Winning: The Unforgiving Race to Greatness
13,000 Ks
Mentor တစ်ယောက် ရှာနေတယ်ဆိုရင်
သူတောင်းစား တစ်ယောက် ရေးတဲ့ သူဌေး ဖြစ်နည်း စာအုပ်တစ်အုပ်ဖတ်မလား၊ Millionaire တစ်ယောက် ရေးတဲ့ တောင်းစားနည်း စာအုပ်တစ်အုပ် ဖတ်မလား
အခု စာအုပ်ကတော့ Kobe Bryant, Michael Jordan စတဲ့ ဆရာ့ဆရာကြီးတွေကို Training ပေးခဲ့တဲ့ Coach တစ်ေယာက် အကြောင်းပဲ ဖြစ်ပါတယ်။
Everybody want to go to heaven, Nobody want to die.
Winning Makes you Different, Different Scares People
ကြောက်တဲ့ သူတွေက မနိုင်ဘူး၊ နိုင်တဲ့ သူတွေကလည်း မကြောက်တတ်တာ မဟုတ်ဘူး။ တကယ်တော့ အနိုင်ရသူတွေကလည်း ကြောက်နေရဲ့သားနဲ့ ရှေ့ဆက်တိုးနေကြတာ။
ကျွန်တော်တိုက သူများ အမြင်ကို ကိုယ့်အမြင်ထက် ပိုပြီး တန်ဖိုးထားကြတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို တစ်ခြားသူရဲ့ အပြောတစ်ခု နဲ့တင် ဖျက်ဆီးခံလိုက်ကြတယ်။
ဒါပေမယ့် Bill Gates, Elon Musk, Jeff Bezos လို လူတွေက သူတိုအတွေးကို တစ်ခြားလူ ဂရုစိုက်လား၊ မစိုက်လား မစဉ်းစားဘူး။ သူတို လုပ်ချင်တာ သူတို လုပ်ကြတာ။
ကိုယ်ပိုင်အရည်အချင်းတွေ ရှိနေတဲ့သားနဲ့ သူများရဲ့
အပြောအဆို၊ ဖယ်ကျဉ် ခံရမှာကို ကြောက်ပြီး တိမ်မြုပ်သွားတဲ့ သူတွေ
ကိုယ့်အရှိန်အဝါ တောက်ပ ဖိုထက် မိုးခါးရေ သောက်ပြီး တစ်ခြားသူတွေကြားထဲ ရောရောနှောနှော နေနိုင်ဖို အားထုတ်နေကြသူတွေ
သာမန်လူတွေကြားထဲ သာမန်ပဲ ဖြစ်ချင်တဲ့ သူတွေ
ဒီစာအုပ်ကို ဖတ်လို မရပါဘူး။
ဒီစာအုပ်က သင်ပျော်နေတဲ့ Comfort zone လေးထဲက ဆွဲထုတ်သွားမှာ မိုလိုပဲ။
WINNING Is Selfish
တစ်ကိုယ်ကောင်း ဆန်ပါ။
ကိုယ့်ကိုယ် ထိန်းချုပ်နေတဲ့ အချည်အနှောင်တွေကနေ ရုန်းထွက်ဖို အတွက် တစ်ကိုယ်ကောင်းဆန်ပါ။
ကိုယ့်ကို တားဆီးနေတဲ့ အခက်အခဲတွေကနေ ပျံသန်းဖို အတွက် တစ်ကိုယ်ကောင်း ဆန်ပါ။
ကိုယ့်ကိုယ် တိမ်မြုပ်စေမယ့် အမိုးအကာတွေကနေ ဖောက်ထွက်ဖိုအတွက် တစ်ကိုယ်ကောင်း ဆန်ပါ။
ကိုယ့်ကိုယ်ကို နှောင့်နှေးစေမယ့် ကိုယ့်အတွေးတွေကနေ ရုန်းထွက်ပါ။
– Tim Grover
Mentor တစ်ယောက်ရှာနေတဲ့သူတွေအတွက် ———————–







Reviews
There are no reviews yet.