Shop

  • ☝️သင့်အတွေးတွေကို သံသယကင်းစွာနဲ့မေးခွန်းထုတ်ပြီး ကိုယ်တိုင်စိန်ခေါ်နိင်ဖို Adam Grant ရဲ့ Think Again ကိုလက်ဝယ်ပိုင်ဆိုင်ထားပါ။ တိုးတက်ပြောင်းလဲနေတဲ့လောကကြီးမှာ ဒီနေ့ရဲ့ အမှန်တရားဟာ နောက်တစ်နေ့မှာအလုပ်ဖြစ်မယ်ဆိုတဲ့အာမခံချက်မရှိပါဘူး။တချိန်တုန်းက Digital Marketing မလိုဘူးလိုပြောခဲ့တဲ့ Old Tradition Business တွေဟာ စျေးကွက်ရေစီးကြောင်းမှာနောက်ကျမကျန်ခဲ့ဖို အခုချိန်မှာ Digital Marketer တွေကိုလိုက်ရှာနေရပြီဖြစ်ပါတယ်။တိုးတက်မှုဆိုတာ ကိုယ့်ယုံကြည်ချက်တွေကို သတ္တိရှိရှိစိန်ခေါ်ပြီးပြောင်းလဲနိုင်မှုနဲ့ ဆင့်ကဲတည်ဆောက်နိုင်မှုပေါ်မှာအများကြီးမူတည်ပါတယ်။

    Add to cart
  • 💡💡အတွေးတွေမှာကန့်သတ်ချက်မရှိဘူး။ ချမ်းသာမှု၊ဆင်းရဲမှုနှစ်ခုစလုံး အတွေးတွေကနေပထမဆုံး ဖြစ်တည်တယ်။
    “There are no limitations to the mind except those we acknowledge. Both poverty and riches are the offspring of thought.” – Napoleon Hills
    🤔အရာရာအားလုံးဟာ အတွေးတွေကနေစဖြစ်တည်တယ်။
    ငွေမရှိတဲ့အကြောင်းအမြဲတွေးနေတဲ့သူအတွက် ငွေမရှိခြင်းဟာအမြဲမှန်ကန်တဲ့အရာတစ်ခုဖြစ်သလို။ငွေရှာနည်းကို အမြဲရှာဖွေနေသူအတွက်ငွေရှာလိုရတဲ့လမ်းကြောင်းတွေဖြစ်တည်လာတာဟာလဲအတွေးကပဲစတယ်။
    ကိုယ်တွေးချင်တဲ့အကြောင်းကို စိတ်အစာကျွေးပြီး အတွေးတွေကိုတည်ဆောက်လိုရတဲ့အတွက် အောင်မြင်ဖိုအတွေးတွေအချိန်တိုင်း တွေးနိုင်ဖိုကိုယ့်စိတ်ကို ကိုယ်မွေးမြူရပါမယ်။

    ❤️‍🔥Burning Desire လိုခေါ်တဲ့ မရမကလိုချင်စိတ်။
    လူတိုင်းမှာ လိုချင်တဲ့စိတ် (wishful thinking) တွေရှိကြပါတယ်။ ဒါပေမယ့် Universe ကလိုချင်ရုံနဲ့တော့အဆင်သင့်ဖန်တီးပေးမှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့အရာအတွက် ထိုက်တန်တဲ့ Skill သင့်မှာရှိပြီလား ? သင်လိုချင်တဲ့အရာကိုပိုင်ဆိုင်ရမယ့်အချိန်က သင့်လျော်ပြီလားစသည်ဖြင့် သင့်ရဲ့ Desire ကို စာမေးပွဲစစ်ဦးမှာပါ။သင်လိုချင်တဲ့ အရာတွေအတွက် Burning Desire မရှိပဲနဲ့ လွယ်လွယ်နဲ့ Universe ကအသင့်ပေးမယ်လိုမမျှော်လင့်ပါနဲ့။ သင်လိုချင်တဲ့အရာကို ရေနစ်နေတဲ့လူတစ်ယောက် အောက်ဆီဂျင်လိုအပ်သလိုမျိုး Burning Desire ရှိအောင်ကြီုးစားပါ

    🙏Faith and Hope , ယုံကြည်မှုနဲ့ မျှော်လင့်ချက်
    Hope walks through the fire and faith leaps over it. – Jim Carrey
    “မျှော်လင့်ချက်က မီးလျှံတွေကြားထဲလျှောက်လှမ်းနေချိန်မှာ ယုံကြည်မှုကခုန်ကျော်သွားနိုင်တယ်”
    သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာကြွယ်မှု၊ မိတ်ဆွေပေါများမှုတွေဟာ သင့်ဆီကိုရောက်လာလိမ့်မယ်လို မမျှော်လင့်ပါနဲ့။ မျှော်လင့်ခြင်းဟာ မထင်မှတ်ပဲ သင့်ရည်မှန်းချက်တွေကိုလမ်းချော်သွားစေတတ်ပါတယ်။ အဲ့ဒီ့အစား ယုံကြည်ပါ။ သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာမှု အစရှိတဲ့ အရာတွေဟာသင့်ဆီကို တစ်ချိန်ချိန်မှာမလွဲမသွေရောက်ရှိလာမယ်ဆိုတာ ကို တထစ်ချယုံကြည်ထားပါ။ မရမက လိုချင်စိတ် ( Burning Desire ) နဲ့ ခိုင်မာတဲ့ယုံကြည်မှု (Strong Faith) ဟာ သင့်အောင်မြင်မှုကိုစားဆီးမဲ့အခက်အခဲတွေအားလုံးကိုကျော်ဖြတ်စေမှာပါ။

    🥇“A quitter never wins, and a winner never quits.”
    အရှုးသမားတွေဟာဘယ်တော့မှ အနိုင်မရသလို၊ အနိုင်ရတဲ့သူတွေဟာ ဘယ်တော့မှအရှုးမပေးဘူး “
    သိစိတ်မှာအောင်မြင်ချင်ရုံသာမက မသိစိတ်ကပါ သင်လိုချင်တဲ့အရာတွေအတွက်အမြဲတမ်းတောင့်တနေရမယ်။ လူတွေရှေ့မှာတစ်မျိုး လူကွယ်ရာမှာတစ်မျိုးလုပ်ရင် သင့် Desire က Wishful Thinking အဆင့်ပဲဖြစ်နေဦးမှာပါ။ Behavior နဲ့ Pattern တွေကို ထိန်းချုပ်နေတဲ့မသိစိတ် )Subconcious Mind ဟာသင့်အောင်မြင်မှုအတွက် စက်ရုပ်တစ်ရုပ်လိုသင့်ကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ သန်မာတဲ့ Subconscious Mind ကိုရရှိစေနိုင်ဖို autosuggestion နည်းစနစ်တွေကို အသုံးပြုဖို Hills က အကြံပြုထားပါတယ်။

    ဒီအချက်တွေသာမက
    🧠Specialized Knowledge ဟာ General Knowledge ထက်အသုံးဝင်တဲ့အကြောင်း
    🌱သင့် Goal တွေကို Manifest , Visualize လုပ်ဖိုနည်းလမ်းတွေ
    ✅Mastermind တွေလို Organized Planning လုပ်တဲ့ နည်းစနစ်တွေ
    🏃ကိုယ့်ရဲ့ သံသယတွေကနေ လွတ်မြောက်နည်း အစရှိတဲ့ အကြောင်းအရာတွေကို တွေ့ရှိရမှာပါ.

    🌐 သင်တကယ်ကို မရမကလိုချင်ရင် Universe ကသူ့ Law အချိုကိုဖြေလျှော့ပေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ပေးဖိုလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Burning Desire ကြောင့် physical world, Mind, Soul နဲ့ universe တို Align ဖြစ်တဲ့အချိန်မှာရှိတဲ့ synchronicity တွေကိုသတိမူပြီး ယုံကြည်မှု (Faith) ကိုအားဖြည့်ရင်း subconscious Mind ရဲ့ autosuggestion တွေကိုနားထောင်ပါ။ဒီစာအုပ်ထဲက Principles တွေဟာ Law of Attraction ကိုလက်တွေ့အသုံးချနိုင်ဖို လေ့လာနေတဲ့သူတွေအတွက်လည်းအရမ်းစိတ်ဝင်စားဖိုကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

    🏆တကယ်လိုချင်တဲ့သူတစ်ယောက်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ သင့်အတွေးထဲမှာရှိနေတဲ့အောင်မြင်မှုတွေကို ပြင်ပလောကမှာတကယ်ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့လမ်းညွှန်ချက်တွေကို Napeleon Hills ရဲ့ Think and Grow Rich မှာလေ့လာလိုက်ပါ။

    Add to cart
  • စဉ်းစားရတာကလွယ်တယ်ဆိုရင် ဆုံးဖြတ်ချက်ချဖိုဘာကြောင့်ခက်သလဲ ?

    ကိစ္စတစ်ခု၊ အခက်အခဲတစ်ခုကိုဖြေရှင်းဖိုကြိုးစားတိုင်း သင့်ဦးနှောက်ကဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုတွေးမိဖူးပါသလား ?
    သင်ဟာ
    အလွယ်တကူ အဖြေတွေကိုစဉ်းစားနိုင်ပြီး လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချတတ်သူလား ?
    စေ့စေ့စပ်စပ် တွေးခေါ်ပြီးသေချာတဲ့အဖြေကိုခန့်မှန်းနိုင်တော့မှ ဆုံးဖြတ်ချက်ကို အေးအေးဆေးဆေးချတတ်သူလား ?
    ဒါမှမဟုတ် အတွေးတွေများပြီးဘယ်ဟာကအကောင်းဆုံးလဲဆိုတာကို ရှာတွေ့ဖိုတွေဝေနေတတ်သလား ?

    ကျွန်တော်တို မှာရှိနေတဲ့ ခံယူချက်တွေနဲ့ ဘက်လိုက်တွေးခေါ်မှုတွေဟာ နေ့စဉ်ဘ၀ကို ဘယ်လိုထိန်းကျောင်းသလဲ ? ဆုံးဖြတ်ချက်တွေနဲ့ စဉ်းစားတဲ့ Pattern တွေဟာ ဘာကြောင့်ကွဲပြားခြားနားကြတာလဲ ?
    Daniel Kahneman ရဲ့ “Thinking Fast and Slow” မှာ ကျွန်တော်တိုဦးနှောက်ရဲ့ System 1: Fast, Intutive ဖြစ်တဲ့ Emotional Thinking နဲ့ System 2: Slow, deliberate ဖြစ်တဲ့ Logical Thinking System နှစ်ခု ကကျွန်တော်တိုရဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုကိုင်တွယ်မောင်းနှင်သလဲဆိုတာကို အသေးစိတ်ကျကျ ရှင်းပြထားပါတယ်။

    သင် သိတဲ့လူတွေရဲ့စိတ်သဘောထားနဲ့ Psychology ကို အဆင့်မြှင့်တင်ဖိုအတွက် ဒီစာအုပ်ထဲက သင်ခန်းစာအချိုကို ရှင်းပြထားပါတယ်၊

    Lesson 1: Recognize Cognitive Biases
    “ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ စကားဟာ ဟာသ မဟုတ်ပါဘူး။ ကျွန်တော်တိုမှာ ရှိတဲ့ Cognitive Bias နဲ့ Cognitive Dissidence တွေဟာ ကျွန်တော်တို စိတ်ထဲကလက်ခံထားတဲ့အရာတွေနဲ့ အပြင်မှာ လုပ်တဲ့အရာတွေကို ထပ်တူကျမှုဖိုခက်ခဲအောင်လုပ်ထားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တိုရဲ့ Behavior တွေနဲ့ Belief တွေဟာ မတူညီခဲ့ရင် (ဒါမှမဟုတ်) နှစ်ခု သုံးခုဖြစ်နေခဲ့ရင် ဒါတွေကို မြင်ရတတ်ပါတယ်။

    Lesson 2: Understand the Power of Framing
    ကိုယ်ကိုယ်ကိုဘောင်ခတ်မှုကိုနားလည်ပါ။ အမြဲတမ်းကျွန်တော်တိုဟာ Comfortable ဖြစ်တဲ့ လှောင်အိမ်လေးထဲမှာနေရတာကိုကြိုက်တတ်ကြပြီး အခြားသူတွေကိုလည်း မိမိရဲ့ Comfort Zone လေးကိုနားလည်‌မှုပေးဖို မသိမသာ ကြိုးစားတတ်ကြပါတယ်။ ကိုယ့်ရဲ့ Comfort Zone ကို ကိုယ်တိုင်သိပြီး ပြောင်းလဲပါ။

    Lesson 3: Embrace Probabilistic Thinking
    Positive Thinking မဟုတ်ပါဘူး , Probabilistic Thinking လိုခေါ်တဲ့ အခြေအနေနဲ့ အချိန်အခါပေါ်မှာမူတည်ပြီး ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ အတွေးကိုအသုံးချတာပါ။ ဥပမာ အပြင်သွားရင် ထီးယူသွားသင့်လား ဆိုတဲ့အတွေးတစ်ခုကို Positive Thinking က “မိုးမရွာပါဘူး ရွာရင်လည်းအေးဆေး စောင့်ရုံပဲ” လိုတွေးတဲ့အချိန်မှာ Probabilistic Thinking က “မိုးလေဝသအခြေအနေကဘယ်လိုလဲ ?, တိမ်တွေထူထပ်နေသလား ?” စတဲ့ information တွေနဲ့ decision making ကို ကူညီပေးပါတယ်၊

    Lesson 4: Beware of Overconfidence
    ယုံကြည်မှုမလွန်ကဲပါနဲ့ ။ ကျွန်တော်တိုရဲ့ Emotional Thinking ( System 1 which thinks fast ) ကအကောင်းမြင်စိတ်လွန်ကဲပြီး ကျွန်တော်တိုရဲ့ ego ကိုမြှင့်တင်ပေးတတ်ပါတယ်။ ဒါဟာ အချိုသောအခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ အဆင်ပြေစေပေမယ့် လွန်ကဲတဲ့အချိန်မှာ ကျွန်တော်တို ခံစားဖိုခက်ခဲတဲ့ အမှားတွေကို လုပ်မိတတ်ပါတယ်။ ဒါမျိုးတွေကို ရှောင်ရှားဖို Logical Thinking ( System 2 which thinks slow ) ကို လိုအပ်ရင်လိုအပ်သလိုကျွန်တော်တိုအစားထိုးအသုံးချ တတ်ရပါမယ်။

    Lesson 5: Differentiate Between Experience and Memory
    အတွေ့အကြုံနဲ့ မှတ်ဉာဏ်ကို ခွဲခြားသိပါ။ အတွေ့အကြုံဟာ ( System 2 ) ဖြစ်ပြီး မှတ်ဉာဏ် က ( System 1 ) ဖြစ်ပါတယ်။
    ဒါကိုဘယ်လိုသိသလဲ ?
    ဥပမာ ခရီးသွားခဲ့တဲ့အတွေ့အကြုံကိုပြန်ပြောပြတဲ့ အချိန်တွေမှာ ကျွန်တော်တို ရဲ့ မှတ်ဉာဏ် (Emotional thinking) က အလုပ်လုပ်ပြီး ဒီခရီးမှာ ကြုံတွေ့ရတဲ့ ပျော်ရွှင်မှုတွေ စွန့်စားမှုတွေအကြောင်း အားရပါးရပြန်ပြောတတ်ကြပါတယ်။ နောက်ထပ်ခရီးတစ်ခုကိုစီစဉ်ဖိုလုပ်တဲ့အချိန်မှာကျတော့ အတွေ့အကြုံ (logical Thinking) က အလုပ်လုပ်ပြီး အရင်ခရီးထွက်တုန်းက ဖြစ်ခဲ့တဲ့ Error တွေ ၊ နားလည်မှုလွဲတာတွေမဖြစ်အောင် ကြိုတင်စီစဉ်မှုတွေကို အစီအစဉ်ချပြီးအကောင်အထည်ဖော်ဖိုလုပ်ဆောင်ပါတယ်။

    အတွေးစိတ်ကိုထိန်းချုပ်ရတာ ကျွန်တော်တို ကားမောင်းသလိုပါပဲ။
    Auto Gear ကမောင်းရတာသက်သာပေမယ့် Manual Gear မှာ ကျွန်တော်တို ပိုပြီး Control ရပါတယ်
    Emotional Intelligence (EQ) ကို upgrade လုပ်တဲ့နေရာမှာ ဒီ System နှစ်ခုကို ထိရောက်စွာအသုံးချနိုင်ပြီး ပိုကောင်းတဲ့အောင်မြင်မှုကိုရရှိနိုင်ဖို သော့ချက်ကို Daniel Kahneman ရဲ့ “Thinking Fast and Slow” မှာ ကိုယ်တိုင်ရှာဖွေလိုက်ပါ။

    Add to cart
  • ♟️🎲 “Life is a Poker, Not Chess.” – Annie Duke
    “ဆုံးဖြတ်ချက်တွေက အနာဂတ်ကို လောင်းကစားလုပ်တာပဲ.” – Annie Duke.

    ✔️ ဘဝဆိုတာကတော့ လောင်းကစား ဂိမ်း တစ်ခုပါပဲ။ ကျွန်တော်တိုက အမြဲတစေ ဆုံးဖြတ်ချက်တိုင်းကို အလောင်းအစား လုပ်နေရပါတယ်။ တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက် ချမှတ်ဖိုအတွက် အချက်အလက်တွေ ရှိပြီး ဆုံးဖြတ်ချက်အများစု မှာတော့ အချက်အလက်တွေ လုံလုံလောက်လောက် မရှိကြပါဘူး။
    ပိုကာ ချန်ပီယံ Annie Duke ဒီစာအုပ်ရဲ့စာရေးဆရာမ ကတော့ ကိုယ့်မှာ သေချာတဲ့ အချက်အလက်တွေ မရှိရင်တောင် မှ ပိုကောင်းမွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖိုနည်းလမ်းတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    🎰 Everything is a bet
    ◾️ အရာရာတိုင်းက အလောင်းအစား လုပ်ရတာတွေ ပါပဲ။ အိပ်ရာ မှာပဲ ဆက်အိပ်နေဖို၊ အလုပ်ထွက်ဖို၊ အိမ် ဝယ်ဖိုစသဖြင့် ကျွန်တော်တိုတွေက ဆုံးဖြတ်ချက် လောင်းကစားထဲမှာ အမြဲ လိုလို ကျင်လည်နေရပါတယ်။
    လောင်းကစားဆိုရာမှာ ကျွန်တော်တိုက တစ်ခြားသူ တစ်ယောက်နဲ့လောင်းကစား လုပ်ရတာမျိုး မဟုတ်ပဲ ကိုယ့် တစ်ယောက်တည်း အနာဂတ်ကို လောင်းကစား လုပ်တာပဲ ဖြစ်ပါတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တိုက အိပ်ရာထဲမှာ ဆက်အိပ်နေဖို၊ မပျော်ရွှင်တဲ့ အလုပ်ခွင်မှာပဲ ဆက်နေဖိုစတဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော်တိုရဲ့အနာဂတ် ကို လမ်းကြောင်း ပုံဖော်ပေးမှာ ပါပဲ။
    တစ်ခုကို ရွေးချယ်လိုက်တဲ့ အတွက် တစ်ခုကို ပေးဆပ်ရမှာ ပါပဲ။ ဒီတော့ Annie Duke က ရွေးချယ်မှု ပြုလုပ်တဲ့ အခါမှာ ကိုယ့်အတွက် ဆုံးဖြတ်ချက် အမှန်၊ အမှားတွေကို ဘယ်လို လက်ခံသင်ယူရမလဲဆိုတာ ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။

    🧠 Our Brain weren’t built for rationality
    ◾️ ကျွန်တော်တိုက သက်သောင့်သက်သာ ဖြစ်နေရတာ ကို နှစ်သက်ကြတယ်။ သက်သောင့်သက်သာ ဖြစ်ဖိုအတွက် သေချာရေရာတဲ့အခြေအနေတွေကို ဖန်တီးတည်ဆောက်ကြတယ်။ ဒါပေမယ့် အကုန်လုံး အဆင်ပြေအောင် ဖန်တီးထားသော်လည်း ( ကံ ) ဆိုတဲ့အရာက ဆုံးဖြတ်ချက်တ်ိင်းမှာ ပါဝင်လာတာကို လက်မခံချင်ကြပါဘူး။
    ဒါကြောင့်Annie က ( ကံ ) နေရာတိုင်းမှာ ပါဝင်နေတဲ့ အတွက် ကျွန်တော်တိုအကောင်းဆုံး ပြင်ဆင်ထားလည်း ရလာဒ်တွေက အမြဲ မကောင်းနိုင်ဘူး လိုပြောထားပါတယ်။

    🏋️‍♂️ DO THIS!
    ◾️ စာရေးဆရာမ Annie က ဆုံးဖြတ်ချက် တစ်ခု ချမှတ်တဲ့အခါမှာ အဖြူ၊ အမည်း သိုမဟုတ် အမှန်၊ အမှား စတဲ့ အဆုံး နှစ်ဖက်ကိုပဲ မစဉ်းစားဖိုပြောထားပါတယ်။ တစ်နည်းအားဖြင့် Percentage တွေကို စဉ်းစားပါလိုပြောထားပါတယ်။

    💟 Life is like Poker, not like Chess.
    ◾️ စာရေးဆရာမ Annie Duke ကတော့ဘ၀ မှာ အောင်မြင်ဖိုအတွက် အရေးကြီးတဲ့ အရာနှစ်ခုရှိတယ်။ တစ်ခုကတော့ နယ်ပယ်တစ်ခုမှာ ထူးချွန်တာ (Skill) ပေါ့၊ နောက်တစ်ခုကတော့ ကံကောင်းခြင်း (Luck) ပေါ့။
    Chess Game တစ်ပွဲမှာ သူ့ဘက် ကိုယ့် ဘက် အကုန်လုံးကို မြင်နေရပါတယ်။ Chess Game တစ်ခု အနိုင်အရှုးဆိုတာက ကိုယ့် ကျွမ်းကျင်မှု နဲ့ပဲ ဆိုင်ပါတယ်။ Chess ဆိုတာမှာ ကျွမ်းကျင်မှု တစ်ခုပဲ လိုအပ်တယ်။ တစ်နည်းအားဖြင့် သေသေချာချာ လေ့ကျင့်ထားရင် Chess မှာ အမြဲ နိုင်နိုင်တယ်။

    ◾️ ဒါပေမယ့် Poker မှာတော့ ကျွန်တော်တိုက နိုင်မယ် ရှုးမယ် မသိနိုင်ပါဘူး။ လက်ကောင်းတဲ့ သူ ဆော့လည်း ရှုးနိမ့်နိုင်ပါတယ်။ လက် မကောင်းတဲ့ သူ ဆော့လည်း တစ်ခါတစ်လေ နိုင်ဖိုအခွင့်အရေး ရှိပါတယ်။ ကံ ပါနေတဲ့ အတွက် ဘဝဆိုတာ Chess ဂ်ိမ်းတစ်ခုလို မဟုတ်ပါဘူး။ ဒါကြောင့် ဘ၀ က Poker Game တစ်ခုနဲ့ပိုဆင်တူပါတယ်။

    ◾️ Annie က ဆုံးဖြတ်ချက်တွေတိုင်းမှာ ကံ ကို ထည့် စဉ်းစားဖိုပြောထားတာပဲ ဖြစ်ပါတယ်။

    စာရေးဆရာမ Annie Duke ကတော့ Poker Champion တစ်ယောက်ဖြစ်ပြီး Public Speaker & Business Consultant တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက ပိုကာ ဂိမ်းကစားရာမှ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ဆုံးဖြတ်ချက်တွေအတွက် သေချာပြင်ဆင်ပြီး ရလာဒ်ကောင်းတွေ ပိုဖြစ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးထားမှာပဲ ဖြစ်ပါတယ်။ မသေချာ မရေရာမှုတွေကို ဆုံးဖြတ်ချက်တွေမှာ ထည့်သွင်းစဉ်းစားလာနိုင်အောင် သင်ပေးထားတဲ့အတွက် ဘဝအတွက် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်န်ိင်လာပါမယ်လိုပြောထားပါတယ်။
    ပိုကောင်းမွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါစေ။

    Add to cart
  • သင့်ဘေးနားကငတုံးတွေ Psychopaths တွေနဲ့ လူမှုဘ၀မှာဘယ်လိုဆက်ဆံမလဲ ?

    အလင်းနဲ့အမှောင် ကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချတတ်မှုဟာလူသားတွေရဲ့ မွေးရာပါ instinct တစ်ခုဖြစ်ပါတယ်။ Idiots တွေကို အလင်းပြအရောင်တင်ပေးပြီး Psychopaths တွေရဲ့ အမှောင်ထုကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ skill တွေကို ရယူပိုင်ဆိုင်ထားမှသာ
    လူမှုဘ၀မှာ လူတွေရဲ့လှည့်စားမှု အသုံးချမှုကနေရှောင်ရှားနိုင်မှာပါ။

    ယေဘုယအားဖြင့် ခင်ဗျားနဲ့အတူတူအလုပ်လုပ်တဲ့လူ ဆယ်ယောက်ရှိတယ်ရင် ရှစ်ယောက်က ငတုံးတွေဖြစ်ပြီး နှစ်ယောက်ကတော့ Psychopaths တွေဖြစ်ဖိုများတယ် လိုလေ့လာချက်တွေမှာတွေ့ရှိရပါတယ်။

    What ? – ဒီစာအုပ်တွေကဘာလဲ ?
    -Surrounded by Idiots စာအုပ်က ဒီလူတွေနဲ့ အဆင်ပြေအောင်ဘယ်လိုဆက်ဆံရမလဲ၊ ကိုယ့်အကြိုက်သူ့အကြိုက်တွေ၊ လူတွေမှာရှိနေတဲ့ Subconscious Behavior နဲ့ Belief System တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာရှင်းပြထားပါတယ်။
    -Surrounded by Psychopaths ထဲမှာ ဒီလူတွေက ခင်ဗျားကိုဒုက္ခပေးနိုင်တဲ့ ပြသနာတွေနဲ့ သူတို အသုံးချမှုကိုခင်ဗျားမခံရအောင်ရှောင်ရှားနိုင်တဲ့နည်းလမ်းတွေ အပါအဝင် psychopathsအသုံးချတတ်တဲ့ လှည့်ဖျားနည်းတွေကို သိရှိနားလည်နိုင်ပါတယ်။
    -Surrounded by Badbosses ထဲမှာခက်ခဲတဲ့ Boss တွေ ၊ ရေသာခိုအချောင်လိုက်ချင်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ Trick တွေကိုသိနိုင်ပြီး သင့် Career ကိုကျွမ်းကျင်အောင်တိုးတက်လိမ္မာစေတဲ့နည်းတွေကိုတွေ့ရမှာပါ။

    When ? – ဘယ်အချိန်မှာ ဒီစာအုပ်တွေကိုဖတ်သင့်သလဲ ?
    – Surroundedby Idiots – မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့ဆက်ဆံတဲ့အချိန်၊ လုပ်ငန်းခွင်မှာ ၊ မိသားစုနဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ နားလည်မှုဆက်ဆံရေးပိုမိုကောင်းမွန်ဖို လိုအပ်တဲ့အချိန်မှာ ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။
    – Surrounded By Psychopaths – Psychopaths ရဲ့ အကောင်းဆုံး Skill က သင့်ကို Confuse ဖြစ်အောင်ခဏခဏလုပ်တတ်တာပါပဲ ။လူတွေကိုစကားမပြောချင်လောက်အောင်မွန်းကျပ်ပြီး ထွက်ပေါက်ရှာဖိုခက်ခဲနေတဲ့ အချိန်၊ ကိုယ့်ကိုလှည့်ဖျားဖိုကြိုးစားနေတဲ့သူတွေရှိတယ်လိုခံစားရတဲ့အချိန်၊ လုံး၀အဆင်မပြေတဲ့သူတွေနဲ့ဆက်ဆံရတဲ့အချိန် တွေမှာ ဒီစာအုပ်ကသင့်ကိုအကောင်းဆုံးအဖော်ဖြစ်ပေးပါလိမ့်မယ်။
    – Surrounded by Badbosses – လုပ်ငန်းခွင်မှာ အနိုင်ကျင့်တဲ့ Boss နဲ့ Manager တွေ၊ ခေါင်းရှောင်ပြီးအလုပ်မလုပ်ချင်တဲ့ လူတွေနဲ့ ဆက်ဆံနေရပြီလိုခံစားရရင် ဒီစာအုပ်ကလေးကသင့်ကို အလင်းပြပေးပါလိမ့်မယ်။

    How? – ဘယ်လိုဖတ်ရမလဲ ?
    Surrounded by Idiots ကိုစဖတ်ပါ။
    -ဒီစာအုပ်ထဲမှာပါတဲ့ DISC Model နဲ့ လူတွေရဲ့ Behavior တွေ၊ သူတိုတွေနဲ့ ဘယ်လိုဆက်ဆံနည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကိုလေ့လာပြီး မိမိကိုယ်ကိုယ်ပြန်ဆန်းစစ်ပါ။ လက်တွေ့ဘ၀မှာ ရှိနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲ က Red, Yellow, Green, Blue နှစ်ယောက်လောက်စီရှာပြီး သူတိုနဲ့ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်ကြိုးစားကြည့်ပါ။ ကိုယ်နဲ့သင့်လျော်ပြီးကိုယ်တိုင် အသုံးချနိုင်တဲ့ Skill တွေကို စွဲမြဲကျင့်သုံးပါ။
    -Surrounded by Psychopaths ကို ပြီးမှဖတ်ပါ။
    သင့်ဘေးနားက အနီးဆုံးရှိနေတဲ့သူတွေကိုအရင်ဆန်းစစ်ပါ။ များသောအားဖြင့် Psychopaths တွေဟာ သင်သတိမထားမိတဲ့ သင့်အနီးဆုံး မိသားစု သူငယ်ချင်းတွေဖြစ်နေတတ်ပါတယ်။ Psychopaths တွေဟာ မကောင်းတဲ့ရည်ရွယ်ချက်မရှိရင်တောင် သူတိုလိုချင်တာရဖိုအတွက် သင့်ကို Manipulate လုပ်ဖို ခဏခဏ ကြိုးစားနေတတ်ပါတယ်။ သူတိုနဲ့ရန်ဖြစ်ဖို တိုက်ခိုက်ဖိုမကြိုးစားပါနဲ့ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်က သူတိုတွေရဲ့ လိမ္မာပါးနပ်စွာလှည့်ဖျားမှုကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်ရှားနိုင်ဖို လမ်းညွှန်နည်းတွေပေးထားပါတယ်။
    -Surrounded by Badbosses ကို လုပ်ငန်းခွင်အတွက်သင်ယူပါ။
    လုပ်ငန်းမှာကြုံတွေ့နေရတဲ့ တကယ့် အခက်အခဲတွေကို နမူနာယူပြီး ဒီစာအုပ်ကလေးထဲက သင်ခန်းစာ တွေနဲ့ ပြန်လည်ဆန်းစစ်ပါ။ လူများကိုအကဲမခတ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်မြင်အောင်ကြည့်ပြီး မိမိ တက်လမ်းကို အကျိုးပြုစေမယ့် Relationship တွေကိုတည်ဆောက်ပါ။ ခင်ဗျားလူတိုင်းနဲ့သူငယ်ချင်းဖြစ်လိုမရဘူးဆိုတာကိုတော့ မမေ့ပါနဲ့။

    Thomas Erikson ရဲ့ Surrounded by Idiots, Surrounded by Psychopaths, Surrounded by Badbosses and Lazy Employees စာအုပ်တွေ နဲ့ အတူမိမိရဲ့ Communication, Human Psychology နဲ့ Understanding Skill တွေကို upgrade လုပ်ဖို အဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • လူတွေက မိမိကိုယ်ကို အချစ်ဆုံး ဖြစ်ပြီး မိမိ အမြင်ကို မလေးစားဆုံး သူတွေ ဖြစ်တယ်။

    အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
    လူတွေရဲ့ ဦးနှောဏ်က ဒီအခြေအနေတွေ သုံးခုထဲက တစ်ခုထဲမှာ အမြဲတမ်းနီးပါး ရှိနေတတ်ပါတယ်။

    တစ်ချို လူကြီးတွေမှာ မြင်တွေ့ရတဲ့ အရာတစ်ခုကတော့ သူတိုက အတိတ် ထဲမှာ နေကြပါတယ်။ သူတို လက်ရှိအချိန်တစ်ခုကို သတိမပြုနိုင်ပဲ အတိတ်က အောင်မြင်မှုတွေ၊ အတိတ်က မှားယွင်းမှုတွေ၊ အတိတ်က နောင်တတွေနဲ့ပဲ နေထိုင်ပါတယ်။ လက်ရှိအမှန်တရားကတော့ ခုချိန်မှာ သူတို ဘာမှ မဟုတ်တော့ပါဘူး။ သူတိုက ပစ္စုပ္ပန်ကို မေ့လျော့ပြီး အတိတ်ထဲမှာပဲ ရှင်သန်နေထိုင်ရင်း ပူလောင်နေကြပါတယ်။
    အတိတ်ကို သူတို ဘာမှ ပြန်ပြင်လို မရပါဘူး။ ဒါပေမယ့် သူတို ပြန်ပြင်ဖို ကြိုးစားနေရင်း ပူလောင်နေကြပါတယ်။

    Accept, Accept, Accept
    လူတွေက မိမိကိုယ်ကို အချစ်ဆုံး ဖြစ်ပြီး မိမိ အမြင်ကို မလေးစားဆုံး သူတွေ ဖြစ်တယ်။ သူများ ဝေဖန်စကားတွေကို မိမိ အမြင်ထက် ပိုမို အလေးထားကြပြီး ဝေဖန်မှုတွေ အောက်မှာ မွန်းကျပ်နေကြပါတယ်။ တစ်ခြားသူဖြစ်စေချင်တဲ့ Perfection တစ်ခုကို မသိစိတ်ကနေ အလိုလို ကြိုးစားနေမိတတ်ပါတယ်။
    အဘိုးအို၊ လူငယ်နဲ့ မြင်း တစ်ကောင် ပုံပြင်လိုပါပဲ။ လူတွေက သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ အဘက်ဘက်က ဝေဖန်နေကြမှာပါပဲ။
    တစ်ခြားသူတွေရဲ့ ဝေဖန်မှုတွေကို နားမယောင်ပါနဲ့။ မိမိရဲ့ ဖြစ်တည်မှုကို လက်ခံပါ။

    Perfect Imperfection
    ဂျပန်နိုင်ငံရဲ့ ကွဲနေတဲ့ ခွက်တွေကို အရောင်တွေနဲ့ ပြန်လည် ရှင်သန်စေခြင်း
    Kintsugi ဆိုတာကတော့ ဂျပန်နိုင်ငံမှာ ပျက်ဆီးယိုယွင်းသွားတဲ့ ခွက်တွေကို ရွှေအစားသွင်းပြီး ပြန်လည် ပြုပြင်မွမ်းမံတာပဲ ဖြစ်ပါတယ်။ ပျက်ဆီးသွားတဲ့ ခွက်တွေကို ဒီတိုင်းမထားပဲနဲ့ ရွှေနဲ့ ကွဲရာတွေကို ပုံဖော်လိုက်တဲ့အခါမှာ “Perfect Imperfection” နဂို ခွက်ထက် ပိုမိုလှပသော ခွက်တွေ ဖြစ်လာပါတယ်။
    ကျွန်တော်တို အင်တာဗျူး ဖြေတာ ကျတယ်၊ စာမေးပွဲ ကျတယ်၊ လုပ်ငန်း အရှုးပေါ်တယ်။ ဒါတွေကို အမှားလို သတ်မှတ်ပြီး ယုံကြည်ချက် ပျောက်ဆုံးကြတယ်။ အမြင့်ဆုံး ရောက်နိုင်ဖိုအတွက် အခက်အခဲ တွေတော့ ရှိနေမှာပါပဲ။ ဒါတွေကို အမှားတွေလို မယူဆပဲနဲ့ ခရီး ပိုရောက်လာတယ်လို သတ်မှတ်လိုက်ပါ။
    အမှားတွေကို မပစ်ပယ်ပဲနဲ့ ပိုကောင်းအောင် ပြင်ဆင်လိုက်တဲ့အခါမှာ ပို ကောင်းမွန်ထင်ရှားလာပါတယ်။

    Lesson from Ourselves

    လူတွေ မေ့လျော့နေကြတဲ့ အချက်တစ်ခုက ကျွန်တော်တိုက Perfect Life တစ်ခုဖြစ်လာဖို အတွက် စောင့်နေစရာ မလိုပါဘူး။ ကျွန်တော်တို ဖြစ်လေ့ရှိတာကတော့ “ဘယ်အခြေအနေရောက်မှ, ဘာဖြစ်လာမှ” စသဖြင့် Perfect ဖြစ်လာမယ့် အချိန်တစ်ခုကို စောင့်မျှော်နေတတ်ကြပါတယ်။
    ဒါပေမယ့် အသက်ရှင်နေဖိုအတွက် Perfect ဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို အမှားတွေ လုပ်ကြမယ်၊ ပြန်ပြင်ကြမယ်၊ ပိုကောင်းတဲ့ အချိန် ရောက်လာပါမယ်။
    Perfection အခြေအနေတစ်ခုကို စောင့်နေမယ့်အစား လက်ရှိအခြေအနေ တစ်ခုမှာ အကောင်းဆုံး နေနိုင်အောင် ကြိုးစားရပါမယ်။

    စာအုပ်က ကျွန်တော် ရေးထားတာထက် အင်မတန်မှ ပို တန်ဖိုးရှိပါတယ်။ စာအုပ်က ပေးတဲ့ အနှစ်သာရတွေကို ကျွန်တော့် ဖော်ပြချက်တွေက မမှီပါဘူး။
    Imperfection တွေကို လက်ခံရင်း Perfect Life ရနိုင်ပါစေ။

    Add to cart
  • ကျွန်တော်အလုပ်ထွက်ချင်တယ် ဆရာ။

    “ဟုတ်လား ?” ဆရာဝန်ကပြန်ပြောတယ်

    အဲ့လိုမျိုးလည်းမဟုတ်ဘူးဆရာ ကျွန်တော်ကနာမည်ကြီးကုမ္မဏီမှာလုပ်နေပေမယ့် အစေခံလိုနေ့တိုင်းအခိုင်းခံနေရလို့ အခုအလုပ်ကိုဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့နည်းလမ်းကိုသိချင်တာ။

    “သဘောပေါက်ပြီ “ ဆိုပြီးဆရာဝန်ကအပြုံးနဲ့အတူ

    ဒါဆို ကြောင်တစ်ကောင်ဆေးညွှန်းရေးပေးလိုက်မယ် တစ်ပတ်လောက်စမ်းကြည့်ပြီး တိုးတက်မှုရှိမရှိကိုကျွန်တော်တို့ကြည့်ကြတာပေါ့။ Nurse ကြောင်ကိုခေါ်ခဲ့ပါလို့ အနောက်ကိုလှမ်းပြောလိုက်တယ်။

    “ထူးထူးဆန်းဆန်း ဆေးခန်းပါလား ဆေးပေးတာကို ကြောင်လို့ပြောတယ်” ဆိုပြီး Shuta တွေးမိလိုက်တယ်။

    ခဏနေတော့ Nurse ဝင်လာပြီး လှောင်အိမ်တစ်ခုကို စားပွဲပေါ်တင်လိုက်တယ်။

     

    ကြောင်……

    ကြောင်မှ ကြောင်အစစ်…….

    ရွှေဝါရောင်မျက်လုံးတွေနဲ့သူ့ကိုပြူးကြည့်နေတာ….

     

    ဒါကိုတစ်ပတ်လောက်ဆေးစမ်းကြည့်ရအောင်။ “A cat a day keeps the doctor away “ ဆိုသလိုမျိုး ဒီနေရာမှာကြောင်တွေကအစွမ်းထက်လို့ တစ်ပတ်စာဆေးပေးလိုက်မယ်၊ လိုအပ်တာတွေကို အရှေ့ကောင်တာမှာသွားထုတ်ပြီးနောက်တစ်ပတ်မှပြန်လာခဲ့ပါ။ နောက်လူနာတွေရှိသေးလို့ ကျွန်တော်တို့သွားရမယ်လို့ပြောပြီး လှောင်အိမ်ကို Shuta ရဲ့ပေါင်ပေါ်တင်လိုက်တယ်။

    ———————————————————————————————————————————

    ကျွန်တော်အိပ်မပျော်ဘူး။ ဒီမိန်းမရဲ့ အသံက ကျွန်တော့်အိမ်မက်ထဲအထိလိုက်ခြောက်လှန့်နေတယ်။ ကျွန်တော်ကောင်းကောင်းမအိပ်ရတာတော်တော်ကြာပြီ ဒီအတိုင်းဆက်သွားရင် ကျွန်တော်စိတ်လွတ်သွားနိုင်တယ်။

    Koga တစ်ယောက် နီရဲပြီးပေါက်ကွဲထွက်တော့မတတ်မျက်နှာနဲ့ရင်ဖွင့်တယ်။

    “ဟုတ်တယ် အိပ်မပျော်တာဟာ အရမ်းဆိုးရွားတယ်” လို့ကွန်ပျူတာကိုနှိပ်ရင်း ဆရာဝန်ကပြောတယ်။

    ကြောင်တစ်ကောင်ဆေးညွှန်းရေးပေးလိုက်မယ် အခြေအနေတိုးတက်မှုကိုကျွန်တော်တို့စောင့်ကြည့်ရအောင်။

    Nurse ကနီညိုရောင်ကြောင်တစ်ကောင်ကိုသယ်လာပြီးဆရာ့လက်ထဲထည့်ပေးလိုက်တယ်။

    သူက အရမ်းတော်တဲ့ကြောင် အခြားလူနာတစ်ယောက်ကိုပေးရမှာရှိပေမယ့် ခင်ဗျားကအရေးကြီးလို့ သူ့ကိုဆယ်ရက်တော့ပေးထားလို့ရတယ် ပြီးရင်တော့ပြန်ပို့ပေးပါ လို့ပြောရင်း ဆရာကကြောင်ကို Kogaရဲ့ လက်ထဲထိုးထည့်လိုက်တယ်။

    ခင်ဗျားလာနောက်နေတာလား လို့ Koga က ကြောင်တောင်တောင်နဲ့ဆရာဝန်ကိုပြန်ပြောတယ်။

    မနောက်ပါဘူး.. ကောင်တာမှာ လိုအပ်တဲ့ ဆေးညွှန်းကိုယူပြီးပြန်လို့ရပါပြီ အပြင်ကစောင့်နေတဲ့လူနာကိုကျေးဇူးပြုပြီးအထဲလွှတ်ပေးပါလို့ပြောရင်း ဆရာဝန်ရဲ့မျက်လုံးက ကွန်ပျူတာဆီကိုပြန်ရောက်သွားတယ်။

    ————————————————————————————————————————————-

    “Doctor Nikkie, တကယ်လို့တစ်ယောက်ယောက်လာပေမယ့် တံခါးကမပွင့်ရင်ဘယ်လိုလုပ်မလဲ ? “ Tomokaကမေးလိုက်တယ်။

    “မပူပါနဲ့ မင်းပွင့်စေချင်တဲ့အချိန်မှာ ဒီတံခါးကိုဖွင့်လို့ရပါလိမ့်မယ် ဂရုစိုက်ပြီးပြန်ပါ” ဆိုပြီးညင်သာတဲ့အသံနဲ့ ဆရာဝန်ကပြန်ပြောတယ်။ လမ်းမကြီးပေါ်ပြန်ရောက်တဲ့အချိန်မှာ သူထွက်လာတဲ့လမ်းကြားလေးကိုပြန်မမြင်ရတော့ဘူး။ နောက်တစ်ခါပြန်လာရင် အခန်းတံခါးကသော့ပိတ်နေမလားလို့တွေးမိပေမယ့် သူပြန်လှည့်ကြည့်ဖို့မစဉ်းစားမိတော့ဘူး။

     

    လိပ်စာအတိအကျမရှိတဲ့ဆေးခန်းတစ်ခုနဲ့ ကြောင်တွေကိုဆေးညွှန်းရေးပေးတတ်တဲ့ဆရာဝန်တစ်ယောက်၊ စိတ်ခံစားချက်တွေပြည့်နှက်နေတဲ့လူနာပေါင်းစုံနဲ့ မတူညီတဲ့ ကုထုံးတွေထဲမှာ အလုပ်၊မိသားစုနဲ့ ရင်းနှီးမှုတွေကြားက မျှော်လင့်ချက်တွေကိုရှင်သန်နေအောင်ဘယ်လိုထိန်းသိမ်းကြမလဲ ?

    ဝန်ထမ်းတစ်ယောက်, အမေတစ်ယောက်, လုပ်ငန်းပိုင်ရှင်တစ်ယောက်, Geisha တစ်ယောက်စတဲ့လူတွေရဲ့ ဘ၀ကို ဒီဆေးခန်းလေးကဘယ်လိုကုစားပေးသလဲဆိုတဲ့ ဇာတ်လမ်းလေးကို Japanese Best Seller စာအုပ်ဖြစ်တဲ့ “ We’ll Prescribe You a Cat” နဲ့အတူတူခံစားလိုက်ရအောင်။

    Add to cart
  • 🦸🏼‍♂️ ခေါင်းဆောင် ဖြစ်နေသူများသာ ဖတ်ရန်

    👥 ခေါင်းဆောင်တွေ အများစုမှာ သူတိုကိုယ်တိုင် မသိတဲ့ အလေ့အကျင့်ဆိုးတွေ အများကြီး ရှိတယ်။

    🎖 ကျွန်တော်တိုတွေ တစ်ချိန်က ကြိုးစားမှုတွေကြောင့် လက်ရှိမှာ နေရာတစ်ခုကို ရောက်ရှိနေပါပြီ။
    ဒါပေမယ့် လက်ရှိမှာ ရပ်နေတယ်။ တန့်နေတယ်။ ရှေ့တိုးလို မရ ဖြစ်နေကြတယ်။ အဖြေကလည်း ရှာလိုမရ ဖြစ်နေတယ်။ တစ်ခုခု လွဲမှားနေတယ် ဆိုတာ နားလည်တယ်။ ဘာမှန်းမသိ ဖြစ်နေတယ်ဆိုရင် ဒီစာအုပ်က သင့်အတွက်ပါပဲ။

    🌹 စာအုပ်ထဲမှာ အပိုင်းသုံးပိုင်းပါဝင်ပါတယ်။
    ၁။ အောင်မြင်မှု ရလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အမှားတွေ
    ၂။ သင့်ကို ရှေ့တိုးဖို နှောင့်နှေးနေစေတဲ့ အလေ့အကျင့်ဆိုး ၂၀ ခု
    ၃။ အလေ့အကျင့်ဆိုးတွေကို ဘယ်လို ပယ်ဖျောက်မလဲ ဆိုတဲ့ အချက်အလက်တွေကို ရှင်းပြပေးထားမှာပဲ ဖြစ်ပါတယ်။

    ❓ ဆင်ခြေမပေးနဲ့

    ကျွန်တော်တိုတွေက တစ်ချိန်က ကြိုးစားလာခဲ့တဲ့ ရလာဒ်တွေကြောင့် အခုချိန် သာသာယာယာ ဖြစ်နေတာကို ကျေနပ်နေကြတတ်တယ်။ ဒါပေမယ့် တစ်ခါတစ်လေ မှာ ကိုယ် ရောက်နေတဲ့နေရာတစ်ခုက ကိုယ့် တလွဲအမှားတွေ ပါလာပြီး ရောက်နေတာကို သတိ မပြုမိတတ်ကြပါဘူး။ “အရင်လိုပဲ ပြန်လုပ်ရင် ငါ ပြန်ကောင်းလာမှာပဲ, ပြန် အောင်မြင်လာမှာပဲ “လို ကိုယ့်ကိုယ်ကို ဆင်ခြေ ပြန်ပေးမိတတ်ပါတယ်။ အရင်က သတ်မှတ်ချက်တွေကိုပဲ ပြန်လည် လုပ်မိတတ်ကြပါတယ်။

    ဒါပေမယ့် အရင်က သတ်မှတ်ချက်တွေက သင့်ကို ဒီထက်ကောင်းမွန်သာလွန်တဲ့ နေရာတစ်ခုကို မရောက်နိုင်စေပါဘူး။

    💎 အလေ့အကျင့်ဆိုး

    ကိုယ့် အပြစ်တွေ၊ အလေ့အကျင့်ဆိုးတွေကို ကိုယ်တိုင် သိအောင် လုပ်ပါ။ ခေါင်းဆောင်တွေ အများစုမှာ သူတိုကိုယ်တိုင် မသိတဲ့ အလေ့အကျင့်ဆိုးတွေ အများကြီး ရှိတယ်။

    ဥပမာ အားဖြင့်
    အမြဲနိုင်ချင်တာ၊ ဖိအားပေးတာ၊ ဆင်ခြေပေးတာ၊ အပြိုင်ငြင်းတာ၊ ကိုယ့်ကိုယ်ကို အမွှန်းတင်လို မပြီးတာ၊ ဒေါသထွက်လွယ်တာ၊ အတိတ်မှာပဲ တွယ်ညှိနေတာ၊ ကြားလူကို အပြစ်တင်တာ၊ ငါ မာနစွဲ စွဲနေတာ စသဖြင့် အစုံအလင်ပါပဲ။

    ကိုယ့်မှာ မှားနေတာကို သိမှ ကိုယ်တိုင် ပြန်ပြင်လို ရမှာပါ။

    📛 The Most Sucessful Man has the Most Powerful Friends
    📛 အအောင်မြင်ဆုံး လူသားတွေမှာ အကောင်းဆုံး သူငယ်ချင်းတွေ ရှိတယ်။

    လက်ရှိ ကိုယ့် ကုမ္ပဏီက နှုတ်ထွက်မယ်ဆိုရင် ဘာဖြစ်မလဲ။ ???
    (ကုမ္ပဏီက ဘာမှ မဖြစ်ဘူး)
    ကိုယ့်ကို ကူညီမယ့် သူငယ်ချင်းတွေ မရှိတော့ရင်ရော??
    (အဲ့မှာမှ ဒုက္ခရောက်မှာ)
    ကိုယ့်ကို ပိုသာလွန်တဲ့ တစ်နေရာကို ရောက်အောင်တွန်းပိုပေးနိုင်တဲ့ သူငယ်ချင်းတွေကိ ကိုယ့်အပြစ်တွေကို ထောက်ပြခိုင်းဖို အကူအညီ တောင်းပါ။

    📜 Marshall Goldsmith က ထောင်ပေါင်းများစွာသော လူငယ်တွေကို ပြုစုပျိုးထောင်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ Dr Marshall Goldsmith ဟာ World No.1 Executive Coach & World No.1 Leadership Thinker တစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့နည်းလမ်းတွေက လူအများစုဘဝကို ထိရောက်စွာ တိုးတက်ပြောင်းလဲနိုင်စွမ်းရှိပြီး စာအုပ်ပေါင်း ၃၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတုန်းက အမေရိကန် သမ္မတဟောင်း Barrack Obama နဲ့အတူ စင်မြင့်တစ်ခုထဲမှာ ဟောပြောနိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

    ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်ပါစေ။

    Add to cart
  • 🧬ရှင်သန်မှု နဲ့ 🪦မရဏတရား
    ဒီနှစ်ခုရဲ့ကြားမှာ ဘ၀ရဲ့အဓိပ္ပါယ်ကိုဘယ်လိုဖွင့်ဆိုမလဲ?

    “It had occurred to me that Darwin and Nietzsche agreed on one thing: the defining characteristic of the organism is striving.”- Paul Kalanithi, When Breath Becomes Air

    မျှော်လင့်ချက်နဲ့ အတူလူတွေအသက်ရှင်နေကြတယ်။
    အမြင့်မားဆုံးအခြေအနေတစ်ခုကိုရောက်နေပြီး လူတွေကိုစိုးရိမ်စိတ်ကနေလွတ်မြောက်ဖို့မျှော်လင့်ချက်တွေပေးနေတဲ့ဆရာဝန်တစ်ယောက်ကနေ ကင်ဆာရောဂါဆိုးကြီးနဲ့ကိုယ်တွေ့ရင်ဆိုင်ရတဲ့အချိန်မှာ ဘ၀ဟာဘာတွေဆက်ဖြစ်လာမလဲ?

    လက်ထဲကခွဲစိတ်ဓားကိုဘေးချပြီးနောက် သူရဲ့ဖြစ်တည်မှုကဘာလဲ ?
    🔹ဆရာဝန်တစ်ယောက်လား ?
    🔹လူနာတစ်ယောက်လား ?
    🔹အဖေတစ်ယောက်လား?
    🔹စာရေးဆရာတစ်ယောက်လား?

    အာရုံကြောခွဲစိတ် ဆရာဝန်တစ်ယောက်အနေနဲ့ ရှင်သန်ခြင်းနဲ့မရဏတရားရဲ့ကြားထဲမှာနေခဲ့ပေမယ့် ရှောင်လွှဲလို့မရတဲ့ နောက်ဆုံးအချိန်တစ်ခုကိုလူတစ်ယောက် ဘယ်လိုရဲရင့်စွာရင်ဆိုင်သွားခဲ့သလဲဆိုတာကို Bestseller တစ်အုပ်ဖြစ်တဲ့ When Breath Becomes Air မှာ စာရေးသူ Paul Kalanithi ရဲ့ ဘ၀ဇာတ်ကြောင်းကို ကြည်နူးမှု ဝမ်းနည်းမှုစတဲ့ ခံစားမှုတွေနဲ့မြင်တွေ့ရမှာပါ။

    📕Book Title- When Breath Becomes Air
    ✒️Author – Paul Kalanithi
    💵Price- 13,000 MMK (Premium Quality, Creamy Paper, Paperback)

    Add to cart
  • “စိတ်ဓာတ်မကျဘူးတဲ့လူရှိရင်လက်ညှိးထောင်” ☝️
    ဟင်???
    တစ်ယောက်မှလည်းမထောင်ကြပါလား ??
    ကိုယ်စီမှာရှိနေကြတဲ့ ဒဏ်ရာအမာရွတ်လေးတွေစမ်းသပ်ကိုင်ရင်း ကျွန်တော်တို အားလုံးတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်မိနေကြတယ်။
    ခံစားချက်တွေပြင်းထန်နေတဲ့စိတ်ကိုဖုံးကွယ်ဖို အပြုံးတုတွေနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့ လေးလံမှုကြောင့် ကျွန်တော်တို နှဖူးတွေမှာချွေးစီးတွေကျလို။
    “တောက်……….”
    မခံနိုင်တော့တဲ့အဆုံးမှာတောက်ခေါက်သံပြင်းပြင်းနဲ့အတူ ကျွန်တော့်မျက်နှာဖုံးကို ကြမ်းပြင်ပေါ်လွှင့်ပစ်၊ ခုံပေါ်တက်၊ မျက်ထောင့်တွေနီပြီး ရင်ထဲမှာရှိနေတဲ့အသံအကုန်သုံးပြီးမေးခွန်းတစ်ခုထုတ်လိုက်တယ်…
    “ WHY HAS NOBODY TOLD ME THIS BEFORE “ “ ဘယ်သူ့ကမှငါ့ကိုဘာကြောင့် ဒီအကြောင်းတွေမပြောခဲ့တာလဲ?”

    🌿သင့်ပုခုံးပေါ်ထမ်းထားရတဲ့ စိတ်ညစ်မှု၊ဝမ်းနည်းမှုဝန်ထုပ်ဝန်ပိုးတွေကိုခဏလောက်ဘေးချထားပြီး ဒီနေရာမှာခေတ္တအနားယူပါ သူငယ်ချင်း။ သင့်ဘ၀ခရီးလမ်းကိုလျှောက်ရတာ မောနေပြီပေါ့။ အခက်အခဲတွေဆိုတာ သူ့ဘာသာသူပြီးသွားလိမ့်မယ်လိုထင်ရပေမယ့် တကယ်တမ်းတော့လွယ်ကူတဲ့အရာတွေတော့မဟုတ်ပါဘူး။ ခါးစည်းခံခဲ့ရတဲ့ နာကျည်းမှုတွေ၊ မျိုသိပ်ထားရတဲ့ခံစားချက်တွေဟာတစ်ချိန်မှာပျောက်ကွယ်သွားမယ်လိုထင်ခဲ့ပေမယ့် တချိုသော ဒဏ်ရာတွေဟာအနာမကျက်ပဲ အခုချိန်ထိခံရခက်နေတုန်းပဲမဟုတ်လား ? 💔

    🌈ခံစားချက်တွေကိုသိရှိနားလည်ပြီး ကုစားနိုင်ဖို
    💡အတွေးလွန်မှုတွေကိုချေဖျက်ပြီး တိုးတက်မှုဆီလှမ်းတက်နိုင်ဖို
    💖ကိုယ်ချင်းစာစိတ်နဲ့ ချစ်တတ်စေဖို
    🌬စိုးရိမ်စိတ်ကနေ ရုန်းထွက်နိုင်စေဖို
    🔥စိတ်အားထက်သန်မှုကိုတည်ဆောက်နိုင်စေဖိုအတွက်

    🌀စိတ်ခံစားချက်တွေကိုမျိုသိပ်ခြင်းဟာ သူတိုပြောတဲ့စကားတွေကိုမကြားချင်ပဲလစ်လျူရှုလိုက်တာနဲ့တူတယ်။
    စိတ်ခံစားချက်တွေဟာ သင့်ကိုလွှမ်းမိုးနိုင်တဲ့အရာတွေဆိုပေမယ့် သူတိုဟာရန်သူမဟုတ်ပါဘူး။
    “အနားယူပါတော့။ မင်းအရမ်းပင်ပန်းနေပြီ” ဆိုတဲ့ သင့်ဝမ်းနည်းမှုကပြောတဲ့စကားလုံးနဲ့ “သတိထားနော်”ဆိုတဲ့ သင့်ရဲ့စိုးရိမ်စိတ်ကပြောတဲ့စကားလုံးတွေဟာ သင့်ကိုဂရုစိုက်လမ်းပြနေတဲ့ ခံစားချက်ကလေးတွေပါ။ ဒီခံစားမှုလေးတွေရဲ့ စကားကိုနားမထောင်ခြင်းဟာ သင့်ကိုကူညီဖိုကြိုးစားနေတဲ့သူငယ်ချင်းတစ်ယောက်ကို လစ်လျူရှုလိုက်တာနဲ့အတူတူပါပဲ။ သူတိုရဲ့ ကူညီမှုကိုလက်ခံခြင်းဟာ သင့်ရင်ထဲကအစိုင်အခဲတွေကိုချေဖျက်ပေးရုံသာမက ကြည်လင်အေးခြမ်းတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်တဲ့ခွန်အားကိုရရှိစေပါလိမ့်မယ်။🌸

    🌋အတွေးလွန်မှုရဲ့ တစ်ဖက်ကမ်းမှာ သာယာပျော်ရွှင်ပြီး ပြာလဲ့နေတဲ့ကောင်းကင်အောက်က သက်တန့်လေးတွေနဲ့အတူ ပန်းလေးတွေပွင့်နေတဲ့မြက်ခင်းစိမ်းစိမ်းလေးတွေမရှိနေပါဘူး။ သင်မြင်ရမှာကအနီရောင်ကောင်းကင်အောက် ကချော်ရည်ပူတွေကြားမှာကြောက်လန့်တကြားပြေးလွှားနေရတဲ့ သင်ရဲ့ အကြံကောင်းလေးတွေကိုမကောင်းဆိုးဝါးတွေကလိုက်လံဖမ်းဆီးနေတာကိုမြင်တွေ့ရမှာပါ။
    သင်ရုန်းထွက်ဖိုကြိုးစားလေ ဒီအိမ်မက်ဆိုးက ပိုမိုဆိုးရွားလေဖြစ်နေမှာပါပဲ။ သင့်ရဲ့ကိုယ်ပိုင်ပါဝါနဲ့ အရာအားလုံးကိုခဏရပ်တန့်၊ အသက်၀၀ရှုသွင်းလိုက်ပြီး သင့်အရှေ့မှာရှိနေတဲ့ အခက်အခဲသေးသေးလေးကိုအရင်ဆုံးဖြေရှင်းလိုက်ပါ။ အရာအားလုံးအတွက်အဖြေအားလုံး သင့်မှာရှိဖိုလိုအပ်မနေပါဘူး။ သင့်နောက်တစ်လှမ်းကိုလျှောက်နိုင်တဲ့ ယုံကြည်မှုပဲလိုအပ်ပါတယ်။ တိုးတက်မှုဆိုတာ အပြေးပြိုင်ပွဲတစ်ခုမဟုတ်ပဲသင်လိုချင်တဲ့ပန်းတိုင်ကို ခြေလှမ်းမှန်မှန် လျှောက်နိုင်ဖို ပိုအရေးကြီးတာကိုသတိပြုပါ။👟

    💞မိမိကိုယ်မိမိ ကိုယ်ချင်းစာစိတ်ရှိတာဟာ တစ်ကိုယ်ကောင်းဆန်မှုမဟုတ်ပါဘူးသူငယ်ချင်း။ သင်ဟာတခြားသူတွေကို ဂရုစိုက်ကြင်နာမှုတွေအများကြီးပေးနိုင်ပေမယ့် ဘာကြောင့်သင့်ကိုယ်သင်စိတ်ဆင်းရဲမှုတွေနဲ့နှိပ်စက်နေရတာလဲ? သင့်ရဲ့ ကိုယ်ချင်းစာတရားဟာရုန်းကန်ရမှုတွေနဲ့ လွတ်မြောက်မှု ကြားကတံတားတစ်စင်းလို ဆက်သွယ်ပေးပြီးအနာဂတ်လမ်းကိုဖြောင့်ဖြူးစေမှာပါ။ ပျော်ရွှင်ခြင်း၊ ကျေနပ်မှု၊ ကျေးဇူးတရားတွေကို ပေးနိုင်တဲ့သင့်ရဲ့ ကိုယ်ချင်းစာစိတ်ကိုလိုက်ရှာနေစရာမလိုပါဘူး။ ဒါတွေနဲ့သင်ဟာ အစဉ်အမြဲထိုက်တန်ပြီးသားပါ။🌟

    👃4-4-6 အသက်ရှုနည်း ( 4စက္ကန့် အသက်ရှုသွင်း၊ 4 စက္ကန့် အသက်အောင့်၊ 6 စက္ကန့် အသက်ရှုထုတ်)ကိုဆောင်ထားပြီး စိတ်အရမ်းလှုပ်ရှားတိုင်းသုံးပေးပါ။ ဒီနည်းက စိတ်ကန္တာရထဲမှာ လျှောက်ပြေးနေတဲ့ သင့်စိတ်ကို ရေအေးအေးလေးတစ်ခွက်တိုက်လိုက်သလို ငြိမ်းချမ်းမှုနဲ့တည်ကြည်မှုကိုယူဆောင်ပေးပါလိမ့်မယ်။ စိတ်အနောက်လိုက်နေမယ့်အစား သင့်ကိုအာရုံပြောင်းစေနိုင်မယ့်အလုပ်တစ်ခုကို လုပ်ဆောင်ပါ။ မိုးစိုမှာကြောက်ပြီးမိုးခိုနေလဲမိုးရေစိုမှာဖြစ်သလို စိတ်လှုပ်ရှားမှုကိုကြောက်ရွံပြီးပုန်းနေရင်လည်း ဒီအရာကသင့်ဆီကိုရောက်လာမှာပါ။ စိတ်လှုပ်ရှားမှုကိုအောင်နိုင်တယ်ဆိုတာ ဒီစိတ်ကို အပြီးအပိုင် သင့်ဆီကဆွဲထုတ်လိုက်တာမဟုတ်ပါဘူး။မိုးရေစိုမှာကိုကြောက်နေမဲ့အစား မိုးရေထဲမှာကနေနိုင်သလို စိတ်လှုပ်ရှားမှုနဲ့အတူနေထိုင်နိုင်အောင်ကြိုးစားရမှာပါ။☔️🔥Motivation မရှိဘူးဆိုတာမရှိပါဘူး။ လုပ်ချင်စိတ်နဲ့မလုပ်ချင်စိတ်ဆိုတာပဲရှိတယ်။ The Subtle Art of Not Giving A F* ထဲက Mark Mason ပြောထားသလိုမျိုး”တစ်ခုခုသာထလုပ်လိုက် အနောက်ကလုပ်ချင်စိတ်ကလိုက်လာလိမ့်မယ်” ဆိုတာကို အမြဲမှတ်ထားပါ။ အဆင်သင့်ဖြစ်မှစမယ်ဆိုရင် ဘယ်အရာမှအဆင်သင့်ဖြစ်မနေတတ်တာလောကနိယာမတစ်ခုပါပဲ။ သင့်ခြေလှမ်းတိုင်းဟာ လှပတဲ့အရာတွေကိုတည်ဆောက်နေတယ်ဆိုတာကိုယုံကြည်ပြီး အနှောင်အဖွဲတွေကင်းတဲ့ ပထမဆုံးခြေလှမ်းတွေဆီ လှမ်းတက်လိုက်ပါ။⬆️

    ✨သင့် ဘ၀ကိုပြင်ပကခွန်အားတွေနဲ့ ပြုပြင်ပြောင်းလဲဖိုကြိုးစားတာထက် သင့်မှာရှိပြီးသား သင်ရဲ့ကိုယ်ပိုင်စွမ်းအင်ကိုနားလည်လက်ခံပြီး ကောင်းမွန်တဲ့နေထိုင်မှုစတိုင်ကိုရဖိုအတွက် Dr Julie Smith ရဲ့ “Why Has Nobody Told Me This Before” ဟာ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လိုဖေးမကူညီပေးမှာပါ။ သင့်ဟာသင့်ကိုယ်ပိုင်ဟန်နဲ့ ပြီးပြည့်စုံပြီးသားဆိုတာကို နှလုံးသွင်းပြီးတားဆီးနေတဲ့ ကန့်သတ်ချက်တွေကိုရိုက်ချိုးနိုင်တဲ့ တိုးတက်မှုလမ်းမပေါ်တက်လှမ်းဖို ပထမခြေလှမ်းကို အခုပဲစတင်လိုက်ပါ။👣

    Add to cart
  • 😈 Why Men Love Bitches (Form Doormat to Dream girl – A Woman’s Guide to Holding Her Own in a Relationship)

    👱 New York Times Bestseller ဖြစ်တဲ့ စာရေးဆရာမ Sherry Argov ရေးသား၍ Daily Mail, Yahoo!, Los Angeles Times, The today Show, Fox New Channel, New York Daily News, … အစရှိတဲ့ channel နဲ့ magazine များကပါ Praise လုပ်ခဲ့ကြပြီး အုပ်ရေ ၁သန်းကျော် ရောင်းချခဲ့ရတဲ့ Relationship guide စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

    🧑💖👱 ချစ်သူအပေါ် ရှိရှိသမျှ အရာရာ ပေးဆပ်ချစ်ပေးကြပေမယ့် ကိုယ်ပေးသလောက် ပြန်မရဘူးဆိုတဲ့ မိန်းကလေးတွေအတွက် “a relationship guide for women who are too nice” ဆိုပြီး Introduction မှာ ရည်ညွှန်းထားပါတယ်။

    🧑👱 ယောက်ျားလေးတွေက သူတိုမိန်းကလေးတွေကို သိအောင်ထုတ်မပြောကြတဲ့ စကားတွေကိုလည်း စာရေးသူ က စာမျက်နှာတစ်ရွက်ဆိုရင် ဆိုသလောက် ထိထိမိမိ ဖော်ပြပေးထားပါတယ်။ ယောကျ်ားတွေ အကြိုက်ကို လိုက်လုပ်ခိုင်းတာမျိုး မဟုတ်ဘဲနဲ့ မွေးကတည်းက ပင်ကိုသဘာဝအားဖြင့် မတူညီတဲ့ အမျိုးသမီးနဲ့ အမျိုးသားရဲ့ Human Nature ကို ပြောပြထားတာမို ဖတ်ရတာ တော်တော်လေးအနှစ်သာရရှိပါတယ်။

    🦹‍♀️ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဘစ်ချက်စ် ဆိုတဲ့ အသုံးအနှုန်းက ပတ်ဝန်းကျင်မှာ ဘယ်သူနဲ့မှ မတည့်တဲ့ ဂွကျကျအမျိုးသမီး ကို ရည်ညွှန်းထားတာမဟုတ်ပါဘူး။ ဒီထဲက ဘစ်ချက်စ် ဆိုတဲ့ အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး အတွေးအခေါ် အမြှော်အမြင်ရှိရှိနဲ့ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့ Strong woman ကို ပုံဖော်ထားတာပါ။
    🦹‍♀️ ဘစ်ချက်စ် = Strong Women !!!

    Strong Women တွေနဲ့ “Too nice” women တွေရဲ့ ကွာခြားချက်က ဘာတွေလဲ ?
    👸 “Too nice” women တွေက သူတို ချစ်သူ အမျိုးသားအတွက် ဘာမဆို ပေးဆပ်အနစ်နာခံဖို အဆင်သင့်ရှိနေကြတဲ့အချိန်မှာ Strong Women တွေကတော့ ဘယ်သူ့ကိုမှ လွန်လွန်ကဲကဲ ဂရုမစိုက်ဘဲ သူတိုယုံကြည်ရာအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ကြတဲ့သူတွေ ဖြစ်ပါတယ်။ “Too nice” women တွေက သူတိုရဲ့ ချစ်သူကို အရာရာရဲ့ထိပ်ဆုံးမှာ ထားတတ်ကြပြီး Strong Women တွေကတော့ သူတိုရဲ့ ဘဝနဲ့ ရပ်တည်မှုကို ထိပ်ဆုံးမှာ ထားလေ့ရှိကြပါတယ်။

    👮🕵🏾‍♂️ စာရေးသူက ဒီစာအုပ်ကိုရေးဖိုအတွက် ရာနဲ့ချီတဲ့ အမျိုးသားတွေကိိ အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအမျိုးသားတွေထဲက ၉၀% ကျော်က စာအုပ်နာမည်ကို ဖတ်ကြည့်ပြီး စက္ကန့်သုံးဆယ်အတွင်းမှာပဲ “Why Men Love B” ဆိုတဲ့ စာအုပ်နာမည်ကို အင်မတန်သဘောကျကြောင်းနဲ့ မှန်ကန်ကြောင်း သဘောတူခဲ့ကြပြီး “Men need a mental challenge” ဆိုတဲ့ လျှိဝှက်ချက်တစ်ခုကိုလည်း ထုတ်ပြောခဲ့ကြပါတယ်။ “Too nice” women တွေက မိမိကိုယ်တိုင် ဗလာနတိဖြစ်တဲ့အထိ ချစ်သူအပေါ် အနစ်နာခံ ပေးဆပ်တတ်ကြပေမယ့် Strong Women တွေကတော့ ဘယ်အချိန်မှာ ပေးသင့်တယ်၊ ဘယ်အချိန်မှာတော့ ပြန်ဆွဲယူသင့်တယ် ဆိုတာကို ကောင်းကောင်းသိပြီး သူတိုလူကို Mentally challenge ဖြစ်အောင် လုပ်တတ်ကြပါတယ်။

    🔹 He must feel that you choose to be with him, not that you need to be with him.
    သူ့ကိုရွေးချယ်တာဟာ ကိုယ်ရွေးချယ်ချင်လို ရွေးချယ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ သူ့ဆီက တစ်ခုခုကို လိုအပ်လို သူ့ကိုရွေးချယ်တာမျိုး မဖြစ်ပါစေနဲ့။ ဒါကို သူကိုယ်တိုင်လည်းသိပါစေ။

    🔹 Success in love is not about looks, it’s about attitude.
    တချိုလူတွေ အချစ်ရေးမှာ အောင်မြင်နေတယ်ဆိုတာ သူတိုရဲ့ သူတိုရဲ့ ရုပ်ရည်ရူပကာကြောင့်မဟုတ်ပါဘူး။ သူတိုရဲ့ စိတ်နေစိတ်ထားတွေ ခံယူချက်တွေကြောင့်ပါ။ စားသောက်ဆိုင်တစ်ဆိုင်ကို သင်နဲ့ သင့်ကောင်လေးနှစ်ယောက် အတူသွားတယ်ပဲဆိုပါစို၊ ဆိုင်ထဲက ကျကျနန ပြင်ဆင်ထားတဲ့ တခြားကောင်မလေးတွေကို ကြည့်ရင်း သင့်ကိုယ်သင် သူတိုလောက်မလှဘူး ဆိုပြီး သိမ်ငယ်ကြောင်း သင့်ချစ်သူကို ခဏခဏ ပြောနေခြင်းဟာ သူ့ကို တကယ်ပဲ သင် မလှဘူးလို မြင်လာစေပါတယ်။

    🔹 Most women are starving to receive something from a man that they need to give to themselves.
    အချစ်ငတ်နေတယ် ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်သေးလိုလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေအကုန်လုံးက အချစ်ခံနေရတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတိုဘဝကို အဓိပ္ပာယ်ရှိစွာ ရှင်သန်နေနိုင်ကြခြင်း အကြောင်းအရင်းကတော့ သူတိုဘာလိုအပ်နေလဲသိပြီး သူတိုကိုယ်သူတို ဖြည့်ဆည်းပေးနေကြလိုပါ။ ချစ်ခြင်း၊ ငွေကြေး၊ အထောက်အပံ့… အကုန်လုံးအတူတူပါပဲ။ ကိုယ့်မှာမရှိဘူးလို ခံစားလာရတဲ့အခါ သူတစ်ပါးဆီမှာ သွားမရှာခင် ကိုယ့်ကိုယ်ကိုယ် အရင်ပေးကြည့်ပါ။ အဲဒါ ပိုစိတ်ချရပါတယ်။

    🔹 The biggest variable between a Strong Women and a woman who are “too nice” is “Fear”. The Strong Women shows that she’s not afraid to be without him.

    🔹 “She is mysterious.”
    ပွင့်လင်းမှုရှိတာနဲ့ ရှိရှိသမျှအကုန်ထုတ်ပြတာက တူသလိုလိုနဲ့မတူပါဘူး။ သူတိုလည်းသိစရာမလို၊ သင်လည်းမပြောပြချင်တဲ့ အကြောင်းအရာတစ်ခုကို အတင်းအကြပ် မေးလာတဲ့အခါ သင့်ဘက်က အားနာပြီး ဖြေစရာမလိုပါဘူး။ “ဘာလို မပြောပြတာလဲ” ဆိုပြီး ရန်ထောင်လာတဲ့အခါ “ဘာလိုပြောပြရမှာလဲ” လိုသာ ပြန်မေးလိုက်ပါ။ ပွင့်လင်းတယ်ဆိုတာနဲ့ပဲ လူတိုင်းကို အရာတိုင်း လိုက်ပြောပြနေဖိုမလိုပါဘူး။ ကိုယ်ကိုယ်တိုင်က Mystery ဖြစ်နေပါစေ။

    “သူမရှိလို မဖြစ်ဘူး” ဆိုတာဟာ တစ်နည်းအားဖြင့် သူ့ကို သင့်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ပေးလိုက်တာပါ။

    Add to cart
  • “အခြား Management စာအုပ်တွေ မလိုတော့လောက်ပါဘူး”
    _Warren Buffet

    Bill Gates ကတော့ ကျောင်းသားမှအစ CEOs တွေအထိ စီးပွားရေးတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ဖို တိကျတဲ့ အချက်အလက်တွေ ပါဝင်တဲ့ စာအုပ်တစ်အုပ်လို ညွန်းထားပါတယ်။

    စာရေးသူ Jack Welch ကိုတော့ မိတ်ဆက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။ Jack Welch က အနိုင်ရဖို သိတဲ့သူပါ။ General Electric မှာ နှစ်၄၀ကြာ ကျင်လည်ခဲ့ချိန်မှာ ကြမ်းတမ်းတဲ့ စျေးကွက်မျိုးစုံ၊ အခြေအနေကြားမှာပဲ ကုမ္ပဏီကို အောင်မြင်မှုတွေဆီ ဦးဆောင်နိုင်ခဲ့ပါတယ်။

    “Jack နဲ့ Management အကြောင်းတွေ ဆွေးနွေးနေရင် အခန်းထဲမှာ သူရဲ့ စွမ်းအားဆန္ဒတွေ ပြင်းပြမှုက ပြည့်နှက်နေပါတယ်။ အလားတူ ခံစားမှု အတွေ့အကြုံကို ဒီစာအုပ်ကနေ သင်ရနိုင်ပါတယ်။ စာမျက်နှာ တစ်ရွက်ချင်းဆီကနေ သူနှင့် ဆွေးနွေးနေသလို အရည်အသွေးတွေ သင့်ဆီ ရောက်လာပါလိမ့်မယ်။”
    _Warren Buffet

    ယခုစာအုပ်ရဲ့ အဓိကအနှစ်က “လက်တွေ့ကျတာပါပဲ”။ အပိုင်းအနေနဲ့ general ခွဲရရင် သုံးပိုင်းရှိပါမယ်။ ပထမအနေနဲ့ ကုမ္ပဏီအတွင်းရဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ leadership ကနေ followers တွေကို winners ဖြစ်အောင် ပျိုးထောင်တာက အစ ပါဝင်ပါတယ်။ ဒုတိယအပိုင်းမှာတော့ အပြင်ပိုင်း ပြိုင်ဆိုင်မှုတွေ၊ ဗျူဟာချမှတ်မှုတွေ၊ ပူးပေါင်းမှုတွေ၊ ပြသာနာတွေကြားမှာ ခေါင်းမော့နိုင်အောင် ဘယ်လိုလုပ်မလဲ စသည့် ဖြေရှင်းမှုတွေအကြောင်းတွေ ရေးထားပါတယ်။ တတိယအပိုင်းအနေနဲ့တော့ ကိုယ့်ရဲ့ career မှာ right job ကို ရွေးချယ်နိုင်ဖိုကနေ work-life balance ရယူနိုင်ဖိုအထိ ရေးသားထားပါတယ်။

    ယခုစာအုပ်ကို ဖတ်သင့်တဲ့ အခြားအချက်တွေ ဘာရှိမလဲ။

    ၁။ အောက်ခြေကအစ အပေါ်ထိရောက်အောင် ကျင့်နိုင်သည့် နည်းလမ်းတွေကို အခြေခံထားပါတယ်။ Jack က General Electric ကနေ သာမန်ဝန်ထမ်းကနေ Chairman and CEO အထိ ရောက်လာတာပါ။ သူရဲ့ ဦးဆောင်မှုအောက်ကနေ ကုမ္ပဏီက Profit level ကြီးထွားလာပြီး ကမ္ဘာစျေးကွက်ကို ချူပ်ကိုင်နိုင်ခဲ့ပါတယ်။

    ၂။ ရေးထားတာတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ ပြတ်သားပါတယ်။ ဖတ်ရတာလည်း လွယ်ပါတယ်။ Chapter တစ်ခုချင်းစီကိုလည်း လက်တွေ့ကျကျ ပုံစံချထားပါတယ်။ “Tell them what you’re gonna tell them. Tell them. Tell them what you told them.”

    ၃။ ဖတ်ရတာလဲ စိတ်ဝင်စားဖို ကောင်းပါတယ်။ Jack က အနိုင်ကို နှစ်သက်သူဖြစ်ပြီး သူနှင့် သူ့အဖွဲကလည်း တကယ်ကိုပဲ အနိုင်ကို ပြသခဲ့တာပါ။

    ၄။ ပြီးတော့ နည်းလမ်းဟောင်းတွေကို အခြေမခံထားပါဘူး။ သင်သိတဲ့ သဘောတရား အချိုတောင် သူ့ဆီက လာတာဖြစ်နိုင်ပါတယ်။

    ၅။ တကယ့်လက်တွေ့ Corporate လောကရဲ့ သဘောတရားတွေကို အခြေခံ ရေးထားပါတယ်။

    ၆။ Jack က သူ retire လုပ်ပြီးနောက် ကမ္ဘာအနှံကနေ ပွဲတက်ရောက်သူတွေရဲ့ မေးခွန်းများစွာ ရရှိထားပါတယ်။ အားလုံးရဲ့ မေးခွန်းတွေကလည်း သူရဲ့ ဘဝတစ်လျောက် အလုပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ပြသာနာ ဖြေရှင်းပုံတွေ၊ ယှဉ်ပြိုင်မှုတွေ၊ သဘောတရားတွေ၊ တုန့်ပြန်မှုတွေ ကုန်ကုန်ပြောရရင် တွေ့ကြုံလာသမျှတွေကို ဘယ်လို အနိုင်ရအောင် လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းတွေဘဲ ဖြစ်ပါတယ်။ ကျေးဇူး Jack စာအုပ်ထဲမှာ အဖြေပေးထားလို။

    Jack Welch ကိုတော့ Fortune ကနေ “Manager of the Century” လို ချီးကျူးထားပါတယ်။ Financial Times ကလည်း “One of the three most admired business leaders in the world” အဖြစ် သတ်မှတ်ထားပါတယ်။ Jack သက်တမ်းတစ်လျောက်မှာ General Electric ရဲ့ တန်ဖိုးဟာ $400 billions အထိတက်လာပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပါသေးတယ်။

    သင့် ဒီလဝင်ငွေ ၁၀၀ ရာခိုင်နှုန်း ရဲ့ ၃ ရာခိုင်နှုန်းလောက်ကို ရင်းနှီးပြီး Jack Welch ရဲ့ “Winning” သဘောတရားတွေကို ရယူလိုက်ပါ။

    Add to cart
  • Mentor တစ်ယောက် ရှာနေတယ်ဆိုရင်

    သူတောင်းစား တစ်ယောက် ရေးတဲ့ သူဌေး ဖြစ်နည်း စာအုပ်တစ်အုပ်ဖတ်မလား၊ Millionaire တစ်ယောက် ရေးတဲ့ တောင်းစားနည်း စာအုပ်တစ်အုပ် ဖတ်မလား

    အခု စာအုပ်ကတော့ Kobe Bryant, Michael Jordan စတဲ့ ဆရာ့ဆရာကြီး‌တွေကို Training ‌ပေးခဲ့တဲ့ Coach ‌တစ်‌ေယာက် အကြောင်းပဲ ဖြစ်ပါတယ်။

    Everybody want to go to heaven, Nobody want to die.

    Winning Makes you Different, Different Scares People

    ကြောက်တဲ့ သူတွေက မနိုင်ဘူး၊ နိုင်တဲ့ သူတွေကလည်း မကြောက်တတ်တာ မဟုတ်ဘူး။ တကယ်တော့ အနိုင်ရသူတွေကလည်း ကြောက်နေရဲ့သားနဲ့ ရှေ့ဆက်တိုးနေကြတာ။

    ကျွန်တော်တိုက သူများ အမြင်ကို ကိုယ့်အမြင်ထက် ပိုပြီး တန်ဖိုးထားကြတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို တစ်ခြားသူရဲ့ အပြောတစ်ခု နဲ့တင် ဖျက်ဆီးခံလိုက်ကြတယ်။

    ဒါပေမယ့် Bill Gates, Elon Musk, Jeff Bezos ‌လို လူတွေက သူတိုအတွေးကို တစ်ခြားလူ ဂရုစိုက်လား၊ မစိုက်လား မစဉ်းစားဘူး။ သူတို လုပ်ချင်တာ သူတို လုပ်ကြတာ။

    ကိုယ်ပိုင်အရည်အချင်းတွေ ရှိနေတဲ့သားနဲ့ သူများရဲ့
    အပြောအဆို၊ ဖယ်ကျဉ် ခံရမှာကို ကြောက်ပြီး တိမ်မြုပ်သွားတဲ့ သူတွေ

    ကိုယ့်အရှိန်အဝါ တောက်ပ ဖိုထက် မိုးခါးရေ သောက်ပြီး တစ်ခြားသူတွေကြားထဲ ရောရောနှောနှော နေနိုင်ဖို အားထုတ်နေကြသူတွေ

    သာမန်လူတွေကြားထဲ သာမန်ပဲ ဖြစ်ချင်တဲ့ သူတွေ
    ဒီစာအုပ်ကို ဖတ်လို မရပါဘူး။
    ဒီစာအုပ်က သင်ပျော်နေတဲ့ Comfort zone လေးထဲက ဆွဲထုတ်သွားမှာ မိုလိုပဲ။

    WINNING Is Selfish

    တစ်ကိုယ်ကောင်း ဆန်ပါ။
    ကိုယ့်ကိုယ် ထိန်းချုပ်နေတဲ့ အချည်အနှောင်တွေကနေ ရုန်းထွက်ဖို အတွက် တစ်ကိုယ်ကောင်းဆန်ပါ။
    ကိုယ့်ကို တားဆီးနေတဲ့ အခက်အခဲတွေကနေ ပျံသန်းဖို အတွက် တစ်ကိုယ်ကောင်း ဆန်ပါ။
    ကိုယ့်ကိုယ် တိမ်မြုပ်စေမယ့် အမိုးအကာတွေကနေ ဖောက်ထွက်ဖိုအတွက် တစ်ကိုယ်ကောင်း ဆန်ပါ။
    ကိုယ့်ကိုယ်ကို နှောင့်နှေးစေမယ့် ကိုယ့်အတွေးတွေကနေ ရုန်းထွက်ပါ။
    – Tim Grover

    Mentor တစ်ယောက်ရှာနေတဲ့သူတွေအတွက် ———————–

    Add to cart
  • 🧠“စိတ်က အရာအားလုံးကိုဆုံးဖြတ်တယ်”🧠

    စိတ်သာ ရှင်စော ဘုရားဟောဆိုပြီး အရာရာမှာ စိတ်ဟာအရေးအကြီးဆုံးလို ဘုရားရှင်တော်မြတ်ကပညတ်ခဲ့တယ်။
    ရွေးချယ်မှုတိုင်း၊ တုံပြန်မှုတိုင်း၊ ခံစားချက်တိုင်းရဲ့ ကောင်းခြင်း၊ဆိုးခြင်း အရာအားလုံးကို မိမိရဲ့စိတ်ကသတ်မှတ်တဲ့အတိုင်း လိုက်လုပ်ဆောင်ကြရတယ်။

    👉ဒါဆိုကျွန်တော်တိုရဲ့အတွေးတွေအကုန်လုံးက အမှန်ပဲလိုယူဆလိုရသလား ?

    အရာအားလုံးကို ကျွန်တော်တိုပိုင်ဆိုင်တဲ့ရှုထောင့်ကပဲမြင်ရတယ်။
    တည်ရှိနေသောအမှန်တရားတစ်ခုထက် အချိန်တစ်ခုမှာရှိတဲ့ အခြေအနေ၊ခံစားချက်ပေါ်မူတည်ပြီး ဝေဖန်ပိုင်းခြားမှုကိုကျွန်တော်တိုဖန်တီးရင်း စိတ်ဆောင်ရာနောက်လိုက်နေကြရတယ်။
    ဒီနေရာမှာ သမာဓိဓာတ်ခံအပြည့်နဲ့ ဓမ္မဓိဌာန်ကျကျ ဆင်ခြင်ဆုံးဖြတ်နိုင်မှုကိုကျင့်ကြံပြီး ကိုယ်ရည်မှန်းချက်ကို စေဆောင်သောစိတ်နဲ့ အတူတကွငြိမ်းချမ်းစွာရောက်ရှိနိုင်အောင်ပြုလုပ်ခြင်းဟာ သမာသမတ်အကျဆုံးဖြစ်ပါတယ်။

    🕊သင့်လှောင်အိမ်ကိုရိုက်ချိုးပါ။
    လွတ်မြောက်တဲ့စိတ်နဲ့အတူ ပွင့်လင်းတဲ့အမြင်အတွက် စာလုံးတွေကို အသိဉာဏ်အဖြစ်ပြောင်းလဲပြီး ရေရှည်တည်တံ့မဲ့အုတ်မြစ်ကိုတည်ဆောက်ဖိုဒီစာအုပ်ကလေးမှာ
    1️⃣Mindfulness
    2️⃣Habits
    3️⃣Stoicism
    4️⃣Mental Health
    5️⃣Relationships
    6️⃣Psychology ဆိုတဲ့ အပိုင်း 6 ပိုင်းနဲ့ Insights 71 ခုပါဝင်ပါတယ်.

    ✨ခဏလောက်ရပ်..
    လက်ထဲကဖုန်းကိုခဏဘေးချ။
    အသက်တစ်ချက်၀၀ရှုလိုက်ပါ။

    ခဏလောက်စဉ်းစားကြည့်
    🔹သင့်ဘ၀မှာအလိုချင်ဆုံးအရာဟာဘာလဲ?
    🔹ဒီအရာအတွက် သင်ဘာလုပ်နေသလဲ?

    သင်လိုနေတဲ့အဖြေဟာ ဒီစာအုပ်ကလေးထဲမှာရှိနေနိုင်ပါတယ်။

    Add to cart
  • ❌ ကျွန်တော် လူတိုင်းကို အတူတူပဲလို ထင်ခဲ့မိတယ်။ ⭕️

    ❓ ၂၄ နာရီ ချင်းအတူတူ တစ်ချိုတွေက ဘာလို အရမ်း ကြိုးစားနိုင်ကြတာလဲ။

    🔶 ပျင်းတဲ့သူတွေက နည်းနည်းပဲ လုပ်ပြီး အောင်မြင်ချင်ကြတယ်၊ အောင်မြင်တဲ့သူတွေက သူတို လုပ်နိုင်သမျှ အားကုန်လုပ်ရင်း အောင်မြင်မှုကို ရယူနေကြတယ်။ 🔶

    📖 စာအုပ်အကြောင်းကတော့
    Patrick Bet-David ရဲ့ ” Your Next Five Moves ”
    လူငယ်တစ်ယောက်ရဲ့ Career Development ကနေ စပြီးတော့ Entrepreneur လုပ်ငန်းရှင် တစ်ယောက် အထိ Life Winning Decisions ချမှတ်တဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

    🖋 စာရေးဆရာ Patrick Bet-David ကတော့ အပြောနဲ့တင် လုပ်နေတာမျိုးမဟုတ်ပဲ သူ့ လုပ်ရပ် အောင်မြင်မှုတွေအပေါ်မှာ အခြေခံပြီး ပြောပြထားတာ ဖြစ်တဲ့အတွက် ကျရှုးမှုပေါင်းများစွာ ကို အောင်မြင်မှု ဖြစ်စေမယ့်နည်းလမ်းတွေပေါင်းစပ်ထားတဲ့ စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။ 🏋️

    🐺 Lesson 1: Master Knowing Yourself

    ခု ရက်ပိုင်း လူငယ်တွေကို အင်တာဗျူး မေးရတဲ့အခါမှာ ထူးထူးခြားခြား တွေ့ရတာကတော့ လူငယ်တွေက လမ်းပျောက်နေကြတယ်။ လမ်းပျောက်တာကတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် သူတိုက လမ်းပျောက်မှန်း မသိကြတာ။
    လူငယ်တွေ လမ်းပျောက်နေမှန်း မသိတဲ့အချိန်တစ်ခုမှာ တိုင်ပင်ဖော်လည်းမရ၊ အချိန်တွေလည်း ကုန်၊ ရှေ့မှာလည်း ဘာဖြစ်မလည်း မသိ၊ ဘယ်အရာမှ သေချာရေရာမှု မရှိတဲ့ အချိန်မှာ သူတို ရွေးချယ်မှုတွေကလည်း သူတို ထင်သလောက် မရောက်နိုင်ဘူး ဖြစ်နေခဲ့တယ်။
    စာအုပ်ထဲမှာ ကိုယ့်အားသာချက်၊ အားနည်းချက်၊ သွားလိုတဲ့နေရာတစ်ခု၊ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပုံနည်းလမ်းတွေကို အနှစ်သာရ ရှိရှိ ဖော်ပြထားတယ်။

    🕊 Lesson 2: Master Building the Right Team

    မြန်မြန် သွားချင်ရင် တစ်ယောက်တည်း သွားရတယ်၊
    ဝေးဝေး ရောက်ချင်ရင်တော့ အုပ်စု နဲ့ သွားရတယ်။

    ခု လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ချင်ဆုံး အရာတစ်ခုကတော့ ဝန်ထမ်းတွေကို အလုပ် ဖြုတ်ပစ်တာပါပဲ။
    မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် ရွေးချယ်မှု တစ်ခုကို လုပ်နေကြရတယ်။

    လုပ်ငန်းတစ်ခု ရှေ့ဆက်ဖို မရှိမဖြစ် လိုအပ်တဲ့ လူတစ်စုကိုသာ ရွေးချယ်ဖို ဆုံးဖြတ်ချက် ချကြရတယ်။

    အလုပ် လူလျော့တဲ့အထဲ ပါသွားလို စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကို အရှုးမပေးလိုက်ပါနဲ့။ ကိုယ့်အတွက် အတူတူ ရှေ့ဆက်မယ့် လူတွေကို လိုက်ရှာပါ။ အားကိုးပါ။ တိုင်ပင်ပါ။ အခက်အခဲကို တောင့်ခံပြီး ရှေ့ဆက်မယ့် နည်းလမ်းတွေ ရှာဖွေပါ။
    အဆိုးဆုံး အခြေအနေကနေ အကောင်းဆုံး အရှာတွေ ဖြစ်လာတာပါ။
    ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လက်ခံနိုင်ပြီး ကိုယ့်ကို မြှင့်တင်ပေးမယ့် လူတစ်စုကို လက်ဆုပ်လက်ကိုင် ထားပါ။

    ⏳ စာရေးဆရာ Patrick Bet-David ကတော့ YouTube မှာ Valuetainment Channel ကနေ လူငယ်တွေအတွက် လိုအပ်တဲ့ Skill set တွေကို မျှဝေနေသူ တစ်ယောက်ဖြစ်ပြီး လုပ်ရပ်တွေနဲ့ သက်သေပြတဲ့ Multi-Millionaire တစ်ယောက်ဖြစ်ပါတယ်။ သင်ခန်းစာ များစွာကို စာအုပ်ထဲမှာ ပေါင်းစပ်ထည့်ထားတဲ့အတွက် ပျင်းစရာကောင်းနေမှာ မဟုတ်ပဲ စိတ်ဝင်စားမှုအပြည့်နဲ့ ကမ္ဘာတစ်ခုကို ဆွဲခေါ်သွားမှာ အသေအချာပါပဲ။ ⏳

    Add to cart
  • 👁‍🗨👁‍🗨အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကိုသိဖို Yuval Noah Harari ရဲ့စာအုပ် Collection👁‍🗨👁‍🗨
    🐒ငါတို ဘယ်ကလာတာလဲ ? ( Where Do We Come From? )
    👨‍👩‍👧‍👦ငါတိုကဘာတွေလဲ? (What Are We?)
    🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ ? (Where Are We Going? )
    🪢ငါတို ဘယ်လိုဖြစ်တည်လာတာလဲ ? ( How do we become? )

    ဒီစာပိုဒ်ကလေးကို တစ်ခါတစ်လေ ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်မှာ တွေးမိတတ်ပါတယ်။ ငယ်ငယ်ကတည်းက Discovery Channel အရမ်းကြိုက်၊ သုတစွယ်စုံဆိုလည်း တွေ့တာနဲ့ကောက်ဖတ်လိုက်တဲ့ ကျွန်တော့်လိုမျိုးစာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက် ဒီစာအုပ်ကလေး 4 အုပ်ကို Recommend ပေးချင်ပါတယ်။

    🐒ငါတိုဘယ်ကလာတာလဲ ? – Sapiens: A Brief History of Humankind
    မျောက်ဝံတွေဘ၀ကနေ အာကာသထဲခရီးသွားနိုင်တဲ့အထိ ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ ကျွန်တော်တို (Homosapiens) တွေရဲ့ဖြစ်တည်ရာအတိတ်ကို ဒီစာအုပ်ကလေးနဲ့အတူအချိန်ခရီးသွားလိုက်ပါ။
    စိုက်ပျိုးရေး၊ဘာသာရေး၊စီးပွားရေး၊ယဉ်ကျေးမှုနဲ့နည်းပညာ တွေဖြစ်တည်လာပုံကိုလေ့လာရမှာပါ။

    👨‍👩‍👧‍👦ငါတိုကဘာတွေလဲ ? – 21 Lessons for the 21st Century
    21 ရာစုမှာဘာတွေဖြစ်နေလို ဘာတွေငါတိုလုပ်ကြရမှာလဲ ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးထားပါတယ်။ကျွန်တော်တိုအားလုံးသိချင်တဲ့မေးခွန်းတွေဖြစ်တဲ့ “ AI နဲ့ Automation တွေနဲ့ အလုပ်လုပ်လာတဲ့ခေတ်မှာ ငါတိုဘာတွေလုပ်ကြရမလဲ ? “ “ငါတိုအလုပ်အားလုံးကို စက်တွေကအစားထိုးသွားမှာလား ?” “ ဆက်တိုက်တိုးတက်နေတဲ့ ဒီကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်အောင် ဘာလုပ်သင့်လဲ” ဆိုတာတွေရဲ့အကြောင်း ကိုပြောပြထားပါတယ်။

    🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ – Homodeus: A Brief History of Tomorrow
    မရဏတရားကိုအနိုင်ယူနိုင်ပြီး အသက်ရှင်သန်ဖိုအတွက် ပူပန်စရာမလိုတော့တဲ့အနာဂတ်မှာ လူတွေကပျော်ရွှင်မှုနောက်လိုက်ကြမှာလား ? အဓိပ္ပါယ်ရှိတဲ့အရာတွေနောက်လိုက်ကြမလား ? အနာဂတ်ရဲ့ ကန့်လန့်ကာအနောက်မှာ AI နဲ့ ကျွန်တော်တို လူသားတွေ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ? တိုးတက်မှုနဲ့တကွ ရရှိလာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။

    🪢ငါတိုဘယ်လိုဖြစ်တည်လာတာလဲ ? – Nexus: A Brief History of Information Networks from the Stone Age to AI
    ကျွန်တော်တိုငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖိုအတွက် စာတိုက်ကနေစာပိုရတယ်. ပြီးတော့လိုင်းဖုန်း, ဆယ်လူလာဖုန်း စသည်ဖြင့် အခုအချိန်မှာ စကားပြောဖိုအတွက် ဘေးနားကဖုန်းလေးကောက်ကိုင်ပြီးစာလေးရိုက်လိုက်တာနဲ့ မိုင်ထောင်ချီကွာဝေးနေတဲ့လူနဲ့လည်းဆက်သွယ်လိုရနေပြီ။ ဒီအရာတွေဘယ်လိုဖြစ်တည်လာသလဲ ? ကျွန်တော်တိုရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှုတွေနဲ့ ဒီinformation တွေကိုလူသားတွေဆီပြန့်နှံသွားအောင် ဘယ် Network တွေကလုပ်ဆောင်ပေးခဲ့သလဲဆိုတဲ့အကြောင်းကို လေ့လာနိင်ပါတယ်။

    🧠စာရေးဆရာ Yuval Noah Harari ရဲ့ စာအုပ်တွေဟာ ဖတ်ရုံသာမက အတွေးအမြင်သစ်တွေကိုခေါ်ဆောင်လာပေးပါတယ်။ လူသားမျိုးနွယ်တွေရဲ့ ဖြစ်တည်မှုအစကို Sapiens ကနေစပြီး အခုခေတ်ရဲ့ စိန်ခေါ်မှုတွေကို 21 Lessons for the 21st century မှာအပြင် အနာဂတ်ရဲ့ ဖြစ်နိုင်ခြေတွေကို Homodeus မှာစိတ်ကူးပုံဖော်ထားပါတယ်။ ဒီအရာတွေဖြစ်တည်လာဖိုအတွက် သတင်းအချက်အလက် Nexus တွေက ပံ့ပိုးပေးခဲ့တဲ့အကြောင်းတွေနဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဒီ Collection လေးနဲ့ အတူမျှဝေခံစားလိုက်ပါ။

    Add to cart

Cart

Your Cart is Empty

Back To Shop