Category: Business
Showing 1–16 of 62 results
-
Add to cart
🏢 ဝန်ထမ်းဘဝကို ငြီးငွေ့နေပြီလား။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေပြီလား။ သိုသော်လည်း မစွန့်စားရဲမှု၊ ငွေကြေးမလုံလောက်မှု၊ အခြားခြားသောအကြောင်းပြချက်တွေနဲ့ နှောင့်နှေးနေတုန်းပဲလား။
📙 The $100 Startup စာအုပ်က သင့်ကို 9 to 5 ဝန်ထမ်းဘဝကနေလွတ်အောင် သင့်ရဲ့ passion, skill ပေါင်းစပ်ပြီး ဒေါ်လာ၁၀၀ ဝန်းကျင် အရင်းအနှီးလောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတည်ထောင်နိုင်အောင် ပြောပြပေးမှာပါ။
“Plans are only good intentions unless they immediately degenerate into hard work.”
– Chris Guillabeau📚 The $100 Startup စာအုပ်က Chris Guillebeau ရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ဖိုအတွက် ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ အရင်းအနှီး ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ငွေများများရှာခဲ့တဲ့ လူ ၁၅၀၀ ရဲ့အကြောင်းများအနက် စိတ်ဝင်စားစရာအကောင်းဆုံး case အခု ၅၀ ကို ယခုစာအုပ်မှာ ထုတ်နုတ်ထားပါတယ်။
📃 သူ့ရဲ့case study တွေအရ Chris က သင်ဆိုဖာပေါ်ကနေပဲ သင့်ရဲ့ passion, skill တွေနဲ့ income ရှာဖွေနိုင်တဲ့ step-by-step framework ကို ယခုစာအုပ်မှာ တင်ပြထားပါတယ်။ သင်စတင်နိုင်ဖို ဒီစာအုပ်ကနေရမယ့်သင်ခန်းစာတွေထဲက (၃)ခု ဖော်ပြလိုက်ပါတယ်။
◾️ ပထမတစ်ခုက passion က equation ရဲ့သုံးပုံတစ်ပုံပဲရှိပါသေးတယ်။ သင် skill တွေရယ်၊ customer တွေ လိုပါသေးတယ်။ ကိုယ့်မှာရှိတဲ့ skill တွေနှင့် ကိုယ့် passion ကိုက်ညီမှုရှိရပါမယ်။ ပြီးတော့အဲ့ skill တွေနဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ နောက်တော့ customer တွေ သင့်ကို ဒီအတွက်ငွေပေးသွားမှာပါ။
◾️ ဒုတိယတစ်ခုက low cost မှာ အာရုံစိုက်ပြီး သင့်ရဲ့ဝါသနာကို အမြတ်ရှိတဲ့လုပ်ငန်းတစ်ခု တည်ထောင်ရမယ်။ တစ်ယောက်ယောက်က ငွေမပေးချေသရွေ့တော့ သင့်ရဲ့ passion business က ဝါသနာအနေနဲ့ပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းရဲ့ funding, income ကိုမြှင့်ပြီး cost ကို လျှော့ချနိုင်အောင် ကြိုးစားနေရမှာပါ။
◾️ တတိယတစ်ခုက action always beats planning ပါ။ ဒါကြောင့် သင့် plan တွေကို အတတ်နိုင်ဆုံး simple ဖြစ်အောင်လုပ်ပါ။ သင့်ရဲ့business plan ကို စာရွက်တစ်ရွက်ထဲနဲ့ပြီးအောင် အတတ်နိုင်ဆုံးအရိုးရှင်းဆုံး ပြုလုပ်ပါ။ သင်ဘာကိုရောင်းမှာလဲ၊ ဘယ်သူ့ကိုလဲ၊ သူတိုက သင့်ပစ္စည်းကိုဘာကြောင့်ဝယ်ယူရမှာလဲ၊ ပြီးတော့သင်ဘယ်လိုငွေပေးချေခံရမလဲ စတဲ့အရာတွေမှာ အာရုံစိုက်ပြီး မေးခွန်းတွေထုတ်ပါ။ဥပမာ- ကိုယ်က မွေးခါစကလေးငယ်တွေနဲ့ အလုပ်မအားလပ်တဲ့ single mom တွေကို ဒီအချိန်အခိုက်အတွင်းမှာ သူတိုကိုယ်အလေးချိန်ကို ထိန်းသိမ်းလျော့ချနိုင်အောင် custom diet plans တွေကို တစ်လ ဒေါ်လာ၅၀ နဲ့ PayPal payment နဲ့ ရောင်းမယ်ပေါ့။
❔ ဘယ်သူတွေဖတ်သင့်လဲ။
✔️ ငယ်စဉ်ကတည်းက တစ်ခုခုကို စတင်တည်ထောင်ချင်တဲ့လူငယ်တွေ၊
✔️ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ချင်သော်လည်း စွန့်စားရမှာမလိုလားသူတွေ၊
✔️ side project ကိုလုပ်ဖို စီစဉ်နေပြီး အလုပ်မဖြစ်သေးသူတွေ ဖတ်သင့်ပါတယ်။“Thoughtful, funny, and compulsively readable, this guide shows how ordinary people can build solid livings, with independence and purpose, on their own terms”
– Gretchen RubinTitle- The 100$ Startup
Author- Chris Guillebeau
Price – 21,500 MMK (Premium++ Quality, Hard Cover, Creamy Paper) -
Add to cart
95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓
သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍
သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛
သူဟာအသုံးချခံဖို့ဝန်မလေးသလို။⚖️
သူဟာဖျက်ဆီးဖို့လည်းမတုန့်ဆိုင်းဘူး💥။
သူ့စည်းမျဉ်းတွေကိုလိုက်နာတဲ့သူတွေအတွက် တိုးတက်မှုကိုပေးစွမ်းသလို။📈
သူ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူတွေအတွက် ပျက်ဆီးမှုကိုယူဆောင်ပေးတယ်။☠️
သူကဘာလဲ ?🐍
💔ကျွန်တော်တို့ နာကျင်နေချိန်
ကြင်နာမှုနဲ့ခွန်အားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ဖို့လိုအပ်လာတဲ့အချိန်မှာ ခွန်အားရှိတဲ့လူကိုရွေးချယ်လိမ့်မယ်။ စကားလုံးတွေထက် လုပ်ရပ်တွေကိုလူတွေသဘောကျနှစ်ခြိုက်တယ်ဆိုတာ ကိုသိတဲ့လူအတွက် ပါဝါဟာ သူ့အတွက်ရုပ်သေးရုပ်တစ်ခုထက်မပိုဘူး။
🪨“ဘယ်တော့မှမငြင်းခုံနဲ့ အလုပ်နဲ့ပဲသက်သေပြ” ဆိုတဲ့ Michelangelo ရဲ့လက်ထဲက ဖုန်မှုန့်လေးတွေရဲ့ဥပမာဟာ ပါဝါရဲ့လှည့်စားနိုင်စွမ်းကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ “ဆိတ်ဆိတ်နေထောင်တန်” “Always Says Less Than Necessary” ဆိုတာ မိသားစုထမင်းဝိုင်းလေးတွေကနေစပြီး Cooperate Executive Meeting တွေအထိ စကားလုံးတွေရဲ့တန်ဖိုးကိုရောင်ပြန်ဟပ်စေတယ်။
🐺ပါဝါဟာ သူ့ကိုမလေးစားတဲ့လူကိုစွန့်ခွာပြီး သူ့ကိုထိန်းချုပ်နိုင်တဲ့လူနဲ့ အမြဲနေတယ်။
🎃သင်မသိသေးတာလား?
😱ဒါမှမဟုတ် သိဖို့ငြင်းဆန်နေတာလား ?
အတုအယောင် မျက်နှာဖုံးတွေရဲ့အနောက်မှာဘာတွေရှိနေမလဲ?🎭
ဘ၀ရဲ့ဇာတ်ခုံပေါ်မှာ ဘယ်ကစားကွက်တွေဟာလှလှပပ ကပြနေမလဲ ?
ဘယ်အရာတွေကအမှန်လဲ ?
⚔️ဘ၀ရဲ့ ကဇာတ်ကိုကန့်လန့်ကာရဲ့အနောက်ကနေ လက်ခုပ်ဖြေးဖြေးလေးတီးရင်း တီးလုံးသံတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ဒီလျှို့ဝှက်ချက်တွေထဲကို ရဲဝံ့စွာလှမ်းလျှောက်လိုက်ပါ။
-
Add to cart
အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ဖို့ 7 Habits of Highly Effective People စာအုပ်ထဲက အလေ့အကျင့် ၇ခု
1️⃣ ကြိုတင်ပြင်ဆင်မှုအမြဲရှိပါ
ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာတွေအားလုံးအတွက်ကို အဆင်သင့်ဖြစ်အောင်အမြဲကြိုးစားပါ၊ ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေကို တွေးပူနေမဲ့အစား ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာကို စဉ်းစားထားပါ။2️⃣ အလုပ်စလုပ်ကတည်းကနောက်ဆုံးအထိတွေးပါ
ကိုယ်လိုချင်တဲ့အရာကဘာလဲ ? အဲ့ဒါကိုရဖို့ဘယ်လောက်ထိအလုပ်လုပ်မလဲ ? ဘယ်အရာကကိုယ့်ကိုအောင်မြင်ပြီလို့သတ်မှတ်မလဲ ? ကိုယ်ဖြစ်ချင်တာကဘာလဲ ? စတဲ့အရာတွေကို အလုပ်တစ်ခုစလုပ်ကတည်းကအရင်ဆုံးတွေးပါ။3️⃣ အရေးပါတဲ့အရာတွေကိုပထမဆုံးနေရာမှာထားပါ
အရေးပါတဲ့အရာနဲ့ ချက်ချင်းလုပ်ရမဲ့အရာ ( Important Vs Urgent ) ဟာမတူပါဘူး။ အရေးပါတဲ့အရာတွေခေါင်းထဲမှာရှိနေရက်နဲ့ အခြေအနေနဲ့အချိန်အခါကြောင့် ချက်ချင်းလုပ်ရမဲ့အရာတွေကို ရုတ်တရက်ဦးစားပေးမိသွားတတ်ပါတယ်။ Urgent ဖြစ်တဲ့အရာတိုင်းကို အမြဲချက်ချင်းတုံ့ပြန်ခြင်းဟာ ကျွန်တော်တို့တကယ်သွားရမဲ့ ပန်းတိုင်ကိုနှောင့်နှေးသွားစေတတ်ပါတယ်။4️⃣ နှစ်ဘက်လုံး အနိုင်ရစေမယ့်အတွေးတွေကိုတွေးပါ
သူငယ်ချင်း မိတ်ဆွေတွေနဲ့ဖြစ်စေ ၊ မိသားစုနဲ့ဖြစ်စေ ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ဖြစ်စေ နှစ်ဦးနှစ်ဖက်လုံး အမြဲအဆင်ပြေစေမယ့်နည်းလမ်းတွေကိုတွေးပါ။
အတူတကွအကျိုးဖြစ်ထွန်းစေခြင်းဟာ ရေရှည်အကျိုးတည်တံ့မှုနဲ့တိုက်ရိုက်အချိုးကျပြီး ခင်မင်တဲ့အပေါင်းအသင်း Network ပိုမိုတိုးပွားလာပါလိမ့်မယ်။5️⃣ နားထောင်ဖို့အရင်ကြိုးစားပါ ပြီးမှနားလည်ဖို့လုပ်ပါ
သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်က အခက်အခဲတစ်ခုကိုရင်ဖွင့်တာကြုံတိုင်းကျွန်တော်တို့ပထမဆုံးလုပ်တာက အကြံပေးဖို့ပါပဲ။ တကယ်လုပ်သင့်တာက အရင်နားထောင်ပါ၊ ပြီးရင်သူ့အခက်အခဲကိုနားလည်ဖို့ကြိုးစားပါ။ လူအများစုကအကြံဉာဏ်တွေထက် သူတို့ရဲ့ပြသနာကိုနားလည်သဘောပေါက်အောင် သေသေချာချာနားထောင်ခြင်းကိုပိုလိုလားပါတယ်။6️⃣ ပူးပေါင်းဆောင်ရွက်ပါ
ဦးနှောက်နှစ်ခု ဟာဦးနှောက်တစ်ခုထက်အမြဲပိုကောင်းပါတယ်။ ကိုယ်နဲ့ရင်းနှိးတဲ့မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အရာတွေကိုအမြဲစဉ်းစားပြီးတိုင်ပင်ပါ။ တစ်ယောက်အားနှင့်ရွေ့သော်မရ တစ်သောင်းအားနှင့်ရွေ့သော်ရသည် ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။7️⃣ အသိပညာဓားသွားကို ထက်နေအောင်အမြဲသွေးပါ
လောကကြီးက အမြဲတိုးတက်ပြောင်းလဲနေသလို အသိပညာတွေကလည်းစဉ်ဆက်မပြတ်အမြဲတိုးတက်နေပါတယ်။ကိုယ်သိသလောက်နဲ့ဘယ်တော့မှမရပ်လိုက်ပါနဲ့။ မိမိရဲ့ စိတ်၊ခန္တာ၊ခံစားချက်တွေကို တိုးတက်ပြောင်းလဲစေနိုင်မယ့် အရာတွေကိုအဆက်မပြတ်လေ့လာသင်ယူပါ။ -
Add to cart
⚠️⚠️⚠️“ထောင်ချောက်ဆိုတာ သိလျက်သားနဲ့ ရှေ့ဆက်မတိုးနဲ့”⚠️⚠️⚠️
ဒီစာအုပ်က ကျွန်တော်တို့ကိုသတိပေးနေတယ်။
ဒါက ကျွန်တော်တို့မသိသေးတဲ့တစ်စုံတစ်ခုရဲ့ ဆွဲငင်မှုတစ်ခုပဲ..
အန္တာရယ်အရှိဆုံး ပါဝါဟာ သူရှိနေတာကိုဘယ်သူ့မှမမြင်ရအောင်ကိုယ်ယောင်ဖျောက်နိုင်တယ်။
တိတ်ဆိတ်ငြိမ်သက်စွာနဲ့ သူမရှိသလိုပျောက်နေပြီး သတိမထားမိတဲ့အချိန်မှာပြန်ပေါ်လာတတ်တယ်။
ဘယ်တော့မတိုက်တွန်းပဲ.. စိတ်ရှည်စွာနဲ့ သူ့ဆီရောက်လာမဲ့ အချိန်တစ်ခုကိုစောင့်တယ်။
🎭ထိန်းချုပ်ခံနေရမှန်းမသိပဲ ရွေးချယ်မှုတွေ လုပ်နေတယ်လို့ သင်ထင်လိမ့်မယ်။
တကယ်တော့ သင်ကိုယ်တိုင်က နောက်ကျောကနေထိန်းကျောင်းနေတဲ့ ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲဆိုတာ အချိန်နဲ့အမျှနားလည်လာရင် သင်ဘာလုပ်မလဲ?
🖼️ဒါဟာ အလှတရားမဟုတ်ဘူး။ အနုပညာတစ်ခု။
အမည်တပ်လို့မရတဲ့ ဂိမ်းတစ်ခုထဲမှာ ကျွန်တော်တို့အားလုံး ပါဝင်ကစားနေရတယ်။ ကျွန်တော်တို့တွေဟာ ရုပ်သေးရုပ်တွေလား ? ကြိုးဆွဲနေတဲ့လက်ချောင်းတွေလား ?
တွန်းအားမရှိပဲ သူ့ရဲ့ထိန်းချုပ်မှုအောက်ကို သင်အလိုလိုဝပ်တွားခယအောင် ဒီပါဝါကပြုစားနိုင်စွမ်းရှိတယ်။
ဒီစာအုပ်ကို Romantic စာအုပ်လို့ထင်ရင်အကြီးကြီးမှားသွားမယ်။
သူ့ကို…..
✨ ဖြည်းဖြည်းချင်းဖတ်ပါ။
✨ နက်နက်ရှိုင်းရှိုင်းနားလည်ပါ။
✨ ပါဝါရဲ့ မျက်နှာများတဲ့အကြောင်းကိုနားလည်ပြီး အနှောင်အဖွဲ့တွေကို လိမ္မာပါးနပ်စွာနဲ့ရှောင်ရှားနိုင်ပါစေ….
-
Add to cart
🙏အစီအစဉ်မကျမှု တလွဲတချော်ဖြစ်မှုတွေနဲ့ အတူတကွနေထိုင်နည်း ၁၂ ချက် – Part 1 🙏
ဘယ်လောက်ပဲအစီအစဉ်ကျအောင်လုပ်လုပ် တလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။
No matter how much we try to set things in order, Chaos is bound to happen.👥ဒါတွေကကျွန်တော်တိုအားလုံးဖြစ်နေကျခံစားမှုတွေပါ။ ကျွန်တော်တိုကစနစ်တကျစီစဉ်ထားတယ်။ ဒါပေမယ့်လောကကြီးက တလွဲတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခု၊ အလေ့အကျင့်တစ်ခုလုပ်ဖိုတောင် ဘာတွေသောက်တလွဲဖြစ်ဦးမလဲဆိုတဲ့အတွေးနဲ့ စိုးရိမ်ပူပန်နေတာနဲ့ တင် အလုပ်တွေနှောင့်နှေးနေတာတွေဖြစ်တတ်ပါတယ်။
ဒီလို တလွဲတချော်ဖြစ်နေမှုတွေနဲ့ အစီအစဉ်တကျအလုပ်ဖြစ်မှုဆိုတဲ့အရာနှစ်ခုကြားမှာဘယ်လိုနေထိုင်ရမလဲ ?အဆိုး အကောင်းနှစ်ခုကိုဒွန်တွဲပြီး သာတူညီမျှ ဖြစ်တဲ့ဘ၀ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို Jordan Peterson ရဲ့ Beyond Order မှာဖော်ပြထားပါတယ်။🏷Beyond Order ဟာ Jordan Peterson ရဲ့ Bestseller ဖြစ်တဲ့ 12 Rules for life ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာ တလွဲတချော်ဖြစ်မှုတွေနဲ့ အစီအစဉ်ကျမှုတွေကြားမှာ သာတူညီမျှစွာနေထိုင်နိုင်မဲ့နည်း တွေကို ရှင်းပြထားပါတယ်။ ဒီနည်းတွေကို အတူတူလေ့လာကြည့်ရအောင်
🏢1. Do not carelessly denigrate social institutions or creative achievement.🏢
အဖွဲအစည်းတွေနဲ့ တီထွင်အောင်မြင်မှုတွေကို ဂရုမစိုက်ပဲ မရှုချပါနှင့်
တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုတဲ့စကားပုံလိုပဲ လူသားတိုးတက်မှုမှာ အဖွဲအစည်းတွေက အရေးကြီးပါတယ်။ မိမိကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ ပညာသင်ပေးနိုင်တဲ့ Mentor တွေ လက်တွေ့ယူရမယ့် Experience တွေဟာ အဖွဲအစည်းတွေမှာရှိပါတယ်။အဖွဲအစည်းတစ်ခုထဲကိုရောက်ရင် Complain တွေတက်ပြီးအမုန်းပွားနေမယ့်အစား ကိုယ့်ကို အပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့အတူ မိမိရဲ့ဘ၀ကို တိုးတက်အောင်ရှာဖွေပါ။ တီထွင်ကြံဆမှုတွေကိုလေ့လာပါ။🏃♂️2. Imagine who you could be and then aim single-mindedly at that.🏃♂️
ကိုယ်ဘာဖြစ်နိုင်လဲဆိုတာကိုတွေးပြီး အဲ့ဒီ့အရာတစ်ခုတည်းကိုဦးတည်ပြီးအလုပ်လုပ်ပါ
“ Hero တစ်ယောက်ဆိုတာ ပြီးပြည့်စုံအောင်ဖွံဖြိုးတိုးတက်ပြီးတဲ့ ကိုယ်ပိုင်အရည်အချင်းရဲ့ ဥပမာတစ်ခုဖြစ်တယ်” လို စာရေးသူကပြောထားပါတယ်။ငယ်ရွယ်စဉ်တုန်းက ကျွန်တော်တိုတွေဟာ Batman, Spiderman တိုလိုမျိုး Hero တွေကိုသဘောကျခဲ့သလို အခု ကျွန်တော်တိုလက်တွေ့မြင်ရတဲ့ Elon Mask တို Jeff Bezos တိုလိုမျိုး Hero တွေဖြစ်အောင် ကြိုးစားချင်တယ်မဟုတ်လား။ကိုယ် အားကျတဲ့ Hero တစ်ယောက်လို ကိုယ့်ကိုယ်တိုင်စိတ်ကူးယဉ်ပြီး သူကြုံခဲ့တဲ့အခက်အခဲတွေ ကိုရင်ဆိုင်သလိုမျိုး ရင်ဆိုင်ပြီး ရှေ့လျှောက်မယ့်လမ်း ကကျန်တဲ့မလိုတဲ့ အရာတွေကိုဖယ်ထုတ်နိုင်ရပါမယ်။🌫3. Do not hide unwanted things in the fog.🌫
မလိုချင်တဲ့အရာတွေကို မီးခိုးငွေ့တွေထဲဖုံးကွယ်မထားပါနဲ့
အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်တော်တိုလုပ်မိတတ်တာက အဲ့ဒီ့အရာတွေကို မမြင်ရအောင်ဖုံးကွယ်ထားဖိုကြိုးစားတာပါပဲ။ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆင်မပြေကြောင်း တိုက်ရိုက်ပြောဖိုထက် အဲ့ဒီ့အရာကိုဖုံးကွယ်ပြီးအခြားအကြောင်းကိုပြောဖို ကျွန်တော်တိုပိုပြီး ကြိုးစားတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖုံးကွယ်ထားတဲ့အရာတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတော့မှ အငိုက်မိပြီး ပြသနာတွေဟာ မထင်မှတ်ထားပဲအရမ်းကြီးမားသွားတတ်ပါတယ် ။ အခက်အခဲတွေကို ဖုံးကွယ်ဖိုမကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေးကိုမွေးမြူမှသာ ကျွန်တော်တို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။🌻4. Notice that opportunity lurks where responsibility has been abdicated.🌻
တခြားသူတွေတာဝန်မယူရဲတဲ့နေရာတွေမှာ အခွင့်အလမ်းတွေရှိနေတတ်တာကိုသတိပြုပါ
ဒီနေရာမှာ မင်မင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု Share ချင်ပါတယ်။ အလုပ်မှာပွဲတစ်ခုစီစဉ်တုန်းက အစားအသောက်အတွက်ဘယ်သူမှတာဝန်ယူမယ့်သူမရှိတဲ့အချိန်မှာ မင်မင် က Volunteer အနေနဲ့တာဝန်ယူခဲ့မိပါတယ်။ ဘာမှသိပ်မတွေးပဲပုံမှန် အတိုင်းကူညီချင်ရုံသတ်သတ်နဲ့ တာဝန်ယူလိုက်တာရဲ့ အကျိုးဆက်က အလုပ်မှာ ရှိတဲ့လူအားလုံးနဲ့ ရင်းနှီးမှုပိုရခဲ့တဲ့အပြင် အရင်က သိပ်မတည့်တဲ့သူတွေပါကိုယ်နဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး မင်မင့်ကို ဒီ Page ကလေး run ဖိုတွန်းအားပေးတဲ့ ဆရာကောင်းတွေနဲ့လည်းကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက တာဝန်သာမယူခဲ့ရင် ဒီ Page လေးဖြစ်လာဖိုဆိုတာလည်းအချိန်တစ်ခု ထပ်ကြာနေဦးမှာပါ။⛔️5. Do not do what you hate.⛔️
မင်းမုန်းတဲ့ အလုပ်ကိုမလုပ်ပါနဲ့
“ဟိုး….. ထား ဆရာသမား” မုန်းတဲ့အလုပ်ကိုမလုပ်နဲ့ဆိုလို ကိုယ်မကြိုက်တဲ့အရာမှန်သမျှမလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်မုန်းတဲ့အရာတွေဆိုတာ ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ၊သူများအတွက်လည်းစီးပွားမဖြစ်ထွန်း ၊ ပတ်ဝန်းကျင်ကလည်းလက်မခံနိုင်တဲ့ အရာတွေကိုပြောတာနော်။ ကိုယ့်အလုပ်ကို ကိုယ်မကျေနပ်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဘာပြောင်းလဲနိုင်သလဲအရင်စဉ်းစားပြီး တိုးတက်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးပါ။ အလုပ်က မပြောင်းလဲပေးနိုင်ဘူး ဆိုရင် အားလပ်ချိန်မှာ ကိုယ့် Personal Life ကိုတိုးတက်အောင်လုပ်ပြီး ဒီအလုပ်ကထွက်နိုင်မယ့်နည်းလမ်းကိုရှာပါ။📡6. Abandon ideology.📡
အယူဝါဒတွေကိုလက်ကိုင်စွဲမထားပါနဲ့
Ideology တွေဟာ Smart ဖြစ်တဲ့ ငပျင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။( မယုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ)။ နီတိတွေကျမ်းတွေ နဲ့ လူကြီးတွေပြောတဲ့ ဆုံးမမှုတွေဟာ အတိုင်းအတာတစ်ခု အထိလက်ခံကျင့်သုံးလိုကောင်းပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ရှေးဦးစာအုပ်တွေထဲကအတိုင်း လိုက်နေလိုကတော့ ကျွန်တော်တိုရဲ့တက်လမ်းကို စာအုပ်တွေထဲက နိယာမတွေနဲ့ပိတ်မိထားသလိုဖြစ်နေမှာပါ။ လွတ်လပ်စွာတွေးခေါ်ပါ။ စွန့်စားမှုကိုလက်သင့်ခံပါ။ မိမိလက်ခံထားတဲ့ မိမိရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်ပြီး လိုက်လျောညီထွေနေနိုင်အောင် Upgrade လုပ်ပါ။💪7. Work as hard as you possibly can on at least one thing and see what happens.💪
တစ်ခုကို ရှိသမျှအားအကုန်စိုက်ပြီးအလုပ်လုပ်ကြည့်ပြီး ဘာဖြစ်လဲစောင့်ကြည့်ပါ
သင်မအောင်မြင်သေးတာမဟုတ်ပါဘူး ဖြစ်ချင်တာတွေအရမ်းများနေတာပါ။ ဆရာဝန်ကြီးဖြစ်ချင်တာလား ? အင်ဂျင်နီယာကြီးဖြစ်ချင်တာလား ? Vlogger ကြီးဖြစ်ချင်တာလား ? Influencer ကြီးဖြစ်ချင်တာလား ? ဖြစ်ချင်တာတွေတော့အရမ်းများပါရဲ့ အခုအချိန်ထိတော့ဘာမှတော့ဖြစ်မလာသေးဘူး လုပ်တာကတော့အကုန်လုပ်နေတာပဲ..
အကုန်မလုပ်ပါနဲ့။ တစ်ခုတည်းကိုအချိန်အတိုင်းအတာတစ်ခုအထိအားစိုက်အလုပ်လုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။ အောင်မြင်တဲ့သူတိုင်းဟာ နေရာတိုင်းမှာမတော်ကြပါဘူး။ ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ Skill နဲ့ အလုပ်လုပ်နိုင် တာဟာ သင့်အောင်မြင်မှုရဲ့လမ်းစတစ်ခုဖြစ်ပါတယ်။💐8. Try to make one room in your home as beautiful as possible.💐
မင်းအိမ်က အခန်းတစ်ခန်းကို လှနိုင်သမျှလှအောင်ထားပါ။
စားပွဲပေါ်ကပန်းအိုးသေးသေးလေးတစ်လုံးလိုမျိုးရိုးရှင်းတဲ့ မြင်ကွင်းလေးတစ်ခုဟာ အံ့ဩဖွယ်ကောင်းတဲ့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်လိုက်ပါ ခင်ဗျားအလုပ်ကနေတစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ ဘယ်လောက်တောင်စိတ်ချမ်းသာသွားလိမ့်မလဲ ဆိုတာ။ တကယ်လိုအခန်းတစ်ခန်းလုံးအတွက်အချိန်မရှိဘူး ဆိုရင်တောင် ဘုရားစင်ထဲက ဘုရားပန်းလေးလဲတာ သောက်တော်ရေလဲတာလေး နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်ဘ၀အတွက် အေးချမ်းတဲ့နေရာတစ်ခု ဟာ သင့်အိမ်မှာနေ့စဉ်ရှိနေပါလိမ့်မယ်။📝9. If old memories still make you cry, write them down carefully and completely. 📝
အတိတ်ကအကြောင်းအရာတွေနဲ့မျက်ရည်ကျမိနေသေးရင် သေသေချာချာပြည့်ပြည့်စုံစုံ ရေးချပါ။
ဆုံးရှုးမှုဟာ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တိုချစ်တဲ့အရာတွေနဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေဟာ မေ့ပစ်ဖိုအရမ်းခက်ခဲပါတယ်( ဥပမာ မိသားစုဝင်တွေ တိရစ္ဆာန်လေးတွေ) ။ ဒီအရာတွေကို ကျွန်တော်တိုထပ်ခါတလဲလဲပြန်တွေးမိရင်း ဖြေသိမ့်မှုမရနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတ်ပါတယ်။ ကျွန်တော်တိုတွေ လွတ်မြောက်မှုနဲ့ဖြေသိမ့်မှုရရှိနိုင်ဖိုကအတွက် သူတိုနဲ့ ပက်သက်တဲ့ သတိရမှု လွမ်းဆွတ်မှုတွေကို စာရွက်တွေပေါ်မှာချရေးထားပြီး လိုအပ်တိုင်းထုတ်ဖတ်ပါ။သင့်ဘ၀ထဲမှာ သူတိုတွေအကောင်းဆုံးဖြစ်အောင်သူတိုကြိုးစားခဲ့ပြီးပါပြီ သူတိုတွေဂုဏ်ယူရအောင် ကြိုးစားဖိုက သင့်တာဝန်ပါ။💓10. Plan and work diligently to maintain the romance in your relationship.💓
အချစ်တွေဆက်လက်ရှင်သန်နေဖို အစီအစဉ်ချပြီး ကြိုးစားအားထုတ်ပါ။
ချစ်နေရင်ပြီးရော ဆိုတဲ့ စကားလုံးက တကယ့်လက်တွေ့ဘ၀နဲ့ ထပ်တူကျမနေပါဘူး။ အိမ်ထောင်ဖက်ဘ၀မှာ မိသားစုဘ၀မှာ ရေရှည်တည်မြဲနေဖိုအတွက်အားစိုက်ထုတ်မှုတွေ နားလည်မှုတွေ ရှိရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေနဲ့ လိုအင်တွေကို နားလည်သဘောပေါက်ပြီး လေးစားမှုအပြည့်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်မှုဟာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုအားသစ်လောင်းစေပါတယ်။
အချစ်ရေးနဲ့ မိသားစုမှာ အဆင်ပြေမှုဟာ သင့်အောင်မြင်မှုဆီကို အမြန်ဆုံးရောက်အောင်တွန်းအားပေးနိုင်တဲ့ အစွမ်းအထက်ဆုံးသောအရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုဂရုစိုက်ဖိုမလစ်ဟင်းမိပါစေနဲ့ ။💢11. Do not allow yourself to become resentful, deceitful, or arrogant. 💢
ကိုယ့်ကိုကိုယ် နာကြည်းမှု ၊ လှည့်စားမှု နဲ့ မာနထောင်လွှားမှုတိုရဲ့သားကောင်အဖြစ်မခံပါနဲ့
ဘ၀ရဲ့ ထိုးနှက်မှုတွေအများကြီးကို သင်ခံစားဖူးခဲ့ပြီးပါပြီ။ အောင်မြင်မှု၊ ကျရှုးမှု၊ နောက်ကျောဓားနဲ့အထိုးခံရမှု၊ ကွယ်ရာမှာအပုတ်ချခံရမှု စသည်ဖြင့်အခြေအနေအမျိုးမျိုးက သင့်ကို ဒီနေရာရောက်အောင် တွန်းပိုခဲ့တာမဟုတ်ပါလား။ အတိတ်ကအရာတွေကိုပြန်တွေးမိတဲ့အချိန်မှာ နာကြည်းမှု၊ ခံပြင်းမှုတွေနဲ့ မိမိကိုယ်ကိုယ်ပိတ်လှောင်မိနေခြင်းဟာ အဆိုးဝါးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ အရင်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံလိုက်ပါ သူတိုဟာသင့်ကို ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့တာပါ။ ဒီသင်ခန်းစာတွေကိုပဲ ရင်ထဲမှာသိမ်းထားပြီးရှေ့ဆက်မယ့်လမ်းမှာ လက်နက်အဖြစ်အသုံးချပါ။🕊12. Be grateful in spite of your suffering. 🕊
သင့်ရဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေကိုကျေးဇူးတင်ပါ
မီးပူပူထဲ အကြိမ်ပေါင်းများစွာဖြတ်သန်း၊ တူနဲ့ ထုရိုက်မှုပေါင်းမြောက်များစွာကိုမခံယူပဲနဲ့ ဓားကောင်းတစ်ချောင်းဖြစ်မလာသလို အခက်အခဲတွေကို မရင်ဆိုင်ပဲနဲ့လဲ လူတော်လူကောင်းတစ်ယောက်ဖြစ်မလာပါဘူး။ ကျွန်တော်တိုလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ ဘယ်သူ့ကိုမှပြောပြလို နားမလည်နိင်လောက်တဲ့ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ နာကျင်မှုတွေဟာ ကျွန်တော်တိုကို အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့တာပါ။ဒါကြောင့် အခက်အခဲတွေထပ်ရင်ဆိုင်လာရရင် စိတ်ညစ်မယ့်အစားကျေးဇူးတင်ပါ။ ဘာလိုလဲဆိုတော့ သူတိုဟာ ကျွန်တော်တိုအတွက်အကောင်းဆုံးသင်ခန်းစာတွေထပ်ယူလာပေးတယ်ဆိုရင်လည်းမမှားပါဘူး။📔Beyond Order ဟာ ဘ၀ရဲ့ ရှုပ်ထွေးမှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ခွန်အားရှိရှိရင်ဆိုင်နိုင်အောင် ညွှန်ပြပေးတဲ့ လမ်းပြမြေပုံတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောကကြီးကကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်ဘ၀ကို ကျေနပ်ဖိုက ကိုယ့်မှာပဲတာဝန်ရှိတဲ့အကြောင်းကို Dr. Jordan Peterson က စာအုပ်ထဲမှာလှပစွာရှင်းပြထားပါတယ်။
သင့်ဘ၀အတွက် လိုအပ်တဲ့ Balance ကိုရှာဖွေဖို အသင့်ဖြစ်နေပြီဆိုရင်တော့ Beyond Order ကို Airplane Bookstore မှာ အဆင်သင့်မှာယူလိုရပါတယ်။ ဒီစာအုပ်ထဲကဘယ်နည်းတွေကိုသင်အသုံးချဖိုစဉ်းစားထားသလဲ? တခြားသူတွေလည်း ဒီလိုအသိဉာဏ်တွေတိုးပွားအောင် ဒီ Post လေးကို ကူ Share လိုက်ပါ။
Book Title – Beyond Order : 12 More Rules for Life
Author – Jordan Peterson
Price – 19,500 MMK -
Add to cart
🏗 “Donald Miller will teach you how to grow your business.”
– John C. Maxwell
🔊 သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံ နှစ်ခုကမတူကြပါဘူး။
🎧 ကျွန်တော်တို့နေ့စဉ် ပစ္စည်း အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့မြင်တွေ့ကြရတယ်။ ဖိနပ်တွေ၊ အိတ်တွေ၊ နာရီ တွေပေါ့။ ဒါပေမယ့် တစ်ချို့ပစ္စည်းတွေဆိုရင်တော့ မြင်လိုက်တာနဲ့ဘယ် Brand လဲ၊ ဘယ်နိုင်ငံက လာလဲ ဆိုတာ တစ်ခါတည်း တန်းသိနိုင်တယ်။ ဥပမာ Adidas, Nike, Puma, Michael Kors, Versace သူတို့ကို တစ်ကမ္ဘာလုံးက သိကြတယ်။
👁 “Branding is all about how you want people to see you.”
🎼 သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံနှစ်ခုက မတူကြပါဘူး။ သီချင်းတစ်ပုဒ်မှာ သံစဉ် အတက်အကျရှိတယ်။ စာသားတွေမှာ အဓိပ္ပာယ်တွေ ပါတယ်။ အချိန် အများကြီး ရင်းနှီးပြီးမှ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာတယ်။ အနှစ်သာရ ရှိတဲ့သီချင်း တစ်ပုဒ်က နားထောင်သူတွေကို ရသ များစွာ ပေးစွမ်းနိုင်တယ်။ ဦးတည်ရာမရှိ တရဆက် ဆူညံနေတဲ့အသံတွေကတော့ နားထောင်သူတွေကို စိတ်ညစ်မှုတွေသာ ပေးတယ်။
📣 အခုချိန် Marketing! Marketing! Marketing! လို့ပြောနေလုပ်နေပေမဲ့လည်း တကယ်တော့ အလုပ်မဖြစ်တာတွေ၊ ဆူညံတဲ့ အသံတွေ ဖြစ်နေကြတယ်။ Customer ကို ပေးချင်တဲ့ Message တွေ မရောက်ဘူး ဖြစ်နေကြတယ်။ ကုမ္ပဏီတိုင်းက Marketing နည်းလမ်းတွေ အများကြီးသုံးပြီး ယှဉ်ပြိုင်နေကြတဲ့ အချိန်မှာ Donald Miller က Story Brand တစ်ခုကို ဘယ်လိုတည်ထောင်ရမလဲ ဆိုတဲ့ အရိုးရှင်းဆုံး ရှင်းပြထားပါတယ်။
- Create a One-Liner (Simple, Clear and Repeatable Statement)
🎯 ဥပမာ စီးပွားရေး အကြံပေးကုမ္ပဏီဆိုပါတော့။
“ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ဆိုရင်တော့ဖြင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းရင်း လူကြီးမင်းတို့ရဲ့စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ပေးမယ့်အပြင် အမြတ်အစွန်းတွေ ပိုထွက်လာအောင် ဆောင်ရွက်ပေးမယ့် စီးပွားရေး အကြံပေးကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။” လို့ရေးမယ့်အစား ကိုယ့်ကုမ္ပဏီရဲ့Value ကိုဦးစားပေးရေးသားရမှာ ဖြစ်ပါတယ်။
✏ ဥပမာ Content Writer ဆိုရင်
ကျွန်တော့် အလုပ်ကတော့ Social Media မှာ Value-added Content တွေ ရေးသားတဲ့ Content Creator ဖြစ်ပါတယ်။
🏹 စာတစ်ကြောင်းတည်းနဲ့ပေးချင်တဲ့ Message ကိုထိထိမိမိ ရေးသားနိုင်ဖို့နည်းလမ်းပေးထားတာ ဖြစ်ပါတယ်။
- Guide
🔑 Customer တွေက သူတို့ဆီမှာ အခက်အခဲတွေ များစွာရှိကြပါတယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းဖို့အတွက် နည်းလမ်းပြပေးမယ့် လမ်းညွန်တစ်ယောက် လိုပါတယ်။ လမ်းညွန်ပေးမယ့် သူကတော့ ကျွန်တော်တို့ရဲ့ကုမ္ပဏီပါ။ ကျွန်တော်တို့က Customer တွေကို Plan တွေ ပြောပြရမယ်၊ ရှင်းပြရမယ်။ ပြီးတော့ Customer ရဲ့ပြဿနာတွေကို နားထောင်ပေးရမယ်။
📢 ကုမ္ပဏီတွေက Customer တွေကို ပစ္စည်းတွေ ထိုးရောင်း၊ Promotion တွေ ပြောပြတာတွေ ပဲ လုပ်ချင်ကြတယ်။ Customer တွေရဲ့စကားကို နားမထောင်ချင်ကြဘူး။
- Customers Trust a Guide Who Has a Plan (Customer Loyalty)
🌬 Customer က ရေစီးသန်တဲ့ ရေတံခွန်ကို ဖြတ်ကျော်ချင်တယ်ဆိုရင် ကိုယ့် ကုမ္ပဏီက ရေတံခွန်ကို ဖြတ်ပြီး တံတားဆောက်ပေးနိုင်ရမယ်။ လှေ၊ သင်္ဘော တွေ ထားရှိပေးနိုင်ရမယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မယ့် ကုမ္ပဏီကို ယုံကြည်မှုရှိမှာ အမှန်ပါပဲ။
- Customers Do Not Take Action Unless They are Challenged to Take Action
💨 Customer ကို လမ်းညွန်ပေးလိုက်ရုံနဲ Customer တွေဟာ ကိုယ့်ပစ္စည်းကို တစ်ခါတည်း ဝယ်သွားမှာ မဟုတ်ပါဘူး။ Customer ကတော့ အနည်းငယ်တော့ စိုးရိမ်မှုတွေ ရှိနေဉ်ီးမှာပါ။ သံသယတွေ မဝင်လာခင် Customer ဝယ်ချင်အောင် နည်းလမ်းတွေ ပေးထားရပါမယ်။
➗ ဥပမာ Customer တွေကို တစ်ခါတည်း ဝယ်လို့ရအောင် လုပ်ပေးမယ် ဒါမှမဟုတ် အချိန်အတိုင်းအတာ တစ်ခုမှာ ဝယ်လို့ရအောင် Planning ထားပေးတာ၊ အရစ်ကျ ပေးသွင်းနိုင်အောင် စီစဉ်ပေးဖို့လိုပါတယ်။
❓ ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
▪ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းချဲ့ထွင် ဖို့၊ လုပ်ငန်းမှာ မှားယွင်းမှုတွေကို Analyze လုပ်ဖို့အတွက် ဖတ်သင့်ပါတယ်။
▪ လူတွေကို ဦးဆောင်နေရတဲ့ခေါင်းဆောင်တွေ ဖတ်သင့်ပါတယ်။
▪ Sales Manager တွေ၊ နေ့စဉ် Customer တွေနဲ့ထိတွေ့နေရတဲ့သူတွေ ဖတ်သင့်ပါတယ်။
▪ စာအုပ်ထဲမှာ Customer တွေက ဘာကြောင့် ဝယ်ရသလဲ ပြီးတော့ Customer တွေ ကိုယ့်ပစ္စည်းတွေကို ဝယ်လာအောင်၊ Customer Loyalty ရအောင် Message ပေးနည်းတွေ ပါဝင်ပါတယ်။
▪ Marketing Fundamental, Effective Messaging for Websites and Social Media နည်းလမ်းတွေကို အချိန်အများကြီး မယူပဲ လေ့လာချင်သူတွေအတွက် Donald Miller က အလွယ်ကူဆုံး ရေးသားထားတာ ဖြစ်ပါတယ်။
💥 “Donald Miller offers a specific, detailed and useful way to Change the way you talk about the way you care about.”
– Seth Godin Author of All Marketers are Liars
👤 Donald Miller က လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို တိုးတက်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဟောပြောပွဲတွေမှာ Lead Speaker အနေနဲ့ကြိမ်ဖန်များစွာ ဦးဆောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်မှာ ပုံနှိပ်ရိုက်တဲ့ လုပ်ငန်းလေး တစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Blue Like Jazz စာအုပ်ဖြင့် အမေရိကန်နိုင်ငံရဲ့Bestselling Author တစ်ယောက် ဖြစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို အကြံပေးတဲ့ ကုမ္ပဏီ တည်ထောင်ခဲ့ပြီး သူ့ရဲ့ Building a Story Brand စာအုပ်ဟာလည်း Best Seller စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
-
Add to cart
🕰 တစ်နာရီမှာ ကုမ္ပဏီပေါင်း ၈၀ ကျော် ပေါ်ထွက်နေကြတယ်။
⭕️ အခု တစ်ကမ္ဘာလုံးမှာ ကုမ္ပဏီတွေ နေ့ချင်းညချင်း ပေါ်ထွက်နေကြတယ်။ ဒါပေမယ့် သုံးနှစ်အတွင်းမှာ ကုမ္ပဏီတွေရဲ့၈၀ ရာခိုင်နှုန်းက သေကုန်တယ်။ ငါးနှစ်အတွင်းမှာ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲက ၁၇ ရာခိုင်နှုန်းလောက် ထပ်ပြီးတော့ အရှုးပေါ်တယ်။ ကျန်တဲ့ ၃ ရာခိုင်နှုန်းလောက်ကသာ ရှင်သန်ကြတယ်။
🏛 ဒါဆိုရင် Amazon, Apple, Facebook နဲ့ Google တိုက ဘာလိုအချိန်အကြာကြီး ရှင်သန်နိုင်ရတာလဲ။ သူတိုတွေရဲ့ထူးခြားမှုတွေက ဘာတွေလဲ။ ပျက်ဆီးကုမ္ပဏီတွေနဲ့မတူတဲ့ သူတိုရဲ့ကွာခြားမှုတွေက ဘာတွေ ဖြစ်မလဲ။
✔️ Don’t Need A Great Idea to Start a Great Company
🔱 မြန်မာလူမျိုးတွေက လက်ဖက်ရည်ကို အရမ်းကြိုက်ကြတယ်။ ကျွန်တော်ဆိုလည်း တစ်ရက်ကို နှစ်ခွက်လောက်တော့ သောက်ဖြစ်တယ်။ လက်ဖက်ရည်ကို လူတိုင်း နီးပါးက နေ့တိုင်းလိုလို သောက်နေကြတယ်။ ဒီတော့ လက်ဖက်ရည်ဆိုင် ဖွင့်လိုက်ရင် ချမ်းသာမှာလား။
🍽 လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပဲ ဖွင့်မယ်ဆိုရင်တော့ ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါဆိုရင် Rangoon Tea House လုပ်လိုက်တဲ့ Market ကို လေ့လာကြည့်ရအောင်။ Rangoon Tea House မှာ လက်ဖက်ရည် ရသလား။ လက်ဖက်ရည်က အင်မတန် ထူးခြားနေသလား။ မထူးခြားပါဘူး။ ဒါပေမယ့် Rangoon Tea House က ဘာလုပ်လိုက်သလဲဆိုတော့ မြန်မာ့လက်ဖက်ရည်ကို အရည်အသွေး မြင့်လိုက်တယ်။ ဆိုင်ကောင်းကောင်း နေရာကောင်းကောင်းမှာ စားသုံးသူတွေ အဆင်ပြေအောင် လုပ်ပေးလိုက်တယ်။ တစ်ခြား Product တွေ ပေါင်းပြီးတော့ Quality Product တွေကို ရောင်းချပေးတယ်။
👏 လူတွေ ကျေနပ်ကြတယ်။ သဘောကျကြတယ်။ Rangoon Tea House ကလည်း Brand တစ်ခု ဖြစ်လာခဲ့တယ်။
💢 Million idea အကောင်းစားကြီးတော့ မလိုပါဘူး။ ရှိနေတဲ့ Idea တွေကို အကောင်းဆုံး အသုံးချဖိုပဲ လိုတာပါ။
✔️ First Who, Then What
👥 ကျွန်တော်တိုက ခရီးသွားတာပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တစ်ခုကို ဦးဆောင်နေရတာပဲ ဖြစ်ဖြစ် အရေးကြီးဆုံးက လူတွေပါ။
ခရီးသွားမယ်ဆိုပါတော့ ကား အရင်မောင်းပြီးတော့မှ လမ်းမှာ တွေ့ရာလူတင်လိုမရပါဘူး။ ကိုယ်နဲ့မကိုက်တဲ့ လူတွေ ဖြစ်နေရင် ခရီးစဉ်က ပျော်ဖိုကောင်းမှာ မဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခု ဦးဆောင်ရင်လည်း ဒီလိုပါပဲ။ ကိုယ့် ကုမ္ပဏီရဲ့ Core Value တွေနဲ့ကိုက်ညီတဲ့ လူ ဖြစ်မှသာ ကုမ္ပဏီ ရှေ့လျှောက်လမ်းစဉ်တွေမှာ အောင်အောင်မြင်မြင်နဲ့ရှေ့ဆက်တိုးနိုင်မှာပါ။👣 ဘယ်ကို သွားမလဲဆိုတာထက် ဘယ်သူတွေနဲ့တူတူသွားမလဲဆိုတာ ပိုအရေးကြီးပါတယ်။
💣 ကိုယ့်အသိုင်းအဝိုင်းမှာ ကိုယ်နဲ့ရှေ့ခရီးကို တူတူ ဆက်လျှောက်မယ့်သူမဟုတ်ရင် ကိုယ့်ဘ၀ထဲက ဖယ်ထုတ်လိုက်ပါ။
✔️ Persevere
💃 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။
📱 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Perseverance ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။
🏅 ကြိုးစားပါ။ သည်းခံပါ။ Comfort Zone ထဲမှာ ပျော်မနေပါနဲ့။ အရှုးမပေးပါနဲ့။
♦️ “Good is the Enemy of Great.”
– Jim Collins✔️ Try a Lot of Stuff and Keep What Works
🎲 အရင် တစ်ချိန်ကလို ကုမ္ပဏီတွေက Product တစ်ခု ကောင်းရုံနဲ့မရတော့ပါဘူး။ Adidas တိုNike တိုဆိုရင် သူတိုProduct ကို ပြောပါဆိုရင်တော့ ဖိနပ်တစ်ခုထဲနဲ့မရတော့ပါဘူး။ Adidas ဆိုရင် ဖိနပ်အပြင် ရေမွှေး၊ အင်္ကျီ၊ ဘောင်းဘီ စသဖြင့် Product အသစ်တွေ ထပ်လုပ်နေရပါတယ်။ Nike ဆိုရင်လည်း အစကတော့ Football နဲ့American Super Bowl လောက်ပဲ Sponsor ပေးရုံကနေ နောက်ပိုင်းမှာ Golf အပိုင်းကိုပါ ထပ်လုပ်လာတာကို တွေ့မြင်ရမှာပါ။
🎈 Product သိုမဟုတ် Company တစ်ခုဟာ Market Peak ရောက်သွားတဲ့ အခါမှာ Market Share ပြန်လျော့ကျမသွားအောင် အသစ်အသစ်တွေ အမြဲလုပ်နေရပါတယ်။
🎯 ဒါမှလည်း Visionary Companies ကြီးတွေ ဖြစ်လာကြတာပါ။
🌊 စာအုပ်ကောင်း တစ်အုပ်မှာ စာရေးဆရာတစ်ယောက်က အချိန်တွေ အများကြီး ရင်းနှီးမြုပ်နှံထားတာကို တွေ့မြင်ရမှာပါပဲ။ Jim Collins က သူ့ခြောက်နှစ်ကြာ CEO တွေကို Research လုပ်ပြီးမှ ရလာတဲ့ အကြောင်းအရာတွေကို Built to Last စာအုပ်ထဲမှာ သေချာရှင်းလင်းပြောပြထားတာကို တွေ့မြင်ရမှာပါ။ Jim Collins ကို စီးပွားရေး Guru တစ်ယောက် အနေနဲ့တင်စားထားပြီး သူ့ရဲ့Built to Last နဲ့Good to Great စာအုပ်တွေဟာ Million Seller စာအုပ်တွေဖြစ်ခဲ့ကြပါတယ်။ 2017 ခုနှစ်မှာတော့ Jim ကို one of the 100 Greatest Living Business Minds လိုတင်စားထားပါတယ်။
〰️ Book Title – Built to Last: Successful Habits of Visionary Companies
✏️ Author – Jim Collins, Jerry I. Porras
🔖 Price – 29,500 MMK ( Premium++ Quality, Hardcover, Creamy Paper)
-
Add to cart
Brené Brown’s “Dare to Lead” is a powerful call to courage, urging us to embrace vulnerability and brave the messy arena of leadership. It offers practical tools and insightful frameworks for cultivating braver, more authentic leadership in all aspects of life. A must-read for anyone seeking to lead with heart and make a real difference.
-
Add to cart
🎓 Harvard, Oxford ကျောင်းသားတွေက ဒီနည်းလမ်းကို အသုံးပြုကြတယ်။
❓ နဂိုထက် ပိုမိုအောင်မြင်မှုတွေ ရရှိနိုင်စေမယ့်နည်းလမ်းတစ်ခု ရှိမယ်ဆိုရင် စိတ်ဝင်စားမလား?📒 ဘယ်သူတွေ ဖတ်သင့်လဲ ဆိုတော့
🟥 တစ်ရက်ကို ၈ နာရီအထက် အလုပ်လုပ်နေရသူတွေ
🟧 အလုပ်ရှုပ်နေပြီး အလုပ်ပြီးမြောက်မှု မရှိသူတွေ
🟨 ပညာရပ် တစ်ခုခုကို အားသွန်ခွန်စိုက် လေ့လာချင်သူတွေ အတွက် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တယ်။🧠 ခေါင်းစဉ်ကတော့ Deep Work တဲ့
🥺 မျက်လုံးခဏ မှိတ်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကြည့်လိုက်ပါ။ ၁ မိနစ်မပြည့်ခင်မှာပဲ သင့်ခေါင်းထဲကို အတွေးပေါင်းများစွာ ဝင်ရောက်နှောင့်ယှက်နေမှာကို သတိပြုမိလိမ့်မယ်။
😈 ဦးနှောဏ် ရဲ့ သဘာဝက ပြဿနာတွေကို ဖြေရှင်းဖိုပါပဲ။ ပြဿနာတွေ မရှိတော့တဲ့ အခါမှာ ပြဿနာတွေကို ဖန်တီးတတ်တယ်၊ ရှာဖွေတတ်တယ်၊ အနှောင့်အယှက်တွေကို လုပ်ယူတတ်ပါတယ်။
🦸♂️ နေ့စဉ် Social Media ကို ကြည့်တတ်တဲ့သူတွေ အနေနဲ့ Social Media မှာ ပြဿနာပေါင်းစုံကို အချိန်နဲ့ အမျှ တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်။ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာ ရှိနေသေးသရွေ့ လိုချင်တဲ့ အခြေအနေတစ်ခုကို ရောက်နိုင်ဖို နှောင့်နှေးနေဦးမှာပဲ ဖြစ်တယ်။ ဦးနှောဏ်ကို ကိုယ့်ရဲ့ Discipline နဲ့ ပြန်လည် ဦးဆောင်နိုင်ရမယ်။
စာအုပ်ထဲမှာ
🔷 အလုပ်ပြီးမြောက်မှုကို ဖြစ်စေနိုင်တဲ့ အလေ့အကျင့်တွေ
🔷 အလုပ်ပြီးမြောက်မှု ရနိုင်မယ့် အခြေအနေ ဖန်တီးပုံတွေ
🔷 အလေ့အကျင့်ကောင်း တွေ လုပ်နိုင်မယ့် နည်းလမ်းတွေ ကို သေချာစွာ ရှင်းပြပေးထားမှာ ဖြစ်ပါတယ်။နောင်တစ်ချိန်မှာ လူတန်းစား ၃ မျိုးပဲ ကျန်ခဲ့လိမ့်မယ်။
🔶 ဉာဏ်ရည်မြင့် စက်ပစ္စည်းတွေနဲ့ အလုပ် လုပ်နိုင်သူတွေ၊
🔶 ငွေကြေး ရှာဖွေနိုင်တဲ့သူတွေ
🔶 ကိုယ့်ပညာရပ် နယ်ပယ်မှာ ထူးချွန်စွာ ကျွမ်းကျင်သူတွေCal Newport ရဲ့ Deep Work စာအုပ် ဖတ်ရင်း အကျိုးကျေးဇူးများစွာ ရနိုင်ပြီး လူပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
🟩 Book Name – Deep Work
🟩 Author – Cal Newport
🟩 Price – 19,500 MMK (Premium ++ Quality, Hardcover, Creamy Paper) -
Add to cart
👣 ငယ်ငယ်တုန်းက အမှားကို အသက်ကြီးမှ ထပ်မှားရင် အရှုးက တန်ဖိုး ပိုကြီးတယ်။
🚲 ကျွန်တော် စက်ဘီး မစီးတတ်ဘူး။ ငယ်ငယ်တုန်းက စက်ဘီးစီးတာ တစ်ခါမှ မသင်ခဲ့ရတော့ စက်ဘီးစီးရမယ်ဆိုရင် ကြောက်တယ်။ ငယ်ငယ်တုန်းက စက်ဘီးပေါ်က လဲကျရင် ပွန်းတာ ပဲ့တာ သွေးထွက်တာလောက်ပဲ ဖြစ်မယ်ဆိုပေမယ့် အသက်ကြီးမှ စက်ဘီးစီးသင်မယ်ဆိုတော့ လဲကျရင် အရိုးကျိုးတာနဲ့ခါးနာတာနဲ့အစုံအလင်ပဲ။
🚀 ကိုယ် လုပ်ချင်တာရှိရင် ခုချက်ချင်း ထလုပ်လိုက်ပါ။ နောက်မှ လုပ်ပါတော့မယ် ဆိုတဲ့ အကြောင်းပြချက်တွေဟာ ပိုဆုံးရှုးစေပါလိမ့်မယ်။
Culture
📏 လူတိုင်းရဲ ဦးနှောဏ်မှာ ပေတံတစ်ချောင်းရှိတယ်ဆိုပါတော့။ လူတွေက အဲ့ ပေတံနဲ့တစ်ခြားသူတွေကို တိုင်းတာကြတယ်။ တစ်ခြားသူရဲ အပြုအမူက ကိုယ့် ပေတံနဲ့လွဲချော်နေပြီ ဆိုရင် Culture Break ဖြစ်သွားတယ်။ ကွမ်းစားတဲ့သူ တစ်ယောက်က ကွမ်းတံတွေး ထွေးရမှာကို မရှက်ဘူး။ သူ့ဦးနှောက်ပေတံမှာ ကွမ်းတံထွေး ထွေးတာဟာ ဘာမှ မထူးဆန်းရဲ့အရာလိုသတ်မှတ်ထားလိုပါပဲ။ တစ်ခြားသူတွေရဲ ပေတံမှာတော့ ကိုက်ညီမှာ မဟုတ်ပါဘူး။
Chase The Vision, Not The Money
📌 Zappos CEO Tony Hsieh ကို လူတွေက ဘယ် စီးပွားရေး စလုပ်ရမလဲ လိုမေးတဲ့ အခါမှာ Tony ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
💵 “နောင် ၁၀ နှစ်လုံး လုပ်လိုပိုက်ဆံ တစ်ပြားမှ မရဘူးဆိုရင်တောင် ကိုယ် ပျော်မယ့် အလုပ်ကိုသာ လုပ်ပါ။” ဒါပေမယ့် ထူးဆန်းတာက ကိုယ်ပျော်ရာ လုပ်နေရင်းနဲ့ကိုယ့်နောက်ကို ပိုက်ဆံက လိုက်လာတယ်ဆိုတာပါပဲ။
Let Your Customer Do the Marketing for You
🗣 ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် Market နေရာရအောင် လုပ်နေရတဲ့ခေတ်ကြီးမှာ Tony ရဲ့နည်းလမ်းကတော့ တစ်မူ ထူးခြားနေတာပါပဲ။ Marketing မှာ သုံးမယ့် ပိုက်ဆံတွေ ကို သူ့ရဲ Customer Service မှာပဲ ပိုအသုံးပြုတယ်။ အချိန်တစ်ခုရောက်တဲ့ အခါမှာ Customer Loyalty ရလာပြီးတော့ Zappos က အောင်မြင်လာတယ်။ Old Customer တွေနဲ့Word-of-mouth ကြောင့်ပဲ 2008 ခုနှစ်မှာ 1 Billion Merchandise Sale ရခဲ့တယ်။
➕ What do customers expect?
➕ What Stories do they tell their friends?
➕ How our culture can create more stories and memories?
Persistence and Strategy
❗️ Persistence ဆိုတာကတော့ တစ်ခုခုမှာ ဇွဲရှိရှိနဲ့ကြိုးစားလုပ်ကိုင်တာ ဖြစ်ပြီး Strategy ဆိုတာကတော့ ရည်မှန်းချက်တစ်ခုခုကို သွားဖိုလမ်းကြောင်းဖြစ်ပါတယ်။
📱 အခုက တစ်နေကုန် ဖုန်းထိုင်ပွတ်နေကြတာ။ အပြင်သွားလည်း ပွတ်၊ အိမ်မှာနေလည်း ပွတ်၊ အိပ်ခါနီးလည်း ပွတ် တစ်ချိန်လုံး ပွတ်နေကြတာဆိုတော့ Persistence ကောင်းတာပေါ့။ ဒါပေမယ့် ရည်မှန်းချက်တစ်ခုကို ဇွဲရှိရှိနဲ့သေချာလုပ်မယ်ဆိုရင် ကျိန်းသေအောင်မြင်မှာပါ။
▫️ “You Don’t Plan to Fail, You Fail to Plan.”
– Denzel WashingtonBe Known For Something (Competency)
👑 ငယ်ငယ်ကတည်းက စာသင်ခန်းတွေမှာ အတော်ဆုံးကျောင်းသားတွေနဲ့အဆိုးဆုံး ကျောင်းသားတွေကို လူသိများကြတယ်။ အဲ့ကလေးတွေကို ဆရာ/ဆရာမတွေက ပိုချစ်ကြတယ်။ တစ်ချိုကလေးတွေကတော့ လိမ္မာလို၊ ပုံဆွဲ တော်လိုတစ်ခုမဟုတ်တစ်ခုဆီတော့ ရှိကြတယ်။
💥 ကုမ္ပဏီတွေမှာလည်း အဲ့သလို ပါပဲ။ ကိုယ့်ကုမ္ပဏီရဲ့Brand ကဘာလဲ။ Core Value က လူတွေကို ဘယ်လောက်ထိ Influence လုပ်နိုင်သလဲ။ Social Impact ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်ကြသလဲ အဲ့အချက်တွေ ပါပါတယ်။
👞 Tony Hsieh ရဲ Zappos Company ကတော့ ဖိနပ်ကို Online ကရောင်းတဲ့ Company တစ်ခုတင်မကပဲ Customer Service အရမ်းကောင်းတဲ့ Company တစ်ခုဖြစ်တယ်လိုလူတွေက သိကြပါတယ်။
▫️ “Customer Service shouldn’t be a department, it should be the entire company.”
– Tony Hsieh🌱 Tony Hsieh က Zero to Hero လူတွေထဲက တစ်ယောက်ပါပဲ။ Zappos မှာ Zero Profit အခြေအနေကနေ 1 Billion Merchandise Sale ထိရောက်အောင် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ ဦးဆောင်မှုအောက်မှာ Zappos Company က ခုနှစ်ကြိမ်တိုင်အောင် Forune Magazine ရဲ Best Companies to Work for အဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်။
🕸 “ကိုယ်တိုင်က မပျော်ရင် တစ်ခြားသူတွေကို ပျော်အောင် လုပ်လိုမရပါဘူး။”
💝 Tony က သာမန် Corporate Company တွေနဲ့မတူပဲ သူ့ Company က လူတွေကို အရမ်းဂရုစိုက်တယ်။ ၀န်ထမ်းတွေကို ပျော်အောင်ထားတယ်။ အလုပ်လုပ်တဲ့ နေရာအဆင်ပြေအောင် လုပ်ပေးတယ်။ ကုမ္ပဏီက လူတွေက ပျော်နေတော့ ကုမ္ပဏီရဲ့Productivity က အရမ်းမြင့်တက်လာတယ်။ ပြီးတော့ Customer ကို အရမ်းဂရုစိုက်တယ်။ Culture ကောင်းတစ်ခုကို တည်ဆောက်ပြီး အမေရိကန်နိုင်ငံမှာ Work Life Integration ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့သူ တစ်ယောက်ဖြစ်တယ်။
▫️ “Envision, Create and Believe in your own universe, and the universe will form around you.”
– Tony Hsieh -
Add to cart
☝️☝️“ပိုကြီးတဲ့အခက်အခဲတွေမှာ ပိုကောင်းတဲ့အခွင့်အလမ်းတွေရှိတတ်တယ်။ အဲ့ဒါကမင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေရင် ကျန်တဲ့လူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ ဒါကစီးပွားရေးတစ်ခုအတွက် အခွင့်အလမ်းပဲ”
“The bigger the problem, the bigger the opportunity. If it’s bothering you, it’s probably bothering others—and that’s a business waiting to happen.”— Jay Samit, Disrupt You!📈ကမ္ဘာကြီးကအချိန်နဲ့အမျှပြောင်းလဲနေတယ်။ တချိန်တုန်းကရူးသွပ်မှုလို့ထင်ခဲ့တဲ့အရာတွေက အခုချိန်မှာအလုပ်ဖြစ်နေတာတွေရှိတယ်။ Uber နဲ့ Airbnb တို့လို ကုမ္ပဏီတွေဟာ တစ်ချိန်က စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ခဲ့ရတဲ့ အယူအဆတွေကနေ ပေါ်ပေါက်လာခဲ့တာပါ။ သူတို့က “ကြီးမားတဲ့အခက်အခဲ” တွေကို “ကြီးမားတဲ့အခွင့်အလမ်း” တွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ ဒီလိုဆို ဘယ်အခက်အခဲတွေက သင့်အတွက်အခွင့်အလမ်းတွေဖြစ်လာမှာလဲ?
💡သင်နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာတွေက သဲလွန်စတွေလား။
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ သေးငယ်တဲ့ စိတ်ပျက်စရာလေးတွေ၊ “အဆင်မပြေမှုတွေ” ဟာ တကယ်တော့ အခွင့်အလမ်းတွေရဲ့ သဲလွန်စတွေပါ။ ဝန်ဆောင်မှုတစ်ခုက လိုအပ်သလောက် မပြည့်စုံတာမျိုး၊ ဒါမှမဟုတ် အလုပ်မှာစာရင်းတွက်လို့အဆင်မပြေတာမျိုး … စတဲ့ဒီလို ဒီလိုအဆင်မပြေတဲ့အတွေ့အကြုံတိုင်းမှာ “ဒါကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းက ပုန်းကွယ်နေပါတယ်။
လူအများစုကတော့ ဒီလိုအရာတွေကို complain တတ်ဖို့ပဲစိတ်ကူးကြတယ်။ ဒါပေမဲ့ “Disrupt You!” ကတော့ ဒီစိတ်အနှောင့်အယှက်တွေကို အာရုံစိုက်ပြီး “ဒါကို ဘယ်လိုဖြေရှင်းမလဲ” လို့ ပြောင်းလဲတွေးခိုင်းပါတယ်။ စိတ်ကူးကြီးကြီးမားမားတွေပဲ လိုတာမဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ ရှိပြီးသားအရာတွေကို နည်းလမ်းသစ်တစ်ခုနဲ့ ပေါင်းစပ်လိုက်တာနဲ့ပဲ ကြီးမားတဲ့ပြောင်းလဲတွေကို ဖန်တီးနိုင်ပါတယ်။
🎢အမှားတွေဟာ သင်ခန်းစာတွေပါ။
ကျွန်တော်တို့အများစုဟာ မှားမှာကို ကြောက်ကြတယ်။ ဒါကြောင့် စိတ်ကူးကောင်းတွေရှိနေပေမဲ့၊ အပြစ်တင်ခံရမှာကို စိုးရိမ်ပြီး ရှေ့မတိုးနိုင်ဖြစ်နေတတ်ပါတယ်။ Jay Samit ကတော့ ဒီအယူအဆကို တိုက်ရိုက်စိန်ခေါ်ပါတယ်။ မအောင်မြင်မှုဆိုတာ ဆုံးရှုံးမှုမဟုတ်ပါဘူး၊ “တုံ့ပြန်ချက် (Feedback)” ပါ။ မအောင်မြင်တဲ့ ကြိုးစားမှုတိုင်းဟာ ဘာတွေမလုပ်သင့်ဘူး၊ ဘယ်အရာတွေက ပိုကောင်းအောင် လုပ်လို့ရလဲဆိုတာကို သင်ပေးနေတာပါပဲ။
“ပြီးပြည့်စုံတဲ့စိတ်ကူးတွေဆိုတာ ဈေးပေါတယ်။ လူတိုင်းမှာရှိတယ်။ အကောင်အထည်ဖော်မှုကသာ အရေးကြီးတယ်” လို့ စာရေးသူကပြောထားပါတယ်။
- အမြန်စမ်းသပ်ပါ၊ အမြန်သင်ယူပါ: အချိန်အကြာကြီး စိတ်ကူးတစ်ခုကို ထိုင်ပြီး ပြီးပြည့်စုံအောင် လုပ်နေမယ့်အစား၊ စပြီး စမ်းသပ်ကြည့်ပါ။ ဈေးကွက်ရဲ့ တုံ့ပြန်မှုကို အမြန်ဆုံးသိအောင် လုပ်ပါ။
- “ကြိုက်တဲ့စိတ်ကူး” တွေကိုတောင် လွှတ်ချပါ: သင်အရမ်းနှစ်သက်တဲ့ စိတ်ကူးတစ်ခုက လက်တွေ့မှာ အလုပ်မဖြစ်ဘူးဆိုရင်၊ စွန့်လွှတ်ရဲတဲ့ သတ္တိရှိပါ။ ဒါက စိတ်ဓာတ်ကျတာ မဟုတ်ဘဲ ပိုကောင်းတဲ့လမ်းကြောင်းကို ရှာဖွေတာပါ။
ဒီလိုပြောင်းလဲလိုက်ခြင်းက သင့်ကို ကြောက်ရွံ့မှုကနေ လွတ်မြောက်စေပါတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ သင်ဟာ သင်ခန်းစာတစ်ခုရပြီး ရှေ့ကို ဆက်တိုးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးပါလိမ့်မယ်။
🏄ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ လှိုင်းလုံးတွေကြားမှာ ရိုးရိုးလေး ရေလိုက်မျောပါမယ့်အစား၊ ဒီလှိုင်းတွေကို စီးနင်းပြီး ကိုယ့်ရဲ့ဦးတည်ရာကို ရောက်အောင်သွားနိုင်ဖို့အတွက်
- အခက်အခဲတိုင်းကို အခွင့်အလမ်းအဖြစ် ဘယ်လိုမြင်မလဲ။
- နေ့စဉ်ပြဿနာတွေထဲမှာ ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေကို ဘယ်လိုရှာဖွေမလဲ။
- ပြောင်းလဲမှုတွေကြားထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဘယ်လိုရပ်တည်မလဲ။
- ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ သင့်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ပြီး ယှဉ်ပြိုင်လို့မရတဲ့သူတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။
ဒီလို ထိရောက်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ “Disrupt You!” ကို ဖတ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးကို မြင်တဲ့အမြင်တင် မဟုတ်ဘဲ၊ သင့်ကိုယ်ပိုင် အလားအလာတွေကိုပါ ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရမှာပါ။
-
Add to cart
📚 The E-Myth Revisited – Why Most Small Businesses Fail (and How to Fix It!)
Many small businesses struggle not because of a lack of passion but due to a lack of proper systems. Michael E. Gerber breaks down the myths of entrepreneurship, showing why most small businesses fail and how to turn them into scalable, successful enterprises. A must-read for business owners who want to work on their business, not just in it! 🚀
-
Add to cart
တကယ်လိုသာ ကျွန်တော်တို ရည်မှန်းထားတဲ့ အောင်မြင်မှုကို ရရှိသွားတယ်ဆိုရင် ?
ကျွန်တော်တိုဟာ အတိတ်နဲ့ အနာဂတ်မှာပဲ နေကြတယ့်
နောင်တ တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အတိတ်မှာ နေကြသလို မပြည့်၀သော ပူလောင်မှုတွေနဲ့ အနာဂတ်မှာနေကြတယ်
မနက်မိုးလင်း ကနေ ညအထိအလုပ်တွေအသားကုန်လုပ် အချိန်ပြည့်ကြိုးစား အစွမ်းကုန်အားထုတ်၊ မင်းဘ၀ရဲ့ အဓိပ္ပါယ်ကဘာလဲလို ကိုယ့်ကိုယ်ပြန်မေးကြည့်တော့ ဘာအဖြေရသလဲ ?စာဖတ်နေတာလေး ခဏရပ်ပြီး စဉ်းစားကြည့်ပါ။
ခင်ဗျားတစ်ရက်အလုပ်ဘယ်လောက်လုပ်သလဲ ?
8 နာရီလား 10 နာရီလား 14 နာရီလား ?
အားအင်တွေကုန်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အထိအလုပ်လုပ်နေသလား ?
ဒီအတွက် ခင်ဗျားကြိုးစားသလောက် ရလဒ်ကို ကျေနပ်ရဲ့လားနေ့စဉ်ရက်ဆက် အလုပ်ပေါင်း , Stress ပေါင်းမြောက်များစွာရှိတဲ့ ကြားမှာ နစ်မွန်းနေတဲ့ကိုယ့်စိတ်ရဲ့ထွက်ပေါက်ကို Greg McKeown ကသူ့ရဲ့ Effortless စာအုပ်ထဲမှာ ကိုယ်လိုချင်တဲ့ဘ၀ဆီကို အစီအစဉ်တကျ စနစ်တကျ နဲ့ သက်တောင့်သက်သာသွားနိုင်မယ့် လမ်းကြောင်းတွေကို ရှင်းပြထားပါတယ်။
ကြိုးစားနေတဲ့ကျွန်တော်တိုအတွက်က ပန်းတိုင်ကိုသွားရတာ ခရောင်းခင်းတဲ့ ဆူးလမ်းလိုပါပဲ။ မလိုတဲ့နေရာတွေမှာပါအားစိုက်ပြီးအလုပ်လုပ်မိတာဟာ အရေးပါတဲ့အပိုင်းတွေအတွက် အားလျော့သွားစေပါတယ်။ ဂျူဒိုကစားတဲ့သူတစ်ယောက်လို ကျွန်တော်တိုအင်အားကို အနည်းဆုံးသုံးပြီး အလုပ်အများဆုံးပြီးအောင်လုပ်နိုင်တဲ့ အရည်အချင်း ကို ပြုစုပျိုးထောင်ရမှာ ကျွန်တော်တိုရဲ့ Goal တစ်ခုပါပဲ။
ကိုယ့်ကိုယ်ကို ပြောင်းလဲမှုရဲ့ အစဟာ ကိုယ့်ရဲ့ အားအင်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်မှုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ Goal တွေသတ်မှတ်ပြီး အားကုန်ပြေးတဲ့ သူ တစ်ယောက်နဲ့ Goal တစ်ခုကို Strategy Planning နဲ့ စတဲ့ သူတစ်ယောက် လုပ်နိုင်စွမ်းဟာ ရေရှည်မှာ သက်ရောက်မှုအများကြီးကွာခြားပါတယ်။
ဒါဆို ဒီလိုမျိုး Strategy နဲ့ အလိုလိုရရှိလာမဲ့ ပျော်ရွှင်တဲ့ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ဖို Effortless ဟာ သင့်ကိုအကူအညီအများကြီးပေးမှာပါ။ -
Add to cart
🌸🌸High Productivity သမားတိုင်းရဲ့လျှိဝှက်ချက်, Flow နဲ့အတူနေထိုင်ခြင်း
အလုပ်တစ်ခုထဲမှာစိတ်နှစ်ပြီး အချိန်တွေကုန်လိုကုန်သွားမှန်းမသိတဲ့ခံစားချက်ကိုသိသလား ?
ဒါကို Flow State လိုခေါ်ပြီး အားကစားသမားတွေ၊ Entrepreneur တွေ ၊ Professional တွေနဲ့ အနုပညာသမားတွေ အများကြီးအသုံးပြုကြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။💮Flow Stateထဲရောက်နေတဲ့အချိန်မှာ
✔️အချိန်ဘယ်လိုကုန်သွားမှန်းမသိတာ
✔️အားမစိုက်ထုတ်ရပဲအလုပ်တွေအများကြီးပြီးနိုင်တာ
✔️အခက်အခဲတွေက Pressure မတက်ပဲနဲ့ပျော်စရာကောင်းတဲ့ခံစားချက်
✔️အလုပ်ကို ရာနှုန်းပြည့်အာရုံစိုက်ပြီး နှောင့်ယှက်မှုတွေဝင်မလာနိုင်အောင် လုပ်နိုင်တာစတဲ့အရာတွေကို automatic ပြုလုပ်နိုင်ပါတယ်။စာရေးသူ Mihaly Csikszentmihalyi က အလုပ်ကို ကျေနပ်အားရစွာနဲ့ အားမစိုက်ပဲ ရည်ရွယ်ချက်ပြည့်အောင်လုပ်ဆောင်နိုင်တဲ့ Mind/Body state ကို Flow လိုအမည်တပ်ခဲ့ပါတယ်။ ဒါဟာ ကျေနပ်မှု၊ Productivity ကောင်းမွန်မှု၊ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတိုရဲ့သော့ချက်လည်းဖြစ်ပါတယ်။
🌺Flow State ဟာ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှရနိုင်တဲ့ Skill တစ်ခုမဟုတ်ပါဘူး။ကျွန်တော်တိုနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်နေရင်းနဲ့တောင် Flow State ကို အလိုလိုရောက်ရှိသွားတာကို ကိုယ်တိုင်သတိထားမိမှာပါ။
Flow state ကိုရဲ့လျိုဝှက်ချက်အချိုကို အောက်မှာလေ့လာကြည့်ရအောင်📊Challenge-Skill Quadrant
Challenge-Skill Quadrant ဟာ မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုဟာ သင့်စိတ်အပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုရှိလဲဆိုတာကိုဖော်ပြထားပါတယ်။
ဒီ Quadrant ကို
1. Boredom
2. Anxiety
3. Apathy
4. Flow ဆိုတဲ့ ရိုးရှင်းတဲ့အပိုင်းလေးမျိုးနဲ့ကြည့်နိုင်ပါတယ်။1.Boredom (ပျင်းရိခြင်း – Challenge နိမ့်, Skill မြင့်)
ဥပမာ- အရမ်းလွယ်နေတဲ့အခက်အခဲတွေကိုဖြေရှင်းရတာ
ကျွန်တော်တို တတ်မြောက်ထားတဲ့ Skill ထက်အရမ်းနိမ့်တဲ့ Challenge ကိုဖြေရှင်းရတဲ့အချိန်မှာ အလုပ်ကစိတ်ဝင်စားစရာမကောင်းတဲ့အတွက်ပျင်းဖိုကောင်းလာတတ်ကြပါတယ်။
ပြင်ဆင်ဖို-ရှုပ်ထွေးမှုနဲ့ ပုံမှန်မဟုတ်တဲ့ Target တွေ(ဥပမာ-အချိန်ကန့်သတ်တာ)ချမှတ်ပြီး စိတ်ဝင်စားအောင်လုပ်ပါ2.Anxiety ( စိုးရိမ်စိတ် – Challenge မြင့်, Skil နိမ့်)
ဥပမာ-ကျွမ်းကျင်မှုမရှိသေးတဲ့အလုပ်တစ်ခုကို တာဝန်ယူပြီးလုပ်ခိုင်းတာ
သင့်ကို အခုချိန်မှာစာလုံးရေငါးထောင်ရှိတဲ့ Research paper တစ်ခုကို တစ်ရက်အတွင်းအပြီးရေးပြီး Presentation လုပ်ရမယ်ဆိုရင် အလုပ်စဖိုထက် စိုးရိမ်စိတ်ကများပြီး စိတ်ဖိစီးမှုဒဏ်ကိုခံစားရမှာပါ။
ပြင်ဆင်ဖို-ဒီစိန်ခေါ်မှုတွေကို သေးငယ်တဲ့ စိန်ခေါ်မှုသေးသေးလေးတွေအဖြစ်ခွဲထုတ်ပြီး အနိုင်သေးသေးလေးတွေကနေ သင့်စွမ်းရည်ကိုတဖြည်းဖြည်းချင်းမြှင့်တင်ပါ။3.Apathy (စိတ်ဝင်စားမှုမရှိတာ – Challenge နိမ့်, Skill နိမ့်)
ဥပမာ- Skill မလိုတဲ့အလုပ်တစ်ခုကို စိတ်မပါပဲလုပ်ရတာကို Apathy လိုခေါ်ပါတယ်
အလုပ်အတွက်တကယ်အရေးမပါတဲ့Meeting တစ်ခုကိုတက်ရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်မျိုးနဲ့တူပါတယ်။ရှိနေတဲ့သူတွေကအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေ၊ ကိုယ်ကလည်းထထွက်သွားလိုမရ၊ သူ့အတွက်ကိုယ့်အတွက်လည်းအကျိုးမရှိတဲ့အလုပ်လုပ်နေတဲ့အချိန်မှာ ဒါကိုခံစားရပါတယ်။
ပြင်ဆင်ဖို-သင့်စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ စိန်ခေါ်မှုတွေကိုရှာဖွေပါ။4.Flow ( Flow State- Challenge မြင့်,Skill မြင့် )
သင်ကျွမ်းကျင်မှုနဲ့ စိန်ခေါ်မှုဟာလိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့အခြေအနေကို Flow State လိုခေါ်ပါတယ်။
ဥပမာ-ကိုယ်နဲ့အတွေးချင်းတူတဲ့လူတစ်ယောက်နဲ့ Idea တစ်ခုကို ယှဉ်ပြိုင်ဆွေးနွေးရသလိုမျိုးပေါ့။
ဘောလုံးသမားတစ်ယောက်ဆီကို ဘောလုံးရောက်သွားသလို၊ အဆိုတော်တစ်ယောက် Mic ရှေ့ရောက်သွားသလိုဖြစ်တဲ့ခံစားမှုမျိုးပါ။ ဒီstate မှာ အရာအားလုံးက လိုက်လျောညီထွေဖြစ်မှုနဲ့ သဘာ၀တရားနဲ့ကိုက်ညီမှုကိုခံစားရမှာပါ။
တိုးတက်ဖို-Flow State ဖြစ်ပြီးတဲ့ အချိန်မှာ ဒီstate ကိုရောက်စေတဲ့ Flow Trigger တွေကိုပြန်ဆန်းစစ်ပြီး မှတ်သားထားပါ။ဒါ့အပြင် Flow Psychology ဟာ
⚖️Yerkes Dodson law ( Stress နဲ့ Productivity ရဲ့အပြန်အလှန်အကျိုးသက်ရောက်မှု)
⚖️Parkinson’s Law ( အချိန်နဲ့ အလုပ်ရဲ့ဆက်နွယ်မှု )
⚖️The Goldilocks Principle ( စိန်ခေါ်မှုနဲ့ကျွမ်းကျင်မှုရဲ့ ချိတ်ဆက်ပုံ)
⚖️Hick’s Law ( ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်) စတဲ့ ဥပဒေသတွေနဲ့ အပြန်အလှန်ချိတ်ဆက်ကိုက်ညီမှုတွေရှိနေပါတယ်။🎖️Flow Proneness, VUCA, Flow Food, Flow Schedule စသည်ဖြင့် Flow နဲ့ပက်သက်တာတွေအကုန်ရေးရင် စာအရမ်းကြီးရှည်သွားမှာဖြစ်တဲ့အတွက် စာအုပ်သာဝယ်ဖတ်လိုက်ဖိုတိုက်တွန်းချင်ပါတယ် 😁။Enterpreneur, Leader တွေ Productivity တက်အောင်၊ အလုပ်မှာကျေနပ်အောင်၊ ဘ၀မှာပျော်ရွှင်အောင် သုံးနေကျပြီး သင့်ဘ၀ကိုရေရှည်အကျိုးသက်ရောက်မှုဖြစ်စေမယ့် Flow Psychology ကိုလေ့လာနိုင်ဖို ဒီစာအုပ်ကလေးကိုအခုချက်ခြင်းလေ့လာကြည့်လိုက်တော့နော်
-
Add to cart
“The greatest predictor of success is grit.”
အောင်မြင်မှုရဲ့ ရှေ့ပြေးနိမိတ်ဟာ ကြံကြံခံပြီးကြိုးစားနိုင်ခြင်းဖြစ်တယ်
-Angela Duckworth🛰 အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေရတဲ့ ခေတ်ကာလကို ရောက်နေချိန်မှာ Persistence ရဲ့အရေးကြီးမှုဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတယ်။
🚖 Taxi စီးချင်လား။ Grab ရှိတယ်။ ဗိုက်ဆာနေလား။ Foodpanda ရှိတယ်။ တစ်ခုခု ရှာချင်လား။ Google ရှိတယ်။ အရာအားလုံး လွယ်လွယ်ကူကူ ရနေတဲ့ အခါမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ရနိုင်တဲ့ Social Skill, Network and Friends အဲ့ဒီ့အချက်တွေမှာ အားနည်းလာတယ်။
💑 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။
🗯 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Persistence ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။
💁 စာရေးဆရာမ Angela Duckworth က အောင်မြင်သူတွေနဲ့ကျရှုးသူတွေ ကြားမှာ ကွာခြားချက်တွေကို Research လုပ်ကြည့်တဲ့ အခါမှာ Grit ကအရေးကြီးဆုံး ဆိုတာတွေ့ရှိခဲ့တယ်။ Grit ဆိုတာကတော့ ရည်မှန်းချက်တစ်ခုကို အချိန်အကြာကြီး မဆုတ်မနစ်ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ (Passion + Perseverance). Grit စာအုပ်မှာ လဲကျတိုင်း ပြန်ထဖိုပြီးတော့ ပြန်ထလာတဲ့ အချိန်မှာ အရင်တစ်ခါထက် ပိုသာတဲ့ လူတစ်ယောက် ဖြစ်ဖိုနည်းလမ်းကောင်းတွေ ပါပါတယ်။
☝️ 1 + Talent = 2
✌️ 1 + Effort = 3🐢 ယုန်နဲ့လိပ် ပြိုင်ပွဲကလို ယုန်ကတော့ မြန်တယ်။ လိပ်ကတော့ နှေးတယ်။ ဒါပေမယ့် အပြေးမြန်ပြီး ရပ်နေတဲ့ ယုန်ထက် မှန်မှန်သွားနေတဲ့ လိပ်ကတော့ အမြဲနိုင်မှာပါပဲ။ ငါက အရည်အချင်းရှိတယ်။ ငါ တော်တယ်။ ငါ တတ်တယ် ဆိုတဲ့ လူငယ်တွေထက် ရည်မှန်းချက်တစ်ခု အတွက် မှန်မှန်ကန်ကန် မဆုတ်မနစ် ကြိုးစားနေတဲ့ လူုငယ်က အချိန်တစ်ခုရောက်တဲ့ အခါမှာ သာလွန်မှာပါပဲ။
✊ တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ် ဆိုတာ နေ့ရက်တိုင်းရဲ မနက်စာပါပဲ။
👣 ရှေ ဆက်သွားမှာလား။
🚶 ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့အတူ ဂူတစ်ခုထဲ ၀င်ခဲ့ကြတယ်။ ဂူထဲမှာ မီးမရှိတော့ ဖုန်း က မီးထွန်းပြီး အထဲကို ၀င်ကြတာပေါ့။ ကျွန်တော်တိုနဲ့အတူ အနောက်မှာ နောက်တစ်ဖွဲလိုက်လာကြတယ်။ ဂူ ထဲမှာ ဆက်သွားနေရင်း ရှေ့နားက လမ်းကြောင်းတွေက အရမ်းကျဉ်းလာတယ်။ လေ၀င်လေထွက် နည်းတော့ ဂူထဲမှာ အသက်ရှူကျပ်လာတယ်။ ရေတွေနဲ့ဆိုတော့ လမ်းတွေကလည်း ချောနေတယ်။ ခဏလည်းကြာရော အနောက်က အဖွဲ က ပြန်လှည့်သွားတယ်။ အရှေ့မှာကလည်း လမ်းကျဉ်းကျဉ်းလေးပဲ တွေ့ရတယ်။ ကျွန်တော်တိုကလည်း ဆက်လျှောက်သွားတာပေါ့။
🏃 နောက်ဆုံး မြင်လိုက်ရတာ ဂူက အပိတ်ကြီး။ လမ်းမရှိတော့ဘူး။ ကျွန်တော်တိုအကုန် လန့်သွားတယ်။ ဘုရားစာတွေ ရွတ်ကြ၊ ဂါထာတွေ ဆိုကြတာပေါ့။ ဒါပေမယ့် ဘေးမှာ အပြင် ပြန်ထွက်ဖိုနောက်တစ်လမ်း ရှိတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ကနေ အပြင် ပြန်ရောက်သွားတယ်။
🙌 အဆုံးထိသာ ရောက်အောင် မသွားခဲ့ရင် ဒါမှမဟုတ် နောက်က အဖွဲလို နောက်ပြန်လှည့်ခဲ့ရင် အဆုံးမှာ ဘာရှိသလဲ သိမှာ မဟုတ်ပါဘူး။
🌀 ကိုယ့် ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ သွားမှာလား။??
🔭 “Always Discover your Vision and The Rest will Follow.”
– Arnold Schwarzenegger📘 ယခုစာအုပ်ရဲ့အဓိက အနှစ်ကတော့ အချိန်အများကြီး ယူပြီး Research တွေလုပ်ရာက ရလာတဲ့ နည်းလမ်းတွေ ပါ၀င်တာပါပဲ။ စာအုပ်ထဲမှာ အပိုင်းသုံးပိုင်း ပါ၀င်ပါတယ်။
🕯 ပထမပိုင်းမှာ Grit ဆိုတာဘာလဲ ပြီးတော့ Talent နဲ့Effort နှစ်ခုမှာ ဘယ်အရာက ပိုသာသလဲ စတဲ့ အကြောင်းအရာတွေကို Angela သင်ကြားခဲ့တဲ့ သူမ တပည့်လေးတွေနဲ့ဥပမာပြထားပါတယ်။
💡 ဒုတိယပိုင်းမှာ Grit ရလာအောင် ဘယ်လို လုပ်မလဲ။ Grit တည်ဆောက်ပုံ အပိုင်းလေးမျိုးပါ၀င်ပါတယ်။
🔦 တတိယပိုင်းမှာတော့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ခွင်က မန်နေဂျာတွေ အတွက် မိမိလက်အောက်က ၀န်ထမ်းတွေကို သူတိုဘ၀ ပိုကောင်းလာအောင် လမ်းညွန်ပုံတွေ ရေးသားထားပါတယ်။
📜 နောက်ဆုံးအနေနဲ့စာရေးသူ Angela Duckworth က Teacher တစ်ယောက်အပြင် PHD ရ Psychologist တစ်ယောက်လည်း ဖြစ်တယ်။ သူမ ရဲ့Grit စာအုပ်က Ted Talk ရဲ့ လူကြည့်အများဆုံး အပိုင်းတစ်ခုဖြစ်ပြီး သူမက Fortune 500 CEOs တွေအပြင် အိမ်ဖြူတော် နဲ့အမေရိကန် BasketBall NBA အသင်းတွေကိုလည်း အကြံပေးခဲ့ပါတယ်။
📤 Angela ရဲ့ Grit – TED Talk Link လေးပါ။( ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ )
👉 https://youtu.be/H14bBuluwB8
💥 “Fall Down Seven Times, and Rise Eight.”
– Angela Duckworth -
Add to cart
👁🗨 BELIEVE IN SOMETHING EVEN IF IT TAKES ONE KNEEL …
💢 ယခုလက်ရှိအလုပ်မှာ မပျော်တော့ဘူးလား။
💭 တစ်နေ့လုံး အလုပ်ခွင်မှာ အလုပ်လုပ်ပြီးလိုအိမ်ပြန်ရောက်တဲ့ အချိန်မှာ ကိုယ် စိတ်၀င်စားတဲ့ အရာတစ်ခုကို လုပ်နေရင်းနဲ့တစ်ဖက်တစ်လမ်းကနေ အောင်မြင်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အခု ချိန်မှာ အလုပ်က ခဏနားလို Facebook ပေါ် တက်လိုက်တာနဲ့Social Influencer တွေရဲ Video တစ်ခုကို မြင်တွေ့ရမှာပါ။
🎩 Personal Brands are for Everyone!
💜 အစားအသောက် ကြိုက်တာလား။ ပန်းချီ ဆွဲတာလား။ လူတွေနဲ့စကားပြောရတာကြိုက်တာလားး။ Fashion Design တွေလား။
👣 Social Media ခေတ်ကို ရောက်လာတာနဲ့အမျှ လူတိုင်း လူတိုင်းဟာ အခွင့်အလမ်းတွေ ပိုများလာတယ်။ အရောင်းအ၀ယ် လုပ်ချင်လား၊ Blogger လား၊ Photographer လား ပန်းချီဆရာလား အရည်အချင်းရှိရင် ရှိသလို မြန်မြန်ဆန်ဆန် လုပ်နိုင်လာကြတယ်။ Social Media တွေဟာ Personal Branding အတွက် နေရာကောင်းတစ်ခု ဖြစ်လာတယ်။ Platform တစ်ခုကနေ လူတွေ အများကြီးကို ထိတွေ့နိုင်လာတယ်။
❄️ ကျွန်တော်ကတော့ စာဖတ်ရတာ နှစ်သက်တယ်။ ဖတ်ထားတဲ့ စာတွေကို ပြန် မျှဝေချင်တယ်။ ဒီလိုနဲ့Content Writer ဘ၀ကို ရွေးချယ်ခဲ့တယ်။ တစ်နေ့တာ အလုပ်ပြီးလိုကိုယ်ရေးထားတဲ့ စာတွေကို လူတွေ ဖတ်လာတာ မြင်ရတဲ့ အခါမှာ အရမ်းပျော်တယ်။ လူတွေနဲ့ပိုထိတွေ့နိုင်လာတယ်။ လူတွေ ကိုယ့်ကို ပိုတိုင်ပင်လာကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာတယ်။
🎈 နောက်ပိုင်း Facebook မှာ Personal Branding နဲ့လူတွေ ပိုအောင်မြင်လာကြပါတယ်။
စာအုပ်ထဲမှာ Influencer တွေရဲ အခက်အခဲတွေ၊ ပရိတ်သတ်တွေနဲ့ထိတွေ့နိုင်အောင် ကြိုးစားခဲ့ရပုံတွေ၊ နောက်ပိုင်း ကုမ္ပဏီတွေက ဆက်သွယ်လာတဲ့အခါ အလုပ်လုပ်ပုံတွေကို ရှင်းပြပေးထားမှာပဲ ဖြစ်ပါတယ်။🖖 ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
▪️ အောက်ခြေကနေ အပေါ်ထိရောက်အောင် ဘယ်လို ကျင့်နိုင်သည့် နည်းလမ်းတွေကို အခြေခံထားပါတယ်။
▪️ ရေးထားတာတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ပြတ်သားပါတယ်။ စာလုံး ကြီးတဲ့ အတွက် ဖတ်ရတာလည်း လွယ်ကူပြီး အနှစ်သာရ ရှိလှပါတယ်။
▪️ Social Media မှာ Personal Branding ကိုစိတ်၀င်စားသူတိုင်း ဖတ်လိုရပါတယ်။
▪️ အခုအလုပ်အပြင် ကိုယ်စိတ်၀င်စားတဲ့ အရာတစ်ခုခုကို အလုပ်ချိန်ပြင်ပမှာ လုပ်ချင်သူတွေ ဖတ်သင့်ပါတယ်။
▪️ စာအုပ်ထဲမှာ Facebook, Twitter, Instagram အပြင် တစ်ခြား Social Media တွေမှာပါ ဘယ်အရာတွေ အားသာသလဲ၊ အားနည်းသလဲ ပြီးတော့ Influencer တစ်ယောက်ရဲ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံတွေကို ရေးသားထားတဲ့ အတွက် Personal Branding အပြင် Content Creation ကို စိတ်၀င်စားသူတွေ အတွက် အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။
Influencer ခေတ်ကို ရောက်လာတဲ့ အခါမှာ Influencer တစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကြိုးစားချင်သူတိုင်း၊ ကိုယ့် စ်ိတ်၀င်စားမှု အိပ်မက်တွေကို အကောင်အထည် ဖော်လို သူတိုင်း ဖတ်သင့်တဲ့ လမ်းညွန် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

















