Beyond Order : 12 More Rules for Life
29,500 Ks
🙏အစီအစဉ်မကျမှု တလွဲတချော်ဖြစ်မှုတွေနဲ့ အတူတကွနေထိုင်နည်း ၁၂ ချက် – Part 1 🙏
ဘယ်လောက်ပဲအစီအစဉ်ကျအောင်လုပ်လုပ် တလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။
No matter how much we try to set things in order, Chaos is bound to happen.
👥ဒါတွေကကျွန်တော်တိုအားလုံးဖြစ်နေကျခံစားမှုတွေပါ။ ကျွန်တော်တိုကစနစ်တကျစီစဉ်ထားတယ်။ ဒါပေမယ့်လောကကြီးက တလွဲတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခု၊ အလေ့အကျင့်တစ်ခုလုပ်ဖိုတောင် ဘာတွေသောက်တလွဲဖြစ်ဦးမလဲဆိုတဲ့အတွေးနဲ့ စိုးရိမ်ပူပန်နေတာနဲ့ တင် အလုပ်တွေနှောင့်နှေးနေတာတွေဖြစ်တတ်ပါတယ်။
ဒီလို တလွဲတချော်ဖြစ်နေမှုတွေနဲ့ အစီအစဉ်တကျအလုပ်ဖြစ်မှုဆိုတဲ့အရာနှစ်ခုကြားမှာဘယ်လိုနေထိုင်ရမလဲ ?အဆိုး အကောင်းနှစ်ခုကိုဒွန်တွဲပြီး သာတူညီမျှ ဖြစ်တဲ့ဘ၀ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို Jordan Peterson ရဲ့ Beyond Order မှာဖော်ပြထားပါတယ်။
🏷Beyond Order ဟာ Jordan Peterson ရဲ့ Bestseller ဖြစ်တဲ့ 12 Rules for life ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာ တလွဲတချော်ဖြစ်မှုတွေနဲ့ အစီအစဉ်ကျမှုတွေကြားမှာ သာတူညီမျှစွာနေထိုင်နိုင်မဲ့နည်း တွေကို ရှင်းပြထားပါတယ်။ ဒီနည်းတွေကို အတူတူလေ့လာကြည့်ရအောင်
🏢1. Do not carelessly denigrate social institutions or creative achievement.🏢
အဖွဲအစည်းတွေနဲ့ တီထွင်အောင်မြင်မှုတွေကို ဂရုမစိုက်ပဲ မရှုချပါနှင့်
တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ ဆိုတဲ့စကားပုံလိုပဲ လူသားတိုးတက်မှုမှာ အဖွဲအစည်းတွေက အရေးကြီးပါတယ်။ မိမိကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ ပညာသင်ပေးနိုင်တဲ့ Mentor တွေ လက်တွေ့ယူရမယ့် Experience တွေဟာ အဖွဲအစည်းတွေမှာရှိပါတယ်။အဖွဲအစည်းတစ်ခုထဲကိုရောက်ရင် Complain တွေတက်ပြီးအမုန်းပွားနေမယ့်အစား ကိုယ့်ကို အပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့အတူ မိမိရဲ့ဘ၀ကို တိုးတက်အောင်ရှာဖွေပါ။ တီထွင်ကြံဆမှုတွေကိုလေ့လာပါ။
🏃♂️2. Imagine who you could be and then aim single-mindedly at that.🏃♂️
ကိုယ်ဘာဖြစ်နိုင်လဲဆိုတာကိုတွေးပြီး အဲ့ဒီ့အရာတစ်ခုတည်းကိုဦးတည်ပြီးအလုပ်လုပ်ပါ
“ Hero တစ်ယောက်ဆိုတာ ပြီးပြည့်စုံအောင်ဖွံဖြိုးတိုးတက်ပြီးတဲ့ ကိုယ်ပိုင်အရည်အချင်းရဲ့ ဥပမာတစ်ခုဖြစ်တယ်” လို စာရေးသူကပြောထားပါတယ်။ငယ်ရွယ်စဉ်တုန်းက ကျွန်တော်တိုတွေဟာ Batman, Spiderman တိုလိုမျိုး Hero တွေကိုသဘောကျခဲ့သလို အခု ကျွန်တော်တိုလက်တွေ့မြင်ရတဲ့ Elon Mask တို Jeff Bezos တိုလိုမျိုး Hero တွေဖြစ်အောင် ကြိုးစားချင်တယ်မဟုတ်လား။ကိုယ် အားကျတဲ့ Hero တစ်ယောက်လို ကိုယ့်ကိုယ်တိုင်စိတ်ကူးယဉ်ပြီး သူကြုံခဲ့တဲ့အခက်အခဲတွေ ကိုရင်ဆိုင်သလိုမျိုး ရင်ဆိုင်ပြီး ရှေ့လျှောက်မယ့်လမ်း ကကျန်တဲ့မလိုတဲ့ အရာတွေကိုဖယ်ထုတ်နိုင်ရပါမယ်။
🌫3. Do not hide unwanted things in the fog.🌫
မလိုချင်တဲ့အရာတွေကို မီးခိုးငွေ့တွေထဲဖုံးကွယ်မထားပါနဲ့
အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်တော်တိုလုပ်မိတတ်တာက အဲ့ဒီ့အရာတွေကို မမြင်ရအောင်ဖုံးကွယ်ထားဖိုကြိုးစားတာပါပဲ။ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆင်မပြေကြောင်း တိုက်ရိုက်ပြောဖိုထက် အဲ့ဒီ့အရာကိုဖုံးကွယ်ပြီးအခြားအကြောင်းကိုပြောဖို ကျွန်တော်တိုပိုပြီး ကြိုးစားတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖုံးကွယ်ထားတဲ့အရာတွေဟာ ရုတ်တရက်ပေါ်ပေါက်လာတော့မှ အငိုက်မိပြီး ပြသနာတွေဟာ မထင်မှတ်ထားပဲအရမ်းကြီးမားသွားတတ်ပါတယ် ။ အခက်အခဲတွေကို ဖုံးကွယ်ဖိုမကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေးကိုမွေးမြူမှသာ ကျွန်တော်တို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။
🌻4. Notice that opportunity lurks where responsibility has been abdicated.🌻
တခြားသူတွေတာဝန်မယူရဲတဲ့နေရာတွေမှာ အခွင့်အလမ်းတွေရှိနေတတ်တာကိုသတိပြုပါ
ဒီနေရာမှာ မင်မင်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု Share ချင်ပါတယ်။ အလုပ်မှာပွဲတစ်ခုစီစဉ်တုန်းက အစားအသောက်အတွက်ဘယ်သူမှတာဝန်ယူမယ့်သူမရှိတဲ့အချိန်မှာ မင်မင် က Volunteer အနေနဲ့တာဝန်ယူခဲ့မိပါတယ်။ ဘာမှသိပ်မတွေးပဲပုံမှန် အတိုင်းကူညီချင်ရုံသတ်သတ်နဲ့ တာဝန်ယူလိုက်တာရဲ့ အကျိုးဆက်က အလုပ်မှာ ရှိတဲ့လူအားလုံးနဲ့ ရင်းနှီးမှုပိုရခဲ့တဲ့အပြင် အရင်က သိပ်မတည့်တဲ့သူတွေပါကိုယ်နဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး မင်မင့်ကို ဒီ Page ကလေး run ဖိုတွန်းအားပေးတဲ့ ဆရာကောင်းတွေနဲ့လည်းကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက တာဝန်သာမယူခဲ့ရင် ဒီ Page လေးဖြစ်လာဖိုဆိုတာလည်းအချိန်တစ်ခု ထပ်ကြာနေဦးမှာပါ။
⛔️5. Do not do what you hate.⛔️
မင်းမုန်းတဲ့ အလုပ်ကိုမလုပ်ပါနဲ့
“ဟိုး….. ထား ဆရာသမား” မုန်းတဲ့အလုပ်ကိုမလုပ်နဲ့ဆိုလို ကိုယ်မကြိုက်တဲ့အရာမှန်သမျှမလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်မုန်းတဲ့အရာတွေဆိုတာ ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ၊သူများအတွက်လည်းစီးပွားမဖြစ်ထွန်း ၊ ပတ်ဝန်းကျင်ကလည်းလက်မခံနိုင်တဲ့ အရာတွေကိုပြောတာနော်။ ကိုယ့်အလုပ်ကို ကိုယ်မကျေနပ်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဘာပြောင်းလဲနိုင်သလဲအရင်စဉ်းစားပြီး တိုးတက်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးပါ။ အလုပ်က မပြောင်းလဲပေးနိုင်ဘူး ဆိုရင် အားလပ်ချိန်မှာ ကိုယ့် Personal Life ကိုတိုးတက်အောင်လုပ်ပြီး ဒီအလုပ်ကထွက်နိုင်မယ့်နည်းလမ်းကိုရှာပါ။
📡6. Abandon ideology.📡
အယူဝါဒတွေကိုလက်ကိုင်စွဲမထားပါနဲ့
Ideology တွေဟာ Smart ဖြစ်တဲ့ ငပျင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။( မယုံရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ)။ နီတိတွေကျမ်းတွေ နဲ့ လူကြီးတွေပြောတဲ့ ဆုံးမမှုတွေဟာ အတိုင်းအတာတစ်ခု အထိလက်ခံကျင့်သုံးလိုကောင်းပါတယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ရှေးဦးစာအုပ်တွေထဲကအတိုင်း လိုက်နေလိုကတော့ ကျွန်တော်တိုရဲ့တက်လမ်းကို စာအုပ်တွေထဲက နိယာမတွေနဲ့ပိတ်မိထားသလိုဖြစ်နေမှာပါ။ လွတ်လပ်စွာတွေးခေါ်ပါ။ စွန့်စားမှုကိုလက်သင့်ခံပါ။ မိမိလက်ခံထားတဲ့ မိမိရဲ့ ယုံကြည်မှုကို မေးခွန်းထုတ်ပြီး လိုက်လျောညီထွေနေနိုင်အောင် Upgrade လုပ်ပါ။
💪7. Work as hard as you possibly can on at least one thing and see what happens.💪
တစ်ခုကို ရှိသမျှအားအကုန်စိုက်ပြီးအလုပ်လုပ်ကြည့်ပြီး ဘာဖြစ်လဲစောင့်ကြည့်ပါ
သင်မအောင်မြင်သေးတာမဟုတ်ပါဘူး ဖြစ်ချင်တာတွေအရမ်းများနေတာပါ။ ဆရာဝန်ကြီးဖြစ်ချင်တာလား ? အင်ဂျင်နီယာကြီးဖြစ်ချင်တာလား ? Vlogger ကြီးဖြစ်ချင်တာလား ? Influencer ကြီးဖြစ်ချင်တာလား ? ဖြစ်ချင်တာတွေတော့အရမ်းများပါရဲ့ အခုအချိန်ထိတော့ဘာမှတော့ဖြစ်မလာသေးဘူး လုပ်တာကတော့အကုန်လုပ်နေတာပဲ..
အကုန်မလုပ်ပါနဲ့။ တစ်ခုတည်းကိုအချိန်အတိုင်းအတာတစ်ခုအထိအားစိုက်အလုပ်လုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။ အောင်မြင်တဲ့သူတိုင်းဟာ နေရာတိုင်းမှာမတော်ကြပါဘူး။ ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ Skill နဲ့ အလုပ်လုပ်နိုင် တာဟာ သင့်အောင်မြင်မှုရဲ့လမ်းစတစ်ခုဖြစ်ပါတယ်။
💐8. Try to make one room in your home as beautiful as possible.💐
မင်းအိမ်က အခန်းတစ်ခန်းကို လှနိုင်သမျှလှအောင်ထားပါ။
စားပွဲပေါ်ကပန်းအိုးသေးသေးလေးတစ်လုံးလိုမျိုးရိုးရှင်းတဲ့ မြင်ကွင်းလေးတစ်ခုဟာ အံ့ဩဖွယ်ကောင်းတဲ့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်ပါတယ်။ တွေးကြည့်လိုက်ပါ ခင်ဗျားအလုပ်ကနေတစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ သန့်ရှင်းလတ်ဆတ်နေတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ ဘယ်လောက်တောင်စိတ်ချမ်းသာသွားလိမ့်မလဲ ဆိုတာ။ တကယ်လိုအခန်းတစ်ခန်းလုံးအတွက်အချိန်မရှိဘူး ဆိုရင်တောင် ဘုရားစင်ထဲက ဘုရားပန်းလေးလဲတာ သောက်တော်ရေလဲတာလေး နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်ဘ၀အတွက် အေးချမ်းတဲ့နေရာတစ်ခု ဟာ သင့်အိမ်မှာနေ့စဉ်ရှိနေပါလိမ့်မယ်။
📝9. If old memories still make you cry, write them down carefully and completely. 📝
အတိတ်ကအကြောင်းအရာတွေနဲ့မျက်ရည်ကျမိနေသေးရင် သေသေချာချာပြည့်ပြည့်စုံစုံ ရေးချပါ။
ဆုံးရှုးမှုဟာ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တိုချစ်တဲ့အရာတွေနဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေဟာ မေ့ပစ်ဖိုအရမ်းခက်ခဲပါတယ်( ဥပမာ မိသားစုဝင်တွေ တိရစ္ဆာန်လေးတွေ) ။ ဒီအရာတွေကို ကျွန်တော်တိုထပ်ခါတလဲလဲပြန်တွေးမိရင်း ဖြေသိမ့်မှုမရနိုင်ပဲ လိပ်ခဲတည်းလည်းဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတ်ပါတယ်။ ကျွန်တော်တိုတွေ လွတ်မြောက်မှုနဲ့ဖြေသိမ့်မှုရရှိနိုင်ဖိုကအတွက် သူတိုနဲ့ ပက်သက်တဲ့ သတိရမှု လွမ်းဆွတ်မှုတွေကို စာရွက်တွေပေါ်မှာချရေးထားပြီး လိုအပ်တိုင်းထုတ်ဖတ်ပါ။သင့်ဘ၀ထဲမှာ သူတိုတွေအကောင်းဆုံးဖြစ်အောင်သူတိုကြိုးစားခဲ့ပြီးပါပြီ သူတိုတွေဂုဏ်ယူရအောင် ကြိုးစားဖိုက သင့်တာဝန်ပါ။
💓10. Plan and work diligently to maintain the romance in your relationship.💓
အချစ်တွေဆက်လက်ရှင်သန်နေဖို အစီအစဉ်ချပြီး ကြိုးစားအားထုတ်ပါ။
ချစ်နေရင်ပြီးရော ဆိုတဲ့ စကားလုံးက တကယ့်လက်တွေ့ဘ၀နဲ့ ထပ်တူကျမနေပါဘူး။ အိမ်ထောင်ဖက်ဘ၀မှာ မိသားစုဘ၀မှာ ရေရှည်တည်မြဲနေဖိုအတွက်အားစိုက်ထုတ်မှုတွေ နားလည်မှုတွေ ရှိရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေနဲ့ လိုအင်တွေကို နားလည်သဘောပေါက်ပြီး လေးစားမှုအပြည့်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်မှုဟာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုအားသစ်လောင်းစေပါတယ်။
အချစ်ရေးနဲ့ မိသားစုမှာ အဆင်ပြေမှုဟာ သင့်အောင်မြင်မှုဆီကို အမြန်ဆုံးရောက်အောင်တွန်းအားပေးနိုင်တဲ့ အစွမ်းအထက်ဆုံးသောအရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုဂရုစိုက်ဖိုမလစ်ဟင်းမိပါစေနဲ့ ။
💢11. Do not allow yourself to become resentful, deceitful, or arrogant. 💢
ကိုယ့်ကိုကိုယ် နာကြည်းမှု ၊ လှည့်စားမှု နဲ့ မာနထောင်လွှားမှုတိုရဲ့သားကောင်အဖြစ်မခံပါနဲ့
ဘ၀ရဲ့ ထိုးနှက်မှုတွေအများကြီးကို သင်ခံစားဖူးခဲ့ပြီးပါပြီ။ အောင်မြင်မှု၊ ကျရှုးမှု၊ နောက်ကျောဓားနဲ့အထိုးခံရမှု၊ ကွယ်ရာမှာအပုတ်ချခံရမှု စသည်ဖြင့်အခြေအနေအမျိုးမျိုးက သင့်ကို ဒီနေရာရောက်အောင် တွန်းပိုခဲ့တာမဟုတ်ပါလား။ အတိတ်ကအရာတွေကိုပြန်တွေးမိတဲ့အချိန်မှာ နာကြည်းမှု၊ ခံပြင်းမှုတွေနဲ့ မိမိကိုယ်ကိုယ်ပိတ်လှောင်မိနေခြင်းဟာ အဆိုးဝါးဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ အရင်ကဖြစ်ခဲ့တဲ့အရာတွေကို လက်ခံလိုက်ပါ သူတိုဟာသင့်ကို ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့တာပါ။ ဒီသင်ခန်းစာတွေကိုပဲ ရင်ထဲမှာသိမ်းထားပြီးရှေ့ဆက်မယ့်လမ်းမှာ လက်နက်အဖြစ်အသုံးချပါ။
🕊12. Be grateful in spite of your suffering. 🕊
သင့်ရဲ့ အခက်အခဲတွေနဲ့ နာကျင်မှုတွေကိုကျေးဇူးတင်ပါ
မီးပူပူထဲ အကြိမ်ပေါင်းများစွာဖြတ်သန်း၊ တူနဲ့ ထုရိုက်မှုပေါင်းမြောက်များစွာကိုမခံယူပဲနဲ့ ဓားကောင်းတစ်ချောင်းဖြစ်မလာသလို အခက်အခဲတွေကို မရင်ဆိုင်ပဲနဲ့လဲ လူတော်လူကောင်းတစ်ယောက်ဖြစ်မလာပါဘူး။ ကျွန်တော်တိုလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ ဘယ်သူ့ကိုမှပြောပြလို နားမလည်နိင်လောက်တဲ့ ကိုယ်ကိုယ်တိုင်ပဲသိတဲ့ နာကျင်မှုတွေဟာ ကျွန်တော်တိုကို အကောင်းဆုံးသင်ခန်းစာတွေပေးခဲ့တာပါ။ဒါကြောင့် အခက်အခဲတွေထပ်ရင်ဆိုင်လာရရင် စိတ်ညစ်မယ့်အစားကျေးဇူးတင်ပါ။ ဘာလိုလဲဆိုတော့ သူတိုဟာ ကျွန်တော်တိုအတွက်အကောင်းဆုံးသင်ခန်းစာတွေထပ်ယူလာပေးတယ်ဆိုရင်လည်းမမှားပါဘူး။
📔Beyond Order ဟာ ဘ၀ရဲ့ ရှုပ်ထွေးမှုတွေကို ခံနိုင်ရည်အပြည့်နဲ့ ခွန်အားရှိရှိရင်ဆိုင်နိုင်အောင် ညွှန်ပြပေးတဲ့ လမ်းပြမြေပုံတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောကကြီးကကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့အချိန်မှာတောင် ကိုယ့်ဘ၀ကို ကျေနပ်ဖိုက ကိုယ့်မှာပဲတာဝန်ရှိတဲ့အကြောင်းကို Dr. Jordan Peterson က စာအုပ်ထဲမှာလှပစွာရှင်းပြထားပါတယ်။
သင့်ဘ၀အတွက် လိုအပ်တဲ့ Balance ကိုရှာဖွေဖို အသင့်ဖြစ်နေပြီဆိုရင်တော့ Beyond Order ကို Airplane Bookstore မှာ အဆင်သင့်မှာယူလိုရပါတယ်။ ဒီစာအုပ်ထဲကဘယ်နည်းတွေကိုသင်အသုံးချဖိုစဉ်းစားထားသလဲ? တခြားသူတွေလည်း ဒီလိုအသိဉာဏ်တွေတိုးပွားအောင် ဒီ Post လေးကို ကူ Share လိုက်ပါ။
Book Title – Beyond Order : 12 More Rules for Life
Author – Jordan Peterson
Price – 19,500 MMK







Reviews
There are no reviews yet.