Shop
Showing 17–32 of 146 results
-
Add to cart
🤔ဘာကြောင့်လူအများစုက သာမာန်ဘ၀မှာ နေထိုင်နေကြတာလဲ ?
👶💭မှတ်မိကြသလား???
ငယ်ငယ်တုန်းက အိမ်မက်တွေရည်မှန်းချက်တွေအများကြီးရှိခဲ့ကြတယ်လေ
ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှဒီရည်မှန်းချက်တွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်ပြီး လူအုပ်ကြီးထဲမျောပါရင်း သာမာန်လူတစ်ယောက်ဘာကြောင့်ဖြစ်နေတာလဲ?
အဖြေကတော့ ကျွန်တော်တို့ရဲ့ ပုံမှန်တွေးခေါ်မှုစနစ် (Default Thinking System) ကြောင့်ပါ။ ဒီစနစ်က ကျွန်တော်တို့ကို အလိုအလျောက် ထိန်းချုပ်ထားပြီး အောက်ပါအတိုင်း တွေးခေါ်စေပါတယ်။
🧠အတ္တကိုဦးစားပေးခြင်း ( Ego over evidence ): အထောက်အထားထက် ကိုယ့်အထင်ကိုပဲယုံကြည်တာ ။
⚡မြန်မြန်ပြီးဖို့ပဲအရေးကြီးတယ် ( Speed over accuracy): တိကျမှုထက် အလျင်စလိုလုပ်ဖို့ အားသန်တာ။
🛌သက်တောင့်သက်သာပဲ လိုချင်တယ် (Comfort over discomfort): အခက်အခဲမရှိပဲ လွယ်ကူတာပဲလုပ်ချင်တာ။
👥အမှန်တရားထက် လူအများလက်ခံတာပဲလိုက်လုပ်တာ (Conformity over truth): ကိုယ့်အတွေးအခေါ်ထက်လူများပြောတာကိုလိုက်လုပ်တာ
စတဲ့ Default Thinking System ရဲ့လွှမ်းမိုးမှုအောက်မှာ Autopilot နဲ့နေထိုင်ကြရတယ်။
🤯 ဘာမဟုတ်တဲ့ပြသနာလေးတွေအတွက် နေ့တိုင်းခေါင်းခြောက်နေတဲ့လူတွေကိုမြင်ဘူးသလား ? ဒီ Autopilot ဟာစိတ်ရှုပ်ထွေးမှုကိုဖြစ်ပေါ်စေပြီး မှန်ကန်တဲ့အရာကိုတွေးခေါ်နိုင်ဖို့ထက် ထပ်တလဲလဲစဉ်းစားတွေးခေါ်မှုမှာအထိုင်ကျနေတဲ့အရာတစ်ခုဖြစ်တယ်။
🚀 Autopilot ကနေလွတ်မြောက်ပြီး ကြည်လင်ရှင်းလင်းတဲ့အတွေးအခေါ်နဲ့ ရှင်းလင်းပြတ်သားတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက်
🧠Neural Network ကိုတည်ဆောက်တာ
📝 Decision Making Process ကိုစနစ်တကျတည်ဆောက်တာ
🔍High Fidelity (HiFi) နဲ့ High Expertise (HiEx) တို့ကိုအသုံးချနိုင်ဖို့လေ့လာရပါမယ်။
🧠Neural Network ကိုတည်ဆောက်ဖို့အတွက်
📌သတိတရား (Awareness): ကိုယ့်အတွေးတွေကို သတိထားခြင်း
📌ခေတ္တရပ်တန့်ခြင်း (Pause): အလျင်စလို မဆုံးဖြတ်ခြင်း
📌ရှင်းလင်းစွာ တွေးခေါ်ခြင်း (Clarity): ရှုပ်ထွေးမှုကို ရှင်းအောင်လုပ်ခြင်း
📌စည်းကမ်းရှိခြင်း (Discipline): ရည်မှန်းချက်ကို ဆက်တိုက်အရောက်လှမ်းခြင်း
စတဲ့အရာတွေကို စဉ်ဆက်မပြတ်တိုးတက်အောင်လေ့ကျင့်ရပါမယ်။
📝Decision Making လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်းဟာ အလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။
📍ပြဿနာကိုသတ်မှတ်ခြင်း
📍ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကိုစူးစမ်းခြင်း
📍ဖြေရှင်းချက်ကို ရွေးချယ်ခြင်း
📍အကောင်းဆုံးအဖြေကိုအကောင်အထည်ဖော်ခြင်းစတဲ့
အောက်ကအဆင့်လေးဆင့်ကို ဆုံးဖြတ်ချက်တိုင်းအတွက် ဦးနှောက်ကဖြတ်ကျော်ရပါတယ်။
🔍High Fidelity(HiFi) နဲ့ High Expertise (HiEx)ကိုလေ့ကျင့်ခြင်း
💎အမှန်တရားကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ High Fidelity(HiFi) ကိုပိုင်ဆိုင်ဖို့အတွက်
🔺အချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။
🔺မိမိ၏ အယူအဆများနှင့် အမှားများကို ပြန်လည်စစ်ဆေးပါ။
🔺အခြားသူများ၏ ရှုထောင့်များကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပါ။
🔺ဖြစ်ရပ်တစ်ခုကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပါ။
💎အတွေ့အကြုံမှ ရလာတဲ့ ကျွမ်းကျင်မှု ဖြစ်တဲ့ High Expertise(HiEx) ကိုရရှိဖို့
🔺လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သူများထံမှ သင်ယူပါ။
🔺လက်တွေ့လုပ်ဆောင်ခြင်းမှ အတွေ့အကြုံများရယူပါ။
🔺အမှားများမှ သင်ခန်းစာယူပါ။
🔺မိမိ၏ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြုပြင်ပါ။
✨HiFi နဲ့ HiEx ပေါင်းစပ်တွေးခေါ်နိုင်တဲ့အချိန်မှာသင့်အတွေးတွေဟာ အစွမ်းထက်လာပါလိမ့်မယ်။
“သင့်ရဲ့ အတွေးအခေါ်ကို သင်ကိုယ်တိုင် ထိန်းချုပ်နေသလား၊ ဒါမှမဟုတ် သင့်ရဲ့ အတွေးအခေါ်က သင့်ကို ထိန်းချုပ်နေတာလား?” 🚀🚀🚀
လူအများစုနစ်မွန်းနေတဲ့ Mediocrity (သာမာန်ဘောင်) ကနေရုန်းထွက်ပြီး ကိုယ်ပိုင် System နဲ့ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိတဲ့ ဆုံးဖြတ်ချက်ကိုပိုင်ဆိုင်နိုင်ဖို့ Shane Parrish ရဲ့ Clear Thinking ကိုလက်ဝယ်ပိုင်ဆိုင်လိုက်ပါ။
-
Add to cart
ပြစ်မှုနဲ့ပြစ်ဒဏ်
အမှားနဲ့အမှန်ကို ဘယ်အရာကဝေဖန်ပိုင်းခြားသလဲ?
လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ သူ့လုပ်ရပ်တွေရဲ့ အမှန်တရားကို ဘယ်အရာကဆုံးဖြတ်လဲ ?စာရေးဆရာ Fyodor Dostoevskyရဲ့ ကိုယ်တွေ့အတွေ့အကြုံနဲ့ပေါင်းစပ်ရေးသားထားတဲ့ ဒီစာအုပ်မှာ
ဇာတ်ကောင်တွေရဲ့ သဲထိတ်ရင်ဖိုခံစားချက်တွေနဲ့အတူ လက်မလွှတ်တမ်းဖတ်ရမယ့် Crime and Punishment ကို အကောင်းဆုံး Richard Pevear and Larissa Volokhonsky Translation နဲ့အတူခံစားလိုက်ပါ။ -
Add to cart
Brené Brown’s “Dare to Lead” is a powerful call to courage, urging us to embrace vulnerability and brave the messy arena of leadership. It offers practical tools and insightful frameworks for cultivating braver, more authentic leadership in all aspects of life. A must-read for anyone seeking to lead with heart and make a real difference.
-
Add to cart
‼️ ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တို မလုပ်ချင်ဆုံး အရာတွေပါ
💭 လူတွေ အကုန်လုံး Outside the Box တွေးရမယ်ဆိုရင်တော့ သေချာတာက တစ်ကယ်ပြင်ရမှာ အဲ့ Box ကိုပါ
– Malcolm Gladwell🏹 David And Goliath ဆိုတာကတော့ သာမန် သိုးကျောင်းသားလေး (David) က တစ်ခြားနိုင်ငံက Champion ဖြစ်တဲ့ Goliath ဘီလူးကြီးကို အနိုင်ယူလိုက်တဲ့ ပုံပြင်ပဲ ဖြစ်ပါတယ်။
🛡 ရှေးခေတ်က နိုင်ငံတွေ စစ်ဖြစ်တဲ့ အခါမှာ လူတွေ အသေအပျောက် မများအောင် တစ်နိုင်ငံချင်းဆီက အတော်ဆုံး၊ အကောင်းဆုံး လူတွေ နှစ်ယောက် ပဲ ထိုးသတ်ကြတယ်။ ထိုးသတ်တဲ့ပွဲမှာ နိုင်တဲ့သူ ဘက်က တစ်ဖက်နိုင်ငံကို သိမ်းနိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ လောက်က Philistines နိုင်ငံနဲ့Israelites နိုင်ငံ တိုစစ်ဖြစ်ကြတယ်။ Philistines နိုင်ငံက အရပ် ၇ပေ နီးပါး ရှိတဲ့ ဘီလူးကြီး တစ်ကောင် (Goliath) ကို သံချပ်ကာ အပြည့် ၀တ်ဆင်စေပြီးတော့ ရွေးချယ်လိုက်တယ်။ Israelites နိုင်ငံက လူတွေက Goliath ကို ကြောက်ပြီးတော့ ဘယ်သူမှ ရှေ့မထွက်ရဲ ကြဘူး။ နောက်ဆုံးမှာ သိုးကျောင်းသား David က Goliath ကို အနိုင်တိုက်မယ်လိုဘုရင်ကို တောင်းဆိုလိုက်တယ်။ ဘုရင်ကလည်း David ကို နိုင်မှာ မဟုတ်ပါဘူး လိုပြောပြီး တားတယ်။ ဒါပေမယ့် တစ်ခြားရွေးချယ်ရမယ့် သူမရှိတော့ David ကိုပဲ ရွေးချယ်လိုက်ရတော့တယ်။ David နဲ့Goliath တွေ့တဲ့ အချိန်မှာ David က Goliath ကို ခဏလေးနဲ့အနိုင်ယူလိုက်တယ်။
⭕️ Change the Game
🗡 ရှေးခေတ်က စစ်တိုက်တဲ့ အခါမှာ စစ်သား သုံးမျိုး ရှိတယ်။ Cavalry ဆိုတာကတော့ မြင်းစီး စစ်သားတွေပါ။ သူတိုက သံချပ်ကာ ၀တ်ဆင်ပြီးတော့ တိုက်ခိုက်ကြတယ်။ Infantry ဆိုတာကတော့ ခြေလျင်တပ်သားတွေပါ။ နောက်ဆုံးကတော့ Projectile Warriors တွေပါ။ သူတိုကတော့ လေးသမားတွေပေ့ါ။ သူတိုက ရန်သူကို ကိုက် ၂၀၀ အကွာကနေ ပစ်နိုင်ပါတယ်။ Goliath က စိန်ခေါ်တဲ့ အချိန်မှာ ဓားချင်း ခုတ်ဖိုစိန်ခေါ်တာပါ။ သူ့ကို ဓားချင်းခုတ်မယ်ဆို ဘယ်သူမှ နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ David က သူ့ရဲ Slinger နဲ့Goliath ရဲ့နဖူး တည့်တည့်ကို ပစ်လိုက်တဲ့အခါမှာ Goliath က လဲသွားပါတယ်။ လဲသွားတဲ့ အချိန်မှာ Goliath ရဲ့ဓားကို ယူပြီး လည်ပင်းကို တစ်ခါတည်း ခုတ်ပစ်လိုက်ပါတယ်။
➰ Think Outside of the Box, Change the Game.
⭕️ Embrace Adversity
👤 တစ်ကမ္ဘာလုံးမှာ ထူးထူးခြားခြား အောင်မြင်ခဲ့သူတွေထဲက အများစုမှာ Dyslexia ရှိကြတယ်။ Dyslexia ဆိုတာကတော့ စာလုံးတွေက ရောထွေးနေပြီး စာဖတ်လို မလွယ်ကူတဲ့ ရောဂါတစ်မျိုးပေါ့။ ဥပမာအားဖြင့် Albert Einstein, Richard Branson, Walt Disney and Winston Churchill တိုမှာ Dyslexia ရှိကြတယ်။
💢 သူတိုကို မေးကြည့်တဲ့ အခါမှာ သူတိုအောင်မြင်ခဲ့တာက Dyslexia မရှိလိုမဟုတ်ကြပဲ Dyslexia ကြောင့် အောင်မြင်ခဲ့တယ်လိုပြောကြတယ်။ သူတိုတွေက စာဖတ်ဖိုမလွယ်ကူတဲ့ အခါမှာ အဲ့ဒီ့ အခက်အခဲကို ကျော်လွန်ဖိုကြိုးစားကြတယ်။ အတန်းထဲမှာ အတော်ဆုံးကျောင်းသားကို အိမ်စာ လုပ်ဖိုအကူအညီတောင်းတာတို၊ စာမေးပွဲကျလိုဆရာမဆီသွားပြီး Grade D ကနေ C တိုး ပေးဖိုတောင်းဆိုခဲ့တာတိုလုပ်ကြရတယ်။ ငယ်ငယ်ကတည်းကနေ Negotiation, Delegation, Self-Confidence တိုတတ်မြောက်အောင် လုပ်ခဲ့ရတယ်။ သူတိုဘဝတွေ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျရှုံးမှုတွေကို ကျော်လွှားနိုင်ခဲ့တယ်။
🕳 လူတွေ လက်ရှိအခြေအနေထက် ပိုအောင်မြင်ဖိုဆိုရင် ကိုယ့်မှာ ရှိတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ရမယ်။ အခက်အခဲကို အသုံးချရမယ်။ အခက်အခဲကို ကိုယ် သွားချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဖန်တီးယူရမယ်။ အပြစ်တင်နေရမှာ မဟုတ်ပါဘူး။
⭕️ Be Patient
👁🗨 လူငယ်တွေ အနေနဲ့အောင်မြင်မှုကို လိုလားတဲ့ အခါမှာ သည်းခံနိုင်မှု နည်းကြတယ်။ Malcolm က ပညာရပ်တစ်ခုမှာ ထူးချွန်သူ ဖြစ်ချင်တယ်ဆိုရင် အနည်းဆုံး နာရီ ၁၀,၀၀၀ ရင်းနှီးရမယ်လိုပြောထားတယ်။ Success က မွေးရာပါ အရည်အချင်းတစ်ခု မဟုတ်ပါဘူး။ အခွင့်အရေး အသုံးချနိုင်မှု၊ ပြင်းပြင်းထန်ထန် ကြိုးစားမှု၊ ကောင်းမွန်တဲ့ ဗီဇအကျင့်စရိုက်စတဲ့ အချက်တွေ ပေါင်းပြီးတော့ ရလာတဲ့ ရလာဒ် ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူတွေရဲ့အောင်မြင်မှုတွေကိုသာ ကြည့်ပြီး သူတိုဘယ်လို ရုန်းကန်ခဲ့ရတာတွေကို မေ့လျော့နေကြပါတယ်။ Practice လုပ်တဲ့ အခါမှာလည်း ကိုယ့်အတွက် အဆင်ပြေပြီး သက်သက်သာသာ ဖြစ်တဲ့ အရာတွေကိုသာ လေ့ကျင့်မနေပဲ Desirable Difficulties လုပ်ရပါမယ်။ ပိုခက်ခဲလာတဲ့အရာ၊ ပို ကြိုးစားပြီး လုပ်ကိုင်ရမယ့် အရာတွေကိုပါ လေ့ကျင့်ရပါမယ်။
📛 ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တိုမလုပ်ချင်ဆုံး အရာတွေပါ။
❌ ဘ၀ရဲ အဆိုးရွားဆုံး ဖြစ်ရပ်တွေက အကောင်းဆုံးအခြေအနေတွေကို ဖန်တီးပေးတယ်။
➕ Malcolm က ကျွန်တော်တိုရဲ့ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့ အခါမှာ အတွေးအခေါ်တွေကို ပြောင်းလဲလိုရမယ့် နည်းလမ်းတွေကို ပြောပြထားပါတယ်။ Goliath လိုမျိုး အခက်အခဲကြီးမားတဲ့ အရာတွေနဲ့ကြုံတွေ့ရတဲ့ အခါ ဘယ်သူမှ မနိုင်ပါဘူးလိုပြောထားတဲ့ Goliath မှာလည်း အားနည်းချက်တွေ ရှိတဲ့ အကြောင်း ရှင်းပြထားတယ်။ ကျွန်တော်တိုတွေက သိမ်ငယ်စိတ်တွေနဲ့နေရပေမယ့်လည်း သိမ်ငယ်စိတ်ကို ယုံကြည်မှု၊ ဥာဏ်ပညာ နဲ့ခွန်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အခါမှာ Goliath ကို အလွယ်တိုက်နိုင်တဲ့ David လိုမျိုး အခက်အခဲတိုင်းကို ကျော်လွှားနိုင်မယ်လိ်ပြောထားပါတယ်။
🗣 Malcolm Gladwell က Ted Talk မှာ ကြိမ်ဖန် များစွာ ပြောရတဲ့Author တစ်ယောက်ဖြစ်ပါတယ်။ Malcolm ရဲ့အတွေးအခေါ်တွေက လူငယ်တွေ ဘ၀ကို ပြောင်းလဲစေခဲ့ပြီး Malcolm ကို အကောင်းဆုံး Influencer တစ်ယောက်လိုလည်း တင်စားထားပါတယ်။ Malcolm Gladwell ရဲ စာအုပ်သုံးအုပ် ဖြစ်တဲ့ Blink, Outliers နဲ့David and Goliath စာအုပ်တွေက New York Times Best-sellers စာရင်း၀င် ဖြစ်ခဲ့ကြပါတယ်။ Outliers စာအုပ်ကတော့ New York Times မှာ ၁၁ ပတ်တိတိ အကောင်းဆုံး စာအုပ်တစ်အုပ်အနေနဲ့ရပ်တည်ခဲ့ပြီးတော့ David and Goliath စာအုပ်မှာတော့ အရင်တုန်းက အတွေးအခေါ်တွေ ကို ပြောင်းလဲတဲ့ စိတ်ပညာရပ်တွေ ပါ၀င်ပြီး ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်အဖြစ် အသုံးချပုံတွေကို ရှင်းပြထားတဲ့အတွက် လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
-
Add to cart
🎓 Harvard, Oxford ကျောင်းသားတွေက ဒီနည်းလမ်းကို အသုံးပြုကြတယ်။
❓ နဂိုထက် ပိုမိုအောင်မြင်မှုတွေ ရရှိနိုင်စေမယ့်နည်းလမ်းတစ်ခု ရှိမယ်ဆိုရင် စိတ်ဝင်စားမလား?📒 ဘယ်သူတွေ ဖတ်သင့်လဲ ဆိုတော့
🟥 တစ်ရက်ကို ၈ နာရီအထက် အလုပ်လုပ်နေရသူတွေ
🟧 အလုပ်ရှုပ်နေပြီး အလုပ်ပြီးမြောက်မှု မရှိသူတွေ
🟨 ပညာရပ် တစ်ခုခုကို အားသွန်ခွန်စိုက် လေ့လာချင်သူတွေ အတွက် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တယ်။🧠 ခေါင်းစဉ်ကတော့ Deep Work တဲ့
🥺 မျက်လုံးခဏ မှိတ်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကြည့်လိုက်ပါ။ ၁ မိနစ်မပြည့်ခင်မှာပဲ သင့်ခေါင်းထဲကို အတွေးပေါင်းများစွာ ဝင်ရောက်နှောင့်ယှက်နေမှာကို သတိပြုမိလိမ့်မယ်။
😈 ဦးနှောဏ် ရဲ့ သဘာဝက ပြဿနာတွေကို ဖြေရှင်းဖိုပါပဲ။ ပြဿနာတွေ မရှိတော့တဲ့ အခါမှာ ပြဿနာတွေကို ဖန်တီးတတ်တယ်၊ ရှာဖွေတတ်တယ်၊ အနှောင့်အယှက်တွေကို လုပ်ယူတတ်ပါတယ်။
🦸♂️ နေ့စဉ် Social Media ကို ကြည့်တတ်တဲ့သူတွေ အနေနဲ့ Social Media မှာ ပြဿနာပေါင်းစုံကို အချိန်နဲ့ အမျှ တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်။ ဦးနှောဏ်ရဲ့ စေခိုင်းမှု အောက်မှာ ရှိနေသေးသရွေ့ လိုချင်တဲ့ အခြေအနေတစ်ခုကို ရောက်နိုင်ဖို နှောင့်နှေးနေဦးမှာပဲ ဖြစ်တယ်။ ဦးနှောဏ်ကို ကိုယ့်ရဲ့ Discipline နဲ့ ပြန်လည် ဦးဆောင်နိုင်ရမယ်။
စာအုပ်ထဲမှာ
🔷 အလုပ်ပြီးမြောက်မှုကို ဖြစ်စေနိုင်တဲ့ အလေ့အကျင့်တွေ
🔷 အလုပ်ပြီးမြောက်မှု ရနိုင်မယ့် အခြေအနေ ဖန်တီးပုံတွေ
🔷 အလေ့အကျင့်ကောင်း တွေ လုပ်နိုင်မယ့် နည်းလမ်းတွေ ကို သေချာစွာ ရှင်းပြပေးထားမှာ ဖြစ်ပါတယ်။နောင်တစ်ချိန်မှာ လူတန်းစား ၃ မျိုးပဲ ကျန်ခဲ့လိမ့်မယ်။
🔶 ဉာဏ်ရည်မြင့် စက်ပစ္စည်းတွေနဲ့ အလုပ် လုပ်နိုင်သူတွေ၊
🔶 ငွေကြေး ရှာဖွေနိုင်တဲ့သူတွေ
🔶 ကိုယ့်ပညာရပ် နယ်ပယ်မှာ ထူးချွန်စွာ ကျွမ်းကျင်သူတွေCal Newport ရဲ့ Deep Work စာအုပ် ဖတ်ရင်း အကျိုးကျေးဇူးများစွာ ရနိုင်ပြီး လူပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
🟩 Book Name – Deep Work
🟩 Author – Cal Newport
🟩 Price – 19,500 MMK (Premium ++ Quality, Hardcover, Creamy Paper) -
Add to cart
👣 ငယ်ငယ်တုန်းက အမှားကို အသက်ကြီးမှ ထပ်မှားရင် အရှုးက တန်ဖိုး ပိုကြီးတယ်။
🚲 ကျွန်တော် စက်ဘီး မစီးတတ်ဘူး။ ငယ်ငယ်တုန်းက စက်ဘီးစီးတာ တစ်ခါမှ မသင်ခဲ့ရတော့ စက်ဘီးစီးရမယ်ဆိုရင် ကြောက်တယ်။ ငယ်ငယ်တုန်းက စက်ဘီးပေါ်က လဲကျရင် ပွန်းတာ ပဲ့တာ သွေးထွက်တာလောက်ပဲ ဖြစ်မယ်ဆိုပေမယ့် အသက်ကြီးမှ စက်ဘီးစီးသင်မယ်ဆိုတော့ လဲကျရင် အရိုးကျိုးတာနဲ့ခါးနာတာနဲ့အစုံအလင်ပဲ။
🚀 ကိုယ် လုပ်ချင်တာရှိရင် ခုချက်ချင်း ထလုပ်လိုက်ပါ။ နောက်မှ လုပ်ပါတော့မယ် ဆိုတဲ့ အကြောင်းပြချက်တွေဟာ ပိုဆုံးရှုးစေပါလိမ့်မယ်။
Culture
📏 လူတိုင်းရဲ ဦးနှောဏ်မှာ ပေတံတစ်ချောင်းရှိတယ်ဆိုပါတော့။ လူတွေက အဲ့ ပေတံနဲ့တစ်ခြားသူတွေကို တိုင်းတာကြတယ်။ တစ်ခြားသူရဲ အပြုအမူက ကိုယ့် ပေတံနဲ့လွဲချော်နေပြီ ဆိုရင် Culture Break ဖြစ်သွားတယ်။ ကွမ်းစားတဲ့သူ တစ်ယောက်က ကွမ်းတံတွေး ထွေးရမှာကို မရှက်ဘူး။ သူ့ဦးနှောက်ပေတံမှာ ကွမ်းတံထွေး ထွေးတာဟာ ဘာမှ မထူးဆန်းရဲ့အရာလိုသတ်မှတ်ထားလိုပါပဲ။ တစ်ခြားသူတွေရဲ ပေတံမှာတော့ ကိုက်ညီမှာ မဟုတ်ပါဘူး။
Chase The Vision, Not The Money
📌 Zappos CEO Tony Hsieh ကို လူတွေက ဘယ် စီးပွားရေး စလုပ်ရမလဲ လိုမေးတဲ့ အခါမှာ Tony ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
💵 “နောင် ၁၀ နှစ်လုံး လုပ်လိုပိုက်ဆံ တစ်ပြားမှ မရဘူးဆိုရင်တောင် ကိုယ် ပျော်မယ့် အလုပ်ကိုသာ လုပ်ပါ။” ဒါပေမယ့် ထူးဆန်းတာက ကိုယ်ပျော်ရာ လုပ်နေရင်းနဲ့ကိုယ့်နောက်ကို ပိုက်ဆံက လိုက်လာတယ်ဆိုတာပါပဲ။
Let Your Customer Do the Marketing for You
🗣 ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် Market နေရာရအောင် လုပ်နေရတဲ့ခေတ်ကြီးမှာ Tony ရဲ့နည်းလမ်းကတော့ တစ်မူ ထူးခြားနေတာပါပဲ။ Marketing မှာ သုံးမယ့် ပိုက်ဆံတွေ ကို သူ့ရဲ Customer Service မှာပဲ ပိုအသုံးပြုတယ်။ အချိန်တစ်ခုရောက်တဲ့ အခါမှာ Customer Loyalty ရလာပြီးတော့ Zappos က အောင်မြင်လာတယ်။ Old Customer တွေနဲ့Word-of-mouth ကြောင့်ပဲ 2008 ခုနှစ်မှာ 1 Billion Merchandise Sale ရခဲ့တယ်။
➕ What do customers expect?
➕ What Stories do they tell their friends?
➕ How our culture can create more stories and memories?
Persistence and Strategy
❗️ Persistence ဆိုတာကတော့ တစ်ခုခုမှာ ဇွဲရှိရှိနဲ့ကြိုးစားလုပ်ကိုင်တာ ဖြစ်ပြီး Strategy ဆိုတာကတော့ ရည်မှန်းချက်တစ်ခုခုကို သွားဖိုလမ်းကြောင်းဖြစ်ပါတယ်။
📱 အခုက တစ်နေကုန် ဖုန်းထိုင်ပွတ်နေကြတာ။ အပြင်သွားလည်း ပွတ်၊ အိမ်မှာနေလည်း ပွတ်၊ အိပ်ခါနီးလည်း ပွတ် တစ်ချိန်လုံး ပွတ်နေကြတာဆိုတော့ Persistence ကောင်းတာပေါ့။ ဒါပေမယ့် ရည်မှန်းချက်တစ်ခုကို ဇွဲရှိရှိနဲ့သေချာလုပ်မယ်ဆိုရင် ကျိန်းသေအောင်မြင်မှာပါ။
▫️ “You Don’t Plan to Fail, You Fail to Plan.”
– Denzel WashingtonBe Known For Something (Competency)
👑 ငယ်ငယ်ကတည်းက စာသင်ခန်းတွေမှာ အတော်ဆုံးကျောင်းသားတွေနဲ့အဆိုးဆုံး ကျောင်းသားတွေကို လူသိများကြတယ်။ အဲ့ကလေးတွေကို ဆရာ/ဆရာမတွေက ပိုချစ်ကြတယ်။ တစ်ချိုကလေးတွေကတော့ လိမ္မာလို၊ ပုံဆွဲ တော်လိုတစ်ခုမဟုတ်တစ်ခုဆီတော့ ရှိကြတယ်။
💥 ကုမ္ပဏီတွေမှာလည်း အဲ့သလို ပါပဲ။ ကိုယ့်ကုမ္ပဏီရဲ့Brand ကဘာလဲ။ Core Value က လူတွေကို ဘယ်လောက်ထိ Influence လုပ်နိုင်သလဲ။ Social Impact ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်ကြသလဲ အဲ့အချက်တွေ ပါပါတယ်။
👞 Tony Hsieh ရဲ Zappos Company ကတော့ ဖိနပ်ကို Online ကရောင်းတဲ့ Company တစ်ခုတင်မကပဲ Customer Service အရမ်းကောင်းတဲ့ Company တစ်ခုဖြစ်တယ်လိုလူတွေက သိကြပါတယ်။
▫️ “Customer Service shouldn’t be a department, it should be the entire company.”
– Tony Hsieh🌱 Tony Hsieh က Zero to Hero လူတွေထဲက တစ်ယောက်ပါပဲ။ Zappos မှာ Zero Profit အခြေအနေကနေ 1 Billion Merchandise Sale ထိရောက်အောင် ကြိုးစားအားထုတ်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ ဦးဆောင်မှုအောက်မှာ Zappos Company က ခုနှစ်ကြိမ်တိုင်အောင် Forune Magazine ရဲ Best Companies to Work for အဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်။
🕸 “ကိုယ်တိုင်က မပျော်ရင် တစ်ခြားသူတွေကို ပျော်အောင် လုပ်လိုမရပါဘူး။”
💝 Tony က သာမန် Corporate Company တွေနဲ့မတူပဲ သူ့ Company က လူတွေကို အရမ်းဂရုစိုက်တယ်။ ၀န်ထမ်းတွေကို ပျော်အောင်ထားတယ်။ အလုပ်လုပ်တဲ့ နေရာအဆင်ပြေအောင် လုပ်ပေးတယ်။ ကုမ္ပဏီက လူတွေက ပျော်နေတော့ ကုမ္ပဏီရဲ့Productivity က အရမ်းမြင့်တက်လာတယ်။ ပြီးတော့ Customer ကို အရမ်းဂရုစိုက်တယ်။ Culture ကောင်းတစ်ခုကို တည်ဆောက်ပြီး အမေရိကန်နိုင်ငံမှာ Work Life Integration ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့သူ တစ်ယောက်ဖြစ်တယ်။
▫️ “Envision, Create and Believe in your own universe, and the universe will form around you.”
– Tony Hsieh -
Add to cart
😴ပင်ပန်းနေပြီလား??????
😮💨သတင်းတွေ ဖတ်ပြီး မွန်းကျပ်နေပြီလား?
👟တစ်နေရာရာကို ရုန်းထွက်ချင်စိတ် ဖြစ်နေပြီလား?💻ကျွန်တော်တို နည်းပညာကို အသုံးပြုနေရင်း နည်းပညာရဲ့ လက်ပါးစေ မဖြစ်ဖိုအတွက် အဓိကထား ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
📱တစ်နေ့ထက်တစ်နေ့ Facebook, YouTube, Tik tok , Twitter စတဲ့ Social Platforms တွေမှာ အချိန်ပေါင်းများစွာ ကုန်ဆုံးနေမိတာကို သတိပြုမိနေကြပြီလား?
Social Media ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို တစ်ဦးနဲ့ တစ်ဦး ယခင်ကထက် ပိုမို နီးစပ်လာအောင် လုပ်ပေးဖို၊ ပညာတွေ သင်ယူဖိုပါပဲ။ ဒါပေမယ့် လက်ရှိမှာတော့ တစ်ဦးနဲ့ တစ်ဦး အရင်ကထက် ပိုမို ဝေးကွာလာနေပါတယ်။ အချိန်တွေ ကုန်နေကြတယ်။
SUCCESS အောင်မြင်မှုဆိုတဲ့ အရာကို ရနိုင်ဖိုအတွက် ကျွန်တော်တိုက အနှောင့်အယှက်ပေးနေတဲ့ Distraction တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဖို လိုအပ်နေပါသေးတယ်။🧠ကမ္ဘာအတော်ဆုံး လူတွေ စုထားတဲ့ Harvard, MIT, Oxford တက္ကသိုလ်ကြီးတွေမှာ ရှိတဲ့ လူတွေရဲ့ နံပါတ်တစ် အရည်အချင်းတစ်ရပ်ကတော့ သူတိုဟာ အလုပ်တစ်ခုမှာ မဆုတ်မနစ်ပဲ အချိန်ပေါင်းများစွာ လုပ်နိုင်တဲ့ (Deep Focus/ Deep Work) လုပ်နိုင်ချင်းပဲ ဖြစ်ပါတယ်။
📵ကျွန်တော်တိုဟာ Social Media ကို အချိန်ပေါင်းများစွာ အသုံးပြုလာတဲ့ အခါမှာ ကျွန်တော်တိုရဲ့ Attention Span အာရုံစူးစိုက်နိုင်စွမ်း လျော့ကြလာကြပါတယ်။ တစ်ချိန်တုန်းက အချိန်ပေါင်းများစွာ အလုပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ် လုပ်နိုင်တဲ့ အခြေအနေတစ်ခုကနေ အခု လက်ရှိအချိန်မှာတော့ ၁၀ မိနစ်လောက်တောင် အာရုံ မစူးစိုက်နိုင်အောင် လျော့နည်းလာတာကို တွေ့မြင်ရပါတယ်။
ကျွန်တော်တို နားမှာ Distractions တွေ ပြည့်နှက်နေတဲ့ လောကကြီးကနေ ကျွန်တော်တိုက တကယ် အရေးပါတဲ့ အရာတွေကို အာရုံစိုက် အလေးပေး တန်ဖိုးထားဖို လိုအပ်နေပါပြီ။
🤔တကယ်လို လူတိုင်း အောင်မြင်နိုင်တဲ့ အရည်အချင်းတစ်ခု ရှိတယ်ဆိုရင် လူတိုင်း လိုက်လုပ်နိုင်ကြပါ့မလား??????
🐖ဝက်တွေရဲ့ ပင်ကို သဘာဝက တစ်နေရာနဲ့ တစ်နေရာကို လျှောက်သွား ကျက်စားနေကြပြီး မျိုးပွားဖို ဖြစ်ပါတယ်။ အခုကတော့ ဝက်တွေကို လှောင်အိမ်ထဲမှာ မွေးစကနေ သားဖွားဖို အတွက်ပဲ မွေးမြူကြပြီး ပင်ကို သဘာဝ ပျောက်လာကြပါတယ်။
ကျွန်တော်တိုကလည်း အပြင်ထွက်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ၊ အတွေ့အကြုံတွေ ဖလှယ်ပြီး ကြိုးစားနေကြရမှာပါ။ ဒါပေမယ့် တစ်ချိန်လုံး ဖုန်းရှေ့မှာပဲ ငုတ်တုတ်ထိုင်နေကြပြီး အချိန် ကုန်ဆုံးနေကြပါတယ်။📴တကယ်လိုသာ ကျွန်တော်တိုက Social Media ကို ရက် ၃၀ လျော့သုံးပြီး နေကြရင် ဘာဖြစ်ကြမလဲ??
ကြိမ်းသေတာကတော့ ကျွန်တော်တို အရမ်း ပျင်း လာကြပါမယ်။
ပျင်းလာတာကို ဖျောက်ပစ်ဖိုအတွက် ကျွန်တော်တို တစ်ခုခု လုပ်ဖို စဉ်းစားကြရပါမယ်။
Social Media ကပေးတဲ့ Dopamine မရှိတော့တဲ့အတွက် တစ်ချိန်တုန်းက ကျွန်တော်တိုက ပျော်အောင် လုပ်ပေးမယ့် အရာတွေကို စဉ်းစားရပါတော့တယ်။
တစ်ချိန်တုန်းက Constant Dopamine Intake မရရှိနိုင်တဲ့ ပျော်စရာ လိုအပ်ချက်တွေကို ကျွန်တော်တို တွေ့ရှိလာပါတော့တယ်။
တစ်လောကလုံးမှာ တစ်ယောက်တည်း ဖြစ်သွားပြီး တကယ် အရေးပါတဲ့ အရာတွေကို ရှာဖွေ တွေ့ရှိလာပါတယ်။
လူတွေနဲ့ တွေ့မယ်၊ မိဘတွေနဲ့ စကားပြောမယ်၊ ကော်ဖီ တစ်ခွက်နဲ့ စာအုပ်လေးဖတ်ရင်း အနှစ်သာရတွေကို ပြန်လည် သတိပြုမိလာပါမယ်။Social Media လျော့သုံး ပြီး အရမ်း ပျင်းလာရင် ဘာလုပ်ကြမလဲ
🚶♂️လမ်းလျှောက်ပါ။ ဝေးဝေး လျှောက်ပြီး သဘာဝ အလှတရားတွေကို ခံစားပါ။
✍️စာရေးပါ။ ကိုယ့်ဘဝအတွက် အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးပါ။
🌙အနားယူပါ။ ခွန်အားတွေ ပြန်ယူပါ။လူအများစုက သူတိုလုပ်နေတဲ့ အလုပ်အကိုင်ကို မချစ်တတ်ကြပါဘူး။ ဘာလို မချစ်တာလဲဆိုတော့ သူတိုဟာ လကုန်ရင် လခရဖို တစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး သူတိုရဲ့ စိတ်အားထက်သန်မှုက အလုပ်ထဲမှာ ရှိမနေလိုပါဘဲ။ ဒါဟာ အသေးစားပြဿနာလို ဆိုနိုင်ပေမယ့် ရေရှည်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတာ သတိမလပ်သင့်ပါဘူး။
အလုပ်ကို ချစ်မြတ်နိုးကြပြီး အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိနိုင်ပါစေ။ -
Add to cart
☝️☝️“ပိုကြီးတဲ့အခက်အခဲတွေမှာ ပိုကောင်းတဲ့အခွင့်အလမ်းတွေရှိတတ်တယ်။ အဲ့ဒါကမင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေရင် ကျန်တဲ့လူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ ဒါကစီးပွားရေးတစ်ခုအတွက် အခွင့်အလမ်းပဲ”
“The bigger the problem, the bigger the opportunity. If it’s bothering you, it’s probably bothering others—and that’s a business waiting to happen.”— Jay Samit, Disrupt You!📈ကမ္ဘာကြီးကအချိန်နဲ့အမျှပြောင်းလဲနေတယ်။ တချိန်တုန်းကရူးသွပ်မှုလို့ထင်ခဲ့တဲ့အရာတွေက အခုချိန်မှာအလုပ်ဖြစ်နေတာတွေရှိတယ်။ Uber နဲ့ Airbnb တို့လို ကုမ္ပဏီတွေဟာ တစ်ချိန်က စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ခဲ့ရတဲ့ အယူအဆတွေကနေ ပေါ်ပေါက်လာခဲ့တာပါ။ သူတို့က “ကြီးမားတဲ့အခက်အခဲ” တွေကို “ကြီးမားတဲ့အခွင့်အလမ်း” တွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ ဒီလိုဆို ဘယ်အခက်အခဲတွေက သင့်အတွက်အခွင့်အလမ်းတွေဖြစ်လာမှာလဲ?
💡သင်နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာတွေက သဲလွန်စတွေလား။
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ သေးငယ်တဲ့ စိတ်ပျက်စရာလေးတွေ၊ “အဆင်မပြေမှုတွေ” ဟာ တကယ်တော့ အခွင့်အလမ်းတွေရဲ့ သဲလွန်စတွေပါ။ ဝန်ဆောင်မှုတစ်ခုက လိုအပ်သလောက် မပြည့်စုံတာမျိုး၊ ဒါမှမဟုတ် အလုပ်မှာစာရင်းတွက်လို့အဆင်မပြေတာမျိုး … စတဲ့ဒီလို ဒီလိုအဆင်မပြေတဲ့အတွေ့အကြုံတိုင်းမှာ “ဒါကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းက ပုန်းကွယ်နေပါတယ်။
လူအများစုကတော့ ဒီလိုအရာတွေကို complain တတ်ဖို့ပဲစိတ်ကူးကြတယ်။ ဒါပေမဲ့ “Disrupt You!” ကတော့ ဒီစိတ်အနှောင့်အယှက်တွေကို အာရုံစိုက်ပြီး “ဒါကို ဘယ်လိုဖြေရှင်းမလဲ” လို့ ပြောင်းလဲတွေးခိုင်းပါတယ်။ စိတ်ကူးကြီးကြီးမားမားတွေပဲ လိုတာမဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ ရှိပြီးသားအရာတွေကို နည်းလမ်းသစ်တစ်ခုနဲ့ ပေါင်းစပ်လိုက်တာနဲ့ပဲ ကြီးမားတဲ့ပြောင်းလဲတွေကို ဖန်တီးနိုင်ပါတယ်။
🎢အမှားတွေဟာ သင်ခန်းစာတွေပါ။
ကျွန်တော်တို့အများစုဟာ မှားမှာကို ကြောက်ကြတယ်။ ဒါကြောင့် စိတ်ကူးကောင်းတွေရှိနေပေမဲ့၊ အပြစ်တင်ခံရမှာကို စိုးရိမ်ပြီး ရှေ့မတိုးနိုင်ဖြစ်နေတတ်ပါတယ်။ Jay Samit ကတော့ ဒီအယူအဆကို တိုက်ရိုက်စိန်ခေါ်ပါတယ်။ မအောင်မြင်မှုဆိုတာ ဆုံးရှုံးမှုမဟုတ်ပါဘူး၊ “တုံ့ပြန်ချက် (Feedback)” ပါ။ မအောင်မြင်တဲ့ ကြိုးစားမှုတိုင်းဟာ ဘာတွေမလုပ်သင့်ဘူး၊ ဘယ်အရာတွေက ပိုကောင်းအောင် လုပ်လို့ရလဲဆိုတာကို သင်ပေးနေတာပါပဲ။
“ပြီးပြည့်စုံတဲ့စိတ်ကူးတွေဆိုတာ ဈေးပေါတယ်။ လူတိုင်းမှာရှိတယ်။ အကောင်အထည်ဖော်မှုကသာ အရေးကြီးတယ်” လို့ စာရေးသူကပြောထားပါတယ်။
- အမြန်စမ်းသပ်ပါ၊ အမြန်သင်ယူပါ: အချိန်အကြာကြီး စိတ်ကူးတစ်ခုကို ထိုင်ပြီး ပြီးပြည့်စုံအောင် လုပ်နေမယ့်အစား၊ စပြီး စမ်းသပ်ကြည့်ပါ။ ဈေးကွက်ရဲ့ တုံ့ပြန်မှုကို အမြန်ဆုံးသိအောင် လုပ်ပါ။
- “ကြိုက်တဲ့စိတ်ကူး” တွေကိုတောင် လွှတ်ချပါ: သင်အရမ်းနှစ်သက်တဲ့ စိတ်ကူးတစ်ခုက လက်တွေ့မှာ အလုပ်မဖြစ်ဘူးဆိုရင်၊ စွန့်လွှတ်ရဲတဲ့ သတ္တိရှိပါ။ ဒါက စိတ်ဓာတ်ကျတာ မဟုတ်ဘဲ ပိုကောင်းတဲ့လမ်းကြောင်းကို ရှာဖွေတာပါ။
ဒီလိုပြောင်းလဲလိုက်ခြင်းက သင့်ကို ကြောက်ရွံ့မှုကနေ လွတ်မြောက်စေပါတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ သင်ဟာ သင်ခန်းစာတစ်ခုရပြီး ရှေ့ကို ဆက်တိုးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးပါလိမ့်မယ်။
🏄ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ လှိုင်းလုံးတွေကြားမှာ ရိုးရိုးလေး ရေလိုက်မျောပါမယ့်အစား၊ ဒီလှိုင်းတွေကို စီးနင်းပြီး ကိုယ့်ရဲ့ဦးတည်ရာကို ရောက်အောင်သွားနိုင်ဖို့အတွက်
- အခက်အခဲတိုင်းကို အခွင့်အလမ်းအဖြစ် ဘယ်လိုမြင်မလဲ။
- နေ့စဉ်ပြဿနာတွေထဲမှာ ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေကို ဘယ်လိုရှာဖွေမလဲ။
- ပြောင်းလဲမှုတွေကြားထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဘယ်လိုရပ်တည်မလဲ။
- ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ သင့်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ပြီး ယှဉ်ပြိုင်လို့မရတဲ့သူတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။
ဒီလို ထိရောက်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ “Disrupt You!” ကို ဖတ်ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးကို မြင်တဲ့အမြင်တင် မဟုတ်ဘဲ၊ သင့်ကိုယ်ပိုင် အလားအလာတွေကိုပါ ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရမှာပါ။
-
Add to cart
💔💔ပျော်ရွှင်မှုဟာ အဓိပ္ပါယ်မဲ့လာသလိုခံစားနေရင် ? 💔💔
🏎“မင်းဒီအရာကိုပိုင်ဆိုင်ရရင်/လုပ်နိုင်ရင် ပျော်ရမယ်လို့ထင်တဲ့အရာအားလုံးကို မင်းလုပ်ခဲ့ပြီးပြီ”
ဒါအရာတွေတွေအခုမင်းပိုင်ဆိုင်နေရချိန်မှာပျော်ရဲ့လား ?📱ဖုန်းအသစ်တစ်လုံးကိုရတဲ့အချိန်မှာ ခင်ဗျားအပျော်ဆုံးအချိန်တွေထဲကတစ်ခုဖြစ်တယ်။ နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာ ဒီဖုန်းက ဖုန်းတစ်လုံးပဲဖြစ်တော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ဒီဖုန်းကဟောင်းလို့ နောက်တစ်လုံးအသစ်ဝယ်မှ ခင်ဗျားလိုအပ်တဲ့ပျော်ရွှင်မှုကိုပြန်ရတော့မယ်။ ဒီခံစားချက်တွေကဘယ်လိုဖြစ်လာတာလဲ?
🎮လူတိုင်းကိုယ်စီမှာစွဲလမ်းမှုတွေရှိကြပါတယ်။ အသိသာဆုံးသောစွဲလမ်းမှုတွေက Tik Tok ကြည့်တာ၊ Shopping ထွက်တာ၊ အစားကောင်းကိုခုံမင်တာ စသည်ဖြင့်ပေါ့။ စွဲလမ်းဖို့ကောင်းတဲ့အရာတွေနဲ့ ပတ်ချာလည်ဝိုင်းနေတဲ့ဒီခေတ်မှာ လူတွေဟာ Dopamine ရဲ့သားကောင်ဖြစ်နေတဲ့အကြောင်းနဲ့ ဒီစွဲလမ်းမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကိုစာရေးဆရာမ Anna Lembke က Dopamine Nation ထဲမှာတင်ပြထားပါတယ်။
🧠Dopamine and Our Brain’s Pleasure System
Novelty လို့ခေါ်တဲ့အသစ်အဆန်းကိုခံစားရမှုဟာ Brain ကို လှုံ့ဆော်စေပြီး Dopamine ကိုရရှိစေပါတယ် (ဥပမာ အရမ်းကောင်းတဲ့ကော်ဖီဆိုင်အသစ်တစ်ဆိုင်က ကော်ဖီတစ်ခွက်ကိုပထမဆုံးသောက်လိုက်တဲ့အချိန်မျိုး)။ Novelty ကပေးတဲ့ Dopamine ကိုစွဲလမ်းမှုကြောင့်ဒီဆိုင်ကိုနောက်တစ်ခါနှစ်ခါ လာထိုင်ဖြစ်ပေမယ့် လေးငါးခေါက်လောက်ကျတော့ အသစ်အဆန်းမရှိတဲ့အတွက် ရိုးသွားသလိုမျိုးခံစားရပြီး နောက်အသစ်တစ်နေရာကိုထပ်သွားချင်တဲ့စိတ်ဖြစ်ပေါ်လာပြန်ရော။ ဒီလို Dopamine induced Pleasure နောက်လိုက်ရင်းနဲ့ ကျွန်တော်တို့ ရဲ့အချိန်နဲ့စွမ်းအားတွေ ဖြုန်းတီးနေမှုကို လျော့ချဖို့ကြိုးစားရပါမယ်။⚖️Pleasure and Pain ချိန်ခွင်
‘ ရယ်ပြီးရင်ငိုရတတ်တယ်” အရမ်းရယ်ပြီးရင် လက်ကိုခုနစ်ချက်ပြန်ရိုက်ရတယ်ဆိုတာကိုသိသလား ? ငယ်ငယ်တုန်းက အရမ်းရယ်ပြီးသွားရင်သူငယ်ချင်းတွေက လက်ဖျံကို ခပ်စပ်စပ်ကလေး ခုနစ်ချက်ရိုက်တတ်ကြတဲ့အမူအကျင့်တွေဟာ Pleasure and Pain ချိန်ခွင်ရဲ့အခြေခံသဘောတရားပါပဲ။ အလုပ်နားတဲ့ တစ်ရက်မှာ တစ်နေကုန် Tik Tok ကြည့် (Pleasure hunting)ပြီးတော့ ညကျရင်ဘာမှအကျိုးမရှိသလိုခံစားရတာ (Pain Hurting) ဟာ အလွယ်တကူရတဲ့ Dopamine ရဲ့ အတက်အကျရှိတဲ့ ဥပမာတစ်ခုပါ။🤝Dopamine နဲ့အတူနေထိုင်ခြင်း
ဟာ… Dopamine ကမကောင်းဘူးဆိုရင် ငါ Dopamine မရှိအောင်နေမယ်လို့တွေးရင်မှားသွားပါလိမ့်မယ်။ Dopamine မရှိတော့တဲ့အချိန်မှာ ကြွက်တွေဟာ အရှေ့မှာချထားတဲ့အစာကို မစားပဲ အစာငတ်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်တာကို စမ်းသပ်ချက်တွေမှာတွေ့ရှိရပါတယ်။ Dopamine ဟာကျွန်တော်တို့နေ့စဉ် လှုပ်ရှားမှု၊ ရည်မှန်းချက်အစရှိတဲ့အရာတွေကို လမ်းညွှန်ပေးတဲ့ Hormone တစ်ခုဖြစ်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အလွယ်တကူရနိုင်တဲ့ မသင့်လျော်တဲ့ Dopamine – အလွန်အမင်းဖုန်းကြည့်ခြင်း၊ အစားကောင်းကိုခုံမင်ခြင်း၊ လောင်းကစားလုပ်ခြင်း တွေ ကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီး အားစိုက်ထုတ်ရပြီး သင့်လျော်တဲ့ Dopamine – နေရောင်ခြည်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊တရားထိုင်ခြင်း၊လမ်းလျှောက်ခြင်း စတဲ့အရာတွေကိုနေ့စဉ်ဘ၀မှာ ပိုမိုလုပ်ဆောင်ရပါမယ်။🏁သင့်ရည်မှန်းချက်ပန်းတိုင်ကို နှောင့်နှေးအောင်အချိန်ဆွဲနေတဲ့ စွဲလမ်းမှုကနေလွတ်မြောက်စေဖို့ Pleasure/Pain ချိန်ခွင် ကို ချိန်ညှိတဲ့နည်း (Pursing Pain) နဲ့ Abstain ( D.O.P.A.M.I.N.E) ဆိုတဲ့နည်းစနစ်နှစ်ခုကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။ သင့်ကိုသင် ထိန်းချုပ်လို့မရဘူးဆိုရင် သေချာတာက သင့်ကို Dopamine ကထိန်းချုပ်နေတာပါ။ ဒီနည်းစနစ်တွေအပြင် Dopamine Detox , Vipassana Meditation တွေကိုအသုံးပြုပြီး သင့်ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းနိုင်တဲ့ Power ကို လက်ဆုပ်လက်ကိုင်ရယူလိုက်ပါ။
-
Add to cart
📚 The E-Myth Revisited – Why Most Small Businesses Fail (and How to Fix It!)
Many small businesses struggle not because of a lack of passion but due to a lack of proper systems. Michael E. Gerber breaks down the myths of entrepreneurship, showing why most small businesses fail and how to turn them into scalable, successful enterprises. A must-read for business owners who want to work on their business, not just in it! 🚀
-
Add to cart
တကယ်လိုသာ ကျွန်တော်တို ရည်မှန်းထားတဲ့ အောင်မြင်မှုကို ရရှိသွားတယ်ဆိုရင် ?
ကျွန်တော်တိုဟာ အတိတ်နဲ့ အနာဂတ်မှာပဲ နေကြတယ့်
နောင်တ တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အတိတ်မှာ နေကြသလို မပြည့်၀သော ပူလောင်မှုတွေနဲ့ အနာဂတ်မှာနေကြတယ်
မနက်မိုးလင်း ကနေ ညအထိအလုပ်တွေအသားကုန်လုပ် အချိန်ပြည့်ကြိုးစား အစွမ်းကုန်အားထုတ်၊ မင်းဘ၀ရဲ့ အဓိပ္ပါယ်ကဘာလဲလို ကိုယ့်ကိုယ်ပြန်မေးကြည့်တော့ ဘာအဖြေရသလဲ ?စာဖတ်နေတာလေး ခဏရပ်ပြီး စဉ်းစားကြည့်ပါ။
ခင်ဗျားတစ်ရက်အလုပ်ဘယ်လောက်လုပ်သလဲ ?
8 နာရီလား 10 နာရီလား 14 နာရီလား ?
အားအင်တွေကုန်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အထိအလုပ်လုပ်နေသလား ?
ဒီအတွက် ခင်ဗျားကြိုးစားသလောက် ရလဒ်ကို ကျေနပ်ရဲ့လားနေ့စဉ်ရက်ဆက် အလုပ်ပေါင်း , Stress ပေါင်းမြောက်များစွာရှိတဲ့ ကြားမှာ နစ်မွန်းနေတဲ့ကိုယ့်စိတ်ရဲ့ထွက်ပေါက်ကို Greg McKeown ကသူ့ရဲ့ Effortless စာအုပ်ထဲမှာ ကိုယ်လိုချင်တဲ့ဘ၀ဆီကို အစီအစဉ်တကျ စနစ်တကျ နဲ့ သက်တောင့်သက်သာသွားနိုင်မယ့် လမ်းကြောင်းတွေကို ရှင်းပြထားပါတယ်။
ကြိုးစားနေတဲ့ကျွန်တော်တိုအတွက်က ပန်းတိုင်ကိုသွားရတာ ခရောင်းခင်းတဲ့ ဆူးလမ်းလိုပါပဲ။ မလိုတဲ့နေရာတွေမှာပါအားစိုက်ပြီးအလုပ်လုပ်မိတာဟာ အရေးပါတဲ့အပိုင်းတွေအတွက် အားလျော့သွားစေပါတယ်။ ဂျူဒိုကစားတဲ့သူတစ်ယောက်လို ကျွန်တော်တိုအင်အားကို အနည်းဆုံးသုံးပြီး အလုပ်အများဆုံးပြီးအောင်လုပ်နိုင်တဲ့ အရည်အချင်း ကို ပြုစုပျိုးထောင်ရမှာ ကျွန်တော်တိုရဲ့ Goal တစ်ခုပါပဲ။
ကိုယ့်ကိုယ်ကို ပြောင်းလဲမှုရဲ့ အစဟာ ကိုယ့်ရဲ့ အားအင်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်မှုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ Goal တွေသတ်မှတ်ပြီး အားကုန်ပြေးတဲ့ သူ တစ်ယောက်နဲ့ Goal တစ်ခုကို Strategy Planning နဲ့ စတဲ့ သူတစ်ယောက် လုပ်နိုင်စွမ်းဟာ ရေရှည်မှာ သက်ရောက်မှုအများကြီးကွာခြားပါတယ်။
ဒါဆို ဒီလိုမျိုး Strategy နဲ့ အလိုလိုရရှိလာမဲ့ ပျော်ရွှင်တဲ့ဘ၀ကို လက်ဝယ်ပိုင်ဆိုင်ဖို Effortless ဟာ သင့်ကိုအကူအညီအများကြီးပေးမှာပါ။ -
Add to cart
🤔”သင့်ရဲ့ အောင်မြင်မှု ခရီးလမ်းမှာ ဘယ်သူက အကြီးမားဆုံးသော ရန်သူဖြစ်နေလဲဆိုတာကို သိချင်လား?
“ငါသိတယ်”, “ငါတတ်တယ်”,“ငါ့ကိုယှဉ်နိုင်တဲ့သူမရှိဘူး” “ငါ့ပစ္စည်း”, “ငါ့ဥစ္စာ”, “ငါ”, “ငါ”, “ငါ”,
ဒီစကားလုံးတွေက တော်တော်များများအောင်မြင်မှုဆီကိုမရောက်နိုင်တဲ့အကြောင်းပြချက်ဖြစ်တယ်။
အကြီးမားဆုံးသော ရန်သူက တခြားဟာမဟုတ်ဘူး — သင့်ကိုယ်တွင်းက အတ္တပါ။
သင်ကြိုးစားနေသရွေ့ တစ်ချိန်ချိန်မှာ အောင်မြင်မှုကိုရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲသေချာတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုကို ခင်ဗျားဘယ်လောက်ကြာကြာထိန်းသိမ်းနိုင်မှာလဲ?😈
🎯”The first principle is that you must not fool yourself—and you are the easiest person to fool.” – Richard Feynman
ပထမဆုံးအရေးကြီးတဲ့ အချက်က အရမ်းလှည့်ဖြားဖို့လွယ်တဲ့ သင့်ကိုယ်သင် အရူးမလုပ်မိစေဖို့ပါ။
မွေးရာပါဗီဇ တစ်ခုဖြစ်တဲ့“ငါ”ဆိုတဲ့ အတ္တဟာ ကျွန်တော်တို့နဲ့အမြဲတစ်စေအတူရှိနေတယ်။ လူတွေကိုဘောလီဘောပုတ်သလို အမြင့်ကိုခေါ်ဆောင်သွားပြီး ထိပ်ဆုံးရောက်မှအားကုန်ရိုက်ချတတ်တဲ့ အတ္တ ရဲ့ အကြောင်းကို Ryan Holiday က သူရဲ့ Ego is the Enemy စာအုပ်ထဲမှာ အပိုင်းသုံးပိုင်းနဲ့ ရှင်းပြထားတယ်
Aspire🔥
နေရာတစ်ခုမှာကိုယ်ကျွမ်းကျင်ပိုင်နိုင်မှုရှိလာတာနဲ့ အမျှ လူတွေရဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ်က ကြီးထွားလာလေ့ရှိတယ်။ “ငါသိတယ်”, “ငါမရှိရင်မဖြစ်ဘူး” စတဲ့ ယုံကြည်မှုလွန်ကဲစွာဖောင်းပွမှုက တက်လမ်းကိုတိုးတက်စေမယ့် သင်ယူမှုတွေ၊ အခွင့်အလမ်းကောင်းတွေကိုပိတ်ပင်စေတတ်တယ်။ဒီလိုအချိန်မှာ Stoic တွေရဲ့ ဉာဏ်ပညာ (Wisdom) – မသိသေးတာတွေကို သိရှိနားလည်ဖို့ ကြိုးစားတဲ့စိတ် – က အရေးကြီးသလို၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု (Temperance) ကလည်း အတ္တရဲ့ ပေါ့ပျက်ပျက်ဆန်မှုတွေကို တားဆီးပေးတယ်။
Success🏆
အောင်မြင်မှုကိုရပြီးတဲ့နောက်မှာ အတ္တကပျောက်ကွယ်မသွားပဲပုံစံပြောင်းလာတတ်တယ်။ပတ်ဝန်းကျင်ကိုမလေးစားမှုတွေ၊ မထီမဲ့မြင်ပြုမှုတွေ နဲ့ မိမိဂုဏ်သိက္ခာကိုအရောင်ဆိုးမှုတွေဟာ တခြားသူတွေအတွက်အဆိပ်အတောက်ဖြစ်စေတယ် ဆိုတာကို သတိမထားမိတတ်ကြဘူး။ဒီလိုအချိန်မှာ တရားမျှတမှု (Justice) ဟာ အောင်မြင်မှုဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးပမ်းမှုမဟုတ်ဘဲ အများနဲ့ရတဲ့ ရလဒ်ဖြစ်ကြောင်း သတိပေးပြီး မိမိကိုယ်ကို နှိမ့်ချတတ်ဖို့ အားပေးပါတယ်။
Failure📉
ရှုံးနိမ့်မှုနဲ့ကြုံတွေ့ရတဲ့အချိန်မှာ အတ္တဟာ အဆိပ်လိုဖြစ်လာတယ်။ အပြောင်းအလဲနဲ့ အမှားကနေ သင်ခန်းစာယူမယ့် အစား သူ့ကိုယ်သူကာကွယ်ဖို့အတွက် Victim လေးဖန်တီးပြီး တပါးသူကို အပြစ်ပုံချတာ၊ တာဝန်မဲ့မှုတွေဖန်တီးလာတတ်တယ်။ ဒီလိုနဲ့ ရှုံးနိမ့်မှုနွံထဲမှာ နစ်သထက်နစ်မြုပ်လာကြရတယ်။ဒီအခါမျိုးမှာ သတ္တိ (Courage) ဟာ ခက်ခဲတဲ့အမှန်တရားကို ရင်ဆိုင်နိုင်စွမ်းကို ပေးစွမ်းပြီး ဉာဏ်ပညာ (Wisdom) ကတော့ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ပိုမိုခိုင်မာလာစေဖို့ ကူညီပေးပါတယ်။
⚖️ဒီ အတ္တရဲ့ ရန်ကိုကာကွယ်ရှောင်ရှားနိုင်ဖို့အတွက် Stoic တွေဟာ ကမ္ဘာကြီးကို Logos (အကျိုးအကြောင်း) နဲ့ လက်ခံပြီး၊ သတ္တိ (Courage)၊ ဉာဏ်ပညာ (Wisdom)၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု (Temperance) နဲ့ တရားမျှတမှု (Justice) ဆိုတဲ့ Virtue လေးချက်နဲ့သာ တူညီမျှစွာနေထိုင်ကြပါတယ်။
အတ္တကို ကိုယ်တိုင်မထိန်းချုပ်နိုင်ရင် ပျက်စီးခြင်းဆီသင့်ကိုခေါ်ဆောင်သွားလိမ့်မယ်။
ဒီစာအုပ်လေးမှာ
✨အတုအယောင် မာန်မာန အတ္တကိုဖယ်ရှားပြီး လူသားဆန်စွာနေထိုင်နိုင်ဖို့
✨ဟန်ဆောင်လက်ခုပ်သံတွေထက် စစ်မှန်တဲ့ အလုပ်မှာ ပျော်မွေ့နိုင်ဖို့
✨ဘ၀ရဲ့အချိုးအကွေ့တွေကို မတုန်မလှုပ်ရင်ဆိုင်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံဉာဏ်ကောင်းတွေကိုမျှဝေထားပါတယ်။
📕လူတိုင်း ဖတ်သင့်တဲ့ စာအုပ်စာရင်းတွေရဲ့ ထိပ်ဆုံးမှာအမြဲရှိနေပြီး အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ အားကစားသမားစတဲ့ သန်းပေါင်းများစွာသောလူတွေရဲ့ ဘ၀ကိုပြောင်းလဲပေးတဲ့ Stoic ဒသနပညာရှင် Ryan Holiday ရဲ့ Best Seller တစ်အုပ်ဖြစ်တဲ့ Ego is Enemy နဲ့အတူ သင့်ရဲ့ အကြီးမားဆုံးသော ရန်သူကို ချိုးဖြတ်အနိုင်ယူဖို့ အချိန်ကျပါပြီ။
-
Add to cart
Daniel Goleman ရဲ့ Emotional Intelligence ထဲက သင်ခန်းစာ ၁၀ ခု
- Know your emotions.
မိမိစိတ်ခံစားမှုတွေကို သိမြင်ပါ။
Notice your feelings without ignoring or judging them. Naming your emotion is the first step to owning it.
“မင်းရဲ့စိတ်ခံစားချက်တွေကို လစ်လျူရှုတာ၊ အကဲဖြတ်တာမရှိပဲ သတိထားပါ။သင့်ခံစားချက်တွေကို အမည်ပေးခြင်းဟာ သူတို့ကိုပိုင်ဆိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်”
- Master your emotional impulses.
မိမိကိုယ်ကိုယ်စိတ်ထိန်းနိုင်အောင်လုပ်ပါ။
Don’t let your emotions drive your actions. Pause before you react.
“မင်းရဲ့လုပ်ရပ်တွေကို ခံစားချက်တွေက မထိန်းချုပ်ပါစေနဲ့။တုံ့ပြန်မှုမဖြစ်ခင်မှာ ခေတ္တရပ်ပါ”
- Motivate yourself from within.
မိမိကိုယ်ကို စိတ်ဓာတ်ခွန်အားပေးတတ်ပါစေ ချီးကျူးတတ်ပါစေ။
Use your values and goals to inspire consistent effort — not praise from others.
“အခြားသူများထံမှ ချီးကျူးခြင်းကို အားမကိုးပဲ တသမတ်တည်း ကြိုးစားအားထုတ်မှုကို အားပေးရန် သင်၏တန်ဖိုးများနှင့် ပန်းတိုင်များကို အသုံးပြုပါ”
- Cultivate empathy.
တခြားသူတွေရဲ့ခံစားချက်ကို နားလည်တတ်ပါ။
Understanding others’ feelings is the root of connection and compassion.
“တခြားသူတွေကိုနားလည်တတ်မှုက EQ ရဲ့ စဉ်ဆက်မပြတ်သောအခြေခံတန်ဖိုးပါ။”
- Master social skills.
လူမှုရေးကျွမ်းကျင်မှုရှိပါစေ။
Good communication is not about talking, but about listening with your heart.
“ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုဆိုတာ စကားပြောတာမဟုတ်ဘဲ စိတ်နှလုံးနဲ့ နားထောင်ခြင်းပါ။”
- Transform anger into understanding.
ဒေါသကို တုံ့ပြန်မှုဖြင့်မဟုတ်ဘဲ ဉာဏ်နဲ့ဖြေရှင်းပါ။
Anger is a signal — not a solution. Use it to understand, not to attack.
“ဒေါသဆိုတာ အချက်ပြမှု တစ်ခုဖြစ်တယ် အဖြေမဟုတ်ဘူး၊ သူ့ကိုနားလည်ဖို့အသုံးချပါ၊ တိုက်ခိုက်ဖို့အတွက်အသုံးမပြုပါနဲ့”
- Don’t confuse emotions with truth.
ခံစားချက်နဲ့ ဆုံးဖြတ်ချက်ကိုခွဲခြားတတ်ပါစေ။
Feelings are real, but they don’t always reflect reality. Learn to step back and reassess.
“ခံစားချက်တွေဟာ အစစ်အမှန်ဖြစ်ပေမဲ့လည်း အမှန်တရားမဟုတ်ပါဘူး။ နောက်ပြန်ဆုတ်ပြီး အကဲဖြတ်နိုင်တဲ့ Skill ကိုသင်ယူပါ”
- Build emotional resilience.
စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်ပါ။
Come back to center when life shakes you. Strength isn’t avoiding emotion — it’s moving through it.
“ဘ၀ကမင်းကိုတုန်လှုပ်စေတဲ့အချိန်မှာ တည်ငြိမ်မှုဆီကိုပြန်သွားပါ။ သန်မာမှုဟာ ခံစားချက်တွေကိုရှောင်ဖယ်တာမဟုတ်ပဲ သူတို့တွေနဲ့ အတူအခက်အခဲတွေကိုဖြတ်သန်းရတာပါ”
- Respond with less drama, more wisdom.
ဒရာမာတွေခင်းမဲ့အစား ဉာဏ်ပညာဖြင့်တုံ့ပြန်ပါ။
You don’t have to match chaos with chaos. Your calm presence is your greatest power.
“တလွဲဖြစ်နေတဲ့အရာကို တလွဲနဲ့ တုံ့ပြန်စရာမလိုပါဘူး။ တည်ငြိမ်တဲ့မင်းရဲ့ဖြစ်တည်မှုဟာ အကောင်းဆုံး Power တစ်ခုဖြစ်တယ်။”
- EQ is not a trait, it’s a trainable skill.
EQ ဟာမွေးရာပါပညာမဟုတ်ပါဘူး လေ့ကျင့်ရတဲ့ တစ်ခုပါ။
Anyone can improve their emotional intelligence — it’s a discipline, not destiny.
“လူတိုင်း EQ ကိုအဆင့်မြှင့်အောင်လေ့ကျင်လို့ရပါတယ်။ ဒါက ကံတရားထက် စည်းကမ်းရှိမှုရဲ့ အဖြေတစ်ခုပါ.”
Emotional Intelligenceဆိုတာ Smart ဖြစ်တာနဲ့မတူပဲမိမိရဲ့ ခံစားချက်တွေရဲ့ ထိန်းချုပ်မှုကနေလွတ်မြောက်ပြီး ဘ၀ကိုပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ ရှားပါတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ စိတ်ရဲ့ကျေးကျွန် အဖြစ်ကနေရုန်းထွက်ပြီး ကြံ့ခိုင်မှုအပြည့်ရှိတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်ဖို့ Daniel Goleman.ရဲ့ Emotional Intelligence နဲ့ အတူသင့်အရည်အချင်းကိုမြှင့်တင်လိုက်ပါ။
-
Add to cart
“I have trained with many of the toughest and hardest men on the planet, and only one stands out. That one is Cameron Hanes.”
-DAVID GOGGINS,ENDURE
David Goggins နဲ့ Joe Rogan တိုကိုယ်တိုင် recommend ပေးတဲ့ စာအုပ်တစ်အုပ်၊ Smart Work မဖြစ်ခင် Hard work ကို ဘယ်လို ရုန်းကန်ပြီး ကြိုးစားအားထုတ်နေကြလဲ၊ David Goggins နဲ့ တန်းတူ Resilience, Mindset, Effort တွေ ရှိတဲ့ လူတစ်ယောက်အကြောင်း လေ့လာရမှာပဲ ဖြစ်ပါတယ်။ -
Add to cart
ကျွန်တော်အကြိုက်ဆုံး Danzel Washington ရဲ့ Quote နှစ်ခုရှိပါတယ်
“Just because you’re doing a lot more, doesn’t mean you’re getting a lot more done”
မင်းအလုပ်ပိုလုပ်တိုင်း အလုပ်တွေပိုပြီးမြောက်သွားတာ မဟုတ်ဘူးDon’t Confuse “Movement” with “Progress”
“လှုပ်ရှားမှု” နဲ့ “တိုးတက်မှု” ကို မရောထွေးပါစေနဲ့။
ဒီ Quote နှစ်ခုက အသက်ရလာလေ ပိုမှန်လာလေဖြစ်တယ်ဆိုတာကို ကိုယ်တွေ့သဘောပေါက်လာတယ်။ကျွန်တော်တို အသက်တွေကြီးလာတယ် တာဝန်တွေများလာတယ် တစ်ရက်နဲ့ တစ်ရက် အလုပ်နဲ့၀တ္တရားတွေကြားဗျာများပြီး အရာရာအားလုံပြီးဖိုအတွက် အချိန်အလုံအလောက်ရှိရင်ကောင်းမှာပဲဆိုတာ ခဏခဏတွေးမိတယ်။
နည်းနည်းလုပ်ပြီးများများပြီးအောင် ဘယ်လိုလုပ်မလဲ ?
ကျွန်တော်တို ခင်ဗျားတို တကယ်အရေးပါတဲ့အရာတွေကိုအာရုံစိုက်နေမိရဲ့လား ဆိုတာကိုပြန်မေးကြည့်ပါ။အချိန်ဆိုတာ ကန့်သတ်ချက်အပြည့်ရှိတဲ့ Resource တစ်ခုပါ။ သေသေချာချာ Manage မလုပ်နိုင်ရင် မျောက်သစ်ကိုင်းလွတ်သလို ဟိုဟာလည်းမပြီးဒီဟာလည်းမရနိုင် ဖြစ်တတ်ပါတယ်။ စာရေးသူ Greg McKeown ရဲ့ Essentialism မှာ ရိုးရှင်းပြီးလက်တွေ့ကျတဲ့ နည်းစနစ် ဥပမာတွေနဲ့ အရေးပါတဲ့အရာတွေကို အချိန်တိုအတွင်းမှာ စနစ်တကျစီမံခန့်ခွဲနည်းကို တွေ့ရှိရမှာပါ။ Effective Time Management ဖြစ်အောင်သုံးလိုရတဲ့ Essentialism ရဲ့ နည်းစနစ်အချိုကို အောက်မှာလေ့လာကြည့်ကြရအောင်.
Live by design, not by default
ဒီဇိုင်းချပြီးနေထိုင်ပါ၊ သာမာန်မနေပါနဲ့
မနက်မိုးလင်းလို အိပ်ရာထတာနဲ့ ပေါ်လာသမျှပြသနာတွေ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းရမှာ သာမာန်လူတစ်ယောက်ရဲ့ တာဝန်ပါပဲ။
Essentialist တစ်ယောက်ဟာ ပြသနာတိုင်းကိုဖြေရှင်းဖိုထက် ရေတို ရေရှည်မှာ ဖြစ်နိုင်တဲ့အကျိုးအကြောင်းကို စဉ်းစားပြီးဖြေရှင်းနိုင်တဲ့ Lifestyle တစ်ခုကို ကြိုတင်တည်ဆောက်ထားနိုင်ပြီး အဓိကကျတဲ့ ပြသနာတွေကို အချိန်တိုအတွင်းထိရောက်စွာဖြေရှင်းနိုင်ပါတယ်။ အရေးကြီးတဲ့ ပြသနာတွေကို အာရုံစိုက်နိုင်တာဟာ သင့် Time Management Skill ကို အရိုးရှင်းဆုံး မြှင့်တင်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုပါBurnout = Your Wake up call
နှုးချိမှု = မင်းရဲ့ နှိးဆော်သံ
ကိုယ်တွေလက်တွေမသယ်ချင်လောက်အောင် နှုးချိပြီး Burn out ခဏခဏဖြစ်နေပြီဆိုတာ သင့်အတွက် အရေးကြီးတဲ့အရာတွေကိုသာအာရုံစိုက်ဖိုလိုအပ်နေပြီလို သင့်ခန္ဒာကိုယ်ကအချက်ပြနေတာပါပဲ။ “သင့်ကိုယ်သင် ဂရုမစိုက်ရင် အခြားတစ်ယောက်(ဆရာဝန်)ကဂရုစိုက်ရလိမ့်မယ်” လို စာရေးသူကပြောပါတယ်။ Burnout ဖြစ်နေပြီဆိုရင် ကိုယ့် လုပ်ငန်းတာဝန်တွေနဲ့ ကိုယ့် Body ကိုဂရုစိုက်ပါ။ လိုအပ်သလောက်အနားယူပြီး အရေးမကြီးတဲ့အလုပ်တွေကို “No” ဆိုပြီးငြင်းနိုင်တဲ့ Skill ကိုမွေးမြူပါ။Cultivate inner clarity
ကြည်လင်တဲ့အတွင်းစိတ်ကို မွေးမြူပါ။
ကျွန်တော်တိုတွေကြုံရတဲ့ အဓိက Challenge တစ်ခု က ဆပ်ကပ်ထဲကလူရွှင်တော်တစ်ယောက် ပန်းသီးငါးလုံးကို Juggle လှည့်ပြသလို အလုပ်ပေါင်းမြောက်များစွားကို ဇယ်ဆက်သလို လှည့်ပြီးလုပ်နေရတာပါပဲ။ ဘယ်အလုပ်ကိုအရင်လုပ်ရမလဲဆိုတာကို Juggle လှည့်ရင်းစဉ်းစားနိုင်ဖို ကြည်လင်တဲ့အတွင်းစိတ်ကို အချိန်ပြည့်ရရှိနေနိုင်ဖိုလိုအပ်ပါတယ်။ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊မှတ်စုရေးခြင်း၊ Clear Goal သတ်မှတ်ခြင်းတိုဟာ သင်လိုအပ်တဲ့ ကြည်လင်မှုကို အမြဲတမ်းရရှိပြီး လိုအပ်သလို အချိန်ကို စီမံခန့်ခွဲနိုင်အောင်ကူညီပေးပါတယ်။“Essentialism is not about how to get more things done; it’s about how to get the right things done.”
“Essentialism ဟာ အလုပ်များများပိုပြီးဖိုမဟုတ်ပဲနဲ့ မှန်ကန်တဲ့အလုပ်တွေကို ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတဲ့နည်းဖြစ်ပါတယ်” လိုစာရေးသူကပြောထားပါတယ်။ဒီစာအုပ်ထဲကနည်းတွေဟာ တိုးတက်လာတဲ့အခုခေတ်နဲ့ကိုက်ညီမှုရှိပြီးတော့ Personal Life မှာတင်မက လုပ်ငန်းမှာပါ မလိုအပ်တဲ့အလုပ်တာဝန်တွေကိုလျှော့ချပစ်တာတွေ၊Focus Work Sections နဲ့ Flexible Work Schedule တွေကိုပါ ကုမ္မဏီတွေအနေနဲ့ အသုံးပြုပြီး Production power နဲ့ Efficiency ကို မြှင့်တင်တာတွေပြုလုပ်နိင်ပါတယ်။ -
Add to cart
📚စကားလုံးလေးတစ်လုံးနှစ်လုံးပြောင်း သုံးလိုက်ရုံနဲ့ မတူညီတဲ့ဘ၀ကို လက်တွေ့မြင်ချင်လား 📚
“Exactly What to Say: The Magic Words for Influence and Impact” 📚
by Phil M. Jones🏆 စွဲဆောင်မှုရှိတဲ့ စကားတွေရဲ့ သော့ချက်
-စကားလုံးတွေရဲ့လျှိဝှက်ချက်နဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖိုအတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေ ကို စာရေးသူ Phil M. Jones က လက်တွေ့အကောင်အထည်ဖော်လိုရတဲ့နည်းပညာတွေ🏆အံ့ဩမှင်သက်သွားစေနိုင်တဲ့ စကားလုံးတွေဖန်တီးမှုအနုပညာ
– စီးပွားရေး၊ လူမှုဆက်ဆံရေး၊ မိသားစု , မိမိနဲ့ပက်သက်ဆက်နွယ်နေတဲ့ သူတွေအားလုံး ကိုစကားလုံးတွေနဲ့ဖမ်းစားပြီး မှော်ဆရာတစ်ယောက်လို Showman ship အကောင်းဆုံးနဲ့ မိမိလိုချင်တဲ့ Target ကိုရယူနိုင်တဲ့ တော်ကီကြွယ်နည်း တွေရဲ့ လမ်းစတွေ🏆ကိုယ်ပြောသမျှလူတွေနားထောင်စေချင်ဖို
– စကားပြောကောင်းတယ်လို လူတွေကကိုယ့်ကိုပြန်ပြောရတဲ့အထိ အခြားသူတွေကိုလွှမ်းမိုးနိုင်တဲ့ Communication Skill ကို ဘယ်လို လေ့ကျင့်ရမလဲ ?စကားလုံးတွေရဲ့ အဓီပ္ပါယ်ကိုလေးလေးနက်နက်သိဖိုနဲ့ ဘယ်စကားလုံးကို ဘယ်အချိန်မှာသုံးရမလဲဆိုတဲ့ Articulation Skill ကို level up ဖိုလုပ်နိုင်တဲ့ Skill တွေဒီစာအုပ်ထဲမှာပါဝင်ပါတယ် ။

















