The Happiest Man on Earth: The Beautiful Life of an Auschwitz Survivor
13,000 Ks
😁😁ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်အကြောင်း.😁😁
မျှော်လင့်ချက်၊နာကျင်မှုနဲ့ ပျော်ရွှင်မှုတို့ရဲ့ ဇာတ်လမ်း
🌞ကြင်နာနွေးထွေးတဲ့အပြုံးနဲ့ အဖိုးကြီးတစ်ယောက် ကိုလူတွေမြင်ကြတယ်။
🔹အမှောင်ထုထဲပုန်းနေတဲ့အချိန် သူ့မိသားစုကို အရှေ့မှာဆွဲခေါ်သွားတာကိုမြင်ခဲ့ရတဲ့ကလေးတစ်ယောက် 🔹မရဏတရားနဲ့လက်တစ်ကမ်းအလိုမှာအသက်ရှင်ခဲ့သူ 🔹အရာရာအားလုံးကိုမုန်းတီးဖို့အကြောင်းပြချက်တွေမရေတွက်နိုင်အောင်ရှိခဲ့တဲ့လူတစ်ယောက် ဟာဒီအဖိုးကြီးပဲဆိုတာကိုလူတွေမသိကြဘူး။
သိနေတဲ့လူတွေကလည်းမပြောကြဘူး။
ဒါပေမယ့် Eddie Jaku ဟာအရှုံးမပေးပဲ ဒီအခက်အခဲတွေကိုရင်ဆိုင်ခဲ့တယ်။
အသက်ရှင်သန်ဖို့သာမက ပျော်ရွှင်မှုကိုပါရွေးချယ်ပြီး နွေးထွေးတဲ့အပြုံးကိုပိုင်ဆိုင်ခဲ့တယ်။
မိသားစု၊ အိမ်၊ လွတ်လပ်ခွင့် အရာ အားလုံးဆုံးရှုံးသွားတဲ့လူတစ်ယောက်အတွက်ပျော်ရွှင်မှုက ဘယ်မှာလဲ?
📌အရာအားလုံးကိုမုန်းတီးဖို့လောကကြီးကဖန်တီးပေးတဲ့အချိန်မှာ သူဟာအချစ်ကိုရွေးချယ်ခဲ့တယ်။
📌ဖျက်ဆီးခံရတဲ့တဲ့ဘ၀တစ်ခုကနေ အကြင်နာတရားနဲ့ခွန်အားတွေရခဲ့တယ်။
📌အမှောင်ထုရဲ့ဖုံးလွှမ်းမှုကို နွေးထွေးတဲ့အပြုံးတွေနဲ့တုန့်ပြန်ခဲ့တယ်။
ငရဲကိုဖြတ်သန်းပြီးတဲ့အချိန် Eddie Jaku ဟာ နေ့တိုင်းကို အပြုံးနဲ့ဖြတ်သန်းဖို့ သူ့ဘ၀ကိုပြောင်းလဲစေတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။
“ငါ့စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသောဂလဲ့စားချေနည်းက ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်ဖြစ်ဖို့ပဲ “
“In my mind, this is really the best revenge, and it is the only revenge I am interested in – to be the happiest man on Earth.”- Eddie Jaku
🔹ဘ၀ဆိုတာတိုတိုလေး
🔹ဝေဒနာအခက်အခဲဆိုတာရှောင်လွှဲလို့မရဘူး
🔹ဒါဆိုပျော်ရွှင်မှုကို ရွေးချယ်လို့ရလား ?
သင်ဆုံးရှုံးသွားတဲ့အရာတွေမှာ ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ပျော်ရွှင်မှုမပါဝင်ပါဘူး။
သူတို့ဟာသင့်နှလုံးသားထဲက ခေါ်သံကိုစောင့်နေပါတယ်။
သင့်ရဲ့အမှောင်ထုကို ပြန်ပြုံးပြဖို့ သင်အဆင်သင့်ဖြစ်ပြီလား ?
Related products
-
Add to cart
💪 What doesn’t kill you makes you stronger 💪
😢 ကိုယ့်ဘဝကို အပြစ်တင်ခဲ့တယ်။ ဘာလို အဖေ က မိသားစုဝင်တွေကို ရိုက်တာလဲ။ ချမ်းသာတဲ့ မိသားစုက မကြီးပြင်းရတာလဲ၊ ဘာလို အရာရာမှာ နမ့်ကျနေရတာလဲ၊ ဘာလို လူမည်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ရတာလဲ။
🤡 လူတိုင်းမှာ ကိုယ်စီ စိတ်ဒဏ်ရာတွေ ရှိကြတယ်။
✖️ အောက်ခြေမှာ နေရတာကို လူတိုင်း နားမလည်ကြပါဘူး။ ကိုယ်တိုင်က အောက်ခြေမှာ မနေဖူးပဲနဲ့ စာနာပါတယ်၊ သနားပါတယ်၊ နားလည်ပါတယ် လို ပြောစကားတွေက ရင်ဘတ်ထဲမှာ အောင်းနေတဲ့ ဝေသနာတွေကို အမှန်တကယ် မသက်သာစေပါဘူး။ လူတွေကို မုန်းခဲ့တယ်၊ အပြစ်တင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကို လည်း မုန်းခဲ့တယ်။
❓ ဟုတ်တယ်။ ကျွန်တော်တိုမှာ စိတ်ဒဏ်ရာတွေ၊ မုန်းတီးစရာတွေ၊ သိမ်ငယ်မှုတွေ ရှိကြတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ ဒီတိုင်း ဆက်ပြီး နေတော့မှာလား ❓
🏋️♀️ စာရေးဆရာ David Goggins ကတော့ အဆိုးရွားဆုံး ငရဲကနေ တက်လာခဲ့တဲ့ လူတစ်ယောက်၊ အဖက်ဖက်မှာ ကျရှုးနေတဲ့ အခြေအနေတစ်ခုကနေ ထိပ်ဆုံးကို ရောက်အောင် ကြိုးစားခဲ့တဲ့ လူတစ်ယောက်၊ ဘယ်သူ့ကိုမှ အသနား မခံခဲ့ပဲ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ် ရပ်တည်နိုင်ခဲ့တဲ့ လူတစ်ယောက်
သူ့ဘဝရဲ့ အခက်အခဲတွေကို ရင်နှင့်အောင် ခံစားပြီး ရေးသားထားတာမို မလွဲမချော် စာဖတ်သူတွေ ကြိုက်နှစ်သက်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။🔸 Accountability Mirror
ဦးနှောဏ်က ခိုင်းစေတာကို လုပ်နေသမျှ မတိုးတက်နိုင်တဲ့နေရာ တစ်ခုမှာ ရှိနေဦးမှာပါပဲ။
ဒီလို ဖြစ်ဖူးကြလား? မနက် နှိးစက် အသံကို လှမ်းပိတ်လိုက်တယ်။ နောက်ထပ် ၅ မိနစ်လောက် အိပ်လိုက်ရရင် ကောင်းမယ်လို တွေးနေချိန် ၁ နာရီလောက် အိပ်ပျော်သွားတယ်။
ဝိတ်ချမယ်၊ အစားလျော့မယ်၊ အားကစား လုပ်မယ် တွေးပြီး အချိန်တွေသာ ကုန်သွားတယ် ဘာမှ ဖြစ်မလာဘူး။ကျွန်တော်တိုတွေက လက်ရှိ အမှန်တကယ် ဖြစ်နေတဲ့ အရာတွေကို မမြင်နိုင်ပဲနဲ့ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာပဲ ရှိနေတတ်တယ်။ စောစော ထ မယ် စဉ်းစားလိုက်၊ ပြန် အိပ်လိုက်၊ ဝိတ်ချမယ် စဉ်းစားလိုက်၊ ည ဘက်ကြီး ခေါက်ဆွဲပြုတ်တွေ ထ စားလိုက်နဲ့ ဦးနှောဏ်ခိုင်းစေမှုရဲ့ ကျွန်တွေ ဖြစ်နေကြတယ်။
David Goggins ကတော့ မှန် ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ မကြိုက်နှစ်သက်တဲ့ အရာတွေကို မညှာမတာ ပြောတယ်။ ပြီးရင်တော့ ဘယ်လို ကောင်းအောင် ပြောင်းလဲရမလဲ လို စဉ်းစားတယ်။ နေ့တိုင်းပြောတယ်။ တကယ် အကောင်အထည်ဖော်တယ်။ အဆင်မပြေတဲ့အရာတွေကို ကိုယ့်ကိုယ်ကို သနားညှာတာနေတာမျိုး မလုပ်ဘူး။
🔸 What if
David Goggins က Visualization လုပ်တဲ့နေရာမှာ တော်တယ်။ တကယ်လိုများ သူက Kilo 100 ပြေးနိုင်ခဲ့ရင် ဘယ်လို ခံစားရမလဲ? ပြေးပြီးလို အောင်မြင်သွားတဲ့ အချိန်မှာ ခံစားရမယ့် အနှစ်သာရ အကုန်လုံးကို ပုံဖော်ပြီး တစ်စိမ့်စိမ့် ခံစားတယ်။ ပြီးရင် ဖြစ်အောင် လုပ်တယ်။
ခက်ခဲတဲ့အရာတစ်ခု လုပ်ခါနီးတိုင်း “What if ဘယ်လို ခံစားရမလဲ” လို ပုံဖော်ပြီး စတင် လုပ်ဆောင်လေ့ရှိတယ်။
🔸 40% Rule
David Goggins က Kilo 100 အကွာအဝေး ပြေးနေတဲ့ အချိန်မှာ ကီလို ၇၀ ရောက်တော့ ခြေထောက် ၂ ဖက် စလုံးက အရိုးသေးသေးလေးတွေက ကျိုးကြေနေပြီ။ ခြေသည်းခွံတွေလည်း အကုန်နီးပါး လန် ကုန်ပြီ။ အဲ့ဒီ့အချိန်မှာ သူ့ကိုယ်သူ မေးလိုက်တယ်။ “တကယ်လိုများ Kilo 100 ပြေးနိုင်ခဲ့ရင် ဘယ်လို ခံစားရမလဲ” လို။ ပြီးတော့ ၁၀၁ ကီလို ရောက်တဲ့အထိ ပြေးနိုင်ခဲ့တယ်။ လူတွေက သူတို ခွန်အားရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာ အရှုးပေးတတ်ကြတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနိုင်ဖို နည်းလမ်းတွေ ခွန်အားတွေ ရှာဖွေဖို မသိကြဘူး။
🦸♂️ David Goggins က ငယ်ငယ်ကတည်းက သူ့အဖေရဲ့ Abuse လုပ်ခံခဲ့ရပြီး အဆိုးရွားဆုံး ငရဲတွေကို တစ်ယောက်တည်း ခွန်အားနဲ့ ကျော်ဖြတ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၁၇ နာရီအတွင်းမှာ အကြိမ်ရေ “4030” Pull up လုပ်ခဲ့ပြီး Real-life Superman လို တင်စားခံရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Trauma တွေကို လေ့လာပြီး သူ့ဆီက သင်ခန်းစာတွေ အများကြီး သင်ယူရပါစေ။
-
Add to cart
❄️ ကမာကောင်တွေက သဲဆိုတဲ့ အနှောင့်အယှက်ကို လှပတဲ့ ပုလဲ အသွင်ပြောင်းတယ်။
🗡 လူ့ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပဲ။ ရှုးနိမ့်တာ ရှိမယ်။ နိုင်တာ ရှိမယ်။ တစ်ခါတစ်လေ ခြေတစ်လှမ်း နောက်ဆုတ်ပေးရတာ ရှိမယ်။ ငြိမ်နေရတာ ရှိမယ်။ ပြီးရင်တော့ အရှိန်နဲ့ဖောက်ထွက်သွားနိင်ရမယ်။
⏳ အရာရာတိုင်းက ပြောင်းလဲနေမှာ။ ကိုယ့်က ပြောင်းလဲရမှာ ကြောက်လိုဆိုပြီး မျက်စိမှိတ်၊ နားပိတ် လုပ်ထားရင်တောင် နာရီ လက်တံလေးတွေက တစ်ချက်ချက် ရွေ့နေမှာပဲ။
🇨🇳 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က စာအုပ်တစ်အုပ်ဟာ အခုထက်ထိ အရမ်း အသုံးဝင်နေသေးတယ်ဆိုတာ အရမ်း အံ့သြစရာကောင်းတယ်။ Sun Tzu ဟာ နည်းဗျုဟာ ပညာရှင်တစ်ယောက်၊ ပြီးတော့ အတွေးအခေါ် ပညာရှင်တစ်ယောက်လည်းဖြစ်တယ်။ သူ့ရဲ့နည်းဗျူဟာ တွေကို Art of War အနေနဲ့စာအုပ်ရေးခဲ့တယ်။ အဲ့ စာအုပ်က အရမ်းကို နာမည်ကြီးပြီး အသုံးဝင်တယ်။။ စီးပွားရေး လုပ်ငန်း ဆိုတာကလည်း အခုခေတ်ရဲ့ ယှဥ်ပြိုင်မှု တစ်ခုဖြစ်နေပြီ။
🔅 Sun Tzu အသုံးပြုခဲ့တဲ့နည်းပညာတွေ မနည်းပါဘူး။ အဲ့ဒီ့ နည်းဗျူဟာတွေထဲက ၃ ချက်ကို ရှင်းပြထားပါတယ်။
◼️ Know Your Enemy and Know Yourself and in 100 Battles You will Never be in Peril
လူတော်တော်များများ အလုပ် အင်တာဗျူးတွေ သွားဖြေကြတယ်။ ပြီးတော့ အလုပ်မရကြဘူး။ ဘာလိုလဲ ??
တကယ်လိုအင်တာဗျူးတစ်ခု ဖြေမယ်ဆိုရင် ကုမ္ပဏီက ဘာလုပ်တာလဲ။ ဘယ်အပိုင်းကို ဦးတည်ထားတာလဲ။ အစောကတည်းက ကြိုတင် လေ့လာထားသင့်တယ်။
အင်တာဗျူးဖြေတဲ့အခါ “ ဒီကုမ္ပဏီက စလုပ်တာ မကြာသေးဘူး ဆိုပေမဲ့ လက်ရှိ ဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်။ CEO က နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထက်ကို မှန်းထားတယ်လိုပြောထားတယ်။ အဲ့ဒီ့အတွက် ကျွန်တော့်မှာ ကောင်းမွန်တဲ့ အစီအစဉ်တွေ ရှိတယ် ” လိုပြောကြည့်ပါလား။ Interviewers တွေ ကြွေသွားမယ်။
အများစု လုပ်နေကြတာက Interviewer က “ ငါတိုမင်းကို ဘာလိုအလုပ်ခန့်ရမှာလဲ။ မင်းက ဒီကုမ္ပဏီကို ဘာတွေ တိုးတက်အောင်လုပ်ပေးမှာလဲ ” မေးလိုက်ပြီဆိုရင် အင်း အဲ ။ သေချာတော့ မပြောပြတတ်ဘူး။ ကျွန်တော် ကြိုးစားကြည့်မယ်လေ။ အဲ့မှာ အဖြေက ပေါ်သွားပြီ။
ဘယ်သူနဲ့အလုပ်လုပ်ရမယ်ဆိုတာ သိဖိုလိုအပ်သလို ကိုယ့်အားသာချက်၊ အားနည်းချက်တွေ သိဖိုလည်း လိုသေးတယ်။◼️ AVOID what is STRONG and ATTACK what is WEAK
မေ ဆိုတဲ့ ကောင်မလေး တစ်ယောက်က ရုံးတစ်ခုမှာ အလုပ်ရသွားပြီ ဆိုပါတော့။ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက Customer နဲ့ ထိတွေ့ဆက်ဆံတဲ့ နေရာမှာ အရမ်းကျွမ်းကျင်ကြတယ်။ အဲ့ဒါကို မေ က “ ငါလည်း ကြိုးစားပြီး Customer နဲ့ပိုအဆင်ပြေအောင် လုပ်မယ် ” ဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဘာလိုလဲဆိုတော့ မေ ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက Customer Relationships မှာ တော်တဲ့ လူတွေကြီးပါပဲ။ ဒါဆိုရင် မေ က သူတိုအားနည်းတဲ့ Insurance Policy, Management, Marketing တွေပါ သေချာလေ့လာထားပြီး Customer တွေအတွက် အသုံးချမယ်ဆိုရင်တော့အဆင်ပြေမှာပါ။
စီးပွားရေးလောကမှာလည်း ဒီလိုပါပဲ။ စီးပွားရေး လုပ်ငန်း အများစုက ရှုးနိမ့်သွားကြတယ်။ ဘာလိုလဲ။ လုပ်ငန်းဆိုတာနဲ့လူတွေက ပြိုင်ဆိုင်တဲ့ နေရာက မှားနေကြတယ်။ ဥပမာ Walmart နဲ့ဈေးနှုန်း သွားယှဉ်လိုမရဘူး။ ဈေးနှုန်းသက်သာတယ် ဆိုတာ Walmart ရဲ့အားသာချက်ပဲ။ တစ်ခြားနေရာတွေကနေ ပြိုင်ဆိုင်ရမယ်။ Service, Customer Relation, Car Parking for Customer, Online Features အများကြီး ရှိတယ်။◼️ To win 100 Battles is not the Height of Skill. To Subdue the Enemy without Fighting is.
ဥပမာ ပြောရရင် စကားများ ရန်ဖြစ်တာပေါ့။ ကိစ္စသေးသေးလေးတွေကို အကြီးကြီးချဲ့ပြီး မပြီးနိုင် မဆုံးနိုင် စကားများကြတာ။ တစ်ယောက်ယောက်ဘက်က သာ စိတ်လျော့ပြီး အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် ပြီးသွားမယ့် အရာပဲ။
စီးပွားရေးလောကမှာတော့ နောက်တစ်မျိုး။ ပြိုင်ဘက် ကုမ္ပဏီက ဈေးကွက် Monopolize လုပ်ချင်တာ။ ပစ္စည်းတွေကို ဈေးလျော့ရောင်းတယ်။ Market Demand ကတက်လာတယ်။ ဈေး ထပ်လျော့တယ်။ Market ကလည်း ပိုတက်လာတယ်။ နောက်လည်းကြရော တက်လာတဲ့ Market Demand ကို မထိန်းချုပ်နိုင်တော့ဘူး။ အဲ့ အချိန်မှာ Market က Complaints တွေလည်း တက်လာရော သူ့တို မဖြေရှင်းနိုင်တော့ဘူး။ သူတိုကြိုးစားသမျှတွေလည်း သဲထဲရေသွန် ဖြစ်ကုန်ရော။🔯 Sun Tzu ရဲ့ Art of War စာအုပ်က အရောင်းရဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပြီး အခုထက်ထိ နယ်ပယ်အမျိုးမျိုးမှာ အသုံးချနေဆဲ အသုံးဝင်နေဆဲ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။
🌀 ကမာကောင်တွေက သဲဆိုတဲ့ အနှောင့်အယှက်ကို လှပတဲ့ ပုလဲ အသွင်ပြောင်းတယ်။ စာအုပ်တွေ ဖတ်ရင်းနဲ့ စာအုပ်က အသိပညာတွေ အသုံးချပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို လျှောက်လှမ်းနိုင်ပါစေ။
Book Name – Art of War
Author – Sun Tzu
Price – 19,500 MMK ( Premium++ Quality, Creamy Paper, Hard cover ) -
Add to cart
👣 ငယ်ငယ်တုန်းက အမှားကို အသက်ကြီးမှ ထပ်မှားရင် အရှုးက တန်ဖိုး ပိုကြီးတယ်။
🚲 ကျွန်တော် စက်ဘီး မစီးတတ်ဘူး။ ငယ်ငယ်တုန်းက စက်ဘီးစီးတာ တစ်ခါမှ မသင်ခဲ့ရတော့ စက်ဘီးစီးရမယ်ဆိုရင် ကြောက်တယ်။ ငယ်ငယ်တုန်းက စက်ဘီးပေါ်က လဲကျရင် ပွန်းတာ ပဲ့တာ သွေးထွက်တာလောက်ပဲ ဖြစ်မယ်ဆိုပေမယ့် အသက်ကြီးမှ စက်ဘီးစီးသင်မယ်ဆိုတော့ လဲကျရင် အရိုးကျိုးတာနဲ့ခါးနာတာနဲ့အစုံအလင်ပဲ။
🚀 ကိုယ် လုပ်ချင်တာရှိရင် ခုချက်ချင်း ထလုပ်လိုက်ပါ။ နောက်မှ လုပ်ပါတော့မယ် ဆိုတဲ့ အကြောင်းပြချက်တွေဟာ ပိုဆုံးရှုးစေပါလိမ့်မယ်။
Culture
📏 လူတိုင်းရဲ ဦးနှောဏ်မှာ ပေတံတစ်ချောင်းရှိတယ်ဆိုပါတော့။ လူတွေက အဲ့ ပေတံနဲ့တစ်ခြားသူတွေကို တိုင်းတာကြတယ်။ တစ်ခြားသူရဲ အပြုအမူက ကိုယ့် ပေတံနဲ့လွဲချော်နေပြီ ဆိုရင် Culture Break ဖြစ်သွားတယ်။ ကွမ်းစားတဲ့သူ တစ်ယောက်က ကွမ်းတံတွေး ထွေးရမှာကို မရှက်ဘူး။ သူ့ဦးနှောက်ပေတံမှာ ကွမ်းတံထွေး ထွေးတာဟာ ဘာမှ မထူးဆန်းရဲ့အရာလိုသတ်မှတ်ထားလိုပါပဲ။ တစ်ခြားသူတွေရဲ ပေတံမှာတော့ ကိုက်ညီမှာ မဟုတ်ပါဘူး။
Chase The Vision, Not The Money
📌 Zappos CEO Tony Hsieh ကို လူတွေက ဘယ် စီးပွားရေး စလုပ်ရမလဲ လိုမေးတဲ့ အခါမှာ Tony ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
💵 “နောင် ၁၀ နှစ်လုံး လုပ်လိုပိုက်ဆံ တစ်ပြားမှ မရဘူးဆိုရင်တောင် ကိုယ် ပျော်မယ့် အလုပ်ကိုသာ လုပ်ပါ။” ဒါပေမယ့် ထူးဆန်းတာက ကိုယ်ပျော်ရာ လုပ်နေရင်းနဲ့ကိုယ့်နောက်ကို ပိုက်ဆံက လိုက်လာတယ်ဆိုတာပါပဲ။
Let Your Customer Do the Marketing for You
🗣 ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် Market နေရာရအောင် လုပ်နေရတဲ့ခေတ်ကြီးမှာ Tony ရဲ့နည်းလမ်းကတော့ တစ်မူ ထူးခြားနေတာပါပဲ။ Marketing မှာ သုံးမယ့် ပိုက်ဆံတွေ ကို သူ့ရဲ Customer Service မှာပဲ ပိုအသုံးပြုတယ်။ အချိန်တစ်ခုရောက်တဲ့ အခါမှာ Customer Loyalty ရလာပြီးတော့ Zappos က အောင်မြင်လာတယ်။ Old Customer တွေနဲ့Word-of-mouth ကြောင့်ပဲ 2008 ခုနှစ်မှာ 1 Billion Merchandise Sale ရခဲ့တယ်။
➕ What do customers expect?
➕ What Stories do they tell their friends?
➕ How our culture can create more stories and memories?
Persistence and Strategy
❗️ Persistence ဆိုတာကတော့ တစ်ခုခုမှာ ဇွဲရှိရှိနဲ့ကြိုးစားလုပ်ကိုင်တာ ဖြစ်ပြီး Strategy ဆိုတာကတော့ ရည်မှန်းချက်တစ်ခုခုကို သွားဖိုလမ်းကြောင်းဖြစ်ပါတယ်။
📱 အခုက တစ်နေကုန် ဖုန်းထိုင်ပွတ်နေကြတာ။ အပြင်သွားလည်း ပွတ်၊ အိမ်မှာနေလည်း ပွတ်၊ အိပ်ခါနီးလည်း ပွတ် တစ်ချိန်လုံး ပွတ်နေကြတာဆိုတော့ Persistence ကောင်းတာပေါ့။ ဒါပေမယ့် ရည်မှန်းချက်တစ်ခုကို ဇွဲရှိရှိနဲ့သေချာလုပ်မယ်ဆိုရင် ကျိန်းသေအောင်မြင်မှာပါ။
▫️ “You Don’t Plan to Fail, You Fail to Plan.”
– Denzel WashingtonBe Known For Something (Competency)
👑 ငယ်ငယ်ကတည်းက စာသင်ခန်းတွေမှာ အတော်ဆုံးကျောင်းသားတွေနဲ့အဆိုးဆုံး ကျောင်းသားတွေကို လူသိများကြတယ်။ အဲ့ကလေးတွေကို ဆရာ/ဆရာမတွေက ပိုချစ်ကြတယ်။ တစ်ချိုကလေးတွေကတော့ လိမ္မာလို၊ ပုံဆွဲ တော်လိုတစ်ခုမဟုတ်တစ်ခုဆီတော့ ရှိကြတယ်။
💥 ကုမ္ပဏီတွေမှာလည်း အဲ့သလို ပါပဲ။ ကိုယ့်ကုမ္ပဏီရဲ့Brand ကဘာလဲ။ Core Value က လူတွေကို ဘယ်လောက်ထိ Influence လုပ်နိုင်သလဲ။ Social Impact ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်ကြသလဲ အဲ့အချက်တွေ ပါပါတယ်။
👞 Tony Hsieh ရဲ Zappos Company ကတော့ ဖိနပ်ကို Online ကရောင်းတဲ့ Company တစ်ခုတင်မကပဲ Customer Service အရမ်းကောင်းတဲ့ Company တစ်ခုဖြစ်တယ်လိုလူတွေက သိကြပါတယ်။
▫️ “Customer Service shouldn’t be a department, it should be the entire company.”
– Tony Hsieh🌱 Tony Hsieh က Zero to Hero လူတွေထဲက တစ်ယောက်ပါပဲ။ Zappos မှာ Zero Profit အခြေအနေကနေ 1 Billion Merchandise Sale ထိရောက်အောင် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ ဦးဆောင်မှုအောက်မှာ Zappos Company က ခုနှစ်ကြိမ်တိုင်အောင် Forune Magazine ရဲ Best Companies to Work for အဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်။
🕸 “ကိုယ်တိုင်က မပျော်ရင် တစ်ခြားသူတွေကို ပျော်အောင် လုပ်လိုမရပါဘူး။”
💝 Tony က သာမန် Corporate Company တွေနဲ့မတူပဲ သူ့ Company က လူတွေကို အရမ်းဂရုစိုက်တယ်။ ၀န်ထမ်းတွေကို ပျော်အောင်ထားတယ်။ အလုပ်လုပ်တဲ့ နေရာအဆင်ပြေအောင် လုပ်ပေးတယ်။ ကုမ္ပဏီက လူတွေက ပျော်နေတော့ ကုမ္ပဏီရဲ့Productivity က အရမ်းမြင့်တက်လာတယ်။ ပြီးတော့ Customer ကို အရမ်းဂရုစိုက်တယ်။ Culture ကောင်းတစ်ခုကို တည်ဆောက်ပြီး အမေရိကန်နိုင်ငံမှာ Work Life Integration ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့သူ တစ်ယောက်ဖြစ်တယ်။
▫️ “Envision, Create and Believe in your own universe, and the universe will form around you.”
– Tony Hsieh -
Add to cart
🚦ပရမ်းပတာဖြစ်ခြင်းတွေကိုရှောင်ရှားနိုင်ဖို ဖြေဆေး ၁၂ ချက်🚦
🦞ကျောက်ပုဇွန်တွေအကြောင်း
💪ကြိုးစားရုန်းကန်မှုရဲ့အဓိပ္ပါယ်
📅အစီအစဉ်မကျမှုတွေကိုထိန်းချုပ်နိုင်မှု
😈အကြောက်တရားကိုရင်ဆိုင်ခြင်း
👨👩👧👦ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ အမှန်တရားရဲ့ဆိုလိုရင်း စတဲ့ အရာတွေကို ဒီစာအုပ်ထဲမှာရှာတွေ့နိုင်ပါတယ်📊Chaos လိုခေါ်တဲ့အစီအစဉ်မကျတာ မမျှော်လင့်ထားတာတွေဖြစ်လာတာ ပရမ်းပတာဖြစ်တဲ့အရာတွေဟာ ကျွန်တော်တိုပတ်ဝန်းကျင်မှာ အစဉ်အမြဲဖြစ်နေပါတယ်။ ကိစ္စတစ်ခု Project တစ်ခုအတွက် အများကြီးပြင်ဆင်ထားပြီး အနားနီးတော့မှပေါက်တတ်ကရတွေထဖြစ်တာမျိုးတွေ အားလုံးကြုံခဲ့ကြုံနေကျဆဲ ဖြစ်နေတုန်းပါ။ ဒီလိုအထိန်းအကွပ်မရှိတဲ့ Chaos ကိုကျွန်တော်တိုရင်ဆိုင်နိုင်တဲ့နည်းတွေကို စာရေးဆရာ Dr. Jordan Peterson ရဲ့ 12 Rules for Life စာအုပ်ထဲကအချက်ကလေးတွေကို ဒီ Post မှာ Share ပေးထားပါတယ်
1. 💪Stand up straight with your shoulders back💪
ခါးဆန့် ရင်ကော့ပြီး ခန့်ခန့်ငြားငြားမတ်မတ်တပ်ရပ်ပါကိုယ်နေဟန်ထားဟာ စိတ်သဘောထားနဲ့မှန်တစ်ချပ်လိုဒွန်တွဲနေတာကို ကျွန်တော်တိုသတိပြုမိမှာပါ။ ဥပမာ ရိုသေရမယ့်လူ ( မိဘ, ဘုန်းကြီး) စတဲ့ သူတွေရှေ့ရောက်ရင် အလိုလို ကိုယ်ကျုံသွားသလိုပေါ့ ။
ကျွန်တော်တိုတွေရဲ့ Body Language ကစကားလုံးတွေထက် စကားအများကြီးပြောပါတယ်. ကျောကိုဆန့်ရင်ကိုဖွင့်ပြီး မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ရဲ့ confidence, Responsibility နဲ့ Capability ကိုစကားပြောစရာမလိုပဲနဲ့ Automatic ကျွန်တော်တိုသိနိုင်ပါတယ်။ လူတွေနဲ့ဆက်ဆံတဲ့အချိန် မှာ ယုံကြည်ရတဲ့ Body Posture ကိုအသုံးပြုပြီးတာဝန်ယူနိုင်မှုကိုပြသနိုင်ခြင်းဟာ ကျွန်တော်တိုအတွက် အခွင့်အလမ်းသစ်တွေအများကြီးရနိုင်စေပါတယ်။2. 🚑Treat yourself like someone you’re responsible for helping🚑
သင့်ကိုယ်သင် ကူညီပေးဖို တာဝန်ရှိသူတစ်ယောက်လို ဆက်ဆံပါ။တစ်ရက် ခင်ဗျားမွေးထားတဲ့ အချစ်ဆုံးခွေးလေးနေမကောင်းဖြစ်တယ်လိုဆိုကြပါစို။ သူအဖျားသက်သာဖို ချက်ချင်းဆေးခန်းပြေး၊ ကြက်ပေါင်းတွေတိုက် ဆေးဝယ် လုပ်ကြတယ်မဟုတ်လား ။ သင်ကိုယ်တိုင်နေသိပ်မကောင်းတဲ့အချိန်ကျရင်ရော သင်ဘာလုပ်သလဲ ? Paracetamol လေးသောက်လိုက်ရင်သက်သာသွားမှာပါဆိုပြီး နေကြတာများပါတယ်။ လေ့လာချက်တွေအရ ကျွန်တော်တိုဟာ ကိုယ့်ကိုယ်ကိုထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပိုဂရုစိုက်တတ်ကြတာတွေ့ရှိရပါတယ်တဲ့။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးဆိုသလို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို ကျွန်တော်တိုလိုအပ်ပါတယ်
3. 🤝Make friends with people who want the best for you 🤝
မိမိရဲ့အကောင်းဆုံးကိုလိုလားတဲ့သူတွေနဲ့အပေါင်းအသင်းလုပ်ပါအပေါင်းအသင်းမိတ်ဆွေတွေတိုင်းက မတူပါဘူး ကောင်းတဲ့မိတ်ဆွေတွေရှိသလို သင့်ကိုဖျက်ဆီးဖိုကြိုးစားတဲ့ အယောင်ဆောင်မိတ်ဆွေတွေလည်း လောကကြီးထဲမှာရှိပါတယ်။ မိတ်ဆွေစစ် မိတ်ဆွေကောင်းကိုရှာဖွေဖိုကလည်းကျွန်တော်တို ရဲ့ တာဝန်တစ်ခုလို ဂရုစိုက်ရမှာပါ။
4.🏃♂️Compare yourself to who you were yesterday, not to who someone else is today🏃♂️
ဒီနေ့ရဲ့ တစ်စုံတစ်ယောက်နဲ့မပြိုင်ပါနဲ့ သင့်ကိုယ်သင် မနေ့ကသင်ကိုယ်တိုင်နဲ့နှိင်းယှဉ်ပါ,ဘယ်သူ့နဲ့မှယှဉ်ဖိုမကြိုးစားပါနဲ့ မိမိကိုယ်ကိုယ်သာနှိင်းယှဉ်ပါ။
“ ဟိုတစ်ယောက်က ဘယ်မှာအလုပ်လုပ်တာ “ “ သူက ဘာဘွဲရထားတာလေ “ ဆိုတဲ့စကားလုံးတွေကြားဖူးကြမှာပါ။ အချိုစကားလုံးတွေဆိုရင် ငယ်စဉ်ကတည်းကကြားလွန်းလို ကျွန်တော်တိုဘ၀မှာ Trauma တွေတောင်ဖြစ်နေပြီမဟုတ်လား။ ဒါပေမယ့်ဘ၀ကိုဖြတ်သန်းရင်းရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်တိုမှာ ကိုယ့်ဘာသာကိုယ်ပဲပြန်နှိင်းယှဉ် ရပါမယ်
တစ်ပတ်ကို 1%ပဲ တိုးတက်အောင်ကြိုးစားရင် 71 ပတ်ကြာတဲ့အချိန်မှာ ကျွန်တော်တို စတဲ့အချိန်ကနေ 2 ဆ ပိုမိုကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်နေမှာပါ5. 👪Do not let your children do anything that makes you dislike them👪
မင်းရဲ့သားသမီးကို မင်းကိုယ်တိုင်မကြိုက်စေမဲ့အရာတွေကိုမလုပ်မိပါစေနဲ့ပထမဆုံး ဒီ Rule ကိုကြားတာနဲ့ပြန်ရမယ့်အဖြေက “ ကျွန်တော့်မှာသားသမီးမရှိပဲ ဒါကိုဘယ်လိုလုပ်မှာလဲ “ ဆိုတာပါပဲ
မိဘတစ်ယောက်ရဲ့ တာဝန်၀တ္တရားဟာအရမ်းကြီးပြီးခက်ခဲပါတယ်။ ကိုယ့်သားသမီးက ကိုယ်မကြိုက်တဲ့အရာတွေလုပ်နေတာကို လက်ခံပြီးဆက်လုပ်ခွင့်ပေးလိုက်ရင် ဒီကလေးဟာပတ်ဝန်းကျင်နဲ့ဝင်ဆန့်ဖိုတစ်သက်လုံးခက်ခဲသွားမှာအမှန်ပါပဲ။ အတွေ့အကြုံရှိတဲ့ မိဘတစ်ယောက်လိုမျိုး လူတစ်ယောက်အနေနဲ့ကျွန်တော်တိုအောက်ကလူတွေကို အမှားမလုပ်ပဲ အမှန်ပြုနိုင်အောင် ဖေးမပေးဖိုကျွန်တော်တိုလိုအပ်ပါတယ်။6. 🏠Set your house in perfect order before you criticize the world🏠
ကမ္ဘာကြီးကိုမဝေဖန်ခင် ကိုယ့်အိမ်ကိုအရင်စနစ်တကျဖြစ်အောင်ထားပါမင်မင်ကြားဖူးတဲ့စကားပုံတစ်ခုရှိတယ် “ လူတိုင်းက ကိုယ့်အိမ်နဲ့ပတ်ဝန်းကျင်ကိုအမြဲသန့်ရှင်းရေးလုပ်နေရင် တစ်ကမ္ဘာလုံးအမှိက်ကောက်ဖိုလိုမှာမဟုတ်ဘူး “။ လူတွေက အကြောင်းအရာတစ်ခုခုကိုမြင်လိုက်ရင် အရင်ဆုံးဝေဖန်ဖို နဲ့ ဆရာကြီးလုပ်ဖို ပထမဆုံးတွေးတတ်ကြပါတယ် ။ မဝေဖန်ခင် မှာ ကိုယ့်အကြောင်းကိုယ်အရင်တွေးပြီး တိုးတက်အောင်လုပ်ဖိုကြိုးစားပါ။ စနစ်တကျစည်းကမ်းတကျ ဖြစ်တဲ့ မိမိကိုယ်ကိုမွေးမြူပါ။
7.🦉Pursuit what is meaningful (Not what is expedient)🦉
အဆင်ပြေတဲ့အရာနောက်ကို မလိုက်ပါနဲ့ အဓိပ္ပါယ်ရှိတဲ့ အရာကိုသာလုပ်ပါလောကကြီးကတရားလိုက်တာတို ဘ၀ဆိုတာပျော်ပျော်နေဖိုဖြစ်လာတာ တိုဆိုတဲ့စကားတွေကိုဘယ်သူမှပြောလေ့ပြောထမရှိကြပါဘူး၊ စာရေးသူ Jorden Petersonက သူ့ရဲ့အမြင်ကို “ ဘ၀ဆိုတာပျော်ရွှင်ဖိုမဟုတ်ဘူး ဘ၀ဆိုတာအဓိပ္ပါယ်ရှိဖို” ဆိုပြီး ရေးသားထားပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကျွန်တော်တိုတွေ ငွေကြေးချမ်းသာမှု၊ပျော်ရွှင်မှု၊ အသိအမှတ်ပြုခံရမှု စတဲ့ အရာတွေနောက်လိုက်ပြီးကုန်ခဲ့တဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ ? အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို စလုပ်ဖို အခုအချိန်က အကောင်းဆုံးမဟုတ်လား ?
8. ✔️Tell the truth or at least don’t lie✔️
အမှန်ကိုပြောပါ။ အနည်းဆုံးတော့ မလိမ်ပါနဲ့ယုံကြည်မှုဟာ တည်ဆောက်ရဖိုခက်သလောက် ပျက်စီးသွားဖိုအရမ်းလွယ်ကူပါတယ်။အလုပ်မှာပဲဖြစ်စေ မိသားစု(သို)လူမှုပတ်ဝန်းကျင်မှာပဲဖြစ်စေ အမြဲလိမ်ညာဖိုကြိုးစားနေတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှလူရာဝင်ဆန့်မှာမဟုတ်ပါဘူး။ အဆင်မပြေမှုတစ်ချိုရှိနိုင်ပေမယ့် အမှန်တရားကိုပြောရဲတဲ့ သတ္တိဟာအခက်အခဲအများစုကို ကျော်ဖြတ်နိုင်တဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။
9. 👂Assume that the person you are listening to might know something you don’t 👂
မင်းနားထောင်နေတဲ့သူက မင်းမသိတဲ့အရာတစ်ခုခုကိုသိနေတယ်လို ယူဆပါ။“I know that I know nothing” ဆိုတဲ့စကားဟာ Socrates ပြောခဲ့တဲ့ထဲက အကျော်ကြားဆုံးစကားတစ်ခုဖြစ်ပါတယ်။ အရာအားလုံးကို ငါသိငါတတ်ဆိုပြီး ကိုတတ်ပ လုပ်ရင် ကျွန်တော်တိုအတွက် အတွေးအမြင်သစ်တွေ Idea အသစ်တွေရဖိုပိုခက်ခဲပါတယ်။ ကျွန်တော်တိုရဲ့ပြည့်နေတဲ့ခွက်ကို သွန်ချလိုက်ပါ။ အာရုံစိုက်ပြီးနားထောင်နိုင်တဲ့ Skillset တစ်ခုဟာ ကျွန်တော်တိုကိုယ်တိုင်မွေးမြူရမဲ့အရာတစ်ခုဖြစ်ပါတယ်10. 🗣️Be precise in your speech🗣️
တိတိကျကျစကားပြောပါစကားလုံးတွေဟာ ဓားထက်ပိုထက်ပြီးထိရောက်မှုပိုရှိပါတယ်။ ကျွန်တော်တိုခေါင်းထဲမှာရှိတဲ့စကားလုံးတွေကို အစီအစဉ်တကျမတွေးပဲ ခံစားချက်တွေအတိုင်းပြောမိတဲ့အခါမှာ ခုတ်ရာတခြားရှရာတလွဲဖြစ်တဲ့ အတွေ့အကြုံတွေ ကျွန်တော်တိုအားလုံးမှာကိုယ်စီရှိကြပါတယ်။ စကားလုံးတွေအများကြီးလျှောက်ပြောပြီး ဘာကိုဆိုလိုမှန်းမသိတဲ့အရာကိုရွေးချယ်မလား ? စကားလုံးနည်းနည်းနဲ့ကျွန်တော်တိုပြောချင်တဲ့ အရာကိုတိတိကျကျပြောတာကိုရွေးချယ်မလား ? လူအများစုကတော့ ကိုယ်သိလိုတဲ့အရာကို စကားနည်းနည်းနဲ့ အတိအကျပြောတတ်တဲ့သူကို ပိုခင်မင်ရင်းနှီးတတ်ကြပါတယ်။
11. 🛹Don’t bother children when they are skateboarding🛹
စကိတ်စီးနေတဲ့ကလေးတစ်ယောက်ကိုမနှောင့်ယှက်ပါနဲ့အမှားလုပ်မိမှာကိုစိုးရိမ်တဲ့စိတ် ကျွန်တော်တိုအားလုံးမှာရှိပါတယ်။ ထိခိုက်ဒဏ်ရာရသွားမှာကို ကာကွယ်ချင်တဲ့စိတ်နဲ့ ကလေးတစ်ယောက်စကိတ်စီးနေတာကို သွားတားလိုက်ရင် ဒီကလေးဟာ စကိတ်စီးတတ်တော့မှာမဟုတ်ပါဘူး ။ ဘ၀မှာလည်းကျွန်တော်တို အဆင်မပြေမှာကိုစိုးရိမ်တာနဲ့ Comfort Zone ထဲကရုန်းထွက်ဖို အခွင့်အရေးကို ဘယ်နှစ်ကြိမ်လောက်လက်လွှတ်ခဲ့ပြီးပြီလဲ? စကိတ်စီးရင်းချော်လဲတာကနေ ကလေးတစ်ယောက်ကို ကျွမ်းကျင်အောင်သင်ပေးရသလိုမျိုး ဘ၀မှာကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကနေ ကျွမ်းကျင်မှုကိုသင်ယူပါ။
12. 🐈Pet a cat when you encounter one on the street🐈
လမ်းမှာတွေ့တဲ့ကြောင်တစ်ကောင်ကို ပွတ်သပ်ယုယပါဘ၀ဟာ ခက်ခဲပါတယ်။ ကျွန်တော်တိုဘယ်လောက်ပဲကောင်းအောင်ကြိုးစားကြိုးစား အတားအဆီးတွေနဲ့ အခက်အခဲတွေဟာရပ်တန့်မသွားပါဘူး။ တစ်ခါတစ်ရံမှာကျွန်တော်တိုရဲ့ မွန်းကြပ်နေတဲ့ရုန်းကန်မှုတွေကိုခဏလောက်မေ့ပြီး ကိုယ့်ကြိုးစားမှုကို ကျေနပ်မှုရှိဖိုလိုပါတယ်။ကြောင်တစ်ကောင်ကို ပွတ်သပ်နေတဲ့အချိန်မှာ ရရှိတဲ့ကြည်နူးမှုလိုမျိုး ကျွန်တော်တိုဘေးနားမှာရှိတဲ့ အရာသေးသေးတွေ (သစ်ရွက်ကလေးတွေလှုပ်သံ၊ အပေါ်ကကောင်းကင်တိမ်တွေရွေ့နေတဲ့အရသာ၊ အသားကိုလာထိတဲ့လေအေးအေးလေးတဲ့ခံစားမှု)ကနေ မိမိစိတ်အေးချမ်းမှုကိုဖန်တီးပါ။
ဘ၀ကြီးကသင့်အတွက်အဆင်ပြေနေပြီးတော့ လောကကြီးကသင်လိုချင်သမျှကိုပေးနေတယ်လိုခံစားရရင် ဒီစာအုပ်ကိုမဖတ်ပါနဲ့
ဒီစာအုပ်က ကျွန်တော်တိုနေကာမျက်မှန်မပါပဲ နေကိုကြည့်မိသလို ဘ၀ကိုအမှန်အတိုင်းမြင်ရပြီး Reality ကိုတွေ့ကြုံဖူးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
Messenger ထဲကို စာလေးတစ်ကြောင်းပိုရုံနဲ့ သင်လိုချင်တဲ့ဘ၀တိုးတက်မှုအတွက် လိုအပ်နေတဲ့အမှန်တရားကို ကိုယ်တိုင်ရယူလိုက်ပါ။







Reviews
There are no reviews yet.