The Diary of a CEO: The 33 Laws of Business and Life

23,500 Ks

CEO တစ်ယောက်ရဲ့ ဒိုင်ယာရီ, ရှုးနိမ့်မှု၊ အောင်မြင်မှုနဲ့ နေ့ရက်တိုင်းအကျိုးရှိစေဖို ရေပုံးငါးလုံး🪣🪣🪣🪣🪣

“အောင်မြင်တဲ့အမျိုးသားတစ်ယောက်ရဲ့နောက်မှာ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်” ဆိုတဲ့စကားပုံလိုမျိုး “အောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့နောက်ကွယ်မှာ သူမတူအောင်ထူးချွန်တဲ့လုပ်ငန်းပိုင်ရှင်တစ်ယောက်” အမြဲရှိပါတယ်။

🏢✨ လုပ်ငန်းတစ်ခုစတင်ဖိုလွယ်ကူပေမယ့် ရေရှည်တည်တံ့အောင်လုပ်ငန်းကိုသာမက မိမိကိုယ်ကိုယ် ကိုယ့်ဒူးကိုယ်ချွန်ပြီး အားသွန်ခွန်စိုက်ကြိုးစားနိုင်တဲ့ ဇွဲလုံလကိုတည်ဆောက်ဖိုအတွက် ကာယအင်အား၊ဉာဏအင်အားအများကြီးစိုက်ထုတ်ဖိုလိုအပ်ပါတယ်။ Steven Bartlett ရဲ့ Diary of a CEO မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖိုအတွက် ဖြတ်သန်းရမယ့်ခရီးစဉ်၊ သင်ယူရမယ့် သင်ခန်းစာတွေ၊ ရုန်းကန်မှုနဲ့အောင်ပွဲတွေရဲ့အကြောင်းကို အချိုမသတ် သကာရည်မဆမ်းပဲ အမှန်တရားအတိုင်းရေးသားထားပါတယ်။

✨✨”Stop telling yourself you’re not qualified, good enough or worthy. Growth happens when you start doing the things you’re not qualified to do.”- Steven Bartlett
“ မလုပ်နိုင်ဘူး၊ မကျွမ်းကျင်ဘူး၊ မထိုက်တန်ဘူး ဆိုပြီး သင့်ကိုယ်သင် ပြောနေတာကိုရပ်တန့်လိုက်ပါ။တိုးတက်မှုဆိုတာ သင်မလုပ်နိုင်တဲ့အရာတွေကို စတင်လုပ်ဆောင်တာကနေစတင်တယ် “ – Steven Bartlett
ဒီစကားလေးက ကျွန်တော့်ရဲ့အကြိုက်ဆုံးQuote တွေထဲက တစ်ခုဖြစ်တဲ့ Master Shifu ရဲ့ “if you only do what you can do, you will never be more than you are now “ ဆိုတဲ့အရာနဲ့သွားကိုက်ညီပါတယ်။
ဒါဆို မလုပ်နိုင်တဲ့၊ မကျွမ်းကျင်တဲ့အရာကို စတင်လုပ်ဆောင်ဖို ဘယ်အရာကနေစရမလဲ?

The Five Buckets of Success 🪣🪣🪣🪣🪣
Steven Bartlett က ကျွန်တော်တိုလူတိုင်းဟာ အောင်မြင်ဖိုအတွက် ရေပုံးငါးပုံးကို အစဉ်အတိုင်းဖြည့်ရမယ်လိုဆိုပါတယ်
1️⃣ Knowledge: အသိပညာ။ 🧠
သင်လိုချင်တဲ့ပညာ၊ စိတ်ဝင်စားပေမယ့်မလုပ်နိုင်သေးတဲ့အရာအတွက် အသိပညာကိုဆည်းပူးပါ။ အခုခေတ်မှာ ဘယ်ပညာကိုမဆို youtube, online ကနေအလွယ်တကူလေ့လာနိုင်ပါတယ်။
2️⃣ Skills: ကျွမ်းကျင်မှု🛠
အသိပညာကိုရရှိလာပြီဆိုရင် သင်လုပ်ဆောင်နိုင်တဲ့အရာသေးသေးလေးတွေကိုစတင်လုပ်ဆောင်ပါ။ အစပိုင်းမှာ တလွဲလုပ်မိတာဟာ ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်စိတ်ကူးယဉ်နေတာထပ်ပိုအကျိုးရှိပါတယ်။ ဒီကနေပြီး ခင်ဗျားကျွမ်းကျင်မှုကို တဖြည်းဖြည်းရရှိလာပါလိမ့်မယ်။
3️⃣ Network: မိတ်ဆွေ၊အပေါင်းအသင်း🤝
ကျွမ်းကျင်မှုဆိုတာအဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးတွေတည်ဆောက်ဖိုအတွက်ကြားခံအရာတစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်မှုတိုးတက်လာနဲ့အမျှ သင့်နဲ့ ရည်မှန်းချက်တူတဲ့လူတွေ၊ သင်နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ချင်တဲ့သူတွေ အနားကိုရောက်ရှိလာပါလိမ့်မယ်။
4️⃣ Resources: အရင်းအနှီး💰
သင့်မိတ်ဆွေတွေနဲ့အတူပါလာမယ့် အရင်းအနှီးတွေထဲမှာ လုပ်ငန်းတိုးချဲ့နိုင်ဖို၊ ရင်းနှီးမြှုပ်နှံနိုင်ဖိုအစရှိတဲ့ အခွင့်အလမ်းတွေလည်းပေါ်ပေါက်လာပါလိမ့်မယ်။
5️⃣ Reputation: ဂုဏ်သတင်း 🌟
ဒီအရာတွေအကုန်လုံးနဲ့အတူ စျေးကွက်နယ်ပယ်ထဲမှာ သင့်နာမည်ကိုလူသိများလာပြီး သင့်ရဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ အောင်မြင်မှုရဲ့အသီးအပွင့်ကိုခံစားရပါလိမ့်မယ်။

Skill တစ်ခုကိုကျွမ်းကျင်ဖို လူများကိုသင်ပေးပါ 🌟🤝
အကြောင်းအရာတစ်ခု၊ နည်းစနစ်တစ်ခုကို အမှန်တကယ်ကျွမ်းကျင်ဖို တခြားသူတစ်ယောက်ကိုသင်ပေးပါ။ရိုးရှင်းတဲ့စိတ်ကူးတွေနဲ့ လူအများသိအောင်လုပ်ဆောင်ခြင်းဟာ သင့် ကျွမ်းကျင်မှုကို ပိုမိုနက်နဲစေရုံသာမက သင့်ရဲ့ Professional Skill ကိုပါ ပိုမိုခိုင်မာစေတဲ့အကြောင်း စာရေးသူကပြောထားပါတယ်။ သင့်ကျွမ်းကျင်မှုကို စာရေးခြင်း၊ နည်းစနစ်ကိုမျှဝေခြင်းတိုကိုနေ့စဉ်ပြုလုပ်ခြင်းဟာ သင့်အရည်အချင်းကိုတိုးတက်စေရုံသာမက သင့်ရဲ့ ရေပုံးတွေကို အလျင်အမြန်ဖြည့်နိုင်မဲ့ရိုးရှင်းတဲ့နည်းလမ်းထဲကတစ်ခုပါ။

ကျရှုံးမှု (Failure)နဲ့မသေချာမရေရာမှု(Uncertainty) ကိုလက်ခံပါ။🌫❌
“ ကျရှုံးမှုကနေရရှိတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါက သင့်အမှားကနေသင်ယူနိုင်ခြင်းပါ “
သင်လေးစားရတဲ့ အောင်မြင်နေတဲ့လူတိုင်းဟာ သင်ထင်ထားတာတွေထက်အများကြီးကျရှုံးဖူးကြပါတယ်။ အရှုံးသမားတွေနဲ့သူတိုရဲ့ကွာခြားချက်က သူတိုကျရှုံးမှုကနေသင်ခန်းစာယူတတ်ခြင်းပါ။ ကျရှုံးမှုလိုမျိုး မသေချာမရေရာမှုကို ကျွန်တော်တိုစိုးရွံကြပါတယ်။ မသေချာမရေရာမှု (Uncertainty)ကို (FOG – Feeling Of Growth) “တိုးတက်ဖိုအတွက်ခံစားချက်”လိုပြောင်းမြင်ကြည့်ပါ။ ဒါက သင်လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်ဆိုတဲ့အကြောင်းပြတဲ့သက်သေတစ်ခုပါပဲ။ Uncertaintyနဲ့ပက်သက်ပြီး စာရေးသူပြောတဲ့အရာဟာ Brianna Weist ရဲ့ The Mountain is you ထဲက “when you are genuinely on your own path, the future won’t be clear, because if it is, you’re actually following someone else’s blueprint.” ( မင်းလမ်းကြောင်းမှန်ပေါ်ရောက်နေရင် အနာဂတ်ကမသေချာဘူး၊ အနာဂတ်ကသေချာနေရင်မင်းအခြားသူတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကိုရောက်နေတာ) ဆိုတဲ့စာသားနဲ့ကိုက်ညီနေပါတယ်။

သင့်ရဲ့နေ့ရက်တိုင်းကိုအကျိုးရှိစွာအသုံးချပါ။⏳💼
ကျွန်တော်တိုမှာရှိတဲ့ အချိန်ဟာ အမြဲကန့်သတ်ချက်ရှိပါတယ်။ နေ့တစ်ရက်မှာ အချိန်ကို အသုံးပြုတဲ့ပေါ်မူတည်ပြီး ရေရှည်မှာ ရတဲ့ အကျိုးရလဒ်ဟာ သူမတူအောင်ကွာခြားသွားမှာပါ။ လူတွေရဲ့ လက်ခံမှုကိုရရှိဖို သူတိုအကြိုက်လိုက်နေတာ ၊ သူတိုရဲ့ အမြင်စောင်းမှုအပေါ်စိုးရိမ်တာတွေကိုအာရုံစိုက်ပြီး ကျွန်တော်တိုရဲ့နာကျင်မှုကိုဖြေဖျောက်ဖိုအတွက် Social Media မှာ အချိန်ကုန်ပြီးအကျိုးမရှိတာတွေလုပ်မိနေတာတွေကို ရပ်တံ့ရပါမယ်။ သင့်ကိုမနာလိုတဲ့ လူ 80% လောက်ကိုဖယ်ထုတ်ပစ်ပြီး သင့်ကိုတကယ်ဂရုစိုက်တဲ့ 20% သောလူတွေနဲ့အတူတိုးတက်မှုကိုအာရုံစိုက်ခြင်းဟာ သင့်အောင်မြင်မှုအတွက် လမ်းကြောင်းအမှန်တစ်ခုဖြစ်ပါတယ်။

🎉🎉Steven Bartlett ရဲ့ The Diary Of A CEO စာအုပ်ဟာ သာမာန်စာအုပ်တစ်အုပ်မဟုတ်ပဲနဲ့ သင့်အတွေးအမြင်တွေကို အဆင့်မြှင့်တင်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။အောင်မြင်မှုဆိုတာ ရှုးနိမ့်မှု/မသေချာမှုတွေကနေ ရှောင်ပြေးတာမဟုတ်ပဲနဲ့ ဒီအရာတွေကပေးတဲ့သင်ခန်းစာတွေကနေ ရတဲ့တိုးတက်ပြောင်းလဲမှုရဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ရေပုံးတွေကိုဂရုတစိုက်ပျိုးထောင်ခြင်း၊ သာတူညီမျှစွာနေထိုင်ခြင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချခြင်းနဲ့ အသိပညာကိုမျှဝေခြင်းကနေဟာ သင့်ဘ၀ရဲ့အမြင့်ဆုံးရည်မှန်းချက်ကိုရရှိဖိုအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ သင့်လျှောက်တဲ့လမ်းမှာ အနာဂတ်ရဲ့ မရေရာမှုကိုတွေးမိတိုင်း “တိုးတက်မှုဟာ မသေချာမှုကိုလက်ခံမှုကနေဖြစ်တည်တယ် “ ဆိုတာကိုသတိရပါ။

🎯 သင့်ဘ၀ရဲ့ဒိုင်ယာရီဟာ သင်အာရုံစိုက်ရွေးချယ်လိုက်တဲ့ရေပုံးလေးတစ်ပုံးကနေစပါတယ်။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်ဖို၊ သင့်ရည်မှန်းချက်တွေကို လက်ဆုပ်လက်ကိုင်ပိုင်ဆိုင်နိုင်ဖို အတွက် သင်ဒီနေ့ဘယ်ရေပုံးကိုဖြည့်ဖိုစဉ်းစားထားသလဲ ?

Reviews

There are no reviews yet.

Be the first to review “The Diary of a CEO: The 33 Laws of Business and Life”

Your email address will not be published. Required fields are marked *

Cart

Your Cart is Empty

Back To Shop