Art of War By Sun Tzu
35,000 Ks
❄️ ကမာကောင်တွေက သဲဆိုတဲ့ အနှောင့်အယှက်ကို လှပတဲ့ ပုလဲ အသွင်ပြောင်းတယ်။
🗡 လူ့ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပဲ။ ရှုးနိမ့်တာ ရှိမယ်။ နိုင်တာ ရှိမယ်။ တစ်ခါတစ်လေ ခြေတစ်လှမ်း နောက်ဆုတ်ပေးရတာ ရှိမယ်။ ငြိမ်နေရတာ ရှိမယ်။ ပြီးရင်တော့ အရှိန်နဲ့ဖောက်ထွက်သွားနိင်ရမယ်။
⏳ အရာရာတိုင်းက ပြောင်းလဲနေမှာ။ ကိုယ့်က ပြောင်းလဲရမှာ ကြောက်လိုဆိုပြီး မျက်စိမှိတ်၊ နားပိတ် လုပ်ထားရင်တောင် နာရီ လက်တံလေးတွေက တစ်ချက်ချက် ရွေ့နေမှာပဲ။
🇨🇳 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က စာအုပ်တစ်အုပ်ဟာ အခုထက်ထိ အရမ်း အသုံးဝင်နေသေးတယ်ဆိုတာ အရမ်း အံ့သြစရာကောင်းတယ်။ Sun Tzu ဟာ နည်းဗျုဟာ ပညာရှင်တစ်ယောက်၊ ပြီးတော့ အတွေးအခေါ် ပညာရှင်တစ်ယောက်လည်းဖြစ်တယ်။ သူ့ရဲ့နည်းဗျူဟာ တွေကို Art of War အနေနဲ့စာအုပ်ရေးခဲ့တယ်။ အဲ့ စာအုပ်က အရမ်းကို နာမည်ကြီးပြီး အသုံးဝင်တယ်။။ စီးပွားရေး လုပ်ငန်း ဆိုတာကလည်း အခုခေတ်ရဲ့ ယှဥ်ပြိုင်မှု တစ်ခုဖြစ်နေပြီ။
🔅 Sun Tzu အသုံးပြုခဲ့တဲ့နည်းပညာတွေ မနည်းပါဘူး။ အဲ့ဒီ့ နည်းဗျူဟာတွေထဲက ၃ ချက်ကို ရှင်းပြထားပါတယ်။
◼️ Know Your Enemy and Know Yourself and in 100 Battles You will Never be in Peril
လူတော်တော်များများ အလုပ် အင်တာဗျူးတွေ သွားဖြေကြတယ်။ ပြီးတော့ အလုပ်မရကြဘူး။ ဘာလိုလဲ ??
တကယ်လိုအင်တာဗျူးတစ်ခု ဖြေမယ်ဆိုရင် ကုမ္ပဏီက ဘာလုပ်တာလဲ။ ဘယ်အပိုင်းကို ဦးတည်ထားတာလဲ။ အစောကတည်းက ကြိုတင် လေ့လာထားသင့်တယ်။
အင်တာဗျူးဖြေတဲ့အခါ “ ဒီကုမ္ပဏီက စလုပ်တာ မကြာသေးဘူး ဆိုပေမဲ့ လက်ရှိ ဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်။ CEO က နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထက်ကို မှန်းထားတယ်လိုပြောထားတယ်။ အဲ့ဒီ့အတွက် ကျွန်တော့်မှာ ကောင်းမွန်တဲ့ အစီအစဉ်တွေ ရှိတယ် ” လိုပြောကြည့်ပါလား။ Interviewers တွေ ကြွေသွားမယ်။
အများစု လုပ်နေကြတာက Interviewer က “ ငါတိုမင်းကို ဘာလိုအလုပ်ခန့်ရမှာလဲ။ မင်းက ဒီကုမ္ပဏီကို ဘာတွေ တိုးတက်အောင်လုပ်ပေးမှာလဲ ” မေးလိုက်ပြီဆိုရင် အင်း အဲ ။ သေချာတော့ မပြောပြတတ်ဘူး။ ကျွန်တော် ကြိုးစားကြည့်မယ်လေ။ အဲ့မှာ အဖြေက ပေါ်သွားပြီ။
ဘယ်သူနဲ့အလုပ်လုပ်ရမယ်ဆိုတာ သိဖိုလိုအပ်သလို ကိုယ့်အားသာချက်၊ အားနည်းချက်တွေ သိဖိုလည်း လိုသေးတယ်။
◼️ AVOID what is STRONG and ATTACK what is WEAK
မေ ဆိုတဲ့ ကောင်မလေး တစ်ယောက်က ရုံးတစ်ခုမှာ အလုပ်ရသွားပြီ ဆိုပါတော့။ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက Customer နဲ့ ထိတွေ့ဆက်ဆံတဲ့ နေရာမှာ အရမ်းကျွမ်းကျင်ကြတယ်။ အဲ့ဒါကို မေ က “ ငါလည်း ကြိုးစားပြီး Customer နဲ့ပိုအဆင်ပြေအောင် လုပ်မယ် ” ဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဘာလိုလဲဆိုတော့ မေ ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက Customer Relationships မှာ တော်တဲ့ လူတွေကြီးပါပဲ။ ဒါဆိုရင် မေ က သူတိုအားနည်းတဲ့ Insurance Policy, Management, Marketing တွေပါ သေချာလေ့လာထားပြီး Customer တွေအတွက် အသုံးချမယ်ဆိုရင်တော့အဆင်ပြေမှာပါ။
စီးပွားရေးလောကမှာလည်း ဒီလိုပါပဲ။ စီးပွားရေး လုပ်ငန်း အများစုက ရှုးနိမ့်သွားကြတယ်။ ဘာလိုလဲ။ လုပ်ငန်းဆိုတာနဲ့လူတွေက ပြိုင်ဆိုင်တဲ့ နေရာက မှားနေကြတယ်။ ဥပမာ Walmart နဲ့ဈေးနှုန်း သွားယှဉ်လိုမရဘူး။ ဈေးနှုန်းသက်သာတယ် ဆိုတာ Walmart ရဲ့အားသာချက်ပဲ။ တစ်ခြားနေရာတွေကနေ ပြိုင်ဆိုင်ရမယ်။ Service, Customer Relation, Car Parking for Customer, Online Features အများကြီး ရှိတယ်။
◼️ To win 100 Battles is not the Height of Skill. To Subdue the Enemy without Fighting is.
ဥပမာ ပြောရရင် စကားများ ရန်ဖြစ်တာပေါ့။ ကိစ္စသေးသေးလေးတွေကို အကြီးကြီးချဲ့ပြီး မပြီးနိုင် မဆုံးနိုင် စကားများကြတာ။ တစ်ယောက်ယောက်ဘက်က သာ စိတ်လျော့ပြီး အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် ပြီးသွားမယ့် အရာပဲ။
စီးပွားရေးလောကမှာတော့ နောက်တစ်မျိုး။ ပြိုင်ဘက် ကုမ္ပဏီက ဈေးကွက် Monopolize လုပ်ချင်တာ။ ပစ္စည်းတွေကို ဈေးလျော့ရောင်းတယ်။ Market Demand ကတက်လာတယ်။ ဈေး ထပ်လျော့တယ်။ Market ကလည်း ပိုတက်လာတယ်။ နောက်လည်းကြရော တက်လာတဲ့ Market Demand ကို မထိန်းချုပ်နိုင်တော့ဘူး။ အဲ့ အချိန်မှာ Market က Complaints တွေလည်း တက်လာရော သူ့တို မဖြေရှင်းနိုင်တော့ဘူး။ သူတိုကြိုးစားသမျှတွေလည်း သဲထဲရေသွန် ဖြစ်ကုန်ရော။
🔯 Sun Tzu ရဲ့ Art of War စာအုပ်က အရောင်းရဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပြီး အခုထက်ထိ နယ်ပယ်အမျိုးမျိုးမှာ အသုံးချနေဆဲ အသုံးဝင်နေဆဲ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။
🌀 ကမာကောင်တွေက သဲဆိုတဲ့ အနှောင့်အယှက်ကို လှပတဲ့ ပုလဲ အသွင်ပြောင်းတယ်။ စာအုပ်တွေ ဖတ်ရင်းနဲ့ စာအုပ်က အသိပညာတွေ အသုံးချပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို လျှောက်လှမ်းနိုင်ပါစေ။
Book Name – Art of War
Author – Sun Tzu
Price – 19,500 MMK ( Premium++ Quality, Creamy Paper, Hard cover )







Reviews
There are no reviews yet.