12 Rules for Life : An Antidote to Chaos by Jordan B Peterson

29,500 Ks

🚦ပရမ်းပတာဖြစ်ခြင်းတွေကိုရှောင်ရှားနိုင်ဖို ဖြေဆေး ၁၂ ချက်🚦

🦞ကျောက်ပုဇွန်တွေအကြောင်း
💪ကြိုးစားရုန်းကန်မှုရဲ့အဓိပ္ပါယ်
📅အစီအစဉ်မကျမှုတွေကိုထိန်းချုပ်နိုင်မှု
😈အကြောက်တရားကိုရင်ဆိုင်ခြင်း
👨‍👩‍👧‍👦ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ အမှန်တရားရဲ့ဆိုလိုရင်း စတဲ့ အရာတွေကို ဒီစာအုပ်ထဲမှာရှာတွေ့နိုင်ပါတယ်

📊Chaos လိုခေါ်တဲ့အစီအစဉ်မကျတာ မမျှော်လင့်ထားတာတွေဖြစ်လာတာ ပရမ်းပတာဖြစ်တဲ့အရာတွေဟာ ကျွန်တော်တိုပတ်ဝန်းကျင်မှာ အစဉ်အမြဲဖြစ်နေပါတယ်။ ကိစ္စတစ်ခု Project တစ်ခုအတွက် အများကြီးပြင်ဆင်ထားပြီး အနားနီးတော့မှပေါက်တတ်ကရတွေထဖြစ်တာမျိုးတွေ အားလုံးကြုံခဲ့ကြုံနေကျဆဲ ဖြစ်နေတုန်းပါ။ ဒီလိုအထိန်းအကွပ်မရှိတဲ့ Chaos ကိုကျွန်တော်တိုရင်ဆိုင်နိုင်တဲ့နည်းတွေကို စာရေးဆရာ Dr. Jordan Peterson ရဲ့ 12 Rules for Life စာအုပ်ထဲကအချက်ကလေးတွေကို ဒီ Post မှာ Share ပေးထားပါတယ်

1. 💪Stand up straight with your shoulders back💪
ခါးဆန့် ရင်ကော့ပြီး ခန့်ခန့်ငြားငြားမတ်မတ်တပ်ရပ်ပါ

ကိုယ်နေဟန်ထားဟာ စိတ်သဘောထားနဲ့မှန်တစ်ချပ်လိုဒွန်တွဲနေတာကို ကျွန်တော်တိုသတိပြုမိမှာပါ။ ဥပမာ ရိုသေရမယ့်လူ ( မိဘ, ဘုန်းကြီး) စတဲ့ သူတွေရှေ့ရောက်ရင် အလိုလို ကိုယ်ကျုံသွားသလိုပေါ့ ။
ကျွန်တော်တိုတွေရဲ့ Body Language ကစကားလုံးတွေထက် စကားအများကြီးပြောပါတယ်. ကျောကိုဆန့်ရင်ကိုဖွင့်ပြီး မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ရဲ့ confidence, Responsibility နဲ့ Capability ကိုစကားပြောစရာမလိုပဲနဲ့ Automatic ကျွန်တော်တိုသိနိုင်ပါတယ်။ လူတွေနဲ့ဆက်ဆံတဲ့အချိန် မှာ ယုံကြည်ရတဲ့ Body Posture ကိုအသုံးပြုပြီးတာဝန်ယူနိုင်မှုကိုပြသနိုင်ခြင်းဟာ ကျွန်တော်တိုအတွက် အခွင့်အလမ်းသစ်တွေအများကြီးရနိုင်စေပါတယ်။

2. 🚑Treat yourself like someone you’re responsible for helping🚑
သင့်ကိုယ်သင် ကူညီပေးဖို တာဝန်ရှိသူတစ်ယောက်လို ဆက်ဆံပါ။

တစ်ရက် ခင်ဗျားမွေးထားတဲ့ အချစ်ဆုံးခွေးလေးနေမကောင်းဖြစ်တယ်လိုဆိုကြပါစို။ သူအဖျားသက်သာဖို ချက်ချင်းဆေးခန်းပြေး၊ ကြက်ပေါင်းတွေတိုက် ဆေးဝယ် လုပ်ကြတယ်မဟုတ်လား ။ သင်ကိုယ်တိုင်နေသိပ်မကောင်းတဲ့အချိန်ကျရင်ရော သင်ဘာလုပ်သလဲ ? Paracetamol လေးသောက်လိုက်ရင်သက်သာသွားမှာပါဆိုပြီး နေကြတာများပါတယ်။ လေ့လာချက်တွေအရ ကျွန်တော်တိုဟာ ကိုယ့်ကိုယ်ကိုထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပိုဂရုစိုက်တတ်ကြတာတွေ့ရှိရပါတယ်တဲ့။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးဆိုသလို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို ကျွန်တော်တိုလိုအပ်ပါတယ်

3. 🤝Make friends with people who want the best for you 🤝
မိမိရဲ့အကောင်းဆုံးကိုလိုလားတဲ့သူတွေနဲ့အပေါင်းအသင်းလုပ်ပါ

အပေါင်းအသင်းမိတ်ဆွေတွေတိုင်းက မတူပါဘူး ကောင်းတဲ့မိတ်ဆွေတွေရှိသလို သင့်ကိုဖျက်ဆီးဖိုကြိုးစားတဲ့ အယောင်ဆောင်မိတ်ဆွေတွေလည်း လောကကြီးထဲမှာရှိပါတယ်။ မိတ်ဆွေစစ် မိတ်ဆွေကောင်းကိုရှာဖွေဖိုကလည်းကျွန်တော်တို ရဲ့ တာဝန်တစ်ခုလို ဂရုစိုက်ရမှာပါ။

4.🏃‍♂️Compare yourself to who you were yesterday, not to who someone else is today🏃‍♂️
ဒီနေ့ရဲ့ တစ်စုံတစ်ယောက်နဲ့မပြိုင်ပါနဲ့ သင့်ကိုယ်သင် မနေ့ကသင်ကိုယ်တိုင်နဲ့နှိင်းယှဉ်ပါ,

ဘယ်သူ့နဲ့မှယှဉ်ဖိုမကြိုးစားပါနဲ့ မိမိကိုယ်ကိုယ်သာနှိင်းယှဉ်ပါ။
“ ဟိုတစ်ယောက်က ဘယ်မှာအလုပ်လုပ်တာ “ “ သူက ဘာဘွဲရထားတာလေ “ ဆိုတဲ့စကားလုံးတွေကြားဖူးကြမှာပါ။ အချိုစကားလုံးတွေဆိုရင် ငယ်စဉ်ကတည်းကကြားလွန်းလို ကျွန်တော်တိုဘ၀မှာ Trauma တွေတောင်ဖြစ်နေပြီမဟုတ်လား။ ဒါပေမယ့်ဘ၀ကိုဖြတ်သန်းရင်းရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်တိုမှာ ကိုယ့်ဘာသာကိုယ်ပဲပြန်နှိင်းယှဉ် ရပါမယ်
တစ်ပတ်ကို 1%ပဲ တိုးတက်အောင်ကြိုးစားရင် 71 ပတ်ကြာတဲ့အချိန်မှာ ကျွန်တော်တို စတဲ့အချိန်ကနေ 2 ဆ ပိုမိုကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်နေမှာပါ

5. 👪Do not let your children do anything that makes you dislike them👪
မင်းရဲ့သားသမီးကို မင်းကိုယ်တိုင်မကြိုက်စေမဲ့အရာတွေကိုမလုပ်မိပါစေနဲ့

ပထမဆုံး ဒီ Rule ကိုကြားတာနဲ့ပြန်ရမယ့်အဖြေက “ ကျွန်တော့်မှာသားသမီးမရှိပဲ ဒါကိုဘယ်လိုလုပ်မှာလဲ “ ဆိုတာပါပဲ
မိဘတစ်ယောက်ရဲ့ တာဝန်၀တ္တရားဟာအရမ်းကြီးပြီးခက်ခဲပါတယ်။ ကိုယ့်သားသမီးက ကိုယ်မကြိုက်တဲ့အရာတွေလုပ်နေတာကို လက်ခံပြီးဆက်လုပ်ခွင့်ပေးလိုက်ရင် ဒီကလေးဟာပတ်ဝန်းကျင်နဲ့ဝင်ဆန့်ဖိုတစ်သက်လုံးခက်ခဲသွားမှာအမှန်ပါပဲ။ အတွေ့အကြုံရှိတဲ့ မိဘတစ်ယောက်လိုမျိုး လူတစ်ယောက်အနေနဲ့ကျွန်တော်တိုအောက်ကလူတွေကို အမှားမလုပ်ပဲ အမှန်ပြုနိုင်အောင် ဖေးမပေးဖိုကျွန်တော်တိုလိုအပ်ပါတယ်။

6. 🏠Set your house in perfect order before you criticize the world🏠
ကမ္ဘာကြီးကိုမဝေဖန်ခင် ကိုယ့်အိမ်ကိုအရင်စနစ်တကျဖြစ်အောင်ထားပါ

မင်မင်ကြားဖူးတဲ့စကားပုံတစ်ခုရှိတယ် “ လူတိုင်းက ကိုယ့်အိမ်နဲ့ပတ်ဝန်းကျင်ကိုအမြဲသန့်ရှင်းရေးလုပ်နေရင် တစ်ကမ္ဘာလုံးအမှိက်ကောက်ဖိုလိုမှာမဟုတ်ဘူး “။ လူတွေက အကြောင်းအရာတစ်ခုခုကိုမြင်လိုက်ရင် အရင်ဆုံးဝေဖန်ဖို နဲ့ ဆရာကြီးလုပ်ဖို ပထမဆုံးတွေးတတ်ကြပါတယ် ။ မဝေဖန်ခင် မှာ ကိုယ့်အကြောင်းကိုယ်အရင်တွေးပြီး တိုးတက်အောင်လုပ်ဖိုကြိုးစားပါ။ စနစ်တကျစည်းကမ်းတကျ ဖြစ်တဲ့ မိမိကိုယ်ကိုမွေးမြူပါ။

7.🦉Pursuit what is meaningful (Not what is expedient)🦉
အဆင်ပြေတဲ့အရာနောက်ကို မလိုက်ပါနဲ့ အဓိပ္ပါယ်ရှိတဲ့ အရာကိုသာလုပ်ပါ

လောကကြီးကတရားလိုက်တာတို ဘ၀ဆိုတာပျော်ပျော်နေဖိုဖြစ်လာတာ တိုဆိုတဲ့စကားတွေကိုဘယ်သူမှပြောလေ့ပြောထမရှိကြပါဘူး၊ စာရေးသူ Jorden Petersonက သူ့ရဲ့အမြင်ကို “ ဘ၀ဆိုတာပျော်ရွှင်ဖိုမဟုတ်ဘူး ဘ၀ဆိုတာအဓိပ္ပါယ်ရှိဖို” ဆိုပြီး ရေးသားထားပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကျွန်တော်တိုတွေ ငွေကြေးချမ်းသာမှု၊ပျော်ရွှင်မှု၊ အသိအမှတ်ပြုခံရမှု စတဲ့ အရာတွေနောက်လိုက်ပြီးကုန်ခဲ့တဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ ? အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို စလုပ်ဖို အခုအချိန်က အကောင်းဆုံးမဟုတ်လား ?

8. ✔️Tell the truth or at least don’t lie✔️
အမှန်ကိုပြောပါ။ အနည်းဆုံးတော့ မလိမ်ပါနဲ့

ယုံကြည်မှုဟာ တည်ဆောက်ရဖိုခက်သလောက် ပျက်စီးသွားဖိုအရမ်းလွယ်ကူပါတယ်။အလုပ်မှာပဲဖြစ်စေ မိသားစု(သို)လူမှုပတ်ဝန်းကျင်မှာပဲဖြစ်စေ အမြဲလိမ်ညာဖိုကြိုးစားနေတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှလူရာဝင်ဆန့်မှာမဟုတ်ပါဘူး။ အဆင်မပြေမှုတစ်ချိုရှိနိုင်ပေမယ့် အမှန်တရားကိုပြောရဲတဲ့ သတ္တိဟာအခက်အခဲအများစုကို ကျော်ဖြတ်နိုင်တဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။

9. 👂Assume that the person you are listening to might know something you don’t 👂
မင်းနားထောင်နေတဲ့သူက မင်းမသိတဲ့အရာတစ်ခုခုကိုသိနေတယ်လို ယူဆပါ။

“I know that I know nothing” ဆိုတဲ့စကားဟာ Socrates ပြောခဲ့တဲ့ထဲက အကျော်ကြားဆုံးစကားတစ်ခုဖြစ်ပါတယ်။ အရာအားလုံးကို ငါသိငါတတ်ဆိုပြီး ကိုတတ်ပ လုပ်ရင် ကျွန်တော်တိုအတွက် အတွေးအမြင်သစ်တွေ Idea အသစ်တွေရဖိုပိုခက်ခဲပါတယ်။ ကျွန်တော်တိုရဲ့ပြည့်နေတဲ့ခွက်ကို သွန်ချလိုက်ပါ။ အာရုံစိုက်ပြီးနားထောင်နိုင်တဲ့ Skillset တစ်ခုဟာ ကျွန်တော်တိုကိုယ်တိုင်မွေးမြူရမဲ့အရာတစ်ခုဖြစ်ပါတယ်10. 🗣️Be precise in your speech🗣️
တိတိကျကျစကားပြောပါ

စကားလုံးတွေဟာ ဓားထက်ပိုထက်ပြီးထိရောက်မှုပိုရှိပါတယ်။ ကျွန်တော်တိုခေါင်းထဲမှာရှိတဲ့စကားလုံးတွေကို အစီအစဉ်တကျမတွေးပဲ ခံစားချက်တွေအတိုင်းပြောမိတဲ့အခါမှာ ခုတ်ရာတခြားရှရာတလွဲဖြစ်တဲ့ အတွေ့အကြုံတွေ ကျွန်တော်တိုအားလုံးမှာကိုယ်စီရှိကြပါတယ်။ စကားလုံးတွေအများကြီးလျှောက်ပြောပြီး ဘာကိုဆိုလိုမှန်းမသိတဲ့အရာကိုရွေးချယ်မလား ? စကားလုံးနည်းနည်းနဲ့ကျွန်တော်တိုပြောချင်တဲ့ အရာကိုတိတိကျကျပြောတာကိုရွေးချယ်မလား ? လူအများစုကတော့ ကိုယ်သိလိုတဲ့အရာကို စကားနည်းနည်းနဲ့ အတိအကျပြောတတ်တဲ့သူကို ပိုခင်မင်ရင်းနှီးတတ်ကြပါတယ်။

11. 🛹Don’t bother children when they are skateboarding🛹
စကိတ်စီးနေတဲ့ကလေးတစ်ယောက်ကိုမနှောင့်ယှက်ပါနဲ့

အမှားလုပ်မိမှာကိုစိုးရိမ်တဲ့စိတ် ကျွန်တော်တိုအားလုံးမှာရှိပါတယ်။ ထိခိုက်ဒဏ်ရာရသွားမှာကို ကာကွယ်ချင်တဲ့စိတ်နဲ့ ကလေးတစ်ယောက်စကိတ်စီးနေတာကို သွားတားလိုက်ရင် ဒီကလေးဟာ စကိတ်စီးတတ်တော့မှာမဟုတ်ပါဘူး ။ ဘ၀မှာလည်းကျွန်တော်တို အဆင်မပြေမှာကိုစိုးရိမ်တာနဲ့ Comfort Zone ထဲကရုန်းထွက်ဖို အခွင့်အရေးကို ဘယ်နှစ်ကြိမ်လောက်လက်လွှတ်ခဲ့ပြီးပြီလဲ? စကိတ်စီးရင်းချော်လဲတာကနေ ကလေးတစ်ယောက်ကို ကျွမ်းကျင်အောင်သင်ပေးရသလိုမျိုး ဘ၀မှာကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကနေ ကျွမ်းကျင်မှုကိုသင်ယူပါ။

12. 🐈Pet a cat when you encounter one on the street🐈
လမ်းမှာတွေ့တဲ့ကြောင်တစ်ကောင်ကို ပွတ်သပ်ယုယပါ

ဘ၀ဟာ ခက်ခဲပါတယ်။ ကျွန်တော်တိုဘယ်လောက်ပဲကောင်းအောင်ကြိုးစားကြိုးစား အတားအဆီးတွေနဲ့ အခက်အခဲတွေဟာရပ်တန့်မသွားပါဘူး။ တစ်ခါတစ်ရံမှာကျွန်တော်တိုရဲ့ မွန်းကြပ်နေတဲ့ရုန်းကန်မှုတွေကိုခဏလောက်မေ့ပြီး ကိုယ့်ကြိုးစားမှုကို ကျေနပ်မှုရှိဖိုလိုပါတယ်။ကြောင်တစ်ကောင်ကို ပွတ်သပ်နေတဲ့အချိန်မှာ ရရှိတဲ့ကြည်နူးမှုလိုမျိုး ကျွန်တော်တိုဘေးနားမှာရှိတဲ့ အရာသေးသေးတွေ (သစ်ရွက်ကလေးတွေလှုပ်သံ၊ အပေါ်ကကောင်းကင်တိမ်တွေရွေ့နေတဲ့အရသာ၊ အသားကိုလာထိတဲ့လေအေးအေးလေးတဲ့ခံစားမှု)ကနေ မိမိစိတ်အေးချမ်းမှုကိုဖန်တီးပါ။

ဘ၀ကြီးကသင့်အတွက်အဆင်ပြေနေပြီးတော့ လောကကြီးကသင်လိုချင်သမျှကိုပေးနေတယ်လိုခံစားရရင် ဒီစာအုပ်ကိုမဖတ်ပါနဲ့
ဒီစာအုပ်က ကျွန်တော်တိုနေကာမျက်မှန်မပါပဲ နေကိုကြည့်မိသလို ဘ၀ကိုအမှန်အတိုင်းမြင်ရပြီး Reality ကိုတွေ့ကြုံဖူးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
Messenger ထဲကို စာလေးတစ်ကြောင်းပိုရုံနဲ့ သင်လိုချင်တဲ့ဘ၀တိုးတက်မှုအတွက် လိုအပ်နေတဲ့အမှန်တရားကို ကိုယ်တိုင်ရယူလိုက်ပါ။

Reviews

There are no reviews yet.

Be the first to review “12 Rules for Life : An Antidote to Chaos by Jordan B Peterson”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop