Act Like a Lady, Think Like a Man
19,500 Ks
🙂 ယောကျာ်းတွေက အချစ်မရှိပဲနဲ့လည်း မိန်းကလေး တစ်ယောက်နဲ့ အတူနေ နိုင်တယ်။
❓ ယောကျာ်းတွေ အကြောင်း သိဖိုဆိုရင်
🔷 ယောကျာ်းတွေက ငယ်ငယ်ကတည်းကနေ သန်မာဖို၊ မျက်ရည်မကျဖို၊ မိသားစုတာဝန်ကို ထမ်းဆောင်နိုင်ဖို၊ ရင်မဖွင့်ဖို သင်ကြားခံရတယ်။ 🔷
What Makes Men
🟥 Who He is (His Title)
🟩 What he does (How He Gets the Title)
🟦 The Reward he gets (How Much He Makes)
အပေါ်က အချက် ၃ ချက် မပြည့်မချင်း ယောကျာ်းတစ်ယောက်က သူ့ကိုသူ အောင်မြင်ပြီလို မခံစားရဘူး။ ဒီတော့ Relationship တစ်ခုကို အောင်မြင်အောင် မဦးဆောင်နိုင်ဘူး။
❌ Our Love isn’t like your love ❌
❤️ မိန်းကလေးတွေရဲ့ အချစ်က ကြင်နာခြင်းနဲ့ ဂရုစိုက်တတ်ခြင်းပါ။ ယောကျာ်းတစ်ယောက်ကို မိခင် တစ်ယောက်လို ကြင်နာနိုင်ပြီး၊ သူငယ်ချင်းတစ်ယောက်လို အားပေးနိုင်တယ်၊ တစ်ပြိုင်နက်တည်းမှာပဲ ကလေး လေး တစ်ယောက်လို ချွဲနိုင်တယ်။
❤️ အားငယ်နေတဲ့ အချိန်မှာ အားပေးပြီး အောင်မြင်နေတဲ့ အချိန်မှာ လက်တွဲသွားချင်တာ အမျိုးသမီးတွေပါပဲ။
❤️ အမျိုးသမီးတွေက သူတိုအမျိုးသားတွေဆီက ကြင်နာဂရုစိုက်ခြင်းတွေကို အတူတူပဲ မျှော်လင့်ကြတယ်။
❤️ အမျိုးသမီးတွေ လိုချင်တဲ့ အရာတစ်ခုက ကြင်နာပြီး သူမကို ဂရုစိုက်မယ့် အမျိုးသား တစ်ယောက်၊ သူမကို မြတ်နိုးတန်ဖိုးထားတဲ့ အမျိုးသားကိုပဲ လိုချင်တာပါ။
🖤 ဒါပေမယ့် ယောကျ်ားအများစုက မိန်းကလေးဘက်က ဒီ အချက်တွေ လိုချင်မှန်း သိတာတောင် မလုပ်ကြပါဘူး။ ဘာလိုလဲဆိုရင် ယောကျာ်းတွေက တီတီတာတာတွေ မလုပ်တတ်ပဲ လုပ်ရပ်တွေ နဲ့ပဲ သက်သေပြတတ်လို ဖြစ်ပါတယ်။
☁️ Men Go to Their Caves and Women Talk
ပြဿနာ ဖြစ်တဲ့ အခါမှာ အမျိုးသားတွေက ရည်ရွယ်ချက်တစ်ခု နဲ့ အဖြေ တစ်ခု ရဖို စကားပြောကြတယ်။ စကားပြောလို မရရင်တော့ ကိုယ်ပိုင် အတွေးကမ္ဘာထဲမှာပဲ သွားနေကြတော့တယ်။ အမျိုးသမီးတွေကတော့ အဖြေတစ်ခုလိုချင်တာထက် သူတို ရင်ဖွင့်ရရင် ပြဿနာတွေက ပြေလည်သွားတတ်ကြတယ်။
🤵 Three Things Every Men Need
1. Love
2. Loyal Support
3. Cookie
📖 စာအုပ်ထဲမှာ
အမျိုးသား တစ်ယောက်က အမျိုးသမီးတစ်ယောက်ကို
🔷 အပျော်တွဲတာလား? အတည် ရည်ရွယ်တာလား?
🔷 ယောကျာ်းတွေ ဘာလို ဖောက်ပြန်ကြတာလဲ?
🔷 မိန်းကလေးတွေရဲ့ မှားယွင်းတဲ့ Myth တွေ
🔷 The Five Key Question Every
🔷 The Playbook: How to Win the Game
🔷 Steve Harvey ရဲ့ Act Like a Lady, Think Like a Man စာအုပ်ထဲက အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး Women Empowerment အကြောင်းကို ထင်ထင်ရှားရှား ပြသထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ Relationships တွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေ၊ ယောကျာ်း၊ မိန်းမ အတွေးအခေါ် မတူညီပုံတွေ၊ ယောကျ်ားတွေ မပြောတတ်တဲ့ အားသာချက်၊ အားနည်းချက်တွေကို ထုတ်ဖော်ရေးသားပြထားတဲ့ အတွက် မင်မင် recommend ပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ 🔷
📚 Book Name – Act Like a Lady, Think Like A Man
👨 Author – Steve Harvey
💲 Price – 19,500 MMK (Premium++ Quality, Hard Cover, Creamy Paper)
Related products
-
Add to cart
💵လစာတိုးပေးဖိုအထက်လူကြီးကိုဘယ်လိုညှိရမလဲ??
ပထမဆုံးတွေးမိတဲ့အဖြေက “NO” လိုဆိုရင် ခင်ဗျားဟာ Negotiation ရဲ့ ပထမဆုံးသောအဆင့်ကိုစရောက်ပါပြီ။
ဒါဆိုဘယ်လိုရှေ့ဆက်ကြမလဲ ???-> အဆင်ပြေမှာမဟုတ်ပါဘူး ဆိုပြီးဆက်မပြောတော့ပဲနေမှာလား😢
-> ကိုယ်ဝင်ငွေတိုးပေးအောင်ညှိနှိင်း နိုင်မယ့် Skill ကိုရှာမလား 🧐🧠ဒီskill တွေကို စာရေးဆရာ Chris Voss ရေးတဲ့ Never Split the Difference ထဲမှာတွေ့နိုင်ပါတယ်
ညှိနှိင်းဆွေးနွေးမှု ဆိုတာ ကျွန်တော်တိုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ မနက်အိပ်ရာထပြီး မနက်စာဘာစားမလဲလိုစပြီးတိုင်ပင်တာကအစ အလုပ်မှာ အိမ်မှာ အမြဲတမ်းကျွန်တော်တိုလိုချင်တဲ့အရာတွေ ရရှိဖိုအတွက်အမြဲ တစ်စုံတစ်ယောက်နဲ့ တိုင်ပင်ကြရပါတယ်။နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ညှိနှိင်းမှုအများစုမှာ ကျွန်တော်တိုဟာ ကိုယ့်လိုအပ်ချက်ကို လျော့ပေါ့ပြီးအလုပ်ဖြစ်အောင် အနစ်နာခံလိုက်ကြရတာများပါတယ်။ ကိုယ်လိုချင်တဲ့အရာအများစုကိုကိုယ့်လက်ထဲရောက်အောင်လုပ်နိုင်တဲ့ Negotiation Skill ကိုလူအနည်းစုသာ တတ်ကျွမ်းကြပါတယ်။
ဒီ Negotiation Skill ကို ကျွမ်းကျင်ဖိုဒီစာအုပ်ထဲမှာဘာတွေပါလဲ ??
🌻 Tactical Empathy
🦻Active Listening
🪞Mirroring
🤔65 85 95 rule
🏷Labeling
❓Calibrated Question စတဲ့ Skill တွေ
⛔️“NO” ဆိုတဲ့စကားလုံးရဲ့အရေးပါပုံ
👌“Yes” ဆိုတဲ့ အဖြေသုံးမျိုး
🗣Negotiator သုံးမျိုး အကြောင်း
🦢စကားလုံးတွေထဲက Black Swan တွေနဲ့ သူတိုကို အသုံးချနည်းတွေBusiness Owner တွေ ,Business Developmentလောကထဲက သူတွေ , Community နဲ့ Relationship Management လုပ်နေတဲ့သူတွေအပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေ ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။ အထူးသဖြင့် စီးပွားရေး၊ မိသားစုနဲ့ အလုပ်မှာ စကားပြောတာပိုအဆင်ပြေတဲ့ သူ၊ လူတွေနဲ့ ညှိနှိင်းမှု skill ကို Level Up လုပ်ချင်တဲ့သူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
-
Add to cart
ငတုံးများနှင့် ဆက်ဆံခြင်း 😁
သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?
“ ငါကကောင်းစေချင်လို စေတနာနဲ့အကြံပေးတာကို လည်း ဘယ်တော့မှနားမထောင်ဘူး ပြီးရင် တလွဲတွေတော့ဖြစ်တော့မှာငါမြင်ယောင်တယ် “
ဒီစကားကိုကျွန်တော်တိုအားလုံးပြောဖူးကြပါတယ်။
ဘာကြောင့် အဲ့ဒီ့ငတုံးတွေက သင့်ရဲ့ကောင်းစေချင်တဲ့စေတနာကိုနားမလည်နိုင်ကြတာလဲ ?
ကျွန်တော်တိုလူတွေဟာ Social animal တွေဖြစ်ကြတဲ့အလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက လူတွေနဲ့လိုက်လျောညီထွေစွာနေတတ်ဖိုပါပဲ။
တချိုသူတွေကို ဆယ်မိနစ်လောက်စကားပြောရုံနဲ့ ငယ်သူငယ်ချင်းတွေလို အံခွင်ဝင်ကျဖြစ်ပြီး
အလုပ်မှာသုံးနှစ်လောက်အတူတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်နေလိုမရတာတဲ့ ခံစားချက်ကို သင်ကိုယ်တိုင်သတိထားမိမှာပါ။သင့်ပတ်ဝန်းကျင်က
-အချိန်ရှိတိုင်း အားအားနေအမြဲတမ်းအလုပ်ပဲဖိခိုင်းနေတဲ့ အထက်လူကြီးတွေ
-တစ်ခါဖုန်းခေါ်ပြီးရင် အချိန်တစ်နာရီလောက်ဖုန်းပြောတဲ့သူငယ်ချင်းတွေ
-ပြသနာရှိတိုင်းအမြဲခေါင်းရှောင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
-ကိုယ် ငွေဘယ်လောက်သုံးသလဲ အမြဲမေးတတ်တဲ့ မိသားစုဝင်တွေ
သူတိုတွေဘာကြောင့် ဒီလို Behavior တွေရှိကြတာလဲ ဘာကြောင့်ဒီအရေးမပါတဲ့မေးခွန်းတွေကိုမေးကြတာလဲ ဆိုတဲ့အဖြေကို “ Surrounded by Idiots “ ထဲမှာ ရှင်းပြထားပါတယ်ဒီစာအုပ်ထဲမှာ စာရေးဆရာ Thomas Erikson က
Psychologist William Moulton Marston ရဲ့ DISC Model ကို အခြေခံပြီး လူတွေရဲ့ Behavior ကို Red, Yellow, Green, Blue ဆိုပြီး အရောင်လေးမျိုးခွဲခြားပေးထားပါတယ်RED – အမြဲတမ်းထိပ်ကဦးဆောင်ချင်တဲ့သူတွေ ဘာပဲလုပ်လုပ်ထိပ်ဆုံးကနေရမှာကျေနပ်သူတွေ
YELLOW – အပေါင်းအသင်းအများဆုံးသူ ဘယ်နေရာမှာမဆိုမိတ်ဆွေသူငယ်ချင်းတွေရှိနေတတ်သူ
GREEN – အေးအေးဆေးဆေးသမား ဘာပဲလိုလိုအမြဲကူညီပေးဖိုကြိုးစားတဲ့သူ
BLUE – အသေးစိတ်ကအစဂရုစိုက်တတ်သူ စည်းကမ်းအရမ်းကြီးသူဥပမာ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ဖို စီစဉ်ပြီဆိုရင် သူတိုရဲ့ Behavior ကိုကြည့်ပြီး အရောင်တွေမြင်ရပါတယ်
-ငါတိုတွေ ငွေဆောင်သွားမယ် ဒီဟိုတယ်မှာတည်းမယ် ညကျ Party လုပ်မယ်ဆိုပြီး ထိပ်ဆုံးက အကြံစပေးတဲ့သူဆို -> RED
-ဒီဟိုတယ်မှာငါ့ အသိရှိတယ် အစားအသောက်ကဒီဆိုင်မှာကောင်းတယ် ဆိုပြီး စီစဉ်တာက -> YELLOW
-ငါဘာလုပ်ပေးရမလဲ လက်မှတ်ဖြတ်ပေးရမှာလား ကားစီစဉ်ပေးရမှာလားဆိုတာက -> GREEN
-ဟိုတယ်ဖိုးက ဘယ်လောက်? စားစရိတ်ကဘယ်လောက် ? VIP လား ရိုးရိုးလား စီးလုံးဌားမှာလား ? ဆိုတဲ့ Detail တွေကိုစဉ်းစားတာက -> BLUEဒီလို Behavior တွေကိုသဘောပေါက်ပြီဆိုရင် သင့်ပတ်ဝန်းကျင်က ငတုံးတွေကိုလွှမ်းမိုးနိုင်ဖိုမခက်ခဲတော့ပါဘူး။
RED behavior ရှိတဲ့ Boss တစ်ယောက်ကို ဘယ်လိုစကားပြောမလဲ? Blue Behavior ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲ ဆိုတဲ့သော့ချက်တွေဟာ ဒီစာအုပ်ထဲမှာပါရှိပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ကိုယ်တိုင် မိသားစု/အလုပ်မှာရှိနေတဲ့သူတွေရဲ့ဆက်ဆံရေးဟာအချိန်တိုအတွင်းမှာအများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။
-
Add to cart
🙏အစီအစဉ်မကျမှု တလွဲတချော်ဖြစ်မှုတွေနဲ့ အတူတကွနေထိုင်နည်း ၁၂ ချက် – Part 1 🙏
ဘယ်လောက်ပဲအစီအစဉ်ကျအောင်လုပ်လုပ် တလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။
No matter how much we try to set things in order, Chaos is bound to happen.👥ဒါတွေကကျွန်တော်တိုအားလုံးဖြစ်နေကျခံစားမှုတွေပါ။ ကျွန်တော်တိုကစနစ်တကျစီစဉ်ထားတယ်။ ဒါပေမယ့်လောကကြီးက တလွဲတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခု၊ အလေ့အကျင့်တစ်ခုလုပ်ဖိုတောင် ဘာတွေသောက်တလွဲဖြစ်ဦးမလဲဆိုတဲ့အတွေးနဲ့ စိုးရိမ်ပူပန်နေတာနဲ့ တင် အလုပ်တွေနှောင့်နှေးနေတာတွေဖြစ်တတ်ပါတယ်။
ဒီလို တလွဲတချော်ဖြစ်နေမှုတွေနဲ့ အစီအစဉ်တကျအလုပ်ဖြစ်မှုဆိုတဲ့အရာနှစ်ခုကြားမှာဘယ်လိုနေထိုင်ရမလဲ ?အဆိုး အကောင်းနှစ်ခုကိုဒွန်တွဲပြီး သာတူညီမျှ ဖြစ်တဲ့ဘ၀ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို Jordan Peterson ရဲ့ Beyond Order မှာဖော်ပြထားပါတယ်။🏷Beyond Order ဟာ Jordan Peterson ရဲ့ Bestseller ဖြစ်တဲ့ 12 Rules for life ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာ တလွဲတချော်ဖြစ်မှုတွေနဲ့ အစီအစဉ်ကျမှုတွေကြားမှာ သာတူညီမျှစွာနေထိုင်နိုင်မဲ့နည်း တွေကို ရှင်းပြထားပါတယ်။ ဒီနည်းတွေကို အတူတူလေ့လာကြည့်ရအောင်
🏢1. Do not carelessly denigrate social institutions or creative achievement.🏢
အဖွဲအစည်းတွေနဲ့ တီထွင်အောင်မြင်မှုတွေကို ဂရုမစိုက်ပဲ မရှုချပါနှင့်
တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုတဲ့စကားပုံလိုပဲ လူသားတိုးတက်မှုမှာ အဖွဲအစည်းတွေက အရေးကြီးပါတယ်။ မိမိကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ ပညာသင်ပေးနိုင်တဲ့ Mentor တွေ လက်တွေ့ယူရမယ့် Experience တွေဟာ အဖွဲအစည်းတွေမှာရှိပါတယ်။အဖွဲအစည်းတစ်ခုထဲကိုရောက်ရင် Complain တွေတက်ပြီးအမုန်းပွားနေမယ့်အစား ကိုယ့်ကို အပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့အတူ မိမိရဲ့ဘ၀ကို တိုးတက်အောင်ရှာဖွေပါ။ တီထွင်ကြံဆမှုတွေကိုလေ့လာပါ။🏃♂️2. Imagine who you could be and then aim single-mindedly at that.🏃♂️
ကိုယ်ဘာဖြစ်နိုင်လဲဆိုတာကိုတွေးပြီး အဲ့ဒီ့အရာတစ်ခုတည်းကိုဦးတည်ပြီးအလုပ်လုပ်ပါ
“ Hero တစ်ယောက်ဆိုတာ ပြီးပြည့်စုံအောင်ဖွံဖြိုးတိုးတက်ပြီးတဲ့ ကိုယ်ပိုင်အရည်အချင်းရဲ့ ဥပမာတစ်ခုဖြစ်တယ်” လို စာရေးသူကပြောထားပါတယ်။ငယ်ရွယ်စဉ်တုန်းက ကျွန်တော်တိုတွေဟာ Batman, Spiderman တိုလိုမျိုး Hero တွေကိုသဘောကျခဲ့သလို အခု ကျွန်တော်တိုလက်တွေ့မြင်ရတဲ့ Elon Mask တို Jeff Bezos တိုလိုမျိုး Hero တွေဖြစ်အောင် ကြိုးစားချင်တယ်မဟုတ်လား။ကိုယ် အားကျတဲ့ Hero တစ်ယောက်လို ကိုယ့်ကိုယ်တိုင်စိတ်ကူးယဉ်ပြီး သူကြုံခဲ့တဲ့အခက်အခဲတွေ ကိုရင်ဆိုင်သလိုမျိုး ရင်ဆိုင်ပြီး ရှေ့လျှောက်မယ့်လမ်း ကကျန်တဲ့မလိုတဲ့ အရာတွေကိုဖယ်ထုတ်နိုင်ရပါမယ်။🌫3. Do not hide unwanted things in the fog.🌫
မလိုချင်တဲ့အရာတွေကို မီးခိုးငွေ့တွေထဲဖုံးကွယ်မထားပါနဲ့
အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်တော်တိုလုပ်မိတတ်တာက အဲ့ဒီ့အရာတွေကို မမြင်ရအောင်ဖုံးကွယ်ထားဖိုကြိုးစားတာပါပဲ။ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆင်မပြေကြောင်း တိုက်ရိုက်ပြောဖိုထက် အဲ့ဒီ့အရာကိုဖုံးကွယ်ပြီးအခြားအကြောင်းကိုပြောဖို ကျွန်တော်တိုပိုပြီး ကြိုးစားတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖုံးကွယ်ထားတဲ့အရာတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတော့မှ အငိုက်မိပြီး ပြသနာတွေဟာ မထင်မှတ်ထားပဲအရမ်းကြီးမားသွားတတ်ပါတယ် ။ အခက်အခဲတွေကို ဖုံးကွယ်ဖိုမကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေးကိုမွေးမြူမှသာ ကျွန်တော်တို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။🌻4. Notice that opportunity lurks where responsibility has been abdicated.🌻
တခြားသူတွေတာဝန်မယူရဲတဲ့နေရာတွေမှာ အခွင့်အလမ်းတွေရှိနေတတ်တာကိုသတိပြုပါ
ဒီနေရာမှာ မင်မင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု Share ချင်ပါတယ်။ အလုပ်မှာပွဲတစ်ခုစီစဉ်တုန်းက အစားအသောက်အတွက်ဘယ်သူမှတာဝန်ယူမယ့်သူမရှိတဲ့အချိန်မှာ မင်မင် က Volunteer အနေနဲ့တာဝန်ယူခဲ့မိပါတယ်။ ဘာမှသိပ်မတွေးပဲပုံမှန် အတိုင်းကူညီချင်ရုံသတ်သတ်နဲ့ တာဝန်ယူလိုက်တာရဲ့ အကျိုးဆက်က အလုပ်မှာ ရှိတဲ့လူအားလုံးနဲ့ ရင်းနှီးမှုပိုရခဲ့တဲ့အပြင် အရင်က သိပ်မတည့်တဲ့သူတွေပါကိုယ်နဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး မင်မင့်ကို ဒီ Page ကလေး run ဖိုတွန်းအားပေးတဲ့ ဆရာကောင်းတွေနဲ့လည်းကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက တာဝန်သာမယူခဲ့ရင် ဒီ Page လေးဖြစ်လာဖိုဆိုတာလည်းအချိန်တစ်ခု ထပ်ကြာနေဦးမှာပါ။⛔️5. Do not do what you hate.⛔️
မင်းမုန်းတဲ့ အလုပ်ကိုမလုပ်ပါနဲ့
“ဟိုး….. ထား ဆရာသမား” မုန်းတဲ့အလုပ်ကိုမလုပ်နဲ့ဆိုလို ကိုယ်မကြိုက်တဲ့အရာမှန်သမျှမလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်မုန်းတဲ့အရာတွေဆိုတာ ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ၊သူများအတွက်လည်းစီးပွားမဖြစ်ထွန်း ၊ ပတ်ဝန်းကျင်ကလည်းလက်မခံနိုင်တဲ့ အရာတွေကိုပြောတာနော်။ ကိုယ့်အလုပ်ကို ကိုယ်မကျေနပ်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဘာပြောင်းလဲနိုင်သလဲအရင်စဉ်းစားပြီး တိုးတက်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးပါ။ အလုပ်က မပြောင်းလဲပေးနိုင်ဘူး ဆိုရင် အားလပ်ချိန်မှာ ကိုယ့် Personal Life ကိုတိုးတက်အောင်လုပ်ပြီး ဒီအလုပ်ကထွက်နိုင်မယ့်နည်းလမ်းကိုရှာပါ။📡6. Abandon ideology.📡
အယူဝါဒတွေကိုလက်ကိုင်စွဲမထားပါနဲ့
Ideology တွေဟာ Smart ဖြစ်တဲ့ ငပျင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။( မယုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ)။ နီတိတွေကျမ်းတွေ နဲ့ လူကြီးတွေပြောတဲ့ ဆုံးမမှုတွေဟာ အတိုင်းအတာတစ်ခု အထိလက်ခံကျင့်သုံးလိုကောင်းပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ရှေးဦးစာအုပ်တွေထဲကအတိုင်း လိုက်နေလိုကတော့ ကျွန်တော်တိုရဲ့တက်လမ်းကို စာအုပ်တွေထဲက နိယာမတွေနဲ့ပိတ်မိထားသလိုဖြစ်နေမှာပါ။ လွတ်လပ်စွာတွေးခေါ်ပါ။ စွန့်စားမှုကိုလက်သင့်ခံပါ။ မိမိလက်ခံထားတဲ့ မိမိရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်ပြီး လိုက်လျောညီထွေနေနိုင်အောင် Upgrade လုပ်ပါ။💪7. Work as hard as you possibly can on at least one thing and see what happens.💪
တစ်ခုကို ရှိသမျှအားအကုန်စိုက်ပြီးအလုပ်လုပ်ကြည့်ပြီး ဘာဖြစ်လဲစောင့်ကြည့်ပါ
သင်မအောင်မြင်သေးတာမဟုတ်ပါဘူး ဖြစ်ချင်တာတွေအရမ်းများနေတာပါ။ ဆရာဝန်ကြီးဖြစ်ချင်တာလား ? အင်ဂျင်နီယာကြီးဖြစ်ချင်တာလား ? Vlogger ကြီးဖြစ်ချင်တာလား ? Influencer ကြီးဖြစ်ချင်တာလား ? ဖြစ်ချင်တာတွေတော့အရမ်းများပါရဲ့ အခုအချိန်ထိတော့ဘာမှတော့ဖြစ်မလာသေးဘူး လုပ်တာကတော့အကုန်လုပ်နေတာပဲ..
အကုန်မလုပ်ပါနဲ့။ တစ်ခုတည်းကိုအချိန်အတိုင်းအတာတစ်ခုအထိအားစိုက်အလုပ်လုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။ အောင်မြင်တဲ့သူတိုင်းဟာ နေရာတိုင်းမှာမတော်ကြပါဘူး။ ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ Skill နဲ့ အလုပ်လုပ်နိုင် တာဟာ သင့်အောင်မြင်မှုရဲ့လမ်းစတစ်ခုဖြစ်ပါတယ်။💐8. Try to make one room in your home as beautiful as possible.💐
မင်းအိမ်က အခန်းတစ်ခန်းကို လှနိုင်သမျှလှအောင်ထားပါ။
စားပွဲပေါ်ကပန်းအိုးသေးသေးလေးတစ်လုံးလိုမျိုးရိုးရှင်းတဲ့ မြင်ကွင်းလေးတစ်ခုဟာ အံ့ဩဖွယ်ကောင်းတဲ့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်လိုက်ပါ ခင်ဗျားအလုပ်ကနေတစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ ဘယ်လောက်တောင်စိတ်ချမ်းသာသွားလိမ့်မလဲ ဆိုတာ။ တကယ်လိုအခန်းတစ်ခန်းလုံးအတွက်အချိန်မရှိဘူး ဆိုရင်တောင် ဘုရားစင်ထဲက ဘုရားပန်းလေးလဲတာ သောက်တော်ရေလဲတာလေး နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်ဘ၀အတွက် အေးချမ်းတဲ့နေရာတစ်ခု ဟာ သင့်အိမ်မှာနေ့စဉ်ရှိနေပါလိမ့်မယ်။📝9. If old memories still make you cry, write them down carefully and completely. 📝
အတိတ်ကအကြောင်းအရာတွေနဲ့မျက်ရည်ကျမိနေသေးရင် သေသေချာချာပြည့်ပြည့်စုံစုံ ရေးချပါ။
ဆုံးရှုးမှုဟာ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တိုချစ်တဲ့အရာတွေနဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေဟာ မေ့ပစ်ဖိုအရမ်းခက်ခဲပါတယ်( ဥပမာ မိသားစုဝင်တွေ တိရစ္ဆာန်လေးတွေ) ။ ဒီအရာတွေကို ကျွန်တော်တိုထပ်ခါတလဲလဲပြန်တွေးမိရင်း ဖြေသိမ့်မှုမရနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတ်ပါတယ်။ ကျွန်တော်တိုတွေ လွတ်မြောက်မှုနဲ့ဖြေသိမ့်မှုရရှိနိုင်ဖိုကအတွက် သူတိုနဲ့ ပက်သက်တဲ့ သတိရမှု လွမ်းဆွတ်မှုတွေကို စာရွက်တွေပေါ်မှာချရေးထားပြီး လိုအပ်တိုင်းထုတ်ဖတ်ပါ။သင့်ဘ၀ထဲမှာ သူတိုတွေအကောင်းဆုံးဖြစ်အောင်သူတိုကြိုးစားခဲ့ပြီးပါပြီ သူတိုတွေဂုဏ်ယူရအောင် ကြိုးစားဖိုက သင့်တာဝန်ပါ။💓10. Plan and work diligently to maintain the romance in your relationship.💓
အချစ်တွေဆက်လက်ရှင်သန်နေဖို အစီအစဉ်ချပြီး ကြိုးစားအားထုတ်ပါ။
ချစ်နေရင်ပြီးရော ဆိုတဲ့ စကားလုံးက တကယ့်လက်တွေ့ဘ၀နဲ့ ထပ်တူကျမနေပါဘူး။ အိမ်ထောင်ဖက်ဘ၀မှာ မိသားစုဘ၀မှာ ရေရှည်တည်မြဲနေဖိုအတွက်အားစိုက်ထုတ်မှုတွေ နားလည်မှုတွေ ရှိရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေနဲ့ လိုအင်တွေကို နားလည်သဘောပေါက်ပြီး လေးစားမှုအပြည့်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်မှုဟာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုအားသစ်လောင်းစေပါတယ်။
အချစ်ရေးနဲ့ မိသားစုမှာ အဆင်ပြေမှုဟာ သင့်အောင်မြင်မှုဆီကို အမြန်ဆုံးရောက်အောင်တွန်းအားပေးနိုင်တဲ့ အစွမ်းအထက်ဆုံးသောအရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုဂရုစိုက်ဖိုမလစ်ဟင်းမိပါစေနဲ့ ။💢11. Do not allow yourself to become resentful, deceitful, or arrogant. 💢
ကိုယ့်ကိုကိုယ် နာကြည်းမှု ၊ လှည့်စားမှု နဲ့ မာနထောင်လွှားမှုတိုရဲ့သားကောင်အဖြစ်မခံပါနဲ့
ဘ၀ရဲ့ ထိုးနှက်မှုတွေအများကြီးကို သင်ခံစားဖူးခဲ့ပြီးပါပြီ။ အောင်မြင်မှု၊ ကျရှုးမှု၊ နောက်ကျောဓားနဲ့အထိုးခံရမှု၊ ကွယ်ရာမှာအပုတ်ချခံရမှု စသည်ဖြင့်အခြေအနေအမျိုးမျိုးက သင့်ကို ဒီနေရာရောက်အောင် တွန်းပိုခဲ့တာမဟုတ်ပါလား။ အတိတ်ကအရာတွေကိုပြန်တွေးမိတဲ့အချိန်မှာ နာကြည်းမှု၊ ခံပြင်းမှုတွေနဲ့ မိမိကိုယ်ကိုယ်ပိတ်လှောင်မိနေခြင်းဟာ အဆိုးဝါးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ အရင်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံလိုက်ပါ သူတိုဟာသင့်ကို ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့တာပါ။ ဒီသင်ခန်းစာတွေကိုပဲ ရင်ထဲမှာသိမ်းထားပြီးရှေ့ဆက်မယ့်လမ်းမှာ လက်နက်အဖြစ်အသုံးချပါ။🕊12. Be grateful in spite of your suffering. 🕊
သင့်ရဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေကိုကျေးဇူးတင်ပါ
မီးပူပူထဲ အကြိမ်ပေါင်းများစွာဖြတ်သန်း၊ တူနဲ့ ထုရိုက်မှုပေါင်းမြောက်များစွာကိုမခံယူပဲနဲ့ ဓားကောင်းတစ်ချောင်းဖြစ်မလာသလို အခက်အခဲတွေကို မရင်ဆိုင်ပဲနဲ့လဲ လူတော်လူကောင်းတစ်ယောက်ဖြစ်မလာပါဘူး။ ကျွန်တော်တိုလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ ဘယ်သူ့ကိုမှပြောပြလို နားမလည်နိင်လောက်တဲ့ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ နာကျင်မှုတွေဟာ ကျွန်တော်တိုကို အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့တာပါ။ဒါကြောင့် အခက်အခဲတွေထပ်ရင်ဆိုင်လာရရင် စိတ်ညစ်မယ့်အစားကျေးဇူးတင်ပါ။ ဘာလိုလဲဆိုတော့ သူတိုဟာ ကျွန်တော်တိုအတွက်အကောင်းဆုံးသင်ခန်းစာတွေထပ်ယူလာပေးတယ်ဆိုရင်လည်းမမှားပါဘူး။📔Beyond Order ဟာ ဘ၀ရဲ့ ရှုပ်ထွေးမှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ခွန်အားရှိရှိရင်ဆိုင်နိုင်အောင် ညွှန်ပြပေးတဲ့ လမ်းပြမြေပုံတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောကကြီးကကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်ဘ၀ကို ကျေနပ်ဖိုက ကိုယ့်မှာပဲတာဝန်ရှိတဲ့အကြောင်းကို Dr. Jordan Peterson က စာအုပ်ထဲမှာလှပစွာရှင်းပြထားပါတယ်။
သင့်ဘ၀အတွက် လိုအပ်တဲ့ Balance ကိုရှာဖွေဖို အသင့်ဖြစ်နေပြီဆိုရင်တော့ Beyond Order ကို Airplane Bookstore မှာ အဆင်သင့်မှာယူလိုရပါတယ်။ ဒီစာအုပ်ထဲကဘယ်နည်းတွေကိုသင်အသုံးချဖိုစဉ်းစားထားသလဲ? တခြားသူတွေလည်း ဒီလိုအသိဉာဏ်တွေတိုးပွားအောင် ဒီ Post လေးကို ကူ Share လိုက်ပါ။
Book Title – Beyond Order : 12 More Rules for Life
Author – Jordan Peterson
Price – 19,500 MMK -
Add to cart
ပထမဆုံးပြောချင်တာက စာအုပ်က ခက်ထန်တယ်၊ကြမ်းတမ်းတယ်။ ဖတ်နေရင်းနဲ့ အရှိက်ကိုအထိုးခံရသလို “Oof” ဆိုပြီးခံစားရမယ်။
ဒီစာအုပ်ကလေးနဲ့အတူ မင်းရဲ့အရင်ကတလွဲအမှားတွေကို ခနဲ့တဲ့တဲ့ရယ်မောလိမ့်မယ် ပြီးတော့မှ စာအုပ်ကိုပိတ် မျက်နှာကျက်ကိုကြည့်ပြီး “ငါဒါတွေ အရင်ကဘာကြောင့်နားမလည်ခဲ့တာလဲ” လိုတွေးလိမ့်မယ်။
ဒါကကြီးမားတဲ့အခက်အခဲတစ်ခုတော့မဟုတ်ပါဘူး။ သင့်ရဲ့လိုအပ်ချက်ကိုကိုယ်တိုင်သိရှိနားလည်ခြင်းဟာ အနာဂတ်မှာတည်ဆောက်မဲ့ တိုးတက်မှုတွေအတွက် မျိုးစေ့တစ်ခုဖြစ်ပါတယ်။Why Men love B*** စာအုပ်ကို မိန်းမကျမ်းလိုခေါ်ရင် The Way of The Superior Man က ယောင်္ကျားကျမ်းလိုပြောလိုရပေမယ့် တိုးတက်မှုကိုလိုချင်သူ တွေအားလုံးအတွက်သင့်လျော်ပါတယ်။လိုင်းပေါ်က SIGMA Male တွေ၊ ALPHA Male တွေအစား တကယ်တန်ဖိုးရှိတဲ့ Superior Manတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ဖို လမ်းစဉ်တွေကို မီးမောင်းထိုးပြထားတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ဒီစာအုပ်ဟာ စာမျက်နှာပေါ်ကစာလုံးတွေထက် အံ့အားသင့်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတဲ့ခရီးတစ်ခုလိုခံစားရမှာပါ။
သင့်ရဲ့
😨အကြောက်တရားကိုသတ္တိရှိရှိရင်ဆိုင်နိုင်ဖို
🎯ဘ၀ရည်မှန်းချက်ကို ရဲရဲဝံ့ဝံ့ချမှတ်နိင်ဖို
🤝အဓိပ္ပါယ်ရှိတဲ့ပေါင်းသင်းဆက်ဆံရေးတွေတည်ဆောက်နိုင်ဖိုနဲ့
🧘♂️စစ်မှန်တဲ့လူတစ်ယောက်ဖြစ်ဖို အတွက် ဒီစာအုပ်မှာ ဘာသင်ခန်းစာတွေပါမလဲ?🥅ဘ၀ဟာ အဓိပ္ပါယ်မရှိတာမဟုတ်ပါဘူး သင့်မှာရည်ရွယ်ချက်ရှိမနေတာပါ။
ရည်ရွယ်ချက်မရှိပဲနေထိုင်တာဟာ အဓိပ္ပါယ်မရှိပဲအသက်ရှင်နေတာနဲ့အတူတူပဲဆိုတာကို စာရေးဆရာကပြောပြထားပါတယ်။ အခုချိန်မှာ သင့်မှာရည်ရွယ်ချက်မရှိသေးဘူးဆိုရင် ဒီအရာကသင့်အရှိက်ကိုအထိုးခံရသလိုခံစားစေရမယ့်အကောင်းဆုံးအပိုင်းတစ်ခုလည်းဖြစ်တယ်။သင့်ရဲ့ ပျော်ရွှင်မှု၊ အလုပ်၊ ပေါင်းသင်းဆက်ဆံရေးတွေအကုန်လုံးဟာ ရည်ရွယ်ချက်ဆိုတာမရှိရင် အရာအားလုံးဟာ အလဟဿဖြစ်သလိုအမြဲခံစားနေရမှာပါ။
ခဏရပ်ပြီးစဉ်းစားကြည့်ရအောင် 🤔
-သင်လိုချင်တဲ့အရာတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုကိုပေးဆပ်ရင်း ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာမလား ?
-သင်မလိုချင်တဲ့အရာပေါင်းမြောက်များစွာအတွက် ရည်ရွယ်ချက်မရှိပဲ လေလွင့်မှုထဲမှာ အချိန်ဖြုန်းမလား ?💫အားနည်းချက်ဟာ ပျော့ညံ့မှုမဟုတ်ဘူး
HOD တစ်ယောက်အနေနဲ့ ကျွန်တော် ကုမ္မဏီအလုပ်လုပ်ခဲ့စဉ်က Chairman ပြောခဲ့တဲ့ “ If you’re too strong, no one would dare to help you and you’ll be all alone in your strength. If you’re vulnerable, everyone wants to help you”
“မင်းအရမ်း သန်မာလွန်းရင် မင်းကိုဘယ်သူမှကူညီကြမှာမဟုတ်ပဲနဲ့ မင်းရဲ့သန်မာမှုထဲမှာပဲမင်းအထီးကျန်ရလိမ့်မယ်။ မင်းရဲ့အားနည်းချက်ကိုပြရင် မင်းကိုကူညီမယ့်လူတွေပေါ်လာလိမ့်မယ်” ဆိုတဲ့စကားကိုအခုအချိန်ထိ ကျွန်တော်မှတ်မိနေသေးတုန်းပါ။ Relationship တစ်ခုတည်ဆောက်တဲ့အချိန်၊ Team building လုပ်တဲ့အချိန်တွေမှာ မိမိရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့သူတွေရှိနေဖိုလိုအပ်ပါတယ်။ သင့်ရဲ့အားနည်းချက်ကို လက်မခံပဲကာကွယ်ဖိုအတွက် အကာအရံတွေအထပ်ထပ်ကာရံထားခြင်းဟာ စစ်မှန်တဲ့သင့်ကိုနေရာမှန်ရောက်စေဖို အတားအဆီးတစ်ခုဖြစ်နေပါလိမ့်မယ်။⚡️ယောင်္ကျားစွမ်းအင် နဲ့မိန်းမ စွမ်းအင်နှစ်ခုရဲ့အစွန်းနှစ်ခု
David Deida က ယောင်္ကျားစွမ်းအင် (Masculine Energy) နဲ့ မိန်းမစွမ်းအင် (Feminine Energy) နှစ်ခုကို လောကကြီးကိုသာတူညီမျှဖြစ်နေအောင်ဖန်တီးပေးနေတဲ့စွမ်းအင် နှစ်ခုအနေနဲ့ပုံဖော်ထားပါတယ်။ ယောင်္ကျားစွမ်းအင် (Masculine Energy) ဟာ ရည်ရွယ်ချက်ရှိမှု၊အာရုံစူးစိုက်မှုနဲ့ စနစ်တကျဖြစ်မှုအတွက်တည်ရှိနေသလို မိန်းမစွမ်းအင် (Feminine Energy) ဟာလည်း တီထွင်မှု၊ အလှတရားနဲ့ စိတ်ခံစားမှုတိုအတွက်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါဟာ ယောင်္ကျားမိန်းမခွဲခြားမှုမဟုတ်ပဲနဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို သဘာ၀ကတီထွင်ပေးလိုက်တဲ့ စွမ်းအင်နှစ်ခုကို စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖို၊ တီထွင်ဖန်တီးဉာဏ်တွေကိုဖွင့်ဟဖိုနဲ့ မိမိကိုယ်ကိုလက်ခံနိုင်ဖို အရေးကြီးတဲ့စွမ်းအင်နှစ်ခုပါ။🐉အကြောက်တရားဟာ သင့်ရဲ့ရန်သူမဟုတ်ဘူး
ကျွန်တော်တိုနဲ့မရင်းနှီးတဲ့ပြဿနာ၊ အတွေ့အကြုံမရှိဖူးတဲ့ အခက်အခဲမျိုးနဲ့ကြုံမိရင် အကြောက်တရားကိုခံစားမိတာဟာ သဘာ၀ပါ။ ကြောက်စိတ်က သင်တန်ဖိုးထားတဲ့အရာတွေနဲ့ သင့်ရဲ့ လုံခြုံမှုအတွက် စိတ်မချနိုင်သေးဘူးဆိုတာကိုပြတာဖြစ်တယ်။ ဒါကို သင့်ကိုယ်ပိုင်ကန့်သတ်ချက်ရဲ့ဘောင်တစ်ခုလိုမြင်ရင် သင်တိုးတက်နေတာ၊ ထပ်မံတိုးတက်ဖို အခွင့်အရေးတွေရှိနေသေးတယ်ဆိုတာကို ကြောက်စိတ်ကမြင်အောင်ပြပေးနေတာဖြစ်ပါတယ်။ ကြောက်စိတ်ကိုရှောင်ပြေးမဲ့အစား ရဲရင့်တဲ့ စိတ်ဓာတ်ခွန်အား “ငါဒါကိုကျော်ဖြတ်နိုင်တယ်” ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ။ ဒီစိတ်ကိုနားလည်အောင်လုပ်ပါ။သူ့ရဲ့သင်ခန်းစာတွေကိုလေ့လာမှတ်သားပါ။ မုန်တိုင်းတွေအကုန်ကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာ တိုက်လာတဲ့လေပြေအေးအေးလေးတွေက သင့်နှလုံးသားကို အနှောင်အဖွဲတွေကလွတ်မြောက်စေပါလိမ့်မယ်။💖တကယ်ကိုလေးနက်ခိုင်မာတဲ့နှလုံးသားနဲ့တန်ဖိုးရှိတဲ့လူတစ်ယောက် တကယ်ဖြစ်ချင်ပြီဆိုရင်ဒီစာအုပ်ကလေးကသင့်ကို တန်ဖိုးရှိတဲ့သင်ခန်းစာတွေအများကြီးပေးပါလိမ့်မယ်။ ပေါ့ပျက်ပျက်စာလုံးတွေအစား ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်သူဖြစ်ဖိုအတွက်လိုအပ်တဲ့နည်းစနစ်တွေနဲ့ လိုက်နာရမယ့်ကျင့်စဉ်တွေ ပါဝင်တဲ့ ဒီစာအုပ်ကလေးနဲ့အတူ အံကိုကြိတ်၊ ခေါင်းကိုမော့ပြီး ဘ၀ရဲ့အခက်အခဲတွေကိုရဲရင့်စွာရင်ဆိုင်လိုက်ပါ။







Reviews
There are no reviews yet.