The Effective Executive: The Definitive Guide to Getting the Right Things Done
19,500 Ks
What makes an effective executive?
The measure of the executive, Peter F. Drucker reminds us, is the ability to “get the right things done.” This usually involves doing what other people have overlooked as well as avoiding what is unproductive. Intelligence, imagination, and knowledge may all be wasted in an executive job without the acquired habits of mind that mold them into results.
Drucker identifies five practices essential to business effectiveness that can, and must, be learned:
- Managing time
- Choosing what to contribute to the organization
- Knowing where and how to mobilize strength for best effect
- Setting the right priorities
- Knitting all of them together with effective decision-making
Ranging widely through the annals of business and government, Peter F. Drucker demonstrates the distinctive skill of the executive and offers fresh insights into old and seemingly obvious business situations.
Related products
-
Add to cart
ဘယ်တော့မှမပြောင်းလဲတဲ့အရာတွေရဲ့အကြောင်း – Same As Ever by Morgan Housel📚
ကျွန်တော်တိုအမြဲရှာဖွေနေတဲ့အရာတွေဟာ တကယ်တော့ကျွန်တော်တိုရင်ထဲမှာအမြဲရှိနေပြီးသားအရာတွေဖြစ်တတ်ကြပါတယ်။ ရေဒီယို📻၊ တယ်လီဖုန်း📞၊ အင်တာနက်🌐၊ AI🤖 စသည်ဖြင့် ကမ္ဘာကြီးကအဆင့်ဆင့်တိုးတက်ပြောင်းလဲသွားပေမယ့် လူဆိုတဲ့သဘောသဘာ၀ကမပြောင်းလဲပဲတည်ရှိနေပါတယ်။
ဒီလိုမပြောင်းလဲတဲ့အရာတွေကိုနားလည်မှုက သင့်ဘ၀၊ အနာဂတ်နဲ့ ငွေကြေးစီမံခန့်ခွဲမှုကိုအကျိုးပြုတဲ့ဆုံးဖြတ်ချက်ချစေနိုင်တဲ့အကြောင်းကိုကို Morgan Houselက Same As Ever ထဲက ၀ထ္ထုတို 23 ပုဒ်နဲ့ရှင်းပြထားပါတယ်။
အကုန်လုံးကိုရှင်းပြဖို စာအရမ်းရှည်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံးလေးတွေကိုပဲရွေးထုတ်ထားပါတယ်။1.လူတွေရဲ့ ခန့်မှန်းလိုရတဲ့ ပေါက်တတ်ကရတုံပြန်မှုတွေ🎭
အခက်အခဲတစ်ခုဖြစ်လာရင် လူတွေဘယ်လိုတုံပြန်မလဲဆိုတာကိုရုတ်တရက်တွေးကြည့်ရင်ခန့်မှန်းရခက်သလိုထင်ရပေမယ့် တကယ်တမ်းက ဒီတုံပြန်မှုတွေက စိတ်ခံစားချက်ပေါ်မူတည်ပြီး တူညီတဲ့အရာတွေ ဖြစ်တတ်ကြပါတယ်။ ဥပမာအားဖြင့်
-🤑စျေးကွက်တစ်ခုအခြေအနေကောင်းလာပြီဆိုရင် လောဘနောက်လိုက်ပြီးမဆင်မခြင်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာတွေ
-😨လုပ်ငန်းအခြေအနေမကောင်းရင် စိုးရိမ်စိတ်တွေလွန်ပြီး ပေါက်တတ်ကရတွေလျှောက်လုပ်တာ
-😱မသေချာမှုနဲ့တွေ့ကြုံတဲ့အခါ မစဉ်းစားပဲ တခြားသူတွေလုပ်သလိုလိုက်လုပ်တာ တွေဖြစ်တတ်ပါတယ်
📉2008 စီးပွားပျက်ကပ် ,🧻 2020 COVID Toilet Paper Shortage တွေဟာ ဒီပေါက်တတ်ကရတုံပြန်မှုရဲ့ အထင်ရှားဆုံးသာဓကတွေပါ။ ဒီတုန့်ပြန်မှုတွေဟာ ရုတ်တရက်ဖြစ်တဲ့ အခြေအနေတစ်ခုကြောင့်လို ထင်ရပေမယ့် တကယ်တော့ လူတွေရဲ့ အမူအကျင့်တွေထဲမှာ နက်ရှိင်းစွာအမြစ်တွယ်နေတဲ့အရာတွေဖြစ်ကြပါတယ်။ ဒီလို Pattern တွေကိုနားလည်ပြီး ကြိုတင်ခန့်မှန်းနိင်မှုဟာ စိတ်ဝင်စားဖိုကောင်းရုံသာမက အသုံးဝင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖိုအရေးကြီးတဲ့ အထောက်အကူဖြစ်စေမှာပါ။2.တိုးတက်မှုရဲ့ သဘောတရား (Paradox of Progress)🔄
စာရေးဆရာက တိုးတက်မှု (progress) ဆိုတဲ့အရာတောင် သူ့ရဲ့ကိုယ်ပိုင်မပြောင်းလဲတဲ့သဘောတရားရှိတယ်လိုရှင်းချက်ထုတ်ထားပါတယ်။
တိုးတက်ပြောင်းလဲမှုတိုင်းဟာ
💉Invention and Adoption: စမ်းသပ်တီထွင်ခြင်းနဲ့ လက်တွေ့သုံးစွဲခြင်း
⚠️Unintended Consequences:မထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်လာခြင်း
🤝Adaptation: သာတူညီမျှဖြစ်တဲ့ ဖြေရှင်းချက်တွေနဲ့အတူနေထိုင်ခြင်းဆိုတဲ့ အဆင့်သုံးဆင့်နဲ့ အမြဲမပြောင်းလဲပဲတည်ရှိနေတယ်လိုပြောထားပါတယ်။
ဥပမာ လူတွေဟာ Social Animal တွေဖြစ်တဲ့အတွက်ကြောင့် အပေါင်းအသင်းဆန့်ဖို မိတ်ဆွေတွေပေါများဖိုဆိုတဲ့ရည်ရွယ်ချက်နဲ့ Social Media တွေပေါ်ပေါက်လာတယ်။ လက်တွေ့သုံးကြည့်ကြရင်းနဲ့ ခြေလွန်လက်လွန်တွေသုံးမိကြတဲ့အချိန်မှာ Personal လွတ်လပ်မှုဆုံးရှုးတာတို ADHD တို စိတ်ဓာတ်ကျရောဂါတိုအဖြစ်များတာတိုဖြစ်လာတယ်။ အခုအချိန်မှာ Dopamine Detox နည်းတွေ Focus Application တွေနဲ့အတူ သာတူညီမျှဖြစ်တဲ့ဖြေရှင်းချက်တွေနဲ့အတူ ကျွန်တော်တို လိုက်လျောညီထွေစွာနေထိုင်နေကြပါပြီ။
💡“Progress is not about avoiding problems—it’s about solving the same problems in better ways.”
“တိုးတက်မှုဆိုတာ ပြသနာတွေကိုရှောင်လွှတာမဟုတ်ပဲ နဲ့တူညီတဲ့ပြသနာတွေကို ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းချက်တွေထုတ်တာဖြစ်တယ်” ဆိုတဲ့ Morgan Housel ရဲ့ အမြင်ဟာကျွန်တာ်တိုလူတွေရဲ့ ပြသနာတွေကိုအဖြေထုတ်နေသရွေ့ ဒီ မပြောင်းလဲတဲ့သဘောတရားဟာ ထပ်ဆင့်ဖြစ်တည်နေဦးမယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။3.ဆင့်ကဲတိုးပွားမှုရဲ့ နိယာမ ( The Principle of Compound Effect )📈
ကောင်းတဲ့အရာပဲဖြစ်စေ၊ မကောင်းတဲ့အရာပဲဖြစ်စေ လူတစ်ယောက်နေ့စဉ်ပြုလုပ်တဲ့အရာတွေဟာအချိန်တစ်ခုကြာလာတာနဲ့အမျှ သူကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှာပါ သိသာထင်ရှားစေတဲ့ Compund Effect ဟာအခုအချိန်ထိမပြောင်းလဲတဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ Compound Effect ဟာငွေကြေးစီမံခန့်ခွဲမှု💰သာမက လူမှုဆက်ဆံခြင်း🧑🤝🧑၊ အသိပညာရှာဖွေခြင်း🧠နဲ့ အလေ့အကျင့်တည်ဆောက်ခြင်း💪 တိုမှာပါ အစဉ်အမြဲအသုံးပြုနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဥပမာ
📖တစ်ရက်ကို စာဆယ်မျက်နှာလောက်ဖတ်တာဟာ ဘာမှအရေးမကြီးဘူးလိုခံစားရလိမ့်မယ်။နေ့တိုင်းဖတ်ရင် တစ်နှစ်ကြာတဲ့အချိန်မှာသင် စာအုပ် 10 အုပ် 15အုပ်လောက်ဖတ်ပြီးနေပြီ။ဒါက သင်လေ့လာတဲ့အရာရဲ့အမြင်ကိုလေးလေးနက်နက်ပြောင်းလဲဖိုအတွက်လုံလောက်တယ်။
🏋️တစ်ရက်ကို ဆယ့်ငါးမိနစ်လောက်လေ့ကျင့်ခန်းလုပ်ခြင်းဟာဘာမှမသိသာပေမယ့် သင့်စိတ်နဲ့ခန္ဒာကျန်းမာရေးဟာ အချိန်နှင့်အမျှပိုမိုကောင်းမွန်လာလိမ့်မယ်
🍺တစ်ရက်ကိုဘီယာတစ်ခွက်ပဲပုံမှန်သောက်ရင် အချိန်တစ်ခုရလာတာနဲ့အမျှ ဘီယာဗိုက်တစ်လုံးရလာ ပြီးလေးလံထိုင်းမှိင်းလာလိမ့်မယ်။ဒီလိုသေးငယ်တဲ့အကျင့်တွေဟာ လုပ်လိုလုပ်မှန်းတောင်မသိသာပေမယ့် အချိန်တစ်ခုကြာလာတာနဲ့ အမျှ မပြောင်းလဲတဲ့နိယာမအတိုင်း Compound Effect ရဲ့အကျိုးတရားကိုခံစားရမှာပါ။ ငါဒါလေးတစ်ကြိမ်လုပ်တာမသိသာဘူးလိုခံစားရပေမယ့်ဒီလိုတစ်ကြိမ်ပေါင်းမြောက်များစွာပြုမူနေတဲ့အမူအကျင့်တွေဟာ သင့်ရဲ့ အနာဂတ်ကိုဆုံးဖြတ်နေတယ်ဆိုတာသတိပြုပါ။
-Psychology Of Money ကိုဖတ်ပြီးကြိုက်နှစ်သက်သူတွေ
-လူတွေရဲ့ Behavior, Decision Making နဲ့ Thinking Pattern တွေကိုသဘောပေါက်ချင်သူတွေ
-အနာဂတ်မှာကြုံတွေ့ရမယ့်အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားချင်သူတွေဒီစာအုပ်ကလေးကို ဆောင်ထားသင့်ပါတယ်🌍အမြဲပြောင်းလဲနေတယ်လိုမြင်ရတဲ့ ဒီကမ္ဘာကြီးမှာ ပြောင်းလဲမှုမရှိပဲထပ်ဖန်တလဲလဲပြန်လည်ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို မတူညီတဲ့အမြင်သစ်တစ်ခုနဲ့ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အတွေးအမြင်သစ်တစ်ခုရအောင် ဒီစာအုပ်ကလေးက ကူညီပေးပါတယ်။ အာရုံလွှဖိုကြိုးစားနေတဲ့ အကြောင်းအရာတွေ၊ အရေးမကြီးတဲ့ သဘောသဘာ၀တွေကိုကျော်လွှားပြီး အတွေးသစ်နဲ့အတူအနာဂတ်မှာကြုံတွေ့ရမယ့်ဖြစ်စဉ်တွေအတွက်ကြိုတင်ပြင်ဆင်ထားဖိုအကောင်းဆုံးစာအုပ်တစ်အုပ်ပါ။
📕Book Title- Same as Ever: A Guide to What Never Changes
✒️Author – Morgan Housel
💵Price- 21,500 MMK (Premium++ Quality, Hardcover, Creamy Paper) -
Add to cart
😴ပင်ပန်းနေပြီလား??????
😮💨သတင်းတွေ ဖတ်ပြီး မွန်းကျပ်နေပြီလား?
👟တစ်နေရာရာကို ရုန်းထွက်ချင်စိတ် ဖြစ်နေပြီလား?💻ကျွန်တော်တို နည်းပညာကို အသုံးပြုနေရင်း နည်းပညာရဲ့ လက်ပါးစေ မဖြစ်ဖိုအတွက် အဓိကထား ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
📱တစ်နေ့ထက်တစ်နေ့ Facebook, YouTube, Tik tok , Twitter စတဲ့ Social Platforms တွေမှာ အချိန်ပေါင်းများစွာ ကုန်ဆုံးနေမိတာကို သတိပြုမိနေကြပြီလား?
Social Media ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို တစ်ဦးနဲ့ တစ်ဦး ယခင်ကထက် ပိုမို နီးစပ်လာအောင် လုပ်ပေးဖို၊ ပညာတွေ သင်ယူဖိုပါပဲ။ ဒါပေမယ့် လက်ရှိမှာတော့ တစ်ဦးနဲ့ တစ်ဦး အရင်ကထက် ပိုမို ဝေးကွာလာနေပါတယ်။ အချိန်တွေ ကုန်နေကြတယ်။
SUCCESS အောင်မြင်မှုဆိုတဲ့ အရာကို ရနိုင်ဖိုအတွက် ကျွန်တော်တိုက အနှောင့်အယှက်ပေးနေတဲ့ Distraction တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဖို လိုအပ်နေပါသေးတယ်။🧠ကမ္ဘာအတော်ဆုံး လူတွေ စုထားတဲ့ Harvard, MIT, Oxford တက္ကသိုလ်ကြီးတွေမှာ ရှိတဲ့ လူတွေရဲ့ နံပါတ်တစ် အရည်အချင်းတစ်ရပ်ကတော့ သူတိုဟာ အလုပ်တစ်ခုမှာ မဆုတ်မနစ်ပဲ အချိန်ပေါင်းများစွာ လုပ်နိုင်တဲ့ (Deep Focus/ Deep Work) လုပ်နိုင်ချင်းပဲ ဖြစ်ပါတယ်။
📵ကျွန်တော်တိုဟာ Social Media ကို အချိန်ပေါင်းများစွာ အသုံးပြုလာတဲ့ အခါမှာ ကျွန်တော်တိုရဲ့ Attention Span အာရုံစူးစိုက်နိုင်စွမ်း လျော့ကြလာကြပါတယ်။ တစ်ချိန်တုန်းက အချိန်ပေါင်းများစွာ အလုပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ် လုပ်နိုင်တဲ့ အခြေအနေတစ်ခုကနေ အခု လက်ရှိအချိန်မှာတော့ ၁၀ မိနစ်လောက်တောင် အာရုံ မစူးစိုက်နိုင်အောင် လျော့နည်းလာတာကို တွေ့မြင်ရပါတယ်။
ကျွန်တော်တို နားမှာ Distractions တွေ ပြည့်နှက်နေတဲ့ လောကကြီးကနေ ကျွန်တော်တိုက တကယ် အရေးပါတဲ့ အရာတွေကို အာရုံစိုက် အလေးပေး တန်ဖိုးထားဖို လိုအပ်နေပါပြီ။
🤔တကယ်လို လူတိုင်း အောင်မြင်နိုင်တဲ့ အရည်အချင်းတစ်ခု ရှိတယ်ဆိုရင် လူတိုင်း လိုက်လုပ်နိုင်ကြပါ့မလား??????
🐖ဝက်တွေရဲ့ ပင်ကို သဘာဝက တစ်နေရာနဲ့ တစ်နေရာကို လျှောက်သွား ကျက်စားနေကြပြီး မျိုးပွားဖို ဖြစ်ပါတယ်။ အခုကတော့ ဝက်တွေကို လှောင်အိမ်ထဲမှာ မွေးစကနေ သားဖွားဖို အတွက်ပဲ မွေးမြူကြပြီး ပင်ကို သဘာဝ ပျောက်လာကြပါတယ်။
ကျွန်တော်တိုကလည်း အပြင်ထွက်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ၊ အတွေ့အကြုံတွေ ဖလှယ်ပြီး ကြိုးစားနေကြရမှာပါ။ ဒါပေမယ့် တစ်ချိန်လုံး ဖုန်းရှေ့မှာပဲ ငုတ်တုတ်ထိုင်နေကြပြီး အချိန် ကုန်ဆုံးနေကြပါတယ်။📴တကယ်လိုသာ ကျွန်တော်တိုက Social Media ကို ရက် ၃၀ လျော့သုံးပြီး နေကြရင် ဘာဖြစ်ကြမလဲ??
ကြိမ်းသေတာကတော့ ကျွန်တော်တို အရမ်း ပျင်း လာကြပါမယ်။
ပျင်းလာတာကို ဖျောက်ပစ်ဖိုအတွက် ကျွန်တော်တို တစ်ခုခု လုပ်ဖို စဉ်းစားကြရပါမယ်။
Social Media ကပေးတဲ့ Dopamine မရှိတော့တဲ့အတွက် တစ်ချိန်တုန်းက ကျွန်တော်တိုက ပျော်အောင် လုပ်ပေးမယ့် အရာတွေကို စဉ်းစားရပါတော့တယ်။
တစ်ချိန်တုန်းက Constant Dopamine Intake မရရှိနိုင်တဲ့ ပျော်စရာ လိုအပ်ချက်တွေကို ကျွန်တော်တို တွေ့ရှိလာပါတော့တယ်။
တစ်လောကလုံးမှာ တစ်ယောက်တည်း ဖြစ်သွားပြီး တကယ် အရေးပါတဲ့ အရာတွေကို ရှာဖွေ တွေ့ရှိလာပါတယ်။
လူတွေနဲ့ တွေ့မယ်၊ မိဘတွေနဲ့ စကားပြောမယ်၊ ကော်ဖီ တစ်ခွက်နဲ့ စာအုပ်လေးဖတ်ရင်း အနှစ်သာရတွေကို ပြန်လည် သတိပြုမိလာပါမယ်။Social Media လျော့သုံး ပြီး အရမ်း ပျင်းလာရင် ဘာလုပ်ကြမလဲ
🚶♂️လမ်းလျှောက်ပါ။ ဝေးဝေး လျှောက်ပြီး သဘာဝ အလှတရားတွေကို ခံစားပါ။
✍️စာရေးပါ။ ကိုယ့်ဘဝအတွက် အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးပါ။
🌙အနားယူပါ။ ခွန်အားတွေ ပြန်ယူပါ။လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။ -
Add to cart
သင့်ရဲ့ကိုယ်ပိုင်အင်ပါယာ – How to Think like a Roman Emperor
🌏ကမ္ဘာကြီးကိုပြောင်းလဲမယ်လိုပြောတဲ့သူကို သူ့ကိုယ်သူအရင်ပြောင်းလဲခိုင်းလိုက်ပါ
“Let him who would move the world first move himself.”
-Socrates🗽သင့်ရဲ့ကိုယ်ပိုင် အင်ပါယာထဲမှာ သင်ကလွဲပြီးဘယ်သူမှမင်းမူနိုင်မဲ့သူမရှိဘူး။
သင့်စိတ်ဟာ ဘယ်သူမှ ဝင်နှောင့်ယှက်လို မရတဲ့ရောမအင်ပါယာတစ်ခုလိုတည်ဆောက်ထားရင် ဘယ်လိုဖြစ်မလဲတွေးကြည့်လိုက်ပါ။ ကြုံလာသမျှအခက်အခဲတွေအားလုံးဟာသင်တိုးတက်ဖိုအတွက်အခွင့်အရေးတွေဖြစ်သွားမယ်။ သင့်ရဲ့အတိုက်အခံတွေဟာ သင့်ရဲ့ကြံ့ကြံ့ခံနိုင်တဲ့စိတ်ကို အံ့ဩပြီး လက်မြှောက်အရှုးပေးသွားကြလိမ့်မယ်။ သင်လက်ခံတဲ့အရာတွေပဲ သင့်အနားမှာရှိပြီးတော့ မလိုချင်တဲ့အရာတွေဟာ သင့်အဝေးကိုထွက်ပြေးသွားကြရလိမ့်မယ်။ကပ်ရောဂါ၊ ပုန်ကန်မှု၊ ရေကြီးမှုစတဲ့ ဘေးအန္တရာယ်တွေနဲ့သက်တမ်းတစ်လျှောက်လုံးရင်ဆိုင်ခဲ့တဲ့ ရောမရဲ့ အင်ပါယာ Marcus Aurelius (161–180 CE) ဟာသူစိတ်ကို ဘယ်နှောက်ယှက်မှုမှမဝင်အောင် Roman Tetsudo လိုမျိုးကာကွယ်ခဲ့ပါတယ်။ သူ့ရဲ့ အတွေးအခေါ်၊ ဒိုင်ယာရီနဲ့ ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ကို Stocism နဲ့သံချပ်ကာတစ်ခုလိုကာရံထားတဲ့ဇာတ်လမ်းဟာ တစ်ထောင့်တစ်ညပုံပြင်လိုမျိုး အခုအချိန်ထိစွဲကျန်နေတုန်းပါ။ Donald J. Robertson ရဲ့ How to think like a roman emperor မှာ Marcus Aurelius နဲ့အတူတူ သူ့ဘ၀ကိုဖြတ်သန်းရင်း သူ့ရဲ့အတွေ့အကြုံတွေကိုခံစားရမှာပါ။
သင့်ဘ၀မှာနေ့စဉ် အခက်အခဲတွေ၊ စိန်ခေါ်မှု တွေနဲ့ ထိုးသတ်၊ ညတိုင်း သစ်တုံးတစ်တုံးလို မောပန်းလေးလံနေတဲ့သင့်ခန္ဒာကိုယ်ကိုကုစားနိုင်ပြီး တကယ်ငြိမ်းချမ်းမှုရှိတဲ့ ရောမအင်ပါယာတစ်ခုလိုမျိုးစိတ်ဓာတ်ကိုနေ့စဉ်တည်ဆောက်နိုင်ဖိုအတွက် ဒီစာအုပ်ကလေးကိုသင့်ဘေးနားမှာအမြဲသိမ်းထားလိုက်ပါ။
-
Add to cart
“I have trained with many of the toughest and hardest men on the planet, and only one stands out. That one is Cameron Hanes.”
-DAVID GOGGINS,ENDURE
David Goggins နဲ့ Joe Rogan တိုကိုယ်တိုင် recommend ပေးတဲ့ စာအုပ်တစ်အုပ်၊ Smart Work မဖြစ်ခင် Hard work ကို ဘယ်လို ရုန်းကန်ပြီး ကြိုးစားအားထုတ်နေကြလဲ၊ David Goggins နဲ့ တန်းတူ Resilience, Mindset, Effort တွေ ရှိတဲ့ လူတစ်ယောက်အကြောင်း လေ့လာရမှာပဲ ဖြစ်ပါတယ်။







Reviews
There are no reviews yet.