Category: Psychology

  • “တိုးတက်မှုက Comfort Zoneရဲ့အပြင်မှာရှိတယ်။Comfort Zone ထဲကနေမင်းရုန်းထွက်ဖို့လိုတယ်။ Comfort Zone ဟာ မင်းရဲ့ရန်သူပဲ။”

    တစ်ချိန်တုန်းကဒီစကားကို ကျွန်တော်တပ်တပ်မက်မက်ယုံကြည်ခဲ့တယ်။ ဒါကြောင့်လည်း သက်တောင့်သက်သာဖြစ်အောင် တယ်ဆိုတာကိုရှက်စရာလို့ခံစားမိခဲ့တယ်။အမြဲတမ်း “ငါကြိုးစားနေတာမလုံလောက်သေးဘူး” ဆိုတဲ့အကြောင်းပြချက်နဲ့ Stress ရှိရင်တိုးတက်နေတာ။အနားယူတယ်ဆိုတာပျော့ညံ့တဲ့သူတွေအတွက်ဆိုပြီးယုံကြည်ခဲ့တယ်။

    ဒါကအမှန်မဟုတ်ဘူးလို့ပြောရင် သင်ဘယ်လိုတုန့်ပြန်မှာလဲ?

    “တိုးတက်မှု အစစ်အမှန်ဆိုတာ ကိုယ်တထစ်ချယုံကြည်ထားတဲ့အရာကိုမေးခွန်းပြန်ထုတ်ပြီး ပြောင်းလဲမှုကိုလက်ခံရဲတဲ့သတ္တိပဲ “

    ဒီစာအုပ်ကိုသူငယ်ချင်းက Recommend ပေးတဲ့အချိန်မှာ Title ကိုကြည့်ပြီး စိတ်ထဲတော့နည်းနည်း Doubt ဖြစ်မိသေးတယ်။ ဒါပေမယ့် ကိုယ့် Belief ကို challenge လုပ်ကြည့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖတ်ကြည့်မိလိုက်တဲ့အခါမှာ

    👉Comfort (သက်တောင့်သက်သာဖြစ်မှု) ဆိုတာ ရန်သူမဟုတ်တဲ့အကြောင်း

    👉ရေကုန်ရေခန်း ကြိုးစားမှုဟာ တစ်ခုတည်းသောနည်းလမ်းမဟုတ်တဲ့အကြောင်း

    👉ငြိမ်းချမ်းမှုကိုရှာဖွေနိုင်တာလာလည်း တိုးတက်မှုဖြစ်တဲ့အကြောင်းကို နားလည်မိတယ်။

    🔺 The S.E.E. Pyramid:တိုးတက်မှုအတွက် အုတ်မြစ်သုံးခု

    စာရေးသူ Kristen Butler ကရှင်းလင်းပြတ်သားပြီး စိတ်ဓာတ်ခွန်အားပေးတဲ့ စာအရေးအသားနဲ့ S.E.E. Pyramid ဟာ တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေဖြစ်ကြောင်း ရှင်းပြထားပါတယ်-

    1.Safety- စိတ်နဲ့ခန္ဒာလုံခြုံမှုကိုခံစားရတာဟာအခြေခံအုတ်မြစ်ပဲ။ မလုံခြုံမှုဟာသင့်ကိုရုန်းကန်နေရတယ်ဆိုတဲ့ Stress ကိုပေးတယ်။

    2.Energy-လုံခြုံမှုကိုခံစားရတဲ့အချိန်မှာခွန်အားကိုပြန်ရရှိတယ်။မလိုအပ်တဲ့ Stress တွေမှာအားအင်ကုန်ခန်းနေမဲ့အစား Growth အတွက်ခွန်အားပြန်လည်စုစည်းနိုင်တယ်။

    3.Expression-ခွန်အားအပြည့်နဲ့လုံခြုံမှုရှိတဲ့အချိန်မှာ ကြည်လင်ပြတ်သားမှု၊ဆန်းသစ်တီထွင်နိုင်မှု နဲ့ အမှန်တရားကိုလက်ကိုင်ထားပြီး သင်လိုချင်တဲ့တိုးတက်မှုအတွက် ရှေ့လှမ်းတက်နိုင်ပါပြီ။

    🌱တိုးတက်ဖို့ကြိုးစားမှုဟာ ပူလောင်နေစရာမလိုပါဘူး။ ပန်းတွေလှပစွာပွင့်နိုင်ဖို့ အေးချမ်းတဲ့ ပတ်ဝန်းကျင်လိုအပ်သလို သင့်တိုးတက်မှုအတွက် ငြိမ်းချမ်းတဲ့ Zone တစ်ခုကိုကိုယ်တိုင်ဖန်တီးပါ။

    Survival, Complacency နဲ့ Comfort Zone

    ဘဝမှာ ကျွန်တော်တို့ရောက်ရှိတတ်တဲ့ Zone အမျိုးမျိုးကို လေ့လာကြည့်ရအောင်။

    🚨တစ်နေကုန်အသားကုန်ကြိုးစားရုန်းကန်Hustleလုပ် ပြန်လာတော့ခြေကုန်လက်ပန်းကျ၊ ဒါတောင်အနားမယူနိုင်ပဲ အားအင်ကုန်ခန်းတဲ့အထိနေ့တိုင်းအလုပ်လုပ်နေရင် သင်ဟာ Survival Zone ထဲမှာရောက်နေတာပါ။ ကြိုးစားနေတယ်လို့တွေးပေမယ့် တကယ်တော့ Burnoutဖြစ်ဖို့သင့်ကိုယ်သင်တွန်းပို့နေတယ်ဆိုတာကိုမသိသေးပါဘူး။အချိန်တစ်ခုရောက်တော့မှ သင့်ခွန်အား၊ကျန်းမာရေး၊လူမှုရေးကိစ္စတွေဘယ်လောက်ထိဆုံးရှုံးခဲ့လဲဆိုတာသိရင် ပြင်ဖို့ခက်သွားပါပြီ။

    ❄️ မနက်မိုးလင်းအလုပ်သွား၊ ညနေကျပြန်လာပြီး တစ်ညလုံးဖုန်းပွတ်၊ ဇာတ်ကားကြည့်နေ့စဉ်လုပ်နေတယ်ဆိုရင်တော့ သင်ဟာ Complacency Zone ထဲမှာပါ။ လုံခြုံမှုကိုခံစားရပေမယ့် တိုးတက်မှုမရှိဘူး။ တစ်နေ့တာနာကျင်မှုကိုဖြေဖျောက်ဖို့အတွက် နေ့စဉ်အပန်းဖြေမှုကိုအားဆေးလိုသုံးစွဲနေရင် ဒီဘ၀မှာပဲ တဝဲလည်လည်ဖြစ်နေပါလိမ့်မယ်။

    🌿Comfort Zone

    ဘယ်သူ့မှဒါကိုတန်ဖိုးထားတတ်အောင်သင့်ကိုမပြဖူးဘူး။ဒီနေရာမှာလုံခြုံမှုကိုခံစားရလို တိုးတက်မှုလည်းရှိတယ်။ကြိုးစားမှု၊ခွန်အား နဲ့ အနားယူမှုတို့သာတူညီမျှမှုရှိပြီး ပြင်ပက Stress မုန်တိုင်းတွေဟာ သင့်စိတ်ထဲမှာလေပြေလေးတိုက်နေသလိုခံစားရလိမ့်မယ်။

    ဒီ Comfort Zone ဟာပုံစံခွက်တစ်ခုထဲမှာရှိနေတာမဟုတ်သလို သင့်ရဲ့ကျွမ်းကျင်ပိုင်နိုင်စွာစီမံခန့်ခွဲနိုင်မှုပေါ်မူတည်ပြီး အများကြီးကျယ်ပြန့်လာနိုင်ပါတယ်။ တစ်ချိန်တုန်းက “အရင် Hustle လုပ်ပြီးမှ Healing လုပ်လို့ရတယ်” လို့ကျွန်တော်ယုံကြည်ခဲ့တယ်။ တကယ်တော့ Healing နဲ့ Hustling က Comfort Zone နဲ့မှာ အတူတကွရှိနေနိုင်တဲ့အရာကိုမျက်ဝါးထင်ထင်ဒီစာအုပ်လေးထဲမှာမြင်တွေ့ရမှာပါ။ အမြဲတမ်း “Hustle” လုပ်ဖို့ ဖိအားပေးခံနေရပြီး ပင်ပန်းနွမ်းနယ်နေသူတွေ ဒါမှမဟုတ် တိုးတက်မှုနဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုအပေါ် ကိုယ့်ရဲ့အမြင်တွေကို ပြန်လည်သတ်မှတ်ချင်သူတွေအတွက် ဒီစာအုပ်လေးကို Recommend ပေးပါရစေ။

    ဒါဆို Burnout ခဏခဏဖြစ်အောင်တွန်းပို့နေတဲ့Hustle Culture ကလွတ်မြောက်ပြီး ကောင်းမွန်တဲ့ Zone တစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်ဖို့ ပထမဆုံးခြေလှမ်းကိုစလိုက်ကြရအောင်။

    Add to cart
  • 95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓

    သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍
    သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛️
    သူဟာအသုံးချခံဖိုဝန်မလေးသလို။⚖️
    သူဟာဖျက်ဆီးဖိုလည်းမတုန့်ဆိုင်းဘူး💥။
    သူ့စည်းမျဉ်းတွေကိုလိုက်နာတဲ့သူတွေအတွက် တိုးတက်မှုကိုပေးစွမ်းသလို။📈
    သူ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူတွေအတွက် ပျက်ဆီးမှုကိုယူဆောင်ပေးတယ်။☠️
    သူကဘာလဲ ?🐍

    💔ကျွန်တော်တို နာကျင်နေချိန် ကြင်နာမှုနဲ့ခွန်အားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ဖိုလိုအပ်လာတဲ့အချိန်မှာ ခွန်အားရှိတဲ့လူကိုရွေးချယ်လိမ့်မယ်။ စကားလုံးတွေထက် လုပ်ရပ်တွေကိုလူတွေသဘောကျနှစ်ခြိုက်တယ်ဆိုတာ ကိုသိတဲ့လူအတွက် **ပါဝါ** ဟာ သူ့အတွက်ရုပ်သေးရုပ်တစ်ခုထက်မပိုဘူး။

    🪨“ဘယ်တော့မှမငြင်းခုံနဲ့ အလုပ်နဲ့ပဲသက်သေပြ” ဆိုတဲ့ Michelangelo ရဲ့လက်ထဲက ဖုန်မှုန့်လေးတွေရဲ့ဥပမာဟာ ပါဝါရဲ့လှည့်စားနိုင်စွမ်းကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ “ဆိတ်ဆိတ်နေထောင်တန်” “Always Says Less Than Necessary” ဆိုတာ မိသားစုထမင်းဝိုင်းလေးတွေကနေစပြီး Cooperate Executive Meeting တွေအထိ စကားလုံးတွေရဲ့တန်ဖိုးကိုရောင်ပြန်ဟပ်စေတယ်။
    🐺ပါဝါဟာ သူ့ကိုမလေးစားတဲ့လူကိုစွန့်ခွာပြီး သူ့ကိုထိန်းချုပ်နိုင်တဲ့လူနဲ့ အမြဲနေတယ်။

    🎃သင်မသိသေးတာလား?
    😱ဒါမှမဟုတ် သိဖိုငြင်းဆန်နေတာလား ?

    အတုအယောင် မျက်နှာဖုံးတွေရဲ့အနောက်မှာဘာတွေရှိနေမလဲ?🎭
    ဘ၀ရဲ့ဇာတ်ခုံပေါ်မှာ ဘယ်ကစားကွက်တွေဟာလှလှပပ ကပြနေမလဲ ?
    ဘယ်အရာတွေကအမှန်လဲ ?
    ⚔️ ဘဝရဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ဒီကမ္ဘာကြီးရဲ့ သရုပ်မှန်ကို မြင်နိုင်ဖို့၊ ကိုယ်ပိုင်ဘဝ ဇာတ်ခုံကို မိမိကိုယ်တိုင် ဦးဆောင်နိုင်ဖို့ ဒီလျှို့ဝှက်ချက်တွေထဲကို ရဲဝံ့စွာ လှမ်းဝင်လိုက်ပါ။

    Add to cart
  • လူတိုင်းက မင်းလိုရိုးသားမယ်လို။
    မင်းယုံကြည်နေတုန်းပဲလား ?? 😔💔

    “လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”

    🙏 မင်းယုံကြည်ခဲ့တယ်။
    🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
    🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
    😇မင်းလို လူကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို တွေးခဲ့တယ်။
    🛡ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို ယုံခဲ့တယ်။

    ဒါပေမယ့်…
    အဆုံးသတ်မှာ မင်းပဲ နာကျင်ရတယ်။
    လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪
    ဘာကြောင့်လဲ???
    နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺

    သင့်စိတ်ထဲမှာ
    🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လိုထင်ခဲ့တယ်။
    🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လိုထင်ခဲ့တယ်။
    🔸လူတွေက “သင့်လိုယုံကြည်မယ်”လိုထင်ခဲ့တယ်။
    တကယ်တော့သူတို ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။

    “The greatest danger is not the enemy you can see.
    It’s the enemy you refuse to see.”
    “ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖိုငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”

    သင်သတိမထားမိတဲ့
    ▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ
    ▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖိုအကွက်တွေ
    ▫️ဒေါသရဲ့ဖုံးကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ
    ▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံပုန်းဒေါသတွေအပြင်
    ▫️လူတွေရဲ့ရင်ထဲက Shadow လိုခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖိုမကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။

    ဒါဆိုဘာလုပ်မှာလဲ ?🤔
    သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?
    ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?

    သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်အသိဉာဏ်တံခါး အလင်းဖွင့်လိုက်ပါ။

    Add to cart
  • ☹️ People Pleaser တစ်ယောက် ဖြစ်နေပြီလား?☹️
    တစ်ခြားသူတွေရဲ့ အတွေးတွေက သင့်ကို လွှမ်းမိုးထားလား?
    ကိုယ့်ခံစားချက်တွေကို မေးခွန်းထုတ်နေတတ်လား?
    တစ်ချိန်လုံး တောင်းပန်နေတတ်လား?

    တခြားသူတွေနဲ့လိုက်လျောညီထွေဖြစ်စေဖို People Pleaser တွေဟာ ကိုယ်ပိုင်ခံစားချက်တွေ ကို မြိုသိပ်ထားတတ်ပြီး တစ်ချိန်လုံး သူများတွေကို အားနာတာရယ်၊ ထိခိုက်မှာ စိုးတာနဲ့ပဲ အနစ်နာခံပြီး နေထိုင်ကြပါတယ်။
    ကိုယ်ပိုင် တန်ဖိုးတွေ ကျဆင်းသွားပြီး သူများတွေရဲ့ ပျော်တော်ဆက် ဘဝမှာပဲ ကျင်လည်နေကြတော့တယ်။
    ဒါပေမယ့် တစ်ခြားသူတွေ အပေါ် ကောင်းတယ် ဆိုတာ အချိန်အတိုင်းအတာ တစ်ခုထိပဲ၊ ကိုယ်ပိုင် ခံစားချက်တွေကို ထိခိုက်လာပြီ ဆိုရင် တစ်ခုခု ပြောင်းလဲဖို စဉ်းစားရတော့မယ်။
    😈 ဒီတော့ လူ မုန်းခံရမှာ မကြောက်ပါနဲ့။
    သင့်မှာ တစ်ချိန်လုံး တဖျစ်တောက်တောက် ပြောနေတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေပြီ ဆိုရင် ရုန်းထွက်ဖို စတင် ကြိုးစားရတော့မယ်။

    Alfred Adler ရဲ့ Theory တွေကို အခြေခံထားတဲ့ ဒီစာအုပ်လေးက သင့် အမှန်တကယ် ပျော်ရွှင်မှုအတွက် အစချီတဲ့ စာအုပ်ကောင်း တစ်ခု ဖြစ်စေမှာပါ။

    ❌ People Blame❌
    မကောင်းတာ လုပ်လည်း ပြောမှာပဲ၊ ကောင်းတာ လုပ်လည်း ပြောမှာပဲ။
    ဒီတော့ လုပ်စရာ ရှိတာ လုပ်ပါ.
    ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေက သင့် လုပ်ရပ်တွေကို တစ်ချိန်လုံး ကြည့်နေပြီး သင် အမှား တစ်ခုခု လုပ်မှာကို အမြဲတစေ စောင့်နေမှာပါပဲ။
    ဒီတော့ သင့်အနေနဲ့ သူတို အပြစ်တင်တဲ့ စကားတွေကို နား‌ထောင်လို ရတယ်၊ ဒါပေမယ့် သင့် လုပ်ရပ်တွေကို မထိခိုက်ပါစေနဲ့။
    သူတို အပြစ်တင် ပြောစကားတွေက သင့်လုပ်ရပ်တွေကို နှောင့်နှေး ကြန့်ကြာစေမယ် ဆိုရင်တော့ သင့် အပြစ် ဖြစ်သွားပါပြီ။
    နားထောင်ဖို၊ နား မထောင်ဖို ရွေးချယ်လိုရတယ်၊ သင့် ဆုံးဖြတ်ချက်တွေကို မထိခိုက်ပါစေနဲ့။

    🤨 ဆင်ခြေမပေးပါနဲ့။🤨
    ကျွန်တော်တိုဟာ ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို ထက် ပို ကောင်းတဲ့ ဆင်ခြေတွေကို ရှာကြပါတယ်။
    အတိတ်မှာပဲ နေထိုင်ဖို ‌ရွေးချယ်ကြပြီး အနာဂတ်တွေကို စတေးလိုက်ကြပါတယ်။
    ဆင်ခြေတွေကြားမှာ မျောပါပြီး တိတ်ဆိတ်စွာ နေထိုင်သွားကြပါတယ်။

    👑 ကိုယ့်ကိုယ်ကို မမုန်းပါနဲ့
    ကိုယ့်ကိုယ်ကို မုန်းတာက အငုံစိတ်ကို ဖြစ်စေပါတယ်။ လှောင်အိမ်ထဲကနေ ဟိန်းနေတဲ့ ခြင်္သေ့တစ်ကောင်က တောအုပ်ရဲ့ ဘုရင် မဟုတ်ပါဘူး။
    ကိုယ့်ကိုယ်ကို မုန်းတီးမှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး ကိုယ့်အားနည်းချက်၊ အားသာချက်ကို လက်ခံနိုင်မယ့် ပတ်ဝန်းကျင် တစ်ခု ကို ရှာဖွေပါ။
    အကောင်းဆုံး ကြိုးစားပါ။ ဘယ်တော့မှ လက်မလျော့ပါနဲ့ ။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။

    Add to cart
  • 🙏🙏ကိုယ်တိုင်ထိန်းချုပ်နိုင်မှု – ပျော်ရွှင်မှုကိုလက်ခံနိုင်တဲ့သတ္တိ ( The Courage to be Happy )

     

    ပျော်ရွှင်မှုကို လိုချင်တယ်လို့ပြောကြပေမယ့် တကယ်တမ်း ပျော်ရွှင်မှုကိုလက်ခံဖို့ကြတော့ လူတွေကစိုးရိမ်တတ်ကြတယ်။

    “ဒီပျော်ရွှင်မှုနဲ့ ထိုက်တန်ရဲ့လား?” ဆိုတဲ့မေးခွန်းကို မုန့်လုံးစက္ကူကပ်သလို တွယ်ကပ်ထားပြီး အတိတ်ကို ပြန်ပြန်သတိရမိတတ်ကြတယ်။

     

    ပျော်ရွှင်မှုကိုလက်ခံနိုင်ဖို့အရာဟာ သင်ကိုယ်တိုင်ဖန်တီးရတာပါ။

    ❌အတိတ်ကိုအပြစ်တင်စရာမလိုသလို

    ❌အချိန်ကောင်းကိုလည်းစောင့်စရာမလိုပါဘူး

    ❌ပျော်ရွှင်မှုဟာ “တစ်ချိန်ချိန်မှာ” သင့်ဆီရောက်လာမယ်လို့လည်းမတွေးပါနဲ့။

     

    အခုချိန်မှာ သင့်မှာလက်ဆုပ်လက်ကိုင်ရှိနေတဲ့ အရာတွေနဲ့ဖန်တီးနိုင်တဲ့ ကျေနပ်နှစ်သိမ့်ခြင်းတွေကို ကြည်နူးခံစားတတ်အောင်သင်ယူပါ။

     

    ဘ၀က ကျွန်တော်တို့ထင်သလိုအမြဲဖြစ်လာမှာမဟုတ်ဘူး။ လူတွေကသင့်ကိုတိုက်ခိုက်လိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်လက်ခံထားတဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်ထားတဲ့သင့်ကိုဘယ်အရာကမှ ဖျက်ဆီးနိုင်မှုမဟုတ်ပါဘူး။

     

    အနာဂတ်မှာရှိမဲ့သင်သာ အချိန်ခရီးနောက်ပြန်လာလို့ရခဲ့ရင် ဒီခရီးလမ်းကိုလျှောက်လမ်းဖို့ သတ္တိမွေးခဲ့တဲ့အခုအချိန်ကိုကျေးဇူးတင်နေလိမ့်မယ်။

    သင့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်နိုင်တယ်ဆိုတာကို လက်ခံသဘောပေါက်သွားရင် အနာဂတ်ဆိုတာ သင့်လက်ထဲမှာပါ။

    Add to cart
  • 🌟 🌟 ပျော်ရွှင်မှုရဲ့အားသာချက် : အောင်မြင်မှုအတွက်အကောင်းမြင်စိတ်ရဲ့ခွန်အား🌟🌟

    ပျော်ရာမှာမနေ၊ တော်ရာမှာနေရတယ်ဆိုတဲ့စကားနဲ့အတူ ကျွန်တော်တို သင်ခဲ့ရတဲ့ပျော်ရွှင်မှုဖော်မြူလာကဒီလိုမျိုး
    ⚒️ကြိုးစားမှု —> 🏆အောင်မြင်မှု—> 😊ပျော်ရွှင်မှု
    ပျော်အောင်မနေနဲ့ အရင်ကြိုးစား၊ အောင်မြင်မှုရလာရင် ပျော်ရွှင်ရလိမ့်မယ်။
    ဒါတကယ်ရောအလုပ်ဖြစ်ရဲ့လား ❓

    တကယ်တော့ အောင်မြင်မှုဖော်မြူလာအမှန်ကဒီလိုပါ။
    😊ပျော်ရွှင်မှု + ☀️အကောင်းမြင်စိတ် —> 📈အောင်မြင်မှု

    📊Shawn Achor ရဲ့ Happiness Advantage ထဲမှာပျော်ရွှင်တဲ့သူတွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတိုမှာပိုမိုစွမ်းဆောင်နိုင်ခြင်းကို သုသေသနစမ်းသပ်မှုတွေအရတွေ့ရှိရတဲ့အကြောင်းကိုပြောပြထားပါတယ်။ လူအယောက် 275,000 ကိုပြုလုပ်ခဲ့တဲ့စမ်းသပ်မှုအခု 200 ကျော်မှာ
    💰ပျော်ရွှင်တဲ့အရောင်းဝန်ထမ်းတွေဟာ – 37% ပိုရောင်းနိုင်ကြတယ်
    🩺ပျော်ရွှင်တဲ့ဆရာဝန်တွေဟာ – 19% ပိုမြန်ပြီးတိကျတဲ့ရောဂါရှာဖွေမှုကိုပိုလုပ်နိုင်တယ်
    🎨တီထွင်ဖန်တီးမှုကို ပုံမှန်ထက် 3 ဆဖန်တီးနိုင်တာကိုလေ့လာတွေ့ရှိခဲ့ပါတယ်
    👌အကောင်းမြင်တတ်တဲ့စိတ်ဟာ ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုကိုလျော့ချပေးပြီး ကျန်းမာတဲ့ဘ၀ကိုပိုင်ဆိုင်စေပါတယ်။

    📏ဟုတ်ပါပြီ. ဒါဆိုပျော်ရွှင်မှုကို နံပါတ်တပ်လိုရသလား ?
    ရပါတယ်… ပျော်ရွှင်မှုနံပါတ်က 2.901 ( 3:1 ) ပါ။
    ဘယ်လို 3:1 လဲ ရှင်းပြပါဦး?
    ခံစားရတဲ့ မကောင်းမြင်စိတ် (Negative emotion) တစ်ခုအတွက် အကောင်းမြင်စိတ် (Positive emotion) 3 ခုလိုအပ်ပါတယ်။ သဘောတရားက ကိုယ်လက်ခံလိုရတဲ့ပျော်ရွှင်မှုလေးတွေကိုမငြင်းပယ်ပဲ လက်ခံပြီး နေ့စဉ်ကြုံတွေ့နေရတဲ့ မကောင်းတဲ့အရာတွေကိုတန်ပြန်နိုင်အောင် အမြဲကိုယ့်ရင်ထဲမှာ ပျော်ရွှင်မှုလေး သုံးခုအနည်းဆုံးသိမ်းထားဖိုလိုအပ်တယ်။ ဒါကြောင့် မနက်တိုင်းကောင်းချီးပေးတာ၊ လမ်းဘေးက ပန်းလေးတစ်ပွင့်ရဲ့ အလှကိုခံစားတာစသည်ဖြင့် စိတ်ပျော်ရွှင်စေမယ့်အရာလေးသေးသေးလေးတွေကို အမြဲလုပ်ဖိုလိုအပ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကနေ အမြဲအကောင်းမြင်တတ်တဲ့စိတ်ကိုရရှိလာပါလိမ့်မယ်။

    🛑အဆင်မပြေမှုဟာ အမြင်အာရုံကိုကျဉ်းမြောင်းသွားစေပြီး အတွေးတွေကိုပိတ်မိစေတတ်တဲ့အကြောင်းလဲသိထားဖိုလိုပါမယ်။ အခက်အခဲတစ်ခုကြုံရင် ကျွန်တော်တိုဦးနှောက်ဟာ ပြသနာကိုအာရုံစိုက်လိုက်တဲ့အတွက် အပြင်မှာရှိနေတဲ့အရာတွေကိုမမြင်နိုင်တော့ပဲ Fight or Flight response ထဲမှာပိတ်မိသွားတတ်ပါတယ်။ ဒီအချိန်တွေမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရပြီးတော့ ကြည်လင်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို အကောင်းမြင်စိတ်ရဲ့စွမ်းဆောင်မှုဟာ အရမ်းအသုံးဝင်ပါတယ်။ ဒီလိုအကောင်းမြင်စိတ်ကိုတည်ဆောက်ဖိုအတွက်
    1️⃣Zorro Circle
    2️⃣Tetris Effect နှစ်ခုကို စာရေးသူကရှင်းပြထားပါတယ်။

    ⚔️Zorro Circle
    ဂန္တဝင်ဓားသမားတစ်ယောက်ဖြစ်တဲ့ Zorro ဟာသူလေ့ကျင့်တဲ့အချိန်မှာ မြေကြီးပေါ်စက်ဝိုင်းလေးတစ်ခုရေးဆွဲ၊ ဒီစက်ဝိုင်းကို သူ့ကမ္ဘာလိုသတ်မှတ်ပြီး စက်ဝိုင်းရဲ့အပြင်ကိုမထွက်ပဲလေ့ကျင့်ခဲ့ပါတယ်။ သင်ဖြေရှင်းဖိုခက်ခဲတဲ့ ပြသနာအကြီးကြီးနဲ့ကြုံလာတဲ့အချိန်မှာ Zorro Circle တစ်ခုဖန်တီးပြီး ပြသနာရဲ့တစ်စိတ်တစ်ပိုင်းကိုအရင်ဖြေရှင်းပါ၊ ဖြေရှင်းပြီးရင် နောက်ထပ် Zorro Circleတွေတစ်ခုပြီးတစ်ခုဖန်တီးရင်း သင်ကြုံတွေ့ရတဲ့ပြသနာဟာ အလိုလိုပြီးမြောက်သွားတတ်တာ သတိပြုမိပါလိမ့်မယ်။ သုံးပေါင်ကိတ်မုန့်ကြီးတစ်ခုလုံးကိုဘယ်လိုစားမလဲဆိုပြီး အခက်အခဲတစ်ခုလုံးကိုပူပန်နေမယ့်အစား ကိတ်မုန့်သေးသေးလေးတွေတဖြည်းဖြည်းချင်းစားရင်းနဲ့ နောက်ဆုံးမှာပန်းကန်ပဲကျန်ခဲ့သလို ပြသနာသေးသေးလေးတွေကိုအရင်ဆုံးအဖြေရှာရင်း ပြသနာကြီးကိုဖြေရှင်းပါ။

    🎮Tetris Effect
    ဦးနှောက်ရဲ့အကောင်းဆုံး Ability တစ်ခုက Pattern Recognition ပါ။ ကျွန်တော်တိုလူတွေမွေးလာကတည်းက Build in ပါလာတဲ့ First Instinct တစ်ခုဆိုလည်းမမှားပါဘူး။ Tetris Effect ကကျွန်တော်တိုနေ့စဉ်တည်ဆောက်နေတဲ့ စိတ်ခံစားမှု အမူအကျင့်တွေဟာ ကောင်းမွန်တဲ့ နေထိုင်မှုကိုဖန်တီးနိုင်သလို ဆိုးရွားတဲ့ ခံစားချက်တွေကိုလည်းတည်ဆောက်နိုင်တဲ့အကြောင်းရှင်းပြထားပါတယ်။ တစ်နေကုန် Complain တက်၊ အော်ငေါက်နေတဲ့ အလုပ်ခွင်က Negative Emotion ထဲမှာနေထိုင်ရတဲ့လူတစ်ယောက်က အိမ်ပြန်ရောက်ချိန်မှာပျော်ရွှင်နိုင်မလား ဆိုတာကိုတွေးကြည့်ပါ။ Negative Emotion ပေါ်မှာအဆင်မပြေမှုကိုထပ်ဆောက်၊ အဆင်မပြေမှုအပေါ်မှာစိတ်မချမ်းသာမှုကိုထပ်ဆောက်ဆိုတာမျိုးဖြစ်နေရင် ကျေနပ်တဲ့ဘ၀ကိုမရသလို အောင်မြင်မှုနဲ့အလှမ်းဝေးနေဦးမှာပါ။ အဲ့ဒီ့အစား Positive Pattern တွေဖြစ်တဲ့ Skill တိုးတက်အောင်လုပ်တာ၊ အမှားတွေကနေသင်ခန်းစာယူပြီး အနာဂတ်အတွက်ပြင်ဆင်တာဆိုတဲ့ Positive Emotion တွေကိုနေ့စဉ်တည်ဆောက်ရင် တဖြည်းဖြည်းပိုမိုပျော်ရွှင်ကျေနပ်မှုတွေနဲ့အတူ ပိုကောင်းတဲ့ အခွင့်အလမ်းတွေရောက်ရှိလာပါလိမ့်မယ်။

    🔧“Give me a lever long enough and a fulcrum on which to place it, and I shall move the world.” Archimedes
    လုံလောက်တဲ့အရှည်ရှိတဲ့ လီဗာတစ်ခုနဲ့ ဆုံချက်တစ်ခုသာပေး၊ ငါကမ္ဘာကြီးကိုရွှေ့ပြမယ် ဆိုတဲ့ Archimedes ရဲ့ဆိုရိုးတစ်ခုရှိပါတယ်။
    🛠လီဗာရဲ့အရှည်= သင့်ရဲ့လုပ်နိုင်စွမ်းအား၊ ကြိုးစားနိုင်တဲ့ပမာဏ
    🎯ဆုံချက် = သင့်ရဲ့စိတ်ထား
    ဒါက သင်မှာဘယ်လောက်ပဲကြိုးစားနိုင်တဲ့ပမာဏရှိပါစေ လိုအပ်တဲ့ဆုံချက်စိတ်ထားတစ်ခုမရှိရင် သင်လိုချင်တဲ့အမြင့်ကိုရောက်မှာမဟုတ်ပါဘူး။ သတိမထားမိပဲ မှားယွင်းတဲ့ ဆုံချက်မှာ စိတ်ဓာတ်ကိုသွားထားမိလိုက်ရင် ပိုဆိုးရွားတဲ့အတွေ့အကြုံတွေကိုတောင်ခံစားရနိုင်ပါတယ်။ ကြိုးစားမှုတစ်ခုတည်းနဲ့သာမက အကောင်းမြင်စိတ်ဆုံချက်ကိုတည်ဆောက်မှသာ သင်လိုချင်တဲ့အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။

    နေ့စဉ်မနက်တိုင်း🌅🌅🌅
    🙏ကောင်းချီးပေးပါ။
    🧘တရားထိုင်ပါ။
    📖 ဂျာနယ်ရေးပါ။
    👟လေ့ကျင့်ခန်းလုပ်ပါ။
    💗ဂရုဏာတရားမွေးပါ။

    ✨ပျော်ရွှင်မှုဟာ အောင်မြင်မှုရဲ့ရလဒ်တစ်ခုမဟုတ်ပါဘူး။ ပျော်ရွှင်မှုဟာ အောင်မြင်မှုအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။✨
    အောင်မြင်မှုနောက်ကိုလိုက်ရင်း သင့်ရဲ့ပျော်ရွှင်မှုကိုငြင်းပယ်နေတာကိုရပ်တန့်လိုက်ပါ။သင့်ရဲ့ အကောင်းမြင်စိတ်တွေကို ဘယ်သူ့မှမတားဆီးနိုင်ပါဘူး။ ပျော်ရွှင်တဲ့နေထိုင်မှုဟာ အောင်မြင်မှုကိုအမြန်ဆုံးရောက်ရှိစေမယ့်နည်းလမ်းဆိုတာကိုနားလည်ပြီး အောင်မြင်မှုရဲ့အနောက်က ပျော်ရွှင်မှုတွေအတွက် အခုပစ္စုပ္ပန်ကို မစတေးပါနဲ့။ အကောင်းမြင်စိတ်နဲ့တကွ ပျော်ရွှင်တဲ့နည်းလမ်းတွေကိုတည်ဆောက်ပြီး အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေလို ဆုတောင်းရင်း…

    Add to cart
  • 🎓 ဉာဏ်ကောင်းတဲ့လူတွေဟာ အရာရာထက် တစ်ပန်းသာတယ်ဆိုတာကိုလက်ခံသလား ?
    ရုပ်ရှင်တွေထဲမှာ အရမ်းထက်မြက်တဲ့ ဇာတ်လိုက်တွေ ( Death Note ထဲက L, Peaky Blinders ထဲက Thoma Shelby, Code Geass ထဲက Lelouch ) တိုကိုကြည့်ဖူးကြမှာပေါ့။ သူတိုဟာသူမတူတဲ့ဉာဏ်ရည်နဲ့ လူများထက် အကွက်ပေါင်းများစွာ ကြိုတင်တွေးနိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက်ကြောင့် လူအများရဲ့လေးစားချီးမြှောက်မှုကိုခံရတယ်။ ဉာဏ်ရည်အဆင့်အတန်းမြင့်မားသူတွေဟာ သူတိုလိုချင်တဲ့အရာကိုအလွယ်တကူဖန်တီးနိုင်တဲ့အတွက် သူ့တိုဘ၀ကို အားကျစရာလိုလူတွေကမြင်ကြတယ်။

    💩ဒါဆို အပြင်လောကမှာ Smart ဖြစ်တယ်လို ကျွန်တော်တိုထင်ထားတဲ့လူတွေဟာ တလွဲဆုံးဖြတ်ချက်တွေ ချတတ်ကြတာလဲ ?

    အရမ်းတော်နေတဲ့လူတစ်ယောက်က သောက်တလွဲဆုံးဖြတ်ချက်တွေမချတတ်ဘူးလို သင်ထင်နေရင် တက်တက်စင်အောင်လွဲပါလိမ့်မယ်။ ဂန္တဝင်မြောက်အောင်နာမည်ကြီးတဲ့လူတွေနဲ့ ကမ္ဘာ့အကောင်းဆုံးနေရာတွေမှာလုပ်နေတဲ့လူတွေတောင် ဒီထောင်ချောက်ထဲမိနေတတ်ပါတယ်။
    🟥2008 စီးပွားပျက်ကပ်
    🟥1986 NASA Challenger အာကာသယာဉ်ပျက်ကျမှု စတဲ့မှားယွင်းမှုအကြီးကြီးတွေဖြစ်စေခဲ့တဲ့အကြောင်းရင်းကို သိချင်သလား ?

    📒ဘယ်သူတွေဖတ်သင့်သလဲ?
    ▫️ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချနေရတဲ့ Management နယ်ပယ်ထဲကလူတွေ
    ▫️စွမ်းဆောင်နိုင်ရည်အပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ရာထူး၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် လမ်းကြောင်းရှာချင်သူတွေ
    ▫️Mental Ability နဲ့ Cognitive Power ကိုပိုတိုးတက်အောင်လေ့လာချင်တဲ့သူတွေ အတွက်

    📙စာအုပ်နာမည်က “The Intelligence Trap” ပါ။

    ❌တစ်ခါတစ်လေမှာ သင့်ဦးနှောက်ကတစ်စုံတစ်ခုကိုတားဆီးနေတယ်လိုခံစားရလိမ့်မယ် (ဥပမာ-တစ်ခုခုကို သင်လုပ်ဖိုလိုအပ်နေပြီဆိုတာမျိုး)။ ဒါပေမယ့် ဘာကိုလုပ်ရမလဲဆိုတာ မသိဘူး။

    🧠သင့်ဦးနှောက်မှာ သင့်ရဲ့အကောင်းဆုံးစိတ်ကူးတွေကိုတောင်အလွယ်တကူဖျက်ဆီးပစ်နိုင်တဲ့ ထောင်ချောက်တွေရှိနေတတ်တယ်။ဒီထောင်ချောက်တွေဟာ သင်ထင်ထားတာထက် သင့်ကိုပိုလွှမ်းမိုးနိုင်ပြီး သောက်တလွဲအတွေးတွေကိုတောင် ဓမ္မဓိဌာန်ကျတဲ့အတွေးတွေလိုထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ဒါကို စာရေးသူ David Robson က “Intelligence is raw processing power. But rationality is the ability to steer that power effectively.” “ ဉာဏ်ပညာဟာ အကြမ်းထည်စဉ်းစားနိုင်စွမ်းရှိတာဖြစ်ပြီး ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်တုံတရားနဲ့တွေးခေါ်နိုင်မှုဟာ ဒီဉာဏ်ပညာကိုအကောင်းဆုံးအသုံးချနိုင်တာဖြစ်တယ်” လိုပြောထားပါတယ်။

    😈ဉာဏ်ကောင်းရုံနဲ့တင်မလုံလောက်ပါဘူး။ The Intelligence Trap ကိုနားမလည်ရင် သင်ဟာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေလျက်နဲ့ သောက်တလွဲဆုံးဖြတ်ချက်တွေကိုချမိနေဦးမှာပါ။ ပညာရှင်တစ်ယောက်လို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ဖိုဆိုတာ သင်လိုအပ်နေတဲ့နေရာတွေကိုနားလည်သဘောပေါက်ပြီး ပိုကောင်းအောင်ပြုပြင်နိုင်မှုကနေလာပါတယ်။

    ဒီစာအုပ်ကလေးထဲမှာ
    🔹ထက်မြက်တဲ့လူတွေဟာ ဘက်လိုက်တွေးခေါ်မှု(Biased Thinking)တွေကြောင့် အကြံသစ်တွေကိုလက်မခံနိုင်ပဲကျရှုးရတဲ့အကြောင်းတွေ (Earned Dogmatism)
    🔹နည်းနည်းပဲသိတဲ့လူက အများကြီးသိတယ်လိုထင်ပြီး အများကြီးသိတဲ့လူက နည်းနည်းပဲသိတယ်လိုထင်တဲ့ (Dunning-Kruger Effect)
    🔹(The Curse Of Knowledge) တစ်ခုခုကို “မသိ” ဖိုဆိုတဲ့အရာဟာ “သိ”အောင်ကြိုးစားတာထက်ပိုခက်ခဲတဲ့ အသိပညာရဲ့ကျိန်စာအကြောင်း
    🔹အခက်အခဲကြုံတိုင်းအလွယ်ဆုံးနည်းလမ်းနဲ့ဖြေရှင်းဖိုကြိုးစားတဲ့ ဦးနှောက်ရဲ့ “Cognitive Miser Mode”
    🔹အကြွင်းမဲ့ယုံကြည်မှုကို လက်မလွှတ်အောင် ဆင်ခြေတွေပေးတတ်တဲ့ “Motivated Reasoning” ဆိုတဲ့အရာတွေရဲ့အကြောင်းကို တ၀ကြီးလေ့လာရမှာပါ။

    🧑‍🏫Smart Person တစ်ယောက်လိုမတွေးပဲ သူငယ်တန်းကျောင်းသားလေးတွေကိုစာသင်ပေးရသလို အရိုးရှင်းဆုံးဖြေရှင်းချက်ကိုတွေးတောနိုင်တဲ့ Feynman Technique စတဲ့အသုံးပြုနိုင်တဲ့နည်းလမ်းတွေလည်းပါဝင်ပါတယ်။

    ⚡️ဉာဏ်ကောင်းရုံသာမက ဆင်ခြင်တုံတရားနဲ့ကျိုးကြောင်းဆီလျော်စွာတွေးခေါ်နိုင်တဲ့သူတွေဟာ ရှေ့လျောက်အနာဂတ်ကို ဦးဆောင်ကြပါလိမ့်မယ်။

    တွေးခေါ်မှုတွေရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြီး ကန့်သတ်ချက်တွေကိုကျော်လွှားနိုင်ဖို David Robson ရဲ့ The Intelligence Trap နဲ့အတူ ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ချနိုင်ဖို သင် အဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • လူတိုင်းက မင်းလိုရိုးသားမယ်လို့။

    မင်းယုံကြည်နေတုန်းပဲလား ?? 😔💔

     

    “လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”

     

    🙏 မင်းယုံကြည်ခဲ့တယ်။
    🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
    🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
    😇မင်းလို လူကောင်းတစ်ယောက်ဖြစ်ရမယ်လို့ တွေးခဲ့တယ်။
    🛡️ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို့ ယုံခဲ့တယ်။

    ဒါပေမယ့်… 

    အဆုံးသတ်မှာ  မင်းပဲ နာကျင်ရတယ်။
    လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪

    ဘာကြောင့်လဲ???

    နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺

     

    သင့်စိတ်ထဲမှာ

    🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လို့ထင်ခဲ့တယ်။

    🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လို့ထင်ခဲ့တယ်။

    🔸လူတွေက “သင့်လိုယုံကြည်မယ်”လို့ထင်ခဲ့တယ်။

    တကယ်တော့သူတို့ ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။

     

    “The greatest danger is not the enemy you can see.

    It’s the enemy you refuse to see.” 

    “ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖို့ငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”

     

    သင်သတိမထားမိတဲ့

    ▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ

    ▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖို့အကွက်တွေ

    ▫️ဒေါသနဲ့ဖုန်းကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ

    ▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံ့ပုန်းဒေါသတွေအပြင်

    ▫️လူတွေရဲ့ရင်ထဲက Shadow လို့ခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖို့မကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။

     

    ဒါဆိုဘာလုပ်မှာလဲ ?🤔

    သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?

    ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?

     

    သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်ရဲ့အကြောင်းကို  အလင်းဖွင့်လိုက်ပါ။

    Add to cart
  • ကျွန်တော်တို အောင်မြင်မှုတွေကို အဟန့်အတား ဖြစ်စေတာက ကျွန်တော်တို ကိုယ်တိုင်ပါပဲ ရည်မှန်းချက် အိပ်မက်တွေကနေ အလှမ်းဝေးနေစေတာ ကျွန်တော်တိုပါပဲ ကျွန်တော်တိုမှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေရှိမယ်၊ ဖြစ်ချင်တဲ့ ဆန္ဒ တွေ ရှိတယ်၊ ဖြည့်ဆည်းပေးချင်တဲ့ သူတွေ ရှိမယ် ဒါပေမယ့် ကျွန်တော်တို မလုပ်နိုင်ကြသေးဘူး ဘာလိုလဲဆိုတော့ ခဏတာ သာယာမှုတွေကို ပိုမြင့်မားတဲ့ အောင်မြင်မှုတွေထက် ပိုအသားပေးနေလိုပါ။ Excuses တစ်နေ့ကုန် အလုပ်လုပ်ပြီးပြီ၊ တစ်ပတ်လုံး အလုပ်တွေ မရပ်မနားကြိုးစားပြီးပြီ စသဖြင့် ကျွန်တော်တိုဟာ ကိုယ့်ဘာသာကို သနားကြပါတယ်၊ တစ်နည်းအားဖြင့် ဆင်ခြေပေါ့ ကျွန်တော်တို ဖြစ်ချင်တဲ့ အိပ်မက်တွေထက် ခဏတာ သာယာမှုတွေကို ပို အသားပေးလိုက်တဲ့ အခါမှာ အနာဂတ်တွေဟာ တစ်ဖြည်းဖြည်း အလှမ်းဝေးလာပါတယ်။ Long-term gains တွေရဖိုအတွက် …

    Read More

    Add to cart
  • ခံစားချက်တွေကြောင့် ပင်ပန်းနေပြီလား ?.💤

    ⏳မပျော်ရွှင်ကြတဲ့ လူတွေကို ကြည့်လိုက်ရင် အများစုက အတိတ် နဲ့ အနာဂတ်မှာ နေကြတယ်။
    အတိတ် မှာ နေတဲ့သူတွေက နောင်တ တွေ တပွေ့တပိုက်နဲ့ ဖြစ်ပြီး အနာဂတ်မှာ နေတဲ့သူတွေကတော့ စိတ်ပင်ပန်းမှုတွေ အပြည့်နဲ့ပေါ့။
    ကျွန်တော်တိုက ကိုယ်ပိုင် လှောင်အိမ်ထဲမှာ နေတတ်ကြသူတွေ ဖြစ်ပြီး ကိုယ်ပိုင် အတွေးတွေ ထဲက မလွတ်မြောက်နိုင်တဲ့ သူတွေ ဖြစ်ကြတယ်။

    မနက် မိုးလင်းတာနဲ့ ပူပင်စရာတွေ အပြည့်နဲ့ နေထိုင်ကြပြီး ညဘက် အိပ်ရာထဲ ရောက်တဲ့ အထိ မပြီးဆုံးနိုင်ပါဘူး။
    လှောင်အိမ်ထဲက ထောင်ပေါင်းများစွာသော ပူပင်မှုတွေနဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို အချိန်နဲ့ အမျှ ဖျက်ဆီးနေကြပါတယ်။

    သင့်ဘဝက ဘာ အဓိပ္ပာယ်မှ မရှိတော့ဘူးလို ခံစားနေရပြီဆိုရင်
    ၁. ဦးနှောက် ကိုပြန် ခိုင်းစေပါ။ 🧠
    ဦးနှောက်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခု က မေ့နိုင်ခြင်းပဲ။ တစ်ပြိုင်နက်တည်းမှာပဲ ဦးနှောက်ရဲ့ အရည်အချင်း နောက်တစ်ခုက ပြဿနာတွေကို ဖြေရှင်းတာပါပဲ။ အဲ့တော့ တကယ်လို အပ်တဲ့ ပြဿနာတွေသာ မရှိတော့ဘူး ဆိုရင် ဦးနှောက်က ပြဿနာတွေကို ဖန်တီးတော့မှာပါပဲ။
    ကျွန်တော်တိုဟာ အလေ့အကျင့်အရ ဦးနှောက်ရဲ့ ခိုင်းစေမှုအောက်မှာပဲ အမြဲတစေ ရှိနေတတ်ကြတာပါပဲ။ နောင်တ တွေ တပွေ့တပိုက်ကြီးနဲ့ နေလိုရတယ်၊ ပူပင်သောက အပြည့်နဲ့ ရုန်းကန်နေလိုရတယ်၊
    ဒီတော့ သူ့ရဲ့ ခိုင်းစေမှု အောက်မှာ အမြဲနေထိုင်မယ်ဆိုရင် သင်ဟာ သင့်ခံစားချက်တွေ ဦးဆောင်မှုနောက်ကိုပဲ ရေလိုက်ငါးလိုက် မျောပါနေတဲ့ နောင်တ တွေ အပြည့်နဲ့ သူ တစ်ယောက် ဖြစ်နေမှာပဲ။

    ၂. လှောင်အိမ်🔒
    တကယ်လိုသာ မနက်ဖြန် မှာ သင် မရှိတော့ဘူးဆိုရင် ဒီနေ့ ပူပင်နေတဲ့ ကိစ္စတွေကို ဆက်ပြီး စဉ်းစားနေဦးမှာလား?
    အများစုကတော့ NO လို ဖြေကြမှာပါပဲ။
    ဒါဆိုရင် ဘာလို ဆက်လုပ်နေသေးလဲ?
    ကျွန်တော်တိုဟာ ကိစ္စရပ်တိုင်းကို အသက်နဲ့ အမျှ အရေးကြီးတယ်လို ထင်ပြီး အကုန်လုံးကို ခေါင်းထဲမှာ ပွတ်သိပ်နေအောင် ထည့်ထားတတ်ကြတယ်။
    အချိန်နဲ့ အမျှ ပွတ်သိပ်နေတဲ့အခါမှာ မွန်းကျပ်လာပြီး သာမန် ကိစ္စရပ်တွေမှာပါ အလွယ်တကူ စိတ်ဆိုး ဒေါသ ထွက်လာကြတယ်။
    ကျွန်တော်ကတော့ ခဏခဏ ဒေါသ ထွက်နေတဲ့ သူတွေကို မြင်ရင် သနားတတ်လာတယ်။ သူတို ဘဝက သူတို ချမှတ်ထားတဲ့ လှောင်အိမ်ထဲမှာပဲ အချိန်နဲ့ အမျှ မွန်းကျပ်နေကြရတာကို….

    ၃. ရုန်းထွက်ပါ👟
    အရာရာတိုင်းက ရွေးချယ်မှုတွေ ပါပဲ။
    မလုပ်ဖို ရွေးချယ်လို ရတယ်၊ လုပ်ဖြစ်အောင် လုပ်ဖို ဆုံးဖြတ်လိုရတယ်။
    ကိုယ်ပိုင် လှောင်အိမ်ထဲမှာ ပိတ်မိနေတယ်ဆိုရင်၊ သူများတွေရဲ့ စိတ်ခံစားချက်တွေ အပေါ်မှာ လိုက်ပြီး နေထိုင်နေရရင်၊ ကိုယ်ပိုင် ပျော်ရွင်မှုတွေ အချိန် အတော်ကြာ ပျောက်ဆုံးနေပြီ ဆိုရင်
    သင့်အတွက် တကယ် မှန်ကန်မယ့် ဆုံးဖြတ်ချက်ကို ချပါ။
    ရုန်းထွက်ပါ။

    ပစ္စုပ္ပန်ဟာသင့်လက်ထဲမှာပါ။

    Add to cart
  • သင်ကိုယ်တိုင်မသိတဲ့ သင့် မသိစိတ်ရဲ့ လျှိဝှက်ချက် (သို) The Power of your subconscious mind

    မနက်တိုင်းခင်ဗျားသွားတိုက်ရင် ဘယ်လက်နဲ့ တိုက်သလဲ?
    ဘယ်ဘက်လက်လား ညာဘက်လက်လား ?
    မနက်ဖြန်မနက်အိပ်ရာနိုးရင် ပုံမှန်တိုက်နေကျမဟုတ်တဲ့လက် နဲ့ ပြောင်းတိုက်ကြည့်ရင် Automatic ဖြစ်မနေပဲ နည်းနည်းကသိကအောက်ဖြစ်သလိုခံစားရပါလိမ့်မယ်။
    ဒီလို Automatic Function တွေကို ကျွန်တော်တိုရဲ့ Subconscious mind က ထိန်းချုပ်ထားပါတယ်။

    ကျွန်တော်တိုရဲ့ သိစိတ် Conscious Mind ဟာ Creative Thinking, Logical Thinking, Breakthrough Thinking တွေမှာ အားသာပေမယ့် တကယ်တမ်းတော့ သူဟာ ကျွန်တော်တိုတကယ်လုပ်ဆောင်နိုင်တာရဲ့ 5% လောက်ပဲထိန်းချုပ်မှုပေးထားတာပါ။
    သူ့ရဲ့နောက်ကွယ်မှာ မသိစိတ် Subconscious Mind ဟာကျွန်တော်တိုနေစဉ်လုပ်ဆောင်နေကျ အရာအားလုံးရဲ့ 95% ကိုထိန်းချုပ်ထားပါတယ်။ အိပ်ရာထ မနက်စာစားတာကနေစပြီး လုပ်ငန်းဆောင်တာလုပ်ဆောင်မှု, Behavior, စကားပြောမှု , လူမှုဆက်ဆံရေးအားလုံးရဲ့ နောက်ကွယ်မှာ သူကအမြဲကျွန်တော်တိုကိုအလုပ်လုပ်ပေးနေပါတယ်။ ကျွန်တော်တိုမသိတဲ့မသိစိတ်ရဲ့ ခေါ်ဆောင်မှုနောက်ကို အသိမရှိပဲလိုက်နေမိတာ အချိန်တွေဘယ်လောက် လေလွင့်ခဲ့ပြီလဲ ? ပြီးပြည့်စုံမှုကိုဖန်တီးဖို ဒီမသိစိတ်ကို အသုံးချပြီး ကျွန်တော်တိုရဲ့ လိုအင်တွေ ဖြစ်ချင်တဲ့ Goal တွေ Target တွေရနိုင်တဲ့ ဘ၀ကို ဖန်တီးနိုင်ဖို နည်းလမ်းတွေရှိသလား ?

    အရိုးရှင်းဆုံးနည်းတစ်ခုကို ဥပမာပြရမယ်ဆိုရင် ကျွန်တော်တို အသက်ရှုခြင်းဟာ Automatic Process ( Subconscious Mind Function ) တစ်ခုဖြစ်ပါတယ်။ ဒါကို လက်တွေ့ Control လုပ်တဲ့ နည်း ( ဥပမာ အာနာပါန ပွားများခြင်း Manual Process ( Conscious Mind Function ) ကိုကျင့်သုံးခြင်းဟာ မိမိကိုတည်ငြိမ်အေးချမ်းစေပြီး ကြည်လင်တဲ့စိတ်ကို ရရှိစေပါတယ်။ ဒီလိုစွမ်းအားကို ကိုယ်ပိုင်လက်တွေ့အသုံးချနိုင်တဲ့နည်းလမ်းတချိုကိုလေ့လာကြည့်ကြပါစို

    The Law Of Attraction
    ချမ်းသာတဲ့သူတွေဟာ ချမ်းသာသထက်ပိုချမ်းသာတယ် ဆိုတာ Law of Attraction ကြောင့်ဆိုရင်မမှားပါဘူး။ ငွေရှိရာ ငွေလာတယ်ဆိုသလိုမျိုး ဥစ္စာဓနကို အမြဲစဉ်းစားပြီး attract လုပ်နေတဲ့သူတွေဆီကို ဒီ အရာတွေဟာရောက်ရှိလာရသလို, မကျေနပ်မှု မနာလိုမှု သဝန်တိုမှုတွေအမြဲတွေးပြီး Attract လုပ်နေတဲ့သူတွေအတွက် ပျော်ရွှင်မှုမရှိတဲ့ ဘ၀ကို သူတိုပိုင်ဆိုင်ရတာပါပဲ။ ကောင်းသောအတွေး ကောင်းသောအကျင့်တွေနဲ့ အတူတူနေထိုင်ပြီး အောင်မြင်မှုကို Attract အမြဲလုပ်နေတဲ့သူအတွက် Winning moment ဟာ အလိုလိုရောက်ရှိလာမှာပါ။

    Visualization
    မရှိတဲ့အရာတွေကို တွေးလိုမရဘူးလို တစ်ယောက်ယောက်ကလာပြောရင် သင့်လက်ထဲကဖုန်းနဲ့ ကောက်ပေါက်လိုက်ပြီး အရင်တုန်းကမရှိခဲ့တဲ့ အရာကို ရှောင်စရာမလိုဘူးလိုပြောလိုက်ပါ။ ကျွန်တော်တိုမြင်တွေ့နေတဲ့အရာတိုင်းဟာ အမြဲ နှစ်ကြိမ်ဖန်တီးရပါတယ်။ပထမ အကြိမ် စိတ်ထဲမှာ Visualize လုပ်ဖန်တီးပြီးမှ ဒုတိယအကြိမ် Physical realityမှာ ပေါ်ပေါက်လာအောင်အားထုတ်ရတာပါ။ Visualization ဟာအရမ်းအစွမ်းထက်တဲ့ power တစ်ခုဖြစ်ပြီး လိုအပ်သလို အသုံးချလိုရပါတယ်။ သင်လိုချင်တဲ့အရာကို Clearly Visualize လုပ်ပြီး physical realm မှာဖြစ်လာအောင်ကြိုးစားပါ။

    Creating Abundance
    Abundance လိုခေါ်တဲ့ ပြည့်စုံကြွယ်၀ချမ်းသာမှုဟာ သင့်ဆီမှာရှိပြီးသားပါ။ ဒါကို ကိုယ်တိုင်မမြင်ပဲ ဟိုဟာလည်းလိုချင် ဒီဟာလည်းဖြစ်ချင်ဖြစ်နေရင် သင်ဟာကြွယ်၀ပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပဲ မပြီးဆုံးနိုင်တဲ့ မာရသွန်ပွဲကို ပြေးနေရသလိုဖြစ်နေမှာပါ။ Abundance being တစ်ယောက်အတွက် ဘယ်အရာမှမှ လိုအပ်ခြင်းဆိုတာ မရှိတော့ပါဘူး ။ သင့်မှာ အရာအားလုံးရှိနေပြီသားဆိုရင် သင်ဘာကိုလိုအပ်နေဦးမှာလဲ ?

    သင်လိုယ်တိုင်မသိတဲ့ သင့်ရဲ့ အစွမ်းတွေဟာ Subconscious Mind ထဲမှာရှိပါတယ်။ ဥပမာ Subconscious Mind ဟာ Google Play Store , App Store တိုနဲ့ ဆင်ပါတယ် Application တွေအများကြီးရှိပေမယ့် သင်လိုချင်တဲ့ Application ကို Download လုပ်ပြီး သုံးကြည့်မှအဲ့ Application ရဲ့ အကျိုးကို သိရမှာပါ။ဒီလိုမျိုး သင့် Subconscious Mind ထဲမှာရှိနေတဲ့ skill set တွေကို ကိုယ်တိုင် Download ယူပြီး အသုံးချနိုင်ရင် သင်လိုချင်တဲ့ အောင်မြင်မှု ပြီးပြည့်စုံမှု ကြွယ်၀ချမ်းသာမှုတွေကိုပိုင်ဆိုင်နိုင်မှာပါ။

    ဒီလို ကိုယ့်Power ကို ကိုယ်ကိုယ်တိုင် ရာနှုန်းပြည့်အသုံးချနိုင်တဲ့သော့ချက်တွေ ကို Science နဲ့ Religion နှစ်ခုလုံးနဲ့ယှဉ်ပြထားတဲ့ အရသာကို The Power of your Subconscious Mind မှာရှာတွေ့နိုင်ပါတယ်။ ပုံအောက်က Send Message ဆိုတဲ့ Button ကလေးကို နှိပ်ပြီး ဒီ Power တွေကိုသင့်လက်ထဲပိုင်ဆိုင်ဖို သင်အဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • 🏆The Winner Effect : အနိုင်ရခြင်းတွေရဲ့သော့ချက်၊ အောင်နိုင်မှုရဲ့ပြယုဂ်တစ်ခု🏆

    “ချမ်းသာတဲ့သူတွေကဆက်တိုက်ချမ်းသာနေကြပြီး ဆင်းရဲတဲ့သူတွေကဆက်တိုက်ဆင်းရဲနေကြတယ်” ဆိုတဲ့စကားကို လက်ခံသလား ?🤔
    Henry Ford ရဲ့“Whether you think you can, or you think you can’t – you’re right,” “မင်းလုပ်နိုင်လိုပဲတွေးတွေး၊မင်းမလုပ်နိုင်ဘူးလိုပဲတွေးတွေး ၊ မင်းတွေးတာမှန်တယ်” ဆိုတဲ့စကားတစ်ခွန်းဟာ ကျွန်တော်တိုရဲ့စိတ်သဘောထားတွေပေါ်မူတည်ပြီး အောင်မြင်မှုနဲ့ ရှံးနိမ့်တဲ့သူတွေရဲ့ကွာခြားမှုကိုမြင်သာစေပါတယ်။ “ငါလုပ်နိုင်တယ်၊ ရအောင်လုပ်မယ်”ဆိုတဲ့စိတ်ခံစားချက်နဲ့ ကျော်ဖြတ်ခဲ့တဲ့အခက်အခဲတွေကိုပြန်တွေးကြည့်ရင် ဒီ Winner Effect ရဲ့အကျိုးသက်ရောက်မှုကိုလက်တွေ့သိဖူးမှာပါ။

    🔑ဒါဆိုဒီအရာရဲ့သော့ချက်ကဘာလဲ?

    ⬆️သင့်ကိုယ်သင် အောင်မြင်တယ်လိုထင်သလား ?
    ⬇️ရှုးနိမ့်နေတယ်လိုထင်သလား ? ထင်မြင်ချက်ပေါ်မူတည်ပြီး သင့်စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာ ဦးနှောက်မှာရှိတဲ့ အာရုံကြောလေးတွေအထိပြောင်းလဲနေပါတယ်။ အောင်မြင်မှုဟာ ပိုမိုအောင်မြင်မှုကိုယူဆောင်လာပေးတဲ့အကြောင်းကို ဇီ၀ဗေဒအရပြောင်းလဲမှုဖြစ်ပေါ်နေတဲ့အကြောင်းကို Ian H. Robertson က The Winner Effect ထဲမှာ လက်တွေ့စမ်းသပ်မှုတွေရရှိလာတဲ့ ဖြေရှင်းချက်တွေနဲ့အတူရှင်းပြထားပါတယ်။

    🧠🏆အနိုင်ရမှုနဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက် ( The Winner Effect and Brain’s Functions)
    စမ်းသပ်ချက်တစ်ခုမှာ ကြွက်နှစ်ကောင် ( မှတ်လိုလွယ်အောင် ကြွက် A နဲ့ ကြွက် B ) ကိုလှောင်အိမ်ထဲထည့်ထားပြီး အနိုင်ရအောင် အချင်းချင်း တိုက်ခိုက်စေပါတယ်)။ကြွက် B ကိုအားနည်းအောင် ပြုလုပ်ထားပြီး ကြွက် A ကိုအနိုင်ရအောင်စမ်းသပ်ချက်ကိုဖန်တီးထားပါတယ်။ အနိုင်ရသွားတဲ့ ကြွက် A ဟာ နောက်ထပ်လာတဲ့ တိုက်ခိုက်မှုတွေမှာလည်း အနိုင်ရတဲ့အခွင့်အရေးပိုများတဲ့ အကြောင်းကိုရှာဖွေတွေ့ရှိပြီး Winner Effect နဲ့ဆက်နွယ်မှုကိုရှင်းပြထားပါတယ်။
    အနိုင်ရမှုကိုခံစားလိုက်ရတာနဲ့ တပြိုင်နက် ဦးနှောက်က Testosterone နဲ့ Dopamine ကိုပိုမိုထုတ်လွှတ်ပေးပြီး ယုံကြည်မှုကိုတိုးမြှင့်စေတာကြောင့် နောက်ထပ် စိန်ခေါ်မှုတွေအတွက်ပိုမို ယုံကြည်မှုတိုးတက်တဲ့အကြောင်းကို
    *Dopamine ပိုများလာရင် = ယုံကြည်မှုပိုများလာတယ်*
    *ယုံကြည်မှုပိုများလာရင် = ပိုပြီးစွန့်စားရဲလာတယ်*
    *ပိုပြီးစွန့်စားရဲရင်= အနိုင်ရဖိုပိုများလာတယ်* ဆိုတဲ့ Formula လေးကိုတွေ့ရမှာပါ။
    ရှုးနိမ့်မှုကိုခံစားမိတဲ့သူတွေအတွက်တော့ ဒီ Testosterone နဲ့ Dopamine ရရှိမှုနည်းသွားတဲ့အတွက် ယုံကြည်မှုနည်းပါးသွားပြီး နောက်ထပ်စိန်ခေါ်မှုတွေကိုအနိုင်ရဖို ခက်ခဲသွားကြပါတယ်။

    ⚡️🏃‍♂️အောင်မြင်မှု အဟုန်ရဲ့အကျိုးသက်ရောက်မှု ( The Momentum Effect )
    အနိုင်ရခြင်း ရဲ့ အကျိုးသက်ရောက်မှုဟာ လှေကားထစ်တွေလိုပါပဲ။ အပေါ် တစ်လှမ်းတက်နိုင်လိုက်တိုင်း နောက်တစ်လှမ်းထပ်တက်ဖိုပိုမိုလွယ်ကူတဲ့ အဟုန်ကိုခံစားရတဲ့အကြောင်းကို တွေ့ရမှာပါ။ အနိုင်ရမှုတိုင်းကို သင့်ကိုယ်သင်ယုံကြည်မှုရဲ့ အခြေခံအုတ်မြစ်အဖြစ်ခံယူပြီးတည်ဆောက်ပါ။ ဒါက စွမ်းဆောင်ရည် အတွက် သက်သေသာဓကတွေအနေနဲ့ သင်ရဲ့ ယုံကြည်မှုကိုတိုးပွားစေပါလိမ့်မယ်။
    ဥပမာ- သင်က မနက်စောစောထဖိုကြိုးစားတယ်။ပုံမှန် 7:00 AM မှာအိပ်ရာထတာကနေ၊ ပထမရက်မှာ 6:45 AM မှာ အိပ်ရာထတယ်။ ဒါဟာ သင့်ကိုယ်သင် အနိုင်ရခြင်းပဲ။ သင်အိပ်ရာထနိုင်တယ်ဆိုတာ ကို ပိုမိုယုံကြည်တဲ့အတွက် နောက်တစ်နေ့မှာ ဒီထပ်ပိုစောပြီး အိပ်ရာထနိင်လာတယ်။ တစ်ပတ်လောက်ကြာတဲ့အခါမှာ မနက်ခြောက်နာရီအိပ်ရာထတယ်ဆိုတာဟာ သင့်အတွက် ပုံမှန်လိုပဲခံစားရတော့တယ်။
    ဒါပေမယ့် ဒီ Momentum effect ဟာ ကောင်းကျိုးရောဆိုးကျိုးရော သက်ရောက်မှုရှိပါတယ်။ သင်ဟာ အရှံးသမားတစ်ယောက်လိုခံစားပြီးတော့ ငါမလုပ်နိုင်ဘူးဆိုတဲ့ အရာကို အုတ်မြစ်အဖြစ်တည်ဆောက်နေရင်တော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေဖြစ်ပြီး အောင်မြင်မှုလှေကားပေါ်ကနေ အောက်ကို ဖြည်းဖြည်းချင်းရောက်သွားမှာပါ။

    💀🏆အနိုင်ရခြင်းရဲ့ ကျိန်စာ ( The Curse of Winner Effect )
    ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုသလို အနိုင်ရမှုကပေးတဲ့ ဆိုးကျိုးအပြစ်တွေလည်းရှိပါတယ်။ သိသာအထင်ရှားဆုံးကတော့ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲလွန်း (Overconfidence) ဖြစ်လာတာပါ။ လေ့လာမှုတွေအရ အသက်ငယ်ငယ်နဲ့အောင်မြင်မှုရတဲ့ လူတွေဟာ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီးရူးသွပ်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျရှုးရတဲ့သင်ခန်းစာတွေကိုပြောပြထားပါတယ်။ စာအုပ်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရလာတဲ့ Mike Tyson ဟာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုကို အထင်ကြီးပြီး ဆုံးဖြတ်ချက်အမှားတွေပြုလုပ်ခဲ့တဲ့အတွက် Buster Douglas ကို 1990မှာရှုးနိမ့်ခဲ့ပြီး ချန်ပီယံဘွဲကိုလက်လွှတ်ခဲ့ရပါတဲ့အကြောင်းကိုဥပမာအနေနဲ့ပြောပြထားပါတယ်။ ဒါနဲ့တင်မကပဲ ဒီကျိန်စာကလွတ်မြောက်ဖိုမကြိုးစားတာကြောင့် 2003 ခုနှစ်မှာ Mike Tyson ဟာ ဒေဝါလီခံခဲ့ရဖူးပါတယ်။

    အနိုင်ရမှုရဲ့ကျိန်စာတွေဖြစ်တဲ့
    ယုံကြည်မှုလွန်ကဲခြင်း- အထင်ကြီးလွန်ပြီး ဆုံးရှုးမှုကို မချိန်ဆပဲ တဇွတ်ထိုးလုပ်မှုနဲ့
    အားစိုက်ထုတ်မှုလျော့နည်းခြင်း – အရာရာကိုလွယ်ကူတယ်ထင်ပြီး ကြိုးစားမှုလျော့ကျလာတာတွေမဖြစ်အောင် မိမိကိုယ်ကိုအကြိမ်ကြိမ်ဆင်ခြင်သုံးသပ်ပြီး လိုက်လျောညီထွေဖြစ်စွာနေထိုင်ရပါမယ်။

    💪😎4. Winner Effect ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနည်း
    Winner Effect ရဲ့ မာယာကျော့ကွင်းထဲကို မကျရောက်ပဲ ကျွမ်းကျင်ပိုင်နိုင်မှုအပြည့်နဲ့ဘယ်လိုအသုံးချမလဲ?
    🎯အောင်မြင်မှုတွေအားလုံးအတွက် ဂုဏ်ပြုပါ- အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တိုင်းကိုကျေနပ်ဖိုအတွက် သေးငယ်သောအောင်မြင်မှုလေးတွေကစပြီး ဂုဏ်ပြုတတ်တဲ့အကျင့်ကိုမွေးမြူပါ။
    🎯စိန်ခေါ်မှုနဲ့နေထိုင်ပါ – အသစ်အဆန်းတွေကိုကြိုက်နှစ်သက်တဲ့သင့်ဦးနှောက်အတွက် သင့်ကန်သတ်ချက်တွေကိုကျော်လွန်တဲ့ စိန်ခေါ်မှုတွေအမြဲဖန်တီးပါ။
    🎯လူသားဆန်ပါ – အောင်မြင်မှုရဲ့ လိုအပ်ချက်တွေကို သေချာဆန်းစစ်ပါ။ Winning ဟာ Perfection မဟုတ်ပါဘူး။
    🎯ရှုးနိမ့်မှုကသင်ခန်းစာယူပါ – ရှုးနိမ့်မှုတွေဟာအဆုံးသတ်မဟုတ်ပါဘူး။ သင်အနိုင်ရဖိုအတွက် ပြင်ဆင်ဖိုအခွင့်အလမ်းတစ်ခုလိုမှတ်ယူပါ။

    💡အကြံပြုချက်-ညစဉ်အိပ်ခါနီးတိုင်း ဒီနေ့အတွက် သင့်အနိုင်ရမှု သုံးခုကိုစာအုပ်ထဲချရေးပါ။ ဒါကသင့်ဦးနှောက်ကိုအောင်မြင်မှုကိုရှာဖွေဖိုမျှော်လင့်ချက်တွေကိုနေ့စဉ်ပေးစွမ်းပါလိမ့်မယ်။

    ☀️ပြောင်းလဲမှုတစ်ခုကိုတည်ဆောက်တိုင်းကျွန်တော်တိုဟာ Physical Change နဲ့ Mental Change ကိုအာရုံစိုက်ပြီးပြောင်းလဲဖိုစိတ်အားထက်သန်ကြပါတယ်။ Ian Robertson ရဲ့ The Winner Effect ဟာ Neurological Change ကိုတည်ဆောက်ဖိုနဲ့ ဦးနှောက်ရဲ့ Build in system တွေကို အကောင်းဆုံးအသုံးချနိုင်ဖိုအတွက်ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနိုင်ရမှုဆိုတာ တခဏတာခံစားရတဲ့ Dopamine ထက်ပိုတဲ့အကြောင်းနဲ့ဒီအနိုင်ရမှုတွေကိုစနစ်တကျထပ်ဆင့်တည်ဆောက်နိုင်ဖိုအတွက် လက်တွေ့အသုံးဝင်တဲ့သော့ချက်တွေကို အံ့အားသင့်လောက်အောင် လေ့လာဖတ်ရှုရမှာမှာဖြစ်ပါတယ်။

    ကဲဒါဆို သင်ရော အနိုင်ရဖိုအတွက်အဆင်သင့်ဖြစ်ပြီလား ?
    The Winner Effect ကိုအခုပဲမှာယူပြီး သင့်ဦးနှောက်ရဲ့ကန့်သတ်ချက်ကို ရိုက်ချိုးလိုက်ပါ။

    Add to cart
  • ☝️သင့်အတွေးတွေကို သံသယကင်းစွာနဲ့မေးခွန်းထုတ်ပြီး ကိုယ်တိုင်စိန်ခေါ်နိင်ဖို Adam Grant ရဲ့ Think Again ကိုလက်ဝယ်ပိုင်ဆိုင်ထားပါ။ တိုးတက်ပြောင်းလဲနေတဲ့လောကကြီးမှာ ဒီနေ့ရဲ့ အမှန်တရားဟာ နောက်တစ်နေ့မှာအလုပ်ဖြစ်မယ်ဆိုတဲ့အာမခံချက်မရှိပါဘူး။တချိန်တုန်းက Digital Marketing မလိုဘူးလိုပြောခဲ့တဲ့ Old Tradition Business တွေဟာ စျေးကွက်ရေစီးကြောင်းမှာနောက်ကျမကျန်ခဲ့ဖို အခုချိန်မှာ Digital Marketer တွေကိုလိုက်ရှာနေရပြီဖြစ်ပါတယ်။တိုးတက်မှုဆိုတာ ကိုယ့်ယုံကြည်ချက်တွေကို သတ္တိရှိရှိစိန်ခေါ်ပြီးပြောင်းလဲနိုင်မှုနဲ့ ဆင့်ကဲတည်ဆောက်နိုင်မှုပေါ်မှာအများကြီးမူတည်ပါတယ်။

    Add to cart
  • 💡💡အတွေးတွေမှာကန့်သတ်ချက်မရှိဘူး။ ချမ်းသာမှု၊ဆင်းရဲမှုနှစ်ခုစလုံး အတွေးတွေကနေပထမဆုံး ဖြစ်တည်တယ်။
    “There are no limitations to the mind except those we acknowledge. Both poverty and riches are the offspring of thought.” – Napoleon Hills
    🤔အရာရာအားလုံးဟာ အတွေးတွေကနေစဖြစ်တည်တယ်။
    ငွေမရှိတဲ့အကြောင်းအမြဲတွေးနေတဲ့သူအတွက် ငွေမရှိခြင်းဟာအမြဲမှန်ကန်တဲ့အရာတစ်ခုဖြစ်သလို။ငွေရှာနည်းကို အမြဲရှာဖွေနေသူအတွက်ငွေရှာလိုရတဲ့လမ်းကြောင်းတွေဖြစ်တည်လာတာဟာလဲအတွေးကပဲစတယ်။
    ကိုယ်တွေးချင်တဲ့အကြောင်းကို စိတ်အစာကျွေးပြီး အတွေးတွေကိုတည်ဆောက်လိုရတဲ့အတွက် အောင်မြင်ဖိုအတွေးတွေအချိန်တိုင်း တွေးနိုင်ဖိုကိုယ့်စိတ်ကို ကိုယ်မွေးမြူရပါမယ်။

    ❤️‍🔥Burning Desire လိုခေါ်တဲ့ မရမကလိုချင်စိတ်။
    လူတိုင်းမှာ လိုချင်တဲ့စိတ် (wishful thinking) တွေရှိကြပါတယ်။ ဒါပေမယ့် Universe ကလိုချင်ရုံနဲ့တော့အဆင်သင့်ဖန်တီးပေးမှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့အရာအတွက် ထိုက်တန်တဲ့ Skill သင့်မှာရှိပြီလား ? သင်လိုချင်တဲ့အရာကိုပိုင်ဆိုင်ရမယ့်အချိန်က သင့်လျော်ပြီလားစသည်ဖြင့် သင့်ရဲ့ Desire ကို စာမေးပွဲစစ်ဦးမှာပါ။သင်လိုချင်တဲ့ အရာတွေအတွက် Burning Desire မရှိပဲနဲ့ လွယ်လွယ်နဲ့ Universe ကအသင့်ပေးမယ်လိုမမျှော်လင့်ပါနဲ့။ သင်လိုချင်တဲ့အရာကို ရေနစ်နေတဲ့လူတစ်ယောက် အောက်ဆီဂျင်လိုအပ်သလိုမျိုး Burning Desire ရှိအောင်ကြီုးစားပါ

    🙏Faith and Hope , ယုံကြည်မှုနဲ့ မျှော်လင့်ချက်
    Hope walks through the fire and faith leaps over it. – Jim Carrey
    “မျှော်လင့်ချက်က မီးလျှံတွေကြားထဲလျှောက်လှမ်းနေချိန်မှာ ယုံကြည်မှုကခုန်ကျော်သွားနိုင်တယ်”
    သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာကြွယ်မှု၊ မိတ်ဆွေပေါများမှုတွေဟာ သင့်ဆီကိုရောက်လာလိမ့်မယ်လို မမျှော်လင့်ပါနဲ့။ မျှော်လင့်ခြင်းဟာ မထင်မှတ်ပဲ သင့်ရည်မှန်းချက်တွေကိုလမ်းချော်သွားစေတတ်ပါတယ်။ အဲ့ဒီ့အစား ယုံကြည်ပါ။ သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာမှု အစရှိတဲ့ အရာတွေဟာသင့်ဆီကို တစ်ချိန်ချိန်မှာမလွဲမသွေရောက်ရှိလာမယ်ဆိုတာ ကို တထစ်ချယုံကြည်ထားပါ။ မရမက လိုချင်စိတ် ( Burning Desire ) နဲ့ ခိုင်မာတဲ့ယုံကြည်မှု (Strong Faith) ဟာ သင့်အောင်မြင်မှုကိုစားဆီးမဲ့အခက်အခဲတွေအားလုံးကိုကျော်ဖြတ်စေမှာပါ။

    🥇“A quitter never wins, and a winner never quits.”
    အရှုးသမားတွေဟာဘယ်တော့မှ အနိုင်မရသလို၊ အနိုင်ရတဲ့သူတွေဟာ ဘယ်တော့မှအရှုးမပေးဘူး “
    သိစိတ်မှာအောင်မြင်ချင်ရုံသာမက မသိစိတ်ကပါ သင်လိုချင်တဲ့အရာတွေအတွက်အမြဲတမ်းတောင့်တနေရမယ်။ လူတွေရှေ့မှာတစ်မျိုး လူကွယ်ရာမှာတစ်မျိုးလုပ်ရင် သင့် Desire က Wishful Thinking အဆင့်ပဲဖြစ်နေဦးမှာပါ။ Behavior နဲ့ Pattern တွေကို ထိန်းချုပ်နေတဲ့မသိစိတ် )Subconcious Mind ဟာသင့်အောင်မြင်မှုအတွက် စက်ရုပ်တစ်ရုပ်လိုသင့်ကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ သန်မာတဲ့ Subconscious Mind ကိုရရှိစေနိုင်ဖို autosuggestion နည်းစနစ်တွေကို အသုံးပြုဖို Hills က အကြံပြုထားပါတယ်။

    ဒီအချက်တွေသာမက
    🧠Specialized Knowledge ဟာ General Knowledge ထက်အသုံးဝင်တဲ့အကြောင်း
    🌱သင့် Goal တွေကို Manifest , Visualize လုပ်ဖိုနည်းလမ်းတွေ
    ✅Mastermind တွေလို Organized Planning လုပ်တဲ့ နည်းစနစ်တွေ
    🏃ကိုယ့်ရဲ့ သံသယတွေကနေ လွတ်မြောက်နည်း အစရှိတဲ့ အကြောင်းအရာတွေကို တွေ့ရှိရမှာပါ.

    🌐 သင်တကယ်ကို မရမကလိုချင်ရင် Universe ကသူ့ Law အချိုကိုဖြေလျှော့ပေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ပေးဖိုလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Burning Desire ကြောင့် physical world, Mind, Soul နဲ့ universe တို Align ဖြစ်တဲ့အချိန်မှာရှိတဲ့ synchronicity တွေကိုသတိမူပြီး ယုံကြည်မှု (Faith) ကိုအားဖြည့်ရင်း subconscious Mind ရဲ့ autosuggestion တွေကိုနားထောင်ပါ။ဒီစာအုပ်ထဲက Principles တွေဟာ Law of Attraction ကိုလက်တွေ့အသုံးချနိုင်ဖို လေ့လာနေတဲ့သူတွေအတွက်လည်းအရမ်းစိတ်ဝင်စားဖိုကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

    🏆တကယ်လိုချင်တဲ့သူတစ်ယောက်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ သင့်အတွေးထဲမှာရှိနေတဲ့အောင်မြင်မှုတွေကို ပြင်ပလောကမှာတကယ်ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့လမ်းညွှန်ချက်တွေကို Napeleon Hills ရဲ့ Think and Grow Rich မှာလေ့လာလိုက်ပါ။

    Add to cart
  • စဉ်းစားရတာကလွယ်တယ်ဆိုရင် ဆုံးဖြတ်ချက်ချဖိုဘာကြောင့်ခက်သလဲ ?

    ကိစ္စတစ်ခု၊ အခက်အခဲတစ်ခုကိုဖြေရှင်းဖိုကြိုးစားတိုင်း သင့်ဦးနှောက်ကဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုတွေးမိဖူးပါသလား ?
    သင်ဟာ
    အလွယ်တကူ အဖြေတွေကိုစဉ်းစားနိုင်ပြီး လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချတတ်သူလား ?
    စေ့စေ့စပ်စပ် တွေးခေါ်ပြီးသေချာတဲ့အဖြေကိုခန့်မှန်းနိုင်တော့မှ ဆုံးဖြတ်ချက်ကို အေးအေးဆေးဆေးချတတ်သူလား ?
    ဒါမှမဟုတ် အတွေးတွေများပြီးဘယ်ဟာကအကောင်းဆုံးလဲဆိုတာကို ရှာတွေ့ဖိုတွေဝေနေတတ်သလား ?

    ကျွန်တော်တို မှာရှိနေတဲ့ ခံယူချက်တွေနဲ့ ဘက်လိုက်တွေးခေါ်မှုတွေဟာ နေ့စဉ်ဘ၀ကို ဘယ်လိုထိန်းကျောင်းသလဲ ? ဆုံးဖြတ်ချက်တွေနဲ့ စဉ်းစားတဲ့ Pattern တွေဟာ ဘာကြောင့်ကွဲပြားခြားနားကြတာလဲ ?
    Daniel Kahneman ရဲ့ “Thinking Fast and Slow” မှာ ကျွန်တော်တိုဦးနှောက်ရဲ့ System 1: Fast, Intutive ဖြစ်တဲ့ Emotional Thinking နဲ့ System 2: Slow, deliberate ဖြစ်တဲ့ Logical Thinking System နှစ်ခု ကကျွန်တော်တိုရဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုကိုင်တွယ်မောင်းနှင်သလဲဆိုတာကို အသေးစိတ်ကျကျ ရှင်းပြထားပါတယ်။

    သင် သိတဲ့လူတွေရဲ့စိတ်သဘောထားနဲ့ Psychology ကို အဆင့်မြှင့်တင်ဖိုအတွက် ဒီစာအုပ်ထဲက သင်ခန်းစာအချိုကို ရှင်းပြထားပါတယ်၊

    Lesson 1: Recognize Cognitive Biases
    “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ စကားဟာ ဟာသ မဟုတ်ပါဘူး။ ကျွန်တော်တိုမှာ ရှိတဲ့ Cognitive Bias နဲ့ Cognitive Dissidence တွေဟာ ကျွန်တော်တို စိတ်ထဲကလက်ခံထားတဲ့အရာတွေနဲ့ အပြင်မှာ လုပ်တဲ့အရာတွေကို ထပ်တူကျမှုဖိုခက်ခဲအောင်လုပ်ထားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တိုရဲ့ Behavior တွေနဲ့ Belief တွေဟာ မတူညီခဲ့ရင် (ဒါမှမဟုတ်) နှစ်ခု သုံးခုဖြစ်နေခဲ့ရင် ဒါတွေကို မြင်ရတတ်ပါတယ်။

    Lesson 2: Understand the Power of Framing
    ကိုယ်ကိုယ်ကိုဘောင်ခတ်မှုကိုနားလည်ပါ။ အမြဲတမ်းကျွန်တော်တိုဟာ Comfortable ဖြစ်တဲ့ လှောင်အိမ်လေးထဲမှာနေရတာကိုကြိုက်တတ်ကြပြီး အခြားသူတွေကိုလည်း မိမိရဲ့ Comfort Zone လေးကိုနားလည်‌မှုပေးဖို မသိမသာ ကြိုးစားတတ်ကြပါတယ်။ ကိုယ့်ရဲ့ Comfort Zone ကို ကိုယ်တိုင်သိပြီး ပြောင်းလဲပါ။

    Lesson 3: Embrace Probabilistic Thinking
    Positive Thinking မဟုတ်ပါဘူး , Probabilistic Thinking လိုခေါ်တဲ့ အခြေအနေနဲ့ အချိန်အခါပေါ်မှာမူတည်ပြီး ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ အတွေးကိုအသုံးချတာပါ။ ဥပမာ အပြင်သွားရင် ထီးယူသွားသင့်လား ဆိုတဲ့အတွေးတစ်ခုကို Positive Thinking က “မိုးမရွာပါဘူး ရွာရင်လည်းအေးဆေး စောင့်ရုံပဲ” လိုတွေးတဲ့အချိန်မှာ Probabilistic Thinking က “မိုးလေဝသအခြေအနေကဘယ်လိုလဲ ?, တိမ်တွေထူထပ်နေသလား ?” စတဲ့ information တွေနဲ့ decision making ကို ကူညီပေးပါတယ်၊

    Lesson 4: Beware of Overconfidence
    ယုံကြည်မှုမလွန်ကဲပါနဲ့ ။ ကျွန်တော်တိုရဲ့ Emotional Thinking ( System 1 which thinks fast ) ကအကောင်းမြင်စိတ်လွန်ကဲပြီး ကျွန်တော်တိုရဲ့ ego ကိုမြှင့်တင်ပေးတတ်ပါတယ်။ ဒါဟာ အချိုသောအခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ အဆင်ပြေစေပေမယ့် လွန်ကဲတဲ့အချိန်မှာ ကျွန်တော်တို ခံစားဖိုခက်ခဲတဲ့ အမှားတွေကို လုပ်မိတတ်ပါတယ်။ ဒါမျိုးတွေကို ရှောင်ရှားဖို Logical Thinking ( System 2 which thinks slow ) ကို လိုအပ်ရင်လိုအပ်သလိုကျွန်တော်တိုအစားထိုးအသုံးချ တတ်ရပါမယ်။

    Lesson 5: Differentiate Between Experience and Memory
    အတွေ့အကြုံနဲ့ မှတ်ဉာဏ်ကို ခွဲခြားသိပါ။ အတွေ့အကြုံဟာ ( System 2 ) ဖြစ်ပြီး မှတ်ဉာဏ် က ( System 1 ) ဖြစ်ပါတယ်။
    ဒါကိုဘယ်လိုသိသလဲ ?
    ဥပမာ ခရီးသွားခဲ့တဲ့အတွေ့အကြုံကိုပြန်ပြောပြတဲ့ အချိန်တွေမှာ ကျွန်တော်တို ရဲ့ မှတ်ဉာဏ် (Emotional thinking) က အလုပ်လုပ်ပြီး ဒီခရီးမှာ ကြုံတွေ့ရတဲ့ ပျော်ရွှင်မှုတွေ စွန့်စားမှုတွေအကြောင်း အားရပါးရပြန်ပြောတတ်ကြပါတယ်။ နောက်ထပ်ခရီးတစ်ခုကိုစီစဉ်ဖိုလုပ်တဲ့အချိန်မှာကျတော့ အတွေ့အကြုံ (logical Thinking) က အလုပ်လုပ်ပြီး အရင်ခရီးထွက်တုန်းက ဖြစ်ခဲ့တဲ့ Error တွေ ၊ နားလည်မှုလွဲတာတွေမဖြစ်အောင် ကြိုတင်စီစဉ်မှုတွေကို အစီအစဉ်ချပြီးအကောင်အထည်ဖော်ဖိုလုပ်ဆောင်ပါတယ်။

    အတွေးစိတ်ကိုထိန်းချုပ်ရတာ ကျွန်တော်တို ကားမောင်းသလိုပါပဲ။
    Auto Gear ကမောင်းရတာသက်သာပေမယ့် Manual Gear မှာ ကျွန်တော်တို ပိုပြီး Control ရပါတယ်
    Emotional Intelligence (EQ) ကို upgrade လုပ်တဲ့နေရာမှာ ဒီ System နှစ်ခုကို ထိရောက်စွာအသုံးချနိုင်ပြီး ပိုကောင်းတဲ့အောင်မြင်မှုကိုရရှိနိုင်ဖို သော့ချက်ကို Daniel Kahneman ရဲ့ “Thinking Fast and Slow” မှာ ကိုယ်တိုင်ရှာဖွေလိုက်ပါ။

    Add to cart
  • ♟️🎲 “Life is a Poker, Not Chess.” – Annie Duke
    “ဆုံးဖြတ်ချက်တွေက အနာဂတ်ကို လောင်းကစားလုပ်တာပဲ.” – Annie Duke.

    ✔️ ဘဝဆိုတာကတော့ လောင်းကစား ဂိမ်း တစ်ခုပါပဲ။ ကျွန်တော်တိုက အမြဲတစေ ဆုံးဖြတ်ချက်တိုင်းကို အလောင်းအစား လုပ်နေရပါတယ်။ တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက် ချမှတ်ဖိုအတွက် အချက်အလက်တွေ ရှိပြီး ဆုံးဖြတ်ချက်အများစု မှာတော့ အချက်အလက်တွေ လုံလုံလောက်လောက် မရှိကြပါဘူး။
    ပိုကာ ချန်ပီယံ Annie Duke ဒီစာအုပ်ရဲ့စာရေးဆရာမ ကတော့ ကိုယ့်မှာ သေချာတဲ့ အချက်အလက်တွေ မရှိရင်တောင် မှ ပိုကောင်းမွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖိုနည်းလမ်းတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    🎰 Everything is a bet
    ◾️ အရာရာတိုင်းက အလောင်းအစား လုပ်ရတာတွေ ပါပဲ။ အိပ်ရာ မှာပဲ ဆက်အိပ်နေဖို၊ အလုပ်ထွက်ဖို၊ အိမ် ဝယ်ဖိုစသဖြင့် ကျွန်တော်တိုတွေက ဆုံးဖြတ်ချက် လောင်းကစားထဲမှာ အမြဲ လိုလို ကျင်လည်နေရပါတယ်။
    လောင်းကစားဆိုရာမှာ ကျွန်တော်တိုက တစ်ခြားသူ တစ်ယောက်နဲ့လောင်းကစား လုပ်ရတာမျိုး မဟုတ်ပဲ ကိုယ့် တစ်ယောက်တည်း အနာဂတ်ကို လောင်းကစား လုပ်တာပဲ ဖြစ်ပါတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တိုက အိပ်ရာထဲမှာ ဆက်အိပ်နေဖို၊ မပျော်ရွှင်တဲ့ အလုပ်ခွင်မှာပဲ ဆက်နေဖိုစတဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော်တိုရဲ့အနာဂတ် ကို လမ်းကြောင်း ပုံဖော်ပေးမှာ ပါပဲ။
    တစ်ခုကို ရွေးချယ်လိုက်တဲ့ အတွက် တစ်ခုကို ပေးဆပ်ရမှာ ပါပဲ။ ဒီတော့ Annie Duke က ရွေးချယ်မှု ပြုလုပ်တဲ့ အခါမှာ ကိုယ့်အတွက် ဆုံးဖြတ်ချက် အမှန်၊ အမှားတွေကို ဘယ်လို လက်ခံသင်ယူရမလဲဆိုတာ ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။

    🧠 Our Brain weren’t built for rationality
    ◾️ ကျွန်တော်တိုက သက်သောင့်သက်သာ ဖြစ်နေရတာ ကို နှစ်သက်ကြတယ်။ သက်သောင့်သက်သာ ဖြစ်ဖိုအတွက် သေချာရေရာတဲ့အခြေအနေတွေကို ဖန်တီးတည်ဆောက်ကြတယ်။ ဒါပေမယ့် အကုန်လုံး အဆင်ပြေအောင် ဖန်တီးထားသော်လည်း ( ကံ ) ဆိုတဲ့အရာက ဆုံးဖြတ်ချက်တ်ိင်းမှာ ပါဝင်လာတာကို လက်မခံချင်ကြပါဘူး။
    ဒါကြောင့်Annie က ( ကံ ) နေရာတိုင်းမှာ ပါဝင်နေတဲ့ အတွက် ကျွန်တော်တိုအကောင်းဆုံး ပြင်ဆင်ထားလည်း ရလာဒ်တွေက အမြဲ မကောင်းနိုင်ဘူး လိုပြောထားပါတယ်။

    🏋️‍♂️ DO THIS!
    ◾️ စာရေးဆရာမ Annie က ဆုံးဖြတ်ချက် တစ်ခု ချမှတ်တဲ့အခါမှာ အဖြူ၊ အမည်း သိုမဟုတ် အမှန်၊ အမှား စတဲ့ အဆုံး နှစ်ဖက်ကိုပဲ မစဉ်းစားဖိုပြောထားပါတယ်။ တစ်နည်းအားဖြင့် Percentage တွေကို စဉ်းစားပါလိုပြောထားပါတယ်။

    💟 Life is like Poker, not like Chess.
    ◾️ စာရေးဆရာမ Annie Duke ကတော့ဘ၀ မှာ အောင်မြင်ဖိုအတွက် အရေးကြီးတဲ့ အရာနှစ်ခုရှိတယ်။ တစ်ခုကတော့ နယ်ပယ်တစ်ခုမှာ ထူးချွန်တာ (Skill) ပေါ့၊ နောက်တစ်ခုကတော့ ကံကောင်းခြင်း (Luck) ပေါ့။
    Chess Game တစ်ပွဲမှာ သူ့ဘက် ကိုယ့် ဘက် အကုန်လုံးကို မြင်နေရပါတယ်။ Chess Game တစ်ခု အနိုင်အရှုးဆိုတာက ကိုယ့် ကျွမ်းကျင်မှု နဲ့ပဲ ဆိုင်ပါတယ်။ Chess ဆိုတာမှာ ကျွမ်းကျင်မှု တစ်ခုပဲ လိုအပ်တယ်။ တစ်နည်းအားဖြင့် သေသေချာချာ လေ့ကျင့်ထားရင် Chess မှာ အမြဲ နိုင်နိုင်တယ်။

    ◾️ ဒါပေမယ့် Poker မှာတော့ ကျွန်တော်တိုက နိုင်မယ် ရှုးမယ် မသိနိုင်ပါဘူး။ လက်ကောင်းတဲ့ သူ ဆော့လည်း ရှုးနိမ့်နိုင်ပါတယ်။ လက် မကောင်းတဲ့ သူ ဆော့လည်း တစ်ခါတစ်လေ နိုင်ဖိုအခွင့်အရေး ရှိပါတယ်။ ကံ ပါနေတဲ့ အတွက် ဘဝဆိုတာ Chess ဂ်ိမ်းတစ်ခုလို မဟုတ်ပါဘူး။ ဒါကြောင့် ဘ၀ က Poker Game တစ်ခုနဲ့ပိုဆင်တူပါတယ်။

    ◾️ Annie က ဆုံးဖြတ်ချက်တွေတိုင်းမှာ ကံ ကို ထည့် စဉ်းစားဖိုပြောထားတာပဲ ဖြစ်ပါတယ်။

    စာရေးဆရာမ Annie Duke ကတော့ Poker Champion တစ်ယောက်ဖြစ်ပြီး Public Speaker & Business Consultant တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက ပိုကာ ဂိမ်းကစားရာမှ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ဆုံးဖြတ်ချက်တွေအတွက် သေချာပြင်ဆင်ပြီး ရလာဒ်ကောင်းတွေ ပိုဖြစ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးထားမှာပဲ ဖြစ်ပါတယ်။ မသေချာ မရေရာမှုတွေကို ဆုံးဖြတ်ချက်တွေမှာ ထည့်သွင်းစဉ်းစားလာနိုင်အောင် သင်ပေးထားတဲ့အတွက် ဘဝအတွက် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်န်ိင်လာပါမယ်လိုပြောထားပါတယ်။
    ပိုကောင်းမွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါစေ။

    Add to cart

Cart

Your Cart is Empty

Back To Shop