Category: Resilience
Showing 17–32 of 35 results
-
Add to cart
🌍ဘယ်သူမှဖတ်ဖိုရေးထားတာမဟုတ်တဲ့ ဘုရင်တစ်ယောက်ရဲ့ Personal Diary ( သို ) “Meditations by Marcus Aurelius” 🌍
🌋အောင်မြင်တဲ့သူတွေရဲ့စာအုပ်တွေ၊ သူတိုဘ၀နဲ့ အခက်အခဲတွေကိုကျော်ဖြတ်ခဲ့တဲ့အကြောင်းတွေကိုလူတွေသိအောင် Share ပေးထားတဲ့စာအုပ်မြောက်များစွာကိုကျွန်တော်တို အလွယ်တကူဝယ်ဖတ်ပြီးသူတိုဆီကသင်ခန်းစာတွေကိုယူလိုရပါတယ်။ Stoicism ရဲ့ဖခင်ကြီးတစ်ယောက်ဖြစ်တဲ့ Marcus Aurelius က Meditations ကိုတခြားသူတွေဖတ်ဖိုမဟုတ်ပဲ သူ့ကိုယ်သူသတိပေးဖို ဘ၀မှာအဓိပ္ပါယ်ရှိစွာနေထိုင်ဖိုရေးခဲ့တဲ့ Diary စာအုပ်တစ်အုပ်ပါ။ ဒါဆိုဘာကြောင့်ဒီစာအုပ်ကအရေးပါတာလဲ?
🗺Stoicism ဆိုတာ တစ်ကမ္ဘာလုံးက Entrepreneurတွေ, Industry Leader တွေနဲ့ Multimillionaire တွေအများဆုံးကျင့်သုံးနေကြတဲ့ ဘ၀နေထိုင်ရေးကျင့်စဉ်ဖြစ်ပါတယ်။တိုက်ခိုက်မှု၊ ပြိုင်ဆိုင်မှု၊ အခက်အခဲတွေများပြားလွန်းတဲ့ဘ၀မှာ အဆင်မပြေမှုတွေကိုကြံကြံခံ ရင်ဆိုင်နိင်တဲ့နည်းလမ်းတွေကို Stoicism မှာရှာတွေ့ပြီလိုက်နာကျင့်သုံးနိုင်ပါတယ်။
ဥပမာ
“The Happiness of your life depends upon the quality of your thoughts” Marcus Aurelius
မင်းဘ၀ရဲ့ပျော်ရွှင်မှုဟာ မင်းခေါင်းထဲကအတွေးတွေရဲ့ အရည်အသွေးပေါ်မှာမူတည်နေတယ်။
ဒီစကားလေးတစ်ကြောင်းဟာ ကျွန်တော့်ရဲ့အတွေးတွေကိုအများကြီးပြောင်းလဲသွားစေခဲ့ပါတယ်။စဉ်းစားကြည့်ပါ၊ အလွယ်တကူရနေတဲ့အတွေးတွေကို ကျွန်တော်တိုဘယ်လောက်ထဲအလွဲသုံးစားလုပ်မိနေကြသလဲဆိုတာ။ အရေးမပါတဲ့အတင်းတွေ၊ Online ပေါ်မှာနေ့စဉ်ရှာနေတဲ့ပွဲတွေ စတဲ့အဆိပ်အတောက်တွေနောက် ကျွန်တော်တိုတွေးကြပြောကြရင်းအကျိုးရှိတဲ့ကျွန်တော်တိုအတွေးတွေကို အလဟသဖြုန်းတိးနေမှုတွေကိုစီစစ်ရပါမယ်။😁“Remember that very little is needed to make a happy life”
ပျော်ရွှင်တဲ့ဘ၀ကိုရဖိုဆိုတာ နည်းနည်းပဲလိုပါတယ်
ပိုကောင်းတဲ့ ကား၊ ပိုကျယ်တဲ့ အိမ်၊ ပိုများတဲ့ ဝင်ငွေတစ်ခု ။ ဒီလိုမျိုးအရာတွေကိုရပြီဆိုရင်ကျွန်တော်တိုဟာ ပျော်ရွှင်တဲ့ဘ၀ကိုပိုင်ဆိုင်ရမယ်လိုထင်ကြပါတယ်။ တကယ်ရလာရင်ရော ကျွန်တော်တိုပျော်ရွှင်မှာလား? ခဏတာအတွက်တော့ပျော်ရွှင်ရပေမယ့် မကြာခင်မှာဒါဟာ သင့်အတွက်ရိုးအီစရာအရာတစ်ခုဖြစ်သွားမှာအမှန်ပဲ။ “ဒါဆို ကျွန်တော်တို မပျော်ရွှင်ရတော့ဘူးလား ?”ဆိုတဲ့မေးခွန်းတစ်ခုပေါ်လာပါတယ်။ Marcus Aurelius က သင့်မှာ ယခုရှိနေတဲ့အရာတွေကို စိတ်ကျေနပ်အောင်ပြောင်းတွေးတတ်ရင် သင်လိုချင်တဲ့ ကျေနပ်တဲ့ဘ၀တစ်ခုကိုရရှိပါလိမ့်မယ်လို သူ့ကိုယ်သူပြောခဲ့ပါတယ်။🔱ရောမမြိုရဲ့ အကောင်းဆုံးဘုရင်တွေထဲကတစ်ယောက်, လိုချင်တာရ, လက်ညှိးညွှန်ရာကြိုက်သလိုဖြစ်စေနိုင်တဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Emperor တစ်ယောက်က သူ့ကိုယ်သူ ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်အောင်ဘယ်လိုသတိပေးသလဲ? လွန်ခဲ့တဲ့ နှစ် 2000 ဝန်းကျင်က Diary စာအုပ်တစ်အုပ်ကို တစ်ကမ္ဘာလုံးက Top Mind တွေက ဘာကြောင့်လက်ခံကျင့်သုံးနေကြတာလဲ ?
-
Add to cart
➖ အောက်ဆုံးရောက်နေချိန် ဘယ်သူမှ ကိုယ့်အကြောင်း စိတ်မ၀င်စားတော့ဘူး။
DEPRESSION!
❗️ ကိုယ် ကြိုးစားသမျှတွေ အရာမထင်တဲ့ အခါမှာ၊ အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်သွားတဲ့ အချိန်မှာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါမှာ၊ လူတွေက ကြိမ်ဖန်များစွာ တိုက်ခိုက်လာတဲ့ အချိန်မှာ Depression ၀င်လာကြတယ်။〽️ ကျွန်တော့်ဘ၀မှာ နောင်တအရဆုံး၊ အမှားဆုံး လုပ်ရပ်ကို ပြောပါဆိုရင် ဘယ်ဘက် လက်ပေါ်က ဓားဒဏ်ရာ အမာရွတ် လေးခုပါပဲ။ ငယ်ရွယ်သေးတဲ့ လူငယ်တစ်ယောက်အတွက် တစ်ချိုသော စိတ်ခံစားမှုတွေက မမျှတခဲ့ဘူး။ အမာရွတ်က မသေးတော့ ဖုံးကွယ်ထားဖိုကလည်း မလွယ်ကူပါဘူး။ တစ်ယောက်ယောက်က မြင်လိုမေးပြန်ရင်လည်း တစ်ချိန်တစ်ခါက အမှားတစ်ခုက စိတ်ဒဏ်ရာ တစ်ခုလို ကိုယ့်နောက်က အမြဲလိုက်နေတော့တယ်။ Society တစ်ခုမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ လူငယ်ဘ၀က မလွယ်ကူပါဘူး။ ဒါတောင် အဲ့အချိန်တုန်းက Social Media မတွင်ကျယ်သေးပါဘူး။
📛 ကျွန်တော့်မိတ်ဆွေတွေထဲမှာလည်း ဒီလို အတွေးတွေကနေ ရုန်းကန်ထွက်ခဲ့တဲ့သူတွေ အများကြီးပါ။ နောက်ဆုံး စက္ကန့်အကွာလေးတွေကနေ လွတ်မြောက်ခဲ့သူတွေ။ တစ်ခါကဆို သမီးလေး မျက်နှာပေါ်လာလို ဒီအတွေးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်။ သူမသမီး မျက်နှာလေးသာ သူမရှေ့မှာ မပေါ်လာခဲ့ရင် သူမအခုချိန် အသက်ရှင်နေဦးမှာ မဟုတ်ပါဘူး။ သူမ သမီးက သူမကို ကယ်တင်ခဲ့တယ်။ ဒါကြောင့်ပဲ ဘ၀ကို အရှုးမပေးပဲနဲ့ဆက်ကြိုးစားနေခဲ့တယ်။ အခုချိန်မှာ သူမက သူမ သမီးရဲ့ဘ၀ကို အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်တဲ့ အပြင် သူမဘ၀ကို ဦးဆောင်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။
🖋 ယခုစာအုပ်ရဲ့စာရေးဆရာမ Sheryl Sandberg က Facebook ရဲ့ COO တစ်ယောက်အပြင် ကလေးနှစ်ယောက် အမေလည်း ဖြစ်တယ်။ သူမ ကလေးတွေ အတွက် မိခင်ကောင်း တစ်ယောက် အဖြစ် ကြိုးစားနေဆဲ ရုတ်တရက် သူမခင်ပွန်း ဆုံးသွားတဲ့ အခါမှာ အရာရာ အဆင်ပြေချော့မွေ့နေတဲ့ သူမအိပ်မက်တွေ အကုန် ပျက်ဆီးသွားခဲ့တယ်။
📌 “Option A is not Available, Make the Most Out of Option B.”
🕳 ကျွန်တော်တိုတစ်သက်မှာ တစ်ခါတော့ အကြီးမားဆုံး ဆုံးရှုးမှုတွေနဲ့ကြုံတွေ့ရတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ရဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရတယ်။ ဘ၀ရဲ့နင်းချေမှုတွေကြုံနေရတဲ့အချိန်မှာ ရုန်းကန်ထွက်နိုင်ဖိုဒီစာအုပ်မှာ ပါတဲ့ အချက်လေးတွေကို ရေးသားပေးလိုက်ပါတယ်။
1. Avoid Three ‘P’s
▪️ Personalization
💢 ဖြစ်ခဲ့သမျှ ကိစ္စတွေ အားလုံး ကိုယ့်အပြစ်လို ခံယူတာကို ရှောင်ကြဉ်ပါ။
▪️ Pervasiveness
💨 စိတ်ဒဏ်ရာက ကိုယ့်ရဲ့လုပ်ရပ်တွေကို လိုက်နှောင့်ယှက်နေခြင်းကို ရှောင်ကြဉ်ပါ။
▪️ Permanence
👁🗨 စိတ်ဒဏ်ရာက ကိုယ့်ဘ၀မှာ တစ်သက်လုံး မပါသွားဖိုကြိုးစားပါ။ တစ်သက်လုံး မဟုတ်ဘူး ဆိုတာကို လက်ခံပါ။
2. Spend time in Groups
👤 ကျွန်တော် အရမ်းစိတ်ညစ်တဲ့ အခါမှာ အများအားဖြင့် တစ်ယောက်တည်း နေပါတယ်။ ကျွန်တော်က စိတ်ညစ်ရင် အရမ်းကို ငြိမ်သက်သွားတယ်။ ကျွန်တော် စိတ်ညစ်နေမှန်း ဘယ်သူမှ မသိပါဘူး။ လူတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေတယ်။ လူတွေကို မယုံကြည်တဲ့ အတွက် မိဘတွေရော၊ သူငယ်ချင်းတွေပါ ဖွင့်ပြောလေ့ မရှိပါဘူး။ အရာရာကို တစ်ယောက်တည်း ဖြေရှင်းဖိုကြိုးစားတယ်။🌑 ဒါပေမယ့် တစ်ချိုညတွေ တစ်ယောက်တည်း နေလိုဆောက်တည်ရာမရ ဖြစ်နေတဲ့ အချိန်မှာတော့ ကျွန်တော် မခံစားနိုင်တော့ပါဘူး။ အဲ့အချိန်တွေမှာ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတွေက အင်မတန် တန်ဖိုး ရှိပါတယ်။ ည ၁ နာရီ ဖုန်းဆက်ပြီး တွေ့ဖိုပြောလည်း ရောက်လာပါတယ်။ သူတိုတွေနဲ့အချိန် တစ်နာရီလောက် စကားပြောရတာက ကျွန်တော့်ရဲ့စိတ်ပင်ပန်းမှုတွေကို ကွယ်ပျောက်သွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်ရင် တစ်ယောက်တည်း မနေပါနဲ့။
3. Life is Never Perfect, So Take Responsibility of Your Life
🌬 ဘ၀ဆိုတာ ပုံပြင်တွေထဲကလို ပျော်ရွှင်စရာ ဇာတ်သိမ်းတွေချည်း မဟုတ်ပါဘူး။ စာရေးဆရာမ Shreyl Sandberg က သူမ ခင်ပွန်း ဆုံးသွားပြီးတော့ အရမ်း ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူမမှာ တာ၀န်ယူရမယ့် သူမ ကလေးနှစ်ယောက်ရှိနေသေးတယ်။ သူမ ကလေးတွေ သူတိုအဖေဆုံးကြောင်း သိအောင် ပြောပြဖို၊ ကလေးတွေ စိတ်အားမငယ်အောင် ပြုစုပျိုးထောင်ပေးဖို၊ သူမ ဆုံးရှုးသွားမှုတွေကို သူမတာ၀န်ယူရပါမယ်။ သူမရဲ့အရှုးမပေးမှုတွေက သူမကို အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာစေခဲ့တဲ့ အပြင် သူမ သားသမီးတွေ အပေါ်မှာ လေးစားထိုက်တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။❄️ စာရေးဆရာမ Sheryl Sandberg ကို 2017 ခုနှစ်မှာ Forbes Magazine က Most Powerful Women, Number 4 အနေနဲ့ဖော်ပြပေးခြင်း ခံရပါတယ်။ Sheryl က 2013 ခုနှစ်မှာ Lean In Women Leadership စာအုပ်ကို ရေးသားခဲ့ပြီး Best Seller စာရေးဆရာမတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမခင်ပွန်း ဆုံးပြီး နောက်ပိုင်းမှာ သူမရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ သူမ ကလေးတွေ အပေါ် မိခင်ကောင်းတစ်ယောက် ဖြစ်ဖိုကြိုးစားခဲ့ရတာတွေကို Option B စာအုပ်ထဲမှာ ရေးသားခဲ့ပြီး စာအုပ်ကတော့ Million Seller စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။ သူမ က ခက်ခဲရုန်းကန်မှုတွေ၊ အရှုံးပေးချင်စိတ်တွေကို ကျော်လွှားပြီး ဘ၀ ကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
👣 ဘ၀မှာ လဲကျရင် ချက်ချင်းပြန်ထလိုမရပါဘူး။ ကိုယ် လဲကျပြီဆိုရင် တစ်ယောက်က နင်းသွားမယ်။ နောက်တစ်ယောက်က ကျော်ခွသွားမယ်။ ကျန်တဲ့သူတွေက ဟာသကြည့်သလို နေကြာစေ့စားပြီး လှောင်ရယ်နေဦးမှာ။ သိုပေမယ့်လည်း အရှုးမပေးပါနဲ့။
-
Add to cart
သင့်ဘ၀ကိုမျက်ကွယ်ကထိန်းကျောင်းနေတဲ့အရာနှစ်ခု, စွမ်းအား(Power)နဲ့ အင်အား(Force)တိုရဲ့ယှဉ်ပြိုင်မှု
🏆“The greatest victory is that which requires no battle.” – Sun Tzu, The Art of War
“တိုက်ခိုက်စရာမလိုတဲ့ အနိုင်ရမှုဟာ အကြီးမားဆုံးသောအောင်နိုင်မှုအစစ်အမှန်ဖြစ်တယ်” ဆိုတဲ့ Sun Tuz ရဲ့ Quote တစ်ခုရှိပါတယ်။
ဒီစာအုပ်ကိုဖတ်ပြီးချိန်မှာ ကျွန်တော့်ခေါင်းထဲမှာပေါ်လာတဲ့ပထမဆုံးသော စာသားလေးတစ်ခုပေါ့။နေ့တိုင်းကျွန်တော်တို လူတန်းစေ့နေနိုင်အောင်၊ ပတ်ဝန်းကျင်ကလက်ခံတဲ့လူတစ်ယောက်ဖြစ်အောင်၊ ချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် အင်အားတွေအများကြီးစိုက်ထုတ်ပြီး ရုန်းကန်လှုပ်ရှားရတယ်။ တကယ်လို ကျွန်တော်တိုနေ့စဉ်ကြုံနေရတဲ့ ရုန်းကန်မှု (Career, Relationship, Work) စတဲ့အရာတွေကို အင်အားသုံးပြီးဖြေရှင်းစရာမလိုပဲ ကျွန်တော်တိုဆီမှာရှိနေတဲ့ ပါဝါနဲ့ဖြေရှင်းနိုင်တယ်ဆိုရင် သင်ယုံမလား?
📚David R. Hawkins ရဲ့ Power Vs Force စာအုပ်ကိုလေးပိုင်းခွဲခြားပြီး
🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
🗺အသိစိတ်မြေပုံ ( The Map of Consciousness )
✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness ) ဆိုပြီးလေ့လာလိုရပါတယ်🌞စွမ်းအား(Power)နဲ့ 💪အင်အား(Force) တိုရဲ့ကွာခြားမှု
“The wise man does not fight; he flows.” – Lao Tzu, Tao Te Ching
“ပညာရှိဟာ မတိုက်ခိုက်ဘူး , လိုက်လျောညီထွေစွာနေထိုင်တယ်”
စွမ်းအား(Power) ဟာ စစ်မှန်မှု၊ သမာဓိနှင့် စကြာဝဠာအမှန်တရားများနှင့် ညီညွတ်မှုတိုကနေပြီးဖြစ်ပေါ်လာတယ်။
အင်အား(Force) ဟာ အတ္တဆန်မှု၊ အကျပ်ကိုင်မှု၊ ကြောက်ရွံမှုတို ကနေ အမြစ်တွယ်ပေါက်ဖွားလာတယ်။
Force ဟာ ပူလောင်တဲ့မီးလျှံလိုလောင်ကျွမ်းနေချိန်မှာ Power ကရေတံခွန်တစ်ခုလိုအေးမြမှုကိုပေးစွမ်းတယ်။
အရာရာတိုင်းကို အားနဲ့မာန်နဲ့အမိန့်ပေးခိုင်းစေတဲ့ Manager တစ်ယောက်နဲ့ အမြဲနားလည်မှုပေးပြီးကူညီပေးတဲ့ Manager တစ်ယောက် ဘယ်သူ့နဲ့အတူတူခင်ဗျားအလုပ်လုပ်ချင်သလဲ?⁉️သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။
⁉️သင့် မိသားစု၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဘက်တွေအပေါ် Power ကိုသုံးမိနေသလား ? Force ကိုသုံးမိနေသလားဆိုတာကို ?🗺အသိစိတ်မြေပုံ ( The Map of Consciousness )
ဒါကတော့ စာအုပ်တစ်အုပ်လုံးနဲ့ အနှစ်လိုပြောလိုရတယ်။
ကျွန်တော်တိုသိစိတ်တွေအားလုံးဟာ မတူညီတဲ့ Frequency တွေနဲ့ လှုပ်ရှားနေကြတဲ့အကြောင်းကို အသိစိတ်မြေပုံနဲ့လေ့လာကြည့်လိုရတဲ့အပိုင်းပေါ့။
Maslow ရဲ့ Hierarchy of Needs အတိုင်း ကျွန်တော်တိုရဲ့လိုအပ်ချက်တွေမှာ ရှိတဲ့ခံစားချက်တွေပေါ်မူတည်ပြီး ( အနိမ့်ဆုံး – ရှက်ရွံမှု Shame – 20) ကနေပြီး ( အမြင့်ဆုံး – ထိုးထွင်းသိမြင်ခြင်း Enlightment – 700) အထိ မတူညီတဲ့ Energy Levelတွေရှိတဲ့အကြောင်းကိုသိရှိနိုင်ပါတယ်။ (သတ္တိ – 200) Energy Levelဟာ သင်လိုချင်နေတဲ့ပြောင်းလဲမှုကိုစတင်ရရှိဖို အတွက်ခြေလှမ်းရဲ့အစတစ်ခုဖြစ်တဲ့အကြောင်းကိုလည်း တွေ့နိုင်ပါတယ်။ အနာဂတ်မှာရှိမဲ့ စိတ်ချမ်းသာမှုနဲ့ ငြိမ်းချမ်းမှုအတွက် နေ့စဉ်သင့် Energy Level ကိုမြှင့်တင်ပြီးနေထိုင်ရပါမယ်။⁉️ဒီနေ့အတွက် သင့် Energy Level ကဘယ်နေရာမှာရှိနေသလဲ?
⁉️Energy Level ကိုမြှင့်တင်စေမယ့် စာဖတ်တာ၊ တရားထိုင်တာ စသည်ဖြင့် ရေရှည်အကျိုးရှိစေမဲ့အရာတစ်ခုခု သင်ဒီနေ့လုပ်ပြီးသွားပြီလား ?✔️ဇီဝကမ္မဗေဒ နဲ့ အမှန်တရားစမ်းသပ်ခြင်း (Kinesiology and Truth Testing)
နည်းနည်းတော့ရင်ခုန်စရာအပိုင်းတစ်ခုပေါ့ ဟဲဟဲ….
မလန့်ပါနဲ့ ဒီအပိုင်းက ကျွန်တော်တိုရဲ့ အလိုလိုတုံပြန်နိုင်မှုကို ခန္ဒာကိုယ်က ဘယ်လိုသိသလဲဆိုတာကိုစမ်းသပ်ပြတာပါ။
ဥပမာ အပြုံးတုတစ်ခုက မျက်လုံးထောင့်တွေထိမရောက်သလိုမျိုး၊ ယုံကြည်ရတဲ့သူကိုကြည့်ရင် မျက်တောင်ဖြေးဖြေးချင်းခတ်မိတာမျိုးပေါ့။
ကျွန်တော်တို ဟန်ဆောင်မှု၊လိမ်ညာမှု၊အတုအယောင်တွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကြွက်သားတွေဟာ အလိုလိုတောင့်တင်းလာတတ်ပြီး ယုံကြည်မှု၊အမှန်တရား၊လက်ခံမှုအစရှိတဲ့အရာတွေနဲ့နေထိုင်တဲ့အချိန်မှာကြွက်သားတွေဟာ ပြေလျော့ပြီးအလိုက်သင့်ဖြစ်နေတာအောင်လုပ်ပေးတတ်တဲ့ ခန္ဒာကိုယ်ရဲ့ Subconscious Function အကြောင်းကိုသိရမှာပါ။ လျှပ်တပြတ်ဖြစ်ပေါ်တဲ့အရာတွေကို ကျွန်တော်တိုဦးနှောက်က မစဉ်စားနိုင်ခင် Body ကပေးတဲ့ Response မှာကြိုတင်သိနိုင်တဲ့အရာတွေကိုရှာတွေ့ရမှာပါ။⁉️အမှန်ကိုပြောတဲ့ခံစားချက်နဲ့ လိမ်ပြောရတဲ့ခံစားချက်ဘယ်လိုကွာသလဲဆိုတာကို တွေးကြည့်ပါ။ သင့်ခန္ဒာကိုယ်က ဘယ်လိုတုံပြန်သလဲဆိုတာကိုခံစားပါ။
⁉️လှည့်စားမှုနဲ့ အမှန်တရား ဘယ်အရာနဲ့လိုက်လျောညီထွေဖြစ်အောင် သင့်ဘ၀ကိုထိန်းကျောင်းမလဲ?🌍အသိစိတ်စုပေါင်းမှုနဲ့ အကျိုးသက်ရောက်မှု ( The Collective Impact of Consciousness )
လူတွေဟာ Social Animal တွေဖြစ်ကြပါတယ်။ အပေါင်းအသင်းမရှိတဲ့လူဆိုတာမရှိပါဘူး။ Energy ဟာမိမိသာသင်မက တခြားသူတွေဆီကိုပါ ပျံ့နှံစေပြီး ရေပွက်တစ်ခုလို ပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုရှိစေပါတယ်။တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုးဆိုသလို သင် project လုပ်တဲ့ Energy Level ဟာ သင့်ပတ်ဝန်းကျင်က လူတွေရဲ့ Energy Level ကိုရိုက်ခတ်မှုရှိပါတယ်။ Higher Energy Level ဟာ သူ့ထက်နိမ့်တဲ့ Energy Level ကိုအဆင့်မြှင့်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် ကျွန်တော်တိုဗုဒ္ဓဘာသာ မှာ ချစ်ခြင်းမေတ္တာ (love-500) နဲ့ ငြိမ်းချမ်းမှု(peace-600) နဲ့အမြဲနေထိုင်တဲ့သူတွေဟာ သူတိုပတ်ဝန်းကျင်ကို ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် ဖန်တီးပေးနိုင်တာပေါ့။⁉️ဒီနေ့သင့် Energy Level က ဒီနေ့ဘယ်သူတွေကို အကျိုးဖြစ်စေလဲ ?
⁉️သင့်ရဲ့ ပြောင်းလဲမှုဟာ သင့်ပတ်ဝန်းကျင်ကိုပါ အမြဲဆင့်ကဲပြောင်းလဲမှုဖြစ်စေတာကို သတိမူပါ။👉48 Laws Of Power ကိုဖတ်ပြီးသွားရင်ဒီစာအုပ်ကလေးကို ဖတ်ဖို ကျွန်တော် အကြံပြုချင်ပါတယ်။
သင့်ရဲ့ အပြုအမူ၊အနေအထိုင်၊အပြောအဆိုတွေဟာ သင့် Energy level ကို အမြဲတမ်းသတ်မှတ်နေတယ်ဆိုတာကို လုံး၀မမေ့ပါနဲ့။ဒီစာအုပ်ကလေးက ပုံမှန် Psycholgy စာအုပ်တစ်အုပ်ထက်စာရင် Self-Transforming စာအုပ်တစ်အုပ်လိုပြောရင်ပိုမှန်ပါလိမ့်မယ်။ Power Vs Force ဟာ သင့်နေ့စဉ်နေထိုင်တဲ့ဘ၀မှာ ပြုမူတဲ့အမူအကျင့် သေးသေးလေးတွေကနေစပြီး မလိုအပ်ပဲ အင်အားဖြုန်းတီးမှုမဖြစ်အောင်၊ လိုက်လျောညီထွေမှု၊ ထိန်းချုပ်နိုင်မှုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်အောင်ကူညီပေးမယ့် အဖော်မွန်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။🏁Power နဲ့ Force ကိုကွဲခြားသိမြင်ပြီး သင်ရဲ့ ရည်မှန်းချက်တွေကို အမြန်ဆုံးရရှိနိုင်ကြပါစေ..🏁
-
Add to cart
🕯️လမ်းပျောက်၊ချောင်ပိတ်ပြီးအမှောင်ထဲရောက်နေသလိုခံစားနေရသူတွေအတွက်..
လူတစ်ယောက်မှာ ကလေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်ဆိုတာရှိတယ်။
ဒါက ဘယ်သူ့မှသူ့ကိုလာကယ်တင်နေမှာမဟုတ်ဘူးဆိုတာနားလည်သဘောပေါက်သွားတဲ့အချိန်ပဲ။
⚡ခါးသီးတဲ့အမှန်တရားတစ်ခုက…
သင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ပါဘူး။
သူငယ်ချင်းတွေကလည်းမလာဘူး။
မိသားစုလည်း လာမကယ်တင်ဘူး။
လောကကြီးကလည်းမကူညီပေးဘူး။
ဘ၀ဟာ
❌သင်စိတ်ရှုပ်နေတဲ့အတွက်ကြောင့်လည်းမရပ်တန့်သွားဘူး။
❌သင်ထိတ်လန့်နေတဲ့အတွက်လည်း ထွေးပွေ့မပေးဘူး။
❌သင့်အတွက်ကြောင့်လည်း ပြောင်းလဲပေးမှာမဟုတ်ပါဘူး။
ဒါကိုသတင်းကောင်းတစ်ခုလို့မြင်ကြည့်လိုက်ပါ။
ဘယ်သူ့မှစောင့်စရာမလိုပဲ သင့်ကိုယ်သင်ကယ်တင်ဖို့အချိန်ကောင်းကိုရောက်ရှိလာပါပြီ။
သင့်ကိုယ်သင်ပြန်တည်ဆောက်ဖို့အခြေခံအုတ်မြစ်မှာ Stoicism ထက်ပိုကောင်းတဲ့အရာ ဘယ်ရှိလိမ့်မလဲ?
Stoicism ရဲ့ Virtue လေးခုမှာ
1️⃣Wisdom – ဉာဏ်ပညာ ( အရာအားလုံးကို သိမြင်နိုင်တဲ့ အရည်အချင်း)
မင်းရဲ့နာကျင်ခံစားမှုအားလုံးဟာ မင်းစိတ်ထဲကပဲလာတယ်။ ဒါဟာ တကယ့်အမှန်တရားမဟုတ်ဘူး။
“ငါဟာဘယ်တော့မှ လူကောင်းတစ်ယောက်ဖြစ်မှာမဟုတ်ဘူး”
“ငါထပ်ပြီးရှုံးနိမ့်ရင်ကော”
“ငါ့ကိုမကောင်းတာတွေပဲအမြဲဖြစ်နေတယ်”
ဒီလိုအတွေးတွေကိုရပ်တန့်ပါ။
ခဏလောက် စိတ်ကူးတွေရဲ့အပြင်ကိုထွက်ပြီးလက်တွေ့ကိုရင်ဆိုင်လိုက်ပါ။်
Boss က မင်းကိုဆူတာမဟုတ်ဘူး ပိုတိုးတက်အောင်ကြိုးစားဖို့အခွင့်အရေးပေးလိုက်တာ။
ချစ်သူက မင်းကိုပစ်သွားတာမဟုတ်ဘူး ထိုက်တန်တဲ့အချစ်ကိုတွေ့ဖို့ လမ်းစအသစ်ဖွင့်ပေးလိုက်တာ။
“အဖြစ်အပျက်တွေက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတာမဟုတ်ဘူး၊ မင်းရဲ့ထင်မြင်ချက်တွေကသာ ဖြစ်စေတာ”
“You are disturbed not by events, but by your opinion about them.” – Epictetus
အရာအားလုံးကိုဓမ္မဓိဌာန်ကျကျ ရှင်းရှင်းလင်းလင်းမြင်နိုင်ရင် နာကျင်ခံစားရမှုတွေလျော့နည်းလာပါလိမ့်မယ်။
2️⃣Courage- သတ္တိ ( ရဲရင့်ရင်ဆိုင်နိုင်တဲ့ ခွန်အား )
အောင်မြင်မှုကိုလူတိုင်းလိုချင်ကြတယ်။ ဒါပေမယ့် ချွေးထွက်ပင်ပန်းတာကိုတော့ မစတေးချင်ကြဘူး။
ပိုကောင်းတဲ့ဘ၀ကိုလိုချင်တယ်လို့ မင်းပြောခဲ့တယ်။ ဒါဆိုမင်း တန်ဖိုးထားတဲ့ဘယ်အရာနဲ့လဲလှယ်ဖို့အဆင်သင့်ဖြစ်ပြီလဲ ?
အစောကြီးမထချင်လို့၊ ရုပ်ရှင်မကြည့်ရမှာစိုးရိမ်လို့ဆိုတဲ့ဆင်ခြေတွေရှိနေသေးရင် ပိုကောင်းတဲ့ဘ၀အတွက် မင်း ready မဖြစ်သေးပါဘူး။
မင်းရဲ့ဆုံးဖြတ်ချက်တွေကို အကြောက်တရားရဲ့လွှမ်းမိုးမှုအောက်မှာထားပြီးတော့ အချိန်ဆွဲ နှောင့်နှေးအောင်လုပ်ထားတယ်။ မသိတဲ့အရာကိုစွန့်စားဖို့ထက် ဆင်းရဲဒုက္ခထဲကလုံခြုံမှုကို မင်းမြတ်နိုးနေတယ်။
မစခင်ကတည်းက စိတ်ချရမှုကိုလိုချင်နေပေမယ့် ဘ၀က ဒီလိုမျိုး အလွယ်တကူမပေးပါဘူး။
မင်းလူကောင်းတစ်ယောက်ဒီနေ့ဖြစ်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကိုမင်းရွေးချယ်တယ်။
“You could be good today. But instead, you choose tomorrow.” – Marcus Aurelius
ရဲစွမ်းသတ္တိအပြည့်နဲ့ဆုံးဖြတ်ပါ။
မင်းရဲ့အကြောက်တရားတွေကိုကျော်ဖြတ်ပြီးရင် ဘ၀မှာဘာတွေထပ်ရှိလာမလဲ?
3️⃣Justice ( သမာဓိစိတ်ဓာတ်နဲ့ အမှန်တရား)
သက်တောင့်သက်သာရှိဖို့၊ ဇိမ်ကျဖို့အတွက် လူတွေဟာ သမာဓိကိုလဲလှယ်ကြတယ်။
အမှန်ကိုပြောဖို့ထက် နှုတ်ဆိတ်နေကြတယ်။
ပြသနာတွေကိုရှောင်ရှားဖို့အတွက် လိမ်ညာတယ်။
သာယာတဲ့လှည့်စားမှုတွေကို ယုံကြည်တယ်။
လေးစားမှုကိုလိုချင်ရင် ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့အစပြုပါ။
ဘယ်သူမှကြည့်မနေတဲ့အချိန်မှာတောင် သမာဓိတရားနဲ့နေထိုင်ပါ။
အိပ်ရာဝင်တိုင်း ကြည်လင်စွာအိပ်စက်နိုင်အောင် ကျင့်ကြံပါ။
Marcus Aurelius ဟာ ဘာမဆိုလုပ်နိုင်တဲ့ပါဝါရှိတဲ့ ဘုရင်တစ်ယောက်ဖြစ်ပေမယ့် “ မှန်တဲ့အရာပဲလုပ်၊ ကျန်တာဘာမှအရေးမကြီးဘူး” ဆိုတဲ့စကားကို မနက်တိုင်း သူ့ကိုယ်သူ သတိပေးပါတယ်။
သင်ရောမနက်တိုင်း သင့်ကိုယ်သင် ဘာသတိပေးနေသလဲ?
4️⃣Temperance ( မိမိစိတ်ကိုထိန်းချုပ်နိုင်တဲ့ အင်အား)
စိတ်က ထိန်းချုပ်သမျှကို မင်းလုပ်နေရတာလား ?
မင်း ထိန်းချုပ်တာကိုစိတ်ကလိုက်လုပ်နေရတာလား ?
ဝိတ်လျှော့ချင်တယ်လို့ပြောတာပဲ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့မအားဘူး။
တိုးတက်ချင်တယ်လို့ပြောတာပဲ ဒါပေမယ့် ညဘက်ရုပ်ရှင်လေးတစ်ကားလောက်ကြည့်ရမှ။
အချိန်မရှိဘူးလို့ပြောတာပဲ ဒါပေမယ့်ဖုန်းပွတ်ဖို့တော့အားနေတယ်။
“ကိုယ့်ကိုယ်ကို မပိုင်တဲ့လူဟာ တကယ်လွတ်လပ်မနေဘူး”
“No man is free who is not master of himself.” – Epictetus
မိမိရွေးချယ်ပိုင်ခွင့်ကို အနှောင်အဖွဲ့ကင်းစွာနဲ့ပြုလုပ်နိုင်တဲ့အချိန်
မင်းအတွက် အကျိုးမရှိတဲ့အရာတွေကို မင်းဘ၀က ဖယ်ရှားနိုင်တဲ့အချိန်
မင်းမလုပ်ချင်တဲ့အရာအတွက် “NO” လို့ရဲရဲဝံ့ဝံ့ပြန်ပြောနိုင်တဲ့အချိန်တွေမှာ
စစ်မှန်သောလွတ်လပ်ခြင်းရဲ့ အရသာကိုလက်တွေ့ခံစားရပါလိမ့်မယ်။
မင်းရဲ့စိတ်ကို မင်းထိန်းချုပ်မလား? စိတ်ကထိန်းချုပ်တာကိုခံမလား?
👉အဆုံးသတ်အနေနဲ့ပြောရရင်
မင်းလိုချင်တဲ့အရာအတွက် လိုအပ်တဲ့ ဉာဏ်ပညာ၊ အသိစိတ်၊ အရည်အချင်းတွေကို ဘယ်သူမှအလကားလာမပေးဘူး။
လောကကြီးကလည်း မပေးသလို။
ကံတရားကလည်းမင်းဘက်မှာမရှိဘူး။
ဒါတွေကို မင်းကိုယ်တိုင်မသင်ယူရင် တရားမျှတမှုမရှိတဲ့ဘက်မှာပဲနေရမယ်။
ဘယ်သူ့မှလာကယ်ဖို့မစောင့်ပါနဲ့ ကိုယ့်ကိုယ်ကိုသင်ယူပါ။
ဘယ်သူမှမတားဆီးနိုင်တဲ့တိုးတက်မှုဟာ မင်းအတွက်ဖြစ်လာလိမ့်မယ်။
-
Add to cart
“တိုးတက်မှုက Comfort Zoneရဲ့အပြင်မှာရှိတယ်။Comfort Zone ထဲကနေမင်းရုန်းထွက်ဖို့လိုတယ်။ Comfort Zone ဟာ မင်းရဲ့ရန်သူပဲ။”
တစ်ချိန်တုန်းကဒီစကားကို ကျွန်တော်တပ်တပ်မက်မက်ယုံကြည်ခဲ့တယ်။ ဒါကြောင့်လည်း သက်တောင့်သက်သာဖြစ်အောင် တယ်ဆိုတာကိုရှက်စရာလို့ခံစားမိခဲ့တယ်။အမြဲတမ်း “ငါကြိုးစားနေတာမလုံလောက်သေးဘူး” ဆိုတဲ့အကြောင်းပြချက်နဲ့ Stress ရှိရင်တိုးတက်နေတာ။အနားယူတယ်ဆိုတာပျော့ညံ့တဲ့သူတွေအတွက်ဆိုပြီးယုံကြည်ခဲ့တယ်။
ဒါကအမှန်မဟုတ်ဘူးလို့ပြောရင် သင်ဘယ်လိုတုန့်ပြန်မှာလဲ?
“တိုးတက်မှု အစစ်အမှန်ဆိုတာ ကိုယ်တထစ်ချယုံကြည်ထားတဲ့အရာကိုမေးခွန်းပြန်ထုတ်ပြီး ပြောင်းလဲမှုကိုလက်ခံရဲတဲ့သတ္တိပဲ “
ဒီစာအုပ်ကိုသူငယ်ချင်းက Recommend ပေးတဲ့အချိန်မှာ Title ကိုကြည့်ပြီး စိတ်ထဲတော့နည်းနည်း Doubt ဖြစ်မိသေးတယ်။ ဒါပေမယ့် ကိုယ့် Belief ကို challenge လုပ်ကြည့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖတ်ကြည့်မိလိုက်တဲ့အခါမှာ
👉Comfort (သက်တောင့်သက်သာဖြစ်မှု) ဆိုတာ ရန်သူမဟုတ်တဲ့အကြောင်း
👉ရေကုန်ရေခန်း ကြိုးစားမှုဟာ တစ်ခုတည်းသောနည်းလမ်းမဟုတ်တဲ့အကြောင်း
👉ငြိမ်းချမ်းမှုကိုရှာဖွေနိုင်တာလာလည်း တိုးတက်မှုဖြစ်တဲ့အကြောင်းကို နားလည်မိတယ်။
🔺 The S.E.E. Pyramid:တိုးတက်မှုအတွက် အုတ်မြစ်သုံးခု
စာရေးသူ Kristen Butler ကရှင်းလင်းပြတ်သားပြီး စိတ်ဓာတ်ခွန်အားပေးတဲ့ စာအရေးအသားနဲ့ S.E.E. Pyramid ဟာ တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေဖြစ်ကြောင်း ရှင်းပြထားပါတယ်-
1.Safety- စိတ်နဲ့ခန္ဒာလုံခြုံမှုကိုခံစားရတာဟာအခြေခံအုတ်မြစ်ပဲ။ မလုံခြုံမှုဟာသင့်ကိုရုန်းကန်နေရတယ်ဆိုတဲ့ Stress ကိုပေးတယ်။
2.Energy-လုံခြုံမှုကိုခံစားရတဲ့အချိန်မှာခွန်အားကိုပြန်ရရှိတယ်။မလိုအပ်တဲ့ Stress တွေမှာအားအင်ကုန်ခန်းနေမဲ့အစား Growth အတွက်ခွန်အားပြန်လည်စုစည်းနိုင်တယ်။
3.Expression-ခွန်အားအပြည့်နဲ့လုံခြုံမှုရှိတဲ့အချိန်မှာ ကြည်လင်ပြတ်သားမှု၊ဆန်းသစ်တီထွင်နိုင်မှု နဲ့ အမှန်တရားကိုလက်ကိုင်ထားပြီး သင်လိုချင်တဲ့တိုးတက်မှုအတွက် ရှေ့လှမ်းတက်နိုင်ပါပြီ။
🌱တိုးတက်ဖို့ကြိုးစားမှုဟာ ပူလောင်နေစရာမလိုပါဘူး။ ပန်းတွေလှပစွာပွင့်နိုင်ဖို့ အေးချမ်းတဲ့ ပတ်ဝန်းကျင်လိုအပ်သလို သင့်တိုးတက်မှုအတွက် ငြိမ်းချမ်းတဲ့ Zone တစ်ခုကိုကိုယ်တိုင်ဖန်တီးပါ။
Survival, Complacency နဲ့ Comfort Zone
ဘဝမှာ ကျွန်တော်တို့ရောက်ရှိတတ်တဲ့ Zone အမျိုးမျိုးကို လေ့လာကြည့်ရအောင်။
🚨တစ်နေကုန်အသားကုန်ကြိုးစားရုန်းကန်Hustleလုပ် ပြန်လာတော့ခြေကုန်လက်ပန်းကျ၊ ဒါတောင်အနားမယူနိုင်ပဲ အားအင်ကုန်ခန်းတဲ့အထိနေ့တိုင်းအလုပ်လုပ်နေရင် သင်ဟာ Survival Zone ထဲမှာရောက်နေတာပါ။ ကြိုးစားနေတယ်လို့တွေးပေမယ့် တကယ်တော့ Burnoutဖြစ်ဖို့သင့်ကိုယ်သင်တွန်းပို့နေတယ်ဆိုတာကိုမသိသေးပါဘူး။အချိန်တစ်ခုရောက်တော့မှ သင့်ခွန်အား၊ကျန်းမာရေး၊လူမှုရေးကိစ္စတွေဘယ်လောက်ထိဆုံးရှုံးခဲ့လဲဆိုတာသိရင် ပြင်ဖို့ခက်သွားပါပြီ။
❄️ မနက်မိုးလင်းအလုပ်သွား၊ ညနေကျပြန်လာပြီး တစ်ညလုံးဖုန်းပွတ်၊ ဇာတ်ကားကြည့်နေ့စဉ်လုပ်နေတယ်ဆိုရင်တော့ သင်ဟာ Complacency Zone ထဲမှာပါ။ လုံခြုံမှုကိုခံစားရပေမယ့် တိုးတက်မှုမရှိဘူး။ တစ်နေ့တာနာကျင်မှုကိုဖြေဖျောက်ဖို့အတွက် နေ့စဉ်အပန်းဖြေမှုကိုအားဆေးလိုသုံးစွဲနေရင် ဒီဘ၀မှာပဲ တဝဲလည်လည်ဖြစ်နေပါလိမ့်မယ်။
🌿Comfort Zone
ဘယ်သူ့မှဒါကိုတန်ဖိုးထားတတ်အောင်သင့်ကိုမပြဖူးဘူး။ဒီနေရာမှာလုံခြုံမှုကိုခံစားရလို တိုးတက်မှုလည်းရှိတယ်။ကြိုးစားမှု၊ခွန်အား နဲ့ အနားယူမှုတို့သာတူညီမျှမှုရှိပြီး ပြင်ပက Stress မုန်တိုင်းတွေဟာ သင့်စိတ်ထဲမှာလေပြေလေးတိုက်နေသလိုခံစားရလိမ့်မယ်။
ဒီ Comfort Zone ဟာပုံစံခွက်တစ်ခုထဲမှာရှိနေတာမဟုတ်သလို သင့်ရဲ့ကျွမ်းကျင်ပိုင်နိုင်စွာစီမံခန့်ခွဲနိုင်မှုပေါ်မူတည်ပြီး အများကြီးကျယ်ပြန့်လာနိုင်ပါတယ်။ တစ်ချိန်တုန်းက “အရင် Hustle လုပ်ပြီးမှ Healing လုပ်လို့ရတယ်” လို့ကျွန်တော်ယုံကြည်ခဲ့တယ်။ တကယ်တော့ Healing နဲ့ Hustling က Comfort Zone နဲ့မှာ အတူတကွရှိနေနိုင်တဲ့အရာကိုမျက်ဝါးထင်ထင်ဒီစာအုပ်လေးထဲမှာမြင်တွေ့ရမှာပါ။ အမြဲတမ်း “Hustle” လုပ်ဖို့ ဖိအားပေးခံနေရပြီး ပင်ပန်းနွမ်းနယ်နေသူတွေ ဒါမှမဟုတ် တိုးတက်မှုနဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုအပေါ် ကိုယ့်ရဲ့အမြင်တွေကို ပြန်လည်သတ်မှတ်ချင်သူတွေအတွက် ဒီစာအုပ်လေးကို Recommend ပေးပါရစေ။
ဒါဆို Burnout ခဏခဏဖြစ်အောင်တွန်းပို့နေတဲ့Hustle Culture ကလွတ်မြောက်ပြီး ကောင်းမွန်တဲ့ Zone တစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်ဖို့ ပထမဆုံးခြေလှမ်းကိုစလိုက်ကြရအောင်။
-
Add to cart
☹️ People Pleaser တစ်ယောက် ဖြစ်နေပြီလား?☹️
တစ်ခြားသူတွေရဲ့ အတွေးတွေက သင့်ကို လွှမ်းမိုးထားလား?
ကိုယ့်ခံစားချက်တွေကို မေးခွန်းထုတ်နေတတ်လား?
တစ်ချိန်လုံး တောင်းပန်နေတတ်လား?တခြားသူတွေနဲ့လိုက်လျောညီထွေဖြစ်စေဖို People Pleaser တွေဟာ ကိုယ်ပိုင်ခံစားချက်တွေ ကို မြိုသိပ်ထားတတ်ပြီး တစ်ချိန်လုံး သူများတွေကို အားနာတာရယ်၊ ထိခိုက်မှာ စိုးတာနဲ့ပဲ အနစ်နာခံပြီး နေထိုင်ကြပါတယ်။
ကိုယ်ပိုင် တန်ဖိုးတွေ ကျဆင်းသွားပြီး သူများတွေရဲ့ ပျော်တော်ဆက် ဘဝမှာပဲ ကျင်လည်နေကြတော့တယ်။
ဒါပေမယ့် တစ်ခြားသူတွေ အပေါ် ကောင်းတယ် ဆိုတာ အချိန်အတိုင်းအတာ တစ်ခုထိပဲ၊ ကိုယ်ပိုင် ခံစားချက်တွေကို ထိခိုက်လာပြီ ဆိုရင် တစ်ခုခု ပြောင်းလဲဖို စဉ်းစားရတော့မယ်။
😈 ဒီတော့ လူ မုန်းခံရမှာ မကြောက်ပါနဲ့။
သင့်မှာ တစ်ချိန်လုံး တဖျစ်တောက်တောက် ပြောနေတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေပြီ ဆိုရင် ရုန်းထွက်ဖို စတင် ကြိုးစားရတော့မယ်။Alfred Adler ရဲ့ Theory တွေကို အခြေခံထားတဲ့ ဒီစာအုပ်လေးက သင့် အမှန်တကယ် ပျော်ရွှင်မှုအတွက် အစချီတဲ့ စာအုပ်ကောင်း တစ်ခု ဖြစ်စေမှာပါ။
❌ People Blame❌
မကောင်းတာ လုပ်လည်း ပြောမှာပဲ၊ ကောင်းတာ လုပ်လည်း ပြောမှာပဲ။
ဒီတော့ လုပ်စရာ ရှိတာ လုပ်ပါ.
ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေက သင့် လုပ်ရပ်တွေကို တစ်ချိန်လုံး ကြည့်နေပြီး သင် အမှား တစ်ခုခု လုပ်မှာကို အမြဲတစေ စောင့်နေမှာပါပဲ။
ဒီတော့ သင့်အနေနဲ့ သူတို အပြစ်တင်တဲ့ စကားတွေကို နားထောင်လို ရတယ်၊ ဒါပေမယ့် သင့် လုပ်ရပ်တွေကို မထိခိုက်ပါစေနဲ့။
သူတို အပြစ်တင် ပြောစကားတွေက သင့်လုပ်ရပ်တွေကို နှောင့်နှေး ကြန့်ကြာစေမယ် ဆိုရင်တော့ သင့် အပြစ် ဖြစ်သွားပါပြီ။
နားထောင်ဖို၊ နား မထောင်ဖို ရွေးချယ်လိုရတယ်၊ သင့် ဆုံးဖြတ်ချက်တွေကို မထိခိုက်ပါစေနဲ့။🤨 ဆင်ခြေမပေးပါနဲ့။🤨
ကျွန်တော်တိုဟာ ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို ထက် ပို ကောင်းတဲ့ ဆင်ခြေတွေကို ရှာကြပါတယ်။
အတိတ်မှာပဲ နေထိုင်ဖို ရွေးချယ်ကြပြီး အနာဂတ်တွေကို စတေးလိုက်ကြပါတယ်။
ဆင်ခြေတွေကြားမှာ မျောပါပြီး တိတ်ဆိတ်စွာ နေထိုင်သွားကြပါတယ်။👑 ကိုယ့်ကိုယ်ကို မမုန်းပါနဲ့
ကိုယ့်ကိုယ်ကို မုန်းတာက အငုံစိတ်ကို ဖြစ်စေပါတယ်။ လှောင်အိမ်ထဲကနေ ဟိန်းနေတဲ့ ခြင်္သေ့တစ်ကောင်က တောအုပ်ရဲ့ ဘုရင် မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို မုန်းတီးမှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး ကိုယ့်အားနည်းချက်၊ အားသာချက်ကို လက်ခံနိုင်မယ့် ပတ်ဝန်းကျင် တစ်ခု ကို ရှာဖွေပါ။
အကောင်းဆုံး ကြိုးစားပါ။ ဘယ်တော့မှ လက်မလျော့ပါနဲ့ ။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ -
Add to cart
🙏🙏ကိုယ်တိုင်ထိန်းချုပ်နိုင်မှု – ပျော်ရွှင်မှုကိုလက်ခံနိုင်တဲ့သတ္တိ ( The Courage to be Happy )
ပျော်ရွှင်မှုကို လိုချင်တယ်လို့ပြောကြပေမယ့် တကယ်တမ်း ပျော်ရွှင်မှုကိုလက်ခံဖို့ကြတော့ လူတွေကစိုးရိမ်တတ်ကြတယ်။
“ဒီပျော်ရွှင်မှုနဲ့ ထိုက်တန်ရဲ့လား?” ဆိုတဲ့မေးခွန်းကို မုန့်လုံးစက္ကူကပ်သလို တွယ်ကပ်ထားပြီး အတိတ်ကို ပြန်ပြန်သတိရမိတတ်ကြတယ်။
ပျော်ရွှင်မှုကိုလက်ခံနိုင်ဖို့အရာဟာ သင်ကိုယ်တိုင်ဖန်တီးရတာပါ။
❌အတိတ်ကိုအပြစ်တင်စရာမလိုသလို
❌အချိန်ကောင်းကိုလည်းစောင့်စရာမလိုပါဘူး
❌ပျော်ရွှင်မှုဟာ “တစ်ချိန်ချိန်မှာ” သင့်ဆီရောက်လာမယ်လို့လည်းမတွေးပါနဲ့။
အခုချိန်မှာ သင့်မှာလက်ဆုပ်လက်ကိုင်ရှိနေတဲ့ အရာတွေနဲ့ဖန်တီးနိုင်တဲ့ ကျေနပ်နှစ်သိမ့်ခြင်းတွေကို ကြည်နူးခံစားတတ်အောင်သင်ယူပါ။
ဘ၀က ကျွန်တော်တို့ထင်သလိုအမြဲဖြစ်လာမှာမဟုတ်ဘူး။ လူတွေကသင့်ကိုတိုက်ခိုက်လိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်လက်ခံထားတဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်ထားတဲ့သင့်ကိုဘယ်အရာကမှ ဖျက်ဆီးနိုင်မှုမဟုတ်ပါဘူး။
အနာဂတ်မှာရှိမဲ့သင်သာ အချိန်ခရီးနောက်ပြန်လာလို့ရခဲ့ရင် ဒီခရီးလမ်းကိုလျှောက်လမ်းဖို့ သတ္တိမွေးခဲ့တဲ့အခုအချိန်ကိုကျေးဇူးတင်နေလိမ့်မယ်။
သင့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်နိုင်တယ်ဆိုတာကို လက်ခံသဘောပေါက်သွားရင် အနာဂတ်ဆိုတာ သင့်လက်ထဲမှာပါ။
-
Add to cart
Why have history’s greatest minds—from George Washington to Frederick the Great to Ralph Waldo Emerson, along with today’s top performers from Super Bowl-winning football coaches to CEOs and celebrities—embraced the wisdom of the ancient Stoics? Because they realize that the most valuable wisdom is timeless and that philosophy is for living a better life, not a classroom exercise.
The Daily Stoic offers 366 days of Stoic insights and exercises, featuring all-new translations from the Emperor Marcus Aurelius, the playwright Seneca, or slave-turned-philosopher Epictetus, as well as lesser-known luminaries like Zeno, Cleanthes, and Musonius Rufus. Every day of the year you’ll find one of their pithy, powerful quotations, as well as historical anecdotes, provocative commentary, and a helpful glossary of Greek terms.
By following these teachings over the course of a year (and, indeed, for years to come) you’ll find the serenity, self-knowledge, and resilience you need to live well.
-
Add to cart
The Fire Starter Sessions is an apathy-kicking, integrity-infusing guide to defining success on your own terms.
As the creator of DanielleLaPorte.com – deemed “the best place online for kick-ass spirituality”, Danielle LaPorte’s straight-talk life-and-livelihood sermons have inspired over one million people. Bold but empathetic, she reframes popular self-help and success concepts:
- Life balance is a myth, and the pursuit of it is causing us more stress then the craving for balance itself.
- Being well-rounded is overrated. When you focus on developing your true strengths, you enter your mastery zone.
- Screw your principles (they might be holding you back).
We have ambition backwards. Getting clear on how you want to feel in your life + work is more important than setting goals. It’s the most potent form of clarity that you can have, and it’s what leads to true fulfillment.
-
Add to cart
😁😁ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်အကြောင်း.😁😁
မျှော်လင့်ချက်၊နာကျင်မှုနဲ့ ပျော်ရွှင်မှုတို့ရဲ့ ဇာတ်လမ်း🌞ကြင်နာနွေးထွေးတဲ့အပြုံးနဲ့ အဖိုးကြီးတစ်ယောက် ကိုလူတွေမြင်ကြတယ်။
🔹အမှောင်ထုထဲပုန်းနေတဲ့အချိန် သူ့မိသားစုကို အရှေ့မှာဆွဲခေါ်သွားတာကိုမြင်ခဲ့ရတဲ့ကလေးတစ်ယောက် 🔹မရဏတရားနဲ့လက်တစ်ကမ်းအလိုမှာအသက်ရှင်ခဲ့သူ 🔹အရာရာအားလုံးကိုမုန်းတီးဖို့အကြောင်းပြချက်တွေမရေတွက်နိုင်အောင်ရှိခဲ့တဲ့လူတစ်ယောက် ဟာဒီအဖိုးကြီးပဲဆိုတာကိုလူတွေမသိကြဘူး။
သိနေတဲ့လူတွေကလည်းမပြောကြဘူး။ဒါပေမယ့် Eddie Jaku ဟာအရှုံးမပေးပဲ ဒီအခက်အခဲတွေကိုရင်ဆိုင်ခဲ့တယ်။
အသက်ရှင်သန်ဖို့သာမက ပျော်ရွှင်မှုကိုပါရွေးချယ်ပြီး နွေးထွေးတဲ့အပြုံးကိုပိုင်ဆိုင်ခဲ့တယ်။မိသားစု၊ အိမ်၊ လွတ်လပ်ခွင့် အရာ အားလုံးဆုံးရှုံးသွားတဲ့လူတစ်ယောက်အတွက်ပျော်ရွှင်မှုက ဘယ်မှာလဲ?
📌အရာအားလုံးကိုမုန်းတီးဖို့လောကကြီးကဖန်တီးပေးတဲ့အချိန်မှာ သူဟာအချစ်ကိုရွေးချယ်ခဲ့တယ်။
📌ဖျက်ဆီးခံရတဲ့တဲ့ဘ၀တစ်ခုကနေ အကြင်နာတရားနဲ့ခွန်အားတွေရခဲ့တယ်။
📌အမှောင်ထုရဲ့ဖုံးလွှမ်းမှုကို နွေးထွေးတဲ့အပြုံးတွေနဲ့တုန့်ပြန်ခဲ့တယ်။ငရဲကိုဖြတ်သန်းပြီးတဲ့အချိန် Eddie Jaku ဟာ နေ့တိုင်းကို အပြုံးနဲ့ဖြတ်သန်းဖို့ သူ့ဘ၀ကိုပြောင်းလဲစေတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။
“ငါ့စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသောဂလဲ့စားချေနည်းက ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်ဖြစ်ဖို့ပဲ “
“In my mind, this is really the best revenge, and it is the only revenge I am interested in – to be the happiest man on Earth.”- Eddie Jaku🔹ဘ၀ဆိုတာတိုတိုလေး
🔹ဝေဒနာအခက်အခဲဆိုတာရှောင်လွှဲလို့မရဘူး
🔹ဒါဆိုပျော်ရွှင်မှုကို ရွေးချယ်လို့ရလား ?သင်ဆုံးရှုံးသွားတဲ့အရာတွေမှာ ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ပျော်ရွှင်မှုမပါဝင်ပါဘူး။
သူတို့ဟာသင့်နှလုံးသားထဲက ခေါ်သံကိုစောင့်နေပါတယ်။
သင့်ရဲ့အမှောင်ထုကို ပြန်ပြုံးပြဖို့ သင်အဆင်သင့်ဖြစ်ပြီလား ? -
Add to cart
လူတိုင်းက မင်းလိုရိုးသားမယ်လို့။
မင်းယုံကြည်နေတုန်းပဲလား ?? 😔💔
“လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”
🙏 မင်းယုံကြည်ခဲ့တယ်။
🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
😇မင်းလို လူကောင်းတစ်ယောက်ဖြစ်ရမယ်လို့ တွေးခဲ့တယ်။
🛡️ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို့ ယုံခဲ့တယ်။ဒါပေမယ့်…
အဆုံးသတ်မှာ မင်းပဲ နာကျင်ရတယ်။
လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪ဘာကြောင့်လဲ???
နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺
သင့်စိတ်ထဲမှာ
🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လို့ထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လို့ထင်ခဲ့တယ်။
🔸လူတွေက “သင့်လိုယုံကြည်မယ်”လို့ထင်ခဲ့တယ်။
တကယ်တော့သူတို့ ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။
“The greatest danger is not the enemy you can see.
It’s the enemy you refuse to see.”
“ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖို့ငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”
သင်သတိမထားမိတဲ့
▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ
▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖို့အကွက်တွေ
▫️ဒေါသနဲ့ဖုန်းကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ
▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံ့ပုန်းဒေါသတွေအပြင်
▫️လူတွေရဲ့ရင်ထဲက Shadow လို့ခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖို့မကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။
ဒါဆိုဘာလုပ်မှာလဲ ?🤔
သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?
ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?
သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်ရဲ့အကြောင်းကို အလင်းဖွင့်လိုက်ပါ။
-
Add to cart
ကျွန်တော်တို အောင်မြင်မှုတွေကို အဟန့်အတား ဖြစ်စေတာက ကျွန်တော်တို ကိုယ်တိုင်ပါပဲ ရည်မှန်းချက် အိပ်မက်တွေကနေ အလှမ်းဝေးနေစေတာ ကျွန်တော်တိုပါပဲ ကျွန်တော်တိုမှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေရှိမယ်၊ ဖြစ်ချင်တဲ့ ဆန္ဒ တွေ ရှိတယ်၊ ဖြည့်ဆည်းပေးချင်တဲ့ သူတွေ ရှိမယ် ဒါပေမယ့် ကျွန်တော်တို မလုပ်နိုင်ကြသေးဘူး ဘာလိုလဲဆိုတော့ ခဏတာ သာယာမှုတွေကို ပိုမြင့်မားတဲ့ အောင်မြင်မှုတွေထက် ပိုအသားပေးနေလိုပါ။ Excuses တစ်နေ့ကုန် အလုပ်လုပ်ပြီးပြီ၊ တစ်ပတ်လုံး အလုပ်တွေ မရပ်မနားကြိုးစားပြီးပြီ စသဖြင့် ကျွန်တော်တိုဟာ ကိုယ့်ဘာသာကို သနားကြပါတယ်၊ တစ်နည်းအားဖြင့် ဆင်ခြေပေါ့ ကျွန်တော်တို ဖြစ်ချင်တဲ့ အိပ်မက်တွေထက် ခဏတာ သာယာမှုတွေကို ပို အသားပေးလိုက်တဲ့ အခါမှာ အနာဂတ်တွေဟာ တစ်ဖြည်းဖြည်း အလှမ်းဝေးလာပါတယ်။ Long-term gains တွေရဖိုအတွက် …
-
Add to cart
ခံစားချက်တွေကြောင့် ပင်ပန်းနေပြီလား ?.💤
⏳မပျော်ရွှင်ကြတဲ့ လူတွေကို ကြည့်လိုက်ရင် အများစုက အတိတ် နဲ့ အနာဂတ်မှာ နေကြတယ်။
အတိတ် မှာ နေတဲ့သူတွေက နောင်တ တွေ တပွေ့တပိုက်နဲ့ ဖြစ်ပြီး အနာဂတ်မှာ နေတဲ့သူတွေကတော့ စိတ်ပင်ပန်းမှုတွေ အပြည့်နဲ့ပေါ့။
ကျွန်တော်တိုက ကိုယ်ပိုင် လှောင်အိမ်ထဲမှာ နေတတ်ကြသူတွေ ဖြစ်ပြီး ကိုယ်ပိုင် အတွေးတွေ ထဲက မလွတ်မြောက်နိုင်တဲ့ သူတွေ ဖြစ်ကြတယ်။မနက် မိုးလင်းတာနဲ့ ပူပင်စရာတွေ အပြည့်နဲ့ နေထိုင်ကြပြီး ညဘက် အိပ်ရာထဲ ရောက်တဲ့ အထိ မပြီးဆုံးနိုင်ပါဘူး။
လှောင်အိမ်ထဲက ထောင်ပေါင်းများစွာသော ပူပင်မှုတွေနဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို အချိန်နဲ့ အမျှ ဖျက်ဆီးနေကြပါတယ်။သင့်ဘဝက ဘာ အဓိပ္ပာယ်မှ မရှိတော့ဘူးလို ခံစားနေရပြီဆိုရင်
၁. ဦးနှောက် ကိုပြန် ခိုင်းစေပါ။ 🧠
ဦးနှောက်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခု က မေ့နိုင်ခြင်းပဲ။ တစ်ပြိုင်နက်တည်းမှာပဲ ဦးနှောက်ရဲ့ အရည်အချင်း နောက်တစ်ခုက ပြဿနာတွေကို ဖြေရှင်းတာပါပဲ။ အဲ့တော့ တကယ်လို အပ်တဲ့ ပြဿနာတွေသာ မရှိတော့ဘူး ဆိုရင် ဦးနှောက်က ပြဿနာတွေကို ဖန်တီးတော့မှာပါပဲ။
ကျွန်တော်တိုဟာ အလေ့အကျင့်အရ ဦးနှောက်ရဲ့ ခိုင်းစေမှုအောက်မှာပဲ အမြဲတစေ ရှိနေတတ်ကြတာပါပဲ။ နောင်တ တွေ တပွေ့တပိုက်ကြီးနဲ့ နေလိုရတယ်၊ ပူပင်သောက အပြည့်နဲ့ ရုန်းကန်နေလိုရတယ်၊
ဒီတော့ သူ့ရဲ့ ခိုင်းစေမှု အောက်မှာ အမြဲနေထိုင်မယ်ဆိုရင် သင်ဟာ သင့်ခံစားချက်တွေ ဦးဆောင်မှုနောက်ကိုပဲ ရေလိုက်ငါးလိုက် မျောပါနေတဲ့ နောင်တ တွေ အပြည့်နဲ့ သူ တစ်ယောက် ဖြစ်နေမှာပဲ။၂. လှောင်အိမ်🔒
တကယ်လိုသာ မနက်ဖြန် မှာ သင် မရှိတော့ဘူးဆိုရင် ဒီနေ့ ပူပင်နေတဲ့ ကိစ္စတွေကို ဆက်ပြီး စဉ်းစားနေဦးမှာလား?
အများစုကတော့ NO လို ဖြေကြမှာပါပဲ။
ဒါဆိုရင် ဘာလို ဆက်လုပ်နေသေးလဲ?
ကျွန်တော်တိုဟာ ကိစ္စရပ်တိုင်းကို အသက်နဲ့ အမျှ အရေးကြီးတယ်လို ထင်ပြီး အကုန်လုံးကို ခေါင်းထဲမှာ ပွတ်သိပ်နေအောင် ထည့်ထားတတ်ကြတယ်။
အချိန်နဲ့ အမျှ ပွတ်သိပ်နေတဲ့အခါမှာ မွန်းကျပ်လာပြီး သာမန် ကိစ္စရပ်တွေမှာပါ အလွယ်တကူ စိတ်ဆိုး ဒေါသ ထွက်လာကြတယ်။
ကျွန်တော်ကတော့ ခဏခဏ ဒေါသ ထွက်နေတဲ့ သူတွေကို မြင်ရင် သနားတတ်လာတယ်။ သူတို ဘဝက သူတို ချမှတ်ထားတဲ့ လှောင်အိမ်ထဲမှာပဲ အချိန်နဲ့ အမျှ မွန်းကျပ်နေကြရတာကို….၃. ရုန်းထွက်ပါ👟
အရာရာတိုင်းက ရွေးချယ်မှုတွေ ပါပဲ။
မလုပ်ဖို ရွေးချယ်လို ရတယ်၊ လုပ်ဖြစ်အောင် လုပ်ဖို ဆုံးဖြတ်လိုရတယ်။
ကိုယ်ပိုင် လှောင်အိမ်ထဲမှာ ပိတ်မိနေတယ်ဆိုရင်၊ သူများတွေရဲ့ စိတ်ခံစားချက်တွေ အပေါ်မှာ လိုက်ပြီး နေထိုင်နေရရင်၊ ကိုယ်ပိုင် ပျော်ရွင်မှုတွေ အချိန် အတော်ကြာ ပျောက်ဆုံးနေပြီ ဆိုရင်
သင့်အတွက် တကယ် မှန်ကန်မယ့် ဆုံးဖြတ်ချက်ကို ချပါ။
ရုန်းထွက်ပါ။ပစ္စုပ္ပန်ဟာသင့်လက်ထဲမှာပါ။
-
Add to cart
💭💭💭သင့်အိမ်မက်တွေဘယ်နှစ်ခု အပြင်မှာတကယ်ဖြစ်လာပြီလဲ ?
အရင်တစ်ချိန်က ကျွန်တော် ကိုယ်ပိုင်ကားတစ်စီးလိုချင်ခဲ့တယ်။ ငါ့ကားလေးရှိလာရင် သွားချင်တဲ့နေရာသွားမယ်။ လိုင်းကားတိုးစီးပြီးနေ့တိုင်းအလုပ်သွားစရာလည်းမလိုတော့ဘူးဆိုပြီး အိမ်မက်တစ်ခုမက်ခဲ့ဘူးတယ်။
တစ်လမှလစာသုံးသိန်းဝန်းကျင်ရတဲ့ ကုမ္မဏီဝန်ထမ်းလေးတစ်ယောက်အတွက် ဒီအိမ်မက်ကအဝေးကြီးမှာပါ။
ဒီလိုနဲ့တစ်နေ့ Law of Attraction အကြောင်းကိုရှာတွေ့ပြီး လက်တွေ့သုံးကြည့်ဖိုဆုံးဖြတ်လိုက်တယ်။ ကျွန်တော်လိုချင်တဲ့ကားကမြိုတွင်းစီးဆိုတော့ Size သေးသေးလေး, Crazy Color လေးဖြစ်ရမယ် ခေတ်လည်းမှီရမယ် စသည်ဖြင့် ကျွန်တော့ရဲ့ကားလေးကို နေ့စဉ်နေ့တိုင်း Visualize လုပ်တယ်။
ဒီကားလေးကို ဘယ်နေရာမှာသိမ်းမလဲ ? ဘယ်မှာ Service အပ်ခိုင်းမလဲ စသည်ဖြင့် ကားလေးရှိလာရင်ဘာလုပ်မလဲဆိုတဲ့ စိတ်ထဲမှာပြင်ဆင်မှုတွေကိုခဏခဏစဉ်းစားတယ်။တဖြည်းဖြည်းနဲ့ ကျွန်တော့်အနားမှာ ကားအကြောင်းပြောပြတဲ့မိတ်ဆွေတွေ၊ ကားလုပ်ငန်းလုပ်တဲ့လူတွေရောက်ရှိလာတယ်။ စိတ်ဝင်စားစရာကားလေးတွေလာပြတဲ့သူတွေရှိလာတယ်။ အတူတူအလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ကူညီမှုနဲ့ ကျွန်တော်အိမ်မက်မက်ခဲ့ဘူးတဲ့ ကားလေးတစ်စီး ကျွန်တော့်လက်ထဲရောက်လာတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ Manifestation ကတကယ်ပြီးပြည့်စုံပြီး Universe ကတကယ်ကိုကူညီတဲ့အကြောင်းကိုလက်ခံသွားပါတယ်။
🌠🌠🌠“ကျွန်တော်တိုအားလုံးမှာ အိမ်မက်ကိုယ်စီရှိကြတယ်။”
နွေးထွေးတဲ့အိမ်လေးတစ်လုံး၊ ပြိုင်ကားတစ်စီး၊ တစ်လတစ်ခါ စိတ်ပူစရာမလိုတဲ့ဝင်ငွေစသည်ဖြင့် ကျွန်တော်တိုအားလုံးမှာအိမ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့်လူအများစုက ဒီအိမ်မက်တွေက အဝေးကြီးမှာရှိနေသလိုမဖြစ်နိုင်တဲ့အရာတွေလို ခံစားရပါတယ်။ ဒီအိမ်မက်တွေတကယ်လက်တွေ့ဖြစ်လာဖိုအတွက် နည်းလမ်းတွေရှိတယ်ဆိုရင် သင်ယုံမလား ?
ဒီလို သင့်အိမ်မက်တွေကို Universe ဆီကနေယူဖို Rhonda Byrne ရဲ့ The Secret ထဲမှာ Law of Attraction နဲ့ ကျင့်ကြံနေထိုင်နည်းကိုရှင်းပြထားပါတယ်။
– အတွေးတွေဟာ သံလိုက်ဓာတ်လိုမျိုး အလုပ်လုပ်တဲ့အကြောင်း
– Energy vessel ကို အသုံးချနည်း
– Visualization, Manifestation နည်းလမ်းတွေ အကြောင်း🏠KNOW Exactly What You Want
မင်းလိုချင်တဲ့အရာကိုအတိအကျသိပါ။
အိမ်လေးတစ်လုံးလိုချင်တယ်ဆိုတာက လိုချင်စိတ်ပဲဖြစ်တယ်။ ကိုယ်လိုချင်တဲ့အရာကိုတိတိကျကျ ပုံဖော်ပါ။
လုံးချင်းတိုက်လား၊ကွန်ဒိုလား? နှစ်ထပ်တိုက်လား၊ ၀ရန်တာထောင့်အခန်းလား ? ဘယ်နေရာမှာ ကားထားမှာလဲ ? အိမ်ခန်းဆေးအရောင်ကဘာအရောင်ဖြစ်မလဲစသည်ဖြင့် ကိုယ်လိုချင်တဲ့အရာကို တိတိကျကျမြင်ပါ။🙏BELIEVE that universe will give it to u
Universe က မင်းလိုတဲ့အရာကိုပေးမယ်ဆိုတာကိုယုံကြည်ပါ။
ဒီနေရာကတချိုသူတွေအတွက်အရမ်းခက်ခဲတဲ့အဆင့်တစ်ခုပါ။ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဒီအိမ်မက်တွေဟာ အဝေးကြီးမှာရှိနေတယ်လိုခံစားနေရနိုင်ပါတယ်။ ဒါတွေကိုကျော်ဖြတ်ဖို Visualization နည်းလမ်းတွေ Secret Shifter တွေအသုံးပြုလိုရပါတယ်။🎁RECEIVE what you want
Universe ကပေးတဲ့အရာတွေကိုရယူပါ။
ဘယ်လောက်ပဲသင်လိုချင်လိုချင် ရယူဖိုအဆင်သင့်မဖြစ်သေးရင် Universe ကသင့် ဆန္ဒတွေကို ချက်ခြင်းပေးစွမ်းမှာမဟုတ်သေးပါဘူး။ သင်လိုချင်တဲ့အရာတွေသင့်မှာရှိနေတယ်ဆိုတဲ့ အကောင်းမြင်တဲ့ ပြည့်စုံတဲ့စိတ်ထားနဲ့ နေထိုင်ပါ။ဒီလိုရိုးရှင်းတဲ့ Laws of attraction နည်းလမ်းတွေအပြင် ဒီစာအုပ်ကလေးထဲမှာ
☀️Universe က သင် အာရုံစိုက်နေတာတွေကို သင့်ကိုပြန်ပေးတယ် ။ စိတ်ညစ်စရာတွေကိုအာရုံစိုက်ရင် စိတ်ညစ်စရာတွေပဲရမယ်။
💭ခံစားချက်တွေကအတွေးတွေကိုပေးတယ်။ ပျော်ရွှင်မှုကိုခံစားရရင် ပျော်ရွှင်တဲ့အတွေးတွေနဲ့နေထိုင်ရလိမ့်မယ်။
🔊အတွေး၊အပြော၊အလုပ် အားလုံးဟာ သင့်ဆန္ဒနဲ့တစ်ထပ်တည်းကျအောင်နေထိုင်ပါ စတဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါဖော်ပြထားပါတယ်။မသိသူကျော်သွား၊ သိသူဖော်စား ဆိုတဲ့စကားပုံလိုမျိုးပဲ law of attraction ဆိုတာ တကယ်ကိုရှိပါတယ်။ အိမ်မက်တွေမက်နေသရွေ့တော့ သင်လိုချင်တဲ့အရာတွေဟာ အိမ်မက်ထဲမှာပဲရှိနေမှာပါ။ Abundance ဖြစ်တဲ့ ဘ၀ကိုရနိုင်ဖိုအတွက် Universe ကနေသင့်ကိုလာပေးနေတဲ့အရာတွေကို လက်ကိုင်ရယူနိုင်ဖို နည်းလမ်းတွေ, Energy/Resonance/Frequency တွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြီး သင့်ဆန္ဒတွေကိုဖြည့်ဆည်းနိုင်မယ့်နည်းလမ်းတွေကို ဒီမှာရှာဖွေလိုက်ပါ။
-
Add to cart
ပထမဆုံးပြောချင်တာက စာအုပ်က ခက်ထန်တယ်၊ကြမ်းတမ်းတယ်။ ဖတ်နေရင်းနဲ့ အရှိက်ကိုအထိုးခံရသလို “Oof” ဆိုပြီးခံစားရမယ်။
ဒီစာအုပ်ကလေးနဲ့အတူ မင်းရဲ့အရင်ကတလွဲအမှားတွေကို ခနဲ့တဲ့တဲ့ရယ်မောလိမ့်မယ် ပြီးတော့မှ စာအုပ်ကိုပိတ် မျက်နှာကျက်ကိုကြည့်ပြီး “ငါဒါတွေ အရင်ကဘာကြောင့်နားမလည်ခဲ့တာလဲ” လိုတွေးလိမ့်မယ်။
ဒါကကြီးမားတဲ့အခက်အခဲတစ်ခုတော့မဟုတ်ပါဘူး။ သင့်ရဲ့လိုအပ်ချက်ကိုကိုယ်တိုင်သိရှိနားလည်ခြင်းဟာ အနာဂတ်မှာတည်ဆောက်မဲ့ တိုးတက်မှုတွေအတွက် မျိုးစေ့တစ်ခုဖြစ်ပါတယ်။Why Men love B*** စာအုပ်ကို မိန်းမကျမ်းလိုခေါ်ရင် The Way of The Superior Man က ယောင်္ကျားကျမ်းလိုပြောလိုရပေမယ့် တိုးတက်မှုကိုလိုချင်သူ တွေအားလုံးအတွက်သင့်လျော်ပါတယ်။လိုင်းပေါ်က SIGMA Male တွေ၊ ALPHA Male တွေအစား တကယ်တန်ဖိုးရှိတဲ့ Superior Manတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ဖို လမ်းစဉ်တွေကို မီးမောင်းထိုးပြထားတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ဒီစာအုပ်ဟာ စာမျက်နှာပေါ်ကစာလုံးတွေထက် အံ့အားသင့်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတဲ့ခရီးတစ်ခုလိုခံစားရမှာပါ။
သင့်ရဲ့
😨အကြောက်တရားကိုသတ္တိရှိရှိရင်ဆိုင်နိုင်ဖို
🎯ဘ၀ရည်မှန်းချက်ကို ရဲရဲဝံ့ဝံ့ချမှတ်နိင်ဖို
🤝အဓိပ္ပါယ်ရှိတဲ့ပေါင်းသင်းဆက်ဆံရေးတွေတည်ဆောက်နိုင်ဖိုနဲ့
🧘♂️စစ်မှန်တဲ့လူတစ်ယောက်ဖြစ်ဖို အတွက် ဒီစာအုပ်မှာ ဘာသင်ခန်းစာတွေပါမလဲ?🥅ဘ၀ဟာ အဓိပ္ပါယ်မရှိတာမဟုတ်ပါဘူး သင့်မှာရည်ရွယ်ချက်ရှိမနေတာပါ။
ရည်ရွယ်ချက်မရှိပဲနေထိုင်တာဟာ အဓိပ္ပါယ်မရှိပဲအသက်ရှင်နေတာနဲ့အတူတူပဲဆိုတာကို စာရေးဆရာကပြောပြထားပါတယ်။ အခုချိန်မှာ သင့်မှာရည်ရွယ်ချက်မရှိသေးဘူးဆိုရင် ဒီအရာကသင့်အရှိက်ကိုအထိုးခံရသလိုခံစားစေရမယ့်အကောင်းဆုံးအပိုင်းတစ်ခုလည်းဖြစ်တယ်။သင့်ရဲ့ ပျော်ရွှင်မှု၊ အလုပ်၊ ပေါင်းသင်းဆက်ဆံရေးတွေအကုန်လုံးဟာ ရည်ရွယ်ချက်ဆိုတာမရှိရင် အရာအားလုံးဟာ အလဟဿဖြစ်သလိုအမြဲခံစားနေရမှာပါ။
ခဏရပ်ပြီးစဉ်းစားကြည့်ရအောင် 🤔
-သင်လိုချင်တဲ့အရာတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုကိုပေးဆပ်ရင်း ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာမလား ?
-သင်မလိုချင်တဲ့အရာပေါင်းမြောက်များစွာအတွက် ရည်ရွယ်ချက်မရှိပဲ လေလွင့်မှုထဲမှာ အချိန်ဖြုန်းမလား ?💫အားနည်းချက်ဟာ ပျော့ညံ့မှုမဟုတ်ဘူး
HOD တစ်ယောက်အနေနဲ့ ကျွန်တော် ကုမ္မဏီအလုပ်လုပ်ခဲ့စဉ်က Chairman ပြောခဲ့တဲ့ “ If you’re too strong, no one would dare to help you and you’ll be all alone in your strength. If you’re vulnerable, everyone wants to help you”
“မင်းအရမ်း သန်မာလွန်းရင် မင်းကိုဘယ်သူမှကူညီကြမှာမဟုတ်ပဲနဲ့ မင်းရဲ့သန်မာမှုထဲမှာပဲမင်းအထီးကျန်ရလိမ့်မယ်။ မင်းရဲ့အားနည်းချက်ကိုပြရင် မင်းကိုကူညီမယ့်လူတွေပေါ်လာလိမ့်မယ်” ဆိုတဲ့စကားကိုအခုအချိန်ထိ ကျွန်တော်မှတ်မိနေသေးတုန်းပါ။ Relationship တစ်ခုတည်ဆောက်တဲ့အချိန်၊ Team building လုပ်တဲ့အချိန်တွေမှာ မိမိရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့သူတွေရှိနေဖိုလိုအပ်ပါတယ်။ သင့်ရဲ့အားနည်းချက်ကို လက်မခံပဲကာကွယ်ဖိုအတွက် အကာအရံတွေအထပ်ထပ်ကာရံထားခြင်းဟာ စစ်မှန်တဲ့သင့်ကိုနေရာမှန်ရောက်စေဖို အတားအဆီးတစ်ခုဖြစ်နေပါလိမ့်မယ်။⚡️ယောင်္ကျားစွမ်းအင် နဲ့မိန်းမ စွမ်းအင်နှစ်ခုရဲ့အစွန်းနှစ်ခု
David Deida က ယောင်္ကျားစွမ်းအင် (Masculine Energy) နဲ့ မိန်းမစွမ်းအင် (Feminine Energy) နှစ်ခုကို လောကကြီးကိုသာတူညီမျှဖြစ်နေအောင်ဖန်တီးပေးနေတဲ့စွမ်းအင် နှစ်ခုအနေနဲ့ပုံဖော်ထားပါတယ်။ ယောင်္ကျားစွမ်းအင် (Masculine Energy) ဟာ ရည်ရွယ်ချက်ရှိမှု၊အာရုံစူးစိုက်မှုနဲ့ စနစ်တကျဖြစ်မှုအတွက်တည်ရှိနေသလို မိန်းမစွမ်းအင် (Feminine Energy) ဟာလည်း တီထွင်မှု၊ အလှတရားနဲ့ စိတ်ခံစားမှုတိုအတွက်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါဟာ ယောင်္ကျားမိန်းမခွဲခြားမှုမဟုတ်ပဲနဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို သဘာ၀ကတီထွင်ပေးလိုက်တဲ့ စွမ်းအင်နှစ်ခုကို စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖို၊ တီထွင်ဖန်တီးဉာဏ်တွေကိုဖွင့်ဟဖိုနဲ့ မိမိကိုယ်ကိုလက်ခံနိုင်ဖို အရေးကြီးတဲ့စွမ်းအင်နှစ်ခုပါ။🐉အကြောက်တရားဟာ သင့်ရဲ့ရန်သူမဟုတ်ဘူး
ကျွန်တော်တိုနဲ့မရင်းနှီးတဲ့ပြဿနာ၊ အတွေ့အကြုံမရှိဖူးတဲ့ အခက်အခဲမျိုးနဲ့ကြုံမိရင် အကြောက်တရားကိုခံစားမိတာဟာ သဘာ၀ပါ။ ကြောက်စိတ်က သင်တန်ဖိုးထားတဲ့အရာတွေနဲ့ သင့်ရဲ့ လုံခြုံမှုအတွက် စိတ်မချနိုင်သေးဘူးဆိုတာကိုပြတာဖြစ်တယ်။ ဒါကို သင့်ကိုယ်ပိုင်ကန့်သတ်ချက်ရဲ့ဘောင်တစ်ခုလိုမြင်ရင် သင်တိုးတက်နေတာ၊ ထပ်မံတိုးတက်ဖို အခွင့်အရေးတွေရှိနေသေးတယ်ဆိုတာကို ကြောက်စိတ်ကမြင်အောင်ပြပေးနေတာဖြစ်ပါတယ်။ ကြောက်စိတ်ကိုရှောင်ပြေးမဲ့အစား ရဲရင့်တဲ့ စိတ်ဓာတ်ခွန်အား “ငါဒါကိုကျော်ဖြတ်နိုင်တယ်” ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ။ ဒီစိတ်ကိုနားလည်အောင်လုပ်ပါ။သူ့ရဲ့သင်ခန်းစာတွေကိုလေ့လာမှတ်သားပါ။ မုန်တိုင်းတွေအကုန်ကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာ တိုက်လာတဲ့လေပြေအေးအေးလေးတွေက သင့်နှလုံးသားကို အနှောင်အဖွဲတွေကလွတ်မြောက်စေပါလိမ့်မယ်။💖တကယ်ကိုလေးနက်ခိုင်မာတဲ့နှလုံးသားနဲ့တန်ဖိုးရှိတဲ့လူတစ်ယောက် တကယ်ဖြစ်ချင်ပြီဆိုရင်ဒီစာအုပ်ကလေးကသင့်ကို တန်ဖိုးရှိတဲ့သင်ခန်းစာတွေအများကြီးပေးပါလိမ့်မယ်။ ပေါ့ပျက်ပျက်စာလုံးတွေအစား ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်သူဖြစ်ဖိုအတွက်လိုအပ်တဲ့နည်းစနစ်တွေနဲ့ လိုက်နာရမယ့်ကျင့်စဉ်တွေ ပါဝင်တဲ့ ဒီစာအုပ်ကလေးနဲ့အတူ အံကိုကြိတ်၊ ခေါင်းကိုမော့ပြီး ဘ၀ရဲ့အခက်အခဲတွေကိုရဲရင့်စွာရင်ဆိုင်လိုက်ပါ။
-
Add to cart
လူတွေက မိမိကိုယ်ကို အချစ်ဆုံး ဖြစ်ပြီး မိမိ အမြင်ကို မလေးစားဆုံး သူတွေ ဖြစ်တယ်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
လူတွေရဲ့ ဦးနှောဏ်က ဒီအခြေအနေတွေ သုံးခုထဲက တစ်ခုထဲမှာ အမြဲတမ်းနီးပါး ရှိနေတတ်ပါတယ်။တစ်ချို လူကြီးတွေမှာ မြင်တွေ့ရတဲ့ အရာတစ်ခုကတော့ သူတိုက အတိတ် ထဲမှာ နေကြပါတယ်။ သူတို လက်ရှိအချိန်တစ်ခုကို သတိမပြုနိုင်ပဲ အတိတ်က အောင်မြင်မှုတွေ၊ အတိတ်က မှားယွင်းမှုတွေ၊ အတိတ်က နောင်တတွေနဲ့ပဲ နေထိုင်ပါတယ်။ လက်ရှိအမှန်တရားကတော့ ခုချိန်မှာ သူတို ဘာမှ မဟုတ်တော့ပါဘူး။ သူတိုက ပစ္စုပ္ပန်ကို မေ့လျော့ပြီး အတိတ်ထဲမှာပဲ ရှင်သန်နေထိုင်ရင်း ပူလောင်နေကြပါတယ်။
အတိတ်ကို သူတို ဘာမှ ပြန်ပြင်လို မရပါဘူး။ ဒါပေမယ့် သူတို ပြန်ပြင်ဖို ကြိုးစားနေရင်း ပူလောင်နေကြပါတယ်။Accept, Accept, Accept
လူတွေက မိမိကိုယ်ကို အချစ်ဆုံး ဖြစ်ပြီး မိမိ အမြင်ကို မလေးစားဆုံး သူတွေ ဖြစ်တယ်။ သူများ ဝေဖန်စကားတွေကို မိမိ အမြင်ထက် ပိုမို အလေးထားကြပြီး ဝေဖန်မှုတွေ အောက်မှာ မွန်းကျပ်နေကြပါတယ်။ တစ်ခြားသူဖြစ်စေချင်တဲ့ Perfection တစ်ခုကို မသိစိတ်ကနေ အလိုလို ကြိုးစားနေမိတတ်ပါတယ်။
အဘိုးအို၊ လူငယ်နဲ့ မြင်း တစ်ကောင် ပုံပြင်လိုပါပဲ။ လူတွေက သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ အဘက်ဘက်က ဝေဖန်နေကြမှာပါပဲ။
တစ်ခြားသူတွေရဲ့ ဝေဖန်မှုတွေကို နားမယောင်ပါနဲ့။ မိမိရဲ့ ဖြစ်တည်မှုကို လက်ခံပါ။Perfect Imperfection
ဂျပန်နိုင်ငံရဲ့ ကွဲနေတဲ့ ခွက်တွေကို အရောင်တွေနဲ့ ပြန်လည် ရှင်သန်စေခြင်း
Kintsugi ဆိုတာကတော့ ဂျပန်နိုင်ငံမှာ ပျက်ဆီးယိုယွင်းသွားတဲ့ ခွက်တွေကို ရွှေအစားသွင်းပြီး ပြန်လည် ပြုပြင်မွမ်းမံတာပဲ ဖြစ်ပါတယ်။ ပျက်ဆီးသွားတဲ့ ခွက်တွေကို ဒီတိုင်းမထားပဲနဲ့ ရွှေနဲ့ ကွဲရာတွေကို ပုံဖော်လိုက်တဲ့အခါမှာ “Perfect Imperfection” နဂို ခွက်ထက် ပိုမိုလှပသော ခွက်တွေ ဖြစ်လာပါတယ်။
ကျွန်တော်တို အင်တာဗျူး ဖြေတာ ကျတယ်၊ စာမေးပွဲ ကျတယ်၊ လုပ်ငန်း အရှုးပေါ်တယ်။ ဒါတွေကို အမှားလို သတ်မှတ်ပြီး ယုံကြည်ချက် ပျောက်ဆုံးကြတယ်။ အမြင့်ဆုံး ရောက်နိုင်ဖိုအတွက် အခက်အခဲ တွေတော့ ရှိနေမှာပါပဲ။ ဒါတွေကို အမှားတွေလို မယူဆပဲနဲ့ ခရီး ပိုရောက်လာတယ်လို သတ်မှတ်လိုက်ပါ။
အမှားတွေကို မပစ်ပယ်ပဲနဲ့ ပိုကောင်းအောင် ပြင်ဆင်လိုက်တဲ့အခါမှာ ပို ကောင်းမွန်ထင်ရှားလာပါတယ်။Lesson from Ourselves
လူတွေ မေ့လျော့နေကြတဲ့ အချက်တစ်ခုက ကျွန်တော်တိုက Perfect Life တစ်ခုဖြစ်လာဖို အတွက် စောင့်နေစရာ မလိုပါဘူး။ ကျွန်တော်တို ဖြစ်လေ့ရှိတာကတော့ “ဘယ်အခြေအနေရောက်မှ, ဘာဖြစ်လာမှ” စသဖြင့် Perfect ဖြစ်လာမယ့် အချိန်တစ်ခုကို စောင့်မျှော်နေတတ်ကြပါတယ်။
ဒါပေမယ့် အသက်ရှင်နေဖိုအတွက် Perfect ဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို အမှားတွေ လုပ်ကြမယ်၊ ပြန်ပြင်ကြမယ်၊ ပိုကောင်းတဲ့ အချိန် ရောက်လာပါမယ်။
Perfection အခြေအနေတစ်ခုကို စောင့်နေမယ့်အစား လက်ရှိအခြေအနေ တစ်ခုမှာ အကောင်းဆုံး နေနိုင်အောင် ကြိုးစားရပါမယ်။စာအုပ်က ကျွန်တော် ရေးထားတာထက် အင်မတန်မှ ပို တန်ဖိုးရှိပါတယ်။ စာအုပ်က ပေးတဲ့ အနှစ်သာရတွေကို ကျွန်တော့် ဖော်ပြချက်တွေက မမှီပါဘူး။
Imperfection တွေကို လက်ခံရင်း Perfect Life ရနိုင်ပါစေ။

















