Sapiens: A Brief History of Humankind
29,500 Ks
🐒ငါတိုဘယ်ကလာတာလဲ ? – Sapiens: A Brief History of Humankind
မျောက်ဝံတွေဘ၀ကနေ အာကာသထဲခရီးသွားနိုင်တဲ့အထိ ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ ကျွန်တော်တို (Homosapiens) တွေရဲ့ဖြစ်တည်ရာအတိတ်ကို ဒီစာအုပ်ကလေးနဲ့အတူအချိန်ခရီးသွားလိုက်ပါ။
စိုက်ပျိုးရေး၊ဘာသာရေး၊စီးပွားရေး၊ယဉ်ကျေးမှုနဲ့နည်းပညာ တွေဖြစ်တည်လာပုံကိုလေ့လာရမှာပါ။
Related products
-
Add to cart
မင်းရဲ့ Vibe = မင်းရဲ့ Superpower 🚀🌟
🔥လူတိုင်းမှာကိုယ်ပိုင် Vibe တွေရှိကြတယ်။ လူတစ်ယောက် အနားရောက်လာနဲ့ စိတ်အေးသွားသလိုခံစားရတဲ့ Vibe ကိုခံစားဖူးသလား။ ဘာကြောင့်လဲဆိုတော့ Energy ဆိုတာ စကားလုံးတွေထက်ပိုပြီးအစွမ်းထက်လို့ပါ။
Vibe ဆိုတာက မသိစိတ်လိုမျိုးအထဲမှာကိန်းအောင်းနေတဲ့အရာမဟုတ်ပဲ ရေဒီယိုတာဝါတစ်ခုလိုမျိုး ပြင်ပလောကကို သင်ကိုယ်တိုင် ထုတ်လွှတ်နေတဲ့အရာတစ်ခုဖြစ်တယ်။
အခန်းတစ်ခန်းထဲကို၀င်သွားတာနဲ့ ဒီအခန်းရဲ့ Energy ကိုပြောင်းလဲသွားစေနိုင်မယ့် ပါဝါကိုပိုင်ဆိုင်နိုင်မယ်ဆိုရင် သင်ဘာလုပ်မလဲ? Stress တွေပိ၊ အဆိုးမြင်စိတ်နဲ့ သံသယတွေကြားမှာ တခြားသူတွေပိတ်မိနေတဲ့အချိန်မှာ ကြည်လင်တဲ့စိတ်ဓာတ်နဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့အတွက် သင့်မှာ Good Vibes တွေရှိနေဖို့လိုအပ်ပါတယ်။
✨Abundance ဖြစ်တဲ့ Life ကိုရရှိဖို့။
✨မိမိကိုယ်ကို ချစ်ခင်တတ်စေဖို့။
✨သင့်တန်ဖိုးနဲ့ဘ၀ကိုချိန်ညှိတတ်စေဖို့ ဒီစာအုပ်ကလေးကကူညီပေးပါလိမ့်မယ်။
🔥သင့်ရဲ့စိတ်အနေအထား၊ အမူအကျင့်၊ လုပ်ဆောင်မှုအားလုံးဟာ သင်ထားရှိတဲ့ Vibration ပေါ်မှာအများကြီးမူတည်နေပါတယ်။ “ငါမလုပ်နိုင်ဘူး” ဆိုတဲ့ Vibration ပေါ်မှာရှိနေသရွေ့ “ငါလုပ်နိုင်တယ်”ဆိုတဲ့ အရာဟာဖြစ်မလာပါဘူး။ သင့်စိတ်ကို “ငါလုပ်နိုင်တယ်” ဆိုတဲ့ Vibration ကိုရွှေ့လိုက်တာနဲ့တပြိုင်နက်ဒီ Frequency ပေါ်မှာရှိနေတဲ့ သင့်ကိုကူညီမယ့်အရာတွေ Skillset တွေ အရာအားလုံးဟာသင့်အနားကိုအလိုလိုရောက်လာမှာပါ။ Negative Vibe မှာနေမယ့်အစား Postitive Viber တွေနဲ့ ဝန်းရံထားခြင်းဟာ သင့်အတွက် ကောင်းမွန်မှုတွေကိုသယ်ဆောင်လာပါလိမ့်မယ်။
အိမ်မှာအမှိုက်ရှုပ်မနေအောင်မလိုအပ်တဲ့အရာတွေကိုလွှင့်ပစ်ရသလို ရှုံးနိမ့်မှု၊နောင်တ၊ဝမ်းနည်းမှုဆိုတဲ့အရာတွေကိုစိတ်ထဲကလွှင့်ပစ်ပြီး အခွင့်အရေးကောင်းတွေ အခွင့်အလမ်းအသစ်တွေကိုလက်ခံဖို့ ကောင်းမွန်တဲ့ Vibration ကိုလက်ခံပါ။
Good Vibe Formula – ကောင်းမွန်တဲ့ Vibration အတွက် Formula
💭သင့်အတွေးတွေက သင့်အတွက် အမှန်တရားကိုပုံဖော်တယ်။
💛မိမိကိုယ်ကိုယ်ချစ်တတ်ဖို့ ဘယ်တော့မှမတွေဝေပါနဲ့။
⚡သင့်ဆွဲငင်တဲ့စွမ်းအင်တွေပဲသင့်ဆီကိုရောက်လာလိမ့်မယ်။
🕯️ကောင်းချီးပေးခြင်းဟာ Frequency ကိုမြှင့်တင်ဖို့အကောင်းဆုံးအရာတစ်ခုဖြစ်တယ်။
ကံကောင်းဖို့၊ ချီးမြှောက်မှုကိုရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်တွေနောက်လိုက်နေစရာမလိုပါဘူး။ ကောင်းတဲ့စွမ်းအင်ဟာကောင်းမွန်တဲ့အရာတွေကိုယူဆောင်လာပေးပါတယ်။ အဆိုးသံသရာတွေထဲကရုန်းထွက်ပြီး ကောင်းမွန်တဲ့ဘ၀မှာနေထိုင်နိုင်ဖို့ Vex King ရဲ့ Good Vibe, Good Life နဲ့စတင်လိုက်ပါ
-
Add to cart
🏢 ဝန်ထမ်းဘဝကို ငြီးငွေ့နေပြီလား။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေပြီလား။ သိုသော်လည်း မစွန့်စားရဲမှု၊ ငွေကြေးမလုံလောက်မှု၊ အခြားခြားသောအကြောင်းပြချက်တွေနဲ့ နှောင့်နှေးနေတုန်းပဲလား။
📙 The $100 Startup စာအုပ်က သင့်ကို 9 to 5 ဝန်ထမ်းဘဝကနေလွတ်အောင် သင့်ရဲ့ passion, skill ပေါင်းစပ်ပြီး ဒေါ်လာ၁၀၀ ဝန်းကျင် အရင်းအနှီးလောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတည်ထောင်နိုင်အောင် ပြောပြပေးမှာပါ။
“Plans are only good intentions unless they immediately degenerate into hard work.”
– Chris Guillabeau📚 The $100 Startup စာအုပ်က Chris Guillebeau ရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ဖိုအတွက် ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ အရင်းအနှီး ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ငွေများများရှာခဲ့တဲ့ လူ ၁၅၀၀ ရဲ့အကြောင်းများအနက် စိတ်ဝင်စားစရာအကောင်းဆုံး case အခု ၅၀ ကို ယခုစာအုပ်မှာ ထုတ်နုတ်ထားပါတယ်။
📃 သူ့ရဲ့case study တွေအရ Chris က သင်ဆိုဖာပေါ်ကနေပဲ သင့်ရဲ့ passion, skill တွေနဲ့ income ရှာဖွေနိုင်တဲ့ step-by-step framework ကို ယခုစာအုပ်မှာ တင်ပြထားပါတယ်။ သင်စတင်နိုင်ဖို ဒီစာအုပ်ကနေရမယ့်သင်ခန်းစာတွေထဲက (၃)ခု ဖော်ပြလိုက်ပါတယ်။
◾️ ပထမတစ်ခုက passion က equation ရဲ့သုံးပုံတစ်ပုံပဲရှိပါသေးတယ်။ သင် skill တွေရယ်၊ customer တွေ လိုပါသေးတယ်။ ကိုယ့်မှာရှိတဲ့ skill တွေနှင့် ကိုယ့် passion ကိုက်ညီမှုရှိရပါမယ်။ ပြီးတော့အဲ့ skill တွေနဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ နောက်တော့ customer တွေ သင့်ကို ဒီအတွက်ငွေပေးသွားမှာပါ။
◾️ ဒုတိယတစ်ခုက low cost မှာ အာရုံစိုက်ပြီး သင့်ရဲ့ဝါသနာကို အမြတ်ရှိတဲ့လုပ်ငန်းတစ်ခု တည်ထောင်ရမယ်။ တစ်ယောက်ယောက်က ငွေမပေးချေသရွေ့တော့ သင့်ရဲ့ passion business က ဝါသနာအနေနဲ့ပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းရဲ့ funding, income ကိုမြှင့်ပြီး cost ကို လျှော့ချနိုင်အောင် ကြိုးစားနေရမှာပါ။
◾️ တတိယတစ်ခုက action always beats planning ပါ။ ဒါကြောင့် သင့် plan တွေကို အတတ်နိုင်ဆုံး simple ဖြစ်အောင်လုပ်ပါ။ သင့်ရဲ့business plan ကို စာရွက်တစ်ရွက်ထဲနဲ့ပြီးအောင် အတတ်နိုင်ဆုံးအရိုးရှင်းဆုံး ပြုလုပ်ပါ။ သင်ဘာကိုရောင်းမှာလဲ၊ ဘယ်သူ့ကိုလဲ၊ သူတိုက သင့်ပစ္စည်းကိုဘာကြောင့်ဝယ်ယူရမှာလဲ၊ ပြီးတော့သင်ဘယ်လိုငွေပေးချေခံရမလဲ စတဲ့အရာတွေမှာ အာရုံစိုက်ပြီး မေးခွန်းတွေထုတ်ပါ။ဥပမာ- ကိုယ်က မွေးခါစကလေးငယ်တွေနဲ့ အလုပ်မအားလပ်တဲ့ single mom တွေကို ဒီအချိန်အခိုက်အတွင်းမှာ သူတိုကိုယ်အလေးချိန်ကို ထိန်းသိမ်းလျော့ချနိုင်အောင် custom diet plans တွေကို တစ်လ ဒေါ်လာ၅၀ နဲ့ PayPal payment နဲ့ ရောင်းမယ်ပေါ့။
❔ ဘယ်သူတွေဖတ်သင့်လဲ။
✔️ ငယ်စဉ်ကတည်းက တစ်ခုခုကို စတင်တည်ထောင်ချင်တဲ့လူငယ်တွေ၊
✔️ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ချင်သော်လည်း စွန့်စားရမှာမလိုလားသူတွေ၊
✔️ side project ကိုလုပ်ဖို စီစဉ်နေပြီး အလုပ်မဖြစ်သေးသူတွေ ဖတ်သင့်ပါတယ်။“Thoughtful, funny, and compulsively readable, this guide shows how ordinary people can build solid livings, with independence and purpose, on their own terms”
– Gretchen RubinTitle- The 100$ Startup
Author- Chris Guillebeau
Price – 21,500 MMK (Premium++ Quality, Hard Cover, Creamy Paper) -
Add to cart
🏗 “Donald Miller will teach you how to grow your business.”
– John C. Maxwell
🔊 သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံ နှစ်ခုကမတူကြပါဘူး။
🎧 ကျွန်တော်တို့နေ့စဉ် ပစ္စည်း အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့မြင်တွေ့ကြရတယ်။ ဖိနပ်တွေ၊ အိတ်တွေ၊ နာရီ တွေပေါ့။ ဒါပေမယ့် တစ်ချို့ပစ္စည်းတွေဆိုရင်တော့ မြင်လိုက်တာနဲ့ဘယ် Brand လဲ၊ ဘယ်နိုင်ငံက လာလဲ ဆိုတာ တစ်ခါတည်း တန်းသိနိုင်တယ်။ ဥပမာ Adidas, Nike, Puma, Michael Kors, Versace သူတို့ကို တစ်ကမ္ဘာလုံးက သိကြတယ်။
👁 “Branding is all about how you want people to see you.”
🎼 သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံနှစ်ခုက မတူကြပါဘူး။ သီချင်းတစ်ပုဒ်မှာ သံစဉ် အတက်အကျရှိတယ်။ စာသားတွေမှာ အဓိပ္ပာယ်တွေ ပါတယ်။ အချိန် အများကြီး ရင်းနှီးပြီးမှ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာတယ်။ အနှစ်သာရ ရှိတဲ့သီချင်း တစ်ပုဒ်က နားထောင်သူတွေကို ရသ များစွာ ပေးစွမ်းနိုင်တယ်။ ဦးတည်ရာမရှိ တရဆက် ဆူညံနေတဲ့အသံတွေကတော့ နားထောင်သူတွေကို စိတ်ညစ်မှုတွေသာ ပေးတယ်။
📣 အခုချိန် Marketing! Marketing! Marketing! လို့ပြောနေလုပ်နေပေမဲ့လည်း တကယ်တော့ အလုပ်မဖြစ်တာတွေ၊ ဆူညံတဲ့ အသံတွေ ဖြစ်နေကြတယ်။ Customer ကို ပေးချင်တဲ့ Message တွေ မရောက်ဘူး ဖြစ်နေကြတယ်။ ကုမ္ပဏီတိုင်းက Marketing နည်းလမ်းတွေ အများကြီးသုံးပြီး ယှဉ်ပြိုင်နေကြတဲ့ အချိန်မှာ Donald Miller က Story Brand တစ်ခုကို ဘယ်လိုတည်ထောင်ရမလဲ ဆိုတဲ့ အရိုးရှင်းဆုံး ရှင်းပြထားပါတယ်။
- Create a One-Liner (Simple, Clear and Repeatable Statement)
🎯 ဥပမာ စီးပွားရေး အကြံပေးကုမ္ပဏီဆိုပါတော့။
“ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ဆိုရင်တော့ဖြင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းရင်း လူကြီးမင်းတို့ရဲ့စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ပေးမယ့်အပြင် အမြတ်အစွန်းတွေ ပိုထွက်လာအောင် ဆောင်ရွက်ပေးမယ့် စီးပွားရေး အကြံပေးကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။” လို့ရေးမယ့်အစား ကိုယ့်ကုမ္ပဏီရဲ့Value ကိုဦးစားပေးရေးသားရမှာ ဖြစ်ပါတယ်။
✏ ဥပမာ Content Writer ဆိုရင်
ကျွန်တော့် အလုပ်ကတော့ Social Media မှာ Value-added Content တွေ ရေးသားတဲ့ Content Creator ဖြစ်ပါတယ်။
🏹 စာတစ်ကြောင်းတည်းနဲ့ပေးချင်တဲ့ Message ကိုထိထိမိမိ ရေးသားနိုင်ဖို့နည်းလမ်းပေးထားတာ ဖြစ်ပါတယ်။
- Guide
🔑 Customer တွေက သူတို့ဆီမှာ အခက်အခဲတွေ များစွာရှိကြပါတယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းဖို့အတွက် နည်းလမ်းပြပေးမယ့် လမ်းညွန်တစ်ယောက် လိုပါတယ်။ လမ်းညွန်ပေးမယ့် သူကတော့ ကျွန်တော်တို့ရဲ့ကုမ္ပဏီပါ။ ကျွန်တော်တို့က Customer တွေကို Plan တွေ ပြောပြရမယ်၊ ရှင်းပြရမယ်။ ပြီးတော့ Customer ရဲ့ပြဿနာတွေကို နားထောင်ပေးရမယ်။
📢 ကုမ္ပဏီတွေက Customer တွေကို ပစ္စည်းတွေ ထိုးရောင်း၊ Promotion တွေ ပြောပြတာတွေ ပဲ လုပ်ချင်ကြတယ်။ Customer တွေရဲ့စကားကို နားမထောင်ချင်ကြဘူး။
- Customers Trust a Guide Who Has a Plan (Customer Loyalty)
🌬 Customer က ရေစီးသန်တဲ့ ရေတံခွန်ကို ဖြတ်ကျော်ချင်တယ်ဆိုရင် ကိုယ့် ကုမ္ပဏီက ရေတံခွန်ကို ဖြတ်ပြီး တံတားဆောက်ပေးနိုင်ရမယ်။ လှေ၊ သင်္ဘော တွေ ထားရှိပေးနိုင်ရမယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မယ့် ကုမ္ပဏီကို ယုံကြည်မှုရှိမှာ အမှန်ပါပဲ။
- Customers Do Not Take Action Unless They are Challenged to Take Action
💨 Customer ကို လမ်းညွန်ပေးလိုက်ရုံနဲ Customer တွေဟာ ကိုယ့်ပစ္စည်းကို တစ်ခါတည်း ဝယ်သွားမှာ မဟုတ်ပါဘူး။ Customer ကတော့ အနည်းငယ်တော့ စိုးရိမ်မှုတွေ ရှိနေဉ်ီးမှာပါ။ သံသယတွေ မဝင်လာခင် Customer ဝယ်ချင်အောင် နည်းလမ်းတွေ ပေးထားရပါမယ်။
➗ ဥပမာ Customer တွေကို တစ်ခါတည်း ဝယ်လို့ရအောင် လုပ်ပေးမယ် ဒါမှမဟုတ် အချိန်အတိုင်းအတာ တစ်ခုမှာ ဝယ်လို့ရအောင် Planning ထားပေးတာ၊ အရစ်ကျ ပေးသွင်းနိုင်အောင် စီစဉ်ပေးဖို့လိုပါတယ်။
❓ ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
▪ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းချဲ့ထွင် ဖို့၊ လုပ်ငန်းမှာ မှားယွင်းမှုတွေကို Analyze လုပ်ဖို့အတွက် ဖတ်သင့်ပါတယ်။
▪ လူတွေကို ဦးဆောင်နေရတဲ့ခေါင်းဆောင်တွေ ဖတ်သင့်ပါတယ်။
▪ Sales Manager တွေ၊ နေ့စဉ် Customer တွေနဲ့ထိတွေ့နေရတဲ့သူတွေ ဖတ်သင့်ပါတယ်။
▪ စာအုပ်ထဲမှာ Customer တွေက ဘာကြောင့် ဝယ်ရသလဲ ပြီးတော့ Customer တွေ ကိုယ့်ပစ္စည်းတွေကို ဝယ်လာအောင်၊ Customer Loyalty ရအောင် Message ပေးနည်းတွေ ပါဝင်ပါတယ်။
▪ Marketing Fundamental, Effective Messaging for Websites and Social Media နည်းလမ်းတွေကို အချိန်အများကြီး မယူပဲ လေ့လာချင်သူတွေအတွက် Donald Miller က အလွယ်ကူဆုံး ရေးသားထားတာ ဖြစ်ပါတယ်။
💥 “Donald Miller offers a specific, detailed and useful way to Change the way you talk about the way you care about.”
– Seth Godin Author of All Marketers are Liars
👤 Donald Miller က လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို တိုးတက်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဟောပြောပွဲတွေမှာ Lead Speaker အနေနဲ့ကြိမ်ဖန်များစွာ ဦးဆောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်မှာ ပုံနှိပ်ရိုက်တဲ့ လုပ်ငန်းလေး တစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Blue Like Jazz စာအုပ်ဖြင့် အမေရိကန်နိုင်ငံရဲ့Bestselling Author တစ်ယောက် ဖြစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို အကြံပေးတဲ့ ကုမ္ပဏီ တည်ထောင်ခဲ့ပြီး သူ့ရဲ့ Building a Story Brand စာအုပ်ဟာလည်း Best Seller စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
-
Add to cart
💔💔ပျော်ရွှင်မှုဟာ အဓိပ္ပါယ်မဲ့လာသလိုခံစားနေရင် ? 💔💔
🏎“မင်းဒီအရာကိုပိုင်ဆိုင်ရရင်/လုပ်နိုင်ရင် ပျော်ရမယ်လို့ထင်တဲ့အရာအားလုံးကို မင်းလုပ်ခဲ့ပြီးပြီ”
ဒါအရာတွေတွေအခုမင်းပိုင်ဆိုင်နေရချိန်မှာပျော်ရဲ့လား ?📱ဖုန်းအသစ်တစ်လုံးကိုရတဲ့အချိန်မှာ ခင်ဗျားအပျော်ဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်။ နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာ ဒီဖုန်းက ဖုန်းတစ်လုံးပဲဖြစ်တော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ဒီဖုန်းကဟောင်းလို့ နောက်တစ်လုံးအသစ်ဝယ်မှ ခင်ဗျားလိုအပ်တဲ့ပျော်ရွှင်မှုကိုပြန်ရတော့မယ်။ ဒီခံစားချက်တွေကဘယ်လိုဖြစ်လာတာလဲ?
🎮လူတိုင်းကိုယ်စီမှာစွဲလမ်းမှုတွေရှိကြပါတယ်။ အသိသာဆုံးသောစွဲလမ်းမှုတွေက Tik Tok ကြည့်တာ၊ Shopping ထွက်တာ၊ အစားကောင်းကိုခုံမင်တာ စသည်ဖြင့်ပေါ့။ စွဲလမ်းဖို့ကောင်းတဲ့အရာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတဲ့ဒီခေတ်မှာ လူတွေဟာ Dopamine ရဲ့သားကောင်ဖြစ်နေတဲ့အကြောင်းနဲ့ ဒီစွဲလမ်းမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုစာရေးဆရာမ Anna Lembke က Dopamine Nation ထဲမှာတင်ပြထားပါတယ်။
🧠Dopamine and Our Brain’s Pleasure System
Novelty လို့ခေါ်တဲ့အသစ်အဆန်းကိုခံစားရမှုဟာ Brain ကို လှုံ့ဆော်စေပြီး Dopamine ကိုရရှိစေပါတယ် (ဥပမာ အရမ်းကောင်းတဲ့ကော်ဖီဆိုင်အသစ်တစ်ဆိုင်က ကော်ဖီတစ်ခွက်ကိုပထမဆုံးသောက်လိုက်တဲ့အချိန်မျိုး)။ Novelty ကပေးတဲ့ Dopamine ကိုစွဲလမ်းမှုကြောင့်ဒီဆိုင်ကိုနောက်တစ်ခါနှစ်ခါ လာထိုင်ဖြစ်ပေမယ့် လေးငါးခေါက်လောက်ကျတော့ အသစ်အဆန်းမရှိတဲ့အတွက် ရိုးသွားသလိုမျိုးခံစားရပြီး နောက်အသစ်တစ်နေရာကိုထပ်သွားချင်တဲ့စိတ်ဖြစ်ပေါ်လာပြန်ရော။ ဒီလို Dopamine induced Pleasure နောက်လိုက်ရင်းနဲ့ ကျွန်တော်တို့ ရဲ့အချိန်နဲ့စွမ်းအားတွေ ဖြုန်းတီးနေမှုကို လျော့ချဖို့ကြိုးစားရပါမယ်။⚖️Pleasure and Pain ချိန်ခွင်
‘ ရယ်ပြီးရင်ငိုရတတ်တယ်” အရမ်းရယ်ပြီးရင် လက်ကိုခုနစ်ချက်ပြန်ရိုက်ရတယ်ဆိုတာကိုသိသလား ? ငယ်ငယ်တုန်းက အရမ်းရယ်ပြီးသွားရင်သူငယ်ချင်းတွေက လက်ဖျံကို ခပ်စပ်စပ်ကလေး ခုနစ်ချက်ရိုက်တတ်ကြတဲ့အမူအကျင့်တွေဟာ Pleasure and Pain ချိန်ခွင်ရဲ့အခြေခံသဘောတရားပါပဲ။ အလုပ်နားတဲ့ တစ်ရက်မှာ တစ်နေကုန် Tik Tok ကြည့် (Pleasure hunting)ပြီးတော့ ညကျရင်ဘာမှအကျိုးမရှိသလိုခံစားရတာ (Pain Hurting) ဟာ အလွယ်တကူရတဲ့ Dopamine ရဲ့ အတက်အကျရှိတဲ့ ဥပမာတစ်ခုပါ။🤝Dopamine နဲ့အတူနေထိုင်ခြင်း
ဟာ… Dopamine ကမကောင်းဘူးဆိုရင် ငါ Dopamine မရှိအောင်နေမယ်လို့တွေးရင်မှားသွားပါလိမ့်မယ်။ Dopamine မရှိတော့တဲ့အချိန်မှာ ကြွက်တွေဟာ အရှေ့မှာချထားတဲ့အစာကို မစားပဲ အစာငတ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာကို စမ်းသပ်ချက်တွေမှာတွေ့ရှိရပါတယ်။ Dopamine ဟာကျွန်တော်တို့နေ့စဉ် လှုပ်ရှားမှု၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို လမ်းညွှန်ပေးတဲ့ Hormone တစ်ခုဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အလွယ်တကူရနိုင်တဲ့ မသင့်လျော်တဲ့ Dopamine – အလွန်အမင်းဖုန်းကြည့်ခြင်း၊ အစားကောင်းကိုခုံမင်ခြင်း၊ လောင်းကစားလုပ်ခြင်း တွေ ကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီး အားစိုက်ထုတ်ရပြီး သင့်လျော်တဲ့ Dopamine – နေရောင်ခြည်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊တရားထိုင်ခြင်း၊လမ်းလျှောက်ခြင်း စတဲ့အရာတွေကိုနေ့စဉ်ဘ၀မှာ ပိုမိုလုပ်ဆောင်ရပါမယ်။🏁သင့်ရည်မှန်းချက်ပန်းတိုင်ကို နှောင့်နှေးအောင်အချိန်ဆွဲနေတဲ့ စွဲလမ်းမှုကနေလွတ်မြောက်စေဖို့ Pleasure/Pain ချိန်ခွင် ကို ချိန်ညှိတဲ့နည်း (Pursing Pain) နဲ့ Abstain ( D.O.P.A.M.I.N.E) ဆိုတဲ့နည်းစနစ်နှစ်ခုကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။ သင့်ကိုသင် ထိန်းချုပ်လို့မရဘူးဆိုရင် သေချာတာက သင့်ကို Dopamine ကထိန်းချုပ်နေတာပါ။ ဒီနည်းစနစ်တွေအပြင် Dopamine Detox , Vipassana Meditation တွေကိုအသုံးပြုပြီး သင့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့ Power ကို လက်ဆုပ်လက်ကိုင်ရယူလိုက်ပါ။







Reviews
There are no reviews yet.