Ikigai : The Japanese Secret to a Long and Happy Life
19,500 Ks
▫ ကျွန်တော်တို့ ငယ်ရွယ်နေသေးတဲ့အချိန်မှာ၊ လမ်းပျောက်နေတဲ့ အချိန်မှာ၊ လမ်းကြောင်းတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်နေပြီးတော့မှ ဆက်မလုပ်ချင်တော့တဲ့အခါမှာ
▪ The Reason for Being Alive ! The Passion to Wake Up in the Morning !
▫ ဟာ တနင်္လာနေ့ ရောက်ပြန်ပြီ။ အလုပ် ပြန်သွားရဦးမယ်။ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်မှန်းကို မသိဘူး။ တကယ်တော့ တနင်္လာနေ့က ငြီးငွေ့ စရာကောင်းတာ မဟုတ်ပါဘူး။ ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာက ငြီးငွေ့စရာကောင်းတာပါ။
▪ Where do you see yourself in the next 10 years ? Or 5 Years ? နောင် ၁၀ နှစ်မှာ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာ ရောက်နေမယ်လို့ထင်လဲ။ ဘာအလုပ် လုပ်နေကြမှာလဲ။ လူ တော်တော်များများက မဖြေနိုင်ကြပါဘူး။ သူတို့မှာ Future Plan ဆိုတာ မရှိဘူး။ သူတို့ဘာလိုချင်လဲ ဆိုတာ မသိဘူး။ တစ်ချို့တွေက ကျတော့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ တစ်ချို့ကတော့ ကြောက်ကြတယ်။
▫ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဆယ်တန်းပြီးသွားတဲ့ အခါမှာ သူမက အမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ် တစ်ခုမှာ သွားတက်တယ်။ ဒီလိုနဲ့ပဲ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ပြီးတော့ သူမ ဒီကျောင်းနဲ့ပက်သက်ပြီးတော့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ သူမ စိတ်မဝင်စားဘူး။ ကျွန်တော် မေးကြည့်တာပေါ့။ ကျောင်းပြီးရင် ဘာဆက်လုပ်မလဲ။ ကျောင်းက ရတဲ့ဘွဲ့နဲ့အလုပ်တစ်ခုခု ဝင်လုပ်မှာပေါ့။ ကျွန်တော်မေးတယ်။ ဒါဆို နင် ဘာကို စိတ်ဝင်စားလဲ။ ငါ အစားအသောက်တွေကို လူတွေ စားချင်လာအောင် ချက်ပြုတ်ပြီး စားချင်ဖွယ်ဖြစ်အောင် အလှဆင်ပေးရတာ ကြိုက်တယ်။ ဒါပေမယ့်လည်း ……………
IKIGAI – Japanese Concept
〰 IKIGAI ဆိုတဲ့ သဘောတရားက မနက်တိုင်းကို နိုးထစေတဲ့ အရာ၊ ကိုယ် ဘာအတွက် အသက်ရှင်နေတာလဲ အမျိုးမျိုး ပြောကြတယ်။ IKIGAI ဟာ ကိုယ့်ဘဝရဲ့Career ကိုရွေးချယ်ရာမှာ ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ IKIGAI ကို ရှာတွေ့ဖို့့အတွက် ကိုယ်ရွေးချယ်တဲ့ အရာဟာ ဒီ အချက်လေးချက်ထဲမှာ ပါဝင်နေရပါမယ်။
ပထမအဆင့်အနေနဲ့
1. Things you love to do
2. Things you are good at
3. Things you can get paid for
4. Things the world needs
Passion
⚪ Passion ကတော့ ကိုယ်ချစ်မြတ်နိုးတဲ့ အရာ ( Things you love to do ) နဲ့ ကိုယ်တော်တဲ့ အရာ ( Things you are good at ) နှစ်ခု ကြားမှာ ရှိပါတယ်။ တစ်ချို့ညတွေ ကိုယ်စိတ်ဝင်စားတာတွေ လုပ်နေရင်းနဲ့ မိုးလင်းသွားတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ လုပ်နေရင်းနဲ့ကို ပျော်နေတော့တာ။ တစ်လောကလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အလုပ်တစ်ခုထဲ မှာပဲ အာရုံရောက်နေတော့တာ ဖြစ်ပါတယ်။ ဒါကတော့ Career အတွက်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဆန္ဒနဲ့ဘ၀ ထပ်တူကျတဲ့ အခြေအနေတစ်ခုပေါ့။
Profession
⚫ Profession ကတော့ က်ိုယ် တကယ် ထူးချွန်တဲ့အရာ ( Things you are good at ) နဲ့ကိုယ့်အတွက် ပိုက်ဆံရမယ့် အလုပ် ( Things you can get paid for ) နှစ်ခုကြားမှာ ရှိပါတယ်။ ကိုယ်စိတ်ဝင်စားပြီး လုပ်ရတာ ပျော်နေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တ်ို့တွေ ထမင်းစားဖို့၊ လူတွေကြားမှာ အသင့်အတင့် နေထ်ိုင်နိုင်ဖို့ ဒါတွေလဲ လိုအပ်ပါတယ်။ ဥပမာ ပန်းချီဆရာတစ်ယောက်ပေါ့။ ပန်းချီကို စိတ်ဝင်စားလို့ထမင်းမစား၊ ရေမသောက်ပဲ ပန်းချီပဲ ထိုင်ဆွဲနိုင်ပေမဲ့၊ ကြာလာရင် ပန်းချီဆွဲဖို့ဆေး၊ မှင် ဝယ်ဖို့အတွက်လိုလာမှာပါပဲ။
Vocation
⚪ ဒီအပိုင်းကတော့ ပတ်ဝန်းကျင်က လိုအပ်တဲ့ အရာ ( What the world needs ) နဲ့ကိုယ့်အတွက် ပိုက်ဆံရမယ့် အလုပ်( Things you can get paid for ) နှစ်ခု ပေါင်းထားတာပေါ့။ ကိုယ် စိတ်ဝင်စားတယ်၊ ချစ်မြတ်နိုးတယ်၊ ကိုယ့်အတွက် သင့်တင့်လျောက်ပတ်တဲ့ လစာတစ်ခုလဲ ရနေသေးတယ်။ အားလုံးအဆင်ပြေနေပြီပဲ။ ဘာလိုသေးလို့လဲ။ တစ်ချိန်က Steve Jobs ဟာ Pepsi CEO John Sculley ကို မင်း ဒီကုမ္ပဏီမှာ ဆက်လုပ်ပြ်ီး တစ်ဘဝလုံး သကြားရေ တွေပဲ ရောင်းချင်လား၊ သို့မဟုတ် ငါနဲ့လိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲအကျိုးပြုချင်လား ဆိုပြီး ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တယ်။
Mission
⚫ နောက်တစ်ပိုင်းကတော့ Mission ပါ။ ကိုယ်ချစ်မြတ်နိုးတဲ့ အရာ ( Things you love to do ) နဲ့ကိုယ့် ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ အရာ ( What the world needs )။ ဥပမာ ပရဟိတ လုပ်ငန်းတွေကတော့ အကောင်းဆုံးပါပဲ။ ကိုယ်လုပ်တဲ့ အရာက ကြီးကြီးမားမား မဟုတ်ရင်တောင် ပတ်ဝန်းကျင်ကို ကောင်းကြိုး တစ်ခုခုဖြစ်စေနိုင်မယ် အလုပ်မျိုး ကို ပြောတာပါ။ ဥပမာ အားဖြင့် ကုမ္ပဏီကြီးတွေ လုပ်တဲ့ CSR Program တွေ။ သူတို့ဟာ ပရဟိတ လုပ်ငန်းတွေ လုပ်ပါတယ်။ ဒါပေမယ့် သူတို့့ကုမ္ပဏီ နာမည်ရဖို့အတွက်လည်း လုပ်ပါတယ်။
⚫ တစ်ခါတုန်းက ဂျပန်နိုင်ငံ၊ OSAKA မြို့အနီးမှာ အသက်ကြီးကြီး အဘွား တစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူမ ဝိညာဉ်မျှောနေချိန်မှာ အပိုင်းအခြားတစ်ခုကို ရောက်နေတာကို သတိထားမိတယ်။ အဲ့အချိန်မှာ အသံတစ်ခု ထွက်လာပြီး သူမကို မေးတယ်။ WHO YOU ARE ? ကျွန်မက OSAKA မြို့အုပ်ရဲ့ မိန်းမပါ။ ထပ်မေးတယ် WHO YOU ARE ? ကျွန်မက ကလေးလေးယောက်ရဲ့မိခင်ပါ။ ထပ်မေးတယ် WHO YOU ARE ? ကျွန်မက ဆရာမတစ်ယောက်ပါ။ ဘယ်လိုဖြေဖြေ အဖြေမှန်ကို မရောက်နိုင်ဘူး။ နောက်ဆုံးကျတော့ ကျွန်မက မနက်တိုင်းကို ကျွန်မ မိသားစုကို စောင့်ရှောက်ပြီး ကျောင်းမှာ ငယ်ရွယ်တဲ့ ကလေးတွေကို ဂရုစိုက်ပျိုးထောင်ပေးရတဲ့ သူပါလို့ ဖြေလိုက်တယ်။ အဲ့အဖြေဖြေပြီးနောက် သူမ ပြန်သတိရလာတယ်။ ( ဒီ story လေးဟာ IKIGAI စာအုပ်က story လေးပါ။ )
➰ နောက်ဆုံးအနေနဲ့ကျွန်တော်တို့ငယ်ရွယ်နေသေးတဲ့့အချိန်မှာ၊ လမ်းပျောက်နေတဲ့ အချိန်မှာ၊ လမ်းကြောင်းတစ်ခုခုကို တစ်စိုက်မတ်မတ် လုပ်နေပြီးတော့မှ ဆက်မလုပ်ချင်တော့တဲ့ အခါမှာ ကိုယ့်ဘဝရဲ့IKIGAI ( The Sweet Spot ) ကို ရှာပါ။ PASSION, PROFESSION, VOCATION, MISSION လေးခုလုံးနဲ့သက်ဆိုင်တဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းပါ။ ပျော်ရွင်မှုတွေ၊ အောင်မြင်မှု အပြည့်ရှိနေတဲ့ လမ်းကြောင်းလေး ဖြစ်မှာပါ။
#S_Austin
#BookLovers #Airplane #PersonalDevelopment #BookRecommendation #ikigai
Title – IKIGAI , The Japanese secret to a long and happy Life
Author – Héctor García and Francesc Miralles
Price – 19,500 ( Premium ++ Quality, Hardcover, Creamy Paper)







Reviews
There are no reviews yet.