Zen: The Art of Simple Living

19,500 Ks

Stress ကို အောင်နိုင်ဖိုအတွက် စာအုပ်ကောင်းတစ်အုပ်

💡”နေ့စဥ်လုပ်နေကျ အလေ့အကျင့်တွေနဲ့ ရှုထောင့်အမြင်တွေကို ဖြည်းဖြည်းနဲ့မှန်မှန် ပြောင်းလဲခြင်းဖြင့် ပျော်ရွင်မှုကို ရှာဖွေပါ”💡
– Zen (The Art of Simple Living)
Shunmyo Masuno 📝

📚 ဒီစာအုပ်ထဲမှာ ဂျပန်နိုင်ငံက Zen ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ Shunmyo Masuno က လက်ရှိ Modern ခေတ်မှာ Stress ပေါင်းစုံနဲ့ ရုန်းကန်လှုပ်ရှားရှင်သန်နေရတဲ့ လူသားတွေ စိတ်အေးချမ်း,ပျော်ရွှင်စွာနေနိုင်ရန်အတွက် ရှင်းလင်း, လွယ်ကူပြီး လက်တွေ့ကျကျ ကျင့်သုံးလိုရမယ့် ပျော်ရွှင်ခြင်း သင်ခန်းစာ 💯 ကို ဖော်ပြပေးထားတာဖြစ်ပြီး တစ်ရက်ကိုတစ်ခုနှုန်းနဲ့
ဖြည်းဖြည်းချင်း လေ့လာသွားလိုလည်း ရပါတယ်။

ဥပမာအားဖြင့်…

💬 Negative emotions တွေကို အသက်ပြင်းပြင်းရှုထုတ်တဲ့နည်းနဲ့ ဘယ်လိုလျှော့ချလိုရလဲ ?
💬 သင်နေတဲ့အိမ်, အခန်းကို ပြင်ပြင်ဆင်ဆင်ထားခြင်းက သင့်ခေါင်းထဲက အတွေးတွေကို ဘယ်လိုရှင်းလင်းပေးနိုင်လဲ ?
💬 ပန်းလေးတစ်ပွင့်စိုက်ပြီး ကိုယ့်လက်ထဲမှာ အဲဒီ့ပန်းပင်လေး ပွင့်လန်းလာတာကို စောင့်ကြည့်ကြည့်တာမျိုး !
💬 ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အရာတွေအပေါ်မှာ စိုးရိမ်ပူပန်နေတာမျိုးတွေကို ရပ်တန်းကရပ်ပစ်ဖို !…..
….. စတဲ့ နည်းလမ်းပေါင်း 💯 တိတိကို လှပတဲ့ စာအရေးအသားလေးတွေနဲ့ ဖော်ပြထားပါတယ်။

🍀🍀🍀Cast Away the Three Poisons🍀🍀🍀

လိုချင်တပ်မက်မှုကြီးခြင်း (လောဘ)၊ စိတ်ဆိုး‌ဒေါသဖြစ်ခြင်း (‌ဒေါသ)နဲ့ မသိနားမလည်ခြင်း (မောဟ) ဆိုတဲ့ အရာတွေကတော့ လူတွေအတွက် အန္တရာယ်များတဲ့ အဆိပ်တွေ ဖြစ်ပါတယ်။ ထိုအဆိပ်ကြီးသုံးမျိုးရဲ့ ကြီးစိုးခြယ်လှယ်ခြင်းခံနေရတဲ့ လူသားတစ်‌ဦးရဲ့ စိတ်ဟာ “ခံစားရခက်ခြင်း”၊ “၀မ်းနည်းနာကျင်ရခြင်း” တွေနဲ့သာ ကြုံတွေ့ရဖန်များမှာဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာရေးဆရာပြောထားတာကတော့ ဒီအဆိပ်သုံးမျိုးထဲက တစ်မျိုးမျိုးက သင့်ကို ကိုယ်ယောင်လာပြပြီဆိုတာနဲ့ စိတ်ကိုငြိမ်ငြိမ်ထား၊ မျက်လုံးမှိတ်ပြီး အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရှုလိုက်ပါ၊ အဆိပ်တက်ခြင်းက ရပ်တန့်သွားပါလိမ့်မယ်။

🍀🍀🍀Deepen Your Connection with Someone🍀🍀🍀

ကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှလူတွေနဲ့ တွေ့ဆုံကြုံကြိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ တွေ့ဆုံခွင့်ရတဲ့ လူတစ်ဦးချင်းဆီတိုင်းကို တန်ဖိုးထားဆက်ဆံပေးပါ။ လူတွေအများကြီးနဲ့ သိကျွမ်းခင်မင်ခွင့်ရအောင် ကြိုးစားတာထက် ကိုယ့်နားမှာရှိတဲ့ လူ သုံး‌ယောက်လောက်နဲ့ပဲ Deep connection ဖြစ်အောင် အားထုတ်ရတာက ပိုပြီးခက်ခဲပါတယ်။ ခင်မင်မှုမှာ နံပါတ်တွေက အရေးမပါပါဘူး၊ ဘယ်လောက်ထိနက်ရှိင်းလဲ ဆိုတာကသာ အရေးပါတာပါ။ သင့်မှာ သူငယ်ချင်း ဘယ်နှယောက်ရှိသလဲဆိုတာက အရေးမကြီးပါဘူး၊ ရှိတဲ့သူငယ်ချင်းအပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ နားလည်ပေးနိုင်စွမ်းရှိသလဲ ဆိုတာကသာလျှင် သင့်ရဲ့ “လူသားဆန်မှု” ဆိုတဲ့ အရည်အချင်းတစ်ရပ်ကို အဆုံးအဖြတ်ပေးတာပါ။
Relationship မှာလည်း ဒီလိုပါပဲ။ Relationship ဆိုတာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းမှာ တွေ့ကြုံရတဲ့အရာပါ ✅(Experiencing)၊ အားထုတ်ပြီး တည်ဆောက်ယူရတဲ့အရာပါ ✅(Building)။ Ready Made လိုမျိုး အဆင်သင့် ထုပ်ပိုးပြင်ဆင်ပြီးသားကို ရှာဖွေတွေ့ရှိ ❌ (Found) ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းရဲ့ ဘ၀ထဲကို ဝင်ပြီး တစ်ခုဝင်တစ်ခုထွက်နဲ့ လိုက်ရှာကြည့်ဖို မကြိုးစားပါနဲ့။ လူတစ်‌ယောက်ထဲရဲ့ ဘ၀ထဲကိုပဲ ၀င်ပြီး ခိုင်မာလှပတဲ့ Relationship တစ်ခု တည်ဆောက်နိုင်အောင် ကြိုးစားပါ။

🍀🍀🍀Don’t Fixate on Right and Wrong🍀🍀🍀

နေရာတိုင်းမှာ အကောင်းလား အဆိုးလား?၊ အမှားလား အမှန်လား? ဆိုပြီး ဝေဖန်ခွဲခြားကြည့်နေခြင်းက သင့်ကို စိတ်ညစ်စရာတွေနဲ့ စိတ်ဖိစိးမှုတွေပဲ တိုးလာစေမှာပါ။ လိုအပ်လာရင် ခွဲခြားသိမြင်နိုင်ဖို ကြိုးစားရမှာမှန်ပေမယ့် ကြုံရသမျှအရာတွေကို အဖြုလား အမည်းလား ဆိုပြီး လိုက်ခွဲဖိုပဲ ကြိုးစားနေမယ် ဆိုရင်တော့ ကြားထဲက “မီးခိုးရောင်” လို အရောင်မျိုးကို မြင်နိုင်စွမ်း ပျောက်သွားပါလိမ့်မယ်။ တချိုအရာတွေက အမှားရယ် အမှန်ရယ် လို တသမတ်တည်း ရှိမနေဘဲ ကိုယ်ရပ်နေတဲ့ ရှုထောင့်ကိုယ်စီတိုင်းက မှန်နေတတ်ပါတယ် ( ဥပမာ- 6 နဲ့ 9 လိုပေါ့)။ ဒါကြောင့် “ငါကတော့ မှန်တယ်၊ နင်ကတော့ မှားတယ်” လို ခွဲနေတာမျိုး မလုပ်ဘဲနဲ့ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံး ညီတူမျှတူဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ညှိနှိင်းကြည့်ကြသင့်ပါတယ်။

🔝🔝🔝….. စတဲ့ နည်းလမ်းတွေအပြင်
➡️ “တစ်ခုခုဆို စကားကို အထအန လိုက်မကောက်ဖို” အကြောင်း၊
➡️ “လူအချင်းချင်း သာတယ် နာတယ် မတွက်ဖို” အကြောင်း၊
➡️ “ရှင်သန်နေမယ့် နေ့ရက်တိုင်းမှာ တစ်စုံတစ်‌ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးဖို” အကြောင်း၊
➡️ “အဖြေမှန်ဆိုတာ တစ်ခုတည်းရှိတာမဟုတ်ကြောင်း” နဲ့

➡️ “ညအိပ်ယာမဝင်ခင်မှာ စိတ်မချမ်းမြေ့စရာကိစ္စတွေ, စိတ်ဖိစီးစရာတွေ မတွေးဖို” အကြောင်း ….
စတဲ့ စတဲ့ စတဲ့ နည်းလမ်းပေါင်းများစွာကို ဘုန်းတော်ကြီး Shunmyo Masuno က ခေါင်းစဥ် တစ်ခုချင်းစီနဲ့ နားလည်လွယ်အောင် ရေးသားမျှဝေထားပါတယ်။
🔔 🔔 🔔 ( မှတ်ချက် – ဘာသာရေးအဆုံးအမ စာအုပ်မဟုတ်ဘဲ “Common Practice Ways” တွေကိုသာ ဖော်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်တဲ့အတွက် လူမျိုးဘာသာမရွေး ဖတ်ရှု,လေ့လာ,ဆင်ခြင်, ကျင့်သုံး နိုင်ပါတယ် )

Reviews

There are no reviews yet.

Be the first to review “Zen: The Art of Simple Living”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop