We’ll Prescribe You a Cat
19,500 Ks
ကျွန်တော်အလုပ်ထွက်ချင်တယ် ဆရာ။
“ဟုတ်လား ?” ဆရာဝန်ကပြန်ပြောတယ်
အဲ့လိုမျိုးလည်းမဟုတ်ဘူးဆရာ ကျွန်တော်ကနာမည်ကြီးကုမ္မဏီမှာလုပ်နေပေမယ့် အစေခံလိုနေ့တိုင်းအခိုင်းခံနေရလို့ အခုအလုပ်ကိုဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့နည်းလမ်းကိုသိချင်တာ။
“သဘောပေါက်ပြီ “ ဆိုပြီးဆရာဝန်ကအပြုံးနဲ့အတူ
ဒါဆို ကြောင်တစ်ကောင်ဆေးညွှန်းရေးပေးလိုက်မယ် တစ်ပတ်လောက်စမ်းကြည့်ပြီး တိုးတက်မှုရှိမရှိကိုကျွန်တော်တို့ကြည့်ကြတာပေါ့။ Nurse ကြောင်ကိုခေါ်ခဲ့ပါလို့ အနောက်ကိုလှမ်းပြောလိုက်တယ်။
“ထူးထူးဆန်းဆန်း ဆေးခန်းပါလား ဆေးပေးတာကို ကြောင်လို့ပြောတယ်” ဆိုပြီး Shuta တွေးမိလိုက်တယ်။
ခဏနေတော့ Nurse ဝင်လာပြီး လှောင်အိမ်တစ်ခုကို စားပွဲပေါ်တင်လိုက်တယ်။
ကြောင်……
ကြောင်မှ ကြောင်အစစ်…….
ရွှေဝါရောင်မျက်လုံးတွေနဲ့သူ့ကိုပြူးကြည့်နေတာ….
ဒါကိုတစ်ပတ်လောက်ဆေးစမ်းကြည့်ရအောင်။ “A cat a day keeps the doctor away “ ဆိုသလိုမျိုး ဒီနေရာမှာကြောင်တွေကအစွမ်းထက်လို့ တစ်ပတ်စာဆေးပေးလိုက်မယ်၊ လိုအပ်တာတွေကို အရှေ့ကောင်တာမှာသွားထုတ်ပြီးနောက်တစ်ပတ်မှပြန်လာခဲ့ပါ။ နောက်လူနာတွေရှိသေးလို့ ကျွန်တော်တို့သွားရမယ်လို့ပြောပြီး လှောင်အိမ်ကို Shuta ရဲ့ပေါင်ပေါ်တင်လိုက်တယ်။
———————————————————————————————————————————
ကျွန်တော်အိပ်မပျော်ဘူး။ ဒီမိန်းမရဲ့ အသံက ကျွန်တော့်အိမ်မက်ထဲအထိလိုက်ခြောက်လှန့်နေတယ်။ ကျွန်တော်ကောင်းကောင်းမအိပ်ရတာတော်တော်ကြာပြီ ဒီအတိုင်းဆက်သွားရင် ကျွန်တော်စိတ်လွတ်သွားနိုင်တယ်။
Koga တစ်ယောက် နီရဲပြီးပေါက်ကွဲထွက်တော့မတတ်မျက်နှာနဲ့ရင်ဖွင့်တယ်။
“ဟုတ်တယ် အိပ်မပျော်တာဟာ အရမ်းဆိုးရွားတယ်” လို့ကွန်ပျူတာကိုနှိပ်ရင်း ဆရာဝန်ကပြောတယ်။
ကြောင်တစ်ကောင်ဆေးညွှန်းရေးပေးလိုက်မယ် အခြေအနေတိုးတက်မှုကိုကျွန်တော်တို့စောင့်ကြည့်ရအောင်။
Nurse ကနီညိုရောင်ကြောင်တစ်ကောင်ကိုသယ်လာပြီးဆရာ့လက်ထဲထည့်ပေးလိုက်တယ်။
သူက အရမ်းတော်တဲ့ကြောင် အခြားလူနာတစ်ယောက်ကိုပေးရမှာရှိပေမယ့် ခင်ဗျားကအရေးကြီးလို့ သူ့ကိုဆယ်ရက်တော့ပေးထားလို့ရတယ် ပြီးရင်တော့ပြန်ပို့ပေးပါ လို့ပြောရင်း ဆရာကကြောင်ကို Kogaရဲ့ လက်ထဲထိုးထည့်လိုက်တယ်။
ခင်ဗျားလာနောက်နေတာလား လို့ Koga က ကြောင်တောင်တောင်နဲ့ဆရာဝန်ကိုပြန်ပြောတယ်။
မနောက်ပါဘူး.. ကောင်တာမှာ လိုအပ်တဲ့ ဆေးညွှန်းကိုယူပြီးပြန်လို့ရပါပြီ အပြင်ကစောင့်နေတဲ့လူနာကိုကျေးဇူးပြုပြီးအထဲလွှတ်ပေးပါလို့ပြောရင်း ဆရာဝန်ရဲ့မျက်လုံးက ကွန်ပျူတာဆီကိုပြန်ရောက်သွားတယ်။
————————————————————————————————————————————-
“Doctor Nikkie, တကယ်လို့တစ်ယောက်ယောက်လာပေမယ့် တံခါးကမပွင့်ရင်ဘယ်လိုလုပ်မလဲ ? “ Tomokaကမေးလိုက်တယ်။
“မပူပါနဲ့ မင်းပွင့်စေချင်တဲ့အချိန်မှာ ဒီတံခါးကိုဖွင့်လို့ရပါလိမ့်မယ် ဂရုစိုက်ပြီးပြန်ပါ” ဆိုပြီးညင်သာတဲ့အသံနဲ့ ဆရာဝန်ကပြန်ပြောတယ်။ လမ်းမကြီးပေါ်ပြန်ရောက်တဲ့အချိန်မှာ သူထွက်လာတဲ့လမ်းကြားလေးကိုပြန်မမြင်ရတော့ဘူး။ နောက်တစ်ခါပြန်လာရင် အခန်းတံခါးကသော့ပိတ်နေမလားလို့တွေးမိပေမယ့် သူပြန်လှည့်ကြည့်ဖို့မစဉ်းစားမိတော့ဘူး။
လိပ်စာအတိအကျမရှိတဲ့ဆေးခန်းတစ်ခုနဲ့ ကြောင်တွေကိုဆေးညွှန်းရေးပေးတတ်တဲ့ဆရာဝန်တစ်ယောက်၊ စိတ်ခံစားချက်တွေပြည့်နှက်နေတဲ့လူနာပေါင်းစုံနဲ့ မတူညီတဲ့ ကုထုံးတွေထဲမှာ အလုပ်၊မိသားစုနဲ့ ရင်းနှီးမှုတွေကြားက မျှော်လင့်ချက်တွေကိုရှင်သန်နေအောင်ဘယ်လိုထိန်းသိမ်းကြမလဲ ?
ဝန်ထမ်းတစ်ယောက်, အမေတစ်ယောက်, လုပ်ငန်းပိုင်ရှင်တစ်ယောက်, Geisha တစ်ယောက်စတဲ့လူတွေရဲ့ ဘ၀ကို ဒီဆေးခန်းလေးကဘယ်လိုကုစားပေးသလဲဆိုတဲ့ ဇာတ်လမ်းလေးကို Japanese Best Seller စာအုပ်ဖြစ်တဲ့ “ We’ll Prescribe You a Cat” နဲ့အတူတူခံစားလိုက်ရအောင်။







Reviews
There are no reviews yet.