ဒီအချိန်လေးအတွင်းမှာ 20/20/20 Formula ကိုအသုံးချပြီး
    5:00 to 5:20 – Move ( လှုပ်ရှားမှု )
    5:20 to 5:40 – Reflect ( သုံးသပ်မှု )
    5:40 to 6:00 – Grow ( တိုးတက်မှု )
    အတွက်လုပ်ဆောင်ပါ။
    အိပ်ရာနိုးနိုးချင်းမှာ ချွေးထွက်စေတဲ့ ( ကြိုးခုန်, ဒိုက်ထိုး, အိပ်ထမတင် ) စတဲ့ လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Cortisol Level ကိုလျှော့ချပေးပြီး BNDF လိုခေါ်တဲ့ growth gene ကိုထုတ်လွှတ်ပေးပါတယ်။ ဒီ BNDF ဟာသိစိတ်ကို နိုးကြွားစေပြီး လျင်မြန်ဖြတ်လတ်တဲ့အလုပ်တွေကိုလုပ်နိုင်ဖိုအတွက်အရေးကြီးတဲ့ Factor တစ်ခုထဲမှာပါဝင်ပါတယ်။
    မိမိကိုယ်မိမိသုံးသပ်နိုင်ခြင်းဟာ သင့်ဘ၀လမ်းကြောင်းအတွက်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နောက်မိနစ်နှစ်ဆယ်အတွင်းမှာရရှိမယ့် ဆိတ်ငြိမ်မှုအတွင်းမှာ သင့်လိုအပ်တဲ့ တည်ငြိမ်မှုကိုတရားထိုင်ခြင်း၊ အာနာပါနမှတ်ခြင်းနဲ့ အတူတည်ဆောက်ပါ။
    စာဖတ်ခြင်း, Podcast နားထောင်ခြင်း နဲ့ မိမိအတွက်အကျိုးရှိမယ့် အရာတွေကို နောက်ဆုံး မိနစ်နှစ်ဆယ်မှာ လုပ်ဆောင်ပြီး သင့် Growth အတွက်ပြင်ဆင်ပါ။

    🦾Gargantuan Competitive Advantage(GCA) and 2x3x Mindset🦿
    GCA -> သာမာန် Skill တွေအတွက်ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် ပုံမှန်မဟုတ်တဲ့ Skill တွေအတွက်က ပြိုင်ဘက်မရှိပါဘူး။
    သင်ဟာ အရောင်းသမားတစ်ယောက်ဖြစ်ပြီး ပိုပြီးအရောင်း Skill တက်လာရင်ပြိုင်ဆိုင်မှုကပိုပြင်းထန်လာတယ်ဆိုပေမယ့်။ ပုံမှန် Skill မဟုတ်တဲ့ Product Proficiency, Technical Skill တွေပိုင်ဆိုင်ရင်တော့ သင့်ကိုပြိုင်ဆိုင်နိုင်ဖို ခက်ခဲပါလိမ့်မယ်။
    2x3x Mindset -> မင်းဝင်ငွေနဲ့ လုပ်ဆောင်နိုင်စွမ်းကို နှစ်ဆတိုးဖို မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုကို သုံးဆရင်းနှီးမြှပ်နှံပါ။
    “ရင်လောက်တင်မှ ဒူးလောက်ကျတယ်”ဆိုတဲ့ စကားပုံရှိပါတယ်။ ပြိုင်ဘက်တွေထက် နှစ်ဆသာဖို သင့်ရဲ့ ကြိုးစားမှုကို သုံးဆပိုမိုရင်းနှီးမြှုပ်နှံရပါမယ်။ သုံးဆပိုသာတဲ့ သင်ယူမှု၊ သုံးဆပိုသာတဲ့ စိတ်ဓာတ်၊ သုံးဆပိုသာတဲ့ ခွန်အားစိုက်ထုတ်မှုက သူမတူတဲ့ထူးချွန်မှုကိုပိုင်ဆိုင်စေပါလိမ့်မယ်။

    👨‍🎨လမ်းပျောက်နေတဲ့ Artist တစ်ယောက်နဲ့ အခက်အခဲကြုံနေတဲ့ Entrepreneur တစ်ယောက်ကို Billionaire တစ်ယောက်က mentorship ပေးတဲ့ fictional ဇာတ်လမ်းလေးကိုဒီစာအုပ်ကလေးထဲမှာ တွေ့မြင် ရမှာပါ။ သူတိုနှစ်ယောက်ရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ အတူ ကျွန်တော်တိုဘ၀ကိုလည်းပြောင်းလဲစေနိုင်တဲ့ နည်းလမ်းတွေနဲ့အတွေးအခေါ်တွေကိုရရှိဖို 5 AM club ရဲ့ ဇာတ်လမ်း နဲ့အတူ တိုးတက်မှုရဲ့ခြေလှမ်းကို စလိုက်ကြရအောင်။

     

    Add to cart
  • “ချမ်းသာကြွယ်၀မှုက နေစပြီး ကျန်းမာမှုနဲ့ ပျော်ရွှင်မှု ဟာ ကျွန် တော်တို ဘ၀မှာအစဥ်လိုက်အတိုင်းရှာဖွေဖိုကြိုးစားတဲ့အရာသုံးခုဖြစ်တယ်။ ဒါပေယ့်သူတို့တွေရဲ့တကယ်အရေးကြီးမှုက ပျော်ရွှင်မှုကနေစပြီး ပြောင်းပြန်စပါတယ် ” – Naval Ravikant
    “The three big ones in life are wealth, health, and happiness. We pursue them in that order, but their importance is reverse.” – Naval Ravikant

    💭ကျွန်တော်တို့နေကောင်းကျန်းမာနေတဲ့အချိန်မှာ ပျော်ရွှင်ဖိုအတွက် အများကြီးလိုအပ်တယ်( ဥပမာ ကော်ဖီဆိုင်ထိုင်ချင်တာ၊ မာလာရှမ်းကောစားချင်တာ ) စသည်ဖြင့်ပေါ့။ ဒါပေမယ့် နေမကောင်းတဲ့အချိန်မှာ‌ပျော်ရွှင်ဖိုအတွက် တစ်ခုပဲလိုတယ်၊ နေပြန်ကောင်းလာဖိုပဲ။
    “ Desire is a contract you make with yourself to be unhappy until you get what you want “ – Naval Ravikant
    မင်းလိုချင်တာတစ်ခုထဲရှိရင် Universe က မင်းလိုချင်တာကိုအမြန်ရအောင်ဖန်တီးပေးလိမ့်မယ်။ မင်းလိုချင်တာ အမျိုးတစ်ရာလောက်ဖြစ်နေရင်တော့ Universe ကမင်းကိုသူအဆင်ပြေတဲ့အရာကိုပဲရွေးချယ်ပေးလိမ့်မယ်။

    🕊“Peace is happiness at rest, and happiness is peace in motion.”
    ပျော်ရွှင်မှုဟာ ဒီရေလိုမျိုးအတက်အကျရှိတယ်။ ငြိမ်းချမ်းခြင်းဟာ တည်ငြိမ်မှုကိုပေးစွမ်းတယ်။ Hedonic Happiness တွေဟာ ဘယ်တော့မှအဆုံးမသတ်ပါဘူး။ လစာလေး ဆယ်သိန်းရောက်ရရင် အဆင်ပြေပါပြီ -> ဆယ်သိန်းရတဲ့အခါ -> အိမ်လေးတစ်လုံးဝယ်နိုင်ရင်အဆင်ပြေပါပြီ -> အိမ်လေးပိုင်လာတဲ့အခါ -> ကားလေးတစ်စီးလောက် စသည်ဖြင့် ဘယ်တော့မှမရပ်တန့်ပါဘူး။ ရောင့်ရဲတင်းတိမ်နိုင်ခြင်းနဲ့ ငြိမ်းချမ်းမှုဟာ သင့်နေ့တိုင်းကိုအဓိပ္ပါယ်ရှိစွာနဲ့ဖြတ်သန်းနိင်မယ့်ပျော်ရွှင်မှုပါပဲ။

    🙏“Happiness requires presence”
    ပစ္စုပ္ပန်မှာနေထိုင်ပါ။ အတိတ်ကိုနောင်တရ၊ အနာဂတ်ကိုစိုးရိမ်၊ ပစ္စုပ္ပန်မှာဖုန်းပွတ် ရုပ်ရှင်ကြည့်စသည်ဖြင့် ဦးနှောက်နဲ့မျက်လုံးကိုအနားမပေးပဲ Information overload တွေဖြစ်ပြီး “ ငါမပျော်ဘူး “ လိုအော်နေလို စိတ်ချမ်းသာလာမှာမဟုတ်ပါဘူး။ ဦးနှောက်ကတွေးချင်နေတဲ့အရာအားလုံးကိုခဏလောက်ရပ်တန့်ထားပြီး သင့်ဘေးနားမှာရှိတဲ့အရာ၀ထ္ထုသေးသေးလေးတွေ (ဥပမာ လေတိုးသံ,အသက်ရှုသံ) ကို ခံစားကြည့်ပါ။ ဒါလေးတွေနဲ့အတူနေတတ်လာရင် သင်လိုချင်တဲ့ ပြည့်စုံခြင်းဆိုတဲ့အရာကိုရပါလိမ့်မယ်။

    💵💵💵ကြွယ်၀ချမ်းသာမှုကိုဖန်တီးခြင်း💵💵💵
    “ Building Wealth “

    ⏲️မင်းရဲ့ကိုယ်ပိုင်အချိန်ကိုလူများကိုဌားပေးနေသရွေ့ ဘယ်တော့မှမင်းချမ်းသာမှာမဟုတ်ဘူး။
    “You’re never going to get rich renting out your time”.
    လူတွေလက်ခံထားတဲ့ဥပမာတစ်ခု တစ်ရက်ဆယ်နာရီအလုပ်လုပ်ရင် ဆယ်နာရီစာဝင်ငွေပြန်ရမယ်၊ ကြိုးစားသလောက်အရာထင်မယ် စသည်ဖြင့်ပေါ့။
    ဒါ တကယ်မှန်ရဲ့လား ?
    လမ်းထိပ်ကဆိုက်ကားသမားကြီးလည်းနေ့တိုင်း တစ်ရက် ဆယ်နာရီလောက်ဆိုက်ကားနင်းနေတာဆယ်နှစ်ကျော်နေပြီ၊ ဒါပေမယ့်အခုချိန်ထိသူကားမစီးနိုင်သေးဘူး။
    လွန်ခဲ့တဲ့သုံးနှစ်ကလစာ နှစ်သိန်းခွဲရတဲ့အလုပ်ကထွက်ပြီး လုပ်ငန်းလေးစထောင်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က အခုလုပ်ငန်းနှစ်ခု နဲ့ ကားတစ်စီးပိုင်နေပြီ။
    ဘာကွာခြားလဲ ?
    “Quality is more important than Quantity” အလုပ်မှာပိုမိုကောင်းမွန်အောင်လုပ်နိုင်တဲ့အရည်အသွေး (Quality) ဟာ အလုပ်တစ်ခုမှာ သင်အချိန်ဘယ်လောက်ကြာကြာပိုလုပ်သလဲ ( Quantity ) ထက်ပိုအရေးကြီးပါတယ်။

    🏗“Learn to Sell, Learn to Build. If you can do both, you’ll be unstoppable”
    ရောင်းတတ်အောင်သင် ဒါမှမဟုတ် တည်ဆောက်တတ်အောင်သင် ။ နှစ်ခုလုံးကိုမင်းတတ်ကျွမ်းရင် ဘယ်အရာမှမင်းကိုမတားဆီးနိုင်တော့ဘူး။
    လူတိုင်းဟာမွေးကတည်းက Talent တစ်ခုတော့ရှိကြတယ်။ အခြားသူတွေအတွက်က ခက်ခဲနေပေမယ့် သူ့အတွက်ကအရမ်းလွယ်ကူနေတဲ့အရာမျိုး ( ဥပမာ သီချင်းဆိုတာ၊ ဆက်ဆံရေးကောင်းမွန်တာ )ဖြင့်ပေါ့။သူများတွေအတွက်အလုပ်လုပ်သလိုခံစားရပေမယ့် သင့်အတွက် အပျော်ကစားနေတယ်လိုခံစားရစေတဲ့အလုပ်မျိုးကို အာရုံစိုက်ပါ။တစ်ရက်ကို 16 နာရီလောက် သင်အတွက်ပျော်ရွှင်စေတဲ့အလုပ်ကို ဘယ်သူကမှ တစ်ရက်ဆယ်နာရီဆက်တိုက်အလုပ်လုပ်ပြီးရေရှည် မယှဉ်ပြိုင်နိင်ပါဘူး။

    📈“Compound Interest”
    Compound Interest လိုပြောတာနဲ့ ပထမဆုံးက Money အတွက်ဆိုပြီးမြင်ကြတယ်။ ဒါပေမယ့် Compound Interest ကို Networking, business relationship နဲ့ reputation အပိုင်းတွေမှာပါသုံးလိုရပါတယ် လို Naval ကပြောထားပါတယ်။
    “ Intentions don’t matter. Action do. That’s why being ethical is hard”.သင့် ပတ်ဝန်းကျင်ကိုယုံကြည်မှုရှိစေတဲ့ Trust နဲ့ Integrity ကိုတည်ဆောက်ခြင်းဟာ Social Ladder ရဲ့ထိပ်ကိုအမြန်ဆုံးရောက်ရှိစေပါလိမ့်မယ်။

    ✍️ဒီစာအုပ်ထဲမှာပါတဲ့အရာတွေကို Full Content အဖြစ်ပြန်ရေးရင်တောင် နောက်စာအုပ်တစ်အုပ်စာလောက်ရှည်သွားနိုင်ပါတယ်။ တကယ့် Practical Knowledge တွေအများကြီးကို Condense ဖြစ်အောင်ပေါင်းစုထားတဲ့ အတွက် ဒီစာအုပ်ထဲက Knowledge တွေဟာ တကယ်ကိုများပါတယ်။ စာအုပ်သာမက လောကကြီးအကြောင်း၊ ပျော်ရွှင်မှုရဲ့အကြောင်း၊ဘ၀ရဲ့ အဓိပ္ပါယ်၊သင့်ကိုယ်သင် ဂရုစိုက်နည်းအစရှိတဲ့ Naval ရဲ့

    နှစ်လေးဆယ် Experience ကို နှစ်နာရီအတွင်းမှာ ရနိုင်တဲ့ Joe Rogan နဲ့ Podcast ကိုဒီမှာ နားထောင်ပါ->https://www.youtube.com/watch?v=3qHkcs3kG44

    🏈America ကိုအသက်ကိုးနှစ်အရွယ် immigrant တစ်ယောက်အနေနဲ့ရောက်လာတဲ့ ဘ၀ကနေ ကုမ္မဏီပေါင်း 362 ခုကို angel investor ဖြစ်အောင်ကြီုးစားခဲ့တဲ့ Naval Ravikant ရဲ့ ဘ၀လမ်းမှာ ငွေကြေးကြွယ်၀မှုသာမက၊ ဘ၀ရဲ့ လမ်းကြောင်းကိုရွေးချယ်နည်း၊ကံကောင်းအောင် နေထိုင်နည်း၊ ငြိမ်းချမ်းမှုနဲ့ နေထိုင်နိုင်ခြင်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။ Biography တစ်ခုကိုဖတ်ရတာထက် Naval ရဲ့ Tweet Storm တွေ Podcast တွေထဲကအရေးပါတဲ့အချက်တွေကို ကျစ်ကျစ်လစ်လစ်စုစည်းထားတဲ့အတွက် ကိုယ်လိုချင်တဲ့အပိုင်းတွေကိုမှတ်သားရတာပိုမိုအဆင်ပြေစေမှာပါ။Naval ရဲ့စာအုပ်ကလေးဟာ သင့်ရဲ့ ဘ၀ကိုလျှောက်လမ်းတဲ့အချိန်မှာ ဥစ္စာဓနသာမက ငြိမ်းချမ်းပျော်ရွှင်မှုနဲ့ နေထိုင်နိုင်တဲ့ဘ၀ကို လမ်းညွှန်မှုတွေဖြစ်ပါစေ။

    📕Book Title – The Almanack of Naval Ravikant : A Guide to Wealth and Happiness
    🔖Author – Eric Joregenson
    🪙Price – 19,500 MMK ( Premium++ Quality, Hard Cover, Creamy Paper)

    Add to cart
  • “I think it is possible for ordinary people to choose to be extraordinary.”
    -Elon Musk
    သာမာန်လူတွေအားလုံးဟာ ပိုမိုထူးခြားတဲ့လူတွေဖြစ်လာဖိုအတွက် ရွေးချယ်ပိုင်ခွင့်ရှိတယ် လိုကျွန်တော်ထင်တယ်
    -Elon Musk

    🔸အောင်မြင်မှုဆိုတဲ့အရာအနောက်ကိုသင်လိုက်ခဲ့တယ်။ ရာထူးတစ်ခု၊ လုပ်ငန်းတစ်ခု၊ ကိုယ်ပိုင် အိမ်လေးတစ်လုံးနဲ့ ကားတစ်စီးစသည်ဖြင့် သင့်သတ်မှတ်ချက်နဲ့အထိုက်အလျောက်အောင်မြင်တဲ့နေရာတစ်ခုကိုရောက်နေတယ်လိုသင်တွေးနေတယ်။ အောင်မြင်တယ်ဆိုတာကိုသက်သေပြနိုင်တဲ့အရာတွေလက်ထဲမှာရှိနေလျက်နဲ့ ဘာကြောင့် သင်ပိုင်ဆိုင်နေတဲ့အောင်မြင်မှုတွေဟာ အဓိပ္ပါယ်မရှိသလိုခံစားနေရတာလဲ ?

    🔸အခုဖုန်းကိုကြည့်နေရင်းနဲ့စဉ်းစားလိုက်ပါ။ မနက်ဖြန်မှာလည်း ဒီအခက်အခဲ၊ နောက်ထပ်ပြသနာတွေဖြေရှင်းစရာတွေကတန်းစီစောင့်နေတယ်။ အိပ်ရာနိုးတာနဲ့ အလုပ်သွား အိမ်ပြန် စက်ရုပ်တစ်ရုပ်လို အချိန်မှန်လည်ပတ်နေရတဲ့ဘ၀ကို အောင်မြင်နေတယ်တယ်လိုခံစားမိသလား ? ဒီထက်ပိုပြီး ဘ၀မှာ သင်လိုချင်တဲ့အရာတွေထပ်ရှိနေသေးသလား ?

    အောင်မြင်မှုဟာ သဲလွန်စတွေအမြဲချန်ထားခဲ့လေ့ရှိသလို သာမာန်ထက်ပိုထူးခြားတဲ့သူတွေဟာလည်း သူတိုတွေလိုက်နာကျင့်သုံးခဲ့တဲ့Codeတွေရှိပါတယ်
    ဒီလိုထူးခြားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ဖိုအတွက်
    🔸ပတ်ဝန်းကျင်ကပုံသွင်းထားတဲ့ ပုံစံခွက် (The Culturescape) ထဲက သောက်တလွဲအလေ့အကျင့်တွေ ( Brules )
    🔸မတည်ဆောက်ခင်မှာလှလှပပဖျက်ဆီးနိုင်ဖိုအတွက် ( The Beautiful Destruction )
    🔸ကောင်းမွန်စွာစနစ်တကျတည်ဆောက်နိုင်ဖို ( The Conciousness Engineering )
    🔸ကြည်နူးစွာရှေ့ဆက်လျှောက်မဲ့လမ်းအတွက် ( Blisscipline )
    🔸ကိုယ်တိုင်ဖန်တီးမဲ့အမှန်တရား ( Creating your own reality )
    🔸ပိုမိုထူးခြားတဲ့စိတ်ထားနဲ့ အတူနေထိုင်ခြင်း ( Living with the Extraordinary Mind )
    တွေကို Vishen Lakhiani ရေးတဲ့ The Code of the Extraordinary Mind စာအုပ်ထဲမှာတွေ့နိုင်ပါတယ်။

    လူတစ်ယောက်ကိုထိန်းချုပ်ထားတယ်ဆိုတာကို မသိစေချင်ရင် သူ့ကိုထိန်းချုပ်ထားမှန်းမသိအောင် လွတ်လပ်ခွင့်ပေးရတယ်ဆိုသလိုမျိုး သင့်ရဲ့လွတ်လပ်ခွင့်တွေဟာ ပတ်ဝန်းကျင်ရဲ့ပုံစံခွက်နဲ့လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကို ကန့်သတ်နေတာသတိထားမိသလား ?
    ဘယ်အရာတွေကိုမေးခွန်းမထုတ်ပဲ ငါမျက်လုံးစုံမှိတ်ပြီး ယုံကြည်ခဲ့သလဲဆိုတာကို မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်ပါ။ လူတွေသတ်မှတ်တဲ့အောင်မြင်မှုဟာ သင်တကယ်လိုချင်ခဲ့တဲ့အရာဟုတ်ရဲ့လား ? ဒါတွေကို လွှတ်ချလိုက်ရင် ဘာဆက်ဖြစ်မလဲ ?

    🔸ထူးခြားတဲ့စိတ်ဓာတ်ရှိတဲ့သူတွေဟာ လူတွေရဲ့ခွင့်ပြုချက်ကိုစောင့်မနေတတ်ပါဘူး။ သူတိုရဲ့ယုံကြည်မှုတွေကိုကိုယ်တိုင်မေးခွန်းထုတ်၊ မလိုအပ်တာတွေကိုရိုက်ချိုးပြီး ပိုမိုကောင်းမွန်တဲ့အရာကိုပြန်လည်တည်ဆောက်နိုင်ကြပါတယ်။

    ‌Mindvalley ရဲ့ Founder and CEO ဖြစ်တဲ့ Vishen Lakhiani ရဲ့ The Code of the Extraordinary Mind စာအုပ်ဟာ သမားရိုးကျတွေးခေါ်နည်းကနေခွဲထွက်ပြီး ပုံစံသွင်းခံထားတဲ့ပတ်ဝန်းကျင်ကနေရုန်းထွက်ဖို နည်းလမ်းတွေကိုအဓိကထားရေးထားထားပါတယ်။ New York Times ရဲ့ Bestseller ဖြစ်တဲ့ဒီစာအုပ်ကိုဘာသာစကား 20 ကျော်အထိ ဘာသာပြန်ထုတ်ဝေခဲ့ရပြီး မိမိပိုင်ဆိုင်တဲ့ဘ၀ကိုစိတ်ကြိုက် ပုံသွင်းဖို ရှေးရိုးစွဲအယူဝါဒဟောင်းတွေကနေလွတ်မြောက်ဖိုအတွက်နည်းလမ်းတွေကို ရှာဖွေကြည့်လိုက်ပါ။

    Add to cart
  • 😍 😍 စက္ကန့်တိုင်းက အဓိပ္ပာယ် ရှိတယ်လိုခံစားဖူးလား။

    🎇 Culture ဆိုတာ ပေတံ တစ်ချောင်းပဲ

    ▶️ လူတိုင်းမှာ ကိုယ်ပိုင် ပေတံ တစ်ချောင်းဆီ ရှိကြတယ်။ လူတိုင်းက ကိုယ်ပိုင်ပေတံနဲ့တစ်ခြားသူကို တိုင်းတာကြတယ်။ လူတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ရပ်တည်နေကြတဲ့ အခါ တစ်စုတစ်စည်း တည်း ရပ်တည်ဖိုခဲယဉ်းကြတယ်။

    🥵️🥶️ အင်မတန်မှ တော်တဲ့ လူတစ်စုနဲ့သာမန် အရည်အချင်းတွေပဲ ရှိနေတဲ့ လူတစ်စု သင်ဘယ်ဟာကို ရွေးချယ်မလဲ။

    🥵️ သာမန်အားဖြင့် တော်တဲ့ သူ အများစုက Individualist တွေ ဖြစ်ကြတယ်။ တစ်ယောက်ထဲပဲ ထူးချွန်အောင် လုပ်နေကြပြီး တစ်ခြားသူတွေကိိ ကူညီနိုင်ဖိုခဲယဉ်းကြတယ်၊ တွန့်ဆုတ်ကြတယ်။ တစ်ခြား တစ်ယောက်က ကိုယ့်ထက်သာသွားရင် မနာလို ဖြစ်တတ်ကြတယ်။ ပြန်သာအောင် အတင်းပြန်ကြိုးစားကြတယ်။
    ဒီတော့ တော်တဲ့ သူတွေကြားထဲ ရောက်သွားတဲ့ အခါမှာ စိတ်ဖိစီးမှုတွေ များပြီး မွန်းကျပ်လာကြတယ်။

    🥶️ နောက်တစ်စုကိုတော့ Collectivist လိုခေါ်ဝေါ်ကြတယ်။ ပူးပေါင်း လုပ်ကိုင်တတ်သူတွေပေါ့။ ကူညီကြတယ်။ ရိုင်းပင်းတယ်။ ဆွေးနွေးကြတယ်။ သူတိုနဲ့အလုပ်အတူတူ လုပ်တဲ့ အခါမှာ လူ စိတ်လန်းပြီးတော့ အလုပ်လုပ်ရတာ ပျော်ကြတယ်။
    တစ်ချိန်တုန်းက Microsoft နဲ့Apple တိုမှာ လူတော်တွေကြီးပဲ စုနေကြလိုအချင်းချင်း ပြိုင်ဆိုင်ခိုင်းတာမျိုးတွေ လုပ်ကြတယ်။ လူတွေက တစ်ချိန်လုံး ပြိုင်ဖိုပဲ စဉ်းစားကြတဲ့ အချိန်မျိုးမှာ ကုမ္ပဏီကြီးတွေ အနေနဲ့ရောက်သင့်သလောက် မရောက်နိုင်ကြတော့ဘူး။ Satya Nadella (Microsoft CEO) နဲ့Tim Cook (Apple CEO) တိုက ကုမ္ပဏီ ဝန်ထမ်းတွေကို ပူးပေါင်းလုပ်က်ိင်တဲ့ နည်းလမ်းတွေကို ကျင့်သုံးစေခဲ့တယ်။

    ✅ ဒီတော့ အောင်မြင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အတွင်းက ဝန်ထမ်းတွေရော၊ အပြင်က Customer တွေ ရော ကောင်းမွန်တဲ့ အခြေအနေတစ်ခု ရောက်အောင် ဘယ်လို အချက်တွေက အရေးပါနေပါသလဲ။

    စာရေးဆရာ Daniel Coyle က လူတစ်ဦးချင်းဆီမှာ ရှိတဲ့ အရေးကြီးတဲ့ Culture တွေ သာမက ကုမ္ပဏီ တစ်ခု၊ အဖွဲအစည်း တစ်ခု မှာပါ အရေးကြီးတဲ့ အချက်အလက်တွေကို တွဲဖက် ရေးသားထားပါတယ်။

    ⏹️ Skill 1: Build Safety

    Maslow’s Needs Theory ကို လူတိုင်းသိကြမှာပါ။ ကျွန်တော်တိုက ဆေးလိပ်၊ အရက် မသောက်ပဲ နေလိုရတယ်။ ကျွန်တော်တိုခရီးတွေ မသွားပဲ နေလိုရတယ်။ ကျွန်တော်တိုအင်တာနက် မရှိပဲ နေလိုရတယ်။ ဒါပေမယ့် အခြေခံကျတဲ့ စားဝတ်နေရေး မပြည့်စုံနေလိုတော့ မရပါဘူး။

    ထက်မြက်တဲ့ ဝန်ထမ်းတစ်ယောက်ရဲ့အားထုတ်မှုက လုပ်ငန်း့အရှိန်အဟုန်ကို သိသိသာသာ ထိုးတက်နိုင်တဲ့ အခုလို အချိန်အခါမျိုးမှာ ကုမ္ပဏီတွေ အနေနဲ့အခွင့်အလမ်း ရှိတဲ့ဝန်ထမ်းတွေကို ကုမ္ပဏီမှာ တည်မြဲနေအောင် အားထုတ်ကြိုးစားမှုတွေ အထူး ပြုလုပ်လာကြပါတယ်။ ဒီတော့ ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့စားဝတ်နေရေး ပြေလည်အောင် စီစဉ်ဆောင်ရွက်ပေးလာကြပါတယ်။

    လူတစ်ယောက်က စားဝတ်နေရေး အဆင်ပြေလည်မှသာ အလုပ်ခွင်မှာ စိုးရ်ိမ် စိတ်ပူပင်စရာ မရှိပဲ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

    ⏹️ Skill 2: Share Vulnerability

    ကိုယ့် အားနည်းချက်တွေကို လက်ခံပေးနိုင်တဲ့ သူတစ်ယောက်ရှိရင်ကို လောကကြီးက ပြည့်စုံနေပါပြီ။

    ကျွန်တော်တိုSocial Media ခေတ်ကို ရောက်လာတဲ့ အခါမှာ လူတွေက အကောင်းဆုံး၊ အပြောင်မြောက်ဆုံး မဖြစ်ဖြစ်အောင်ပဲ ကြိုးစားအားထုတ်နေကြတယ်။ ဒီတော့ တစ်ခါတစ်လေမှာ အားနည်းချက်တွေရှိတယ်ဆိုတာကို မေ့လျော့နေကြတယ်။ လူတွေက Social Media မှာ ကိုယ် တော်ကြောင်း၊ ပစ္စည်းတွေ ဝယ်နိုင်ကြောင်း၊ ဘယ်လို ပျော်နေကြောင်းတွေပဲ အမြဲ တင်နေတော့ တစ်ခါတစ်လေ အဆင်မပြေမှုတွေနဲ့ကြုံရတဲ့ အခါ မွန်းကျပ်လာတယ်။ ဘယ်သူ့ကိုမှ ရင်ဖွင့်လိုမရဘူး ဖြစ်နေတတ်တယ်။ တိုင်ပင်လိုမရဘူး ဖြစ်နေတတ်တယ်။ အလုပ်မှာရော၊ ကျန်းမာရေးမှာပါ ထိခိုက်လာကြတယ်။ ဖွင့်ပြောရမယ့်သူတစ်ယောက် လိုအပ်လာတယ်။

    စာအုပ်ထဲမှာ Daniel Coyle က အောင်မြင်တဲ့ လုပ်ငန်းခွင်တွေ အနေနဲ့တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောတိုင်ပင်ဆွေးနွေးတဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်စေတယ်။ လူတိုင်းက တစ်နေ့ထက် တစ်နေ့ ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို မရောက်ရောက်အောင် ကြိုးစားနေတဲ့ အချိန်မှာ အားနည်းချက်တွေကို လည်း မမျိုသိပ်ထားဖို၊ ဖွင့်ဟဖို၊ လက်ခံဖိုတိုက်တွန်းထားပါတယ်။
    တစ်ယောက်က အားနည်းချက်တွေကို ဖွင့်ဟတဲ့ အခါမှာ လှောင်ပြောင်သရော်မှုတွေထက် အားပေးမှု၊ လေးစားမှုတွေ ထားဖိုပြောထားပါတယ်။

    ⏹️ Skill 3: Establish Purpose

    😍 စက္ကန့်တိိင်းက အဓိပ္ပာယ် ရှိတယ်လိုခံစားဖူးလား။
    သေချာတယ်။ အဲ့တာ နေရာမှန် ပဲ။

    ကျွန်တော်တို ရည်မှန်းချက် တစ်ခုခု ရှိနေတဲ့ အခါမှာ မနက်တိုင်းက ခွန်အားတွေနဲ့နှိးထ နိုင်တယ်။ လုပ်ရမယ့် အရာကို ဦးနှောဏ်က တန်းသိတယ်။ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်တယ်။ ဒါပေမယ့် ကိုယ့် အတွက် မဟုတ်တဲ့ နေရာတစ်ခုမှာတော့ ကျွန်တော်တိုတွေက စက္ကန့်နှင့်အမျှ မွန်းကျပ်နေကြတယ်။
    ပြီးတော့ Daniel Coyle က ကုမ္ပဏီတွေရဲ့ရည်မှန်းချက်ပန်းတိုင်တွေ သာမက ဝန်ထမ်း တစ်ဦးချင်းဆီရဲ့ရည်မှန်းချက်တွေကိုပါ အကောင်အထည် ဖော်နိုင်အောင် လုပ်ပေးရမယ်လိုလည်း ရှင်းပြထားပါတယ်။

    အလုပ်လုပ်တာ ပိုက်ဆံရဖိုဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပျော်ဖိုလည်း လိုအပ်သေးတယ်။

    စာအုပ်ထဲမှာ Daniel Coyle က နေ့တိုင်း အဓိပ္ပာယ် ရှိစေန်ိင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ဖိုနည်းလမ်းတွေ သေချာရှင်းပြပေးထားပါတယ်။

    🧙‍♂️🧛🧝🦸‍♂️ ပုံဖော်ကြည့်ပါ။ ကိုယ့်မှာ အရမ်း ပေါင်းလိုသင်းလိုကောင်းတဲ့ သူငယ်ချင်းတစ်စု ရှိတယ်ဆိုပါတော့။
    သူတိုနဲ့တစ်ခြား အဖွဲတွေနဲ့ဆို ဘာကွာလဲ။ ခရီးသွားတဲ့ အခါကျ ဘယ်သူတွေနဲ့ပိုသွားချင်လဲ။

    အလုပ်တစ်ခုခု လုပ်မယ်ဆိုရင် ဘယ်အဖွဲနဲ့အတူတူ အလုပ်လုပ်ချင်လဲ။
    ဒီတော့ တစ်ခြားအဖွဲတွေနဲ့ဘာကွာတာလဲ။

    ကျွန်တော့်အဖွဲနဲ့ခရီးတွေ သွားဖူးတယ်။ ညဘက် ၃ နာရီထိုးမှာ ဟိုတယ် မရလိုအထုပ်တွေ ထမ်းပြီး လျှောက်သွားဖူးတယ်။ ကားဘီးပေါက်လိုတောင်တက် လမ်းဘေးမှာ တစ်ညလုံး အိပ်ခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒေါသတွေ ထွက်ပြီး ဆဲကြဆိုကြတယ်။ ပစ္စည်းတွေနဲ့ပေါက်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘဲ နေခဲ့ကြတယ်။ သွေးအေးခဲ့ကြတယ်။

    ဒါပေမယ့် အခုချိန်မှာ အခက်အခဲတွေ ကြုံလာလိုတစ်ယောက်တည်း မနေနိုင်တော့ဘူးဆိုရင် သူတိုအဖွဲနဲ့ပဲ ညနေစောင်း ကော်ဖီဆိုင်လေးမှာ အချိန်တွေ ကုန်ဆုံးစေပစ်လိုက်တယ်။ အခက်အခဲအများစုက သူတိုနဲ့စကားပြောလိုက်ရင် အကုန်ပျောက်သွားသလို ပဲ ။ကျွန်တော့်ရဲ့အကောင်းဆုံး သူငယ်ချင်းတွေပေါ့။
    ကျွန်တော်တိုသူငယ်ချင်းတွေ ကြားထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အရာက ယုံကြည်မှုပါ။

    Daniel Coyle က New York Times Bestselling Author တစ်ယောက်ဖြစ်ပြီး သူ့ရဲ့The Talent Code စာအုပ်နဲ့အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ The Culture Code စာအုပ်ကလည်း နာမည်ကြီး စာရေးဆရာတွေ ဖြစ်တဲ့ Charles Duhigg နဲ့Adam Grant တိုကိုယ်တိုင် recommend ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ Culture ရဲ့သဘောတရားကို အဓိကထား ရှင်းပြပေးထားပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်တဲ့ အတွက် ဖတ်ရှုဖိုသင့်တော်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

     

    Add to cart
  • CEO တစ်ယောက်ရဲ့ ဒိုင်ယာရီ, ရှုးနိမ့်မှု၊ အောင်မြင်မှုနဲ့ နေ့ရက်တိုင်းအကျိုးရှိစေဖို ရေပုံးငါးလုံး🪣🪣🪣🪣🪣

    “အောင်မြင်တဲ့အမျိုးသားတစ်ယောက်ရဲ့နောက်မှာ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်” ဆိုတဲ့စကားပုံလိုမျိုး “အောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့နောက်ကွယ်မှာ သူမတူအောင်ထူးချွန်တဲ့လုပ်ငန်းပိုင်ရှင်တစ်ယောက်” အမြဲရှိပါတယ်။

    🏢✨ လုပ်ငန်းတစ်ခုစတင်ဖိုလွယ်ကူပေမယ့် ရေရှည်တည်တံ့အောင်လုပ်ငန်းကိုသာမက မိမိကိုယ်ကိုယ် ကိုယ့်ဒူးကိုယ်ချွန်ပြီး အားသွန်ခွန်စိုက်ကြိုးစားနိုင်တဲ့ ဇွဲလုံလကိုတည်ဆောက်ဖိုအတွက် ကာယအင်အား၊ဉာဏအင်အားအများကြီးစိုက်ထုတ်ဖိုလိုအပ်ပါတယ်။ Steven Bartlett ရဲ့ Diary of a CEO မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖိုအတွက် ဖြတ်သန်းရမယ့်ခရီးစဉ်၊ သင်ယူရမယ့် သင်ခန်းစာတွေ၊ ရုန်းကန်မှုနဲ့အောင်ပွဲတွေရဲ့အကြောင်းကို အချိုမသတ် သကာရည်မဆမ်းပဲ အမှန်တရားအတိုင်းရေးသားထားပါတယ်။

    ✨✨”Stop telling yourself you’re not qualified, good enough or worthy. Growth happens when you start doing the things you’re not qualified to do.”- Steven Bartlett
    “ မလုပ်နိုင်ဘူး၊ မကျွမ်းကျင်ဘူး၊ မထိုက်တန်ဘူး ဆိုပြီး သင့်ကိုယ်သင် ပြောနေတာကိုရပ်တန့်လိုက်ပါ။တိုးတက်မှုဆိုတာ သင်မလုပ်နိုင်တဲ့အရာတွေကို စတင်လုပ်ဆောင်တာကနေစတင်တယ် “ – Steven Bartlett
    ဒီစကားလေးက ကျွန်တော့်ရဲ့အကြိုက်ဆုံးQuote တွေထဲက တစ်ခုဖြစ်တဲ့ Master Shifu ရဲ့ “if you only do what you can do, you will never be more than you are now “ ဆိုတဲ့အရာနဲ့သွားကိုက်ညီပါတယ်။
    ဒါဆို မလုပ်နိုင်တဲ့၊ မကျွမ်းကျင်တဲ့အရာကို စတင်လုပ်ဆောင်ဖို ဘယ်အရာကနေစရမလဲ?

    The Five Buckets of Success 🪣🪣🪣🪣🪣
    Steven Bartlett က ကျွန်တော်တိုလူတိုင်းဟာ အောင်မြင်ဖိုအတွက် ရေပုံးငါးပုံးကို အစဉ်အတိုင်းဖြည့်ရမယ်လိုဆိုပါတယ်
    1️⃣ Knowledge: အသိပညာ။ 🧠
    သင်လိုချင်တဲ့ပညာ၊ စိတ်ဝင်စားပေမယ့်မလုပ်နိုင်သေးတဲ့အရာအတွက် အသိပညာကိုဆည်းပူးပါ။ အခုခေတ်မှာ ဘယ်ပညာကိုမဆို youtube, online ကနေအလွယ်တကူလေ့လာနိုင်ပါတယ်။
    2️⃣ Skills: ကျွမ်းကျင်မှု🛠
    အသိပညာကိုရရှိလာပြီဆိုရင် သင်လုပ်ဆောင်နိုင်တဲ့အရာသေးသေးလေးတွေကိုစတင်လုပ်ဆောင်ပါ။ အစပိုင်းမှာ တလွဲလုပ်မိတာဟာ ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်စိတ်ကူးယဉ်နေတာထပ်ပိုအကျိုးရှိပါတယ်။ ဒီကနေပြီး ခင်ဗျားကျွမ်းကျင်မှုကို တဖြည်းဖြည်းရရှိလာပါလိမ့်မယ်။
    3️⃣ Network: မိတ်ဆွေ၊အပေါင်းအသင်း🤝
    ကျွမ်းကျင်မှုဆိုတာအဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးတွေတည်ဆောက်ဖိုအတွက်ကြားခံအရာတစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်မှုတိုးတက်လာနဲ့အမျှ သင့်နဲ့ ရည်မှန်းချက်တူတဲ့လူတွေ၊ သင်နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ချင်တဲ့သူတွေ အနားကိုရောက်ရှိလာပါလိမ့်မယ်။
    4️⃣ Resources: အရင်းအနှီး💰
    သင့်မိတ်ဆွေတွေနဲ့အတူပါလာမယ့် အရင်းအနှီးတွေထဲမှာ လုပ်ငန်းတိုးချဲ့နိုင်ဖို၊ ရင်းနှီးမြှုပ်နှံနိုင်ဖိုအစရှိတဲ့ အခွင့်အလမ်းတွေလည်းပေါ်ပေါက်လာပါလိမ့်မယ်။
    5️⃣ Reputation: ဂုဏ်သတင်း 🌟
    ဒီအရာတွေအကုန်လုံးနဲ့အတူ စျေးကွက်နယ်ပယ်ထဲမှာ သင့်နာမည်ကိုလူသိများလာပြီး သင့်ရဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ အောင်မြင်မှုရဲ့အသီးအပွင့်ကိုခံစားရပါလိမ့်မယ်။

    Skill တစ်ခုကိုကျွမ်းကျင်ဖို လူများကိုသင်ပေးပါ 🌟🤝
    အကြောင်းအရာတစ်ခု၊ နည်းစနစ်တစ်ခုကို အမှန်တကယ်ကျွမ်းကျင်ဖို တခြားသူတစ်ယောက်ကိုသင်ပေးပါ။ရိုးရှင်းတဲ့စိတ်ကူးတွေနဲ့ လူအများသိအောင်လုပ်ဆောင်ခြင်းဟာ သင့် ကျွမ်းကျင်မှုကို ပိုမိုနက်နဲစေရုံသာမက သင့်ရဲ့ Professional Skill ကိုပါ ပိုမိုခိုင်မာစေတဲ့အကြောင်း စာရေးသူကပြောထားပါတယ်။ သင့်ကျွမ်းကျင်မှုကို စာရေးခြင်း၊ နည်းစနစ်ကိုမျှဝေခြင်းတိုကိုနေ့စဉ်ပြုလုပ်ခြင်းဟာ သင့်အရည်အချင်းကိုတိုးတက်စေရုံသာမက သင့်ရဲ့ ရေပုံးတွေကို အလျင်အမြန်ဖြည့်နိုင်မဲ့ရိုးရှင်းတဲ့နည်းလမ်းထဲကတစ်ခုပါ။

    ကျရှုံးမှု (Failure)နဲ့မသေချာမရေရာမှု(Uncertainty) ကိုလက်ခံပါ။🌫❌
    “ ကျရှုံးမှုကနေရရှိတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါက သင့်အမှားကနေသင်ယူနိုင်ခြင်းပါ “
    သင်လေးစားရတဲ့ အောင်မြင်နေတဲ့လူတိုင်းဟာ သင်ထင်ထားတာတွေထက်အများကြီးကျရှုံးဖူးကြပါတယ်။ အရှုံးသမားတွေနဲ့သူတိုရဲ့ကွာခြားချက်က သူတိုကျရှုံးမှုကနေသင်ခန်းစာယူတတ်ခြင်းပါ။ ကျရှုံးမှုလိုမျိုး မသေချာမရေရာမှုကို ကျွန်တော်တိုစိုးရွံကြပါတယ်။ မသေချာမရေရာမှု (Uncertainty)ကို (FOG – Feeling Of Growth) “တိုးတက်ဖိုအတွက်ခံစားချက်”လိုပြောင်းမြင်ကြည့်ပါ။ ဒါက သင်လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်ဆိုတဲ့အကြောင်းပြတဲ့သက်သေတစ်ခုပါပဲ။ Uncertaintyနဲ့ပက်သက်ပြီး စာရေးသူပြောတဲ့အရာဟာ Brianna Weist ရဲ့ The Mountain is you ထဲက “when you are genuinely on your own path, the future won’t be clear, because if it is, you’re actually following someone else’s blueprint.” ( မင်းလမ်းကြောင်းမှန်ပေါ်ရောက်နေရင် အနာဂတ်ကမသေချာဘူး၊ အနာဂတ်ကသေချာနေရင်မင်းအခြားသူတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကိုရောက်နေတာ) ဆိုတဲ့စာသားနဲ့ကိုက်ညီနေပါတယ်။

    သင့်ရဲ့နေ့ရက်တိုင်းကိုအကျိုးရှိစွာအသုံးချပါ။⏳💼
    ကျွန်တော်တိုမှာရှိတဲ့ အချိန်ဟာ အမြဲကန့်သတ်ချက်ရှိပါတယ်။ နေ့တစ်ရက်မှာ အချိန်ကို အသုံးပြုတဲ့ပေါ်မူတည်ပြီး ရေရှည်မှာ ရတဲ့ အကျိုးရလဒ်ဟာ သူမတူအောင်ကွာခြားသွားမှာပါ။ လူတွေရဲ့ လက်ခံမှုကိုရရှိဖို သူတိုအကြိုက်လိုက်နေတာ ၊ သူတိုရဲ့ အမြင်စောင်းမှုအပေါ်စိုးရိမ်တာတွေကိုအာရုံစိုက်ပြီး ကျွန်တော်တိုရဲ့နာကျင်မှုကိုဖြေဖျောက်ဖိုအတွက် Social Media မှာ အချိန်ကုန်ပြီးအကျိုးမရှိတာတွေလုပ်မိနေတာတွေကို ရပ်တံ့ရပါမယ်။ သင့်ကိုမနာလိုတဲ့ လူ 80% လောက်ကိုဖယ်ထုတ်ပစ်ပြီး သင့်ကိုတကယ်ဂရုစိုက်တဲ့ 20% သောလူတွေနဲ့အတူတိုးတက်မှုကိုအာရုံစိုက်ခြင်းဟာ သင့်အောင်မြင်မှုအတွက် လမ်းကြောင်းအမှန်တစ်ခုဖြစ်ပါတယ်။

    🎉🎉Steven Bartlett ရဲ့ The Diary Of A CEO စာအုပ်ဟာ သာမာန်စာအုပ်တစ်အုပ်မဟုတ်ပဲနဲ့ သင့်အတွေးအမြင်တွေကို အဆင့်မြှင့်တင်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။အောင်မြင်မှုဆိုတာ ရှုးနိမ့်မှု/မသေချာမှုတွေကနေ ရှောင်ပြေးတာမဟုတ်ပဲနဲ့ ဒီအရာတွေကပေးတဲ့သင်ခန်းစာတွေကနေ ရတဲ့တိုးတက်ပြောင်းလဲမှုရဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ရေပုံးတွေကိုဂရုတစိုက်ပျိုးထောင်ခြင်း၊ သာတူညီမျှစွာနေထိုင်ခြင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချခြင်းနဲ့ အသိပညာကိုမျှဝေခြင်းကနေဟာ သင့်ဘ၀ရဲ့အမြင့်ဆုံးရည်မှန်းချက်ကိုရရှိဖိုအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ သင့်လျှောက်တဲ့လမ်းမှာ အနာဂတ်ရဲ့ မရေရာမှုကိုတွေးမိတိုင်း “တိုးတက်မှုဟာ မသေချာမှုကိုလက်ခံမှုကနေဖြစ်တည်တယ် “ ဆိုတာကိုသတိရပါ။

    🎯 သင့်ဘ၀ရဲ့ဒိုင်ယာရီဟာ သင်အာရုံစိုက်ရွေးချယ်လိုက်တဲ့ရေပုံးလေးတစ်ပုံးကနေစပါတယ်။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်ဖို၊ သင့်ရည်မှန်းချက်တွေကို လက်ဆုပ်လက်ကိုင်ပိုင်ဆိုင်နိုင်ဖို အတွက် သင်ဒီနေ့ဘယ်ရေပုံးကိုဖြည့်ဖိုစဉ်းစားထားသလဲ ?

    Add to cart
  • What makes an effective executive?

    The measure of the executive, Peter F. Drucker reminds us, is the ability to “get the right things done.” This usually involves doing what other people have overlooked as well as avoiding what is unproductive. Intelligence, imagination, and knowledge may all be wasted in an executive job without the acquired habits of mind that mold them into results.

    Drucker identifies five practices essential to business effectiveness that can, and must, be learned:

    • Managing time
    • Choosing what to contribute to the organization
    • Knowing where and how to mobilize strength for best effect
    • Setting the right priorities
    • Knitting all of them together with effective decision-making

    Ranging widely through the annals of business and government, Peter F. Drucker demonstrates the distinctive skill of the executive and offers fresh insights into old and seemingly obvious business situations.

    Add to cart
  • 🔮 ကျွန်တော်တိုရဲ့နေ့စဉ်ဘဝတွေကို Tech Giants တွေက နေရာ ယူပြီးပြီ ဖြစ်ပါတယ်

    🌀 ကျွန်တော်တိုမသိတာရှိလိုတစ်ခုခုရှာချင်ရင် Google မှာ ရှာလိုရတယ်။ Apple က Mobile Phone လောက ကို ပြောင်းလဲပစ်ခဲ့တယ်။ Facebook က လူတစ်ဦးနဲ့တစ်ဦး အလွယ်တကူ ဆက်သွယ်လိုရတဲ့ Social Network တစ်ခု ဖြစ်ပြီးတော့ Amazon ကတော့ လူတွေ အိမ်ထဲက မထွက်ပဲ ပစ္စည်းတွေကို စျေးသက်သက်သာသာ နဲ့အမြန် ၀ယ်လိုရအောင် လုပ်ပေးနိုင်ပါတယ်။

    ⛄️ စာအုပ်ထဲမှာ Tech Giants တွေရဲ့Impact တွေကို သေချာရှင်းလင်းပြောပြထားပါတယ်။ သူတို စျေးကွက်တွေကြီးမားဖို Media ကို ဘယ်လို Infulence လုပ်သလဲ။ သူတိုပို ကြီးမားလာရင် ဖြစ်လာမယ့် အဆိုးအကောင်းတွေအကြောင်း ရှင်းလင်းပြောပြထားပါတယ်။

    👑 Amazon, Apple, Facebook and Google တိုက ကျွန်တော်တိုဘဝတွေကို ပိုအဆင်ပြေအောင် ပိုကောင်းမွန်လာအောင် လုပ်ပေးခဲ့တာတော့ အမှန်ပါ။ ဒါပေမယ့် သူတိုတွေက ဒါတွေကို အလကား လုပ်ပေးနေတာ မဟုတ်ပါဘူး။ သူတိုတွေ အခုလက်ရှိထက် ပိုပြီး ကြီးမားလာအောင် လုပ်ဆောင်နေကြတယ်။ သူတိုအတွက် ရနိုင်သမျှ စျေးကွက်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေကြတယ်။ လူတိုင်းရဲ့ ဘ၀ကို ပိုအဆင်ပြေ လွယ်ကူအောင် လုပ်ပေးနေတယ်ဆိုတဲ့ အရာတွေေကို Scott က တစ်ချက်ချင်းဆီ ထောက်ပြထားပါတယ်။

    🔺 Apple is a Machine, Amazon a Store, Google a Search Engine and Facebook a social media.

    ▪️ Facebook
    🎭 Tech Giants တွေ အင်မတန် ကြီးမားလာတဲ့ အခါမှာ သူတိုတွေက ပြန်ထိန်းချုပ်လိုမရနိုင်တော့ပါဘူး။ အရင်တစ်ချိန်က Facebook က သတင်းအမှား တွေကြောင့် ပြဿနာတွေ ဖြစ်ခဲ့ရတယ်။ Facebook က ကျွန်တော်တိုရဲ့Data တွေ ပေါက်ကြားကုန်တယ်။ Privacy တွေ ချိုးဖောက်ခံခဲ့ရတယ်။ Media ဆိုတဲ့ အတိုင်း လူကြီး လူငယ်မရွေး နေ့တိုင်း ဖတ်နေတာပါ။ လူတွေရဲ့Emotion ကို လွယ်လွယ်ကူကူ ထိန်းချုပ်လိုရတဲ့ အတွက် Facebook က လူတွေကို ဘယ်လို လှည့်စားနေသလဲ။ လူတွေရဲ့ခံစားချက်ကို ဘယ်လို ထိန်းချုပ်နေသလဲ။ လူတွေကို ပျော်အောင် လုပ်နေသလိုလိုနဲ့စိတ်ဆင်းရဲမှုတွေကို ဘယ်လိုပေးနေသလဲ ဆိုတဲ့ အချက်တွေ ပါ၀င်ပါတယ်။

    ▪️ Google
    💭 Scott က Google ကို လူရဲ့ဦးနှောက် အဖြစ်တင်စားထားပါတယ်။ ကျွန်တော်တိုတစ်ခုခုကို ရှာဖွေချင်ရင် Google မှာ အရင် ရှာပါတယ်။ Google is our modern man’s God! ကျွန်တော်တိုမသိတာတွေကို အမြဲ Google မှာ မေးနေတော့ အဲ့ဒီ့ Google က အဖြေတွေက မှန်လား။ မှားလား ဆိုတာ ဝေဖန် နိုင်စွမ်း လျော့ကျလာတယ်။ လူတွေရဲ့ ဆုံးဖြတ်ချက်က Google မှာ ရှိတဲ့ အကြောင်းအရာတွေအပေါ် အများကြီး မမှီခိုသင့်ဘူး လိုပြောထားပါတယ်။

    ▪️ Amazon
    🚕 တက္ကစီ ကား ကုမ္ပဏီကြီး တစ်ခုလိုပေါ့။ အစပိုင်းမှာတော့ လူတွေ တက္ကစီ လွယ်လွယ်ငှားလိုရအောင် ဆိုပြီး ဆောင်ရွက်ပေးတယ်။ ပြိုင်ဘက်လည်း ရှိနေတော့ စျေးတွေ ချပေးတယ်။ စျေး သက်သက်သာသာနဲ့စီးရတော့ လူတွေက အဆင်ပြေပြီး ပျော်တာပေါ့။ တက္ကစီ သမားတွေ လည်း အဆင်ပြေတယ်လေ။ ဒီလိုနဲ့စျေးကွက်မှာ တော်တော်နေရာရလာတယ်။ နောက်လည်းကျတော့ ပြိုင်ဘက်နဲ့ပူးပေါင်းလိုက်တော့ စျေးကွက် တစ်ယောက်တည်း ဖြစ်ပြီး စျေးကွက်ကို ကြိုက်သလို ခြယ်လှယ်နိုင်တာပေါ့။ အခုဆိုရင် အပြင်မှာ ငှားစီးရတာထက် စျေးတောင် ပိုကြီးနေသေးတယ်။ ဒါပေမယ့် စျေးကွက်တစ်ခုလုံးရသွားတော့ ဒါကိုပဲ ဆက်သုံးနေရတာပေါ့။

    💢 Amazon လည်း အဲ့သလိုပါပဲ။ အင်အားကြီးမားလာတဲ့အခါ အိမ်ဆိုင်လေးတွေ၊ စျေးဆိုင်လေးတွေ ပျောက်ကွယ်ကုန်တယ်။ လူတွေက Amazon ကပဲ ၀ယ်နေကြတော့ SME လေးတွေက Amazon နဲ့ပူးပေါင်းရပြီး Amazon အနိုင်ကျင့်သမျှ ခံရတော့တာပါပဲ။

    ▪️ The Fifth Horseman

    ❓ နောက် ထပ်ပေါ်လာမယ့် Tech Giant က ဘယ်သူ ဖြစ်မလဲ? နောက်ထပ် Trillion Company ကြီး က ဘယ်သူ ဖြစ်မလဲ ? စသဖြင့် Analyze လုပ်ထားတာကို မြင်တွေ့ရမှာပါ။ သူတိုတွေ ကြီးမားလာရင် ကြုံတွေ့ရမယ့် Impact တွေက ဘာတွေ ဖြစ်မလဲ။

    🔱 လူပေါင်း သန်းပေါင်းများစွာကို Influence လုပ်နိုင်တဲ့ ကုမ္ပဏီ တစ်ခု ကို တည်ထောင်နိုင်ဖိုဆိုတာ မလွယ်ကူ ပါဘူး။ ခု လက်ရှိ Tech Giants ဖြစ်နေတဲ့ Apple, Amazon, Facebook and Google ကုမ္ပဏီကြီး တွေကို အောင်မြင်တဲ့ အခြေအနေတစ်ခုရောက်အောင် ကြိုးစားနေကြတယ်။ တကယ်တော့ သူတိုအပြစ်မဟုတ်ပါဘူး။ Tech Giant တွေကတော့ သူတိုအမြတ်တွေ ပိုရနေအောင် နည်းမျိုးစုံနဲ့ကြိုးစားနေမှာပါပဲ။ Culture တစ်ခု အပြောင်းအလဲကို မသိပဲ စိတ်အလိုကို မလိုက်မိအောင် ထိန်းချုပ်ရမှာ ကျွန်တော်တိုတာ၀န်ပါလိုScott က ပြောခဲ့ပါတယ်။

    ⚛️ Scott Galloway က MBA သင်တန်းတွေ သင်ကြားပေးနေတဲ့ ဆရာ တစ်ယောက်ပါ။ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ အတွေ့အကြုံတွေကနေ Tech Giant တွေရဲ့အကြောင်းကို သိခဲ့ပြီး လူတွေကို ပြန်လည် မျှဝေပေးခဲ့ပါတယ်။ Ted Talk စတဲ့ ဟောပြောပွဲတွေမှာ The Four စာအုပ်အကြောင်းကို ခဏခဏ ပြောရပြီး Tech Giant တွေက လူတွေကို ဘယ်လို ခြယ်လှယ်နေသလဲ ဆိုတာတွေ ရေးသားထားတဲ့အတွက် လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

    Add to cart
  • 🎓 ဉာဏ်ကောင်းတဲ့လူတွေဟာ အရာရာထက် တစ်ပန်းသာတယ်ဆိုတာကိုလက်ခံသလား ?
    ရုပ်ရှင်တွေထဲမှာ အရမ်းထက်မြက်တဲ့ ဇာတ်လိုက်တွေ ( Death Note ထဲက L, Peaky Blinders ထဲက Thoma Shelby, Code Geass ထဲက Lelouch ) တိုကိုကြည့်ဖူးကြမှာပေါ့။ သူတိုဟာသူမတူတဲ့ဉာဏ်ရည်နဲ့ လူများထက် အကွက်ပေါင်းများစွာ ကြိုတင်တွေးနိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက်ကြောင့် လူအများရဲ့လေးစားချီးမြှောက်မှုကိုခံရတယ်။ ဉာဏ်ရည်အဆင့်အတန်းမြင့်မားသူတွေဟာ သူတိုလိုချင်တဲ့အရာကိုအလွယ်တကူဖန်တီးနိုင်တဲ့အတွက် သူ့တိုဘ၀ကို အားကျစရာလိုလူတွေကမြင်ကြတယ်။

    💩ဒါဆို အပြင်လောကမှာ Smart ဖြစ်တယ်လို ကျွန်တော်တိုထင်ထားတဲ့လူတွေဟာ တလွဲဆုံးဖြတ်ချက်တွေ ချတတ်ကြတာလဲ ?

    အရမ်းတော်နေတဲ့လူတစ်ယောက်က သောက်တလွဲဆုံးဖြတ်ချက်တွေမချတတ်ဘူးလို သင်ထင်နေရင် တက်တက်စင်အောင်လွဲပါလိမ့်မယ်။ ဂန္တဝင်မြောက်အောင်နာမည်ကြီးတဲ့လူတွေနဲ့ ကမ္ဘာ့အကောင်းဆုံးနေရာတွေမှာလုပ်နေတဲ့လူတွေတောင် ဒီထောင်ချောက်ထဲမိနေတတ်ပါတယ်။
    🟥2008 စီးပွားပျက်ကပ်
    🟥1986 NASA Challenger အာကာသယာဉ်ပျက်ကျမှု စတဲ့မှားယွင်းမှုအကြီးကြီးတွေဖြစ်စေခဲ့တဲ့အကြောင်းရင်းကို သိချင်သလား ?

    📒ဘယ်သူတွေဖတ်သင့်သလဲ?
    ▫️ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချနေရတဲ့ Management နယ်ပယ်ထဲကလူတွေ
    ▫️စွမ်းဆောင်နိုင်ရည်အပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ရာထူး၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် လမ်းကြောင်းရှာချင်သူတွေ
    ▫️Mental Ability နဲ့ Cognitive Power ကိုပိုတိုးတက်အောင်လေ့လာချင်တဲ့သူတွေ အတွက်

    📙စာအုပ်နာမည်က “The Intelligence Trap” ပါ။

    ❌တစ်ခါတစ်လေမှာ သင့်ဦးနှောက်ကတစ်စုံတစ်ခုကိုတားဆီးနေတယ်လိုခံစားရလိမ့်မယ် (ဥပမာ-တစ်ခုခုကို သင်လုပ်ဖိုလိုအပ်နေပြီဆိုတာမျိုး)။ ဒါပေမယ့် ဘာကိုလုပ်ရမလဲဆိုတာ မသိဘူး။

    🧠သင့်ဦးနှောက်မှာ သင့်ရဲ့အကောင်းဆုံးစိတ်ကူးတွေကိုတောင်အလွယ်တကူဖျက်ဆီးပစ်နိုင်တဲ့ ထောင်ချောက်တွေရှိနေတတ်တယ်။ဒီထောင်ချောက်တွေဟာ သင်ထင်ထားတာထက် သင့်ကိုပိုလွှမ်းမိုးနိုင်ပြီး သောက်တလွဲအတွေးတွေကိုတောင် ဓမ္မဓိဌာန်ကျတဲ့အတွေးတွေလိုထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ဒါကို စာရေးသူ David Robson က “Intelligence is raw processing power. But rationality is the ability to steer that power effectively.” “ ဉာဏ်ပညာဟာ အကြမ်းထည်စဉ်းစားနိုင်စွမ်းရှိတာဖြစ်ပြီး ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်တုံတရားနဲ့တွေးခေါ်နိုင်မှုဟာ ဒီဉာဏ်ပညာကိုအကောင်းဆုံးအသုံးချနိုင်တာဖြစ်တယ်” လိုပြောထားပါတယ်။

    😈ဉာဏ်ကောင်းရုံနဲ့တင်မလုံလောက်ပါဘူး။ The Intelligence Trap ကိုနားမလည်ရင် သင်ဟာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေလျက်နဲ့ သောက်တလွဲဆုံးဖြတ်ချက်တွေကိုချမိနေဦးမှာပါ။ ပညာရှင်တစ်ယောက်လို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ဖိုဆိုတာ သင်လိုအပ်နေတဲ့နေရာတွေကိုနားလည်သဘောပေါက်ပြီး ပိုကောင်းအောင်ပြုပြင်နိုင်မှုကနေလာပါတယ်။

    ဒီစာအုပ်ကလေးထဲမှာ
    🔹ထက်မြက်တဲ့လူတွေဟာ ဘက်လိုက်တွေးခေါ်မှု(Biased Thinking)တွေကြောင့် အကြံသစ်တွေကိုလက်မခံနိုင်ပဲကျရှုးရတဲ့အကြောင်းတွေ (Earned Dogmatism)
    🔹နည်းနည်းပဲသိတဲ့လူက အများကြီးသိတယ်လိုထင်ပြီး အများကြီးသိတဲ့လူက နည်းနည်းပဲသိတယ်လိုထင်တဲ့ (Dunning-Kruger Effect)
    🔹(The Curse Of Knowledge) တစ်ခုခုကို “မသိ” ဖိုဆိုတဲ့အရာဟာ “သိ”အောင်ကြိုးစားတာထက်ပိုခက်ခဲတဲ့ အသိပညာရဲ့ကျိန်စာအကြောင်း
    🔹အခက်အခဲကြုံတိုင်းအလွယ်ဆုံးနည်းလမ်းနဲ့ဖြေရှင်းဖိုကြိုးစားတဲ့ ဦးနှောက်ရဲ့ “Cognitive Miser Mode”
    🔹အကြွင်းမဲ့ယုံကြည်မှုကို လက်မလွှတ်အောင် ဆင်ခြေတွေပေးတတ်တဲ့ “Motivated Reasoning” ဆိုတဲ့အရာတွေရဲ့အကြောင်းကို တ၀ကြီးလေ့လာရမှာပါ။

    🧑‍🏫Smart Person တစ်ယောက်လိုမတွေးပဲ သူငယ်တန်းကျောင်းသားလေးတွေကိုစာသင်ပေးရသလို အရိုးရှင်းဆုံးဖြေရှင်းချက်ကိုတွေးတောနိုင်တဲ့ Feynman Technique စတဲ့အသုံးပြုနိုင်တဲ့နည်းလမ်းတွေလည်းပါဝင်ပါတယ်။

    ⚡️ဉာဏ်ကောင်းရုံသာမက ဆင်ခြင်တုံတရားနဲ့ကျိုးကြောင်းဆီလျော်စွာတွေးခေါ်နိုင်တဲ့သူတွေဟာ ရှေ့လျောက်အနာဂတ်ကို ဦးဆောင်ကြပါလိမ့်မယ်။

    တွေးခေါ်မှုတွေရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြီး ကန့်သတ်ချက်တွေကိုကျော်လွှားနိုင်ဖို David Robson ရဲ့ The Intelligence Trap နဲ့အတူ ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ချနိုင်ဖို သင် အဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • The greatest investment advisor of the twentieth century, Benjamin Graham, taught and inspired people worldwide. Graham’s philosophy of “value investing” — which shields investors from substantial error and teaches them to develop long-term strategies — has made The Intelligent Investor the stock market bible ever since its original publication in 1949.

    Over the years, market developments have proven the wisdom of Graham’s strategies. While preserving the integrity of Graham’s original text, this revised edition includes updated commentary by noted financial journalist Jason Zweig, whose perspective incorporates the realities of today’s market, draws parallels between Graham’s examples and today’s financial headlines, and gives readers a more thorough understanding of how to apply Graham’s principles.

    Vital and indispensable, this HarperBusiness Essentials edition of The Intelligent Investor is the most important book you will ever read on how to reach your financial goals.

    Add to cart

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping