Invisible Influence: The Hidden Forces that Shape Behavior
19,500 Ks
💯အရောင်းသမားတွေ ဒီ နည်းလမ်း သုံးတဲ့အခါ ၅ ဆ ပိုမို အောင်မြင်ကြတယ်။
🐒မျောက်တစ်ကောင် ရှေ့မှာ 🍌ငှက်ပျောသီး တစ်လုံးနဲ့ 💵ပိုက်ဆံ ၁ သိန်း ထားပေးထားရင် မျောက်က ဘာကို ယူမယ်ထင်လဲ?
မျောက်က ငှက်ပျောသီးကိုပဲ ယူပါတယ်။ ဘာလိုလဲဆိုတော့ မျောက်က ပိုက်ဆံ ၁ သိန်းနဲ့ ငှက်ပျောသီးတွေ အများကြီး ဝယ်နိုင်တာကို မသိပါဘူး။
ဒီတော့ ကျွန်တော်တို မှန်တယ်လို ထင်နေတဲ့ အရာတွေကရော အမြဲတမ်း မှန်နေပါ့မလား???????
💡ကျွန်တော်တို နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေ ချမှတ်နေကြပါတယ်။ ဒါပေမယ့် ဒီ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို ကိုယ်ပိုင်လို အမြဲ သတ်မှတ်လို ရသလား?။
ဥပမာအားဖြင့် ညနေစာ စားဝိုင်း တစ်ခုမှာ စားပွဲထိုးက အချိုတည်းဖို ယူဦးမလားလို မေးခဲ့ရင် လူတိုင်း နီးပါးက ဗိုက်ဝနေရင်တောင် အချိုလေး တစ်ပွဲလောက်တော့ ယူဖြစ်ကြမှာပါပဲ။
ဒါပေမယ့် ကိုယ်နဲ့ အတူ စားနေတဲ့ လူ ၄ ယောက် လောက်က ကြိုတင်ပြီးတော့ ငြင်းဆန်ထားခဲ့မယ်ဆိုရင် ကျွန်တော်တိုက အချိုပွဲကို မယူဖြစ်တော့တာ ပိုများပါတယ်။
လူအများစုကတော့ “ငါကတော့ ဒီလို မဟုတ်ပါဘူး၊ ငါက သူများလုပ်သလို လိုက်မလုပ်တတ်ဘူး” လို ပြန်ပြောတတ်ကြလိမ့်မယ်။ ဒါပေမယ့် အမြဲတမ်း မှန်မနေပါဘူး။
ဘာလိုလဲဆိုတော့ ကျွန်တော်တိုဘဝမှာ အနည်းနဲ့အများ အပြင်က လွှမ်းမိုးမှုတွေ ရှိနေလိုပဲ ဖြစ်ပါတယ်။
🦎ပုတ်သင်ညိုဆီက သင်ယူပါ
အင်တာဗျူး ဖြေတာ ဖြစ်ဖြစ်၊ အစည်းအဝေး တစ်ခု ဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခု သွားရောင်း ရတဲ့ အရောင်းဝန်ထမ်း ဖြစ်ဖြစ် ဒီနည်းလမ်းလေးက အင်မတန်မှ အသုံးဝင်ပါတယ်။
အင်တာဗျူး ဖြေနေတဲ့အခါ မေးမြန်းသူတဲ့ အမူအရာတွေကို အတုယူခြင်းအားဖြင့် အင်တာဗျူး အောင်ဖို အခွင့်အရေး ပိုများပါတယ်။ အထူးသဖြင့် မေးမြန်းသူက ညာလက်နဲ့ အမူအရာ လုပ်ပြီး ပြောတာ၊ ခေါင်းစောင်းပြီး ပြောတတ်တာ၊ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းပြီး ပြောတတ်တာ စတဲ့ အမူအရာ လေးတွေကို ကိုယ်ပါ လိုက်ပြီး ပြုမူတဲ့အခါမှာ Harmony ကိုက်ပြီး မေးမြန်းသူက သဘောကျလာနိုင်ပါတယ်။
🪳Cockroaches Motivation
၁၉၆၉ ခုနှစ်မှာ Robert Zajonc က ပိုးဟပ်တွေကို အပြေးပြိုင်ခိုင်းတယ်။ ပုံမှန်အားဖြင့် ပိုးဟပ်တွေက ဘေးက ပိုးဟပ်တွေ မရှိနေတဲ့ အချိန်မှာ ပုံမှန်ပဲ သွားလာလှုပ်ရှားပြီးတော့ ဘေးမှာ လူက ကြည့်နေတဲ့ အချိန်မှာဆိုရင်တော့ ပိုပြီး မြန်မြန်ဆန်ဆန် ပြေးတာကို တွေ့ရှိခဲ့ရတယ်။
ဒီအချက်ကို အသုံးချပြီးတော့ ကျွန်တော်တိုတွေက ခက်ခဲတဲ့ အလုပ်ကိစ္စတစ်ခုကို လုပ်တော့မယ့် အချိန်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး လုပ်လို ရမယ့်နေရာမျိုးကို ရွေးချယ်သင့်ပြီး ပေါ့ပေါ့ပါးပါး လုပ်ရမယ့်အလုပ်မျိုးကို ကျတော့ ဘေးမှာ အပေါင်းအသင်းတွေ ရှိနေတာက ပိုပြီး သင့်လျော်စေပါတယ်။
✨ဒီတော့ လွှမ်းမိုးမှု ရှိနေတာ မကောင်းဘူးလား။ မကောင်းတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တိုက လမ်းလျှောက်တတ်ဖို၊ စက်ဘီးစီးတတ်ဖို၊ စာဖတ်တတ်ဖို စတဲ့ အခြေခံလိုအပ်ချက်တွေကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ စသဖြင့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကနေပဲ သင်ယူခဲ့ရလိုပါပဲ။
ဒါပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေတိုင်းမှာ တစ်ခြားသူတွေရဲ့ လွှမ်းမိုးမှုတွေပါနေပြီဆိုရင်တော့ သတိပြုရတော့မှာပဲ ဖြစ်ပါတယ်။
✍️Jonah Berger ကတော့ University of Pennsylvania က Professor တစ်ယောက်ဖြစ်ပြီးတော့ ပထမဆုံး စာအုပ် Contagious မှာ Best Selling Author တစ်ယောက် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ Invisible Influence စာအုပ် ရေးသားပြီးတဲ့အချိန်မှာတော့ အင်မတန်မှ အောင်မြင်ခဲ့ပြီး စာအုပ်ကလည်း Charles Duhigg, Tony Hsieh, Arianna Huffington, William Ury, Robert Cialdini စတဲ့ ကမ္ဘာ့နာမည်ကြီး စာရေးဆရာတွေက Recommend ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်။







Reviews
There are no reviews yet.