Option B: Facing Adversity, Building Resilience, and Finding Joy

19,500 Ks

➖ အောက်ဆုံးရောက်နေချိန် ဘယ်သူမှ ကိုယ့်အကြောင်း စိတ်မ၀င်စားတော့ဘူး။

DEPRESSION!
❗️ ကိုယ် ကြိုးစားသမျှတွေ အရာမထင်တဲ့ အခါမှာ၊ အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်သွားတဲ့ အချိန်မှာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါမှာ၊ လူတွေက ကြိမ်ဖန်များစွာ တိုက်ခိုက်လာတဲ့ အချိန်မှာ Depression ၀င်လာကြတယ်။

〽️ ကျွန်တော့်ဘ၀မှာ နောင်တအရဆုံး၊ အမှားဆုံး လုပ်ရပ်ကို ပြောပါဆိုရင် ဘယ်ဘက် လက်ပေါ်က ဓားဒဏ်ရာ အမာရွတ် လေးခုပါပဲ။ ငယ်ရွယ်သေးတဲ့ လူငယ်တစ်ယောက်အတွက် တစ်ချိုသော စိတ်ခံစားမှုတွေက မမျှတခဲ့ဘူး။ အမာရွတ်က မသေးတော့ ဖုံးကွယ်ထားဖိုကလည်း မလွယ်ကူပါဘူး။ တစ်ယောက်ယောက်က မြင်လိုမေးပြန်ရင်လည်း တစ်ချိန်တစ်ခါက အမှားတစ်ခုက စိတ်ဒဏ်ရာ တစ်ခုလို ကိုယ့်နောက်က အမြဲလိုက်နေတော့တယ်။ Society တစ်ခုမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ လူငယ်ဘ၀က မလွယ်ကူပါဘူး။ ဒါတောင် အဲ့အချိန်တုန်းက Social Media မတွင်ကျယ်သေးပါဘူး။

📛 ကျွန်တော့်မိတ်ဆွေတွေထဲမှာလည်း ဒီလို အတွေးတွေကနေ ရုန်းကန်ထွက်ခဲ့တဲ့သူတွေ အများကြီးပါ။ နောက်ဆုံး စက္ကန့်အကွာလေးတွေကနေ လွတ်မြောက်ခဲ့သူတွေ။ တစ်ခါကဆို သမီးလေး မျက်နှာပေါ်လာလို ဒီအတွေးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်။ သူမသမီး မျက်နှာလေးသာ သူမရှေ့မှာ မပေါ်လာခဲ့ရင် သူမအခုချိန် အသက်ရှင်နေဦးမှာ မဟုတ်ပါဘူး။ သူမ သမီးက သူမကို ကယ်တင်ခဲ့တယ်။ ဒါကြောင့်ပဲ ဘ၀ကို အရှုးမပေးပဲနဲ့ဆက်ကြိုးစားနေခဲ့တယ်။ အခုချိန်မှာ သူမက သူမ သမီးရဲ့ဘ၀ကို အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်တဲ့ အပြင် သူမဘ၀ကို ဦးဆောင်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။

🖋 ယခုစာအုပ်ရဲ့စာရေးဆရာမ Sheryl Sandberg က Facebook ရဲ့ COO တစ်ယောက်အပြင် ကလေးနှစ်ယောက် အမေလည်း ဖြစ်တယ်။ သူမ ကလေးတွေ အတွက် မိခင်ကောင်း တစ်ယောက် အဖြစ် ကြိုးစားနေဆဲ ရုတ်တရက် သူမခင်ပွန်း ဆုံးသွားတဲ့ အခါမှာ အရာရာ အဆင်ပြေချော့မွေ့နေတဲ့ သူမအိပ်မက်တွေ အကုန် ပျက်ဆီးသွားခဲ့တယ်။

📌 “Option A is not Available, Make the Most Out of Option B.”

🕳 ကျွန်တော်တိုတစ်သက်မှာ တစ်ခါတော့ အကြီးမားဆုံး ဆုံးရှုးမှုတွေနဲ့ကြုံတွေ့ရတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ရဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရတယ်။ ဘ၀ရဲ့နင်းချေမှုတွေကြုံနေရတဲ့အချိန်မှာ ရုန်းကန်ထွက်နိုင်ဖိုဒီစာအုပ်မှာ ပါတဲ့ အချက်လေးတွေကို ရေးသားပေးလိုက်ပါတယ်။

1. Avoid Three ‘P’s

▪️ Personalization

💢 ဖြစ်ခဲ့သမျှ ကိစ္စတွေ အားလုံး ကိုယ့်အပြစ်လို ခံယူတာကို ရှောင်ကြဉ်ပါ။

▪️ Pervasiveness

💨 စိတ်ဒဏ်ရာက ကိုယ့်ရဲ့လုပ်ရပ်တွေကို လိုက်နှောင့်ယှက်နေခြင်းကို ရှောင်ကြဉ်ပါ။

▪️ Permanence

👁‍🗨 စိတ်ဒဏ်ရာက ကိုယ့်ဘ၀မှာ တစ်သက်လုံး မပါသွားဖိုကြိုးစားပါ။ တစ်သက်လုံး မဟုတ်ဘူး ဆိုတာကို လက်ခံပါ။

2. Spend time in Groups
👤 ကျွန်တော် အရမ်းစိတ်ညစ်တဲ့ အခါမှာ အများအားဖြင့် တစ်ယောက်တည်း နေပါတယ်။ ကျွန်တော်က စိတ်ညစ်ရင် အရမ်းကို ငြိမ်သက်သွားတယ်။ ကျွန်တော် စိတ်ညစ်နေမှန်း ဘယ်သူမှ မသိပါဘူး။ လူတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေတယ်။ လူတွေကို မယုံကြည်တဲ့ အတွက် မိဘတွေရော၊ သူငယ်ချင်းတွေပါ ဖွင့်ပြောလေ့ မရှိပါဘူး။ အရာရာကို တစ်ယောက်တည်း ဖြေရှင်းဖိုကြိုးစားတယ်။

🌑 ဒါပေမယ့် တစ်ချိုညတွေ တစ်ယောက်တည်း နေလိုဆောက်တည်ရာမရ ဖြစ်နေတဲ့ အချိန်မှာတော့ ကျွန်တော် မခံစားနိုင်တော့ပါဘူး။ အဲ့အချိန်တွေမှာ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတွေက အင်မတန် တန်ဖိုး ရှိပါတယ်။ ည ၁ နာရီ ဖုန်းဆက်ပြီး တွေ့ဖိုပြောလည်း ရောက်လာပါတယ်။ သူတိုတွေနဲ့အချိန် တစ်နာရီလောက် စကားပြောရတာက ကျွန်တော့်ရဲ့စိတ်ပင်ပန်းမှုတွေကို ကွယ်ပျောက်သွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်ရင် တစ်ယောက်တည်း မနေပါနဲ့။

3. Life is Never Perfect, So Take Responsibility of Your Life
🌬 ဘ၀ဆိုတာ ပုံပြင်တွေထဲကလို ပျော်ရွှင်စရာ ဇာတ်သိမ်းတွေချည်း မဟုတ်ပါဘူး။ စာရေးဆရာမ Shreyl Sandberg က သူမ ခင်ပွန်း ဆုံးသွားပြီးတော့ အရမ်း ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူမမှာ တာ၀န်ယူရမယ့် သူမ ကလေးနှစ်ယောက်ရှိနေသေးတယ်။ သူမ ကလေးတွေ သူတိုအဖေဆုံးကြောင်း သိအောင် ပြောပြဖို၊ ကလေးတွေ စိတ်အားမငယ်အောင် ပြုစုပျိုးထောင်ပေးဖို၊ သူမ ဆုံးရှုးသွားမှုတွေကို သူမတာ၀န်ယူရပါမယ်။ သူမရဲ့အရှုးမပေးမှုတွေက သူမကို အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာစေခဲ့တဲ့ အပြင် သူမ သားသမီးတွေ အပေါ်မှာ လေးစားထိုက်တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။

❄️ စာရေးဆရာမ Sheryl Sandberg ကို 2017 ခုနှစ်မှာ Forbes Magazine က Most Powerful Women, Number 4 အနေနဲ့ဖော်ပြပေးခြင်း ခံရပါတယ်။ Sheryl က 2013 ခုနှစ်မှာ Lean In Women Leadership စာအုပ်ကို ရေးသားခဲ့ပြီး Best Seller စာရေးဆရာမတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမခင်ပွန်း ဆုံးပြီး နောက်ပိုင်းမှာ သူမရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ သူမ ကလေးတွေ အပေါ် မိခင်ကောင်းတစ်ယောက် ဖြစ်ဖိုကြိုးစားခဲ့ရတာတွေကို Option B စာအုပ်ထဲမှာ ရေးသားခဲ့ပြီး စာအုပ်ကတော့ Million Seller စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။ သူမ က ခက်ခဲရုန်းကန်မှုတွေ၊ အရှုံးပေးချင်စိတ်တွေကို ကျော်လွှားပြီး ဘ၀ ကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

👣 ဘ၀မှာ လဲကျရင် ချက်ချင်းပြန်ထလိုမရပါဘူး။ ကိုယ် လဲကျပြီဆိုရင် တစ်ယောက်က နင်းသွားမယ်။ နောက်တစ်ယောက်က ကျော်ခွသွားမယ်။ ကျန်တဲ့သူတွေက ဟာသကြည့်သလို နေကြာစေ့စားပြီး လှောင်ရယ်နေဦးမှာ။ သိုပေမယ့်လည်း အရှုးမပေးပါနဲ့။

Reviews

There are no reviews yet.

Be the first to review “Option B: Facing Adversity, Building Resilience, and Finding Joy”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop