Predictably Irrational
23,500 Ks
Why do our headaches persist after we take a one-cent aspirin but disappear when we take a fifty-cent aspirin? Why do we splurge on a lavish meal but cut coupons to save twenty-five cents on a can of soup?
When it comes to making decisions in our lives, we think we’re making smart, rational choices. But are we?
In this groundbreaking New York Times bestseller, Dan Ariely refutes the common assumption that we behave in fundamentally rational ways. From drinking coffee to losing weight, from buying a car to choosing a romantic partner, we consistently overpay, underestimate, and procrastinate. Yet these misguided behaviors are neither random nor senseless. They’re systematic and predictable—making us predictably irrational.
Related products
-
Add to cart
💪 What doesn’t kill you makes you stronger 💪
😢 ကိုယ့်ဘဝကို အပြစ်တင်ခဲ့တယ်။ ဘာလို အဖေ က မိသားစုဝင်တွေကို ရိုက်တာလဲ။ ချမ်းသာတဲ့ မိသားစုက မကြီးပြင်းရတာလဲ၊ ဘာလို အရာရာမှာ နမ့်ကျနေရတာလဲ၊ ဘာလို လူမည်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ရတာလဲ။
🤡 လူတိုင်းမှာ ကိုယ်စီ စိတ်ဒဏ်ရာတွေ ရှိကြတယ်။
✖️ အောက်ခြေမှာ နေရတာကို လူတိုင်း နားမလည်ကြပါဘူး။ ကိုယ်တိုင်က အောက်ခြေမှာ မနေဖူးပဲနဲ့ စာနာပါတယ်၊ သနားပါတယ်၊ နားလည်ပါတယ် လို ပြောစကားတွေက ရင်ဘတ်ထဲမှာ အောင်းနေတဲ့ ဝေသနာတွေကို အမှန်တကယ် မသက်သာစေပါဘူး။ လူတွေကို မုန်းခဲ့တယ်၊ အပြစ်တင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကို လည်း မုန်းခဲ့တယ်။
❓ ဟုတ်တယ်။ ကျွန်တော်တိုမှာ စိတ်ဒဏ်ရာတွေ၊ မုန်းတီးစရာတွေ၊ သိမ်ငယ်မှုတွေ ရှိကြတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ ဒီတိုင်း ဆက်ပြီး နေတော့မှာလား ❓
🏋️♀️ စာရေးဆရာ David Goggins ကတော့ အဆိုးရွားဆုံး ငရဲကနေ တက်လာခဲ့တဲ့ လူတစ်ယောက်၊ အဖက်ဖက်မှာ ကျရှုးနေတဲ့ အခြေအနေတစ်ခုကနေ ထိပ်ဆုံးကို ရောက်အောင် ကြိုးစားခဲ့တဲ့ လူတစ်ယောက်၊ ဘယ်သူ့ကိုမှ အသနား မခံခဲ့ပဲ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ် ရပ်တည်နိုင်ခဲ့တဲ့ လူတစ်ယောက်
သူ့ဘဝရဲ့ အခက်အခဲတွေကို ရင်နှင့်အောင် ခံစားပြီး ရေးသားထားတာမို မလွဲမချော် စာဖတ်သူတွေ ကြိုက်နှစ်သက်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။🔸 Accountability Mirror
ဦးနှောဏ်က ခိုင်းစေတာကို လုပ်နေသမျှ မတိုးတက်နိုင်တဲ့နေရာ တစ်ခုမှာ ရှိနေဦးမှာပါပဲ။
ဒီလို ဖြစ်ဖူးကြလား? မနက် နှိးစက် အသံကို လှမ်းပိတ်လိုက်တယ်။ နောက်ထပ် ၅ မိနစ်လောက် အိပ်လိုက်ရရင် ကောင်းမယ်လို တွေးနေချိန် ၁ နာရီလောက် အိပ်ပျော်သွားတယ်။
ဝိတ်ချမယ်၊ အစားလျော့မယ်၊ အားကစား လုပ်မယ် တွေးပြီး အချိန်တွေသာ ကုန်သွားတယ် ဘာမှ ဖြစ်မလာဘူး။ကျွန်တော်တိုတွေက လက်ရှိ အမှန်တကယ် ဖြစ်နေတဲ့ အရာတွေကို မမြင်နိုင်ပဲနဲ့ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာပဲ ရှိနေတတ်တယ်။ စောစော ထ မယ် စဉ်းစားလိုက်၊ ပြန် အိပ်လိုက်၊ ဝိတ်ချမယ် စဉ်းစားလိုက်၊ ည ဘက်ကြီး ခေါက်ဆွဲပြုတ်တွေ ထ စားလိုက်နဲ့ ဦးနှောဏ်ခိုင်းစေမှုရဲ့ ကျွန်တွေ ဖြစ်နေကြတယ်။
David Goggins ကတော့ မှန် ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ မကြိုက်နှစ်သက်တဲ့ အရာတွေကို မညှာမတာ ပြောတယ်။ ပြီးရင်တော့ ဘယ်လို ကောင်းအောင် ပြောင်းလဲရမလဲ လို စဉ်းစားတယ်။ နေ့တိုင်းပြောတယ်။ တကယ် အကောင်အထည်ဖော်တယ်။ အဆင်မပြေတဲ့အရာတွေကို ကိုယ့်ကိုယ်ကို သနားညှာတာနေတာမျိုး မလုပ်ဘူး။
🔸 What if
David Goggins က Visualization လုပ်တဲ့နေရာမှာ တော်တယ်။ တကယ်လိုများ သူက Kilo 100 ပြေးနိုင်ခဲ့ရင် ဘယ်လို ခံစားရမလဲ? ပြေးပြီးလို အောင်မြင်သွားတဲ့ အချိန်မှာ ခံစားရမယ့် အနှစ်သာရ အကုန်လုံးကို ပုံဖော်ပြီး တစ်စိမ့်စိမ့် ခံစားတယ်။ ပြီးရင် ဖြစ်အောင် လုပ်တယ်။
ခက်ခဲတဲ့အရာတစ်ခု လုပ်ခါနီးတိုင်း “What if ဘယ်လို ခံစားရမလဲ” လို ပုံဖော်ပြီး စတင် လုပ်ဆောင်လေ့ရှိတယ်။
🔸 40% Rule
David Goggins က Kilo 100 အကွာအဝေး ပြေးနေတဲ့ အချိန်မှာ ကီလို ၇၀ ရောက်တော့ ခြေထောက် ၂ ဖက် စလုံးက အရိုးသေးသေးလေးတွေက ကျိုးကြေနေပြီ။ ခြေသည်းခွံတွေလည်း အကုန်နီးပါး လန် ကုန်ပြီ။ အဲ့ဒီ့အချိန်မှာ သူ့ကိုယ်သူ မေးလိုက်တယ်။ “တကယ်လိုများ Kilo 100 ပြေးနိုင်ခဲ့ရင် ဘယ်လို ခံစားရမလဲ” လို။ ပြီးတော့ ၁၀၁ ကီလို ရောက်တဲ့အထိ ပြေးနိုင်ခဲ့တယ်။ လူတွေက သူတို ခွန်အားရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာ အရှုးပေးတတ်ကြတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနိုင်ဖို နည်းလမ်းတွေ ခွန်အားတွေ ရှာဖွေဖို မသိကြဘူး။
🦸♂️ David Goggins က ငယ်ငယ်ကတည်းက သူ့အဖေရဲ့ Abuse လုပ်ခံခဲ့ရပြီး အဆိုးရွားဆုံး ငရဲတွေကို တစ်ယောက်တည်း ခွန်အားနဲ့ ကျော်ဖြတ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၁၇ နာရီအတွင်းမှာ အကြိမ်ရေ “4030” Pull up လုပ်ခဲ့ပြီး Real-life Superman လို တင်စားခံရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Trauma တွေကို လေ့လာပြီး သူ့ဆီက သင်ခန်းစာတွေ အများကြီး သင်ယူရပါစေ။
-
Add to cart
🤔ဘာကြောင့်လူအများစုက သာမာန်ဘ၀မှာ နေထိုင်နေကြတာလဲ ?
👶💭မှတ်မိကြသလား???
ငယ်ငယ်တုန်းက အိမ်မက်တွေရည်မှန်းချက်တွေအများကြီးရှိခဲ့ကြတယ်လေ
ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှဒီရည်မှန်းချက်တွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်ပြီး လူအုပ်ကြီးထဲမျောပါရင်း သာမာန်လူတစ်ယောက်ဘာကြောင့်ဖြစ်နေတာလဲ?
အဖြေကတော့ ကျွန်တော်တို့ရဲ့ ပုံမှန်တွေးခေါ်မှုစနစ် (Default Thinking System) ကြောင့်ပါ။ ဒီစနစ်က ကျွန်တော်တို့ကို အလိုအလျောက် ထိန်းချုပ်ထားပြီး အောက်ပါအတိုင်း တွေးခေါ်စေပါတယ်။
🧠အတ္တကိုဦးစားပေးခြင်း ( Ego over evidence ): အထောက်အထားထက် ကိုယ့်အထင်ကိုပဲယုံကြည်တာ ။
⚡မြန်မြန်ပြီးဖို့ပဲအရေးကြီးတယ် ( Speed over accuracy): တိကျမှုထက် အလျင်စလိုလုပ်ဖို့ အားသန်တာ။
🛌သက်တောင့်သက်သာပဲ လိုချင်တယ် (Comfort over discomfort): အခက်အခဲမရှိပဲ လွယ်ကူတာပဲလုပ်ချင်တာ။
👥အမှန်တရားထက် လူအများလက်ခံတာပဲလိုက်လုပ်တာ (Conformity over truth): ကိုယ့်အတွေးအခေါ်ထက်လူများပြောတာကိုလိုက်လုပ်တာ
စတဲ့ Default Thinking System ရဲ့လွှမ်းမိုးမှုအောက်မှာ Autopilot နဲ့နေထိုင်ကြရတယ်။
🤯 ဘာမဟုတ်တဲ့ပြသနာလေးတွေအတွက် နေ့တိုင်းခေါင်းခြောက်နေတဲ့လူတွေကိုမြင်ဘူးသလား ? ဒီ Autopilot ဟာစိတ်ရှုပ်ထွေးမှုကိုဖြစ်ပေါ်စေပြီး မှန်ကန်တဲ့အရာကိုတွေးခေါ်နိုင်ဖို့ထက် ထပ်တလဲလဲစဉ်းစားတွေးခေါ်မှုမှာအထိုင်ကျနေတဲ့အရာတစ်ခုဖြစ်တယ်။
🚀 Autopilot ကနေလွတ်မြောက်ပြီး ကြည်လင်ရှင်းလင်းတဲ့အတွေးအခေါ်နဲ့ ရှင်းလင်းပြတ်သားတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက်
🧠Neural Network ကိုတည်ဆောက်တာ
📝 Decision Making Process ကိုစနစ်တကျတည်ဆောက်တာ
🔍High Fidelity (HiFi) နဲ့ High Expertise (HiEx) တို့ကိုအသုံးချနိုင်ဖို့လေ့လာရပါမယ်။
🧠Neural Network ကိုတည်ဆောက်ဖို့အတွက်
📌သတိတရား (Awareness): ကိုယ့်အတွေးတွေကို သတိထားခြင်း
📌ခေတ္တရပ်တန့်ခြင်း (Pause): အလျင်စလို မဆုံးဖြတ်ခြင်း
📌ရှင်းလင်းစွာ တွေးခေါ်ခြင်း (Clarity): ရှုပ်ထွေးမှုကို ရှင်းအောင်လုပ်ခြင်း
📌စည်းကမ်းရှိခြင်း (Discipline): ရည်မှန်းချက်ကို ဆက်တိုက်အရောက်လှမ်းခြင်း
စတဲ့အရာတွေကို စဉ်ဆက်မပြတ်တိုးတက်အောင်လေ့ကျင့်ရပါမယ်။
📝Decision Making လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်းဟာ အလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။
📍ပြဿနာကိုသတ်မှတ်ခြင်း
📍ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကိုစူးစမ်းခြင်း
📍ဖြေရှင်းချက်ကို ရွေးချယ်ခြင်း
📍အကောင်းဆုံးအဖြေကိုအကောင်အထည်ဖော်ခြင်းစတဲ့
အောက်ကအဆင့်လေးဆင့်ကို ဆုံးဖြတ်ချက်တိုင်းအတွက် ဦးနှောက်ကဖြတ်ကျော်ရပါတယ်။
🔍High Fidelity(HiFi) နဲ့ High Expertise (HiEx)ကိုလေ့ကျင့်ခြင်း
💎အမှန်တရားကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ High Fidelity(HiFi) ကိုပိုင်ဆိုင်ဖို့အတွက်
🔺အချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။
🔺မိမိ၏ အယူအဆများနှင့် အမှားများကို ပြန်လည်စစ်ဆေးပါ။
🔺အခြားသူများ၏ ရှုထောင့်များကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပါ။
🔺ဖြစ်ရပ်တစ်ခုကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပါ။
💎အတွေ့အကြုံမှ ရလာတဲ့ ကျွမ်းကျင်မှု ဖြစ်တဲ့ High Expertise(HiEx) ကိုရရှိဖို့
🔺လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သူများထံမှ သင်ယူပါ။
🔺လက်တွေ့လုပ်ဆောင်ခြင်းမှ အတွေ့အကြုံများရယူပါ။
🔺အမှားများမှ သင်ခန်းစာယူပါ။
🔺မိမိ၏ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြုပြင်ပါ။
✨HiFi နဲ့ HiEx ပေါင်းစပ်တွေးခေါ်နိုင်တဲ့အချိန်မှာသင့်အတွေးတွေဟာ အစွမ်းထက်လာပါလိမ့်မယ်။
“သင့်ရဲ့ အတွေးအခေါ်ကို သင်ကိုယ်တိုင် ထိန်းချုပ်နေသလား၊ ဒါမှမဟုတ် သင့်ရဲ့ အတွေးအခေါ်က သင့်ကို ထိန်းချုပ်နေတာလား?” 🚀🚀🚀
လူအများစုနစ်မွန်းနေတဲ့ Mediocrity (သာမာန်ဘောင်) ကနေရုန်းထွက်ပြီး ကိုယ်ပိုင် System နဲ့ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိတဲ့ ဆုံးဖြတ်ချက်ကိုပိုင်ဆိုင်နိုင်ဖို့ Shane Parrish ရဲ့ Clear Thinking ကိုလက်ဝယ်ပိုင်ဆိုင်လိုက်ပါ။
-
Add to cart
🌸🌸High Productivity သမားတိုင်းရဲ့လျှိဝှက်ချက်, Flow နဲ့အတူနေထိုင်ခြင်း
အလုပ်တစ်ခုထဲမှာစိတ်နှစ်ပြီး အချိန်တွေကုန်လိုကုန်သွားမှန်းမသိတဲ့ခံစားချက်ကိုသိသလား ?
ဒါကို Flow State လိုခေါ်ပြီး အားကစားသမားတွေ၊ Entrepreneur တွေ ၊ Professional တွေနဲ့ အနုပညာသမားတွေ အများကြီးအသုံးပြုကြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။💮Flow Stateထဲရောက်နေတဲ့အချိန်မှာ
✔️အချိန်ဘယ်လိုကုန်သွားမှန်းမသိတာ
✔️အားမစိုက်ထုတ်ရပဲအလုပ်တွေအများကြီးပြီးနိုင်တာ
✔️အခက်အခဲတွေက Pressure မတက်ပဲနဲ့ပျော်စရာကောင်းတဲ့ခံစားချက်
✔️အလုပ်ကို ရာနှုန်းပြည့်အာရုံစိုက်ပြီး နှောင့်ယှက်မှုတွေဝင်မလာနိုင်အောင် လုပ်နိုင်တာစတဲ့အရာတွေကို automatic ပြုလုပ်နိုင်ပါတယ်။စာရေးသူ Mihaly Csikszentmihalyi က အလုပ်ကို ကျေနပ်အားရစွာနဲ့ အားမစိုက်ပဲ ရည်ရွယ်ချက်ပြည့်အောင်လုပ်ဆောင်နိုင်တဲ့ Mind/Body state ကို Flow လိုအမည်တပ်ခဲ့ပါတယ်။ ဒါဟာ ကျေနပ်မှု၊ Productivity ကောင်းမွန်မှု၊ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတိုရဲ့သော့ချက်လည်းဖြစ်ပါတယ်။
🌺Flow State ဟာ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှရနိုင်တဲ့ Skill တစ်ခုမဟုတ်ပါဘူး။ကျွန်တော်တိုနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်နေရင်းနဲ့တောင် Flow State ကို အလိုလိုရောက်ရှိသွားတာကို ကိုယ်တိုင်သတိထားမိမှာပါ။
Flow state ကိုရဲ့လျိုဝှက်ချက်အချိုကို အောက်မှာလေ့လာကြည့်ရအောင်📊Challenge-Skill Quadrant
Challenge-Skill Quadrant ဟာ မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုဟာ သင့်စိတ်အပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုရှိလဲဆိုတာကိုဖော်ပြထားပါတယ်။
ဒီ Quadrant ကို
1. Boredom
2. Anxiety
3. Apathy
4. Flow ဆိုတဲ့ ရိုးရှင်းတဲ့အပိုင်းလေးမျိုးနဲ့ကြည့်နိုင်ပါတယ်။1.Boredom (ပျင်းရိခြင်း – Challenge နိမ့်, Skill မြင့်)
ဥပမာ- အရမ်းလွယ်နေတဲ့အခက်အခဲတွေကိုဖြေရှင်းရတာ
ကျွန်တော်တို တတ်မြောက်ထားတဲ့ Skill ထက်အရမ်းနိမ့်တဲ့ Challenge ကိုဖြေရှင်းရတဲ့အချိန်မှာ အလုပ်ကစိတ်ဝင်စားစရာမကောင်းတဲ့အတွက်ပျင်းဖိုကောင်းလာတတ်ကြပါတယ်။
ပြင်ဆင်ဖို-ရှုပ်ထွေးမှုနဲ့ ပုံမှန်မဟုတ်တဲ့ Target တွေ(ဥပမာ-အချိန်ကန့်သတ်တာ)ချမှတ်ပြီး စိတ်ဝင်စားအောင်လုပ်ပါ2.Anxiety ( စိုးရိမ်စိတ် – Challenge မြင့်, Skil နိမ့်)
ဥပမာ-ကျွမ်းကျင်မှုမရှိသေးတဲ့အလုပ်တစ်ခုကို တာဝန်ယူပြီးလုပ်ခိုင်းတာ
သင့်ကို အခုချိန်မှာစာလုံးရေငါးထောင်ရှိတဲ့ Research paper တစ်ခုကို တစ်ရက်အတွင်းအပြီးရေးပြီး Presentation လုပ်ရမယ်ဆိုရင် အလုပ်စဖိုထက် စိုးရိမ်စိတ်ကများပြီး စိတ်ဖိစီးမှုဒဏ်ကိုခံစားရမှာပါ။
ပြင်ဆင်ဖို-ဒီစိန်ခေါ်မှုတွေကို သေးငယ်တဲ့ စိန်ခေါ်မှုသေးသေးလေးတွေအဖြစ်ခွဲထုတ်ပြီး အနိုင်သေးသေးလေးတွေကနေ သင့်စွမ်းရည်ကိုတဖြည်းဖြည်းချင်းမြှင့်တင်ပါ။3.Apathy (စိတ်ဝင်စားမှုမရှိတာ – Challenge နိမ့်, Skill နိမ့်)
ဥပမာ- Skill မလိုတဲ့အလုပ်တစ်ခုကို စိတ်မပါပဲလုပ်ရတာကို Apathy လိုခေါ်ပါတယ်
အလုပ်အတွက်တကယ်အရေးမပါတဲ့Meeting တစ်ခုကိုတက်ရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်မျိုးနဲ့တူပါတယ်။ရှိနေတဲ့သူတွေကအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေ၊ ကိုယ်ကလည်းထထွက်သွားလိုမရ၊ သူ့အတွက်ကိုယ့်အတွက်လည်းအကျိုးမရှိတဲ့အလုပ်လုပ်နေတဲ့အချိန်မှာ ဒါကိုခံစားရပါတယ်။
ပြင်ဆင်ဖို-သင့်စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ စိန်ခေါ်မှုတွေကိုရှာဖွေပါ။4.Flow ( Flow State- Challenge မြင့်,Skill မြင့် )
သင်ကျွမ်းကျင်မှုနဲ့ စိန်ခေါ်မှုဟာလိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့အခြေအနေကို Flow State လိုခေါ်ပါတယ်။
ဥပမာ-ကိုယ်နဲ့အတွေးချင်းတူတဲ့လူတစ်ယောက်နဲ့ Idea တစ်ခုကို ယှဉ်ပြိုင်ဆွေးနွေးရသလိုမျိုးပေါ့။
ဘောလုံးသမားတစ်ယောက်ဆီကို ဘောလုံးရောက်သွားသလို၊ အဆိုတော်တစ်ယောက် Mic ရှေ့ရောက်သွားသလိုဖြစ်တဲ့ခံစားမှုမျိုးပါ။ ဒီstate မှာ အရာအားလုံးက လိုက်လျောညီထွေဖြစ်မှုနဲ့ သဘာ၀တရားနဲ့ကိုက်ညီမှုကိုခံစားရမှာပါ။
တိုးတက်ဖို-Flow State ဖြစ်ပြီးတဲ့ အချိန်မှာ ဒီstate ကိုရောက်စေတဲ့ Flow Trigger တွေကိုပြန်ဆန်းစစ်ပြီး မှတ်သားထားပါ။ဒါ့အပြင် Flow Psychology ဟာ
⚖️Yerkes Dodson law ( Stress နဲ့ Productivity ရဲ့အပြန်အလှန်အကျိုးသက်ရောက်မှု)
⚖️Parkinson’s Law ( အချိန်နဲ့ အလုပ်ရဲ့ဆက်နွယ်မှု )
⚖️The Goldilocks Principle ( စိန်ခေါ်မှုနဲ့ကျွမ်းကျင်မှုရဲ့ ချိတ်ဆက်ပုံ)
⚖️Hick’s Law ( ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်) စတဲ့ ဥပဒေသတွေနဲ့ အပြန်အလှန်ချိတ်ဆက်ကိုက်ညီမှုတွေရှိနေပါတယ်။🎖️Flow Proneness, VUCA, Flow Food, Flow Schedule စသည်ဖြင့် Flow နဲ့ပက်သက်တာတွေအကုန်ရေးရင် စာအရမ်းကြီးရှည်သွားမှာဖြစ်တဲ့အတွက် စာအုပ်သာဝယ်ဖတ်လိုက်ဖိုတိုက်တွန်းချင်ပါတယ် 😁။Enterpreneur, Leader တွေ Productivity တက်အောင်၊ အလုပ်မှာကျေနပ်အောင်၊ ဘ၀မှာပျော်ရွှင်အောင် သုံးနေကျပြီး သင့်ဘ၀ကိုရေရှည်အကျိုးသက်ရောက်မှုဖြစ်စေမယ့် Flow Psychology ကိုလေ့လာနိုင်ဖို ဒီစာအုပ်ကလေးကိုအခုချက်ခြင်းလေ့လာကြည့်လိုက်တော့နော်
-
Add to cart
🏢 ဝန်ထမ်းဘဝကို ငြီးငွေ့နေပြီလား။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေပြီလား။ သိုသော်လည်း မစွန့်စားရဲမှု၊ ငွေကြေးမလုံလောက်မှု၊ အခြားခြားသောအကြောင်းပြချက်တွေနဲ့ နှောင့်နှေးနေတုန်းပဲလား။
📙 The $100 Startup စာအုပ်က သင့်ကို 9 to 5 ဝန်ထမ်းဘဝကနေလွတ်အောင် သင့်ရဲ့ passion, skill ပေါင်းစပ်ပြီး ဒေါ်လာ၁၀၀ ဝန်းကျင် အရင်းအနှီးလောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတည်ထောင်နိုင်အောင် ပြောပြပေးမှာပါ။
“Plans are only good intentions unless they immediately degenerate into hard work.”
– Chris Guillabeau📚 The $100 Startup စာအုပ်က Chris Guillebeau ရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ဖိုအတွက် ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ အရင်းအနှီး ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ငွေများများရှာခဲ့တဲ့ လူ ၁၅၀၀ ရဲ့အကြောင်းများအနက် စိတ်ဝင်စားစရာအကောင်းဆုံး case အခု ၅၀ ကို ယခုစာအုပ်မှာ ထုတ်နုတ်ထားပါတယ်။
📃 သူ့ရဲ့case study တွေအရ Chris က သင်ဆိုဖာပေါ်ကနေပဲ သင့်ရဲ့ passion, skill တွေနဲ့ income ရှာဖွေနိုင်တဲ့ step-by-step framework ကို ယခုစာအုပ်မှာ တင်ပြထားပါတယ်။ သင်စတင်နိုင်ဖို ဒီစာအုပ်ကနေရမယ့်သင်ခန်းစာတွေထဲက (၃)ခု ဖော်ပြလိုက်ပါတယ်။
◾️ ပထမတစ်ခုက passion က equation ရဲ့သုံးပုံတစ်ပုံပဲရှိပါသေးတယ်။ သင် skill တွေရယ်၊ customer တွေ လိုပါသေးတယ်။ ကိုယ့်မှာရှိတဲ့ skill တွေနှင့် ကိုယ့် passion ကိုက်ညီမှုရှိရပါမယ်။ ပြီးတော့အဲ့ skill တွေနဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ နောက်တော့ customer တွေ သင့်ကို ဒီအတွက်ငွေပေးသွားမှာပါ။
◾️ ဒုတိယတစ်ခုက low cost မှာ အာရုံစိုက်ပြီး သင့်ရဲ့ဝါသနာကို အမြတ်ရှိတဲ့လုပ်ငန်းတစ်ခု တည်ထောင်ရမယ်။ တစ်ယောက်ယောက်က ငွေမပေးချေသရွေ့တော့ သင့်ရဲ့ passion business က ဝါသနာအနေနဲ့ပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းရဲ့ funding, income ကိုမြှင့်ပြီး cost ကို လျှော့ချနိုင်အောင် ကြိုးစားနေရမှာပါ။
◾️ တတိယတစ်ခုက action always beats planning ပါ။ ဒါကြောင့် သင့် plan တွေကို အတတ်နိုင်ဆုံး simple ဖြစ်အောင်လုပ်ပါ။ သင့်ရဲ့business plan ကို စာရွက်တစ်ရွက်ထဲနဲ့ပြီးအောင် အတတ်နိုင်ဆုံးအရိုးရှင်းဆုံး ပြုလုပ်ပါ။ သင်ဘာကိုရောင်းမှာလဲ၊ ဘယ်သူ့ကိုလဲ၊ သူတိုက သင့်ပစ္စည်းကိုဘာကြောင့်ဝယ်ယူရမှာလဲ၊ ပြီးတော့သင်ဘယ်လိုငွေပေးချေခံရမလဲ စတဲ့အရာတွေမှာ အာရုံစိုက်ပြီး မေးခွန်းတွေထုတ်ပါ။ဥပမာ- ကိုယ်က မွေးခါစကလေးငယ်တွေနဲ့ အလုပ်မအားလပ်တဲ့ single mom တွေကို ဒီအချိန်အခိုက်အတွင်းမှာ သူတိုကိုယ်အလေးချိန်ကို ထိန်းသိမ်းလျော့ချနိုင်အောင် custom diet plans တွေကို တစ်လ ဒေါ်လာ၅၀ နဲ့ PayPal payment နဲ့ ရောင်းမယ်ပေါ့။
❔ ဘယ်သူတွေဖတ်သင့်လဲ။
✔️ ငယ်စဉ်ကတည်းက တစ်ခုခုကို စတင်တည်ထောင်ချင်တဲ့လူငယ်တွေ၊
✔️ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ချင်သော်လည်း စွန့်စားရမှာမလိုလားသူတွေ၊
✔️ side project ကိုလုပ်ဖို စီစဉ်နေပြီး အလုပ်မဖြစ်သေးသူတွေ ဖတ်သင့်ပါတယ်။“Thoughtful, funny, and compulsively readable, this guide shows how ordinary people can build solid livings, with independence and purpose, on their own terms”
– Gretchen RubinTitle- The 100$ Startup
Author- Chris Guillebeau
Price – 21,500 MMK (Premium++ Quality, Hard Cover, Creamy Paper)







Reviews
There are no reviews yet.