Profit First: Transform Your Business from a Cash-Eating Monster to a Money-Making Machine

19,500 Ks

Sales – Profit = Expense
ရောင်းရငွေ – အမြတ်ငွေ = ကုန်ကျစရိတ်

ဟုတ်ကဲ့,
ဒီဖော်မြူလာကိုကြည့်ပြီး CPA , ACCA Certificate တွေကိုင်ထားတဲ့ Financial Expert တွေကျွန်တော့်ကို တုတ်နဲ့ ဝိုင်းမရိုက်ခင်မှာ စာရေးဆရာ Mike Michalowicz ပြောတဲ့ Profit first အကြောင်းကိုအရင်ရှင်းပြပါရစေ။

“သူဌေးဆိုတာ စာအုပ်ထဲမှာပဲပိုက်ဆံရှိတာ အပြင်မှာဒီလိုပါပဲ”ဆိုတာ ပြောဖူးသလား?
“ငါ့လုပ်ငန်းက ဘယ်လောက်ကြီးတာကွ” “ဒီ Project တွေကငါလုပ်နေတာ” ဆိုပြီး လုပ်ငန်းရှင်အချင်းချင်းပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းရေရှည်ဆက်တည်တံ့နိုင်ဖို အခြေအနေဘယ်လိုလည်းဆိုတာ ကိုဘယ်သူမှမမေးတတ်ကြသလို အချိုလုပ်ငန်းရှင်တွေကိုယ်တိုင်မသိကြပါဘူး။

တစ်ပတ်လောက်အရောင်းမရှိ တစ်လလောက် Project အသစ်မရှိရင် ရပ်ပစ်လိုက်ရတော့မယ့် Startup လုပ်ငန်းတွေအများကြီးရှိပါတယ်။
ထုတ်ပြောဖိုခက်တဲ့အမှန်တရားတစ်ခုကတော့ လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းအသက်ဆက်ဖိုအတွက်ကိုယ်ပိုင် ဝင်ငွေကိုဖဲ့ပေးရင်းနဲ့ အလုပ် ရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်လိုဖြစ်နေမှန်းမသိဘူးဖြစ်နေတတ်တာပါ။ လုပ်ငန်းကတော့လည်ပတ်နေပြီး ဝန်ထမ်းတွေလည်းလစာရ Customer တွေလည်းအဆင်ပြေပေမယ့် သင့်အတွက်တော့ကျွန်တစ်ယောက်လို အကျိုးအမြတ်အကြွင်းအကျန်လေးကိုပဲစားရရင် ဘယ်လိုအဆင်ပြေမှာလဲ?

Profit First
အမြတ်ကပထမဆုံးလာတယ်
လကုန်လိုပုံမှန်စာရင်းချုပ်ပြီဆိုရင် တစ်လလုံးရောင်းရငွေ – ဝန်ထမ်းစရိတ် – လုပ်ငန်းစရိတ် – အထွေထွေစရိတ် – အခွန် အကုန်နှုတ်ပြီးတော့မှ ကျန်တဲ့ အကျိုးအမြတ်ကို လုပ်ငန်းရှင်ကရပါတယ်( Sales – Expense = Profit )။ ဒီနေရာမှာ လုပ်ငန်းအဆင်မပြေတာ အခက်အခဲတွေရှိတာနဲ့ လုပ်ငန်းလည်ပတ်ဖိုအတွက်က လုပ်ငန်းရှင်အိတ်စိုက်ရတော့တာပဲ (မပူပါနဲ့ ဒီအချိန်မှာခင်ဗျားရဲ့ Manager လစာက ခင်ဗျားဝင်ငွေထက်ပိုတာ ကျွန်တော်သိပါတယ်)။ Profit first မှာသင့်ကိုယ်ပိုင်ဝင်ငွေကို သင်ဖယ်ပြီးသွားရင်ကျန်တဲ့ ငွေအားလုံးဟာ လုပ်ငန်းရဲ့ Expense ဖြစ်သွားပါပြီ( Sales- Profit = Expense) ။ ဒီနည်းကိုအသုံးချပြီး Lean ဖြစ်တဲ့ Team ကိုဘယ်လိုတည်ဆောက်မလဲ, Small plates Strategy ဟာ သင့်ရဲ့ Personal, Professional Finance ကို တိုးပွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို စာအုပ်ထဲမှာ Detail ရှင်းပြထားပါတယ်။

The Survival Trap
လုပ်ငန်းလုပ်တတ်တာနဲ့ အကျိုးအမြတ်ရှာဖွေတတ်တာနဲ့ Skill နှစ်ခုဟာမတူပါဘူး။
Entrepreneur တွေဟာ 9-5 ကနေရုန်းထွက်ဖို ကိုယ်လိုချင်တဲ့ လွတ်မြောက်မှုတစ်ခုကိုရနိုင်ဖိုအတွက် စွန့်စားပြီး ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်မြောက်အောင်ကြိုးစားကြပါတယ်။ Traditional Growth formula တွေအရ Entrepreneur အများစုဟာ Check to Check, Panic to Panic နေမိတတ်ကြတဲ့အကြောင်းကို The Survival Trap နဲ့ ယှဉ်ရှင်းပြထားပါတယ်။

အရောင်းတွေကျတယ် -> Expense တွေတက်လာတယ် -> ပိုရောင်းရအောင်ကြိုးစားတယ်-> Expense တွေပြန်ကာမိတယ်-> အရောင်းတွေပြန်ကျသွားတယ်

ဒါဟာရိုးရှင်းတဲ့ Formula ပါ။ ရုန်းကန်ဖို ဖောက်ထွက်ဖိုကြိုးစားရင်း ဒီ Trap ထဲမိသွားတဲ့ Entrepreneur တွေဟာ ကိုယ်လုပ်ငန်းစတုန်းကတွေးခဲ့တဲ့အိမ်မက်တွေထက် လုပ်ငန်းရှင်သန်ဖိုပဲအာရုံစိုက်ပြီး ပိတ်မိသွားတတ်ပါတယ်။ သင်က သင့်လုပ်ငန်းကို ခိုင်းရတာပါ။ သင့်ကို သင့်လုပ်ငန်းကပြန်ခိုင်းနေတာမဖြစ်ပါစေနဲ့။

GAAP vs Profit First
GAAP ( Generally Accepted Accounting Principles ) ဟာ လုပ်ငန်းတွေအတွက် ဖြစ်ပြီး Individual Finance နဲ့ လိုက်လျောညီထွေမှုမရှိတာကိုအံ့ဩဖိုကောင်းလောက်အောင်ကျွန်တော်ဒီစာအုပ်ထဲမှာတွေ့မိပါတယ်။ “Have you ever had the thought that the universe knows exactly how much extra money you have?” ဆိုတဲ့မေးခွန်းမှာ ငါးမိနစ်လောက်ကျွန်တော်ကိုယ်တိုင်တွေဝေသွားခဲ့ပါတယ်။ “Bank Balance Accounting” လိုခေါ်တဲ့ Principle ထဲမှာ ကျွန်တော်တိုတွေလက်ထဲမှာရှိတဲ့ပိုက်ဆံကိုအကုန်သုံးမိတတ်တဲ့အကြောင်းနဲ့ အဲ့ဒီ့ပိုက်ဆံကို Necessary Expense ဆိုပြီးခေါင်းစဉ်အမြဲတပ်တတ်တဲ့ အကြောင်းကိုလည်းရှင်းပြထားပါတယ်။ Profit First ကိုအသုံးပြုပြီး သင့်ရဲ့အပိုဝင်ငွေကို သင်ကိုယ်တိုင်မဖြုန်းမိအောင်အဝေးမှာထားတဲ့ နည်းစနစ်တွေကိုဒီမှာတွေ့ရမှာပါ။

လုပ်ငန်းရှင်တိုင်းဖတ်သင့်တဲ့စာအုပ်တစ်အုပ်
လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းကိုကြီးသထက်ကြီးအောင်လုပ်ဖို စိတ်အားထက်သန်ကြပေမယ့် Healthy Business ဖြစ်အောင်လုပ်ဖိုကိုမေ့နေတတ်ကြတာကို စာရေးဆရာကထောက်ပြထားပါတယ်။ အကောင်ကြီးရင် အကျနာတယ်ဆိုသလို လုပ်ငန်းကြီးဖိုထက် Healthy and Profitable Business ဖြစ်အောင်အာရုံစိုက်မှ လုပ်ငန်းကအသီးအပွင့်ကို သင်ခံစားရမှာပါ။ စာရေးဆရာရဲ့ 4th wall breaking ရေးသားတဲ့ စတိုင်က ကိန်းဂဏန်းတွေအများကြီးပါတဲ့ accounting စာအုပ်ကိုဖတ်ရသလိုမခံစားရပဲ ကိုယ့်ပြသနာတွေကိုဘေးနားကနေ ရယ်စရာပြောပြနေလိုခံစားရတဲ့ အရသာကအရမ်းကောင်းပါတယ်။ မသိသူကျော်သွား သိသူဖော်စားဆိုသလို အပျင်းပြေပဲ ဖတ်ဖတ် ကိုယ်တိုင်အသုံးချဖို Deep learning ပဲလုပ်လုပ် အသုံးဝင်တဲ့စာအုပ်ကလေးကို Airplane မှာ instock ရနိုင်ပါပြီ။

Reviews

There are no reviews yet.

Be the first to review “Profit First: Transform Your Business from a Cash-Eating Monster to a Money-Making Machine”

Your email address will not be published. Required fields are marked *

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping