Category: Business
Showing 49–62 of 62 results
-
Add to cart
လုပ်ငန်းရှင်တိုင်း ဖတ်သင့်တဲ့ စာအုပ်
🐾 သင့်လုပ်ငန်းအတွက် တစ်ခုခု တိုးတက်ပြောင်းလဲဖို လိုအပ်နေပြီဆိုရင်
💭 လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်။ Idea တွေရှိကြတယ်။ တစ်ချိုက တစ်ခြားတစ်ယောက်ကို ယုံလိုဆိုပြီး ပြောပြမိတယ်။ Idea က်ိ အသုံးချသွားတယ်။ တစ်ခြားတစ်ယောက်က အကောင်အထည် ဖော်သွားတယ်။ တစ်ချိုကျတော့ ဖြစ်မလာနိုင်ပါဘူးဆိုပြီး ငြိမ်သွားတယ်။ တစ်ချိုကျတော့ ငွေအင်အား မရှိလို၊ မအားလိုဆိုတာတွေနဲ့Idea က Idea အနေနဲ့ပဲ ရှိနေတော့တယ်။
📌 ကုမ္ပဏီ အများစုဟာ အစမှာတော့ Strategy တစ်မျိုးနဲ့သွားကြတယ်။ တဖြည်းဖြည်းကြာလာတာနဲ့သွားနေတဲ့ Strategy ကိုနောက်တစ်မျိုးပြောင်း၊ အဆင်မပြေရင် နောက်တစ်ပိုင်း ထပ်ပြောင်း အဲ့လိုနဲ့နောက်ပိုင်းရောက်တော့မှ Sustainable Success ကိုရရှိလာကြတယ်။
ဥပမာ ebay အစမှာတော့ ပစ္စည်းကို အိမ်တိုင်ရာရောက်ပိုပြီးမှ ပိုက်ဆံချေ၊ နောက်ကြတော့ Bank တွေနဲ့ချိတ်ဆက်ပြီး Banking နဲ့ပိုက်ဆံပေး၊ ပြီးတော့ Credit Card, Visa တွေ သုံးပြီး Online Banking နဲ့ပိုက်ဆံချေ အမျိုးမျိုး ပြောင်းလဲလာကြတယ်။ ပထမပိုင်းမှာ Asia ဘက်ကို ပစ္စည်းတွေ မပိုပေးနိုင်ဘူး။ အခုဆိုရင် မြန်မာနိုင်ငံကနေ ပစ္စည်းတွေ ဝယ်လိုရနေပြီ။ ဒါတင်မကဘူး။ ပစ္စည်းတွေကို တစ်လ၊ နောက်တော့ နှစ်ပတ်၊ အခုကျတော့ သုံးရက်နဲ့တောင်ပိုနေကြပြီ။ ကုမ္ပဏီကြီးတွေဟာ တဖြည်းဖြည်းနဲ့ပြောင်းလဲလာကြတယ်။ ဒါပေမယ့် သူတိုသွားနေတဲ့Target ကတော့ မပြောင်းလဲသွားဘူး။
The Lean Startup
🎲 Startup လုပ်ငန်းအများစုရဲ့ ၁၀ ပုံ မှာ ၈ ပုံ ဟာ ပထမတစ်နှစ်မှာ အရှုးပေါ်ကြတယ်။ နောက် ၃ နှစ်ကြာတဲ့ အချိန်မှာ ၉၂ ရာခိုင်နှုန်းက ထပ်ရှုးကြတယ်။ အချိန် ၅ နှစ်ကျော်လာတဲ့ အခါမှာ ၅ ရာခိုင်နှုန်းလောက်သာ အောင်မြင်တော့တယ်။ ဒီစာအုပ်ထဲမှာ Startup လုပ်ငန်းတွေအတွက် Customer ဘာတွေလိုနေသလဲ ဆိုတာကို အချိန်တွေ၊ ပိုက်ဆံတွေ မလိုအပ်ပဲ မကုန်အောင် သေချာလမ်းညွန်ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။📚 စာအုပ်ထဲမှာ Startup လုပ်ငန်းတွေအတွက် အပိုင်းသုံးပိုင်းနဲ့ခွဲခြားပြထားပါတယ်။
1. Vision
2. Steer
3. AccelerateVISION
🔦 VISION မှာ ကိုယ့် Startup Company ကို ဘယ်ကို ဦးတည်စေချင်တာလဲ။ Strategy, Plans and Objectives တွေကို သေချာချပြထားတာ ဖြစ်ပါတယ်။ Management မကောင်းရင် လွဲချော်မှုတွေ ဖြစ်နိုင်တယ်။ တစ်ခါတစ်လေမှာတော့ Startup ကို Business Plan တွေ သေချာချထားပါရဲ့ အကောင်အထည်လည်း ဖော်နေပြီ။ အဲ့ကျမှ ကိုယ့် Products တွေက Customer အတွက် အရမ်းမလိုအပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချိုကျတော့ အခွင့်အရေးကိုမြင်တယ်။ Culture က မလိုက်နိုင်ဘူး။ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ ၁၉၉၀ လောက်က Internet ဆိုတာ ဝေဝေဝါးဝါး မသိသေးချိန်မှာ Software ကုမ္ပဏီထောင်တယ်။ အစောပိုင်းမှာ အဆင်မပြေပေမဲ့ ခေတ်ကာလ အခြေအနေပြောင်းလဲလာတဲ့ အခါမှာ အဲ့ဒီ့ ကုမ္ပဏီကြီးတွေက အင်အားကြီးမားတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ကုန်ပြီ။ အခွင့်အရေးကို မြင်တတ်တဲ့ Entrepreneurial Mindset နဲ့ Sustainable လုပ်နိုင်စွမ်းကတော့ တကယ့်ကို အံ့သြမှင်သက်စေပါတယ်။Steer
🔑 ကိုယ့်ကုမ္ပဏီက အခြေအနေကောင်းလာပြီ။ ကိုယ့်ရည်ရွယ်ချက်ကလည်း လူတွေနဲ့နေ့စဉ်ဘ၀ အခက်အခဲတွေကို ဖြေရှင်းပေးပြီး ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို။ Uber မပေါ်လာခင်က လူတွေက Taxi တစ်စီးရဖိုကို မိုးရေထဲမှာ နာရီဝက်ကျော်လောက် မတ်တပ်ရပ်စောင့်ခဲ့ရတယ်။ အဲ့ဒီ့ အခက်အခဲလေးက Uber ဆိုတာဖြစ်လာခဲ့တယ်။ ဒါပေမယ့် Uber က အဲ့နေရာမှာတင် မရပ်သွားပါဘူး။ တစ်ခြား Uber Sectors တွေ ထပ်လုပ်နေသေးတယ်။ UberAUTO, UberBike, Uber Eats, UberRUSH အများကြီးပါပဲ။ သူတိုဟာ အောင်မြင်သွားတာနဲ့မရပ်ပဲ အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ဖိုအတွက် ကိုယ့်ကုမ္ပဏီကို Steering လုပ်လာပါတော့တယ်။ Steering နဲ့Sustainable Growth တစ်ခုဖြစ်အောင် လုပ်တာကို Testing တွေနဲ့သေချာရှင်းလင်းပေးထားတာကို မြင်တွေ့ရမှာပါ။Accelerate
🏃 ကုမ္ပဏီက အခြေခိုင်နေတဲ့ နေရာတစ်ခုမှာရောက်နေပြီ။ ပိုမြန်မြန်နဲ့ပိုကောင်းအောင် ဈေးကွက်ဖောက်ဖိုလိုလာပြီ။ ဥပမာ အနေနဲ့ပြောရရင် အရင်က Xiaomi တိုHuawei တိုဆိုတာ Brand တွေမဟုတ်ကြသေးပါဘူး။ Xiaomi ဆိုရင် အပတ်စဉ်တိုင်း OS နဲ့ပတ်သက်တဲ့ Update တွေ တင်ပေးတယ်။ Engineer တွေက Update တွေမှာ တစ်ခုခု လွဲချော်တာပါခဲ့ရင် ပြန်ပြင်တယ်၊ Update ထပ်ထုတ်တယ်။ တစ်နည်းအားဖြင့် Kaizen (Continuous Improvement) ပြန်ပြင်တယ်၊ ပြန်ထုတ်တယ်။ အခုချိန်မှာတော့ နှစ်ခု စလုံးက Brand အနေနဲ့ဖြစ်လာကြပြီ။ တစ်ချိန်က မယှဉ်နိုင်ခဲ့တဲ့ Samsung, Iphone တိုပါ Competitor အနေနဲ့ထည့်စဉ်းစားလာနေကြပြီ။ Products တွေကို ပိုပိုပြီး ဆန်းသစ်အောင်၊ လူတွေ အတွက် ပိုအဆင်ပြေအောင် ထုတ်လုပ်လာကြတယ်။ ကုမ္ပဏီရဲ့တိုးတက်မှုကို နည်းလမ်းမျိုးစုံ၊ သီအိုရီ မျိုးစုံကို အသုံးချပြီး ရည်ရွယ်ချက်ကို ရောက်အောင်ရေးထားတာကို လေ့လာရမှာပါ။💡 နောက်ဆုံးအနေနဲ့The Lean Startup by Eric Ries စာအုပ်ဟာ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်မဲ့သူတွေ၊ လုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်ထားပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့သူတွေ၊ ကိုယ့်မှာ စီးပွားရေးတစ်ခု လုပ်ဖိုအကြံဉာဏ်ကောင်းတွေ ရှိပြီး လုပ်ရမလား မလုပ်ရဘူးလား ခွဲခြားလိုမရသူတွေ အတွက် အကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Startup Business တစ်ခုကို လုပ်ဆောင်မယ့် အချိန်မှာ တစ်ခြားသူတွေ ရှုးမှာ ကြောက်လိုတွန့်ဆုတ်နေပေမယ့် Eric က သူ့လက်တွေ့အတွေ့အကြုံ တွေနဲ့ပြောပြထားတဲ့ အတွက် ရွေးချယ်ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
👑 Startup Business တိုင်း မရှုးပါဘူး။ ကိုယ့်မှာ ရှိတဲ့ Resources တွေကို သာ သေချာအသုံးချနိုင်မယ်ဆိုရင် အောင်မြင်တဲ့ Business တစ်ခု ဖြစ်လာမှာပါ။
🔬 The Only way to Win is to Learn faster than Anyone else.
-
Add to cart
သင်ဟာ
🤵🏻 Manager တစ်ယောက်လား?
👨💼Manager ဖြစ်ဖိုကြိုးစားနေသူလား ?
👔Manager အသစ်ခန့်ဖိုစဥ်းစားနေတဲ့လုပ်ငန်းရှင်တစ်ယောက်လား?🏋️ “Great Managers are not born, but made.” – Julie Zhuo
⚽️ ဘောလုံးသမားကောင်း တစ်ယောက်ရဲ့တာ၀န်က ဘာဖြစ်မလဲ။
◾️ ဘောလုံးသမားကောင်း တစ်ယောက်ရဲ့တာ၀န်က ဘောလုံးပွဲတွေမှာ အနိုင်ယူဖိုပါ။ ဒါပေမယ့် ပွဲတိုင်းလိုလို နိုင်အောင် ဆရာကောင်း တစ်ယောက်နဲ့သေချာ လေ့ကျင့်ဖိုတော့ လိုအပ်ပါတယ်။
💥 Managers ကောင်း တစ်ယောက်ကတော့သူ နဲ့အတူ တွဲဖက် လုပ်ကိုင်နေတဲ့ လူတွေနဲ့အတူ ပိုကောင်းတဲ့ ရလဒ်တွေကို ဖန်တီးပေးဖိုပါပဲ။
✔️ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖိုအတွက် အရေးကြီးဆုံးအရာကတော့ ကိုယ်က Follower ကောင်း တစ်ယောက် အရင်ဖြစ်ဖိုပါပဲ။ ဒါမှလည်း ခေါင်းဆောင် ဖြစ်လာတဲ့ အခါမှာ လုပ်ဖော်ကိုင်ဖက်တွေ နေရာမှာ ပို နားလည်လာမှာပါ။
” ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။” – Simon Sinek
စာအုပ်ထဲမှာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ထက်အသက်ကြီးတဲ့ လူတွေ အများကြီးကို ဦးဆောင်ရတဲ့ Julie Zhuo Facebook Vice President အနေနဲ့တာ၀န်ထမ်းဆောင်နေရင်း သူမ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။
◾️ Purpose, People, Process
ကိုယ့် အဖွဲက ဘာအတွက် ကြိုးစားနေတာလဲ။ ❓❓
🔹 တစ်နည်းအားဖြင့် သူတိုဘယ်နေရာ တစ်ခုကို ရောက်ချင်တာလဲ စသဖြင့် အရင်သိအောင် လုပ်ရမယ်။ Julie က Manager တစ်ယောက်ရဲ့ တာ၀န်က ကိုယ့်အဖွဲသားတွေကို အောင်မြင်တဲ့ ရည်မှန်းချက် တစ်ခုခုကို မရောက်ရောက်အောင် ဖော်ဆောင်ပေးဖိုပဲ ဖြစ်ပါတယ် လိုယုံကြည်ပါတယ်။
ကိုယ့် အဖွဲသားတွေကို စီမံ ခန့်ခွဲ နိုင်ဖိုအတွက် သူတိုကို ယုံကြည်ရမယ်၊ သူတိုရဲ့ကောင်းတာတွေကို တိုးတက်အောင် လုပ်ပေးပြီး ဆိုးတာတွေကို နားလည်ပေးရမယ်၊ သူတိုက ကိုယ့်အပေါ် အားကိုးနေတဲ့ အချိန်မှာ သူတိုအပေါ် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနိုင်ရမယ်လိုပြောထားပါတယ်။
အဖွဲထဲမှာ လူဦးရေ များတာနဲ့အမျှ စီမံခန့်ခွဲရတာ ပိုမို ခက်ခဲလာပါတယ်။ ကိုယ့်အဖွဲသားတွေ အတွက် အလုပ်လုပ်ရာမှာ ပိုလွယ်ကူစေဖို၊ သူတိုအတွက် အကျိုးရှိမယ့် Meeting တွေ ဖန်တီးပေးဖို၊ အလုပ်မှာ ပျော်ရွှင်ဖိုအတွက် Culture ကောင်း တစ်ခု ဖန်တီးတည်ဆောက်ပေးဖိုအရေးကြီးလာပါတယ်။ လိုပြောထားပါတယ်။
◾️ Safety Means Progress
🔹 အခက်အခဲတွေက ကျွန်တော်တိုကို နှောင့်နှေးစေဖိုဖြစ်လာတာပါ။ ရှေးခေတ် လူတွေမှာ အခက်အခဲ အများကြီး နဲ့ရင်ဆိုင်ရတယ်။ လူတွေက အစာရှာရတယ်၊ တောရိုင်းတိရစ္ဆာန်တွေကို စောင့်ကြည့်ရတယ်၊ နေစရာ နေရာတစ်ခု ရှာရတယ်။ ဒါကြောင့် ကျွန်တော်တိုတွေက လုံခြုံနေရတာကို ကြိုက်ကြပါတယ်။ နောက်မှာ အပူအပင်တွေ ကင်းရှင်းနေမှ ကိုယ်လုပ်ချင်တဲ့ အရာကို စိတ်တိုင်းကျ လုပ်ဆောင်နေနိုင်မှာပါ။ ခေါင်းဆောင်တွေ အနေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူတိုဘဝတွေ လုံခြုံမှုကို ပေးနိုင်ရပါမယ်။ ဒါမှလည်း သုတိုရဲ့လုပ်ကိုင်နိုင်စွမ်းတွေက ပိုတိုးတက်လာနိုင်မှာပါ။
အလုပ်ခွင်မှာ Stress များတာက အလုပ်များလိုအဓိက မဟုတ်ပါဘူး။ အထက်က လူတွေရဲ့ အတင်းကြပ် ထိန်းချုပ်မှုတွေ အောက်မှာ အလုပ်လုပ်နေရလိုပဲ ဖြစ်ပါတယ်။ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို လေးစားယုံကြည်ပြီး ချီးမြင့်မြှောက်စားတတ်တဲ့ မန်နေဂျာတွေနဲ့အလုပ်လုပ်ရတဲ့ လူတွေက အလုပ်ခွင်မှာ ပိုအောင်မြင်မှု ရကြပါတယ်။ ပိုပျော်ရွှင်ကြပါတယ်။
◾️ Trust, Preparation, Feedback
🔹 Manager ကောင်းတွေက သူတိုရဲ အဖွဲသားတွေနဲ့ကောင်းမွန်တဲ့ relationship တွေ ရှိနေဖိုလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် Manager တွေက သူတိုအမြင်တွေနဲ့ဖိနှိပ်စက်နေတာမျိုး ဒါမှမဟုတ် သူတိုအဖွဲသားတွေကို မင်းတိုလုပ်ချင်တာလုပ် ငါနဲ့မဆိုင်ဘူး၊ ပြီးတော့ အထက်က မကောင်းလိုလက်အောက်ငယ်သားတွေကို အပြစ်တွေ ပုံချတာမျိုး စသဖြင့် ပြောဆို ခိုင်းစေ တာမျိုး မဟုတ်ပဲ အမြင်တွေ ဖလှယ်ကြပြီးမှ ဆုံးဖြတ်ချက် ချဖိုတိုက်တွန်းထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ အခက်အခဲတွေကို နားထောင်ပြီး ဖြေရှင်းပေးတဲ့အခါ နားလည်မှု ပိုရလာကြပြီး အလုပ်ခွင်မှာ အောင်မြင်မှုတွေ ပိုမို ဖြစ်ပေါ်စေပါတယ်။
◾️ Julie Zhuo ရဲ့ The Making of a Manager စာအုပ်က လူအများ ချီးမြောက် ခံရတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ Julie Zhuo က Facebook မှာ ကျောင်းပြီးပြီး ချင်း အလုပ်သင် အနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။ အသက် 25 နှစ်ရောက်တဲ့အခါမှာ Facebook Product & Design ဌာနမှာ Manager အဖြစ် ရာထူးတိုးခြင်း ခံရပါတယ်။ ငယ်ရွယ်တဲ့ Manager တစ်ယောက် ဖြစ်ပြီး လူ အယောက် (၂၀၀) ကျော် ဦးဆောင်ရတဲ့ အခါမှာ ပတ်၀န်းကျင်ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေ၊ မန်နေဂျာကောင်းတစ်ယောက်ရဲ အခက်အခဲတွေ၊ ငယ်ရွယ်ပေမယ့် အရှုးမပေးပဲ ကြိုးစားခဲ့ပုံတွေကို ရေးသားထားတဲ့အတွက် လူငယ်ဆန်ဆန် ရသ မြောက်တဲ့ အရေးအသားကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
-
Add to cart
🏎️Lamborghini ကားပေါ်ကို Wheelchair နဲ့တက်လိုမရပါဘူး။
အိမ်မက်ထဲက Lamborghini ကားကိုအသက် ၆၀ ကျော်မှစီးဖိုစဉ်းစားရင် တစ်လဝင်ငွေရဲ့ ၁၀ရာခိုင်နှုန်းကိုလတိုင်းစုပါ။ Lamborghini ကို ငါးနှစ်အတွင်းစီးဖိုစဉ်းစားမှသာဒီစာအုပ်ကို သတ္တိရှိရှိဖတ်ပါ။📖𝐓𝐡𝐞 𝐌𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐅𝐚𝐬𝐭𝐥𝐚𝐧𝐞 𝐛𝐲 𝐌𝐉 𝐃𝐞𝐌𝐚𝐫𝐜𝐨📖
အောင်မြင်ရေးစာအုပ်တွေရေးတဲ့သူတိုင်း သူတိုပြောတဲ့နည်းတွေကိုသူတိုကိုယ်တိုင် အသုံးပြုမနေကြပါဘူး။
ကျွန်တော်တိုဟာ ခေတ်နောက်ကျနေတဲ့ အောင်မြင်မှု လမ်းညွှန်တွေနောက်လိုက်ပြီးလမ်းပျောက်နေတဲ့ သူတွေဖြစ်နေတတ်ကြတဲ့အကြောင်းနဲ့ DeMarco ကအခုခေတ်နဲ့လိုက်လျောညီထွေမှုရှိတဲ့ လမ်းညွှန်မှုအသစ်တွေကို ဒီစာအုပ်ထဲမှာရှင်းပြထားပါတယ်။1. ကြွယ်၀ချမ်းသာမှုကိုသွားတဲ့လမ်းဟာ အမြန်လမ်းဖြစ်တယ်၊ ဖြေးဖြေးတည်တည်ငြိမ်ငြိမ်သွားရတဲ့လမ်းကြောင်းတစ်ခုမဟုတ်ဘူး
🚅The Road to Wealth is the Fast lane, not the Slow and Steady lane🚅အစမှာပြောခဲ့သလိုပဲ Compound Interest ဟာ Warren Buffett ရဲ့ အောင်မြင်မှုကိုရရှိစေခဲ့တဲ့နည်းလမ်းတစ်ခုဖြစ်တယ်၊ ဒါပေမယ့် ခင်ဗျားလိုချင်တဲ့အောင်မြင်မှုကိုရဖို နောက်ထက် နှစ် ၄၀ စောင့်မှာလား ? Wheelchair ပေါ်ရောက်တော့မှ Lamborghini ကားဝယ်စီးနိုင်မယ့် Plan တွေကိုအကောင်အထည်မဖေါ်ပါနဲ့။ DeMarco က “ Entrepreneurship ဆိုတာ မင်းဘ၀ရဲ့ အချိန်တချိုကို အခြားဘယ်သူမှမလုပ်ချင်တဲ့အရာတွေလုပ်ပြီး ကျန်တဲ့အချိန်တွေမှာ အခြားဘယ်သူမှမရနိုင်တဲ့ အောင်မြင်တဲ့ဘ၀မှာ နေနိုင်ဖိုကြိုးစားပါ “ ဆိုပြီး ကျွန်တော်တိုရဲ့ Core Belief တွေကို ပြောင်းလဲဖိုစိန်ခေါ်ထားပါတယ်၊
2. ကြွယ်၀မှုကိုဖန်တီးခြင်း – တန်ဖိုး နဲ့ ပြသနာတွေကိုဖြေရှင်းနိုင်မှု
💰Creating Wealth – Value and Problem solving💰လူတွေရဲ့ ကြုံတွေ့နေတဲ့ ပြသနာကိုရှာပါ, အဲ့ဒီ့ ပြသနာကိုဖြေရှင်းနိုင်တဲ့ တန်ဖိုးမြင့်ထုတ်ကုန်ကိုရောင်းပါ။
ငွေကြေးကိုအသုံးချပြီး ပစ္စည်းတွေဝယ်တိုင်း အဲ့ဒီ ပစ္စည်းဟာကျွန်တော်တိုရဲ့ အခက်အခဲတစ်ခုကိုဖြေရှင်းဖို လိုအပ်ပါတယ်။
“တစ်စုံတစ်ယောက်က သူ့ပိုက်ဆံကိုမင်းကိုလိုလိုလားလားနဲ့ပေးချင်တာဟာ သူ့ရဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲ့ အဖြေမင်းမှာရှိနေလို” ဆိုပြီး DeMarco ကရှင်းပြထားပါတယ်။ အခက်အခဲတွေကိုဖြေရှင်းနိုင်တဲ့ “ တန်ဖိုး ( အချိန်, လုပ်အား, ကျွမ်းကျင်မှု ) “ ဟာ သင့်ပစ္စည်းကိုလူတွေစိတ်ဝင်စားလာဖိုလုပ်နိုင်တဲ့အကောင်းဆုံးသော့ချက်ပါပဲ။3. အောင်မြင်မှုအတွက်ရှိထားမဲ့ စိတ်ထား
🧠The Right Mindset for Entrepreneurs🧠အောင်မြင်ချင်စိတ်ရှိတိုင်း အောင်မြင်မှုကိုရရှိမယ်ဆိုရင် လူတိုင်း Entrepreneur တွေဖြစ်ကုန်ကြမှာပေါ့၊ ဒါဆိုရင်တကယ်အောင်မြင်နေပါတယ်ဆိုတဲ့သူတွေမှာဘာကွာခြားမှုရှိသလဲ ဆိုတဲ့မေးခွန်းတစ်ခုဖြစ်လာတယ်။
အဖြေက “ စိတ် “ ပါပဲ။
ဘယ်လောက်ပဲ ထိပ်ဆုံးကိုရောက်ချင်ပါတယ်လိုပြောနေပါစေ အလုပ်ကိုအမြဲနောက်ကျပြီးမှလာပြီး နာရီဝက်စောပြန်ချင်တဲ့သူတစ်ယောက်ဟာ သူလိုချင်တာကိုဘယ်တော့မှပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။
တကယ်ရချင်တဲ့လမ်းကြောင်းပေါ်ရောက်ဖို ကျင့်ကြံရမဲ့ စိတ်ထားနဲ့ကျင့်ဝတ်တွေဟာ ဒီစာအုပ်ထဲမှာရှိပါတယ်။4. အချိန်-သင့်ရဲ့အရေးအကြီးဆုံး ရင်းနှီးမြုပ်နှံမှု
⌛️Time – The most valuable asset⌛️သင့်ရဲ့ တစ်လစာဝင်ငွေကို သင်ကိုယ်တိုင်သိတယ်ဆိုရင် တစ်ရက် (သို) တစ်နာရီဝင်ငွေကဘယ်လောက်ရှိမလဲလိုတွေးကြည့်ဖူးပါသလား ?
အရင်လက သွားစားခဲ့တဲ့ မာလာရှမ်းကော (သို) ကော်ဖီတစ်ခွက်သောက်ဖိုအတွက် သင်ဘယ်နှစ်နာရီအလုပ်လုပ်ရသလဲ ?
ဥပမာ- ဒီလိုမျိုးတွေးကြည့်ပါ
သင်ဟာ တစ်လ ကိုးသိန်းဝင်ငွေရှိတဲ့သူဆိုရင် -> တစ်ရက်ဝင်ငွေ သုံးသောင်း
သင့်ရဲ့တစ်ရက်အလုပ်လုပ်ချိန်ဟာ Hot Pot ဆိုင်ကောင်းကောင်းတစ်ခုမှာ နှစ်နာရီပဲ ထိုင်စားဖိုအချိန်ရတယ်.
ဒါဟာတန်ရဲ့လား ?
အချိန်တစ်ခုမှာရတဲ့ဝင်ငွေဟာ အဲ့ဒီ့အချိန်ကိုကိုယ်သုံးတာထက် ပိုတဲ့ဝင်ငွေကိုပေးနိုင်တဲ့လမ်းကြောင်းတစ်ခုပေါ်သင်ရောက်ပြီဆိုရင်
သင်ရဲ့အချိန်တွေဟာ တန်ဖိုးဖြတ်မရတဲ့ရင်းနှီးမြှုပ်နှံမှုတွေအဖြစ်ပြောင်းလဲလာပါလိမ့်မယ်။5. ပြည့်စုံခြင်းကိုရရှိစေမဲ့ ဖော်မြူလာ
💹The Formula for Wealth💹အောင်မြင်မှုကို အမြန်ဆုံးရရှိနိုင်မယ့် အမြန်လမ်းပေါ်ကိုရောက်ဖိုအတွက်ကြိုတင်ပြင်ဆင်ရမဲ့အစီအစဉ်တွေနဲ့ Formula တွေရှိပါတယ်။ ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့ငွေကြေးနဲ့အချိန်သုံးစွဲမှုအကျင့်တွေကို ကိုယ်တိုင်လက်ခံပြီးပြင်ဆင်ဖိုပထမဆုံးလုပ်ရမှာပါ။ နောက်ပြီး ( ကြွယ်ဝမှု = (အမြတ်ငွေ + ပိုင်ဆိုင်မှုတန်ဖိုး) / အချိန် ) ဆိုတဲ့ Formula ကို DeMarco က မျှဝေထားပြီး “မင်းရဲ့လစာဟာမင်းရဲ့ချမ်းသာမှုကိုမြန်မြန်တည်ဆောက်မပေးနိုင်ဘူး” လိုဆိုထားပါတယ်။
💪သတ္တိရှိတဲ့သူတွေအတွက်တော့ အောင်မြင်ဖိုလမ်းဟာ နှေးကွေးပြီး တည်ငြိမ်တဲ့လမ်းမဟုတ်ပါဘူး။
😎ဒီစာအုပ်ဟာ သမားရိုးကျအောင်မြင်ရေးလမ်းညွှန်တွေနဲ့မတူပဲ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ အောင်မြင်မှုလမ်းကြောင်းကိုဖောက်ထွက်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ ။
💼ရဲရင့်တဲ့ စွန့်ဦးတီထွင်သူတွေလျှောက်ဖိုလမ်းမှာ အထောက်အကူဖြစ်စေမဲ့အရာတွေကို ဒီစာအုပ်ထဲကရယူလိုက်ပါ။ -
Add to cart
💸 “MBA is a BAD Idea.” – Elon Musk
📚 ပညာရပ်တစ်ခုကို သင်ထားပေမဲ့လည်း အသုံးမချနိုင်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ခေတ် အချိန်ကာလကောင်း တစ်ခုကို ရောက်ရှိနေချိန်၊ လူတိုင်း Management ပညာရပ်တွေကို လေ့လာနေချိန်၊ MBA ဆိုတာက လူတိုင်း ပါးစပ်ဖျားမှာ စွဲထင်နေချိန်မှာ MBA ဆိုတာကရော တကယ် အသုံး၀င်ရဲ့လား။
🇺🇸 ၁၉၀၈ ခုနှစ် အစပိုင်းမှာ Harvard Graduate School မှာ MBA အတန်းစဖွင်ခဲ့တယ်။ အစပိုင်းမှာတော့ သင်တန်းသား အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၃၀ ခုနှစ်မှာမှ MBA သင်တန်းတွေက နာမည်ပိုရလာပြီး သင်တန်းသားတွေ များလာခဲ့တယ်။
💼 အခုချိန်မှာတော့ လူတစ်ချိုက MBA ကို စီးပွားရေး လုပ်ငန်းတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘွဲတစ်ခုလိုသတ်မှတ်ထားပြီး တစ်ချိုကတော့ MBA ဆိုတာ လူတွေရဲ့အတွေးအခေါ်တွေကို စည်းမျဉ်းတွေနဲ့ ဘောင်ခတ်လိုက်တဲ့ ပညာရပ်လိုသာခေါ်ဝေါ်ကြတယ်။
✖️ Bill Gates, Elon Musk, Mark Zuckerberg စတဲ့ ကမ္ဘာကျော် လူတွေမှာ MBA ဆိုတဲ့ ဘွဲမရှိပါဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးကို ပြောင်းလဲပေးနိုင်တဲ့ လုပ်ရပ်တွေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဆိုရင် MBA က မကောင်းဘူးလား။ MBA ဘွဲကို မလိုအပ်ဘူးလား။ မဟုတ်ပါဘူး။ MBA ဘွဲက မကောင်းတာ မဟုတ်ပါဘူး။ ငွေကြေးတွေ အချိန်တွေ အများကြီး အကုန်ကျခံပြီး MBA တက်ပြီးတော့မှ ရလာတဲ့ အသိပညာတွေကို လူတွေက အသုံးမချကြတာပါ။
▪️ Education or Degree
👔 Rich Dad, Poor Dad စာအုပ် ရေးသားခဲ့သူ Robert Kiyosaki က “Schools teach Children How to Become Employees” ကျောင်းတွေက ကလေးတွေကို အကောင်းဆုံး ၀န်ထမ်းတွေ ဖြစ်အောင် လေ့ကျင့်ပေးနေပါတယ်လိုပြောသွားခဲ့တယ်။ ကျွန်တော်တိုကျောင်းတက်နေတာဟာ ပညာ လိုချင်လိုလား။ ဒါမှမဟုတ် အလုပ်ခွင်မှာ နေရာတစ်ခု ရဖိုလား မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။
▪️ Self-Education
📂 My Personal MBA စာအုပ်ရေးသားသူ Josh Kaufman က သူ့အလုပ်ခွင်မှာ Assistant Manager ရာထူးအဖြစ် လုပ်ကိုင်စဉ် အခါက ပတ်၀န်းကျင်က လုပ်ဖော်ကိုင်ဖက်တွေဟာ MBA ရပြီးသားသူတွေ ဖြစ်တဲ့အတွက် စိတ်အားငယ်စိတ် ပေါ်လာခဲ့ပါတယ်။ Josh က MBA ပြန်တက်မယ်ဆိုရင် အနည်းဆုံး အချိန် နှစ်နှစ်နဲ့ကန်ဒေါ်လာ ၁ သိန်း ကုန်ကျမှာ ဖြစ်တဲ့အတွက် ဝေခွဲမရ ဖြစ်နေပါတယ်။ Josh ရဲ့ဆရာ Charlie ကကျောင်းပြန်တက်မယ့် အချိန်တွေကို ကိုယ့်ဘာသာ ကြိုးစားလိုက်မယ်ဆိုရင် ပိုအောင်မြင်မယ်လိုပြောလိုက်တဲ့အခါမှာ Josh က စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ရှုခဲ့ပြီး MBA မတက်ရပဲ စီးပွားရေး လုပ်ငန်းတိုင်းမှာ တူညီတဲ့ Fundamentals တွေကို တွေ့ရှိခဲ့ပါတယ်။
👤 Josh ရဲ့ဆရာ Charlie က ဘယ် စီးပွားရေးကျောင်းကိုမှ မတက်ခဲ့ပါဘူး။ Omaha မြိုမှာ Lawyer အနေနဲ့အရင်လုပ်ကိုင်ခဲ့တာပါ။ ဒါပေမယ့် Charlie က Warren Buffet နဲ့အတူ Berkshire Hathaway ကို 400 Billion တန်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ Charlie သိသမျှ စီးပွားရေး လုပ်ငန်းတွေအကြောင်းတွေက သူ့ဘာသာ သူ သင်ယူထားတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတိုင်းမှာ တူညီတဲ့ အခြေခံတွေကို လေ့လာသိရှိပြီးတဲ့ အချိန်မှာ ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။
🗣 Josh က သူ့ဆရာ Charlie ရဲ့စကားကြောင့် စီးပွားရေး စာအုပ်တွေ အများကြီး ဖတ်ပြီး ရလာတဲ့ အခြေခံ နည်းလမ်းတွေကို My Personal MBA စာအုပ်မှာ ရေးသားခဲ့ပါတယ်။ စာအုပ်ထဲက အနှစ်သာရ ရှိတဲ့ အချက်အနည်းငယ်ကို ရှင်းပြပေးလိုက်ပါတယ်။
▪️ Value Creation
🔇 Customer တွေအတွက် Value မဖန်တီးပေးနိုင်တဲ့ လုပ်ငန်းတစ်ခုဟာ ဝါသနာ အရ အပျော်လုပ်တဲ့ လုပ်ငန်းတစ်ခုသာ ဖြစ်တယ်။
🌀 လူတွေက ကုမ္ပဏီက ထုတ်တဲ့ Products တွေ၊ Services တွေကို ဘာလိုပိုက်ဆံပေးပြီး ၀ယ်ရမှာလဲ။ ပထမအချက်ကတော့ High Convenience ဖြစ်ပါတယ်။ လမ်းထိပ်မှာ ထွက်ပြီး တက္ကစီ ငှားလိုရရဲ့သားနဲ့အိမ်မှာ နေပြီး ဖုန်းနဲ့တက္ကစီ ခေါ်ကြပါတယ်။ လွယ်လွယ်ကူကူနဲ့အဆင်ပြေပြီး မြန်ဆန်တဲ့ အတွက် လူတွေက Taxi Services တွေ သုံးကြပါတယ်။ နောက်တစ်ခုကတော့ High Fidelity ပါ။ လူတွေက Apple Products တွေကို စျေးကြီးပေးပြီး ၀ယ်ကြပါတယ်။ ဘာလိုလဲဆိုတော့ Brand က ပေးတဲ့ Social Status၊ စိတ်ခံစားရမှုတွေ ပြီးတော့ အသွင်အပြင်တွေကြောင့် ၀ယ်သုံးကြပါတယ်။
⁉️ လူတွေဘ၀ အတွက် လွယ်ကူအောင် လုပ်ပေးမယ့် အရာကို ထုတ်မလား၊ လူတွေကို စိတ်ခံစားမှု ပိုကောင်းစေမယ့် Premium ပစ္စည်းတွေကို ထုတ်မလား။
▪️ Marketing
🐌 Marketing သေချာ မလုပ်တဲ့ လုပ်ငန်းတစ်ခုဟာ တစ်ချိန်မှာ ကျရှုးမယ့် လုပ်ငန်း တစ်ခု ဖြစ်တယ်။ သီချင်းတွေကို CD နဲ့နားထောင်တဲ့ခေတ်မှာ Apple က ပထမဆုံး iPod ထုတ်တော့ Steve Jobs က အိတ်ကပ်ထဲမှာ သီချင်းအပုဒ် ၁၀၀၀ ထည့်ထားလိုရတယ်လိုပြောပြီး Marketing လုပ်ခဲ့ပါတယ်။ Steve Jobs က လူတွေသတ်မှတ်ထားတဲ့ စံနှုန်းတွေကို ကျော်လွန်ပြီး အံသြမှင်သက်အောင် လုပ်နိုင်ခဲ့ပါတယ်။
▪️ Sales
➖ ဖန်တီးထုတ်လုပ်ထားတဲ့ Value Products တွေ၊ Services တွေကို မရောင်းနိုင်တဲ့ လုပ်ငန်းတစ်ခုဟာ အကျိုးအမြတ် မရှိနိုင်ဘူး။
❓ ကြိုးစားပန်းစား ရှာထားရတဲ့ ငွေတွေကို လူတွေက မယုံကြည်ပဲ ဘာလို၀ယ်ရမှာလဲ။
⚛️ လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်ရယူနိုင်အောင် လူတွေ ယုံကြည်ရတဲ့ Influencer တွေနဲ့Marketing လုပ်ပြီး ပစ္စည်းကို ရောင်းလိုရပါတယ်။ တကယ်လိုSocial Proof မရနိုင်ခဲ့ဘူးဆိုရင်တော့ ဖြည်းဖြည်းမှန်မှန်နဲ့Products တွေ Services တွေကို ရောင်းချပြီး လူတွေရဲ့ယုံကြည်မှု၊ တန်ဖိုးထားမှု တည်ဆောက်ပါ။
❌ မယုံကြည်ရတဲ့ Brand ကို လူတွေ မသုံးချင်ကြပါဘူး။
▪️ Value Delivery
💢 ပြောထားတဲ့ အတိုင်း မလုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဟာ အလိမ်အညာ တစ်ခုသာ ဖြစ်တယ်။
🎁 ကိုယ့်လုပ်ငန်းက လူတွေရဲ့မျှော်မှန်းမှုတွေကို ကျော်လွန်အောင် လုပ်ပေးနိုင်သလား။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက Zappos မှာ ဖိနပ်မှာမယ်ဆိုရင် ပထမဆုံးအနေနဲ့Zappos က Surprise လုပ်ပေးပါတယ်။ ကိုယ်မှာလိုက်တဲ့ ဖိနပ်က နောက်ရက်မှာ Free Delivery နဲ့အိမ်ရှေ့ကို ရောက်နေတာ တွေ့ရမှာပါ။ Free One Day Delivery Service ကို Marketing ဆင်းတာပါ။ Customer တွေ မျှော်လင့်ချက်ထက် ပိုသာအောင် စွမ်းဆောင်ပေးနိုင်ရင် Customer က ကိုယ့် Brand ကို ယုံကြည်စိတ်ချမယ်။ နောက်တစ်ခါ ထပ်၀ယ်မယ်။ အဲ့ဒါတွေအပြင် တစ်ခြားသူတွေကိုပါ ၀ယ်ဖိုတိုက်တွန်းပေးဦးမှာပါ။
▪️ Finance
🔌 လုပ်ငန်း ဆက်လုပ်ဖိုအတွက် လိုအပ်တဲ့ ငွေကြေးကို လည်ပတ်အောင် မလုပ်နိုင်တဲ့ ကုမ္ပဏီကတော့ ကြိမ်းသေ ပိတ်ပစ်ရမှာပါ။
🔎 မေးခွန်းကတော့လုပ်ငန်းမှာ သုံးနေတဲ့ ငွေကြေးထက် ပိုများတဲ့ ပမာဏကို ပြန်ရအောင် လုပ်နိုင်သလား ဆိုတာပါပဲ။ မလုပ်နိုင်ဘူးဆိုရင်တော့ သုံးနေတဲ့ ငွေကြေးမှာ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပစ်ဖို၊ ၀င်ငွေ၊ သုံးငွေ ပြန်လည် ချိန်ဆဖိုဖြစ်ပါတယ်။
🖐 အခုဖော်ပြပေးသွားတဲ့ အချက်ငါးချက်က စီးပွားရေး လုပ်ငန်းတိုင်းမှာ အသက်တမျှ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီ အချက်အလက်တွေကို သေချာနားလည်ပြီး တကယ် အသုံးချနိုင်မယ်ဆိုရင် MBA တက်ဖိုငွေကြေးတွေ အချိန်တွေ ကုန်စရာ မလိုတော့ပါဘူး။ စာရေးဆရာ Josh က My Personal MBA စာအုပ်ထဲမှာ စီးပွားရေး လုပ်ငန်း Concepts 200 ကျော် ကို ထည့်သွင်းရေးသားပေးထားပါတယ်။
💰 သင့်၀င်ငွေရဲ့ ၁၀ ပုံ ၁ ပုံ တောင်မရှိတဲ့ ပမာဏလေးကို ရင်းပြီး အချိန် ၉ နာရီအတွင်းမှာ MBA အတွေ့အကြုံကောင်းတွေကို ရယူလိုက်ပါ။
-
Add to cart
🤬 သေချာတာ တစ်ခုက အခုချိန်အထိလည်း ကျွန်စနစ်က ရှိနေတုန်းပဲ
❓ ဘယ်လို ကွာခြားသွားလဲ❓⌛️ မနက် ၉ နာရီ ကနေ ညနေ ၅ အထိ၊ တင်္နလာ မှ သောကြာ၊ တစ်နှစ်လုံး လုပ်ပြီးရင် Bonus နဲ့ ခွင့်ပိတ်ရက် နည်းနည်းရ၊
⏳ အချိန်တွေသာ ကုန်သွားတယ်၊ ဘာမှ မဖြစ်လာဘူး။
ကိုယ့် မိသားစုအတွက် မဖူလုံသွားဘူး၊ မပြည့်စုံသွားဘူး၊ အဆင်လည်း မပြေဘူး။ ဒါက ခေတ်သစ် ကျွန်စနစ် တစ်ခုပဲ။💸 လွန်ခဲ့တဲ့ ၁၀ နှစ်က လမ်းထိပ်မှာ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးက ခုလည်း ဆိုက်ကား နင်းတုန်းပဲ။
💵 တစ်ပြိုင်နက်တည်းမှာပဲ ချမ်းသာတဲ့လူတွေက ပိုပိုပြီး ချမ်းသာလာပြီး ဆင်းရဲနွမ်းပါးသူတွေက ပိုပိုပြီး ဆင်းရဲလာကြတယ်။
🕰 တစ်ရက်မှာ အချိန် ၂၄ နာရီ ရှိတာချင်း အတူတူ ဘာတွေ ကွာခြားကုန်ကြတာလဲ။
💰 Poverty is a mindset, a process, an environment
💰 ကိုယ့် ပတ်ဝန်းကျင်မှာ အမြဲတစေ ကြားနေရတဲ့ စကားတွေကို သေချာနားထောင်ကြည့်လိုက်။
💰 “ဒီပစ္စည်း မဝယ်နိုင်ဘူး၊ ပိုက်ဆံက မိုးပေါ်က ကျလာတာ မဟုတ်ဘူး၊ ကျောင်းတက်၊ အလုပ်လုပ်၊ အိမ်ထောင်ကျ၊ ရှိတာနဲ့ပဲ တင်းတိမ်၊ ချမ်းသာတဲ့ လူတွေက မကောင်းဘူး” စသဖြင့် ကြားဖူးနေကျ ဆိုရင် သင့်ဆီမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ဖိုအတွက် လိုအပ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခု ရှိမနေပါဘူး။ ဒါကြောင့်လည်း မချမ်းသာနိုင်ပါဘူး။
💰 ဘာလိုဆိုရင် သင်ဟာ ကျွန်စနစ်ထဲက လူတစ်ယောက်ပဲ ဖြစ်နေလို။🧲💰 Why the Rich Get Richer?????
🏆 ဘာလို အောင်မြင်တဲ့သူတွေက ပိုအောင်မြင်လာလည်း ဆိုရင် သူတိုက ခေတ်သစ် ကျွန်စနစ်ရဲ့ သဘောတရားတွေကို နားလည်နေလိုပဲ။ သူတိုမှာ ပတ်ဝန်းကျင်ကောင်း ရှိတယ်၊ ကိုယ့်အမြင်တွေကို လေးစားတဲ့သူတွေ ရှိတယ်၊ အထောက်အပံ့ကောင်းတွေလည်း ရှိတယ်။ မရှိရင်လည်း ရှိနေတဲ့ နေရာတစ်ခုကို ကြိုးစား လိုက်ရှာတယ်။ ရုန်းကန်တယ်။ ဇွဲလုံလ ဝိရိယ စိုက်ထုတ်တယ်။
စာအုပ်ထဲမှာ
🔹 ခေတ်သစ်ကျွန်စနစ် အကြောင်း
🔹 ငယ်စဉ်အခါမှာ ပတ်ဝန်းကျင်က ဂျင်းထည့်ပုံတွေ
🔹 Beliefs, Biases and B***sမှားမှာဆိုးလို
❌ စာအုပ်က တတ်ကျမ်း မဟုတ်ပါဘူး။ အဲ့တော့ ဒီစာအုပ် ဖတ်ပြီးတော့ ပျော်ရွှင်ပြီး အလုပ်တွေ အရမ်း လုပ်ချင်ကိုင်ချင်စိတ် ဖြစ်မှာမဟုတ်ပါဘူး။ စာအုပ်က သင့် အတွေးထဲမှာ ချောင်ပိတ်နေတဲ့ လှောင်အိမ်ထဲက ငှက်ကလေးကို အပြင်ရောက်ဖို လှောင်အိမ်ကို ရိုက်ချိုးမယ့်စာအုပ်တစ်အုပ်၊ သင့်အတွေးတွေကို ပြောင်းပြန် လှန်ပစ်မယ့် စာအုပ်တစ်အုပ်၊ သင့်ကို ရုန်းကန်စေမယ့် စာအုပ်တစ်အုပ်။
စာအုပ်က ပြင်းတယ်၊ ကြမ်းတယ်၊ ခက်ထန်တယ်။ -
Add to cart
💵PAY YOURSELF FIRST💵
💹မင်းရှာတဲ့ပိုက်ဆံရဲ့ တစ်စိတ်တစ်ပိုင်းက မင်းအတွက်အရင်ဆုံးဖြစ်ရမယ်🏆ကျွန်တော်တိုရှာနေတဲ့ပိုက်ဆံအားလုံးဟာ ကိုယ်တိုင်သုံးဖိုအတွက်လား သူများတွေအတွက်လား ?
ဒီမေးခွန်းဟာ ကြိုးစားပိုက်ဆံရှာ အလုပ်လုပ်နေတဲ့လူတိုင်း ကိုယ်ကိုယ်ကို မေးသင့်တဲ့မေးခွန်းတစ်ခုပါ
ခင်ဗျားက လစာ ကိုးသိန်းရပြီး အိမ်ဌားခတစ်လသုံးသိန်းပေးရတယ် ဆိုရင် ခင်ဗျား တစ်လကို ဆယ်ရက်လောက်အိမ်ရှင်အတွက်ငွေရှာပေးနေရသလိုပဲပေါ့။ Pay yourself First လိုခေါ်တဲ့ ကိုယ့်ဝင်ငွေရဲ့ အနည်းဆုံး ဆယ်ပုံ တစ်ပုံကို ကိုယ့်အတွက်အရင်ဆုံးဖယ်ပြီးတော့မှ ကျန်တာတွေအတွက်သုံးကြည့်ပါ။🍀ကံကောင်းမှုက အလုပ်ထဲမှာပဲရှိတယ်
အောင်မြင်တဲ့သူတွေကိုကြည့်ရင် သူတိုကံကောင်းလိုက်တာလိုကျွန်တော်တိုမြင်တတ်ကြတယ်။ လမ်းသွားရင်းနဲ့ ရွှေထုပ်ကြီးတစ်ထုပ်ကောက်ရတဲ့ ကံကောင်းမှုမျိုးကိုလူတိုင်းလိုချင်ကြပါတယ်။ ထီပေါက်ခြင်း၊ အမွေရခြင်းတိုကလည်း ကျွန်တော်တိုကိုရုတ်တရက်ချမ်းသာသွားစေနိုင်တဲ့ ကံကောင်းခြင်းတွေပဲ၊ ဒါတွေကိုမျှော်လင့်ပြီးအချိန်ဆွဲနေရင် ဘယ်တော့မှကျွန်တော်တို အောင်မြင်မှုကိုခံစားရမှာမဟုတ်ပါဘူး။ ကျွန်တော်တိုရဲ့စဉ်ဆက်မပြတ်ကြိုးပမ်းမှုက အခြေအနေနဲ့အချိန်အခါသင့်တဲ့အချိန်မှာ အောင်မြင်မှုဟာကျွန်တော်တို အတွက် ကံကောင်းခြင်းအနေနဲ့ ရောက်ရှိလာပါလိမ့်မယ်။🖥️ပညာရှိစွာရင်းနှီးမြုပ်နှံပါ
လုပ်ငန်းတစ်ခုကို စနိုင်တဲ့ငွေစုမိပြီဆိုတာနဲ့ “ဟိုဟာလေးလုပ်ရင်ကောင်းမလား”, “ဒီလုပ်ငန်းလေးမှာရင်းလိုက်ရင်ကောင်းမလား” စတဲ့အတွေးပေါင်းမြောက်မြားစွာနဲ့ကျွန်တော်တိုရင်ဆိုင်ရပါတော့တယ်။
ခင်ဗျားကြိုးစားရှာဖွေထားတဲ့ ဥစ္စာဓနတွေကို ပွားများလာဖိုရင်းနှီးမြုပ်နှံတဲ့အချိန်မှာ အုတ်ဖုတ်သမားကို စိန် ဝယ်ခိုင်း မိတဲ့ Arkad လိုအမှားတွေကို ကျွန်တော်တို လိမ္မာပါးနပ်စွာရှောင်ကြဉ်တတ်ဖိုလိုပါတယ်။ကိုယ်လက်ထဲမှာရှိတဲ့ ငွေကို ရင်းနှီးမြုပ်နှံတဲ့အချိန်မှာ မိမိထက်ကျွမ်းကျင်ပိုင်နိုင်သူတွေဆီက အတွေ့အကြုံနဲ့အတွေးအမြင်တွေကိုသင်ယူပြီး အဆပွားအောင်ကြံဆောင်ရင်း သင့် ရဲ့ပိုက်ဆံအိတ်က ဖောင်းသထက်ဖောင်းလာပါလိမ့်မယ်။👨💼သင်ဟာ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းကို လေ့လာနေသူလား ? 👜ပိုက်ဆံအိတ်ဖောင်းဖောင်းကိုကိုင်ရတဲ့အရသာကိုကြိုက်သူလား ?
📚1926 ခုနှစ်ကစတင်ထုတ်ဝေခဲ့ပြီး ရာစုနှစ်တစ်စုနီပါးကြာရပ်တည်ခဲ့တဲ့ ငွေကြေးသင်ခန်းစာတွေကို အ၀ဖတ်လိုရပြီနော်
-
Add to cart
မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။
လူအများစု တွေးထားကြတာက ပိုကြိုးစားရင် ပိုအောင်မြင်မယ်၊ ဒါပေမယ့် ဒီအချက်က အမြဲတန်း မှန်သလား လို မေးရရင် အမြဲတန်းတော့ မဟုတ်နေခဲ့ဘူး။
ဆိုက်ကား ဆရာ တစ်ယောက်က ဆိုက်ကား ပိုနင်းရဖို အရမ်းကြိုးစားနေမယ်ဆိုရင် ပိုနင်းရတဲ့ ဆိုက်ကား သမား တစ်ယောက်ပဲ ဖြစ်လာမှာ။
မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။
ဒီတော့ မမျှတတဲ့ လောကကြီးကို ဘယ်လို အနိုင်ယူမလဲ။
ဒါပေမယ့် လူတွေက Hardwork တောင် မလုပ်ရသေးဘူး Smartwork ကို တန်းဖြစ်ချင်နေကြပြီ။
HUSTLE
မနက် ကို ၁၀ နာရီမှ ထ၊ ဖုန်းလေး ပွတ်၊ Motivational Video တွေကြည့်၊ Effort တစ်ခုခု စိုက်ထုတ်မှု မရှိပဲ ငါ ဘာလို မအောင်မြင်သေးတာလဲ လို တွေးနေရင် သင်က ၉၅ ရာခိုင်နှုန်းသော လူပိန်းတွေထဲက တစ်ယောက် ဖြစ်နေဦးမှာပါပဲ။
ဒီတော့ Hustle လုပ်ပါ။ သင် သိနိုင်သမျှ knowledge အကုန် လေ့လာပြီး ရှိနေတဲ့ နေရာလေးကနေ ဖောက်ထွက်ပါ။
Unfair Advantage
လူတွေက အကုန် အတူတူပဲ လို တွေးနေသေးတာလား။
စာအုပ်ထဲမှာ လူချင်း တူနေရင်တောင် မှ အောက်ခြေ ရောက်နေလည်း သူ့ အားသာချက်တွေ ရှိတယ်၊ အမြင့် ရောက်နေလည်း Unfair Advantage တွေ ရှိတယ်လို ပြောထားတယ်၊
ဒါတွေကတော့
MILES
Money + Intelligent + Location + Education + Status
ကိုက ဘယ်နေရာမှာ အားသာချက်တွေ ရှိနေလဲ၊ ဘယ်အချက်တွေမှာ အားနည်းချက် ဖြစ်နေလဲ
ကိုယ့်မှာ အားနည်းနေတဲ့ နေရာတွေကို ဘယ်လို အားသာချက်တွေ ဖြစ်အောင် လုပ်မလဲ စတဲ့ နည်းလမ်းတွေကို စာအုပ်ထဲမှာ ရေးသားထားမှာပဲ ဖြစ်တယ်။
သာမန် ရေပေါ်ဆီ သီအိုရီတွေကို ရေးထားတဲ့ မဟုတ်ပဲ တစ်ကယ့် လက်တွေ့ က အဖြစ်အပျက်တွေ၊ လူတွေအပေါ်မှာ ရေးထားတာ ဖြစ်လို အနှစ်သာရ အပြည့်နဲ့ သင်ယူစရာတွေ တိုးလာမှာပါ။
95% ထဲမှ လွတ်မြောက်နိုင်ကြပါစေ။
-
Add to cart
စာအရှည်ကြီးတွေ ဖတ်ဖို့ပျင်းနေပြီလား? 😫
Project တွေ၊ စည်းကမ်းချက်တွေမလိုဘဲ ဗဟုသုတယူမလား? လက်တွေ့အသုံးချမလား ?🤔
- 🖼️ပုံတစ်ပုံ = စာလုံးတစ်ထောင်! ရှုပ်ထွေးတာတွေအကုန်ရှင်း
- 😉Podcast, Youtube အရှည်ကြီးတွေထက် ပုံတစ်ပုံက ပိုထိရောက်
- 😊ပုံနဲ့ဆိုတော့ မှတ်မိလွယ်၊ နားလည်လွယ်
- 👌လက်တွေ့သုံးဖို့ အရမ်းအဆင်ပြေ
- 💯စီးပွားရေးထူးချွန်ချင်သူတိုင်းအတွက် Must-Read!
အချိန်မကုန်ဘဲ တိကျတဲ့အသိပညာ ကို The Visual MBA ကနေရယူလိုက်ပါ။
-
Add to cart
🏆The Winner Effect : အနိုင်ရခြင်းတွေရဲ့သော့ချက်၊ အောင်နိုင်မှုရဲ့ပြယုဂ်တစ်ခု🏆
“ချမ်းသာတဲ့သူတွေကဆက်တိုက်ချမ်းသာနေကြပြီး ဆင်းရဲတဲ့သူတွေကဆက်တိုက်ဆင်းရဲနေကြတယ်” ဆိုတဲ့စကားကို လက်ခံသလား ?🤔
Henry Ford ရဲ့“Whether you think you can, or you think you can’t – you’re right,” “မင်းလုပ်နိုင်လိုပဲတွေးတွေး၊မင်းမလုပ်နိုင်ဘူးလိုပဲတွေးတွေး ၊ မင်းတွေးတာမှန်တယ်” ဆိုတဲ့စကားတစ်ခွန်းဟာ ကျွန်တော်တိုရဲ့စိတ်သဘောထားတွေပေါ်မူတည်ပြီး အောင်မြင်မှုနဲ့ ရှံးနိမ့်တဲ့သူတွေရဲ့ကွာခြားမှုကိုမြင်သာစေပါတယ်။ “ငါလုပ်နိုင်တယ်၊ ရအောင်လုပ်မယ်”ဆိုတဲ့စိတ်ခံစားချက်နဲ့ ကျော်ဖြတ်ခဲ့တဲ့အခက်အခဲတွေကိုပြန်တွေးကြည့်ရင် ဒီ Winner Effect ရဲ့အကျိုးသက်ရောက်မှုကိုလက်တွေ့သိဖူးမှာပါ။🔑ဒါဆိုဒီအရာရဲ့သော့ချက်ကဘာလဲ?
⬆️သင့်ကိုယ်သင် အောင်မြင်တယ်လိုထင်သလား ?
⬇️ရှုးနိမ့်နေတယ်လိုထင်သလား ? ထင်မြင်ချက်ပေါ်မူတည်ပြီး သင့်စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာ ဦးနှောက်မှာရှိတဲ့ အာရုံကြောလေးတွေအထိပြောင်းလဲနေပါတယ်။ အောင်မြင်မှုဟာ ပိုမိုအောင်မြင်မှုကိုယူဆောင်လာပေးတဲ့အကြောင်းကို ဇီ၀ဗေဒအရပြောင်းလဲမှုဖြစ်ပေါ်နေတဲ့အကြောင်းကို Ian H. Robertson က The Winner Effect ထဲမှာ လက်တွေ့စမ်းသပ်မှုတွေရရှိလာတဲ့ ဖြေရှင်းချက်တွေနဲ့အတူရှင်းပြထားပါတယ်။🧠🏆အနိုင်ရမှုနဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက် ( The Winner Effect and Brain’s Functions)
စမ်းသပ်ချက်တစ်ခုမှာ ကြွက်နှစ်ကောင် ( မှတ်လိုလွယ်အောင် ကြွက် A နဲ့ ကြွက် B ) ကိုလှောင်အိမ်ထဲထည့်ထားပြီး အနိုင်ရအောင် အချင်းချင်း တိုက်ခိုက်စေပါတယ်)။ကြွက် B ကိုအားနည်းအောင် ပြုလုပ်ထားပြီး ကြွက် A ကိုအနိုင်ရအောင်စမ်းသပ်ချက်ကိုဖန်တီးထားပါတယ်။ အနိုင်ရသွားတဲ့ ကြွက် A ဟာ နောက်ထပ်လာတဲ့ တိုက်ခိုက်မှုတွေမှာလည်း အနိုင်ရတဲ့အခွင့်အရေးပိုများတဲ့ အကြောင်းကိုရှာဖွေတွေ့ရှိပြီး Winner Effect နဲ့ဆက်နွယ်မှုကိုရှင်းပြထားပါတယ်။
အနိုင်ရမှုကိုခံစားလိုက်ရတာနဲ့ တပြိုင်နက် ဦးနှောက်က Testosterone နဲ့ Dopamine ကိုပိုမိုထုတ်လွှတ်ပေးပြီး ယုံကြည်မှုကိုတိုးမြှင့်စေတာကြောင့် နောက်ထပ် စိန်ခေါ်မှုတွေအတွက်ပိုမို ယုံကြည်မှုတိုးတက်တဲ့အကြောင်းကို
*Dopamine ပိုများလာရင် = ယုံကြည်မှုပိုများလာတယ်*
*ယုံကြည်မှုပိုများလာရင် = ပိုပြီးစွန့်စားရဲလာတယ်*
*ပိုပြီးစွန့်စားရဲရင်= အနိုင်ရဖိုပိုများလာတယ်* ဆိုတဲ့ Formula လေးကိုတွေ့ရမှာပါ။
ရှုးနိမ့်မှုကိုခံစားမိတဲ့သူတွေအတွက်တော့ ဒီ Testosterone နဲ့ Dopamine ရရှိမှုနည်းသွားတဲ့အတွက် ယုံကြည်မှုနည်းပါးသွားပြီး နောက်ထပ်စိန်ခေါ်မှုတွေကိုအနိုင်ရဖို ခက်ခဲသွားကြပါတယ်။⚡️🏃♂️အောင်မြင်မှု အဟုန်ရဲ့အကျိုးသက်ရောက်မှု ( The Momentum Effect )
အနိုင်ရခြင်း ရဲ့ အကျိုးသက်ရောက်မှုဟာ လှေကားထစ်တွေလိုပါပဲ။ အပေါ် တစ်လှမ်းတက်နိုင်လိုက်တိုင်း နောက်တစ်လှမ်းထပ်တက်ဖိုပိုမိုလွယ်ကူတဲ့ အဟုန်ကိုခံစားရတဲ့အကြောင်းကို တွေ့ရမှာပါ။ အနိုင်ရမှုတိုင်းကို သင့်ကိုယ်သင်ယုံကြည်မှုရဲ့ အခြေခံအုတ်မြစ်အဖြစ်ခံယူပြီးတည်ဆောက်ပါ။ ဒါက စွမ်းဆောင်ရည် အတွက် သက်သေသာဓကတွေအနေနဲ့ သင်ရဲ့ ယုံကြည်မှုကိုတိုးပွားစေပါလိမ့်မယ်။
ဥပမာ- သင်က မနက်စောစောထဖိုကြိုးစားတယ်။ပုံမှန် 7:00 AM မှာအိပ်ရာထတာကနေ၊ ပထမရက်မှာ 6:45 AM မှာ အိပ်ရာထတယ်။ ဒါဟာ သင့်ကိုယ်သင် အနိုင်ရခြင်းပဲ။ သင်အိပ်ရာထနိုင်တယ်ဆိုတာ ကို ပိုမိုယုံကြည်တဲ့အတွက် နောက်တစ်နေ့မှာ ဒီထပ်ပိုစောပြီး အိပ်ရာထနိင်လာတယ်။ တစ်ပတ်လောက်ကြာတဲ့အခါမှာ မနက်ခြောက်နာရီအိပ်ရာထတယ်ဆိုတာဟာ သင့်အတွက် ပုံမှန်လိုပဲခံစားရတော့တယ်။
ဒါပေမယ့် ဒီ Momentum effect ဟာ ကောင်းကျိုးရောဆိုးကျိုးရော သက်ရောက်မှုရှိပါတယ်။ သင်ဟာ အရှံးသမားတစ်ယောက်လိုခံစားပြီးတော့ ငါမလုပ်နိုင်ဘူးဆိုတဲ့ အရာကို အုတ်မြစ်အဖြစ်တည်ဆောက်နေရင်တော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေဖြစ်ပြီး အောင်မြင်မှုလှေကားပေါ်ကနေ အောက်ကို ဖြည်းဖြည်းချင်းရောက်သွားမှာပါ။💀🏆အနိုင်ရခြင်းရဲ့ ကျိန်စာ ( The Curse of Winner Effect )
ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုသလို အနိုင်ရမှုကပေးတဲ့ ဆိုးကျိုးအပြစ်တွေလည်းရှိပါတယ်။ သိသာအထင်ရှားဆုံးကတော့ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲလွန်း (Overconfidence) ဖြစ်လာတာပါ။ လေ့လာမှုတွေအရ အသက်ငယ်ငယ်နဲ့အောင်မြင်မှုရတဲ့ လူတွေဟာ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီးရူးသွပ်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျရှုးရတဲ့သင်ခန်းစာတွေကိုပြောပြထားပါတယ်။ စာအုပ်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရလာတဲ့ Mike Tyson ဟာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုကို အထင်ကြီးပြီး ဆုံးဖြတ်ချက်အမှားတွေပြုလုပ်ခဲ့တဲ့အတွက် Buster Douglas ကို 1990မှာရှုးနိမ့်ခဲ့ပြီး ချန်ပီယံဘွဲကိုလက်လွှတ်ခဲ့ရပါတဲ့အကြောင်းကိုဥပမာအနေနဲ့ပြောပြထားပါတယ်။ ဒါနဲ့တင်မကပဲ ဒီကျိန်စာကလွတ်မြောက်ဖိုမကြိုးစားတာကြောင့် 2003 ခုနှစ်မှာ Mike Tyson ဟာ ဒေဝါလီခံခဲ့ရဖူးပါတယ်။အနိုင်ရမှုရဲ့ကျိန်စာတွေဖြစ်တဲ့
ယုံကြည်မှုလွန်ကဲခြင်း- အထင်ကြီးလွန်ပြီး ဆုံးရှုးမှုကို မချိန်ဆပဲ တဇွတ်ထိုးလုပ်မှုနဲ့
အားစိုက်ထုတ်မှုလျော့နည်းခြင်း – အရာရာကိုလွယ်ကူတယ်ထင်ပြီး ကြိုးစားမှုလျော့ကျလာတာတွေမဖြစ်အောင် မိမိကိုယ်ကိုအကြိမ်ကြိမ်ဆင်ခြင်သုံးသပ်ပြီး လိုက်လျောညီထွေဖြစ်စွာနေထိုင်ရပါမယ်။💪😎4. Winner Effect ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနည်း
Winner Effect ရဲ့ မာယာကျော့ကွင်းထဲကို မကျရောက်ပဲ ကျွမ်းကျင်ပိုင်နိုင်မှုအပြည့်နဲ့ဘယ်လိုအသုံးချမလဲ?
🎯အောင်မြင်မှုတွေအားလုံးအတွက် ဂုဏ်ပြုပါ- အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တိုင်းကိုကျေနပ်ဖိုအတွက် သေးငယ်သောအောင်မြင်မှုလေးတွေကစပြီး ဂုဏ်ပြုတတ်တဲ့အကျင့်ကိုမွေးမြူပါ။
🎯စိန်ခေါ်မှုနဲ့နေထိုင်ပါ – အသစ်အဆန်းတွေကိုကြိုက်နှစ်သက်တဲ့သင့်ဦးနှောက်အတွက် သင့်ကန်သတ်ချက်တွေကိုကျော်လွန်တဲ့ စိန်ခေါ်မှုတွေအမြဲဖန်တီးပါ။
🎯လူသားဆန်ပါ – အောင်မြင်မှုရဲ့ လိုအပ်ချက်တွေကို သေချာဆန်းစစ်ပါ။ Winning ဟာ Perfection မဟုတ်ပါဘူး။
🎯ရှုးနိမ့်မှုကသင်ခန်းစာယူပါ – ရှုးနိမ့်မှုတွေဟာအဆုံးသတ်မဟုတ်ပါဘူး။ သင်အနိုင်ရဖိုအတွက် ပြင်ဆင်ဖိုအခွင့်အလမ်းတစ်ခုလိုမှတ်ယူပါ။💡အကြံပြုချက်-ညစဉ်အိပ်ခါနီးတိုင်း ဒီနေ့အတွက် သင့်အနိုင်ရမှု သုံးခုကိုစာအုပ်ထဲချရေးပါ။ ဒါကသင့်ဦးနှောက်ကိုအောင်မြင်မှုကိုရှာဖွေဖိုမျှော်လင့်ချက်တွေကိုနေ့စဉ်ပေးစွမ်းပါလိမ့်မယ်။
☀️ပြောင်းလဲမှုတစ်ခုကိုတည်ဆောက်တိုင်းကျွန်တော်တိုဟာ Physical Change နဲ့ Mental Change ကိုအာရုံစိုက်ပြီးပြောင်းလဲဖိုစိတ်အားထက်သန်ကြပါတယ်။ Ian Robertson ရဲ့ The Winner Effect ဟာ Neurological Change ကိုတည်ဆောက်ဖိုနဲ့ ဦးနှောက်ရဲ့ Build in system တွေကို အကောင်းဆုံးအသုံးချနိုင်ဖိုအတွက်ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနိုင်ရမှုဆိုတာ တခဏတာခံစားရတဲ့ Dopamine ထက်ပိုတဲ့အကြောင်းနဲ့ဒီအနိုင်ရမှုတွေကိုစနစ်တကျထပ်ဆင့်တည်ဆောက်နိုင်ဖိုအတွက် လက်တွေ့အသုံးဝင်တဲ့သော့ချက်တွေကို အံ့အားသင့်လောက်အောင် လေ့လာဖတ်ရှုရမှာမှာဖြစ်ပါတယ်။
ကဲဒါဆို သင်ရော အနိုင်ရဖိုအတွက်အဆင်သင့်ဖြစ်ပြီလား ?
The Winner Effect ကိုအခုပဲမှာယူပြီး သင့်ဦးနှောက်ရဲ့ကန့်သတ်ချက်ကို ရိုက်ချိုးလိုက်ပါ။ -
Add to cart
💡💡အတွေးတွေမှာကန့်သတ်ချက်မရှိဘူး။ ချမ်းသာမှု၊ဆင်းရဲမှုနှစ်ခုစလုံး အတွေးတွေကနေပထမဆုံး ဖြစ်တည်တယ်။
“There are no limitations to the mind except those we acknowledge. Both poverty and riches are the offspring of thought.” – Napoleon Hills
🤔အရာရာအားလုံးဟာ အတွေးတွေကနေစဖြစ်တည်တယ်။
ငွေမရှိတဲ့အကြောင်းအမြဲတွေးနေတဲ့သူအတွက် ငွေမရှိခြင်းဟာအမြဲမှန်ကန်တဲ့အရာတစ်ခုဖြစ်သလို။ငွေရှာနည်းကို အမြဲရှာဖွေနေသူအတွက်ငွေရှာလိုရတဲ့လမ်းကြောင်းတွေဖြစ်တည်လာတာဟာလဲအတွေးကပဲစတယ်။
ကိုယ်တွေးချင်တဲ့အကြောင်းကို စိတ်အစာကျွေးပြီး အတွေးတွေကိုတည်ဆောက်လိုရတဲ့အတွက် အောင်မြင်ဖိုအတွေးတွေအချိန်တိုင်း တွေးနိုင်ဖိုကိုယ့်စိတ်ကို ကိုယ်မွေးမြူရပါမယ်။❤️🔥Burning Desire လိုခေါ်တဲ့ မရမကလိုချင်စိတ်။
လူတိုင်းမှာ လိုချင်တဲ့စိတ် (wishful thinking) တွေရှိကြပါတယ်။ ဒါပေမယ့် Universe ကလိုချင်ရုံနဲ့တော့အဆင်သင့်ဖန်တီးပေးမှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့အရာအတွက် ထိုက်တန်တဲ့ Skill သင့်မှာရှိပြီလား ? သင်လိုချင်တဲ့အရာကိုပိုင်ဆိုင်ရမယ့်အချိန်က သင့်လျော်ပြီလားစသည်ဖြင့် သင့်ရဲ့ Desire ကို စာမေးပွဲစစ်ဦးမှာပါ။သင်လိုချင်တဲ့ အရာတွေအတွက် Burning Desire မရှိပဲနဲ့ လွယ်လွယ်နဲ့ Universe ကအသင့်ပေးမယ်လိုမမျှော်လင့်ပါနဲ့။ သင်လိုချင်တဲ့အရာကို ရေနစ်နေတဲ့လူတစ်ယောက် အောက်ဆီဂျင်လိုအပ်သလိုမျိုး Burning Desire ရှိအောင်ကြီုးစားပါ🙏Faith and Hope , ယုံကြည်မှုနဲ့ မျှော်လင့်ချက်
Hope walks through the fire and faith leaps over it. – Jim Carrey
“မျှော်လင့်ချက်က မီးလျှံတွေကြားထဲလျှောက်လှမ်းနေချိန်မှာ ယုံကြည်မှုကခုန်ကျော်သွားနိုင်တယ်”
သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာကြွယ်မှု၊ မိတ်ဆွေပေါများမှုတွေဟာ သင့်ဆီကိုရောက်လာလိမ့်မယ်လို မမျှော်လင့်ပါနဲ့။ မျှော်လင့်ခြင်းဟာ မထင်မှတ်ပဲ သင့်ရည်မှန်းချက်တွေကိုလမ်းချော်သွားစေတတ်ပါတယ်။ အဲ့ဒီ့အစား ယုံကြည်ပါ။ သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာမှု အစရှိတဲ့ အရာတွေဟာသင့်ဆီကို တစ်ချိန်ချိန်မှာမလွဲမသွေရောက်ရှိလာမယ်ဆိုတာ ကို တထစ်ချယုံကြည်ထားပါ။ မရမက လိုချင်စိတ် ( Burning Desire ) နဲ့ ခိုင်မာတဲ့ယုံကြည်မှု (Strong Faith) ဟာ သင့်အောင်မြင်မှုကိုစားဆီးမဲ့အခက်အခဲတွေအားလုံးကိုကျော်ဖြတ်စေမှာပါ။🥇“A quitter never wins, and a winner never quits.”
အရှုးသမားတွေဟာဘယ်တော့မှ အနိုင်မရသလို၊ အနိုင်ရတဲ့သူတွေဟာ ဘယ်တော့မှအရှုးမပေးဘူး “
သိစိတ်မှာအောင်မြင်ချင်ရုံသာမက မသိစိတ်ကပါ သင်လိုချင်တဲ့အရာတွေအတွက်အမြဲတမ်းတောင့်တနေရမယ်။ လူတွေရှေ့မှာတစ်မျိုး လူကွယ်ရာမှာတစ်မျိုးလုပ်ရင် သင့် Desire က Wishful Thinking အဆင့်ပဲဖြစ်နေဦးမှာပါ။ Behavior နဲ့ Pattern တွေကို ထိန်းချုပ်နေတဲ့မသိစိတ် )Subconcious Mind ဟာသင့်အောင်မြင်မှုအတွက် စက်ရုပ်တစ်ရုပ်လိုသင့်ကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ သန်မာတဲ့ Subconscious Mind ကိုရရှိစေနိုင်ဖို autosuggestion နည်းစနစ်တွေကို အသုံးပြုဖို Hills က အကြံပြုထားပါတယ်။ဒီအချက်တွေသာမက
🧠Specialized Knowledge ဟာ General Knowledge ထက်အသုံးဝင်တဲ့အကြောင်း
🌱သင့် Goal တွေကို Manifest , Visualize လုပ်ဖိုနည်းလမ်းတွေ
✅Mastermind တွေလို Organized Planning လုပ်တဲ့ နည်းစနစ်တွေ
🏃ကိုယ့်ရဲ့ သံသယတွေကနေ လွတ်မြောက်နည်း အစရှိတဲ့ အကြောင်းအရာတွေကို တွေ့ရှိရမှာပါ.🌐 သင်တကယ်ကို မရမကလိုချင်ရင် Universe ကသူ့ Law အချိုကိုဖြေလျှော့ပေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ပေးဖိုလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Burning Desire ကြောင့် physical world, Mind, Soul နဲ့ universe တို Align ဖြစ်တဲ့အချိန်မှာရှိတဲ့ synchronicity တွေကိုသတိမူပြီး ယုံကြည်မှု (Faith) ကိုအားဖြည့်ရင်း subconscious Mind ရဲ့ autosuggestion တွေကိုနားထောင်ပါ။ဒီစာအုပ်ထဲက Principles တွေဟာ Law of Attraction ကိုလက်တွေ့အသုံးချနိုင်ဖို လေ့လာနေတဲ့သူတွေအတွက်လည်းအရမ်းစိတ်ဝင်စားဖိုကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
🏆တကယ်လိုချင်တဲ့သူတစ်ယောက်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ သင့်အတွေးထဲမှာရှိနေတဲ့အောင်မြင်မှုတွေကို ပြင်ပလောကမှာတကယ်ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့လမ်းညွှန်ချက်တွေကို Napeleon Hills ရဲ့ Think and Grow Rich မှာလေ့လာလိုက်ပါ။
-
Add to cart
🦸🏼♂️ ခေါင်းဆောင် ဖြစ်နေသူများသာ ဖတ်ရန်
👥 ခေါင်းဆောင်တွေ အများစုမှာ သူတိုကိုယ်တိုင် မသိတဲ့ အလေ့အကျင့်ဆိုးတွေ အများကြီး ရှိတယ်။
🎖 ကျွန်တော်တိုတွေ တစ်ချိန်က ကြိုးစားမှုတွေကြောင့် လက်ရှိမှာ နေရာတစ်ခုကို ရောက်ရှိနေပါပြီ။
ဒါပေမယ့် လက်ရှိမှာ ရပ်နေတယ်။ တန့်နေတယ်။ ရှေ့တိုးလို မရ ဖြစ်နေကြတယ်။ အဖြေကလည်း ရှာလိုမရ ဖြစ်နေတယ်။ တစ်ခုခု လွဲမှားနေတယ် ဆိုတာ နားလည်တယ်။ ဘာမှန်းမသိ ဖြစ်နေတယ်ဆိုရင် ဒီစာအုပ်က သင့်အတွက်ပါပဲ။🌹 စာအုပ်ထဲမှာ အပိုင်းသုံးပိုင်းပါဝင်ပါတယ်။
၁။ အောင်မြင်မှု ရလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အမှားတွေ
၂။ သင့်ကို ရှေ့တိုးဖို နှောင့်နှေးနေစေတဲ့ အလေ့အကျင့်ဆိုး ၂၀ ခု
၃။ အလေ့အကျင့်ဆိုးတွေကို ဘယ်လို ပယ်ဖျောက်မလဲ ဆိုတဲ့ အချက်အလက်တွေကို ရှင်းပြပေးထားမှာပဲ ဖြစ်ပါတယ်။❓ ဆင်ခြေမပေးနဲ့
ကျွန်တော်တိုတွေက တစ်ချိန်က ကြိုးစားလာခဲ့တဲ့ ရလာဒ်တွေကြောင့် အခုချိန် သာသာယာယာ ဖြစ်နေတာကို ကျေနပ်နေကြတတ်တယ်။ ဒါပေမယ့် တစ်ခါတစ်လေ မှာ ကိုယ် ရောက်နေတဲ့နေရာတစ်ခုက ကိုယ့် တလွဲအမှားတွေ ပါလာပြီး ရောက်နေတာကို သတိ မပြုမိတတ်ကြပါဘူး။ “အရင်လိုပဲ ပြန်လုပ်ရင် ငါ ပြန်ကောင်းလာမှာပဲ, ပြန် အောင်မြင်လာမှာပဲ “လို ကိုယ့်ကိုယ်ကို ဆင်ခြေ ပြန်ပေးမိတတ်ပါတယ်။ အရင်က သတ်မှတ်ချက်တွေကိုပဲ ပြန်လည် လုပ်မိတတ်ကြပါတယ်။
ဒါပေမယ့် အရင်က သတ်မှတ်ချက်တွေက သင့်ကို ဒီထက်ကောင်းမွန်သာလွန်တဲ့ နေရာတစ်ခုကို မရောက်နိုင်စေပါဘူး။
💎 အလေ့အကျင့်ဆိုး
ကိုယ့် အပြစ်တွေ၊ အလေ့အကျင့်ဆိုးတွေကို ကိုယ်တိုင် သိအောင် လုပ်ပါ။ ခေါင်းဆောင်တွေ အများစုမှာ သူတိုကိုယ်တိုင် မသိတဲ့ အလေ့အကျင့်ဆိုးတွေ အများကြီး ရှိတယ်။
ဥပမာ အားဖြင့်
အမြဲနိုင်ချင်တာ၊ ဖိအားပေးတာ၊ ဆင်ခြေပေးတာ၊ အပြိုင်ငြင်းတာ၊ ကိုယ့်ကိုယ်ကို အမွှန်းတင်လို မပြီးတာ၊ ဒေါသထွက်လွယ်တာ၊ အတိတ်မှာပဲ တွယ်ညှိနေတာ၊ ကြားလူကို အပြစ်တင်တာ၊ ငါ မာနစွဲ စွဲနေတာ စသဖြင့် အစုံအလင်ပါပဲ။ကိုယ့်မှာ မှားနေတာကို သိမှ ကိုယ်တိုင် ပြန်ပြင်လို ရမှာပါ။
📛 The Most Sucessful Man has the Most Powerful Friends
📛 အအောင်မြင်ဆုံး လူသားတွေမှာ အကောင်းဆုံး သူငယ်ချင်းတွေ ရှိတယ်။လက်ရှိ ကိုယ့် ကုမ္ပဏီက နှုတ်ထွက်မယ်ဆိုရင် ဘာဖြစ်မလဲ။ ???
(ကုမ္ပဏီက ဘာမှ မဖြစ်ဘူး)
ကိုယ့်ကို ကူညီမယ့် သူငယ်ချင်းတွေ မရှိတော့ရင်ရော??
(အဲ့မှာမှ ဒုက္ခရောက်မှာ)
ကိုယ့်ကို ပိုသာလွန်တဲ့ တစ်နေရာကို ရောက်အောင်တွန်းပိုပေးနိုင်တဲ့ သူငယ်ချင်းတွေကိ ကိုယ့်အပြစ်တွေကို ထောက်ပြခိုင်းဖို အကူအညီ တောင်းပါ။📜 Marshall Goldsmith က ထောင်ပေါင်းများစွာသော လူငယ်တွေကို ပြုစုပျိုးထောင်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ Dr Marshall Goldsmith ဟာ World No.1 Executive Coach & World No.1 Leadership Thinker တစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့နည်းလမ်းတွေက လူအများစုဘဝကို ထိရောက်စွာ တိုးတက်ပြောင်းလဲနိုင်စွမ်းရှိပြီး စာအုပ်ပေါင်း ၃၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတုန်းက အမေရိကန် သမ္မတဟောင်း Barrack Obama နဲ့အတူ စင်မြင့်တစ်ခုထဲမှာ ဟောပြောနိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်ပါစေ။
-
Add to cart
“အခြား Management စာအုပ်တွေ မလိုတော့လောက်ပါဘူး”
_Warren BuffetBill Gates ကတော့ ကျောင်းသားမှအစ CEOs တွေအထိ စီးပွားရေးတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ဖို တိကျတဲ့ အချက်အလက်တွေ ပါဝင်တဲ့ စာအုပ်တစ်အုပ်လို ညွန်းထားပါတယ်။
စာရေးသူ Jack Welch ကိုတော့ မိတ်ဆက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။ Jack Welch က အနိုင်ရဖို သိတဲ့သူပါ။ General Electric မှာ နှစ်၄၀ကြာ ကျင်လည်ခဲ့ချိန်မှာ ကြမ်းတမ်းတဲ့ စျေးကွက်မျိုးစုံ၊ အခြေအနေကြားမှာပဲ ကုမ္ပဏီကို အောင်မြင်မှုတွေဆီ ဦးဆောင်နိုင်ခဲ့ပါတယ်။
“Jack နဲ့ Management အကြောင်းတွေ ဆွေးနွေးနေရင် အခန်းထဲမှာ သူရဲ့ စွမ်းအားဆန္ဒတွေ ပြင်းပြမှုက ပြည့်နှက်နေပါတယ်။ အလားတူ ခံစားမှု အတွေ့အကြုံကို ဒီစာအုပ်ကနေ သင်ရနိုင်ပါတယ်။ စာမျက်နှာ တစ်ရွက်ချင်းဆီကနေ သူနှင့် ဆွေးနွေးနေသလို အရည်အသွေးတွေ သင့်ဆီ ရောက်လာပါလိမ့်မယ်။”
_Warren Buffetယခုစာအုပ်ရဲ့ အဓိကအနှစ်က “လက်တွေ့ကျတာပါပဲ”။ အပိုင်းအနေနဲ့ general ခွဲရရင် သုံးပိုင်းရှိပါမယ်။ ပထမအနေနဲ့ ကုမ္ပဏီအတွင်းရဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ leadership ကနေ followers တွေကို winners ဖြစ်အောင် ပျိုးထောင်တာက အစ ပါဝင်ပါတယ်။ ဒုတိယအပိုင်းမှာတော့ အပြင်ပိုင်း ပြိုင်ဆိုင်မှုတွေ၊ ဗျူဟာချမှတ်မှုတွေ၊ ပူးပေါင်းမှုတွေ၊ ပြသာနာတွေကြားမှာ ခေါင်းမော့နိုင်အောင် ဘယ်လိုလုပ်မလဲ စသည့် ဖြေရှင်းမှုတွေအကြောင်းတွေ ရေးထားပါတယ်။ တတိယအပိုင်းအနေနဲ့တော့ ကိုယ့်ရဲ့ career မှာ right job ကို ရွေးချယ်နိုင်ဖိုကနေ work-life balance ရယူနိုင်ဖိုအထိ ရေးသားထားပါတယ်။
ယခုစာအုပ်ကို ဖတ်သင့်တဲ့ အခြားအချက်တွေ ဘာရှိမလဲ။
၁။ အောက်ခြေကအစ အပေါ်ထိရောက်အောင် ကျင့်နိုင်သည့် နည်းလမ်းတွေကို အခြေခံထားပါတယ်။ Jack က General Electric ကနေ သာမန်ဝန်ထမ်းကနေ Chairman and CEO အထိ ရောက်လာတာပါ။ သူရဲ့ ဦးဆောင်မှုအောက်ကနေ ကုမ္ပဏီက Profit level ကြီးထွားလာပြီး ကမ္ဘာစျေးကွက်ကို ချူပ်ကိုင်နိုင်ခဲ့ပါတယ်။
၂။ ရေးထားတာတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ ပြတ်သားပါတယ်။ ဖတ်ရတာလည်း လွယ်ပါတယ်။ Chapter တစ်ခုချင်းစီကိုလည်း လက်တွေ့ကျကျ ပုံစံချထားပါတယ်။ “Tell them what you’re gonna tell them. Tell them. Tell them what you told them.”
၃။ ဖတ်ရတာလဲ စိတ်ဝင်စားဖို ကောင်းပါတယ်။ Jack က အနိုင်ကို နှစ်သက်သူဖြစ်ပြီး သူနှင့် သူ့အဖွဲကလည်း တကယ်ကိုပဲ အနိုင်ကို ပြသခဲ့တာပါ။
၄။ ပြီးတော့ နည်းလမ်းဟောင်းတွေကို အခြေမခံထားပါဘူး။ သင်သိတဲ့ သဘောတရား အချိုတောင် သူ့ဆီက လာတာဖြစ်နိုင်ပါတယ်။
၅။ တကယ့်လက်တွေ့ Corporate လောကရဲ့ သဘောတရားတွေကို အခြေခံ ရေးထားပါတယ်။
၆။ Jack က သူ retire လုပ်ပြီးနောက် ကမ္ဘာအနှံကနေ ပွဲတက်ရောက်သူတွေရဲ့ မေးခွန်းများစွာ ရရှိထားပါတယ်။ အားလုံးရဲ့ မေးခွန်းတွေကလည်း သူရဲ့ ဘဝတစ်လျောက် အလုပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ပြသာနာ ဖြေရှင်းပုံတွေ၊ ယှဉ်ပြိုင်မှုတွေ၊ သဘောတရားတွေ၊ တုန့်ပြန်မှုတွေ ကုန်ကုန်ပြောရရင် တွေ့ကြုံလာသမျှတွေကို ဘယ်လို အနိုင်ရအောင် လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းတွေဘဲ ဖြစ်ပါတယ်။ ကျေးဇူး Jack စာအုပ်ထဲမှာ အဖြေပေးထားလို။
Jack Welch ကိုတော့ Fortune ကနေ “Manager of the Century” လို ချီးကျူးထားပါတယ်။ Financial Times ကလည်း “One of the three most admired business leaders in the world” အဖြစ် သတ်မှတ်ထားပါတယ်။ Jack သက်တမ်းတစ်လျောက်မှာ General Electric ရဲ့ တန်ဖိုးဟာ $400 billions အထိတက်လာပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပါသေးတယ်။
သင့် ဒီလဝင်ငွေ ၁၀၀ ရာခိုင်နှုန်း ရဲ့ ၃ ရာခိုင်နှုန်းလောက်ကို ရင်းနှီးပြီး Jack Welch ရဲ့ “Winning” သဘောတရားတွေကို ရယူလိုက်ပါ။
-
Add to cart
❌ ကျွန်တော် လူတိုင်းကို အတူတူပဲလို ထင်ခဲ့မိတယ်။ ⭕️
❓ ၂၄ နာရီ ချင်းအတူတူ တစ်ချိုတွေက ဘာလို အရမ်း ကြိုးစားနိုင်ကြတာလဲ။
🔶 ပျင်းတဲ့သူတွေက နည်းနည်းပဲ လုပ်ပြီး အောင်မြင်ချင်ကြတယ်၊ အောင်မြင်တဲ့သူတွေက သူတို လုပ်နိုင်သမျှ အားကုန်လုပ်ရင်း အောင်မြင်မှုကို ရယူနေကြတယ်။ 🔶
📖 စာအုပ်အကြောင်းကတော့
Patrick Bet-David ရဲ့ ” Your Next Five Moves ”
လူငယ်တစ်ယောက်ရဲ့ Career Development ကနေ စပြီးတော့ Entrepreneur လုပ်ငန်းရှင် တစ်ယောက် အထိ Life Winning Decisions ချမှတ်တဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။🖋 စာရေးဆရာ Patrick Bet-David ကတော့ အပြောနဲ့တင် လုပ်နေတာမျိုးမဟုတ်ပဲ သူ့ လုပ်ရပ် အောင်မြင်မှုတွေအပေါ်မှာ အခြေခံပြီး ပြောပြထားတာ ဖြစ်တဲ့အတွက် ကျရှုးမှုပေါင်းများစွာ ကို အောင်မြင်မှု ဖြစ်စေမယ့်နည်းလမ်းတွေပေါင်းစပ်ထားတဲ့ စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။ 🏋️
🐺 Lesson 1: Master Knowing Yourself
ခု ရက်ပိုင်း လူငယ်တွေကို အင်တာဗျူး မေးရတဲ့အခါမှာ ထူးထူးခြားခြား တွေ့ရတာကတော့ လူငယ်တွေက လမ်းပျောက်နေကြတယ်။ လမ်းပျောက်တာကတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် သူတိုက လမ်းပျောက်မှန်း မသိကြတာ။
လူငယ်တွေ လမ်းပျောက်နေမှန်း မသိတဲ့အချိန်တစ်ခုမှာ တိုင်ပင်ဖော်လည်းမရ၊ အချိန်တွေလည်း ကုန်၊ ရှေ့မှာလည်း ဘာဖြစ်မလည်း မသိ၊ ဘယ်အရာမှ သေချာရေရာမှု မရှိတဲ့ အချိန်မှာ သူတို ရွေးချယ်မှုတွေကလည်း သူတို ထင်သလောက် မရောက်နိုင်ဘူး ဖြစ်နေခဲ့တယ်။
စာအုပ်ထဲမှာ ကိုယ့်အားသာချက်၊ အားနည်းချက်၊ သွားလိုတဲ့နေရာတစ်ခု၊ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပုံနည်းလမ်းတွေကို အနှစ်သာရ ရှိရှိ ဖော်ပြထားတယ်။🕊 Lesson 2: Master Building the Right Team
မြန်မြန် သွားချင်ရင် တစ်ယောက်တည်း သွားရတယ်၊
ဝေးဝေး ရောက်ချင်ရင်တော့ အုပ်စု နဲ့ သွားရတယ်။ခု လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ချင်ဆုံး အရာတစ်ခုကတော့ ဝန်ထမ်းတွေကို အလုပ် ဖြုတ်ပစ်တာပါပဲ။
မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် ရွေးချယ်မှု တစ်ခုကို လုပ်နေကြရတယ်။လုပ်ငန်းတစ်ခု ရှေ့ဆက်ဖို မရှိမဖြစ် လိုအပ်တဲ့ လူတစ်စုကိုသာ ရွေးချယ်ဖို ဆုံးဖြတ်ချက် ချကြရတယ်။
အလုပ် လူလျော့တဲ့အထဲ ပါသွားလို စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကို အရှုးမပေးလိုက်ပါနဲ့။ ကိုယ့်အတွက် အတူတူ ရှေ့ဆက်မယ့် လူတွေကို လိုက်ရှာပါ။ အားကိုးပါ။ တိုင်ပင်ပါ။ အခက်အခဲကို တောင့်ခံပြီး ရှေ့ဆက်မယ့် နည်းလမ်းတွေ ရှာဖွေပါ။
အဆိုးဆုံး အခြေအနေကနေ အကောင်းဆုံး အရှာတွေ ဖြစ်လာတာပါ။
ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လက်ခံနိုင်ပြီး ကိုယ့်ကို မြှင့်တင်ပေးမယ့် လူတစ်စုကို လက်ဆုပ်လက်ကိုင် ထားပါ။⏳ စာရေးဆရာ Patrick Bet-David ကတော့ YouTube မှာ Valuetainment Channel ကနေ လူငယ်တွေအတွက် လိုအပ်တဲ့ Skill set တွေကို မျှဝေနေသူ တစ်ယောက်ဖြစ်ပြီး လုပ်ရပ်တွေနဲ့ သက်သေပြတဲ့ Multi-Millionaire တစ်ယောက်ဖြစ်ပါတယ်။ သင်ခန်းစာ များစွာကို စာအုပ်ထဲမှာ ပေါင်းစပ်ထည့်ထားတဲ့အတွက် ပျင်းစရာကောင်းနေမှာ မဟုတ်ပဲ စိတ်ဝင်စားမှုအပြည့်နဲ့ ကမ္ဘာတစ်ခုကို ဆွဲခေါ်သွားမှာ အသေအချာပါပဲ။ ⏳
-
Add to cart
🌟 မင်းမှာ လူတိုင်းနဲ့ မတူညီတဲ့ အရေးကြီးတဲ့ အချက်တစ်ခု ရှိလား?🌟
🚙 သူစိမ်း ကားပေါ်မှာ အေးဆေး ထိုင်ပြီး သင် လိုရာ ခရီး သွားနိုင်တယ်ဆိုတာ? (Grab)
🍕 အိမ်မှာ နေပြီး စားချင်တာ မှာစားလိုရတယ်ဆိုတာ? (Foodpanda)
💻 ရုံးမသွားပဲ Online ကနေ အလုပ်လုပ်လို့ရနိုင်တယ်ဆိုတာ? (Zoom)
❌ တစ်ချိန်ကတော့ ဒီ ဖြစ်ရပ်တွေက အင်မတန်မှကို စိတ်ကူးယဉ်ဆန် နေပါလိမ့်မယ်။ ခုချိန်မှာတော့ ဒါက လူတော်တော်များများနဲ့ ရင်းနှိးပြီးသား ဖြစ်လို ထူးခြားဆန်းပြားတဲ့ အရာ တစ်ခု တော့ မဟုတ်တော့ပါဘူး။
❓ ဒီတော့ တစ်ကမ္ဘာလုံးကို ပြောင်းလဲနိုင်တဲ့ ကုမ္ပဏီတွေ ထောင်တဲ့သူတွေက ဘယ်လို စဉ်းစားခဲ့ကြလဲ? ❓
Zero to One စာအုပ်ထဲမှာ ဘယ်သူတွေ ဖတ်သင့်လဲ?
🔷 စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေ၊
🔷 ရင်းနှီးမြုပ်နှံသူတွေ
🔷 လက်ရှိ အလုပ်ကို ပိုပြီး ချဲ့ထွင်ချင်သူတွေ ဖတ်သင့်တယ်။စာအုပ်ထဲမှာဆိုရင်
♦️ လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်မယ့် နည်းလမ်းတွေ၊
♦️ ကျရှုံးတဲ့ လုပ်ငန်းတွေရဲ့ အကြောင်းရင်းတွေ၊
♦️ Brand တစ်ခု ဖြစ်တည်လာပုံတွေကို သေချာရှင်းပြထားပါတယ်။ရောင်းရတိုင်း မြတ်သလား???
Apple က Samsung, Xiaomi, Huawei တိုထက် အလုံးရေ ရောင်းရတာ ပိုနည်းပေမယ့် တစ်ကမ္ဘာလုံးမှာ ပထမဆုံး Trillion Company ဖြစ်လာခဲ့ပါတယ်။အဲ့ဒါဘာကြောင့်လဲ????
🔹 Branding?
🔹 Marketing?
🔹 Sale?Apple က နည်းနည်းပဲ ပိုရောင်းရပေမယ့် ဘာဖြစ်လို့အမြတ် ပိုထွက်နေရတာလဲ?
စာအုပ်ရဲ့ အဓိက အချက်တွေက
🔵 သင့် လုပ်ငန်းက လူအများစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်လား?
🔵 ကံကောင်းရုံနဲ့ အောင်မြင်မှု ရနိုင်လား?
🔵 လက်ရှိ အောင်မြင်မှုတွေက အနာဂတ်မှာ အောင်မြင်အောင် လုပ်နိုင်မှာလား
🔵 လုပ်ငန်းအောင်မြင်ဖို့ အတွက် မေးခွန်း ၇ ခု
တို ပါဝင်ပါတယ်။















