Limitless : Upgrade Your Brain, Learn Anything Faster, and Unlock Your Exceptional Life
23,500 Ks
မေ့တတ်တဲ့သူတစ်ယောက်ဆိုရင်
Knowledge is Power ဆိုတာ မှန်သလား?
နေ့တိုင်း စာအုပ်တွေ ဖတ်၊ Video တွေ Podcasts တွေ ကြည့်ပြီး လက်တွေ့ အသုံးမချနိုင်ရင် စာအုပ်ကြီး အတိုင်းဖြစ်ပြီး ပုံပြင်တွေ ပြောတတ်တဲ့ အဘိုးအိုကြီး တစ်ယောက်လိုပဲ ဖြစ်နေမှာပါ။
သင်ယူနေတဲ့အရာတွေကို အကောင်းဆုံး အသုံးချနိုင်ခြင်းကသာလျှင် အမှန်တကယ် စစ်မှန်တဲ့ Power ဖြစ်တယ်။ “Jim Kwik”
Elon Musk , Will Smith တိုက Jim Kwik ကို သူတိုရဲ့ Brain Coach အနေနဲ့ အားကိုးခဲ့တယ်။
Jim Kwik က ကမ္ဘာ ကျော် ဦးနှောဏ်တွေကို Train ပေးခဲ့တဲ့ သူတစ်ယောက်ပေါ့။
Jim Kwik က ငယ်ငယ် က ဖြစ်ရပ်တစ်ခုကြောင့် ဦးနှောဏ်ထိခိုက်မှု ဖြစ်ခဲ့ပြီး စာ ဘယ်လိုမှ မလုပ်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တယ်။ နှစ်တွေ အကြာကြီး ဒုက္ခရောက်ပြီးတော့ နောက်ပိုင်းမှာ သူက ဦးနှောဏ်ရဲ့ အလုပ်လုပ်ပုံ အကြောင်းတွေကို အကောင်းဆုံး နားလည်လာခဲ့တယ်။ အဲ့ဒီနည်းလမ်းတွေပေါင်းပြီး Limitless စာအုပ်ဖြစ်လာခဲ့တယ်။
စာအုပ်ထဲက အချက်တွေကတော့
Upgrade your Mindset
တစ်လောကလုံးမှာ လူ ၂ မျိုးပဲ ရှိတယ်။
” တစ်ခြားသူ ချမှတ်ထားတဲ့ ဘောင် ထဲမှာ နေတဲ့သူ”
” ကိုယ်ပိုင် ဘောင် ထဲမှာ လှောင်ပိတ်မိနေသူ”
အောင်မြင်တဲ့ သူတွေက ဘယ်ထဲမှာ ပါမယ်ထင်လဲ?
ဘယ်မှာမှ မပါဘူး။
သူတိုက သူကို ကိုယ်ပိုင် ချမှတ်ထားတဲ့ စည်းဘောင်တွေကို ကျော်လွန်ပြီး သူတို မဖြစ်နိုင်ဘူးလို ထင်ခဲ့တဲ့ အရာတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်လိုပဲ။
ကိုယ့်ကိုယ်ကို မကောင်းပြောပြီး လုပ်နိုင်မယ့်အရာတွေကို တားမြစ်တတ်တဲ့ Negative Self Talk တွေကို အရင် ဖျောက်ပါ။ မလုပ်နိုင်ဘူး ထင်တဲ့ စိတ်တွေကို ဖျောက်ပါ။ ကိုယ့်ကိုယ်ကို ခတ်ထားတဲ့ ဘောင်တွေထဲကနေ ရုန်းထွက်ပါ။
Sustainable Motivation (PxExSSS)
တစ်သမတ်တည်း ဖြစ်နေတဲ့ Motivation ရှိဖိုဆိုရင်
Purpose ရှိရမယ်
Energy ပြည့်နေရမယ်
Small Simple Steps တစ်လှမ်းချင်းဆီ တစ်ခုချင်းဆီ စ လုပ်ရမယ်။
ခုချက်ချင်း စလုပ်ရမယ့် အရာလေးတွေကို စဉ်းစားရမယ်။
Upgrade Your Methods
သင်ယူဖိုအတွက် နည်းလမ်း အသစ်တွေကို ရှာဖွေပါ။
စာအုပ်ကတော့ သင့်ကိုယ်သင် ခတ်ထားတဲ့ ဘောင်တွေထဲကနေ သင့်ကို ခေါ်ထုတ်သွားမယ့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
Jim Kwik က သင့်ကိုယ်သင် မယုံကြည်ထားတဲ့ အောင်မြင်မှုတွေဆီကို ခေါ်ဆောင်သွားမှာ ဖြစ်လို သင်ယူရင်း ဖတ်လို ကောင်းတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။







Reviews
There are no reviews yet.