The Courage to be Happy : True Contentment Is In Your Power
19,500 Ks
🙏🙏ကိုယ်တိုင်ထိန်းချုပ်နိုင်မှု – ပျော်ရွှင်မှုကိုလက်ခံနိုင်တဲ့သတ္တိ ( The Courage to be Happy )
ပျော်ရွှင်မှုကို လိုချင်တယ်လို့ပြောကြပေမယ့် တကယ်တမ်း ပျော်ရွှင်မှုကိုလက်ခံဖို့ကြတော့ လူတွေကစိုးရိမ်တတ်ကြတယ်။
“ဒီပျော်ရွှင်မှုနဲ့ ထိုက်တန်ရဲ့လား?” ဆိုတဲ့မေးခွန်းကို မုန့်လုံးစက္ကူကပ်သလို တွယ်ကပ်ထားပြီး အတိတ်ကို ပြန်ပြန်သတိရမိတတ်ကြတယ်။
ပျော်ရွှင်မှုကိုလက်ခံနိုင်ဖို့အရာဟာ သင်ကိုယ်တိုင်ဖန်တီးရတာပါ။
❌အတိတ်ကိုအပြစ်တင်စရာမလိုသလို
❌အချိန်ကောင်းကိုလည်းစောင့်စရာမလိုပါဘူး
❌ပျော်ရွှင်မှုဟာ “တစ်ချိန်ချိန်မှာ” သင့်ဆီရောက်လာမယ်လို့လည်းမတွေးပါနဲ့။
အခုချိန်မှာ သင့်မှာလက်ဆုပ်လက်ကိုင်ရှိနေတဲ့ အရာတွေနဲ့ဖန်တီးနိုင်တဲ့ ကျေနပ်နှစ်သိမ့်ခြင်းတွေကို ကြည်နူးခံစားတတ်အောင်သင်ယူပါ။
ဘ၀က ကျွန်တော်တို့ထင်သလိုအမြဲဖြစ်လာမှာမဟုတ်ဘူး။ လူတွေကသင့်ကိုတိုက်ခိုက်လိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်လက်ခံထားတဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်ထားတဲ့သင့်ကိုဘယ်အရာကမှ ဖျက်ဆီးနိုင်မှုမဟုတ်ပါဘူး။
အနာဂတ်မှာရှိမဲ့သင်သာ အချိန်ခရီးနောက်ပြန်လာလို့ရခဲ့ရင် ဒီခရီးလမ်းကိုလျှောက်လမ်းဖို့ သတ္တိမွေးခဲ့တဲ့အခုအချိန်ကိုကျေးဇူးတင်နေလိမ့်မယ်။
သင့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်နိုင်တယ်ဆိုတာကို လက်ခံသဘောပေါက်သွားရင် အနာဂတ်ဆိုတာ သင့်လက်ထဲမှာပါ။
Related products
-
Add to cart
💪 What doesn’t kill you makes you stronger 💪
😢 ကိုယ့်ဘဝကို အပြစ်တင်ခဲ့တယ်။ ဘာလို အဖေ က မိသားစုဝင်တွေကို ရိုက်တာလဲ။ ချမ်းသာတဲ့ မိသားစုက မကြီးပြင်းရတာလဲ၊ ဘာလို အရာရာမှာ နမ့်ကျနေရတာလဲ၊ ဘာလို လူမည်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ရတာလဲ။
🤡 လူတိုင်းမှာ ကိုယ်စီ စိတ်ဒဏ်ရာတွေ ရှိကြတယ်။
✖️ အောက်ခြေမှာ နေရတာကို လူတိုင်း နားမလည်ကြပါဘူး။ ကိုယ်တိုင်က အောက်ခြေမှာ မနေဖူးပဲနဲ့ စာနာပါတယ်၊ သနားပါတယ်၊ နားလည်ပါတယ် လို ပြောစကားတွေက ရင်ဘတ်ထဲမှာ အောင်းနေတဲ့ ဝေသနာတွေကို အမှန်တကယ် မသက်သာစေပါဘူး။ လူတွေကို မုန်းခဲ့တယ်၊ အပြစ်တင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကို လည်း မုန်းခဲ့တယ်။
❓ ဟုတ်တယ်။ ကျွန်တော်တိုမှာ စိတ်ဒဏ်ရာတွေ၊ မုန်းတီးစရာတွေ၊ သိမ်ငယ်မှုတွေ ရှိကြတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ ဒီတိုင်း ဆက်ပြီး နေတော့မှာလား ❓
🏋️♀️ စာရေးဆရာ David Goggins ကတော့ အဆိုးရွားဆုံး ငရဲကနေ တက်လာခဲ့တဲ့ လူတစ်ယောက်၊ အဖက်ဖက်မှာ ကျရှုးနေတဲ့ အခြေအနေတစ်ခုကနေ ထိပ်ဆုံးကို ရောက်အောင် ကြိုးစားခဲ့တဲ့ လူတစ်ယောက်၊ ဘယ်သူ့ကိုမှ အသနား မခံခဲ့ပဲ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ် ရပ်တည်နိုင်ခဲ့တဲ့ လူတစ်ယောက်
သူ့ဘဝရဲ့ အခက်အခဲတွေကို ရင်နှင့်အောင် ခံစားပြီး ရေးသားထားတာမို မလွဲမချော် စာဖတ်သူတွေ ကြိုက်နှစ်သက်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။🔸 Accountability Mirror
ဦးနှောဏ်က ခိုင်းစေတာကို လုပ်နေသမျှ မတိုးတက်နိုင်တဲ့နေရာ တစ်ခုမှာ ရှိနေဦးမှာပါပဲ။
ဒီလို ဖြစ်ဖူးကြလား? မနက် နှိးစက် အသံကို လှမ်းပိတ်လိုက်တယ်။ နောက်ထပ် ၅ မိနစ်လောက် အိပ်လိုက်ရရင် ကောင်းမယ်လို တွေးနေချိန် ၁ နာရီလောက် အိပ်ပျော်သွားတယ်။
ဝိတ်ချမယ်၊ အစားလျော့မယ်၊ အားကစား လုပ်မယ် တွေးပြီး အချိန်တွေသာ ကုန်သွားတယ် ဘာမှ ဖြစ်မလာဘူး။ကျွန်တော်တိုတွေက လက်ရှိ အမှန်တကယ် ဖြစ်နေတဲ့ အရာတွေကို မမြင်နိုင်ပဲနဲ့ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာပဲ ရှိနေတတ်တယ်။ စောစော ထ မယ် စဉ်းစားလိုက်၊ ပြန် အိပ်လိုက်၊ ဝိတ်ချမယ် စဉ်းစားလိုက်၊ ည ဘက်ကြီး ခေါက်ဆွဲပြုတ်တွေ ထ စားလိုက်နဲ့ ဦးနှောဏ်ခိုင်းစေမှုရဲ့ ကျွန်တွေ ဖြစ်နေကြတယ်။
David Goggins ကတော့ မှန် ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ မကြိုက်နှစ်သက်တဲ့ အရာတွေကို မညှာမတာ ပြောတယ်။ ပြီးရင်တော့ ဘယ်လို ကောင်းအောင် ပြောင်းလဲရမလဲ လို စဉ်းစားတယ်။ နေ့တိုင်းပြောတယ်။ တကယ် အကောင်အထည်ဖော်တယ်။ အဆင်မပြေတဲ့အရာတွေကို ကိုယ့်ကိုယ်ကို သနားညှာတာနေတာမျိုး မလုပ်ဘူး။
🔸 What if
David Goggins က Visualization လုပ်တဲ့နေရာမှာ တော်တယ်။ တကယ်လိုများ သူက Kilo 100 ပြေးနိုင်ခဲ့ရင် ဘယ်လို ခံစားရမလဲ? ပြေးပြီးလို အောင်မြင်သွားတဲ့ အချိန်မှာ ခံစားရမယ့် အနှစ်သာရ အကုန်လုံးကို ပုံဖော်ပြီး တစ်စိမ့်စိမ့် ခံစားတယ်။ ပြီးရင် ဖြစ်အောင် လုပ်တယ်။
ခက်ခဲတဲ့အရာတစ်ခု လုပ်ခါနီးတိုင်း “What if ဘယ်လို ခံစားရမလဲ” လို ပုံဖော်ပြီး စတင် လုပ်ဆောင်လေ့ရှိတယ်။
🔸 40% Rule
David Goggins က Kilo 100 အကွာအဝေး ပြေးနေတဲ့ အချိန်မှာ ကီလို ၇၀ ရောက်တော့ ခြေထောက် ၂ ဖက် စလုံးက အရိုးသေးသေးလေးတွေက ကျိုးကြေနေပြီ။ ခြေသည်းခွံတွေလည်း အကုန်နီးပါး လန် ကုန်ပြီ။ အဲ့ဒီ့အချိန်မှာ သူ့ကိုယ်သူ မေးလိုက်တယ်။ “တကယ်လိုများ Kilo 100 ပြေးနိုင်ခဲ့ရင် ဘယ်လို ခံစားရမလဲ” လို။ ပြီးတော့ ၁၀၁ ကီလို ရောက်တဲ့အထိ ပြေးနိုင်ခဲ့တယ်။ လူတွေက သူတို ခွန်အားရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာ အရှုးပေးတတ်ကြတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနိုင်ဖို နည်းလမ်းတွေ ခွန်အားတွေ ရှာဖွေဖို မသိကြဘူး။
🦸♂️ David Goggins က ငယ်ငယ်ကတည်းက သူ့အဖေရဲ့ Abuse လုပ်ခံခဲ့ရပြီး အဆိုးရွားဆုံး ငရဲတွေကို တစ်ယောက်တည်း ခွန်အားနဲ့ ကျော်ဖြတ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၁၇ နာရီအတွင်းမှာ အကြိမ်ရေ “4030” Pull up လုပ်ခဲ့ပြီး Real-life Superman လို တင်စားခံရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Trauma တွေကို လေ့လာပြီး သူ့ဆီက သင်ခန်းစာတွေ အများကြီး သင်ယူရပါစေ။
-
Add to cart
👣 ငယ်ငယ်တုန်းက အမှားကို အသက်ကြီးမှ ထပ်မှားရင် အရှုးက တန်ဖိုး ပိုကြီးတယ်။
🚲 ကျွန်တော် စက်ဘီး မစီးတတ်ဘူး။ ငယ်ငယ်တုန်းက စက်ဘီးစီးတာ တစ်ခါမှ မသင်ခဲ့ရတော့ စက်ဘီးစီးရမယ်ဆိုရင် ကြောက်တယ်။ ငယ်ငယ်တုန်းက စက်ဘီးပေါ်က လဲကျရင် ပွန်းတာ ပဲ့တာ သွေးထွက်တာလောက်ပဲ ဖြစ်မယ်ဆိုပေမယ့် အသက်ကြီးမှ စက်ဘီးစီးသင်မယ်ဆိုတော့ လဲကျရင် အရိုးကျိုးတာနဲ့ခါးနာတာနဲ့အစုံအလင်ပဲ။
🚀 ကိုယ် လုပ်ချင်တာရှိရင် ခုချက်ချင်း ထလုပ်လိုက်ပါ။ နောက်မှ လုပ်ပါတော့မယ် ဆိုတဲ့ အကြောင်းပြချက်တွေဟာ ပိုဆုံးရှုးစေပါလိမ့်မယ်။
Culture
📏 လူတိုင်းရဲ ဦးနှောဏ်မှာ ပေတံတစ်ချောင်းရှိတယ်ဆိုပါတော့။ လူတွေက အဲ့ ပေတံနဲ့တစ်ခြားသူတွေကို တိုင်းတာကြတယ်။ တစ်ခြားသူရဲ အပြုအမူက ကိုယ့် ပေတံနဲ့လွဲချော်နေပြီ ဆိုရင် Culture Break ဖြစ်သွားတယ်။ ကွမ်းစားတဲ့သူ တစ်ယောက်က ကွမ်းတံတွေး ထွေးရမှာကို မရှက်ဘူး။ သူ့ဦးနှောက်ပေတံမှာ ကွမ်းတံထွေး ထွေးတာဟာ ဘာမှ မထူးဆန်းရဲ့အရာလိုသတ်မှတ်ထားလိုပါပဲ။ တစ်ခြားသူတွေရဲ ပေတံမှာတော့ ကိုက်ညီမှာ မဟုတ်ပါဘူး။
Chase The Vision, Not The Money
📌 Zappos CEO Tony Hsieh ကို လူတွေက ဘယ် စီးပွားရေး စလုပ်ရမလဲ လိုမေးတဲ့ အခါမှာ Tony ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
💵 “နောင် ၁၀ နှစ်လုံး လုပ်လိုပိုက်ဆံ တစ်ပြားမှ မရဘူးဆိုရင်တောင် ကိုယ် ပျော်မယ့် အလုပ်ကိုသာ လုပ်ပါ။” ဒါပေမယ့် ထူးဆန်းတာက ကိုယ်ပျော်ရာ လုပ်နေရင်းနဲ့ကိုယ့်နောက်ကို ပိုက်ဆံက လိုက်လာတယ်ဆိုတာပါပဲ။
Let Your Customer Do the Marketing for You
🗣 ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် Market နေရာရအောင် လုပ်နေရတဲ့ခေတ်ကြီးမှာ Tony ရဲ့နည်းလမ်းကတော့ တစ်မူ ထူးခြားနေတာပါပဲ။ Marketing မှာ သုံးမယ့် ပိုက်ဆံတွေ ကို သူ့ရဲ Customer Service မှာပဲ ပိုအသုံးပြုတယ်။ အချိန်တစ်ခုရောက်တဲ့ အခါမှာ Customer Loyalty ရလာပြီးတော့ Zappos က အောင်မြင်လာတယ်။ Old Customer တွေနဲ့Word-of-mouth ကြောင့်ပဲ 2008 ခုနှစ်မှာ 1 Billion Merchandise Sale ရခဲ့တယ်။
➕ What do customers expect?
➕ What Stories do they tell their friends?
➕ How our culture can create more stories and memories?
Persistence and Strategy
❗️ Persistence ဆိုတာကတော့ တစ်ခုခုမှာ ဇွဲရှိရှိနဲ့ကြိုးစားလုပ်ကိုင်တာ ဖြစ်ပြီး Strategy ဆိုတာကတော့ ရည်မှန်းချက်တစ်ခုခုကို သွားဖိုလမ်းကြောင်းဖြစ်ပါတယ်။
📱 အခုက တစ်နေကုန် ဖုန်းထိုင်ပွတ်နေကြတာ။ အပြင်သွားလည်း ပွတ်၊ အိမ်မှာနေလည်း ပွတ်၊ အိပ်ခါနီးလည်း ပွတ် တစ်ချိန်လုံး ပွတ်နေကြတာဆိုတော့ Persistence ကောင်းတာပေါ့။ ဒါပေမယ့် ရည်မှန်းချက်တစ်ခုကို ဇွဲရှိရှိနဲ့သေချာလုပ်မယ်ဆိုရင် ကျိန်းသေအောင်မြင်မှာပါ။
▫️ “You Don’t Plan to Fail, You Fail to Plan.”
– Denzel WashingtonBe Known For Something (Competency)
👑 ငယ်ငယ်ကတည်းက စာသင်ခန်းတွေမှာ အတော်ဆုံးကျောင်းသားတွေနဲ့အဆိုးဆုံး ကျောင်းသားတွေကို လူသိများကြတယ်။ အဲ့ကလေးတွေကို ဆရာ/ဆရာမတွေက ပိုချစ်ကြတယ်။ တစ်ချိုကလေးတွေကတော့ လိမ္မာလို၊ ပုံဆွဲ တော်လိုတစ်ခုမဟုတ်တစ်ခုဆီတော့ ရှိကြတယ်။
💥 ကုမ္ပဏီတွေမှာလည်း အဲ့သလို ပါပဲ။ ကိုယ့်ကုမ္ပဏီရဲ့Brand ကဘာလဲ။ Core Value က လူတွေကို ဘယ်လောက်ထိ Influence လုပ်နိုင်သလဲ။ Social Impact ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်ကြသလဲ အဲ့အချက်တွေ ပါပါတယ်။
👞 Tony Hsieh ရဲ Zappos Company ကတော့ ဖိနပ်ကို Online ကရောင်းတဲ့ Company တစ်ခုတင်မကပဲ Customer Service အရမ်းကောင်းတဲ့ Company တစ်ခုဖြစ်တယ်လိုလူတွေက သိကြပါတယ်။
▫️ “Customer Service shouldn’t be a department, it should be the entire company.”
– Tony Hsieh🌱 Tony Hsieh က Zero to Hero လူတွေထဲက တစ်ယောက်ပါပဲ။ Zappos မှာ Zero Profit အခြေအနေကနေ 1 Billion Merchandise Sale ထိရောက်အောင် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ ဦးဆောင်မှုအောက်မှာ Zappos Company က ခုနှစ်ကြိမ်တိုင်အောင် Forune Magazine ရဲ Best Companies to Work for အဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်။
🕸 “ကိုယ်တိုင်က မပျော်ရင် တစ်ခြားသူတွေကို ပျော်အောင် လုပ်လိုမရပါဘူး။”
💝 Tony က သာမန် Corporate Company တွေနဲ့မတူပဲ သူ့ Company က လူတွေကို အရမ်းဂရုစိုက်တယ်။ ၀န်ထမ်းတွေကို ပျော်အောင်ထားတယ်။ အလုပ်လုပ်တဲ့ နေရာအဆင်ပြေအောင် လုပ်ပေးတယ်။ ကုမ္ပဏီက လူတွေက ပျော်နေတော့ ကုမ္ပဏီရဲ့Productivity က အရမ်းမြင့်တက်လာတယ်။ ပြီးတော့ Customer ကို အရမ်းဂရုစိုက်တယ်။ Culture ကောင်းတစ်ခုကို တည်ဆောက်ပြီး အမေရိကန်နိုင်ငံမှာ Work Life Integration ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့သူ တစ်ယောက်ဖြစ်တယ်။
▫️ “Envision, Create and Believe in your own universe, and the universe will form around you.”
– Tony Hsieh -
Add to cart
🌍လောကဓံကိုရင်ဆိုင်ဖိုအတွက်ပဲ အချိုသောသူတွေဟာ အသက်ရှင်ကြရတယ်။
သူများတွေထက် သတ္တိရှိလို၊ သူမတူအောင် ခွန်အားကြီးလို သူတိုဟာ လောကဓံကိုရင်ဆိုင်ရတာမဟုတ််ကြဘူး⛓️သူတိုမှာ မဆုတ်မနစ်တဲ့ဇွဲတစ်ခု ရှိရမယ်လို လောကကြီးက သတ်မှတ်ထားတယ်။
သံမဏိလိုမာကြောတဲ့နှလုံးသားနဲ့ မီးတောင်တစ်ခုလိုဆူပွက်နေတဲ့ မီးလျှံတွေသူတိုသွေးကြောထဲမှာ ပိုင်ဆိုင်ပြီး သူတိုထက်အားနည်းတဲ့သူတွေကိုကာကွယ်ပေးနိုင်တဲ့အင်အားရှိအောင် လောကကြီးကသူတိုကို အကြိမ်ကြိမ်ဖျက်ဆီးတယ်၊ အခေါက်ပေါင်းများစွာနင်းခြေတယ်။💔ကြိမ်ဖန်များစွာဖျက်ဆီးခံရပြီး အမြဲရုန်းကန်ရတဲ့သူတို အတွက်တော့
ဒါက သူတိုရွေးချယ်ခဲ့တဲ့ ဘ၀တော့မဟုတ်ခဲ့ဘူး။
တစ်ခါတစ်ရံမှာ သူတိုလက်မြှောက်အရှုးပေးချင်ကြလိမ့်မယ်။
တစ်ခါတစ်ရံမှာ သူတိုမျက်ရည်ကျချင်ကြလိမ့်မယ်💪ဒါပေမယ့် ..
ဒဏ်ရာများစွာနဲ့နာကျင်နေတဲ့နှလုံးသားကိုသယ်ဆောင်ပြီး သူတိုတန်ဖိုးထားတဲ့အရာတွေကိုကာကွယ်ဖိုအတွက်
သူတိုအခုချိန်အထိကြံ့ကြံ့ခံဆဲ…
ကြိုးစားနေဆဲ
ရုန်းကန်နေဆဲ ပဲ..💖နာကျင်နှလုံးသားတွေ အတွက်
ခွန်အားဖြည့်ဖို
ခွန်အားပြည့်ဖို
နှလုံးသားအာဟာရ ရသစာများ Chicken Soup For the Soul -
Add to cart
95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓
သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍
သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛
သူဟာအသုံးချခံဖို့ဝန်မလေးသလို။⚖️
သူဟာဖျက်ဆီးဖို့လည်းမတုန့်ဆိုင်းဘူး💥။
သူ့စည်းမျဉ်းတွေကိုလိုက်နာတဲ့သူတွေအတွက် တိုးတက်မှုကိုပေးစွမ်းသလို။📈
သူ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူတွေအတွက် ပျက်ဆီးမှုကိုယူဆောင်ပေးတယ်။☠️
သူကဘာလဲ ?🐍
💔ကျွန်တော်တို့ နာကျင်နေချိန်
ကြင်နာမှုနဲ့ခွန်အားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ဖို့လိုအပ်လာတဲ့အချိန်မှာ ခွန်အားရှိတဲ့လူကိုရွေးချယ်လိမ့်မယ်။ စကားလုံးတွေထက် လုပ်ရပ်တွေကိုလူတွေသဘောကျနှစ်ခြိုက်တယ်ဆိုတာ ကိုသိတဲ့လူအတွက် ပါဝါဟာ သူ့အတွက်ရုပ်သေးရုပ်တစ်ခုထက်မပိုဘူး။
🪨“ဘယ်တော့မှမငြင်းခုံနဲ့ အလုပ်နဲ့ပဲသက်သေပြ” ဆိုတဲ့ Michelangelo ရဲ့လက်ထဲက ဖုန်မှုန့်လေးတွေရဲ့ဥပမာဟာ ပါဝါရဲ့လှည့်စားနိုင်စွမ်းကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ “ဆိတ်ဆိတ်နေထောင်တန်” “Always Says Less Than Necessary” ဆိုတာ မိသားစုထမင်းဝိုင်းလေးတွေကနေစပြီး Cooperate Executive Meeting တွေအထိ စကားလုံးတွေရဲ့တန်ဖိုးကိုရောင်ပြန်ဟပ်စေတယ်။
🐺ပါဝါဟာ သူ့ကိုမလေးစားတဲ့လူကိုစွန့်ခွာပြီး သူ့ကိုထိန်းချုပ်နိုင်တဲ့လူနဲ့ အမြဲနေတယ်။
🎃သင်မသိသေးတာလား?
😱ဒါမှမဟုတ် သိဖို့ငြင်းဆန်နေတာလား ?
အတုအယောင် မျက်နှာဖုံးတွေရဲ့အနောက်မှာဘာတွေရှိနေမလဲ?🎭
ဘ၀ရဲ့ဇာတ်ခုံပေါ်မှာ ဘယ်ကစားကွက်တွေဟာလှလှပပ ကပြနေမလဲ ?
ဘယ်အရာတွေကအမှန်လဲ ?
⚔️ဘ၀ရဲ့ ကဇာတ်ကိုကန့်လန့်ကာရဲ့အနောက်ကနေ လက်ခုပ်ဖြေးဖြေးလေးတီးရင်း တီးလုံးသံတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ဒီလျှို့ဝှက်ချက်တွေထဲကို ရဲဝံ့စွာလှမ်းလျှောက်လိုက်ပါ။







Reviews
There are no reviews yet.