Good Vibes, Good Life: How Self-Love Is the Key to Unlocking Your Greatness
19,500 Ks
မင်းရဲ့ Vibe = မင်းရဲ့ Superpower 🚀🌟
🔥လူတိုင်းမှာကိုယ်ပိုင် Vibe တွေရှိကြတယ်။ လူတစ်ယောက် အနားရောက်လာနဲ့ စိတ်အေးသွားသလိုခံစားရတဲ့ Vibe ကိုခံစားဖူးသလား။ ဘာကြောင့်လဲဆိုတော့ Energy ဆိုတာ စကားလုံးတွေထက်ပိုပြီးအစွမ်းထက်လို့ပါ။
Vibe ဆိုတာက မသိစိတ်လိုမျိုးအထဲမှာကိန်းအောင်းနေတဲ့အရာမဟုတ်ပဲ ရေဒီယိုတာဝါတစ်ခုလိုမျိုး ပြင်ပလောကကို သင်ကိုယ်တိုင် ထုတ်လွှတ်နေတဲ့အရာတစ်ခုဖြစ်တယ်။
အခန်းတစ်ခန်းထဲကို၀င်သွားတာနဲ့ ဒီအခန်းရဲ့ Energy ကိုပြောင်းလဲသွားစေနိုင်မယ့် ပါဝါကိုပိုင်ဆိုင်နိုင်မယ်ဆိုရင် သင်ဘာလုပ်မလဲ? Stress တွေပိ၊ အဆိုးမြင်စိတ်နဲ့ သံသယတွေကြားမှာ တခြားသူတွေပိတ်မိနေတဲ့အချိန်မှာ ကြည်လင်တဲ့စိတ်ဓာတ်နဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့အတွက် သင့်မှာ Good Vibes တွေရှိနေဖို့လိုအပ်ပါတယ်။
✨Abundance ဖြစ်တဲ့ Life ကိုရရှိဖို့။
✨မိမိကိုယ်ကို ချစ်ခင်တတ်စေဖို့။
✨သင့်တန်ဖိုးနဲ့ဘ၀ကိုချိန်ညှိတတ်စေဖို့ ဒီစာအုပ်ကလေးကကူညီပေးပါလိမ့်မယ်။
🔥သင့်ရဲ့စိတ်အနေအထား၊ အမူအကျင့်၊ လုပ်ဆောင်မှုအားလုံးဟာ သင်ထားရှိတဲ့ Vibration ပေါ်မှာအများကြီးမူတည်နေပါတယ်။ “ငါမလုပ်နိုင်ဘူး” ဆိုတဲ့ Vibration ပေါ်မှာရှိနေသရွေ့ “ငါလုပ်နိုင်တယ်”ဆိုတဲ့ အရာဟာဖြစ်မလာပါဘူး။ သင့်စိတ်ကို “ငါလုပ်နိုင်တယ်” ဆိုတဲ့ Vibration ကိုရွှေ့လိုက်တာနဲ့တပြိုင်နက်ဒီ Frequency ပေါ်မှာရှိနေတဲ့ သင့်ကိုကူညီမယ့်အရာတွေ Skillset တွေ အရာအားလုံးဟာသင့်အနားကိုအလိုလိုရောက်လာမှာပါ။ Negative Vibe မှာနေမယ့်အစား Postitive Viber တွေနဲ့ ဝန်းရံထားခြင်းဟာ သင့်အတွက် ကောင်းမွန်မှုတွေကိုသယ်ဆောင်လာပါလိမ့်မယ်။
အိမ်မှာအမှိုက်ရှုပ်မနေအောင်မလိုအပ်တဲ့အရာတွေကိုလွှင့်ပစ်ရသလို ရှုံးနိမ့်မှု၊နောင်တ၊ဝမ်းနည်းမှုဆိုတဲ့အရာတွေကိုစိတ်ထဲကလွှင့်ပစ်ပြီး အခွင့်အရေးကောင်းတွေ အခွင့်အလမ်းအသစ်တွေကိုလက်ခံဖို့ ကောင်းမွန်တဲ့ Vibration ကိုလက်ခံပါ။
Good Vibe Formula – ကောင်းမွန်တဲ့ Vibration အတွက် Formula
💭သင့်အတွေးတွေက သင့်အတွက် အမှန်တရားကိုပုံဖော်တယ်။
💛မိမိကိုယ်ကိုယ်ချစ်တတ်ဖို့ ဘယ်တော့မှမတွေဝေပါနဲ့။
⚡သင့်ဆွဲငင်တဲ့စွမ်းအင်တွေပဲသင့်ဆီကိုရောက်လာလိမ့်မယ်။
🕯️ကောင်းချီးပေးခြင်းဟာ Frequency ကိုမြှင့်တင်ဖို့အကောင်းဆုံးအရာတစ်ခုဖြစ်တယ်။
ကံကောင်းဖို့၊ ချီးမြှောက်မှုကိုရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်တွေနောက်လိုက်နေစရာမလိုပါဘူး။ ကောင်းတဲ့စွမ်းအင်ဟာကောင်းမွန်တဲ့အရာတွေကိုယူဆောင်လာပေးပါတယ်။ အဆိုးသံသရာတွေထဲကရုန်းထွက်ပြီး ကောင်းမွန်တဲ့ဘ၀မှာနေထိုင်နိုင်ဖို့ Vex King ရဲ့ Good Vibe, Good Life နဲ့စတင်လိုက်ပါ
Related products
-
Add to cart
“The greatest predictor of success is grit.”
အောင်မြင်မှုရဲ့ ရှေ့ပြေးနိမိတ်ဟာ ကြံကြံခံပြီးကြိုးစားနိုင်ခြင်းဖြစ်တယ်
-Angela Duckworth🛰 အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေရတဲ့ ခေတ်ကာလကို ရောက်နေချိန်မှာ Persistence ရဲ့အရေးကြီးမှုဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတယ်။
🚖 Taxi စီးချင်လား။ Grab ရှိတယ်။ ဗိုက်ဆာနေလား။ Foodpanda ရှိတယ်။ တစ်ခုခု ရှာချင်လား။ Google ရှိတယ်။ အရာအားလုံး လွယ်လွယ်ကူကူ ရနေတဲ့ အခါမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ရနိုင်တဲ့ Social Skill, Network and Friends အဲ့ဒီ့အချက်တွေမှာ အားနည်းလာတယ်။
💑 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။
🗯 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Persistence ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။
💁 စာရေးဆရာမ Angela Duckworth က အောင်မြင်သူတွေနဲ့ကျရှုးသူတွေ ကြားမှာ ကွာခြားချက်တွေကို Research လုပ်ကြည့်တဲ့ အခါမှာ Grit ကအရေးကြီးဆုံး ဆိုတာတွေ့ရှိခဲ့တယ်။ Grit ဆိုတာကတော့ ရည်မှန်းချက်တစ်ခုကို အချိန်အကြာကြီး မဆုတ်မနစ်ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ (Passion + Perseverance). Grit စာအုပ်မှာ လဲကျတိုင်း ပြန်ထဖိုပြီးတော့ ပြန်ထလာတဲ့ အချိန်မှာ အရင်တစ်ခါထက် ပိုသာတဲ့ လူတစ်ယောက် ဖြစ်ဖိုနည်းလမ်းကောင်းတွေ ပါပါတယ်။
☝️ 1 + Talent = 2
✌️ 1 + Effort = 3🐢 ယုန်နဲ့လိပ် ပြိုင်ပွဲကလို ယုန်ကတော့ မြန်တယ်။ လိပ်ကတော့ နှေးတယ်။ ဒါပေမယ့် အပြေးမြန်ပြီး ရပ်နေတဲ့ ယုန်ထက် မှန်မှန်သွားနေတဲ့ လိပ်ကတော့ အမြဲနိုင်မှာပါပဲ။ ငါက အရည်အချင်းရှိတယ်။ ငါ တော်တယ်။ ငါ တတ်တယ် ဆိုတဲ့ လူငယ်တွေထက် ရည်မှန်းချက်တစ်ခု အတွက် မှန်မှန်ကန်ကန် မဆုတ်မနစ် ကြိုးစားနေတဲ့ လူုငယ်က အချိန်တစ်ခုရောက်တဲ့ အခါမှာ သာလွန်မှာပါပဲ။
✊ တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ် ဆိုတာ နေ့ရက်တိုင်းရဲ မနက်စာပါပဲ။
👣 ရှေ ဆက်သွားမှာလား။
🚶 ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့အတူ ဂူတစ်ခုထဲ ၀င်ခဲ့ကြတယ်။ ဂူထဲမှာ မီးမရှိတော့ ဖုန်း က မီးထွန်းပြီး အထဲကို ၀င်ကြတာပေါ့။ ကျွန်တော်တိုနဲ့အတူ အနောက်မှာ နောက်တစ်ဖွဲလိုက်လာကြတယ်။ ဂူ ထဲမှာ ဆက်သွားနေရင်း ရှေ့နားက လမ်းကြောင်းတွေက အရမ်းကျဉ်းလာတယ်။ လေ၀င်လေထွက် နည်းတော့ ဂူထဲမှာ အသက်ရှူကျပ်လာတယ်။ ရေတွေနဲ့ဆိုတော့ လမ်းတွေကလည်း ချောနေတယ်။ ခဏလည်းကြာရော အနောက်က အဖွဲ က ပြန်လှည့်သွားတယ်။ အရှေ့မှာကလည်း လမ်းကျဉ်းကျဉ်းလေးပဲ တွေ့ရတယ်။ ကျွန်တော်တိုကလည်း ဆက်လျှောက်သွားတာပေါ့။
🏃 နောက်ဆုံး မြင်လိုက်ရတာ ဂူက အပိတ်ကြီး။ လမ်းမရှိတော့ဘူး။ ကျွန်တော်တိုအကုန် လန့်သွားတယ်။ ဘုရားစာတွေ ရွတ်ကြ၊ ဂါထာတွေ ဆိုကြတာပေါ့။ ဒါပေမယ့် ဘေးမှာ အပြင် ပြန်ထွက်ဖိုနောက်တစ်လမ်း ရှိတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ကနေ အပြင် ပြန်ရောက်သွားတယ်။
🙌 အဆုံးထိသာ ရောက်အောင် မသွားခဲ့ရင် ဒါမှမဟုတ် နောက်က အဖွဲလို နောက်ပြန်လှည့်ခဲ့ရင် အဆုံးမှာ ဘာရှိသလဲ သိမှာ မဟုတ်ပါဘူး။
🌀 ကိုယ့် ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ သွားမှာလား။??
🔭 “Always Discover your Vision and The Rest will Follow.”
– Arnold Schwarzenegger📘 ယခုစာအုပ်ရဲ့အဓိက အနှစ်ကတော့ အချိန်အများကြီး ယူပြီး Research တွေလုပ်ရာက ရလာတဲ့ နည်းလမ်းတွေ ပါ၀င်တာပါပဲ။ စာအုပ်ထဲမှာ အပိုင်းသုံးပိုင်း ပါ၀င်ပါတယ်။
🕯 ပထမပိုင်းမှာ Grit ဆိုတာဘာလဲ ပြီးတော့ Talent နဲ့Effort နှစ်ခုမှာ ဘယ်အရာက ပိုသာသလဲ စတဲ့ အကြောင်းအရာတွေကို Angela သင်ကြားခဲ့တဲ့ သူမ တပည့်လေးတွေနဲ့ဥပမာပြထားပါတယ်။
💡 ဒုတိယပိုင်းမှာ Grit ရလာအောင် ဘယ်လို လုပ်မလဲ။ Grit တည်ဆောက်ပုံ အပိုင်းလေးမျိုးပါ၀င်ပါတယ်။
🔦 တတိယပိုင်းမှာတော့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ခွင်က မန်နေဂျာတွေ အတွက် မိမိလက်အောက်က ၀န်ထမ်းတွေကို သူတိုဘ၀ ပိုကောင်းလာအောင် လမ်းညွန်ပုံတွေ ရေးသားထားပါတယ်။
📜 နောက်ဆုံးအနေနဲ့စာရေးသူ Angela Duckworth က Teacher တစ်ယောက်အပြင် PHD ရ Psychologist တစ်ယောက်လည်း ဖြစ်တယ်။ သူမ ရဲ့Grit စာအုပ်က Ted Talk ရဲ့ လူကြည့်အများဆုံး အပိုင်းတစ်ခုဖြစ်ပြီး သူမက Fortune 500 CEOs တွေအပြင် အိမ်ဖြူတော် နဲ့အမေရိကန် BasketBall NBA အသင်းတွေကိုလည်း အကြံပေးခဲ့ပါတယ်။
📤 Angela ရဲ့ Grit – TED Talk Link လေးပါ။( ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ )
👉 https://youtu.be/H14bBuluwB8
💥 “Fall Down Seven Times, and Rise Eight.”
– Angela Duckworth -
Add to cart
🏗 “Donald Miller will teach you how to grow your business.”
– John C. Maxwell
🔊 သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံ နှစ်ခုကမတူကြပါဘူး။
🎧 ကျွန်တော်တို့နေ့စဉ် ပစ္စည်း အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့မြင်တွေ့ကြရတယ်။ ဖိနပ်တွေ၊ အိတ်တွေ၊ နာရီ တွေပေါ့။ ဒါပေမယ့် တစ်ချို့ပစ္စည်းတွေဆိုရင်တော့ မြင်လိုက်တာနဲ့ဘယ် Brand လဲ၊ ဘယ်နိုင်ငံက လာလဲ ဆိုတာ တစ်ခါတည်း တန်းသိနိုင်တယ်။ ဥပမာ Adidas, Nike, Puma, Michael Kors, Versace သူတို့ကို တစ်ကမ္ဘာလုံးက သိကြတယ်။
👁 “Branding is all about how you want people to see you.”
🎼 သီချင်းတစ်ပုဒ် နဲ့ဆူညံတဲ့ အသံနှစ်ခုက မတူကြပါဘူး။ သီချင်းတစ်ပုဒ်မှာ သံစဉ် အတက်အကျရှိတယ်။ စာသားတွေမှာ အဓိပ္ပာယ်တွေ ပါတယ်။ အချိန် အများကြီး ရင်းနှီးပြီးမှ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာတယ်။ အနှစ်သာရ ရှိတဲ့သီချင်း တစ်ပုဒ်က နားထောင်သူတွေကို ရသ များစွာ ပေးစွမ်းနိုင်တယ်။ ဦးတည်ရာမရှိ တရဆက် ဆူညံနေတဲ့အသံတွေကတော့ နားထောင်သူတွေကို စိတ်ညစ်မှုတွေသာ ပေးတယ်။
📣 အခုချိန် Marketing! Marketing! Marketing! လို့ပြောနေလုပ်နေပေမဲ့လည်း တကယ်တော့ အလုပ်မဖြစ်တာတွေ၊ ဆူညံတဲ့ အသံတွေ ဖြစ်နေကြတယ်။ Customer ကို ပေးချင်တဲ့ Message တွေ မရောက်ဘူး ဖြစ်နေကြတယ်။ ကုမ္ပဏီတိုင်းက Marketing နည်းလမ်းတွေ အများကြီးသုံးပြီး ယှဉ်ပြိုင်နေကြတဲ့ အချိန်မှာ Donald Miller က Story Brand တစ်ခုကို ဘယ်လိုတည်ထောင်ရမလဲ ဆိုတဲ့ အရိုးရှင်းဆုံး ရှင်းပြထားပါတယ်။
- Create a One-Liner (Simple, Clear and Repeatable Statement)
🎯 ဥပမာ စီးပွားရေး အကြံပေးကုမ္ပဏီဆိုပါတော့။
“ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ဆိုရင်တော့ဖြင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းရင်း လူကြီးမင်းတို့ရဲ့စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ပေးမယ့်အပြင် အမြတ်အစွန်းတွေ ပိုထွက်လာအောင် ဆောင်ရွက်ပေးမယ့် စီးပွားရေး အကြံပေးကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။” လို့ရေးမယ့်အစား ကိုယ့်ကုမ္ပဏီရဲ့Value ကိုဦးစားပေးရေးသားရမှာ ဖြစ်ပါတယ်။
✏ ဥပမာ Content Writer ဆိုရင်
ကျွန်တော့် အလုပ်ကတော့ Social Media မှာ Value-added Content တွေ ရေးသားတဲ့ Content Creator ဖြစ်ပါတယ်။
🏹 စာတစ်ကြောင်းတည်းနဲ့ပေးချင်တဲ့ Message ကိုထိထိမိမိ ရေးသားနိုင်ဖို့နည်းလမ်းပေးထားတာ ဖြစ်ပါတယ်။
- Guide
🔑 Customer တွေက သူတို့ဆီမှာ အခက်အခဲတွေ များစွာရှိကြပါတယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းဖို့အတွက် နည်းလမ်းပြပေးမယ့် လမ်းညွန်တစ်ယောက် လိုပါတယ်။ လမ်းညွန်ပေးမယ့် သူကတော့ ကျွန်တော်တို့ရဲ့ကုမ္ပဏီပါ။ ကျွန်တော်တို့က Customer တွေကို Plan တွေ ပြောပြရမယ်၊ ရှင်းပြရမယ်။ ပြီးတော့ Customer ရဲ့ပြဿနာတွေကို နားထောင်ပေးရမယ်။
📢 ကုမ္ပဏီတွေက Customer တွေကို ပစ္စည်းတွေ ထိုးရောင်း၊ Promotion တွေ ပြောပြတာတွေ ပဲ လုပ်ချင်ကြတယ်။ Customer တွေရဲ့စကားကို နားမထောင်ချင်ကြဘူး။
- Customers Trust a Guide Who Has a Plan (Customer Loyalty)
🌬 Customer က ရေစီးသန်တဲ့ ရေတံခွန်ကို ဖြတ်ကျော်ချင်တယ်ဆိုရင် ကိုယ့် ကုမ္ပဏီက ရေတံခွန်ကို ဖြတ်ပြီး တံတားဆောက်ပေးနိုင်ရမယ်။ လှေ၊ သင်္ဘော တွေ ထားရှိပေးနိုင်ရမယ်။ Customer ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မယ့် ကုမ္ပဏီကို ယုံကြည်မှုရှိမှာ အမှန်ပါပဲ။
- Customers Do Not Take Action Unless They are Challenged to Take Action
💨 Customer ကို လမ်းညွန်ပေးလိုက်ရုံနဲ Customer တွေဟာ ကိုယ့်ပစ္စည်းကို တစ်ခါတည်း ဝယ်သွားမှာ မဟုတ်ပါဘူး။ Customer ကတော့ အနည်းငယ်တော့ စိုးရိမ်မှုတွေ ရှိနေဉ်ီးမှာပါ။ သံသယတွေ မဝင်လာခင် Customer ဝယ်ချင်အောင် နည်းလမ်းတွေ ပေးထားရပါမယ်။
➗ ဥပမာ Customer တွေကို တစ်ခါတည်း ဝယ်လို့ရအောင် လုပ်ပေးမယ် ဒါမှမဟုတ် အချိန်အတိုင်းအတာ တစ်ခုမှာ ဝယ်လို့ရအောင် Planning ထားပေးတာ၊ အရစ်ကျ ပေးသွင်းနိုင်အောင် စီစဉ်ပေးဖို့လိုပါတယ်။
❓ ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ။
▪ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းချဲ့ထွင် ဖို့၊ လုပ်ငန်းမှာ မှားယွင်းမှုတွေကို Analyze လုပ်ဖို့အတွက် ဖတ်သင့်ပါတယ်။
▪ လူတွေကို ဦးဆောင်နေရတဲ့ခေါင်းဆောင်တွေ ဖတ်သင့်ပါတယ်။
▪ Sales Manager တွေ၊ နေ့စဉ် Customer တွေနဲ့ထိတွေ့နေရတဲ့သူတွေ ဖတ်သင့်ပါတယ်။
▪ စာအုပ်ထဲမှာ Customer တွေက ဘာကြောင့် ဝယ်ရသလဲ ပြီးတော့ Customer တွေ ကိုယ့်ပစ္စည်းတွေကို ဝယ်လာအောင်၊ Customer Loyalty ရအောင် Message ပေးနည်းတွေ ပါဝင်ပါတယ်။
▪ Marketing Fundamental, Effective Messaging for Websites and Social Media နည်းလမ်းတွေကို အချိန်အများကြီး မယူပဲ လေ့လာချင်သူတွေအတွက် Donald Miller က အလွယ်ကူဆုံး ရေးသားထားတာ ဖြစ်ပါတယ်။
💥 “Donald Miller offers a specific, detailed and useful way to Change the way you talk about the way you care about.”
– Seth Godin Author of All Marketers are Liars
👤 Donald Miller က လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို တိုးတက်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဟောပြောပွဲတွေမှာ Lead Speaker အနေနဲ့ကြိမ်ဖန်များစွာ ဦးဆောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်မှာ ပုံနှိပ်ရိုက်တဲ့ လုပ်ငန်းလေး တစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Blue Like Jazz စာအုပ်ဖြင့် အမေရိကန်နိုင်ငံရဲ့Bestselling Author တစ်ယောက် ဖြစ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို အကြံပေးတဲ့ ကုမ္ပဏီ တည်ထောင်ခဲ့ပြီး သူ့ရဲ့ Building a Story Brand စာအုပ်ဟာလည်း Best Seller စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
-
Add to cart
🚦ပရမ်းပတာဖြစ်ခြင်းတွေကိုရှောင်ရှားနိုင်ဖို ဖြေဆေး ၁၂ ချက်🚦
🦞ကျောက်ပုဇွန်တွေအကြောင်း
💪ကြိုးစားရုန်းကန်မှုရဲ့အဓိပ္ပါယ်
📅အစီအစဉ်မကျမှုတွေကိုထိန်းချုပ်နိုင်မှု
😈အကြောက်တရားကိုရင်ဆိုင်ခြင်း
👨👩👧👦ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ အမှန်တရားရဲ့ဆိုလိုရင်း စတဲ့ အရာတွေကို ဒီစာအုပ်ထဲမှာရှာတွေ့နိုင်ပါတယ်📊Chaos လိုခေါ်တဲ့အစီအစဉ်မကျတာ မမျှော်လင့်ထားတာတွေဖြစ်လာတာ ပရမ်းပတာဖြစ်တဲ့အရာတွေဟာ ကျွန်တော်တိုပတ်ဝန်းကျင်မှာ အစဉ်အမြဲဖြစ်နေပါတယ်။ ကိစ္စတစ်ခု Project တစ်ခုအတွက် အများကြီးပြင်ဆင်ထားပြီး အနားနီးတော့မှပေါက်တတ်ကရတွေထဖြစ်တာမျိုးတွေ အားလုံးကြုံခဲ့ကြုံနေကျဆဲ ဖြစ်နေတုန်းပါ။ ဒီလိုအထိန်းအကွပ်မရှိတဲ့ Chaos ကိုကျွန်တော်တိုရင်ဆိုင်နိုင်တဲ့နည်းတွေကို စာရေးဆရာ Dr. Jordan Peterson ရဲ့ 12 Rules for Life စာအုပ်ထဲကအချက်ကလေးတွေကို ဒီ Post မှာ Share ပေးထားပါတယ်
1. 💪Stand up straight with your shoulders back💪
ခါးဆန့် ရင်ကော့ပြီး ခန့်ခန့်ငြားငြားမတ်မတ်တပ်ရပ်ပါကိုယ်နေဟန်ထားဟာ စိတ်သဘောထားနဲ့မှန်တစ်ချပ်လိုဒွန်တွဲနေတာကို ကျွန်တော်တိုသတိပြုမိမှာပါ။ ဥပမာ ရိုသေရမယ့်လူ ( မိဘ, ဘုန်းကြီး) စတဲ့ သူတွေရှေ့ရောက်ရင် အလိုလို ကိုယ်ကျုံသွားသလိုပေါ့ ။
ကျွန်တော်တိုတွေရဲ့ Body Language ကစကားလုံးတွေထက် စကားအများကြီးပြောပါတယ်. ကျောကိုဆန့်ရင်ကိုဖွင့်ပြီး မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ရဲ့ confidence, Responsibility နဲ့ Capability ကိုစကားပြောစရာမလိုပဲနဲ့ Automatic ကျွန်တော်တိုသိနိုင်ပါတယ်။ လူတွေနဲ့ဆက်ဆံတဲ့အချိန် မှာ ယုံကြည်ရတဲ့ Body Posture ကိုအသုံးပြုပြီးတာဝန်ယူနိုင်မှုကိုပြသနိုင်ခြင်းဟာ ကျွန်တော်တိုအတွက် အခွင့်အလမ်းသစ်တွေအများကြီးရနိုင်စေပါတယ်။2. 🚑Treat yourself like someone you’re responsible for helping🚑
သင့်ကိုယ်သင် ကူညီပေးဖို တာဝန်ရှိသူတစ်ယောက်လို ဆက်ဆံပါ။တစ်ရက် ခင်ဗျားမွေးထားတဲ့ အချစ်ဆုံးခွေးလေးနေမကောင်းဖြစ်တယ်လိုဆိုကြပါစို။ သူအဖျားသက်သာဖို ချက်ချင်းဆေးခန်းပြေး၊ ကြက်ပေါင်းတွေတိုက် ဆေးဝယ် လုပ်ကြတယ်မဟုတ်လား ။ သင်ကိုယ်တိုင်နေသိပ်မကောင်းတဲ့အချိန်ကျရင်ရော သင်ဘာလုပ်သလဲ ? Paracetamol လေးသောက်လိုက်ရင်သက်သာသွားမှာပါဆိုပြီး နေကြတာများပါတယ်။ လေ့လာချက်တွေအရ ကျွန်တော်တိုဟာ ကိုယ့်ကိုယ်ကိုထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပိုဂရုစိုက်တတ်ကြတာတွေ့ရှိရပါတယ်တဲ့။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးဆိုသလို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို ကျွန်တော်တိုလိုအပ်ပါတယ်
3. 🤝Make friends with people who want the best for you 🤝
မိမိရဲ့အကောင်းဆုံးကိုလိုလားတဲ့သူတွေနဲ့အပေါင်းအသင်းလုပ်ပါအပေါင်းအသင်းမိတ်ဆွေတွေတိုင်းက မတူပါဘူး ကောင်းတဲ့မိတ်ဆွေတွေရှိသလို သင့်ကိုဖျက်ဆီးဖိုကြိုးစားတဲ့ အယောင်ဆောင်မိတ်ဆွေတွေလည်း လောကကြီးထဲမှာရှိပါတယ်။ မိတ်ဆွေစစ် မိတ်ဆွေကောင်းကိုရှာဖွေဖိုကလည်းကျွန်တော်တို ရဲ့ တာဝန်တစ်ခုလို ဂရုစိုက်ရမှာပါ။
4.🏃♂️Compare yourself to who you were yesterday, not to who someone else is today🏃♂️
ဒီနေ့ရဲ့ တစ်စုံတစ်ယောက်နဲ့မပြိုင်ပါနဲ့ သင့်ကိုယ်သင် မနေ့ကသင်ကိုယ်တိုင်နဲ့နှိင်းယှဉ်ပါ,ဘယ်သူ့နဲ့မှယှဉ်ဖိုမကြိုးစားပါနဲ့ မိမိကိုယ်ကိုယ်သာနှိင်းယှဉ်ပါ။
“ ဟိုတစ်ယောက်က ဘယ်မှာအလုပ်လုပ်တာ “ “ သူက ဘာဘွဲရထားတာလေ “ ဆိုတဲ့စကားလုံးတွေကြားဖူးကြမှာပါ။ အချိုစကားလုံးတွေဆိုရင် ငယ်စဉ်ကတည်းကကြားလွန်းလို ကျွန်တော်တိုဘ၀မှာ Trauma တွေတောင်ဖြစ်နေပြီမဟုတ်လား။ ဒါပေမယ့်ဘ၀ကိုဖြတ်သန်းရင်းရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်တိုမှာ ကိုယ့်ဘာသာကိုယ်ပဲပြန်နှိင်းယှဉ် ရပါမယ်
တစ်ပတ်ကို 1%ပဲ တိုးတက်အောင်ကြိုးစားရင် 71 ပတ်ကြာတဲ့အချိန်မှာ ကျွန်တော်တို စတဲ့အချိန်ကနေ 2 ဆ ပိုမိုကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်နေမှာပါ5. 👪Do not let your children do anything that makes you dislike them👪
မင်းရဲ့သားသမီးကို မင်းကိုယ်တိုင်မကြိုက်စေမဲ့အရာတွေကိုမလုပ်မိပါစေနဲ့ပထမဆုံး ဒီ Rule ကိုကြားတာနဲ့ပြန်ရမယ့်အဖြေက “ ကျွန်တော့်မှာသားသမီးမရှိပဲ ဒါကိုဘယ်လိုလုပ်မှာလဲ “ ဆိုတာပါပဲ
မိဘတစ်ယောက်ရဲ့ တာဝန်၀တ္တရားဟာအရမ်းကြီးပြီးခက်ခဲပါတယ်။ ကိုယ့်သားသမီးက ကိုယ်မကြိုက်တဲ့အရာတွေလုပ်နေတာကို လက်ခံပြီးဆက်လုပ်ခွင့်ပေးလိုက်ရင် ဒီကလေးဟာပတ်ဝန်းကျင်နဲ့ဝင်ဆန့်ဖိုတစ်သက်လုံးခက်ခဲသွားမှာအမှန်ပါပဲ။ အတွေ့အကြုံရှိတဲ့ မိဘတစ်ယောက်လိုမျိုး လူတစ်ယောက်အနေနဲ့ကျွန်တော်တိုအောက်ကလူတွေကို အမှားမလုပ်ပဲ အမှန်ပြုနိုင်အောင် ဖေးမပေးဖိုကျွန်တော်တိုလိုအပ်ပါတယ်။6. 🏠Set your house in perfect order before you criticize the world🏠
ကမ္ဘာကြီးကိုမဝေဖန်ခင် ကိုယ့်အိမ်ကိုအရင်စနစ်တကျဖြစ်အောင်ထားပါမင်မင်ကြားဖူးတဲ့စကားပုံတစ်ခုရှိတယ် “ လူတိုင်းက ကိုယ့်အိမ်နဲ့ပတ်ဝန်းကျင်ကိုအမြဲသန့်ရှင်းရေးလုပ်နေရင် တစ်ကမ္ဘာလုံးအမှိက်ကောက်ဖိုလိုမှာမဟုတ်ဘူး “။ လူတွေက အကြောင်းအရာတစ်ခုခုကိုမြင်လိုက်ရင် အရင်ဆုံးဝေဖန်ဖို နဲ့ ဆရာကြီးလုပ်ဖို ပထမဆုံးတွေးတတ်ကြပါတယ် ။ မဝေဖန်ခင် မှာ ကိုယ့်အကြောင်းကိုယ်အရင်တွေးပြီး တိုးတက်အောင်လုပ်ဖိုကြိုးစားပါ။ စနစ်တကျစည်းကမ်းတကျ ဖြစ်တဲ့ မိမိကိုယ်ကိုမွေးမြူပါ။
7.🦉Pursuit what is meaningful (Not what is expedient)🦉
အဆင်ပြေတဲ့အရာနောက်ကို မလိုက်ပါနဲ့ အဓိပ္ပါယ်ရှိတဲ့ အရာကိုသာလုပ်ပါလောကကြီးကတရားလိုက်တာတို ဘ၀ဆိုတာပျော်ပျော်နေဖိုဖြစ်လာတာ တိုဆိုတဲ့စကားတွေကိုဘယ်သူမှပြောလေ့ပြောထမရှိကြပါဘူး၊ စာရေးသူ Jorden Petersonက သူ့ရဲ့အမြင်ကို “ ဘ၀ဆိုတာပျော်ရွှင်ဖိုမဟုတ်ဘူး ဘ၀ဆိုတာအဓိပ္ပါယ်ရှိဖို” ဆိုပြီး ရေးသားထားပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကျွန်တော်တိုတွေ ငွေကြေးချမ်းသာမှု၊ပျော်ရွှင်မှု၊ အသိအမှတ်ပြုခံရမှု စတဲ့ အရာတွေနောက်လိုက်ပြီးကုန်ခဲ့တဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ ? အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို စလုပ်ဖို အခုအချိန်က အကောင်းဆုံးမဟုတ်လား ?
8. ✔️Tell the truth or at least don’t lie✔️
အမှန်ကိုပြောပါ။ အနည်းဆုံးတော့ မလိမ်ပါနဲ့ယုံကြည်မှုဟာ တည်ဆောက်ရဖိုခက်သလောက် ပျက်စီးသွားဖိုအရမ်းလွယ်ကူပါတယ်။အလုပ်မှာပဲဖြစ်စေ မိသားစု(သို)လူမှုပတ်ဝန်းကျင်မှာပဲဖြစ်စေ အမြဲလိမ်ညာဖိုကြိုးစားနေတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှလူရာဝင်ဆန့်မှာမဟုတ်ပါဘူး။ အဆင်မပြေမှုတစ်ချိုရှိနိုင်ပေမယ့် အမှန်တရားကိုပြောရဲတဲ့ သတ္တိဟာအခက်အခဲအများစုကို ကျော်ဖြတ်နိုင်တဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။
9. 👂Assume that the person you are listening to might know something you don’t 👂
မင်းနားထောင်နေတဲ့သူက မင်းမသိတဲ့အရာတစ်ခုခုကိုသိနေတယ်လို ယူဆပါ။“I know that I know nothing” ဆိုတဲ့စကားဟာ Socrates ပြောခဲ့တဲ့ထဲက အကျော်ကြားဆုံးစကားတစ်ခုဖြစ်ပါတယ်။ အရာအားလုံးကို ငါသိငါတတ်ဆိုပြီး ကိုတတ်ပ လုပ်ရင် ကျွန်တော်တိုအတွက် အတွေးအမြင်သစ်တွေ Idea အသစ်တွေရဖိုပိုခက်ခဲပါတယ်။ ကျွန်တော်တိုရဲ့ပြည့်နေတဲ့ခွက်ကို သွန်ချလိုက်ပါ။ အာရုံစိုက်ပြီးနားထောင်နိုင်တဲ့ Skillset တစ်ခုဟာ ကျွန်တော်တိုကိုယ်တိုင်မွေးမြူရမဲ့အရာတစ်ခုဖြစ်ပါတယ်10. 🗣️Be precise in your speech🗣️
တိတိကျကျစကားပြောပါစကားလုံးတွေဟာ ဓားထက်ပိုထက်ပြီးထိရောက်မှုပိုရှိပါတယ်။ ကျွန်တော်တိုခေါင်းထဲမှာရှိတဲ့စကားလုံးတွေကို အစီအစဉ်တကျမတွေးပဲ ခံစားချက်တွေအတိုင်းပြောမိတဲ့အခါမှာ ခုတ်ရာတခြားရှရာတလွဲဖြစ်တဲ့ အတွေ့အကြုံတွေ ကျွန်တော်တိုအားလုံးမှာကိုယ်စီရှိကြပါတယ်။ စကားလုံးတွေအများကြီးလျှောက်ပြောပြီး ဘာကိုဆိုလိုမှန်းမသိတဲ့အရာကိုရွေးချယ်မလား ? စကားလုံးနည်းနည်းနဲ့ကျွန်တော်တိုပြောချင်တဲ့ အရာကိုတိတိကျကျပြောတာကိုရွေးချယ်မလား ? လူအများစုကတော့ ကိုယ်သိလိုတဲ့အရာကို စကားနည်းနည်းနဲ့ အတိအကျပြောတတ်တဲ့သူကို ပိုခင်မင်ရင်းနှီးတတ်ကြပါတယ်။
11. 🛹Don’t bother children when they are skateboarding🛹
စကိတ်စီးနေတဲ့ကလေးတစ်ယောက်ကိုမနှောင့်ယှက်ပါနဲ့အမှားလုပ်မိမှာကိုစိုးရိမ်တဲ့စိတ် ကျွန်တော်တိုအားလုံးမှာရှိပါတယ်။ ထိခိုက်ဒဏ်ရာရသွားမှာကို ကာကွယ်ချင်တဲ့စိတ်နဲ့ ကလေးတစ်ယောက်စကိတ်စီးနေတာကို သွားတားလိုက်ရင် ဒီကလေးဟာ စကိတ်စီးတတ်တော့မှာမဟုတ်ပါဘူး ။ ဘ၀မှာလည်းကျွန်တော်တို အဆင်မပြေမှာကိုစိုးရိမ်တာနဲ့ Comfort Zone ထဲကရုန်းထွက်ဖို အခွင့်အရေးကို ဘယ်နှစ်ကြိမ်လောက်လက်လွှတ်ခဲ့ပြီးပြီလဲ? စကိတ်စီးရင်းချော်လဲတာကနေ ကလေးတစ်ယောက်ကို ကျွမ်းကျင်အောင်သင်ပေးရသလိုမျိုး ဘ၀မှာကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကနေ ကျွမ်းကျင်မှုကိုသင်ယူပါ။
12. 🐈Pet a cat when you encounter one on the street🐈
လမ်းမှာတွေ့တဲ့ကြောင်တစ်ကောင်ကို ပွတ်သပ်ယုယပါဘ၀ဟာ ခက်ခဲပါတယ်။ ကျွန်တော်တိုဘယ်လောက်ပဲကောင်းအောင်ကြိုးစားကြိုးစား အတားအဆီးတွေနဲ့ အခက်အခဲတွေဟာရပ်တန့်မသွားပါဘူး။ တစ်ခါတစ်ရံမှာကျွန်တော်တိုရဲ့ မွန်းကြပ်နေတဲ့ရုန်းကန်မှုတွေကိုခဏလောက်မေ့ပြီး ကိုယ့်ကြိုးစားမှုကို ကျေနပ်မှုရှိဖိုလိုပါတယ်။ကြောင်တစ်ကောင်ကို ပွတ်သပ်နေတဲ့အချိန်မှာ ရရှိတဲ့ကြည်နူးမှုလိုမျိုး ကျွန်တော်တိုဘေးနားမှာရှိတဲ့ အရာသေးသေးတွေ (သစ်ရွက်ကလေးတွေလှုပ်သံ၊ အပေါ်ကကောင်းကင်တိမ်တွေရွေ့နေတဲ့အရသာ၊ အသားကိုလာထိတဲ့လေအေးအေးလေးတဲ့ခံစားမှု)ကနေ မိမိစိတ်အေးချမ်းမှုကိုဖန်တီးပါ။
ဘ၀ကြီးကသင့်အတွက်အဆင်ပြေနေပြီးတော့ လောကကြီးကသင်လိုချင်သမျှကိုပေးနေတယ်လိုခံစားရရင် ဒီစာအုပ်ကိုမဖတ်ပါနဲ့
ဒီစာအုပ်က ကျွန်တော်တိုနေကာမျက်မှန်မပါပဲ နေကိုကြည့်မိသလို ဘ၀ကိုအမှန်အတိုင်းမြင်ရပြီး Reality ကိုတွေ့ကြုံဖူးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
Messenger ထဲကို စာလေးတစ်ကြောင်းပိုရုံနဲ့ သင်လိုချင်တဲ့ဘ၀တိုးတက်မှုအတွက် လိုအပ်နေတဲ့အမှန်တရားကို ကိုယ်တိုင်ရယူလိုက်ပါ။ -
Add to cart
👥လောကကြီးမှာလူနှစ်မျိုးပဲရှိတယ်။👥
အခန်းထဲကိုဝင်လာတာနဲ့ “ကဲ…..ငါရောက်လာပြီ” လိုပြောတဲ့သူနဲ့ “ဟာ…. မင်းရောက်နေပြီပဲ” လိုပြောတဲ့သူ။
ဘယ်သူ့ကိုလူချစ်လူခင်ပိုများမယ်ထင်သလဲ?🗣🗣🗣စကားလုံးတွေဟာအနုပညာတစ်ခုပါပဲ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို စကားလုံးတွေအများကြီးပြောတာခြင်းအတူတူ တချိုသူတွေစကားပြောရင် သံလိုက်နဲ့ဆွဲငင်ခံလိုက်ရသလို ခံစားရတဲ့လျှိဝှက်ချက်ကဘာလဲ ?
😁First Impression မှာတင်လူတွေသဘောကျအောင်ပြုံးနည်း ..
👶မသိစိတ်က ကြိုက်နှစ်သက်တဲ့ ကလေးတွေရဲ့အမူအရာတွေ ကိုအသုံးချနည်း..
💭လူစိမ်းတစ်ယောက်ရဲ့စိတ်ဝင်စားမှုကိုအချိန်တိုအတွင်း ဆုပ်ယူနိုင်တဲ့နည်းလမ်းတွေ
အစရှိတဲ့ လူမှုဆက်ဆံရေးရဲ့လျှိဝှက်ချက်တွေကို ၀ထ္ထုတိုလေးတွေဖတ်ရသလို အေးအေးဆေးဆေး သင်ယူလိုရပါတယ်🤗🤗ဖော်ရွေတဲ့စကားလုံး၊ အမူအရာဟန်ပန်တွေကိုအသုံးပြုပါ။ 🤗🤗
Use Open-ended Words/Gestures/Body Language
ဘယ်တော့မှ စကားလုံးတွေကိုတုံးတိဖြတ်မချပါနဲ့။ မေးခွန်းတစ်ခုမေးတာပဲဖြစ်စေ စကားတစ်ခွန်းပြန်ဖြေတာပဲဖြစ်စေ တစ်ဖက်သူစကားဆက်နိုင်မယ့်စကားလုံးလေးတွေနဲ့အဆုံးသတ်ခြင်းဟာ တပါးသူအမြင်မှာ သင့်ကိုစကားပြောကောင်းတဲ့လူတစ်ယောက်အဖြစ်ခံစားစေပါတယ်။ ကျွန်တော့်ရဲ့ consulting session တစ်ခုမှာ သူ့ Manager ဆီက Report လိုချင်တဲ့ ကျွန်တော့်မိတ်ဆွေရဲ့ Communication Error ကို “မင်းဘာကြောင့် Report မရေးနိုင်ရတာလဲ” လိုမေးမဲ့အစား “မင်းReport ရေးနိုင်အောင်ငါဘာလုပ်ပေးရမလဲ” ဆိုတဲ့ စကားလုံးလေးပြောင်းပြောရုံနဲ့ သူတိုအခက်အခဲတွေဟာ ဖြေရှင်းပြီးဖြစ်သွားပါတယ် ။လူတွေကိုချောင်ပိတ်သွားစေတဲ့စကားလုံးတွေအသုံးပြုမဲ့အစား သူတိုပြန်ဖြေနိုင်တဲ့စကားစလေးတွေချန်ပေးတဲ့ အကျင့်ကိုမွေးမြူပါ။👄👄လူတွေရဲ့နာမည်ကိုမှတ်မိပါ။👄👄
Remember the Names.
လူတွေအတွက်တန်ဖိုးအထားဆုံးသောအရာတစ်ခုက နာမည်ပါပဲ။ လူတစ်ယောက်က ခင်ဗျားကိုနာမည်မှားပြီး အခေါ်ခံရတဲ့ခံစားချက်ကိုစဉ်းစားကြည့်ပါ။နည်းနည်းလေးမှ နှစ်မျိုဖွယ်မကောင်းပါဘူး။ မိတ်ဆွေအသစ်တစ်ယောက်နဲ့စကားပြောတဲ့အချိန်မှာ သူ့နာမည်ကို အနည်းဆုံးသုံးခေါက်လောက်ပါအောင် စကားပြောချိန်မှာထည့်ပြောရင် သူ့နာမည်ကို အလွယ်တကူမှတ်မိပြီး ပိုမိုကောင်းမွန်တဲ့ရင်းနှီးမှုကိုရဖိုအထောက်အကူဖြစ်စေမှာပါ။🦻🦻အာရုံစိုက်နားထောင်တဲ့အကျင့်ကိုမွေးမြူပါ။🦻🦻
စကားပြောကောင်းတဲ့သူတွေဆိုတာက ပိုပြီးနားထောင်တတ်တဲ့သူတွေဖြစ်ကြပါတယ်။ သူများတွေနဲ့စကားပြောတဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့စကားလုံးလေးတွေ အသံအနေအထားပြောင်းသွားတဲ့အချိန်လေးတွေမှာရှိတဲ့ အရာလေးတွေကို ဂရုစိုက်ပြီး သူတိုပြောချင်နေတဲ့စကားလုံးတွေကို ကိုယ့်ကိုပြောပြဖို ဥယျာဉ်မှုးတစ်ယောက် ပန်းပင်လေးတွေစိုက်ပျိုးသလို တယုတယတူးဆွပါ။ များများနားထောင်တဲ့သူတစ်ယောက်နဲ့စကားပြောဖို ဝန်လေးတဲ့သူ ဘယ်သူမှမရှိပါဘူး။☝️☝️☝️ဆိုတဲ့နည်းလမ်းတွေအပြင်
🔎လူတွေရဲ့ ဟန်ပန်အမူအရာကိုအကဲခတ်နည်း
💞ကိုယ်ချင်းစာတရားဟာဘယ်လိုအသုံးဝင်သလဲ
🍞ပေါင်မုန့်အပိုင်းအစလေးတွေချပြီး စိတ်ဝင်စားအောင်စွဲဆောင်တဲ့နည်းလမ်းတွေ
💓တူညီမှုတွေရဲ့ ရင်ဘတ်ချင်းဆက်နွယ်မှု ကရရှိမဲ့အကျိုး အစရှိတဲ့နည်းလမ်းတွေကို ခေါင်းစဉ်လေးတစ်ခုစီနဲ့ ခံစားရမှာပါကျွန်တော်တိုလူတွေမှာ ကိုယ့်ကိုကိုယ် သူများထက်ပိုပြီးအာရုံစိုက်တတ်တဲ့ မသိစိတ်က နေ့စဉ်လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာဝှက်ဖဲတစ်ချပ်လို အမြဲတစေရှိနေတတ်ပါတယ်။ အနုပညာဆိုတဲ့အတိုင်း နှုတ်ခမ်းကထွက်တဲ့စကားသာမက ကိုယ်ဟန်အမူအရာ၊ အမူအကျင့်၊ လေယူလေသိမ်းတွေကအစရှင်းပြထားတဲ့ ဒီစာအုပ်ကလေးဟာ အမှောင်ထုကိုအလင်းပေးလိုက်သလို သင့်ကိုပတ်ဝန်းကျင်မှာ ကိုယ်ရောင်တောက်ပတဲ့လူတစ်ယောက်ဖြစ်အောင်စွမ်းဆောင်နိုင်ဖိုကူညီပေးမှာပါ။
⛵️စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်ရင် ဒါမှမဟုတ် လူတွေနဲ့စကားပြောဖို အခက်အခဲရှိနေတယ်လိုကိုယ့်ကိုကိုယ်ခံစားရရင် ဒီ စာအုပ်ကလေးနဲ့အတူ လူမှုဆက်ဆံရေး ပင်လယ်ပြင်ကြီးထဲမှာ ကျွမ်းကျင်တဲ့ captain တစ်ယောက်လို အမှားမုန်တိုင်းတွေ ကိုရှောင်ရှားပြီး သင်သွားချင်တဲ့ ရင်းနှီးမှုဆိပ်ကမ်းကို လွယ်လင့်တကူရောက်စေနိုင်တဲ့ နည်းလမ်း 92 ခုကို လက်တွေ့ အတူရှာဖွေကြည့်လိုက်ကြအောင်။







Reviews
There are no reviews yet.