Sale!

Robert Greene Collection

Original price was: 173,500 Ks.Current price is: 164,825 Ks.

POWER, INFLUENCE နဲ့ MASTERY ကိုရရှိဖို့ Robert Greene Collection

🤔အခုချိန်မှာဖတ်ရင် ဘာကြောင့် အရင်ကဒီစာအုပ်တွေကိုမဖတ်ခဲ့တာလဲ ဆိုပြီးတွေးမယ်။

😞နောင်တစ်ချိန်မှာဖတ်ရင် ငါဒီစာကိုတွေ့တုန်းက ဒီစာအုပ်တွေကိုလေ့လာခဲ့ရမှာဆိုပြီး နောင်တရမယ်။

💡လူတွေရဲ့အကြောင်းနဲ့ ဩဇာပါဝါကို စီမံခန့်ခွဲနည်းထဲကအကောင်းဆုံးစာအုပ်တွေကိုပြောပါဆိုရင် Robert Greene ရဲ့စာအုပ်တွေက ထိပ်ဆုံးမှာအမြဲရှိပါတယ်။ ကြက်သီးတွေထလောက်အောင်ကို လက်တွေ့ကျပြောင်မြောက်တဲ့ သင်ခန်းစာတွေပါဝင်တဲ့ ဒီစာအုပ်တွေက အခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်း အနားကနေကျွန်တော့်အတွက်အမြဲကူညီပေးတဲ့ စာအုပ်တွေလည်းဖြစ်ပါတယ်။ ကျွန်တော်အရမ်း Recommend ပေးတဲ့ဒီစာအုပ်တွေအကြောင်းအတူတူလေ့လာကြည့်ကြရအောင်? 

 

❓Why –  ဘာကြောင့်ဒီစာအုပ်တွေကိုဖတ်သင့်တာလဲ ? 

– “လူတွေအကြောင်းပေါင်းမှသိတယ်” ဆိုတဲ့ အတွေးကို သင်ဘယ်နှစ်ခေါက်တွေးပြီးသွားပြီလဲ ?

များသောအားဖြင့် ခံရပြီးတော့မှ ကိုယ့်အနားမှာရှိတဲ့သူတွေဟာ ဘယ်လိုမျိုးလူတွေလည်းဆိုတာကို သိကြရတာများပါတယ်။ ရင်းနှီးပါတယ်ဆိုတဲ့သူကလိမ်သွားတာ၊ ကိုယ့်အခင်ဆုံးလိုထင်တဲ့သူငယ်ချင်းက ကွယ်ရာမှာအတင်းပြောအပုပ်ချတာ၊ စီးပွားရေးမှာနောက်ကျောဓားနဲ့အထိုးခံရတာ အစရှိတဲ့ လူရည်မလည်လိုခံရတဲ့ ဇာတ်လမ်းတွေဟာမဆုံးနိုင်ပါဘူး။ ဒီလိုမကောင်းတဲ့ ခံစားမှုကို နောက်ပိုင်း မဖြစ်အောင်ကာကွယ်နိုင်မယ့် အသိပညာဒိုင်းကို လက်ဝယ်ဆောင်ထားနိုင်ရပါမယ်။

– မိသားစု၊ ပတ်ဝန်းကျင်၊ အလုပ် အစရှိတဲ့ လူမှုဆက်ဆံရေးနဲ့ပက်သက်တဲ့နေရာတိုင်းမှာ Power Dynamics ဆိုတဲ့ ဩဇာပါဝါရဲ့ အလုပ်လုပ်တဲ့ဥပဒေသတွေရှိပါတယ်။လူတွေရဲ့အကြောင်းကိုနားလည်ပြီး  Power နဲ့ Force ရဲ့ ကွဲပြားခြားနားမှုကြားမှာ လိမ္မာပါးနပ်စွာမိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ အကင်းပါးတဲ့ အရည်အချင်းဟာ သင်လိုချင်တဲ့ဘ၀ကို လျင်မြန်စွာပိုင်ဆိုင်ဖိုအတွက် အထောက်အကူပြုပါလိမ့်မယ်။

-ကျွမ်းကျင်ပိုင်နိုင်မှုဟာ အရမ်းရှားပါးတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ တတ်ယောင်ကားတွေ အတုအယောင်တွေပေါများတဲ့လောကမှာ စစ်မှန်တဲ့အရည်အချင်းနဲ့ ပညာရပ်တွေကိုဆုံးခန်းတိုင်သင်ယူလေ့လာနိုင်ဖို့ Mastery ဟာအခြေခံအုတ်မြစ်တစ်ခုပါ။

 

🔐What –  ဒီစာအုပ်တွေကဘာတွေလဲ ?

📖 48 Laws of Power – ဩဇာပါဝါနဲ့ လူတွေကိုစီမံခန့်ခွဲနည်း၊ Power Dynamics ရဲ့ လျှိဝှက်ချက်၊ အလုပ်လုပ်ပုံနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မယ့်နည်းတွေကို သမိုင်းကြောင်းထဲကဥပမာတွေနဲ့ ပြထားပြီး အခုလက်ရှိ ခေတ်မှာပါလိုက်လျောညီထွေစွာနေထိုင်နိုင်အောင် ကျင့်သုံးနည်းတွေကိုမြင်ရမှာပါ။

📖 The Laws of Human Nature – ဘာကြောင့်လူတွေမှာစိတ်ခံစားမှုတွေရှိတာလဲ ? သူတိုရဲ့ အမူအကျင့်တွေဟာ ကိုယ့်အပေါ်ကိုအကျိုးသက်ရောက်မှုဘယ်လိုရှိတာလဲ ? မင်းဆီမှာရှိနေတဲ့ အမူအကျင့် နဲ့ အလေ့အကျင့်တွေကိုတိုးတက်ပြောင်းလဲနိုင်မယ့်နည်းလမ်းတွေနဲ့ လူတွေနဲ့ လိုက်လျောညီထွေစွာနေထိုင်နိုင်မယ့် နည်းလမ်းတွေကိုဒီမှာတွေ့ရမှာပါ။

📖 Mastery – အောင်မြင်မှုဆိုတာ Power နဲ့ Influence သာမက ကျွမ်းကျင်ပိုင်နိုင်မှု(Mastery)နဲ့အများကြီးသက်ဆိုင်ပါတယ်။ နက်နက်နဲနဲကျွမ်းကျင်မှုကသာ စစ်မှန်တဲ့ Power နဲ့ Influence ကိုရေရှည်တည်တံ့ဖို့အတွက်ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။သင့်ဘ၀ကိုပဲ့ကိုင်ဖို့ ဘယ်ပညာကိုမဆိုဆုံးခန်းတိုင်တဲ့အထိ တတ်မြောက်ဖို့ Mastery ဟာအများကြီးကူညီပေးမှာပါ။

 

📚How – ဘယ်လိုဖတ်ရမလဲ ?

⏳အချိန်ယူပါ – ကော်ဖီကောင်းကောင်းတစ်ခွက်ကိုတစ်စိမ့်စိမ့် sipping လုပ်ပြီးသောက်ရသလိုဖတ်ပါ။ တစ်ထိုင်တည်းအပြီးမဖတ်ပါနဲ့။ ဒီစာအုပ်တွေကိုဖတ်ပြီးနားမလည်ရင်လည်း အလကားပါပဲ။ ကျွန်တော့်ရဲ့ဖတ်နည်းက တစ်ရက်ကို Chapter သုံးခုကနေငါးခုလောက်ပဲဖတ်ပြီး တစ်ရက်လုံးပြန်တွေး၊ နားလည်တော့မှ နောက်ထပ် Chapter ကိုဖတ် (နားမလည်ရင် Research လုပ်)ပြီးဖတ်ပါတယ်။

💭ဆင်ခြင်သုံးသပ်ပါ – စာအုပ်ထဲကအကြောင်းအရာအများစုကို လက်တွေ့ဘ၀ကအဖြစ်အပျက်တွေနဲ့တိုက်ဆိုင်ပြီးဆင်ခြင်သုံးသပ်ပါ။ မှန်သောလုပ်ရပ်၊ မှားသောလုပ်ရပ်တွေကို ဝေဖန်ပိုင်ခြားပြီး နောင်အနာဂတ်မှာပိုမိုကောင်းမွန်တဲ့ တုံပြန်မှုတွေဖြစ်ပေါ်အောင် မိမိကိုယ်ကိုယ် သွန်သင်ပါ။

🐦‍🔥ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ – ဖတ်ရုံနဲ့မရပ်တန့်ပါနဲ့။ စစ်မှန်တဲ့စွမ်းအားဟာ နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်အောင်ကျွမ်းကျင်ပိုင်နိုင်မှုကနေဆင်းသက်ပါတယ်။

🤗အနားမှာအမြဲထားပါ – ကိုယ်လိုအပ်တဲ့အချိန်တိုင်း ဒီစာအုပ်ကလေးတွေကို လွယ်လွယ်ကူကူယူနိုင်တဲ့နေရာမှာထားပါ။ အနားမှာအမြဲရှိတဲ့ဒီစာအုပ်ကလေးတွေဟာ အခက်အခဲအများစုကို လျင်မြန်စွာဖြတ်ကျော်နိုင်အောင်ကူညီပေးတဲ့ အဖော်ကောင်းတွေပါ။

စာရေးဆရာ Robert Green ရဲ့ စာအုပ်တွေဟာ လူတွေရဲ့ အကြောင်းနဲ့ စိတ်နေသဘောထားကို နက်နက်နဲနဲခွဲခြမ်းစိတ်ဖြာထားတဲ့ ရှုထောင့်ကနေရေးသားထားတဲ့စာအုပ်တွေဖြစ်လို  ဝေဖန်မှုအများဆုံးရရှိတဲ့စာအုပ်တွေလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဘ၀နဲ့ ကိုယ်တွေ့ စမ်းသပ်မှုအတွေ့အကြုံတွေကနေရထားတဲ့ အသိပညာတွေကို လက်ခံသိရှိပြီး မိမိရဲ့အောင်မြင်မှုကိုလျင်မြန်စွာရောက်ရှိနိုင်စေဖို ဒီစာအုပ်Collectionလေးဟာ သင့်ဘ၀အတွက်အဖော်ကောင်းအဖြစ်အမြဲတမ်းရှိနေပေးမှာပါ။

Original price was: 48,000 Ks.Current price is: 45,600 Ks.
1 × Mastery
Original price was: 29,500 Ks.Current price is: 28,025 Ks.
Original price was: 48,000 Ks.Current price is: 45,600 Ks.
Original price was: 48,000 Ks.Current price is: 45,600 Ks.
Sale!

Reviews

There are no reviews yet.

Be the first to review “Robert Greene Collection”

Your email address will not be published. Required fields are marked *

Category: Brand:

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping