100$ Start up
21,500 Ks
🏢 ဝန်ထမ်းဘဝကို ငြီးငွေ့နေပြီလား။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေပြီလား။ သိုသော်လည်း မစွန့်စားရဲမှု၊ ငွေကြေးမလုံလောက်မှု၊ အခြားခြားသောအကြောင်းပြချက်တွေနဲ့ နှောင့်နှေးနေတုန်းပဲလား။
📙 The $100 Startup စာအုပ်က သင့်ကို 9 to 5 ဝန်ထမ်းဘဝကနေလွတ်အောင် သင့်ရဲ့ passion, skill ပေါင်းစပ်ပြီး ဒေါ်လာ၁၀၀ ဝန်းကျင် အရင်းအနှီးလောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတည်ထောင်နိုင်အောင် ပြောပြပေးမှာပါ။
“Plans are only good intentions unless they immediately degenerate into hard work.”
– Chris Guillabeau
📚 The $100 Startup စာအုပ်က Chris Guillebeau ရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ဖိုအတွက် ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။ အရင်းအနှီး ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ပြီး ငွေများများရှာခဲ့တဲ့ လူ ၁၅၀၀ ရဲ့အကြောင်းများအနက် စိတ်ဝင်စားစရာအကောင်းဆုံး case အခု ၅၀ ကို ယခုစာအုပ်မှာ ထုတ်နုတ်ထားပါတယ်။
📃 သူ့ရဲ့case study တွေအရ Chris က သင်ဆိုဖာပေါ်ကနေပဲ သင့်ရဲ့ passion, skill တွေနဲ့ income ရှာဖွေနိုင်တဲ့ step-by-step framework ကို ယခုစာအုပ်မှာ တင်ပြထားပါတယ်။ သင်စတင်နိုင်ဖို ဒီစာအုပ်ကနေရမယ့်သင်ခန်းစာတွေထဲက (၃)ခု ဖော်ပြလိုက်ပါတယ်။
◾️ ပထမတစ်ခုက passion က equation ရဲ့သုံးပုံတစ်ပုံပဲရှိပါသေးတယ်။ သင် skill တွေရယ်၊ customer တွေ လိုပါသေးတယ်။ ကိုယ့်မှာရှိတဲ့ skill တွေနှင့် ကိုယ့် passion ကိုက်ညီမှုရှိရပါမယ်။ ပြီးတော့အဲ့ skill တွေနဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ နောက်တော့ customer တွေ သင့်ကို ဒီအတွက်ငွေပေးသွားမှာပါ။
◾️ ဒုတိယတစ်ခုက low cost မှာ အာရုံစိုက်ပြီး သင့်ရဲ့ဝါသနာကို အမြတ်ရှိတဲ့လုပ်ငန်းတစ်ခု တည်ထောင်ရမယ်။ တစ်ယောက်ယောက်က ငွေမပေးချေသရွေ့တော့ သင့်ရဲ့ passion business က ဝါသနာအနေနဲ့ပဲရှိပါသေးတယ်။ သင့်အနေနဲ့ လုပ်ငန်းရဲ့ funding, income ကိုမြှင့်ပြီး cost ကို လျှော့ချနိုင်အောင် ကြိုးစားနေရမှာပါ။
◾️ တတိယတစ်ခုက action always beats planning ပါ။ ဒါကြောင့် သင့် plan တွေကို အတတ်နိုင်ဆုံး simple ဖြစ်အောင်လုပ်ပါ။ သင့်ရဲ့business plan ကို စာရွက်တစ်ရွက်ထဲနဲ့ပြီးအောင် အတတ်နိုင်ဆုံးအရိုးရှင်းဆုံး ပြုလုပ်ပါ။ သင်ဘာကိုရောင်းမှာလဲ၊ ဘယ်သူ့ကိုလဲ၊ သူတိုက သင့်ပစ္စည်းကိုဘာကြောင့်ဝယ်ယူရမှာလဲ၊ ပြီးတော့သင်ဘယ်လိုငွေပေးချေခံရမလဲ စတဲ့အရာတွေမှာ အာရုံစိုက်ပြီး မေးခွန်းတွေထုတ်ပါ။
ဥပမာ- ကိုယ်က မွေးခါစကလေးငယ်တွေနဲ့ အလုပ်မအားလပ်တဲ့ single mom တွေကို ဒီအချိန်အခိုက်အတွင်းမှာ သူတိုကိုယ်အလေးချိန်ကို ထိန်းသိမ်းလျော့ချနိုင်အောင် custom diet plans တွေကို တစ်လ ဒေါ်လာ၅၀ နဲ့ PayPal payment နဲ့ ရောင်းမယ်ပေါ့။
❔ ဘယ်သူတွေဖတ်သင့်လဲ။
✔️ ငယ်စဉ်ကတည်းက တစ်ခုခုကို စတင်တည်ထောင်ချင်တဲ့လူငယ်တွေ၊
✔️ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီး ကိုယ်ပိုင်လုပ်ငန်းထောင်ချင်သော်လည်း စွန့်စားရမှာမလိုလားသူတွေ၊
✔️ side project ကိုလုပ်ဖို စီစဉ်နေပြီး အလုပ်မဖြစ်သေးသူတွေ ဖတ်သင့်ပါတယ်။
“Thoughtful, funny, and compulsively readable, this guide shows how ordinary people can build solid livings, with independence and purpose, on their own terms”
– Gretchen Rubin
Title- The 100$ Startup
Author- Chris Guillebeau
Price – 21,500 MMK (Premium++ Quality, Hard Cover, Creamy Paper)







Reviews
There are no reviews yet.