Category: Knowledge
Showing 33–48 of 53 results
-
Add to cart
“ချမ်းသာကြွယ်၀မှုက နေစပြီး ကျန်းမာမှုနဲ့ ပျော်ရွှင်မှု ဟာ ကျွန် တော်တို ဘ၀မှာအစဥ်လိုက်အတိုင်းရှာဖွေဖိုကြိုးစားတဲ့အရာသုံးခုဖြစ်တယ်။ ဒါပေယ့်သူတို့တွေရဲ့တကယ်အရေးကြီးမှုက ပျော်ရွှင်မှုကနေစပြီး ပြောင်းပြန်စပါတယ် ” – Naval Ravikant
“The three big ones in life are wealth, health, and happiness. We pursue them in that order, but their importance is reverse.” – Naval Ravikant💭ကျွန်တော်တို့နေကောင်းကျန်းမာနေတဲ့အချိန်မှာ ပျော်ရွှင်ဖိုအတွက် အများကြီးလိုအပ်တယ်( ဥပမာ ကော်ဖီဆိုင်ထိုင်ချင်တာ၊ မာလာရှမ်းကောစားချင်တာ ) စသည်ဖြင့်ပေါ့။ ဒါပေမယ့် နေမကောင်းတဲ့အချိန်မှာပျော်ရွှင်ဖိုအတွက် တစ်ခုပဲလိုတယ်၊ နေပြန်ကောင်းလာဖိုပဲ။
“ Desire is a contract you make with yourself to be unhappy until you get what you want “ – Naval Ravikant
မင်းလိုချင်တာတစ်ခုထဲရှိရင် Universe က မင်းလိုချင်တာကိုအမြန်ရအောင်ဖန်တီးပေးလိမ့်မယ်။ မင်းလိုချင်တာ အမျိုးတစ်ရာလောက်ဖြစ်နေရင်တော့ Universe ကမင်းကိုသူအဆင်ပြေတဲ့အရာကိုပဲရွေးချယ်ပေးလိမ့်မယ်။🕊“Peace is happiness at rest, and happiness is peace in motion.”
ပျော်ရွှင်မှုဟာ ဒီရေလိုမျိုးအတက်အကျရှိတယ်။ ငြိမ်းချမ်းခြင်းဟာ တည်ငြိမ်မှုကိုပေးစွမ်းတယ်။ Hedonic Happiness တွေဟာ ဘယ်တော့မှအဆုံးမသတ်ပါဘူး။ လစာလေး ဆယ်သိန်းရောက်ရရင် အဆင်ပြေပါပြီ -> ဆယ်သိန်းရတဲ့အခါ -> အိမ်လေးတစ်လုံးဝယ်နိုင်ရင်အဆင်ပြေပါပြီ -> အိမ်လေးပိုင်လာတဲ့အခါ -> ကားလေးတစ်စီးလောက် စသည်ဖြင့် ဘယ်တော့မှမရပ်တန့်ပါဘူး။ ရောင့်ရဲတင်းတိမ်နိုင်ခြင်းနဲ့ ငြိမ်းချမ်းမှုဟာ သင့်နေ့တိုင်းကိုအဓိပ္ပါယ်ရှိစွာနဲ့ဖြတ်သန်းနိင်မယ့်ပျော်ရွှင်မှုပါပဲ။🙏“Happiness requires presence”
ပစ္စုပ္ပန်မှာနေထိုင်ပါ။ အတိတ်ကိုနောင်တရ၊ အနာဂတ်ကိုစိုးရိမ်၊ ပစ္စုပ္ပန်မှာဖုန်းပွတ် ရုပ်ရှင်ကြည့်စသည်ဖြင့် ဦးနှောက်နဲ့မျက်လုံးကိုအနားမပေးပဲ Information overload တွေဖြစ်ပြီး “ ငါမပျော်ဘူး “ လိုအော်နေလို စိတ်ချမ်းသာလာမှာမဟုတ်ပါဘူး။ ဦးနှောက်ကတွေးချင်နေတဲ့အရာအားလုံးကိုခဏလောက်ရပ်တန့်ထားပြီး သင့်ဘေးနားမှာရှိတဲ့အရာ၀ထ္ထုသေးသေးလေးတွေ (ဥပမာ လေတိုးသံ,အသက်ရှုသံ) ကို ခံစားကြည့်ပါ။ ဒါလေးတွေနဲ့အတူနေတတ်လာရင် သင်လိုချင်တဲ့ ပြည့်စုံခြင်းဆိုတဲ့အရာကိုရပါလိမ့်မယ်။💵💵💵ကြွယ်၀ချမ်းသာမှုကိုဖန်တီးခြင်း💵💵💵
“ Building Wealth “⏲️မင်းရဲ့ကိုယ်ပိုင်အချိန်ကိုလူများကိုဌားပေးနေသရွေ့ ဘယ်တော့မှမင်းချမ်းသာမှာမဟုတ်ဘူး။
“You’re never going to get rich renting out your time”.
လူတွေလက်ခံထားတဲ့ဥပမာတစ်ခု တစ်ရက်ဆယ်နာရီအလုပ်လုပ်ရင် ဆယ်နာရီစာဝင်ငွေပြန်ရမယ်၊ ကြိုးစားသလောက်အရာထင်မယ် စသည်ဖြင့်ပေါ့။
ဒါ တကယ်မှန်ရဲ့လား ?
လမ်းထိပ်ကဆိုက်ကားသမားကြီးလည်းနေ့တိုင်း တစ်ရက် ဆယ်နာရီလောက်ဆိုက်ကားနင်းနေတာဆယ်နှစ်ကျော်နေပြီ၊ ဒါပေမယ့်အခုချိန်ထိသူကားမစီးနိုင်သေးဘူး။
လွန်ခဲ့တဲ့သုံးနှစ်ကလစာ နှစ်သိန်းခွဲရတဲ့အလုပ်ကထွက်ပြီး လုပ်ငန်းလေးစထောင်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က အခုလုပ်ငန်းနှစ်ခု နဲ့ ကားတစ်စီးပိုင်နေပြီ။
ဘာကွာခြားလဲ ?
“Quality is more important than Quantity” အလုပ်မှာပိုမိုကောင်းမွန်အောင်လုပ်နိုင်တဲ့အရည်အသွေး (Quality) ဟာ အလုပ်တစ်ခုမှာ သင်အချိန်ဘယ်လောက်ကြာကြာပိုလုပ်သလဲ ( Quantity ) ထက်ပိုအရေးကြီးပါတယ်။🏗“Learn to Sell, Learn to Build. If you can do both, you’ll be unstoppable”
ရောင်းတတ်အောင်သင် ဒါမှမဟုတ် တည်ဆောက်တတ်အောင်သင် ။ နှစ်ခုလုံးကိုမင်းတတ်ကျွမ်းရင် ဘယ်အရာမှမင်းကိုမတားဆီးနိုင်တော့ဘူး။
လူတိုင်းဟာမွေးကတည်းက Talent တစ်ခုတော့ရှိကြတယ်။ အခြားသူတွေအတွက်က ခက်ခဲနေပေမယ့် သူ့အတွက်ကအရမ်းလွယ်ကူနေတဲ့အရာမျိုး ( ဥပမာ သီချင်းဆိုတာ၊ ဆက်ဆံရေးကောင်းမွန်တာ )ဖြင့်ပေါ့။သူများတွေအတွက်အလုပ်လုပ်သလိုခံစားရပေမယ့် သင့်အတွက် အပျော်ကစားနေတယ်လိုခံစားရစေတဲ့အလုပ်မျိုးကို အာရုံစိုက်ပါ။တစ်ရက်ကို 16 နာရီလောက် သင်အတွက်ပျော်ရွှင်စေတဲ့အလုပ်ကို ဘယ်သူကမှ တစ်ရက်ဆယ်နာရီဆက်တိုက်အလုပ်လုပ်ပြီးရေရှည် မယှဉ်ပြိုင်နိင်ပါဘူး။📈“Compound Interest”
Compound Interest လိုပြောတာနဲ့ ပထမဆုံးက Money အတွက်ဆိုပြီးမြင်ကြတယ်။ ဒါပေမယ့် Compound Interest ကို Networking, business relationship နဲ့ reputation အပိုင်းတွေမှာပါသုံးလိုရပါတယ် လို Naval ကပြောထားပါတယ်။
“ Intentions don’t matter. Action do. That’s why being ethical is hard”.သင့် ပတ်ဝန်းကျင်ကိုယုံကြည်မှုရှိစေတဲ့ Trust နဲ့ Integrity ကိုတည်ဆောက်ခြင်းဟာ Social Ladder ရဲ့ထိပ်ကိုအမြန်ဆုံးရောက်ရှိစေပါလိမ့်မယ်။✍️ဒီစာအုပ်ထဲမှာပါတဲ့အရာတွေကို Full Content အဖြစ်ပြန်ရေးရင်တောင် နောက်စာအုပ်တစ်အုပ်စာလောက်ရှည်သွားနိုင်ပါတယ်။ တကယ့် Practical Knowledge တွေအများကြီးကို Condense ဖြစ်အောင်ပေါင်းစုထားတဲ့ အတွက် ဒီစာအုပ်ထဲက Knowledge တွေဟာ တကယ်ကိုများပါတယ်။ စာအုပ်သာမက လောကကြီးအကြောင်း၊ ပျော်ရွှင်မှုရဲ့အကြောင်း၊ဘ၀ရဲ့ အဓိပ္ပါယ်၊သင့်ကိုယ်သင် ဂရုစိုက်နည်းအစရှိတဲ့ Naval ရဲ့
နှစ်လေးဆယ် Experience ကို နှစ်နာရီအတွင်းမှာ ရနိုင်တဲ့ Joe Rogan နဲ့ Podcast ကိုဒီမှာ နားထောင်ပါ->https://www.youtube.com/watch?v=3qHkcs3kG44
🏈America ကိုအသက်ကိုးနှစ်အရွယ် immigrant တစ်ယောက်အနေနဲ့ရောက်လာတဲ့ ဘ၀ကနေ ကုမ္မဏီပေါင်း 362 ခုကို angel investor ဖြစ်အောင်ကြီုးစားခဲ့တဲ့ Naval Ravikant ရဲ့ ဘ၀လမ်းမှာ ငွေကြေးကြွယ်၀မှုသာမက၊ ဘ၀ရဲ့ လမ်းကြောင်းကိုရွေးချယ်နည်း၊ကံကောင်းအောင် နေထိုင်နည်း၊ ငြိမ်းချမ်းမှုနဲ့ နေထိုင်နိုင်ခြင်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။ Biography တစ်ခုကိုဖတ်ရတာထက် Naval ရဲ့ Tweet Storm တွေ Podcast တွေထဲကအရေးပါတဲ့အချက်တွေကို ကျစ်ကျစ်လစ်လစ်စုစည်းထားတဲ့အတွက် ကိုယ်လိုချင်တဲ့အပိုင်းတွေကိုမှတ်သားရတာပိုမိုအဆင်ပြေစေမှာပါ။Naval ရဲ့စာအုပ်ကလေးဟာ သင့်ရဲ့ ဘ၀ကိုလျှောက်လမ်းတဲ့အချိန်မှာ ဥစ္စာဓနသာမက ငြိမ်းချမ်းပျော်ရွှင်မှုနဲ့ နေထိုင်နိုင်တဲ့ဘ၀ကို လမ်းညွှန်မှုတွေဖြစ်ပါစေ။
📕Book Title – The Almanack of Naval Ravikant : A Guide to Wealth and Happiness
🔖Author – Eric Joregenson
🪙Price – 19,500 MMK ( Premium++ Quality, Hard Cover, Creamy Paper) -
Add to cart
Miyamoto Musashi ရဲ့ The Book of Five Rings ထဲက နည်းဗျူဟာ ငါးချက်
1. Do not think dishonestly
ရိုးသားစွာတွေးခေါ်မှုရှိပါ။
ကိုယ်လိုချင်တဲ့ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ဖို ကိုယ့်ကိုယ်ကိုအရင်ဆုံးမညာမိအောင်နေရပါမယ်။ ကိုယ့်အားနည်းချက်တွေကို ကိုယ်တိုင်လက်ခံနိုင်တဲ့သတ္တိကိုမွေးမြူပြီး ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို ကိုယ်တိုင်ကတိပြုပါ။ အသိပညာနဲ့ စဉ်ဆက်မပြတ်တိုးတက်မှုဟာ တစ်ဘ၀လုံးအတွက် မာရသွန်ပြေးပွဲတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တိုအားနည်းချက်တွေကို ကိုယ်တိုင်လက်ခံပြီးပြင်ဆင်နိုင်ရပါမယ်။2. The Way is in training
သင်သွားမဲ့လမ်းဟာ လေ့ကျင့်ခြင်းမှာရှိတယ်။
ကြိုတင်လေ့ကျင်ပြင်ဆင်မှုဟာ အောင်မြင်မှုသေချာစေနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ Olympic ကစားသမားတစ်ယောက်ဟာ ပွဲမတိုင်ခင် အချိန်တွေကတည်းကနေ့စဉ်စဉ်ဆက်မပြတ် အောင်မြင်အောင်လေ့ကျင့်မှသာ ရွှေတံဆိပ်ဆွတ်ခူးနိုင်မှာဖြစ်မှာပါ။ သင်သွားချင်တဲ့လမ်းကိုသေချာပေါက်ရောက်ရှိစေဖိုအတွက် ကျွမ်းကျင်တဲ့အရာကို ထပ်ခါတလဲလဲလေ့ကျင့်နေဖိုလိုအပ်ပါတယ်။3. Become Acquainted with Every art
ပညာရပ်တိုင်းနဲ့ရင်းနှီးကျွမ်းဝင်မှာရှိအောင်လုပ်ပါ။
“ငါကတော့ ဘာဖြစ်လို”,”ငါကတော့ ဘာလုပ်တာ” စသည်ဖြင့် မိမိကိုယ်ကိုယ် လှောင်အိမ်ထဲမထည့်ထားပါနဲ့။ “ဆုပ်ကိုင်ထားခြင်းဟာ ရှုးနိမ့်ဖိုဖြစ်ပြီး လွတ်လပ်ခြင်းဟာ အောင်မြင်ဖိုအတွက်ဖြစ်တယ် “ ဆိုတဲ့စကားကို Musashi ကပြောထားပါတယ်။ ပွင့်လင်းမြင်သာသောစိတ်ဓာတ်နဲ့ အတူ ပညာရပ်တွေရဲ့ကောင်းခြင်းဆိုးခြင်းကိုသိရှိပြီး မိမိသွားလိုသောလမ်းမှာ အထောက်အကူဖြစ်အောင် အသုံးချပါ။4. Distinguish Between gain and loss
အောင်မြင်မှုနဲ့ ရှုးနိမ့်မှုကိုခွဲခြား သိမြင်ပါ။
ရှုးနိမ့်မှု၊ ကျရှုးမှုတွေအတွက် ဝမ်းနည်းပူဆွေးမှုမှာ အချိန်တွေအလဟသမကုန်ပါစေနဲ့။ ထိုနည်းတူစွာ အောင်မြင်မှုမှာယစ်မူးပြီး မိမိသွားမယ့်လမ်းကြောင်းကနေသွေဖီစေမယ့်အရာတွေကိုလည်းမလုပ်ပါနဲ့။ လောကကြီးက ကျွန်တော်တိုလိုအပ်တဲ့ သင်ခန်းစာတွေကိုအောင်မြင်မှု (သို) ရှုးနိမ့်မှု နဲ့ အတူ ယူဆောင်လာပေးတဲ့အချိန်မှာ ကျေနပ်စွာလက်ံခံနိုင် တဲ့ခွန်အားရှိအောင်ကြိုးစားပါ။5. Perceive the Unseen
“in perception of abilities and intentions, we see both the existent and the non existent”
“အရည်အချင်းနဲ့ ရည်ရွယ်ချက်မှာရှိတဲ့ မြင်ရ/မမြင်ရတဲ့အရာ နှစ်ခုလုံးကို ငါတိုသိမြင်ရမယ်”
မြင်ရတဲ့အရာနဲ့ပဲမဆုံးဖြတ်ပါနဲ့ မမြင်ရတဲ့အရာတွေကိုလည်း သိရှိနိုင်တဲ့ စိတ်ကိုမွေးမြူပါ။ မြင်ရတဲ့အရာတိုင်းဟာ လှည့်စားဖိုဖြစ်ပြီး မမြင်ရတဲ့အရာတွေဟာ ဖုံးကွယ်ထားဖိုဖြစ်တယ်။ ရှိခြင်း/မရှိခြင်း, အဆိုး/အကောင်း, အကျိုး/အကြောင်း အရာအားလုံးဟာ အတူတကွဒွန်တွဲတည်ရှိနေတာကိုသတိပြုပါ။💪သာမာန်လူတွေယှဉ်ပြိုင်လိုမရတဲ့ လက်တွေ့ကျတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို The Book of Five Rings ရဲ့လက်တွေ့ကျတဲ့ နည်းပညာနဲ့တည်ဆောက်ပါ။ နာမည်ကြီး Samuari တစ်ယောက်ဖြစ်တဲ့ Miyamoto Musashi (1584 – 1645) ရဲ့ The Book of Five Rings ဟာနေ့စဉ် စိတ်ခေါ်မှုတွေနဲ့ထိုးသတ်နေရတဲ့ သူတွေအတွက် ကြက်ပေါင်းရည်တစ်ခွက်လို အားအင်ပြည့်၀မှုကို ပေးစွမ်းမှာပါ။ “ The way is in the Training” “သင်သွားလိုတဲ့လမ်းဟာ စဉ်ဆက်မပြတ်လေ့ကျင့်မှုမှာရှိတယ်” ဆိုတဲ့ သူ့စကားလိုမျိုး သင်လိုအပ်တဲ့ Skill နဲ့အရည်အချင်းတွေကို နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ Ronin Samurai ကြီးတစ်ယောက်ဆီကနေ ရယူလိုက်ပါ။
-
Add to cart
95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓
သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍
သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛️
သူဟာအသုံးချခံဖိုဝန်မလေးသလို။⚖️
သူဟာဖျက်ဆီးဖိုလည်းမတုန့်ဆိုင်းဘူး💥။
သူ့စည်းမျဉ်းတွေကိုလိုက်နာတဲ့သူတွေအတွက် တိုးတက်မှုကိုပေးစွမ်းသလို။📈
သူ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူတွေအတွက် ပျက်ဆီးမှုကိုယူဆောင်ပေးတယ်။☠️
သူကဘာလဲ ?🐍💔ကျွန်တော်တို နာကျင်နေချိန် ကြင်နာမှုနဲ့ခွန်အားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ဖိုလိုအပ်လာတဲ့အချိန်မှာ ခွန်အားရှိတဲ့လူကိုရွေးချယ်လိမ့်မယ်။ စကားလုံးတွေထက် လုပ်ရပ်တွေကိုလူတွေသဘောကျနှစ်ခြိုက်တယ်ဆိုတာ ကိုသိတဲ့လူအတွက် **ပါဝါ** ဟာ သူ့အတွက်ရုပ်သေးရုပ်တစ်ခုထက်မပိုဘူး။
🪨“ဘယ်တော့မှမငြင်းခုံနဲ့ အလုပ်နဲ့ပဲသက်သေပြ” ဆိုတဲ့ Michelangelo ရဲ့လက်ထဲက ဖုန်မှုန့်လေးတွေရဲ့ဥပမာဟာ ပါဝါရဲ့လှည့်စားနိုင်စွမ်းကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ “ဆိတ်ဆိတ်နေထောင်တန်” “Always Says Less Than Necessary” ဆိုတာ မိသားစုထမင်းဝိုင်းလေးတွေကနေစပြီး Cooperate Executive Meeting တွေအထိ စကားလုံးတွေရဲ့တန်ဖိုးကိုရောင်ပြန်ဟပ်စေတယ်။
🐺ပါဝါဟာ သူ့ကိုမလေးစားတဲ့လူကိုစွန့်ခွာပြီး သူ့ကိုထိန်းချုပ်နိုင်တဲ့လူနဲ့ အမြဲနေတယ်။🎃သင်မသိသေးတာလား?
😱ဒါမှမဟုတ် သိဖိုငြင်းဆန်နေတာလား ?အတုအယောင် မျက်နှာဖုံးတွေရဲ့အနောက်မှာဘာတွေရှိနေမလဲ?🎭
ဘ၀ရဲ့ဇာတ်ခုံပေါ်မှာ ဘယ်ကစားကွက်တွေဟာလှလှပပ ကပြနေမလဲ ?
ဘယ်အရာတွေကအမှန်လဲ ?
⚔️ ဘဝရဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ဒီကမ္ဘာကြီးရဲ့ သရုပ်မှန်ကို မြင်နိုင်ဖို့၊ ကိုယ်ပိုင်ဘဝ ဇာတ်ခုံကို မိမိကိုယ်တိုင် ဦးဆောင်နိုင်ဖို့ ဒီလျှို့ဝှက်ချက်တွေထဲကို ရဲဝံ့စွာ လှမ်းဝင်လိုက်ပါ။ -
Add to cart
လူတိုင်းက မင်းလိုရိုးသားမယ်လို။
မင်းယုံကြည်နေတုန်းပဲလား ?? 😔💔“လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”
🙏 မင်းယုံကြည်ခဲ့တယ်။
🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
😇မင်းလို လူကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို တွေးခဲ့တယ်။
🛡ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို ယုံခဲ့တယ်။ဒါပေမယ့်…
အဆုံးသတ်မှာ မင်းပဲ နာကျင်ရတယ်။
လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪
ဘာကြောင့်လဲ???
နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺သင့်စိတ်ထဲမှာ
🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လိုထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လိုထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုယုံကြည်မယ်”လိုထင်ခဲ့တယ်။
တကယ်တော့သူတို ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။“The greatest danger is not the enemy you can see.
It’s the enemy you refuse to see.”
“ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖိုငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”သင်သတိမထားမိတဲ့
▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ
▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖိုအကွက်တွေ
▫️ဒေါသရဲ့ဖုံးကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ
▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံပုန်းဒေါသတွေအပြင်
▫️လူတွေရဲ့ရင်ထဲက Shadow လိုခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖိုမကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။ဒါဆိုဘာလုပ်မှာလဲ ?🤔
သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?
ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်အသိဉာဏ်တံခါး အလင်းဖွင့်လိုက်ပါ။
-
Add to cart
🔮 ကျွန်တော်တိုရဲ့နေ့စဉ်ဘဝတွေကို Tech Giants တွေက နေရာ ယူပြီးပြီ ဖြစ်ပါတယ်
🌀 ကျွန်တော်တိုမသိတာရှိလိုတစ်ခုခုရှာချင်ရင် Google မှာ ရှာလိုရတယ်။ Apple က Mobile Phone လောက ကို ပြောင်းလဲပစ်ခဲ့တယ်။ Facebook က လူတစ်ဦးနဲ့တစ်ဦး အလွယ်တကူ ဆက်သွယ်လိုရတဲ့ Social Network တစ်ခု ဖြစ်ပြီးတော့ Amazon ကတော့ လူတွေ အိမ်ထဲက မထွက်ပဲ ပစ္စည်းတွေကို စျေးသက်သက်သာသာ နဲ့အမြန် ၀ယ်လိုရအောင် လုပ်ပေးနိုင်ပါတယ်။
⛄️ စာအုပ်ထဲမှာ Tech Giants တွေရဲ့Impact တွေကို သေချာရှင်းလင်းပြောပြထားပါတယ်။ သူတို စျေးကွက်တွေကြီးမားဖို Media ကို ဘယ်လို Infulence လုပ်သလဲ။ သူတိုပို ကြီးမားလာရင် ဖြစ်လာမယ့် အဆိုးအကောင်းတွေအကြောင်း ရှင်းလင်းပြောပြထားပါတယ်။
👑 Amazon, Apple, Facebook and Google တိုက ကျွန်တော်တိုဘဝတွေကို ပိုအဆင်ပြေအောင် ပိုကောင်းမွန်လာအောင် လုပ်ပေးခဲ့တာတော့ အမှန်ပါ။ ဒါပေမယ့် သူတိုတွေက ဒါတွေကို အလကား လုပ်ပေးနေတာ မဟုတ်ပါဘူး။ သူတိုတွေ အခုလက်ရှိထက် ပိုပြီး ကြီးမားလာအောင် လုပ်ဆောင်နေကြတယ်။ သူတိုအတွက် ရနိုင်သမျှ စျေးကွက်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေကြတယ်။ လူတိုင်းရဲ့ ဘ၀ကို ပိုအဆင်ပြေ လွယ်ကူအောင် လုပ်ပေးနေတယ်ဆိုတဲ့ အရာတွေေကို Scott က တစ်ချက်ချင်းဆီ ထောက်ပြထားပါတယ်။
🔺 Apple is a Machine, Amazon a Store, Google a Search Engine and Facebook a social media.
▪️ Facebook
🎭 Tech Giants တွေ အင်မတန် ကြီးမားလာတဲ့ အခါမှာ သူတိုတွေက ပြန်ထိန်းချုပ်လိုမရနိုင်တော့ပါဘူး။ အရင်တစ်ချိန်က Facebook က သတင်းအမှား တွေကြောင့် ပြဿနာတွေ ဖြစ်ခဲ့ရတယ်။ Facebook က ကျွန်တော်တိုရဲ့Data တွေ ပေါက်ကြားကုန်တယ်။ Privacy တွေ ချိုးဖောက်ခံခဲ့ရတယ်။ Media ဆိုတဲ့ အတိုင်း လူကြီး လူငယ်မရွေး နေ့တိုင်း ဖတ်နေတာပါ။ လူတွေရဲ့Emotion ကို လွယ်လွယ်ကူကူ ထိန်းချုပ်လိုရတဲ့ အတွက် Facebook က လူတွေကို ဘယ်လို လှည့်စားနေသလဲ။ လူတွေရဲ့ခံစားချက်ကို ဘယ်လို ထိန်းချုပ်နေသလဲ။ လူတွေကို ပျော်အောင် လုပ်နေသလိုလိုနဲ့စိတ်ဆင်းရဲမှုတွေကို ဘယ်လိုပေးနေသလဲ ဆိုတဲ့ အချက်တွေ ပါ၀င်ပါတယ်။▪️ Google
💭 Scott က Google ကို လူရဲ့ဦးနှောက် အဖြစ်တင်စားထားပါတယ်။ ကျွန်တော်တိုတစ်ခုခုကို ရှာဖွေချင်ရင် Google မှာ အရင် ရှာပါတယ်။ Google is our modern man’s God! ကျွန်တော်တိုမသိတာတွေကို အမြဲ Google မှာ မေးနေတော့ အဲ့ဒီ့ Google က အဖြေတွေက မှန်လား။ မှားလား ဆိုတာ ဝေဖန် နိုင်စွမ်း လျော့ကျလာတယ်။ လူတွေရဲ့ ဆုံးဖြတ်ချက်က Google မှာ ရှိတဲ့ အကြောင်းအရာတွေအပေါ် အများကြီး မမှီခိုသင့်ဘူး လိုပြောထားပါတယ်။▪️ Amazon
🚕 တက္ကစီ ကား ကုမ္ပဏီကြီး တစ်ခုလိုပေါ့။ အစပိုင်းမှာတော့ လူတွေ တက္ကစီ လွယ်လွယ်ငှားလိုရအောင် ဆိုပြီး ဆောင်ရွက်ပေးတယ်။ ပြိုင်ဘက်လည်း ရှိနေတော့ စျေးတွေ ချပေးတယ်။ စျေး သက်သက်သာသာနဲ့စီးရတော့ လူတွေက အဆင်ပြေပြီး ပျော်တာပေါ့။ တက္ကစီ သမားတွေ လည်း အဆင်ပြေတယ်လေ။ ဒီလိုနဲ့စျေးကွက်မှာ တော်တော်နေရာရလာတယ်။ နောက်လည်းကျတော့ ပြိုင်ဘက်နဲ့ပူးပေါင်းလိုက်တော့ စျေးကွက် တစ်ယောက်တည်း ဖြစ်ပြီး စျေးကွက်ကို ကြိုက်သလို ခြယ်လှယ်နိုင်တာပေါ့။ အခုဆိုရင် အပြင်မှာ ငှားစီးရတာထက် စျေးတောင် ပိုကြီးနေသေးတယ်။ ဒါပေမယ့် စျေးကွက်တစ်ခုလုံးရသွားတော့ ဒါကိုပဲ ဆက်သုံးနေရတာပေါ့။💢 Amazon လည်း အဲ့သလိုပါပဲ။ အင်အားကြီးမားလာတဲ့အခါ အိမ်ဆိုင်လေးတွေ၊ စျေးဆိုင်လေးတွေ ပျောက်ကွယ်ကုန်တယ်။ လူတွေက Amazon ကပဲ ၀ယ်နေကြတော့ SME လေးတွေက Amazon နဲ့ပူးပေါင်းရပြီး Amazon အနိုင်ကျင့်သမျှ ခံရတော့တာပါပဲ။
▪️ The Fifth Horseman
❓ နောက် ထပ်ပေါ်လာမယ့် Tech Giant က ဘယ်သူ ဖြစ်မလဲ? နောက်ထပ် Trillion Company ကြီး က ဘယ်သူ ဖြစ်မလဲ ? စသဖြင့် Analyze လုပ်ထားတာကို မြင်တွေ့ရမှာပါ။ သူတိုတွေ ကြီးမားလာရင် ကြုံတွေ့ရမယ့် Impact တွေက ဘာတွေ ဖြစ်မလဲ။
🔱 လူပေါင်း သန်းပေါင်းများစွာကို Influence လုပ်နိုင်တဲ့ ကုမ္ပဏီ တစ်ခု ကို တည်ထောင်နိုင်ဖိုဆိုတာ မလွယ်ကူ ပါဘူး။ ခု လက်ရှိ Tech Giants ဖြစ်နေတဲ့ Apple, Amazon, Facebook and Google ကုမ္ပဏီကြီး တွေကို အောင်မြင်တဲ့ အခြေအနေတစ်ခုရောက်အောင် ကြိုးစားနေကြတယ်။ တကယ်တော့ သူတိုအပြစ်မဟုတ်ပါဘူး။ Tech Giant တွေကတော့ သူတိုအမြတ်တွေ ပိုရနေအောင် နည်းမျိုးစုံနဲ့ကြိုးစားနေမှာပါပဲ။ Culture တစ်ခု အပြောင်းအလဲကို မသိပဲ စိတ်အလိုကို မလိုက်မိအောင် ထိန်းချုပ်ရမှာ ကျွန်တော်တိုတာ၀န်ပါလိုScott က ပြောခဲ့ပါတယ်။
⚛️ Scott Galloway က MBA သင်တန်းတွေ သင်ကြားပေးနေတဲ့ ဆရာ တစ်ယောက်ပါ။ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ အတွေ့အကြုံတွေကနေ Tech Giant တွေရဲ့အကြောင်းကို သိခဲ့ပြီး လူတွေကို ပြန်လည် မျှဝေပေးခဲ့ပါတယ်။ Ted Talk စတဲ့ ဟောပြောပွဲတွေမှာ The Four စာအုပ်အကြောင်းကို ခဏခဏ ပြောရပြီး Tech Giant တွေက လူတွေကို ဘယ်လို ခြယ်လှယ်နေသလဲ ဆိုတာတွေ ရေးသားထားတဲ့အတွက် လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
-
Add to cart
🌟 🌟 ပျော်ရွှင်မှုရဲ့အားသာချက် : အောင်မြင်မှုအတွက်အကောင်းမြင်စိတ်ရဲ့ခွန်အား🌟🌟
ပျော်ရာမှာမနေ၊ တော်ရာမှာနေရတယ်ဆိုတဲ့စကားနဲ့အတူ ကျွန်တော်တို သင်ခဲ့ရတဲ့ပျော်ရွှင်မှုဖော်မြူလာကဒီလိုမျိုး
⚒️ကြိုးစားမှု —> 🏆အောင်မြင်မှု—> 😊ပျော်ရွှင်မှု
ပျော်အောင်မနေနဲ့ အရင်ကြိုးစား၊ အောင်မြင်မှုရလာရင် ပျော်ရွှင်ရလိမ့်မယ်။
ဒါတကယ်ရောအလုပ်ဖြစ်ရဲ့လား ❓တကယ်တော့ အောင်မြင်မှုဖော်မြူလာအမှန်ကဒီလိုပါ။
😊ပျော်ရွှင်မှု + ☀️အကောင်းမြင်စိတ် —> 📈အောင်မြင်မှု📊Shawn Achor ရဲ့ Happiness Advantage ထဲမှာပျော်ရွှင်တဲ့သူတွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတိုမှာပိုမိုစွမ်းဆောင်နိုင်ခြင်းကို သုသေသနစမ်းသပ်မှုတွေအရတွေ့ရှိရတဲ့အကြောင်းကိုပြောပြထားပါတယ်။ လူအယောက် 275,000 ကိုပြုလုပ်ခဲ့တဲ့စမ်းသပ်မှုအခု 200 ကျော်မှာ
💰ပျော်ရွှင်တဲ့အရောင်းဝန်ထမ်းတွေဟာ – 37% ပိုရောင်းနိုင်ကြတယ်
🩺ပျော်ရွှင်တဲ့ဆရာဝန်တွေဟာ – 19% ပိုမြန်ပြီးတိကျတဲ့ရောဂါရှာဖွေမှုကိုပိုလုပ်နိုင်တယ်
🎨တီထွင်ဖန်တီးမှုကို ပုံမှန်ထက် 3 ဆဖန်တီးနိုင်တာကိုလေ့လာတွေ့ရှိခဲ့ပါတယ်
👌အကောင်းမြင်တတ်တဲ့စိတ်ဟာ ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုကိုလျော့ချပေးပြီး ကျန်းမာတဲ့ဘ၀ကိုပိုင်ဆိုင်စေပါတယ်။📏ဟုတ်ပါပြီ. ဒါဆိုပျော်ရွှင်မှုကို နံပါတ်တပ်လိုရသလား ?
ရပါတယ်… ပျော်ရွှင်မှုနံပါတ်က 2.901 ( 3:1 ) ပါ။
ဘယ်လို 3:1 လဲ ရှင်းပြပါဦး?
ခံစားရတဲ့ မကောင်းမြင်စိတ် (Negative emotion) တစ်ခုအတွက် အကောင်းမြင်စိတ် (Positive emotion) 3 ခုလိုအပ်ပါတယ်။ သဘောတရားက ကိုယ်လက်ခံလိုရတဲ့ပျော်ရွှင်မှုလေးတွေကိုမငြင်းပယ်ပဲ လက်ခံပြီး နေ့စဉ်ကြုံတွေ့နေရတဲ့ မကောင်းတဲ့အရာတွေကိုတန်ပြန်နိုင်အောင် အမြဲကိုယ့်ရင်ထဲမှာ ပျော်ရွှင်မှုလေး သုံးခုအနည်းဆုံးသိမ်းထားဖိုလိုအပ်တယ်။ ဒါကြောင့် မနက်တိုင်းကောင်းချီးပေးတာ၊ လမ်းဘေးက ပန်းလေးတစ်ပွင့်ရဲ့ အလှကိုခံစားတာစသည်ဖြင့် စိတ်ပျော်ရွှင်စေမယ့်အရာလေးသေးသေးလေးတွေကို အမြဲလုပ်ဖိုလိုအပ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကနေ အမြဲအကောင်းမြင်တတ်တဲ့စိတ်ကိုရရှိလာပါလိမ့်မယ်။🛑အဆင်မပြေမှုဟာ အမြင်အာရုံကိုကျဉ်းမြောင်းသွားစေပြီး အတွေးတွေကိုပိတ်မိစေတတ်တဲ့အကြောင်းလဲသိထားဖိုလိုပါမယ်။ အခက်အခဲတစ်ခုကြုံရင် ကျွန်တော်တိုဦးနှောက်ဟာ ပြသနာကိုအာရုံစိုက်လိုက်တဲ့အတွက် အပြင်မှာရှိနေတဲ့အရာတွေကိုမမြင်နိုင်တော့ပဲ Fight or Flight response ထဲမှာပိတ်မိသွားတတ်ပါတယ်။ ဒီအချိန်တွေမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရပြီးတော့ ကြည်လင်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို အကောင်းမြင်စိတ်ရဲ့စွမ်းဆောင်မှုဟာ အရမ်းအသုံးဝင်ပါတယ်။ ဒီလိုအကောင်းမြင်စိတ်ကိုတည်ဆောက်ဖိုအတွက်
1️⃣Zorro Circle
2️⃣Tetris Effect နှစ်ခုကို စာရေးသူကရှင်းပြထားပါတယ်။⚔️Zorro Circle
ဂန္တဝင်ဓားသမားတစ်ယောက်ဖြစ်တဲ့ Zorro ဟာသူလေ့ကျင့်တဲ့အချိန်မှာ မြေကြီးပေါ်စက်ဝိုင်းလေးတစ်ခုရေးဆွဲ၊ ဒီစက်ဝိုင်းကို သူ့ကမ္ဘာလိုသတ်မှတ်ပြီး စက်ဝိုင်းရဲ့အပြင်ကိုမထွက်ပဲလေ့ကျင့်ခဲ့ပါတယ်။ သင်ဖြေရှင်းဖိုခက်ခဲတဲ့ ပြသနာအကြီးကြီးနဲ့ကြုံလာတဲ့အချိန်မှာ Zorro Circle တစ်ခုဖန်တီးပြီး ပြသနာရဲ့တစ်စိတ်တစ်ပိုင်းကိုအရင်ဖြေရှင်းပါ၊ ဖြေရှင်းပြီးရင် နောက်ထပ် Zorro Circleတွေတစ်ခုပြီးတစ်ခုဖန်တီးရင်း သင်ကြုံတွေ့ရတဲ့ပြသနာဟာ အလိုလိုပြီးမြောက်သွားတတ်တာ သတိပြုမိပါလိမ့်မယ်။ သုံးပေါင်ကိတ်မုန့်ကြီးတစ်ခုလုံးကိုဘယ်လိုစားမလဲဆိုပြီး အခက်အခဲတစ်ခုလုံးကိုပူပန်နေမယ့်အစား ကိတ်မုန့်သေးသေးလေးတွေတဖြည်းဖြည်းချင်းစားရင်းနဲ့ နောက်ဆုံးမှာပန်းကန်ပဲကျန်ခဲ့သလို ပြသနာသေးသေးလေးတွေကိုအရင်ဆုံးအဖြေရှာရင်း ပြသနာကြီးကိုဖြေရှင်းပါ။🎮Tetris Effect
ဦးနှောက်ရဲ့အကောင်းဆုံး Ability တစ်ခုက Pattern Recognition ပါ။ ကျွန်တော်တိုလူတွေမွေးလာကတည်းက Build in ပါလာတဲ့ First Instinct တစ်ခုဆိုလည်းမမှားပါဘူး။ Tetris Effect ကကျွန်တော်တိုနေ့စဉ်တည်ဆောက်နေတဲ့ စိတ်ခံစားမှု အမူအကျင့်တွေဟာ ကောင်းမွန်တဲ့ နေထိုင်မှုကိုဖန်တီးနိုင်သလို ဆိုးရွားတဲ့ ခံစားချက်တွေကိုလည်းတည်ဆောက်နိုင်တဲ့အကြောင်းရှင်းပြထားပါတယ်။ တစ်နေကုန် Complain တက်၊ အော်ငေါက်နေတဲ့ အလုပ်ခွင်က Negative Emotion ထဲမှာနေထိုင်ရတဲ့လူတစ်ယောက်က အိမ်ပြန်ရောက်ချိန်မှာပျော်ရွှင်နိုင်မလား ဆိုတာကိုတွေးကြည့်ပါ။ Negative Emotion ပေါ်မှာအဆင်မပြေမှုကိုထပ်ဆောက်၊ အဆင်မပြေမှုအပေါ်မှာစိတ်မချမ်းသာမှုကိုထပ်ဆောက်ဆိုတာမျိုးဖြစ်နေရင် ကျေနပ်တဲ့ဘ၀ကိုမရသလို အောင်မြင်မှုနဲ့အလှမ်းဝေးနေဦးမှာပါ။ အဲ့ဒီ့အစား Positive Pattern တွေဖြစ်တဲ့ Skill တိုးတက်အောင်လုပ်တာ၊ အမှားတွေကနေသင်ခန်းစာယူပြီး အနာဂတ်အတွက်ပြင်ဆင်တာဆိုတဲ့ Positive Emotion တွေကိုနေ့စဉ်တည်ဆောက်ရင် တဖြည်းဖြည်းပိုမိုပျော်ရွှင်ကျေနပ်မှုတွေနဲ့အတူ ပိုကောင်းတဲ့ အခွင့်အလမ်းတွေရောက်ရှိလာပါလိမ့်မယ်။🔧“Give me a lever long enough and a fulcrum on which to place it, and I shall move the world.” Archimedes
လုံလောက်တဲ့အရှည်ရှိတဲ့ လီဗာတစ်ခုနဲ့ ဆုံချက်တစ်ခုသာပေး၊ ငါကမ္ဘာကြီးကိုရွှေ့ပြမယ် ဆိုတဲ့ Archimedes ရဲ့ဆိုရိုးတစ်ခုရှိပါတယ်။
🛠လီဗာရဲ့အရှည်= သင့်ရဲ့လုပ်နိုင်စွမ်းအား၊ ကြိုးစားနိုင်တဲ့ပမာဏ
🎯ဆုံချက် = သင့်ရဲ့စိတ်ထား
ဒါက သင်မှာဘယ်လောက်ပဲကြိုးစားနိုင်တဲ့ပမာဏရှိပါစေ လိုအပ်တဲ့ဆုံချက်စိတ်ထားတစ်ခုမရှိရင် သင်လိုချင်တဲ့အမြင့်ကိုရောက်မှာမဟုတ်ပါဘူး။ သတိမထားမိပဲ မှားယွင်းတဲ့ ဆုံချက်မှာ စိတ်ဓာတ်ကိုသွားထားမိလိုက်ရင် ပိုဆိုးရွားတဲ့အတွေ့အကြုံတွေကိုတောင်ခံစားရနိုင်ပါတယ်။ ကြိုးစားမှုတစ်ခုတည်းနဲ့သာမက အကောင်းမြင်စိတ်ဆုံချက်ကိုတည်ဆောက်မှသာ သင်လိုချင်တဲ့အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။နေ့စဉ်မနက်တိုင်း🌅🌅🌅
🙏ကောင်းချီးပေးပါ။
🧘တရားထိုင်ပါ။
📖 ဂျာနယ်ရေးပါ။
👟လေ့ကျင့်ခန်းလုပ်ပါ။
💗ဂရုဏာတရားမွေးပါ။✨ပျော်ရွှင်မှုဟာ အောင်မြင်မှုရဲ့ရလဒ်တစ်ခုမဟုတ်ပါဘူး။ ပျော်ရွှင်မှုဟာ အောင်မြင်မှုအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။✨
အောင်မြင်မှုနောက်ကိုလိုက်ရင်း သင့်ရဲ့ပျော်ရွှင်မှုကိုငြင်းပယ်နေတာကိုရပ်တန့်လိုက်ပါ။သင့်ရဲ့ အကောင်းမြင်စိတ်တွေကို ဘယ်သူ့မှမတားဆီးနိုင်ပါဘူး။ ပျော်ရွှင်တဲ့နေထိုင်မှုဟာ အောင်မြင်မှုကိုအမြန်ဆုံးရောက်ရှိစေမယ့်နည်းလမ်းဆိုတာကိုနားလည်ပြီး အောင်မြင်မှုရဲ့အနောက်က ပျော်ရွှင်မှုတွေအတွက် အခုပစ္စုပ္ပန်ကို မစတေးပါနဲ့။ အကောင်းမြင်စိတ်နဲ့တကွ ပျော်ရွှင်တဲ့နည်းလမ်းတွေကိုတည်ဆောက်ပြီး အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေလို ဆုတောင်းရင်း… -
Add to cart
လူတိုင်းက မင်းလိုရိုးသားမယ်လို့။
မင်းယုံကြည်နေတုန်းပဲလား ?? 😔💔
“လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”
🙏 မင်းယုံကြည်ခဲ့တယ်။
🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
😇မင်းလို လူကောင်းတစ်ယောက်ဖြစ်ရမယ်လို့ တွေးခဲ့တယ်။
🛡️ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို့ ယုံခဲ့တယ်။ဒါပေမယ့်…
အဆုံးသတ်မှာ မင်းပဲ နာကျင်ရတယ်။
လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪ဘာကြောင့်လဲ???
နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺
သင့်စိတ်ထဲမှာ
🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လို့ထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လို့ထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုယုံကြည်မယ်”လို့ထင်ခဲ့တယ်။
တကယ်တော့သူတို့ ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။
“The greatest danger is not the enemy you can see.
It’s the enemy you refuse to see.”
“ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖို့ငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”
သင်သတိမထားမိတဲ့
▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ
▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖို့အကွက်တွေ
▫️ဒေါသနဲ့ဖုန်းကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ
▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံ့ပုန်းဒေါသတွေအပြင်
▫️လူတွေရဲ့ရင်ထဲက Shadow လို့ခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖို့မကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။
ဒါဆိုဘာလုပ်မှာလဲ ?🤔
သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?
ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?
သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်ရဲ့အကြောင်းကို အလင်းဖွင့်လိုက်ပါ။
-
Add to cart
လုပ်ငန်းရှင်တိုင်း ဖတ်သင့်တဲ့ စာအုပ်
🐾 သင့်လုပ်ငန်းအတွက် တစ်ခုခု တိုးတက်ပြောင်းလဲဖို လိုအပ်နေပြီဆိုရင်
💭 လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်။ Idea တွေရှိကြတယ်။ တစ်ချိုက တစ်ခြားတစ်ယောက်ကို ယုံလိုဆိုပြီး ပြောပြမိတယ်။ Idea က်ိ အသုံးချသွားတယ်။ တစ်ခြားတစ်ယောက်က အကောင်အထည် ဖော်သွားတယ်။ တစ်ချိုကျတော့ ဖြစ်မလာနိုင်ပါဘူးဆိုပြီး ငြိမ်သွားတယ်။ တစ်ချိုကျတော့ ငွေအင်အား မရှိလို၊ မအားလိုဆိုတာတွေနဲ့Idea က Idea အနေနဲ့ပဲ ရှိနေတော့တယ်။
📌 ကုမ္ပဏီ အများစုဟာ အစမှာတော့ Strategy တစ်မျိုးနဲ့သွားကြတယ်။ တဖြည်းဖြည်းကြာလာတာနဲ့သွားနေတဲ့ Strategy ကိုနောက်တစ်မျိုးပြောင်း၊ အဆင်မပြေရင် နောက်တစ်ပိုင်း ထပ်ပြောင်း အဲ့လိုနဲ့နောက်ပိုင်းရောက်တော့မှ Sustainable Success ကိုရရှိလာကြတယ်။
ဥပမာ ebay အစမှာတော့ ပစ္စည်းကို အိမ်တိုင်ရာရောက်ပိုပြီးမှ ပိုက်ဆံချေ၊ နောက်ကြတော့ Bank တွေနဲ့ချိတ်ဆက်ပြီး Banking နဲ့ပိုက်ဆံပေး၊ ပြီးတော့ Credit Card, Visa တွေ သုံးပြီး Online Banking နဲ့ပိုက်ဆံချေ အမျိုးမျိုး ပြောင်းလဲလာကြတယ်။ ပထမပိုင်းမှာ Asia ဘက်ကို ပစ္စည်းတွေ မပိုပေးနိုင်ဘူး။ အခုဆိုရင် မြန်မာနိုင်ငံကနေ ပစ္စည်းတွေ ဝယ်လိုရနေပြီ။ ဒါတင်မကဘူး။ ပစ္စည်းတွေကို တစ်လ၊ နောက်တော့ နှစ်ပတ်၊ အခုကျတော့ သုံးရက်နဲ့တောင်ပိုနေကြပြီ။ ကုမ္ပဏီကြီးတွေဟာ တဖြည်းဖြည်းနဲ့ပြောင်းလဲလာကြတယ်။ ဒါပေမယ့် သူတိုသွားနေတဲ့Target ကတော့ မပြောင်းလဲသွားဘူး။
The Lean Startup
🎲 Startup လုပ်ငန်းအများစုရဲ့ ၁၀ ပုံ မှာ ၈ ပုံ ဟာ ပထမတစ်နှစ်မှာ အရှုးပေါ်ကြတယ်။ နောက် ၃ နှစ်ကြာတဲ့ အချိန်မှာ ၉၂ ရာခိုင်နှုန်းက ထပ်ရှုးကြတယ်။ အချိန် ၅ နှစ်ကျော်လာတဲ့ အခါမှာ ၅ ရာခိုင်နှုန်းလောက်သာ အောင်မြင်တော့တယ်။ ဒီစာအုပ်ထဲမှာ Startup လုပ်ငန်းတွေအတွက် Customer ဘာတွေလိုနေသလဲ ဆိုတာကို အချိန်တွေ၊ ပိုက်ဆံတွေ မလိုအပ်ပဲ မကုန်အောင် သေချာလမ်းညွန်ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။📚 စာအုပ်ထဲမှာ Startup လုပ်ငန်းတွေအတွက် အပိုင်းသုံးပိုင်းနဲ့ခွဲခြားပြထားပါတယ်။
1. Vision
2. Steer
3. AccelerateVISION
🔦 VISION မှာ ကိုယ့် Startup Company ကို ဘယ်ကို ဦးတည်စေချင်တာလဲ။ Strategy, Plans and Objectives တွေကို သေချာချပြထားတာ ဖြစ်ပါတယ်။ Management မကောင်းရင် လွဲချော်မှုတွေ ဖြစ်နိုင်တယ်။ တစ်ခါတစ်လေမှာတော့ Startup ကို Business Plan တွေ သေချာချထားပါရဲ့ အကောင်အထည်လည်း ဖော်နေပြီ။ အဲ့ကျမှ ကိုယ့် Products တွေက Customer အတွက် အရမ်းမလိုအပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချိုကျတော့ အခွင့်အရေးကိုမြင်တယ်။ Culture က မလိုက်နိုင်ဘူး။ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ ၁၉၉၀ လောက်က Internet ဆိုတာ ဝေဝေဝါးဝါး မသိသေးချိန်မှာ Software ကုမ္ပဏီထောင်တယ်။ အစောပိုင်းမှာ အဆင်မပြေပေမဲ့ ခေတ်ကာလ အခြေအနေပြောင်းလဲလာတဲ့ အခါမှာ အဲ့ဒီ့ ကုမ္ပဏီကြီးတွေက အင်အားကြီးမားတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ကုန်ပြီ။ အခွင့်အရေးကို မြင်တတ်တဲ့ Entrepreneurial Mindset နဲ့ Sustainable လုပ်နိုင်စွမ်းကတော့ တကယ့်ကို အံ့သြမှင်သက်စေပါတယ်။Steer
🔑 ကိုယ့်ကုမ္ပဏီက အခြေအနေကောင်းလာပြီ။ ကိုယ့်ရည်ရွယ်ချက်ကလည်း လူတွေနဲ့နေ့စဉ်ဘ၀ အခက်အခဲတွေကို ဖြေရှင်းပေးပြီး ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို။ Uber မပေါ်လာခင်က လူတွေက Taxi တစ်စီးရဖိုကို မိုးရေထဲမှာ နာရီဝက်ကျော်လောက် မတ်တပ်ရပ်စောင့်ခဲ့ရတယ်။ အဲ့ဒီ့ အခက်အခဲလေးက Uber ဆိုတာဖြစ်လာခဲ့တယ်။ ဒါပေမယ့် Uber က အဲ့နေရာမှာတင် မရပ်သွားပါဘူး။ တစ်ခြား Uber Sectors တွေ ထပ်လုပ်နေသေးတယ်။ UberAUTO, UberBike, Uber Eats, UberRUSH အများကြီးပါပဲ။ သူတိုဟာ အောင်မြင်သွားတာနဲ့မရပ်ပဲ အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ဖိုအတွက် ကိုယ့်ကုမ္ပဏီကို Steering လုပ်လာပါတော့တယ်။ Steering နဲ့Sustainable Growth တစ်ခုဖြစ်အောင် လုပ်တာကို Testing တွေနဲ့သေချာရှင်းလင်းပေးထားတာကို မြင်တွေ့ရမှာပါ။Accelerate
🏃 ကုမ္ပဏီက အခြေခိုင်နေတဲ့ နေရာတစ်ခုမှာရောက်နေပြီ။ ပိုမြန်မြန်နဲ့ပိုကောင်းအောင် ဈေးကွက်ဖောက်ဖိုလိုလာပြီ။ ဥပမာ အနေနဲ့ပြောရရင် အရင်က Xiaomi တိုHuawei တိုဆိုတာ Brand တွေမဟုတ်ကြသေးပါဘူး။ Xiaomi ဆိုရင် အပတ်စဉ်တိုင်း OS နဲ့ပတ်သက်တဲ့ Update တွေ တင်ပေးတယ်။ Engineer တွေက Update တွေမှာ တစ်ခုခု လွဲချော်တာပါခဲ့ရင် ပြန်ပြင်တယ်၊ Update ထပ်ထုတ်တယ်။ တစ်နည်းအားဖြင့် Kaizen (Continuous Improvement) ပြန်ပြင်တယ်၊ ပြန်ထုတ်တယ်။ အခုချိန်မှာတော့ နှစ်ခု စလုံးက Brand အနေနဲ့ဖြစ်လာကြပြီ။ တစ်ချိန်က မယှဉ်နိုင်ခဲ့တဲ့ Samsung, Iphone တိုပါ Competitor အနေနဲ့ထည့်စဉ်းစားလာနေကြပြီ။ Products တွေကို ပိုပိုပြီး ဆန်းသစ်အောင်၊ လူတွေ အတွက် ပိုအဆင်ပြေအောင် ထုတ်လုပ်လာကြတယ်။ ကုမ္ပဏီရဲ့တိုးတက်မှုကို နည်းလမ်းမျိုးစုံ၊ သီအိုရီ မျိုးစုံကို အသုံးချပြီး ရည်ရွယ်ချက်ကို ရောက်အောင်ရေးထားတာကို လေ့လာရမှာပါ။💡 နောက်ဆုံးအနေနဲ့The Lean Startup by Eric Ries စာအုပ်ဟာ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်မဲ့သူတွေ၊ လုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်ထားပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့သူတွေ၊ ကိုယ့်မှာ စီးပွားရေးတစ်ခု လုပ်ဖိုအကြံဉာဏ်ကောင်းတွေ ရှိပြီး လုပ်ရမလား မလုပ်ရဘူးလား ခွဲခြားလိုမရသူတွေ အတွက် အကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Startup Business တစ်ခုကို လုပ်ဆောင်မယ့် အချိန်မှာ တစ်ခြားသူတွေ ရှုးမှာ ကြောက်လိုတွန့်ဆုတ်နေပေမယ့် Eric က သူ့လက်တွေ့အတွေ့အကြုံ တွေနဲ့ပြောပြထားတဲ့ အတွက် ရွေးချယ်ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
👑 Startup Business တိုင်း မရှုးပါဘူး။ ကိုယ့်မှာ ရှိတဲ့ Resources တွေကို သာ သေချာအသုံးချနိုင်မယ်ဆိုရင် အောင်မြင်တဲ့ Business တစ်ခု ဖြစ်လာမှာပါ။
🔬 The Only way to Win is to Learn faster than Anyone else.
-
Add to cart
သင်ဟာ
🤵🏻 Manager တစ်ယောက်လား?
👨💼Manager ဖြစ်ဖိုကြိုးစားနေသူလား ?
👔Manager အသစ်ခန့်ဖိုစဥ်းစားနေတဲ့လုပ်ငန်းရှင်တစ်ယောက်လား?🏋️ “Great Managers are not born, but made.” – Julie Zhuo
⚽️ ဘောလုံးသမားကောင်း တစ်ယောက်ရဲ့တာ၀န်က ဘာဖြစ်မလဲ။
◾️ ဘောလုံးသမားကောင်း တစ်ယောက်ရဲ့တာ၀န်က ဘောလုံးပွဲတွေမှာ အနိုင်ယူဖိုပါ။ ဒါပေမယ့် ပွဲတိုင်းလိုလို နိုင်အောင် ဆရာကောင်း တစ်ယောက်နဲ့သေချာ လေ့ကျင့်ဖိုတော့ လိုအပ်ပါတယ်။
💥 Managers ကောင်း တစ်ယောက်ကတော့သူ နဲ့အတူ တွဲဖက် လုပ်ကိုင်နေတဲ့ လူတွေနဲ့အတူ ပိုကောင်းတဲ့ ရလဒ်တွေကို ဖန်တီးပေးဖိုပါပဲ။
✔️ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖိုအတွက် အရေးကြီးဆုံးအရာကတော့ ကိုယ်က Follower ကောင်း တစ်ယောက် အရင်ဖြစ်ဖိုပါပဲ။ ဒါမှလည်း ခေါင်းဆောင် ဖြစ်လာတဲ့ အခါမှာ လုပ်ဖော်ကိုင်ဖက်တွေ နေရာမှာ ပို နားလည်လာမှာပါ။
” ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။” – Simon Sinek
စာအုပ်ထဲမှာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ထက်အသက်ကြီးတဲ့ လူတွေ အများကြီးကို ဦးဆောင်ရတဲ့ Julie Zhuo Facebook Vice President အနေနဲ့တာ၀န်ထမ်းဆောင်နေရင်း သူမ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။
◾️ Purpose, People, Process
ကိုယ့် အဖွဲက ဘာအတွက် ကြိုးစားနေတာလဲ။ ❓❓
🔹 တစ်နည်းအားဖြင့် သူတိုဘယ်နေရာ တစ်ခုကို ရောက်ချင်တာလဲ စသဖြင့် အရင်သိအောင် လုပ်ရမယ်။ Julie က Manager တစ်ယောက်ရဲ့ တာ၀န်က ကိုယ့်အဖွဲသားတွေကို အောင်မြင်တဲ့ ရည်မှန်းချက် တစ်ခုခုကို မရောက်ရောက်အောင် ဖော်ဆောင်ပေးဖိုပဲ ဖြစ်ပါတယ် လိုယုံကြည်ပါတယ်။
ကိုယ့် အဖွဲသားတွေကို စီမံ ခန့်ခွဲ နိုင်ဖိုအတွက် သူတိုကို ယုံကြည်ရမယ်၊ သူတိုရဲ့ကောင်းတာတွေကို တိုးတက်အောင် လုပ်ပေးပြီး ဆိုးတာတွေကို နားလည်ပေးရမယ်၊ သူတိုက ကိုယ့်အပေါ် အားကိုးနေတဲ့ အချိန်မှာ သူတိုအပေါ် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနိုင်ရမယ်လိုပြောထားပါတယ်။
အဖွဲထဲမှာ လူဦးရေ များတာနဲ့အမျှ စီမံခန့်ခွဲရတာ ပိုမို ခက်ခဲလာပါတယ်။ ကိုယ့်အဖွဲသားတွေ အတွက် အလုပ်လုပ်ရာမှာ ပိုလွယ်ကူစေဖို၊ သူတိုအတွက် အကျိုးရှိမယ့် Meeting တွေ ဖန်တီးပေးဖို၊ အလုပ်မှာ ပျော်ရွှင်ဖိုအတွက် Culture ကောင်း တစ်ခု ဖန်တီးတည်ဆောက်ပေးဖိုအရေးကြီးလာပါတယ်။ လိုပြောထားပါတယ်။
◾️ Safety Means Progress
🔹 အခက်အခဲတွေက ကျွန်တော်တိုကို နှောင့်နှေးစေဖိုဖြစ်လာတာပါ။ ရှေးခေတ် လူတွေမှာ အခက်အခဲ အများကြီး နဲ့ရင်ဆိုင်ရတယ်။ လူတွေက အစာရှာရတယ်၊ တောရိုင်းတိရစ္ဆာန်တွေကို စောင့်ကြည့်ရတယ်၊ နေစရာ နေရာတစ်ခု ရှာရတယ်။ ဒါကြောင့် ကျွန်တော်တိုတွေက လုံခြုံနေရတာကို ကြိုက်ကြပါတယ်။ နောက်မှာ အပူအပင်တွေ ကင်းရှင်းနေမှ ကိုယ်လုပ်ချင်တဲ့ အရာကို စိတ်တိုင်းကျ လုပ်ဆောင်နေနိုင်မှာပါ။ ခေါင်းဆောင်တွေ အနေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူတိုဘဝတွေ လုံခြုံမှုကို ပေးနိုင်ရပါမယ်။ ဒါမှလည်း သုတိုရဲ့လုပ်ကိုင်နိုင်စွမ်းတွေက ပိုတိုးတက်လာနိုင်မှာပါ။
အလုပ်ခွင်မှာ Stress များတာက အလုပ်များလိုအဓိက မဟုတ်ပါဘူး။ အထက်က လူတွေရဲ့ အတင်းကြပ် ထိန်းချုပ်မှုတွေ အောက်မှာ အလုပ်လုပ်နေရလိုပဲ ဖြစ်ပါတယ်။ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို လေးစားယုံကြည်ပြီး ချီးမြင့်မြှောက်စားတတ်တဲ့ မန်နေဂျာတွေနဲ့အလုပ်လုပ်ရတဲ့ လူတွေက အလုပ်ခွင်မှာ ပိုအောင်မြင်မှု ရကြပါတယ်။ ပိုပျော်ရွှင်ကြပါတယ်။
◾️ Trust, Preparation, Feedback
🔹 Manager ကောင်းတွေက သူတိုရဲ အဖွဲသားတွေနဲ့ကောင်းမွန်တဲ့ relationship တွေ ရှိနေဖိုလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် Manager တွေက သူတိုအမြင်တွေနဲ့ဖိနှိပ်စက်နေတာမျိုး ဒါမှမဟုတ် သူတိုအဖွဲသားတွေကို မင်းတိုလုပ်ချင်တာလုပ် ငါနဲ့မဆိုင်ဘူး၊ ပြီးတော့ အထက်က မကောင်းလိုလက်အောက်ငယ်သားတွေကို အပြစ်တွေ ပုံချတာမျိုး စသဖြင့် ပြောဆို ခိုင်းစေ တာမျိုး မဟုတ်ပဲ အမြင်တွေ ဖလှယ်ကြပြီးမှ ဆုံးဖြတ်ချက် ချဖိုတိုက်တွန်းထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ အခက်အခဲတွေကို နားထောင်ပြီး ဖြေရှင်းပေးတဲ့အခါ နားလည်မှု ပိုရလာကြပြီး အလုပ်ခွင်မှာ အောင်မြင်မှုတွေ ပိုမို ဖြစ်ပေါ်စေပါတယ်။
◾️ Julie Zhuo ရဲ့ The Making of a Manager စာအုပ်က လူအများ ချီးမြောက် ခံရတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ Julie Zhuo က Facebook မှာ ကျောင်းပြီးပြီး ချင်း အလုပ်သင် အနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။ အသက် 25 နှစ်ရောက်တဲ့အခါမှာ Facebook Product & Design ဌာနမှာ Manager အဖြစ် ရာထူးတိုးခြင်း ခံရပါတယ်။ ငယ်ရွယ်တဲ့ Manager တစ်ယောက် ဖြစ်ပြီး လူ အယောက် (၂၀၀) ကျော် ဦးဆောင်ရတဲ့ အခါမှာ ပတ်၀န်းကျင်ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေ၊ မန်နေဂျာကောင်းတစ်ယောက်ရဲ အခက်အခဲတွေ၊ ငယ်ရွယ်ပေမယ့် အရှုးမပေးပဲ ကြိုးစားခဲ့ပုံတွေကို ရေးသားထားတဲ့အတွက် လူငယ်ဆန်ဆန် ရသ မြောက်တဲ့ အရေးအသားကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
-
Add to cart
သင်ကိုယ်တိုင်မသိတဲ့ သင့် မသိစိတ်ရဲ့ လျှိဝှက်ချက် (သို) The Power of your subconscious mind
မနက်တိုင်းခင်ဗျားသွားတိုက်ရင် ဘယ်လက်နဲ့ တိုက်သလဲ?
ဘယ်ဘက်လက်လား ညာဘက်လက်လား ?
မနက်ဖြန်မနက်အိပ်ရာနိုးရင် ပုံမှန်တိုက်နေကျမဟုတ်တဲ့လက် နဲ့ ပြောင်းတိုက်ကြည့်ရင် Automatic ဖြစ်မနေပဲ နည်းနည်းကသိကအောက်ဖြစ်သလိုခံစားရပါလိမ့်မယ်။
ဒီလို Automatic Function တွေကို ကျွန်တော်တိုရဲ့ Subconscious mind က ထိန်းချုပ်ထားပါတယ်။ကျွန်တော်တိုရဲ့ သိစိတ် Conscious Mind ဟာ Creative Thinking, Logical Thinking, Breakthrough Thinking တွေမှာ အားသာပေမယ့် တကယ်တမ်းတော့ သူဟာ ကျွန်တော်တိုတကယ်လုပ်ဆောင်နိုင်တာရဲ့ 5% လောက်ပဲထိန်းချုပ်မှုပေးထားတာပါ။
သူ့ရဲ့နောက်ကွယ်မှာ မသိစိတ် Subconscious Mind ဟာကျွန်တော်တိုနေစဉ်လုပ်ဆောင်နေကျ အရာအားလုံးရဲ့ 95% ကိုထိန်းချုပ်ထားပါတယ်။ အိပ်ရာထ မနက်စာစားတာကနေစပြီး လုပ်ငန်းဆောင်တာလုပ်ဆောင်မှု, Behavior, စကားပြောမှု , လူမှုဆက်ဆံရေးအားလုံးရဲ့ နောက်ကွယ်မှာ သူကအမြဲကျွန်တော်တိုကိုအလုပ်လုပ်ပေးနေပါတယ်။ ကျွန်တော်တိုမသိတဲ့မသိစိတ်ရဲ့ ခေါ်ဆောင်မှုနောက်ကို အသိမရှိပဲလိုက်နေမိတာ အချိန်တွေဘယ်လောက် လေလွင့်ခဲ့ပြီလဲ ? ပြီးပြည့်စုံမှုကိုဖန်တီးဖို ဒီမသိစိတ်ကို အသုံးချပြီး ကျွန်တော်တိုရဲ့ လိုအင်တွေ ဖြစ်ချင်တဲ့ Goal တွေ Target တွေရနိုင်တဲ့ ဘ၀ကို ဖန်တီးနိုင်ဖို နည်းလမ်းတွေရှိသလား ?အရိုးရှင်းဆုံးနည်းတစ်ခုကို ဥပမာပြရမယ်ဆိုရင် ကျွန်တော်တို အသက်ရှုခြင်းဟာ Automatic Process ( Subconscious Mind Function ) တစ်ခုဖြစ်ပါတယ်။ ဒါကို လက်တွေ့ Control လုပ်တဲ့ နည်း ( ဥပမာ အာနာပါန ပွားများခြင်း Manual Process ( Conscious Mind Function ) ကိုကျင့်သုံးခြင်းဟာ မိမိကိုတည်ငြိမ်အေးချမ်းစေပြီး ကြည်လင်တဲ့စိတ်ကို ရရှိစေပါတယ်။ ဒီလိုစွမ်းအားကို ကိုယ်ပိုင်လက်တွေ့အသုံးချနိုင်တဲ့နည်းလမ်းတချိုကိုလေ့လာကြည့်ကြပါစို
The Law Of Attraction
ချမ်းသာတဲ့သူတွေဟာ ချမ်းသာသထက်ပိုချမ်းသာတယ် ဆိုတာ Law of Attraction ကြောင့်ဆိုရင်မမှားပါဘူး။ ငွေရှိရာ ငွေလာတယ်ဆိုသလိုမျိုး ဥစ္စာဓနကို အမြဲစဉ်းစားပြီး attract လုပ်နေတဲ့သူတွေဆီကို ဒီ အရာတွေဟာရောက်ရှိလာရသလို, မကျေနပ်မှု မနာလိုမှု သဝန်တိုမှုတွေအမြဲတွေးပြီး Attract လုပ်နေတဲ့သူတွေအတွက် ပျော်ရွှင်မှုမရှိတဲ့ ဘ၀ကို သူတိုပိုင်ဆိုင်ရတာပါပဲ။ ကောင်းသောအတွေး ကောင်းသောအကျင့်တွေနဲ့ အတူတူနေထိုင်ပြီး အောင်မြင်မှုကို Attract အမြဲလုပ်နေတဲ့သူအတွက် Winning moment ဟာ အလိုလိုရောက်ရှိလာမှာပါ။Visualization
မရှိတဲ့အရာတွေကို တွေးလိုမရဘူးလို တစ်ယောက်ယောက်ကလာပြောရင် သင့်လက်ထဲကဖုန်းနဲ့ ကောက်ပေါက်လိုက်ပြီး အရင်တုန်းကမရှိခဲ့တဲ့ အရာကို ရှောင်စရာမလိုဘူးလိုပြောလိုက်ပါ။ ကျွန်တော်တိုမြင်တွေ့နေတဲ့အရာတိုင်းဟာ အမြဲ နှစ်ကြိမ်ဖန်တီးရပါတယ်။ပထမ အကြိမ် စိတ်ထဲမှာ Visualize လုပ်ဖန်တီးပြီးမှ ဒုတိယအကြိမ် Physical realityမှာ ပေါ်ပေါက်လာအောင်အားထုတ်ရတာပါ။ Visualization ဟာအရမ်းအစွမ်းထက်တဲ့ power တစ်ခုဖြစ်ပြီး လိုအပ်သလို အသုံးချလိုရပါတယ်။ သင်လိုချင်တဲ့အရာကို Clearly Visualize လုပ်ပြီး physical realm မှာဖြစ်လာအောင်ကြိုးစားပါ။Creating Abundance
Abundance လိုခေါ်တဲ့ ပြည့်စုံကြွယ်၀ချမ်းသာမှုဟာ သင့်ဆီမှာရှိပြီးသားပါ။ ဒါကို ကိုယ်တိုင်မမြင်ပဲ ဟိုဟာလည်းလိုချင် ဒီဟာလည်းဖြစ်ချင်ဖြစ်နေရင် သင်ဟာကြွယ်၀ပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပဲ မပြီးဆုံးနိုင်တဲ့ မာရသွန်ပွဲကို ပြေးနေရသလိုဖြစ်နေမှာပါ။ Abundance being တစ်ယောက်အတွက် ဘယ်အရာမှမှ လိုအပ်ခြင်းဆိုတာ မရှိတော့ပါဘူး ။ သင့်မှာ အရာအားလုံးရှိနေပြီသားဆိုရင် သင်ဘာကိုလိုအပ်နေဦးမှာလဲ ?သင်လိုယ်တိုင်မသိတဲ့ သင့်ရဲ့ အစွမ်းတွေဟာ Subconscious Mind ထဲမှာရှိပါတယ်။ ဥပမာ Subconscious Mind ဟာ Google Play Store , App Store တိုနဲ့ ဆင်ပါတယ် Application တွေအများကြီးရှိပေမယ့် သင်လိုချင်တဲ့ Application ကို Download လုပ်ပြီး သုံးကြည့်မှအဲ့ Application ရဲ့ အကျိုးကို သိရမှာပါ။ဒီလိုမျိုး သင့် Subconscious Mind ထဲမှာရှိနေတဲ့ skill set တွေကို ကိုယ်တိုင် Download ယူပြီး အသုံးချနိုင်ရင် သင်လိုချင်တဲ့ အောင်မြင်မှု ပြီးပြည့်စုံမှု ကြွယ်၀ချမ်းသာမှုတွေကိုပိုင်ဆိုင်နိုင်မှာပါ။
ဒီလို ကိုယ့်Power ကို ကိုယ်ကိုယ်တိုင် ရာနှုန်းပြည့်အသုံးချနိုင်တဲ့သော့ချက်တွေ ကို Science နဲ့ Religion နှစ်ခုလုံးနဲ့ယှဉ်ပြထားတဲ့ အရသာကို The Power of your Subconscious Mind မှာရှာတွေ့နိုင်ပါတယ်။ ပုံအောက်က Send Message ဆိုတဲ့ Button ကလေးကို နှိပ်ပြီး ဒီ Power တွေကိုသင့်လက်ထဲပိုင်ဆိုင်ဖို သင်အဆင်သင့်ဖြစ်ပြီလား ?
-
Add to cart
💵PAY YOURSELF FIRST💵
💹မင်းရှာတဲ့ပိုက်ဆံရဲ့ တစ်စိတ်တစ်ပိုင်းက မင်းအတွက်အရင်ဆုံးဖြစ်ရမယ်🏆ကျွန်တော်တိုရှာနေတဲ့ပိုက်ဆံအားလုံးဟာ ကိုယ်တိုင်သုံးဖိုအတွက်လား သူများတွေအတွက်လား ?
ဒီမေးခွန်းဟာ ကြိုးစားပိုက်ဆံရှာ အလုပ်လုပ်နေတဲ့လူတိုင်း ကိုယ်ကိုယ်ကို မေးသင့်တဲ့မေးခွန်းတစ်ခုပါ
ခင်ဗျားက လစာ ကိုးသိန်းရပြီး အိမ်ဌားခတစ်လသုံးသိန်းပေးရတယ် ဆိုရင် ခင်ဗျား တစ်လကို ဆယ်ရက်လောက်အိမ်ရှင်အတွက်ငွေရှာပေးနေရသလိုပဲပေါ့။ Pay yourself First လိုခေါ်တဲ့ ကိုယ့်ဝင်ငွေရဲ့ အနည်းဆုံး ဆယ်ပုံ တစ်ပုံကို ကိုယ့်အတွက်အရင်ဆုံးဖယ်ပြီးတော့မှ ကျန်တာတွေအတွက်သုံးကြည့်ပါ။🍀ကံကောင်းမှုက အလုပ်ထဲမှာပဲရှိတယ်
အောင်မြင်တဲ့သူတွေကိုကြည့်ရင် သူတိုကံကောင်းလိုက်တာလိုကျွန်တော်တိုမြင်တတ်ကြတယ်။ လမ်းသွားရင်းနဲ့ ရွှေထုပ်ကြီးတစ်ထုပ်ကောက်ရတဲ့ ကံကောင်းမှုမျိုးကိုလူတိုင်းလိုချင်ကြပါတယ်။ ထီပေါက်ခြင်း၊ အမွေရခြင်းတိုကလည်း ကျွန်တော်တိုကိုရုတ်တရက်ချမ်းသာသွားစေနိုင်တဲ့ ကံကောင်းခြင်းတွေပဲ၊ ဒါတွေကိုမျှော်လင့်ပြီးအချိန်ဆွဲနေရင် ဘယ်တော့မှကျွန်တော်တို အောင်မြင်မှုကိုခံစားရမှာမဟုတ်ပါဘူး။ ကျွန်တော်တိုရဲ့စဉ်ဆက်မပြတ်ကြိုးပမ်းမှုက အခြေအနေနဲ့အချိန်အခါသင့်တဲ့အချိန်မှာ အောင်မြင်မှုဟာကျွန်တော်တို အတွက် ကံကောင်းခြင်းအနေနဲ့ ရောက်ရှိလာပါလိမ့်မယ်။🖥️ပညာရှိစွာရင်းနှီးမြုပ်နှံပါ
လုပ်ငန်းတစ်ခုကို စနိုင်တဲ့ငွေစုမိပြီဆိုတာနဲ့ “ဟိုဟာလေးလုပ်ရင်ကောင်းမလား”, “ဒီလုပ်ငန်းလေးမှာရင်းလိုက်ရင်ကောင်းမလား” စတဲ့အတွေးပေါင်းမြောက်မြားစွာနဲ့ကျွန်တော်တိုရင်ဆိုင်ရပါတော့တယ်။
ခင်ဗျားကြိုးစားရှာဖွေထားတဲ့ ဥစ္စာဓနတွေကို ပွားများလာဖိုရင်းနှီးမြုပ်နှံတဲ့အချိန်မှာ အုတ်ဖုတ်သမားကို စိန် ဝယ်ခိုင်း မိတဲ့ Arkad လိုအမှားတွေကို ကျွန်တော်တို လိမ္မာပါးနပ်စွာရှောင်ကြဉ်တတ်ဖိုလိုပါတယ်။ကိုယ်လက်ထဲမှာရှိတဲ့ ငွေကို ရင်းနှီးမြုပ်နှံတဲ့အချိန်မှာ မိမိထက်ကျွမ်းကျင်ပိုင်နိုင်သူတွေဆီက အတွေ့အကြုံနဲ့အတွေးအမြင်တွေကိုသင်ယူပြီး အဆပွားအောင်ကြံဆောင်ရင်း သင့် ရဲ့ပိုက်ဆံအိတ်က ဖောင်းသထက်ဖောင်းလာပါလိမ့်မယ်။👨💼သင်ဟာ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းကို လေ့လာနေသူလား ? 👜ပိုက်ဆံအိတ်ဖောင်းဖောင်းကိုကိုင်ရတဲ့အရသာကိုကြိုက်သူလား ?
📚1926 ခုနှစ်ကစတင်ထုတ်ဝေခဲ့ပြီး ရာစုနှစ်တစ်စုနီပါးကြာရပ်တည်ခဲ့တဲ့ ငွေကြေးသင်ခန်းစာတွေကို အ၀ဖတ်လိုရပြီနော်
-
Add to cart
💭💭💭သင့်အိမ်မက်တွေဘယ်နှစ်ခု အပြင်မှာတကယ်ဖြစ်လာပြီလဲ ?
အရင်တစ်ချိန်က ကျွန်တော် ကိုယ်ပိုင်ကားတစ်စီးလိုချင်ခဲ့တယ်။ ငါ့ကားလေးရှိလာရင် သွားချင်တဲ့နေရာသွားမယ်။ လိုင်းကားတိုးစီးပြီးနေ့တိုင်းအလုပ်သွားစရာလည်းမလိုတော့ဘူးဆိုပြီး အိမ်မက်တစ်ခုမက်ခဲ့ဘူးတယ်။
တစ်လမှလစာသုံးသိန်းဝန်းကျင်ရတဲ့ ကုမ္မဏီဝန်ထမ်းလေးတစ်ယောက်အတွက် ဒီအိမ်မက်ကအဝေးကြီးမှာပါ။
ဒီလိုနဲ့တစ်နေ့ Law of Attraction အကြောင်းကိုရှာတွေ့ပြီး လက်တွေ့သုံးကြည့်ဖိုဆုံးဖြတ်လိုက်တယ်။ ကျွန်တော်လိုချင်တဲ့ကားကမြိုတွင်းစီးဆိုတော့ Size သေးသေးလေး, Crazy Color လေးဖြစ်ရမယ် ခေတ်လည်းမှီရမယ် စသည်ဖြင့် ကျွန်တော့ရဲ့ကားလေးကို နေ့စဉ်နေ့တိုင်း Visualize လုပ်တယ်။
ဒီကားလေးကို ဘယ်နေရာမှာသိမ်းမလဲ ? ဘယ်မှာ Service အပ်ခိုင်းမလဲ စသည်ဖြင့် ကားလေးရှိလာရင်ဘာလုပ်မလဲဆိုတဲ့ စိတ်ထဲမှာပြင်ဆင်မှုတွေကိုခဏခဏစဉ်းစားတယ်။တဖြည်းဖြည်းနဲ့ ကျွန်တော့်အနားမှာ ကားအကြောင်းပြောပြတဲ့မိတ်ဆွေတွေ၊ ကားလုပ်ငန်းလုပ်တဲ့လူတွေရောက်ရှိလာတယ်။ စိတ်ဝင်စားစရာကားလေးတွေလာပြတဲ့သူတွေရှိလာတယ်။ အတူတူအလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ကူညီမှုနဲ့ ကျွန်တော်အိမ်မက်မက်ခဲ့ဘူးတဲ့ ကားလေးတစ်စီး ကျွန်တော့်လက်ထဲရောက်လာတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ Manifestation ကတကယ်ပြီးပြည့်စုံပြီး Universe ကတကယ်ကိုကူညီတဲ့အကြောင်းကိုလက်ခံသွားပါတယ်။
🌠🌠🌠“ကျွန်တော်တိုအားလုံးမှာ အိမ်မက်ကိုယ်စီရှိကြတယ်။”
နွေးထွေးတဲ့အိမ်လေးတစ်လုံး၊ ပြိုင်ကားတစ်စီး၊ တစ်လတစ်ခါ စိတ်ပူစရာမလိုတဲ့ဝင်ငွေစသည်ဖြင့် ကျွန်တော်တိုအားလုံးမှာအိမ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့်လူအများစုက ဒီအိမ်မက်တွေက အဝေးကြီးမှာရှိနေသလိုမဖြစ်နိုင်တဲ့အရာတွေလို ခံစားရပါတယ်။ ဒီအိမ်မက်တွေတကယ်လက်တွေ့ဖြစ်လာဖိုအတွက် နည်းလမ်းတွေရှိတယ်ဆိုရင် သင်ယုံမလား ?
ဒီလို သင့်အိမ်မက်တွေကို Universe ဆီကနေယူဖို Rhonda Byrne ရဲ့ The Secret ထဲမှာ Law of Attraction နဲ့ ကျင့်ကြံနေထိုင်နည်းကိုရှင်းပြထားပါတယ်။
– အတွေးတွေဟာ သံလိုက်ဓာတ်လိုမျိုး အလုပ်လုပ်တဲ့အကြောင်း
– Energy vessel ကို အသုံးချနည်း
– Visualization, Manifestation နည်းလမ်းတွေ အကြောင်း🏠KNOW Exactly What You Want
မင်းလိုချင်တဲ့အရာကိုအတိအကျသိပါ။
အိမ်လေးတစ်လုံးလိုချင်တယ်ဆိုတာက လိုချင်စိတ်ပဲဖြစ်တယ်။ ကိုယ်လိုချင်တဲ့အရာကိုတိတိကျကျ ပုံဖော်ပါ။
လုံးချင်းတိုက်လား၊ကွန်ဒိုလား? နှစ်ထပ်တိုက်လား၊ ၀ရန်တာထောင့်အခန်းလား ? ဘယ်နေရာမှာ ကားထားမှာလဲ ? အိမ်ခန်းဆေးအရောင်ကဘာအရောင်ဖြစ်မလဲစသည်ဖြင့် ကိုယ်လိုချင်တဲ့အရာကို တိတိကျကျမြင်ပါ။🙏BELIEVE that universe will give it to u
Universe က မင်းလိုတဲ့အရာကိုပေးမယ်ဆိုတာကိုယုံကြည်ပါ။
ဒီနေရာကတချိုသူတွေအတွက်အရမ်းခက်ခဲတဲ့အဆင့်တစ်ခုပါ။ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဒီအိမ်မက်တွေဟာ အဝေးကြီးမှာရှိနေတယ်လိုခံစားနေရနိုင်ပါတယ်။ ဒါတွေကိုကျော်ဖြတ်ဖို Visualization နည်းလမ်းတွေ Secret Shifter တွေအသုံးပြုလိုရပါတယ်။🎁RECEIVE what you want
Universe ကပေးတဲ့အရာတွေကိုရယူပါ။
ဘယ်လောက်ပဲသင်လိုချင်လိုချင် ရယူဖိုအဆင်သင့်မဖြစ်သေးရင် Universe ကသင့် ဆန္ဒတွေကို ချက်ခြင်းပေးစွမ်းမှာမဟုတ်သေးပါဘူး။ သင်လိုချင်တဲ့အရာတွေသင့်မှာရှိနေတယ်ဆိုတဲ့ အကောင်းမြင်တဲ့ ပြည့်စုံတဲ့စိတ်ထားနဲ့ နေထိုင်ပါ။ဒီလိုရိုးရှင်းတဲ့ Laws of attraction နည်းလမ်းတွေအပြင် ဒီစာအုပ်ကလေးထဲမှာ
☀️Universe က သင် အာရုံစိုက်နေတာတွေကို သင့်ကိုပြန်ပေးတယ် ။ စိတ်ညစ်စရာတွေကိုအာရုံစိုက်ရင် စိတ်ညစ်စရာတွေပဲရမယ်။
💭ခံစားချက်တွေကအတွေးတွေကိုပေးတယ်။ ပျော်ရွှင်မှုကိုခံစားရရင် ပျော်ရွှင်တဲ့အတွေးတွေနဲ့နေထိုင်ရလိမ့်မယ်။
🔊အတွေး၊အပြော၊အလုပ် အားလုံးဟာ သင့်ဆန္ဒနဲ့တစ်ထပ်တည်းကျအောင်နေထိုင်ပါ စတဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါဖော်ပြထားပါတယ်။မသိသူကျော်သွား၊ သိသူဖော်စား ဆိုတဲ့စကားပုံလိုမျိုးပဲ law of attraction ဆိုတာ တကယ်ကိုရှိပါတယ်။ အိမ်မက်တွေမက်နေသရွေ့တော့ သင်လိုချင်တဲ့အရာတွေဟာ အိမ်မက်ထဲမှာပဲရှိနေမှာပါ။ Abundance ဖြစ်တဲ့ ဘ၀ကိုရနိုင်ဖိုအတွက် Universe ကနေသင့်ကိုလာပေးနေတဲ့အရာတွေကို လက်ကိုင်ရယူနိုင်ဖို နည်းလမ်းတွေ, Energy/Resonance/Frequency တွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြီး သင့်ဆန္ဒတွေကိုဖြည့်ဆည်းနိုင်မယ့်နည်းလမ်းတွေကို ဒီမှာရှာဖွေလိုက်ပါ။
-
Add to cart
မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။
လူအများစု တွေးထားကြတာက ပိုကြိုးစားရင် ပိုအောင်မြင်မယ်၊ ဒါပေမယ့် ဒီအချက်က အမြဲတန်း မှန်သလား လို မေးရရင် အမြဲတန်းတော့ မဟုတ်နေခဲ့ဘူး။
ဆိုက်ကား ဆရာ တစ်ယောက်က ဆိုက်ကား ပိုနင်းရဖို အရမ်းကြိုးစားနေမယ်ဆိုရင် ပိုနင်းရတဲ့ ဆိုက်ကား သမား တစ်ယောက်ပဲ ဖြစ်လာမှာ။
မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။
ဒီတော့ မမျှတတဲ့ လောကကြီးကို ဘယ်လို အနိုင်ယူမလဲ။
ဒါပေမယ့် လူတွေက Hardwork တောင် မလုပ်ရသေးဘူး Smartwork ကို တန်းဖြစ်ချင်နေကြပြီ။
HUSTLE
မနက် ကို ၁၀ နာရီမှ ထ၊ ဖုန်းလေး ပွတ်၊ Motivational Video တွေကြည့်၊ Effort တစ်ခုခု စိုက်ထုတ်မှု မရှိပဲ ငါ ဘာလို မအောင်မြင်သေးတာလဲ လို တွေးနေရင် သင်က ၉၅ ရာခိုင်နှုန်းသော လူပိန်းတွေထဲက တစ်ယောက် ဖြစ်နေဦးမှာပါပဲ။
ဒီတော့ Hustle လုပ်ပါ။ သင် သိနိုင်သမျှ knowledge အကုန် လေ့လာပြီး ရှိနေတဲ့ နေရာလေးကနေ ဖောက်ထွက်ပါ။
Unfair Advantage
လူတွေက အကုန် အတူတူပဲ လို တွေးနေသေးတာလား။
စာအုပ်ထဲမှာ လူချင်း တူနေရင်တောင် မှ အောက်ခြေ ရောက်နေလည်း သူ့ အားသာချက်တွေ ရှိတယ်၊ အမြင့် ရောက်နေလည်း Unfair Advantage တွေ ရှိတယ်လို ပြောထားတယ်၊
ဒါတွေကတော့
MILES
Money + Intelligent + Location + Education + Status
ကိုက ဘယ်နေရာမှာ အားသာချက်တွေ ရှိနေလဲ၊ ဘယ်အချက်တွေမှာ အားနည်းချက် ဖြစ်နေလဲ
ကိုယ့်မှာ အားနည်းနေတဲ့ နေရာတွေကို ဘယ်လို အားသာချက်တွေ ဖြစ်အောင် လုပ်မလဲ စတဲ့ နည်းလမ်းတွေကို စာအုပ်ထဲမှာ ရေးသားထားမှာပဲ ဖြစ်တယ်။
သာမန် ရေပေါ်ဆီ သီအိုရီတွေကို ရေးထားတဲ့ မဟုတ်ပဲ တစ်ကယ့် လက်တွေ့ က အဖြစ်အပျက်တွေ၊ လူတွေအပေါ်မှာ ရေးထားတာ ဖြစ်လို အနှစ်သာရ အပြည့်နဲ့ သင်ယူစရာတွေ တိုးလာမှာပါ။
95% ထဲမှ လွတ်မြောက်နိုင်ကြပါစေ။
-
Add to cart
စာအရှည်ကြီးတွေ ဖတ်ဖို့ပျင်းနေပြီလား? 😫
Project တွေ၊ စည်းကမ်းချက်တွေမလိုဘဲ ဗဟုသုတယူမလား? လက်တွေ့အသုံးချမလား ?🤔
- 🖼️ပုံတစ်ပုံ = စာလုံးတစ်ထောင်! ရှုပ်ထွေးတာတွေအကုန်ရှင်း
- 😉Podcast, Youtube အရှည်ကြီးတွေထက် ပုံတစ်ပုံက ပိုထိရောက်
- 😊ပုံနဲ့ဆိုတော့ မှတ်မိလွယ်၊ နားလည်လွယ်
- 👌လက်တွေ့သုံးဖို့ အရမ်းအဆင်ပြေ
- 💯စီးပွားရေးထူးချွန်ချင်သူတိုင်းအတွက် Must-Read!
အချိန်မကုန်ဘဲ တိကျတဲ့အသိပညာ ကို The Visual MBA ကနေရယူလိုက်ပါ။
-
Add to cart
☝️သင့်အတွေးတွေကို သံသယကင်းစွာနဲ့မေးခွန်းထုတ်ပြီး ကိုယ်တိုင်စိန်ခေါ်နိင်ဖို Adam Grant ရဲ့ Think Again ကိုလက်ဝယ်ပိုင်ဆိုင်ထားပါ။ တိုးတက်ပြောင်းလဲနေတဲ့လောကကြီးမှာ ဒီနေ့ရဲ့ အမှန်တရားဟာ နောက်တစ်နေ့မှာအလုပ်ဖြစ်မယ်ဆိုတဲ့အာမခံချက်မရှိပါဘူး။တချိန်တုန်းက Digital Marketing မလိုဘူးလိုပြောခဲ့တဲ့ Old Tradition Business တွေဟာ စျေးကွက်ရေစီးကြောင်းမှာနောက်ကျမကျန်ခဲ့ဖို အခုချိန်မှာ Digital Marketer တွေကိုလိုက်ရှာနေရပြီဖြစ်ပါတယ်။တိုးတက်မှုဆိုတာ ကိုယ့်ယုံကြည်ချက်တွေကို သတ္တိရှိရှိစိန်ခေါ်ပြီးပြောင်းလဲနိုင်မှုနဲ့ ဆင့်ကဲတည်ဆောက်နိုင်မှုပေါ်မှာအများကြီးမူတည်ပါတယ်။
-
Add to cart
💡💡အတွေးတွေမှာကန့်သတ်ချက်မရှိဘူး။ ချမ်းသာမှု၊ဆင်းရဲမှုနှစ်ခုစလုံး အတွေးတွေကနေပထမဆုံး ဖြစ်တည်တယ်။
“There are no limitations to the mind except those we acknowledge. Both poverty and riches are the offspring of thought.” – Napoleon Hills
🤔အရာရာအားလုံးဟာ အတွေးတွေကနေစဖြစ်တည်တယ်။
ငွေမရှိတဲ့အကြောင်းအမြဲတွေးနေတဲ့သူအတွက် ငွေမရှိခြင်းဟာအမြဲမှန်ကန်တဲ့အရာတစ်ခုဖြစ်သလို။ငွေရှာနည်းကို အမြဲရှာဖွေနေသူအတွက်ငွေရှာလိုရတဲ့လမ်းကြောင်းတွေဖြစ်တည်လာတာဟာလဲအတွေးကပဲစတယ်။
ကိုယ်တွေးချင်တဲ့အကြောင်းကို စိတ်အစာကျွေးပြီး အတွေးတွေကိုတည်ဆောက်လိုရတဲ့အတွက် အောင်မြင်ဖိုအတွေးတွေအချိန်တိုင်း တွေးနိုင်ဖိုကိုယ့်စိတ်ကို ကိုယ်မွေးမြူရပါမယ်။❤️🔥Burning Desire လိုခေါ်တဲ့ မရမကလိုချင်စိတ်။
လူတိုင်းမှာ လိုချင်တဲ့စိတ် (wishful thinking) တွေရှိကြပါတယ်။ ဒါပေမယ့် Universe ကလိုချင်ရုံနဲ့တော့အဆင်သင့်ဖန်တီးပေးမှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့အရာအတွက် ထိုက်တန်တဲ့ Skill သင့်မှာရှိပြီလား ? သင်လိုချင်တဲ့အရာကိုပိုင်ဆိုင်ရမယ့်အချိန်က သင့်လျော်ပြီလားစသည်ဖြင့် သင့်ရဲ့ Desire ကို စာမေးပွဲစစ်ဦးမှာပါ။သင်လိုချင်တဲ့ အရာတွေအတွက် Burning Desire မရှိပဲနဲ့ လွယ်လွယ်နဲ့ Universe ကအသင့်ပေးမယ်လိုမမျှော်လင့်ပါနဲ့။ သင်လိုချင်တဲ့အရာကို ရေနစ်နေတဲ့လူတစ်ယောက် အောက်ဆီဂျင်လိုအပ်သလိုမျိုး Burning Desire ရှိအောင်ကြီုးစားပါ🙏Faith and Hope , ယုံကြည်မှုနဲ့ မျှော်လင့်ချက်
Hope walks through the fire and faith leaps over it. – Jim Carrey
“မျှော်လင့်ချက်က မီးလျှံတွေကြားထဲလျှောက်လှမ်းနေချိန်မှာ ယုံကြည်မှုကခုန်ကျော်သွားနိုင်တယ်”
သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာကြွယ်မှု၊ မိတ်ဆွေပေါများမှုတွေဟာ သင့်ဆီကိုရောက်လာလိမ့်မယ်လို မမျှော်လင့်ပါနဲ့။ မျှော်လင့်ခြင်းဟာ မထင်မှတ်ပဲ သင့်ရည်မှန်းချက်တွေကိုလမ်းချော်သွားစေတတ်ပါတယ်။ အဲ့ဒီ့အစား ယုံကြည်ပါ။ သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာမှု အစရှိတဲ့ အရာတွေဟာသင့်ဆီကို တစ်ချိန်ချိန်မှာမလွဲမသွေရောက်ရှိလာမယ်ဆိုတာ ကို တထစ်ချယုံကြည်ထားပါ။ မရမက လိုချင်စိတ် ( Burning Desire ) နဲ့ ခိုင်မာတဲ့ယုံကြည်မှု (Strong Faith) ဟာ သင့်အောင်မြင်မှုကိုစားဆီးမဲ့အခက်အခဲတွေအားလုံးကိုကျော်ဖြတ်စေမှာပါ။🥇“A quitter never wins, and a winner never quits.”
အရှုးသမားတွေဟာဘယ်တော့မှ အနိုင်မရသလို၊ အနိုင်ရတဲ့သူတွေဟာ ဘယ်တော့မှအရှုးမပေးဘူး “
သိစိတ်မှာအောင်မြင်ချင်ရုံသာမက မသိစိတ်ကပါ သင်လိုချင်တဲ့အရာတွေအတွက်အမြဲတမ်းတောင့်တနေရမယ်။ လူတွေရှေ့မှာတစ်မျိုး လူကွယ်ရာမှာတစ်မျိုးလုပ်ရင် သင့် Desire က Wishful Thinking အဆင့်ပဲဖြစ်နေဦးမှာပါ။ Behavior နဲ့ Pattern တွေကို ထိန်းချုပ်နေတဲ့မသိစိတ် )Subconcious Mind ဟာသင့်အောင်မြင်မှုအတွက် စက်ရုပ်တစ်ရုပ်လိုသင့်ကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ သန်မာတဲ့ Subconscious Mind ကိုရရှိစေနိုင်ဖို autosuggestion နည်းစနစ်တွေကို အသုံးပြုဖို Hills က အကြံပြုထားပါတယ်။ဒီအချက်တွေသာမက
🧠Specialized Knowledge ဟာ General Knowledge ထက်အသုံးဝင်တဲ့အကြောင်း
🌱သင့် Goal တွေကို Manifest , Visualize လုပ်ဖိုနည်းလမ်းတွေ
✅Mastermind တွေလို Organized Planning လုပ်တဲ့ နည်းစနစ်တွေ
🏃ကိုယ့်ရဲ့ သံသယတွေကနေ လွတ်မြောက်နည်း အစရှိတဲ့ အကြောင်းအရာတွေကို တွေ့ရှိရမှာပါ.🌐 သင်တကယ်ကို မရမကလိုချင်ရင် Universe ကသူ့ Law အချိုကိုဖြေလျှော့ပေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ပေးဖိုလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Burning Desire ကြောင့် physical world, Mind, Soul နဲ့ universe တို Align ဖြစ်တဲ့အချိန်မှာရှိတဲ့ synchronicity တွေကိုသတိမူပြီး ယုံကြည်မှု (Faith) ကိုအားဖြည့်ရင်း subconscious Mind ရဲ့ autosuggestion တွေကိုနားထောင်ပါ။ဒီစာအုပ်ထဲက Principles တွေဟာ Law of Attraction ကိုလက်တွေ့အသုံးချနိုင်ဖို လေ့လာနေတဲ့သူတွေအတွက်လည်းအရမ်းစိတ်ဝင်စားဖိုကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
🏆တကယ်လိုချင်တဲ့သူတစ်ယောက်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ သင့်အတွေးထဲမှာရှိနေတဲ့အောင်မြင်မှုတွေကို ပြင်ပလောကမှာတကယ်ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့လမ်းညွှန်ချက်တွေကို Napeleon Hills ရဲ့ Think and Grow Rich မှာလေ့လာလိုက်ပါ။

















