Category: Psychology

  • “ကိုယ့်စိတ်ကို ကိုယ်နိုင်တာက အောင်မြင်မှုတစ်ခုပါ”

    1️⃣ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိခဲ့တယ်။ သူ့ကို ကိုတစ် လိုခေါ်ကြပါစို။
    သူကအရောင်းသမားတစ်ယောက်။ဘယ် ကုန်ပစ္စည်းကိုမဆို လူတိုင်းနီးနီးကို စကားလုံးလေးတွေနဲ့ဆွဲငင်ပြီး အမြဲတမ်း Target ထက်ကျော်အောင်ရောင်းတတ်တဲ့သူ။ သူ့ဆီက ပညာတွေအများကြီးကျွန်တော်သင်ခဲ့တယ်။ဒါပေမယ့် သူကအရောင်းကိစ္စကလွဲပြီး ကျန်တာတွေပြောရင်ဘယ်တော့မှစိတ်မဝင်စားဘူး။ “ငါနဲ့မဆိုင်တာတွေ ငါမလုပ်ချင်ဘူး” ဆိုပြီးအမြဲပြောပြီးရှောင်သွားတတ်တယ်။

    2️⃣နောက်မိတ်ဆွေတစ်ယောက်ကလည်းအရောင်းသမားတစ်ယောက်ပဲ။ သူ့ကို ကိုနှစ် လိုခေါ်ကြမယ်။
    သူကျတော့အရာအားလုံးကို နှံစပ်တယ်။ ဟိုစပ်စပ် ဒီစပ်စပ်လည်း လိုက်လေ့လာသလို စူးစမ်းမှုအားလည်းကောင်းတယ်။ သူအမြဲပြောတတ်တာက “ငါသိသမျှအရာတိုင်းက ငါ့အတွက်တစ်ချိန်အကျိုးဖြစ်ထွန်းမှာပဲ” ဆိုပြီး ပြောတယ်။ စာလည်းအရမ်းဖတ်သလို တစ်ရုံးလုံးမှာလည်းသူမပါတဲ့အလုပ်မရှိသလောက်ပဲ။

    ✅️သူတိုနဲ့ ဆယ်စုနှစ်တစ်ခုနီးပါကြာ ခွဲခွာပြီးတော့ ပြန်တွေ့တဲ့အချိန်မှာ ကိုတစ် ကတော့ ဝန်ထမ်းဘ၀မှာပဲနေပြီးတော့ ကိုနှစ်ကတော့ ဝန်ထမ်းနှစ်ဆယ်ကျော်နဲ့ ဆိုင်နှစ်ဆိုင်ပိုင်တဲ့လုပ်ငန်းရှင် တစ်ယောက်ဖြစ်နေပြီ။ ကျွန်တော်နဲ့ အတူတူ တစ်ဆိုင်ထဲထိုင် ကော်ဖီအတူတူသောက်ခဲ့တဲ့ သူနှစ်ယောက်ကဘာကြောင့် ဆယ်နှစ်အတွင်း မတူညီတဲ့ဘ၀တွေကို ပိုင်ဆိုင်သွားကြတာလဲ ??

    🧠Fixed Mindset Vs Growth Mindset
    ကိုတစ် လိုလူမျိုးကို Fixed Mindset သမားလိုခေါ်ပြီး
    ကိုနှစ် ကိုကျတော့ Growth Mindset လိုခေါ်ပါတယ်။

    😶‍🌫️Fixed Mindset ရှိတဲ့သူတွေ
    ကိုတစ် လိုမျိုးလူတွေဟာ သူတိုဆီမှာရှိတဲ့ Skill တွေဟာ လုံလောက်နေပြီလိုတွေးတဲ့အထိအလုပ်လုပ်ကြပါတယ်။ အခက်အခဲတွေက လွတ်မြောက်ရုံ ပြသနာတွေကိုရှောင်ရှားနိုင်ရုံ နဲ့ အေးအေးဆေးဆေးနေဖို အမြဲတွေးကြပါတယ်။ Skill နဲ့ Talent ဟာ မွေးရာပါအရည်အချင်းဖြစ်ပြီး ပြောင်းလဲလိုမရဘူးဆိုတဲ့အတွေးမျိုးနဲ့ နေထိုင်ကြပြီးတော့ ကိုယ့်ကျွမ်းကျင်ရာ Comfort Zone လေးထဲမှာပဲ ကျင်လည်ဖို ကြီုးစားကြပါတယ်။

    🧘‍♂️Growth Mindset ရှိတဲ့သူတွေ
    ကိုနှစ်လိုမျိုးသူတွေက ငါသင်လိုမတတ်တဲ့အရာမရှိဘူးဆိုပြီး အမြဲတမ်း သင်ယူဖိုကြိုးစားနေတဲ့သူတွေပါ။ Growth Mindset ရှိတဲ့သူတွေအတွက် အခက်အခဲတိုင်းဟာ သူတိုကို Level တက်စေတဲ့ လှေခါးထစ်တွေပါပဲ။ ရုန်းကန်မှုအခက်အခဲတစ်ခုရှိတိုင်း ကျော်ဖြတ်ဖို Skill တွေကို ရယူနိုင်ဖို အမြဲကြိုးပမ်းတတ်တဲ့ အမူအကျင့်ဟာ သူတိုရဲ့ အောင်မြင်မှုကို တစ်ချိန်မှာ ရယူနိုင်စေပါတယ်။

    🌍Growth Mindset ရနိုင်တဲ့နည်းလမ်းတွေ
    နှစ်ပေါင်းသုံးဆယ်ကျော် လူတွေရဲ့ Mindset ကိုလေ့လာခဲ့တဲ့ စာရေးဆရာ Dr. Carol S.Dweck က သူ့ရဲ့ စာအုပ် “Mindset” ထဲမှာ အောင်မြင်တဲ့သူတိုင်းမှာရှိတဲ့ “Growth Mindset” အကြောင်းကိုသေသေချာချာနှံနှံစပ်စပ်ရေးသားထားပါတယ်။ ချောင်ပိတ်မိနေပြိလိုထင်နေတဲ့စိတ်ကို ကိုယ်တိုင်ဘယ်လိုပြောင်းလဲနိုင်သလဲ, ကြံကြံခံနိုင်တဲ့စိတ်ဓာတ်ကိုဘယ်လိုမွေးမြူရမလဲ, ကိုယ်လိုချင်တဲ့ ဘ၀ကို ကိုယ်တိုင်ယူနိုင်တဲ့ နည်းလမ်းတွေအများကြီးကို ဒီစာအုပ်ထဲမှာတွေ့ရမှာပါ။ကျွန်တော်တိုလိုချင်တဲ့ ဘ၀ကိုရရှိနိုင်ဖိုအတွက် အကြီးကြီးတွေပြောင်းလဲစရာမလိုပဲ Mindset ကလေးတစ်ခု ပြောင်းလိုက်ရုံနဲ့ အရာရာအားလုံးသင့်အတွက်ဖြစ်လာမဲ့သော့ချက်တွေကို လက်ဝယ်ပိုင်ဆိုင်လိုက်ပါ။

    Add to cart
  • 💵လစာတိုးပေးဖိုအထက်လူကြီးကိုဘယ်လိုညှိရမလဲ??

    ပထမဆုံးတွေးမိတဲ့အဖြေက “NO” လိုဆိုရင် ခင်ဗျားဟာ Negotiation ရဲ့ ပထမဆုံးသောအဆင့်ကိုစရောက်ပါပြီ။
    ဒါဆိုဘယ်လိုရှေ့ဆက်ကြမလဲ ???

    -> အဆင်ပြေမှာမဟုတ်ပါဘူး ဆိုပြီးဆက်မပြောတော့ပဲနေမှာလား😢
    -> ကိုယ်ဝင်ငွေတိုးပေးအောင်ညှိနှိင်း နိုင်မယ့် Skill ကိုရှာမလား 🧐

    🧠ဒီskill တွေကို စာရေးဆရာ Chris Voss ရေးတဲ့ Never Split the Difference ထဲမှာတွေ့နိုင်ပါတယ်
    ညှိနှိင်းဆွေးနွေးမှု ဆိုတာ ကျွန်တော်တိုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ မနက်အိပ်ရာထပြီး မနက်စာဘာစားမလဲလိုစပြီးတိုင်ပင်တာကအစ အလုပ်မှာ အိမ်မှာ အမြဲတမ်းကျွန်တော်တိုလိုချင်တဲ့အရာတွေ ရရှိဖိုအတွက်အမြဲ တစ်စုံတစ်ယောက်နဲ့ တိုင်ပင်ကြရပါတယ်။

    နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ညှိနှိင်းမှုအများစုမှာ ကျွန်တော်တိုဟာ ကိုယ့်လိုအပ်ချက်ကို လျော့ပေါ့ပြီးအလုပ်ဖြစ်အောင် အနစ်နာခံလိုက်ကြရတာများပါတယ်။ ကိုယ်လိုချင်တဲ့အရာအများစုကိုကိုယ့်လက်ထဲရောက်အောင်လုပ်နိုင်တဲ့ Negotiation Skill ကိုလူအနည်းစုသာ တတ်ကျွမ်းကြပါတယ်။

    ဒီ Negotiation Skill ကို ကျွမ်းကျင်ဖိုဒီစာအုပ်ထဲမှာဘာတွေပါလဲ ??
    🌻 Tactical Empathy
    🦻Active Listening
    🪞Mirroring
    🤔65 85 95 rule
    🏷Labeling
    ❓Calibrated Question စတဲ့ Skill တွေ
    ⛔️“NO” ဆိုတဲ့စကားလုံးရဲ့အရေးပါပုံ
    👌“Yes” ဆိုတဲ့ အဖြေသုံးမျိုး
    🗣Negotiator သုံးမျိုး အကြောင်း
    🦢စကားလုံးတွေထဲက Black Swan တွေနဲ့ သူတိုကို အသုံးချနည်းတွေ

    Business Owner တွေ ,Business Developmentလောကထဲက သူတွေ , Community နဲ့ Relationship Management လုပ်နေတဲ့သူတွေအပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေ ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။ အထူးသဖြင့် စီးပွားရေး၊ မိသားစုနဲ့ အလုပ်မှာ စကားပြောတာပိုအဆင်ပြေတဲ့ သူ၊ လူတွေနဲ့ ညှိနှိင်းမှု skill ကို Level Up လုပ်ချင်တဲ့သူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။

    Add to cart
  • သင့်စိတ်ကို ထုဆစ်ပုံသွင်းဖို NLP ( Neuro-Linguistic Programming) ရဲ့ စွမ်းအား🧠✨

    လှပတဲ့ရုပ်ထုတစ်ခုဖြစ်အောင် ပန်းပုဆရာကသစ်သားကိုထုဆစ် ပုံသွင်းရသလို🪵၊ စိမ်းလန်းတဲ့ပန်းပင်လေးတွေဖြစ်အောင် ဥယျာဉ်မှုးက မြေကြီးကိုတူးဆွရသလို🌱 ကျွန်တော်တိုလိုချင်တဲ့ အောင်မြင်မှု ငြိမ်းချမ်းမှု စတဲ့ထူးခြားတဲ့အရာတွေကိုရရှိနိုင်ဖိုအတွက် စိတ်ကိုပြုစုပျိုးထောင်လိုရပါတယ်။

    💪ခန္ဒာကိုယ်ကြွက်သားတွေသန်စွမ်းချင်ရင်အလေးမပါ။
    🧠ကြံ့ခိုင်ပြီးအစွမ်းထက်တဲ့စိတ်ကိုပိုင်ဆိုင်ချင်ရင် NLP ကိုလေ့ကျင့်ပါ။

    🕯“စိတ်သာရှင်စော ဘုရားဟော” ဆိုတဲ့ စကားပုံအတိုင်း ကျွန်တော်တိုစိတ်ဟာ ကမ္ဘာကြီးကိုတောင်ကိုင်လှုပ်လိုရတယ်ဆိုတဲ့ခံစားရတဲ့အချိန်ရှိသလို တစ်ကမ္ဘာလုံးကိုကျောပိုးထမ်းထားရသလိုလေးလံတဲ့ခံစားချက်လည်းရှိပါတယ်။ ဒီ နေရာတွေမှာ Neuro-Linguistic Programming (NLP) ဟာ ကျွန်တော်တိုရဲ့အပြုအမူ၊အနေအထိုင်၊အပြောအဆိုတွေကိုနောက်ကွယ်ကနေကြိုးကိုင်ထိန်းကျောင်းပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။

    NLP ဆိုတာဟာ
    🧠Neuro – (စိတ်အာရုံ) – နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေကို အာရုံကြောလေးတွေကတဆင့်ခံစားမှု။
    🗣Linguistic – (ဘာသာပြန်ဆိုခြင်း) – ဒီခံစားမှုတွေကိုနားလည်နိုင်ဖို အဓိပ္ပါယ်ပြန်ဆိုမှုနဲ့
    🔁Programming – (အပြုအမူ) – ဒီနားလည်မှုကိုတုံပြန်တဲ့ အပြုအမူတွေ ဆိုတဲ့ အဓိကအစိတ်အပိုင်းသုံးခုနဲ့တည်ဆောက်ထားပါတယ်။

    NLP မှာပါဝင်တဲ့ ကျွန်တော်ကြိုက်တဲ့အချိုသောအချက်တွေ💡💡

    ⚡️Cognitive Shortcuts (သိစိတ်ရဲ့ဖြတ်လမ်းတွေ)
    ကျွန်တော်တိုနေ့စဉ်ကြုံတွေ့နေရတဲ့ မြောက်များလှစွာသော Information တွေကို အစီအစဉ်တကျ လက်ခံ၊သိမ်းဆည်း၊လုပ်ဆောင်နိုင်ဖိုအတွက် Simplify(ရိုးရှင်းမှု)၊ Fliter(စစ်ထုတ်မှု) နဲ့ Modify(ပြန်လည်မွမ်းမံမှု) ဆိုတဲ့အရာတွေကို သိစိတ်က ဖြတ်လမ်း ( Cognitive Shortcuts) အနေနဲ့လုပ်ဆောင်သိမ်းဆည်းပါတယ်။ဒီဖြတ်လမ်းတွေဟာ ကျွန်တော်တိုလိုအပ်တဲ့ အကြောင်းအရာတွေကိုအသုံးပြုဖိုလိုအပ်တဲ့အချိန်မှာ စဉ်းစားစရာမလိုပဲ လွယ်ကူတဲ့ဆုံးဖြတ်ချက်တွေအနေနဲ့လုပ်ဆောင်နိုင်အောင် ကူညီပေးတဲ့ Auto Pilot Function တွေလိုအလုပ်လုပ်ပါတယ်။ ဥပမာ-ညဘက် အိမ်ပြန်တဲ့အချိန်မှာ မှောင်နေတဲ့လမ်းကမသွားပဲနဲ့ မီးလင်းနေတဲ့လမ်းကို automatic သွားသလိုမျိုး။ ဒီဖြတ်လမ်းတွေဟာ အသုံးဝင်တဲ့နေရာတွေရှိသလို ကျွန်တော်တိုရဲ့ ကန့်သတ်ချက်တွေ၊ လိုအပ်ချက်တွေနဲ့၊ ဘက်လိုက်ဆုံးဖြတ်တတ်တဲ့ အမူအကျင့်တွေကြောင့် တစ်ခါတရံမှာအခက်အခဲတွေဖြစ်စေတတ်ပါတယ်။

    👁Sensory Manifestation (အာရုံခံစားမှုကို သိသာစေခြင်း)
    အမြင်၊အကြား၊အနံ့၊အတွေ့၊အရသာ စသည်ဖြင့် အာရုံခံစားမှုငါးပါးနဲ့လူတွေဟာ ပြင်ပလောကနဲ့ဆက်သွယ်ကြပါတယ်။ခံစားရတဲ့အာရုံခံစားမှုပေါ်မူတည်ပြီး တည်ဆောက်ထားတဲ့ တုံပြန်မှုတွေကို ကျွန်တော်တိုပြုမှုတတ်ကြပါတယ်။ ဥပမာ-တယောသံအေးအေးလေးကြားရင် ငြိမ်းချမ်းသွားတာ၊ အလိုမကျတာတွေ့ရင်ဒေါသထွက်တာ စသည်ဖြင့် အနာဂတ်ကိုတွေးမိရင် စိတ်ပူတတ်ကြပြီး အတိတ်ကိုတွေးရင်စိတ်ဓာတ်ကျမှုတွေဖြစ်ကြပါတယ်။NLP ဟာဒီအာရုံခံစားမှုတွေကို ခွဲခြမ်းစိတ်ဖြာပေးပြီး ထက်မြက်တဲ့စိတ်ခံစားမှုနဲ့အတူအံခွင်ဝင်ကျဖြစ်တဲ့တုံပြန်မှုတွေကိုသိသာစေပါလိမ့်မယ်။

    🧘NLP ကိုနားလည်ကျင့်သုံးမှုဟာ🧘
    1️⃣အဆိုးမြင်အတွေးကိုအကောင်းမြင်အဖြစ်ပြောင်းလဲနိုင်ခြင်း : “ငါမလုပ်နိုင်ဘူး”ဆိုတဲ့အရာကို “ငါတိုးတက်ဖိုသင်ယူနေတယ်”ဆိုတာနဲ့ပြောင်းလဲနိုင်ခြင်း
    2️⃣ဆက်ဆံရေးတိုးတက်စေခြင်း : Mirroring အစရှိတဲ့နည်းပညာတွေနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးကိုကိုတည်ဆောက်နိုင်ခြင်း
    3️⃣အကျင့်ဆိုးတွေကိုကျော်လွှားနိုင်ခြင်း : အချိန်ဆွဲတာ၊ ယုံကြည်မှုမရှိတာအစရှိတဲ့ မကောင်းတဲ့အကျင့်တွေဖြစ်တည်ပုံကိုနားလည်ပြီး အကျင့်ကောင်းတွေကိုမွေးမြူနိုင်ခြင်း
    4️⃣ကောင်းမွန်တဲ့အတွင်းစိတ်နဲ့နေထိုင်နိုင်ခြင်း : အပျက်သဘောဆောင်တဲ့အတွေးတွေကိုကောင်းမွန်တဲ့အတွေးတွေနဲ့အစားထိုးနိုင်ခြင်း
    5️⃣သိစိတ်အာရုံခံစားမှုကောင်းမွန်ခြင်း : အသိ၊သတိနဲ့နေထိုင်မှုကြောင့် ရှင်းလင်းပြတ်သားတဲ့အဓိပ္ပါယ်ကိုသိသာစေခြင်း တိုကိုရရှိစေနိုင်ပါတယ်။

    🚫NLP နဲ့ပက်သက်ပြီးလွဲမှားနေတဲ့အရာတွေ🚫
    ❌“NLP ဆိုတာ စိတ်လှည့်ကွက်တစ်ခုပဲ”
    ✅-NLP ဟာ စိတ်ရဲ့ Pattern တွေကိုသဘောပေါက်ပြီး မိမိရဲ့တိုးတက်မှုနဲ့အောင်မြင်မှုအတွက်ဒီ Pattern တွေကိုပြောင်းလဲနိုင်တဲ့အရာဖြစ်ပါတယ်။
    ❌“NLP ကအရမ်းရှုပ်ထွေးတယ်”
    ✅-NLP နည်းစနစ်တွေဟာတကယ်လေ့လာရင် ရိုးရှင်းပြီး နေ့စဉ်ဘ၀မှာပါအသုံးဝင်ပါတယ်။
    ❌“ဒါတွေ အကျိုးဖြစ်ဖို နှစ်တွေအများကြီးလေ့ကျင့်ရမှာပေါ့”
    ✅-ရိုးရှင်းတဲ့နည်းစနစ်တွေကိုအသုံးပြုရင်တောင် အချိန်တိုအတွင်းမှာ သိသာထင်ရှားတဲ့တိုးတက်မှုတွေရရှိစေနိုင်ပါတယ်။

    🚀🚀သင်ရဲ့အတွေးအခေါ်၊ အလုပ်အကိုင်၊အပြုအမူနဲ့ ပတ်ဝန်းကျင်ဟာသင့်ရဲ့ တကယ့်အစစ်အမှန်ဖြစ်နိုင်မှုကို ကန့်သတ်ချက်တွေနဲ့ချုပ်ချယ်ထားပါတယ်။ဒါတွေကိုဖောက်ထွက်ပြီး သင်ဖြစ်နိုင်တဲ့အမြင့်မားဆုံးသောအစစ်အမှန်နေရာကိုရောက်ရှိနိုင်ဖိုအတွက် NLP နည်းစနစ်တွေကို စတင်လေ့လာလိုက်ပါ။

    Add to cart
  • 📦 လူတွေအကုန်လုံး outside the box တွေးရမယ်ဆိုရင်တော့ သေချာတာက တကယ်ပြင်ရမှာ အဲ့ box ကိုပါ….
    – Malcolm Gladwell

    🔱 Success က မွေးရာပါ အရည်အချင်းမဟုတ်ပါဘူး။ အခွင့်အရေး အသုံးချနိုင်မှု၊ ပြင်းပြင်းထန်ထန် ကြိုးစားမှု၊ ကောင်းမွန်တဲ့ ဗီဇအကျင့်စရိုက်စတဲ့ အချက်တွေ ပေါင်း၍ ရလာတဲ့ရလဒ် ဖြစ်ပါတယ်။ အခြားသောအချက်တွေဖြစ်တဲ့ ကိုယ်မွေးဖွားကြီးပြင်းတဲ့ အချိန်အခါ၊ နေရာဒေသကလည်း ကိုယ်ရရှိနိုင်မယ့် အခွင့်အရေးတွေအပေါ် သက်ရောက်မှုရှိပါတယ်။

    📃 ယခု Outliers – The Story of Success စာအုပ်မှာ Malcolm Gladwell က အကောင်းဆုံး၊ အထက်ဆုံး၊ အအောင်မြင်ဆုံး ပုဂ္ဂိုလ်တွေရဲ့ အကြောင်းသာဓကတွေနှင့်အတူ အတွေးအခေါ်အသစ် တွေပေးထားပါတယ်။ သူ့မေးခွန်းတွေက ဘယ်အရာတွေက High-Achievers တွေကို ကွဲပြားသွားစေလဲ။

    ❓ အဖြေက ကျွန်တော်တို့က အောင်မြင်သူတွေ ဘယ်လိုပုံစံရှိတယ်ဆိုတာကိုပဲ အာရုံစိုက်လွန်းပြီး သူတို့ဘယ်လို culture၊ ဘယ်လိုမိသားစု၊ ဘယ် generation၊ ဘယ်လိုအရာတွေနဲ့ ကြီးပြင်းလေ့ကျင့်လာတယ်ဆိုတာတွေ အပေါ်မှာတော့ သတိမမူမိကြပါဘူး။

    ❇️ သူတို့ IQ ဘယ်လောက်ရှိတယ်ဆိုတာထက် အခြားကျွန်တော်တို့ မမြင်နိုင်တဲ့အရာတွေအထိ နက်နက်နဲနဲ လေ့လာသင့်ပါတယ်။ ယခုစာအုပ်မှာ Malcolm က software billionaires တွေရဲ့လျှို့ဝှက်ချက်၊ အကောင်းဆုံးဘောလုံးသမားဖြစ်ဖို့ ဘာတွေလုပ်ခဲ့ရလဲ၊ ဘာလို့အာရှလူမျိုးတွေက သင်္ချာမှာတော်တာလဲ၊ ဘာက The Beatles အဖွဲ့ကို အကောင်းဆုံး rock band ဖြစ်စေလဲ စသည့် တကယ်ဖြစ်ရပ်တွေနဲ့ သင်ခန်းစာတွေ တွဲရှင်းပြထားပါတယ်။

    🕳 When opportunity presents itself, seize it.

    👣 There is no shortcut to mastery than putting in the hours.

    စာအုပ်ထဲက သင်ခန်းစာများအနက် 10,000 Hours Rule
    ________

    🎻 တယောတီးတဲ့သူများကို လေ့လာချက်အရ တယောကိုဆရာအဖြစ် ပြန်သင်ပေးဖို့ရတဲ့သူ၊ တကယ်ကောင်းမွန်တဲ့သူ၊ လုံးဝကျွမ်းကျင်တဲ့သူဆိုပြီး သုံးဖွဲ့ထွက်လာပါတယ်။ တယောကို လုံးဝ world class အဆင့်ကျွမ်းကျင်သူတွေအတွက်တော့ သူတို့ကို ဘယ်အရာတွေက ကျွမ်းကျင်သွားစေတာလဲဆိုတော့ ငွေကြေးလည်းမဟုတ်ပါဘူး၊ သူတို့
    တယောအရည်အသွေးကောင်းလို့လည်း မဟုတ်ပါဘူး၊ မွေးရာပါ ပါရမီကြောင့်လည်း မဟုတ်ဘူး၊ တစ်ခုသော အရာကပဲ world class ဖြစ်စေခဲ့ပါတယ်။ အဲဒါက Practice ပါ။ နေ့စဉ်အမြဲ practice လုပ်ခဲ့တဲ့ အချိန်နာရီတွေကြောင့်ပါပဲ။

    📄 သူတို့ရဲ့ လေ့လာချက်အရ အတန်အသင့် ပြန်သင်ပေးဖို့ တတ်တဲ့သူတွေက နာရီ ၄၀၀၀ ကျင့်ခဲ့ပါတယ်။ တယောတီးတကယ် ကောင်းမွန်တဲ့သူတွေက နာရီ ၈၀၀၀ လေ့ကျင့်ခဲ့ပါတယ်။ လုံးဝကျွမ်းကျင်နေသူများကတော့ နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်ခဲ့ပါတယ်။ ဒီနာရီ ၁၀,၀၀၀ နည်းလမ်းက တယောကျွမိးကျင်နေသူတွေမှမဟုတ်၊ အခြားသော ထိပ်တန်းစာရေးဆရာတွေ၊ အားကစားသမားတွေ၊ ဟောပြောသူတွေ၊ Bill Gates၊ The Beatles စတဲ့ ပုဂ္ဂိုလ်တွေတိုင်း သူတို့လုံးဝ ကျွမ်းကျင်သွားတဲ့ အရာတွေအတွက် အနည်းဆုံး နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်ကြပါတယ်။ ဒါကြောင့် ဘယ်ပညာမှာမဆို လုံးဝ master ဖြစ်ချင်ရင်တော့ လုံးဝအချိန်ပေး လေ့ကျင့်ရမှာပါပဲ။

    🏇 ‌Practice လုပ်တဲ့အခါကျရင်လည်း ကိုယ့်အတွက် အဆင်ပြေနေတဲ့ဟာကြီးပဲ လေ့ကျင့်မနေဘဲ deliberate practice လုပ်ရပါမယ်။ ကိုယ့်အတွက် ပိုပိုခက်ခဲလာတဲ့ဟာ၊ ပို uncomfortable ဖြစ်စေလာတဲ့ဟာတွေပါ လေ့ကျင့်ပေးရပါမယ်။ ဥပမာ – gym မှာ ဝိတ်မတဲ့အခါ ကိုယ်မလုပ်ချင်ဆုံး exercise တွေက ပို result ကောင်းပေးသလိုပေါ့။ ဒီနေ့ကလိုပဲ မနက်ဖြန်မှာ လေ့ကျင့်နေရင်တော့ မနေ့က result ဟောင်းကြီးပဲပြန်ရမှာပါ။ အဲ့တော့ ကိုယ့်အတွက် ပိုခက်ခဲလာတဲ့အဆင့်တွေ တစ်ဆင့်ချင်း တစ်ဆင့် လေ့ကျင့်သွားရပါမယ်။ ကျွန်တော်တို့ အလုပ်သင့်ဆုံးအရာတွေက ကျွန်တော်တို့ မလုပ်ချင်ဆုံးအရာတွေပါ။
    ‌
    💨 ‌It is not how good you are, it is how good you want to be.

    🛤 ‌Path to 10,000 hours:
    ‌1. When you put in the effort, you get the rewards
    ‌2. Focus on factors you can change
    ‌3. Go all in
    ‌4. Minimize negative factors
    ‌5. Track your progress

    ✌️ Outliers စာအုပ်မှာ opportunity and legacy ဆိုပြီးအဓိက အပိုင်း(၂)ခုခွဲထားပါတယ်။ လူငယ်တွေ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

    🎖 “Inspiring, revelatory…Gladwell is the best kind of writer – the kind who makes you feel like you are a genius, rather than that he is a genius.”
    ‌ – Times (London)

    Add to cart
  • သင့်ဘ၀ကိုမျက်ကွယ်ကထိန်းကျောင်းနေတဲ့အရာနှစ်ခု, စွမ်းအား(Power)နဲ့ အင်အား(Force)တိုရဲ့ယှဉ်ပြိုင်မှု

    🏆“The greatest victory is that which requires no battle.” – Sun Tzu, The Art of War
    “တိုက်ခိုက်စရာမလိုတဲ့ အနိုင်ရမှုဟာ အကြီးမားဆုံးသောအောင်နိုင်မှုအစစ်အမှန်ဖြစ်တယ်” ဆိုတဲ့ Sun Tuz ရဲ့ Quote တစ်ခုရှိပါတယ်။
    ဒီစာအုပ်ကိုဖတ်ပြီးချိန်မှာ ကျွန်တော့်ခေါင်းထဲမှာပေါ်လာတဲ့ပထမဆုံးသော စာသားလေးတစ်ခုပေါ့။

    နေ့တိုင်းကျွန်တော်တို လူတန်းစေ့နေနိုင်အောင်၊ ပတ်ဝန်းကျင်ကလက်ခံတဲ့လူတစ်ယောက်ဖြစ်အောင်၊ ချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် အင်အားတွေအများကြီးစိုက်ထုတ်ပြီး ရုန်းကန်လှုပ်ရှားရတယ်။ တကယ်လို ကျွန်တော်တိုနေ့စဉ်ကြုံနေရတဲ့ ရုန်းကန်မှု (Career, Relationship, Work) စတဲ့အရာတွေကို အင်အားသုံးပြီးဖြေရှင်းစရာမလိုပဲ ကျွန်တော်တိုဆီမှာရှိနေတဲ့ ပါဝါနဲ့ဖြေရှင်းနိုင်တယ်ဆိုရင် သင်ယုံမလား?

    📚David R. Hawkins ရဲ့ Power Vs Force စာအုပ်ကိုလေးပိုင်းခွဲခြားပြီး
    🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
    🗺အသိစိတ်မြေပုံ ( The Map of Consciousness )
    ✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
    🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness ) ဆိုပြီးလေ့လာလိုရပါတယ်

    🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
    “The wise man does not fight; he flows.” – Lao Tzu, Tao Te Ching
    “ပညာရှိဟာ မတိုက်ခိုက်ဘူး , လိုက်လျောညီထွေစွာနေထိုင်တယ်”
    စွမ်းအား(Power) ဟာ စစ်မှန်မှု၊ သမာဓိနှင့် စကြာဝဠာအမှန်တရားများနှင့် ညီညွတ်မှုတိုကနေပြီးဖြစ်ပေါ်လာတယ်။
    အင်အား(Force) ဟာ အတ္တဆန်မှု၊ အကျပ်ကိုင်မှု၊ ကြောက်ရွံမှုတို ကနေ အမြစ်တွယ်ပေါက်ဖွားလာတယ်။
    Force ဟာ ပူလောင်တဲ့မီးလျှံလိုလောင်ကျွမ်းနေချိန်မှာ Power ကရေတံခွန်တစ်ခုလိုအေးမြမှုကိုပေးစွမ်းတယ်။
    အရာရာတိုင်းကို အားနဲ့မာန်နဲ့အမိန့်ပေးခိုင်းစေတဲ့ Manager တစ်ယောက်နဲ့ အမြဲနားလည်မှုပေးပြီးကူညီပေးတဲ့ Manager တစ်ယောက် ဘယ်သူ့နဲ့အတူတူခင်ဗျားအလုပ်လုပ်ချင်သလဲ?

    ⁉️သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။
    ⁉️သင့် မိသားစု၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဘက်တွေအပေါ် Power ကိုသုံးမိနေသလား ? Force ကိုသုံးမိနေသလားဆိုတာကို ?

    🗺အသိစိတ်မြေပုံ ( The Map of Consciousness )
    ဒါကတော့ စာအုပ်တစ်အုပ်လုံးနဲ့ အနှစ်လိုပြောလိုရတယ်။
    ကျွန်တော်တိုသိစိတ်တွေအားလုံးဟာ မတူညီတဲ့ Frequency တွေနဲ့ လှုပ်ရှားနေကြတဲ့အကြောင်းကို အသိစိတ်မြေပုံနဲ့လေ့လာကြည့်လိုရတဲ့အပိုင်းပေါ့။
    Maslow ရဲ့ Hierarchy of Needs အတိုင်း ကျွန်တော်တိုရဲ့လိုအပ်ချက်တွေမှာ ရှိတဲ့ခံစားချက်တွေပေါ်မူတည်ပြီး ( အနိမ့်ဆုံး – ရှက်ရွံမှု Shame – 20) ကနေပြီး ( အမြင့်ဆုံး – ထိုးထွင်းသိမြင်ခြင်း Enlightment – 700) အထိ မတူညီတဲ့ Energy Levelတွေရှိတဲ့အကြောင်းကိုသိရှိနိုင်ပါတယ်။ (သတ္တိ – 200) Energy Levelဟာ သင်လိုချင်နေတဲ့ပြောင်းလဲမှုကိုစတင်ရရှိဖို အတွက်ခြေလှမ်းရဲ့အစတစ်ခုဖြစ်တဲ့အကြောင်းကိုလည်း တွေ့နိုင်ပါတယ်။ အနာဂတ်မှာရှိမဲ့ စိတ်ချမ်းသာမှုနဲ့ ငြိမ်းချမ်းမှုအတွက် နေ့စဉ်သင့် Energy Level ကိုမြှင့်တင်ပြီးနေထိုင်ရပါမယ်။

    ⁉️ဒီနေ့အတွက် သင့် Energy Level ကဘယ်နေရာမှာရှိနေသလဲ?
    ⁉️Energy Level ကိုမြှင့်တင်စေမယ့် စာဖတ်တာ၊ တရားထိုင်တာ စသည်ဖြင့် ရေရှည်အကျိုးရှိစေမဲ့အရာတစ်ခုခု သင်ဒီနေ့လုပ်ပြီးသွားပြီလား ?

    ✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
    နည်းနည်းတော့ရင်ခုန်စရာအပိုင်းတစ်ခုပေါ့ ဟဲဟဲ….
    မလန့်ပါနဲ့ ဒီအပိုင်းက ကျွန်တော်တိုရဲ့ အလိုလိုတုံပြန်နိုင်မှုကို ခန္ဒာကိုယ်က ဘယ်လိုသိသလဲဆိုတာကိုစမ်းသပ်ပြတာပါ။
    ဥပမာ အပြုံးတုတစ်ခုက မျက်လုံးထောင့်တွေထိမရောက်သလိုမျိုး၊ ယုံကြည်ရတဲ့သူကိုကြည့်ရင် မျက်တောင်ဖြေးဖြေးချင်းခတ်မိတာမျိုးပေါ့။
    ကျွန်တော်တို ဟန်ဆောင်မှု၊လိမ်ညာမှု၊အတုအယောင်တွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကြွက်သားတွေဟာ အလိုလိုတောင့်တင်းလာတတ်ပြီး ယုံကြည်မှု၊အမှန်တရား၊လက်ခံမှုအစရှိတဲ့အရာတွေနဲ့နေထိုင်တဲ့အချိန်မှာကြွက်သားတွေဟာ ပြေလျော့ပြီးအလိုက်သင့်ဖြစ်နေတာအောင်လုပ်ပေးတတ်တဲ့ ခန္ဒာကိုယ်ရဲ့ Subconscious Function အကြောင်းကိုသိရမှာပါ။ လျှပ်တပြတ်ဖြစ်ပေါ်တဲ့အရာတွေကို ကျွန်တော်တိုဦးနှောက်က မစဉ်စားနိုင်ခင် Body ကပေးတဲ့ Response မှာကြိုတင်သိနိုင်တဲ့အရာတွေကိုရှာတွေ့ရမှာပါ။

    ⁉️အမှန်ကိုပြောတဲ့ခံစားချက်နဲ့ လိမ်ပြောရတဲ့ခံစားချက်ဘယ်လိုကွာသလဲဆိုတာကို တွေးကြည့်ပါ။ သင့်ခန္ဒာကိုယ်က ဘယ်လိုတုံပြန်သလဲဆိုတာကိုခံစားပါ။
    ⁉️လှည့်စားမှုနဲ့ အမှန်တရား ဘယ်အရာနဲ့လိုက်လျောညီထွေဖြစ်အောင် သင့်ဘ၀ကိုထိန်းကျောင်းမလဲ?

    🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness )
    လူတွေဟာ Social Animal တွေဖြစ်ကြပါတယ်။ အပေါင်းအသင်းမရှိတဲ့လူဆိုတာမရှိပါဘူး။ Energy ဟာမိမိသာသင်မက တခြားသူတွေဆီကိုပါ ပျံ့နှံစေပြီး ရေပွက်တစ်ခုလို ပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုရှိစေပါတယ်။တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုးဆိုသလို သင် project လုပ်တဲ့ Energy Level ဟာ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ Energy Level ကိုရိုက်ခတ်မှုရှိပါတယ်။ Higher Energy Level ဟာ သူ့ထက်နိမ့်တဲ့ Energy Level ကိုအဆင့်မြှင့်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် ကျွန်တော်တိုဗုဒ္ဓဘာသာ မှာ ချစ်ခြင်းမေတ္တာ (love-500) နဲ့ ငြိမ်းချမ်းမှု(peace-600) နဲ့အမြဲနေထိုင်တဲ့သူတွေဟာ သူတိုပတ်ဝန်းကျင်ကို ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် ဖန်တီးပေးနိုင်တာပေါ့။

    ⁉️ဒီနေ့သင့် Energy Level က ဒီနေ့ဘယ်သူတွေကို အကျိုးဖြစ်စေလဲ ?
    ⁉️သင့်ရဲ့ ပြောင်းလဲမှုဟာ သင့်ပတ်ဝန်းကျင်ကိုပါ အမြဲဆင့်ကဲပြောင်းလဲမှုဖြစ်စေတာကို သတိမူပါ။

    👉48 Laws Of Power ကိုဖတ်ပြီးသွားရင်ဒီစာအုပ်ကလေးကို ဖတ်ဖို ကျွန်တော် အကြံပြုချင်ပါတယ်။
    သင့်ရဲ့ အပြုအမူ၊အနေအထိုင်၊အပြောအဆိုတွေဟာ သင့် Energy level ကို အမြဲတမ်းသတ်မှတ်နေတယ်ဆိုတာကို လုံး၀မမေ့ပါနဲ့။ဒီစာအုပ်ကလေးက ပုံမှန် Psycholgy စာအုပ်တစ်အုပ်ထက်စာရင် Self-Transforming စာအုပ်တစ်အုပ်လိုပြောရင်ပိုမှန်ပါလိမ့်မယ်။ Power Vs Force ဟာ သင့်နေ့စဉ်နေထိုင်တဲ့ဘ၀မှာ ပြုမူတဲ့အမူအကျင့် သေးသေးလေးတွေကနေစပြီး မလိုအပ်ပဲ အင်အားဖြုန်းတီးမှုမဖြစ်အောင်၊ လိုက်လျောညီထွေမှု၊ ထိန်းချုပ်နိုင်မှုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်အောင်ကူညီပေးမယ့် အဖော်မွန်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

    🏁Power နဲ့ Force ကိုကွဲခြားသိမြင်ပြီး သင်ရဲ့ ရည်မှန်းချက်တွေကို အမြန်ဆုံးရရှိနိုင်ကြပါစေ..🏁

    Add to cart
  • Why do our headaches persist after we take a one-cent aspirin but disappear when we take a fifty-cent aspirin? Why do we splurge on a lavish meal but cut coupons to save twenty-five cents on a can of soup?

    When it comes to making decisions in our lives, we think we’re making smart, rational choices. But are we?

    In this groundbreaking New York Times bestseller, Dan Ariely refutes the common assumption that we behave in fundamentally rational ways. From drinking coffee to losing weight, from buying a car to choosing a romantic partner, we consistently overpay, underestimate, and procrastinate. Yet these misguided behaviors are neither random nor senseless. They’re systematic and predictable—making us predictably irrational.

    Add to cart
  • ✨အောင်မြင်တဲ့လူတိုင်းမှာ လူတွေလေးစားရတဲ့ Personal Zone နဲ့ Presence (ကိုယ်ပိုင်ဖြစ်တည်မှု) ရှိကြတယ်။

    စကားလုံးတွေသုံးပြီးလူတွေကို ပြောစရာမလိုပဲသူတို့ရဲ့ ပင်ကိုယ်ပုံစံနဲ့တင် တခြားသူတွေက အလိုအလျောက် ဦးစားပေးနေရာဖယ်ပေးကြတယ်။

    🤔ဒါကိုသဘောပေါက်ရင် တခြားသူတွေ အဆင်ပြေစေဖို့ ကိုယ့်ကိုကိုယ် ဘေးဖယ်မိနေတာကို သတိထားမိရဲ့လား ?

    ဥပမာ အင်တာဗျူးတစ်ခုဖြေဖို့ သင်အကုန်ပြင်ဆင်ထားတယ်။ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ လုပ်ငန်းလိုအပ်ချက် အရာအားလုံး အဆင်ပြေပြီး Interview ခန်းထဲလည်းဝင်တဲ့အချိန်ကျမှစကားလုံးတွေရှာမရ စကားတွေထစ်ပြီး အဆင်မပြေတာမျိုးတွေကြုံဖူးသလား ?သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူအများစုမှာဒီအတွေ့အကြုံမျိုးတွေရှိကြပါတယ်။

    ❓“ခန္ဒာကိုယ်ကို အတွေးတွေကထိန်းချုပ်တယ်ဆိုရင် အတွေးတွေကိုရော ခန္ဒာကိုယ်ကထိန်းချုပ်နိုင်သလား?”

    ဒါက Amy Cuddy မေးခဲ့တဲ့မေးခွန်းတွေထဲကတစ်ခုပါ။ 

    🧠လူတွေမှာအရမ်းကောင်းတဲ့အတွေးတွေ အရမ်းကောင်းတဲ့အလုပ်တွေလုပ်နိုင်စွမ်းရှိကြတယ်။ ဒါပေမယ့် သူများတွေအဆင်ပြေအောင်လုပ်ပေးဖို့ ကိုယ့်ကိုကိုယ်ဘေးဖယ်ရင်း ကိုယ်တိုင်ဖြစ်တည်မှု ( Presence ) ကိုတောင် မသိတော့တဲ့အဖြစ်တွေဖြစ်လာကြတယ်။ Interview ခန်းထဲက ဥပမာလိုပေါ့ ကိုယ်တိုင် ယုံကြည်မှုအပြည့်ရှိနေရင်တောင် သူမေးတဲ့မေးခွန်းကို အဆင်ပြေအောင်ဖြေဖို့ကြိုးစားရင်း သင့်ကိုယ်ရည်ကိုယ်သွေးအစစ်အမှန်ကိုပြဖို့ စိုးရိမ်ပြီး တလွဲတချော်တွေဖြစ်တတ်တယ်။

    🧘သင့်ရဲ့ဖြစ်တည်မှု ( Presence )ဆိုတာ သူများတွေကိုပြဖို့ထက် သင်ကိုယ်တိုင်က ကျေနပ်လက်ခံရမဲ့အရာတစ်ခုပါ။စကားလုံးတွေပြောစရာမလိုပဲ သင့်ကိုယ်ဟန်အမူအရာ အလေ့အကျင့် ( Body Language and Behaviors) ပေါ်မူတည်ပြီး သင့်ဖြစ်တည်မှုကိုလူတွေက လက်ခံကြတယ်။

    🚫“ဟာ မဟုတ်ဘူး။ ငါကလူတွေအရှေ့ကိုမထွက်ချင်တာ” စတဲ့လေကုန်ပြီး အသုံးမဝင်တဲ့ ဆင်ခြေတွေကိုလွှင့်ပစ်လိုက်ပါ။ သင့်ဖြစ်တည်မှုကိုကိုယ်တိုင်လက်မခံရင် ဘယ်သူ့မှသင့်ကိုလက်ခံမှာမဟုတ်ပါဘူး။ “Fake it until you become it” လို့ စာရေးသူAmy Cuddy ကပြောထားတယ်။ Car Accident ဖြစ်ပြီး ဦးနှောက်ထိခိုက်သွားတဲ့လူတစ်ယောက်က Harvard မှာ Professor အဖြစ်ရောက်အောင်လုပ်နိုင်တာဟာ သူရဲ့အပြောင်မြောက်ဆုံးဥပမာတစ်ခုပါ။သူမရဲ့ဇာတ်လမ်းက ယုံကြည်မှုကို ဘယ်လိုဖန်တီးယူရမလဲဆိုတာရဲ့ သာဓကတစ်ခုပါပဲ။

    သင့်ရဲ့ဖြစ်တည်မှုကိုလက်ခံပြီး အခက်ခဲဆုံးသော Challenge တွေကိုအလွယ်တကူကျော်လွှားနိုင်ဖို့

    -Power Posing ( စိတ်ကိုပြောင်းလဲပေးနိုင်မယ့် ခန္ဒာကိုယ်အနေအထားတွေ)

    -2 Minutes (ဖိအားများတဲ့အချိန်မှာယုံကြည်မှုတိုးတက်နိုင်မဲ့နည်းလမ်း)

    -Non-verbal Expressions (စကားပြောစရာမလိုတဲ့ ကိုယ်ဟန်အမူအရာ) စတဲ့ လက်တွေ့ကျတဲ့နည်းလမ်းတွေဒီစာအုပ်ထဲမှာပါပါတယ်။

    🚀 တခြားသူတွေ အဆင်ပြေစေဖို့ ကိုယ့်ကိုကိုယ် ဘေးဖယ်မိနေတာကို ရပ်တန့်လိုက်ပါ။ အောင်မြင်တဲ့လူတိုင်းမှာ လူတွေ Respect ပေးရတဲ့ Personal Zone နဲ့ Presence ရှိကြတယ်။ ခေါင်းမော့ရင်ကော့ပြီး မတ်မတ်ရပ်နေတဲ့လူနဲ့ ထောင့်မှာကျုံ့ကျုံ့လေးထိုင်နေတဲ့လူ ဘယ်သူ့ကို သင်ခေါင်းဆောင်အဖြစ်သတ်မှတ်မလဲ?

    🌟သင့်ကိုယ်ပိုင်ဖြစ်တည်မှုကို အကောင်းဆုံးအသုံးချပြီး စစ်မှန်တဲ့လူတန်းစေ့ဘ၀ကို Amy Cuddy ရဲ့ Presence နဲ့ပိုင်ဆိုင်လိုက်ပါ။

     

    Add to cart
  • အရောင်းဂုရုတွေက မရောင်းဘူး။

    🏎️ Lamborghini ကားတွေကို တီဗီမှာ မကြော်ငြာဘူး။
    🔹 တစ်ကမ္ဘာလုံးမှာ ကားကြော်ငြာတွေ၊ ကား ပရိုမိုးရှင်းတွေ တစ်ချိန်လုံး ကြော်ငြာနေကြတယ်။ ဒါပေမယ့် Lamborghini မပါဘူး။
    ဘာလိုလဲ သိလား???
    သူတိုကားကို ဝယ်စီးမယ့်သူတွေက တီဗီထိုင်ကြည့်နေတဲ့သူတွေထဲမှာ မပါလိုပဲ။
    သူတို ဝယ်သူတွေရဲ့ အခြေအနေ၊ လိုအပ်ချက်၊ ခံစားချက်တွေ အကုန်လုံးကို သိနေလိုပဲ ဖြစ်ပါတယ်။

    ❎❎ ရောင်းတဲ့သူ မဟုတ်ရင် ရောင်းခံရတဲ့သူ မှားနေပြီ။
    🔹 ကိုယ့်ရဲ့ ပြိုင်ဘက်တွေက အတင်း ဈေးလျော့ရောင်းနေလို စိတ်ညစ်ဖူးလား?
    ကိုယ့်ရဲ့ ဈေးကွက်ကို လိုက် ဖျက်ဆီးနေတာ ကြုံဖူးလား??
    ကိုယ့်ရဲ့ ပစ္စည်းတွေ ရောင်းမထွက်လို စိတ်ပူပင်နေရလား??

    🔹 ကိုယ့် Customer တွေကို ယုံကြည်မှု ရှိပါ။ Customer တွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို ကြိုးစားပါ။ ကိုယ့် Customer တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို အားထုတ်ပါ။
    အတင်းဝယ်ပါလို ပြောရောင်းနေရရင်တော့ သင့် ကြော်ငြာ ဒါမှမဟုတ် သင့် ပစ္စည်းမှာ အမှား တစ်ခုခု ပါနေတယ်လိုပဲ ထင်မိပါတယ်။
    ကိုယ့် ပစ္စည်းတစ်ခုကို အတင်းရောင်းနေရတယ်ဆိုရင် သင့် အရောင်းပညာမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို ဆိုရပါမယ်။

    တစ်ချိန်တုန်းက ဘာလို MLM တွေ အရမ်း အောင်မြင်ခဲ့လဲ သိလား?
    MLM ကုမ္ပဏီတွေက သူတိုရဲ့ Market ကို နားလည်တယ်။ ကျွမ်းကျင်တယ်။ Market ရဲ့ Pain Point ကို သိထားကြတယ်။ အခြေခံ လူတန်းစားမှာ အားသာချက်ဖြစ်တဲ့ Trust ကို အသုံးပြုပြီး လူ အချင်းချင်း ရောင်းခိုင်းတယ်။ ပစ္စည်းတွေက မကောင်းလည်း မိတ်ဆွေတွေရောင်းရင် အားနာပါးနာ နဲ့ ဝယ်တတ်ကြတဲ့ သဘော သဘာဝကို နားလည်ကြတယ်။ ဒါကြောင့်လည်း ပစ္စည်းတွေက ဂျင်းတွေ ဖြစ်နေတာတောင် ရောင်းရခဲ့တာပါပဲ။

    စာအုပ်ထဲမှာ ဘာတွေ ပါဝင်သလဲ?
    1. Marketing, Sale Funnel တည်ဆောက်ပုံတွေ
    2. The Godfather Strategy (An Offer you can’t refuse)
    3. The Magic Lantern Technique
    တို ပါဝင်ပါတယ်။

    Add to cart
  • 🤫Boss တွေအကြောင်းအတင်းပြောကြရအောင်

    😱ဘောစိက အဆင်မပြေတာလား ?
    🤡လုပ်ဖော်ကိုင်ဘက်တွေကအသုံးမကျတာလား ?
    🧑‍💼Management ကပဲ တလွဲတွေဖြစ်နေတာလား ?

    ⛔️ပထမဆုံးအနေနဲ့⛔️
    ဒီစာအုပ်ကို အလုပ်ကိုမယူသွားပါနဲ့
    ဖတ်နေကြောင်းလည်းဘယ်သူ့မှမပြောပါနဲ့

    ဒီစာအုပ်ကလေးကို အတိုချုံးပြောရရင်
    💡Thickness နဲ့ Thinness ကို Understood ပါ ( အထူအပါးနားလည်ပါလိုပြောတာ )
    အမြဲဆူပူကြိမ်းမောင်းနေတဲ့ Boss တစ်ယောက်ရဲ့အောက်မှာအလုပ်လုပ်ရတာအဆင်မပြေသလို၊ အစွမ်းအစမရှိတဲ့ အလုပ်သမားတွေကြောင့်လည်းခေါင်းကိုက်နေရတဲ့ Boss တွေအများကြီးရှိပါတယ်။ လုပ်ငန်းခွင်မှာ ခေါင်းဆောင်ကောင်းကိုမျှော်နေမဲ့ အစား မိမိကိုယ်တိုင် ခေါင်းဆောင်ဖြစ်အောင် လူတွေကိုဘယ်လိုစီမံခန့်ခွဲမလဲ ? လုပ်ငန်းရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်ဖိုအတွက် ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုဖန်တီးယူဖို အတွက် လူတွေရဲ့အကြောင်းကိုသိဖို အထူအပါးကိုနားလည်နိုင်အောင်လုပ်ရပါမယ်။

    ☠️အဆိပ်အတောက်တွေကိုဖယ်ရှားပါ။
    တာ၀န်တွေလွှချတာ ဘတ်စကတ်ဘောပုတ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ လုပ်ငန်းခွင်မှာ အလုပ်များပြီးအလုပ်ပိလို ပင်ပန်းတာဟာ ကုန်းတိုက်ချောက်တွန်းတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကြားမှာနေရတာထက်အများကြီးသက်သာပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုက လူတိုင်းဟာကိုယ့်အတွက်ကိုယ်လုပ်နေကြတယ်ဆိုတာကိုမမေ့ပါနဲ့။ ကိုယ့်အလုပ်တိုင်းကို Record မှတ်၊ ကိုယ့်ကြိုးစားမှုတွေကို သက်သေပြနိုင်အောင်ကြိုးစားပြီး ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင်လုပ်ဆောင်ရပါမယ်။

    🛣ကိုယ့်ဘ၀လမ်းကိုကိုယ်တိုင်စဉ်းစားပါ။
    လူရယ်လိုဖြစ်လာကတည်းက အလုပ်လုပ်ရမှာပါပဲ။ မိမိနေ့စဉ်လုပ်နေတဲ့အလုပ်ဟာ ဘ၀အတွက်အထောက်အကူဖြစ်ရဲ့လားဆိုတာစဉ်းစားရပါမယ်။ “မင်းအခုလုပ်နေတဲ့အလုပ်က နောက်ငါးနှစ်မှာမင်းဘ၀အတွက်အထောက်အကူမဖြစ်ရင် အလုပ်ပြောင်းဖိုသာပြင်၊ မပြောင်းနိုင်ရင် ကိုယ်ပိုင် အလုပ်ရအောင်လုပ်” ဆိုတဲ့စကားတစ်ခွန်းကို ကျွန့်တော့်မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ လကုန်ရင် လစာထုတ်ဖို ထက် လကုန်တိုင်း ငါဘာပညာရလဲ နောင်တစ်ချိန်မှာ ဒီပညာတွေဟာ ကိုယ့်အတွက်ဘယ်လိုအကျိုးဖြစ်မလဲဆိုတာကို အမြဲစဉ်းစားရပါမယ်။

    📖DISC Model ကိုအခြေခံပြီး လုပ်ငန်းမှာတွေ့ကြုံရမယ့် လူတွေရဲ့အကြောင်းနဲ့ သူတိုနဲ့ လိုက်လျောညီထွေစွာ ထက်အောင်ဘယ်လိုပညာသားပါပါနဲ့ ဆက်ဆံရမလဲဆိုတာကို စာရေးဆရာ Thomas Erikson က ဒီစာအုပ်မှာ ရိုးရိုးရှင်းရှင်း ရေးသားထားပါတယ်။ Workplace Communication တိုးတက်ချင်သူတွေ၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲသူတွေ၊ အကြီးတန်း Senior Manager တွေ နဲ့ လုပ်ငန်းပိုင်ရှင်တွေ workforce managment တိုးတက်စေဖိုအတွက် ဖတ်ကိုဖတ်သင့်တဲ့စာအုပ်ကလေးတစ်အုပ်လည်းဖြစ်ပါတယ်။

    Add to cart
  • ငတုံးများနှင့် ဆက်ဆံခြင်း 😁

    သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?

    “ ငါကကောင်းစေချင်လို စေတနာနဲ့အကြံပေးတာကို လည်း ဘယ်တော့မှနားမထောင်ဘူး ပြီးရင် တလွဲတွေတော့ဖြစ်တော့မှာငါမြင်ယောင်တယ် “

    ဒီစကားကိုကျွန်တော်တိုအားလုံးပြောဖူးကြပါတယ်။

    ဘာကြောင့် အဲ့ဒီ့ငတုံးတွေက သင့်ရဲ့ကောင်းစေချင်တဲ့စေတနာကိုနားမလည်နိုင်ကြတာလဲ ?

    ကျွန်တော်တိုလူတွေဟာ Social animal တွေဖြစ်ကြတဲ့အလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက လူတွေနဲ့လိုက်လျောညီထွေစွာနေတတ်ဖိုပါပဲ။

    တချိုသူတွေကို ဆယ်မိနစ်လောက်စကားပြောရုံနဲ့ ငယ်သူငယ်ချင်းတွေလို အံခွင်ဝင်ကျဖြစ်ပြီး
    အလုပ်မှာသုံးနှစ်လောက်အတူတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်နေလိုမရတာတဲ့ ခံစားချက်ကို သင်ကိုယ်တိုင်သတိထားမိမှာပါ။

    သင့်ပတ်ဝန်းကျင်က
    -အချိန်ရှိတိုင်း အားအားနေအမြဲတမ်းအလုပ်ပဲဖိခိုင်းနေတဲ့ အထက်လူကြီးတွေ
    -တစ်ခါဖုန်းခေါ်ပြီးရင် အချိန်တစ်နာရီလောက်ဖုန်းပြောတဲ့သူငယ်ချင်းတွေ
    -ပြသနာရှိတိုင်းအမြဲခေါင်းရှောင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
    -ကိုယ် ငွေဘယ်လောက်သုံးသလဲ အမြဲမေးတတ်တဲ့ မိသားစုဝင်တွေ
    သူတိုတွေဘာကြောင့် ဒီလို Behavior တွေရှိကြတာလဲ ဘာကြောင့်ဒီအရေးမပါတဲ့မေးခွန်းတွေကိုမေးကြတာလဲ ဆိုတဲ့အဖြေကို “ Surrounded by Idiots “ ထဲမှာ ရှင်းပြထားပါတယ်

    ဒီစာအုပ်ထဲမှာ စာရေးဆရာ Thomas Erikson က
    Psychologist William Moulton Marston ရဲ့ DISC Model ကို အခြေခံပြီး လူတွေရဲ့ Behavior ကို Red, Yellow, Green, Blue ဆိုပြီး အရောင်လေးမျိုးခွဲခြားပေးထားပါတယ်

    RED – အမြဲတမ်းထိပ်ကဦးဆောင်ချင်တဲ့သူတွေ ဘာပဲလုပ်လုပ်ထိပ်ဆုံးကနေရမှာကျေနပ်သူတွေ
    YELLOW – အပေါင်းအသင်းအများဆုံးသူ ဘယ်နေရာမှာမဆိုမိတ်ဆွေသူငယ်ချင်းတွေရှိနေတတ်သူ
    GREEN – အေးအေးဆေးဆေးသမား ဘာပဲလိုလိုအမြဲကူညီပေးဖိုကြိုးစားတဲ့သူ
    BLUE – အသေးစိတ်ကအစဂရုစိုက်တတ်သူ စည်းကမ်းအရမ်းကြီးသူ

    ဥပမာ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ဖို စီစဉ်ပြီဆိုရင် သူတိုရဲ့ Behavior ကိုကြည့်ပြီး အရောင်တွေမြင်ရပါတယ်
    -ငါတိုတွေ ငွေဆောင်သွားမယ် ဒီဟိုတယ်မှာတည်းမယ် ညကျ Party လုပ်မယ်ဆိုပြီး ထိပ်ဆုံးက အကြံစပေးတဲ့သူဆို -> RED
    -ဒီဟိုတယ်မှာငါ့ အသိရှိတယ် အစားအသောက်ကဒီဆိုင်မှာကောင်းတယ် ဆိုပြီး စီစဉ်တာက -> YELLOW
    -ငါဘာလုပ်ပေးရမလဲ လက်မှတ်ဖြတ်ပေးရမှာလား ကားစီစဉ်ပေးရမှာလားဆိုတာက -> GREEN
    -ဟိုတယ်ဖိုးက ဘယ်လောက်? စားစရိတ်ကဘယ်လောက် ? VIP လား ရိုးရိုးလား စီးလုံးဌားမှာလား ? ဆိုတဲ့ Detail တွေကိုစဉ်းစားတာက -> BLUE

    ဒီလို Behavior တွေကိုသဘောပေါက်ပြီဆိုရင် သင့်ပတ်ဝန်းကျင်က ငတုံးတွေကိုလွှမ်းမိုးနိုင်ဖိုမခက်ခဲတော့ပါဘူး။
    RED behavior ရှိတဲ့ Boss တစ်ယောက်ကို ဘယ်လိုစကားပြောမလဲ? Blue Behavior ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲ ဆိုတဲ့သော့ချက်တွေဟာ ဒီစာအုပ်ထဲမှာပါရှိပါတယ်။

    ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ကိုယ်တိုင် မိသားစု/အလုပ်မှာရှိနေတဲ့သူတွေရဲ့ဆက်ဆံရေးဟာအချိန်တိုအတွင်းမှာအများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။

    Add to cart
  • လူတွေရဲ့ စိတ်နေသဘောထား အမှန်တွေကို သူတိုရဲ့ Behaviour တွေကတစ်ဆင့် သိနိုင်မယ်ဆိုရင် လက်တွေ့မှာ ကြုံနေရတဲ့ အခက်အခဲတွေ ဘယ်လောက်တောင် အဆင်ပြေသွားမလဲ တွေးကြည့်လိုက်ပါ။

    ရူး‌လောက်တဲ့ အနေအထားပဲ မလား

    စိတ်ခံစားချက်ကို အမြဲဦးစား‌ပေးတတ်သူတွေ၊
    Toxic ဖြစ်တဲ့သူတွေဆီက ကာကွယ်နည်း‌‌တွေ
    ကုန်းတိုက်၊ သွေးထိုး တဲ့သူတွေကို တုံ ပြန်နည်း‌တွေ

    စာအုပ်ထဲမှာ ပါတဲ့ Manipulation နည်းလမ်းတွေကတော့
    Arbitrary positive reinforcement
    Negative reinforcements
    Unfathomable smoke screens
    Gaslighting
    Love bombing
    Having your feelings turned against you
    Triangle drama
    Silent treatment

    သင့် ‌ဘေးနားက လူတွေ ဒီအချက်တွေ ထဲက ဘယ်အချက်တွေကို အသုံးပြုနေလဲ။

    ဥပမာ အားဖြင့် Gaslighting ဆိုတာကတော့ အမှန်လိုထင်ထားတဲဲ အတွေး‌တွေကို ‌မေးခွန်း‌တွေ ပြန်ထုတ်ပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲဲ နည်းလမ်း‌တစ်ခု၊

    တစ်ချိိ ရည်းစားတွေမှာ ကြားထဲက ဖြတ်ခုတ် ချင်တဲဲ သူတွေ လုပ်တတ်တဲ့ အရာတစ်မျိုးပဲ

    ၁။ နင့်ရည်းစားက နင့်ကို တကယ် မချစ်ပါဘူး၊
    ၂။ နင် အဆင်မပြေလဲ ငါ အမြဲ ရှိမယ်၊ စသဖြင့် Positive reinforcement တစ်ခုခုနဲ့ တွဲပြီးတော့ သင့်ရဲ့ sanity ကို Distortion ဖြစ်အောင် လုပ်လိုက်တာပါပဲ။ တကယ် အပြင်မှာ ဖြစ်မနေတဲ့ အရာတစ်ခုကို ဖြစ်တယ် လို ထင်သွားအောင် လုပ်လိုက်ကြတာပါ။

    တစ််ခြား Manipulation နည်းလမ်းတွေနဲ့ သူတိုကို ကာကွယ်ဖိုအတွက် သိနိုင်သမျှ အချက်အလက်တွေ အကုန်ပါပါတယ်။

    Add to cart
  • How to enrich your life and destroy doubt in five seconds.

    Throughout your life, you’ve had parents, coaches, teachers, friends, and mentors who have pushed you to be better than your excuses and bigger than your fears. What if the secret to having the confidence and courage to enrich your life and work is simply knowing how to push yourself?

    Using the science of habits, riveting stories, and surprising facts from some of the most famous moments in history, art, and business, Mel Robbins will explain the power of a “push moment”. Then, she’ll give you one simple tool you can use to become your greatest self.

    It takes just five seconds to use this tool, and every time you do you’ll be in great company. More than eight million people have watched Mel’s TEDx Talk, and executives inside of the world’s largest brands are using the tool to increase productivity, collaboration, and engagement.

    In The 5 Second Rule, you’ll discover it takes just five seconds to:

     

    • Become confident
    • Break the habit of procrastination and self-doubt
    • Beat fear and uncertainty
    • Stop worrying and feel happier
    • Share your ideas with courage

     

    The 5 Second Rule is a simple, one-size-fits-all solution for the one problem we all face – we hold ourselves back.

     

    The secret isn’t knowing what to do – it’s knowing how to make yourself do it.

    Add to cart
  • 🌇သင်ပိုင်ဆိုင်တဲ့မနက်ခင်းတွေနဲ့ ဘ၀ကိုမြှင့်တင်ပါ။

    🛌မနက်ရှစ်နာရီလောက်ထိအိပ်မှအိပ်ရေး၀တဲ့ဟာကို တစ်ယောက်ပြီးတစ်ယောက်မနက်စောစောထဖိုပဲလာပြောနေကြတယ်။
    မနက်စောစောထတိုင်းအောင်မြင်ရင် Millionaire တွေလက်ညှိးထိုးလိုတောင်ကုန်မှာမဟုတ်ဘူးလိုပြန်ပြောပြီး စောင်ကြားထဲပြန်ခွေနေလိုက်( ဒါက ပိုအဆင်ပြေတယ် မဟုတ်လား ) ။

    NO!!! NO!!! NO!!!

    🌅မနက်စောစောထ တဲ့သူတိုင်း မအောင်မြင်ပေမယ့် အောင်မြင်တဲ့လူအများစုက နေမထွက်ခင်မှာအိပ်ရာကထကြပါတယ်။
    မနက်ခင်းလုပ်စရာရှိတဲ့ ဘုရားရှိခိုး၊ ပန်းကပ်၊ သောက်တော်ရေလဲ အစရှိတဲ့ မင်္ဂလာရှိတဲ့အရာတွေကို သူတိုဟာနေမထွက်ခင်မှာလုပ်ကိုင်ကြပြီး ဒီတစ်နေ့တာကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖိုအင်အားကို မိုးမသောက်ခင်မှာ ပဲပိုင်ဆိုင်ကြပါတယ်။ မနက် ငါးနာရီက ကနေ ခြောက်နာရီအတွင်း အချိန်တစ်နာရီလောက် ရင်းနှိးမြုပ်နှံမှုဟာ သင့်နေ့စဉ်ဘ၀ကို တိုးတက်စေဖို လျှိဝှက်ချက်တစ်ခုဖြစ်တဲ့အကြောင်းကို Robin Sharma က The 5 AM club ထဲမှာ ရေးသားထားပါတယ်။

    ⏰THE 5 AM CLUB: OWN YOUR MORNING, ELEVATE YOUR LIFE.⏰

    ✌️အောင်မြင်မှုအချိန် “The Victory Hour” ဟာ မနက် 5 နာရီကနေ 6 နာရီအတွင်းမှာတည်ရှိပါတယ်။
    ဒီအချိန်လေးအတွင်းမှာ 20/20/20 Formula ကိုအသုံးချပြီး
    5:00 to 5:20 – Move ( လှုပ်ရှားမှု )
    5:20 to 5:40 – Reflect ( သုံးသပ်မှု )
    5:40 to 6:00 – Grow ( တိုးတက်မှု )
    အတွက်လုပ်ဆောင်ပါ။
    အိပ်ရာနိုးနိုးချင်းမှာ ချွေးထွက်စေတဲ့ ( ကြိုးခုန်, ဒိုက်ထိုး, အိပ်ထမတင် ) စတဲ့ လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Cortisol Level ကိုလျှော့ချပေးပြီး BNDF လိုခေါ်တဲ့ growth gene ကိုထုတ်လွှတ်ပေးပါတယ်။ ဒီ BNDF ဟာသိစိတ်ကို နိုးကြွားစေပြီး လျင်မြန်ဖြတ်လတ်တဲ့အလုပ်တွေကိုလုပ်နိုင်ဖိုအတွက်အရေးကြီးတဲ့ Factor တစ်ခုထဲမှာပါဝင်ပါတယ်။
    မိမိကိုယ်မိမိသုံးသပ်နိုင်ခြင်းဟာ သင့်ဘ၀လမ်းကြောင်းအတွက်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နောက်မိနစ်နှစ်ဆယ်အတွင်းမှာရရှိမယ့် ဆိတ်ငြိမ်မှုအတွင်းမှာ သင့်လိုအပ်တဲ့ တည်ငြိမ်မှုကိုတရားထိုင်ခြင်း၊ အာနာပါနမှတ်ခြင်းနဲ့ အတူတည်ဆောက်ပါ။
    စာဖတ်ခြင်း, Podcast နားထောင်ခြင်း နဲ့ မိမိအတွက်အကျိုးရှိမယ့် အရာတွေကို နောက်ဆုံး မိနစ်နှစ်ဆယ်မှာ လုပ်ဆောင်ပြီး သင့် Growth အတွက်ပြင်ဆင်ပါ။

    🦾Gargantuan Competitive Advantage(GCA) and 2x3x Mindset🦿
    GCA -> သာမာန် Skill တွေအတွက်ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် ပုံမှန်မဟုတ်တဲ့ Skill တွေအတွက်က ပြိုင်ဘက်မရှိပါဘူး။
    သင်ဟာ အရောင်းသမားတစ်ယောက်ဖြစ်ပြီး ပိုပြီးအရောင်း Skill တက်လာရင်ပြိုင်ဆိုင်မှုကပိုပြင်းထန်လာတယ်ဆိုပေမယ့်။ ပုံမှန် Skill မဟုတ်တဲ့ Product Proficiency, Technical Skill တွေပိုင်ဆိုင်ရင်တော့ သင့်ကိုပြိုင်ဆိုင်နိုင်ဖို ခက်ခဲပါလိမ့်မယ်။
    2x3x Mindset -> မင်းဝင်ငွေနဲ့ လုပ်ဆောင်နိုင်စွမ်းကို နှစ်ဆတိုးဖို မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုကို သုံးဆရင်းနှီးမြှပ်နှံပါ။
    “ရင်လောက်တင်မှ ဒူးလောက်ကျတယ်”ဆိုတဲ့ စကားပုံရှိပါတယ်။ ပြိုင်ဘက်တွေထက် နှစ်ဆသာဖို သင့်ရဲ့ ကြိုးစားမှုကို သုံးဆပိုမိုရင်းနှီးမြှုပ်နှံရပါမယ်။ သုံးဆပိုသာတဲ့ သင်ယူမှု၊ သုံးဆပိုသာတဲ့ စိတ်ဓာတ်၊ သုံးဆပိုသာတဲ့ ခွန်အားစိုက်ထုတ်မှုက သူမတူတဲ့ထူးချွန်မှုကိုပိုင်ဆိုင်စေပါလိမ့်မယ်။

    👨‍🎨လမ်းပျောက်နေတဲ့ Artist တစ်ယောက်နဲ့ အခက်အခဲကြုံနေတဲ့ Entrepreneur တစ်ယောက်ကို Billionaire တစ်ယောက်က mentorship ပေးတဲ့ fictional ဇာတ်လမ်းလေးကိုဒီစာအုပ်ကလေးထဲမှာ တွေ့မြင် ရမှာပါ။ သူတိုနှစ်ယောက်ရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ အတူ ကျွန်တော်တိုဘ၀ကိုလည်းပြောင်းလဲစေနိုင်တဲ့ နည်းလမ်းတွေနဲ့အတွေးအခေါ်တွေကိုရရှိဖို 5 AM club ရဲ့ ဇာတ်လမ်း နဲ့အတူ တိုးတက်မှုရဲ့ခြေလှမ်းကို စလိုက်ကြရအောင်။

     

    Add to cart
  • “ချမ်းသာကြွယ်၀မှုက နေစပြီး ကျန်းမာမှုနဲ့ ပျော်ရွှင်မှု ဟာ ကျွန် တော်တို ဘ၀မှာအစဥ်လိုက်အတိုင်းရှာဖွေဖိုကြိုးစားတဲ့အရာသုံးခုဖြစ်တယ်။ ဒါပေယ့်သူတို့တွေရဲ့တကယ်အရေးကြီးမှုက ပျော်ရွှင်မှုကနေစပြီး ပြောင်းပြန်စပါတယ် ” – Naval Ravikant
    “The three big ones in life are wealth, health, and happiness. We pursue them in that order, but their importance is reverse.” – Naval Ravikant

    💭ကျွန်တော်တို့နေကောင်းကျန်းမာနေတဲ့အချိန်မှာ ပျော်ရွှင်ဖိုအတွက် အများကြီးလိုအပ်တယ်( ဥပမာ ကော်ဖီဆိုင်ထိုင်ချင်တာ၊ မာလာရှမ်းကောစားချင်တာ ) စသည်ဖြင့်ပေါ့။ ဒါပေမယ့် နေမကောင်းတဲ့အချိန်မှာ‌ပျော်ရွှင်ဖိုအတွက် တစ်ခုပဲလိုတယ်၊ နေပြန်ကောင်းလာဖိုပဲ။
    “ Desire is a contract you make with yourself to be unhappy until you get what you want “ – Naval Ravikant
    မင်းလိုချင်တာတစ်ခုထဲရှိရင် Universe က မင်းလိုချင်တာကိုအမြန်ရအောင်ဖန်တီးပေးလိမ့်မယ်။ မင်းလိုချင်တာ အမျိုးတစ်ရာလောက်ဖြစ်နေရင်တော့ Universe ကမင်းကိုသူအဆင်ပြေတဲ့အရာကိုပဲရွေးချယ်ပေးလိမ့်မယ်။

    🕊“Peace is happiness at rest, and happiness is peace in motion.”
    ပျော်ရွှင်မှုဟာ ဒီရေလိုမျိုးအတက်အကျရှိတယ်။ ငြိမ်းချမ်းခြင်းဟာ တည်ငြိမ်မှုကိုပေးစွမ်းတယ်။ Hedonic Happiness တွေဟာ ဘယ်တော့မှအဆုံးမသတ်ပါဘူး။ လစာလေး ဆယ်သိန်းရောက်ရရင် အဆင်ပြေပါပြီ -> ဆယ်သိန်းရတဲ့အခါ -> အိမ်လေးတစ်လုံးဝယ်နိုင်ရင်အဆင်ပြေပါပြီ -> အိမ်လေးပိုင်လာတဲ့အခါ -> ကားလေးတစ်စီးလောက် စသည်ဖြင့် ဘယ်တော့မှမရပ်တန့်ပါဘူး။ ရောင့်ရဲတင်းတိမ်နိုင်ခြင်းနဲ့ ငြိမ်းချမ်းမှုဟာ သင့်နေ့တိုင်းကိုအဓိပ္ပါယ်ရှိစွာနဲ့ဖြတ်သန်းနိင်မယ့်ပျော်ရွှင်မှုပါပဲ။

    🙏“Happiness requires presence”
    ပစ္စုပ္ပန်မှာနေထိုင်ပါ။ အတိတ်ကိုနောင်တရ၊ အနာဂတ်ကိုစိုးရိမ်၊ ပစ္စုပ္ပန်မှာဖုန်းပွတ် ရုပ်ရှင်ကြည့်စသည်ဖြင့် ဦးနှောက်နဲ့မျက်လုံးကိုအနားမပေးပဲ Information overload တွေဖြစ်ပြီး “ ငါမပျော်ဘူး “ လိုအော်နေလို စိတ်ချမ်းသာလာမှာမဟုတ်ပါဘူး။ ဦးနှောက်ကတွေးချင်နေတဲ့အရာအားလုံးကိုခဏလောက်ရပ်တန့်ထားပြီး သင့်ဘေးနားမှာရှိတဲ့အရာ၀ထ္ထုသေးသေးလေးတွေ (ဥပမာ လေတိုးသံ,အသက်ရှုသံ) ကို ခံစားကြည့်ပါ။ ဒါလေးတွေနဲ့အတူနေတတ်လာရင် သင်လိုချင်တဲ့ ပြည့်စုံခြင်းဆိုတဲ့အရာကိုရပါလိမ့်မယ်။

    💵💵💵ကြွယ်၀ချမ်းသာမှုကိုဖန်တီးခြင်း💵💵💵
    “ Building Wealth “

    ⏲️မင်းရဲ့ကိုယ်ပိုင်အချိန်ကိုလူများကိုဌားပေးနေသရွေ့ ဘယ်တော့မှမင်းချမ်းသာမှာမဟုတ်ဘူး။
    “You’re never going to get rich renting out your time”.
    လူတွေလက်ခံထားတဲ့ဥပမာတစ်ခု တစ်ရက်ဆယ်နာရီအလုပ်လုပ်ရင် ဆယ်နာရီစာဝင်ငွေပြန်ရမယ်၊ ကြိုးစားသလောက်အရာထင်မယ် စသည်ဖြင့်ပေါ့။
    ဒါ တကယ်မှန်ရဲ့လား ?
    လမ်းထိပ်ကဆိုက်ကားသမားကြီးလည်းနေ့တိုင်း တစ်ရက် ဆယ်နာရီလောက်ဆိုက်ကားနင်းနေတာဆယ်နှစ်ကျော်နေပြီ၊ ဒါပေမယ့်အခုချိန်ထိသူကားမစီးနိုင်သေးဘူး။
    လွန်ခဲ့တဲ့သုံးနှစ်ကလစာ နှစ်သိန်းခွဲရတဲ့အလုပ်ကထွက်ပြီး လုပ်ငန်းလေးစထောင်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က အခုလုပ်ငန်းနှစ်ခု နဲ့ ကားတစ်စီးပိုင်နေပြီ။
    ဘာကွာခြားလဲ ?
    “Quality is more important than Quantity” အလုပ်မှာပိုမိုကောင်းမွန်အောင်လုပ်နိုင်တဲ့အရည်အသွေး (Quality) ဟာ အလုပ်တစ်ခုမှာ သင်အချိန်ဘယ်လောက်ကြာကြာပိုလုပ်သလဲ ( Quantity ) ထက်ပိုအရေးကြီးပါတယ်။

    🏗“Learn to Sell, Learn to Build. If you can do both, you’ll be unstoppable”
    ရောင်းတတ်အောင်သင် ဒါမှမဟုတ် တည်ဆောက်တတ်အောင်သင် ။ နှစ်ခုလုံးကိုမင်းတတ်ကျွမ်းရင် ဘယ်အရာမှမင်းကိုမတားဆီးနိုင်တော့ဘူး။
    လူတိုင်းဟာမွေးကတည်းက Talent တစ်ခုတော့ရှိကြတယ်။ အခြားသူတွေအတွက်က ခက်ခဲနေပေမယ့် သူ့အတွက်ကအရမ်းလွယ်ကူနေတဲ့အရာမျိုး ( ဥပမာ သီချင်းဆိုတာ၊ ဆက်ဆံရေးကောင်းမွန်တာ )ဖြင့်ပေါ့။သူများတွေအတွက်အလုပ်လုပ်သလိုခံစားရပေမယ့် သင့်အတွက် အပျော်ကစားနေတယ်လိုခံစားရစေတဲ့အလုပ်မျိုးကို အာရုံစိုက်ပါ။တစ်ရက်ကို 16 နာရီလောက် သင်အတွက်ပျော်ရွှင်စေတဲ့အလုပ်ကို ဘယ်သူကမှ တစ်ရက်ဆယ်နာရီဆက်တိုက်အလုပ်လုပ်ပြီးရေရှည် မယှဉ်ပြိုင်နိင်ပါဘူး။

    📈“Compound Interest”
    Compound Interest လိုပြောတာနဲ့ ပထမဆုံးက Money အတွက်ဆိုပြီးမြင်ကြတယ်။ ဒါပေမယ့် Compound Interest ကို Networking, business relationship နဲ့ reputation အပိုင်းတွေမှာပါသုံးလိုရပါတယ် လို Naval ကပြောထားပါတယ်။
    “ Intentions don’t matter. Action do. That’s why being ethical is hard”.သင့် ပတ်ဝန်းကျင်ကိုယုံကြည်မှုရှိစေတဲ့ Trust နဲ့ Integrity ကိုတည်ဆောက်ခြင်းဟာ Social Ladder ရဲ့ထိပ်ကိုအမြန်ဆုံးရောက်ရှိစေပါလိမ့်မယ်။

    ✍️ဒီစာအုပ်ထဲမှာပါတဲ့အရာတွေကို Full Content အဖြစ်ပြန်ရေးရင်တောင် နောက်စာအုပ်တစ်အုပ်စာလောက်ရှည်သွားနိုင်ပါတယ်။ တကယ့် Practical Knowledge တွေအများကြီးကို Condense ဖြစ်အောင်ပေါင်းစုထားတဲ့ အတွက် ဒီစာအုပ်ထဲက Knowledge တွေဟာ တကယ်ကိုများပါတယ်။ စာအုပ်သာမက လောကကြီးအကြောင်း၊ ပျော်ရွှင်မှုရဲ့အကြောင်း၊ဘ၀ရဲ့ အဓိပ္ပါယ်၊သင့်ကိုယ်သင် ဂရုစိုက်နည်းအစရှိတဲ့ Naval ရဲ့

    နှစ်လေးဆယ် Experience ကို နှစ်နာရီအတွင်းမှာ ရနိုင်တဲ့ Joe Rogan နဲ့ Podcast ကိုဒီမှာ နားထောင်ပါ->https://www.youtube.com/watch?v=3qHkcs3kG44

    🏈America ကိုအသက်ကိုးနှစ်အရွယ် immigrant တစ်ယောက်အနေနဲ့ရောက်လာတဲ့ ဘ၀ကနေ ကုမ္မဏီပေါင်း 362 ခုကို angel investor ဖြစ်အောင်ကြီုးစားခဲ့တဲ့ Naval Ravikant ရဲ့ ဘ၀လမ်းမှာ ငွေကြေးကြွယ်၀မှုသာမက၊ ဘ၀ရဲ့ လမ်းကြောင်းကိုရွေးချယ်နည်း၊ကံကောင်းအောင် နေထိုင်နည်း၊ ငြိမ်းချမ်းမှုနဲ့ နေထိုင်နိုင်ခြင်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။ Biography တစ်ခုကိုဖတ်ရတာထက် Naval ရဲ့ Tweet Storm တွေ Podcast တွေထဲကအရေးပါတဲ့အချက်တွေကို ကျစ်ကျစ်လစ်လစ်စုစည်းထားတဲ့အတွက် ကိုယ်လိုချင်တဲ့အပိုင်းတွေကိုမှတ်သားရတာပိုမိုအဆင်ပြေစေမှာပါ။Naval ရဲ့စာအုပ်ကလေးဟာ သင့်ရဲ့ ဘ၀ကိုလျှောက်လမ်းတဲ့အချိန်မှာ ဥစ္စာဓနသာမက ငြိမ်းချမ်းပျော်ရွှင်မှုနဲ့ နေထိုင်နိုင်တဲ့ဘ၀ကို လမ်းညွှန်မှုတွေဖြစ်ပါစေ။

    📕Book Title – The Almanack of Naval Ravikant : A Guide to Wealth and Happiness
    🔖Author – Eric Joregenson
    🪙Price – 19,500 MMK ( Premium++ Quality, Hard Cover, Creamy Paper)

    Add to cart
  • Miyamoto Musashi ရဲ့ The Book of Five Rings ထဲက နည်းဗျူဟာ ငါးချက်

    1. Do not think dishonestly
    ရိုးသားစွာတွေးခေါ်မှုရှိပါ။
    ကိုယ်လိုချင်တဲ့ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ဖို ကိုယ့်ကိုယ်ကိုအရင်ဆုံးမညာမိအောင်နေရပါမယ်။ ကိုယ့်အားနည်းချက်တွေကို ကိုယ်တိုင်လက်ခံနိုင်တဲ့သတ္တိကိုမွေးမြူပြီး ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို ကိုယ်တိုင်ကတိပြုပါ။ အသိပညာနဲ့ စဉ်ဆက်မပြတ်တိုးတက်မှုဟာ တစ်ဘ၀လုံးအတွက် မာရသွန်ပြေးပွဲတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တိုအားနည်းချက်တွေကို ကိုယ်တိုင်လက်ခံပြီးပြင်ဆင်နိုင်ရပါမယ်။

    2. The Way is in training
    သင်သွားမဲ့လမ်းဟာ လေ့ကျင့်ခြင်းမှာရှိတယ်။
    ကြိုတင်လေ့ကျင်ပြင်ဆင်မှုဟာ အောင်မြင်မှုသေချာစေနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ Olympic ကစားသမားတစ်ယောက်ဟာ ပွဲမတိုင်ခင် အချိန်တွေကတည်းကနေ့စဉ်စဉ်ဆက်မပြတ် အောင်မြင်အောင်လေ့ကျင့်မှသာ ရွှေတံဆိပ်ဆွတ်ခူးနိုင်မှာဖြစ်မှာပါ။ သင်သွားချင်တဲ့လမ်းကိုသေချာပေါက်ရောက်ရှိစေဖိုအတွက် ကျွမ်းကျင်တဲ့အရာကို ထပ်ခါတလဲလဲလေ့ကျင့်နေဖိုလိုအပ်ပါတယ်။

    3. Become Acquainted with Every art
    ပညာရပ်တိုင်းနဲ့ရင်းနှီးကျွမ်းဝင်မှာရှိအောင်လုပ်ပါ။
    “ငါကတော့ ဘာဖြစ်လို”,”ငါကတော့ ဘာလုပ်တာ” စသည်ဖြင့် မိမိကိုယ်ကိုယ် လှောင်အိမ်ထဲမထည့်ထားပါနဲ့။ “ဆုပ်ကိုင်ထားခြင်းဟာ ရှုးနိမ့်ဖိုဖြစ်ပြီး လွတ်လပ်ခြင်းဟာ အောင်မြင်ဖိုအတွက်ဖြစ်တယ် “ ဆိုတဲ့စကားကို Musashi ကပြောထားပါတယ်။ ပွင့်လင်းမြင်သာသောစိတ်ဓာတ်နဲ့ အတူ ပညာရပ်တွေရဲ့ကောင်းခြင်းဆိုးခြင်းကိုသိရှိပြီး မိမိသွားလိုသောလမ်းမှာ အထောက်အကူဖြစ်အောင် အသုံးချပါ။

    4. Distinguish Between gain and loss
    အောင်မြင်မှုနဲ့ ရှုးနိမ့်မှုကိုခွဲခြား သိမြင်ပါ။
    ရှုးနိမ့်မှု၊ ကျရှုးမှုတွေအတွက် ဝမ်းနည်းပူဆွေးမှုမှာ အချိန်တွေအလဟသမကုန်ပါစေနဲ့။ ထိုနည်းတူစွာ အောင်မြင်မှုမှာယစ်မူးပြီး မိမိသွားမယ့်လမ်းကြောင်းကနေသွေဖီစေမယ့်အရာတွေကိုလည်းမလုပ်ပါနဲ့။ လောကကြီးက ကျွန်တော်တိုလိုအပ်တဲ့ သင်ခန်းစာတွေကိုအောင်မြင်မှု (သို) ရှုးနိမ့်မှု နဲ့ အတူ ယူဆောင်လာပေးတဲ့အချိန်မှာ ကျေနပ်စွာလက်ံခံနိုင် တဲ့ခွန်အားရှိအောင်ကြိုးစားပါ။

    5. Perceive the Unseen
    “in perception of abilities and intentions, we see both the existent and the non existent”
    “အရည်အချင်းနဲ့ ရည်ရွယ်ချက်မှာရှိတဲ့ မြင်ရ/မမြင်ရတဲ့အရာ နှစ်ခုလုံးကို ငါတိုသိမြင်ရမယ်”
    မြင်ရတဲ့အရာနဲ့ပဲမဆုံးဖြတ်ပါနဲ့ မမြင်ရတဲ့အရာတွေကိုလည်း သိရှိနိုင်တဲ့ စိတ်ကိုမွေးမြူပါ။ မြင်ရတဲ့အရာတိုင်းဟာ လှည့်စားဖိုဖြစ်ပြီး မမြင်ရတဲ့အရာတွေဟာ ဖုံးကွယ်ထားဖိုဖြစ်တယ်။ ရှိခြင်း/မရှိခြင်း, အဆိုး/အကောင်း, အကျိုး/အကြောင်း အရာအားလုံးဟာ အတူတကွဒွန်တွဲတည်ရှိနေတာကိုသတိပြုပါ။

    💪သာမာန်လူတွေယှဉ်ပြိုင်လိုမရတဲ့ လက်တွေ့ကျတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို The Book of Five Rings ရဲ့လက်တွေ့ကျတဲ့ နည်းပညာနဲ့တည်ဆောက်ပါ။ နာမည်ကြီး Samuari တစ်ယောက်ဖြစ်တဲ့ Miyamoto Musashi (1584 – 1645) ရဲ့ The Book of Five Rings ဟာနေ့စဉ် စိတ်ခေါ်မှုတွေနဲ့ထိုးသတ်နေရတဲ့ သူတွေအတွက် ကြက်ပေါင်းရည်တစ်ခွက်လို အားအင်ပြည့်၀မှုကို ပေးစွမ်းမှာပါ။ “ The way is in the Training” “သင်သွားလိုတဲ့လမ်းဟာ စဉ်ဆက်မပြတ်လေ့ကျင့်မှုမှာရှိတယ်” ဆိုတဲ့ သူ့စကားလိုမျိုး သင်လိုအပ်တဲ့ Skill နဲ့အရည်အချင်းတွေကို နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ Ronin Samurai ကြီးတစ်ယောက်ဆီကနေ ရယူလိုက်ပါ။

    Add to cart
  • “I think it is possible for ordinary people to choose to be extraordinary.”
    -Elon Musk
    သာမာန်လူတွေအားလုံးဟာ ပိုမိုထူးခြားတဲ့လူတွေဖြစ်လာဖိုအတွက် ရွေးချယ်ပိုင်ခွင့်ရှိတယ် လိုကျွန်တော်ထင်တယ်
    -Elon Musk

    🔸အောင်မြင်မှုဆိုတဲ့အရာအနောက်ကိုသင်လိုက်ခဲ့တယ်။ ရာထူးတစ်ခု၊ လုပ်ငန်းတစ်ခု၊ ကိုယ်ပိုင် အိမ်လေးတစ်လုံးနဲ့ ကားတစ်စီးစသည်ဖြင့် သင့်သတ်မှတ်ချက်နဲ့အထိုက်အလျောက်အောင်မြင်တဲ့နေရာတစ်ခုကိုရောက်နေတယ်လိုသင်တွေးနေတယ်။ အောင်မြင်တယ်ဆိုတာကိုသက်သေပြနိုင်တဲ့အရာတွေလက်ထဲမှာရှိနေလျက်နဲ့ ဘာကြောင့် သင်ပိုင်ဆိုင်နေတဲ့အောင်မြင်မှုတွေဟာ အဓိပ္ပါယ်မရှိသလိုခံစားနေရတာလဲ ?

    🔸အခုဖုန်းကိုကြည့်နေရင်းနဲ့စဉ်းစားလိုက်ပါ။ မနက်ဖြန်မှာလည်း ဒီအခက်အခဲ၊ နောက်ထပ်ပြသနာတွေဖြေရှင်းစရာတွေကတန်းစီစောင့်နေတယ်။ အိပ်ရာနိုးတာနဲ့ အလုပ်သွား အိမ်ပြန် စက်ရုပ်တစ်ရုပ်လို အချိန်မှန်လည်ပတ်နေရတဲ့ဘ၀ကို အောင်မြင်နေတယ်တယ်လိုခံစားမိသလား ? ဒီထက်ပိုပြီး ဘ၀မှာ သင်လိုချင်တဲ့အရာတွေထပ်ရှိနေသေးသလား ?

    အောင်မြင်မှုဟာ သဲလွန်စတွေအမြဲချန်ထားခဲ့လေ့ရှိသလို သာမာန်ထက်ပိုထူးခြားတဲ့သူတွေဟာလည်း သူတိုတွေလိုက်နာကျင့်သုံးခဲ့တဲ့Codeတွေရှိပါတယ်
    ဒီလိုထူးခြားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ဖိုအတွက်
    🔸ပတ်ဝန်းကျင်ကပုံသွင်းထားတဲ့ ပုံစံခွက် (The Culturescape) ထဲက သောက်တလွဲအလေ့အကျင့်တွေ ( Brules )
    🔸မတည်ဆောက်ခင်မှာလှလှပပဖျက်ဆီးနိုင်ဖိုအတွက် ( The Beautiful Destruction )
    🔸ကောင်းမွန်စွာစနစ်တကျတည်ဆောက်နိုင်ဖို ( The Conciousness Engineering )
    🔸ကြည်နူးစွာရှေ့ဆက်လျှောက်မဲ့လမ်းအတွက် ( Blisscipline )
    🔸ကိုယ်တိုင်ဖန်တီးမဲ့အမှန်တရား ( Creating your own reality )
    🔸ပိုမိုထူးခြားတဲ့စိတ်ထားနဲ့ အတူနေထိုင်ခြင်း ( Living with the Extraordinary Mind )
    တွေကို Vishen Lakhiani ရေးတဲ့ The Code of the Extraordinary Mind စာအုပ်ထဲမှာတွေ့နိုင်ပါတယ်။

    လူတစ်ယောက်ကိုထိန်းချုပ်ထားတယ်ဆိုတာကို မသိစေချင်ရင် သူ့ကိုထိန်းချုပ်ထားမှန်းမသိအောင် လွတ်လပ်ခွင့်ပေးရတယ်ဆိုသလိုမျိုး သင့်ရဲ့လွတ်လပ်ခွင့်တွေဟာ ပတ်ဝန်းကျင်ရဲ့ပုံစံခွက်နဲ့လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကို ကန့်သတ်နေတာသတိထားမိသလား ?
    ဘယ်အရာတွေကိုမေးခွန်းမထုတ်ပဲ ငါမျက်လုံးစုံမှိတ်ပြီး ယုံကြည်ခဲ့သလဲဆိုတာကို မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်ပါ။ လူတွေသတ်မှတ်တဲ့အောင်မြင်မှုဟာ သင်တကယ်လိုချင်ခဲ့တဲ့အရာဟုတ်ရဲ့လား ? ဒါတွေကို လွှတ်ချလိုက်ရင် ဘာဆက်ဖြစ်မလဲ ?

    🔸ထူးခြားတဲ့စိတ်ဓာတ်ရှိတဲ့သူတွေဟာ လူတွေရဲ့ခွင့်ပြုချက်ကိုစောင့်မနေတတ်ပါဘူး။ သူတိုရဲ့ယုံကြည်မှုတွေကိုကိုယ်တိုင်မေးခွန်းထုတ်၊ မလိုအပ်တာတွေကိုရိုက်ချိုးပြီး ပိုမိုကောင်းမွန်တဲ့အရာကိုပြန်လည်တည်ဆောက်နိုင်ကြပါတယ်။

    ‌Mindvalley ရဲ့ Founder and CEO ဖြစ်တဲ့ Vishen Lakhiani ရဲ့ The Code of the Extraordinary Mind စာအုပ်ဟာ သမားရိုးကျတွေးခေါ်နည်းကနေခွဲထွက်ပြီး ပုံစံသွင်းခံထားတဲ့ပတ်ဝန်းကျင်ကနေရုန်းထွက်ဖို နည်းလမ်းတွေကိုအဓိကထားရေးထားထားပါတယ်။ New York Times ရဲ့ Bestseller ဖြစ်တဲ့ဒီစာအုပ်ကိုဘာသာစကား 20 ကျော်အထိ ဘာသာပြန်ထုတ်ဝေခဲ့ရပြီး မိမိပိုင်ဆိုင်တဲ့ဘ၀ကိုစိတ်ကြိုက် ပုံသွင်းဖို ရှေးရိုးစွဲအယူဝါဒဟောင်းတွေကနေလွတ်မြောက်ဖိုအတွက်နည်းလမ်းတွေကို ရှာဖွေကြည့်လိုက်ပါ။

    Add to cart

Cart

Your Cart is Empty

Back To Shop