If You’re So Smart, Why Aren’t You Happy?

29,500 Ks

“You’ve Already Achieved Goals That You Said Would Make You Happy”
သင့်ကိုပျော်ရွှင်စေမယ်လိုပြောခဲ့တဲ့ ပန်းတိုင်တွေကိုသင်ရရှိပြီးသွားပြီ။
အခု ပျော်နေတယ်လိုခံစားရလား?

သင်ကိုယ်တိုင်သတ်မှတ်တဲ့အောင်မြင်မှုတွေရရှိတဲ့အချိန်မှာ သင်ပျော်မယ်လိုပြောခဲ့တယ်။အခု သင့်အိမ်မက်တွေကိုလက်ထဲမှာပိုင်ဆိုင်နေလျက်နဲ့ ဒါဆိုဘာကြော င့်တစ်ခုခုကို လိုအပ်နေသေးသလိုခံစားနေရတာလဲ ?
🏎️ကိုယ်ပိုင်ကားလေးရရင်ပျော်မယ်၊🌱 ရာထူးတိုးရင်ပျော်မယ်၊🎓 MBA ရရင်ပျော်မယ်လိုထင်တဲ့အိမ်မက်တွေနဲ့အောင်မြင်မှုတွေမင်းလက်ထဲမှာရှိနေပြီ။ ဒါဆိုဘာကြောင့် ပျော်ရွှင်ဖိုနည်းလမ်းတွေကို အခုချိန်ထိလိုက်ရှာနေသေးတာလဲ ?

💼💔“ပိုကြိုးစား၊ ပိုရုန်းကန်.. အရာရာကိုစတေးပြီး အောင်မြင်မှုကိုရတဲ့အချိန်ကျရင် ပျော်ရွှင်မှုကိုရလိမ့်မယ်” ဆိုတဲ့ လိမ်ညာမှုတစ်ခုအနောက်ကိုကျွန်တော်တိုယုံယုံကြည်ကြည်လိုက်ခဲ့ကြဖူးတယ်။ အောင်မြင်မှုဟာပျော်ရွှင်မှုကိုယူဆောင်လာပေးမယ်လို ယုံကြည်ကြပေမယ့် တကယ်တန်းအောင်မြင်မှုဟာပျော်ရွှင်စေမယ်ဆိုတဲ့အာမခံချက်မရှိပါဘူး။
ပျော်ရွှင်မှုကိုစတေးပြီး အောင်မြင်မှုအနောက်လိုက်ရင်း ခရီးအဆုံးကိုရောက်တဲ့အချိန်ကျမှအရာအားလုံးဟာ အဓိပ္ပါယ်မဲ့နေတဲ့ခံစားချက်ဟာအောင်မြင်မှုရဲ့လူတွေမမြင်ရတဲ့ အမှောင်ဘက်ခြမ်းတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့အတူရရှိလာတဲ့အောင်မြင်မှုသာ တကယ်အဓိပ္ပါယ်ရှိမှာပါ။

⚒️🔁ဒီလိုဆိုတော့ သင့်ဘ၀မှာ ရွေးချယ်စရာအလုပ်နှစ်ခုရှိတယ်။
(A) အလုပ်ကပျော်စရာကောင်းတယ်။ လုပ်ဖော်ကိုင်ဘက်တွေကရိုင်းပင်းကူညီကြတယ်။ လစာနည်းတယ်။ နေ့တိုင်းအလုပ်သွားရတာ ကစားကွင်းသွားရသလိုပဲ။
(B) အလုပ်ကပျော်စရာမကောင်းဘူး။ လုပ်ဖော်ကိုင်ဘက်တွေကမနာလိုကြဘူး။ လစာများတယ်။ နေ့တိုင်းအလုပ်သွားရတာငရဲကျနေသလိုပဲ။
ဒီအလုပ်နှစ်ခုထဲကဘယ်အလုပ်ကိုသင်ရွေးမလဲ ?
သင့်စိတ်ထဲမှာ ပျော်စရာကောင်းတဲ့ နံပါတ် (A) ကိုရွေးချယ်မယ်လိုပြောလိမ့်မယ်။ ဒါပေမယ့်လေ့လာချက်တွေအရ လက်တွေ့မှာလူတွေရဲ့ 78% ဟာ အလုပ် (B) ကိုရွေးချယ်ပြီး အလုပ် (A) ကို 22% ပဲရွေးချယ်ကြတယ်ဆိုတာကိုတွေ့ရှိရတယ်။ စိတ်ကူးအရပျော်ရွှင်မှုကို ဦးစားပေးကြပေမယ့် လက်တွေ့မှာအောင်မြင်မှုကို ပိုမိုရွေးချယ်ပြီး ပျော်ရွှင်မှုကိုစတေးခံတတ်ကြတာဟာ လူ့သဘာ၀တစ်ခုဖြစ်ပါတယ်။ သင်လိုချင်တာ အောင်မြင်မှုဆိုရင် သင်လိုအပ်နေတာဟာပျော်ရွှင်မှုဖြစ်နေတတ်တဲ့အကြောင်းကိုသတိပြုမိဖိုအရေးကြီးပါတယ်။

🚗✨သူငယ်ချင်းတွေနဲ့အတူသွားခဲ့ဖူးတဲ့ခရီးတစ်ခုကို အကြောင်းကိုပြန်တွေးကြည့်ရအောင်(ဥပမာ ချောင်းသာခရီးပေါ့) သင်မှတ်မိတဲ့အပျော်ဆုံးအချိန်ဟာ ချောင်းသာကိုရောက်သွားတဲ့အချိန်လား? သွားတဲ့လမ်းမှာဖြစ်ပျက်ခဲ့တဲ့ပေါက်တတ်ကရဖြစ်စဉ်တွေလား ? ဘယ်အချိန်ရောက်မှာလဲဆိုပြီးပူပန်နေရင်(ဒါမှမဟုတ်)အိပ်ပျော်နေရင် ခရီးလမ်းမှာပျော်ရွှင်ရမှာမဟုတ်သလို အမှတ်တရဖြစ်စဉ်တွေကိုလည်းလက်လွှတ်ရမှာပါ။ သင်မှတ်မိတဲ့ ပျော်ရွှင်တဲ့အချိန်တွေတိုင်း သင်တစ်ယောက်တည်းမဟုတ်ပဲ အနားမှာ မိတ်ဆွေအပေါင်းအသင်းတွေအမြဲရှိနေတာကို သတိထားကြည့်ပါ။ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်တာထက် ပန်းတိုင်ကိုသွားတဲ့ခရီးလမ်းမှာရှိနေတဲ့ အပေါင်းအသင်းတွေနဲ့အတူ အခက်အခဲတွေကိုကျော်လွှားနိုင်မှု၊ အရှိတရားကိုလက်ခံနိုင်မှုနဲ့ လျှောက်တဲ့လမ်းကိုကျေနပ်နိုင်မှုဟာ တကယ့်ပျော်ရွှင်မှုအစစ်အမှန်ပါ။

🔍😄သင့်ရင်ထဲမှာအမြဲရှိနေတဲ့ ပျော်ရွှင်မှုဟာ လိုက်ရှာစရာလိုတဲ့အရာမဟုတ်ပါဘူး။ သူကိုအာရုံစိုက်အရေးပေးဖိုပဲလိုအပ်ပါတယ်။ အလုပ်ကအရမ်းပင်ပန်းပြီးပြန်လာတဲ့အချိန်မှာ အိမ်မှာရှိတဲ့ ဟင်းစားမလား? မာလာရှမ်းကောသွားစားမလားဆိုတဲ့မေးခွန်းကိုသင်ဘာဖြေမလဲ?
အိမ်ကဟင်းကိုစားတာဟာမှန်ကန်တဲ့အဖြေဖြစ်ပေမယ့် မာလာရှမ်းကောဟာသင့်ကို ပိုမိုပျော်ရွှင်မှုပေးပါလိမ့်မယ်။
မှန်ကန်တဲ့အရာတွေကိုအမြဲရွေးချယ်ပြီး သင်ပျော်မနေဘူးလိုမငြင်းပါနဲ့။
ဒါဟာ အိမ်ကဟင်းနဲ့ မာလာရှမ်းကော နှစ်ခုနဲ့ တင်မကပါဘူး ။သင်ဟာ မှန်ကန်မှု နဲ့ ပျော်ရွှင်မှုနှစ်ခုထဲက တစ်ခုကိုအမြဲရွေးချယ်နေတယ်ဆိုတာကိုသတိပြုပြီး စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဒီနှစ်ခုကိုသာတူညီမျှစွာ စီမံခန့်ခွဲနိုင်မှုအပေါ်မှာမူတည်နေတယ်ဆိုတာသတိပြုပါ။

🚨🔥နောက်ဆုံးအနေနဲ့ပြောရရင် ပျော်ရွှင်မှုဆိုတာ အောင်မြင်ပြီးမှရတဲ့အရာတစ်ခုမဟုတ်ပါဘူး၊ သင်သွားတဲ့လမ်းတလျှောက်မှာဖန်တီးသွားရမှာပါ။ သင့်ခေါင်းထဲကအတွေးတွေအားလုံးကိုခဏလောက်ရပ်၊ အသက်၀၀ရှုသွင်းပြီး “သင်အောင်မြင်နေတာလား” ဒါမှမဟုတ် “ဘ၀ကိုကျေနပ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းနေတာလား “ ဆိုတာကိုစဉ်းစားကြည့်လိုက်ပါ။
သင့်ဆီမှာ အောင်မြင်မှုဘယ်နှစ်ခုရှိတယ် ဆိုတာထက်ဒီအောင်မြင်မှုတွေကိုသွားတဲ့လမ်းခရီးဟာ ဘယ်လောက်ပျော်ဖိုကောင်းသလဲဆိုတာကို ကျေနပ်လက်ခံနိုင်တာဟာ သင့်လိုအင်တောင့်တတဲ့ဘ၀ရဲ့‌ စစ်မှန်သောပျော်ရွှင်မှုပါ။
အနာဂတ်ခရီးကိုသင်ရွေးချယ်တိုင်း ပျော်ရွှင်မှုမရနိုင်တဲ့အောင်မြင်မှုဟာ အဓိပ္ပါယ်မဲ့တယ်ဆိုတဲ့အရာကို အမြဲသတိပြုဖို အကြံပြုရင်း ကျွန်တော့်ဘ၀ကို အကြီးကြီးပြောင်းလဲစေခဲ့တဲ့စာအုပ်ကလေးနဲ့အတူ Raj Raghunathan ရဲ့ TED Talk ကလေးကိုမျှဝေပေးလိုက်ပါတယ်။
ဒီမှာကြည့်ပါ > https://www.youtube.com/watch?v=KIp3rHn3PiI&t=206s

Reviews

There are no reviews yet.

Be the first to review “If You’re So Smart, Why Aren’t You Happy?”

Your email address will not be published. Required fields are marked *

Your Cart

Your Cart

Your Cart is Empty

Start Shopping
Continue Shopping
Payment Details
Sub Total Ks