Dopamine Nation

19,500 Ks

💔💔ပျော်ရွှင်မှုဟာ အဓိပ္ပါယ်မဲ့လာသလိုခံစားနေရင် ? 💔💔
🏎“မင်းဒီအရာကိုပိုင်ဆိုင်ရရင်/လုပ်နိုင်ရင် ပျော်ရမယ်လို့ထင်တဲ့အရာအားလုံးကို မင်းလုပ်ခဲ့ပြီးပြီ”
ဒါအရာတွေတွေအခုမင်းပိုင်ဆိုင်နေရချိန်မှာပျော်ရဲ့လား ?

📱ဖုန်းအသစ်တစ်လုံးကိုရတဲ့အချိန်မှာ ခင်ဗျားအပျော်ဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်။ နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာ ဒီဖုန်းက ဖုန်းတစ်လုံးပဲဖြစ်တော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ဒီဖုန်းကဟောင်းလို့ နောက်တစ်လုံးအသစ်ဝယ်မှ ခင်ဗျားလိုအပ်တဲ့ပျော်ရွှင်မှုကိုပြန်ရတော့မယ်။ ဒီခံစားချက်တွေကဘယ်လိုဖြစ်လာတာလဲ?

🎮လူတိုင်းကိုယ်စီမှာစွဲလမ်းမှုတွေရှိကြပါတယ်။ အသိသာဆုံးသောစွဲလမ်းမှုတွေက Tik Tok ကြည့်တာ၊ Shopping ထွက်တာ၊ အစားကောင်းကိုခုံမင်တာ စသည်ဖြင့်ပေါ့။ စွဲလမ်းဖို့ကောင်းတဲ့အရာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတဲ့ဒီခေတ်မှာ လူတွေဟာ Dopamine ရဲ့သားကောင်ဖြစ်နေတဲ့အကြောင်းနဲ့ ဒီစွဲလမ်းမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုစာရေးဆရာမ Anna Lembke က Dopamine Nation ထဲမှာတင်ပြထားပါတယ်။

🧠Dopamine and Our Brain’s Pleasure System
Novelty လို့ခေါ်တဲ့အသစ်အဆန်းကိုခံစားရမှုဟာ Brain ကို လှုံ့ဆော်စေပြီး Dopamine ကိုရရှိစေပါတယ် (ဥပမာ အရမ်းကောင်းတဲ့ကော်ဖီဆိုင်အသစ်တစ်ဆိုင်က ကော်ဖီတစ်ခွက်ကိုပထမဆုံးသောက်လိုက်တဲ့အချိန်မျိုး)။ Novelty ကပေးတဲ့ Dopamine ကိုစွဲလမ်းမှုကြောင့်ဒီဆိုင်ကိုနောက်တစ်ခါနှစ်ခါ လာထိုင်ဖြစ်ပေမယ့် လေးငါးခေါက်လောက်ကျတော့ အသစ်အဆန်းမရှိတဲ့အတွက် ရိုးသွားသလိုမျိုးခံစားရပြီး နောက်အသစ်တစ်နေရာကိုထပ်သွားချင်တဲ့စိတ်ဖြစ်ပေါ်လာပြန်ရော။ ဒီလို Dopamine induced Pleasure နောက်လိုက်ရင်းနဲ့ ကျွန်တော်တို့ ရဲ့အချိန်နဲ့စွမ်းအားတွေ ဖြုန်းတီးနေမှုကို လျော့ချဖို့ကြိုးစားရပါမယ်။

⚖️Pleasure and Pain ချိန်ခွင်
‘ ရယ်ပြီးရင်ငိုရတတ်တယ်” အရမ်းရယ်ပြီးရင် လက်ကိုခုနစ်ချက်ပြန်ရိုက်ရတယ်ဆိုတာကိုသိသလား ? ငယ်ငယ်တုန်းက အရမ်းရယ်ပြီးသွားရင်သူငယ်ချင်းတွေက လက်ဖျံကို ခပ်စပ်စပ်ကလေး ခုနစ်ချက်ရိုက်တတ်ကြတဲ့အမူအကျင့်တွေဟာ Pleasure and Pain ချိန်ခွင်ရဲ့အခြေခံသဘောတရားပါပဲ။ အလုပ်နားတဲ့ တစ်ရက်မှာ တစ်နေကုန် Tik Tok ကြည့် (Pleasure hunting)ပြီးတော့ ညကျရင်ဘာမှအကျိုးမရှိသလိုခံစားရတာ (Pain Hurting) ဟာ အလွယ်တကူရတဲ့ Dopamine ရဲ့ အတက်အကျရှိတဲ့ ဥပမာတစ်ခုပါ။

🤝Dopamine နဲ့အတူနေထိုင်ခြင်း
ဟာ… Dopamine ကမကောင်းဘူးဆိုရင် ငါ Dopamine မရှိအောင်နေမယ်လို့တွေးရင်မှားသွားပါလိမ့်မယ်။ Dopamine မရှိတော့တဲ့အချိန်မှာ ကြွက်တွေဟာ အရှေ့မှာချထားတဲ့အစာကို မစားပဲ အစာငတ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာကို စမ်းသပ်ချက်တွေမှာတွေ့ရှိရပါတယ်။ Dopamine ဟာကျွန်တော်တို့နေ့စဉ် လှုပ်ရှားမှု၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို လမ်းညွှန်ပေးတဲ့ Hormone တစ်ခုဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အလွယ်တကူရနိုင်တဲ့ မသင့်လျော်တဲ့ Dopamine – အလွန်အမင်းဖုန်းကြည့်ခြင်း၊ အစားကောင်းကိုခုံမင်ခြင်း၊ လောင်းကစားလုပ်ခြင်း တွေ ကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီး အားစိုက်ထုတ်ရပြီး သင့်လျော်တဲ့ Dopamine – နေရောင်ခြည်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊တရားထိုင်ခြင်း၊လမ်းလျှောက်ခြင်း စတဲ့အရာတွေကိုနေ့စဉ်ဘ၀မှာ ပိုမိုလုပ်ဆောင်ရပါမယ်။

🏁သင့်ရည်မှန်းချက်ပန်းတိုင်ကို နှောင့်နှေးအောင်အချိန်ဆွဲနေတဲ့ စွဲလမ်းမှုကနေလွတ်မြောက်စေဖို့ Pleasure/Pain ချိန်ခွင် ကို ချိန်ညှိတဲ့နည်း (Pursing Pain) နဲ့ Abstain ( D.O.P.A.M.I.N.E) ဆိုတဲ့နည်းစနစ်နှစ်ခုကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။ သင့်ကိုသင် ထိန်းချုပ်လို့မရဘူးဆိုရင် သေချာတာက သင့်ကို Dopamine ကထိန်းချုပ်နေတာပါ။ ဒီနည်းစနစ်တွေအပြင် Dopamine Detox , Vipassana Meditation တွေကိုအသုံးပြုပြီး သင့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့ Power ကို လက်ဆုပ်လက်ကိုင်ရယူလိုက်ပါ။

Reviews

There are no reviews yet.

Be the first to review “Dopamine Nation”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop