Category: Bundle

  • Cal Newport Book Bundle – Master Focus & Success

    Unlock the power of deep focus and intentional living with this exclusive Cal Newport book bundle. Featuring Digital Minimalism, Deep Work, and So Good They Can’t Ignore You, this collection is perfect for those seeking to eliminate distractions, enhance productivity, and build a meaningful career. Whether you want to reclaim your time, master deep concentration, or develop rare and valuable skills, these books provide the blueprint for success in the digital age.

    • Digital Minimalism – Learn how to declutter your digital life, reduce screen time, and reclaim your attention for what truly matters. Newport provides a practical guide to intentional technology use for a more focused and fulfilling life.

    • Deep Work – Discover the power of undistracted, high-value work that leads to extraordinary results. This book teaches you how to train your mind for deep concentration and thrive in a world full of distractions.

    • So Good They Can’t Ignore You – Success isn’t about following your passion—it’s about developing rare and valuable skills. Newport explains why mastery, not passion, is the key to a meaningful and successful career.

    Add to cart
  • အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုပိုင်ဆိုင်စေမယ့် Japanese Wisdom စာအုပ်သုံးအုပ်

    (Wabi Sabi, Ikigai and Zen)

     

    စာဖတ်နေသူတွေအတွက် ကျွန်တော့်မှာမေးခွန်းတစ်ခုရှိတယ်။

    ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကြည်လင်နေတဲ့ကောင်းကင်ကြီးကလှလိုက်တာဆိုတဲ့ ခံစားမှုကို ဘယ်အချိန်ကနောက်ဆုံးရရှိခဲ့သလဲ ?

     

    “အိပ်ရာထ, အလုပ်သွား, ပြန်လာ, အနားယူ, အိပ်ရာဝင် လကုန်ရင် လိုချင်တာလေးတစ်ခုဝယ် ဒီအတိုင်းပဲနေ့စဉ်ပြန်လုပ်” 

    စက်ရုပ်တစ်ရုပ်လိုနေ့စဉ်လှုပ်ရှားသွားလာနေတာကိုကိုယ်တိုင်သတိထားမိရဲ့လား? 

    စိန်ခေါ်မှုပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့လောကကြီးမှာ ပြိုင်ကားမောင်းနေသလိုဘ၀ကိုမောင်းနှင်နေကြတာကိုခဏလောက် အရှိန်လေးလျော့ပြီးဘေးဘီဝဲယာကိုကြည့်လိုက်ရင် သင်သတိမထားမိတဲ့အလှတရားတွေကိုရှာတွေ့ပါလိမ့်မယ်။

     

    Wabi Sabi – မပြည့်စုံခြင်းကိုလက်ခံနိုင်မှု

    စိန်ကောင်းတစ်လုံးဟာအနာနဲ့မကင်းသလို အောင်မြင်တဲ့လူတိုင်း ကျရှုံးမှုနဲ့မကင်းပါဘူး။

    Imperfection ဆိုတဲ့မပြည့်စုံမှုကိုလက်ခံနိုင်ဖို့ထက် အရာရာကို Perfect ဖြစ်အောင်ကျင့်ကြံနေထိုင်ဖို့ကျွန်တော်တို့ ရိုက်အသွင်းခံခဲ့ရတယ်။ ဘယ်တော့မှမရနိုင်မယ့် Perfection ဆိုတဲ့အရာနောက်လိုက်ရင်း အလိုမကျမှု မကျေနပ်မှုတွေနဲ့နေထိုင်မယ့်အစား ဒီမပြည့်စုံတဲ့အားနည်းချက်ကလေးတွေကိုလက်ခံပြီး ပိုမိုကောင်းမွန်တဲ့အရာတွေကိုတည်ဆောက်ရပါမယ်။ 

     

    Ikigai – ရည်မှန်းချက်နဲ့နေထိုင်မှု

    လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုနဲ့ အမြဲနေထိုင်ကြတယ်။ သင်မနက်တိုင်းအိပ်ရာထတဲ့ရည်ရွယ်ချက်ကဘာလဲ?။  သင်လိုအပ်တဲ့အရာ၊ လုံလောက်တဲ့ဝင်ငွေ၊ သင့်ကျွမ်းကျင်မှုနဲ့ ပတ်ဝန်းကျင်ရဲ့လိုအပ်မှုစတဲ့ အရာတွေနဲ့ကိုက်ညီတဲ့ ဘ၀တစ်ခုကိုနေထိုင်နိုင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ကိုက်ညီမှုမရှိရင် ပဲ့ကိုင်သူမရှိတဲ့လှေတစ်စီးလို လောကလှိုင်းတံပိုးကြားထဲမှာသင်ဟာလွင့်မျောနေဦးမှာပါ။ Ikigai နဲ့နေထိုင်ခြင်းဟာ ပူလောင်ခြင်း အလျင်းကင်းစွာနဲ့ သင့်ရည်မှန်းချက်ကိုရောက်ရှိနိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

     

    Zen- ပစ္စုပ္ပန်မှာနေထိုင်မှု

    အတိတ်ကိုတွေးပြီး နောင်တရတတ်သလို အနာဂတ်ကိုတွေးပြီး လူတွေကအမြဲပူပန်ကြတယ်။ ပစ္စုပ္ပန် မှာဘာဖြစ်နေလဲဆိုတာကိုခံစားဖို့ထက် အတွေးတွေထဲလှောင်ပိတ်ပြီး ဒီကန့်သတ်ချက်ကလေးထဲမှာပဲနေရတာကို ပုံမှန်ပဲလို့ ထင်နေကြတယ်။အတွေးတွေကိုခဏလောက်ရပ်ပြီး လက်ထဲကဖုန်းလေးခဏချပြီး လက်ရှိဘာဖြစ်နေလဲဆိုတာကိုကြည့်လိုက်ပါ။ လမ်းပေါ်မှာသွားလာနေတဲ့လူတွေ၊ သစ်ပင်တွေကြားထဲကလေတိုးသံတွေ၊ လုပ်ငန်းခွင်ထဲကအသံတွေ ကိုသေချာသတိထားမိတဲ့အချိန်မှာ သင့်ရဲ့ဖြစ်တည်မှုကိုခံစားရပါလိမ့်မယ်။

    Wabi Sabi, Ikigai နဲ့ Zen တို့ပေါင်းစပ်မှုဟာ ငြိမ်းချမ်းပြီးအဓိပ္ပါယ်ရှိတဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ကိုတည်ဆောက်တာနဲ့တူပါတယ်။

    Ikigi ဟာသင့်ရည်ရွယ်ချက်အတွက်အရေးကြီးတဲ့အရာတွေကိုအာရုံစူးစိုက်စေရင်း  Wabi Sabi ဟာ Perfect မဖြစ်တဲ့လောကကြီးမှာနေထိုင်နည်းကိုသင်ပေးပြီး ရှိနေတဲ့အချိန်တိုင်းမှာအသိသတိနဲ့ကြည်နူးမှုကိုရယူစေနိုင်ဖို့အတွက် Zen ကကူညီပေးပါလိမ့်မယ်။ 

    Add to cart
  • အဆင်မပြေမှုတလွဲတချော်ဖြစ်မှု / CHAOS ကိုဘယ်လိုစီမံခန့်ခွဲမလဲ ?

    ကျွန်တော်တို နေ့စဥ်ဘ၀မှာ အဆင်မပြေဖြစ်မှုတွေတလွဲတချော်ဖြစ်မှုတွေဟာအမြဲတမ်းရှိပါတယ်။ ဘယ်လိုပင်ကောင်းမွန်သော စနစ်တွေတည်ဆောက်ထားပေမယ့်လည်း Chaos ဆိုတာတစ်ချိန်ချိန်မှာမလွဲမသွေကြုံမိရတတ်ပါတယ်။ ဒီလို Chaos တွေကို ဘယ်လို Manage လုပ်မလဲ ? Chaos တွေနဲ့ အတူတကွနေထိုင်ဖိုဖြစ်နိုင်မလား?

    Chaos ကို ကောင်းကောင်းတောင့်ခံနိုင်တဲ့ Resilience ရှိတဲ့ Mindset တစ်ခု၊ တလွဲဖြစ်မယ်ဆိုတာကိုသိလျက်နဲ့ ရှေ့တိုးရဲတဲ့ Persistent Mindset ကိုဘယ်လိုရနိုင်မလဲ ?

    What – ဒီစာအုပ်တွေကဘာလဲ ?
    12 rules for life – ဒီစာအုပ်ထဲမှာ စပြီးတော့ Chaos ကိုရင်ဆိုင်နိင်ဖိုကိုယ့်ကိုကိုယ် စည်းကမ်းတကျ၊ စနစ်တကျ တည်ဆောက်နည်း ကိုရှင်းပြထားပြထားပါတယ်။ Respect ရှိတဲ့ သင့်ရဲ့ကိုယ်ဟန်အမူအရာ ကိုတည်ဆောက်ရာ နေစပြီး အပေါင်းအသင်းရွေးချယ်မှု၊ အကြောက်တရားကိုရင်ဆိုင်နည်း၊ အဓိပ္ပါယ်ရှိတဲ့ဘ၀ကိုတည်ဆောက်လိုရတဲ့နည်းလမ်းတွေကိုတွေ့ရမှာပါ။
    Beyond Order – Chaos ဒဏ်ကိုခံနိုင်တဲ့ Resilience ကိုသင်ရပြီဆိုရင် တောင် Chaos တွေကမရပ်တံ့ပါဘူး။သင့်မထင်မှတ်ထားတဲ့နေရာကနေသင့်ကိုတိုက်ခိုက်မဲ့အဆင်မပြေမှုနဲ့ အတူတကွနေထိုင်လိုရတဲ့ လမ်းကြောင်းတွေ၊ external Stimulus တွေက သင့်ကိုအခက်အခဲမဖြစ်စေအောင်တည်တံ့ခိုင်မြဲတဲ့ စိတိဓာတ်နဲ့အမူအကျင့် တွေဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းတွေဒီမှာတွေ့ရှိရမှာပါ။

    When – ဘယ်အချိန်မှာဒီစာအုပ်တွေကိုဖတ်သင့်လဲ ?
    12 Rules for life – ဘာလုပ်လုပ်အဆင်မပြေဖြစ်နေသလိုခံစားရပြီး မွန်းကျပ်နေတာကနေ စည်းစနစ်ကျတဲ့ဘ၀တစ်ခုကိုတည်ဆောက်ဖိုလိုအပ်တယ်လိုခံစားရင် ဒီစာအုပ်ကိုဖတ်ပါ။
    Beyond Order – သင်ဟာ စည်းကမ်းရှိတဲ့လူ၊ Discipline ရှိတဲ့သူတစ်ယောက် ဖြစ်နေပြီ ဒါပေမယ့် မမျှော်လင့်ထားတဲ့အရာတွေ ရုတ်တရက်ပြောင်းလဲမှုတွေကို မတုန်မလှုပ်လက်ခံနိုင်တဲ့ Skillset ကို upgrade လုပ်ဖိုလိုအပ်နေပြီဆိုဒါကိုဖတ်ပါ။

    How – ဒီစာအုပ်တွေထဲကနည်းလမ်းတွေကိုဘယ်လိုကျင့်သုံးမလဲ ?
    12 Rules for life – ဟုတ်ပြီပထမဆုံး ဒီစာလေးကိုဖတ်နေတဲ့အချိန်မှာကိုင်းထားတဲ့ခါးလေးကိုမတ်ပြီး ရင်လေးမော့လိုက်။ ဒီလို Posture ကောင်းကောင်း confidence နဲ့အတူ ကိုယ့်ရဲ့ ကိုယ်စိတ်နှလုံး ကျန်းမာနေဖိုအတွက် ကိုယ်တိုင်တာဝန်ယူပါ။ အဓိပ္ပါယ်ရှိတဲ့ Goal တွေဆီရောက်ရှိနိုင်ဖိုအတွက် သင့် ကိုယ်ပိုင် Skill set နဲ့ သင့်တန်ဖိုးတွေကို မြှင့်တင်နိုင်မယ့်အကျင့်တွေကိုမွေးမြူပါ။ မိမိကိုယ်ကိုယ် ရိုးသားမှု၊ ယုံကြည်မှုရှိမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့ သူတစ်ယောက်အဖြစ်တည်ဆောက်ပါ။
    Beyond Order – သင်ဟာစည်းစနစ်ကျတဲ့လူတစ်ယောက်စဖြစ်လာပြီဆိုရင် အဖွဲအစည်းနဲ့ လူမှုရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့လေးစားမှုနဲ့ဆက်ဆံပါ၊ ကြုံတွေ့ရတဲ့ ပြသနာတွေပိုကြီးမလာအောင်အမြဲထိပ်တိုက်ရင်ဆိုင်ပါ။ မိမိကိုယ်ကို စံပြအဖြစ်သဘောထားပြီး လူများတွေမလုပ်ချင်တဲ့အလုပ်တွေမှာ ကိုယ့်အတွက်အခွင့်အလမ်းကိုရှာဖွေပါ။

    စကားပြောတာ လှံသွားတစ်ချောင်းလိုထက်မြက်တဲ့ Dr. Jordan Peterson ဟာ ဒီစာအုပ်တွေထဲမှာ အမှန်တရားတွေကိုသက်သက်ညှာညှာမရေးထားပါဘူး။ အချိုစာလုံးတွေဟာသင့်ကို အုတ်နီခဲနဲ့ကောက်ထုလိုက်သလိုချာချာလည်သွားအောင်ခံစားရစေမှာပါ။ ဒီစာအုပ်ထဲကနည်းလမ်းတွေကို တပြိုင်တည်းအကုန်လုပ်တာထက် တစ်ခုချင်းစီသင့်ရဲ့နေ့စဉ်ဘ၀မှာ ကျင့်သုံးရင်း သေးသေးလေးတွေကနေအစပြုပါ။ ရောမမြိုကြိးကို အုတ်တစ်ချပ်ချင်းဆောက်ရသလို စိတ်ရှည်ရှည်နဲ့ နေ့စဉ်‌အောင်မြင်မှုသေးသေးလေးတွေတည်ဆောက်ပြီး ခိုင်မြဲတည်တံ့တဲ့ သင့်ရဲ့ အကောင်းဆုံး ကိုယ်ပိုင် Version ကို upgrade လုပ်ပါ။

    ဒါဆို Dr. Jordan B. Peterson ရဲ့ 12 Rules for Life နဲ့ Beyond Order အတူ စည်းစနစ်ကျတဲ့ ဘ၀ကိုတည်ဆောက်ဖိုအဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • အကောင်းဆုံး Productivity စာအုပ်တွေထဲမှာပါဝင်ပြီး အာရုံစူးစိုက်မှုအကြောင်းကို မတူညီတဲ့ ရှုထောင့်တွေကနေလေ့လာနိုင်ဖို့ ။

     

    📕Hyperfocus

    “When you work with greater intention, the better the results you get.” — Chris Bailey (Hyperfocus)

    ဒီစာအုပ်က အာရုံလွှဲမှုတွေများပြားတဲ့လောကမှာ အဓိကအရေးကြီးတဲ့အရာကိုအာရုံစူးစိုက်မှုနဲ့အလုပ်လုပ်ရင်း တီထွင်ဖန်တီးဉာဏ်ကိုပါကွန့်မြူးနိုင်စေမယ့်နည်းလမ်းတွေကိုရှင်းပြထားပါတယ်။

     

    ⁉️ဘာတွေပါသလဲ?

    ⚡အဓိကအရာကိုအာရုံစူးစိုက်နိုင်မှုဟာအရေးကြီးတဲ့ Skill တစ်ခုဖြစ်တဲ့အကြောင်း

    ⚡အရေးကြီးတဲ့အရာတွေအတွက် Hyperfocus Mode နဲ့ တီထွင်ဖန်တီးမှုအတွက် Scatter Focus Mode 

    ⚡Multitasking ဟာProductivity ကိုလျော့ကျစေတဲ့အကြောင်း တွေပါဝင်ပါတယ်။

     

    Hyperfocus ကလက်တွေ့ကျပြီး လိုက်နာကျင့်သုံးဖို့လွယ်ကူတဲ့နည်းလမ်းတွေဟာ အလုပ်တာဝန်တွေအများကြီးကိုတပြိုင်တည်းလုပ်နေပြီး Priority နဲ့ Deadline တွေကိုလှည့်ပတ်ကစားနေရတဲ့သူတွေအတွက် အသုံးဝင်ပါတယ်။

     

    📕Deepwork

    “To produce at your peak level, you need to work for extended periods with full concentration on a single task free from distraction.” — Cal Newport (Deep Work)

    ဒီစာအုပ်မှာက ဆင်ခြေပေးလို့မရတဲ့အာရုံစူးစိုက်မှုကိုအခြေခံထားပြီးအရေးမပါတဲ့အရာတွေကို ဟန်ဆောင်အလုပ်လုပ်ပြနေခြင်းဟာ တကယ့် Productivity ကိုအလဟဿလေလွင့်အောင်လုပ်နေတာပဲဆိုတာကိုပြောထားပါတယ်။

     

    ⁉️ဘာတွေပါသလဲ?

    ⚡အလုပ်လုပ်ချင်ယောင်ဆောင်တဲ့အလုပ်(Shallow Work) ကိုဖယ်ရှားနည်း

    ⚡Deepwork ကိုရနိုင် ရောက်နိုင်မယ့်နည်းလမ်းတွေ

    ⚡အလုပ်များတာနဲ့မတိုင်းပဲ အလုပ်ပြီးစီးမှုနဲ့တိုင်းတာဖို့စံနှုန်းတွေကို လေ့လာရမှာပါ

     

    Deepwork က အပေါ်ယံအလုပ်လုပ်ချင်တာနဲ့ တကယ်အလုပ်ပြီးမြောက်မှုကိုခွဲခြားသိမြင်စေပြီး ရေရှည်အောင်မြင်မှုအတွက် စနစ်ကျတဲ့အာရုံစူးစိုက်မှုကိုတည်ဆောက်ချင်သူတွေအတွက်အသုံးဝင်ပါတယ်။

     

    📕Make Time

    “What you pay attention to each day determines the life you live.” — Jake Knapp & John Zeratsky (Make Time)

    သင်နေ့စဉ်အာရုံစိုက်တဲ့အရာတိုင်းဟာ သင့်ရဲ့ဘ၀ကိုဆုံးဖြတ်ပေးတယ်။အချိန်ကိုစီမံခန့်ခွဲခြင်းဟာ အလုပ်ကိုစီမံခန့်ခွဲတာထက် အာရုံစူးစိုက်မှုနဲ့ခွန်အားအတွက်အကျိုးဖြစ်တဲ့အကြောင်းကိုရှင်းပြထားပါတယ်။

     

    ⁉️ဘာတွေပါသလဲ?

    ⚡အရေးကြီးတဲ့အရာတွေကိုအာရုံစိုက်နိုင်မယ့် Highlight Method

    ⚡အနှောင့်အယှက်ကင်းစွာနဲ့နက်နက်နဲနဲအာရုံစိုက်နိုင်ဖို့ Laser Mode

    ⚡Burn out မဖြစ်အောင် ရှောင်ရှားနိုင်မယ့် အနားယူဖို့ အလေ့အကျင့်ကောင်းတွေ

     

    Make Time က နေ့စဉ်အချိန်ဖြုန်းတီးမှုကိုလျော့ချပြီး လုပ်အားဆုံးရှုံးမှုအနည်းဆုံးနဲ့ Productivity ကိုတိုးတက်စေမယ့် System ကိုတည်ဆောက်ချင်သူတွေအတွက် ရေးသားထားတာဖြစ်ပါတယ်။

     

    သင်ဟာ

    ✔️နေထိုင်မှုပုံစံကိုအရမ်းပြင်းပြင်းထန်ထန်မပြောင်းလဲပဲ အာရုံစူးစိုက်မှုကိုမြှင့်တင်ချင်ရင်

    ✔️အလုပ်အရမ်းများလို့ နေ့စဉ်ဘ၀မှာအာရုံစူးစိုက်မှုရှိဖို့ အခက်အခဲရှိနေရင်

    ✔️အာရုံစူးစိုက်မှုနဲ့အတူ တီထွင်ဖန်တီးမှုကိုပါကွန့်မြူးနိုင်ဖို့ဆိုရင် 

    📖HyperFocus ကိုဖတ်ပါ။

     

    သင်ဟာ

    ✔️အာရုံလွှဲမှုတွေအနှောင့်အယှက်တွေကို လုံး၀စိတ်ကုန်နေရင်

    ✔️အလုပ်လုပ်သလောက် အကျိုးမဖြစ်ထွန်းဘူးလို့ခံစားနေရရင်

    ✔️တမူထူးခြားတဲ့ Productivity Power နဲ့အဓိကကျတဲ့အရာတွေကိုအာရုံစိုက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်

    📖Deepwork ကိုဖတ်ပါ။

     

    သင်ဟာ

    ✔️အချိန်ကိုစီမံခန့်ခွဲဖို့ အခက်အခဲရှိနေရင်

    ✔️စနစ်ကျတဲ့အာရုံစူးစိုက်မှုကို လိုအပ်ရင်

    ✔️System ကျတဲ့ Productivity နဲ့ နေ့စဉ်နေထိုင်ချင်ရင်

    📖Make Time ကိုဖတ်ပါ

     

    ဒီစာအုပ်တွေမှာပါဝင်တဲ့မတူညီတဲ့ ရှုထောင့်တွေဟာ Productivity ကိုတိုးတက်စေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။

    အတိုချုံးပြောရမယ်ဆိုရင် 

    🔹Hyperfocus ဟာ နေ့စဉ်ဘ၀အတွက်

    🔹Deepwork ဟာ ပညာရပ်တစ်ခု၊ လုပ်ငန်းတစ်ခုကိုProfessional အဆင့်ထိတက်မြောက်ဖို့အတွက်

    🔹Make Time ဟာ နေ့စဉ်အချိန်ကိုစီမံခန့်ခွဲနိုင်တဲ့ စနစ်ကျတဲ့System ကိုတည်ဆောက်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကိုရရှိစေမှာပါ

    Add to cart
  • POWER, INFLUENCE နဲ့ MASTERY ကိုရရှိဖို့ Robert Greene Collection

    🤔အခုချိန်မှာဖတ်ရင် ဘာကြောင့် အရင်ကဒီစာအုပ်တွေကိုမဖတ်ခဲ့တာလဲ ဆိုပြီးတွေးမယ်။

    😞နောင်တစ်ချိန်မှာဖတ်ရင် ငါဒီစာကိုတွေ့တုန်းက ဒီစာအုပ်တွေကိုလေ့လာခဲ့ရမှာဆိုပြီး နောင်တရမယ်။

    💡လူတွေရဲ့အကြောင်းနဲ့ ဩဇာပါဝါကို စီမံခန့်ခွဲနည်းထဲကအကောင်းဆုံးစာအုပ်တွေကိုပြောပါဆိုရင် Robert Greene ရဲ့စာအုပ်တွေက ထိပ်ဆုံးမှာအမြဲရှိပါတယ်။ ကြက်သီးတွေထလောက်အောင်ကို လက်တွေ့ကျပြောင်မြောက်တဲ့ သင်ခန်းစာတွေပါဝင်တဲ့ ဒီစာအုပ်တွေက အခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်း အနားကနေကျွန်တော့်အတွက်အမြဲကူညီပေးတဲ့ စာအုပ်တွေလည်းဖြစ်ပါတယ်။ ကျွန်တော်အရမ်း Recommend ပေးတဲ့ဒီစာအုပ်တွေအကြောင်းအတူတူလေ့လာကြည့်ကြရအောင်? 

     

    ❓Why –  ဘာကြောင့်ဒီစာအုပ်တွေကိုဖတ်သင့်တာလဲ ? 

    – “လူတွေအကြောင်းပေါင်းမှသိတယ်” ဆိုတဲ့ အတွေးကို သင်ဘယ်နှစ်ခေါက်တွေးပြီးသွားပြီလဲ ?

    များသောအားဖြင့် ခံရပြီးတော့မှ ကိုယ့်အနားမှာရှိတဲ့သူတွေဟာ ဘယ်လိုမျိုးလူတွေလည်းဆိုတာကို သိကြရတာများပါတယ်။ ရင်းနှီးပါတယ်ဆိုတဲ့သူကလိမ်သွားတာ၊ ကိုယ့်အခင်ဆုံးလိုထင်တဲ့သူငယ်ချင်းက ကွယ်ရာမှာအတင်းပြောအပုပ်ချတာ၊ စီးပွားရေးမှာနောက်ကျောဓားနဲ့အထိုးခံရတာ အစရှိတဲ့ လူရည်မလည်လိုခံရတဲ့ ဇာတ်လမ်းတွေဟာမဆုံးနိုင်ပါဘူး။ ဒီလိုမကောင်းတဲ့ ခံစားမှုကို နောက်ပိုင်း မဖြစ်အောင်ကာကွယ်နိုင်မယ့် အသိပညာဒိုင်းကို လက်ဝယ်ဆောင်ထားနိုင်ရပါမယ်။

    – မိသားစု၊ ပတ်ဝန်းကျင်၊ အလုပ် အစရှိတဲ့ လူမှုဆက်ဆံရေးနဲ့ပက်သက်တဲ့နေရာတိုင်းမှာ Power Dynamics ဆိုတဲ့ ဩဇာပါဝါရဲ့ အလုပ်လုပ်တဲ့ဥပဒေသတွေရှိပါတယ်။လူတွေရဲ့အကြောင်းကိုနားလည်ပြီး  Power နဲ့ Force ရဲ့ ကွဲပြားခြားနားမှုကြားမှာ လိမ္မာပါးနပ်စွာမိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ အကင်းပါးတဲ့ အရည်အချင်းဟာ သင်လိုချင်တဲ့ဘ၀ကို လျင်မြန်စွာပိုင်ဆိုင်ဖိုအတွက် အထောက်အကူပြုပါလိမ့်မယ်။

    -ကျွမ်းကျင်ပိုင်နိုင်မှုဟာ အရမ်းရှားပါးတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ တတ်ယောင်ကားတွေ အတုအယောင်တွေပေါများတဲ့လောကမှာ စစ်မှန်တဲ့အရည်အချင်းနဲ့ ပညာရပ်တွေကိုဆုံးခန်းတိုင်သင်ယူလေ့လာနိုင်ဖို့ Mastery ဟာအခြေခံအုတ်မြစ်တစ်ခုပါ။

     

    🔐What –  ဒီစာအုပ်တွေကဘာတွေလဲ ?

    📖 48 Laws of Power – ဩဇာပါဝါနဲ့ လူတွေကိုစီမံခန့်ခွဲနည်း၊ Power Dynamics ရဲ့ လျှိဝှက်ချက်၊ အလုပ်လုပ်ပုံနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မယ့်နည်းတွေကို သမိုင်းကြောင်းထဲကဥပမာတွေနဲ့ ပြထားပြီး အခုလက်ရှိ ခေတ်မှာပါလိုက်လျောညီထွေစွာနေထိုင်နိုင်အောင် ကျင့်သုံးနည်းတွေကိုမြင်ရမှာပါ။

    📖 The Laws of Human Nature – ဘာကြောင့်လူတွေမှာစိတ်ခံစားမှုတွေရှိတာလဲ ? သူတိုရဲ့ အမူအကျင့်တွေဟာ ကိုယ့်အပေါ်ကိုအကျိုးသက်ရောက်မှုဘယ်လိုရှိတာလဲ ? မင်းဆီမှာရှိနေတဲ့ အမူအကျင့် နဲ့ အလေ့အကျင့်တွေကိုတိုးတက်ပြောင်းလဲနိုင်မယ့်နည်းလမ်းတွေနဲ့ လူတွေနဲ့ လိုက်လျောညီထွေစွာနေထိုင်နိုင်မယ့် နည်းလမ်းတွေကိုဒီမှာတွေ့ရမှာပါ။

    📖 Mastery – အောင်မြင်မှုဆိုတာ Power နဲ့ Influence သာမက ကျွမ်းကျင်ပိုင်နိုင်မှု(Mastery)နဲ့အများကြီးသက်ဆိုင်ပါတယ်။ နက်နက်နဲနဲကျွမ်းကျင်မှုကသာ စစ်မှန်တဲ့ Power နဲ့ Influence ကိုရေရှည်တည်တံ့ဖို့အတွက်ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။သင့်ဘ၀ကိုပဲ့ကိုင်ဖို့ ဘယ်ပညာကိုမဆိုဆုံးခန်းတိုင်တဲ့အထိ တတ်မြောက်ဖို့ Mastery ဟာအများကြီးကူညီပေးမှာပါ။

     

    📚How – ဘယ်လိုဖတ်ရမလဲ ?

    ⏳အချိန်ယူပါ – ကော်ဖီကောင်းကောင်းတစ်ခွက်ကိုတစ်စိမ့်စိမ့် sipping လုပ်ပြီးသောက်ရသလိုဖတ်ပါ။ တစ်ထိုင်တည်းအပြီးမဖတ်ပါနဲ့။ ဒီစာအုပ်တွေကိုဖတ်ပြီးနားမလည်ရင်လည်း အလကားပါပဲ။ ကျွန်တော့်ရဲ့ဖတ်နည်းက တစ်ရက်ကို Chapter သုံးခုကနေငါးခုလောက်ပဲဖတ်ပြီး တစ်ရက်လုံးပြန်တွေး၊ နားလည်တော့မှ နောက်ထပ် Chapter ကိုဖတ် (နားမလည်ရင် Research လုပ်)ပြီးဖတ်ပါတယ်။

    💭ဆင်ခြင်သုံးသပ်ပါ – စာအုပ်ထဲကအကြောင်းအရာအများစုကို လက်တွေ့ဘ၀ကအဖြစ်အပျက်တွေနဲ့တိုက်ဆိုင်ပြီးဆင်ခြင်သုံးသပ်ပါ။ မှန်သောလုပ်ရပ်၊ မှားသောလုပ်ရပ်တွေကို ဝေဖန်ပိုင်ခြားပြီး နောင်အနာဂတ်မှာပိုမိုကောင်းမွန်တဲ့ တုံပြန်မှုတွေဖြစ်ပေါ်အောင် မိမိကိုယ်ကိုယ် သွန်သင်ပါ။

    🐦‍🔥ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ – ဖတ်ရုံနဲ့မရပ်တန့်ပါနဲ့။ စစ်မှန်တဲ့စွမ်းအားဟာ နယ်ပယ်တစ်ခုမှာ ဘယ်သူမှမယှဉ်နိုင်အောင်ကျွမ်းကျင်ပိုင်နိုင်မှုကနေဆင်းသက်ပါတယ်။

    🤗အနားမှာအမြဲထားပါ – ကိုယ်လိုအပ်တဲ့အချိန်တိုင်း ဒီစာအုပ်ကလေးတွေကို လွယ်လွယ်ကူကူယူနိုင်တဲ့နေရာမှာထားပါ။ အနားမှာအမြဲရှိတဲ့ဒီစာအုပ်ကလေးတွေဟာ အခက်အခဲအများစုကို လျင်မြန်စွာဖြတ်ကျော်နိုင်အောင်ကူညီပေးတဲ့ အဖော်ကောင်းတွေပါ။

    စာရေးဆရာ Robert Green ရဲ့ စာအုပ်တွေဟာ လူတွေရဲ့ အကြောင်းနဲ့ စိတ်နေသဘောထားကို နက်နက်နဲနဲခွဲခြမ်းစိတ်ဖြာထားတဲ့ ရှုထောင့်ကနေရေးသားထားတဲ့စာအုပ်တွေဖြစ်လို  ဝေဖန်မှုအများဆုံးရရှိတဲ့စာအုပ်တွေလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဘ၀နဲ့ ကိုယ်တွေ့ စမ်းသပ်မှုအတွေ့အကြုံတွေကနေရထားတဲ့ အသိပညာတွေကို လက်ခံသိရှိပြီး မိမိရဲ့အောင်မြင်မှုကိုလျင်မြန်စွာရောက်ရှိနိုင်စေဖို ဒီစာအုပ်Collectionလေးဟာ သင့်ဘ၀အတွက်အဖော်ကောင်းအဖြစ်အမြဲတမ်းရှိနေပေးမှာပါ။

    Add to cart
  • 🕯️လမ်းပျောက်၊ချောင်ပိတ်ပြီးအမှောင်ထဲရောက်နေသလိုခံစားနေရသူတွေအတွက်..

     

    လူတစ်ယောက်မှာ ကလေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်ဆိုတာရှိတယ်။

    ဒါက ဘယ်သူ့မှသူ့ကိုလာကယ်တင်နေမှာမဟုတ်ဘူးဆိုတာနားလည်သဘောပေါက်သွားတဲ့အချိန်ပဲ။

     

    ⚡ခါးသီးတဲ့အမှန်တရားတစ်ခုက…

    သင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ပါဘူး။

    သူငယ်ချင်းတွေကလည်းမလာဘူး။

    မိသားစုလည်း လာမကယ်တင်ဘူး။

    လောကကြီးကလည်းမကူညီပေးဘူး။

     

    ဘ၀ဟာ

    ❌သင်စိတ်ရှုပ်နေတဲ့အတွက်ကြောင့်လည်းမရပ်တန့်သွားဘူး။

    ❌သင်ထိတ်လန့်နေတဲ့အတွက်လည်း ထွေးပွေ့မပေးဘူး။

    ❌သင့်အတွက်ကြောင့်လည်း ပြောင်းလဲပေးမှာမဟုတ်ပါဘူး။

     

    ဒါကိုသတင်းကောင်းတစ်ခုလို့မြင်ကြည့်လိုက်ပါ။

    ဘယ်သူ့မှစောင့်စရာမလိုပဲ သင့်ကိုယ်သင်ကယ်တင်ဖို့အချိန်ကောင်းကိုရောက်ရှိလာပါပြီ။ 

    သင့်ကိုယ်သင်ပြန်တည်ဆောက်ဖို့အခြေခံအုတ်မြစ်မှာ Stoicism ထက်ပိုကောင်းတဲ့အရာ ဘယ်ရှိလိမ့်မလဲ?

     

    Stoicism ရဲ့ Virtue လေးခုမှာ

    1️⃣Wisdom – ဉာဏ်ပညာ ( အရာအားလုံးကို သိမြင်နိုင်တဲ့ အရည်အချင်း)

    မင်းရဲ့နာကျင်ခံစားမှုအားလုံးဟာ မင်းစိတ်ထဲကပဲလာတယ်။ ဒါဟာ တကယ့်အမှန်တရားမဟုတ်ဘူး။

    “ငါဟာဘယ်တော့မှ လူကောင်းတစ်ယောက်ဖြစ်မှာမဟုတ်ဘူး”

    “ငါထပ်ပြီးရှုံးနိမ့်ရင်ကော”

    “ငါ့ကိုမကောင်းတာတွေပဲအမြဲဖြစ်နေတယ်” 

     

    ဒီလိုအတွေးတွေကိုရပ်တန့်ပါ။

    ခဏလောက် စိတ်ကူးတွေရဲ့အပြင်ကိုထွက်ပြီးလက်တွေ့ကိုရင်ဆိုင်လိုက်ပါ။်

    Boss က မင်းကိုဆူတာမဟုတ်ဘူး ပိုတိုးတက်အောင်ကြိုးစားဖို့အခွင့်အရေးပေးလိုက်တာ။

    ချစ်သူက မင်းကိုပစ်သွားတာမဟုတ်ဘူး ထိုက်တန်တဲ့အချစ်ကိုတွေ့ဖို့ လမ်းစအသစ်ဖွင့်ပေးလိုက်တာ။

     

    “အဖြစ်အပျက်တွေက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတာမဟုတ်ဘူး၊ မင်းရဲ့ထင်မြင်ချက်တွေကသာ ဖြစ်စေတာ”

    “You are disturbed not by events, but by your opinion about them.” – Epictetus

     

    အရာအားလုံးကိုဓမ္မဓိဌာန်ကျကျ ရှင်းရှင်းလင်းလင်းမြင်နိုင်ရင် နာကျင်ခံစားရမှုတွေလျော့နည်းလာပါလိမ့်မယ်။

     

    2️⃣Courage- သတ္တိ ( ရဲရင့်ရင်ဆိုင်နိုင်တဲ့ ခွန်အား )

    အောင်မြင်မှုကိုလူတိုင်းလိုချင်ကြတယ်။ ဒါပေမယ့် ချွေးထွက်ပင်ပန်းတာကိုတော့ မစတေးချင်ကြဘူး။

    ပိုကောင်းတဲ့ဘ၀ကိုလိုချင်တယ်လို့ မင်းပြောခဲ့တယ်။ ဒါဆိုမင်း တန်ဖိုးထားတဲ့ဘယ်အရာနဲ့လဲလှယ်ဖို့အဆင်သင့်ဖြစ်ပြီလဲ ?

    အစောကြီးမထချင်လို့၊ ရုပ်ရှင်မကြည့်ရမှာစိုးရိမ်လို့ဆိုတဲ့ဆင်ခြေတွေရှိနေသေးရင် ပိုကောင်းတဲ့ဘ၀အတွက် မင်း ready မဖြစ်သေးပါဘူး။

     

    မင်းရဲ့ဆုံးဖြတ်ချက်တွေကို အကြောက်တရားရဲ့လွှမ်းမိုးမှုအောက်မှာထားပြီးတော့ အချိန်ဆွဲ နှောင့်နှေးအောင်လုပ်ထားတယ်။ မသိတဲ့အရာကိုစွန့်စားဖို့ထက် ဆင်းရဲဒုက္ခထဲကလုံခြုံမှုကို မင်းမြတ်နိုးနေတယ်။

    မစခင်ကတည်းက စိတ်ချရမှုကိုလိုချင်နေပေမယ့် ဘ၀က ဒီလိုမျိုး အလွယ်တကူမပေးပါဘူး။

     

    မင်းလူကောင်းတစ်ယောက်ဒီနေ့ဖြစ်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကိုမင်းရွေးချယ်တယ်။

    “You could be good today. But instead, you choose tomorrow.” – Marcus Aurelius

     

    ရဲစွမ်းသတ္တိအပြည့်နဲ့ဆုံးဖြတ်ပါ။

    မင်းရဲ့အကြောက်တရားတွေကိုကျော်ဖြတ်ပြီးရင် ဘ၀မှာဘာတွေထပ်ရှိလာမလဲ?

     

    3️⃣Justice ( သမာဓိစိတ်ဓာတ်နဲ့ အမှန်တရား)

    သက်တောင့်သက်သာရှိဖို့၊ ဇိမ်ကျဖို့အတွက် လူတွေဟာ သမာဓိကိုလဲလှယ်ကြတယ်။

    အမှန်ကိုပြောဖို့ထက် နှုတ်ဆိတ်နေကြတယ်။

    ပြသနာတွေကိုရှောင်ရှားဖို့အတွက် လိမ်ညာတယ်။

    သာယာတဲ့လှည့်စားမှုတွေကို ယုံကြည်တယ်။

     

    လေးစားမှုကိုလိုချင်ရင် ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့အစပြုပါ။

    ဘယ်သူမှကြည့်မနေတဲ့အချိန်မှာတောင် သမာဓိတရားနဲ့နေထိုင်ပါ။

    အိပ်ရာဝင်တိုင်း ကြည်လင်စွာအိပ်စက်နိုင်အောင် ကျင့်ကြံပါ။

     

    Marcus Aurelius ဟာ ဘာမဆိုလုပ်နိုင်တဲ့ပါဝါရှိတဲ့ ဘုရင်တစ်ယောက်ဖြစ်ပေမယ့် “ မှန်တဲ့အရာပဲလုပ်၊ ကျန်တာဘာမှအရေးမကြီးဘူး” ဆိုတဲ့စကားကို မနက်တိုင်း သူ့ကိုယ်သူ သတိပေးပါတယ်။

    သင်ရောမနက်တိုင်း သင့်ကိုယ်သင် ဘာသတိပေးနေသလဲ?

     

    4️⃣Temperance ( မိမိစိတ်ကိုထိန်းချုပ်နိုင်တဲ့ အင်အား)

    စိတ်က ထိန်းချုပ်သမျှကို မင်းလုပ်နေရတာလား ?

    မင်း ထိန်းချုပ်တာကိုစိတ်ကလိုက်လုပ်နေရတာလား ?

     

    ဝိတ်လျှော့ချင်တယ်လို့ပြောတာပဲ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့မအားဘူး။

    တိုးတက်ချင်တယ်လို့ပြောတာပဲ ဒါပေမယ့် ညဘက်ရုပ်ရှင်လေးတစ်ကားလောက်ကြည့်ရမှ။

    အချိန်မရှိဘူးလို့ပြောတာပဲ ဒါပေမယ့်ဖုန်းပွတ်ဖို့တော့အားနေတယ်။

     

    “ကိုယ့်ကိုယ်ကို မပိုင်တဲ့လူဟာ တကယ်လွတ်လပ်မနေဘူး”

    “No man is free who is not master of himself.” – Epictetus

     

    မိမိရွေးချယ်ပိုင်ခွင့်ကို အနှောင်အဖွဲ့ကင်းစွာနဲ့ပြုလုပ်နိုင်တဲ့အချိန်

    မင်းအတွက် အကျိုးမရှိတဲ့အရာတွေကို မင်းဘ၀က ဖယ်ရှားနိုင်တဲ့အချိန်

    မင်းမလုပ်ချင်တဲ့အရာအတွက် “NO” လို့ရဲရဲဝံ့ဝံ့ပြန်ပြောနိုင်တဲ့အချိန်တွေမှာ 

    စစ်မှန်သောလွတ်လပ်ခြင်းရဲ့ အရသာကိုလက်တွေ့ခံစားရပါလိမ့်မယ်။

     

    မင်းရဲ့စိတ်ကို မင်းထိန်းချုပ်မလား? စိတ်ကထိန်းချုပ်တာကိုခံမလား? 

     

    👉အဆုံးသတ်အနေနဲ့ပြောရရင်

    မင်းလိုချင်တဲ့အရာအတွက် လိုအပ်တဲ့ ဉာဏ်ပညာ၊ အသိစိတ်၊ အရည်အချင်းတွေကို ဘယ်သူမှအလကားလာမပေးဘူး။

    လောကကြီးကလည်း မပေးသလို။

    ကံတရားကလည်းမင်းဘက်မှာမရှိဘူး။

     

    ဒါတွေကို မင်းကိုယ်တိုင်မသင်ယူရင် တရားမျှတမှုမရှိတဲ့ဘက်မှာပဲနေရမယ်။

    ဘယ်သူ့မှလာကယ်ဖို့မစောင့်ပါနဲ့ ကိုယ့်ကိုယ်ကိုသင်ယူပါ။

    ဘယ်သူမှမတားဆီးနိုင်တဲ့တိုးတက်မှုဟာ မင်းအတွက်ဖြစ်လာလိမ့်မယ်။

    Add to cart
  • မင်းရဲ့ပျော်ရွှင်မှုကိုဘယ်အချိန်မှစရှာမှာလဲ ?😔😔

     

    လူတွေဟာ ကိုယ့်ကိုယ်ကို ချစ်ကြပေမယ့် တခြားသူတွေရဲ့အမြင်ကိုပိုပြီးဂရုစိုက်ကြတယ်။

    ကိုယ်တိုင်ခံစားချက်ကိုမျိုသိပ်ပြီး တခြားသူတွေရဲ့လွှမ်းမိုးမှုအောက်မှာနေထိုင်ရင်း ကိုယ်ပိုင်ဖြစ်တည်မှုဟာသိမ်ငယ်ပျောက်ကွယ်လာတာကိုသတိမထားမိကြဘူး။

     

    အရာရာကိုတောင်းပန်နေမိတတ်သလား ?😢

    သူများအတွက်အနစ်နာခံလိုက်မှ အဆင်ပြေမယ်လို့ ခဏခဏတွေးမိသလား ?🤕

    ဒါဆိုရင် သင်ဟာ People Pleaser ကြီးတစ်ယောက်ပါ။

    သင်မလိုချင်တဲ့ဘ၀ကို သင်ကိုယ်တိုင်ဖန်တီးမိနေတာကိုရပ်တန့်ပြီး ဒီအနှောင့်အဖွဲ့ကနေရုန်းထွက်ဖို့အချိန်တန်ပါပြီ။

     

    💪💪အနှောင်အဖွဲ့ကရုန်းထွက်ခြင်း – မကြိုက်ခြင်းကိုလက်ခံနိုင်တဲ့သတ္တိ ( The Courage To Be Disliked )

     

    သင့်ကိုသင်ပြောင်းလဲခြင်းနဲ့ ပြောင်းလဲမှုကိုလက်ခံနိုင်ခြင်းဟာ ခြေလှမ်းအစပါ။

    အတိတ်က အမှားတွေ၊ စိတ်ဒဏ်ရာတွေနဲ့ တခြားသူတွေရဲ့ အမြင်က သင့်ကိုပုံဖော်ထားပြီး “မဖြစ်နိုင်ဘူး” လို့တွေးနေတဲ့သင့်အတွေးတွေကိုအရင်ရပ်လိုက်ပါ။

    Adlerian psychology အရ

    ❌ မင်းရဲ့အတိတ်က မင်းကိုမသတ်မှတ်ဘူး။

    ❌ ပျော်ရွှင်ဖို့အတွက် မင်းခွင့်ပြုချက် မလိုပါဘူး။

    ❌ လူတိုင်းက မင်းကို သဘောကျမှာ မဟုတ်ဘူး၊ ဒါလည်း အဆင်ပြေပါတယ်။

    လူတွေရဲ့လက်ခံယုံကြည်မှုကို မင်းရဲ့ပျော်ရွှင်မှုလို့ထင်ထားတယ်။ ဒါကိုဖြည့်ဆည်းဖို့ကြိုးစားရင်း ဒီဝင်္ကဘာထဲမှာမှာထွက်ပေါက်ပျောက်နေတယ်။

     

    ဒါတွေကိုလွှတ်ချလိုက်ပါ။

    🔹လူများတွေရဲ့ အမြင်ကိုထမ်းပိုးထားတဲ့ သင့်ပုခုံးကိုအနားပေးလိုက်ပါ။

    🔹အတိတ်ကအရာတွေအတွက် သင့်မှာတာဝန်မရှိတော့ပါဘူး။

    🔹သင့်ဖြစ်တည်မှုအတွက် တောင်းပန်စရာမလိုတော့သလို အနစ်နာခံစရာလည်းမလိုတော့ပါဘူး။

     

    သံကြိုးတွေရဲ့ချည်နှောင်မှုကနေလွတ်မြောက်ပြီး လတ်ဆတ်တဲ့လေနုအေးကိုရှုရှိုက်ရင်း သင့် ဖြစ်တည်မှုကို ကိုယ်တိုင်တည်ဆောက်ဖို့ အချိန်ရောက်ပါပြီ။

     

    🙏🙏ကိုယ်တိုင်ထိန်းချုပ်နိုင်မှု – ပျော်ရွှင်မှုကိုလက်ခံနိုင်တဲ့သတ္တိ ( The Courage to be Happy )

     

    ပျော်ရွှင်မှုကို လိုချင်တယ်လို့ပြောကြပေမယ့် တကယ်တမ်း ပျော်ရွှင်မှုကိုလက်ခံဖို့ကြတော့ လူတွေကစိုးရိမ်တတ်ကြတယ်။

    “ဒီပျော်ရွှင်မှုနဲ့ ထိုက်တန်ရဲ့လား?” ဆိုတဲ့မေးခွန်းကို မုန့်လုံးစက္ကူကပ်သလို တွယ်ကပ်ထားပြီး အတိတ်ကို ပြန်ပြန်သတိရမိတတ်ကြတယ်။

     

    ပျော်ရွှင်မှုကိုလက်ခံနိုင်ဖို့အရာဟာ သင်ကိုယ်တိုင်ဖန်တီးရတာပါ။

    ❌အတိတ်ကိုအပြစ်တင်စရာမလိုသလို

    ❌အချိန်ကောင်းကိုလည်းစောင့်စရာမလိုပါဘူး

    ❌ပျော်ရွှင်မှုဟာ “တစ်ချိန်ချိန်မှာ” သင့်ဆီရောက်လာမယ်လို့လည်းမတွေးပါနဲ့။

    အခုချိန်မှာ သင့်မှာလက်ဆုပ်လက်ကိုင်ရှိနေတဲ့ အရာတွေနဲ့ဖန်တီးနိုင်တဲ့ ကျေနပ်နှစ်သိမ့်ခြင်းတွေကို ကြည်နူးခံစားတတ်အောင်သင်ယူပါ။

     

    ဘ၀က ကျွန်တော်တို့ထင်သလိုအမြဲဖြစ်လာမှာမဟုတ်ဘူး။ လူတွေကသင့်ကိုတိုက်ခိုက်လိမ့်မယ်။ ဒါပေမယ့် ကိုယ်တိုင်လက်ခံထားတဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်ထားတဲ့သင့်ကိုဘယ်အရာကမှ ဖျက်ဆီးနိုင်မှုမဟုတ်ပါဘူး။

     

    ✈️အနာဂတ်မှာရှိမဲ့သင်သာ အချိန်ခရီးနောက်ပြန်လာလို့ရခဲ့ရင် ဒီခရီးလမ်းကိုလျှောက်လမ်းဖို့ သတ္တိမွေးခဲ့တဲ့အခုအချိန်ကိုကျေးဇူးတင်နေလိမ့်မယ်။

    သင့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်နိုင်တယ်ဆိုတာကို လက်ခံသဘောပေါက်သွားရင် အနာဂတ်ဆိုတာ သင့်လက်ထဲမှာပါ။

     

    စာအုပ်ထဲမှာပြောထားတဲ့အတိုင်း မကြိုက်ခြင်းကိုလက်ခံနိုင်ဖို့ သတ္တိလိုအပ်သလို ပျော်ရွှင်ခြင်းကိုလက်ခံနိုင်ဖို့လည်းသတ္တိရှိဖို့လိုပါတယ်။

    ဒီတော့ ဒီခရီးလမ်းကိုလျှောက်ဖို့ လိုအပ်တဲ့ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား ?

    Add to cart
  • သင့်ဘေးနားကငတုံးတွေ Psychopaths တွေနဲ့ လူမှုဘ၀မှာဘယ်လိုဆက်ဆံမလဲ ?

    အလင်းနဲ့အမှောင် ကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချတတ်မှုဟာလူသားတွေရဲ့ မွေးရာပါ instinct တစ်ခုဖြစ်ပါတယ်။ Idiots တွေကို အလင်းပြအရောင်တင်ပေးပြီး Psychopaths တွေရဲ့ အမှောင်ထုကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ skill တွေကို ရယူပိုင်ဆိုင်ထားမှသာ
    လူမှုဘ၀မှာ လူတွေရဲ့လှည့်စားမှု အသုံးချမှုကနေရှောင်ရှားနိုင်မှာပါ။

    ယေဘုယအားဖြင့် ခင်ဗျားနဲ့အတူတူအလုပ်လုပ်တဲ့လူ ဆယ်ယောက်ရှိတယ်ရင် ရှစ်ယောက်က ငတုံးတွေဖြစ်ပြီး နှစ်ယောက်ကတော့ Psychopaths တွေဖြစ်ဖိုများတယ် လိုလေ့လာချက်တွေမှာတွေ့ရှိရပါတယ်။

    What ? – ဒီစာအုပ်တွေကဘာလဲ ?
    -Surrounded by Idiots စာအုပ်က ဒီလူတွေနဲ့ အဆင်ပြေအောင်ဘယ်လိုဆက်ဆံရမလဲ၊ ကိုယ့်အကြိုက်သူ့အကြိုက်တွေ၊ လူတွေမှာရှိနေတဲ့ Subconscious Behavior နဲ့ Belief System တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာရှင်းပြထားပါတယ်။
    -Surrounded by Psychopaths ထဲမှာ ဒီလူတွေက ခင်ဗျားကိုဒုက္ခပေးနိုင်တဲ့ ပြသနာတွေနဲ့ သူတို အသုံးချမှုကိုခင်ဗျားမခံရအောင်ရှောင်ရှားနိုင်တဲ့နည်းလမ်းတွေ အပါအဝင် psychopathsအသုံးချတတ်တဲ့ လှည့်ဖျားနည်းတွေကို သိရှိနားလည်နိုင်ပါတယ်။
    -Surrounded by Badbosses ထဲမှာခက်ခဲတဲ့ Boss တွေ ၊ ရေသာခိုအချောင်လိုက်ချင်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ Trick တွေကိုသိနိုင်ပြီး သင့် Career ကိုကျွမ်းကျင်အောင်တိုးတက်လိမ္မာစေတဲ့နည်းတွေကိုတွေ့ရမှာပါ။

    When ? – ဘယ်အချိန်မှာ ဒီစာအုပ်တွေကိုဖတ်သင့်သလဲ ?
    – Surroundedby Idiots – မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့ဆက်ဆံတဲ့အချိန်၊ လုပ်ငန်းခွင်မှာ ၊ မိသားစုနဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ နားလည်မှုဆက်ဆံရေးပိုမိုကောင်းမွန်ဖို လိုအပ်တဲ့အချိန်မှာ ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။
    – Surrounded By Psychopaths – Psychopaths ရဲ့ အကောင်းဆုံး Skill က သင့်ကို Confuse ဖြစ်အောင်ခဏခဏလုပ်တတ်တာပါပဲ ။လူတွေကိုစကားမပြောချင်လောက်အောင်မွန်းကျပ်ပြီး ထွက်ပေါက်ရှာဖိုခက်ခဲနေတဲ့ အချိန်၊ ကိုယ့်ကိုလှည့်ဖျားဖိုကြိုးစားနေတဲ့သူတွေရှိတယ်လိုခံစားရတဲ့အချိန်၊ လုံး၀အဆင်မပြေတဲ့သူတွေနဲ့ဆက်ဆံရတဲ့အချိန် တွေမှာ ဒီစာအုပ်ကသင့်ကိုအကောင်းဆုံးအဖော်ဖြစ်ပေးပါလိမ့်မယ်။
    – Surrounded by Badbosses – လုပ်ငန်းခွင်မှာ အနိုင်ကျင့်တဲ့ Boss နဲ့ Manager တွေ၊ ခေါင်းရှောင်ပြီးအလုပ်မလုပ်ချင်တဲ့ လူတွေနဲ့ ဆက်ဆံနေရပြီလိုခံစားရရင် ဒီစာအုပ်ကလေးကသင့်ကို အလင်းပြပေးပါလိမ့်မယ်။

    How? – ဘယ်လိုဖတ်ရမလဲ ?
    Surrounded by Idiots ကိုစဖတ်ပါ။
    -ဒီစာအုပ်ထဲမှာပါတဲ့ DISC Model နဲ့ လူတွေရဲ့ Behavior တွေ၊ သူတိုတွေနဲ့ ဘယ်လိုဆက်ဆံနည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကိုလေ့လာပြီး မိမိကိုယ်ကိုယ်ပြန်ဆန်းစစ်ပါ။ လက်တွေ့ဘ၀မှာ ရှိနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲ က Red, Yellow, Green, Blue နှစ်ယောက်လောက်စီရှာပြီး သူတိုနဲ့ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်ကြိုးစားကြည့်ပါ။ ကိုယ်နဲ့သင့်လျော်ပြီးကိုယ်တိုင် အသုံးချနိုင်တဲ့ Skill တွေကို စွဲမြဲကျင့်သုံးပါ။
    -Surrounded by Psychopaths ကို ပြီးမှဖတ်ပါ။
    သင့်ဘေးနားက အနီးဆုံးရှိနေတဲ့သူတွေကိုအရင်ဆန်းစစ်ပါ။ များသောအားဖြင့် Psychopaths တွေဟာ သင်သတိမထားမိတဲ့ သင့်အနီးဆုံး မိသားစု သူငယ်ချင်းတွေဖြစ်နေတတ်ပါတယ်။ Psychopaths တွေဟာ မကောင်းတဲ့ရည်ရွယ်ချက်မရှိရင်တောင် သူတိုလိုချင်တာရဖိုအတွက် သင့်ကို Manipulate လုပ်ဖို ခဏခဏ ကြိုးစားနေတတ်ပါတယ်။ သူတိုနဲ့ရန်ဖြစ်ဖို တိုက်ခိုက်ဖိုမကြိုးစားပါနဲ့ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်က သူတိုတွေရဲ့ လိမ္မာပါးနပ်စွာလှည့်ဖျားမှုကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်ရှားနိုင်ဖို လမ်းညွှန်နည်းတွေပေးထားပါတယ်။
    -Surrounded by Badbosses ကို လုပ်ငန်းခွင်အတွက်သင်ယူပါ။
    လုပ်ငန်းမှာကြုံတွေ့နေရတဲ့ တကယ့် အခက်အခဲတွေကို နမူနာယူပြီး ဒီစာအုပ်ကလေးထဲက သင်ခန်းစာ တွေနဲ့ ပြန်လည်ဆန်းစစ်ပါ။ လူများကိုအကဲမခတ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်မြင်အောင်ကြည့်ပြီး မိမိ တက်လမ်းကို အကျိုးပြုစေမယ့် Relationship တွေကိုတည်ဆောက်ပါ။ ခင်ဗျားလူတိုင်းနဲ့သူငယ်ချင်းဖြစ်လိုမရဘူးဆိုတာကိုတော့ မမေ့ပါနဲ့။

    Thomas Erikson ရဲ့ Surrounded by Idiots, Surrounded by Psychopaths, Surrounded by Badbosses and Lazy Employees စာအုပ်တွေ နဲ့ အတူမိမိရဲ့ Communication, Human Psychology နဲ့ Understanding Skill တွေကို upgrade လုပ်ဖို အဆင်သင့်ဖြစ်ပြီလား ?

    Add to cart
  • 👁‍🗨👁‍🗨အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကိုသိဖို Yuval Noah Harari ရဲ့စာအုပ် Collection👁‍🗨👁‍🗨
    🐒ငါတို ဘယ်ကလာတာလဲ ? ( Where Do We Come From? )
    👨‍👩‍👧‍👦ငါတိုကဘာတွေလဲ? (What Are We?)
    🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ ? (Where Are We Going? )
    🪢ငါတို ဘယ်လိုဖြစ်တည်လာတာလဲ ? ( How do we become? )

    ဒီစာပိုဒ်ကလေးကို တစ်ခါတစ်လေ ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်မှာ တွေးမိတတ်ပါတယ်။ ငယ်ငယ်ကတည်းက Discovery Channel အရမ်းကြိုက်၊ သုတစွယ်စုံဆိုလည်း တွေ့တာနဲ့ကောက်ဖတ်လိုက်တဲ့ ကျွန်တော့်လိုမျိုးစာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက် ဒီစာအုပ်ကလေး 4 အုပ်ကို Recommend ပေးချင်ပါတယ်။

    🐒ငါတိုဘယ်ကလာတာလဲ ? – Sapiens: A Brief History of Humankind
    မျောက်ဝံတွေဘ၀ကနေ အာကာသထဲခရီးသွားနိုင်တဲ့အထိ ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ ကျွန်တော်တို (Homosapiens) တွေရဲ့ဖြစ်တည်ရာအတိတ်ကို ဒီစာအုပ်ကလေးနဲ့အတူအချိန်ခရီးသွားလိုက်ပါ။
    စိုက်ပျိုးရေး၊ဘာသာရေး၊စီးပွားရေး၊ယဉ်ကျေးမှုနဲ့နည်းပညာ တွေဖြစ်တည်လာပုံကိုလေ့လာရမှာပါ။

    👨‍👩‍👧‍👦ငါတိုကဘာတွေလဲ ? – 21 Lessons for the 21st Century
    21 ရာစုမှာဘာတွေဖြစ်နေလို ဘာတွေငါတိုလုပ်ကြရမှာလဲ ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးထားပါတယ်။ကျွန်တော်တိုအားလုံးသိချင်တဲ့မေးခွန်းတွေဖြစ်တဲ့ “ AI နဲ့ Automation တွေနဲ့ အလုပ်လုပ်လာတဲ့ခေတ်မှာ ငါတိုဘာတွေလုပ်ကြရမလဲ ? “ “ငါတိုအလုပ်အားလုံးကို စက်တွေကအစားထိုးသွားမှာလား ?” “ ဆက်တိုက်တိုးတက်နေတဲ့ ဒီကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်အောင် ဘာလုပ်သင့်လဲ” ဆိုတာတွေရဲ့အကြောင်း ကိုပြောပြထားပါတယ်။

    🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ – Homodeus: A Brief History of Tomorrow
    မရဏတရားကိုအနိုင်ယူနိုင်ပြီး အသက်ရှင်သန်ဖိုအတွက် ပူပန်စရာမလိုတော့တဲ့အနာဂတ်မှာ လူတွေကပျော်ရွှင်မှုနောက်လိုက်ကြမှာလား ? အဓိပ္ပါယ်ရှိတဲ့အရာတွေနောက်လိုက်ကြမလား ? အနာဂတ်ရဲ့ ကန့်လန့်ကာအနောက်မှာ AI နဲ့ ကျွန်တော်တို လူသားတွေ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ? တိုးတက်မှုနဲ့တကွ ရရှိလာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။

    🪢ငါတိုဘယ်လိုဖြစ်တည်လာတာလဲ ? – Nexus: A Brief History of Information Networks from the Stone Age to AI
    ကျွန်တော်တိုငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖိုအတွက် စာတိုက်ကနေစာပိုရတယ်. ပြီးတော့လိုင်းဖုန်း, ဆယ်လူလာဖုန်း စသည်ဖြင့် အခုအချိန်မှာ စကားပြောဖိုအတွက် ဘေးနားကဖုန်းလေးကောက်ကိုင်ပြီးစာလေးရိုက်လိုက်တာနဲ့ မိုင်ထောင်ချီကွာဝေးနေတဲ့လူနဲ့လည်းဆက်သွယ်လိုရနေပြီ။ ဒီအရာတွေဘယ်လိုဖြစ်တည်လာသလဲ ? ကျွန်တော်တိုရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှုတွေနဲ့ ဒီinformation တွေကိုလူသားတွေဆီပြန့်နှံသွားအောင် ဘယ် Network တွေကလုပ်ဆောင်ပေးခဲ့သလဲဆိုတဲ့အကြောင်းကို လေ့လာနိင်ပါတယ်။

    🧠စာရေးဆရာ Yuval Noah Harari ရဲ့ စာအုပ်တွေဟာ ဖတ်ရုံသာမက အတွေးအမြင်သစ်တွေကိုခေါ်ဆောင်လာပေးပါတယ်။ လူသားမျိုးနွယ်တွေရဲ့ ဖြစ်တည်မှုအစကို Sapiens ကနေစပြီး အခုခေတ်ရဲ့ စိန်ခေါ်မှုတွေကို 21 Lessons for the 21st century မှာအပြင် အနာဂတ်ရဲ့ ဖြစ်နိုင်ခြေတွေကို Homodeus မှာစိတ်ကူးပုံဖော်ထားပါတယ်။ ဒီအရာတွေဖြစ်တည်လာဖိုအတွက် သတင်းအချက်အလက် Nexus တွေက ပံ့ပိုးပေးခဲ့တဲ့အကြောင်းတွေနဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဒီ Collection လေးနဲ့ အတူမျှဝေခံစားလိုက်ပါ။

    Add to cart

Cart

Your Cart is Empty

Back To Shop