Grit: The Power of Passion and Perseverance

21,500 Ks

“The greatest predictor of success is grit.”
အောင်မြင်မှုရဲ့ ရှေ့ပြေးနိမိတ်ဟာ ကြံကြံခံပြီးကြိုးစားနိုင်ခြင်းဖြစ်တယ်
-Angela Duckworth

🛰 အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေရတဲ့ ခေတ်ကာလကို ရောက်နေချိန်မှာ Persistence ရဲ့အရေးကြီးမှုဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာတယ်။

🚖 Taxi စီးချင်လား။ Grab ရှိတယ်။ ဗိုက်ဆာနေလား။ Foodpanda ရှိတယ်။ တစ်ခုခု ရှာချင်လား။ Google ရှိတယ်။ အရာအားလုံး လွယ်လွယ်ကူကူ ရနေတဲ့ အခါမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ရနိုင်တဲ့ Social Skill, Network and Friends အဲ့ဒီ့အချက်တွေမှာ အားနည်းလာတယ်။

💑 တစ်ချိန်တစ်ခါက မိန်းကလေး တစ်ယောက်ကို ပိုးပန်းဖိုဆိုရင် အဲ့ဒီ့မိန်းကလေးကို သေချာလေ့လာရတယ်။ မိန်းကလေးက ဘာတွေ ကြိုက်တတ်လဲ။ ရည်းစားစာဆိုလည်း စကားလုံးတွေကို ဖွဲနွဲပြီး ရေးရတယ်။ သူမအတွက် ကြယ်တွေ ခေါက်ရတယ်။ စာတွေ အကြောင်းများစွာရေးပြီးတော့ စာအိတ်လှလှလေးတွေနဲ့သေချာထုပ်ပိုးပြီးမှ သူမ မသိအောင် ခိုးပေးရတယ်။ သူမဆီက အချစ်ကို ရယူဖိုအတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးမှ အဖြေရတယ်။ အဲ့သလိုမျိုး ခက်ခက်ခဲခဲ ရယူထားတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။ တန်ဖိုးထားကြတယ်။

🗯 အခုချိန်မှာတော့ လူငယ်တွေက Messenger လေးဖွင့်ပြီး ချစ်တယ်လိုပြောလိုက်တော့ ကြိုးစားမှုတွေက မရှိ၊ ရလာတော့လည်း မကြိုးစားထားတော့ တန်ဖိုးမထားကြပဲ ခဏလေးနဲ့ပြန်ပြတ်ကြတယ်။ လူငယ်တွေမှာ Persistence ရဲ့အရေးကြီးမှု၊ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ခံစားမှုမျိုးတွေ ပျောက်ကွယ်လာကြတယ်။

💁 စာရေးဆရာမ Angela Duckworth က အောင်မြင်သူတွေနဲ့ကျရှုးသူတွေ ကြားမှာ ကွာခြားချက်တွေကို Research လုပ်ကြည့်တဲ့ အခါမှာ Grit ကအရေးကြီးဆုံး ဆိုတာတွေ့ရှိခဲ့တယ်။ Grit ဆိုတာကတော့ ရည်မှန်းချက်တစ်ခုကို အချိန်အကြာကြီး မဆုတ်မနစ်ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ (Passion + Perseverance). Grit စာအုပ်မှာ လဲကျတိုင်း ပြန်ထဖိုပြီးတော့ ပြန်ထလာတဲ့ အချိန်မှာ အရင်တစ်ခါထက် ပိုသာတဲ့ လူတစ်ယောက် ဖြစ်ဖိုနည်းလမ်းကောင်းတွေ ပါပါတယ်။

☝️ 1 + Talent = 2
✌️ 1 + Effort = 3

🐢 ယုန်နဲ့လိပ် ပြိုင်ပွဲကလို ယုန်ကတော့ မြန်တယ်။ လိပ်ကတော့ နှေးတယ်။ ဒါပေမယ့် အပြေးမြန်ပြီး ရပ်နေတဲ့ ယုန်ထက် မှန်မှန်သွားနေတဲ့ လိပ်ကတော့ အမြဲနိုင်မှာပါပဲ။ ငါက အရည်အချင်းရှိတယ်။ ငါ တော်တယ်။ ငါ တတ်တယ် ဆိုတဲ့ လူငယ်တွေထက် ရည်မှန်းချက်တစ်ခု အတွက် မှန်မှန်ကန်ကန် မဆုတ်မနစ် ကြိုးစားနေတဲ့ လူုငယ်က အချိန်တစ်ခုရောက်တဲ့ အခါမှာ သာလွန်မှာပါပဲ။

✊ တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ် ဆိုတာ နေ့ရက်တိုင်းရဲ မနက်စာပါပဲ။

👣 ရှေ ဆက်သွားမှာလား။

🚶 ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့အတူ ဂူတစ်ခုထဲ ၀င်ခဲ့ကြတယ်။ ဂူထဲမှာ မီးမရှိတော့ ဖုန်း က မီးထွန်းပြီး အထဲကို ၀င်ကြတာပေါ့။ ကျွန်တော်တိုနဲ့အတူ အနောက်မှာ နောက်တစ်ဖွဲလိုက်လာကြတယ်။ ဂူ ထဲမှာ ဆက်သွားနေရင်း ရှေ့နားက လမ်းကြောင်းတွေက အရမ်းကျဉ်းလာတယ်။ လေ၀င်လေထွက် နည်းတော့ ဂူထဲမှာ အသက်ရှူကျပ်လာတယ်။ ရေတွေနဲ့ဆိုတော့ လမ်းတွေကလည်း ချောနေတယ်။ ခဏလည်းကြာရော အနောက်က အဖွဲ က ပြန်လှည့်သွားတယ်။ အရှေ့မှာကလည်း လမ်းကျဉ်းကျဉ်းလေးပဲ တွေ့ရတယ်။ ကျွန်တော်တိုကလည်း ဆက်လျှောက်သွားတာပေါ့။

🏃 နောက်ဆုံး မြင်လိုက်ရတာ ဂူက အပိတ်ကြီး။ လမ်းမရှိတော့ဘူး။ ကျွန်တော်တိုအကုန် လန့်သွားတယ်။ ဘုရားစာတွေ ရွတ်ကြ၊ ဂါထာတွေ ဆိုကြတာပေါ့။ ဒါပေမယ့် ဘေးမှာ အပြင် ပြန်ထွက်ဖိုနောက်တစ်လမ်း ရှိတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ကနေ အပြင် ပြန်ရောက်သွားတယ်။

🙌 အဆုံးထိသာ ရောက်အောင် မသွားခဲ့ရင် ဒါမှမဟုတ် နောက်က အဖွဲလို နောက်ပြန်လှည့်ခဲ့ရင် အဆုံးမှာ ဘာရှိသလဲ သိမှာ မဟုတ်ပါဘူး။

🌀 ကိုယ့် ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို အဆုံးထိ သွားမှာလား။??

🔭 “Always Discover your Vision and The Rest will Follow.”
– Arnold Schwarzenegger

📘 ယခုစာအုပ်ရဲ့အဓိက အနှစ်ကတော့ အချိန်အများကြီး ယူပြီး Research တွေလုပ်ရာက ရလာတဲ့ နည်းလမ်းတွေ ပါ၀င်တာပါပဲ။ စာအုပ်ထဲမှာ အပိုင်းသုံးပိုင်း ပါ၀င်ပါတယ်။

🕯 ပထမပိုင်းမှာ Grit ဆိုတာဘာလဲ ပြီးတော့ Talent နဲ့Effort နှစ်ခုမှာ ဘယ်အရာက ပိုသာသလဲ စတဲ့ အကြောင်းအရာတွေကို Angela သင်ကြားခဲ့တဲ့ သူမ တပည့်လေးတွေနဲ့ဥပမာပြထားပါတယ်။

💡 ဒုတိယပိုင်းမှာ Grit ရလာအောင် ဘယ်လို လုပ်မလဲ။ Grit တည်ဆောက်ပုံ အပိုင်းလေးမျိုးပါ၀င်ပါတယ်။

🔦 တတိယပိုင်းမှာတော့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ခွင်က မန်နေဂျာတွေ အတွက် မိမိလက်အောက်က ၀န်ထမ်းတွေကို သူတိုဘ၀ ပိုကောင်းလာအောင် လမ်းညွန်ပုံတွေ ရေးသားထားပါတယ်။

📜 နောက်ဆုံးအနေနဲ့စာရေးသူ Angela Duckworth က Teacher တစ်ယောက်အပြင် PHD ရ Psychologist တစ်ယောက်လည်း ဖြစ်တယ်။ သူမ ရဲ့Grit စာအုပ်က Ted Talk ရဲ့ လူကြည့်အများဆုံး အပိုင်းတစ်ခုဖြစ်ပြီး သူမက Fortune 500 CEOs တွေအပြင် အိမ်ဖြူတော် နဲ့အမေရိကန် BasketBall NBA အသင်းတွေကိုလည်း အကြံပေးခဲ့ပါတယ်။

📤 Angela ရဲ့ Grit – TED Talk Link လေးပါ။( ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ )

👉 https://youtu.be/H14bBuluwB8

💥 “Fall Down Seven Times, and Rise Eight.”
– Angela Duckworth

Reviews

There are no reviews yet.

Be the first to review “Grit: The Power of Passion and Perseverance”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop