Sale!

Japanese Wisdom Collection

Original price was: 58,500 Ks.Current price is: 55,575 Ks.

အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုပိုင်ဆိုင်စေမယ့် Japanese Wisdom စာအုပ်သုံးအုပ်

(Wabi Sabi, Ikigai and Zen)

 

စာဖတ်နေသူတွေအတွက် ကျွန်တော့်မှာမေးခွန်းတစ်ခုရှိတယ်။

ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကြည်လင်နေတဲ့ကောင်းကင်ကြီးကလှလိုက်တာဆိုတဲ့ ခံစားမှုကို ဘယ်အချိန်ကနောက်ဆုံးရရှိခဲ့သလဲ ?

 

“အိပ်ရာထ, အလုပ်သွား, ပြန်လာ, အနားယူ, အိပ်ရာဝင် လကုန်ရင် လိုချင်တာလေးတစ်ခုဝယ် ဒီအတိုင်းပဲနေ့စဉ်ပြန်လုပ်” 

စက်ရုပ်တစ်ရုပ်လိုနေ့စဉ်လှုပ်ရှားသွားလာနေတာကိုကိုယ်တိုင်သတိထားမိရဲ့လား? 

စိန်ခေါ်မှုပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့လောကကြီးမှာ ပြိုင်ကားမောင်းနေသလိုဘ၀ကိုမောင်းနှင်နေကြတာကိုခဏလောက် အရှိန်လေးလျော့ပြီးဘေးဘီဝဲယာကိုကြည့်လိုက်ရင် သင်သတိမထားမိတဲ့အလှတရားတွေကိုရှာတွေ့ပါလိမ့်မယ်။

 

Wabi Sabi – မပြည့်စုံခြင်းကိုလက်ခံနိုင်မှု

စိန်ကောင်းတစ်လုံးဟာအနာနဲ့မကင်းသလို အောင်မြင်တဲ့လူတိုင်း ကျရှုံးမှုနဲ့မကင်းပါဘူး။

Imperfection ဆိုတဲ့မပြည့်စုံမှုကိုလက်ခံနိုင်ဖို့ထက် အရာရာကို Perfect ဖြစ်အောင်ကျင့်ကြံနေထိုင်ဖို့ကျွန်တော်တို့ ရိုက်အသွင်းခံခဲ့ရတယ်။ ဘယ်တော့မှမရနိုင်မယ့် Perfection ဆိုတဲ့အရာနောက်လိုက်ရင်း အလိုမကျမှု မကျေနပ်မှုတွေနဲ့နေထိုင်မယ့်အစား ဒီမပြည့်စုံတဲ့အားနည်းချက်ကလေးတွေကိုလက်ခံပြီး ပိုမိုကောင်းမွန်တဲ့အရာတွေကိုတည်ဆောက်ရပါမယ်။ 

 

Ikigai – ရည်မှန်းချက်နဲ့နေထိုင်မှု

လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုနဲ့ အမြဲနေထိုင်ကြတယ်။ သင်မနက်တိုင်းအိပ်ရာထတဲ့ရည်ရွယ်ချက်ကဘာလဲ?။  သင်လိုအပ်တဲ့အရာ၊ လုံလောက်တဲ့ဝင်ငွေ၊ သင့်ကျွမ်းကျင်မှုနဲ့ ပတ်ဝန်းကျင်ရဲ့လိုအပ်မှုစတဲ့ အရာတွေနဲ့ကိုက်ညီတဲ့ ဘ၀တစ်ခုကိုနေထိုင်နိုင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ကိုက်ညီမှုမရှိရင် ပဲ့ကိုင်သူမရှိတဲ့လှေတစ်စီးလို လောကလှိုင်းတံပိုးကြားထဲမှာသင်ဟာလွင့်မျောနေဦးမှာပါ။ Ikigai နဲ့နေထိုင်ခြင်းဟာ ပူလောင်ခြင်း အလျင်းကင်းစွာနဲ့ သင့်ရည်မှန်းချက်ကိုရောက်ရှိနိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

 

Zen- ပစ္စုပ္ပန်မှာနေထိုင်မှု

အတိတ်ကိုတွေးပြီး နောင်တရတတ်သလို အနာဂတ်ကိုတွေးပြီး လူတွေကအမြဲပူပန်ကြတယ်။ ပစ္စုပ္ပန် မှာဘာဖြစ်နေလဲဆိုတာကိုခံစားဖို့ထက် အတွေးတွေထဲလှောင်ပိတ်ပြီး ဒီကန့်သတ်ချက်ကလေးထဲမှာပဲနေရတာကို ပုံမှန်ပဲလို့ ထင်နေကြတယ်။အတွေးတွေကိုခဏလောက်ရပ်ပြီး လက်ထဲကဖုန်းလေးခဏချပြီး လက်ရှိဘာဖြစ်နေလဲဆိုတာကိုကြည့်လိုက်ပါ။ လမ်းပေါ်မှာသွားလာနေတဲ့လူတွေ၊ သစ်ပင်တွေကြားထဲကလေတိုးသံတွေ၊ လုပ်ငန်းခွင်ထဲကအသံတွေ ကိုသေချာသတိထားမိတဲ့အချိန်မှာ သင့်ရဲ့ဖြစ်တည်မှုကိုခံစားရပါလိမ့်မယ်။

Wabi Sabi, Ikigai နဲ့ Zen တို့ပေါင်းစပ်မှုဟာ ငြိမ်းချမ်းပြီးအဓိပ္ပါယ်ရှိတဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ကိုတည်ဆောက်တာနဲ့တူပါတယ်။

Ikigi ဟာသင့်ရည်ရွယ်ချက်အတွက်အရေးကြီးတဲ့အရာတွေကိုအာရုံစူးစိုက်စေရင်း  Wabi Sabi ဟာ Perfect မဖြစ်တဲ့လောကကြီးမှာနေထိုင်နည်းကိုသင်ပေးပြီး ရှိနေတဲ့အချိန်တိုင်းမှာအသိသတိနဲ့ကြည်နူးမှုကိုရယူစေနိုင်ဖို့အတွက် Zen ကကူညီပေးပါလိမ့်မယ်။ 

Original price was: 19,500 Ks.Current price is: 18,525 Ks.
Original price was: 19,500 Ks.Current price is: 18,525 Ks.
Original price was: 19,500 Ks.Current price is: 18,525 Ks.
Sale!

Reviews

There are no reviews yet.

Be the first to review “Japanese Wisdom Collection”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop