21 Lessons for 21st Century
23,500 Ks
👨👩👧👦ငါတိုကဘာတွေလဲ ? – 21 Lessons for the 21st Century
21 ရာစုမှာဘာတွေဖြစ်နေလို ဘာတွေငါတိုလုပ်ကြရမှာလဲ ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးထားပါတယ်။ကျွန်တော်တိုအားလုံးသိချင်တဲ့မေးခွန်းတွေဖြစ်တဲ့ “ AI နဲ့ Automation တွေနဲ့ အလုပ်လုပ်လာတဲ့ခေတ်မှာ ငါတိုဘာတွေလုပ်ကြရမလဲ ? “ “ငါတိုအလုပ်အားလုံးကို စက်တွေကအစားထိုးသွားမှာလား ?” “ ဆက်တိုက်တိုးတက်နေတဲ့ ဒီကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်အောင် ဘာလုပ်သင့်လဲ” ဆိုတာတွေရဲ့အကြောင်း ကိုပြောပြထားပါတယ်။
Related products
-
Add to cart
စင်ပေါ်က အောင်မြင်မှုတွေကိုပဲ လူတွေ သိကြတယ်။
လှေကားထစ်ပေါ်က ကျရှုးမှုတွေကို မမြင်ကြဘူးတစ်ချိန်က ဒေဝါလီ ခံရတယ်၊ ရင်းနှီးမှုတွေ ဆုံးရှုံးတယ်၊ Television Show လည်း ရပ်တန့်လိုက်ရတယ်၊ မကြာခဏ ဆိုသလို နာမည် ဖျက် ခံရတယ်။
ဒါတွေကို လူတွေ မသိကြဘူး။ သိတဲ့သူတွေ ကလည်း မပြောကြဘူး။
ဒီလိုနဲ့ပဲ Music Career မှာရော၊ စီးပွားရေး လောကမှာပါ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက် ဖြစ်လာတဲ့ 50 Cent အကြောင်း စာအုပ်တစ်အုပ်ပါပဲ။
Street Smart Vs Book Smart
Hardwork နဲ့ Smartwork လိုမျိုး လူတွေက Hardwork တောင် မလုပ်ရသေးဘူး၊ အရာရာတိုင်းကို Smart work တန်းဖြစ်ချင်ကြတာ၊
ဒီနိုင်ငံမှာက Academic က လူတွေ၊ စာတော်တဲ့ လူတွေဆိုရင် သိပ် အထင်သေးကြတာ၊ အထင်သေးရမယ့် တစ်ချို အချက်တွေကလည်း ပါနေတာကိုးးး
ဒါပေမယ့် စာချည်းပဲ တော်နေလိုလည်း မရဘူး၊ Street Smart ချည်းပဲ လုပ်နေလိုလည်း မရဘူး။
တစ်ဖက်မှာ လေ့လာနိုင်သလောက် Book Smart ဖြစ်အောင်လုပ်၊ Book Smart ဖြစ်တာနဲ့ ရသေလာက် အသုံးချပြီး Street Smart ဖြစ်အောင် ကြိုးစားပေတော့ပဲ။
Learn from Failures
တော်တဲ့လူတွေရဲ့ အားနည်းချက်က ပိုသိလာတာပဲ၊
ပိုသိလာတော့ ပိုစဉ်းစားနိုင်လာတယ်၊
ပို စဉ်းစားနိုင်လာတော့ Risk ယူရမှာ ကြောက်လာတယ်၊
Risk ယူရမှာ ကြောက်လာတော့ ဘာမှ မလုပ်ဖြစ်တော့ဘူး။ဘာမှ မလုပ်ဖြစ်တော့ ၊ ဘာမှ ဖြစ်မလာတော့ဘူး။
Build Strong Relationships
Your Networth is Your Network ပဲ
မင်းမှာ ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ၊ မင်းပြောတာကို နားထောင်မယ့်သူ မရှိရင် မင်း စကားတွေက အရေးမပါဘူး၊
-
Add to cart
🪢ငါတိုဘယ်လိုဖြစ်တည်လာတာလဲ ? – Nexus: A Brief History of Information Networks from the Stone Age to AI
ကျွန်တော်တိုငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖိုအတွက် စာတိုက်ကနေစာပိုရတယ်. ပြီးတော့လိုင်းဖုန်း, ဆယ်လူလာဖုန်း စသည်ဖြင့် အခုအချိန်မှာ စကားပြောဖိုအတွက် ဘေးနားကဖုန်းလေးကောက်ကိုင်ပြီးစာလေးရိုက်လိုက်တာနဲ့ မိုင်ထောင်ချီကွာဝေးနေတဲ့လူနဲ့လည်းဆက်သွယ်လိုရနေပြီ။ ဒီအရာတွေဘယ်လိုဖြစ်တည်လာသလဲ ? ကျွန်တော်တိုရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှုတွေနဲ့ ဒီinformation တွေကိုလူသားတွေဆီပြန့်နှံသွားအောင် ဘယ် Network တွေကလုပ်ဆောင်ပေးခဲ့သလဲဆိုတဲ့အကြောင်းကို လေ့လာနိင်ပါတယ်။ -
Add to cart
📦 လူတွေအကုန်လုံး outside the box တွေးရမယ်ဆိုရင်တော့ သေချာတာက တကယ်ပြင်ရမှာ အဲ့ box ကိုပါ….
– Malcolm Gladwell🔱 Success က မွေးရာပါ အရည်အချင်းမဟုတ်ပါဘူး။ အခွင့်အရေး အသုံးချနိုင်မှု၊ ပြင်းပြင်းထန်ထန် ကြိုးစားမှု၊ ကောင်းမွန်တဲ့ ဗီဇအကျင့်စရိုက်စတဲ့ အချက်တွေ ပေါင်း၍ ရလာတဲ့ရလဒ် ဖြစ်ပါတယ်။ အခြားသောအချက်တွေဖြစ်တဲ့ ကိုယ်မွေးဖွားကြီးပြင်းတဲ့ အချိန်အခါ၊ နေရာဒေသကလည်း ကိုယ်ရရှိနိုင်မယ့် အခွင့်အရေးတွေအပေါ် သက်ရောက်မှုရှိပါတယ်။
📃 ယခု Outliers – The Story of Success စာအုပ်မှာ Malcolm Gladwell က အကောင်းဆုံး၊ အထက်ဆုံး၊ အအောင်မြင်ဆုံး ပုဂ္ဂိုလ်တွေရဲ့ အကြောင်းသာဓကတွေနှင့်အတူ အတွေးအခေါ်အသစ် တွေပေးထားပါတယ်။ သူ့မေးခွန်းတွေက ဘယ်အရာတွေက High-Achievers တွေကို ကွဲပြားသွားစေလဲ။
❓ အဖြေက ကျွန်တော်တို့က အောင်မြင်သူတွေ ဘယ်လိုပုံစံရှိတယ်ဆိုတာကိုပဲ အာရုံစိုက်လွန်းပြီး သူတို့ဘယ်လို culture၊ ဘယ်လိုမိသားစု၊ ဘယ် generation၊ ဘယ်လိုအရာတွေနဲ့ ကြီးပြင်းလေ့ကျင့်လာတယ်ဆိုတာတွေ အပေါ်မှာတော့ သတိမမူမိကြပါဘူး။
❇️ သူတို့ IQ ဘယ်လောက်ရှိတယ်ဆိုတာထက် အခြားကျွန်တော်တို့ မမြင်နိုင်တဲ့အရာတွေအထိ နက်နက်နဲနဲ လေ့လာသင့်ပါတယ်။ ယခုစာအုပ်မှာ Malcolm က software billionaires တွေရဲ့လျှို့ဝှက်ချက်၊ အကောင်းဆုံးဘောလုံးသမားဖြစ်ဖို့ ဘာတွေလုပ်ခဲ့ရလဲ၊ ဘာလို့အာရှလူမျိုးတွေက သင်္ချာမှာတော်တာလဲ၊ ဘာက The Beatles အဖွဲ့ကို အကောင်းဆုံး rock band ဖြစ်စေလဲ စသည့် တကယ်ဖြစ်ရပ်တွေနဲ့ သင်ခန်းစာတွေ တွဲရှင်းပြထားပါတယ်။
🕳 When opportunity presents itself, seize it.
👣 There is no shortcut to mastery than putting in the hours.
စာအုပ်ထဲက သင်ခန်းစာများအနက် 10,000 Hours Rule
________🎻 တယောတီးတဲ့သူများကို လေ့လာချက်အရ တယောကိုဆရာအဖြစ် ပြန်သင်ပေးဖို့ရတဲ့သူ၊ တကယ်ကောင်းမွန်တဲ့သူ၊ လုံးဝကျွမ်းကျင်တဲ့သူဆိုပြီး သုံးဖွဲ့ထွက်လာပါတယ်။ တယောကို လုံးဝ world class အဆင့်ကျွမ်းကျင်သူတွေအတွက်တော့ သူတို့ကို ဘယ်အရာတွေက ကျွမ်းကျင်သွားစေတာလဲဆိုတော့ ငွေကြေးလည်းမဟုတ်ပါဘူး၊ သူတို့
တယောအရည်အသွေးကောင်းလို့လည်း မဟုတ်ပါဘူး၊ မွေးရာပါ ပါရမီကြောင့်လည်း မဟုတ်ဘူး၊ တစ်ခုသော အရာကပဲ world class ဖြစ်စေခဲ့ပါတယ်။ အဲဒါက Practice ပါ။ နေ့စဉ်အမြဲ practice လုပ်ခဲ့တဲ့ အချိန်နာရီတွေကြောင့်ပါပဲ။📄 သူတို့ရဲ့ လေ့လာချက်အရ အတန်အသင့် ပြန်သင်ပေးဖို့ တတ်တဲ့သူတွေက နာရီ ၄၀၀၀ ကျင့်ခဲ့ပါတယ်။ တယောတီးတကယ် ကောင်းမွန်တဲ့သူတွေက နာရီ ၈၀၀၀ လေ့ကျင့်ခဲ့ပါတယ်။ လုံးဝကျွမ်းကျင်နေသူများကတော့ နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်ခဲ့ပါတယ်။ ဒီနာရီ ၁၀,၀၀၀ နည်းလမ်းက တယောကျွမိးကျင်နေသူတွေမှမဟုတ်၊ အခြားသော ထိပ်တန်းစာရေးဆရာတွေ၊ အားကစားသမားတွေ၊ ဟောပြောသူတွေ၊ Bill Gates၊ The Beatles စတဲ့ ပုဂ္ဂိုလ်တွေတိုင်း သူတို့လုံးဝ ကျွမ်းကျင်သွားတဲ့ အရာတွေအတွက် အနည်းဆုံး နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်ကြပါတယ်။ ဒါကြောင့် ဘယ်ပညာမှာမဆို လုံးဝ master ဖြစ်ချင်ရင်တော့ လုံးဝအချိန်ပေး လေ့ကျင့်ရမှာပါပဲ။
🏇 Practice လုပ်တဲ့အခါကျရင်လည်း ကိုယ့်အတွက် အဆင်ပြေနေတဲ့ဟာကြီးပဲ လေ့ကျင့်မနေဘဲ deliberate practice လုပ်ရပါမယ်။ ကိုယ့်အတွက် ပိုပိုခက်ခဲလာတဲ့ဟာ၊ ပို uncomfortable ဖြစ်စေလာတဲ့ဟာတွေပါ လေ့ကျင့်ပေးရပါမယ်။ ဥပမာ – gym မှာ ဝိတ်မတဲ့အခါ ကိုယ်မလုပ်ချင်ဆုံး exercise တွေက ပို result ကောင်းပေးသလိုပေါ့။ ဒီနေ့ကလိုပဲ မနက်ဖြန်မှာ လေ့ကျင့်နေရင်တော့ မနေ့က result ဟောင်းကြီးပဲပြန်ရမှာပါ။ အဲ့တော့ ကိုယ့်အတွက် ပိုခက်ခဲလာတဲ့အဆင့်တွေ တစ်ဆင့်ချင်း တစ်ဆင့် လေ့ကျင့်သွားရပါမယ်။ ကျွန်တော်တို့ အလုပ်သင့်ဆုံးအရာတွေက ကျွန်တော်တို့ မလုပ်ချင်ဆုံးအရာတွေပါ။
💨 It is not how good you are, it is how good you want to be.🛤 Path to 10,000 hours:
1. When you put in the effort, you get the rewards
2. Focus on factors you can change
3. Go all in
4. Minimize negative factors
5. Track your progress✌️ Outliers စာအုပ်မှာ opportunity and legacy ဆိုပြီးအဓိက အပိုင်း(၂)ခုခွဲထားပါတယ်။ လူငယ်တွေ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
🎖 “Inspiring, revelatory…Gladwell is the best kind of writer – the kind who makes you feel like you are a genius, rather than that he is a genius.”
– Times (London) -
Add to cart
🌍လောကဓံကိုရင်ဆိုင်ဖိုအတွက်ပဲ အချိုသောသူတွေဟာ အသက်ရှင်ကြရတယ်။
သူများတွေထက် သတ္တိရှိလို၊ သူမတူအောင် ခွန်အားကြီးလို သူတိုဟာ လောကဓံကိုရင်ဆိုင်ရတာမဟုတ််ကြဘူး⛓️သူတိုမှာ မဆုတ်မနစ်တဲ့ဇွဲတစ်ခု ရှိရမယ်လို လောကကြီးက သတ်မှတ်ထားတယ်။
သံမဏိလိုမာကြောတဲ့နှလုံးသားနဲ့ မီးတောင်တစ်ခုလိုဆူပွက်နေတဲ့ မီးလျှံတွေသူတိုသွေးကြောထဲမှာ ပိုင်ဆိုင်ပြီး သူတိုထက်အားနည်းတဲ့သူတွေကိုကာကွယ်ပေးနိုင်တဲ့အင်အားရှိအောင် လောကကြီးကသူတိုကို အကြိမ်ကြိမ်ဖျက်ဆီးတယ်၊ အခေါက်ပေါင်းများစွာနင်းခြေတယ်။💔ကြိမ်ဖန်များစွာဖျက်ဆီးခံရပြီး အမြဲရုန်းကန်ရတဲ့သူတို အတွက်တော့
ဒါက သူတိုရွေးချယ်ခဲ့တဲ့ ဘ၀တော့မဟုတ်ခဲ့ဘူး။
တစ်ခါတစ်ရံမှာ သူတိုလက်မြှောက်အရှုးပေးချင်ကြလိမ့်မယ်။
တစ်ခါတစ်ရံမှာ သူတိုမျက်ရည်ကျချင်ကြလိမ့်မယ်💪ဒါပေမယ့် ..
ဒဏ်ရာများစွာနဲ့နာကျင်နေတဲ့နှလုံးသားကိုသယ်ဆောင်ပြီး သူတိုတန်ဖိုးထားတဲ့အရာတွေကိုကာကွယ်ဖိုအတွက်
သူတိုအခုချိန်အထိကြံ့ကြံ့ခံဆဲ…
ကြိုးစားနေဆဲ
ရုန်းကန်နေဆဲ ပဲ..💖နာကျင်နှလုံးသားတွေ အတွက်
ခွန်အားဖြည့်ဖို
ခွန်အားပြည့်ဖို
နှလုံးသားအာဟာရ ရသစာများ Chicken Soup For the Soul







Reviews
There are no reviews yet.