The Intelligent Investor: The Definitive Book on Value Investing
35,000 Ks
The greatest investment advisor of the twentieth century, Benjamin Graham, taught and inspired people worldwide. Graham’s philosophy of “value investing” — which shields investors from substantial error and teaches them to develop long-term strategies — has made The Intelligent Investor the stock market bible ever since its original publication in 1949.
Over the years, market developments have proven the wisdom of Graham’s strategies. While preserving the integrity of Graham’s original text, this revised edition includes updated commentary by noted financial journalist Jason Zweig, whose perspective incorporates the realities of today’s market, draws parallels between Graham’s examples and today’s financial headlines, and gives readers a more thorough understanding of how to apply Graham’s principles.
Vital and indispensable, this HarperBusiness Essentials edition of The Intelligent Investor is the most important book you will ever read on how to reach your financial goals.
Related products
-
Add to cart
👁🗨 BELIEVE IN SOMETHING EVEN IF IT TAKES ONE KNEEL …
💢 ယခုလက်ရှိအလုပ်မှာ မပျော်တော့ဘူးလား။
💭 တစ်နေ့လုံး အလုပ်ခွင်မှာ အလုပ်လုပ်ပြီးလိုအိမ်ပြန်ရောက်တဲ့ အချိန်မှာ ကိုယ် စိတ်၀င်စားတဲ့ အရာတစ်ခုကို လုပ်နေရင်းနဲ့တစ်ဖက်တစ်လမ်းကနေ အောင်မြင်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အခု ချိန်မှာ အလုပ်က ခဏနားလို Facebook ပေါ် တက်လိုက်တာနဲ့Social Influencer တွေရဲ Video တစ်ခုကို မြင်တွေ့ရမှာပါ။
🎩 Personal Brands are for Everyone!
💜 အစားအသောက် ကြိုက်တာလား။ ပန်းချီ ဆွဲတာလား။ လူတွေနဲ့စကားပြောရတာကြိုက်တာလားး။ Fashion Design တွေလား။
👣 Social Media ခေတ်ကို ရောက်လာတာနဲ့အမျှ လူတိုင်း လူတိုင်းဟာ အခွင့်အလမ်းတွေ ပိုများလာတယ်။ အရောင်းအ၀ယ် လုပ်ချင်လား၊ Blogger လား၊ Photographer လား ပန်းချီဆရာလား အရည်အချင်းရှိရင် ရှိသလို မြန်မြန်ဆန်ဆန် လုပ်နိုင်လာကြတယ်။ Social Media တွေဟာ Personal Branding အတွက် နေရာကောင်းတစ်ခု ဖြစ်လာတယ်။ Platform တစ်ခုကနေ လူတွေ အများကြီးကို ထိတွေ့နိုင်လာတယ်။
❄️ ကျွန်တော်ကတော့ စာဖတ်ရတာ နှစ်သက်တယ်။ ဖတ်ထားတဲ့ စာတွေကို ပြန် မျှဝေချင်တယ်။ ဒီလိုနဲ့Content Writer ဘ၀ကို ရွေးချယ်ခဲ့တယ်။ တစ်နေ့တာ အလုပ်ပြီးလိုကိုယ်ရေးထားတဲ့ စာတွေကို လူတွေ ဖတ်လာတာ မြင်ရတဲ့ အခါမှာ အရမ်းပျော်တယ်။ လူတွေနဲ့ပိုထိတွေ့နိုင်လာတယ်။ လူတွေ ကိုယ့်ကို ပိုတိုင်ပင်လာကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာတယ်။
🎈 နောက်ပိုင်း Facebook မှာ Personal Branding နဲ့လူတွေ ပိုအောင်မြင်လာကြပါတယ်။
စာအုပ်ထဲမှာ Influencer တွေရဲ အခက်အခဲတွေ၊ ပရိတ်သတ်တွေနဲ့ထိတွေ့နိုင်အောင် ကြိုးစားခဲ့ရပုံတွေ၊ နောက်ပိုင်း ကုမ္ပဏီတွေက ဆက်သွယ်လာတဲ့အခါ အလုပ်လုပ်ပုံတွေကို ရှင်းပြပေးထားမှာပဲ ဖြစ်ပါတယ်။🖖 ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
▪️ အောက်ခြေကနေ အပေါ်ထိရောက်အောင် ဘယ်လို ကျင့်နိုင်သည့် နည်းလမ်းတွေကို အခြေခံထားပါတယ်။
▪️ ရေးထားတာတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ပြတ်သားပါတယ်။ စာလုံး ကြီးတဲ့ အတွက် ဖတ်ရတာလည်း လွယ်ကူပြီး အနှစ်သာရ ရှိလှပါတယ်။
▪️ Social Media မှာ Personal Branding ကိုစိတ်၀င်စားသူတိုင်း ဖတ်လိုရပါတယ်။
▪️ အခုအလုပ်အပြင် ကိုယ်စိတ်၀င်စားတဲ့ အရာတစ်ခုခုကို အလုပ်ချိန်ပြင်ပမှာ လုပ်ချင်သူတွေ ဖတ်သင့်ပါတယ်။
▪️ စာအုပ်ထဲမှာ Facebook, Twitter, Instagram အပြင် တစ်ခြား Social Media တွေမှာပါ ဘယ်အရာတွေ အားသာသလဲ၊ အားနည်းသလဲ ပြီးတော့ Influencer တစ်ယောက်ရဲ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံတွေကို ရေးသားထားတဲ့ အတွက် Personal Branding အပြင် Content Creation ကို စိတ်၀င်စားသူတွေ အတွက် အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။
Influencer ခေတ်ကို ရောက်လာတဲ့ အခါမှာ Influencer တစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကြိုးစားချင်သူတိုင်း၊ ကိုယ့် စ်ိတ်၀င်စားမှု အိပ်မက်တွေကို အကောင်အထည် ဖော်လို သူတိုင်း ဖတ်သင့်တဲ့ လမ်းညွန် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
-
Add to cart
➖ အောက်ဆုံးရောက်နေချိန် ဘယ်သူမှ ကိုယ့်အကြောင်း စိတ်မ၀င်စားတော့ဘူး။
DEPRESSION!
❗️ ကိုယ် ကြိုးစားသမျှတွေ အရာမထင်တဲ့ အခါမှာ၊ အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်သွားတဲ့ အချိန်မှာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါမှာ၊ လူတွေက ကြိမ်ဖန်များစွာ တိုက်ခိုက်လာတဲ့ အချိန်မှာ Depression ၀င်လာကြတယ်။〽️ ကျွန်တော့်ဘ၀မှာ နောင်တအရဆုံး၊ အမှားဆုံး လုပ်ရပ်ကို ပြောပါဆိုရင် ဘယ်ဘက် လက်ပေါ်က ဓားဒဏ်ရာ အမာရွတ် လေးခုပါပဲ။ ငယ်ရွယ်သေးတဲ့ လူငယ်တစ်ယောက်အတွက် တစ်ချိုသော စိတ်ခံစားမှုတွေက မမျှတခဲ့ဘူး။ အမာရွတ်က မသေးတော့ ဖုံးကွယ်ထားဖိုကလည်း မလွယ်ကူပါဘူး။ တစ်ယောက်ယောက်က မြင်လိုမေးပြန်ရင်လည်း တစ်ချိန်တစ်ခါက အမှားတစ်ခုက စိတ်ဒဏ်ရာ တစ်ခုလို ကိုယ့်နောက်က အမြဲလိုက်နေတော့တယ်။ Society တစ်ခုမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ လူငယ်ဘ၀က မလွယ်ကူပါဘူး။ ဒါတောင် အဲ့အချိန်တုန်းက Social Media မတွင်ကျယ်သေးပါဘူး။
📛 ကျွန်တော့်မိတ်ဆွေတွေထဲမှာလည်း ဒီလို အတွေးတွေကနေ ရုန်းကန်ထွက်ခဲ့တဲ့သူတွေ အများကြီးပါ။ နောက်ဆုံး စက္ကန့်အကွာလေးတွေကနေ လွတ်မြောက်ခဲ့သူတွေ။ တစ်ခါကဆို သမီးလေး မျက်နှာပေါ်လာလို ဒီအတွေးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်။ သူမသမီး မျက်နှာလေးသာ သူမရှေ့မှာ မပေါ်လာခဲ့ရင် သူမအခုချိန် အသက်ရှင်နေဦးမှာ မဟုတ်ပါဘူး။ သူမ သမီးက သူမကို ကယ်တင်ခဲ့တယ်။ ဒါကြောင့်ပဲ ဘ၀ကို အရှုးမပေးပဲနဲ့ဆက်ကြိုးစားနေခဲ့တယ်။ အခုချိန်မှာ သူမက သူမ သမီးရဲ့ဘ၀ကို အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်တဲ့ အပြင် သူမဘ၀ကို ဦးဆောင်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။
🖋 ယခုစာအုပ်ရဲ့စာရေးဆရာမ Sheryl Sandberg က Facebook ရဲ့ COO တစ်ယောက်အပြင် ကလေးနှစ်ယောက် အမေလည်း ဖြစ်တယ်။ သူမ ကလေးတွေ အတွက် မိခင်ကောင်း တစ်ယောက် အဖြစ် ကြိုးစားနေဆဲ ရုတ်တရက် သူမခင်ပွန်း ဆုံးသွားတဲ့ အခါမှာ အရာရာ အဆင်ပြေချော့မွေ့နေတဲ့ သူမအိပ်မက်တွေ အကုန် ပျက်ဆီးသွားခဲ့တယ်။
📌 “Option A is not Available, Make the Most Out of Option B.”
🕳 ကျွန်တော်တိုတစ်သက်မှာ တစ်ခါတော့ အကြီးမားဆုံး ဆုံးရှုးမှုတွေနဲ့ကြုံတွေ့ရတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ရဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရတယ်။ ဘ၀ရဲ့နင်းချေမှုတွေကြုံနေရတဲ့အချိန်မှာ ရုန်းကန်ထွက်နိုင်ဖိုဒီစာအုပ်မှာ ပါတဲ့ အချက်လေးတွေကို ရေးသားပေးလိုက်ပါတယ်။
1. Avoid Three ‘P’s
▪️ Personalization
💢 ဖြစ်ခဲ့သမျှ ကိစ္စတွေ အားလုံး ကိုယ့်အပြစ်လို ခံယူတာကို ရှောင်ကြဉ်ပါ။
▪️ Pervasiveness
💨 စိတ်ဒဏ်ရာက ကိုယ့်ရဲ့လုပ်ရပ်တွေကို လိုက်နှောင့်ယှက်နေခြင်းကို ရှောင်ကြဉ်ပါ။
▪️ Permanence
👁🗨 စိတ်ဒဏ်ရာက ကိုယ့်ဘ၀မှာ တစ်သက်လုံး မပါသွားဖိုကြိုးစားပါ။ တစ်သက်လုံး မဟုတ်ဘူး ဆိုတာကို လက်ခံပါ။
2. Spend time in Groups
👤 ကျွန်တော် အရမ်းစိတ်ညစ်တဲ့ အခါမှာ အများအားဖြင့် တစ်ယောက်တည်း နေပါတယ်။ ကျွန်တော်က စိတ်ညစ်ရင် အရမ်းကို ငြိမ်သက်သွားတယ်။ ကျွန်တော် စိတ်ညစ်နေမှန်း ဘယ်သူမှ မသိပါဘူး။ လူတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေတယ်။ လူတွေကို မယုံကြည်တဲ့ အတွက် မိဘတွေရော၊ သူငယ်ချင်းတွေပါ ဖွင့်ပြောလေ့ မရှိပါဘူး။ အရာရာကို တစ်ယောက်တည်း ဖြေရှင်းဖိုကြိုးစားတယ်။🌑 ဒါပေမယ့် တစ်ချိုညတွေ တစ်ယောက်တည်း နေလိုဆောက်တည်ရာမရ ဖြစ်နေတဲ့ အချိန်မှာတော့ ကျွန်တော် မခံစားနိုင်တော့ပါဘူး။ အဲ့အချိန်တွေမှာ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတွေက အင်မတန် တန်ဖိုး ရှိပါတယ်။ ည ၁ နာရီ ဖုန်းဆက်ပြီး တွေ့ဖိုပြောလည်း ရောက်လာပါတယ်။ သူတိုတွေနဲ့အချိန် တစ်နာရီလောက် စကားပြောရတာက ကျွန်တော့်ရဲ့စိတ်ပင်ပန်းမှုတွေကို ကွယ်ပျောက်သွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်ရင် တစ်ယောက်တည်း မနေပါနဲ့။
3. Life is Never Perfect, So Take Responsibility of Your Life
🌬 ဘ၀ဆိုတာ ပုံပြင်တွေထဲကလို ပျော်ရွှင်စရာ ဇာတ်သိမ်းတွေချည်း မဟုတ်ပါဘူး။ စာရေးဆရာမ Shreyl Sandberg က သူမ ခင်ပွန်း ဆုံးသွားပြီးတော့ အရမ်း ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူမမှာ တာ၀န်ယူရမယ့် သူမ ကလေးနှစ်ယောက်ရှိနေသေးတယ်။ သူမ ကလေးတွေ သူတိုအဖေဆုံးကြောင်း သိအောင် ပြောပြဖို၊ ကလေးတွေ စိတ်အားမငယ်အောင် ပြုစုပျိုးထောင်ပေးဖို၊ သူမ ဆုံးရှုးသွားမှုတွေကို သူမတာ၀န်ယူရပါမယ်။ သူမရဲ့အရှုးမပေးမှုတွေက သူမကို အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာစေခဲ့တဲ့ အပြင် သူမ သားသမီးတွေ အပေါ်မှာ လေးစားထိုက်တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။❄️ စာရေးဆရာမ Sheryl Sandberg ကို 2017 ခုနှစ်မှာ Forbes Magazine က Most Powerful Women, Number 4 အနေနဲ့ဖော်ပြပေးခြင်း ခံရပါတယ်။ Sheryl က 2013 ခုနှစ်မှာ Lean In Women Leadership စာအုပ်ကို ရေးသားခဲ့ပြီး Best Seller စာရေးဆရာမတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမခင်ပွန်း ဆုံးပြီး နောက်ပိုင်းမှာ သူမရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ သူမ ကလေးတွေ အပေါ် မိခင်ကောင်းတစ်ယောက် ဖြစ်ဖိုကြိုးစားခဲ့ရတာတွေကို Option B စာအုပ်ထဲမှာ ရေးသားခဲ့ပြီး စာအုပ်ကတော့ Million Seller စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။ သူမ က ခက်ခဲရုန်းကန်မှုတွေ၊ အရှုံးပေးချင်စိတ်တွေကို ကျော်လွှားပြီး ဘ၀ ကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
👣 ဘ၀မှာ လဲကျရင် ချက်ချင်းပြန်ထလိုမရပါဘူး။ ကိုယ် လဲကျပြီဆိုရင် တစ်ယောက်က နင်းသွားမယ်။ နောက်တစ်ယောက်က ကျော်ခွသွားမယ်။ ကျန်တဲ့သူတွေက ဟာသကြည့်သလို နေကြာစေ့စားပြီး လှောင်ရယ်နေဦးမှာ။ သိုပေမယ့်လည်း အရှုးမပေးပါနဲ့။
-
Add to cart
“The greatest predictor of success is grit.”
အောင်မြင်မှုရဲ့ ရှေ့ပြေးနိမိတ်ဟာ ကြံကြံခံပြီးကြိုးစားနိုင်ခြင်းဖြစ်တယ်
-Angela Duckworth🛰 အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေရတဲ့ ခေတ်ကာလကို ရောက်နေချိန်မှာ Persistence ရဲ့အရေးကြီးမှုဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတယ်။
🚖 Taxi စီးချင်လား။ Grab ရှိတယ်။ ဗိုက်ဆာနေလား။ Foodpanda ရှိတယ်။ တစ်ခုခု ရှာချင်လား။ Google ရှိတယ်။ အရာအားလုံး လွယ်လွယ်ကူကူ ရနေတဲ့ အခါမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ရနိုင်တဲ့ Social Skill, Network and Friends အဲ့ဒီ့အချက်တွေမှာ အားနည်းလာတယ်။
💑 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။
🗯 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Persistence ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။
💁 စာရေးဆရာမ Angela Duckworth က အောင်မြင်သူတွေနဲ့ကျရှုးသူတွေ ကြားမှာ ကွာခြားချက်တွေကို Research လုပ်ကြည့်တဲ့ အခါမှာ Grit ကအရေးကြီးဆုံး ဆိုတာတွေ့ရှိခဲ့တယ်။ Grit ဆိုတာကတော့ ရည်မှန်းချက်တစ်ခုကို အချိန်အကြာကြီး မဆုတ်မနစ်ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ (Passion + Perseverance). Grit စာအုပ်မှာ လဲကျတိုင်း ပြန်ထဖိုပြီးတော့ ပြန်ထလာတဲ့ အချိန်မှာ အရင်တစ်ခါထက် ပိုသာတဲ့ လူတစ်ယောက် ဖြစ်ဖိုနည်းလမ်းကောင်းတွေ ပါပါတယ်။
☝️ 1 + Talent = 2
✌️ 1 + Effort = 3🐢 ယုန်နဲ့လိပ် ပြိုင်ပွဲကလို ယုန်ကတော့ မြန်တယ်။ လိပ်ကတော့ နှေးတယ်။ ဒါပေမယ့် အပြေးမြန်ပြီး ရပ်နေတဲ့ ယုန်ထက် မှန်မှန်သွားနေတဲ့ လိပ်ကတော့ အမြဲနိုင်မှာပါပဲ။ ငါက အရည်အချင်းရှိတယ်။ ငါ တော်တယ်။ ငါ တတ်တယ် ဆိုတဲ့ လူငယ်တွေထက် ရည်မှန်းချက်တစ်ခု အတွက် မှန်မှန်ကန်ကန် မဆုတ်မနစ် ကြိုးစားနေတဲ့ လူုငယ်က အချိန်တစ်ခုရောက်တဲ့ အခါမှာ သာလွန်မှာပါပဲ။
✊ တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ် ဆိုတာ နေ့ရက်တိုင်းရဲ မနက်စာပါပဲ။
👣 ရှေ ဆက်သွားမှာလား။
🚶 ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့အတူ ဂူတစ်ခုထဲ ၀င်ခဲ့ကြတယ်။ ဂူထဲမှာ မီးမရှိတော့ ဖုန်း က မီးထွန်းပြီး အထဲကို ၀င်ကြတာပေါ့။ ကျွန်တော်တိုနဲ့အတူ အနောက်မှာ နောက်တစ်ဖွဲလိုက်လာကြတယ်။ ဂူ ထဲမှာ ဆက်သွားနေရင်း ရှေ့နားက လမ်းကြောင်းတွေက အရမ်းကျဉ်းလာတယ်။ လေ၀င်လေထွက် နည်းတော့ ဂူထဲမှာ အသက်ရှူကျပ်လာတယ်။ ရေတွေနဲ့ဆိုတော့ လမ်းတွေကလည်း ချောနေတယ်။ ခဏလည်းကြာရော အနောက်က အဖွဲ က ပြန်လှည့်သွားတယ်။ အရှေ့မှာကလည်း လမ်းကျဉ်းကျဉ်းလေးပဲ တွေ့ရတယ်။ ကျွန်တော်တိုကလည်း ဆက်လျှောက်သွားတာပေါ့။
🏃 နောက်ဆုံး မြင်လိုက်ရတာ ဂူက အပိတ်ကြီး။ လမ်းမရှိတော့ဘူး။ ကျွန်တော်တိုအကုန် လန့်သွားတယ်။ ဘုရားစာတွေ ရွတ်ကြ၊ ဂါထာတွေ ဆိုကြတာပေါ့။ ဒါပေမယ့် ဘေးမှာ အပြင် ပြန်ထွက်ဖိုနောက်တစ်လမ်း ရှိတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ကနေ အပြင် ပြန်ရောက်သွားတယ်။
🙌 အဆုံးထိသာ ရောက်အောင် မသွားခဲ့ရင် ဒါမှမဟုတ် နောက်က အဖွဲလို နောက်ပြန်လှည့်ခဲ့ရင် အဆုံးမှာ ဘာရှိသလဲ သိမှာ မဟုတ်ပါဘူး။
🌀 ကိုယ့် ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ သွားမှာလား။??
🔭 “Always Discover your Vision and The Rest will Follow.”
– Arnold Schwarzenegger📘 ယခုစာအုပ်ရဲ့အဓိက အနှစ်ကတော့ အချိန်အများကြီး ယူပြီး Research တွေလုပ်ရာက ရလာတဲ့ နည်းလမ်းတွေ ပါ၀င်တာပါပဲ။ စာအုပ်ထဲမှာ အပိုင်းသုံးပိုင်း ပါ၀င်ပါတယ်။
🕯 ပထမပိုင်းမှာ Grit ဆိုတာဘာလဲ ပြီးတော့ Talent နဲ့Effort နှစ်ခုမှာ ဘယ်အရာက ပိုသာသလဲ စတဲ့ အကြောင်းအရာတွေကို Angela သင်ကြားခဲ့တဲ့ သူမ တပည့်လေးတွေနဲ့ဥပမာပြထားပါတယ်။
💡 ဒုတိယပိုင်းမှာ Grit ရလာအောင် ဘယ်လို လုပ်မလဲ။ Grit တည်ဆောက်ပုံ အပိုင်းလေးမျိုးပါ၀င်ပါတယ်။
🔦 တတိယပိုင်းမှာတော့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ခွင်က မန်နေဂျာတွေ အတွက် မိမိလက်အောက်က ၀န်ထမ်းတွေကို သူတိုဘ၀ ပိုကောင်းလာအောင် လမ်းညွန်ပုံတွေ ရေးသားထားပါတယ်။
📜 နောက်ဆုံးအနေနဲ့စာရေးသူ Angela Duckworth က Teacher တစ်ယောက်အပြင် PHD ရ Psychologist တစ်ယောက်လည်း ဖြစ်တယ်။ သူမ ရဲ့Grit စာအုပ်က Ted Talk ရဲ့ လူကြည့်အများဆုံး အပိုင်းတစ်ခုဖြစ်ပြီး သူမက Fortune 500 CEOs တွေအပြင် အိမ်ဖြူတော် နဲ့အမေရိကန် BasketBall NBA အသင်းတွေကိုလည်း အကြံပေးခဲ့ပါတယ်။
📤 Angela ရဲ့ Grit – TED Talk Link လေးပါ။( ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ )
👉 https://youtu.be/H14bBuluwB8
💥 “Fall Down Seven Times, and Rise Eight.”
– Angela Duckworth -
Add to cart
🕰 တစ်နာရီမှာ ကုမ္ပဏီပေါင်း ၈၀ ကျော် ပေါ်ထွက်နေကြတယ်။
⭕️ အခု တစ်ကမ္ဘာလုံးမှာ ကုမ္ပဏီတွေ နေ့ချင်းညချင်း ပေါ်ထွက်နေကြတယ်။ ဒါပေမယ့် သုံးနှစ်အတွင်းမှာ ကုမ္ပဏီတွေရဲ့၈၀ ရာခိုင်နှုန်းက သေကုန်တယ်။ ငါးနှစ်အတွင်းမှာ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲက ၁၇ ရာခိုင်နှုန်းလောက် ထပ်ပြီးတော့ အရှုးပေါ်တယ်။ ကျန်တဲ့ ၃ ရာခိုင်နှုန်းလောက်ကသာ ရှင်သန်ကြတယ်။
🏛 ဒါဆိုရင် Amazon, Apple, Facebook နဲ့ Google တိုက ဘာလိုအချိန်အကြာကြီး ရှင်သန်နိုင်ရတာလဲ။ သူတိုတွေရဲ့ထူးခြားမှုတွေက ဘာတွေလဲ။ ပျက်ဆီးကုမ္ပဏီတွေနဲ့မတူတဲ့ သူတိုရဲ့ကွာခြားမှုတွေက ဘာတွေ ဖြစ်မလဲ။
✔️ Don’t Need A Great Idea to Start a Great Company
🔱 မြန်မာလူမျိုးတွေက လက်ဖက်ရည်ကို အရမ်းကြိုက်ကြတယ်။ ကျွန်တော်ဆိုလည်း တစ်ရက်ကို နှစ်ခွက်လောက်တော့ သောက်ဖြစ်တယ်။ လက်ဖက်ရည်ကို လူတိုင်း နီးပါးက နေ့တိုင်းလိုလို သောက်နေကြတယ်။ ဒီတော့ လက်ဖက်ရည်ဆိုင် ဖွင့်လိုက်ရင် ချမ်းသာမှာလား။
🍽 လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပဲ ဖွင့်မယ်ဆိုရင်တော့ ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါဆိုရင် Rangoon Tea House လုပ်လိုက်တဲ့ Market ကို လေ့လာကြည့်ရအောင်။ Rangoon Tea House မှာ လက်ဖက်ရည် ရသလား။ လက်ဖက်ရည်က အင်မတန် ထူးခြားနေသလား။ မထူးခြားပါဘူး။ ဒါပေမယ့် Rangoon Tea House က ဘာလုပ်လိုက်သလဲဆိုတော့ မြန်မာ့လက်ဖက်ရည်ကို အရည်အသွေး မြင့်လိုက်တယ်။ ဆိုင်ကောင်းကောင်း နေရာကောင်းကောင်းမှာ စားသုံးသူတွေ အဆင်ပြေအောင် လုပ်ပေးလိုက်တယ်။ တစ်ခြား Product တွေ ပေါင်းပြီးတော့ Quality Product တွေကို ရောင်းချပေးတယ်။
👏 လူတွေ ကျေနပ်ကြတယ်။ သဘောကျကြတယ်။ Rangoon Tea House ကလည်း Brand တစ်ခု ဖြစ်လာခဲ့တယ်။
💢 Million idea အကောင်းစားကြီးတော့ မလိုပါဘူး။ ရှိနေတဲ့ Idea တွေကို အကောင်းဆုံး အသုံးချဖိုပဲ လိုတာပါ။
✔️ First Who, Then What
👥 ကျွန်တော်တိုက ခရီးသွားတာပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တစ်ခုကို ဦးဆောင်နေရတာပဲ ဖြစ်ဖြစ် အရေးကြီးဆုံးက လူတွေပါ။
ခရီးသွားမယ်ဆိုပါတော့ ကား အရင်မောင်းပြီးတော့မှ လမ်းမှာ တွေ့ရာလူတင်လိုမရပါဘူး။ ကိုယ်နဲ့မကိုက်တဲ့ လူတွေ ဖြစ်နေရင် ခရီးစဉ်က ပျော်ဖိုကောင်းမှာ မဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခု ဦးဆောင်ရင်လည်း ဒီလိုပါပဲ။ ကိုယ့် ကုမ္ပဏီရဲ့ Core Value တွေနဲ့ကိုက်ညီတဲ့ လူ ဖြစ်မှသာ ကုမ္ပဏီ ရှေ့လျှောက်လမ်းစဉ်တွေမှာ အောင်အောင်မြင်မြင်နဲ့ရှေ့ဆက်တိုးနိုင်မှာပါ။👣 ဘယ်ကို သွားမလဲဆိုတာထက် ဘယ်သူတွေနဲ့တူတူသွားမလဲဆိုတာ ပိုအရေးကြီးပါတယ်။
💣 ကိုယ့်အသိုင်းအဝိုင်းမှာ ကိုယ်နဲ့ရှေ့ခရီးကို တူတူ ဆက်လျှောက်မယ့်သူမဟုတ်ရင် ကိုယ့်ဘ၀ထဲက ဖယ်ထုတ်လိုက်ပါ။
✔️ Persevere
💃 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။
📱 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Perseverance ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။
🏅 ကြိုးစားပါ။ သည်းခံပါ။ Comfort Zone ထဲမှာ ပျော်မနေပါနဲ့။ အရှုးမပေးပါနဲ့။
♦️ “Good is the Enemy of Great.”
– Jim Collins✔️ Try a Lot of Stuff and Keep What Works
🎲 အရင် တစ်ချိန်ကလို ကုမ္ပဏီတွေက Product တစ်ခု ကောင်းရုံနဲ့မရတော့ပါဘူး။ Adidas တိုNike တိုဆိုရင် သူတိုProduct ကို ပြောပါဆိုရင်တော့ ဖိနပ်တစ်ခုထဲနဲ့မရတော့ပါဘူး။ Adidas ဆိုရင် ဖိနပ်အပြင် ရေမွှေး၊ အင်္ကျီ၊ ဘောင်းဘီ စသဖြင့် Product အသစ်တွေ ထပ်လုပ်နေရပါတယ်။ Nike ဆိုရင်လည်း အစကတော့ Football နဲ့American Super Bowl လောက်ပဲ Sponsor ပေးရုံကနေ နောက်ပိုင်းမှာ Golf အပိုင်းကိုပါ ထပ်လုပ်လာတာကို တွေ့မြင်ရမှာပါ။
🎈 Product သိုမဟုတ် Company တစ်ခုဟာ Market Peak ရောက်သွားတဲ့ အခါမှာ Market Share ပြန်လျော့ကျမသွားအောင် အသစ်အသစ်တွေ အမြဲလုပ်နေရပါတယ်။
🎯 ဒါမှလည်း Visionary Companies ကြီးတွေ ဖြစ်လာကြတာပါ။
🌊 စာအုပ်ကောင်း တစ်အုပ်မှာ စာရေးဆရာတစ်ယောက်က အချိန်တွေ အများကြီး ရင်းနှီးမြုပ်နှံထားတာကို တွေ့မြင်ရမှာပါပဲ။ Jim Collins က သူ့ခြောက်နှစ်ကြာ CEO တွေကို Research လုပ်ပြီးမှ ရလာတဲ့ အကြောင်းအရာတွေကို Built to Last စာအုပ်ထဲမှာ သေချာရှင်းလင်းပြောပြထားတာကို တွေ့မြင်ရမှာပါ။ Jim Collins ကို စီးပွားရေး Guru တစ်ယောက် အနေနဲ့တင်စားထားပြီး သူ့ရဲ့Built to Last နဲ့Good to Great စာအုပ်တွေဟာ Million Seller စာအုပ်တွေဖြစ်ခဲ့ကြပါတယ်။ 2017 ခုနှစ်မှာတော့ Jim ကို one of the 100 Greatest Living Business Minds လိုတင်စားထားပါတယ်။
〰️ Book Title – Built to Last: Successful Habits of Visionary Companies
✏️ Author – Jim Collins, Jerry I. Porras
🔖 Price – 29,500 MMK ( Premium++ Quality, Hardcover, Creamy Paper)







Reviews
There are no reviews yet.