Category: Knowledge

  • 👨‍👩‍👧‍👦ငါတိုကဘာတွေလဲ ? – 21 Lessons for the 21st Century
    21 ရာစုမှာဘာတွေဖြစ်နေလို ဘာတွေငါတိုလုပ်ကြရမှာလဲ ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးထားပါတယ်။ကျွန်တော်တိုအားလုံးသိချင်တဲ့မေးခွန်းတွေဖြစ်တဲ့ “ AI နဲ့ Automation တွေနဲ့ အလုပ်လုပ်လာတဲ့ခေတ်မှာ ငါတိုဘာတွေလုပ်ကြရမလဲ ? “ “ငါတိုအလုပ်အားလုံးကို စက်တွေကအစားထိုးသွားမှာလား ?” “ ဆက်တိုက်တိုးတက်နေတဲ့ ဒီကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်အောင် ဘာလုပ်သင့်လဲ” ဆိုတာတွေရဲ့အကြောင်း ကိုပြောပြထားပါတယ်။

    Add to cart
  • ❄️ ကမာကောင်တွေက သဲဆိုတဲ့ အနှောင့်အယှက်ကို လှပတဲ့ ပုလဲ အသွင်ပြောင်းတယ်။

    🗡 လူ့ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပဲ။ ရှုးနိမ့်တာ ရှိမယ်။ နိုင်တာ ရှိမယ်။ တစ်ခါတစ်လေ ခြေတစ်လှမ်း နောက်ဆုတ်ပေးရတာ ရှိမယ်။ ငြိမ်နေရတာ ရှိမယ်။ ပြီးရင်တော့ အရှိန်နဲ့ဖောက်ထွက်သွားနိင်ရမယ်။

    ⏳ အရာရာတိုင်းက ပြောင်းလဲနေမှာ။ ကိုယ့်က ပြောင်းလဲရမှာ ကြောက်လိုဆိုပြီး မျက်စိမှိတ်၊ နားပိတ် လုပ်ထားရင်တောင် နာရီ လက်တံလေးတွေက တစ်ချက်ချက် ရွေ့နေမှာပဲ။

    🇨🇳 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က စာအုပ်တစ်အုပ်ဟာ အခုထက်ထိ အရမ်း အသုံးဝင်နေသေးတယ်ဆိုတာ အရမ်း အံ့သြစရာကောင်းတယ်။ Sun Tzu ဟာ နည်းဗျုဟာ ပညာရှင်တစ်ယောက်၊ ပြီးတော့ အတွေးအခေါ် ပညာရှင်တစ်ယောက်လည်းဖြစ်တယ်။ သူ့ရဲ့နည်းဗျူဟာ တွေကို Art of War အနေနဲ့စာအုပ်ရေးခဲ့တယ်။ အဲ့ စာအုပ်က အရမ်းကို နာမည်ကြီးပြီး အသုံးဝင်တယ်။။ စီးပွားရေး လုပ်ငန်း ဆိုတာကလည်း အခုခေတ်ရဲ့ ယှဥ်ပြိုင်မှု တစ်ခုဖြစ်နေပြီ။

    🔅 Sun Tzu အသုံးပြုခဲ့တဲ့နည်းပညာတွေ မနည်းပါဘူး။ အဲ့ဒီ့ နည်းဗျူဟာတွေထဲက ၃ ချက်ကို ရှင်းပြထားပါတယ်။

    ◼️ Know Your Enemy and Know Yourself and in 100 Battles You will Never be in Peril
    လူတော်တော်များများ အလုပ် အင်တာဗျူးတွေ သွားဖြေကြတယ်။ ပြီးတော့ အလုပ်မရကြဘူး။ ဘာလိုလဲ ??
    တကယ်လိုအင်တာဗျူးတစ်ခု ဖြေမယ်ဆိုရင် ကုမ္ပဏီက ဘာလုပ်တာလဲ။ ဘယ်အပိုင်းကို ဦးတည်ထားတာလဲ။ အစောကတည်းက ကြိုတင် လေ့လာထားသင့်တယ်။
    အင်တာဗျူးဖြေတဲ့အခါ “ ဒီကုမ္ပဏီက စလုပ်တာ မကြာသေးဘူး ဆိုပေမဲ့ လက်ရှိ ဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်။ CEO က နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထက်ကို မှန်းထားတယ်လိုပြောထားတယ်။ အဲ့ဒီ့အတွက် ကျွန်တော့်မှာ ကောင်းမွန်တဲ့ အစီအစဉ်တွေ ရှိတယ် ” လိုပြောကြည့်ပါလား။ Interviewers တွေ ကြွေသွားမယ်။
    အများစု လုပ်နေကြတာက Interviewer က “ ငါတိုမင်းကို ဘာလိုအလုပ်ခန့်ရမှာလဲ။ မင်းက ဒီကုမ္ပဏီကို ဘာတွေ တိုးတက်အောင်လုပ်ပေးမှာလဲ ” မေးလိုက်ပြီဆိုရင် အင်း အဲ ။ သေချာတော့ မပြောပြတတ်ဘူး။ ကျွန်တော် ကြိုးစားကြည့်မယ်လေ။ အဲ့မှာ အဖြေက ပေါ်သွားပြီ။
    ဘယ်သူနဲ့အလုပ်လုပ်ရမယ်ဆိုတာ သိဖိုလိုအပ်သလို ကိုယ့်အားသာချက်၊ အားနည်းချက်တွေ သိဖိုလည်း လိုသေးတယ်။

    ◼️ AVOID what is STRONG and ATTACK what is WEAK
    မေ ဆိုတဲ့ ကောင်မလေး တစ်ယောက်က ရုံးတစ်ခုမှာ အလုပ်ရသွားပြီ ဆိုပါတော့။ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက Customer နဲ့ ထိတွေ့ဆက်ဆံတဲ့ နေရာမှာ အရမ်းကျွမ်းကျင်ကြတယ်။ အဲ့ဒါကို မေ က “ ငါလည်း ကြိုးစားပြီး Customer နဲ့ပိုအဆင်ပြေအောင် လုပ်မယ် ” ဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဘာလိုလဲဆိုတော့ မေ ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက Customer Relationships မှာ တော်တဲ့ လူတွေကြီးပါပဲ။ ဒါဆိုရင် မေ က သူတိုအားနည်းတဲ့ Insurance Policy, Management, Marketing တွေပါ သေချာလေ့လာထားပြီး Customer တွေအတွက် အသုံးချမယ်ဆိုရင်တော့အဆင်ပြေမှာပါ။
    စီးပွားရေးလောကမှာလည်း ဒီလိုပါပဲ။ စီးပွားရေး လုပ်ငန်း အများစုက ရှုးနိမ့်သွားကြတယ်။ ဘာလိုလဲ။ လုပ်ငန်းဆိုတာနဲ့လူတွေက ပြိုင်ဆိုင်တဲ့ နေရာက မှားနေကြတယ်။ ဥပမာ Walmart နဲ့ဈေးနှုန်း သွားယှဉ်လိုမရဘူး။ ဈေးနှုန်းသက်သာတယ် ဆိုတာ Walmart ရဲ့အားသာချက်ပဲ။ တစ်ခြားနေရာတွေကနေ ပြိုင်ဆိုင်ရမယ်။ Service, Customer Relation, Car Parking for Customer, Online Features အများကြီး ရှိတယ်။

    ◼️ To win 100 Battles is not the Height of Skill. To Subdue the Enemy without Fighting is.
    ဥပမာ ပြောရရင် စကားများ ရန်ဖြစ်တာပေါ့။ ကိစ္စသေးသေးလေးတွေကို အကြီးကြီးချဲ့ပြီး မပြီးနိုင် မဆုံးနိုင် စကားများကြတာ။ တစ်ယောက်ယောက်ဘက်က သာ စိတ်လျော့ပြီး အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် ပြီးသွားမယ့် အရာပဲ။
    စီးပွားရေးလောကမှာတော့ နောက်တစ်မျိုး။ ပြိုင်ဘက် ကုမ္ပဏီက ဈေးကွက် Monopolize လုပ်ချင်တာ။ ပစ္စည်းတွေကို ဈေးလျော့ရောင်းတယ်။ Market Demand ကတက်လာတယ်။ ဈေး ထပ်လျော့တယ်။ Market ကလည်း ပိုတက်လာတယ်။ နောက်လည်းကြရော တက်လာတဲ့ Market Demand ကို မထိန်းချုပ်နိုင်တော့ဘူး။ အဲ့ အချိန်မှာ Market က Complaints တွေလည်း တက်လာရော သူ့တို မဖြေရှင်းနိုင်တော့ဘူး။ သူတိုကြိုးစားသမျှတွေလည်း သဲထဲရေသွန် ဖြစ်ကုန်ရော။

    🔯 Sun Tzu ရဲ့ Art of War စာအုပ်က အရောင်းရဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပြီး အခုထက်ထိ နယ်ပယ်အမျိုးမျိုးမှာ အသုံးချနေဆဲ အသုံးဝင်နေဆဲ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။

    🌀 ကမာကောင်တွေက သဲဆိုတဲ့ အနှောင့်အယှက်ကို လှပတဲ့ ပုလဲ အသွင်ပြောင်းတယ်။ စာအုပ်တွေ ဖတ်ရင်းနဲ့ စာအုပ်က အသိပညာတွေ အသုံးချပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို လျှောက်လှမ်းနိုင်ပါစေ။

    Book Name – Art of War
    Author – Sun Tzu
    Price – 19,500 MMK ( Premium++ Quality, Creamy Paper, Hard cover )

    Add to cart
  • 🙏အစီအစဉ်မကျမှု တလွဲတချော်ဖြစ်မှုတွေနဲ့ အတူတကွနေထိုင်နည်း ၁၂ ချက် – Part 1 🙏

    ဘယ်လောက်ပဲအစီအစဉ်ကျအောင်လုပ်လုပ် တလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။
    No matter how much we try to set things in order, Chaos is bound to happen.

    👥ဒါတွေကကျွန်တော်တိုအားလုံးဖြစ်နေကျခံစားမှုတွေပါ။ ကျွန်တော်တိုကစနစ်တကျစီစဉ်ထားတယ်။ ဒါပေမယ့်လောကကြီးက တလွဲတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခု၊ အလေ့အကျင့်တစ်ခုလုပ်ဖိုတောင် ဘာတွေသောက်တလွဲဖြစ်ဦးမလဲဆိုတဲ့အတွေးနဲ့ စိုးရိမ်ပူပန်နေတာနဲ့ တင် အလုပ်တွေနှောင့်နှေးနေတာတွေဖြစ်တတ်ပါတယ်။
    ဒီလို တလွဲတချော်ဖြစ်နေမှုတွေနဲ့ အစီအစဉ်တကျအလုပ်ဖြစ်မှုဆိုတဲ့အရာနှစ်ခုကြားမှာဘယ်လိုနေထိုင်ရမလဲ ?အဆိုး အကောင်းနှစ်ခုကိုဒွန်တွဲပြီး သာတူညီမျှ ဖြစ်တဲ့ဘ၀ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို Jordan Peterson ရဲ့ Beyond Order မှာဖော်ပြထားပါတယ်။

    🏷Beyond Order ဟာ Jordan Peterson ရဲ့ Bestseller ဖြစ်တဲ့ 12 Rules for life ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာ တလွဲတချော်ဖြစ်မှုတွေနဲ့ အစီအစဉ်ကျမှုတွေကြားမှာ သာတူညီမျှစွာနေထိုင်နိုင်မဲ့နည်း တွေကို ရှင်းပြထားပါတယ်။ ဒီနည်းတွေကို အတူတူလေ့လာကြည့်ရအောင်

    🏢1. Do not carelessly denigrate social institutions or creative achievement.🏢
    အဖွဲအစည်းတွေနဲ့ တီထွင်အောင်မြင်မှုတွေကို ဂရုမစိုက်ပဲ မရှုချပါနှင့်
    တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုတဲ့စကားပုံလိုပဲ လူသားတိုးတက်မှုမှာ အဖွဲအစည်းတွေက အရေးကြီးပါတယ်။ မိမိကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ ပညာသင်ပေးနိုင်တဲ့ Mentor တွေ လက်တွေ့ယူရမယ့် Experience တွေဟာ အဖွဲအစည်းတွေမှာရှိပါတယ်။အဖွဲအစည်းတစ်ခုထဲကိုရောက်ရင် Complain တွေတက်ပြီးအမုန်းပွားနေမယ့်အစား ကိုယ့်ကို အပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့အတူ မိမိရဲ့ဘ၀ကို တိုးတက်အောင်ရှာဖွေပါ။ တီထွင်ကြံဆမှုတွေကိုလေ့လာပါ။

    🏃‍♂️2. Imagine who you could be and then aim single-mindedly at that.🏃‍♂️
    ကိုယ်ဘာဖြစ်နိုင်လဲဆိုတာကိုတွေးပြီး အဲ့ဒီ့အရာတစ်ခုတည်းကိုဦးတည်ပြီးအလုပ်လုပ်ပါ
    “ Hero တစ်ယောက်ဆိုတာ ပြီးပြည့်စုံအောင်ဖွံဖြိုးတိုးတက်ပြီးတဲ့ ကိုယ်ပိုင်အရည်အချင်းရဲ့ ဥပမာတစ်ခုဖြစ်တယ်” လို စာရေးသူကပြောထားပါတယ်။ငယ်ရွယ်စဉ်တုန်းက ကျွန်တော်တိုတွေဟာ Batman, Spiderman တိုလိုမျိုး Hero တွေကိုသဘောကျခဲ့သလို အခု ကျွန်တော်တိုလက်တွေ့မြင်ရတဲ့ Elon Mask တို Jeff Bezos တိုလိုမျိုး Hero တွေဖြစ်အောင် ကြိုးစားချင်တယ်မဟုတ်လား။ကိုယ် အားကျတဲ့ Hero တစ်ယောက်လို ကိုယ့်ကိုယ်တိုင်စိတ်ကူးယဉ်ပြီး သူကြုံခဲ့တဲ့အခက်အခဲတွေ ကိုရင်ဆိုင်သလိုမျိုး ရင်ဆိုင်ပြီး ရှေ့လျှောက်မယ့်လမ်း ကကျန်တဲ့မလိုတဲ့ အရာတွေကိုဖယ်ထုတ်နိုင်ရပါမယ်။

    🌫3. Do not hide unwanted things in the fog.🌫
    မလိုချင်တဲ့အရာတွေကို မီးခိုးငွေ့တွေထဲဖုံးကွယ်မထားပါနဲ့
    အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်တော်တိုလုပ်မိတတ်တာက အဲ့ဒီ့အရာတွေကို မမြင်ရအောင်ဖုံးကွယ်ထားဖိုကြိုးစားတာပါပဲ။ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆင်မပြေကြောင်း တိုက်ရိုက်ပြောဖိုထက် အဲ့ဒီ့အရာကိုဖုံးကွယ်ပြီးအခြားအကြောင်းကိုပြောဖို ကျွန်တော်တိုပိုပြီး ကြိုးစားတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖုံးကွယ်ထားတဲ့အရာတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတော့မှ အငိုက်မိပြီး ပြသနာတွေဟာ မထင်မှတ်ထားပဲအရမ်းကြီးမားသွားတတ်ပါတယ် ။ အခက်အခဲတွေကို ဖုံးကွယ်ဖိုမကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေးကိုမွေးမြူမှသာ ကျွန်တော်တို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

    🌻4. Notice that opportunity lurks where responsibility has been abdicated.🌻
    တခြားသူတွေတာဝန်မယူရဲတဲ့နေရာတွေမှာ အခွင့်အလမ်းတွေရှိနေတတ်တာကိုသတိပြုပါ
    ဒီနေရာမှာ မင်မင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု Share ချင်ပါတယ်။ အလုပ်မှာပွဲတစ်ခုစီစဉ်တုန်းက အစားအသောက်အတွက်ဘယ်သူမှတာဝန်ယူမယ့်သူမရှိတဲ့အချိန်မှာ မင်မင် က Volunteer အနေနဲ့တာဝန်ယူခဲ့မိပါတယ်။ ဘာမှသိပ်မတွေးပဲပုံမှန် အတိုင်းကူညီချင်ရုံသတ်သတ်နဲ့ တာဝန်ယူလိုက်တာရဲ့ အကျိုးဆက်က အလုပ်မှာ ရှိတဲ့လူအားလုံးနဲ့ ရင်းနှီးမှုပိုရခဲ့တဲ့အပြင် အရင်က သိပ်မတည့်တဲ့သူတွေပါကိုယ်နဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး မင်မင့်ကို ဒီ Page ကလေး run ဖိုတွန်းအားပေးတဲ့ ဆရာကောင်းတွေနဲ့လည်းကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက တာဝန်သာမယူခဲ့ရင် ဒီ Page လေးဖြစ်လာဖိုဆိုတာလည်းအချိန်တစ်ခု ထပ်ကြာနေဦးမှာပါ။

    ⛔️5. Do not do what you hate.⛔️
    မင်းမုန်းတဲ့ အလုပ်ကိုမလုပ်ပါနဲ့
    “ဟိုး….. ထား ဆရာသမား” မုန်းတဲ့အလုပ်ကိုမလုပ်နဲ့ဆိုလို ကိုယ်မကြိုက်တဲ့အရာမှန်သမျှမလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်မုန်းတဲ့အရာတွေဆိုတာ ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ၊သူများအတွက်လည်းစီးပွားမဖြစ်ထွန်း ၊ ပတ်ဝန်းကျင်ကလည်းလက်မခံနိုင်တဲ့ အရာတွေကိုပြောတာနော်။ ကိုယ့်အလုပ်ကို ကိုယ်မကျေနပ်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဘာပြောင်းလဲနိုင်သလဲအရင်စဉ်းစားပြီး တိုးတက်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးပါ။ အလုပ်က မပြောင်းလဲပေးနိုင်ဘူး ဆိုရင် အားလပ်ချိန်မှာ ကိုယ့် Personal Life ကိုတိုးတက်အောင်လုပ်ပြီး ဒီအလုပ်ကထွက်နိုင်မယ့်နည်းလမ်းကိုရှာပါ။

    📡6. Abandon ideology.📡
    အယူဝါဒတွေကိုလက်ကိုင်စွဲမထားပါနဲ့
    Ideology တွေဟာ Smart ဖြစ်တဲ့ ငပျင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။( မယုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ)။ နီတိတွေကျမ်းတွေ နဲ့ လူကြီးတွေပြောတဲ့ ဆုံးမမှုတွေဟာ အတိုင်းအတာတစ်ခု အထိလက်ခံကျင့်သုံးလိုကောင်းပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ရှေးဦးစာအုပ်တွေထဲကအတိုင်း လိုက်နေလိုကတော့ ကျွန်တော်တိုရဲ့တက်လမ်းကို စာအုပ်တွေထဲက နိယာမတွေနဲ့ပိတ်မိထားသလိုဖြစ်နေမှာပါ။ လွတ်လပ်စွာတွေးခေါ်ပါ။ စွန့်စားမှုကိုလက်သင့်ခံပါ။ မိမိလက်ခံထားတဲ့ မိမိရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်ပြီး လိုက်လျောညီထွေနေနိုင်အောင် Upgrade လုပ်ပါ။

    💪7. Work as hard as you possibly can on at least one thing and see what happens.💪
    တစ်ခုကို ရှိသမျှအားအကုန်စိုက်ပြီးအလုပ်လုပ်ကြည့်ပြီး ဘာဖြစ်လဲစောင့်ကြည့်ပါ
    သင်မအောင်မြင်သေးတာမဟုတ်ပါဘူး ဖြစ်ချင်တာတွေအရမ်းများနေတာပါ။ ဆရာဝန်ကြီးဖြစ်ချင်တာလား ? အင်ဂျင်နီယာကြီးဖြစ်ချင်တာလား ? Vlogger ကြီးဖြစ်ချင်တာလား ? Influencer ကြီးဖြစ်ချင်တာလား ? ဖြစ်ချင်တာတွေတော့အရမ်းများပါရဲ့ အခုအချိန်ထိတော့ဘာမှတော့ဖြစ်မလာသေးဘူး လုပ်တာကတော့အကုန်လုပ်နေတာပဲ..
    အကုန်မလုပ်ပါနဲ့။ တစ်ခုတည်းကိုအချိန်အတိုင်းအတာတစ်ခုအထိအားစိုက်အလုပ်လုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။ အောင်မြင်တဲ့သူတိုင်းဟာ နေရာတိုင်းမှာမတော်ကြပါဘူး။ ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ Skill နဲ့ အလုပ်လုပ်နိုင် တာဟာ သင့်အောင်မြင်မှုရဲ့လမ်းစတစ်ခုဖြစ်ပါတယ်။

    💐8. Try to make one room in your home as beautiful as possible.💐
    မင်းအိမ်က အခန်းတစ်ခန်းကို လှနိုင်သမျှလှအောင်ထားပါ။
    စားပွဲပေါ်ကပန်းအိုးသေးသေးလေးတစ်လုံးလိုမျိုးရိုးရှင်းတဲ့ မြင်ကွင်းလေးတစ်ခုဟာ အံ့ဩဖွယ်ကောင်းတဲ့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်လိုက်ပါ ခင်ဗျားအလုပ်ကနေတစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ ဘယ်လောက်တောင်စိတ်ချမ်းသာသွားလိမ့်မလဲ ဆိုတာ။ တကယ်လိုအခန်းတစ်ခန်းလုံးအတွက်အချိန်မရှိဘူး ဆိုရင်တောင် ဘုရားစင်ထဲက ဘုရားပန်းလေးလဲတာ သောက်တော်ရေလဲတာလေး နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်ဘ၀အတွက် အေးချမ်းတဲ့နေရာတစ်ခု ဟာ သင့်အိမ်မှာနေ့စဉ်ရှိနေပါလိမ့်မယ်။

    📝9. If old memories still make you cry, write them down carefully and completely. 📝
    အတိတ်ကအကြောင်းအရာတွေနဲ့မျက်ရည်ကျမိနေသေးရင် သေသေချာချာပြည့်ပြည့်စုံစုံ ရေးချပါ။
    ဆုံးရှုးမှုဟာ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တိုချစ်တဲ့အရာတွေနဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေဟာ မေ့ပစ်ဖိုအရမ်းခက်ခဲပါတယ်( ဥပမာ မိသားစုဝင်တွေ တိရစ္ဆာန်လေးတွေ) ။ ဒီအရာတွေကို ကျွန်တော်တိုထပ်ခါတလဲလဲပြန်တွေးမိရင်း ဖြေသိမ့်မှုမရနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတ်ပါတယ်။ ကျွန်တော်တိုတွေ လွတ်မြောက်မှုနဲ့ဖြေသိမ့်မှုရရှိနိုင်ဖိုကအတွက် သူတိုနဲ့ ပက်သက်တဲ့ သတိရမှု လွမ်းဆွတ်မှုတွေကို စာရွက်တွေပေါ်မှာချရေးထားပြီး လိုအပ်တိုင်းထုတ်ဖတ်ပါ။သင့်ဘ၀ထဲမှာ သူတိုတွေအကောင်းဆုံးဖြစ်အောင်သူတိုကြိုးစားခဲ့ပြီးပါပြီ သူတိုတွေဂုဏ်ယူရအောင် ကြိုးစားဖိုက သင့်တာဝန်ပါ။

    💓10. Plan and work diligently to maintain the romance in your relationship.💓
    အချစ်တွေဆက်လက်ရှင်သန်နေဖို အစီအစဉ်ချပြီး ကြိုးစားအားထုတ်ပါ။
    ချစ်နေရင်ပြီးရော ဆိုတဲ့ စကားလုံးက တကယ့်လက်တွေ့ဘ၀နဲ့ ထပ်တူကျမနေပါဘူး။ အိမ်ထောင်ဖက်ဘ၀မှာ မိသားစုဘ၀မှာ ရေရှည်တည်မြဲနေဖိုအတွက်အားစိုက်ထုတ်မှုတွေ နားလည်မှုတွေ ရှိရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေနဲ့ လိုအင်တွေကို နားလည်သဘောပေါက်ပြီး လေးစားမှုအပြည့်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်မှုဟာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုအားသစ်လောင်းစေပါတယ်။
    အချစ်ရေးနဲ့ မိသားစုမှာ အဆင်ပြေမှုဟာ သင့်အောင်မြင်မှုဆီကို အမြန်ဆုံးရောက်အောင်တွန်းအားပေးနိုင်တဲ့ အစွမ်းအထက်ဆုံးသောအရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုဂရုစိုက်ဖိုမလစ်ဟင်းမိပါစေနဲ့ ။

    💢11. Do not allow yourself to become resentful, deceitful, or arrogant. 💢
    ကိုယ့်ကိုကိုယ် နာကြည်းမှု ၊ လှည့်စားမှု နဲ့ မာနထောင်လွှားမှုတိုရဲ့သားကောင်အဖြစ်မခံပါနဲ့
    ဘ၀ရဲ့ ထိုးနှက်မှုတွေအများကြီးကို သင်ခံစားဖူးခဲ့ပြီးပါပြီ။ အောင်မြင်မှု၊ ကျရှုးမှု၊ နောက်ကျောဓားနဲ့အထိုးခံရမှု၊ ကွယ်ရာမှာအပုတ်ချခံရမှု စသည်ဖြင့်အခြေအနေအမျိုးမျိုးက သင့်ကို ဒီနေရာရောက်အောင် တွန်းပိုခဲ့တာမဟုတ်ပါလား။ အတိတ်ကအရာတွေကိုပြန်တွေးမိတဲ့အချိန်မှာ နာကြည်းမှု၊ ခံပြင်းမှုတွေနဲ့ မိမိကိုယ်ကိုယ်ပိတ်လှောင်မိနေခြင်းဟာ အဆိုးဝါးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ အရင်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံလိုက်ပါ သူတိုဟာသင့်ကို ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့တာပါ။ ဒီသင်ခန်းစာတွေကိုပဲ ရင်ထဲမှာသိမ်းထားပြီးရှေ့ဆက်မယ့်လမ်းမှာ လက်နက်အဖြစ်အသုံးချပါ။

    🕊12. Be grateful in spite of your suffering. 🕊
    သင့်ရဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေကိုကျေးဇူးတင်ပါ
    မီးပူပူထဲ အကြိမ်ပေါင်းများစွာဖြတ်သန်း၊ တူနဲ့ ထုရိုက်မှုပေါင်းမြောက်များစွာကိုမခံယူပဲနဲ့ ဓားကောင်းတစ်ချောင်းဖြစ်မလာသလို အခက်အခဲတွေကို မရင်ဆိုင်ပဲနဲ့လဲ လူတော်လူကောင်းတစ်ယောက်ဖြစ်မလာပါဘူး။ ကျွန်တော်တိုလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ ဘယ်သူ့ကိုမှပြောပြလို နားမလည်နိင်လောက်တဲ့ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ နာကျင်မှုတွေဟာ ကျွန်တော်တိုကို အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့တာပါ။ဒါကြောင့် အခက်အခဲတွေထပ်ရင်ဆိုင်လာရရင် စိတ်ညစ်မယ့်အစားကျေးဇူးတင်ပါ။ ဘာလိုလဲဆိုတော့ သူတိုဟာ ကျွန်တော်တိုအတွက်အကောင်းဆုံးသင်ခန်းစာတွေထပ်ယူလာပေးတယ်ဆိုရင်လည်းမမှားပါဘူး။

    📔Beyond Order ဟာ ဘ၀ရဲ့ ရှုပ်ထွေးမှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ခွန်အားရှိရှိရင်ဆိုင်နိုင်အောင် ညွှန်ပြပေးတဲ့ လမ်းပြမြေပုံတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောကကြီးကကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်ဘ၀ကို ကျေနပ်ဖိုက ကိုယ့်မှာပဲတာဝန်ရှိတဲ့အကြောင်းကို Dr. Jordan Peterson က စာအုပ်ထဲမှာလှပစွာရှင်းပြထားပါတယ်။

    သင့်ဘ၀အတွက် လိုအပ်တဲ့ Balance ကိုရှာဖွေဖို အသင့်ဖြစ်နေပြီဆိုရင်တော့ Beyond Order ကို Airplane Bookstore မှာ အဆင်သင့်မှာယူလိုရပါတယ်။ ဒီစာအုပ်ထဲကဘယ်နည်းတွေကိုသင်အသုံးချဖိုစဉ်းစားထားသလဲ? တခြားသူတွေလည်း ဒီလိုအသိဉာဏ်တွေတိုးပွားအောင် ဒီ Post လေးကို ကူ Share လိုက်ပါ။

    Book Title – Beyond Order : 12 More Rules for Life
    Author – Jordan Peterson
    Price – 19,500 MMK

    Add to cart
  • 🏗  “Donald Miller will teach you how to grow your business.” 

                                            – John C. Maxwell

    🔊  သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံ နှစ်ခုကမတူကြပါဘူး။

    🎧  ကျွန်တော်တို့နေ့စဉ် ပစ္စည်း အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့မြင်တွေ့ကြရတယ်။ ဖိနပ်တွေ၊ အိတ်တွေ၊ နာရီ တွေပေါ့။ ဒါပေမယ့် တစ်ချို့ပစ္စည်းတွေဆိုရင်တော့ မြင်လိုက်တာနဲ့ဘယ် Brand လဲ၊ ဘယ်နိုင်ငံက လာလဲ ဆိုတာ တစ်ခါတည်း တန်းသိနိုင်တယ်။ ဥပမာ Adidas, Nike, Puma, Michael Kors, Versace သူတို့ကို တစ်ကမ္ဘာလုံးက သိကြတယ်။

    👁  “Branding is all about how you want people to see you.”

    🎼  သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံနှစ်ခုက မတူကြပါဘူး။ သီချင်းတစ်ပုဒ်မှာ သံစဉ် အတက်အကျရှိတယ်။ စာသားတွေမှာ အဓိပ္ပာယ်တွေ ပါတယ်။ အချိန် အများကြီး ရင်းနှီးပြီးမှ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာတယ်။ အနှစ်သာရ ရှိတဲ့သီချင်း တစ်ပုဒ်က နားထောင်သူတွေကို ရသ များစွာ ပေးစွမ်းနိုင်တယ်။ ဦးတည်ရာမရှိ တရဆက် ဆူညံနေတဲ့အသံတွေကတော့ နားထောင်သူတွေကို စိတ်ညစ်မှုတွေသာ ပေးတယ်။

    📣  အခုချိန် Marketing! Marketing! Marketing! လို့ပြောနေလုပ်နေပေမဲ့လည်း တကယ်တော့ အလုပ်မဖြစ်တာတွေ၊ ဆူညံတဲ့ အသံတွေ ဖြစ်နေကြတယ်။ Customer ကို ပေးချင်တဲ့ Message တွေ မရောက်ဘူး ဖြစ်နေကြတယ်။ ကုမ္ပဏီတိုင်းက Marketing နည်းလမ်းတွေ အများကြီးသုံးပြီး ယှဉ်ပြိုင်နေကြတဲ့ အချိန်မှာ Donald Miller က Story Brand တစ်ခုကို ဘယ်လိုတည်ထောင်ရမလဲ ဆိုတဲ့ အရိုးရှင်းဆုံး ရှင်းပြထားပါတယ်။

    1. Create a One-Liner (Simple, Clear and Repeatable Statement)

    🎯  ဥပမာ စီးပွားရေး အကြံပေးကုမ္ပဏီဆိုပါတော့။

    “ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ဆိုရင်တော့ဖြင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းရင်း လူကြီးမင်းတို့ရဲ့စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ပေးမယ့်အပြင် အမြတ်အစွန်းတွေ ပိုထွက်လာအောင် ဆောင်ရွက်ပေးမယ့် စီးပွားရေး အကြံပေးကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။” လို့ရေးမယ့်အစား ကိုယ့်ကုမ္ပဏီရဲ့Value ကိုဦးစားပေးရေးသားရမှာ ဖြစ်ပါတယ်။

    ✏  ဥပမာ Content Writer ဆိုရင် 

    ကျွန်တော့် အလုပ်ကတော့ Social Media မှာ Value-added Content တွေ ရေးသားတဲ့ Content Creator ဖြစ်ပါတယ်။

    🏹  စာတစ်ကြောင်းတည်းနဲ့ပေးချင်တဲ့ Message ကိုထိထိမိမိ ရေးသားနိုင်ဖို့နည်းလမ်းပေးထားတာ ဖြစ်ပါတယ်။

    1. Guide

    🔑  Customer တွေက သူတို့ဆီမှာ အခက်အခဲတွေ များစွာရှိကြပါတယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းဖို့အတွက် နည်းလမ်းပြပေးမယ့် လမ်းညွန်တစ်ယောက် လိုပါတယ်။ လမ်းညွန်ပေးမယ့် သူကတော့ ကျွန်တော်တို့ရဲ့ကုမ္ပဏီပါ။ ကျွန်တော်တို့က Customer တွေကို Plan တွေ ပြောပြရမယ်၊ ရှင်းပြရမယ်။ ပြီးတော့ Customer ရဲ့ပြဿနာတွေကို နားထောင်ပေးရမယ်။

    📢  ကုမ္ပဏီတွေက Customer တွေကို ပစ္စည်းတွေ ထိုးရောင်း၊ Promotion တွေ ပြောပြတာတွေ ပဲ လုပ်ချင်ကြတယ်။ Customer တွေရဲ့စကားကို နားမထောင်ချင်ကြဘူး။

    1. Customers Trust a Guide Who Has a Plan (Customer Loyalty)

    🌬  Customer က ရေစီးသန်တဲ့ ရေတံခွန်ကို ဖြတ်ကျော်ချင်တယ်ဆိုရင် ကိုယ့် ကုမ္ပဏီက ရေတံခွန်ကို ဖြတ်ပြီး တံတားဆောက်ပေးနိုင်ရမယ်။ လှေ၊ သင်္ဘော တွေ ထားရှိပေးနိုင်ရမယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မယ့် ကုမ္ပဏီကို ယုံကြည်မှုရှိမှာ အမှန်ပါပဲ။

    1. Customers Do Not Take Action Unless They are Challenged to Take Action

    💨  Customer ကို လမ်းညွန်ပေးလိုက်ရုံနဲ Customer တွေဟာ ကိုယ့်ပစ္စည်းကို တစ်ခါတည်း ဝယ်သွားမှာ မဟုတ်ပါဘူး။ Customer ကတော့ အနည်းငယ်တော့ စိုးရိမ်မှုတွေ ရှိနေဉ်ီးမှာပါ။ သံသယတွေ မဝင်လာခင် Customer ဝယ်ချင်အောင် နည်းလမ်းတွေ ပေးထားရပါမယ်။

    ➗  ဥပမာ Customer တွေကို တစ်ခါတည်း ဝယ်လို့ရအောင် လုပ်ပေးမယ် ဒါမှမဟုတ် အချိန်အတိုင်းအတာ တစ်ခုမှာ ဝယ်လို့ရအောင် Planning ထားပေးတာ၊ အရစ်ကျ ပေးသွင်းနိုင်အောင် စီစဉ်ပေးဖို့လိုပါတယ်။

    ❓  ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။

    ▪  စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းချဲ့ထွင် ဖို့၊ လုပ်ငန်းမှာ မှားယွင်းမှုတွေကို Analyze လုပ်ဖို့အတွက် ဖတ်သင့်ပါတယ်။

    ▪  လူတွေကို ဦးဆောင်နေရတဲ့ခေါင်းဆောင်တွေ ဖတ်သင့်ပါတယ်။

    ▪  Sales Manager တွေ၊ နေ့စဉ် Customer တွေနဲ့ထိတွေ့နေရတဲ့သူတွေ ဖတ်သင့်ပါတယ်။

    ▪  စာအုပ်ထဲမှာ Customer တွေက ဘာကြောင့် ဝယ်ရသလဲ ပြီးတော့ Customer တွေ ကိုယ့်ပစ္စည်းတွေကို ဝယ်လာအောင်၊ Customer Loyalty ရအောင် Message ပေးနည်းတွေ ပါဝင်ပါတယ်။

    ▪  Marketing Fundamental, Effective Messaging for Websites and Social Media နည်းလမ်းတွေကို အချိန်အများကြီး မယူပဲ လေ့လာချင်သူတွေအတွက် Donald Miller က အလွယ်ကူဆုံး ရေးသားထားတာ ဖြစ်ပါတယ်။

    💥  “Donald Miller offers a specific, detailed and useful way to Change the way you talk about the way you care about.” 

         – Seth Godin Author of All Marketers are Liars

    👤  Donald Miller က လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို တိုးတက်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဟောပြောပွဲတွေမှာ Lead Speaker အနေနဲ့ကြိမ်ဖန်များစွာ ဦးဆောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်မှာ ပုံနှိပ်ရိုက်တဲ့ လုပ်ငန်းလေး တစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Blue Like Jazz စာအုပ်ဖြင့် အမေရိကန်နိုင်ငံရဲ့Bestselling Author တစ်ယောက် ဖြစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို အကြံပေးတဲ့ ကုမ္ပဏီ တည်ထောင်ခဲ့ပြီး သူ့ရဲ့ Building a Story Brand စာအုပ်ဟာလည်း Best Seller စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

    Add to cart
  • 🌍လောကဓံကိုရင်ဆိုင်ဖိုအတွက်ပဲ အချိုသောသူတွေဟာ အသက်ရှင်ကြရတယ်။
    သူများတွေထက် သတ္တိရှိလို၊ သူမတူအောင် ခွန်အားကြီးလို သူတိုဟာ လောကဓံကိုရင်ဆိုင်ရတာမဟုတ််ကြဘူး

    ⛓️သူတိုမှာ မဆုတ်မနစ်တဲ့ဇွဲတစ်ခု ရှိရမယ်လို လောကကြီးက သတ်မှတ်ထားတယ်။
    သံမဏိလိုမာကြောတဲ့နှလုံးသားနဲ့ မီးတောင်တစ်ခုလိုဆူပွက်နေတဲ့ မီးလျှံတွေသူတိုသွေးကြောထဲမှာ ပိုင်ဆိုင်ပြီး သူတိုထက်အားနည်းတဲ့သူတွေကိုကာကွယ်ပေးနိုင်တဲ့အင်အားရှိအောင် လောကကြီးကသူတိုကို အကြိမ်ကြိမ်ဖျက်ဆီးတယ်၊ အခေါက်ပေါင်းများစွာနင်းခြေတယ်။

    💔ကြိမ်ဖန်များစွာဖျက်ဆီးခံရပြီး အမြဲရုန်းကန်ရတဲ့သူတို အတွက်တော့
    ဒါက သူတိုရွေးချယ်ခဲ့တဲ့ ဘ၀တော့မဟုတ်ခဲ့ဘူး။
    တစ်ခါတစ်ရံမှာ သူတိုလက်မြှောက်အရှုးပေးချင်ကြလိမ့်မယ်။
    တစ်ခါတစ်ရံမှာ သူတိုမျက်ရည်ကျချင်ကြလိမ့်မယ်

    💪ဒါပေမယ့် ..
    ဒဏ်ရာများစွာနဲ့နာကျင်နေတဲ့နှလုံးသားကိုသယ်ဆောင်ပြီး သူတိုတန်ဖိုးထားတဲ့အရာတွေကိုကာကွယ်ဖိုအတွက်
    သူတိုအခုချိန်အထိကြံ့ကြံ့ခံဆဲ…
    ကြိုးစားနေဆဲ
    ရုန်းကန်နေဆဲ ပဲ..

    💖နာကျင်နှလုံးသားတွေ အတွက်
    ခွန်အားဖြည့်ဖို
    ခွန်အားပြည့်ဖို
    နှလုံးသားအာဟာရ ရသစာများ Chicken Soup For the Soul

    Add to cart
  • ‼️ ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တို မလုပ်ချင်ဆုံး အရာတွေပါ

    💭 လူတွေ အကုန်လုံး Outside the Box တွေးရမယ်ဆိုရင်တော့ သေချာတာက တစ်ကယ်ပြင်ရမှာ အဲ့ Box ကိုပါ
    – Malcolm Gladwell

    🏹 David And Goliath ဆိုတာကတော့ သာမန် သိုးကျောင်းသားလေး (David) က တစ်ခြားနိုင်ငံက Champion ဖြစ်တဲ့ Goliath ဘီလူးကြီးကို အနိုင်ယူလိုက်တဲ့ ပုံပြင်ပဲ ဖြစ်ပါတယ်။

    🛡 ရှေးခေတ်က နိုင်ငံတွေ စစ်ဖြစ်တဲ့ အခါမှာ လူတွေ အသေအပျောက် မများအောင် တစ်နိုင်ငံချင်းဆီက အတော်ဆုံး၊ အကောင်းဆုံး လူတွေ နှစ်ယောက် ပဲ ထိုးသတ်ကြတယ်။ ထိုးသတ်တဲ့ပွဲမှာ နိုင်တဲ့သူ ဘက်က တစ်ဖက်နိုင်ငံကို သိမ်းနိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ လောက်က Philistines နိုင်ငံနဲ့Israelites နိုင်ငံ တိုစစ်ဖြစ်ကြတယ်။ Philistines နိုင်ငံက အရပ် ၇ပေ နီးပါး ရှိတဲ့ ဘီလူးကြီး တစ်ကောင် (Goliath) ကို သံချပ်ကာ အပြည့် ၀တ်ဆင်စေပြီးတော့ ရွေးချယ်လိုက်တယ်။ Israelites နိုင်ငံက လူတွေက Goliath ကို ကြောက်ပြီးတော့ ဘယ်သူမှ ရှေ့မထွက်ရဲ ကြဘူး။ နောက်ဆုံးမှာ သိုးကျောင်းသား David က Goliath ကို အနိုင်တိုက်မယ်လိုဘုရင်ကို တောင်းဆိုလိုက်တယ်။ ဘုရင်ကလည်း David ကို နိုင်မှာ မဟုတ်ပါဘူး လိုပြောပြီး တားတယ်။ ဒါပေမယ့် တစ်ခြားရွေးချယ်ရမယ့် သူမရှိတော့ David ကိုပဲ ရွေးချယ်လိုက်ရတော့တယ်။ David နဲ့Goliath တွေ့တဲ့ အချိန်မှာ David က Goliath ကို ခဏလေးနဲ့အနိုင်ယူလိုက်တယ်။

    ⭕️ Change the Game

    🗡 ရှေးခေတ်က စစ်တိုက်တဲ့ အခါမှာ စစ်သား သုံးမျိုး ရှိတယ်။ Cavalry ဆိုတာကတော့ မြင်းစီး စစ်သားတွေပါ။ သူတိုက သံချပ်ကာ ၀တ်ဆင်ပြီးတော့ တိုက်ခိုက်ကြတယ်။ Infantry ဆိုတာကတော့ ခြေလျင်တပ်သားတွေပါ။ နောက်ဆုံးကတော့ Projectile Warriors တွေပါ။ သူတိုကတော့ လေးသမားတွေပေ့ါ။ သူတိုက ရန်သူကို ကိုက် ၂၀၀ အကွာကနေ ပစ်နိုင်ပါတယ်။ Goliath က စိန်ခေါ်တဲ့ အချိန်မှာ ဓားချင်း ခုတ်ဖိုစိန်ခေါ်တာပါ။ သူ့ကို ဓားချင်းခုတ်မယ်ဆို ဘယ်သူမှ နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ David က သူ့ရဲ Slinger နဲ့Goliath ရဲ့နဖူး တည့်တည့်ကို ပစ်လိုက်တဲ့အခါမှာ Goliath က လဲသွားပါတယ်။ လဲသွားတဲ့ အချိန်မှာ Goliath ရဲ့ဓားကို ယူပြီး လည်ပင်းကို တစ်ခါတည်း ခုတ်ပစ်လိုက်ပါတယ်။

    ➰ Think Outside of the Box, Change the Game.

    ⭕️ Embrace Adversity

    👤 တစ်ကမ္ဘာလုံးမှာ ထူးထူးခြားခြား အောင်မြင်ခဲ့သူတွေထဲက အများစုမှာ Dyslexia ရှိကြတယ်။ Dyslexia ဆိုတာကတော့ စာလုံးတွေက ရောထွေးနေပြီး စာဖတ်လို မလွယ်ကူတဲ့ ရောဂါတစ်မျိုးပေါ့။ ဥပမာအားဖြင့် Albert Einstein, Richard Branson, Walt Disney and Winston Churchill တိုမှာ Dyslexia ရှိကြတယ်။

    💢 သူတိုကို မေးကြည့်တဲ့ အခါမှာ သူတိုအောင်မြင်ခဲ့တာက Dyslexia မရှိလိုမဟုတ်ကြပဲ Dyslexia ကြောင့် အောင်မြင်ခဲ့တယ်လိုပြောကြတယ်။ သူတိုတွေက စာဖတ်ဖိုမလွယ်ကူတဲ့ အခါမှာ အဲ့ဒီ့ အခက်အခဲကို ကျော်လွန်ဖိုကြိုးစားကြတယ်။ အတန်းထဲမှာ အတော်ဆုံးကျောင်းသားကို အိမ်စာ လုပ်ဖိုအကူအညီတောင်းတာတို၊ စာမေးပွဲကျလိုဆရာမဆီသွားပြီး Grade D ကနေ C တိုး ပေးဖိုတောင်းဆိုခဲ့တာတိုလုပ်ကြရတယ်။ ငယ်ငယ်ကတည်းကနေ Negotiation, Delegation, Self-Confidence တိုတတ်မြောက်အောင် လုပ်ခဲ့ရတယ်။ သူတိုဘဝတွေ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျရှုံးမှုတွေကို ကျော်လွှားနိုင်ခဲ့တယ်။

    🕳 လူတွေ လက်ရှိအခြေအနေထက် ပိုအောင်မြင်ဖိုဆိုရင် ကိုယ့်မှာ ရှိတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ရမယ်။ အခက်အခဲကို အသုံးချရမယ်။ အခက်အခဲကို ကိုယ် သွားချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဖန်တီးယူရမယ်။ အပြစ်တင်နေရမှာ မဟုတ်ပါဘူး။

    ⭕️ Be Patient

    👁‍🗨 လူငယ်တွေ အနေနဲ့အောင်မြင်မှုကို လိုလားတဲ့ အခါမှာ သည်းခံနိုင်မှု နည်းကြတယ်။ Malcolm က ပညာရပ်တစ်ခုမှာ ထူးချွန်သူ ဖြစ်ချင်တယ်ဆိုရင် အနည်းဆုံး နာရီ ၁၀,၀၀၀ ရင်းနှီးရမယ်လိုပြောထားတယ်။ Success က မွေးရာပါ အရည်အချင်းတစ်ခု မဟုတ်ပါဘူး။ အခွင့်အရေး အသုံးချနိုင်မှု၊ ပြင်းပြင်းထန်ထန် ကြိုးစားမှု၊ ကောင်းမွန်တဲ့ ဗီဇအကျင့်စရိုက်စတဲ့ အချက်တွေ ပေါင်းပြီးတော့ ရလာတဲ့ ရလာဒ် ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူတွေရဲ့အောင်မြင်မှုတွေကိုသာ ကြည့်ပြီး သူတိုဘယ်လို ရုန်းကန်ခဲ့ရတာတွေကို မေ့လျော့နေကြပါတယ်။ Practice လုပ်တဲ့ အခါမှာလည်း ကိုယ့်အတွက် အဆင်ပြေပြီး သက်သက်သာသာ ဖြစ်တဲ့ အရာတွေကိုသာ လေ့ကျင့်မနေပဲ Desirable Difficulties လုပ်ရပါမယ်။ ပိုခက်ခဲလာတဲ့အရာ၊ ပို ကြိုးစားပြီး လုပ်ကိုင်ရမယ့် အရာတွေကိုပါ လေ့ကျင့်ရပါမယ်။

    📛 ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တိုမလုပ်ချင်ဆုံး အရာတွေပါ။

    ❌ ဘ၀ရဲ အဆိုးရွားဆုံး ဖြစ်ရပ်တွေက အကောင်းဆုံးအခြေအနေတွေကို ဖန်တီးပေးတယ်။

    ➕ Malcolm က ကျွန်တော်တိုရဲ့ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့ အခါမှာ အတွေးအခေါ်တွေကို ပြောင်းလဲလိုရမယ့် နည်းလမ်းတွေကို ပြောပြထားပါတယ်။ Goliath လိုမျိုး အခက်အခဲကြီးမားတဲ့ အရာတွေနဲ့ကြုံတွေ့ရတဲ့ အခါ ဘယ်သူမှ မနိုင်ပါဘူးလိုပြောထားတဲ့ Goliath မှာလည်း အားနည်းချက်တွေ ရှိတဲ့ အကြောင်း ရှင်းပြထားတယ်။ ကျွန်တော်တိုတွေက သိမ်ငယ်စိတ်တွေနဲ့နေရပေမယ့်လည်း သိမ်ငယ်စိတ်ကို ယုံကြည်မှု၊ ဥာဏ်ပညာ နဲ့ခွန်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အခါမှာ Goliath ကို အလွယ်တိုက်နိုင်တဲ့ David လိုမျိုး အခက်အခဲတိုင်းကို ကျော်လွှားနိုင်မယ်လိ်ပြောထားပါတယ်။

    🗣 Malcolm Gladwell က Ted Talk မှာ ကြိမ်ဖန် များစွာ ပြောရတဲ့Author တစ်ယောက်ဖြစ်ပါတယ်။ Malcolm ရဲ့အတွေးအခေါ်တွေက လူငယ်တွေ ဘ၀ကို ပြောင်းလဲစေခဲ့ပြီး Malcolm ကို အကောင်းဆုံး Influencer တစ်ယောက်လိုလည်း တင်စားထားပါတယ်။ Malcolm Gladwell ရဲ စာအုပ်သုံးအုပ် ဖြစ်တဲ့ Blink, Outliers နဲ့David and Goliath စာအုပ်တွေက New York Times Best-sellers စာရင်း၀င် ဖြစ်ခဲ့ကြပါတယ်။ Outliers စာအုပ်ကတော့ New York Times မှာ ၁၁ ပတ်တိတိ အကောင်းဆုံး စာအုပ်တစ်အုပ်အနေနဲ့ရပ်တည်ခဲ့ပြီးတော့ David and Goliath စာအုပ်မှာတော့ အရင်တုန်းက အတွေးအခေါ်တွေ ကို ပြောင်းလဲတဲ့ စိတ်ပညာရပ်တွေ ပါ၀င်ပြီး ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်အဖြစ် အသုံးချပုံတွေကို ရှင်းပြထားတဲ့အတွက် လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

    Add to cart
  • ☝️☝️“ပိုကြီးတဲ့အခက်အခဲတွေမှာ ပိုကောင်းတဲ့အခွင့်အလမ်းတွေရှိတတ်တယ်။ အဲ့ဒါကမင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေရင် ကျန်တဲ့လူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ ဒါကစီးပွားရေးတစ်ခုအတွက် အခွင့်အလမ်းပဲ”
    “The bigger the problem, the bigger the opportunity. If it’s bothering you, it’s probably bothering others—and that’s a business waiting to happen.”— Jay Samit, Disrupt You!

    📈ကမ္ဘာကြီးကအချိန်နဲ့အမျှပြောင်းလဲနေတယ်။ တချိန်တုန်းကရူးသွပ်မှုလို့ထင်ခဲ့တဲ့အရာတွေက အခုချိန်မှာအလုပ်ဖြစ်နေတာတွေရှိတယ်။ Uber နဲ့ Airbnb တို့လို ကုမ္ပဏီတွေဟာ တစ်ချိန်က စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ခဲ့ရတဲ့ အယူအဆတွေကနေ ပေါ်ပေါက်လာခဲ့တာပါ။ သူတို့က “ကြီးမားတဲ့အခက်အခဲ” တွေကို “ကြီးမားတဲ့အခွင့်အလမ်း” တွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ ဒီလိုဆို ဘယ်အခက်အခဲတွေက သင့်အတွက်အခွင့်အလမ်းတွေဖြစ်လာမှာလဲ?

    💡သင်နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာတွေက သဲလွန်စတွေလား။

    ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ သေးငယ်တဲ့ စိတ်ပျက်စရာလေးတွေ၊ “အဆင်မပြေမှုတွေ” ဟာ တကယ်တော့ အခွင့်အလမ်းတွေရဲ့ သဲလွန်စတွေပါ။  ဝန်ဆောင်မှုတစ်ခုက လိုအပ်သလောက် မပြည့်စုံတာမျိုး၊ ဒါမှမဟုတ် အလုပ်မှာစာရင်းတွက်လို့အဆင်မပြေတာမျိုး … စတဲ့ဒီလို ဒီလိုအဆင်မပြေတဲ့အတွေ့အကြုံတိုင်းမှာ “ဒါကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းက ပုန်းကွယ်နေပါတယ်။

    လူအများစုကတော့ ဒီလိုအရာတွေကို complain တတ်ဖို့ပဲစိတ်ကူးကြတယ်။ ဒါပေမဲ့ “Disrupt You!” ကတော့ ဒီစိတ်အနှောင့်အယှက်တွေကို အာရုံစိုက်ပြီး “ဒါကို ဘယ်လိုဖြေရှင်းမလဲ” လို့ ပြောင်းလဲတွေးခိုင်းပါတယ်။ စိတ်ကူးကြီးကြီးမားမားတွေပဲ လိုတာမဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ ရှိပြီးသားအရာတွေကို နည်းလမ်းသစ်တစ်ခုနဲ့ ပေါင်းစပ်လိုက်တာနဲ့ပဲ ကြီးမားတဲ့ပြောင်းလဲတွေကို ဖန်တီးနိုင်ပါတယ်။

    🎢အမှားတွေဟာ သင်ခန်းစာတွေပါ။

    ကျွန်တော်တို့အများစုဟာ မှားမှာကို ကြောက်ကြတယ်။ ဒါကြောင့် စိတ်ကူးကောင်းတွေရှိနေပေမဲ့၊ အပြစ်တင်ခံရမှာကို စိုးရိမ်ပြီး ရှေ့မတိုးနိုင်ဖြစ်နေတတ်ပါတယ်။ Jay Samit ကတော့ ဒီအယူအဆကို တိုက်ရိုက်စိန်ခေါ်ပါတယ်။ မအောင်မြင်မှုဆိုတာ ဆုံးရှုံးမှုမဟုတ်ပါဘူး၊ “တုံ့ပြန်ချက် (Feedback)” ပါ။ မအောင်မြင်တဲ့ ကြိုးစားမှုတိုင်းဟာ ဘာတွေမလုပ်သင့်ဘူး၊ ဘယ်အရာတွေက ပိုကောင်းအောင် လုပ်လို့ရလဲဆိုတာကို သင်ပေးနေတာပါပဲ။

    “ပြီးပြည့်စုံတဲ့စိတ်ကူးတွေဆိုတာ ဈေးပေါတယ်။ လူတိုင်းမှာရှိတယ်။ အကောင်အထည်ဖော်မှုကသာ အရေးကြီးတယ်” လို့ စာရေးသူကပြောထားပါတယ်။

    • အမြန်စမ်းသပ်ပါ၊ အမြန်သင်ယူပါ: အချိန်အကြာကြီး စိတ်ကူးတစ်ခုကို ထိုင်ပြီး ပြီးပြည့်စုံအောင် လုပ်နေမယ့်အစား၊ စပြီး စမ်းသပ်ကြည့်ပါ။ ဈေးကွက်ရဲ့ တုံ့ပြန်မှုကို အမြန်ဆုံးသိအောင် လုပ်ပါ။
    • “ကြိုက်တဲ့စိတ်ကူး” တွေကိုတောင် လွှတ်ချပါ: သင်အရမ်းနှစ်သက်တဲ့ စိတ်ကူးတစ်ခုက လက်တွေ့မှာ အလုပ်မဖြစ်ဘူးဆိုရင်၊ စွန့်လွှတ်ရဲတဲ့ သတ္တိရှိပါ။ ဒါက စိတ်ဓာတ်ကျတာ မဟုတ်ဘဲ ပိုကောင်းတဲ့လမ်းကြောင်းကို ရှာဖွေတာပါ။

    ဒီလိုပြောင်းလဲလိုက်ခြင်းက သင့်ကို ကြောက်ရွံ့မှုကနေ လွတ်မြောက်စေပါတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ သင်ဟာ သင်ခန်းစာတစ်ခုရပြီး ရှေ့ကို ဆက်တိုးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးပါလိမ့်မယ်။

    🏄ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ လှိုင်းလုံးတွေကြားမှာ ရိုးရိုးလေး ရေလိုက်မျောပါမယ့်အစား၊ ဒီလှိုင်းတွေကို စီးနင်းပြီး ကိုယ့်ရဲ့ဦးတည်ရာကို ရောက်အောင်သွားနိုင်ဖို့အတွက်

    • အခက်အခဲတိုင်းကို အခွင့်အလမ်းအဖြစ် ဘယ်လိုမြင်မလဲ။
    • နေ့စဉ်ပြဿနာတွေထဲမှာ ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေကို ဘယ်လိုရှာဖွေမလဲ။
    • ပြောင်းလဲမှုတွေကြားထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဘယ်လိုရပ်တည်မလဲ။
    • ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ သင့်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ပြီး ယှဉ်ပြိုင်လို့မရတဲ့သူတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။

    ဒီလို ထိရောက်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ “Disrupt You!” ကို ဖတ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးကို မြင်တဲ့အမြင်တင် မဟုတ်ဘဲ၊ သင့်ကိုယ်ပိုင် အလားအလာတွေကိုပါ ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရမှာပါ။

    Add to cart
  • 💔💔ပျော်ရွှင်မှုဟာ အဓိပ္ပါယ်မဲ့လာသလိုခံစားနေရင် ? 💔💔
    🏎“မင်းဒီအရာကိုပိုင်ဆိုင်ရရင်/လုပ်နိုင်ရင် ပျော်ရမယ်လို့ထင်တဲ့အရာအားလုံးကို မင်းလုပ်ခဲ့ပြီးပြီ”
    ဒါအရာတွေတွေအခုမင်းပိုင်ဆိုင်နေရချိန်မှာပျော်ရဲ့လား ?

    📱ဖုန်းအသစ်တစ်လုံးကိုရတဲ့အချိန်မှာ ခင်ဗျားအပျော်ဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်။ နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာ ဒီဖုန်းက ဖုန်းတစ်လုံးပဲဖြစ်တော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ဒီဖုန်းကဟောင်းလို့ နောက်တစ်လုံးအသစ်ဝယ်မှ ခင်ဗျားလိုအပ်တဲ့ပျော်ရွှင်မှုကိုပြန်ရတော့မယ်။ ဒီခံစားချက်တွေကဘယ်လိုဖြစ်လာတာလဲ?

    🎮လူတိုင်းကိုယ်စီမှာစွဲလမ်းမှုတွေရှိကြပါတယ်။ အသိသာဆုံးသောစွဲလမ်းမှုတွေက Tik Tok ကြည့်တာ၊ Shopping ထွက်တာ၊ အစားကောင်းကိုခုံမင်တာ စသည်ဖြင့်ပေါ့။ စွဲလမ်းဖို့ကောင်းတဲ့အရာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတဲ့ဒီခေတ်မှာ လူတွေဟာ Dopamine ရဲ့သားကောင်ဖြစ်နေတဲ့အကြောင်းနဲ့ ဒီစွဲလမ်းမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုစာရေးဆရာမ Anna Lembke က Dopamine Nation ထဲမှာတင်ပြထားပါတယ်။

    🧠Dopamine and Our Brain’s Pleasure System
    Novelty လို့ခေါ်တဲ့အသစ်အဆန်းကိုခံစားရမှုဟာ Brain ကို လှုံ့ဆော်စေပြီး Dopamine ကိုရရှိစေပါတယ် (ဥပမာ အရမ်းကောင်းတဲ့ကော်ဖီဆိုင်အသစ်တစ်ဆိုင်က ကော်ဖီတစ်ခွက်ကိုပထမဆုံးသောက်လိုက်တဲ့အချိန်မျိုး)။ Novelty ကပေးတဲ့ Dopamine ကိုစွဲလမ်းမှုကြောင့်ဒီဆိုင်ကိုနောက်တစ်ခါနှစ်ခါ လာထိုင်ဖြစ်ပေမယ့် လေးငါးခေါက်လောက်ကျတော့ အသစ်အဆန်းမရှိတဲ့အတွက် ရိုးသွားသလိုမျိုးခံစားရပြီး နောက်အသစ်တစ်နေရာကိုထပ်သွားချင်တဲ့စိတ်ဖြစ်ပေါ်လာပြန်ရော။ ဒီလို Dopamine induced Pleasure နောက်လိုက်ရင်းနဲ့ ကျွန်တော်တို့ ရဲ့အချိန်နဲ့စွမ်းအားတွေ ဖြုန်းတီးနေမှုကို လျော့ချဖို့ကြိုးစားရပါမယ်။

    ⚖️Pleasure and Pain ချိန်ခွင်
    ‘ ရယ်ပြီးရင်ငိုရတတ်တယ်” အရမ်းရယ်ပြီးရင် လက်ကိုခုနစ်ချက်ပြန်ရိုက်ရတယ်ဆိုတာကိုသိသလား ? ငယ်ငယ်တုန်းက အရမ်းရယ်ပြီးသွားရင်သူငယ်ချင်းတွေက လက်ဖျံကို ခပ်စပ်စပ်ကလေး ခုနစ်ချက်ရိုက်တတ်ကြတဲ့အမူအကျင့်တွေဟာ Pleasure and Pain ချိန်ခွင်ရဲ့အခြေခံသဘောတရားပါပဲ။ အလုပ်နားတဲ့ တစ်ရက်မှာ တစ်နေကုန် Tik Tok ကြည့် (Pleasure hunting)ပြီးတော့ ညကျရင်ဘာမှအကျိုးမရှိသလိုခံစားရတာ (Pain Hurting) ဟာ အလွယ်တကူရတဲ့ Dopamine ရဲ့ အတက်အကျရှိတဲ့ ဥပမာတစ်ခုပါ။

    🤝Dopamine နဲ့အတူနေထိုင်ခြင်း
    ဟာ… Dopamine ကမကောင်းဘူးဆိုရင် ငါ Dopamine မရှိအောင်နေမယ်လို့တွေးရင်မှားသွားပါလိမ့်မယ်။ Dopamine မရှိတော့တဲ့အချိန်မှာ ကြွက်တွေဟာ အရှေ့မှာချထားတဲ့အစာကို မစားပဲ အစာငတ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာကို စမ်းသပ်ချက်တွေမှာတွေ့ရှိရပါတယ်။ Dopamine ဟာကျွန်တော်တို့နေ့စဉ် လှုပ်ရှားမှု၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို လမ်းညွှန်ပေးတဲ့ Hormone တစ်ခုဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အလွယ်တကူရနိုင်တဲ့ မသင့်လျော်တဲ့ Dopamine – အလွန်အမင်းဖုန်းကြည့်ခြင်း၊ အစားကောင်းကိုခုံမင်ခြင်း၊ လောင်းကစားလုပ်ခြင်း တွေ ကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီး အားစိုက်ထုတ်ရပြီး သင့်လျော်တဲ့ Dopamine – နေရောင်ခြည်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊တရားထိုင်ခြင်း၊လမ်းလျှောက်ခြင်း စတဲ့အရာတွေကိုနေ့စဉ်ဘ၀မှာ ပိုမိုလုပ်ဆောင်ရပါမယ်။

    🏁သင့်ရည်မှန်းချက်ပန်းတိုင်ကို နှောင့်နှေးအောင်အချိန်ဆွဲနေတဲ့ စွဲလမ်းမှုကနေလွတ်မြောက်စေဖို့ Pleasure/Pain ချိန်ခွင် ကို ချိန်ညှိတဲ့နည်း (Pursing Pain) နဲ့ Abstain ( D.O.P.A.M.I.N.E) ဆိုတဲ့နည်းစနစ်နှစ်ခုကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။ သင့်ကိုသင် ထိန်းချုပ်လို့မရဘူးဆိုရင် သေချာတာက သင့်ကို Dopamine ကထိန်းချုပ်နေတာပါ။ ဒီနည်းစနစ်တွေအပြင် Dopamine Detox , Vipassana Meditation တွေကိုအသုံးပြုပြီး သင့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့ Power ကို လက်ဆုပ်လက်ကိုင်ရယူလိုက်ပါ။

    Add to cart
  • Daniel Goleman ရဲ့ Emotional Intelligence ထဲက သင်ခန်းစာ ၁၀ ခု

    1. Know your emotions.

    မိမိစိတ်ခံစားမှုတွေကို သိမြင်ပါ။

    Notice your feelings without ignoring or judging them. Naming your emotion is the first step to owning it.

    “မင်းရဲ့စိတ်ခံစားချက်တွေကို လစ်လျူရှုတာ၊ အကဲဖြတ်တာမရှိပဲ သတိထားပါ။သင့်ခံစားချက်တွေကို အမည်ပေးခြင်းဟာ သူတို့ကိုပိုင်ဆိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်”

     

    1. Master your emotional impulses.

    မိမိကိုယ်ကိုယ်စိတ်ထိန်းနိုင်အောင်လုပ်ပါ။

    Don’t let your emotions drive your actions. Pause before you react.

    “မင်းရဲ့လုပ်ရပ်တွေကို ခံစားချက်တွေက မထိန်းချုပ်ပါစေနဲ့။တုံ့ပြန်မှုမဖြစ်ခင်မှာ ခေတ္တရပ်ပါ”

     

    1. Motivate yourself from within.

    မိမိကိုယ်ကို စိတ်ဓာတ်ခွန်အားပေးတတ်ပါစေ ချီးကျူးတတ်ပါစေ။

    Use your values and goals to inspire consistent effort — not praise from others.

    “အခြားသူများထံမှ ချီးကျူးခြင်းကို အားမကိုးပဲ တသမတ်တည်း ကြိုးစားအားထုတ်မှုကို အားပေးရန် သင်၏တန်ဖိုးများနှင့် ပန်းတိုင်များကို အသုံးပြုပါ”

     

    1. Cultivate empathy.

    တခြားသူတွေရဲ့ခံစားချက်ကို နားလည်တတ်ပါ။

    Understanding others’ feelings is the root of connection and compassion.

    “တခြားသူတွေကိုနားလည်တတ်မှုက EQ ရဲ့ စဉ်ဆက်မပြတ်သောအခြေခံတန်ဖိုးပါ။”

     

    1. Master social skills.

    လူမှုရေးကျွမ်းကျင်မှုရှိပါစေ။

    Good communication is not about talking, but about listening with your heart.

    “ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုဆိုတာ စကားပြောတာမဟုတ်ဘဲ စိတ်နှလုံးနဲ့ နားထောင်ခြင်းပါ။” 

     

    1. Transform anger into understanding.

    ဒေါသကို တုံ့ပြန်မှုဖြင့်မဟုတ်ဘဲ ဉာဏ်နဲ့ဖြေရှင်းပါ။

    Anger is a signal — not a solution. Use it to understand, not to attack.

    “ဒေါသဆိုတာ အချက်ပြမှု တစ်ခုဖြစ်တယ် အဖြေမဟုတ်ဘူး၊ သူ့ကိုနားလည်ဖို့အသုံးချပါ၊ တိုက်ခိုက်ဖို့အတွက်အသုံးမပြုပါနဲ့”

     

    1. Don’t confuse emotions with truth.

    ခံစားချက်နဲ့ ဆုံးဖြတ်ချက်ကိုခွဲခြားတတ်ပါစေ။

    Feelings are real, but they don’t always reflect reality. Learn to step back and reassess.

    “ခံစားချက်တွေဟာ အစစ်အမှန်ဖြစ်ပေမဲ့လည်း အမှန်တရားမဟုတ်ပါဘူး။ နောက်ပြန်ဆုတ်ပြီး အကဲဖြတ်နိုင်တဲ့ Skill ကိုသင်ယူပါ”

     

    1. Build emotional resilience.

    စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်ပါ။

    Come back to center when life shakes you. Strength isn’t avoiding emotion — it’s moving through it.

    “ဘ၀ကမင်းကိုတုန်လှုပ်စေတဲ့အချိန်မှာ တည်ငြိမ်မှုဆီကိုပြန်သွားပါ။ သန်မာမှုဟာ ခံစားချက်တွေကိုရှောင်ဖယ်တာမဟုတ်ပဲ သူတို့တွေနဲ့ အတူအခက်အခဲတွေကိုဖြတ်သန်းရတာပါ”

     

    1. Respond with less drama, more wisdom.

    ဒရာမာတွေခင်းမဲ့အစား ဉာဏ်ပညာဖြင့်တုံ့ပြန်ပါ။

    You don’t have to match chaos with chaos. Your calm presence is your greatest power.

    “တလွဲဖြစ်နေတဲ့အရာကို တလွဲနဲ့ တုံ့ပြန်စရာမလိုပါဘူး။ တည်ငြိမ်တဲ့မင်းရဲ့ဖြစ်တည်မှုဟာ အကောင်းဆုံး Power တစ်ခုဖြစ်တယ်။”

     

    1. EQ is not a trait, it’s a trainable skill.

    EQ ဟာမွေးရာပါပညာမဟုတ်ပါဘူး လေ့ကျင့်ရတဲ့ တစ်ခုပါ။

    Anyone can improve their emotional intelligence — it’s a discipline, not destiny.

    “လူတိုင်း EQ ကိုအဆင့်မြှင့်အောင်လေ့ကျင်လို့ရပါတယ်။ ဒါက ကံတရားထက် စည်းကမ်းရှိမှုရဲ့ အဖြေတစ်ခုပါ.”

     

    Emotional Intelligenceဆိုတာ  Smart ဖြစ်တာနဲ့မတူပဲမိမိရဲ့ ခံစားချက်တွေရဲ့ ထိန်းချုပ်မှုကနေလွတ်မြောက်ပြီး ဘ၀ကိုပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ ရှားပါတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ စိတ်ရဲ့ကျေးကျွန် အဖြစ်ကနေရုန်းထွက်ပြီး ကြံ့ခိုင်မှုအပြည့်ရှိတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်ဖို့ Daniel Goleman.ရဲ့ Emotional Intelligence နဲ့ အတူသင့်အရည်အချင်းကိုမြှင့်တင်လိုက်ပါ။

    Add to cart
  • 📚စကားလုံးလေးတစ်လုံးနှစ်လုံးပြောင်း သုံးလိုက်ရုံနဲ့ မတူညီတဲ့ဘ၀ကို လက်တွေ့မြင်ချင်လား 📚
    “Exactly What to Say: The Magic Words for Influence and Impact” 📚
    by Phil M. Jones

    🏆 စွဲဆောင်မှုရှိတဲ့ စကားတွေရဲ့ သော့ချက်
    -စကားလုံးတွေရဲ့လျှိဝှက်ချက်နဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖိုအတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေ ကို စာရေးသူ Phil M. Jones က လက်တွေ့အကောင်အထည်ဖော်လိုရတဲ့နည်းပညာတွေ

    🏆အံ့ဩမှင်သက်သွားစေနိုင်တဲ့ စကားလုံးတွေဖန်တီးမှုအနုပညာ
    – စီးပွားရေး၊ လူမှုဆက်ဆံရေး၊ မိသားစု , မိမိနဲ့ပက်သက်ဆက်နွယ်နေတဲ့ သူတွေအားလုံး ကိုစကားလုံးတွေနဲ့ဖမ်းစားပြီး မှော်ဆရာတစ်ယောက်လို Showman ship အကောင်းဆုံးနဲ့ မိမိလိုချင်တဲ့ Target ကိုရယူနိုင်တဲ့ တော်ကီကြွယ်နည်း တွေရဲ့ လမ်းစတွေ

    🏆ကိုယ်ပြောသမျှလူတွေနားထောင်စေချင်ဖို
    – စကားပြောကောင်းတယ်လို လူတွေကကိုယ့်ကိုပြန်ပြောရတဲ့အထိ အခြားသူတွေကိုလွှမ်းမိုးနိုင်တဲ့ Communication Skill ကို ဘယ်လို လေ့ကျင့်ရမလဲ ?

    စကားလုံးတွေရဲ့ အဓီပ္ပါယ်ကိုလေးလေးနက်နက်သိဖိုနဲ့ ဘယ်စကားလုံးကို ဘယ်အချိန်မှာသုံးရမလဲဆိုတဲ့ Articulation Skill ကို level up ဖိုလုပ်နိုင်တဲ့ Skill တွေဒီစာအုပ်ထဲမှာပါဝင်ပါတယ် ။

    Add to cart
  • 🌀🌀ဘာကြောင့်မင်းကိုလူတွေက ဂိမ်းကစားသလိုလှည့်ဖြားနိုင်တာလဲ? ( Manipulate အလုပ်မခံချင်ရင် ဒီစာအုပ်ကိုဖတ်ပါ )

    ♟️လူတွေအားလုံးဟာ ဂိမ်းကစားပွဲတွေထဲမှာ ကိုယ်တိုင်ပါဝင်ကစားနေရတယ်။ ဒါကိုသတိမထားမိဘူးဆိုရင် သင်ဟာ ဒီကစားပွဲထဲမှာ လူများရွှေ့ရာလိုက်နေရတဲ့ နယ်ရုပ်လေးတစ်ရုပ်ထက်မပိုဘူး။ ပြိုင်ဆိုင်မှုကိုအနိုင်ရဖို့၊ ဂုဏ်ဒြပ်နဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုရှိဖို့၊ ကောင်းသတင်းပျံ့လွင့်စေဖို့ စတဲ့အမျိုးမျိုးအဖုံဖုံသော  ‘အသိအမှတ်ပြုမှု’ (strokes) တွေကြားထဲမှာ တက်မပါတဲ့လှေတစ်စီးလို ဦးတည်ရာမဲ့ပြီး လူတကာရဲ့အသုံးချမှုကိုခံနေရတဲ့ဘ၀ကို သင်သတိထားမိရဲ့လား ?

    🕹️ဟုတ်တယ်… ဒါပေမယ့် Game ( Yes, But….. Game)

    လူတစ်ယောက်ကို အကြံပေးပြီးတဲ့အချိန်မှာ သူက မင်းကို ‘ဟုတ်ပါတယ်.. ဒါပေမယ့်…’ လို့ပြောလာပြီဆိုရင် သင်သတိထားမိလိုက်ပါ။ သူဟာ တကယ်တမ်း အကြံဉာဏ်ကောင်းလိုချင်တာမဟုတ်ဘဲ၊ သူ့ပြဿနာကို ဘယ်သူမှဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာ သက်သေပြချင်တာမျိုး၊ ဒါမှမဟုတ် အကူအညီမဲ့နေတာကို အာရုံစိုက်ခံချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါဟာ ‘Yes, But…’ ကစားပွဲရဲ့ လက္ခဏာပါ။ ကစားပွဲတွေက သူ့ရဲ့အဆုံးမှာ  တစ်စုံတစ်ခု(Pay Off) ကိုအမြဲလိုချင်တဲ့အချိန်မှာဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုမျိုး “If It Weren’t for You”, “See What You Made Me Do”, “I’m Only Trying to Help You” စတဲ့စကားလုံးတွေဟာ ရည်ရွယ်ချက်တစ်ခုနဲ့ Play နေတဲ့ ကစားပွဲရဲ့တီးလုံးသံတွေဖြစ်ပါတယ်။

    🔘Gimmick’ နဲ့ ‘Switch’: ဂိမ်းရဲ့ ဝှက်ဖဲတွေ

    ဒီဂိမ်းတွေမှာ ‘Gimmick’ (ဝှက်ဖဲ) တွေရှိတယ်။ ဒါက ဂိမ်းစဖို့အတွက် တစ်ယောက်က တစ်ယောက်ကို ‘ချိတ်’ (Hook) တဲ့ အချက်ပဲ။ ပြီးတော့ ‘Switch’ (အနေအထားပြောင်းလဲခြင်း) တစ်ခုက အမြဲဖြစ်ပေါ်တယ်။ ဥပမာ၊ ‘Yes, But…’ မှာ အစက ပြဿနာရှိသူလို ဟန်ဆောင်နေရာကနေ၊ Switch လုပ်ပြီး အကြံပေးတဲ့သူကို စိတ်ပျက်သွားအောင် လုပ်လိုက်တာမျိုးတွေရှိတတ်တယ်။ ဒီ ‘Gimmick’ နဲ့ ‘Switch’ ကို နားမလည်ရင် ဂိမ်းတစ်ခု ဘယ်လို အစပျိုးပြီး၊ ဘယ်လို နိဂုံးချုပ်လဲဆိုတာ သင်တကယ်နားလည်ဖို့ခက်ခဲလိမ့်မယ်။ 

    🦊Manipulation နဲ့ Game တွေကို သင်ရှောင်လွှဲလို့မရပါဘူး။

    လူ့အသိုင်းအဝိုင်းမှာနေထိုင်နေသရွေ့ အဆုံးမသတ်နိုင်တဲ့လိုအင်ဆန္ဒတွေနဲ့ လောဘတွေရဲ့ကြားမှာ ဒီ ကစားပွဲတွေဟာစဉ်ဆက်မပြတ်တည်ရှိနေပါတယ်။ လူ့အဖွဲ့အစည်းဆိုတဲ့ လှုပ်ရှားမှုတွေကြားထဲမှာ ပါးနပ်ကျွမ်းကျင်စွာ ရှင်သန်နိုင်ဖို့အတွက်

    🔹Parent:( စည်းကမ်း၊ဆုံးဖြတ်ချက်၊ဂရုစိုက်မှု)

    🔹Adult:(အစီအစဉ်တကျ၊ အချက်အလက်နဲ့တွေးခေါ်နိုင်မှု၊ ပြသနာဖြေရှင်းနိင်မှု)

    🔹Child:(ခံစားချက်၊တုံ့ပြန်မှု၊ရုတ်ချည်းဖြစ်စဉ်)

    စတဲ့ Ego State သုံးခုအကြောင်းကို စာရေးဆရာ Eric Berne ကသူ့ရဲ့ TA (Transactional Analysis) ကနေရှာဖွေတွေ့ရှိထားတဲ့ Research Data တွေနဲ့ရှင်းပြထားပါတယ်။

    🎃Manipulator တွေဟာ အမြဲ Child ဆိုတဲ့ Ego ကို Trigger ဖြစ်အောင်လုပ်ပြီး သူတို့လိုချင်တာကိုရအောင်လုပ်တတ်ကြပါတယ်။ သင့်ကိုယ်သင် Adult Ego နေရာမှာနေပြီး တုံ့ပြန်မှုတိုင်းကို ဓမ္မဓိဌာန်ကျကျဝေဖန်ပိုင်းခြားတတ်ရင် Manipulation အများစုကနေ သင်ရှောင်ရှားနိုင်ပါလိမ့်မယ်။

    ဒီGame တွေကိုသိထားဖို့လိုတယ်။⚠️⚠️⚠️

    🔸တချို့က မဆင်ခြင်ပဲ ကစားတယ်။ တချို့ကတော့ အရမ်းကျွမ်းကျင်အောင် ကစားတယ်

    နည်းစနစ်တွေကိုသင်ယူမှုနဲ့တင်မလုံလောက်ပါဘူး။ Technique တွေဘယ်လောက်ပဲကျွမ်းကျင်ကျွမ်းကျင် တကယ်ဆော့နေတဲ့ ကစားပွဲရဲ့ စည်းမျဉ်းကိုနားမလည်ရင် လူတွေရဲ့လှည့်ဖျားမှုကနေသင်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူး။  အပေါ်ယံ ဆက်ဆံရေးတွေကနေ လွတ်မြောက်ပြီး တကယ် ရိုးသားတဲ့၊ ပွင့်လင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ဖို့က ဒီစာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။

    🖋️လေ့လာပါ။ သင်ယူပါ။ 

    ဒီစာအုပ်က ပေးတဲ့ Lesson တွေဟာ တစ်သက်တာလုံး အသုံးချဖို့ဖြစ်ပါတယ်။ ကစားပွဲတိုင်းမှာ သင့်ရဲ့ လှုပ်ရှားမှုတိုင်းဟာ ကြောင်တစ်ကောင်လို ပေါ့ပါးသွက်လက် ပိရိနေပါစေ။ ဒါဆိုရင် သင်ဟာ နယ်ရုပ်ဘ၀ကနေလွတ်မြောက်ပြီး ဂိမ်းကို နားလည်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

    စာရေးသူ Eric Berne သည် ကနေဒါစိတ်ပညာရှင်တစ်ဦးဖြစ်ပြီး Transactional Analysis (TA) လူမှုဆက်ဆံရေးစနစ်ကိုတီထွင်ခဲ့ပါတယ်။သူ့ရဲ့စာအုပ် “Games People Play” ကို 1964 ခုနှစ်တွင်ထုတ်ဝေခဲ့ပြီး လူမှုဆက်ဆံရေးကို ဂိမ်းပုံစံနဲ့ ရှင်းပြထားတဲ့ ဒီစာအုပ်ဟာ New York Times Bestseller စာရင်းတွင် နှစ်ပေါင်းများစွာ တင်နေခဲ့ပြီး ယနေ့တိုင် လူမှုစိတ်ပညာနယ်ပယ်တွင် အရေးပါသောစာအုပ်တစ်အုပ်ဖြစ်နေဆဲဖြစ်သည်။

    Add to cart
  • “The greatest predictor of success is grit.”
    အောင်မြင်မှုရဲ့ ရှေ့ပြေးနိမိတ်ဟာ ကြံကြံခံပြီးကြိုးစားနိုင်ခြင်းဖြစ်တယ်
    -Angela Duckworth

    🛰 အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေရတဲ့ ခေတ်ကာလကို ရောက်နေချိန်မှာ Persistence ရဲ့အရေးကြီးမှုဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတယ်။

    🚖 Taxi စီးချင်လား။ Grab ရှိတယ်။ ဗိုက်ဆာနေလား။ Foodpanda ရှိတယ်။ တစ်ခုခု ရှာချင်လား။ Google ရှိတယ်။ အရာအားလုံး လွယ်လွယ်ကူကူ ရနေတဲ့ အခါမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ရနိုင်တဲ့ Social Skill, Network and Friends အဲ့ဒီ့အချက်တွေမှာ အားနည်းလာတယ်။

    💑 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။

    🗯 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Persistence ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။

    💁 စာရေးဆရာမ Angela Duckworth က အောင်မြင်သူတွေနဲ့ကျရှုးသူတွေ ကြားမှာ ကွာခြားချက်တွေကို Research လုပ်ကြည့်တဲ့ အခါမှာ Grit ကအရေးကြီးဆုံး ဆိုတာတွေ့ရှိခဲ့တယ်။ Grit ဆိုတာကတော့ ရည်မှန်းချက်တစ်ခုကို အချိန်အကြာကြီး မဆုတ်မနစ်ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ (Passion + Perseverance). Grit စာအုပ်မှာ လဲကျတိုင်း ပြန်ထဖိုပြီးတော့ ပြန်ထလာတဲ့ အချိန်မှာ အရင်တစ်ခါထက် ပိုသာတဲ့ လူတစ်ယောက် ဖြစ်ဖိုနည်းလမ်းကောင်းတွေ ပါပါတယ်။

    ☝️ 1 + Talent = 2
    ✌️ 1 + Effort = 3

    🐢 ယုန်နဲ့လိပ် ပြိုင်ပွဲကလို ယုန်ကတော့ မြန်တယ်။ လိပ်ကတော့ နှေးတယ်။ ဒါပေမယ့် အပြေးမြန်ပြီး ရပ်နေတဲ့ ယုန်ထက် မှန်မှန်သွားနေတဲ့ လိပ်ကတော့ အမြဲနိုင်မှာပါပဲ။ ငါက အရည်အချင်းရှိတယ်။ ငါ တော်တယ်။ ငါ တတ်တယ် ဆိုတဲ့ လူငယ်တွေထက် ရည်မှန်းချက်တစ်ခု အတွက် မှန်မှန်ကန်ကန် မဆုတ်မနစ် ကြိုးစားနေတဲ့ လူုငယ်က အချိန်တစ်ခုရောက်တဲ့ အခါမှာ သာလွန်မှာပါပဲ။

    ✊ တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ် ဆိုတာ နေ့ရက်တိုင်းရဲ မနက်စာပါပဲ။

    👣 ရှေ ဆက်သွားမှာလား။

    🚶 ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့အတူ ဂူတစ်ခုထဲ ၀င်ခဲ့ကြတယ်။ ဂူထဲမှာ မီးမရှိတော့ ဖုန်း က မီးထွန်းပြီး အထဲကို ၀င်ကြတာပေါ့။ ကျွန်တော်တိုနဲ့အတူ အနောက်မှာ နောက်တစ်ဖွဲလိုက်လာကြတယ်။ ဂူ ထဲမှာ ဆက်သွားနေရင်း ရှေ့နားက လမ်းကြောင်းတွေက အရမ်းကျဉ်းလာတယ်။ လေ၀င်လေထွက် နည်းတော့ ဂူထဲမှာ အသက်ရှူကျပ်လာတယ်။ ရေတွေနဲ့ဆိုတော့ လမ်းတွေကလည်း ချောနေတယ်။ ခဏလည်းကြာရော အနောက်က အဖွဲ က ပြန်လှည့်သွားတယ်။ အရှေ့မှာကလည်း လမ်းကျဉ်းကျဉ်းလေးပဲ တွေ့ရတယ်။ ကျွန်တော်တိုကလည်း ဆက်လျှောက်သွားတာပေါ့။

    🏃 နောက်ဆုံး မြင်လိုက်ရတာ ဂူက အပိတ်ကြီး။ လမ်းမရှိတော့ဘူး။ ကျွန်တော်တိုအကုန် လန့်သွားတယ်။ ဘုရားစာတွေ ရွတ်ကြ၊ ဂါထာတွေ ဆိုကြတာပေါ့။ ဒါပေမယ့် ဘေးမှာ အပြင် ပြန်ထွက်ဖိုနောက်တစ်လမ်း ရှိတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ကနေ အပြင် ပြန်ရောက်သွားတယ်။

    🙌 အဆုံးထိသာ ရောက်အောင် မသွားခဲ့ရင် ဒါမှမဟုတ် နောက်က အဖွဲလို နောက်ပြန်လှည့်ခဲ့ရင် အဆုံးမှာ ဘာရှိသလဲ သိမှာ မဟုတ်ပါဘူး။

    🌀 ကိုယ့် ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ သွားမှာလား။??

    🔭 “Always Discover your Vision and The Rest will Follow.”
    – Arnold Schwarzenegger

    📘 ယခုစာအုပ်ရဲ့အဓိက အနှစ်ကတော့ အချိန်အများကြီး ယူပြီး Research တွေလုပ်ရာက ရလာတဲ့ နည်းလမ်းတွေ ပါ၀င်တာပါပဲ။ စာအုပ်ထဲမှာ အပိုင်းသုံးပိုင်း ပါ၀င်ပါတယ်။

    🕯 ပထမပိုင်းမှာ Grit ဆိုတာဘာလဲ ပြီးတော့ Talent နဲ့Effort နှစ်ခုမှာ ဘယ်အရာက ပိုသာသလဲ စတဲ့ အကြောင်းအရာတွေကို Angela သင်ကြားခဲ့တဲ့ သူမ တပည့်လေးတွေနဲ့ဥပမာပြထားပါတယ်။

    💡 ဒုတိယပိုင်းမှာ Grit ရလာအောင် ဘယ်လို လုပ်မလဲ။ Grit တည်ဆောက်ပုံ အပိုင်းလေးမျိုးပါ၀င်ပါတယ်။

    🔦 တတိယပိုင်းမှာတော့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ခွင်က မန်နေဂျာတွေ အတွက် မိမိလက်အောက်က ၀န်ထမ်းတွေကို သူတိုဘ၀ ပိုကောင်းလာအောင် လမ်းညွန်ပုံတွေ ရေးသားထားပါတယ်။

    📜 နောက်ဆုံးအနေနဲ့စာရေးသူ Angela Duckworth က Teacher တစ်ယောက်အပြင် PHD ရ Psychologist တစ်ယောက်လည်း ဖြစ်တယ်။ သူမ ရဲ့Grit စာအုပ်က Ted Talk ရဲ့ လူကြည့်အများဆုံး အပိုင်းတစ်ခုဖြစ်ပြီး သူမက Fortune 500 CEOs တွေအပြင် အိမ်ဖြူတော် နဲ့အမေရိကန် BasketBall NBA အသင်းတွေကိုလည်း အကြံပေးခဲ့ပါတယ်။

    📤 Angela ရဲ့ Grit – TED Talk Link လေးပါ။( ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ )

    👉 https://youtu.be/H14bBuluwB8

    💥 “Fall Down Seven Times, and Rise Eight.”
    – Angela Duckworth

    Add to cart
  • “မဆုတ်မနစ်ဇွဲလုံ့လနဲ့ကြိုးစားတဲ့လူတွေဟာ ပါရမီရှင်တွေထက် အမြဲပိုသာတယ်”

    🐴🐴 🚗မြင်းနှစ်ကောင်ဆွဲထားတဲ့ မာစီဒီးကားကြီးတစ်စီးအကြောင်း၀ထ္ထုလေးတစ်ပုဒ်ကျွန်တော်ဖတ်ဘူးတယ်။ ဒီကားကြီးထဲမှာ သော့လေးတစ်ချက်လှည့်ဖွင့်လိုက်တာနဲ့ စက်နိုးပြီး ပါဝါအပြည့်နဲ့ရုန်းထွက်နိုင်မယ့် V6 အင်ဂျင်အကောင်းစားကြီးတစ်လုံးရှိတယ်။ ဒါပေမယ့် ပိုင်ရှင်ကစက်မနှိုးတတ်တော့ ဒီကားကြီး က အရှေ့ကမြင်းနှစ်ကောင်ဆွဲသလောက်ပဲ ရွေ့နိုင်တယ်။

    🧠💡✨မွေးရာပါ အထုံပါရမီ ဆိုတာလူတိုင်းမှာရှိတယ်။ဒါပေမယ့် လူအများစုက ဒီပါရမီကိုဖွင့်နိုင်တဲ့သော့ချက်ကိုမရှာဖွေပဲ အရှေ့ကဆွဲပေးမယ့် မြင်းနှစ်ကောင်ကိုပဲလိုက်ရှာဖွေကြတယ်။ “ငါဒါတွေမလုပ်တတ်ပါဘူးကွာ”ဆိုတဲ့ဆင်ခြေကိုအသုံးချပြီး အောင်မြင်မှုဆိုတာကံကောင်းတဲ့သူတွေ ပါရမီပါတဲ့လူတွေအတွက်ပဲ ဆိုပြီး mediocre ဘ၀ထဲမှာ တစ်သက်လုံးနစ်မြုပ်သွားကြတယ်။

    ဒါဟာတကယ်မှန်ရဲ့လား?

    📱Tim Cook ဟာ Apple ကို ဦးဆောင်ဖို့မွေးဖွားခဲ့တာမဟုတ်ဘူး ။

    🛒Jeff Bezos ဟာ Amazon ကိုအမွေဆက်ခံခဲ့တာမဟုတ်ဘူး ။

    တိမ်မြုပ်နေတဲ့သင်ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို သော့ဖွင့်လိုက်တာနဲ့ ကြီးကျယ်ခန်းနားတဲ့ အောင်မြင်မှုတွေဟာသင့်ကိုစောင့်ကြိုနေပါတယ်။

    🔑ဒါဆိုသော့ကဘယ်မှာလဲ?

    လူတစ်ဦးချင်းစီအတွက်ဒီသော့ဟာမတူပါဘူး

    🔸တချို့က ခါးသီးတဲ့အမှန်တရားကနေ

    🔸တချို့က ပြင်းထန်တဲ့စိတ်ခံစားချက်တွေကနေ

    🔸တချို့က မထင်မှတ်ထားတဲ့ ဘ၀ရဲ့အလှည့်အပြောင်းတွေနဲ့ တွေ့ကြုံတဲ့အချိန်မှာ ဒီသော့ကိုပိုင်ဆိုင်သွားကြတယ်။

    လိုချင်တာတကယ်သေချာရင် နည်းလမ်းကိုရှာတွေ့လိမ့်မယ်။ မသေချာရင် ဆင်ခြေတစ်ခုကိုရှာတွေ့လိမ့်မယ်။

    ကိုယ်တိုင်တိမ်မြုပ်နေတဲ့ အစွမ်းအစပါရမီတွေကိုရှာဖွေနိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့

    🔧 Scaffolding

    🧠 Character Skills > Cognitive Skills

    🎯 “Aim for improvement, not perfection”

    📈 The 1% Better Rule

    🔁 Purposeful Practice with Feedback Loops

    ⏳ Delayed Outcomes, Compounded Progress

    👥 Character Coaching & Peer Learning

    🔥 Productive Discomfort စတဲ့နည်းလမ်းတွေကို Adam Grant ရဲ့ Hidden Potential ထဲမှာတွေ့နိုင်ပါတယ်

    “Potential is not a matter of where you start—it’s how far you’re willing to go.” — Adam Grant

    “ဘယ်ကစလဲ ဆိုတာထက် ဘယ်လောက်ဝေးဝေးသွားနိုင်သလဲဆိုတာ မင်းရဲ့စွမ်းဆောင်ရည်ပဲ”

    📈🔥🚀သင့်နှလုံးသားမာစီဒီးကားကြီးရဲ့ အင်ဂျင်ကို စက်နှိုးပြီးလိုချင်တဲ့ဘ၀လေးကိုပိုင်ဆိုင်နိုင်မယ့် ကားသော့လေးကအခုသင့်အရှေ့လက်တစ်ကမ်းမှာရောက်နေပါပြီ။ 

    မြင်းနှစ်ကောင်ကို အခုချိန်အထိ သင်လိုက်ရှာနေဦးမှာလား???

     

    Add to cart
  • 🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ – Homodeus: A Brief History of Tomorrow
    မရဏတရားကိုအနိုင်ယူနိုင်ပြီး အသက်ရှင်သန်ဖိုအတွက် ပူပန်စရာမလိုတော့တဲ့အနာဂတ်မှာ လူတွေကပျော်ရွှင်မှုနောက်လိုက်ကြမှာလား ? အဓိပ္ပါယ်ရှိတဲ့အရာတွေနောက်လိုက်ကြမလား ? အနာဂတ်ရဲ့ ကန့်လန့်ကာအနောက်မှာ AI နဲ့ ကျွန်တော်တို လူသားတွေ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ? တိုးတက်မှုနဲ့တကွ ရရှိလာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။

    Add to cart
  • သင့်ရဲ့ကိုယ်ပိုင်အင်ပါယာ – How to Think like a Roman Emperor

    🌏ကမ္ဘာကြီးကိုပြောင်းလဲမယ်လိုပြောတဲ့သူကို သူ့ကိုယ်သူအရင်ပြောင်းလဲခိုင်းလိုက်ပါ
    “Let him who would move the world first move himself.”
    -Socrates

    🗽သင့်ရဲ့ကိုယ်ပိုင် အင်ပါယာထဲမှာ သင်ကလွဲပြီးဘယ်သူမှမင်းမူနိုင်မဲ့သူမရှိဘူး။
    သင့်စိတ်ဟာ ဘယ်သူမှ ဝင်နှောင့်ယှက်လို မရတဲ့ရောမအင်ပါယာတစ်ခုလိုတည်ဆောက်ထားရင် ဘယ်လိုဖြစ်မလဲတွေးကြည့်လိုက်ပါ။ ကြုံလာသမျှအခက်အခဲတွေအားလုံးဟာသင်တိုးတက်ဖိုအတွက်အခွင့်အရေးတွေဖြစ်သွားမယ်။ သင့်ရဲ့အတိုက်အခံတွေဟာ သင့်ရဲ့ကြံ့ကြံ့ခံနိုင်တဲ့စိတ်ကို အံ့ဩပြီး လက်မြှောက်အရှုးပေးသွားကြလိမ့်မယ်။ သင်လက်ခံတဲ့အရာတွေပဲ သင့်အနားမှာရှိပြီးတော့ မလိုချင်တဲ့အရာတွေဟာ သင့်အဝေးကိုထွက်ပြေးသွားကြရလိမ့်မယ်။

    ကပ်ရောဂါ၊ ပုန်ကန်မှု၊ ရေကြီးမှုစတဲ့ ဘေးအန္တရာယ်တွေနဲ့သက်တမ်းတစ်လျှောက်လုံးရင်ဆိုင်ခဲ့တဲ့ ရောမရဲ့ အင်ပါယာ Marcus Aurelius (161–180 CE) ဟာသူစိတ်ကို ဘယ်နှောက်ယှက်မှုမှမဝင်အောင် Roman Tetsudo လိုမျိုးကာကွယ်ခဲ့ပါတယ်။ သူ့ရဲ့ အတွေးအခေါ်၊ ဒိုင်ယာရီနဲ့ ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ကို Stocism နဲ့သံချပ်ကာတစ်ခုလိုကာရံထားတဲ့ဇာတ်လမ်းဟာ တစ်ထောင့်တစ်ညပုံပြင်လိုမျိုး အခုအချိန်ထိစွဲကျန်နေတုန်းပါ။ Donald J. Robertson ရဲ့ How to think like a roman emperor မှာ Marcus Aurelius နဲ့အတူတူ သူ့ဘ၀ကိုဖြတ်သန်းရင်း သူ့ရဲ့အတွေ့အကြုံတွေကိုခံစားရမှာပါ။

    သင့်ဘ၀မှာနေ့စဉ် အခက်အခဲတွေ၊ စိန်ခေါ်မှု တွေနဲ့ ထိုးသတ်၊ ညတိုင်း သစ်တုံးတစ်တုံးလို မောပန်းလေးလံနေတဲ့သင့်ခန္ဒာကိုယ်ကိုကုစားနိုင်ပြီး တကယ်ငြိမ်းချမ်းမှုရှိတဲ့ ရောမအင်ပါယာတစ်ခုလိုမျိုးစိတ်ဓာတ်ကိုနေ့စဉ်တည်ဆောက်နိုင်ဖိုအတွက် ဒီစာအုပ်ကလေးကိုသင့်ဘေးနားမှာအမြဲသိမ်းထားလိုက်ပါ။

    Add to cart
  • 🪙လူတိုင်းက သူတိုဘဝမှာ အဓိက ဇာတ်ကောင်ပါပဲ🪙

    အချိန် ၂ လ‌ ကြာ ကိုယ့်အကြောင်းကို တစ်ဖက်လူ စိတ်ဝင်စားအောင် လုပ်ခြင်းထက် အချိန် ၂ ပတ်အတွင်း တစ်ဖက်သား အကြောင်းအရာကို စိတ်ဝင်စားခြင်းက မိတ်ဆွေ ပို ပေါများစေပါတယ်။

    💢You Can’t Win an Argument💢
    သူငယ်ချင်းတွေ အချင်းချင်းမှာလည်း အမြင်မတူမှုတွေ ရှိတတ်ပါတယ်။ လူတွေက မှန်တယ်၊ မှားတယ် ဆိုတာထက် သူတို အမြင်ကို ပိုပြီး အလေးနက် ထားပါတယ်။ တစ်ဖက်လူက ကိုယ်နဲ့ အမြင်မတူတဲ့ အခါမှာ မလိုအပ်တဲ့ အငြင်းပွားမှုတွေ ဖြစ်လာပါတယ်။ သူငယ်ချင်းတွေနဲ့ အငြင်းပွားမှု ဖြစ်တဲ့အခါမှာ ဘယ်သူပဲ နိုင်နိုင် နှစ်ဖက်စလုံးအတွက် မကောင်းပါဘူး။ နိုင်တဲ့သူဘက်က ကြည့်ရင် တစ်ဖက်လူရဲ့ စိတ်ဓာတ်ကို သေးသိမ်သွားအောင်၊ တစ်ဖက်လူရဲ့ မာန ကို ချိုးနှိမ်လိုက်ရတာပါ။ နောက်ဆုံးမှာတော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုးရတာပဲ အဖက်တင်တယ်။

    ⛔️Never Tell a Man He is Wrong⛔️
    လူတစ်ယောက်ကို မှားတယ်လို ဘယ်တော့မှ မပြောမိပါစေနဲ့။ လူတိုင်း အမှားနဲ့ မကင်းပါဘူး။ မှားတယ်လို ပြောခံလိုက်ရတဲ့သူ ဘက်မှာ သူတိုရဲ့ မာနကို ထိပါး စော်ကားတယ်လို သတ်မှတ်ပြီး တန်ပြန် ပြောဆိုတတ်မိပါတယ်။
    တစ်ဖက်သူရဲ့ အမှားကို ထောက်ပြမယ့် အစား မေးခွန်းတွေ မေးပါ။ အခက်အခဲတွေကို ညှိနှိင်းပါ။ အဆင်ပြေအောင် ပြောဆို ဆွေးနွေဂပါ။

    🔎Ask Questions instead of Giving Orders🔎
    ကျွန်တော်တိုတွေက ခိုင်းစေခံရတာကို မကြိုက်ကြပါဘူး။
    အထူးသဖြင့် မိဘတွေနဲ့ ကလေးတွေကြားမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ကိစ္စလေး တစ်ခုကတော့။
    မိဘတွေက ကလေးတွေကို “ နင် ဒါ လုပ်စမ်း၊ ဟိုဟာ လုပ်လို မပြီးသေးဘူးလား၊ ဒါလေးတောင် ဖြစ်အောင် မလုပ်နိုင်ဘူးလား” စသဖြင့် ခိုင်းစေတတ်ကြပါတယ်။
    ကလေးတွေကတော့ စိတ်ဆိုးဒေါသဖြစ်ကြပြီး “မလုပ်တော့ ဘာဖြစ်လဲ” စသဖြင့် ကလန်ကဆန်လုပ် မုန့်လုံးစက္ကူကပ်ပြီး မိဘနဲ့ သားသမီးကြားမှာ စိတ်ဆိုးမှု တွေ ဖြစ်ကြပါတယ်။
    သင့် ပတ်ဝန်းကျင်မှာ “ကူညီပါ၊ ဝိုင်းကူပေးပါ၊ လုပ်ပေးလို ရနိုင်မလား” စတဲ့ စကားလုံးတွေကို ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် မိတ်ဆွေ ပေါများလာပါမယ်။

    🆔️Remember Names🆔️
    နာမည်တွေကို မှတ်မိခြင်းက သင့်ကို လူချစ်လူခင် ပေါများစေဖို အဓိက အကြောင်းအရင်း တစ်ချက်ပါပဲ။

    🎣Talk in terms of Other’s Interests🎣
    ငါးမျှားတဲ့ ပြိုင်ပွဲတစ်ခုမှာပေါ့
    ပထမ လူက ငါးမျှားတဲ့ အခါ သူကြိုက်တတ်တဲ့ စတော်ဘယ်ရီတွေ၊ ချောကလက်တွေနဲ့ မျှားတယ်။
    ဒုတိယ လူကတော့ ငါးတွေ ကြိုက်မယ် ထင်တဲ့ တီကောင်တွေ နဲ့ မျှားတယ်။
    ဘယ်သူက အနိုင်ရမယ် ထင်လဲ?

    👬မိတ်ဆွေ ပေါများဖိုအတွက် အဓိက အချက်တစ်ချက်ကတော့ သူတို ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေ ပြောဆိုဆွေးနွေးဖို ဖြစ်ပါတယ်။ ကိုယ့်အကြောင်းအရာတွေ ပြောနေရမှာ မဟုတ်ပါဘူး။
    အချိန် ၂ လ‌ ကြာ ကိုယ့်အကြောင်းကို တစ်ဖက်လူ စိတ်ဝင်စားအောင် လုပ်ခြင်းထက် အချိန် ၂ ပတ်အတွင်း တစ်ဖက်သား အကြောင်းအရာကို စိတ်ဝင်စားခြင်းက မိတ်ဆွေ ပို ပေါများစေပါတယ်။

    ⏰️75 နှစ်ကျော် အရောင်းရဆုံးစာရင်း၀င်စာအုပ်တွေထဲကအကောင်းဆုံးဖြစ်တဲ့ How to win friends and influence people နဲ့အတူ အပေါင်းအသင်းခြွေရံသင်းပင်း သိုက်သိုက်၀န်း၀န်းစုံစုံညီညီရှိတဲ့ ဘ၀မျိုးကိုပိုင်ဆိုင်ဖိုအသင့်ဖြစ်ပြီလား ?

    Add to cart

Cart

Your Cart is Empty

Back To Shop