Category: Relationship

  • 🙂 ယောကျာ်းတွေက အချစ်မရှိပဲနဲ့လည်း မိန်းကလေး တစ်ယောက်နဲ့ အတူနေ နိုင်တယ်။

    ❓ ယောကျာ်းတွေ အကြောင်း သိဖိုဆိုရင်

    🔷 ယောကျာ်းတွေက ငယ်ငယ်ကတည်းကနေ သန်မာဖို၊ မျက်ရည်မကျဖို၊ မိသားစုတာဝန်ကို ထမ်းဆောင်နိုင်ဖို၊ ရင်မဖွင့်ဖို သင်ကြားခံရတယ်။ 🔷

    What Makes Men

    🟥 Who He is (His Title)
    🟩 What he does (How He Gets the Title)
    🟦 The Reward he gets (How Much He Makes)
    အပေါ်က အချက် ၃ ချက် မပြည့်မချင်း ယောကျာ်းတစ်ယောက်က သူ့ကိုသူ အောင်မြင်ပြီလို မခံစားရဘူး။ ဒီတော့ Relationship တစ်ခုကို အောင်မြင်အောင် မဦးဆောင်နိုင်ဘူး။

    ❌ Our Love isn’t like your love ❌

    ❤️ မိန်းကလေးတွေရဲ့ အချစ်က ကြင်နာခြင်းနဲ့ ဂရုစိုက်တတ်ခြင်းပါ။ ယောကျာ်းတစ်ယောက်ကို မိခင် တစ်ယောက်လို ကြင်နာနိုင်ပြီး၊ သူငယ်ချင်းတစ်ယောက်လို အားပေးနိုင်တယ်၊ တစ်ပြိုင်နက်တည်းမှာပဲ ကလေး လေး တစ်ယောက်လို ချွဲနိုင်တယ်။

    ❤️ အားငယ်နေတဲ့ အချိန်မှာ အားပေးပြီး အောင်မြင်နေတဲ့ အချိန်မှာ လက်တွဲသွားချင်တာ အမျိုးသမီးတွေပါပဲ။

    ❤️ အမျိုးသမီးတွေက သူတိုအမျိုးသားတွေဆီက ကြင်နာဂရုစိုက်ခြင်းတွေကို အတူတူပဲ မျှော်လင့်ကြတယ်။
    ❤️ အမျိုးသမီးတွေ လိုချင်တဲ့ အရာတစ်ခုက ကြင်နာပြီး သူမကို ဂရုစိုက်မယ့် အမျိုးသား တစ်ယောက်၊ သူမကို မြတ်နိုးတန်ဖိုးထားတဲ့ အမျိုးသားကိုပဲ လိုချင်တာပါ။

    🖤 ဒါပေမယ့် ယောကျ်ားအများစုက မိန်းကလေးဘက်က ဒီ အချက်တွေ လိုချင်မှန်း သိတာတောင် မလုပ်ကြပါဘူး။ ဘာလိုလဲဆိုရင် ယောကျာ်းတွေက တီတီတာတာတွေ မလုပ်တတ်ပဲ လုပ်ရပ်တွေ နဲ့ပဲ သက်သေပြတတ်လို ဖြစ်ပါတယ်။

    ☁️ Men Go to Their Caves and Women Talk

    ပြဿနာ‌ ဖြစ်တဲ့ အခါမှာ အမျိုးသားတွေက ရည်ရွယ်ချက်တစ်ခု နဲ့ အဖြေ တစ်ခု ရဖို စကားပြောကြတယ်။ စကားပြောလို မရရင်တော့ ကိုယ်ပိုင် အတွေးကမ္ဘာထဲမှာပဲ သွားနေကြတော့တယ်။ အမျိုးသမီးတွေကတော့ အဖြေတစ်ခုလိုချင်တာထက် သူတို ရင်ဖွင့်ရရင် ပြဿနာတွေက ပြေလည်သွားတတ်ကြတယ်။

    🤵 Three Things Every Men Need

    1. Love
    2. Loyal Support
    3. Cookie

    📖 စာအုပ်ထဲမှာ

    အမျိုးသား တစ်ယောက်က အမျိုးသမီးတစ်ယောက်ကို

    🔷 အပျော်တွဲတာလား? အတည် ရည်ရွယ်တာလား?
    🔷 ယောကျာ်းတွေ ဘာလို ဖောက်ပြန်ကြတာလဲ?
    🔷 မိန်းကလေးတွေရဲ့ မှားယွင်းတဲ့ Myth တွေ
    🔷 The Five Key Question Every
    🔷 The Playbook: How to Win the Game

    🔷 Steve Harvey ရဲ့ Act Like a Lady, Think Like a Man စာအုပ်ထဲက အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး Women Empowerment အကြောင်းကို ထင်ထင်ရှားရှား ပြသထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ Relationships တွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေ၊ ယောကျာ်း၊ မိန်းမ အတွေးအခေါ် မတူညီပုံတွေ၊ ယောကျ်ားတွေ မပြောတတ်တဲ့ အားသာချက်၊ အားနည်းချက်တွေကို ထုတ်ဖော်ရေးသားပြထားတဲ့ အတွက် မင်မင် recommend ပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ 🔷

    📚 Book Name – Act Like a Lady, Think Like A Man
    👨 Author – Steve Harvey
    💲 Price – 19,500 MMK (Premium++ Quality, Hard Cover, Creamy Paper)

    Add to cart
  • ချစ်နေရုံနဲ့ တကယ်လုံလောက်ပြီလိုထင်သလား?
    အချစ်တွေရှိရုံနဲ့ အရာရာပြီးပြည့်စုံသွားမယ်လို မင်းယုံကြည်နေတုန်းပဲလား ?
    တစ်ယောက်တဲ့တစ်ယောက် ချစ်နေကြတာကိုသိလျက်နဲ့..
    လုံခြုံမှုကိုမခံစားရပဲဘာကြောင့် စိတ်ပင်ပန်းနေတတ်သလဲ?

    သင်ကနီးနီးကပ်ကပ်နေချင်တဲ့အချိန်မှာ သူကအနားမှာမရှိချင်တဲ့ပုံစံလိုမျိုး ခံစားရတဲ့အတွေ့အကြုံတွေ ရှိလား?
    သင့်ရဲ့ Attachment Style က သင်တိုနှစ်ယောက်ကြားမှာသက်ရောက်မှုအများကြီးရှိတယ်
    ✔️ Anxious — စိုးရိမ်လွန်းတတ်သူ
    “သူက မင်းကိုမချစ်တော့ဘူး” ဆိုတဲ့အတွေးတွေခဏခဏတွေးမိနေတတ်တယ်။
    ✔️ Avoidant — ဝေးကွာဖိုလိုအပ်တတ်သူ
    တစ်ယောက်ကနီးချင်ရင်နောက်တစ်ယောက်ကဝေးချင်တယ်။ ချစ်ပေမယ့် လွတ်လပ်မှုကိုလိုအပ်တယ်
    ✔️ Secure — စိတ်ချမှုနဲ့ချစ်တတ်သူ
    တကယ်ချစ်တတ်သူက မင်းကို နားလည်တတ်တယ်။ ယုံကြည်မှုအပြည့်နီးနီးကပ်ကပ်နေတတ်တယ်။

    မင်းနဲ့ မင်းချစ်သူတိုအကြား အချစ်ရေးရှုပ်ထွေးမှုတွေဟာ နားလည်မှု မရှိရင် ချစ်ရုံနဲ့တင်မလုံလောက်တာကို ရှင်းပြနေတယ်။
    တစ်ခါတစ်လေ ပြသနာတွေဆက်တိုက်ဖြေရှင်းနေရပေမယ့် မင်းရဲ့ Attachment Styleကိုကိုယ်တိုင်မသိရင်ပြသနာကပိုရှုပ်ထွေးလာတတ်တယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှုကိုမတည်ဆောက်နိုင်ရင်စိုးရိမ်မှုတွေ၊မတည်ငြိမ်မှုတွေဖြစ်လာတာနဲ့အမျှ ရှည်ကြာတဲ့ဆက်ဆံရေးကိုပါထိခိုက်လာနိုင်တယ်။

    ဒါကြောင့် 📖Attached စာအုပ်ကလိုအပ်လာတယ်။ဒီစာအုပ်ကအချစ်ကို ပိုမိုချစ်ဖို၊ ပိုမိုနားလည်ဖို ဒီစာအုပ်က
    🔥မင်းရဲ့ Attachment Style ကိုသိစေတယ်
    🔥 မင်းချစ်တတ်တဲ့ပုံနဲ့ မင်းချစ်သူတိုရဲ့ပုံစံကိုနားလည်စေတယ်
    🔥 မင်းကိုယ်တိုင်နဲ့ မင်းချစ်သူတိုအတူတူလျှောက်မဲ့ဘ၀ခရီးလမ်းကို
    ဘယ်လိုလျှောက်လှမ်းရမလဲ၊ ချစ်ခြင်းကို ပိုမိုလုံခြုံအောင်လုပ်မလဲဆိုတာကို လမ်းညွှန်ပေးတယ်။

    📌 မင်းရဲ့ Attachment Style ကိုရောဘယ်လိုထင်လဲ? သင့်ချစ်ရသူနဲ့အတူတူဒီစာအုပ်ထဲမှာပါတဲ့ Quizတွေကိုရှာဖွေကြည့်လိုက်ပါ။
    တူနှစ်ကိုယ် ရေရှည်တည်တံ့မဲ့ ချစ်ခြင်းကိုတည်ဆောက်ရမယ့် နည်းလမ်းကို နားလည်ချင်ရင် — Attached ကို လက်မလွတ်ပါနဲ့။
    ပိုမိုချစ်တတ်တဲ့ချစ်ခြင်းတွေကို နားလည်သဘောပေါက်ပြီး အပေးအယူမျှတဲ့ချစ်ခြင်းတွေအတူတကွပိုင်ဆိုင်နိုင်ကြပါစေ။

    Add to cart
  • 👥လောကကြီးမှာလူနှစ်မျိုးပဲရှိတယ်။👥

    အခန်းထဲကိုဝင်လာတာနဲ့ “ကဲ…..ငါရောက်လာပြီ” လိုပြောတဲ့သူနဲ့ “ဟာ…. မင်းရောက်နေပြီပဲ” လိုပြောတဲ့သူ။
    ဘယ်သူ့ကိုလူချစ်လူခင်ပိုများမယ်ထင်သလဲ?

    🗣🗣🗣စကားလုံးတွေဟာအနုပညာတစ်ခုပါပဲ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို စကားလုံးတွေအများကြီးပြောတာခြင်းအတူတူ တချိုသူတွေစကားပြောရင် သံလိုက်နဲ့ဆွဲငင်ခံလိုက်ရသလို ခံစားရတဲ့လျှိဝှက်ချက်ကဘာလဲ ?

    😁First Impression မှာတင်လူတွေသဘောကျအောင်ပြုံးနည်း ..
    👶မသိစိတ်က ကြိုက်နှစ်သက်တဲ့ ကလေးတွေရဲ့အမူအရာတွေ ကိုအသုံးချနည်း..
    💭လူစိမ်းတစ်ယောက်ရဲ့စိတ်ဝင်စားမှုကိုအချိန်တိုအတွင်း ဆုပ်ယူနိုင်တဲ့နည်းလမ်းတွေ
    အစရှိတဲ့ လူမှုဆက်ဆံရေးရဲ့လျှိဝှက်ချက်တွေကို ၀ထ္ထုတိုလေးတွေဖတ်ရသလို အေးအေးဆေးဆေး သင်ယူလိုရပါတယ်

    🤗🤗ဖော်ရွေတဲ့စကားလုံး၊ အမူအရာဟန်ပန်တွေကိုအသုံးပြုပါ။ 🤗🤗
    Use Open-ended Words/Gestures/Body Language
    ဘယ်တော့မှ စကားလုံးတွေကိုတုံးတိဖြတ်မချပါနဲ့။ မေးခွန်းတစ်ခုမေးတာပဲဖြစ်စေ စကားတစ်ခွန်းပြန်ဖြေတာပဲဖြစ်စေ တစ်ဖက်သူစကားဆက်နိုင်မယ့်စကားလုံးလေးတွေနဲ့အဆုံးသတ်ခြင်းဟာ တပါးသူအမြင်မှာ သင့်ကိုစကားပြောကောင်းတဲ့လူတစ်ယောက်အဖြစ်ခံစား‌စေပါတယ်။ ကျွန်တော့်ရဲ့ consulting session တစ်ခုမှာ သူ့ Manager ဆီက Report လိုချင်တဲ့ ကျွန်တော့်မိတ်ဆွေရဲ့ Communication Error ကို “မင်းဘာကြောင့် Report မရေးနိုင်ရတာလဲ” လိုမေးမဲ့အစား “မင်းReport ရေးနိုင်အောင်ငါဘာလုပ်ပေးရမလဲ” ဆိုတဲ့ စကားလုံးလေးပြောင်းပြောရုံနဲ့ သူတိုအခက်အခဲတွေဟာ ဖြေရှင်းပြီးဖြစ်သွားပါတယ် ။လူတွေကိုချောင်ပိတ်သွားစေတဲ့စကားလုံးတွေအသုံးပြုမဲ့အစား သူတိုပြန်ဖြေနိုင်တဲ့စကားစလေးတွေချန်ပေးတဲ့ အကျင့်ကိုမွေးမြူပါ။

    👄👄လူတွေရဲ့နာမည်ကိုမှတ်မိပါ။👄👄
    Remember the Names.
    လူတွေအတွက်တန်ဖိုးအထားဆုံးသောအရာတစ်ခုက နာမည်ပါပဲ။ လူတစ်ယောက်က ခင်ဗျားကိုနာမည်မှားပြီး အခေါ်ခံရတဲ့ခံစားချက်ကိုစဉ်းစားကြည့်ပါ။နည်းနည်းလေးမှ နှစ်မျိုဖွယ်မကောင်းပါဘူး။ မိတ်ဆွေအသစ်တစ်ယောက်နဲ့စကားပြောတဲ့အချိန်မှာ သူ့နာမည်ကို အနည်းဆုံးသုံးခေါက်လောက်ပါအောင် စကားပြောချိန်မှာထည့်ပြောရင် သူ့နာမည်ကို အလွယ်တကူမှတ်မိပြီး ပိုမိုကောင်းမွန်တဲ့ရင်းနှီးမှုကိုရဖိုအထောက်အကူဖြစ်စေမှာပါ။

    🦻🦻အာရုံစိုက်နားထောင်တဲ့အကျင့်ကိုမွေးမြူပါ။🦻🦻
    စကားပြောကောင်းတဲ့သူတွေဆိုတာက ပိုပြီးနားထောင်တတ်တဲ့သူတွေဖြစ်ကြပါတယ်။ သူများတွေနဲ့စကားပြောတဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့စကားလုံးလေးတွေ အသံအနေအထားပြောင်းသွားတဲ့အချိန်လေးတွေမှာရှိတဲ့ အရာလေးတွေကို ဂရုစိုက်ပြီး သူတိုပြောချင်နေတဲ့စကားလုံးတွေကို ကိုယ့်ကိုပြောပြဖို ဥယျာဉ်မှုးတစ်ယောက် ပန်းပင်လေးတွေစိုက်ပျိုးသလို တယုတယတူးဆွပါ။ များများနားထောင်တဲ့သူတစ်ယောက်နဲ့စကားပြောဖို ဝန်လေးတဲ့သူ ဘယ်သူမှမရှိပါဘူး။

    ☝️☝️☝️ဆိုတဲ့နည်းလမ်းတွေအပြင်
    🔎လူတွေရဲ့ ဟန်ပန်အမူအရာကိုအကဲခတ်နည်း
    💞ကိုယ်ချင်းစာတရားဟာဘယ်လိုအသုံးဝင်သလဲ
    🍞ပေါင်မုန့်အပိုင်းအစလေးတွေချပြီး စိတ်ဝင်စားအောင်စွဲဆောင်တဲ့နည်းလမ်းတွေ
    💓တူညီမှုတွေရဲ့ ရင်ဘတ်ချင်းဆက်နွယ်မှု ကရရှိမဲ့အကျိုး အစရှိတဲ့နည်းလမ်းတွေကို ခေါင်းစဉ်လေးတစ်ခုစီနဲ့ ခံစားရမှာပါ

    ကျွန်တော်တိုလူတွေမှာ ကိုယ့်ကိုကိုယ် သူများထက်ပိုပြီးအာရုံစိုက်တတ်တဲ့ မသိစိတ်က နေ့စဉ်လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာဝှက်ဖဲတစ်ချပ်လို အမြဲတစေရှိနေတတ်ပါတယ်။ အနုပညာဆိုတဲ့အတိုင်း နှုတ်ခမ်းကထွက်တဲ့စကားသာမက ကိုယ်ဟန်အမူအရာ၊ အမူအကျင့်၊ လေယူလေသိမ်းတွေကအစရှင်းပြထားတဲ့ ဒီစာအုပ်ကလေးဟာ အမှောင်ထုကိုအလင်းပေးလိုက်သလို သင့်ကိုပတ်ဝန်းကျင်မှာ ကိုယ်ရောင်တောက်ပတဲ့လူတစ်ယောက်ဖြစ်အောင်စွမ်းဆောင်နိုင်ဖိုကူညီပေးမှာပါ။

    ⛵️စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်ရင် ဒါမှမဟုတ် လူတွေနဲ့စကားပြောဖို အခက်အခဲရှိနေတယ်လိုကိုယ့်ကိုကိုယ်ခံစားရရင် ဒီ စာအုပ်ကလေးနဲ့အတူ လူမှုဆက်ဆံရေး ပင်လယ်ပြင်ကြီးထဲမှာ ကျွမ်းကျင်တဲ့ captain တစ်ယောက်လို အမှားမုန်တိုင်းတွေ ကိုရှောင်ရှားပြီး သင်သွားချင်တဲ့ ရင်းနှီးမှုဆိပ်ကမ်းကို လွယ်လင့်တကူရောက်စေနိုင်တဲ့ နည်းလမ်း 92 ခုကို လက်တွေ့ အတူရှာဖွေကြည့်လိုက်ကြအောင်။

    Add to cart
  • ငတုံးများနှင့် ဆက်ဆံခြင်း 😁

    သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?

    “ ငါကကောင်းစေချင်လို စေတနာနဲ့အကြံပေးတာကို လည်း ဘယ်တော့မှနားမထောင်ဘူး ပြီးရင် တလွဲတွေတော့ဖြစ်တော့မှာငါမြင်ယောင်တယ် “

    ဒီစကားကိုကျွန်တော်တိုအားလုံးပြောဖူးကြပါတယ်။

    ဘာကြောင့် အဲ့ဒီ့ငတုံးတွေက သင့်ရဲ့ကောင်းစေချင်တဲ့စေတနာကိုနားမလည်နိုင်ကြတာလဲ ?

    ကျွန်တော်တိုလူတွေဟာ Social animal တွေဖြစ်ကြတဲ့အလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက လူတွေနဲ့လိုက်လျောညီထွေစွာနေတတ်ဖိုပါပဲ။

    တချိုသူတွေကို ဆယ်မိနစ်လောက်စကားပြောရုံနဲ့ ငယ်သူငယ်ချင်းတွေလို အံခွင်ဝင်ကျဖြစ်ပြီး
    အလုပ်မှာသုံးနှစ်လောက်အတူတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်နေလိုမရတာတဲ့ ခံစားချက်ကို သင်ကိုယ်တိုင်သတိထားမိမှာပါ။

    သင့်ပတ်ဝန်းကျင်က
    -အချိန်ရှိတိုင်း အားအားနေအမြဲတမ်းအလုပ်ပဲဖိခိုင်းနေတဲ့ အထက်လူကြီးတွေ
    -တစ်ခါဖုန်းခေါ်ပြီးရင် အချိန်တစ်နာရီလောက်ဖုန်းပြောတဲ့သူငယ်ချင်းတွေ
    -ပြသနာရှိတိုင်းအမြဲခေါင်းရှောင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
    -ကိုယ် ငွေဘယ်လောက်သုံးသလဲ အမြဲမေးတတ်တဲ့ မိသားစုဝင်တွေ
    သူတိုတွေဘာကြောင့် ဒီလို Behavior တွေရှိကြတာလဲ ဘာကြောင့်ဒီအရေးမပါတဲ့မေးခွန်းတွေကိုမေးကြတာလဲ ဆိုတဲ့အဖြေကို “ Surrounded by Idiots “ ထဲမှာ ရှင်းပြထားပါတယ်

    ဒီစာအုပ်ထဲမှာ စာရေးဆရာ Thomas Erikson က
    Psychologist William Moulton Marston ရဲ့ DISC Model ကို အခြေခံပြီး လူတွေရဲ့ Behavior ကို Red, Yellow, Green, Blue ဆိုပြီး အရောင်လေးမျိုးခွဲခြားပေးထားပါတယ်

    RED – အမြဲတမ်းထိပ်ကဦးဆောင်ချင်တဲ့သူတွေ ဘာပဲလုပ်လုပ်ထိပ်ဆုံးကနေရမှာကျေနပ်သူတွေ
    YELLOW – အပေါင်းအသင်းအများဆုံးသူ ဘယ်နေရာမှာမဆိုမိတ်ဆွေသူငယ်ချင်းတွေရှိနေတတ်သူ
    GREEN – အေးအေးဆေးဆေးသမား ဘာပဲလိုလိုအမြဲကူညီပေးဖိုကြိုးစားတဲ့သူ
    BLUE – အသေးစိတ်ကအစဂရုစိုက်တတ်သူ စည်းကမ်းအရမ်းကြီးသူ

    ဥပမာ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ဖို စီစဉ်ပြီဆိုရင် သူတိုရဲ့ Behavior ကိုကြည့်ပြီး အရောင်တွေမြင်ရပါတယ်
    -ငါတိုတွေ ငွေဆောင်သွားမယ် ဒီဟိုတယ်မှာတည်းမယ် ညကျ Party လုပ်မယ်ဆိုပြီး ထိပ်ဆုံးက အကြံစပေးတဲ့သူဆို -> RED
    -ဒီဟိုတယ်မှာငါ့ အသိရှိတယ် အစားအသောက်ကဒီဆိုင်မှာကောင်းတယ် ဆိုပြီး စီစဉ်တာက -> YELLOW
    -ငါဘာလုပ်ပေးရမလဲ လက်မှတ်ဖြတ်ပေးရမှာလား ကားစီစဉ်ပေးရမှာလားဆိုတာက -> GREEN
    -ဟိုတယ်ဖိုးက ဘယ်လောက်? စားစရိတ်ကဘယ်လောက် ? VIP လား ရိုးရိုးလား စီးလုံးဌားမှာလား ? ဆိုတဲ့ Detail တွေကိုစဉ်းစားတာက -> BLUE

    ဒီလို Behavior တွေကိုသဘောပေါက်ပြီဆိုရင် သင့်ပတ်ဝန်းကျင်က ငတုံးတွေကိုလွှမ်းမိုးနိုင်ဖိုမခက်ခဲတော့ပါဘူး။
    RED behavior ရှိတဲ့ Boss တစ်ယောက်ကို ဘယ်လိုစကားပြောမလဲ? Blue Behavior ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲ ဆိုတဲ့သော့ချက်တွေဟာ ဒီစာအုပ်ထဲမှာပါရှိပါတယ်။

    ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ကိုယ်တိုင် မိသားစု/အလုပ်မှာရှိနေတဲ့သူတွေရဲ့ဆက်ဆံရေးဟာအချိန်တိုအတွင်းမှာအများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။

    Add to cart
  • ပထမဆုံးပြောချင်တာက စာအုပ်က ခက်ထန်တယ်၊ကြမ်းတမ်းတယ်။ ဖတ်နေရင်းနဲ့ အရှိက်ကိုအထိုးခံရသလို “Oof” ဆိုပြီးခံစားရမယ်။
    ဒီစာအုပ်ကလေးနဲ့အတူ မင်းရဲ့အရင်ကတလွဲအမှားတွေကို ခနဲ့တဲ့တဲ့ရယ်မောလိမ့်မယ် ပြီးတော့မှ စာအုပ်ကိုပိတ် မျက်နှာကျက်ကိုကြည့်ပြီး “ငါဒါတွေ အရင်ကဘာကြောင့်နားမလည်ခဲ့တာလဲ” လိုတွေးလိမ့်မယ်။
    ဒါကကြီးမားတဲ့အခက်အခဲတစ်ခုတော့မဟုတ်ပါဘူး။ သင့်ရဲ့လိုအပ်ချက်ကိုကိုယ်တိုင်သိရှိနားလည်ခြင်းဟာ အနာဂတ်မှာတည်ဆောက်မဲ့ တိုးတက်မှုတွေအတွက် မျိုးစေ့တစ်ခုဖြစ်ပါတယ်။

    Why Men love B*** စာအုပ်ကို မိန်းမကျမ်းလိုခေါ်ရင် The Way of The Superior Man က ယောင်္ကျားကျမ်းလိုပြောလိုရပေမယ့် တိုးတက်မှုကိုလိုချင်သူ တွေအားလုံးအတွက်သင့်လျော်ပါတယ်။လိုင်းပေါ်က SIGMA Male တွေ၊ ALPHA Male တွေအစား တကယ်တန်ဖိုးရှိတဲ့ Superior Manတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ဖို လမ်းစဉ်တွေကို မီးမောင်းထိုးပြထားတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ဒီစာအုပ်ဟာ စာမျက်နှာပေါ်ကစာလုံးတွေထက် အံ့အားသင့်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတဲ့ခရီးတစ်ခုလိုခံစားရမှာပါ။

    သင့်ရဲ့
    😨အကြောက်တရားကိုသတ္တိရှိရှိရင်ဆိုင်နိုင်ဖို
    🎯ဘ၀ရည်မှန်းချက်ကို ရဲရဲဝံ့ဝံ့ချမှတ်နိင်ဖို
    🤝အဓိပ္ပါယ်ရှိတဲ့ပေါင်းသင်းဆက်ဆံရေးတွေတည်ဆောက်နိုင်ဖိုနဲ့
    🧘‍♂️စစ်မှန်တဲ့လူတစ်ယောက်ဖြစ်ဖို အတွက် ဒီစာအုပ်မှာ ဘာသင်ခန်းစာတွေပါမလဲ?

    🥅ဘ၀ဟာ အဓိပ္ပါယ်မရှိတာမဟုတ်ပါဘူး သင့်မှာရည်ရွယ်ချက်ရှိမနေတာပါ။
    ရည်ရွယ်ချက်မရှိပဲနေထိုင်တာဟာ အဓိပ္ပါယ်မရှိပဲအသက်ရှင်နေတာနဲ့အတူတူပဲဆိုတာကို စာရေးဆရာကပြောပြထားပါတယ်။ အခုချိန်မှာ သင့်မှာရည်ရွယ်ချက်မရှိသေးဘူးဆိုရင် ဒီအရာကသင့်အရှိက်ကိုအထိုးခံရသလိုခံစားစေရမယ့်အကောင်းဆုံးအပိုင်းတစ်ခုလည်းဖြစ်တယ်။သင့်ရဲ့ ပျော်ရွှင်မှု၊ အလုပ်၊ ပေါင်းသင်းဆက်ဆံရေးတွေအကုန်လုံးဟာ ရည်ရွယ်ချက်ဆိုတာမရှိရင် အရာအားလုံးဟာ အလဟဿဖြစ်သလိုအမြဲခံစားနေရမှာပါ။
    ခဏရပ်ပြီးစဉ်းစားကြည့်ရအောင် 🤔
    -သင်လိုချင်တဲ့အရာတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုကိုပေးဆပ်ရင်း ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာမလား ?
    -သင်မလိုချင်တဲ့အရာပေါင်းမြောက်များစွာအတွက် ရည်ရွယ်ချက်မရှိပဲ လေလွင့်မှုထဲမှာ အချိန်ဖြုန်းမလား ?

    💫အားနည်းချက်ဟာ ပျော့ညံ့မှုမဟုတ်ဘူး
    HOD တစ်ယောက်အနေနဲ့ ကျွန်တော် ကုမ္မဏီအလုပ်လုပ်ခဲ့စဉ်က Chairman ပြောခဲ့တဲ့ “ If you’re too strong, no one would dare to help you and you’ll be all alone in your strength. If you’re vulnerable, everyone wants to help you”
    “မင်းအရမ်း သန်မာလွန်းရင် မင်းကိုဘယ်သူမှကူညီကြမှာမဟုတ်ပဲနဲ့ မင်းရဲ့သန်မာမှုထဲမှာပဲမင်းအထီးကျန်ရလိမ့်မယ်။ မင်းရဲ့အားနည်းချက်ကိုပြရင် မင်းကိုကူညီမယ့်လူတွေပေါ်လာလိမ့်မယ်” ဆိုတဲ့စကားကိုအခုအချိန်ထိ ကျွန်တော်မှတ်မိနေသေးတုန်းပါ။ Relationship တစ်ခုတည်ဆောက်တဲ့အချိန်၊ Team building လုပ်တဲ့အချိန်တွေမှာ မိမိရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့သူတွေရှိနေဖိုလိုအပ်ပါတယ်။ သင့်ရဲ့အားနည်းချက်ကို လက်မခံပဲကာကွယ်ဖိုအတွက် အကာအရံတွေအထပ်ထပ်ကာရံထားခြင်းဟာ စစ်မှန်တဲ့သင့်ကိုနေရာမှန်ရောက်စေဖို အတားအဆီးတစ်ခုဖြစ်နေပါလိမ့်မယ်။

    ⚡️ယောင်္ကျားစွမ်းအင် နဲ့မိန်းမ စွမ်းအင်နှစ်ခုရဲ့အစွန်းနှစ်ခု
    David Deida က ယောင်္ကျားစွမ်းအင် (Masculine Energy) နဲ့ မိန်းမစွမ်းအင် (Feminine Energy) နှစ်ခုကို လောကကြီးကိုသာတူညီမျှဖြစ်နေအောင်ဖန်တီးပေးနေတဲ့စွမ်းအင် နှစ်ခုအနေနဲ့ပုံဖော်ထားပါတယ်။ ယောင်္ကျားစွမ်းအင် (Masculine Energy) ဟာ ရည်ရွယ်ချက်ရှိမှု၊အာရုံစူးစိုက်မှုနဲ့ စနစ်တကျဖြစ်မှုအတွက်တည်ရှိနေသလို မိန်းမစွမ်းအင် (Feminine Energy) ဟာလည်း တီထွင်မှု၊ အလှတရားနဲ့ စိတ်ခံစားမှုတိုအတွက်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါဟာ ယောင်္ကျားမိန်းမခွဲခြားမှုမဟုတ်ပဲနဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို သဘာ၀ကတီထွင်ပေးလိုက်တဲ့ စွမ်းအင်နှစ်ခုကို စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖို၊ တီထွင်ဖန်တီးဉာဏ်တွေကိုဖွင့်ဟဖိုနဲ့ မိမိကိုယ်ကိုလက်ခံနိုင်ဖို အရေးကြီးတဲ့စွမ်းအင်နှစ်ခုပါ။

    🐉အကြောက်တရားဟာ သင့်ရဲ့ရန်သူမဟုတ်ဘူး
    ကျွန်တော်တိုနဲ့မရင်းနှီးတဲ့ပြဿနာ၊ အတွေ့အကြုံမရှိဖူးတဲ့ အခက်အခဲမျိုးနဲ့ကြုံမိရင် အကြောက်တရားကိုခံစားမိတာဟာ သဘာ၀ပါ။ ကြောက်စိတ်က သင်တန်ဖိုးထားတဲ့အရာတွေနဲ့ သင့်ရဲ့ လုံခြုံမှုအတွက် စိတ်မချနိုင်သေးဘူးဆိုတာကိုပြတာဖြစ်တယ်။ ဒါကို သင့်ကိုယ်ပိုင်ကန့်သတ်ချက်ရဲ့ဘောင်တစ်ခုလိုမြင်ရင် သင်တိုးတက်နေတာ၊ ထပ်မံတိုးတက်ဖို အခွင့်အရေးတွေရှိနေသေးတယ်ဆိုတာကို ကြောက်စိတ်ကမြင်အောင်ပြပေးနေတာဖြစ်ပါတယ်။ ကြောက်စိတ်ကိုရှောင်ပြေးမဲ့အစား ရဲရင့်တဲ့ စိတ်ဓာတ်ခွန်အား “ငါဒါကိုကျော်ဖြတ်နိုင်တယ်” ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ။ ဒီစိတ်ကိုနားလည်အောင်လုပ်ပါ။သူ့ရဲ့သင်ခန်းစာတွေကိုလေ့လာမှတ်သားပါ။ မုန်တိုင်းတွေအကုန်ကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာ တိုက်လာတဲ့လေပြေအေးအေးလေးတွေက သင့်နှလုံးသားကို အနှောင်အဖွဲတွေကလွတ်မြောက်စေပါလိမ့်မယ်။

    💖တကယ်ကိုလေးနက်ခိုင်မာတဲ့နှလုံးသားနဲ့တန်ဖိုးရှိတဲ့လူတစ်ယောက် တကယ်ဖြစ်ချင်ပြီဆိုရင်ဒီစာအုပ်ကလေးကသင့်ကို တန်ဖိုးရှိတဲ့သင်ခန်းစာတွေအများကြီးပေးပါလိမ့်မယ်။ ပေါ့ပျက်ပျက်စာလုံးတွေအစား ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်သူဖြစ်ဖိုအတွက်လိုအပ်တဲ့နည်းစနစ်တွေနဲ့ လိုက်နာရမယ့်ကျင့်စဉ်တွေ ပါဝင်တဲ့ ဒီစာအုပ်ကလေးနဲ့အတူ အံကိုကြိတ်၊ ခေါင်းကိုမော့ပြီး ဘ၀ရဲ့အခက်အခဲတွေကိုရဲရင့်စွာရင်ဆိုင်လိုက်ပါ။

    Add to cart
  • 😈 Why Men Love Bitches (Form Doormat to Dream girl – A Woman’s Guide to Holding Her Own in a Relationship)

    👱 New York Times Bestseller ဖြစ်တဲ့ စာရေးဆရာမ Sherry Argov ရေးသား၍ Daily Mail, Yahoo!, Los Angeles Times, The today Show, Fox New Channel, New York Daily News, … အစရှိတဲ့ channel နဲ့ magazine များကပါ Praise လုပ်ခဲ့ကြပြီး အုပ်ရေ ၁သန်းကျော် ရောင်းချခဲ့ရတဲ့ Relationship guide စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

    🧑💖👱 ချစ်သူအပေါ် ရှိရှိသမျှ အရာရာ ပေးဆပ်ချစ်ပေးကြပေမယ့် ကိုယ်ပေးသလောက် ပြန်မရဘူးဆိုတဲ့ မိန်းကလေးတွေအတွက် “a relationship guide for women who are too nice” ဆိုပြီး Introduction မှာ ရည်ညွှန်းထားပါတယ်။

    🧑👱 ယောက်ျားလေးတွေက သူတိုမိန်းကလေးတွေကို သိအောင်ထုတ်မပြောကြတဲ့ စကားတွေကိုလည်း စာရေးသူ က စာမျက်နှာတစ်ရွက်ဆိုရင် ဆိုသလောက် ထိထိမိမိ ဖော်ပြပေးထားပါတယ်။ ယောကျ်ားတွေ အကြိုက်ကို လိုက်လုပ်ခိုင်းတာမျိုး မဟုတ်ဘဲနဲ့ မွေးကတည်းက ပင်ကိုသဘာဝအားဖြင့် မတူညီတဲ့ အမျိုးသမီးနဲ့ အမျိုးသားရဲ့ Human Nature ကို ပြောပြထားတာမို ဖတ်ရတာ တော်တော်လေးအနှစ်သာရရှိပါတယ်။

    🦹‍♀️ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဘစ်ချက်စ် ဆိုတဲ့ အသုံးအနှုန်းက ပတ်ဝန်းကျင်မှာ ဘယ်သူနဲ့မှ မတည့်တဲ့ ဂွကျကျအမျိုးသမီး ကို ရည်ညွှန်းထားတာမဟုတ်ပါဘူး။ ဒီထဲက ဘစ်ချက်စ် ဆိုတဲ့ အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး အတွေးအခေါ် အမြှော်အမြင်ရှိရှိနဲ့ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့ Strong woman ကို ပုံဖော်ထားတာပါ။
    🦹‍♀️ ဘစ်ချက်စ် = Strong Women !!!

    Strong Women တွေနဲ့ “Too nice” women တွေရဲ့ ကွာခြားချက်က ဘာတွေလဲ ?
    👸 “Too nice” women တွေက သူတို ချစ်သူ အမျိုးသားအတွက် ဘာမဆို ပေးဆပ်အနစ်နာခံဖို အဆင်သင့်ရှိနေကြတဲ့အချိန်မှာ Strong Women တွေကတော့ ဘယ်သူ့ကိုမှ လွန်လွန်ကဲကဲ ဂရုမစိုက်ဘဲ သူတိုယုံကြည်ရာအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ကြတဲ့သူတွေ ဖြစ်ပါတယ်။ “Too nice” women တွေက သူတိုရဲ့ ချစ်သူကို အရာရာရဲ့ထိပ်ဆုံးမှာ ထားတတ်ကြပြီး Strong Women တွေကတော့ သူတိုရဲ့ ဘဝနဲ့ ရပ်တည်မှုကို ထိပ်ဆုံးမှာ ထားလေ့ရှိကြပါတယ်။

    👮🕵🏾‍♂️ စာရေးသူက ဒီစာအုပ်ကိုရေးဖိုအတွက် ရာနဲ့ချီတဲ့ အမျိုးသားတွေကိိ အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအမျိုးသားတွေထဲက ၉၀% ကျော်က စာအုပ်နာမည်ကို ဖတ်ကြည့်ပြီး စက္ကန့်သုံးဆယ်အတွင်းမှာပဲ “Why Men Love B” ဆိုတဲ့ စာအုပ်နာမည်ကို အင်မတန်သဘောကျကြောင်းနဲ့ မှန်ကန်ကြောင်း သဘောတူခဲ့ကြပြီး “Men need a mental challenge” ဆိုတဲ့ လျှိဝှက်ချက်တစ်ခုကိုလည်း ထုတ်ပြောခဲ့ကြပါတယ်။ “Too nice” women တွေက မိမိကိုယ်တိုင် ဗလာနတိဖြစ်တဲ့အထိ ချစ်သူအပေါ် အနစ်နာခံ ပေးဆပ်တတ်ကြပေမယ့် Strong Women တွေကတော့ ဘယ်အချိန်မှာ ပေးသင့်တယ်၊ ဘယ်အချိန်မှာတော့ ပြန်ဆွဲယူသင့်တယ် ဆိုတာကို ကောင်းကောင်းသိပြီး သူတိုလူကို Mentally challenge ဖြစ်အောင် လုပ်တတ်ကြပါတယ်။

    🔹 He must feel that you choose to be with him, not that you need to be with him.
    သူ့ကိုရွေးချယ်တာဟာ ကိုယ်ရွေးချယ်ချင်လို ရွေးချယ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ သူ့ဆီက တစ်ခုခုကို လိုအပ်လို သူ့ကိုရွေးချယ်တာမျိုး မဖြစ်ပါစေနဲ့။ ဒါကို သူကိုယ်တိုင်လည်းသိပါစေ။

    🔹 Success in love is not about looks, it’s about attitude.
    တချိုလူတွေ အချစ်ရေးမှာ အောင်မြင်နေတယ်ဆိုတာ သူတိုရဲ့ သူတိုရဲ့ ရုပ်ရည်ရူပကာကြောင့်မဟုတ်ပါဘူး။ သူတိုရဲ့ စိတ်နေစိတ်ထားတွေ ခံယူချက်တွေကြောင့်ပါ။ စားသောက်ဆိုင်တစ်ဆိုင်ကို သင်နဲ့ သင့်ကောင်လေးနှစ်ယောက် အတူသွားတယ်ပဲဆိုပါစို၊ ဆိုင်ထဲက ကျကျနန ပြင်ဆင်ထားတဲ့ တခြားကောင်မလေးတွေကို ကြည့်ရင်း သင့်ကိုယ်သင် သူတိုလောက်မလှဘူး ဆိုပြီး သိမ်ငယ်ကြောင်း သင့်ချစ်သူကို ခဏခဏ ပြောနေခြင်းဟာ သူ့ကို တကယ်ပဲ သင် မလှဘူးလို မြင်လာစေပါတယ်။

    🔹 Most women are starving to receive something from a man that they need to give to themselves.
    အချစ်ငတ်နေတယ် ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်သေးလိုလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေအကုန်လုံးက အချစ်ခံနေရတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတိုဘဝကို အဓိပ္ပာယ်ရှိစွာ ရှင်သန်နေနိုင်ကြခြင်း အကြောင်းအရင်းကတော့ သူတိုဘာလိုအပ်နေလဲသိပြီး သူတိုကိုယ်သူတို ဖြည့်ဆည်းပေးနေကြလိုပါ။ ချစ်ခြင်း၊ ငွေကြေး၊ အထောက်အပံ့… အကုန်လုံးအတူတူပါပဲ။ ကိုယ့်မှာမရှိဘူးလို ခံစားလာရတဲ့အခါ သူတစ်ပါးဆီမှာ သွားမရှာခင် ကိုယ့်ကိုယ်ကိုယ် အရင်ပေးကြည့်ပါ။ အဲဒါ ပိုစိတ်ချရပါတယ်။

    🔹 The biggest variable between a Strong Women and a woman who are “too nice” is “Fear”. The Strong Women shows that she’s not afraid to be without him.

    🔹 “She is mysterious.”
    ပွင့်လင်းမှုရှိတာနဲ့ ရှိရှိသမျှအကုန်ထုတ်ပြတာက တူသလိုလိုနဲ့မတူပါဘူး။ သူတိုလည်းသိစရာမလို၊ သင်လည်းမပြောပြချင်တဲ့ အကြောင်းအရာတစ်ခုကို အတင်းအကြပ် မေးလာတဲ့အခါ သင့်ဘက်က အားနာပြီး ဖြေစရာမလိုပါဘူး။ “ဘာလို မပြောပြတာလဲ” ဆိုပြီး ရန်ထောင်လာတဲ့အခါ “ဘာလိုပြောပြရမှာလဲ” လိုသာ ပြန်မေးလိုက်ပါ။ ပွင့်လင်းတယ်ဆိုတာနဲ့ပဲ လူတိုင်းကို အရာတိုင်း လိုက်ပြောပြနေဖိုမလိုပါဘူး။ ကိုယ်ကိုယ်တိုင်က Mystery ဖြစ်နေပါစေ။

    “သူမရှိလို မဖြစ်ဘူး” ဆိုတာဟာ တစ်နည်းအားဖြင့် သူ့ကို သင့်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ပေးလိုက်တာပါ။

    Add to cart

Cart

Your Cart is Empty

Back To Shop