Shop

  • လူတိုင်းက မင်းလိုရိုးသားမယ်လို့။

    မင်းယုံကြည်နေတုန်းပဲလား ?? 😔💔

     

    “လောကကြီးကတရားမမျှတတာမဟုတ်ဘူး လူတွေအကြောင်းမင်းမသိသေးတာပါ”

     

    🙏 မင်းယုံကြည်ခဲ့တယ်။
    🙂မင်းနားလည်မှုတွေ ပေးခဲ့တယ်။
    🤗မင်းကြင်နာမှုတွေ ရှိခဲ့တယ်။
    😇မင်းလို လူကောင်းတစ်ယောက်ဖြစ်ရမယ်လို့ တွေးခဲ့တယ်။
    🛡️ရိုးသားမှုက မင်းကို ကာကွယ်ပေးမယ်လို့ ယုံခဲ့တယ်။

    ဒါပေမယ့်… 

    အဆုံးသတ်မှာ  မင်းပဲ နာကျင်ရတယ်။
    လူတွေရဲ့ လှည့်စားမှု၊ သစ္စာဖောက်မှုတွေ ကို သံသယမရှိဘဲ သတိမမူမိပဲ မင်းပဲခံစားခဲ့ရတယ်။ 🔪

    ဘာကြောင့်လဲ???

    နောက်လှည့်ကြည့်လိုက်တော့ သင့်ကိုယ်သင် မသနားမိဘူးလား?🥺

     

    သင့်စိတ်ထဲမှာ

    🔸လူတွေက “သင့်လိုကြင်နာတတ်မယ်”လို့ထင်ခဲ့တယ်။

    🔸လူတွေက “သင့်လိုနားလည်မှုပေးတတ်မယ်”လို့ထင်ခဲ့တယ်။

    🔸လူတွေက “သင့်လိုယုံကြည်မယ်”လို့ထင်ခဲ့တယ်။

    တကယ်တော့သူတို့ ဟာသင်တွေးထားသလိုမဟုတ်ခဲ့ဘူး။

     

    “The greatest danger is not the enemy you can see.

    It’s the enemy you refuse to see.” 

    “ မင်းမြင်ရတဲ့ အန္တရာယ်တွေထက် မင်းမြင်ဖို့ငြင်းဆန်တဲ့ အန္တရာယ်ဟာ ပိုကြီးမားတယ်”

     

    သင်သတိမထားမိတဲ့

    ▫️အပြုံးတွေရဲ့ အနောက်က မနာလိုဝန်တိုမှုတွေ

    ▫️ချီးမွမ်းစကားတွေရဲ့အနောက်က လှည့်စားဖို့အကွက်တွေ

    ▫️ဒေါသနဲ့ဖုန်းကွယ်ထားတဲ့ အနောက်က အားနည်းချက်တွေ

    ▫️တိတ်ဆိတ်မှုရဲ့နောက်ကွယ်က အုံ့ပုန်းဒေါသတွေအပြင်

    ▫️လူတွေရဲ့ရင်ထဲက Shadow လို့ခေါ်တဲ့အမှောင်ထုရဲ့အကြောင်း ကိုနားလည်ဖို့မကြိုးစားရင် Chess ခုံပေါ်ကနယ်ရုပ်လေးတစ်ရုပ်လို သူများရွှေ့တဲ့အကွက်ထဲပဲလိုက်မျောပါနေရမှာပါ။

     

    ဒါဆိုဘာလုပ်မှာလဲ ?🤔

    သင့်ဘ၀ကို လူရွှင်တော်တစ်ယောက်လို တခြားသူတွေ ရယ်မောစရာအဖြစ်ခံမလား ?

    ပရိသတ်ထောင်ပေါင်းများစွာရဲ့ လက်ခုပ်သံတွေကြားထဲမှာ အောင်ပွဲခံမလား ?

     

    သင်မမြင်ရအောင်တားဆီးထားတဲ့ ကန့်သတ်ချက်တွေကို ဒီစာအုပ်လေးနဲ့အတူ ရိုက်ချိုးပြီး လူတွေရဲ့အကြောင်း သင့်ရဲ့အကြောင်းကို  အလင်းဖွင့်လိုက်ပါ။

    Add to cart
  • လုပ်ငန်းရှင်တိုင်း ဖတ်သင့်တဲ့ စာအုပ်

    🐾 သင့်လုပ်ငန်း‌အတွက် တစ်ခုခု တိုးတက်ပြောင်းလဲဖို လိုအပ်နေပြီဆိုရင်

    💭 လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်။ Idea တွေရှိကြတယ်။ တစ်ချိုက တစ်ခြားတစ်ယောက်ကို ယုံလိုဆိုပြီး ပြောပြမိတယ်။ Idea က်ိ အသုံးချသွားတယ်။ တစ်ခြားတစ်ယောက်က အကောင်အထည် ဖော်သွားတယ်။ တစ်ချိုကျတော့ ဖြစ်မလာနိုင်ပါဘူးဆိုပြီး ငြိမ်သွားတယ်။ တစ်ချိုကျတော့ ငွေအင်အား မရှိလို၊ မအားလိုဆိုတာတွေနဲ့Idea က Idea အနေနဲ့ပဲ ရှိနေတော့တယ်။
    📌 ကုမ္ပဏီ အများစုဟာ အစမှာတော့ Strategy တစ်မျိုးနဲ့သွားကြတယ်။ တဖြည်းဖြည်းကြာလာတာနဲ့သွားနေတဲ့ Strategy ကိုနောက်တစ်မျိုးပြောင်း၊ အဆင်မပြေရင် နောက်တစ်ပိုင်း ထပ်ပြောင်း အဲ့လိုနဲ့

    နောက်ပိုင်းရောက်တော့မှ Sustainable Success ကိုရရှိလာကြတယ်။

    ဥပမာ ebay အစမှာတော့ ပစ္စည်းကို အိမ်တိုင်ရာရောက်ပိုပြီးမှ ပိုက်ဆံချေ၊ နောက်ကြတော့ Bank တွေနဲ့ချိတ်ဆက်ပြီး Banking နဲ့ပိုက်ဆံပေး၊ ပြီးတော့ Credit Card, Visa တွေ သုံးပြီး Online Banking နဲ့ပိုက်ဆံချေ အမျိုးမျိုး ပြောင်းလဲလာကြတယ်။ ပထမပိုင်းမှာ Asia ဘက်ကို ပစ္စည်းတွေ မပိုပေးနိုင်ဘူး။ အခုဆိုရင် မြန်မာနိုင်ငံကနေ ပစ္စည်းတွေ ဝယ်လိုရနေပြီ။ ဒါတင်မကဘူး။ ပစ္စည်းတွေကို တစ်လ၊ နောက်တော့ နှစ်ပတ်၊ အခုကျတော့ သုံးရက်နဲ့တောင်ပိုနေကြပြီ။ ကုမ္ပဏီကြီးတွေဟာ တဖြည်းဖြည်းနဲ့ပြောင်းလဲလာကြတယ်။ ဒါပေမယ့် သူတိုသွားနေတဲ့Target ကတော့ မပြောင်းလဲသွားဘူး။

    The Lean Startup
    🎲 Startup လုပ်ငန်းအများစုရဲ့ ၁၀ ပုံ မှာ ၈ ပုံ ဟာ ပထမတစ်နှစ်မှာ အရှုးပေါ်ကြတယ်။ နောက် ၃ နှစ်ကြာတဲ့ အချိန်မှာ ၉၂ ရာခိုင်နှုန်းက ထပ်ရှုးကြတယ်။ အချိန် ၅ နှစ်ကျော်လာတဲ့ အခါမှာ ၅ ရာခိုင်နှုန်းလောက်သာ အောင်မြင်တော့တယ်။ ဒီစာအုပ်ထဲမှာ Startup လုပ်ငန်းတွေအတွက် Customer ဘာတွေလိုနေသလဲ ဆိုတာကို အချိန်တွေ၊ ပိုက်ဆံတွေ မလိုအပ်ပဲ မကုန်အောင် သေချာလမ်းညွန်ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

    📚 စာအုပ်ထဲမှာ Startup လုပ်ငန်းတွေအတွက် အပိုင်းသုံးပိုင်းနဲ့ခွဲခြားပြထားပါတယ်။
    1. Vision
    2. Steer
    3. Accelerate

    VISION
    🔦 VISION မှာ ကိုယ့် Startup Company ကို ဘယ်ကို ဦးတည်စေချင်တာလဲ။ Strategy, Plans and Objectives တွေကို သေချာချပြထားတာ ဖြစ်ပါတယ်။ Management မကောင်းရင် လွဲချော်မှုတွေ ဖြစ်နိုင်တယ်။ တစ်ခါတစ်လေမှာတော့ Startup ကို Business Plan တွေ သေချာချထားပါရဲ့ အကောင်အထည်လည်း ဖော်နေပြီ။ အဲ့ကျမှ ကိုယ့် Products တွေက Customer အတွက် အရမ်းမလိုအပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချိုကျတော့ အခွင့်အရေးကိုမြင်တယ်။ Culture က မလိုက်နိုင်ဘူး။ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ ၁၉၉၀ လောက်က Internet ဆိုတာ ဝေဝေဝါးဝါး မသိသေးချိန်မှာ Software ကုမ္ပဏီထောင်တယ်။ အစောပိုင်းမှာ အဆင်မပြေပေမဲ့ ခေတ်ကာလ အခြေအနေပြောင်းလဲလာတဲ့ အခါမှာ အဲ့ဒီ့ ကုမ္ပဏီကြီးတွေက အင်အားကြီးမားတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ကုန်ပြီ။ အခွင့်အရေးကို မြင်တတ်တဲ့ Entrepreneurial Mindset နဲ့ Sustainable လုပ်နိုင်စွမ်းကတော့ တကယ့်ကို အံ့သြမှင်သက်စေပါတယ်။

    Steer
    🔑 ကိုယ့်ကုမ္ပဏီက အခြေအနေကောင်းလာပြီ။ ကိုယ့်ရည်ရွယ်ချက်ကလည်း လူတွေနဲ့နေ့စဉ်ဘ၀ အခက်အခဲတွေကို ဖြေရှင်းပေးပြီး ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို။ Uber မပေါ်လာခင်က လူတွေက Taxi တစ်စီးရဖိုကို မိုးရေထဲမှာ နာရီဝက်ကျော်လောက် မတ်တပ်ရပ်စောင့်ခဲ့ရတယ်။ အဲ့ဒီ့ အခက်အခဲလေးက Uber ဆိုတာဖြစ်လာခဲ့တယ်။ ဒါပေမယ့် Uber က အဲ့နေရာမှာတင် မရပ်သွားပါဘူး။ တစ်ခြား Uber Sectors တွေ ထပ်လုပ်နေသေးတယ်။ UberAUTO, UberBike, Uber Eats, UberRUSH အများကြီးပါပဲ။ သူတိုဟာ အောင်မြင်သွားတာနဲ့မရပ်ပဲ အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ဖိုအတွက် ကိုယ့်ကုမ္ပဏီကို Steering လုပ်လာပါတော့တယ်။ Steering နဲ့Sustainable Growth တစ်ခုဖြစ်အောင် လုပ်တာကို Testing တွေနဲ့သေချာရှင်းလင်းပေးထားတာကို မြင်တွေ့ရမှာပါ။

    Accelerate
    🏃 ကုမ္ပဏီက အခြေခိုင်နေတဲ့ နေရာတစ်ခုမှာရောက်နေပြီ။ ပိုမြန်မြန်နဲ့ပိုကောင်းအောင် ဈေးကွက်ဖောက်ဖိုလိုလာပြီ။ ဥပမာ အနေနဲ့ပြောရရင် အရင်က Xiaomi တိုHuawei တိုဆိုတာ Brand တွေမဟုတ်ကြသေးပါဘူး။ Xiaomi ဆိုရင် အပတ်စဉ်တိုင်း OS နဲ့ပတ်သက်တဲ့ Update တွေ တင်ပေးတယ်။ Engineer တွေက Update တွေမှာ တစ်ခုခု လွဲချော်တာပါခဲ့ရင် ပြန်ပြင်တယ်၊ Update ထပ်ထုတ်တယ်။ တစ်နည်းအားဖြင့် Kaizen (Continuous Improvement) ပြန်ပြင်တယ်၊ ပြန်ထုတ်တယ်။ အခုချိန်မှာတော့ နှစ်ခု စလုံးက Brand အနေနဲ့ဖြစ်လာကြပြီ။ တစ်ချိန်က မယှဉ်နိုင်ခဲ့တဲ့ Samsung, Iphone တိုပါ Competitor အနေနဲ့ထည့်စဉ်းစားလာနေကြပြီ။ Products တွေကို ပိုပိုပြီး ဆန်းသစ်အောင်၊ လူတွေ အတွက် ပိုအဆင်ပြေအောင် ထုတ်လုပ်လာကြတယ်။ ကုမ္ပဏီရဲ့တိုးတက်မှုကို နည်းလမ်းမျိုးစုံ၊ သီအိုရီ မျိုးစုံကို အသုံးချပြီး ရည်ရွယ်ချက်ကို ရောက်အောင်ရေးထားတာကို လေ့လာရမှာပါ။

    💡 နောက်ဆုံးအနေနဲ့The Lean Startup by Eric Ries စာအုပ်ဟာ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်မဲ့သူတွေ၊ လုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်ထားပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့သူတွေ၊ ကိုယ့်မှာ စီးပွားရေးတစ်ခု လုပ်ဖိုအကြံဉာဏ်ကောင်းတွေ ရှိပြီး လုပ်ရမလား မလုပ်ရဘူးလား ခွဲခြားလိုမရသူတွေ အတွက် အကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Startup Business တစ်ခုကို လုပ်ဆောင်မယ့် အချိန်မှာ တစ်ခြားသူတွေ ရှုးမှာ ကြောက်လိုတွန့်ဆုတ်နေပေမယ့် Eric က သူ့လက်တွေ့အတွေ့အကြုံ တွေနဲ့ပြောပြထားတဲ့ အတွက် ရွေးချယ်ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

    👑 Startup Business တိုင်း မရှုးပါဘူး။ ကိုယ့်မှာ ရှိတဲ့ Resources တွေကို သာ သေချာအသုံးချနိုင်မယ်ဆိုရင် အောင်မြင်တဲ့ Business တစ်ခု ဖြစ်လာမှာပါ။

    🔬 The Only way to Win is to Learn faster than Anyone else.

    Add to cart
  • သင်ဟာ
    🤵🏻 Manager တစ်ယောက်လား?
    👨‍💼Manager ဖြစ်ဖိုကြိုးစားနေသူလား ?
    👔Manager အသစ်ခန့်ဖိုစဥ်းစားနေတဲ့လုပ်ငန်းရှင်တစ်ယောက်လား?

    🏋️ “Great Managers are not born, but made.” – Julie Zhuo

    ⚽️ ဘောလုံးသမားကောင်း တစ်ယောက်ရဲ့တာ၀န်က ဘာဖြစ်မလဲ။

    ◾️ ဘောလုံးသမားကောင်း တစ်ယောက်ရဲ့တာ၀န်က ဘောလုံးပွဲတွေမှာ အနိုင်ယူဖိုပါ။ ဒါပေမယ့် ပွဲတိုင်းလိုလို နိုင်အောင် ဆရာကောင်း တစ်ယောက်နဲ့သေချာ လေ့ကျင့်ဖိုတော့ လိုအပ်ပါတယ်။

    💥 Managers ကောင်း တစ်ယောက်ကတော့သူ နဲ့အတူ တွဲဖက် လုပ်ကိုင်နေတဲ့ လူတွေနဲ့အတူ ပိုကောင်းတဲ့ ရလဒ်တွေကို ဖန်တီးပေးဖိုပါပဲ။

    ✔️ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖိုအတွက် အရေးကြီးဆုံးအရာကတော့ ကိုယ်က Follower ကောင်း တစ်ယောက် အရင်ဖြစ်ဖိုပါပဲ။ ဒါမှလည်း ခေါင်းဆောင် ဖြစ်လာတဲ့ အခါမှာ လုပ်ဖော်ကိုင်ဖက်တွေ နေရာမှာ ပို နားလည်လာမှာပါ။

    ” ကိုယ်က ခေါင်းဆောင် တစ်ယောက် ဖြစ်လာတဲ့ အခါမှာတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အောင်မြင်မှုကသာ ကိုယ့်အောင်မြင်မှု ဖြစ်လာတယ်။” – Simon Sinek

    စာအုပ်ထဲမှာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ထက်အသက်ကြီးတဲ့ လူတွေ အများကြီးကို ဦးဆောင်ရတဲ့ Julie Zhuo Facebook Vice President အနေနဲ့တာ၀န်ထမ်းဆောင်နေရင်း သူမ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

    ◾️ Purpose, People, Process

    ကိုယ့် အဖွဲက ဘာအတွက် ကြိုးစားနေတာလဲ။ ❓❓

    🔹 တစ်နည်းအားဖြင့် သူတိုဘယ်နေရာ တစ်ခုကို ရောက်ချင်တာလဲ စသဖြင့် အရင်သိအောင် လုပ်ရမယ်။ Julie က Manager တစ်ယောက်ရဲ့ တာ၀န်က ကိုယ့်အဖွဲသားတွေကို အောင်မြင်တဲ့ ရည်မှန်းချက် တစ်ခုခုကို မရောက်ရောက်အောင် ဖော်ဆောင်ပေးဖိုပဲ ဖြစ်ပါတယ် လိုယုံကြည်ပါတယ်။

    ကိုယ့် အဖွဲသားတွေကို စီမံ ခန့်ခွဲ နိုင်ဖိုအတွက် သူတိုကို ယုံကြည်ရမယ်၊ သူတိုရဲ့ကောင်းတာတွေကို တိုးတက်အောင် လုပ်ပေးပြီး ဆိုးတာတွေကို နားလည်ပေးရမယ်၊ သူတိုက ကိုယ့်အပေါ် အားကိုးနေတဲ့ အချိန်မှာ သူတိုအပေါ် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနိုင်ရမယ်လိုပြောထားပါတယ်။

    အဖွဲထဲမှာ လူဦးရေ များတာနဲ့အမျှ စီမံခန့်ခွဲရတာ ပိုမို ခက်ခဲလာပါတယ်။ ကိုယ့်အဖွဲသားတွေ အတွက် အလုပ်လုပ်ရာမှာ ပိုလွယ်ကူစေဖို၊ သူတိုအတွက် အကျိုးရှိမယ့် Meeting တွေ ဖန်တီးပေးဖို၊ အလုပ်မှာ ပျော်ရွှင်ဖိုအတွက် Culture ကောင်း တစ်ခု ဖန်တီးတည်ဆောက်ပေးဖိုအရေးကြီးလာပါတယ်။ လိုပြောထားပါတယ်။

    ◾️ Safety Means Progress

    🔹 အခက်အခဲတွေက ကျွန်တော်တိုကို နှောင့်နှေးစေဖိုဖြစ်လာတာပါ။ ရှေးခေတ် လူတွေမှာ အခက်အခဲ အများကြီး နဲ့ရင်ဆိုင်ရတယ်။ လူတွေက အစာရှာရတယ်၊ တောရိုင်းတိရစ္ဆာန်တွေကို စောင့်ကြည့်ရတယ်၊ နေစရာ နေရာတစ်ခု ရှာရတယ်။ ဒါကြောင့် ကျွန်တော်တိုတွေက လုံခြုံနေရတာကို ကြိုက်ကြပါတယ်။ နောက်မှာ အပူအပင်တွေ ကင်းရှင်းနေမှ ကိုယ်လုပ်ချင်တဲ့ အရာကို စိတ်တိုင်းကျ လုပ်ဆောင်နေနိုင်မှာပါ။ ခေါင်းဆောင်တွေ အနေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူတိုဘဝတွေ လုံခြုံမှုကို ပေးနိုင်ရပါမယ်။ ဒါမှလည်း သုတိုရဲ့လုပ်ကိုင်နိုင်စွမ်းတွေက ပိုတိုးတက်လာနိုင်မှာပါ။

    အလုပ်ခွင်မှာ Stress များတာက အလုပ်များလိုအဓိက မဟုတ်ပါဘူး။ အထက်က လူတွေရဲ့ အတင်းကြပ် ထိန်းချုပ်မှုတွေ အောက်မှာ အလုပ်လုပ်နေရလိုပဲ ဖြစ်ပါတယ်။ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို လေးစားယုံကြည်ပြီး ချီးမြင့်မြှောက်စားတတ်တဲ့ မန်နေဂျာတွေနဲ့အလုပ်လုပ်ရတဲ့ လူတွေက အလုပ်ခွင်မှာ ပိုအောင်မြင်မှု ရကြပါတယ်။ ပိုပျော်ရွှင်ကြပါတယ်။

    ◾️ Trust, Preparation, Feedback

    🔹 Manager ကောင်းတွေက သူတိုရဲ အဖွဲသားတွေနဲ့ကောင်းမွန်တဲ့ relationship တွေ ရှိနေဖိုလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် Manager တွေက သူတိုအမြင်တွေနဲ့ဖိနှိပ်စက်နေတာမျိုး ဒါမှမဟုတ် သူတိုအဖွဲသားတွေကို မင်းတိုလုပ်ချင်တာလုပ် ငါနဲ့မဆိုင်ဘူး၊ ပြီးတော့ အထက်က မကောင်းလိုလက်အောက်ငယ်သားတွေကို အပြစ်တွေ ပုံချတာမျိုး စသဖြင့် ပြောဆို ခိုင်းစေ တာမျိုး မဟုတ်ပဲ အမြင်တွေ ဖလှယ်ကြပြီးမှ ဆုံးဖြတ်ချက် ချဖိုတိုက်တွန်းထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ အခက်အခဲတွေကို နားထောင်ပြီး ဖြေရှင်းပေးတဲ့အခါ နားလည်မှု ပိုရလာကြပြီး အလုပ်ခွင်မှာ အောင်မြင်မှုတွေ ပိုမို ဖြစ်ပေါ်စေပါတယ်။

    ◾️ Julie Zhuo ရဲ့ The Making of a Manager စာအုပ်က လူအများ ချီးမြောက် ခံရတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ Julie Zhuo က Facebook မှာ ကျောင်းပြီးပြီး ချင်း အလုပ်သင် အနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။ အသက် 25 နှစ်ရောက်တဲ့အခါမှာ Facebook Product & Design ဌာနမှာ Manager အဖြစ် ရာထူးတိုးခြင်း ခံရပါတယ်။ ငယ်ရွယ်တဲ့ Manager တစ်ယောက် ဖြစ်ပြီး လူ အယောက် (၂၀၀) ကျော် ဦးဆောင်ရတဲ့ အခါမှာ ပတ်၀န်းကျင်ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေ၊ မန်နေဂျာကောင်းတစ်ယောက်ရဲ အခက်အခဲတွေ၊ ငယ်ရွယ်ပေမယ့် အရှုးမပေးပဲ ကြိုးစားခဲ့ပုံတွေကို ရေးသားထားတဲ့အတွက် လူငယ်ဆန်ဆန် ရသ မြောက်တဲ့ အရေးအသားကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

    Add to cart
  • 🏎️Lamborghini ကားပေါ်ကို Wheelchair နဲ့တက်လိုမရပါဘူး။
    အိမ်မက်ထဲက Lamborghini ကားကိုအသက် ၆၀ ကျော်မှစီးဖိုစဉ်းစားရင် တစ်လဝင်ငွေရဲ့ ၁၀ရာခိုင်နှုန်းကိုလတိုင်းစုပါ။ Lamborghini ကို ငါးနှစ်အတွင်းစီးဖိုစဉ်းစားမှသာဒီစာအုပ်ကို သတ္တိရှိရှိဖတ်ပါ။

    📖𝐓𝐡𝐞 𝐌𝐢𝐥𝐥𝐢𝐨𝐧𝐚𝐢𝐫𝐞 𝐅𝐚𝐬𝐭𝐥𝐚𝐧𝐞 𝐛𝐲 𝐌𝐉 𝐃𝐞𝐌𝐚𝐫𝐜𝐨📖

    အောင်မြင်ရေးစာအုပ်တွေရေးတဲ့သူတိုင်း သူတိုပြောတဲ့နည်းတွေကိုသူတိုကိုယ်တိုင် အသုံးပြုမနေကြပါဘူး။
    ကျွန်တော်တိုဟာ ခေတ်နောက်ကျနေတဲ့ အောင်မြင်မှု လမ်းညွှန်တွေနောက်လိုက်ပြီးလမ်းပျောက်နေတဲ့ သူတွေဖြစ်နေတတ်ကြတဲ့အကြောင်းနဲ့ DeMarco ကအခုခေတ်နဲ့လိုက်လျောညီထွေမှုရှိတဲ့ လမ်းညွှန်မှုအသစ်တွေကို ဒီစာအုပ်ထဲမှာရှင်းပြထားပါတယ်။

    1. ကြွယ်၀ချမ်းသာမှုကိုသွားတဲ့လမ်းဟာ အမြန်လမ်းဖြစ်တယ်၊ ဖြေးဖြေးတည်တည်ငြိမ်ငြိမ်သွားရတဲ့လမ်းကြောင်းတစ်ခုမဟုတ်ဘူး
    🚅The Road to Wealth is the Fast lane, not the Slow and Steady lane🚅

    အစမှာပြောခဲ့သလိုပဲ Compound Interest ဟာ Warren Buffett ရဲ့ အောင်မြင်မှုကိုရရှိစေခဲ့တဲ့နည်းလမ်းတစ်ခုဖြစ်တယ်၊ ဒါပေမယ့် ခင်ဗျားလိုချင်တဲ့အောင်မြင်မှုကိုရဖို နောက်ထက် နှစ် ၄၀ စောင့်မှာလား ? Wheelchair ပေါ်ရောက်တော့မှ Lamborghini ကားဝယ်စီးနိုင်မယ့် Plan တွေကိုအကောင်အထည်မဖေါ်ပါနဲ့။ DeMarco က “ Entrepreneurship ဆိုတာ မင်းဘ၀ရဲ့ အချိန်တချိုကို အခြားဘယ်သူမှမလုပ်ချင်တဲ့အရာတွေလုပ်ပြီး ကျန်တဲ့အချိန်တွေမှာ အခြားဘယ်သူမှမရနိုင်တဲ့ အောင်မြင်တဲ့ဘ၀မှာ နေနိုင်ဖိုကြိုးစားပါ “ ဆိုပြီး ကျွန်တော်တိုရဲ့ Core Belief တွေကို ပြောင်းလဲဖိုစိန်ခေါ်ထားပါတယ်၊

    2. ကြွယ်၀မှုကိုဖန်တီးခြင်း – တန်ဖိုး နဲ့ ပြသနာတွေကိုဖြေရှင်းနိုင်မှု
    💰Creating Wealth – Value and Problem solving💰

    လူတွေရဲ့ ကြုံတွေ့နေတဲ့ ပြသနာကိုရှာပါ, အဲ့ဒီ့ ပြသနာကိုဖြေရှင်းနိုင်တဲ့ တန်ဖိုးမြင့်ထုတ်ကုန်ကိုရောင်းပါ။
    ငွေကြေးကိုအသုံးချပြီး ပစ္စည်းတွေဝယ်တိုင်း အဲ့ဒီ ပစ္စည်းဟာကျွန်တော်တိုရဲ့ အခက်အခဲတစ်ခုကိုဖြေရှင်းဖို လိုအပ်ပါတယ်။
    “တစ်စုံတစ်ယောက်က သူ့ပိုက်ဆံကိုမင်းကိုလိုလိုလားလားနဲ့ပေးချင်တာဟာ သူ့ရဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲ့ အဖြေမင်းမှာရှိနေလို” ဆိုပြီး DeMarco ကရှင်းပြထားပါတယ်။ အခက်အခဲတွေကိုဖြေရှင်းနိုင်တဲ့ “ တန်ဖိုး ( အချိန်, လုပ်အား, ကျွမ်းကျင်မှု ) “ ဟာ သင့်ပစ္စည်းကိုလူတွေစိတ်ဝင်စားလာဖိုလုပ်နိုင်တဲ့အကောင်းဆုံးသော့ချက်ပါပဲ။

    3. အောင်မြင်မှုအတွက်ရှိထားမဲ့ စိတ်ထား
    🧠The Right Mindset for Entrepreneurs🧠

    အောင်မြင်ချင်စိတ်ရှိတိုင်း အောင်မြင်မှုကိုရရှိမယ်ဆိုရင် လူတိုင်း Entrepreneur တွေဖြစ်ကုန်ကြမှာပေါ့၊ ဒါဆိုရင်တကယ်အောင်မြင်နေပါတယ်ဆိုတဲ့သူတွေမှာဘာကွာခြားမှုရှိသလဲ ဆိုတဲ့မေးခွန်းတစ်ခုဖြစ်လာတယ်။
    အဖြေက “ စိတ် “ ပါပဲ။
    ဘယ်လောက်ပဲ ထိပ်ဆုံးကိုရောက်ချင်ပါတယ်လိုပြောနေပါစေ အလုပ်ကိုအမြဲနောက်ကျပြီးမှလာပြီး နာရီဝက်စောပြန်ချင်တဲ့သူတစ်ယောက်ဟာ သူလိုချင်တာကိုဘယ်တော့မှပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။
    တကယ်ရချင်တဲ့လမ်းကြောင်းပေါ်ရောက်ဖို ကျင့်ကြံရမဲ့ စိတ်ထားနဲ့ကျင့်ဝတ်တွေဟာ ဒီစာအုပ်ထဲမှာရှိပါတယ်။

    4. အချိန်-သင့်ရဲ့အရေးအကြီးဆုံး ရင်းနှီးမြုပ်နှံမှု
    ⌛️Time – The most valuable asset⌛️

    သင့်ရဲ့ တစ်လစာဝင်ငွေကို သင်ကိုယ်တိုင်သိတယ်ဆိုရင် တစ်ရက် (သို) တစ်နာရီဝင်ငွေကဘယ်လောက်ရှိမလဲလိုတွေးကြည့်ဖူးပါသလား ?
    အရင်လက သွားစားခဲ့တဲ့ မာလာရှမ်းကော (သို) ကော်ဖီတစ်ခွက်သောက်ဖိုအတွက် သင်ဘယ်နှစ်နာရီအလုပ်လုပ်ရသလဲ ?
    ဥပမာ- ဒီလိုမျိုးတွေးကြည့်ပါ
    သင်ဟာ တစ်လ ကိုးသိန်းဝင်ငွေရှိတဲ့သူဆိုရင် -> တစ်ရက်ဝင်ငွေ သုံးသောင်း
    သင့်ရဲ့တစ်ရက်အလုပ်လုပ်ချိန်ဟာ Hot Pot ဆိုင်ကောင်းကောင်းတစ်ခုမှာ နှစ်နာရီပဲ ထိုင်စားဖိုအချိန်ရတယ်.
    ဒါဟာတန်ရဲ့လား ?
    အချိန်တစ်ခုမှာရတဲ့ဝင်ငွေဟာ အဲ့ဒီ့အချိန်ကိုကိုယ်သုံးတာထက် ပိုတဲ့ဝင်ငွေကိုပေးနိုင်တဲ့လမ်းကြောင်းတစ်ခုပေါ်သင်ရောက်ပြီဆိုရင်
    သင်ရဲ့အချိန်တွေဟာ တန်ဖိုးဖြတ်မရတဲ့ရင်းနှီးမြှုပ်နှံမှုတွေအဖြစ်ပြောင်းလဲလာပါလိမ့်မယ်။

    5. ပြည့်စုံခြင်းကိုရရှိစေမဲ့ ဖော်မြူလာ
    💹The Formula for Wealth💹

    အောင်မြင်မှုကို အမြန်ဆုံးရရှိနိုင်မယ့် အမြန်လမ်းပေါ်ကိုရောက်ဖိုအတွက်ကြိုတင်ပြင်ဆင်ရမဲ့အစီအစဉ်တွေနဲ့ Formula တွေရှိပါတယ်။ ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့ငွေကြေးနဲ့အချိန်သုံးစွဲမှုအကျင့်တွေကို ကိုယ်တိုင်လက်ခံပြီးပြင်ဆင်ဖိုပထမဆုံးလုပ်ရမှာပါ။ နောက်ပြီး ( ကြွယ်ဝမှု = (အမြတ်ငွေ + ပိုင်ဆိုင်မှုတန်ဖိုး) / အချိန် ) ဆိုတဲ့ Formula ကို DeMarco က မျှဝေထားပြီး “မင်းရဲ့လစာဟာမင်းရဲ့ချမ်းသာမှုကိုမြန်မြန်တည်ဆောက်မပေးနိုင်ဘူး” လိုဆိုထားပါတယ်။

    💪သတ္တိရှိတဲ့သူတွေအတွက်တော့ အောင်မြင်ဖိုလမ်းဟာ နှေးကွေးပြီး တည်ငြိမ်တဲ့လမ်းမဟုတ်ပါဘူး။

    😎ဒီစာအုပ်ဟာ သမားရိုးကျအောင်မြင်ရေးလမ်းညွှန်တွေနဲ့မတူပဲ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ အောင်မြင်မှုလမ်းကြောင်းကိုဖောက်ထွက်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ ။
    💼ရဲရင့်တဲ့ စွန့်ဦးတီထွင်သူတွေလျှောက်ဖိုလမ်းမှာ အထောက်အကူဖြစ်စေမဲ့အရာတွေကို ဒီစာအုပ်ထဲကရယူလိုက်ပါ။

    Add to cart
  • ကျွန်တော်တို အောင်မြင်မှုတွေကို အဟန့်အတား ဖြစ်စေတာက ကျွန်တော်တို ကိုယ်တိုင်ပါပဲ ရည်မှန်းချက် အိပ်မက်တွေကနေ အလှမ်းဝေးနေစေတာ ကျွန်တော်တိုပါပဲ ကျွန်တော်တိုမှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေရှိမယ်၊ ဖြစ်ချင်တဲ့ ဆန္ဒ တွေ ရှိတယ်၊ ဖြည့်ဆည်းပေးချင်တဲ့ သူတွေ ရှိမယ် ဒါပေမယ့် ကျွန်တော်တို မလုပ်နိုင်ကြသေးဘူး ဘာလိုလဲဆိုတော့ ခဏတာ သာယာမှုတွေကို ပိုမြင့်မားတဲ့ အောင်မြင်မှုတွေထက် ပိုအသားပေးနေလိုပါ။ Excuses တစ်နေ့ကုန် အလုပ်လုပ်ပြီးပြီ၊ တစ်ပတ်လုံး အလုပ်တွေ မရပ်မနားကြိုးစားပြီးပြီ စသဖြင့် ကျွန်တော်တိုဟာ ကိုယ့်ဘာသာကို သနားကြပါတယ်၊ တစ်နည်းအားဖြင့် ဆင်ခြေပေါ့ ကျွန်တော်တို ဖြစ်ချင်တဲ့ အိပ်မက်တွေထက် ခဏတာ သာယာမှုတွေကို ပို အသားပေးလိုက်တဲ့ အခါမှာ အနာဂတ်တွေဟာ တစ်ဖြည်းဖြည်း အလှမ်းဝေးလာပါတယ်။ Long-term gains တွေရဖိုအတွက် …

    Read More

    Add to cart
  • “မအားသေးဘူး အလုပ်အရမ်းများလို့” 👋👋

    အလုပ်ရှုပ်မှုကို ဂုဏ်ယူပြီးပြောကြတဲ့ Culture ထဲမှာကျွန်တော်တို့နေကြတယ်။

    💪Hardwork တစ်ခုတည်းဟာ လိုချင်တဲ့အောင်မြင်မှုကိုရောက်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာကိုသိကြတယ်။ ဒါပေမယ့်“အလုပ်များတယ်”ဆိုတာကိုသက်သေပြဖို့ အရေးမပါတဲ့အရာတွေကိုအလုပ်ချိန်ထဲ မဆန့်မပြဲထိုးထည့်နေတာကိုလည်းမရပ်တန့်နိုင်ကြဘူး။

    ဒီလိုနဲ့ “ငါတကယ်အရေးပါတဲ့အရာကိုလုပ်နေရဲ့လား”ဆိုတဲ့မေးခွန်းကိုမေ့လျော့ပြီး  Hustle Culture ထဲမှာ လူတွေနစ်မွန်းနေကြတယ်။

     

    🤷‍♂️Busy ဖြစ်ခြင်းနဲ့ Productive ဖြစ်ခြင်းဟာ မတူညီတဲ့အရာနှစ်ခုဖြစ်တယ်။

    “Parkinson’s Law” အတိုင်း အလုပ်တစ်ခုလုပ်ဖို့ရရှိတဲ့ အချိန်အနည်းအများပေါ်မူတည်ပြီးလုပ်ဆောင်မှုဟာကျုံ့နိုင်ချဲ့နိုင်စွမ်းရှိတယ်။

    အလုပ်တစ်ခုပြီးဖို့ သင်အချိန်တစ်ရက်ရသလား ? အဲ့အလုပ်က တစ်ရက်ကြာလိမ့်မယ်။

    အလုပ်တစ်ခုပြီးဖို့ သင်အချိန်တစ်နာရီရသလား ? အဲ့အလုပ်က တစ်နာရီကြာလိမ့်မယ်။

    ဒါကြောင့် အလုပ်ရှုပ်တယ်ဆိုတာတကယ် Productive ဖြစ်နေတာမဟုတ်ပါဘူး။ ဒါကြောင့်အောင်မြင်တဲ့လူတွေကိုကြည့်ရင်အလုပ်များဖို့ထက် အရေးပါတဲ့အရာတွေကိုပိုမိုလုပ်ဆောင်ဖို့အာရုံစိုက်ကြပါတယ်။

     

    🤔“ကျန်တဲ့အလုပ်တွေပိုမိုလွယ်ကူမြန်ဆန်စေပြီး မလိုအပ်တဲ့အလုပ်တွေကိုပါဖယ်ရှားနိုင်မယ့် တစ်ခုတည်းသောမင်းလုပ်ရမှာ ဘာအလုပ်လဲ?”

    အဲ့အလုပ်ကမင်းလုပ်ရမဲ့တစ်ခုတည်းသော “The One Thing” ပါ။

    Pareto’s Principle အတိုင်း 20% Work Done ကနေ 80% Output ဖြစ်တဲ့အရာတွေကိုအာရုံစိုက်ရမှာပါ။ 80% Work Done ကနေ 20% Output ပဲရနိုင်မယ့်အရာတွေကိုရှောင်ရှားရပါမယ်။ ဒီအလေ့အကျင့်ကနေ ပိုကောင်းတဲ့အလေ့အကျင့်တွေကို Domino Effect နဲ့တဖြည်းဖြည်းခြင်းရောက်ရှိလာမှာပါ။

     

    👉အလုပ်များများလုပ်တာက အလုပ်တစ်ခုတည်းအာရုံစိုက်တာထက်ပိုစိတ်ဝင်စားဖို့ကောင်းလို့

    👉ဘယ်အလုပ်မှမငြင်းပဲ “ဟုတ်ကဲ့”လို့ပြောတာက ပိုပြီး Productive ဖြစ်တယ်လို့ခံစားရလို့

    👉တစ်ခုတည်းကိုအာရုံစိုက်ရင်ကျန်တာတွေမသိလိုက်မှာစိုးရိမ်လို့စတဲ့အကြောင်းပြချက်တွေနဲ့ Multitasking လုပ်ကြတယ်။

    အာရုံစူးစိုက်မှုကိုခွဲထုတ်လိုက်တိုင်း လုပ်ဆောင်နိုင်စွမ်းဟာလျော့နည်းသွားတယ်။အလုပ်ပေါင်းမြောက်များစွာကိုတပြိုင်တည်းစီမံခန့်ခွဲနိုင်ဖို့ ,Multitasking လုပ်ဖို့အတွက် ဦးနှောက်ဟာတည်ဆောက်ထားတာမဟုတ်ပါဘူး။ အချိန်ကိုManage လုပ်မဲ့အစား Focus ကိုစီမံခန့်ခွဲကြည့်ပါ။ အံ့ဩဖွယ်ရာကောင်းတဲ့ Result ကိုလက်တွေ့မြင်ရပါလိမ့်မယ်။

     

    🚦တစ်ရက်လုံးမနားမနေအလုပ်တွေရှုပ်နေလျက်နဲ့ လိုအပ်သလောက်တိုးတက်မှုမရှိဘူးလို့ခံစားနေရင်၊ အလုပ်ရှုပ်တယ်ဆိုတဲ့နေရာကို အလုပ်လုပ်တယ်ဆိုတဲ့အရာအဖြစ်ပြောင်းလဲပြီး Hard Work သာမက Smart Work ဖြစ်ဖို့အတွက်နည်းလမ်းတွေကိုဒီစာအုပ်ထဲမှာတွေ့ရမှာပါ။

    Add to cart
  • 💸 “MBA is a BAD Idea.” – Elon Musk

    📚 ပညာရပ်တစ်ခုကို သင်ထားပေမဲ့လည်း အသုံးမချနိုင်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ခေတ် အချိန်ကာလကောင်း တစ်ခုကို ရောက်ရှိနေချိန်၊ လူတိုင်း Management ပညာရပ်တွေကို လေ့လာနေချိန်၊ MBA ဆိုတာက လူတိုင်း ပါးစပ်ဖျားမှာ စွဲထင်နေချိန်မှာ MBA ဆိုတာကရော တကယ် အသုံး၀င်ရဲ့လား။

    🇺🇸 ၁၉၀၈ ခုနှစ် အစပိုင်းမှာ Harvard Graduate School မှာ MBA အတန်းစဖွင်ခဲ့တယ်။ အစပိုင်းမှာတော့ သင်တန်းသား အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၃၀ ခုနှစ်မှာမှ MBA သင်တန်းတွေက နာမည်ပိုရလာပြီး သင်တန်းသားတွေ များလာခဲ့တယ်။

    💼 အခုချိန်မှာတော့ လူတစ်ချိုက MBA ကို စီးပွားရေး လုပ်ငန်းတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘွဲတစ်ခုလိုသတ်မှတ်ထားပြီး တစ်ချိုကတော့ MBA ဆိုတာ လူတွေရဲ့အတွေးအခေါ်တွေကို စည်းမျဉ်းတွေနဲ့ ဘောင်ခတ်လိုက်တဲ့ ပညာရပ်လိုသာခေါ်ဝေါ်ကြတယ်။

    ✖️ Bill Gates, Elon Musk, Mark Zuckerberg စတဲ့ ကမ္ဘာကျော် လူတွေမှာ MBA ဆိုတဲ့ ဘွဲမရှိပါဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးကို ပြောင်းလဲပေးနိုင်တဲ့ လုပ်ရပ်တွေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဆိုရင် MBA က မကောင်းဘူးလား။ MBA ဘွဲကို မလိုအပ်ဘူးလား။ မဟုတ်ပါဘူး။ MBA ဘွဲက မကောင်းတာ မဟုတ်ပါဘူး။ ငွေကြေးတွေ အချိန်တွေ အများကြီး အကုန်ကျခံပြီး MBA တက်ပြီးတော့မှ ရလာတဲ့ အသိပညာတွေကို လူတွေက အသုံးမချကြတာပါ။

    ▪️ Education or Degree

    👔 Rich Dad, Poor Dad စာအုပ် ရေးသားခဲ့သူ Robert Kiyosaki က “Schools teach Children How to Become Employees” ကျောင်းတွေက ကလေးတွေကို အကောင်းဆုံး ၀န်ထမ်းတွေ ဖြစ်အောင် လေ့ကျင့်ပေးနေပါတယ်လိုပြောသွားခဲ့တယ်။ ကျွန်တော်တိုကျောင်းတက်နေတာဟာ ပညာ လိုချင်လိုလား။ ဒါမှမဟုတ် အလုပ်ခွင်မှာ နေရာတစ်ခု ရဖိုလား မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

    ▪️ Self-Education

    📂 My Personal MBA စာအုပ်ရေးသားသူ Josh Kaufman က သူ့အလုပ်ခွင်မှာ Assistant Manager ရာထူးအဖြစ် လုပ်ကိုင်စဉ် အခါက ပတ်၀န်းကျင်က လုပ်ဖော်ကိုင်ဖက်တွေဟာ MBA ရပြီးသားသူတွေ ဖြစ်တဲ့အတွက် စိတ်အားငယ်စိတ် ပေါ်လာခဲ့ပါတယ်။ Josh က MBA ပြန်တက်မယ်ဆိုရင် အနည်းဆုံး အချိန် နှစ်နှစ်နဲ့ကန်ဒေါ်လာ ၁ သိန်း ကုန်ကျမှာ ဖြစ်တဲ့အတွက် ဝေခွဲမရ ဖြစ်နေပါတယ်။ Josh ရဲ့ဆရာ Charlie ကကျောင်းပြန်တက်မယ့် အချိန်တွေကို ကိုယ့်ဘာသာ ကြိုးစားလိုက်မယ်ဆိုရင် ပိုအောင်မြင်မယ်လိုပြောလိုက်တဲ့အခါမှာ Josh က စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ရှုခဲ့ပြီး MBA မတက်ရပဲ စီးပွားရေး လုပ်ငန်းတိုင်းမှာ တူညီတဲ့ Fundamentals တွေကို တွေ့ရှိခဲ့ပါတယ်။

    👤 Josh ရဲ့ဆရာ Charlie က ဘယ် စီးပွားရေးကျောင်းကိုမှ မတက်ခဲ့ပါဘူး။ Omaha မြိုမှာ Lawyer အနေနဲ့အရင်လုပ်ကိုင်ခဲ့တာပါ။ ဒါပေမယ့် Charlie က Warren Buffet နဲ့အတူ Berkshire Hathaway ကို 400 Billion တန်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ Charlie သိသမျှ စီးပွားရေး လုပ်ငန်းတွေအကြောင်းတွေက သူ့ဘာသာ သူ သင်ယူထားတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတိုင်းမှာ တူညီတဲ့ အခြေခံတွေကို လေ့လာသိရှိပြီးတဲ့ အချိန်မှာ ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။

    🗣 Josh က သူ့ဆရာ Charlie ရဲ့စကားကြောင့် စီးပွားရေး စာအုပ်တွေ အများကြီး ဖတ်ပြီး ရလာတဲ့ အခြေခံ နည်းလမ်းတွေကို My Personal MBA စာအုပ်မှာ ရေးသားခဲ့ပါတယ်။ စာအုပ်ထဲက အနှစ်သာရ ရှိတဲ့ အချက်အနည်းငယ်ကို ရှင်းပြပေးလိုက်ပါတယ်။

    ▪️ Value Creation

    🔇 Customer တွေအတွက် Value မဖန်တီးပေးနိုင်တဲ့ လုပ်ငန်းတစ်ခုဟာ ဝါသနာ အရ အပျော်လုပ်တဲ့ လုပ်ငန်းတစ်ခုသာ ဖြစ်တယ်။

    🌀 လူတွေက ကုမ္ပဏီက ထုတ်တဲ့ Products တွေ၊ Services တွေကို ဘာလိုပိုက်ဆံပေးပြီး ၀ယ်ရမှာလဲ။ ပထမအချက်ကတော့ High Convenience ဖြစ်ပါတယ်။ လမ်းထိပ်မှာ ထွက်ပြီး တက္ကစီ ငှားလိုရရဲ့သားနဲ့အိမ်မှာ နေပြီး ဖုန်းနဲ့တက္ကစီ ခေါ်ကြပါတယ်။ လွယ်လွယ်ကူကူနဲ့အဆင်ပြေပြီး မြန်ဆန်တဲ့ အတွက် လူတွေက Taxi Services တွေ သုံးကြပါတယ်။ နောက်တစ်ခုကတော့ High Fidelity ပါ။ လူတွေက Apple Products တွေကို စျေးကြီးပေးပြီး ၀ယ်ကြပါတယ်။ ဘာလိုလဲဆိုတော့ Brand က ပေးတဲ့ Social Status၊ စိတ်ခံစားရမှုတွေ ပြီးတော့ အသွင်အပြင်တွေကြောင့် ၀ယ်သုံးကြပါတယ်။

    ⁉️ လူတွေဘ၀ အတွက် လွယ်ကူအောင် လုပ်ပေးမယ့် အရာကို ထုတ်မလား၊ လူတွေကို စိတ်ခံစားမှု ပိုကောင်းစေမယ့် Premium ပစ္စည်းတွေကို ထုတ်မလား။

    ▪️ Marketing

    🐌 Marketing သေချာ မလုပ်တဲ့ လုပ်ငန်းတစ်ခုဟာ တစ်ချိန်မှာ ကျရှုးမယ့် လုပ်ငန်း တစ်ခု ဖြစ်တယ်။ သီချင်းတွေကို CD နဲ့နားထောင်တဲ့ခေတ်မှာ Apple က ပထမဆုံး iPod ထုတ်တော့ Steve Jobs က အိတ်ကပ်ထဲမှာ သီချင်းအပုဒ် ၁၀၀၀ ထည့်ထားလိုရတယ်လိုပြောပြီး Marketing လုပ်ခဲ့ပါတယ်။ Steve Jobs က လူတွေသတ်မှတ်ထားတဲ့ စံနှုန်းတွေကို ကျော်လွန်ပြီး အံသြမှင်သက်အောင် လုပ်နိုင်ခဲ့ပါတယ်။

    ▪️ Sales

    ➖ ဖန်တီးထုတ်လုပ်ထားတဲ့ Value Products တွေ၊ Services တွေကို မရောင်းနိုင်တဲ့ လုပ်ငန်းတစ်ခုဟာ အကျိုးအမြတ် မရှိနိုင်ဘူး။

    ❓ ကြိုးစားပန်းစား ရှာထားရတဲ့ ငွေတွေကို လူတွေက မယုံကြည်ပဲ ဘာလို၀ယ်ရမှာလဲ။

    ⚛️ လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်ရယူနိုင်အောင် လူတွေ ယုံကြည်ရတဲ့ Influencer တွေနဲ့Marketing လုပ်ပြီး ပစ္စည်းကို ရောင်းလိုရပါတယ်။ တကယ်လိုSocial Proof မရနိုင်ခဲ့ဘူးဆိုရင်တော့ ဖြည်းဖြည်းမှန်မှန်နဲ့Products တွေ Services တွေကို ရောင်းချပြီး လူတွေရဲ့ယုံကြည်မှု၊ တန်ဖိုးထားမှု တည်ဆောက်ပါ။

    ❌ မယုံကြည်ရတဲ့ Brand ကို လူတွေ မသုံးချင်ကြပါဘူး။

    ▪️ Value Delivery

    💢 ပြောထားတဲ့ အတိုင်း မလုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဟာ အလိမ်အညာ တစ်ခုသာ ဖြစ်တယ်။

    🎁 ကိုယ့်လုပ်ငန်းက လူတွေရဲ့မျှော်မှန်းမှုတွေကို ကျော်လွန်အောင် လုပ်ပေးနိုင်သလား။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက Zappos မှာ ဖိနပ်မှာမယ်ဆိုရင် ပထမဆုံးအနေနဲ့Zappos က Surprise လုပ်ပေးပါတယ်။ ကိုယ်မှာလိုက်တဲ့ ဖိနပ်က နောက်ရက်မှာ Free Delivery နဲ့အိမ်ရှေ့ကို ရောက်နေတာ တွေ့ရမှာပါ။ Free One Day Delivery Service ကို Marketing ဆင်းတာပါ။ Customer တွေ မျှော်လင့်ချက်ထက် ပိုသာအောင် စွမ်းဆောင်ပေးနိုင်ရင် Customer က ကိုယ့် Brand ကို ယုံကြည်စိတ်ချမယ်။ နောက်တစ်ခါ ထပ်၀ယ်မယ်။ အဲ့ဒါတွေအပြင် တစ်ခြားသူတွေကိုပါ ၀ယ်ဖိုတိုက်တွန်းပေးဦးမှာပါ။

    ▪️ Finance

    🔌 လုပ်ငန်း ဆက်လုပ်ဖိုအတွက် လိုအပ်တဲ့ ငွေကြေးကို လည်ပတ်အောင် မလုပ်နိုင်တဲ့ ကုမ္ပဏီကတော့ ကြိမ်းသေ ပိတ်ပစ်ရမှာပါ။

    🔎 မေးခွန်းကတော့လုပ်ငန်းမှာ သုံးနေတဲ့ ငွေကြေးထက် ပိုများတဲ့ ပမာဏကို ပြန်ရအောင် လုပ်နိုင်သလား ဆိုတာပါပဲ။ မလုပ်နိုင်ဘူးဆိုရင်တော့ သုံးနေတဲ့ ငွေကြေးမှာ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပစ်ဖို၊ ၀င်ငွေ၊ သုံးငွေ ပြန်လည် ချိန်ဆဖိုဖြစ်ပါတယ်။

    🖐 အခုဖော်ပြပေးသွားတဲ့ အချက်ငါးချက်က စီးပွားရေး လုပ်ငန်းတိုင်းမှာ အသက်တမျှ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီ အချက်အလက်တွေကို သေချာနားလည်ပြီး တကယ် အသုံးချနိုင်မယ်ဆိုရင် MBA တက်ဖိုငွေကြေးတွေ အချိန်တွေ ကုန်စရာ မလိုတော့ပါဘူး။ စာရေးဆရာ Josh က My Personal MBA စာအုပ်ထဲမှာ စီးပွားရေး လုပ်ငန်း Concepts 200 ကျော် ကို ထည့်သွင်းရေးသားပေးထားပါတယ်။

    💰 သင့်၀င်ငွေရဲ့ ၁၀ ပုံ ၁ ပုံ တောင်မရှိတဲ့ ပမာဏလေးကို ရင်းပြီး အချိန် ၉ နာရီအတွင်းမှာ MBA အတွေ့အကြုံကောင်းတွေကို ရယူလိုက်ပါ။

     

    Add to cart
  • ခံစားချက်တွေကြောင့် ပင်ပန်းနေပြီလား ?.💤

    ⏳မပျော်ရွှင်ကြတဲ့ လူတွေကို ကြည့်လိုက်ရင် အများစုက အတိတ် နဲ့ အနာဂတ်မှာ နေကြတယ်။
    အတိတ် မှာ နေတဲ့သူတွေက နောင်တ တွေ တပွေ့တပိုက်နဲ့ ဖြစ်ပြီး အနာဂတ်မှာ နေတဲ့သူတွေကတော့ စိတ်ပင်ပန်းမှုတွေ အပြည့်နဲ့ပေါ့။
    ကျွန်တော်တိုက ကိုယ်ပိုင် လှောင်အိမ်ထဲမှာ နေတတ်ကြသူတွေ ဖြစ်ပြီး ကိုယ်ပိုင် အတွေးတွေ ထဲက မလွတ်မြောက်နိုင်တဲ့ သူတွေ ဖြစ်ကြတယ်။

    မနက် မိုးလင်းတာနဲ့ ပူပင်စရာတွေ အပြည့်နဲ့ နေထိုင်ကြပြီး ညဘက် အိပ်ရာထဲ ရောက်တဲ့ အထိ မပြီးဆုံးနိုင်ပါဘူး။
    လှောင်အိမ်ထဲက ထောင်ပေါင်းများစွာသော ပူပင်မှုတွေနဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို အချိန်နဲ့ အမျှ ဖျက်ဆီးနေကြပါတယ်။

    သင့်ဘဝက ဘာ အဓိပ္ပာယ်မှ မရှိတော့ဘူးလို ခံစားနေရပြီဆိုရင်
    ၁. ဦးနှောက် ကိုပြန် ခိုင်းစေပါ။ 🧠
    ဦးနှောက်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခု က မေ့နိုင်ခြင်းပဲ။ တစ်ပြိုင်နက်တည်းမှာပဲ ဦးနှောက်ရဲ့ အရည်အချင်း နောက်တစ်ခုက ပြဿနာတွေကို ဖြေရှင်းတာပါပဲ။ အဲ့တော့ တကယ်လို အပ်တဲ့ ပြဿနာတွေသာ မရှိတော့ဘူး ဆိုရင် ဦးနှောက်က ပြဿနာတွေကို ဖန်တီးတော့မှာပါပဲ။
    ကျွန်တော်တိုဟာ အလေ့အကျင့်အရ ဦးနှောက်ရဲ့ ခိုင်းစေမှုအောက်မှာပဲ အမြဲတစေ ရှိနေတတ်ကြတာပါပဲ။ နောင်တ တွေ တပွေ့တပိုက်ကြီးနဲ့ နေလိုရတယ်၊ ပူပင်သောက အပြည့်နဲ့ ရုန်းကန်နေလိုရတယ်၊
    ဒီတော့ သူ့ရဲ့ ခိုင်းစေမှု အောက်မှာ အမြဲနေထိုင်မယ်ဆိုရင် သင်ဟာ သင့်ခံစားချက်တွေ ဦးဆောင်မှုနောက်ကိုပဲ ရေလိုက်ငါးလိုက် မျောပါနေတဲ့ နောင်တ တွေ အပြည့်နဲ့ သူ တစ်ယောက် ဖြစ်နေမှာပဲ။

    ၂. လှောင်အိမ်🔒
    တကယ်လိုသာ မနက်ဖြန် မှာ သင် မရှိတော့ဘူးဆိုရင် ဒီနေ့ ပူပင်နေတဲ့ ကိစ္စတွေကို ဆက်ပြီး စဉ်းစားနေဦးမှာလား?
    အများစုကတော့ NO လို ဖြေကြမှာပါပဲ။
    ဒါဆိုရင် ဘာလို ဆက်လုပ်နေသေးလဲ?
    ကျွန်တော်တိုဟာ ကိစ္စရပ်တိုင်းကို အသက်နဲ့ အမျှ အရေးကြီးတယ်လို ထင်ပြီး အကုန်လုံးကို ခေါင်းထဲမှာ ပွတ်သိပ်နေအောင် ထည့်ထားတတ်ကြတယ်။
    အချိန်နဲ့ အမျှ ပွတ်သိပ်နေတဲ့အခါမှာ မွန်းကျပ်လာပြီး သာမန် ကိစ္စရပ်တွေမှာပါ အလွယ်တကူ စိတ်ဆိုး ဒေါသ ထွက်လာကြတယ်။
    ကျွန်တော်ကတော့ ခဏခဏ ဒေါသ ထွက်နေတဲ့ သူတွေကို မြင်ရင် သနားတတ်လာတယ်။ သူတို ဘဝက သူတို ချမှတ်ထားတဲ့ လှောင်အိမ်ထဲမှာပဲ အချိန်နဲ့ အမျှ မွန်းကျပ်နေကြရတာကို….

    ၃. ရုန်းထွက်ပါ👟
    အရာရာတိုင်းက ရွေးချယ်မှုတွေ ပါပဲ။
    မလုပ်ဖို ရွေးချယ်လို ရတယ်၊ လုပ်ဖြစ်အောင် လုပ်ဖို ဆုံးဖြတ်လိုရတယ်။
    ကိုယ်ပိုင် လှောင်အိမ်ထဲမှာ ပိတ်မိနေတယ်ဆိုရင်၊ သူများတွေရဲ့ စိတ်ခံစားချက်တွေ အပေါ်မှာ လိုက်ပြီး နေထိုင်နေရရင်၊ ကိုယ်ပိုင် ပျော်ရွင်မှုတွေ အချိန် အတော်ကြာ ပျောက်ဆုံးနေပြီ ဆိုရင်
    သင့်အတွက် တကယ် မှန်ကန်မယ့် ဆုံးဖြတ်ချက်ကို ချပါ။
    ရုန်းထွက်ပါ။

    ပစ္စုပ္ပန်ဟာသင့်လက်ထဲမှာပါ။

    Add to cart
  • သင်ကိုယ်တိုင်မသိတဲ့ သင့် မသိစိတ်ရဲ့ လျှိဝှက်ချက် (သို) The Power of your subconscious mind

    မနက်တိုင်းခင်ဗျားသွားတိုက်ရင် ဘယ်လက်နဲ့ တိုက်သလဲ?
    ဘယ်ဘက်လက်လား ညာဘက်လက်လား ?
    မနက်ဖြန်မနက်အိပ်ရာနိုးရင် ပုံမှန်တိုက်နေကျမဟုတ်တဲ့လက် နဲ့ ပြောင်းတိုက်ကြည့်ရင် Automatic ဖြစ်မနေပဲ နည်းနည်းကသိကအောက်ဖြစ်သလိုခံစားရပါလိမ့်မယ်။
    ဒီလို Automatic Function တွေကို ကျွန်တော်တိုရဲ့ Subconscious mind က ထိန်းချုပ်ထားပါတယ်။

    ကျွန်တော်တိုရဲ့ သိစိတ် Conscious Mind ဟာ Creative Thinking, Logical Thinking, Breakthrough Thinking တွေမှာ အားသာပေမယ့် တကယ်တမ်းတော့ သူဟာ ကျွန်တော်တိုတကယ်လုပ်ဆောင်နိုင်တာရဲ့ 5% လောက်ပဲထိန်းချုပ်မှုပေးထားတာပါ။
    သူ့ရဲ့နောက်ကွယ်မှာ မသိစိတ် Subconscious Mind ဟာကျွန်တော်တိုနေစဉ်လုပ်ဆောင်နေကျ အရာအားလုံးရဲ့ 95% ကိုထိန်းချုပ်ထားပါတယ်။ အိပ်ရာထ မနက်စာစားတာကနေစပြီး လုပ်ငန်းဆောင်တာလုပ်ဆောင်မှု, Behavior, စကားပြောမှု , လူမှုဆက်ဆံရေးအားလုံးရဲ့ နောက်ကွယ်မှာ သူကအမြဲကျွန်တော်တိုကိုအလုပ်လုပ်ပေးနေပါတယ်။ ကျွန်တော်တိုမသိတဲ့မသိစိတ်ရဲ့ ခေါ်ဆောင်မှုနောက်ကို အသိမရှိပဲလိုက်နေမိတာ အချိန်တွေဘယ်လောက် လေလွင့်ခဲ့ပြီလဲ ? ပြီးပြည့်စုံမှုကိုဖန်တီးဖို ဒီမသိစိတ်ကို အသုံးချပြီး ကျွန်တော်တိုရဲ့ လိုအင်တွေ ဖြစ်ချင်တဲ့ Goal တွေ Target တွေရနိုင်တဲ့ ဘ၀ကို ဖန်တီးနိုင်ဖို နည်းလမ်းတွေရှိသလား ?

    အရိုးရှင်းဆုံးနည်းတစ်ခုကို ဥပမာပြရမယ်ဆိုရင် ကျွန်တော်တို အသက်ရှုခြင်းဟာ Automatic Process ( Subconscious Mind Function ) တစ်ခုဖြစ်ပါတယ်။ ဒါကို လက်တွေ့ Control လုပ်တဲ့ နည်း ( ဥပမာ အာနာပါန ပွားများခြင်း Manual Process ( Conscious Mind Function ) ကိုကျင့်သုံးခြင်းဟာ မိမိကိုတည်ငြိမ်အေးချမ်းစေပြီး ကြည်လင်တဲ့စိတ်ကို ရရှိစေပါတယ်။ ဒီလိုစွမ်းအားကို ကိုယ်ပိုင်လက်တွေ့အသုံးချနိုင်တဲ့နည်းလမ်းတချိုကိုလေ့လာကြည့်ကြပါစို

    The Law Of Attraction
    ချမ်းသာတဲ့သူတွေဟာ ချမ်းသာသထက်ပိုချမ်းသာတယ် ဆိုတာ Law of Attraction ကြောင့်ဆိုရင်မမှားပါဘူး။ ငွေရှိရာ ငွေလာတယ်ဆိုသလိုမျိုး ဥစ္စာဓနကို အမြဲစဉ်းစားပြီး attract လုပ်နေတဲ့သူတွေဆီကို ဒီ အရာတွေဟာရောက်ရှိလာရသလို, မကျေနပ်မှု မနာလိုမှု သဝန်တိုမှုတွေအမြဲတွေးပြီး Attract လုပ်နေတဲ့သူတွေအတွက် ပျော်ရွှင်မှုမရှိတဲ့ ဘ၀ကို သူတိုပိုင်ဆိုင်ရတာပါပဲ။ ကောင်းသောအတွေး ကောင်းသောအကျင့်တွေနဲ့ အတူတူနေထိုင်ပြီး အောင်မြင်မှုကို Attract အမြဲလုပ်နေတဲ့သူအတွက် Winning moment ဟာ အလိုလိုရောက်ရှိလာမှာပါ။

    Visualization
    မရှိတဲ့အရာတွေကို တွေးလိုမရဘူးလို တစ်ယောက်ယောက်ကလာပြောရင် သင့်လက်ထဲကဖုန်းနဲ့ ကောက်ပေါက်လိုက်ပြီး အရင်တုန်းကမရှိခဲ့တဲ့ အရာကို ရှောင်စရာမလိုဘူးလိုပြောလိုက်ပါ။ ကျွန်တော်တိုမြင်တွေ့နေတဲ့အရာတိုင်းဟာ အမြဲ နှစ်ကြိမ်ဖန်တီးရပါတယ်။ပထမ အကြိမ် စိတ်ထဲမှာ Visualize လုပ်ဖန်တီးပြီးမှ ဒုတိယအကြိမ် Physical realityမှာ ပေါ်ပေါက်လာအောင်အားထုတ်ရတာပါ။ Visualization ဟာအရမ်းအစွမ်းထက်တဲ့ power တစ်ခုဖြစ်ပြီး လိုအပ်သလို အသုံးချလိုရပါတယ်။ သင်လိုချင်တဲ့အရာကို Clearly Visualize လုပ်ပြီး physical realm မှာဖြစ်လာအောင်ကြိုးစားပါ။

    Creating Abundance
    Abundance လိုခေါ်တဲ့ ပြည့်စုံကြွယ်၀ချမ်းသာမှုဟာ သင့်ဆီမှာရှိပြီးသားပါ။ ဒါကို ကိုယ်တိုင်မမြင်ပဲ ဟိုဟာလည်းလိုချင် ဒီဟာလည်းဖြစ်ချင်ဖြစ်နေရင် သင်ဟာကြွယ်၀ပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပဲ မပြီးဆုံးနိုင်တဲ့ မာရသွန်ပွဲကို ပြေးနေရသလိုဖြစ်နေမှာပါ။ Abundance being တစ်ယောက်အတွက် ဘယ်အရာမှမှ လိုအပ်ခြင်းဆိုတာ မရှိတော့ပါဘူး ။ သင့်မှာ အရာအားလုံးရှိနေပြီသားဆိုရင် သင်ဘာကိုလိုအပ်နေဦးမှာလဲ ?

    သင်လိုယ်တိုင်မသိတဲ့ သင့်ရဲ့ အစွမ်းတွေဟာ Subconscious Mind ထဲမှာရှိပါတယ်။ ဥပမာ Subconscious Mind ဟာ Google Play Store , App Store တိုနဲ့ ဆင်ပါတယ် Application တွေအများကြီးရှိပေမယ့် သင်လိုချင်တဲ့ Application ကို Download လုပ်ပြီး သုံးကြည့်မှအဲ့ Application ရဲ့ အကျိုးကို သိရမှာပါ။ဒီလိုမျိုး သင့် Subconscious Mind ထဲမှာရှိနေတဲ့ skill set တွေကို ကိုယ်တိုင် Download ယူပြီး အသုံးချနိုင်ရင် သင်လိုချင်တဲ့ အောင်မြင်မှု ပြီးပြည့်စုံမှု ကြွယ်၀ချမ်းသာမှုတွေကိုပိုင်ဆိုင်နိုင်မှာပါ။

    ဒီလို ကိုယ့်Power ကို ကိုယ်ကိုယ်တိုင် ရာနှုန်းပြည့်အသုံးချနိုင်တဲ့သော့ချက်တွေ ကို Science နဲ့ Religion နှစ်ခုလုံးနဲ့ယှဉ်ပြထားတဲ့ အရသာကို The Power of your Subconscious Mind မှာရှာတွေ့နိုင်ပါတယ်။ ပုံအောက်က Send Message ဆိုတဲ့ Button ကလေးကို နှိပ်ပြီး ဒီ Power တွေကိုသင့်လက်ထဲပိုင်ဆိုင်ဖို သင်အဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • 🤬 သေချာတာ တစ်ခုက အခုချိန်အထိလည်း ကျွန်စနစ်က ရှိနေတုန်းပဲ
    ❓ ဘယ်လို ကွာခြားသွားလဲ❓

    ⌛️ မနက် ၉ နာရီ ကနေ ညနေ ၅ အထိ၊ တင်္နလာ မှ သောကြာ၊ တစ်နှစ်လုံး လုပ်ပြီးရင် Bonus နဲ့ ခွင့်ပိတ်ရက် နည်းနည်းရ၊
    ⏳ အချိန်တွေသာ ကုန်သွားတယ်၊ ဘာမှ မဖြစ်လာဘူး။
    ကိုယ့် မိသားစုအတွက် မဖူလုံသွားဘူး၊ မပြည့်စုံသွားဘူး၊ အဆင်လည်း မပြေဘူး။ ဒါက ခေတ်သစ် ကျွန်စနစ် တစ်ခုပဲ။

    💸 လွန်ခဲ့တဲ့ ၁၀ နှစ်က လမ်းထိပ်မှာ ဆိုက်ကားနင်းတဲ့ ဦးလေးကြီးက ခုလည်း ဆိုက်ကား နင်းတုန်းပဲ။

    💵 တစ်ပြိုင်နက်တည်းမှာပဲ ချမ်းသာတဲ့လူတွေက ပိုပိုပြီး ချမ်းသာလာပြီး ဆင်းရဲနွမ်းပါးသူတွေက ပိုပိုပြီး ဆင်းရဲလာကြတယ်။

    🕰 တစ်ရက်မှာ အချိန် ၂၄ နာရီ ရှိတာချင်း အတူတူ ဘာတွေ ကွာခြားကုန်ကြတာလဲ။

    💰 Poverty is a mindset, a process, an environment

    💰 ကိုယ့် ပတ်ဝန်းကျင်မှာ အမြဲတစေ ကြားနေရတဲ့ စကားတွေကို သေချာနားထောင်ကြည့်လိုက်။

    💰 “ဒီပစ္စည်း မဝယ်နိုင်ဘူး၊ ပိုက်ဆံက မိုးပေါ်က ကျလာတာ မဟုတ်ဘူး၊ ကျောင်းတက်၊ အလုပ်လုပ်၊ အိမ်ထောင်ကျ၊ ရှိတာနဲ့ပဲ တင်းတိမ်၊ ချမ်းသာတဲ့ လူတွေက မကောင်းဘူး” စသဖြင့် ကြားဖူးနေကျ ဆိုရင် သင့်ဆီမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ဖိုအတွက် လိုအပ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခု ရှိမနေပါဘူး။ ဒါကြောင့်လည်း မချမ်းသာနိုင်ပါဘူး။
    💰 ဘာလိုဆိုရင် သင်ဟာ ကျွန်စနစ်ထဲက လူတစ်ယောက်ပဲ ဖြစ်နေလို။

    🧲💰 Why the Rich Get Richer?????

    🏆 ဘာလို အောင်မြင်တဲ့သူတွေက ပိုအောင်မြင်လာလည်း ဆိုရင် သူတိုက ခေတ်သစ် ကျွန်စနစ်ရဲ့ သဘောတရားတွေကို နားလည်နေလိုပဲ။ သူတိုမှာ ပတ်ဝန်းကျင်ကောင်း ရှိတယ်၊ ကိုယ့်အမြင်တွေကို လေးစားတဲ့သူတွေ ရှိတယ်၊ အထောက်အပံ့ကောင်းတွေလည်း ရှိတယ်။ မရှိရင်လည်း ရှိနေတဲ့ နေရာတစ်ခုကို ကြိုးစား လိုက်ရှာတယ်။ ရုန်းကန်တယ်။ ဇွဲလုံလ ဝိရိယ စိုက်ထုတ်တယ်။

    စာအုပ်ထဲမှာ
    🔹 ခေတ်သစ်ကျွန်စနစ် အကြောင်း
    🔹 ငယ်စဉ်အခါမှာ ပတ်ဝန်းကျင်က ဂျင်းထည့်ပုံတွေ
    🔹 Beliefs, Biases and B***s

    မှားမှာဆိုးလို
    ❌ စာအုပ်က တတ်ကျမ်း မဟုတ်ပါဘူး။ အဲ့တော့ ဒီစာအုပ် ဖတ်ပြီးတော့ ပျော်ရွှင်ပြီး အလုပ်တွေ အရမ်း လုပ်ချင်ကိုင်ချင်စိတ် ဖြစ်မှာမဟုတ်ပါဘူး။ စာအုပ်က သင့် အတွေးထဲမှာ ချောင်ပိတ်နေတဲ့ လှောင်အိမ်ထဲက ငှက်ကလေးကို အပြင်ရောက်ဖို လှောင်အိမ်ကို ရိုက်ချိုးမယ့်စာအုပ်တစ်အုပ်၊ သင့်အတွေးတွေကို ပြောင်းပြန် လှန်ပစ်မယ့် စာအုပ်တစ်အုပ်၊ သင့်ကို ရုန်းကန်စေမယ့် စာအုပ်တစ်အုပ်။
    စာအုပ်က ပြင်းတယ်၊ ကြမ်းတယ်၊ ခက်ထန်တယ်။

    Add to cart
  • 💵PAY YOURSELF FIRST💵
    💹မင်းရှာတဲ့ပိုက်ဆံရဲ့ တစ်စိတ်တစ်ပိုင်းက မင်းအတွက်အရင်ဆုံးဖြစ်ရမယ်

    🏆ကျွန်တော်တိုရှာနေတဲ့ပိုက်ဆံအားလုံးဟာ ကိုယ်တိုင်သုံးဖိုအတွက်လား သူများတွေအတွက်လား ?
    ဒီမေးခွန်းဟာ ကြိုးစားပိုက်ဆံရှာ အလုပ်လုပ်နေတဲ့လူတိုင်း ကိုယ်ကိုယ်ကို မေးသင့်တဲ့မေးခွန်းတစ်ခုပါ
    ခင်ဗျားက လစာ ကိုးသိန်းရပြီး အိမ်ဌားခတစ်လသုံးသိန်းပေးရတယ် ဆိုရင် ခင်ဗျား တစ်လကို ဆယ်ရက်လောက်အိမ်ရှင်အတွက်ငွေရှာပေးနေရသလိုပဲပေါ့။ Pay yourself First လိုခေါ်တဲ့ ကိုယ့်ဝင်ငွေရဲ့ အနည်းဆုံး ဆယ်ပုံ တစ်ပုံကို ကိုယ့်အတွက်အရင်ဆုံးဖယ်ပြီးတော့မှ ကျန်တာတွေအတွက်သုံးကြည့်ပါ။

    🍀ကံကောင်းမှုက အလုပ်ထဲမှာပဲရှိတယ်
    အောင်မြင်တဲ့သူတွေကိုကြည့်ရင် သူတိုကံကောင်းလိုက်တာလိုကျွန်တော်တိုမြင်တတ်ကြတယ်။ လမ်းသွားရင်းနဲ့ ရွှေထုပ်ကြီးတစ်ထုပ်ကောက်ရတဲ့ ကံကောင်းမှုမျိုးကိုလူတိုင်းလိုချင်ကြပါတယ်။ ထီပေါက်ခြင်း၊ အမွေရခြင်းတိုကလည်း ကျွန်တော်တိုကိုရုတ်တရက်ချမ်းသာသွားစေနိုင်တဲ့ ကံကောင်းခြင်းတွေပဲ၊ ဒါတွေကိုမျှော်လင့်ပြီးအချိန်ဆွဲနေရင် ဘယ်တော့မှကျွန်တော်တို အောင်မြင်မှုကိုခံစားရမှာမဟုတ်ပါဘူး။ ကျွန်တော်တိုရဲ့စဉ်ဆက်မပြတ်ကြိုးပမ်းမှုက အခြေအနေနဲ့အချိန်အခါသင့်တဲ့အချိန်မှာ အောင်မြင်မှုဟာကျွန်တော်တို အတွက် ကံကောင်းခြင်းအနေနဲ့ ရောက်ရှိလာပါလိမ့်မယ်။

    🖥️ပညာရှိစွာရင်းနှီးမြုပ်နှံပါ
    လုပ်ငန်းတစ်ခုကို စနိုင်တဲ့ငွေစုမိပြီဆိုတာနဲ့ “ဟိုဟာလေးလုပ်ရင်ကောင်းမလား”, “ဒီလုပ်ငန်းလေးမှာရင်းလိုက်ရင်ကောင်းမလား” စတဲ့အတွေးပေါင်းမြောက်မြားစွာနဲ့ကျွန်တော်တိုရင်ဆိုင်ရပါတော့တယ်။
    ခင်ဗျားကြိုးစားရှာဖွေထားတဲ့ ဥစ္စာဓနတွေကို ပွားများလာဖိုရင်းနှီးမြုပ်နှံတဲ့အချိန်မှာ အုတ်ဖုတ်သမားကို စိန် ဝယ်ခိုင်း မိတဲ့ Arkad လိုအမှားတွေကို ကျွန်တော်တို လိမ္မာပါးနပ်စွာရှောင်ကြဉ်တတ်ဖိုလိုပါတယ်။ကိုယ်လက်ထဲမှာရှိတဲ့ ငွေကို ရင်းနှီးမြုပ်နှံတဲ့အချိန်မှာ မိမိထက်ကျွမ်းကျင်ပိုင်နိုင်သူတွေဆီက အတွေ့အကြုံနဲ့အတွေးအမြင်တွေကိုသင်ယူပြီး အဆပွားအောင်ကြံဆောင်ရင်း သင့် ရဲ့ပိုက်ဆံအိတ်က ဖောင်းသထက်ဖောင်းလာပါလိမ့်မယ်။

    👨‍💼သင်ဟာ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းကို လေ့လာနေသူလား ? 👜ပိုက်ဆံအိတ်ဖောင်းဖောင်းကိုကိုင်ရတဲ့အရသာကိုကြိုက်သူလား ?

    📚1926 ခုနှစ်ကစတင်ထုတ်ဝေခဲ့ပြီး ရာစုနှစ်တစ်စုနီပါးကြာရပ်တည်ခဲ့တဲ့ ငွေကြေးသင်ခန်းစာတွေကို အ၀ဖတ်လိုရပြီနော်

    Add to cart
  • 💭💭💭သင့်အိမ်မက်တွေဘယ်နှစ်ခု အပြင်မှာတကယ်ဖြစ်လာပြီလဲ ?

    အရင်တစ်ချိန်က ကျွန်တော် ကိုယ်ပိုင်ကားတစ်စီးလိုချင်ခဲ့တယ်။ ငါ့ကားလေးရှိလာရင် သွားချင်တဲ့နေရာသွားမယ်။ လိုင်းကားတိုးစီးပြီးနေ့တိုင်းအလုပ်သွားစရာလည်းမလိုတော့ဘူးဆိုပြီး အိမ်မက်တစ်ခုမက်ခဲ့ဘူးတယ်။

    တစ်လမှလစာသုံးသိန်းဝန်းကျင်ရတဲ့ ကုမ္မဏီဝန်ထမ်းလေးတစ်ယောက်အတွက် ဒီအိမ်မက်ကအဝေးကြီးမှာပါ။
    ဒီလိုနဲ့တစ်နေ့ Law of Attraction အကြောင်းကိုရှာတွေ့ပြီး လက်တွေ့သုံးကြည့်ဖိုဆုံးဖြတ်လိုက်တယ်။ ကျွန်တော်လိုချင်တဲ့ကားကမြိုတွင်းစီးဆိုတော့ Size သေးသေးလေး, Crazy Color လေးဖြစ်ရမယ် ခေတ်လည်းမှီရမယ် စသည်ဖြင့် ကျွန်တော့ရဲ့ကားလေးကို နေ့စဉ်နေ့တိုင်း Visualize လုပ်တယ်။
    ဒီကားလေးကို ဘယ်နေရာမှာသိမ်းမလဲ ? ဘယ်မှာ Service အပ်ခိုင်းမလဲ စသည်ဖြင့် ကားလေးရှိလာရင်ဘာလုပ်မလဲဆိုတဲ့ စိတ်ထဲမှာပြင်ဆင်မှုတွေကိုခဏခဏစဉ်းစားတယ်။

    တဖြည်းဖြည်းနဲ့ ကျွန်တော့်အနားမှာ ကားအကြောင်းပြောပြတဲ့မိတ်ဆွေတွေ၊ ကားလုပ်ငန်းလုပ်တဲ့လူတွေရောက်ရှိလာတယ်။ စိတ်ဝင်စားစရာကားလေးတွေလာပြတဲ့သူတွေရှိလာတယ်။ အတူတူအလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ကူညီမှုနဲ့ ကျွန်တော်အိမ်မက်မက်ခဲ့ဘူးတဲ့ ကားလေးတစ်စီး ကျွန်တော့်လက်ထဲရောက်လာတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ Manifestation ကတကယ်ပြီးပြည့်စုံပြီး Universe ကတကယ်ကိုကူညီတဲ့အကြောင်းကိုလက်ခံသွားပါတယ်။

    🌠🌠🌠“ကျွန်တော်တိုအားလုံးမှာ အိမ်မက်ကိုယ်စီရှိကြတယ်။”

    နွေးထွေးတဲ့အိမ်လေးတစ်လုံး၊ ပြိုင်ကားတစ်စီး၊ တစ်လတစ်ခါ စိတ်ပူစရာမလိုတဲ့ဝင်ငွေစသည်ဖြင့် ကျွန်တော်တိုအားလုံးမှာအိမ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့်လူအများစုက ဒီအိမ်မက်တွေက အဝေးကြီးမှာရှိနေသလိုမဖြစ်နိုင်တဲ့အရာတွေလို ခံစားရပါတယ်။ ဒီအိမ်မက်တွေတကယ်လက်တွေ့ဖြစ်လာဖိုအတွက် နည်းလမ်းတွေရှိတယ်ဆိုရင် သင်ယုံမလား ?

    ဒီလို သင့်အိမ်မက်တွေကို Universe ဆီကနေယူဖို Rhonda Byrne ရဲ့ The Secret ထဲမှာ Law of Attraction နဲ့ ကျင့်ကြံနေထိုင်နည်းကိုရှင်းပြထားပါတယ်။

    – အတွေးတွေဟာ သံလိုက်ဓာတ်လိုမျိုး အလုပ်လုပ်တဲ့အကြောင်း
    – Energy vessel ကို အသုံးချနည်း
    – Visualization, Manifestation နည်းလမ်းတွေ အကြောင်း

    🏠KNOW Exactly What You Want
    မင်းလိုချင်တဲ့အရာကိုအတိအကျသိပါ။
    အိမ်လေးတစ်လုံးလိုချင်တယ်ဆိုတာက လိုချင်စိတ်ပဲဖြစ်တယ်။ ကိုယ်လိုချင်တဲ့အရာကိုတိတိကျကျ ပုံဖော်ပါ။
    လုံးချင်းတိုက်လား၊ကွန်ဒိုလား? နှစ်ထပ်တိုက်လား၊ ၀ရန်တာထောင့်အခန်းလား ? ဘယ်နေရာမှာ ကားထားမှာလဲ ? အိမ်ခန်းဆေးအရောင်ကဘာအရောင်ဖြစ်မလဲစသည်ဖြင့် ကိုယ်လိုချင်တဲ့အရာကို တိတိကျကျမြင်ပါ။

    🙏BELIEVE that universe will give it to u
    Universe က မင်းလိုတဲ့အရာကိုပေးမယ်ဆိုတာကိုယုံကြည်ပါ။
    ဒီနေရာကတချိုသူတွေအတွက်အရမ်းခက်ခဲတဲ့အဆင့်တစ်ခုပါ။ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဒီအိမ်မက်တွေဟာ အဝေးကြီးမှာရှိနေတယ်လိုခံစားနေရနိုင်ပါတယ်။ ဒါတွေကိုကျော်ဖြတ်ဖို Visualization နည်းလမ်းတွေ Secret Shifter တွေအသုံးပြုလိုရပါတယ်။

    🎁RECEIVE what you want
    Universe ကပေးတဲ့အရာတွေကိုရယူပါ။
    ဘယ်လောက်ပဲသင်လိုချင်လိုချင် ရယူဖိုအဆင်သင့်မဖြစ်သေးရင် Universe ကသင့် ဆန္ဒတွေကို ချက်ခြင်းပေးစွမ်းမှာမဟုတ်သေးပါဘူး။ သင်လိုချင်တဲ့အရာတွေသင့်မှာရှိနေတယ်ဆိုတဲ့ အကောင်းမြင်တဲ့ ပြည့်စုံတဲ့စိတ်ထားနဲ့ နေထိုင်ပါ။

    ဒီလိုရိုးရှင်းတဲ့ Laws of attraction နည်းလမ်းတွေအပြင် ဒီစာအုပ်ကလေးထဲမှာ
    ☀️Universe က သင် အာရုံစိုက်နေတာတွေကို သင့်ကိုပြန်ပေးတယ် ။ စိတ်ညစ်စရာတွေကိုအာရုံစိုက်ရင် စိတ်ညစ်စရာတွေပဲရမယ်။
    💭ခံစားချက်တွေကအတွေးတွေကိုပေးတယ်။ ပျော်ရွှင်မှုကိုခံစားရရင် ပျော်ရွှင်တဲ့အတွေးတွေနဲ့နေထိုင်ရလိမ့်မယ်။
    🔊အတွေး၊အပြော၊အလုပ် အားလုံးဟာ သင့်ဆန္ဒနဲ့တစ်ထပ်တည်းကျအောင်နေထိုင်ပါ စတဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါဖော်ပြထားပါတယ်။

    မသိသူကျော်သွား၊ သိသူဖော်စား ဆိုတဲ့စကားပုံလိုမျိုးပဲ law of attraction ဆိုတာ တကယ်ကိုရှိပါတယ်။ အိမ်မက်တွေမက်နေသရွေ့တော့ သင်လိုချင်တဲ့အရာတွေဟာ အိမ်မက်ထဲမှာပဲရှိနေမှာပါ။ Abundance ဖြစ်တဲ့ ဘ၀ကိုရနိုင်ဖိုအတွက် Universe ကနေသင့်ကိုလာပေးနေတဲ့အရာတွေကို လက်ကိုင်ရယူနိုင်ဖို နည်းလမ်းတွေ, Energy/Resonance/Frequency တွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြီး သင့်ဆန္ဒတွေကိုဖြည့်ဆည်းနိုင်မယ့်နည်းလမ်းတွေကို ဒီမှာရှာဖွေလိုက်ပါ။

    Add to cart
  • မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။

    လူအများစု တွေးထားကြတာက ပိုကြိုးစားရင် ပိုအောင်မြင်မယ်၊ ဒါပေမယ့် ဒီအချက်က အမြဲတန်း မှန်သလား လို ‌မေးရရင် အမြဲတန်း‌တော့ မဟုတ်နေခဲ့ဘူး။

    ဆိုက်ကား ဆရာ တစ်ယောက်က ဆိုက်ကား ပိုနင်းရဖို အရမ်းကြိုးစားနေမယ်ဆိုရင် ပိုနင်းရတဲ့ ဆိုက်ကား သမား တစ်ယောက်ပဲ ဖြစ်လာမှာ။

    မနက်စောစော ထပြီး အလုပ်လုပ်တိုင်း ပိုချမ်းသာမယ်ဆိုရင် ပဲပြုတ်ရောင်းတဲ့သူတွေတိုင်း မီလျံနာ ဖြစ်နေလောက်ပြီ။

    ဒီတော့ မမျှတတဲ့ လောကကြီးကို ဘယ်လို အနိုင်ယူမလဲ။

    ဒါပေမယ့် လူတွေက Hardwork တောင် မလုပ်ရသေးဘူး Smartwork ကို တန်းဖြစ်ချင်နေကြပြီ။

    HUSTLE

    မနက် ကို ၁၀ နာရီမှ ထ၊ ဖုန်းလေး ပွတ်၊ Motivational Video တွေကြည့်၊ Effort တစ်ခုခု စိုက်ထုတ်မှု မရှိပဲ ငါ ဘာလို မအောင်မြင်သေးတာလဲ လို တွေးနေရင် သင်က ၉၅ ရာခိုင်နှုန်း‌သော လူပိန်းတွေထဲက တစ်ယောက် ဖြစ်နေဦးမှာပါပဲ။

    ဒီတော့ Hustle လုပ်ပါ။ သင် သိနိုင်သမျှ knowledge အကုန် လေ့လာပြီး ရှိနေတဲ့ နေရာလေးကနေ ဖောက်ထွက်ပါ။

    Unfair Advantage

    လူတွေက အကုန် အတူတူပဲ လို တွေးနေသေးတာလား။

    စာအုပ်ထဲမှာ လူချင်း တူနေရင်တောင် မှ အောက်ခြေ ရောက်နေလည်း သူ့ အားသာချက်တွေ ရှိတယ်၊ အမြင့် ရောက်နေလည်း Unfair Advantage တွေ ရှိတယ်လို ပြောထားတယ်၊

    ဒါတွေကတော့

    MILES

    Money + Intelligent + Location + Education + Status

    ကိုက ဘယ်နေရာမှာ အားသာချက်တွေ ရှိနေလဲ၊ ဘယ်အချက်တွေမှာ အားနည်းချက် ဖြစ်နေလဲ

    ကိုယ့်မှာ အားနည်းနေတဲ့ နေရာတွေကို ဘယ်လို အားသာချက်တွေ ဖြစ်အောင် လုပ်မလဲ စတဲ့ နည်းလမ်းတွေကို စာအုပ်ထဲမှာ ရေးသားထားမှာပဲ ဖြစ်တယ်။

    သာမန် ရေပေါ်ဆီ သီအိုရီတွေကို ရေးထားတဲ့ မဟုတ်ပဲ တစ်ကယ့် လက်တွေ့ က အဖြစ်အပျက်တွေ၊ လူတွေအပေါ်မှာ ‌ရေးထားတာ ဖြစ်လို အနှစ်သာရ အပြည့်နဲ့ သင်ယူစရာတွေ တိုးလာမှာပါ။

    95% ထဲမှ လွတ်မြောက်နိုင်ကြပါစေ။

    Add to cart
  • စာအရှည်ကြီးတွေ ဖတ်ဖို့ပျင်းနေပြီလား? 😫

    Project တွေ၊ စည်းကမ်းချက်တွေမလိုဘဲ ဗဟုသုတယူမလား? လက်တွေ့အသုံးချမလား ?🤔

    • 🖼️ပုံတစ်ပုံ = စာလုံးတစ်ထောင်! ရှုပ်ထွေးတာတွေအကုန်ရှင်း
    • 😉Podcast, Youtube အရှည်ကြီးတွေထက် ပုံတစ်ပုံက ပိုထိရောက် 
    • 😊ပုံနဲ့ဆိုတော့ မှတ်မိလွယ်၊ နားလည်လွယ် 
    • 👌လက်တွေ့သုံးဖို့ အရမ်းအဆင်ပြေ 
    • 💯စီးပွားရေးထူးချွန်ချင်သူတိုင်းအတွက် Must-Read! 

    အချိန်မကုန်ဘဲ တိကျတဲ့အသိပညာ ကို The Visual MBA ကနေရယူလိုက်ပါ။

    Add to cart
  • ပထမဆုံးပြောချင်တာက စာအုပ်က ခက်ထန်တယ်၊ကြမ်းတမ်းတယ်။ ဖတ်နေရင်းနဲ့ အရှိက်ကိုအထိုးခံရသလို “Oof” ဆိုပြီးခံစားရမယ်။
    ဒီစာအုပ်ကလေးနဲ့အတူ မင်းရဲ့အရင်ကတလွဲအမှားတွေကို ခနဲ့တဲ့တဲ့ရယ်မောလိမ့်မယ် ပြီးတော့မှ စာအုပ်ကိုပိတ် မျက်နှာကျက်ကိုကြည့်ပြီး “ငါဒါတွေ အရင်ကဘာကြောင့်နားမလည်ခဲ့တာလဲ” လိုတွေးလိမ့်မယ်။
    ဒါကကြီးမားတဲ့အခက်အခဲတစ်ခုတော့မဟုတ်ပါဘူး။ သင့်ရဲ့လိုအပ်ချက်ကိုကိုယ်တိုင်သိရှိနားလည်ခြင်းဟာ အနာဂတ်မှာတည်ဆောက်မဲ့ တိုးတက်မှုတွေအတွက် မျိုးစေ့တစ်ခုဖြစ်ပါတယ်။

    Why Men love B*** စာအုပ်ကို မိန်းမကျမ်းလိုခေါ်ရင် The Way of The Superior Man က ယောင်္ကျားကျမ်းလိုပြောလိုရပေမယ့် တိုးတက်မှုကိုလိုချင်သူ တွေအားလုံးအတွက်သင့်လျော်ပါတယ်။လိုင်းပေါ်က SIGMA Male တွေ၊ ALPHA Male တွေအစား တကယ်တန်ဖိုးရှိတဲ့ Superior Manတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ဖို လမ်းစဉ်တွေကို မီးမောင်းထိုးပြထားတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ဒီစာအုပ်ဟာ စာမျက်နှာပေါ်ကစာလုံးတွေထက် အံ့အားသင့်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတဲ့ခရီးတစ်ခုလိုခံစားရမှာပါ။

    သင့်ရဲ့
    😨အကြောက်တရားကိုသတ္တိရှိရှိရင်ဆိုင်နိုင်ဖို
    🎯ဘ၀ရည်မှန်းချက်ကို ရဲရဲဝံ့ဝံ့ချမှတ်နိင်ဖို
    🤝အဓိပ္ပါယ်ရှိတဲ့ပေါင်းသင်းဆက်ဆံရေးတွေတည်ဆောက်နိုင်ဖိုနဲ့
    🧘‍♂️စစ်မှန်တဲ့လူတစ်ယောက်ဖြစ်ဖို အတွက် ဒီစာအုပ်မှာ ဘာသင်ခန်းစာတွေပါမလဲ?

    🥅ဘ၀ဟာ အဓိပ္ပါယ်မရှိတာမဟုတ်ပါဘူး သင့်မှာရည်ရွယ်ချက်ရှိမနေတာပါ။
    ရည်ရွယ်ချက်မရှိပဲနေထိုင်တာဟာ အဓိပ္ပါယ်မရှိပဲအသက်ရှင်နေတာနဲ့အတူတူပဲဆိုတာကို စာရေးဆရာကပြောပြထားပါတယ်။ အခုချိန်မှာ သင့်မှာရည်ရွယ်ချက်မရှိသေးဘူးဆိုရင် ဒီအရာကသင့်အရှိက်ကိုအထိုးခံရသလိုခံစားစေရမယ့်အကောင်းဆုံးအပိုင်းတစ်ခုလည်းဖြစ်တယ်။သင့်ရဲ့ ပျော်ရွှင်မှု၊ အလုပ်၊ ပေါင်းသင်းဆက်ဆံရေးတွေအကုန်လုံးဟာ ရည်ရွယ်ချက်ဆိုတာမရှိရင် အရာအားလုံးဟာ အလဟဿဖြစ်သလိုအမြဲခံစားနေရမှာပါ။
    ခဏရပ်ပြီးစဉ်းစားကြည့်ရအောင် 🤔
    -သင်လိုချင်တဲ့အရာတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုကိုပေးဆပ်ရင်း ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာမလား ?
    -သင်မလိုချင်တဲ့အရာပေါင်းမြောက်များစွာအတွက် ရည်ရွယ်ချက်မရှိပဲ လေလွင့်မှုထဲမှာ အချိန်ဖြုန်းမလား ?

    💫အားနည်းချက်ဟာ ပျော့ညံ့မှုမဟုတ်ဘူး
    HOD တစ်ယောက်အနေနဲ့ ကျွန်တော် ကုမ္မဏီအလုပ်လုပ်ခဲ့စဉ်က Chairman ပြောခဲ့တဲ့ “ If you’re too strong, no one would dare to help you and you’ll be all alone in your strength. If you’re vulnerable, everyone wants to help you”
    “မင်းအရမ်း သန်မာလွန်းရင် မင်းကိုဘယ်သူမှကူညီကြမှာမဟုတ်ပဲနဲ့ မင်းရဲ့သန်မာမှုထဲမှာပဲမင်းအထီးကျန်ရလိမ့်မယ်။ မင်းရဲ့အားနည်းချက်ကိုပြရင် မင်းကိုကူညီမယ့်လူတွေပေါ်လာလိမ့်မယ်” ဆိုတဲ့စကားကိုအခုအချိန်ထိ ကျွန်တော်မှတ်မိနေသေးတုန်းပါ။ Relationship တစ်ခုတည်ဆောက်တဲ့အချိန်၊ Team building လုပ်တဲ့အချိန်တွေမှာ မိမိရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့သူတွေရှိနေဖိုလိုအပ်ပါတယ်။ သင့်ရဲ့အားနည်းချက်ကို လက်မခံပဲကာကွယ်ဖိုအတွက် အကာအရံတွေအထပ်ထပ်ကာရံထားခြင်းဟာ စစ်မှန်တဲ့သင့်ကိုနေရာမှန်ရောက်စေဖို အတားအဆီးတစ်ခုဖြစ်နေပါလိမ့်မယ်။

    ⚡️ယောင်္ကျားစွမ်းအင် နဲ့မိန်းမ စွမ်းအင်နှစ်ခုရဲ့အစွန်းနှစ်ခု
    David Deida က ယောင်္ကျားစွမ်းအင် (Masculine Energy) နဲ့ မိန်းမစွမ်းအင် (Feminine Energy) နှစ်ခုကို လောကကြီးကိုသာတူညီမျှဖြစ်နေအောင်ဖန်တီးပေးနေတဲ့စွမ်းအင် နှစ်ခုအနေနဲ့ပုံဖော်ထားပါတယ်။ ယောင်္ကျားစွမ်းအင် (Masculine Energy) ဟာ ရည်ရွယ်ချက်ရှိမှု၊အာရုံစူးစိုက်မှုနဲ့ စနစ်တကျဖြစ်မှုအတွက်တည်ရှိနေသလို မိန်းမစွမ်းအင် (Feminine Energy) ဟာလည်း တီထွင်မှု၊ အလှတရားနဲ့ စိတ်ခံစားမှုတိုအတွက်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါဟာ ယောင်္ကျားမိန်းမခွဲခြားမှုမဟုတ်ပဲနဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို သဘာ၀ကတီထွင်ပေးလိုက်တဲ့ စွမ်းအင်နှစ်ခုကို စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖို၊ တီထွင်ဖန်တီးဉာဏ်တွေကိုဖွင့်ဟဖိုနဲ့ မိမိကိုယ်ကိုလက်ခံနိုင်ဖို အရေးကြီးတဲ့စွမ်းအင်နှစ်ခုပါ။

    🐉အကြောက်တရားဟာ သင့်ရဲ့ရန်သူမဟုတ်ဘူး
    ကျွန်တော်တိုနဲ့မရင်းနှီးတဲ့ပြဿနာ၊ အတွေ့အကြုံမရှိဖူးတဲ့ အခက်အခဲမျိုးနဲ့ကြုံမိရင် အကြောက်တရားကိုခံစားမိတာဟာ သဘာ၀ပါ။ ကြောက်စိတ်က သင်တန်ဖိုးထားတဲ့အရာတွေနဲ့ သင့်ရဲ့ လုံခြုံမှုအတွက် စိတ်မချနိုင်သေးဘူးဆိုတာကိုပြတာဖြစ်တယ်။ ဒါကို သင့်ကိုယ်ပိုင်ကန့်သတ်ချက်ရဲ့ဘောင်တစ်ခုလိုမြင်ရင် သင်တိုးတက်နေတာ၊ ထပ်မံတိုးတက်ဖို အခွင့်အရေးတွေရှိနေသေးတယ်ဆိုတာကို ကြောက်စိတ်ကမြင်အောင်ပြပေးနေတာဖြစ်ပါတယ်။ ကြောက်စိတ်ကိုရှောင်ပြေးမဲ့အစား ရဲရင့်တဲ့ စိတ်ဓာတ်ခွန်အား “ငါဒါကိုကျော်ဖြတ်နိုင်တယ်” ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ။ ဒီစိတ်ကိုနားလည်အောင်လုပ်ပါ။သူ့ရဲ့သင်ခန်းစာတွေကိုလေ့လာမှတ်သားပါ။ မုန်တိုင်းတွေအကုန်ကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာ တိုက်လာတဲ့လေပြေအေးအေးလေးတွေက သင့်နှလုံးသားကို အနှောင်အဖွဲတွေကလွတ်မြောက်စေပါလိမ့်မယ်။

    💖တကယ်ကိုလေးနက်ခိုင်မာတဲ့နှလုံးသားနဲ့တန်ဖိုးရှိတဲ့လူတစ်ယောက် တကယ်ဖြစ်ချင်ပြီဆိုရင်ဒီစာအုပ်ကလေးကသင့်ကို တန်ဖိုးရှိတဲ့သင်ခန်းစာတွေအများကြီးပေးပါလိမ့်မယ်။ ပေါ့ပျက်ပျက်စာလုံးတွေအစား ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်သူဖြစ်ဖိုအတွက်လိုအပ်တဲ့နည်းစနစ်တွေနဲ့ လိုက်နာရမယ့်ကျင့်စဉ်တွေ ပါဝင်တဲ့ ဒီစာအုပ်ကလေးနဲ့အတူ အံကိုကြိတ်၊ ခေါင်းကိုမော့ပြီး ဘ၀ရဲ့အခက်အခဲတွေကိုရဲရင့်စွာရင်ဆိုင်လိုက်ပါ။

    Add to cart
  • 🏆The Winner Effect : အနိုင်ရခြင်းတွေရဲ့သော့ချက်၊ အောင်နိုင်မှုရဲ့ပြယုဂ်တစ်ခု🏆

    “ချမ်းသာတဲ့သူတွေကဆက်တိုက်ချမ်းသာနေကြပြီး ဆင်းရဲတဲ့သူတွေကဆက်တိုက်ဆင်းရဲနေကြတယ်” ဆိုတဲ့စကားကို လက်ခံသလား ?🤔
    Henry Ford ရဲ့“Whether you think you can, or you think you can’t – you’re right,” “မင်းလုပ်နိုင်လိုပဲတွေးတွေး၊မင်းမလုပ်နိုင်ဘူးလိုပဲတွေးတွေး ၊ မင်းတွေးတာမှန်တယ်” ဆိုတဲ့စကားတစ်ခွန်းဟာ ကျွန်တော်တိုရဲ့စိတ်သဘောထားတွေပေါ်မူတည်ပြီး အောင်မြင်မှုနဲ့ ရှံးနိမ့်တဲ့သူတွေရဲ့ကွာခြားမှုကိုမြင်သာစေပါတယ်။ “ငါလုပ်နိုင်တယ်၊ ရအောင်လုပ်မယ်”ဆိုတဲ့စိတ်ခံစားချက်နဲ့ ကျော်ဖြတ်ခဲ့တဲ့အခက်အခဲတွေကိုပြန်တွေးကြည့်ရင် ဒီ Winner Effect ရဲ့အကျိုးသက်ရောက်မှုကိုလက်တွေ့သိဖူးမှာပါ။

    🔑ဒါဆိုဒီအရာရဲ့သော့ချက်ကဘာလဲ?

    ⬆️သင့်ကိုယ်သင် အောင်မြင်တယ်လိုထင်သလား ?
    ⬇️ရှုးနိမ့်နေတယ်လိုထင်သလား ? ထင်မြင်ချက်ပေါ်မူတည်ပြီး သင့်စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာ ဦးနှောက်မှာရှိတဲ့ အာရုံကြောလေးတွေအထိပြောင်းလဲနေပါတယ်။ အောင်မြင်မှုဟာ ပိုမိုအောင်မြင်မှုကိုယူဆောင်လာပေးတဲ့အကြောင်းကို ဇီ၀ဗေဒအရပြောင်းလဲမှုဖြစ်ပေါ်နေတဲ့အကြောင်းကို Ian H. Robertson က The Winner Effect ထဲမှာ လက်တွေ့စမ်းသပ်မှုတွေရရှိလာတဲ့ ဖြေရှင်းချက်တွေနဲ့အတူရှင်းပြထားပါတယ်။

    🧠🏆အနိုင်ရမှုနဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက် ( The Winner Effect and Brain’s Functions)
    စမ်းသပ်ချက်တစ်ခုမှာ ကြွက်နှစ်ကောင် ( မှတ်လိုလွယ်အောင် ကြွက် A နဲ့ ကြွက် B ) ကိုလှောင်အိမ်ထဲထည့်ထားပြီး အနိုင်ရအောင် အချင်းချင်း တိုက်ခိုက်စေပါတယ်)။ကြွက် B ကိုအားနည်းအောင် ပြုလုပ်ထားပြီး ကြွက် A ကိုအနိုင်ရအောင်စမ်းသပ်ချက်ကိုဖန်တီးထားပါတယ်။ အနိုင်ရသွားတဲ့ ကြွက် A ဟာ နောက်ထပ်လာတဲ့ တိုက်ခိုက်မှုတွေမှာလည်း အနိုင်ရတဲ့အခွင့်အရေးပိုများတဲ့ အကြောင်းကိုရှာဖွေတွေ့ရှိပြီး Winner Effect နဲ့ဆက်နွယ်မှုကိုရှင်းပြထားပါတယ်။
    အနိုင်ရမှုကိုခံစားလိုက်ရတာနဲ့ တပြိုင်နက် ဦးနှောက်က Testosterone နဲ့ Dopamine ကိုပိုမိုထုတ်လွှတ်ပေးပြီး ယုံကြည်မှုကိုတိုးမြှင့်စေတာကြောင့် နောက်ထပ် စိန်ခေါ်မှုတွေအတွက်ပိုမို ယုံကြည်မှုတိုးတက်တဲ့အကြောင်းကို
    *Dopamine ပိုများလာရင် = ယုံကြည်မှုပိုများလာတယ်*
    *ယုံကြည်မှုပိုများလာရင် = ပိုပြီးစွန့်စားရဲလာတယ်*
    *ပိုပြီးစွန့်စားရဲရင်= အနိုင်ရဖိုပိုများလာတယ်* ဆိုတဲ့ Formula လေးကိုတွေ့ရမှာပါ။
    ရှုးနိမ့်မှုကိုခံစားမိတဲ့သူတွေအတွက်တော့ ဒီ Testosterone နဲ့ Dopamine ရရှိမှုနည်းသွားတဲ့အတွက် ယုံကြည်မှုနည်းပါးသွားပြီး နောက်ထပ်စိန်ခေါ်မှုတွေကိုအနိုင်ရဖို ခက်ခဲသွားကြပါတယ်။

    ⚡️🏃‍♂️အောင်မြင်မှု အဟုန်ရဲ့အကျိုးသက်ရောက်မှု ( The Momentum Effect )
    အနိုင်ရခြင်း ရဲ့ အကျိုးသက်ရောက်မှုဟာ လှေကားထစ်တွေလိုပါပဲ။ အပေါ် တစ်လှမ်းတက်နိုင်လိုက်တိုင်း နောက်တစ်လှမ်းထပ်တက်ဖိုပိုမိုလွယ်ကူတဲ့ အဟုန်ကိုခံစားရတဲ့အကြောင်းကို တွေ့ရမှာပါ။ အနိုင်ရမှုတိုင်းကို သင့်ကိုယ်သင်ယုံကြည်မှုရဲ့ အခြေခံအုတ်မြစ်အဖြစ်ခံယူပြီးတည်ဆောက်ပါ။ ဒါက စွမ်းဆောင်ရည် အတွက် သက်သေသာဓကတွေအနေနဲ့ သင်ရဲ့ ယုံကြည်မှုကိုတိုးပွားစေပါလိမ့်မယ်။
    ဥပမာ- သင်က မနက်စောစောထဖိုကြိုးစားတယ်။ပုံမှန် 7:00 AM မှာအိပ်ရာထတာကနေ၊ ပထမရက်မှာ 6:45 AM မှာ အိပ်ရာထတယ်။ ဒါဟာ သင့်ကိုယ်သင် အနိုင်ရခြင်းပဲ။ သင်အိပ်ရာထနိုင်တယ်ဆိုတာ ကို ပိုမိုယုံကြည်တဲ့အတွက် နောက်တစ်နေ့မှာ ဒီထပ်ပိုစောပြီး အိပ်ရာထနိင်လာတယ်။ တစ်ပတ်လောက်ကြာတဲ့အခါမှာ မနက်ခြောက်နာရီအိပ်ရာထတယ်ဆိုတာဟာ သင့်အတွက် ပုံမှန်လိုပဲခံစားရတော့တယ်။
    ဒါပေမယ့် ဒီ Momentum effect ဟာ ကောင်းကျိုးရောဆိုးကျိုးရော သက်ရောက်မှုရှိပါတယ်။ သင်ဟာ အရှံးသမားတစ်ယောက်လိုခံစားပြီးတော့ ငါမလုပ်နိုင်ဘူးဆိုတဲ့ အရာကို အုတ်မြစ်အဖြစ်တည်ဆောက်နေရင်တော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေဖြစ်ပြီး အောင်မြင်မှုလှေကားပေါ်ကနေ အောက်ကို ဖြည်းဖြည်းချင်းရောက်သွားမှာပါ။

    💀🏆အနိုင်ရခြင်းရဲ့ ကျိန်စာ ( The Curse of Winner Effect )
    ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုသလို အနိုင်ရမှုကပေးတဲ့ ဆိုးကျိုးအပြစ်တွေလည်းရှိပါတယ်။ သိသာအထင်ရှားဆုံးကတော့ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲလွန်း (Overconfidence) ဖြစ်လာတာပါ။ လေ့လာမှုတွေအရ အသက်ငယ်ငယ်နဲ့အောင်မြင်မှုရတဲ့ လူတွေဟာ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီးရူးသွပ်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျရှုးရတဲ့သင်ခန်းစာတွေကိုပြောပြထားပါတယ်။ စာအုပ်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရလာတဲ့ Mike Tyson ဟာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုကို အထင်ကြီးပြီး ဆုံးဖြတ်ချက်အမှားတွေပြုလုပ်ခဲ့တဲ့အတွက် Buster Douglas ကို 1990မှာရှုးနိမ့်ခဲ့ပြီး ချန်ပီယံဘွဲကိုလက်လွှတ်ခဲ့ရပါတဲ့အကြောင်းကိုဥပမာအနေနဲ့ပြောပြထားပါတယ်။ ဒါနဲ့တင်မကပဲ ဒီကျိန်စာကလွတ်မြောက်ဖိုမကြိုးစားတာကြောင့် 2003 ခုနှစ်မှာ Mike Tyson ဟာ ဒေဝါလီခံခဲ့ရဖူးပါတယ်။

    အနိုင်ရမှုရဲ့ကျိန်စာတွေဖြစ်တဲ့
    ယုံကြည်မှုလွန်ကဲခြင်း- အထင်ကြီးလွန်ပြီး ဆုံးရှုးမှုကို မချိန်ဆပဲ တဇွတ်ထိုးလုပ်မှုနဲ့
    အားစိုက်ထုတ်မှုလျော့နည်းခြင်း – အရာရာကိုလွယ်ကူတယ်ထင်ပြီး ကြိုးစားမှုလျော့ကျလာတာတွေမဖြစ်အောင် မိမိကိုယ်ကိုအကြိမ်ကြိမ်ဆင်ခြင်သုံးသပ်ပြီး လိုက်လျောညီထွေဖြစ်စွာနေထိုင်ရပါမယ်။

    💪😎4. Winner Effect ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနည်း
    Winner Effect ရဲ့ မာယာကျော့ကွင်းထဲကို မကျရောက်ပဲ ကျွမ်းကျင်ပိုင်နိုင်မှုအပြည့်နဲ့ဘယ်လိုအသုံးချမလဲ?
    🎯အောင်မြင်မှုတွေအားလုံးအတွက် ဂုဏ်ပြုပါ- အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တိုင်းကိုကျေနပ်ဖိုအတွက် သေးငယ်သောအောင်မြင်မှုလေးတွေကစပြီး ဂုဏ်ပြုတတ်တဲ့အကျင့်ကိုမွေးမြူပါ။
    🎯စိန်ခေါ်မှုနဲ့နေထိုင်ပါ – အသစ်အဆန်းတွေကိုကြိုက်နှစ်သက်တဲ့သင့်ဦးနှောက်အတွက် သင့်ကန်သတ်ချက်တွေကိုကျော်လွန်တဲ့ စိန်ခေါ်မှုတွေအမြဲဖန်တီးပါ။
    🎯လူသားဆန်ပါ – အောင်မြင်မှုရဲ့ လိုအပ်ချက်တွေကို သေချာဆန်းစစ်ပါ။ Winning ဟာ Perfection မဟုတ်ပါဘူး။
    🎯ရှုးနိမ့်မှုကသင်ခန်းစာယူပါ – ရှုးနိမ့်မှုတွေဟာအဆုံးသတ်မဟုတ်ပါဘူး။ သင်အနိုင်ရဖိုအတွက် ပြင်ဆင်ဖိုအခွင့်အလမ်းတစ်ခုလိုမှတ်ယူပါ။

    💡အကြံပြုချက်-ညစဉ်အိပ်ခါနီးတိုင်း ဒီနေ့အတွက် သင့်အနိုင်ရမှု သုံးခုကိုစာအုပ်ထဲချရေးပါ။ ဒါကသင့်ဦးနှောက်ကိုအောင်မြင်မှုကိုရှာဖွေဖိုမျှော်လင့်ချက်တွေကိုနေ့စဉ်ပေးစွမ်းပါလိမ့်မယ်။

    ☀️ပြောင်းလဲမှုတစ်ခုကိုတည်ဆောက်တိုင်းကျွန်တော်တိုဟာ Physical Change နဲ့ Mental Change ကိုအာရုံစိုက်ပြီးပြောင်းလဲဖိုစိတ်အားထက်သန်ကြပါတယ်။ Ian Robertson ရဲ့ The Winner Effect ဟာ Neurological Change ကိုတည်ဆောက်ဖိုနဲ့ ဦးနှောက်ရဲ့ Build in system တွေကို အကောင်းဆုံးအသုံးချနိုင်ဖိုအတွက်ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနိုင်ရမှုဆိုတာ တခဏတာခံစားရတဲ့ Dopamine ထက်ပိုတဲ့အကြောင်းနဲ့ဒီအနိုင်ရမှုတွေကိုစနစ်တကျထပ်ဆင့်တည်ဆောက်နိုင်ဖိုအတွက် လက်တွေ့အသုံးဝင်တဲ့သော့ချက်တွေကို အံ့အားသင့်လောက်အောင် လေ့လာဖတ်ရှုရမှာမှာဖြစ်ပါတယ်။

    ကဲဒါဆို သင်ရော အနိုင်ရဖိုအတွက်အဆင်သင့်ဖြစ်ပြီလား ?
    The Winner Effect ကိုအခုပဲမှာယူပြီး သင့်ဦးနှောက်ရဲ့ကန့်သတ်ချက်ကို ရိုက်ချိုးလိုက်ပါ။

    Add to cart

Cart

Your Cart is Empty

Back To Shop