Category: Business
Showing 17–32 of 62 results
-
Add to cart
✊ ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။
👁🗨 Maslow ရဲ့ Need Theory အရ လူတွေက လိုအပ်ချက် တစ်ခုခုကြောင့် အလုပ်လုပ်နေကြတယ်။ တစ်ချို့က စားဝတ်နေရေး အဆင်ပြေဖို့၊ တစ်ချို့ကတော့ မိသားစုကို ထောက်ပံ့ရမှာ ဖြစ်လို့၊ တစ်ချို့က ဘဝမှာ နေရာ တစ်ခု ဒါမှမဟုတ် အောင်မြင်မှု ရချင်လို့စသဖြင့် ရည်မှန်းချက်တစ်ခုခုအတွက် အလုပ်လုပ်နေကြတယ်။
📜 Leadership and Personal Development မှာ Guru တစ်ယောက်ဖြစ်တဲ့ Simon Sinek ရဲ့စာအုပ် Leaders Eat Last ထဲမှ အကြောင်းအရာ အနည်းငယ်ကို လေ့လာကြည့်ရအောင်
- Safety Means Progress
💢 အခက်အခဲတွေက ကျွန်တော်တို့ကို နှောင့်နှေးစေဖို့ဖြစ်လာတာပါ။ ရှေးခေတ် လူတွေမှာ အန္တရာယ် အများကြီး နဲ့ရင်ဆိုင်ရတယ်။ လူတွေက အစာရှာရတယ်၊ တောရိုင်းတိရစ္ဆာန်တွေကို စောင့်ကြည့်ရတယ်၊ နေစရာ နေရာတစ်ခု ရှာရတယ်။ အခုခေတ်မှာတော့ ကျွန်တော်တို့ရဲ့ပြဿနာအားလုံးနီးပါးက ငွေနဲ့သက်ဆိုင်နေတယ်။ ပိုက်ဆံက အခက်အခဲအများစုကို ဖြေရှင်းပေးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့တွေက စိတ်မပူပင်ပဲ လုံခြုံနေရတာကို ကြိုက်ကြပါတယ်။ နောက်မှာ အပူအပင်တွေ ကင်းရှင်းနေမှ ကိုယ်လုပ်ချင်တဲ့ အရာကို စိတ်တိုင်းကျ လုပ်ဆောင်နေနိုင်မှာပါ။ ခေါင်းဆောင်တွေ အနေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ဘဝတွေ လုံခြုံမှုကို ပေးနိုင်ရပါမယ်။ ဒါမှလည်း Productivity ပိုတိုးတက်လာနိုင်မှာပါ။
💣 အလုပ်ခွင်မှာ Stress များတာက အလုပ်များလို့အဓိက မဟုတ်ပါဘူး။ အထက်က လူတွေရဲ့ အတင်းကြပ် ထိန်းချုပ်မှုတွေ အောက်မှာ အလုပ်လုပ်နေရလို့ပဲ ဖြစ်ပါတယ်။ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို လေးစားယုံကြည်ပြီး ချီးမြင့်မြှောက်စားတတ်တဲ့ မန်နေဂျာတွေနဲ့အလုပ်လုပ်ရတဲ့ လူတွေက အလုပ်ခွင်မှာ ပိုအောင်မြင်မှု ရကြပါတယ်။ - Employees are People Too
🎯 စာရေးဆရာ Simon Sinek က အောင်မြင်တဲ့ လုပ်ငန်းကြီးတွေဟာ သူတို့ဝန်ထမ်းတွေကို လုပ်ငန်းကြီးထွားဖို့နဲ့ပိုက်ဆံ ပိုရဖို့အတွက် အဓိက ခန့်အပ်ထားတာ မဟုတ်ပါဘူး။ သူတို့ဝန်ထမ်းတွေ ပိုကောင်းစားဖို့အတွက် ပိုက်ဆံကို အသုံးချ ကြတာပါ လို့ပြောသွားခဲ့ပါတယ်။
☔ Jack Welch က သူ့ကုမ္ပဏီရဲ့အဆိုးရွား ဝန်ထမ်း 10% ကို နှစ်တိုင်း အလုပ်ဖြုတ်ပစ်ပါတယ်။ ဒါပေမယ့် Simon Sinek ကတော့ သူ့လုပ်ဖော်ကိုင်ဖက် တွေကို အကောင်းဆုံး ဖန်တီးပေးနိုင်ခြင်းက လုပ်ငန်းတိုင်းရဲ့အောင်မြင်မှုလို့ပြောထားပါတယ်။ လူတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ရင် လူတွေက ကိုယ့်ကုမ္ပဏီအပေါ် ယုံကြည်စိတ်ချလာပြီး ကုမ္ပဏီရဲ့ အောင်မြင်မှုကို ကြိုးစားပေးပါလိမ့်မယ်။ - The Four Chemicals
👁 လူတွေရဲ့ Psychology ကို လေ့လာတဲ့ အခါမှာ လူတွေကို Drive လုပ်ပေးတဲ့ Chemical လေးမျိုး ရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ကိုယ်က ဘာ အရာနဲ့ကိုက်ညီသလဲ၊ ကိုယ့်ရဲ့Driving Chemical က ဘာလဲ။
▪ Endorphin – the pain-masking chemical
💪 Endorphin ကတော့ နာကျင်မှု ဖြစ်လာတဲ့ အခါမှာ ကာကွယ်ပေးတဲ့ Hormone တစ်မျိုးပါ။ ကျွန်တော်တို့ ပြေးတဲ့အချိန် ၊Gym သွားတဲ့ အခါမှာ Endorphin Hormone ထွက်ပါတယ်။ ဝိတ်မနေတဲ့ အခါမျိုးမှာ နာကျင်မှုကို သက်သာစေပါတယ်။ တစ်ချို့တွေ ပင်ပန်းနေပေမယ့် အလုပ်တွေ ပိုပိုပြီး လုပ်နိုင်တာ၊ နာကျင်နေပေမဲ့ စွမ်းဆောင်ရည် ပိုမြင့်လာတာဟာ Endorphin Hormone ကြောင့်ပါ။
▪ Dopamine – the goal achieving chemical
💘 Dopamine ကတော့ လူကို စွဲလမ်းစေတဲ့ Hormone ပါ။ ဆေးလိပ်၊ အရက် တို့သောက်သုံးတဲ့ အခါမှာ Dopamine Hormone ထွက်ပါတယ်။ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်မယ့် အချိန်မျိုး၊ အပြေးပြိုင်ပွဲ မှာ ပန်းဝင်ခါနီး အချိန်မျိုး ပြီးတော့ ဖုန်းက Notification တစ်ခုလာလို့ဆတ်ကနဲ လှမ်းကြည့်လိုက်တာဟာ Dopamine Hormone ရဲ့လုပ်ဆောင်မှုတွေပါ။
🐒 ဥပမာ မျောက်တစ်ကောင်က သစ်ပင်ပေါ်က သရက်သီးကို တွေ့တဲ့ အချိန်မှာ အရမ်းကို ပျော်သွားပါတယ်။ Dopamine က မျောက်ကို သစ်ပင်ပေါ် တက်ပြီး သရက်သီး ခူးဖို့ပြောတယ်။ သစ်ပင်ပေါ်တက်နေရင်း သရက်သီးနဲ့ နီးလာတာနဲ့အမျှ Dopamine ပိုထွက်လာပြီး မျောက်က ပိုပျော်လာပါတယ်။ သရက်သီးကို ပိုလိုချင်လာတယ်။ မရရအောင် ကြိုးစားတယ်။ ဒါပေမယ့် သရက်သီး စားပြီးသွားတဲ့ အချိန်မှာတော့ Dopamine ပြန်ငြိမ်သွားပါတယ်။
🏅 ဒါကြောင့် Dopamine ကို လိုချင်တဲ့အရာကို လုပ်တဲ့အခါမှာ အလုပ်ပြီးမြောက်စေတဲ့ Hormone လို့လည်း ခေါ်ဆိုကြပါတယ်။
▪ Oxytocin – the love chemical
🔒 ကျွန်တော်တို့ကို လုံခြုံ စိတ်ချမှုဖြစ်စေတဲ့ Hormone တစ်မျိုးပါ။ ကိုယ် ရင်းနှီးမြတ်နိုးတဲ့ လူတွေ အနားမှာ နေရတာဟာ ကိုယ့်အတွက် လုံခြုံမှု ဖြစ်စေပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် Risk ယူရမယ့် အချိန်တွေမှာ Oxytocin က အနှောင့်အယှက်ပေးပါတယ်။
🗣 ဥပမာ ကိုယ့်အလုပ်မှာ Boss က မကောင်းတဲ့ လူတစ်ယောက်ဖြစ်နေမယ်။ ဒါပေမယ့် လူအများစုက အလုပ်မထွက်ကြပါဘူး။ အလုပ်မှာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အပေါ်ကောင်းနေသေးတဲ့ အတွက် အလုပ်အပေါ် တွယ်တာမှုဖြစ်နေပါတယ်။ ဒါပေမယ့် Dopamine Hormone ကတော့ အလုပ်ထွက်ဖို့တွန်းအားပေးနေမှာပါ။ အလုပ်ထွက်ဖို့နဲ့အလုပ်မှာ ဆက်နေဖို့လူတွေက ဒီနှစ်ခု အမြဲလိုလို ဒွိဟ ဖြစ်နေကြပါတယ်။
▪ Serotonin – the leadership chemical
🙏 ကိုယ့်ကို ကူညီပေးခဲ့တဲ့ သူတွေကို ကျေးဇူးသိတတ်စေတဲ့ Hormone တစ်မျိုးပါ။ Corporate လုပ်ငန်းတွေမှာ Performance ကို ကြည့်တတ်ကြပေမယ့် Serotonin Driven လူတွေကတော့ ပတ်ဝန်းကျင်လူတွေကို ယုံကြည်မှုဖြစ်ပြီး ကိုယ့်ကိုယ် ကူညီခဲ့တဲ့သူတွေကို တစ်ချိန်မှာ ပြန်လည် အကျိုးပြုနိုင်ရမယ်လို့တွေးထင်စေပါတယ်။ Serotonin အားနည်းတဲ့ သူတွေမှာ စိတ်ဓာတ်ကျမှု၊ အားငယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
❗ Hormone တစ်မျိုးချင်းဆီရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရှင်းပြပေးထားပြီး ကိုယ့်ကို ဘယ် Hormone က Drive လုပ်နေသလဲ ပြီးတော့ Hormone တွေကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှင်းပြပေးထားပါတယ်။
🏇 လူတိုင်းက တူညီမှုရှိတယ်လို့ပြောနေကြပေမယ့် အမှန်တရားကတော့ မဟုတ်ပါဘူး။ ကြိုးစားတဲ့ သူက ကြိုးစားတဲ့ နေရာရမယ်။ သာမန်လူကတော့ သာမန်နေရာမှာပဲ ရှိနေမှာပါ။ Leader ကောင်း တစ်ယောက်က အမြဲ ထိပ်ရောက်နေပေမယ့် အခက်အခဲတွေကို ဦးဆောင်ရင်ဆိုင်ရတာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အလေးထား ကာကွယ်ပေးနိုင်မှုတွေ၊ အားငယ်မှု၊ စိုးရိမ်မှုတွေကို ကျော်လွန်ပြီး ရဲရဲတင်းတင်း ရင်ဆိုင်တောင့်ခံထားတာတွေကို လူတိုင်း မမြင်နိုင်ပါဘူး။ ပြီးတော့ ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။
⁉ စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
✔ ဦးဆောင်နေတဲ့ ခေါင်းဆောင်တိုင်း ဖတ်သင့်ပါတယ်။ လူအနည်းငယ်ကို ဖြစ်စေ လုပ်ငန်းကြီး ဖြစ်စေ ဦးဆောင်နေသူတိုင်း လုပ်ဖော်ကိုင်ဖက်တွေကို ပျော်ရွှင်စေပြီး လွတ်လပ်စေတဲ့ Culture တစ်ခုကို ဖန်တီးချင်သူတိုင်း ဖတ်သင့်ပါတယ်။
👤 Simon Sinek က အကောင်းမြင်ဝါဒ လူတစ်ယောက်ဖြစ်ပြီး လူတိုင်းအတွက် လောကကြီးမှာ နေရာတစ်ခု ရှိတယ်လို့လက်ခံထားသူ တစ်ယောက်ဖြစ်ပါတယ်။ အမျှော်အမြင်ကြီးတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ သူက အချက်အလက်တွေကို ထောက်ပြတဲ့ နေရာမှာ သွက်လက်ပြီးတော့ သူရဲ့ Leaders Eat Last Video က Ted Talk Most View Video စာရင်းမှာ ပါဝင်ပါတယ်။ Simon Sinek ဟာ Best Selling Author တစ်ယောက်ဖြစ်ပြီးတော့ Start with Why နဲ့Leaders Eat Last စာအုပ်တွေကတော့ New York Times Best Seller စာရင်းဝင်ခဲ့ပါတယ်။ သူက လူပေါင်းများစွာရဲ့ဘဝတွေကို အမြင်မှန်ရောက်အောင် ပြောင်းလဲပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ - Safety Means Progress
-
Add to cart
🏗လုပ်သလောက် အားမရ၊ ကြိုးစားပြီး မဖြစ်မြောက်တာ ဘာကြောင့်လဲ?
ကျွန်တော်တိုက အလုပ်တွေများပြီး အရမ်းကြိုးစားနေပေမဲ့ နောက်ဆုံးမှာ အားမလိုအားမရ ထင်သလောက်ခရီးမရောက်ဘူးလို ဘာလိုခံစားနေရတာလဲ။ လွန်ခဲ့တဲ့၅နှစ်က မင်းမျှော်မှန်းထားတဲ့ ရည်ရွယ်ချက်တွေကို မရောက်သေးတာမင်းအပြစ်မဟုတ်ဘူး။ ပြဿနာက ကျင့်သုံးနေတဲ့ နည်းလမ်းတွေမှာ လိုအပ်ချက် ရှိနေတာ။
🏋♂️ကြိုးစားနေလျက်နဲ့ ရလဒ်တွေ မပေါ်တာဘာကြောင့်လဲ။ လူတော်တော်များများ မသိတာက အလုပ်လုပ်တာနဲ့ အလုပ်ပြီးမြောက်တာကို ကွဲကွဲပြားပြား သေချာမသိနေတာပဲ။
ဟိုးအရင်ကနည်းလမ်းတွေကိုသုံးနေပြီ လက်ရှိအခြေအနေထက်ပိုပြီးမရောက်နိုင် အလုပ်တွေ ပိုမပြီးနိုင်ဘူးဆိုတာ မင်းလက်ရှိကျင့်သုံးတဲ့နည်းလမ်းတွေမှာ အမှားအယွင်းတွေရှိနေလိုပါ။ ဒီတော့ နည်းလမ်းအသစ်တွေကိုဘယ်လိုရှာမလဲ?🤩နည်းလမ်းအသစ်တွေသိလေလေ ပိုခရီးရောက်နိုင်လေလေပါပဲ။ဘာနည်းလမ်းလဲဆိုရင် အလုပ်ပိုပြီးစေတဲ့ နည်လမ်းတွေပါ။ GYM မှာ 1နှစ်လောက် ကြိုးစားပြီးဆော့တာ ထင်သလောက်မဖြစ်လာတာ မင်းညံ့လိုမဟုတ်ဘူး။ မင်းကျင့်သုံးတဲ့နည်းလမ်းတွေက မကောင်းလို။
ဒီအချက် 3 ချက်ကို မင်းကျင့်သုံးရင်သူများထက် အမြဲအလုပ် ၅ဆပိုပြီး ပြီးနေပါလိမ့်မယ်။
1.Highlight Your Day
အလုပ်တွေကို နေ့ရွေ့ညရွှေ့လုပ်နေတုန်း¬လား? နောက်ဆုံးမှာ အလုပ်မပြီးလို ကိုယ့် ကိုကိုယ်မကျေနပ်တာ အပြစ်တာ စိတ်မကျေမနပ်ဖစ်တာသဖြင့် ဖြစ်နေတုန်းပဲလား?ဒါဆိုရင် ဒီ ပြဿနာကို ဖြေရှင်းဖိုနေ့တစ်နေ့ကိုမစတင်ခင် ဒီနေ့ရဲ့ အဓိကအလုပ်ကို Highlight တစ်ခုလုပ်ပါ။ အဲ့အလုပ်ပြီးမှ ကျန်တာကိုလုပ်ပါ။ ဒီလိုဆို ညဘက်အိပ်ရာ၀င်ချိန် ငါဒီနေ့အတွတ်ဘာကိုလုပ်ခဲ့တယ် ဆိုတာတွေးပြီး စိတ်ချလက်ချအိပ်ရုံပါပဲ။2.Gratitude Yourself
ညဘက်အိပ်လိုအိပ်ရာပေါ်ရောက်ရင် ငါဒီနေ့ လုပ်ခဲ့တာတွေထဲက ကျေနပ်ဖိုအကောင်းဆုံး တစ်ခု က ဘာလဲလိုတွေးပါ။ ပြီးရင် ကိုယ့်ဟာကိုယ် Gratitude ပြန်လုပ်ပါ။ ဘာလိုဆို Gratitude လုပ်ခြင်းက မင်းက မင်းဘ၀ကို အဓိပ္ပာ ယ်ရှိရှိဖြတ်သန်းနေတယ်ဆိုတာကို ကိုယ့်ကိုယ့်ကိုယ့် ပြန်သတိပေးနေသလို ဖြစ်စေလိုပါ။3.Block the Distractions
လူတွေက အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြပေမဲ့ အလုပ်လုပ်နေချိန်မှာ အခက်အခဲတွေ တွေ့လို လက်လျှော့သွားတာ ထင်သလောက် အလုပ်မပြီးတာတွေက အမြဲဖြစ်စမြဲပါ။ အနှောက့်အယှက်တွေကြောင့် ကျနော်တို ပုံမှန်ထက်အလုပ်မပြီးကြတာပါ။ဒီပြဿနာကို သင် အခုပြောမဲ့ Techniques လေးနဲ့ ဖြေရှင်းနိုင်လိုရပါတယ်။
အလုပ်မလုပ်ခင်အချိန်တွင်း အလုပ်လုပ်နေချိန် ဘာတွေကို လုံး၀မလုပ်ဘူးဆိုတာ စာနဲ့ရေးထားပါ။ ဒီမှာ ဂရုစိုက်ကမှာ 2 မျိုးရှိပါတယ်။“External and Internal Distractions” ပါ။
-External အနေနဲ့ ကိုယ်က Facebookမသုံးဘူး Game မဆော့ဘူး စဖြင့်ရေးလိုရပါတယ်။ ပိုဂရုပြုရမှာက “Internal” ပါ။
-Internal အနေနဲ့ ဘာအကြောင်းကိုတော့မတွေးဘူး ဥပမာ-အပြင်သွားမဲ့အကြောင်းအရာကိုမတွေးဘူး, တခြားသူအကြောင်းမတွေးဘူး ဆိုတာမျိုးတွေ ကြိုသတ်မှတ်ထားပါ။ဒီ 3 ခုကို ကိုယ့်နေ့တစ်နေ့ကို စတင်ချိန်မနက်ခင်းမှာ ကိုယ့်ရဲ့တနေ့တာ “Might-Do List” ထဲထည့်ထားပါ။ “Might-Do List” ဆိုတာက To-do-listလို တစ်နေ့တာလုပ်ရမှာတွေကို ထည့်ရတာမဟုတ်ပါဘူး။ တနေ့တာမှာမဖြစ်မနေ မပြီးရင်မနားဘူးဆိုတဲ့ အလုပ်ကိုပဲထည့်ရတာပါ။ Make time မှာ ဒီလို နည်းလမ်းပေါင်း Dozen နဲ့ချီပြီးပါပါတယ် အခုပြောတဲ့ 3 ခု နဲ့တင်သင်က သူများထက် အလုပ် 5 ဆလောက်ပိုပြီးနေပါပြီ။
“အလုပ်နဲနဲလုပ်ပြီး များများ ပြီးနိုင်ကြပါစေ ခင်မျာ။”
-
Add to cart
💵လစာတိုးပေးဖိုအထက်လူကြီးကိုဘယ်လိုညှိရမလဲ??
ပထမဆုံးတွေးမိတဲ့အဖြေက “NO” လိုဆိုရင် ခင်ဗျားဟာ Negotiation ရဲ့ ပထမဆုံးသောအဆင့်ကိုစရောက်ပါပြီ။
ဒါဆိုဘယ်လိုရှေ့ဆက်ကြမလဲ ???-> အဆင်ပြေမှာမဟုတ်ပါဘူး ဆိုပြီးဆက်မပြောတော့ပဲနေမှာလား😢
-> ကိုယ်ဝင်ငွေတိုးပေးအောင်ညှိနှိင်း နိုင်မယ့် Skill ကိုရှာမလား 🧐🧠ဒီskill တွေကို စာရေးဆရာ Chris Voss ရေးတဲ့ Never Split the Difference ထဲမှာတွေ့နိုင်ပါတယ်
ညှိနှိင်းဆွေးနွေးမှု ဆိုတာ ကျွန်တော်တိုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ မနက်အိပ်ရာထပြီး မနက်စာဘာစားမလဲလိုစပြီးတိုင်ပင်တာကအစ အလုပ်မှာ အိမ်မှာ အမြဲတမ်းကျွန်တော်တိုလိုချင်တဲ့အရာတွေ ရရှိဖိုအတွက်အမြဲ တစ်စုံတစ်ယောက်နဲ့ တိုင်ပင်ကြရပါတယ်။နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ညှိနှိင်းမှုအများစုမှာ ကျွန်တော်တိုဟာ ကိုယ့်လိုအပ်ချက်ကို လျော့ပေါ့ပြီးအလုပ်ဖြစ်အောင် အနစ်နာခံလိုက်ကြရတာများပါတယ်။ ကိုယ်လိုချင်တဲ့အရာအများစုကိုကိုယ့်လက်ထဲရောက်အောင်လုပ်နိုင်တဲ့ Negotiation Skill ကိုလူအနည်းစုသာ တတ်ကျွမ်းကြပါတယ်။
ဒီ Negotiation Skill ကို ကျွမ်းကျင်ဖိုဒီစာအုပ်ထဲမှာဘာတွေပါလဲ ??
🌻 Tactical Empathy
🦻Active Listening
🪞Mirroring
🤔65 85 95 rule
🏷Labeling
❓Calibrated Question စတဲ့ Skill တွေ
⛔️“NO” ဆိုတဲ့စကားလုံးရဲ့အရေးပါပုံ
👌“Yes” ဆိုတဲ့ အဖြေသုံးမျိုး
🗣Negotiator သုံးမျိုး အကြောင်း
🦢စကားလုံးတွေထဲက Black Swan တွေနဲ့ သူတိုကို အသုံးချနည်းတွေBusiness Owner တွေ ,Business Developmentလောကထဲက သူတွေ , Community နဲ့ Relationship Management လုပ်နေတဲ့သူတွေအပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေ ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။ အထူးသဖြင့် စီးပွားရေး၊ မိသားစုနဲ့ အလုပ်မှာ စကားပြောတာပိုအဆင်ပြေတဲ့ သူ၊ လူတွေနဲ့ ညှိနှိင်းမှု skill ကို Level Up လုပ်ချင်တဲ့သူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
-
Add to cart
Netflix cofounder Reed Hastings reveals for the first time the unorthodox culture behind one of the world’s most innovative, imaginative, and successful companies
There has never before been a company like Netflix. It has led nothing short of a revolution in the entertainment industries, generating billions of dollars in annual revenue while capturing the imaginations of hundreds of millions of people in over 190 countries. But to reach these great heights, Netflix, which launched in 1998 as an online DVD rental service, has had to reinvent itself over and over again. This type of unprecedented flexibility would have been impossible without the counterintuitive and radical management principles that cofounder Reed Hastings established from the very beginning. Hastings rejected the conventional wisdom under which other companies operate and defied tradition to instead build a culture focused on freedom and responsibility, one that has allowed Netflix to adapt and innovate as the needs of its members and the world have simultaneously transformed.
Hastings set new standards, valuing people over process, emphasizing innovation over efficiency, and giving employees context, not controls. At Netflix, there are no vacation or expense policies. At Netflix, adequate performance gets a generous severance, and hard work is irrelevant. At Netflix, you don’t try to please your boss, you give candid feedback instead. At Netflix, employees don’t need approval, and the company pays top of market. When Hastings and his team first devised these unorthodox principles, the implications were unknown and untested. But in just a short period, their methods led to unparalleled speed and boldness, as Netflix quickly became one of the most loved brands in the world.
Here for the first time, Hastings and Erin Meyer, bestselling author of The Culture Map and one of the world’s most influential business thinkers, dive deep into the controversial ideologies at the heart of the Netflix psyche, which have generated results that are the envy of the business world. Drawing on hundreds of interviews with current and past Netflix employees from around the globe and never-before-told stories of trial and error from Hastings’s own career, No Rules Rules is the fascinating and untold account of the philosophy behind one of the world’s most innovative, imaginative, and successful companies.
-
Add to cart
➖ အောက်ဆုံးရောက်နေချိန် ဘယ်သူမှ ကိုယ့်အကြောင်း စိတ်မ၀င်စားတော့ဘူး။
DEPRESSION!
❗️ ကိုယ် ကြိုးစားသမျှတွေ အရာမထင်တဲ့ အခါမှာ၊ အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်သွားတဲ့ အချိန်မှာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါမှာ၊ လူတွေက ကြိမ်ဖန်များစွာ တိုက်ခိုက်လာတဲ့ အချိန်မှာ Depression ၀င်လာကြတယ်။〽️ ကျွန်တော့်ဘ၀မှာ နောင်တအရဆုံး၊ အမှားဆုံး လုပ်ရပ်ကို ပြောပါဆိုရင် ဘယ်ဘက် လက်ပေါ်က ဓားဒဏ်ရာ အမာရွတ် လေးခုပါပဲ။ ငယ်ရွယ်သေးတဲ့ လူငယ်တစ်ယောက်အတွက် တစ်ချိုသော စိတ်ခံစားမှုတွေက မမျှတခဲ့ဘူး။ အမာရွတ်က မသေးတော့ ဖုံးကွယ်ထားဖိုကလည်း မလွယ်ကူပါဘူး။ တစ်ယောက်ယောက်က မြင်လိုမေးပြန်ရင်လည်း တစ်ချိန်တစ်ခါက အမှားတစ်ခုက စိတ်ဒဏ်ရာ တစ်ခုလို ကိုယ့်နောက်က အမြဲလိုက်နေတော့တယ်။ Society တစ်ခုမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ လူငယ်ဘ၀က မလွယ်ကူပါဘူး။ ဒါတောင် အဲ့အချိန်တုန်းက Social Media မတွင်ကျယ်သေးပါဘူး။
📛 ကျွန်တော့်မိတ်ဆွေတွေထဲမှာလည်း ဒီလို အတွေးတွေကနေ ရုန်းကန်ထွက်ခဲ့တဲ့သူတွေ အများကြီးပါ။ နောက်ဆုံး စက္ကန့်အကွာလေးတွေကနေ လွတ်မြောက်ခဲ့သူတွေ။ တစ်ခါကဆို သမီးလေး မျက်နှာပေါ်လာလို ဒီအတွေးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်။ သူမသမီး မျက်နှာလေးသာ သူမရှေ့မှာ မပေါ်လာခဲ့ရင် သူမအခုချိန် အသက်ရှင်နေဦးမှာ မဟုတ်ပါဘူး။ သူမ သမီးက သူမကို ကယ်တင်ခဲ့တယ်။ ဒါကြောင့်ပဲ ဘ၀ကို အရှုးမပေးပဲနဲ့ဆက်ကြိုးစားနေခဲ့တယ်။ အခုချိန်မှာ သူမက သူမ သမီးရဲ့ဘ၀ကို အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်တဲ့ အပြင် သူမဘ၀ကို ဦးဆောင်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။
🖋 ယခုစာအုပ်ရဲ့စာရေးဆရာမ Sheryl Sandberg က Facebook ရဲ့ COO တစ်ယောက်အပြင် ကလေးနှစ်ယောက် အမေလည်း ဖြစ်တယ်။ သူမ ကလေးတွေ အတွက် မိခင်ကောင်း တစ်ယောက် အဖြစ် ကြိုးစားနေဆဲ ရုတ်တရက် သူမခင်ပွန်း ဆုံးသွားတဲ့ အခါမှာ အရာရာ အဆင်ပြေချော့မွေ့နေတဲ့ သူမအိပ်မက်တွေ အကုန် ပျက်ဆီးသွားခဲ့တယ်။
📌 “Option A is not Available, Make the Most Out of Option B.”
🕳 ကျွန်တော်တိုတစ်သက်မှာ တစ်ခါတော့ အကြီးမားဆုံး ဆုံးရှုးမှုတွေနဲ့ကြုံတွေ့ရတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ရဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရတယ်။ ဘ၀ရဲ့နင်းချေမှုတွေကြုံနေရတဲ့အချိန်မှာ ရုန်းကန်ထွက်နိုင်ဖိုဒီစာအုပ်မှာ ပါတဲ့ အချက်လေးတွေကို ရေးသားပေးလိုက်ပါတယ်။
1. Avoid Three ‘P’s
▪️ Personalization
💢 ဖြစ်ခဲ့သမျှ ကိစ္စတွေ အားလုံး ကိုယ့်အပြစ်လို ခံယူတာကို ရှောင်ကြဉ်ပါ။
▪️ Pervasiveness
💨 စိတ်ဒဏ်ရာက ကိုယ့်ရဲ့လုပ်ရပ်တွေကို လိုက်နှောင့်ယှက်နေခြင်းကို ရှောင်ကြဉ်ပါ။
▪️ Permanence
👁🗨 စိတ်ဒဏ်ရာက ကိုယ့်ဘ၀မှာ တစ်သက်လုံး မပါသွားဖိုကြိုးစားပါ။ တစ်သက်လုံး မဟုတ်ဘူး ဆိုတာကို လက်ခံပါ။
2. Spend time in Groups
👤 ကျွန်တော် အရမ်းစိတ်ညစ်တဲ့ အခါမှာ အများအားဖြင့် တစ်ယောက်တည်း နေပါတယ်။ ကျွန်တော်က စိတ်ညစ်ရင် အရမ်းကို ငြိမ်သက်သွားတယ်။ ကျွန်တော် စိတ်ညစ်နေမှန်း ဘယ်သူမှ မသိပါဘူး။ လူတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေတယ်။ လူတွေကို မယုံကြည်တဲ့ အတွက် မိဘတွေရော၊ သူငယ်ချင်းတွေပါ ဖွင့်ပြောလေ့ မရှိပါဘူး။ အရာရာကို တစ်ယောက်တည်း ဖြေရှင်းဖိုကြိုးစားတယ်။🌑 ဒါပေမယ့် တစ်ချိုညတွေ တစ်ယောက်တည်း နေလိုဆောက်တည်ရာမရ ဖြစ်နေတဲ့ အချိန်မှာတော့ ကျွန်တော် မခံစားနိုင်တော့ပါဘူး။ အဲ့အချိန်တွေမှာ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတွေက အင်မတန် တန်ဖိုး ရှိပါတယ်။ ည ၁ နာရီ ဖုန်းဆက်ပြီး တွေ့ဖိုပြောလည်း ရောက်လာပါတယ်။ သူတိုတွေနဲ့အချိန် တစ်နာရီလောက် စကားပြောရတာက ကျွန်တော့်ရဲ့စိတ်ပင်ပန်းမှုတွေကို ကွယ်ပျောက်သွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်ရင် တစ်ယောက်တည်း မနေပါနဲ့။
3. Life is Never Perfect, So Take Responsibility of Your Life
🌬 ဘ၀ဆိုတာ ပုံပြင်တွေထဲကလို ပျော်ရွှင်စရာ ဇာတ်သိမ်းတွေချည်း မဟုတ်ပါဘူး။ စာရေးဆရာမ Shreyl Sandberg က သူမ ခင်ပွန်း ဆုံးသွားပြီးတော့ အရမ်း ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူမမှာ တာ၀န်ယူရမယ့် သူမ ကလေးနှစ်ယောက်ရှိနေသေးတယ်။ သူမ ကလေးတွေ သူတိုအဖေဆုံးကြောင်း သိအောင် ပြောပြဖို၊ ကလေးတွေ စိတ်အားမငယ်အောင် ပြုစုပျိုးထောင်ပေးဖို၊ သူမ ဆုံးရှုးသွားမှုတွေကို သူမတာ၀န်ယူရပါမယ်။ သူမရဲ့အရှုးမပေးမှုတွေက သူမကို အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာစေခဲ့တဲ့ အပြင် သူမ သားသမီးတွေ အပေါ်မှာ လေးစားထိုက်တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။❄️ စာရေးဆရာမ Sheryl Sandberg ကို 2017 ခုနှစ်မှာ Forbes Magazine က Most Powerful Women, Number 4 အနေနဲ့ဖော်ပြပေးခြင်း ခံရပါတယ်။ Sheryl က 2013 ခုနှစ်မှာ Lean In Women Leadership စာအုပ်ကို ရေးသားခဲ့ပြီး Best Seller စာရေးဆရာမတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမခင်ပွန်း ဆုံးပြီး နောက်ပိုင်းမှာ သူမရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ သူမ ကလေးတွေ အပေါ် မိခင်ကောင်းတစ်ယောက် ဖြစ်ဖိုကြိုးစားခဲ့ရတာတွေကို Option B စာအုပ်ထဲမှာ ရေးသားခဲ့ပြီး စာအုပ်ကတော့ Million Seller စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။ သူမ က ခက်ခဲရုန်းကန်မှုတွေ၊ အရှုံးပေးချင်စိတ်တွေကို ကျော်လွှားပြီး ဘ၀ ကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
👣 ဘ၀မှာ လဲကျရင် ချက်ချင်းပြန်ထလိုမရပါဘူး။ ကိုယ် လဲကျပြီဆိုရင် တစ်ယောက်က နင်းသွားမယ်။ နောက်တစ်ယောက်က ကျော်ခွသွားမယ်။ ကျန်တဲ့သူတွေက ဟာသကြည့်သလို နေကြာစေ့စားပြီး လှောင်ရယ်နေဦးမှာ။ သိုပေမယ့်လည်း အရှုးမပေးပါနဲ့။
-
Add to cart
သင့်ဘ၀ကိုမျက်ကွယ်ကထိန်းကျောင်းနေတဲ့အရာနှစ်ခု, စွမ်းအား(Power)နဲ့ အင်အား(Force)တိုရဲ့ယှဉ်ပြိုင်မှု
🏆“The greatest victory is that which requires no battle.” – Sun Tzu, The Art of War
“တိုက်ခိုက်စရာမလိုတဲ့ အနိုင်ရမှုဟာ အကြီးမားဆုံးသောအောင်နိုင်မှုအစစ်အမှန်ဖြစ်တယ်” ဆိုတဲ့ Sun Tuz ရဲ့ Quote တစ်ခုရှိပါတယ်။
ဒီစာအုပ်ကိုဖတ်ပြီးချိန်မှာ ကျွန်တော့်ခေါင်းထဲမှာပေါ်လာတဲ့ပထမဆုံးသော စာသားလေးတစ်ခုပေါ့။နေ့တိုင်းကျွန်တော်တို လူတန်းစေ့နေနိုင်အောင်၊ ပတ်ဝန်းကျင်ကလက်ခံတဲ့လူတစ်ယောက်ဖြစ်အောင်၊ ချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် အင်အားတွေအများကြီးစိုက်ထုတ်ပြီး ရုန်းကန်လှုပ်ရှားရတယ်။ တကယ်လို ကျွန်တော်တိုနေ့စဉ်ကြုံနေရတဲ့ ရုန်းကန်မှု (Career, Relationship, Work) စတဲ့အရာတွေကို အင်အားသုံးပြီးဖြေရှင်းစရာမလိုပဲ ကျွန်တော်တိုဆီမှာရှိနေတဲ့ ပါဝါနဲ့ဖြေရှင်းနိုင်တယ်ဆိုရင် သင်ယုံမလား?
📚David R. Hawkins ရဲ့ Power Vs Force စာအုပ်ကိုလေးပိုင်းခွဲခြားပြီး
🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
🗺အသိစိတ်မြေပုံ ( The Map of Consciousness )
✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness ) ဆိုပြီးလေ့လာလိုရပါတယ်🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
“The wise man does not fight; he flows.” – Lao Tzu, Tao Te Ching
“ပညာရှိဟာ မတိုက်ခိုက်ဘူး , လိုက်လျောညီထွေစွာနေထိုင်တယ်”
စွမ်းအား(Power) ဟာ စစ်မှန်မှု၊ သမာဓိနှင့် စကြာဝဠာအမှန်တရားများနှင့် ညီညွတ်မှုတိုကနေပြီးဖြစ်ပေါ်လာတယ်။
အင်အား(Force) ဟာ အတ္တဆန်မှု၊ အကျပ်ကိုင်မှု၊ ကြောက်ရွံမှုတို ကနေ အမြစ်တွယ်ပေါက်ဖွားလာတယ်။
Force ဟာ ပူလောင်တဲ့မီးလျှံလိုလောင်ကျွမ်းနေချိန်မှာ Power ကရေတံခွန်တစ်ခုလိုအေးမြမှုကိုပေးစွမ်းတယ်။
အရာရာတိုင်းကို အားနဲ့မာန်နဲ့အမိန့်ပေးခိုင်းစေတဲ့ Manager တစ်ယောက်နဲ့ အမြဲနားလည်မှုပေးပြီးကူညီပေးတဲ့ Manager တစ်ယောက် ဘယ်သူ့နဲ့အတူတူခင်ဗျားအလုပ်လုပ်ချင်သလဲ?⁉️သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။
⁉️သင့် မိသားစု၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဘက်တွေအပေါ် Power ကိုသုံးမိနေသလား ? Force ကိုသုံးမိနေသလားဆိုတာကို ?🗺အသိစိတ်မြေပုံ ( The Map of Consciousness )
ဒါကတော့ စာအုပ်တစ်အုပ်လုံးနဲ့ အနှစ်လိုပြောလိုရတယ်။
ကျွန်တော်တိုသိစိတ်တွေအားလုံးဟာ မတူညီတဲ့ Frequency တွေနဲ့ လှုပ်ရှားနေကြတဲ့အကြောင်းကို အသိစိတ်မြေပုံနဲ့လေ့လာကြည့်လိုရတဲ့အပိုင်းပေါ့။
Maslow ရဲ့ Hierarchy of Needs အတိုင်း ကျွန်တော်တိုရဲ့လိုအပ်ချက်တွေမှာ ရှိတဲ့ခံစားချက်တွေပေါ်မူတည်ပြီး ( အနိမ့်ဆုံး – ရှက်ရွံမှု Shame – 20) ကနေပြီး ( အမြင့်ဆုံး – ထိုးထွင်းသိမြင်ခြင်း Enlightment – 700) အထိ မတူညီတဲ့ Energy Levelတွေရှိတဲ့အကြောင်းကိုသိရှိနိုင်ပါတယ်။ (သတ္တိ – 200) Energy Levelဟာ သင်လိုချင်နေတဲ့ပြောင်းလဲမှုကိုစတင်ရရှိဖို အတွက်ခြေလှမ်းရဲ့အစတစ်ခုဖြစ်တဲ့အကြောင်းကိုလည်း တွေ့နိုင်ပါတယ်။ အနာဂတ်မှာရှိမဲ့ စိတ်ချမ်းသာမှုနဲ့ ငြိမ်းချမ်းမှုအတွက် နေ့စဉ်သင့် Energy Level ကိုမြှင့်တင်ပြီးနေထိုင်ရပါမယ်။⁉️ဒီနေ့အတွက် သင့် Energy Level ကဘယ်နေရာမှာရှိနေသလဲ?
⁉️Energy Level ကိုမြှင့်တင်စေမယ့် စာဖတ်တာ၊ တရားထိုင်တာ စသည်ဖြင့် ရေရှည်အကျိုးရှိစေမဲ့အရာတစ်ခုခု သင်ဒီနေ့လုပ်ပြီးသွားပြီလား ?✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
နည်းနည်းတော့ရင်ခုန်စရာအပိုင်းတစ်ခုပေါ့ ဟဲဟဲ….
မလန့်ပါနဲ့ ဒီအပိုင်းက ကျွန်တော်တိုရဲ့ အလိုလိုတုံပြန်နိုင်မှုကို ခန္ဒာကိုယ်က ဘယ်လိုသိသလဲဆိုတာကိုစမ်းသပ်ပြတာပါ။
ဥပမာ အပြုံးတုတစ်ခုက မျက်လုံးထောင့်တွေထိမရောက်သလိုမျိုး၊ ယုံကြည်ရတဲ့သူကိုကြည့်ရင် မျက်တောင်ဖြေးဖြေးချင်းခတ်မိတာမျိုးပေါ့။
ကျွန်တော်တို ဟန်ဆောင်မှု၊လိမ်ညာမှု၊အတုအယောင်တွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကြွက်သားတွေဟာ အလိုလိုတောင့်တင်းလာတတ်ပြီး ယုံကြည်မှု၊အမှန်တရား၊လက်ခံမှုအစရှိတဲ့အရာတွေနဲ့နေထိုင်တဲ့အချိန်မှာကြွက်သားတွေဟာ ပြေလျော့ပြီးအလိုက်သင့်ဖြစ်နေတာအောင်လုပ်ပေးတတ်တဲ့ ခန္ဒာကိုယ်ရဲ့ Subconscious Function အကြောင်းကိုသိရမှာပါ။ လျှပ်တပြတ်ဖြစ်ပေါ်တဲ့အရာတွေကို ကျွန်တော်တိုဦးနှောက်က မစဉ်စားနိုင်ခင် Body ကပေးတဲ့ Response မှာကြိုတင်သိနိုင်တဲ့အရာတွေကိုရှာတွေ့ရမှာပါ။⁉️အမှန်ကိုပြောတဲ့ခံစားချက်နဲ့ လိမ်ပြောရတဲ့ခံစားချက်ဘယ်လိုကွာသလဲဆိုတာကို တွေးကြည့်ပါ။ သင့်ခန္ဒာကိုယ်က ဘယ်လိုတုံပြန်သလဲဆိုတာကိုခံစားပါ။
⁉️လှည့်စားမှုနဲ့ အမှန်တရား ဘယ်အရာနဲ့လိုက်လျောညီထွေဖြစ်အောင် သင့်ဘ၀ကိုထိန်းကျောင်းမလဲ?🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness )
လူတွေဟာ Social Animal တွေဖြစ်ကြပါတယ်။ အပေါင်းအသင်းမရှိတဲ့လူဆိုတာမရှိပါဘူး။ Energy ဟာမိမိသာသင်မက တခြားသူတွေဆီကိုပါ ပျံ့နှံစေပြီး ရေပွက်တစ်ခုလို ပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုရှိစေပါတယ်။တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုးဆိုသလို သင် project လုပ်တဲ့ Energy Level ဟာ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ Energy Level ကိုရိုက်ခတ်မှုရှိပါတယ်။ Higher Energy Level ဟာ သူ့ထက်နိမ့်တဲ့ Energy Level ကိုအဆင့်မြှင့်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် ကျွန်တော်တိုဗုဒ္ဓဘာသာ မှာ ချစ်ခြင်းမေတ္တာ (love-500) နဲ့ ငြိမ်းချမ်းမှု(peace-600) နဲ့အမြဲနေထိုင်တဲ့သူတွေဟာ သူတိုပတ်ဝန်းကျင်ကို ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် ဖန်တီးပေးနိုင်တာပေါ့။⁉️ဒီနေ့သင့် Energy Level က ဒီနေ့ဘယ်သူတွေကို အကျိုးဖြစ်စေလဲ ?
⁉️သင့်ရဲ့ ပြောင်းလဲမှုဟာ သင့်ပတ်ဝန်းကျင်ကိုပါ အမြဲဆင့်ကဲပြောင်းလဲမှုဖြစ်စေတာကို သတိမူပါ။👉48 Laws Of Power ကိုဖတ်ပြီးသွားရင်ဒီစာအုပ်ကလေးကို ဖတ်ဖို ကျွန်တော် အကြံပြုချင်ပါတယ်။
သင့်ရဲ့ အပြုအမူ၊အနေအထိုင်၊အပြောအဆိုတွေဟာ သင့် Energy level ကို အမြဲတမ်းသတ်မှတ်နေတယ်ဆိုတာကို လုံး၀မမေ့ပါနဲ့။ဒီစာအုပ်ကလေးက ပုံမှန် Psycholgy စာအုပ်တစ်အုပ်ထက်စာရင် Self-Transforming စာအုပ်တစ်အုပ်လိုပြောရင်ပိုမှန်ပါလိမ့်မယ်။ Power Vs Force ဟာ သင့်နေ့စဉ်နေထိုင်တဲ့ဘ၀မှာ ပြုမူတဲ့အမူအကျင့် သေးသေးလေးတွေကနေစပြီး မလိုအပ်ပဲ အင်အားဖြုန်းတီးမှုမဖြစ်အောင်၊ လိုက်လျောညီထွေမှု၊ ထိန်းချုပ်နိုင်မှုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်အောင်ကူညီပေးမယ့် အဖော်မွန်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။🏁Power နဲ့ Force ကိုကွဲခြားသိမြင်ပြီး သင်ရဲ့ ရည်မှန်းချက်တွေကို အမြန်ဆုံးရရှိနိုင်ကြပါစေ..🏁
-
Add to cart
Why do our headaches persist after we take a one-cent aspirin but disappear when we take a fifty-cent aspirin? Why do we splurge on a lavish meal but cut coupons to save twenty-five cents on a can of soup?
When it comes to making decisions in our lives, we think we’re making smart, rational choices. But are we?
In this groundbreaking New York Times bestseller, Dan Ariely refutes the common assumption that we behave in fundamentally rational ways. From drinking coffee to losing weight, from buying a car to choosing a romantic partner, we consistently overpay, underestimate, and procrastinate. Yet these misguided behaviors are neither random nor senseless. They’re systematic and predictable—making us predictably irrational.
-
Profit First: Transform Your Business from a Cash-Eating Monster to a Money-Making Machine
19,500 KsAdd to cartSales – Profit = Expense
ရောင်းရငွေ – အမြတ်ငွေ = ကုန်ကျစရိတ်ဟုတ်ကဲ့,
ဒီဖော်မြူလာကိုကြည့်ပြီး CPA , ACCA Certificate တွေကိုင်ထားတဲ့ Financial Expert တွေကျွန်တော့်ကို တုတ်နဲ့ ဝိုင်းမရိုက်ခင်မှာ စာရေးဆရာ Mike Michalowicz ပြောတဲ့ Profit first အကြောင်းကိုအရင်ရှင်းပြပါရစေ။“သူဌေးဆိုတာ စာအုပ်ထဲမှာပဲပိုက်ဆံရှိတာ အပြင်မှာဒီလိုပါပဲ”ဆိုတာ ပြောဖူးသလား?
“ငါ့လုပ်ငန်းက ဘယ်လောက်ကြီးတာကွ” “ဒီ Project တွေကငါလုပ်နေတာ” ဆိုပြီး လုပ်ငန်းရှင်အချင်းချင်းပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းရေရှည်ဆက်တည်တံ့နိုင်ဖို အခြေအနေဘယ်လိုလည်းဆိုတာ ကိုဘယ်သူမှမမေးတတ်ကြသလို အချိုလုပ်ငန်းရှင်တွေကိုယ်တိုင်မသိကြပါဘူး။တစ်ပတ်လောက်အရောင်းမရှိ တစ်လလောက် Project အသစ်မရှိရင် ရပ်ပစ်လိုက်ရတော့မယ့် Startup လုပ်ငန်းတွေအများကြီးရှိပါတယ်။
ထုတ်ပြောဖိုခက်တဲ့အမှန်တရားတစ်ခုကတော့ လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းအသက်ဆက်ဖိုအတွက်ကိုယ်ပိုင် ဝင်ငွေကိုဖဲ့ပေးရင်းနဲ့ အလုပ် ရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်လိုဖြစ်နေမှန်းမသိဘူးဖြစ်နေတတ်တာပါ။ လုပ်ငန်းကတော့လည်ပတ်နေပြီး ဝန်ထမ်းတွေလည်းလစာရ Customer တွေလည်းအဆင်ပြေပေမယ့် သင့်အတွက်တော့ကျွန်တစ်ယောက်လို အကျိုးအမြတ်အကြွင်းအကျန်လေးကိုပဲစားရရင် ဘယ်လိုအဆင်ပြေမှာလဲ?Profit First
အမြတ်ကပထမဆုံးလာတယ်
လကုန်လိုပုံမှန်စာရင်းချုပ်ပြီဆိုရင် တစ်လလုံးရောင်းရငွေ – ဝန်ထမ်းစရိတ် – လုပ်ငန်းစရိတ် – အထွေထွေစရိတ် – အခွန် အကုန်နှုတ်ပြီးတော့မှ ကျန်တဲ့ အကျိုးအမြတ်ကို လုပ်ငန်းရှင်ကရပါတယ်( Sales – Expense = Profit )။ ဒီနေရာမှာ လုပ်ငန်းအဆင်မပြေတာ အခက်အခဲတွေရှိတာနဲ့ လုပ်ငန်းလည်ပတ်ဖိုအတွက်က လုပ်ငန်းရှင်အိတ်စိုက်ရတော့တာပဲ (မပူပါနဲ့ ဒီအချိန်မှာခင်ဗျားရဲ့ Manager လစာက ခင်ဗျားဝင်ငွေထက်ပိုတာ ကျွန်တော်သိပါတယ်)။ Profit first မှာသင့်ကိုယ်ပိုင်ဝင်ငွေကို သင်ဖယ်ပြီးသွားရင်ကျန်တဲ့ ငွေအားလုံးဟာ လုပ်ငန်းရဲ့ Expense ဖြစ်သွားပါပြီ( Sales- Profit = Expense) ။ ဒီနည်းကိုအသုံးချပြီး Lean ဖြစ်တဲ့ Team ကိုဘယ်လိုတည်ဆောက်မလဲ, Small plates Strategy ဟာ သင့်ရဲ့ Personal, Professional Finance ကို တိုးပွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို စာအုပ်ထဲမှာ Detail ရှင်းပြထားပါတယ်။The Survival Trap
လုပ်ငန်းလုပ်တတ်တာနဲ့ အကျိုးအမြတ်ရှာဖွေတတ်တာနဲ့ Skill နှစ်ခုဟာမတူပါဘူး။
Entrepreneur တွေဟာ 9-5 ကနေရုန်းထွက်ဖို ကိုယ်လိုချင်တဲ့ လွတ်မြောက်မှုတစ်ခုကိုရနိုင်ဖိုအတွက် စွန့်စားပြီး ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်မြောက်အောင်ကြိုးစားကြပါတယ်။ Traditional Growth formula တွေအရ Entrepreneur အများစုဟာ Check to Check, Panic to Panic နေမိတတ်ကြတဲ့အကြောင်းကို The Survival Trap နဲ့ ယှဉ်ရှင်းပြထားပါတယ်။အရောင်းတွေကျတယ် -> Expense တွေတက်လာတယ် -> ပိုရောင်းရအောင်ကြိုးစားတယ်-> Expense တွေပြန်ကာမိတယ်-> အရောင်းတွေပြန်ကျသွားတယ်
ဒါဟာရိုးရှင်းတဲ့ Formula ပါ။ ရုန်းကန်ဖို ဖောက်ထွက်ဖိုကြိုးစားရင်း ဒီ Trap ထဲမိသွားတဲ့ Entrepreneur တွေဟာ ကိုယ်လုပ်ငန်းစတုန်းကတွေးခဲ့တဲ့အိမ်မက်တွေထက် လုပ်ငန်းရှင်သန်ဖိုပဲအာရုံစိုက်ပြီး ပိတ်မိသွားတတ်ပါတယ်။ သင်က သင့်လုပ်ငန်းကို ခိုင်းရတာပါ။ သင့်ကို သင့်လုပ်ငန်းကပြန်ခိုင်းနေတာမဖြစ်ပါစေနဲ့။
GAAP vs Profit First
GAAP ( Generally Accepted Accounting Principles ) ဟာ လုပ်ငန်းတွေအတွက် ဖြစ်ပြီး Individual Finance နဲ့ လိုက်လျောညီထွေမှုမရှိတာကိုအံ့ဩဖိုကောင်းလောက်အောင်ကျွန်တော်ဒီစာအုပ်ထဲမှာတွေ့မိပါတယ်။ “Have you ever had the thought that the universe knows exactly how much extra money you have?” ဆိုတဲ့မေးခွန်းမှာ ငါးမိနစ်လောက်ကျွန်တော်ကိုယ်တိုင်တွေဝေသွားခဲ့ပါတယ်။ “Bank Balance Accounting” လိုခေါ်တဲ့ Principle ထဲမှာ ကျွန်တော်တိုတွေလက်ထဲမှာရှိတဲ့ပိုက်ဆံကိုအကုန်သုံးမိတတ်တဲ့အကြောင်းနဲ့ အဲ့ဒီ့ပိုက်ဆံကို Necessary Expense ဆိုပြီးခေါင်းစဉ်အမြဲတပ်တတ်တဲ့ အကြောင်းကိုလည်းရှင်းပြထားပါတယ်။ Profit First ကိုအသုံးပြုပြီး သင့်ရဲ့အပိုဝင်ငွေကို သင်ကိုယ်တိုင်မဖြုန်းမိအောင်အဝေးမှာထားတဲ့ နည်းစနစ်တွေကိုဒီမှာတွေ့ရမှာပါ။လုပ်ငန်းရှင်တိုင်းဖတ်သင့်တဲ့စာအုပ်တစ်အုပ်
လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းကိုကြီးသထက်ကြီးအောင်လုပ်ဖို စိတ်အားထက်သန်ကြပေမယ့် Healthy Business ဖြစ်အောင်လုပ်ဖိုကိုမေ့နေတတ်ကြတာကို စာရေးဆရာကထောက်ပြထားပါတယ်။ အကောင်ကြီးရင် အကျနာတယ်ဆိုသလို လုပ်ငန်းကြီးဖိုထက် Healthy and Profitable Business ဖြစ်အောင်အာရုံစိုက်မှ လုပ်ငန်းကအသီးအပွင့်ကို သင်ခံစားရမှာပါ။ စာရေးဆရာရဲ့ 4th wall breaking ရေးသားတဲ့ စတိုင်က ကိန်းဂဏန်းတွေအများကြီးပါတဲ့ accounting စာအုပ်ကိုဖတ်ရသလိုမခံစားရပဲ ကိုယ့်ပြသနာတွေကိုဘေးနားကနေ ရယ်စရာပြောပြနေလိုခံစားရတဲ့ အရသာကအရမ်းကောင်းပါတယ်။ မသိသူကျော်သွား သိသူဖော်စားဆိုသလို အပျင်းပြေပဲ ဖတ်ဖတ် ကိုယ်တိုင်အသုံးချဖို Deep learning ပဲလုပ်လုပ် အသုံးဝင်တဲ့စာအုပ်ကလေးကို Airplane မှာ instock ရနိုင်ပါပြီ။ -
Add to cart
“ငါ့ညီ အဆင်ပြေတဲ့တခြားနေရာတစ်ခုမှာ အလုပ်အသစ်ရှာတာကပိုအဆင်ပြေပါလိမ့်မယ်”
အစမ်းခန့်သုံးလခန့်ပြီး Permanent assessment meeting ထဲမှာအသစ်ခေါ်ထားတဲ့ Manager လေးကိုကျွန်တော်ပြောလိုက်တဲ့စကားအဆုံးမှာ သူ့မျက်လုံးထဲက မျှော်လင့်ခြင်းတွေတစ်စစီပြိုလဲသွားတာကို မြင်လိုက်ရတယ်။ လေးလံတဲ့ခြေလှမ်းတွေနဲ့ Meeting ခန်းထဲကထွက်သွားတဲ့ သူ့နောက်ကျောကိုမြင်ရပေမယ့် စိတ်ထဲဘာမှမခံစားရသလိုပဲ။
“ငါမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေပြီလား ?” ဆိုတဲ့အတွေးတစ်ခု အဲ့နေ့ညမှာ ကျွန်တော့်ခေါင်းထဲဝင်လာတယ်။ ဒီအတွေးတွေရဲ့အနောက်ကိုလိုက်ရင်း အဖြေရှာမတွေ့တဲ့ညတစ်ညကုန်ဆုံးပြီးတဲ့နောက်နေ့မှာ Bossကိုဒီမေးခွန်းကိုပဲပြန်မေးခွန်းထုတ်တော့ ရိုးရှင်းတဲ့အဖြေတစ်ခုကိုသူပြန်ပေးတယ်။
“Did you try your best not to fire him?”
“သူ့ကိုအလုပ်မထုတ်ရဖိုအတွက် မင်းအကောင်းဆုံးကြိုးစားပြီးသွားပြီလား?”
Boss ရဲ့ဒီမေးခွန်းက ကျွန်တော့်ကို အဖြေတွေအများကြီးပေးခဲ့တယ်။ အလုပ်ရဲ့လိုအပ်ချက်အရ ထိရောက်မှု (Efficiency) ကို ဦးစားပေးရတာနဲ့၊ လူသားတစ်ယောက်အနေနဲ့ တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်စာနာမှု (Empathy) ပေးရတာ – ဒီနှစ်ခုကြားမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လို ချိန်ဆရမလဲဆိုတာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ။ စကားတစ်ခွန်းကိုပြောချင်ပေမယ့် တစ်ဖက်သားနာကျင်သွားမှာ စိုးရိမ်ပြီးမပြောပဲနဲ့ ထိန်ချန်ထားရာကနေ နောက်ဆုံးဖုံးမနိုင်ဖိမရတော့မှ အရမ်းဆိုးရွားတဲ့အခြေအနေကိုရောက်သွားတဲ့ ခံစားချက်မျိုးကို ခေါင်းဆောင်တိုင်းခံစားခဲ့ရဘူးတယ်။
ဒါဆို လိုအပ်တဲ့စကားကို တစ်ဖက်သားစိတ်မထိခိုက်ရအောင်ဘယ်လိုပြောမလဲ?
လူတစ်ယောက်ကို စိတ်ရင်းနဲ့ ဂရုစိုက်ပြီး (Care Personally)၊ တစ်ချိန်တည်းမှာပဲ လိုအပ်တဲ့ မှန်ကန်တဲ့ စကားကိုလည်း တည့်တည့်ပြောဖို(Challenge Directly)။ ဒီနှစ်ခုပေါင်းစပ်ထားတဲ့ ‘Radical Candor’ ကမှ ခေါင်းဆောင်တစ်ယောက်အတွက် အကောင်းဆုံး ဆက်သွယ်ပြောဆိုမှုပုံစံဖြစ်တယ်။
Kim Scott ရဲ့ Alex ဇာတ်လမ်း ဟာ ခေါင်းဆောင်တွေရဲ့ လူသားဆန်မှုနဲ့ အလုပ်ပြီးမြောက်မှုကြားက ရုန်းကန်မှုတွေ၊ အထူးသဖြင့် စိတ်မကောင်းဖြစ်မှာစိုးလို အားနည်းချက်ကို မပြောဘဲ ထိန်ချန်ထားရာကနေ ပိုဆိုးရွားတဲ့အခြေအနေကို ရောက်သွားရတဲ့အကြောင်း (Ruinous Empathy) တွေကို Radical Candor နဲ့ ဘယ်လိုဖြေရှင်းနိုင်လဲဆိုတာကို ရှင်းပြထားပါတယ်။
လူတွေကိုစီမံခန့်ခွဲနေရတဲ့သူတွေအတွက် ဒီစာအုပ်က မဖတ်မဖြစ်ဖတ်ကိုဖတ်ရမယ့်စာအုပ်တစ်အုပ်ထဲပါပါတယ်။
အလုပ်ပြီးမြောက်မှု (Efficiency) နဲ့ ကိုယ်ချင်းစာမှု (Empathy) နှစ်ခုလုံးပေါင်းစပ် နိုင်တဲ့အရည်အချင်းရှိတဲ့ခေါင်းဆောင်တစ်ယောက်အတွက် တိုးတက်မှုဟာ မလွဲမသွေရောက်ရှိလာမှာပါ။ မှန်တာကို စိတ်ရင်းနဲ့ အားမနာပဲ ဂရုစိုက်မှုရှိစွာ ပြောနိုင်တဲ့အခါ လူသားဆန်မှု (humanity) ကို မဆုံးရှုးဘဲ ပိုမိုခိုင်မာပြီး အောင်မြင်တဲ့ အဖွဲအစည်းတွေကို ဖန်တီးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက်သင်ကိုယ်တိုင်ဖြစ်လာပါလိမ့်မယ်။ -
Add to cart
🎯🎯ချွေးမထွက် အားအင်မသုံးရပဲ ပြိုင်ဘက်တွေကိုထက်အမြဲတစ်ကွက်သာဖိုအတွက် – REWORK
သင့်ပြိုင်ဘက်တွေက ဦးနှောက်တွေခြောက်၊အားအင်တွေသုံး ပြီး ရှုပ်ထွေးနေချိန်မှာ သင်က အေးအေးဆေးဆေးနဲ့အရေးကြီးတဲ့အရာတွေကိုအာရုံစိုက်ပြီး Chess Grand Master တစ်ယောက်လို တစ်ကွက်ချင်းအေးဆေးရွှေ့နိုင်တဲ့ Skill ကိုပိုင်ဆိုင်ထားမယ်ဆိုရင်ဘယ်လိုခံစားရမလဲ ?အဓိပ္ပါယ်မရှိတဲ့ Meeting တွေ၊ အဖြေမရတဲ့ ငြင်းခုံမှုတွေနဲ့ ပင်ပန်းစိတ်ဆင်းရဲမှုတွေကနေလွတ်မြောက်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်တဲ့ အရာကိုဆုပ်ကိုင်ထားနိုင်တယ်ဆိုရင်ပေါ့။
ဒါက Rework ရဲ့ စွမ်းအားပါ။
ဒါက” အရိုးကြေအရည်ခန်းအောင်ကြိုးစား” ၊ “Grind!, Grind!, Grind!” ဆိုတဲ့ ထပ်ဖန်တလဲလဲကြားနေရတဲ့ Motivation နောက်တစ်ခုမဟုတ်ပါဘူး။ သင့်ရဲ့ ✨Productivity နဲ့ Progress ကိုအနှောင့်အယှက်ပေးနေတဲ့ အရာတွေကိုစွန့်ပစ်ဖို၊
✨အာရုံစူးစိုက်မှုအားကောင်းစေဖိုနဲ့
✨စိန်ခေါ်မှု ကို သူမတူတဲ့နည်းလမ်းတွေနဲ့ယှဉ်ပြိုင်နိုင်စေဖိုအတွက် လေ့ကျင့်ယူရတဲ့ Skillset တစ်ခုပါ။ရဲရဲတင်းတင်းဆုံးဖြတ်ချက်တွေနဲ့အတူသမားရိုးကျနည်းလမ်းတွေကို စိန်ခေါ်နိုင်ဖို အတွက် Reworkလုပ်ဖိုအဆင်သင့်ဖြစ်ပြီလား?
🏗Progressကိုတည်ဆောက်ပါ။ Perfect ကိုမတည်ဆောက်ပါနဲ့
“ငါအဆင်သင့်မဖြစ်သေးဘူး”ဆိုတဲ့စကားကို မိတ်ဆွေ၊သူငယ်ချင်း၊မိသားစုတွေဆီကသင်ခဏခဏကြားဖူးမှာပါ။
ဒါပေမယ့် ဘယ်သူ့မှအဆင်သင့် မဖြစ်ပါဘူး။ Perfect ဖြစ်တယ်ဆိုတာ အိမ်မက်တစ်ခုပါပဲ။ Progression ကသာတကယ်အစစ်အမှန်ပါ။
💡 သင်လုပ်ချင်တဲ့ Business Idea ရှိသလား? အချိန်ကောင်း ကိုစောင့်မနေပဲ ချက်ချင်းထလုပ်လိုက်၊ အလုပ်ကလုပ်နေရင်းနဲ့သင်သွားလိမ့်မယ်။
🎼တူရိယာတစ်ခုသင်ချင်လား? မတွေးနဲ့ အခုထပြီးသင်တန်းသွားအပ်လိုက်။
“Inspiration is perishable—act on it immediately.”
“လုပ်ချင်စိတ်ကပျောက်သွားတတ်တယ် အခုချက်ချင်းထလုပ်လိုက်” လိုစာရေးသူကပြောထားပါတယ်။📅 Meetings are Toxic
ကုမ္မဏီအလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ အဓိပ္ပါယ်မရှိတဲ့ Meeting တွေထိုင်ရတာလောက် အချိန်အလဟသဖြစ်တာမရှိပါဘူး။ Meeting တွေဆိုတာ
✔️ ပြောရမယ့် အဓိကအကြောင်းအရာကိုပြော
✔️ ဆုံးဖြတ်ချက်ချ
✔️ Meeting အဆုံးသတ် နဲ့ပဲပြီးရမှာပါ။
မလိုအပ်တဲ့ Presentation တွေ၊ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံတဲ့ Debate တွေကို သင့်ရဲ့ Meeting တွေမှာလျော့ချပါ။အနာဂတ်မှာရှိမဲ့သင်က သင့်ကိုကျေးဇူးတင်ပါလိမ့်မယ်။💸 Screw Corporate Marketing
လုပ်ငန်းကြီးတွေလို ငွေအများကြီးသုံးပြီး လူအထင်ကြီးမယ့်ကြော်ငြာတွေသုံးမယ်ဆို သေချာစဉ်းစားပါ။ပိုက်ဆံများများသုံးတိုင်း Customer များများရမှာမဟုတ်ပါဘူး။ ဆောင်ပုဒ်တွေထက် သူတိုနဲ့လိုက်လျောညီထွေဖြစ်တဲ့အရာတွေနဲ့လူတွေက ဆက်နွယ်ကြပါတယ်။ စျေးကွက်ရဲ့ အမှန်တကယ်လိုအပ်ချက်ကိုဖြည့်ဆည်းပါ၊ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းပါ၊ Customer တွေရဲ့ Feeback ကိုအမြဲနားစွင့်ပါ၊ မှန်ကန်ပါစေ။
Marketing မှာ
👉လူအထင်ကြီးတာကိုလုပ်မဲ့အစား သင့်လုပ်ငန်းရဲ့ တကယ့်တန်ဖိုးကိုကြော်ငြာပါ။
👉 အရမ်း Smart ဖြစ်တဲ့စကားလုံးတွေမသုံးပါနဲ့ သင့် Customer တွေနားလည်မယ့်ရိုးရှင်းတဲ့စကားလုံးတွေကိုသုံးပါ
👉ပြိုင်ဘက်တွေကကြွားလုံးတွေထုတ်နေတဲ့အချိန်၊ Emotional မဖြစ်ပဲတကယ်အရေးကြီးတဲ့သင့် စျေးကွက်ကိုသာအာရုံစိုက်ပါ။🕒အလုပ်စွဲလမ်းမှုဟာ Productivity ကိုတိုးတက်စေတာမဟုတ်ဘူး။အချိန်ဖြုန်းတာတစ်ခုပဲ။
Busy ဖြစ်တာနဲ့ Productive ဖြစ်တာဟာ လုံး၀တူညီတဲ့အရာနှစ်ခုမဟုတ်ပါဘူး။ အလုပ်ရှုပ်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အလုပ်လုပ်ကြောင်းပြဖို အချိန်ပိုလုပ်တာတွေ၊ မလိုအပ်တဲ့နေရာတွေမှာအာရုံစိုက်ဖိုလုပ်တာတွေဟာ တကယ်တော့ဖြုန်းတီးမှုတစ်ခုလိုပြောထားပါတယ်။အလုပ်ချိန်မှာ အရေးကြီးတဲ့အလုပ်တွေကိုပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ လိုအပ်တဲ့အချိန်အတွင်းထိရောက်အောင်ပြုလုပ်ပြီး လုပ်ချိန်နဲ့နားချိန်မျှချေဖြစ်မှ Smart Work ဖြစ်ပြီး efficiency ကောင်းကောင်းနဲ့ Productive ဖြစ်မှာပါ။🚀အောင်မြင်မှုအတွက် “Rework”လုပ်ဖိုအဆင်သင့်ဖြစ်ပြီလား ?
အဆုံးမရှိ၊ အဓိပ္ပါယ်မဲ့တဲ့အလုပ်တွေကိုလုပ်ဆောင်၊ အလုပ်များနေပြရုံနဲ့ အနိုင်ရမှာမဟုတ်ပါဘူး။ Rework ဟာ
🎯မလိုအပ်တဲ့အာရုံလွှမှုတွေကို စွန့်ပစ်ဖို၊
📈အဓိကကျအရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကိုအာရုံစူးစိုက်ဖိုနဲ့
⚡️Perfection ထက် Progress ကိုအာရုံစိုက်ဖိုနည်းလမ်းတွေကိုညွှန်ပြထားပါတယ်။
ဒါဆို Hardwork အစား Smartwork ကိုသုံးပြီးရဲရင့်တဲ့ဆုံးဖြတ်ချက်တွေချနဲ့အတူ သင့်ပြိုင်ဘက်တွေထက်အမြဲတစ်ကွက်သာနေဖိုအတွက် အိုမင်းနေတဲ့စည်းမျဉ်းဟောင်းတွေကိုစွန့်ပယ်ဖိုအသင့်ဖြစ်ပြီလား ?🌟🌟သင့်ပြိုင်ဘက်တွေအံ့ဩမှင်သက်သွားလောက်တဲ့ပြောင်မြောက်တဲ့ အလုပ်တွေကိုလုပ်နိုင်ဖို Rework ကို အခုပဲပိုင်ဆိုင်လိုက်ပါ။🌟🌟
-
Add to cart
⏳“For the Rich, Wealth is measured in time”⏳
ချမ်းသာတဲ့သူတွေအတွက် ကြွယ်၀မှုဆိုတာကို အချိန်နဲ့တိုင်းတာတယ်။💸အခြေခံလူတန်းစားတွေက ပိုက်ဆံ နောက်လိုက်ကြတယ်
🧑🎓လူလတ်တန်းစားတွေက ပိုက်ဆံပိုရဖို ပညာတွေကိုဆက်တိုက်လေ့လာရတယ်။
💵ချမ်းသာတဲ့သူတွေက ပိုက်ဆံကိုခိုင်းစားကြတယ်။👨🦳ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်လက်ထဲကို အဖေပေးခဲ့တဲ့ဒီစာအုပ်ကလေး ဟာ အခုချိန်ထိ ကျွန်တော့်ဘ၀အတွက်အရေးကြီးတဲ့အခြေခံ အုတ်မြစ်တစ်ခုဖြစ်နေတုန်းပါ။ ဒီစာအုပ်ကလေးထဲက ဘယ်သင်ခန်းစာတွေကို အခုအချိန်ထိကျွန်တော်ကျင့်သုံးနေသလဲ ? အခုခေတ်လိုမျိုး ပိုက်ဆံဖြုန်းစရာ ငွေကုန်စရာ Distraction တွေအများပတ်လည်ဝိုင်းနေတဲ့အထဲမှာ ခိုင်မာတဲ့ငွေကြေးစီမံခန့်ခွဲမှုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာ ကိုဒီမှာဆက်ကြည့်ရအောင်။
👍“ဒါကိုမလုပ်နိုင်ဘူး”ဆိုတာကို “ဒါကိုလုပ်နိုင်အောင်ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့အတွေးကိုပြောင်းလဲပါ။
ကျွန်တော်တို လုပ်လေ့လုပ်ထရှိတဲ့ အမှားတစ်ခုက “ငါ ဒါကိုမလုပ်နိုင်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို ပိတ်ပင်လိုက်တာပါ။ အရမ်းရိုးရှင်းလွန်းလို ကျွန်တော်တိုလုပ်မိမှန်းတောင်သတိမထားမိတတ်ပါဘူး။ ဥပမာ ခင်ဗျားက Content Writer တစ်ယောက်ဖြစ်ချင်တယ်။ “Content ရေးကျင့်ဖိုအချိန်မရှိဘူး” လိုပြောမဲ့အစား “Content ရေးကျင့်ဖိုအချိန်ရအောင်ငါဘယ်လိုလုပ်ရမလဲ” ဆိုပြီးပြောင်းတွေးကြည့်ပါ။ ( Content မှမဟုတ်ဘူး ခင်ဗျား လိုချင်တဲ့ကြိုက်တဲ့အရာကို ဒီလိုပြောင်းတွေးကြည့်ပါ )။ ဆင်ခြေကနေ အလုပ် ( Excuse to Action ) ဖြစ်လာတဲ့နဲ့အမျှ ခင်ဗျားလိုချင်တဲ့အရာတွေသူ့အလိုလိုပေါ်ပေါက်လာတာတွေ့ပါလိမ့်မယ်။🚙Asset နဲ့ Liability ကိုခွဲခြားသိပါ
Asset = သင့်ကိုဝင်ငွေရတဲ့ အရာ
Liability = သင့်ကို ထွက်ငွေဖြစ်စေတဲ့အရာ
“ငါ ကားဝယ်စီးသင့်သလား” ဆိုတဲ့မေးခွန်းအတွက်အကောင်းဆုံးအဖြေဟာ ဘာလဲ?
ဝယ်စီးသင့်တာပေါ့ ကားစီးရင် လူရှိန်တယ်၊ သွားချင်ရာသွားလိုရတယ်၊ ကြိုက်တဲ့ခရီးထွက်လိုရတယ် ဆိုတာမျိုးတွေးမိရင် အတွေးတွေကိုခဏဘရိတ်အုပ်ထားလိုက်ပါဦး။
ကားတစ်စီးကို ခင်ဗျားဝယ်ပြီး ကားစရိတ် တစ်လ ငါးသိန်း ကျတယ်ဆိုပါစို။
အဲ့ကားက ခင်ဗျားရဲ့အလုပ်အတွက် တစ်လကို ဆယ်သိန်းရှာပေးနိုင်ရင် ဒီကားဟာ ခင်ဗျားလုပ်ငန်းအတွက် Asset တစ်ခုဖြစ်ပြီး အဲ့ကားကိုလုပ်ငန်းအတွက်မသုံးဘူးဆိုရင် ခင်ဗျားအတွက် တစ်လ ငါးသိန်း Liability ဖြစ်တယ်။
ဒီလိုဆိုရင် ဘာလုပ်သင့်လဲ ခင်ဗျားအဖြေရပြီပေါ့။💰ငွေကြေးစီမံခန့်ခွဲမှုနည်းပညာကိုတတ်မြောက်အောင်ကြိုးစားပါ
ဘယ်အရာတွေဘယ်လောက်အရေးကြီးတယ်ပြောပြော နောက်ဆုံးမှာငွေကအရာအများစုကိုဆုံးဖြတ်ပါတယ်။ သင်တန်းတွေဘယ်လောက်တက်တက်, ပညာတွေဘယ်လောက်ပဲများများ သင်ကိုယ်တိုင်က ငွေကြေးစီမံခန့်ခွဲမှုကို မတတ်ရင် မြန်မာစကားပုံထဲကလိုပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေမှာပါ။ ငွေကြေးနဲ့ပက်သက်ပြီး စည်းကမ်းရှိမှု၊ ကြံ့ကြံ့ခံနိုင်မှု၊စနစ်တကျနေထိုင်သုံးစွဲတတ်မှုကို သင်ကိုယ်တိုင်ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မှသာ Rat Race ထဲကသင်လွတ်မြောက်မှာပါ။⚒️အလုပ်သမားကို အလုပ်ခိုင်းရင် တစ်ရက်ကို ရှစ်နာရီပဲအလုပ်လုပ်တယ်။
သင့်ကိုယ်တိုင်အလုပ်လုပ်ရင် တစ်ရက်ကိုဆယ့်လေးနာရီထိအလုပ်လုပ်မယ်။
သင့်ပိုက်ဆံကို အလုပ်လုပ်ခိုင်းထားရင် နှစ်ဆယ့်လေးနာရီ တစ်ပတ်ခုနစ်ရက် သူကအလုပ်လုပ်နေလိမ့်မယ်။
ကိုယ်ကြိုးစားရှာဖွေထားတဲ့ ငွေကိုအဆပွားနိုင်ဖို၊ လိုအပ်တဲ့အောင်မြင်မှုအတွက် ရေသောက်မြစ်ကို
ဆယ်စုနှစ် သုံးစုနီးပါး အရောင်းရဆုံးစာအုပ်တွေထဲမှာပါဝင်တဲ့ Robert Kiyosaki ရဲ့ Rich Dad Poor Dad မှာရှာဖွေပြီး ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခြေခံအုတ်မြစ်ကို ကိုယ်တိုင်တည်ဆောက်လိုက်ပါ။ -
Add to cart
ဘယ်တော့မှမပြောင်းလဲတဲ့အရာတွေရဲ့အကြောင်း – Same As Ever by Morgan Housel📚
ကျွန်တော်တိုအမြဲရှာဖွေနေတဲ့အရာတွေဟာ တကယ်တော့ကျွန်တော်တိုရင်ထဲမှာအမြဲရှိနေပြီးသားအရာတွေဖြစ်တတ်ကြပါတယ်။ ရေဒီယို📻၊ တယ်လီဖုန်း📞၊ အင်တာနက်🌐၊ AI🤖 စသည်ဖြင့် ကမ္ဘာကြီးကအဆင့်ဆင့်တိုးတက်ပြောင်းလဲသွားပေမယ့် လူဆိုတဲ့သဘောသဘာ၀ကမပြောင်းလဲပဲတည်ရှိနေပါတယ်။
ဒီလိုမပြောင်းလဲတဲ့အရာတွေကိုနားလည်မှုက သင့်ဘ၀၊ အနာဂတ်နဲ့ ငွေကြေးစီမံခန့်ခွဲမှုကိုအကျိုးပြုတဲ့ဆုံးဖြတ်ချက်ချစေနိုင်တဲ့အကြောင်းကိုကို Morgan Houselက Same As Ever ထဲက ၀ထ္ထုတို 23 ပုဒ်နဲ့ရှင်းပြထားပါတယ်။
အကုန်လုံးကိုရှင်းပြဖို စာအရမ်းရှည်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံးလေးတွေကိုပဲရွေးထုတ်ထားပါတယ်။1.လူတွေရဲ့ ခန့်မှန်းလိုရတဲ့ ပေါက်တတ်ကရတုံပြန်မှုတွေ🎭
အခက်အခဲတစ်ခုဖြစ်လာရင် လူတွေဘယ်လိုတုံပြန်မလဲဆိုတာကိုရုတ်တရက်တွေးကြည့်ရင်ခန့်မှန်းရခက်သလိုထင်ရပေမယ့် တကယ်တမ်းက ဒီတုံပြန်မှုတွေက စိတ်ခံစားချက်ပေါ်မူတည်ပြီး တူညီတဲ့အရာတွေ ဖြစ်တတ်ကြပါတယ်။ ဥပမာအားဖြင့်
-🤑စျေးကွက်တစ်ခုအခြေအနေကောင်းလာပြီဆိုရင် လောဘနောက်လိုက်ပြီးမဆင်မခြင်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာတွေ
-😨လုပ်ငန်းအခြေအနေမကောင်းရင် စိုးရိမ်စိတ်တွေလွန်ပြီး ပေါက်တတ်ကရတွေလျှောက်လုပ်တာ
-😱မသေချာမှုနဲ့တွေ့ကြုံတဲ့အခါ မစဉ်းစားပဲ တခြားသူတွေလုပ်သလိုလိုက်လုပ်တာ တွေဖြစ်တတ်ပါတယ်
📉2008 စီးပွားပျက်ကပ် ,🧻 2020 COVID Toilet Paper Shortage တွေဟာ ဒီပေါက်တတ်ကရတုံပြန်မှုရဲ့ အထင်ရှားဆုံးသာဓကတွေပါ။ ဒီတုန့်ပြန်မှုတွေဟာ ရုတ်တရက်ဖြစ်တဲ့ အခြေအနေတစ်ခုကြောင့်လို ထင်ရပေမယ့် တကယ်တော့ လူတွေရဲ့ အမူအကျင့်တွေထဲမှာ နက်ရှိင်းစွာအမြစ်တွယ်နေတဲ့အရာတွေဖြစ်ကြပါတယ်။ ဒီလို Pattern တွေကိုနားလည်ပြီး ကြိုတင်ခန့်မှန်းနိင်မှုဟာ စိတ်ဝင်စားဖိုကောင်းရုံသာမက အသုံးဝင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖိုအရေးကြီးတဲ့ အထောက်အကူဖြစ်စေမှာပါ။2.တိုးတက်မှုရဲ့ သဘောတရား (Paradox of Progress)🔄
စာရေးဆရာက တိုးတက်မှု (progress) ဆိုတဲ့အရာတောင် သူ့ရဲ့ကိုယ်ပိုင်မပြောင်းလဲတဲ့သဘောတရားရှိတယ်လိုရှင်းချက်ထုတ်ထားပါတယ်။
တိုးတက်ပြောင်းလဲမှုတိုင်းဟာ
💉Invention and Adoption: စမ်းသပ်တီထွင်ခြင်းနဲ့ လက်တွေ့သုံးစွဲခြင်း
⚠️Unintended Consequences:မထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်လာခြင်း
🤝Adaptation: သာတူညီမျှဖြစ်တဲ့ ဖြေရှင်းချက်တွေနဲ့အတူနေထိုင်ခြင်းဆိုတဲ့ အဆင့်သုံးဆင့်နဲ့ အမြဲမပြောင်းလဲပဲတည်ရှိနေတယ်လိုပြောထားပါတယ်။
ဥပမာ လူတွေဟာ Social Animal တွေဖြစ်တဲ့အတွက်ကြောင့် အပေါင်းအသင်းဆန့်ဖို မိတ်ဆွေတွေပေါများဖိုဆိုတဲ့ရည်ရွယ်ချက်နဲ့ Social Media တွေပေါ်ပေါက်လာတယ်။ လက်တွေ့သုံးကြည့်ကြရင်းနဲ့ ခြေလွန်လက်လွန်တွေသုံးမိကြတဲ့အချိန်မှာ Personal လွတ်လပ်မှုဆုံးရှုးတာတို ADHD တို စိတ်ဓာတ်ကျရောဂါတိုအဖြစ်များတာတိုဖြစ်လာတယ်။ အခုအချိန်မှာ Dopamine Detox နည်းတွေ Focus Application တွေနဲ့အတူ သာတူညီမျှဖြစ်တဲ့ဖြေရှင်းချက်တွေနဲ့အတူ ကျွန်တော်တို လိုက်လျောညီထွေစွာနေထိုင်နေကြပါပြီ။
💡“Progress is not about avoiding problems—it’s about solving the same problems in better ways.”
“တိုးတက်မှုဆိုတာ ပြသနာတွေကိုရှောင်လွှတာမဟုတ်ပဲ နဲ့တူညီတဲ့ပြသနာတွေကို ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းချက်တွေထုတ်တာဖြစ်တယ်” ဆိုတဲ့ Morgan Housel ရဲ့ အမြင်ဟာကျွန်တာ်တိုလူတွေရဲ့ ပြသနာတွေကိုအဖြေထုတ်နေသရွေ့ ဒီ မပြောင်းလဲတဲ့သဘောတရားဟာ ထပ်ဆင့်ဖြစ်တည်နေဦးမယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။3.ဆင့်ကဲတိုးပွားမှုရဲ့ နိယာမ ( The Principle of Compound Effect )📈
ကောင်းတဲ့အရာပဲဖြစ်စေ၊ မကောင်းတဲ့အရာပဲဖြစ်စေ လူတစ်ယောက်နေ့စဉ်ပြုလုပ်တဲ့အရာတွေဟာအချိန်တစ်ခုကြာလာတာနဲ့အမျှ သူကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှာပါ သိသာထင်ရှားစေတဲ့ Compund Effect ဟာအခုအချိန်ထိမပြောင်းလဲတဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ Compound Effect ဟာငွေကြေးစီမံခန့်ခွဲမှု💰သာမက လူမှုဆက်ဆံခြင်း🧑🤝🧑၊ အသိပညာရှာဖွေခြင်း🧠နဲ့ အလေ့အကျင့်တည်ဆောက်ခြင်း💪 တိုမှာပါ အစဉ်အမြဲအသုံးပြုနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဥပမာ
📖တစ်ရက်ကို စာဆယ်မျက်နှာလောက်ဖတ်တာဟာ ဘာမှအရေးမကြီးဘူးလိုခံစားရလိမ့်မယ်။နေ့တိုင်းဖတ်ရင် တစ်နှစ်ကြာတဲ့အချိန်မှာသင် စာအုပ် 10 အုပ် 15အုပ်လောက်ဖတ်ပြီးနေပြီ။ဒါက သင်လေ့လာတဲ့အရာရဲ့အမြင်ကိုလေးလေးနက်နက်ပြောင်းလဲဖိုအတွက်လုံလောက်တယ်။
🏋️တစ်ရက်ကို ဆယ့်ငါးမိနစ်လောက်လေ့ကျင့်ခန်းလုပ်ခြင်းဟာဘာမှမသိသာပေမယ့် သင့်စိတ်နဲ့ခန္ဒာကျန်းမာရေးဟာ အချိန်နှင့်အမျှပိုမိုကောင်းမွန်လာလိမ့်မယ်
🍺တစ်ရက်ကိုဘီယာတစ်ခွက်ပဲပုံမှန်သောက်ရင် အချိန်တစ်ခုရလာတာနဲ့အမျှ ဘီယာဗိုက်တစ်လုံးရလာ ပြီးလေးလံထိုင်းမှိင်းလာလိမ့်မယ်။ဒီလိုသေးငယ်တဲ့အကျင့်တွေဟာ လုပ်လိုလုပ်မှန်းတောင်မသိသာပေမယ့် အချိန်တစ်ခုကြာလာတာနဲ့ အမျှ မပြောင်းလဲတဲ့နိယာမအတိုင်း Compound Effect ရဲ့အကျိုးတရားကိုခံစားရမှာပါ။ ငါဒါလေးတစ်ကြိမ်လုပ်တာမသိသာဘူးလိုခံစားရပေမယ့်ဒီလိုတစ်ကြိမ်ပေါင်းမြောက်များစွာပြုမူနေတဲ့အမူအကျင့်တွေဟာ သင့်ရဲ့ အနာဂတ်ကိုဆုံးဖြတ်နေတယ်ဆိုတာသတိပြုပါ။
-Psychology Of Money ကိုဖတ်ပြီးကြိုက်နှစ်သက်သူတွေ
-လူတွေရဲ့ Behavior, Decision Making နဲ့ Thinking Pattern တွေကိုသဘောပေါက်ချင်သူတွေ
-အနာဂတ်မှာကြုံတွေ့ရမယ့်အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားချင်သူတွေဒီစာအုပ်ကလေးကို ဆောင်ထားသင့်ပါတယ်🌍အမြဲပြောင်းလဲနေတယ်လိုမြင်ရတဲ့ ဒီကမ္ဘာကြီးမှာ ပြောင်းလဲမှုမရှိပဲထပ်ဖန်တလဲလဲပြန်လည်ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို မတူညီတဲ့အမြင်သစ်တစ်ခုနဲ့ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အတွေးအမြင်သစ်တစ်ခုရအောင် ဒီစာအုပ်ကလေးက ကူညီပေးပါတယ်။ အာရုံလွှဖိုကြိုးစားနေတဲ့ အကြောင်းအရာတွေ၊ အရေးမကြီးတဲ့ သဘောသဘာ၀တွေကိုကျော်လွှားပြီး အတွေးသစ်နဲ့အတူအနာဂတ်မှာကြုံတွေ့ရမယ့်ဖြစ်စဉ်တွေအတွက်ကြိုတင်ပြင်ဆင်ထားဖိုအကောင်းဆုံးစာအုပ်တစ်အုပ်ပါ။
📕Book Title- Same as Ever: A Guide to What Never Changes
✒️Author – Morgan Housel
💵Price- 21,500 MMK (Premium++ Quality, Hardcover, Creamy Paper) -
Add to cart
🎩 Secrets of the Millionaire Mind
🐎 ကိုယ်တွေးတဲ့အတိုင်း ကိုယ်ဖြစ်လာတယ်။ အပြင်က Rich တွေရော ကိုယ်တွေးသလို တွေးကြလား။
💭 စဉ်းစားဘူးလား။ တချိုသော လူတွေဟာ ချမ်းသာပြီးရင်း ချမ်းသာနေကြပြီး တစ်ချိုတစ်ချိုသော လူတွေဟာ ပိုဆင်းရဲပြီး ဆင်းရဲလာကြတယ်။ ဘာကြောင့်လိုထင်လဲ။ သူတိုသင်ကြားခဲ့ရတဲ့ ပညာရေးကြောင့်လား၊။ သူတိုရဲ့ ဥာဏ်ပညာကြောင့်လား။ သူတိုရဲ့အလေ့အကျင့်တွေလား အလုပ်အကိုင်တွေ ကြောင့်လား။
💰 ဒီစာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ T. Harv Eker ကတော့ သူ့ရဲ့ဘ၀မှာ သုညအခြေအနကနေ ၂ နှစ်ခွဲအတွင်း ဒီစာအုပ်ထဲမှာ ပါတဲ့ Principles တွေကို အသုံးချပြီးတော့ လူချမ်းသာတစ်ယောက် ဖြစ်လာခဲ့တယ်။
🔊 ကျွန်တော် ငယ်ငယ်တုန်းက ညတိုင်းလိုလို မိဘတွေနဲ့အတူတူ တီဗွီမှာ ညပိုင်းသတင်းတွေ ကြည့်ခဲ့တယ်။ မိဘတွေက တော့ ဟိုလူက Ferrari ၀ယ်စီးလိုက်ပြန်ပြီ၊ လုပ်ငန်းအသစ်တစ်ခု စပြန်ပြီ။ တကယ်တော့ ချမ်းသာတဲ့ လူတွေ ဆိုတာ ဆင်းရဲတဲ့ လူတွေရဲ့ပိုက်ဆံတွေကို သုံးဖြုန်းနေတာပဲတဲ့။ ဒါတွေပဲ ညတိုင်းကြားနေခဲ့ရတယ်။ ကြာလာတော့ ကျွန်တော်က ချမ်းသာတဲ့ လူတွေကို မြင်တာနဲ့ ဒီလူဟာ မကောင်းဘူး၊ ငါတိုပိုက်ဆံတွေကို သုံးနေတာ။ အဲ့လို အတွေးတွေ ၀င်လာတယ်။ လူချမ်းသာတစ်ယောက်ကို တွေ့ရတာနဲ့ အဲ့လူကို မုန်းနေတော့တာပဲ လိုစာရေးဆရာ T. Harv Eker က ပြောခဲ့ပါတယ်။
💸 Rich Mindset
ချမ်းသာတဲ့ လူတွေဟာ သူတိုစိတ်ထဲမှာ မရှိတာကို ရှိအောင်လုပ်နိုင်တယ်၊ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ Attitude ပဲရှိတယ်။ ကိုယ် ထိန်းချုပ်လိုမရတဲ့ External Factors တွေ ကို စဉ်းစားပြီးတွေဝေမနေတတ်ဘူး။📡 Rich People Think Big
ချမ်းသာတဲ့ လူတွေဟာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှိတယ်လိုအမြဲယုံကြည်တယ်။ ပိုကောင်းတဲ့ အရာတွေကို ဘယ်လိုယူရမလဲ ဆိုတာကို အမြဲစဉ်းစားနေတယ်။🏌️ Rich People Hang out with Winners
🎮 Poor People Hang out with Losersအရမ်းမှန်တဲ့ စကားပေါ့။ အရမ်းသဘောကျတယ်။ တစ်ချိုမိဘတွေပြောတာ ကြားဖူးမှာပေါ့။ ကျွန်မ သားက တက္ကသိုလ် ရောက်မှ ပျက်ဆီးတာတဲ့။ တက္ကသိုလ် ရောက်လိုပျက်ဆီးတာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာ ပေါင်းတဲ့ လူမှားလိုဖြစ်တာပါ။
နောက်တစ်မျိုးပြောရရင် Golf ရိုက်တာပေါ့။ တကယ်တော့ Golf ရိုက်တာက ချမ်းသာတဲ့ လူတွေရဲ့ ဂိမ်းတစ်မျိုးပဲ။ Golf ရိုက်တံ တစ်ချောင်းကို သိန်းနဲ့ချီပြီး ပေးရတာတွေတောင်ရှိတယ်။သူတိုကစားကြတယ်ဆိုတာ သူတိုလိုမျိုးချမ်းသာတဲ့ လူတွေနဲ့Network ရအောင် ကစားတာမျိုး ရှိတတ်သလို၊ တကယ်စိတ်ပါလိုကစားတာမျိုးလဲ ရှိပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်း ဟာ သူတိုနဲ့ အမျိုးအစားတူတဲ့ လူတွေနဲ့ပဲ ပေါင်းကြတာများပါတယ်။
🌪 Play to WIN
ချမ်းသာတဲ့ လူတွေက နိုင်ဖိုအတွက်ပဲ ကစားကြတယ်။ ဆင်းရဲတဲ့ လူတွေ ကြတော့ မရှုးအောင် လုပ်ကြတယ်။👞 Rich People choose to get Paid based on Results
🕗 Poor people choose to get Paid based on Timeကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလျှောက်တဲ့ လူအများစုကို Interview မေးကြည့်တယ်။ ခန့်မှန်းလစာလိုပြောလိုက်တာနဲ့ကျွန်တော်က ဘယ်လောက်လိုချင်တာ၊ ဘယ်နှစ်သိန်း စသည်ဖြင့် ပေါ့။ တကယ်တမ်း စမ်းကြည့်ရော ဘာ Productivity မှ ထွက်မလာဘူး။ ကျွန်တော်က ဘယ်နှစ်နာရီ လုပ်ရလို၁ နာရီကို ဘယ်လောက်လိုချင်တာ၊ ဒါတွေပဲ တွေ့ရတယ်။ ဘယ်နှစ်နာရီ လုပ်တယ်ဆိုတာထက် အလုပ်လုပ်တဲ့ တစ်မိနစ်၊ တစ်နာရီတိုင်းမှာ ဘယ်လောက် Productivity ပေးနိုင်လဲ၊ ဘယ်လို Results တွေပေးနိုင်လဲ ဆိုတာပဲ လိုချင်တာ။ ခုနောက်ပိုင်းမှာ Business Coach တွေ၊ Consultants တွေ ပိုပြီးတော့ အခွင့်အရေး ပိုရလာကြတယ်။ သူတိုလုပ်တဲ့ အချိန် ခဏလေးအတွင်းမှာ ပြန်ရတဲ့ Results တွေက ပိုပြီးတော့ တန်ဖိုးရှိတယ်။ ဒါကြောင့် သူတိုအတွက် ပိုကောင်းတဲ့ အခြေအနေတွေဖြစ်လာတာပေါ့။ဆင်းရဲတဲ့ လူတွေဟာ ချမ်းသာတဲ့ လူတွေကို ကြည့်ပြီး “ဟာ သူတိုက ငါ့လောက်လဲ အလုပ်မလုပ်ပဲနဲ့ဘာလိုပိုက်ဆံတွေ ပိုရနေကြတာလဲ၊ ငါတိုက ပိုလုပ်တာ၊ ငါတိုက ပိုရသင့်တာ မဟုတ်လား” ဒီလို Mindset တွေ ထားကြတယ်။
🕯 ပြီးသွားတဲ့ အရာတွေကိုပဲ ထပ်ခါထပ်ခါလုပ်နေရင်တော့ ရပြီးတဲ့ အရာတွေပဲ ထပ်ခါထပ်ခါ ရနေမှာပါ။ ပြောင်းရပါမယ်။
💡 အသီးကို ပြင်ချင်ရင် အမြစ်ကို အရင် ပြင်ရပါမယ်။ မြင်နိုင်တဲ့ အရာတွေကို ( success,money,status,etc ) ပြောင်းချင်ရင် မမြင်ရတဲ့အရာတွေကို ( mindset,thoughts,habits,etc ) အရင်ပြောင်းရပါမယ်။
-
Add to cart
အရောင်းဂုရုတွေက မရောင်းဘူး။
🏎️ Lamborghini ကားတွေကို တီဗီမှာ မကြော်ငြာဘူး။
🔹 တစ်ကမ္ဘာလုံးမှာ ကားကြော်ငြာတွေ၊ ကား ပရိုမိုးရှင်းတွေ တစ်ချိန်လုံး ကြော်ငြာနေကြတယ်။ ဒါပေမယ့် Lamborghini မပါဘူး။
ဘာလိုလဲ သိလား???
သူတိုကားကို ဝယ်စီးမယ့်သူတွေက တီဗီထိုင်ကြည့်နေတဲ့သူတွေထဲမှာ မပါလိုပဲ။
သူတို ဝယ်သူတွေရဲ့ အခြေအနေ၊ လိုအပ်ချက်၊ ခံစားချက်တွေ အကုန်လုံးကို သိနေလိုပဲ ဖြစ်ပါတယ်။❎❎ ရောင်းတဲ့သူ မဟုတ်ရင် ရောင်းခံရတဲ့သူ မှားနေပြီ။
🔹 ကိုယ့်ရဲ့ ပြိုင်ဘက်တွေက အတင်း ဈေးလျော့ရောင်းနေလို စိတ်ညစ်ဖူးလား?
ကိုယ့်ရဲ့ ဈေးကွက်ကို လိုက် ဖျက်ဆီးနေတာ ကြုံဖူးလား??
ကိုယ့်ရဲ့ ပစ္စည်းတွေ ရောင်းမထွက်လို စိတ်ပူပင်နေရလား??🔹 ကိုယ့် Customer တွေကို ယုံကြည်မှု ရှိပါ။ Customer တွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို ကြိုးစားပါ။ ကိုယ့် Customer တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို အားထုတ်ပါ။
အတင်းဝယ်ပါလို ပြောရောင်းနေရရင်တော့ သင့် ကြော်ငြာ ဒါမှမဟုတ် သင့် ပစ္စည်းမှာ အမှား တစ်ခုခု ပါနေတယ်လိုပဲ ထင်မိပါတယ်။
ကိုယ့် ပစ္စည်းတစ်ခုကို အတင်းရောင်းနေရတယ်ဆိုရင် သင့် အရောင်းပညာမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို ဆိုရပါမယ်။တစ်ချိန်တုန်းက ဘာလို MLM တွေ အရမ်း အောင်မြင်ခဲ့လဲ သိလား?
MLM ကုမ္ပဏီတွေက သူတိုရဲ့ Market ကို နားလည်တယ်။ ကျွမ်းကျင်တယ်။ Market ရဲ့ Pain Point ကို သိထားကြတယ်။ အခြေခံ လူတန်းစားမှာ အားသာချက်ဖြစ်တဲ့ Trust ကို အသုံးပြုပြီး လူ အချင်းချင်း ရောင်းခိုင်းတယ်။ ပစ္စည်းတွေက မကောင်းလည်း မိတ်ဆွေတွေရောင်းရင် အားနာပါးနာ နဲ့ ဝယ်တတ်ကြတဲ့ သဘော သဘာဝကို နားလည်ကြတယ်။ ဒါကြောင့်လည်း ပစ္စည်းတွေက ဂျင်းတွေ ဖြစ်နေတာတောင် ရောင်းရခဲ့တာပါပဲ။စာအုပ်ထဲမှာ ဘာတွေ ပါဝင်သလဲ?
1. Marketing, Sale Funnel တည်ဆောက်ပုံတွေ
2. The Godfather Strategy (An Offer you can’t refuse)
3. The Magic Lantern Technique
တို ပါဝင်ပါတယ်။ -
Add to cart
🗣 Warren Buffett ကတော့ Phil Knight ရဲ့ Shoe Dog စာအုပ်ဟာ ” မနှစ်က ဖတ်ခဲ့သမျှ စာအုပ်တွေထဲမှာ အကောင်းဆုံးစာအုပ် တစ်အုပ်ပဲဗျာ … ပြီးတော့ Nike ရဲ့ ဖန်ဆင်းရှင် Phil Knight က တကယ်ကို ထူးချွန်ထက်မြက်တဲ့လူဖြစ်ပြီး gifted story teller တစ်ယောက်လည်း ဖြစ်ပါတယ် ” လို quote ပေးထားပါတယ်။
💭 Bill Gates က Shoe Dog စာအုပ်ဟာ တစ်ခြား Entrepreneur စာအုပ်တွေလို အောင်မြင်မှုတွေကိုပဲ ရေးထားတဲ့ စာအုပ်မျိုးမဟုတ်ပဲ Nike Brand ကို တည်ထောင်တဲ့အချိန်ကစပြီး ကျရှုးမှုတွေကို ကျော်လွှားခဲ့တဲ့ အကြောင်းကို ရေးထားတဲ့ အတွက် Bill Gates ကိုယ်တိုင် Recommend ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။
✔️ Nike (နိုက်ကီ) Brand ကို လူတိုင်း သိကြမှာပါ။ Nike ရဲ Creator ကိုယ်တိုင် Shoe Dog စာအုပ်ကို သူ့ Memoir အဖြစ် ရေးသားခဲ့ပါတယ်။
⭕️ ကျွန်တော်တို အခုချိန်မှာ Nike အင်္ကျီတွေ၊ ဖိနပ်တွေကို လွယ်လွယ်ကူကူ ၀ယ်လိုရနေပေမဲ့ Nike Brand တစ်ခုကို ဘယ်လိုတည်ထောင်လာခဲ့တယ်ဆိုတာကို တော့ သိသူ နည်းပါတယ်။ ဒီစာအုပ်ထဲမှာ Phil Knight ကိုယ်တိုင် Nike ကို စတည်ထောင်စဉ်ကနေ သူ့ဘ၀မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ရေးသားပေးထားပါတယ်။
🔱 အောင်မြင်သူတစ်ယောက်ဖြစ်လာတဲ့ အခါမှာ အများစုက သူ့ရဲ အောင်မြင်မှုကိုပဲ မြင်ကြတော့တယ်။ သူ့လိုပဲ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် တစ်ကယ်တမ်းတော့ သူ့ အောင်မြင်ခြင်းရဲ့နောက်ကွယ်က ရှုးနိမ့်မှုတွေကို လူတိုင်း မရင်ဆိုင်နိုင်ပါဘူး။
🏳️ “The Cowards never Started, and the weak died along the way”
– Phil Knight1. Find Your Passion
📛 ခေတ်နောက်ကျနေတဲ့ Education System နဲ့ Traditional Parenting တွေကြောင့် အခုခေတ် လူငယ်တွေအတွက် Passion ဆိုတဲ့ စကားလုံးက အရမ်းဝေးနေပါသေးတယ်။ ကျောင်းမှန်မှန်တက်၊ ဆယ်တန်းအောင်၊ တက္ကသိုလ်တက် ပြီးရင် အလုပ်ခွင် ၀င် စသဖြင့် တစ်သမှတ်တည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကြားမှာ လူငယ်တွေရဲ့Creation တွေ၊ လူငယ်တွေရဲ့Dreams တွေဟာ အရောင်မှေးမှိန်သွားတယ်။ ဟိုဟာ မလုပ်ရဘူး၊ ဒါက ဘာဖြစ်မှာမိုလိုလဲ ဆိုတဲ့ စကားလုံးတွေကြောင့် လူငယ်တွေဟာ ကိုယ့်ဘ၀ Passion ကို လက်လွတ်ခဲ့ရတယ်။
🚫 ဒါပေမယ့် ဘာအကြောင်းပြချက်နဲ့မှ ကိုယ့်ဘ၀ကို တစ်ခြားလူ အဆုံးဖြတ်မပေးပါစေနဲ့။
🔥 “Follow Your Passion and Be Crazy”
– Phil Knight2. Fail Big
🏆 Net Worth 25 Billion ကျော် ရှိတဲ့ Phil Knight ဟာ Stanford Business University ကနေ ကျောင်းပြီးလို ၁၂ နှစ်ကြာတဲ့ အချိန်ထိ ကားတစ်စီး မပိုင်သေးပါဘူး။ ကားတစ်စီး သွားငှားတဲ့ အချိန်မှာ အကြွေးတွေကြောင့် Credit Card တွေ ပြည့်နေခဲ့ပြီး ငှားတဲ့ သူက Phil ကို လူလိမ်တစ်ယောက်လိုပြောခဲ့ပါတယ်။ သူက အရမ်းကို ရှက်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ကိုမရပ်တန့်စေခဲ့ပါဘူး။ သူ့ရဲ့ Crazy Idea ကို မစွန့်လွတ်ခဲ့ပါဘူး။ အကြိမ်ဖန်များစွာ ဒေဝါလီ ခံရမလို ဖြစ်သော်လည်းပဲ သူ့Idea အပေါ်မှာ ယုံကြည်မှုရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အခုထက်ထိလူတွေ လေးစားရတဲ့လူတစ်ယောက် ဖြစ်နေပါတယ်။
🎲 “Fail Fast and Get Better”
– Phil Knight3. $ + Blood(ငွေနောက်မလိုက်ပါနဲ့)
♥️ ကျွန်တော်တိုအသက်ရှင်ဖိုအတွက် Body မှာ သွေးနီဥတွေ လိုအပ်ပေမဲ့ ကျွန်တော်တိုဟာ သွေးနီဥတွေ အတွက် အသက်ရှင်တာ မဟုတ်ပါဘူး။ Business မှာလည်း အဲ့အတိုင်းပါပဲ။ Business တိုင်းဟာ Profit ရှိမှ လည်ပတ်ရတယ် ဆိုပေမယ့်လည်း Profit တစ်ခုတည်း အတွက်တော့ မလည်ပတ်ရပါဘူး။ ကိုယ့် လုပ်ငန်းက ပတ်၀န်းကျင်ကို Impact တစ်ခုခုကို ဖြစ်နိုင်ဖိုအရေးကြီးပါတယ်။
4. Encourage Everyone to be themselves
🚵 Phil Knight က လူတွေကို မခိုင်းစေပါဘူး။ သူ့Shoe Dog တွေကို သူတိုလုပ်ချင်တဲ့ ပုံစံနဲ့ အလုပ်လုပ်ခွင့်ပေးထားပါတယ်။ Nike ရဲ အောင်မြင်မှု သော့ချက်ကို ပြောပြပါဆိုရင် လူတော်တွေကို သူတိုIdea တွေ အကောင်အထည်ဖော်ခွင့် ပေးထားတာပါပဲ။
👞 တစ်ခါတုန်းကဆိုရင် ဖိနပ်ကို Leather နဲ့မထုတ်ပဲ ငါးအရေခွံ နဲ့ထုတ်တာတောင် ရှိခဲ့ဖူးပါတယ်။
5. How Misfits can Fit
✊ Nike ရဲ့Management Team က လူတွေဟာ အပြင် Society မှာ အဆင်မပြေကြသူတွေပါ။ တစ်ဦးတစ်ယောက်ချင်းဆီ ဆိုရင်တော့ သူတိုကို သူတို အရှုးသမားတွေလိုပဲ လက်ခံထားတဲ့သူတွေပါ။ ဒါပေမယ့် သူတိုက အားလုံး ပေါင်းစည်းလိုက်တဲ့ အခါမှာတော့ အနိုင်ရသူတွေ ဖြစ်သွားကြတယ်။ တစ်ယောက်အားနည်းချက်ကို တစ်ယောက် ကူညီဖေးမပေးနိုင်ကြပါတယ်။
👣 နောက်ဆုံးအနေနဲ့ ခရီးထွက်ပါ။ နောက်တစ်မျိုးပြောရရင် အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။ မရောက်ဖူးတဲ့ နေရာ၊ မလုပ်ဖူးတာတွေ စမ်းလုပ်ကြည့်ပါ။ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပါ။ အရှုးကို ရင်ဆိုင်ပါ။ ထပ်ကြိုးစားကြည့်ပါ။ Phil Knight ကလည်း တက္ကသိုလ် အောင်ပြီး ခရီးစထွက်တာကနေ Nike ဆိုတဲ့International Brand တစ်ခု ဖြစ်တည်လာတာပါ။ မတူညီတဲ့နေရာက လူတွေ၊ မတူညီတဲ့စိတ်ထားတွေ၊
မတူညီတဲ့အဖွဲအစည်းတွေကို လေ့လာပြီး ကိုယ့်ဘ၀ရဲ Passion ကို ရှာဖွေပါ။ Passion နောက်ကိုပဲ တစိုက်မတ်မတ် လိုက်ပါ။ လဲကျတိုင်း ပြန်ထပါ။
💨 Know when to give up but Don’t Ever Stop
-
Add to cart
မနက် အိပ်ယာ နိုးတာနဲ့ မသွားချင်တဲ့ အလုပ်အတွက် ပြင်ဆင်၊ အလုပ်မှာလည်း အချိန်ကုန်၊ လူပင်ပန်း ပြန်လာတဲ့ အခါမှာလည်း ဟိုယောင်ယောင် ဒီယောင်ယောင် နဲ့ အိပ်မောကျ၊ နောက်နေ့တွေ မှာလည်း ဒီလိုပဲ သံသရာ လည်နေပြန်တယ်။
စာအုပ်စာပေ အများစုမှာတော့ Passion, Motivation တွေ မရှိလို ဖြစ်တယ် ဘာညာပေါ့။ဒါပေမယ့် Passion ဆိုတာ ဘာလဲ?
အလွယ်ဆုံး ပြောပြရရင် Passion ဆိုတာ မနက်တိုင်း ခွန်အားအပြည့်နဲ့ နှိးထစေဖို အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ အရာ တစ်ခု ရှိနေခြင်းပဲပေါ့။ တကယ်ရော အဲ့လို ရှိနိုင်လိုလား?Don’t Follow Passion
စာရေးဆရာ Cal Newport က Professor တစ်ယောက် မဖြစ်ခင် လူတွေ မြောက်များစွာကို အင်တာဗျူးကြည့်တဲ့အခါမှာ အလုပ်ကို ချစ်မြတ်နိုးတဲ့ လူတွေဟာ သူတို Passion နောက်ကို မလိုက်ခဲ့တာကို တွေ့ရှိရပါတယ်။
အထူးသဖြင့် Steve Jobs သာ သူ့ Passion အတိုင်း လုပ်ခဲ့ရင် စာသင်တဲ့ ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။Passion Mindset vs Craftsman Mindset
Passion Mindset = What can the world offer me?
Passion Mindset နဲ့ အလုပ်လုပ်ကြတဲ့သူတွေက အခက်အခဲတွေ ကြုံရနိုင်တယ်။ “သူတိုကို လောကကြီးက ဘာတွေ လုပ်ပေးနိုင်လဲ” ဆိုတဲ့ ရှုထောင့် တစ်ခုနဲ့ လုပ်ကိုင်နေကြလိုပါပဲ။ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်တစ်ခုက သူတို လိုချင်တဲ့ အရာ တစ်ခု မပေးစွမ်းဆောင်နိုင်တဲ့ အခါမှာ သူတိုအလုပ်က သူတို အတွက် Passion မဟုတ်ဘူးလို သတ်မှတ်လိုက်ကြတယ်။ တစ်ခြားအရာတစ်ခုကို ပြောင်းလုပ်လိုက်ကြတယ်။
Craftsman Mindset = What can I offer the world?
Craftsman Mindset ကတော့ “ကိုယ်က ဘယ်လောက် လုပ်ပေးနိုင်မလဲ” ဆိုတဲ့ ရှုထောင့်က အလုပ်လုပ်ကြတဲ့အခါမှာ သူတိုကို သူတို ဘယ်လိုကောင်းအောင် ကြိုးစားရမလဲ အချက်ကိုပဲ အဓိကထား စဉ်းစားကြတယ်။ ဒီတော့ အခက်အခဲတွေ ကြုံလာတိုင်း ကျော်ဖြတ်ဖို နည်းလမ်းတွေကို ရှာဖွေကြတယ်။Daily Deliberate Practice
ဥပမာအားဖြင့် ကျွန်တော်တို လေ့ကျင့်ခန်း တစ်နေ့ကို နာရီဝက် လုပ်မယ်ဆိုပါတော့
တစ်နေ့ကို လေ့ကျင့်ခန်း နာရီဝက် လုပ်ခြင်းဟာ
ပထမ တစ်ရက်မှာ မသိသာပါဘူး။
ပထမ တစ်ပတ်မှာလည်း မသိသာပါဘူး။
ပထမ တစ်လမှာလည်း အရမ်း မသိသာသေးပါဘူး။
ဒါပေမယ့် သုံးလ၊ လေးလ ဆက်တိုက် လုပ်လာတဲ့ အခါမှာမှ ရလာဒ်က သိသာလာတာ။အများစု ဖြစ်တတ်တာက နှစ်ပတ်လောက် လုပ်ပြီးသွားရင် ပျင်းလာတယ်၊ ရလာဒ်တွေကလည်း မသိသာဘူး။ ဒီတော့ ဆက်မလုပ်ချင်တော့ဘူး။ Daily Deliberate Practice ကတော့ Craftsman Mindset ရဲ့ အဓိက အနှစ်သာရပါပဲ။ အခက်အခဲတွေကို ကြုံလာတိုင်း၊ ပျင်းလာတိုင်း၊ စိတ်ညစ်လာတိုင်းမှာ နောက်ဆုတ် မသွားပဲ ဒီအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ရမလဲ၊ ဘယ်လို ရင်ဆိုင်ရမလဲ စသဖြင့် ကိုယ် လိုချင်တဲ့ ပန်းတိုင် တစ်ခုခုကို မရောက်မချင်း သွားတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။

















