Homo Deus: A Brief History of Tomorrow
29,500 Ks
🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ – Homodeus: A Brief History of Tomorrow
မရဏတရားကိုအနိုင်ယူနိုင်ပြီး အသက်ရှင်သန်ဖိုအတွက် ပူပန်စရာမလိုတော့တဲ့အနာဂတ်မှာ လူတွေကပျော်ရွှင်မှုနောက်လိုက်ကြမှာလား ? အဓိပ္ပါယ်ရှိတဲ့အရာတွေနောက်လိုက်ကြမလား ? အနာဂတ်ရဲ့ ကန့်လန့်ကာအနောက်မှာ AI နဲ့ ကျွန်တော်တို လူသားတွေ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ? တိုးတက်မှုနဲ့တကွ ရရှိလာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။
Related products
-
Add to cart
🌍လောကဓံကိုရင်ဆိုင်ဖိုအတွက်ပဲ အချိုသောသူတွေဟာ အသက်ရှင်ကြရတယ်။
သူများတွေထက် သတ္တိရှိလို၊ သူမတူအောင် ခွန်အားကြီးလို သူတိုဟာ လောကဓံကိုရင်ဆိုင်ရတာမဟုတ််ကြဘူး⛓️သူတိုမှာ မဆုတ်မနစ်တဲ့ဇွဲတစ်ခု ရှိရမယ်လို လောကကြီးက သတ်မှတ်ထားတယ်။
သံမဏိလိုမာကြောတဲ့နှလုံးသားနဲ့ မီးတောင်တစ်ခုလိုဆူပွက်နေတဲ့ မီးလျှံတွေသူတိုသွေးကြောထဲမှာ ပိုင်ဆိုင်ပြီး သူတိုထက်အားနည်းတဲ့သူတွေကိုကာကွယ်ပေးနိုင်တဲ့အင်အားရှိအောင် လောကကြီးကသူတိုကို အကြိမ်ကြိမ်ဖျက်ဆီးတယ်၊ အခေါက်ပေါင်းများစွာနင်းခြေတယ်။💔ကြိမ်ဖန်များစွာဖျက်ဆီးခံရပြီး အမြဲရုန်းကန်ရတဲ့သူတို အတွက်တော့
ဒါက သူတိုရွေးချယ်ခဲ့တဲ့ ဘ၀တော့မဟုတ်ခဲ့ဘူး။
တစ်ခါတစ်ရံမှာ သူတိုလက်မြှောက်အရှုးပေးချင်ကြလိမ့်မယ်။
တစ်ခါတစ်ရံမှာ သူတိုမျက်ရည်ကျချင်ကြလိမ့်မယ်💪ဒါပေမယ့် ..
ဒဏ်ရာများစွာနဲ့နာကျင်နေတဲ့နှလုံးသားကိုသယ်ဆောင်ပြီး သူတိုတန်ဖိုးထားတဲ့အရာတွေကိုကာကွယ်ဖိုအတွက်
သူတိုအခုချိန်အထိကြံ့ကြံ့ခံဆဲ…
ကြိုးစားနေဆဲ
ရုန်းကန်နေဆဲ ပဲ..💖နာကျင်နှလုံးသားတွေ အတွက်
ခွန်အားဖြည့်ဖို
ခွန်အားပြည့်ဖို
နှလုံးသားအာဟာရ ရသစာများ Chicken Soup For the Soul -
Add to cart
An inquiry into what it is about our experiences and cultures that brings out the differences and reveals the similarities in us as humans beings, in the vein of Malcolm Gladwell and Daniel Kahneman.
Jacob Burak is on a quest to answer the question “are we as human beings, who are separated by different cultures and experiences, similar or different?” Through the lens of behavioural studies, we see how, while our approaches differ and often conflict, we all strive for similar things: love, acceptance, power and understanding. How to Find a Black Cat in a Dark Room offers the latest scientific studies of human behaviour alongside accessible anecdotes to examine the universal human experiences of comparing ourselves to others, the need to belong, the urge to achieve and the anxiety and uncertainty of life itself.
More importantly, Burak shows us how, in understanding these behavioural patterns, we learn that we are actually more alike than we are different; that our rivals often make us stronger; and that being trusting can help us live longer. With his inquisitive nature, logical thinking and engaging style, Burak examines whether it is destiny or personality that controls our lives, through intriguing subjects such as:• What are the ten rules for happiness that are entirely under our control?
• Why do smart people make stupid mistakes?
• What distinguishes bureaucrats and entrepreneurs?
• What are the psychological differences between liberals and conservatives?
• In what circumstances is it right to surrender our privacy?
• Does it pay to trust people? -
Add to cart
🤔ဘာကြောင့်လူအများစုက သာမာန်ဘ၀မှာ နေထိုင်နေကြတာလဲ ?
👶💭မှတ်မိကြသလား???
ငယ်ငယ်တုန်းက အိမ်မက်တွေရည်မှန်းချက်တွေအများကြီးရှိခဲ့ကြတယ်လေ
ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှဒီရည်မှန်းချက်တွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်ပြီး လူအုပ်ကြီးထဲမျောပါရင်း သာမာန်လူတစ်ယောက်ဘာကြောင့်ဖြစ်နေတာလဲ?
အဖြေကတော့ ကျွန်တော်တို့ရဲ့ ပုံမှန်တွေးခေါ်မှုစနစ် (Default Thinking System) ကြောင့်ပါ။ ဒီစနစ်က ကျွန်တော်တို့ကို အလိုအလျောက် ထိန်းချုပ်ထားပြီး အောက်ပါအတိုင်း တွေးခေါ်စေပါတယ်။
🧠အတ္တကိုဦးစားပေးခြင်း ( Ego over evidence ): အထောက်အထားထက် ကိုယ့်အထင်ကိုပဲယုံကြည်တာ ။
⚡မြန်မြန်ပြီးဖို့ပဲအရေးကြီးတယ် ( Speed over accuracy): တိကျမှုထက် အလျင်စလိုလုပ်ဖို့ အားသန်တာ။
🛌သက်တောင့်သက်သာပဲ လိုချင်တယ် (Comfort over discomfort): အခက်အခဲမရှိပဲ လွယ်ကူတာပဲလုပ်ချင်တာ။
👥အမှန်တရားထက် လူအများလက်ခံတာပဲလိုက်လုပ်တာ (Conformity over truth): ကိုယ့်အတွေးအခေါ်ထက်လူများပြောတာကိုလိုက်လုပ်တာ
စတဲ့ Default Thinking System ရဲ့လွှမ်းမိုးမှုအောက်မှာ Autopilot နဲ့နေထိုင်ကြရတယ်။
🤯 ဘာမဟုတ်တဲ့ပြသနာလေးတွေအတွက် နေ့တိုင်းခေါင်းခြောက်နေတဲ့လူတွေကိုမြင်ဘူးသလား ? ဒီ Autopilot ဟာစိတ်ရှုပ်ထွေးမှုကိုဖြစ်ပေါ်စေပြီး မှန်ကန်တဲ့အရာကိုတွေးခေါ်နိုင်ဖို့ထက် ထပ်တလဲလဲစဉ်းစားတွေးခေါ်မှုမှာအထိုင်ကျနေတဲ့အရာတစ်ခုဖြစ်တယ်။
🚀 Autopilot ကနေလွတ်မြောက်ပြီး ကြည်လင်ရှင်းလင်းတဲ့အတွေးအခေါ်နဲ့ ရှင်းလင်းပြတ်သားတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက်
🧠Neural Network ကိုတည်ဆောက်တာ
📝 Decision Making Process ကိုစနစ်တကျတည်ဆောက်တာ
🔍High Fidelity (HiFi) နဲ့ High Expertise (HiEx) တို့ကိုအသုံးချနိုင်ဖို့လေ့လာရပါမယ်။
🧠Neural Network ကိုတည်ဆောက်ဖို့အတွက်
📌သတိတရား (Awareness): ကိုယ့်အတွေးတွေကို သတိထားခြင်း
📌ခေတ္တရပ်တန့်ခြင်း (Pause): အလျင်စလို မဆုံးဖြတ်ခြင်း
📌ရှင်းလင်းစွာ တွေးခေါ်ခြင်း (Clarity): ရှုပ်ထွေးမှုကို ရှင်းအောင်လုပ်ခြင်း
📌စည်းကမ်းရှိခြင်း (Discipline): ရည်မှန်းချက်ကို ဆက်တိုက်အရောက်လှမ်းခြင်း
စတဲ့အရာတွေကို စဉ်ဆက်မပြတ်တိုးတက်အောင်လေ့ကျင့်ရပါမယ်။
📝Decision Making လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်းဟာ အလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။
📍ပြဿနာကိုသတ်မှတ်ခြင်း
📍ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကိုစူးစမ်းခြင်း
📍ဖြေရှင်းချက်ကို ရွေးချယ်ခြင်း
📍အကောင်းဆုံးအဖြေကိုအကောင်အထည်ဖော်ခြင်းစတဲ့
အောက်ကအဆင့်လေးဆင့်ကို ဆုံးဖြတ်ချက်တိုင်းအတွက် ဦးနှောက်ကဖြတ်ကျော်ရပါတယ်။
🔍High Fidelity(HiFi) နဲ့ High Expertise (HiEx)ကိုလေ့ကျင့်ခြင်း
💎အမှန်တရားကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ High Fidelity(HiFi) ကိုပိုင်ဆိုင်ဖို့အတွက်
🔺အချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။
🔺မိမိ၏ အယူအဆများနှင့် အမှားများကို ပြန်လည်စစ်ဆေးပါ။
🔺အခြားသူများ၏ ရှုထောင့်များကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပါ။
🔺ဖြစ်ရပ်တစ်ခုကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပါ။
💎အတွေ့အကြုံမှ ရလာတဲ့ ကျွမ်းကျင်မှု ဖြစ်တဲ့ High Expertise(HiEx) ကိုရရှိဖို့
🔺လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သူများထံမှ သင်ယူပါ။
🔺လက်တွေ့လုပ်ဆောင်ခြင်းမှ အတွေ့အကြုံများရယူပါ။
🔺အမှားများမှ သင်ခန်းစာယူပါ။
🔺မိမိ၏ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြုပြင်ပါ။
✨HiFi နဲ့ HiEx ပေါင်းစပ်တွေးခေါ်နိုင်တဲ့အချိန်မှာသင့်အတွေးတွေဟာ အစွမ်းထက်လာပါလိမ့်မယ်။
“သင့်ရဲ့ အတွေးအခေါ်ကို သင်ကိုယ်တိုင် ထိန်းချုပ်နေသလား၊ ဒါမှမဟုတ် သင့်ရဲ့ အတွေးအခေါ်က သင့်ကို ထိန်းချုပ်နေတာလား?” 🚀🚀🚀
လူအများစုနစ်မွန်းနေတဲ့ Mediocrity (သာမာန်ဘောင်) ကနေရုန်းထွက်ပြီး ကိုယ်ပိုင် System နဲ့ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိတဲ့ ဆုံးဖြတ်ချက်ကိုပိုင်ဆိုင်နိုင်ဖို့ Shane Parrish ရဲ့ Clear Thinking ကိုလက်ဝယ်ပိုင်ဆိုင်လိုက်ပါ။
-
Add to cart
အပြင်မှာမိုးဖွဲဖွဲလေးရွာနေတယ်။
သောက်နေတဲ့ကော်ဖီနွေးနွေးလေးက အငွေ့တွေတော့မပျယ်သေးဘူး။
တဖြောက်ဖြောက်နဲ့မှန်ပြတင်းကိုထိနေတဲ့ မိုးစက်အသံလေးတွေက သင့်ကိုငြိမ်းချမ်းစေတယ်။
သင့်စာအုပ်ထဲမှာ Schedule တွေ ပြည့်နှက်နေပေမယ့် ဒါတွေကစိတ်ပူစရာလို့မြင်စရာကိုမလိုတော့တာ။
Productivity တိုးတက်ဖို့ဆိုတာ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနေစရာမလိုဘူးဆိုတာကို သဘောပေါက်ပြီးတဲ့နောက် ဖွင့်ထားတဲ့ Lofi သီချင်းလေးလို အလုပ်တွေကိုအေးအေးချမ်းချမ်း စီမံခန့်ခွဲပြီး ဘ၀ကိုကျေနပ်နိုင်လာတယ်။
📖📖📖📖📖
“အစ်ကို့ကိုကြည့်ရင် Pressure မရှိသလိုပဲ ငြိမ်းချမ်းလိုက်တာ ,အစ်ကို့အလုပ်တွေကိုဘယ်လိုစီမံခန့်ခွဲလဲ?” Junior Executiveတစ်ယောက်ရဲ့ မေးခွန်းကြောင့် ကျွန်တော့်ကော်ဖီခွက်ကို ခုံပေါ်ပြန်ချလိုက်တယ်။
“Pressure မရှိတာမဟုတ်ဘူးကွ၊ ဘယ်နေရာမှာစိတ်ပူပြီး ဘယ်နေရာမှာစိတ်ပူစရာမလိုဘူး ဆိုတာကို အမြဲဆန်းစစ်ရတာ, ဒါကြောင့်လည်းအခု ငါကော်ဖီဆိုင်ထိုင်နေနိုင်တာပေါ့ ။ ငါစိတ်မပူခင်မှာလုံလောက်တဲ့ဆင်ခြေရှိလားဆိုတာကိုအရင်မေးတယ်၊ ဆင်ခြေမရှိတဲ့အလုပ်တွေအတွက် ငါဘာမှခေါင်းခဲစရာမလိုဘူးလေ။”
သူခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း ကျွန်တော့်စကားအဆုံးမှာ
“အဲ့ဒါကိုအစ်ကိုဘယ်လိုလုပ်လဲ?”
“ဟ… ဒါကိုလွယ်လွယ်ပြောရင် ပေါသွားမှာပေါ့ သိချင်ရင် Ali Abadaal ရဲ့ Feel Good Productivity ကိုကိုယ့်ဘာသာကိုယ်ရှာဖတ်” လို့သူ့ကိုပြန်ဖြေပြီး Coffee ခွက်ကိုပြန်ကိုင်လိုက်တယ်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကျန်းမာရေးထိခိုက်ပြီး လူမှန်းသူမှန်းမသိအောင် အလုပ်Pressure တွေပိနေခဲ့တဲ့ လူတစ်ယောက်က အတိတ်မှာကျန်ခဲ့ပြီပဲလို့တွေးရင်း Mocha တစ်ခွက်ရဲ့ချောကလက်အနံ့သင်းသင်းလေးကို သတိထားမိလိုက်တယ်။
“When the process feels good, that’s when it becomes sustainable.” လို့ Ali ကသူ့စာအုပ်ထဲမှာရေးထားတယ်။ မလုပ်ချင်တဲ့အလုပ်ကိုစိတ်ညစ်ခံပြီးလုပ်မဲ့အစား ခံစားမှုကောင်းစေမယ့်အကြောင်းအရာလေးတစ်ခုရှိရုံနဲ့ စိဖိစီးမှုအများကြီးသက်သာနိုင်တဲ့အကြောင်းကို Productivity Hack တွေအများကြီးစမ်းသပ်ဖူးတဲ့သူ့ရဲ့အတွေ့အကြုံကနေပြန်လည်မျှဝေထားတယ်။ Energize,Unblock,Sustain စတဲ့ Framwork တွေနဲ့ သေးငယ်တဲ့လုပ်ဆောင်မှုတွေကနေ ကြီးမားတဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲံ့နည်းစနစ်တွေဒီစာအုပ်ထဲမှာပါဝင်တယ်။
Productivityမြှင့်တင်ဖို့အတွက် ဖိစီးမှုတွေနဲ့ ရုန်းကန်နေရမယ့်အစား “Feel Good Productivity” ကိုဖတ်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ Work-Life Balance နဲ့ပိုမိုပျော်ရွှင်တဲ့ဘ၀ ကို ဘယ်လိုဖန်တီးမလဲဆိုတာ ရှာဖွေလိုက်ပါ။







Reviews
There are no reviews yet.